UNSTOPPABLE LOVE {Ongoing}

De May_Soe1

1.1K 76 6

တစ်ယောက်နဲ့တစ်ယောက်အရမ်းချစ်ကြတဲ့ချစ်သူနှစ်ဦးဟာအထင်လွဲမှုတစ်ခုကြောင့်ကွဲကွာသွားကြတဲ့အခါ.... အထင်လွှဲမှုဟာဒီအ... Mais

UL Intro
Character Intro
1🌷
2🌷
3🌷
4🌷
5🌷
6🌷
7🌷

8🌷

13 2 0
De May_Soe1

Unicode

📩မောင် ဘယ်မှာလဲ📩

📩သတိရတယ်📩

လင်းစက်အစ်ကိုနဲ့အတူထမင်းစားရင်းမောင့်ကိုမက်ဆေ့ခ်ျပို့ဟန်ပြင်ပီးမှမပို့ဖြစ်တော့ပေ။
ပီးနောက်ဖုန်းကိုချလိုက်တာမျက်နှာချင်းဆိုင်မှအစ်ကို့ကိုစကားစလိုက်သည်။

"အစ်ကို လင်းစက် မောင့်အစားတောင်းပန်ပါတယ်နော် အစ်ကို့အပေါ်လုပ်သွားတဲ့အပြုအမူတွေအတွက်..."

"ရပါတယ်..."

"အစ်ကို့မှာ မယားငယ်ရှိတယ်လို့ဘယ်လိုလို့စဉ်းစားရက်ရတာလဲနော်...
ဒါနဲ့ အဲ့ဒီ့တစ်ယောက်နဲ့အစ်ကိုကဘာမှမဟုတ်ကြဘူးမို့လား..."

"သူနဲ့က သူကဟော်တယ်မှာအလုပ်လာလုပ်တုန်းကသိရုံလောက်ပါဘဲ..."

"ဟုတ်..."

ထမင်းစားနေတုန်းမှာတင် မြည်လာတဲ့အစ်ကိုဦးရဲ့ဖုန်းသံ

"မင်္ဂလာပါဗျ လင်းကိုဦးပြောနေပါတယ် ဘာကိစ္စရှိလို့လဲမသိဘူးဗျ....100 Million !!! နဒီကဘဏ်အကောင့်ထဲမှာစုငွေအဲ့လောက်တောင်ရှိနေတာလားဗျ...
ဘာစာရွက်စာတမ်းတွေပြင်ဆင်လာရမလဲဗျ...ဟုတ်ကဲ့ကျွန်တော်ပို့ပေးလိုက်ပါမယ်"

လင်းကို ဖုန်းချပီးတာနဲ့လင်းစက်ကိုစကားစလိုက်သည်။

"ဒီညအစ်ကိုအိမ်ကိုပြန်လိုက်မယ်နော်...
နဒီ့အလုပ်ကိစ္စစာရွက်စာတမ်းတွေပြင်ဆင်ဖို့လိုသေးလို့..."

"အွန်း..."

လင်းကိုဦးအခုသူနဲ့နဒီရဲ့အိပ်ခန်းထဲရောက်နေခြင်းဖြစ်သည်။
လိုအပ်တဲ့စာရွက်စာတမ်းတွေကိုရှာနေရင်းမှဖုန်းဝင်လာတာကြောင့်

" ဟေ့...ဘာကိစ္စလဲ"

"အစ်ကိုလင်းရှင့် ဒီနေ့ ရှင့်မိန်းမရဲ့မောင် မျိုးခေတ်မာန်ဦး ယုယကိုအလုပ်ထိလိုက်လာတွေ့တယ်နော်..."

"ဘာလို့လာရတာလဲ.."

"ယုယထင်တာတော့ သူ ယုယတို့အကြောင်းကိုသေချာပေါက်သံသယဝင်နေလောက်တယ်...
ဒီလိုဆိုဘယ်လိုလုပ်ကြမလဲရှင့်..."

"ငါ့အထင်တော့ငါတို့ကိစ္စကိုဒီလောက်နဲ့တင်တော်ကြရအောင်....မဟုတ်ရင်အကုန်ဒုက္ခ‌ရောက်ကုန်လိမ့်မယ်...."

"အစ်ကိုလင်းက ယုယကိုပစ်သွားတော့မလို့လားရှင့်..."

"နားထောင်နော် ငါနင့်ကိုငွေတွေလွှဲပေးလိုက်မယ်...နင်ထပ်ပီးလာစရာမလိုတော့ဘူး..တစ်ယောက်ယောက်မေးလားရင်အချင်းချင်းသိကြရုံဘဲလို့ပြောလိုက်...ဒီအတိုင်းလိုက်နာနော်"

"နေဦးနော် အစ်ကိုလင်း..."

လင်းကို စကားတွေကိုဆက်
နားမ‌ထောင်ချင်တော့တာကြောင့်ဖုန်းချပစ်လိုက်ကာပိုက်ဆံသုံးသိန်းလွှဲလိုက်သည်။

ယုယ စိတ်ပျက်စွာထိုင်နေမိတုန်း မင်ဆေ့ခ်ျဝင်လာတာကြောင့်ကြည့်လိုက်တော့ငွေသုံးသိန်းလွှဲလာသည်ကိုတွေ့တာကြောင့်ခပ်ရွဲ့ရွဲ့ရယ်မိသည်။

"သုံးသိန်း ဒီပိုက်ဆံလောက်ဆိုငွေလွှဲတာမဟုတ်ဘူး..အပျော်ခလို့ပြောသင့်တာ"
_

လင်းကို စိတ်ပျက်စွာထိုင်ခုံမှာထိုင်နေမိတုန်းဖုန်းထဲကိုမက်ဆေ့ခ်ျဝင်သံကြောင့်ကြည့်လိုက်မိသည်။

"ဟေ့ သေနတ် အဲ့ဒါက ယုယဆီမှာဘယ်လိုလို့ရောက်နေတာလဲကွာ"

အတွေးနဲ့အတူခေါင်းရှုပ်နေတုန်းမှာရုတ်တရပ်ထလှုပ်ရှားလာတဲ့ဖုန်စုပ်စက်

"ဟေ့ အကုန်လုံးရူးနေကြတာလားကွာ.."

နောက်တစ်နေ့မနက်တွင်ဖြစ်သည်။

လင်းကို ယုယကဆိုင်တစ်ဆိုင်မှာတွေ့ဖို့ချိန်းတာကြောင့်ရောက်လာခဲ့သည်။

"အရေးကြီးကိစ္စပြောမှာကိုဘာလို့ဒီလိုနေရာမှာချိန်းတာလည်း..."

"ယုယလည်းကိုယ့်ကိုယ်ကိုယ်ကာကွယ်ရမှာပေါ့မဟုတ်ရင်အစ်ကိုကယုယကိုနှုတ်ပိတ်ဖို့လုပ်မှာလေ.."

"အဲ့ဒီ့သေနတ်ကနင်နဲ့အတူဘယ်လိုလို့ရှိနေတာလဲ"

"မသိဘူးလေရှင့် "

"အဲ့ဒီ့သေနတ်က မင်းဆီဘယ်လိုရောက်နေလဲငါမသိဘူး ဒါပေမယ့်အဲ့ဒါက နဒီ့ကိုသတ်ခဲ့တဲ့သေနတ်ပါလို့မင်းဘယ်လိုသက်သေပြမှာလဲ"

"ယုယလည်းမသိဘူးရှင့်ဒါပေမယ့်သက်သေပြလို့ရအောင်ရဲတွေဆီဘဲအပ်လိုက်ကြမလား"

"ငါမင်းကို သုံးသိန်းထပ်လွှဲပေးမယ်ငါ့ကိုအဲ့ဒီ့သေနတ်ငါ့ကိုပေး ငါစိတ်ရှုပ်မခံနိုင်တော့ဘူး..."

"မရဘူးရှင့်အနောက်မှာ သုညနှစ်လုံးထပ်တိုးပေး"

"ဘာ 30 Million!!!!"

"ဟုတ်တယ်လေ မပေးချင်ရင်တော့ရှင်အချုပ်ထဲမှာဘဲနေလိုက်တော့ပေါ့"

"မင်းငါ့ကိုလာခြိမ်းခြောက်နေတာလား..."

"မဟုတ်ပါဘူး ယုယကပြောပြတာ
ပါ
ရှင်ကျွန်မကိုနှုတ်ပိတ်ချင်ရင်လည်းကျွန်မတစ်ခုခုဖြစ်တာနဲ့သေနတ်အပ်ထားတဲ့သူထွက်ပေါ်လာလိမ့်မယ်"

"ကောင်းပီဒါပေမယ့်ငါ့မှာအဲ့လောက်ပိုက်ဆံမရှိသေးဘူး"

"ကျွန်မ မယုံဘူး"

"ငါတကယ်ပြောနေတာ"

"ကောင်းပီလေ အဲ့တာဆိုလည်းကျွန်မတို့ဇာတ်လမ်းကိုအဆုံးသတ်လို့မရသေးဘူးပေါ့ ဒီတစ်ခါရှင်ကျွန်မအပေါ်မှာအကြွေးတင်နေပီ
ကျွန်မဗိုက်ဝပီဒီ မနက်စာကိုရှင်ဘဲရှင်းလိုက်တော့ သွားပီနော် ဘိုင့်"
_______
"စိတ်ပူလို့လာကြည့်တာ...."

လင်းစက်သူပြောတဲ့စကားကိုအရေးမလုပ်ဘဲLaptopကိုဘဲဆက်ကြည့်နေတဲ့မောင့်ကြောင့်ဆူပုတ်ကာမောင့်ဘေးနားဝင်ထိုင်လိုက်သည်။

"ဆူပုတ်ပြီးအလိုမကျဖြစ်နေတဲ့သူကမောင်နော်..."

"အစ်ကိုဦး အစ်မနဒီကိုဖောက်ပြန်တာတကယ်ဘဲကိုကို"

"မောင့်မှာသက်သေမရှိဘူးနော်"

"ရော့..."

လင်းစက် မောင်ပေးလာတဲ့Laptopကိုကြည့်လိုက်တော့အစ်ကိုဦးနဲ့ယုယဆိုတဲ့အမျိုးသမီးတို့နှစ်ဦးအတူတူလမ်းလျှောက်လာပုံ၊
ယုယဆိုတဲ့အမျိုးသမီးကအစ်ကို့ရဲ့လက်မောင်းကိုလဲတွဲချိတ်ထားသေးသည်။

"ဒီလောက်ဆိုလုံလောက်ပီလား...
ဒါကအစ်မနဒီဟော်တယ်ရဲ့လုံခြုံရေးကင်မရာကရလာတာ..သူအဲ့ဒီ့‌ထိတောင်လာတွေ့တာ..."

"ကိုကို တို့ထင်သလိုမဟုတ်တာလည်းဖြစ်နိုင်တယ်နော်...နောက်ပီး ကိုကို အစ်ကိုဦးကိုမေးလာပီးပီ အချင်းချင်းသိကြရုံပဲဆိုပီးပြောတယ်...
ငါတို့တွေဘယ်လိုလို့သိမှာလဲ...
ဒီတစ်ယောက်ကချော်လဲပြီး ဒဏ်ရာရလာလို့စိတ်ပူတဲ့အနေနဲ့တွဲကူပေးလာတာလည်းဖြစ်နိုင်တာပဲလေ...ဘာဘဲဖြစ်ဖြစ်ငါတို့မသိနိုင်ဘူး..."

"ကိုကို...ကိုကို့အစ်ကိုဘက်ပါနေတာရပ်လို့ရမလား"

"ဒီမှာ ပြဿနာလာမရှာနဲ့နော်မောင်"

"မောင်က ပြဿနာရှာနေတယ်ထင်နေရင်လည်း ဟော်တယ်ကလူတွေကိုသွားမေးကြည့်လို့ရတယ်နော်...ကိုကို့ရဲ့ကောင်းလှပါတယ်ဆိုတဲ့အစ်ကိုကဘယ်လိုမျိုးလဲဆိုတာ...ဒါပေမယ့်ပြင်ဆင်ထားလိုက်ပါ မောင်ထင်နေတာတွေက..အဲ့လိုမျိုးမဖြစ်လာဖို့..."
~~~~~

"အစ်ကိုလင်းစက်က အစ်ကို့ရဲ့အစ်ကိုကိုမယုံလို့လား.."

"အဲ့လိုမဟုတ်ဘူး...ဒါပေမယ့်ကိုယ်သေချာချင်တယ်အစ်ကိုနဲ့အဲ့ဒီ့မိန်းမကဘာမှမဟုတ်ကြဘူးဆိုတာ..."

"တကယ်ဆို အစ်ကိုကအစ်ကိုလင်းရဲ့စိတ်ကိုအသိသင့်ဆုံးနော်...အစ်ကိုလင်းကအဲ့လိုနာမည်ပျက်စေတဲ့ကိစ္စမျိုးတွေလုပ်ဖူးလို့လား...."

"မဟုတ်သေးပါဘူး..."

"အဲ့ဒါဆို အစ်ကိုကဘာကိုသံသယဝင်နေတာလဲ..."

"ဒါပေမယ့် မောင်..."

"မာန့်ကြောင့်မလား...
အစ်ကို ...အစ်ကိုကမာန့်ကိုနားလည်ရမယ်နော်အခု မာန်ကအရမ်းဝမ်းနည်းနေတာ...အရမ်းဝမ်းနည်းနေတဲ့လူတွေရဲ့စိတ်ဆိုတာအများကြီးကိုလျှောက်တွေးနေတတ်တယ်...
ခတ္တာသာဆိုရင် ခတ္တာမိသားစုဖက်ကလူတွေကိုခတ္တာယုံတယ်...ခတ္တာချစ်ရတဲ့သူနဲ့စကားများရရင်တောင်မှကွာ
ခတ္တာမိသားစုဘက်ကဘဲရပ်တည်မှာ
အစ်ကိုလင်းက အစ်ကို့ရဲ့တစ်ဦးတည်းသောအစ်ကိုနော်...သူကအစ်ကို့ရဲ့မိသားစုဝင် အစ်ကို့မှာက အစ်ကိုလင်းနဲ့နှစ်ယောက်တည်းဘဲရှိတာမလား
အစ်ကိုကသူ့ကိုမယုံဘူး...သူ့ဘက်ကမရပ်တည်ဘူးဆိုရင်အစ်ကိုလင်းမှာဘယ်သူမှမကျန်‌တော့ဘူးနော်..."

မေခတ္တာရဲ့စကားကြောင့်လင်းစက်အတွေးတို့ဗျာများသွားရပြန်တော့သည်။
________

"တကယ်အဲ့လိုလုပ်မယ်ဆိုတာနင်သေချာတယ်နော်...."

"ဒါပေါ့ ဘာပဲဖြစ်ဖြစ် ငါအစ်မနဒီအတွက်တရားမျှတမှုကိုရအောင်ယူမယ်..."

"ငါနားလည်တယ်....မနက်ကငါအစ်ကိုလင်းစက်ကိုအားလုံးရှင်းပြပေးခဲ့တယ်နော်...ဒါပေမယ့်သူဘာမှနားမထောင်ဘူး မာန်...သွေးဆိုတာရေထက်ပိုပျစ်တယ်နော်..
သူကသူ့အစ်ကိုဘက်ပဲပိုချစ်ပြီးတော့သူ့အစ်ကိုဘက်ကဘဲရပ်တည်ပေးချင်နေတာ...ဒါပေမယ့်နင်လုပ်တာမှန်တယ်..ဒါက နှစ်ယောက်လုံးရဲ့အစ်ကိုအစ်မတွေဘဲလေ ငါသာဆိုရင်လည်းဒီတိုင်းငြိမ်နေမှာမဟုတ်ဘူးနော်
ငါချစ်ရတဲ့သူနဲ့စကားများရမယ်ဆိုရင်တောင်မှ...သူသာတကယ်ချစ်ရင်
သူငါတို့ကိုနားလည်ရမယ်...မှားတဲ့ဘက်ကနေမရပ်တည်ပေးရဘူး နင်နားလည်တယ်မလား...နင့်ဘက်မှာငါရှိနေပေးမယ်နော်...ငါအမြဲတမ်းရှိနေပေး
မယ်..."

"ကျေးဇူးတင်ပါတယ်..."

မာန် ခတ္တာအားကျေးဇူးတင်စကားပြောပြီးတာနဲ့ဖုန်းကိုချလိုက်တော့သည်။

______
နောက်တစ်နေ့မနက်တွင်ဖြစ်သည်။

"မောင်လင်းကိုဦးက သူ့မိန်းမကိုပြန်သတ်ခဲ့တယ်လို့ပြောချင်တာလားဗျ..."

မာန် မင်းထက်နဲ့အတူစခန်းကိုအမှုကိစ္စအတွက်ရောက်နေခြင်းဖြစ်သည်။

"ဟုတ်ကဲ့..အစ်ကိုလင်းကိုဦးနဲ့အစ်မနဒီနဲ့မိန်းမကိစ္စပြဿနာတတ်ကြတယ်လို့ထင်တယ်...ပြီးတော့အစ်မနဒီသေရင် အစ်ကိုလင်းကိုဦးရလာနိုင်တဲ့ရင်းနှီးမြှပ်နှံမှုရှယ်ယာတွေကြောင့်လည်းဖြစ်နိုင်ပါတယ်...ဟုတ်တယ်မလားရှေ့နေကြီး.."

"အဲ့ဒီ့ကိစ္စကတော့ကျွန်တော်တို့သက်သေအထောက်အထားထပ်လိုအပ်ပါတယ်....
သက်သေမရှိဘဲနဲ့ဆိုရင် အ‌သရေဖျက်မှုနဲ့တရားစွဲခံရနိုင်ပါတယ်..."

"ဒါပေမယ့် ဘာဘဲဖြစ်ဖြစ်ကျွန်တော့်အစ်မကသတ်သေခဲ့တာမဟုတ်မှန်းယုံကြည်ပါတယ်...."

"အဲ့ဒီ့ကိစ္စကိုတော့ကျွန်တော်တို့လည်းမယုံကြည်ပါဘူး...သတ်သေတွေကြည့်ရသလောက်တော့ မဝင့်နဒီကအသတ်ခံရတာလို့ကောက်ချက်ချနိုင်ပါတယ်...အပြင်လူတစ်ယောက်ယောက်ကြောင့်လည်းဖြစ်နိုင်ပါတယ်.."

"ဒါပေမယ့် အစ်မနဒီရဲ့အဖိုးတန်ပစ္စည်းတွေဘာမှပျောက်မသွားဘူးနော်...
အစ်မနဒီမှာလည်းရန်သူဆိုတာမရှိပါဘူး...သူ့ဆီကအကျိုးအမြတ်ရနိုင်တဲ့သူက အစ်ကိုလင်းကိုဦးတစ်ယောက်ဘဲရှိပါတယ်..."

"မျိုးခေတ် စိတ်လျှော့ပါ..."

စိတ်လျှော့ဖို့ပြောလာတဲ့မင်းထက်ကြောင့်မာန်စကားသံပိုကျယ်လာမိသည်။

"ငါအမှန်အတိုင်းပြောနေတာ...ဘယ်သူကအကျိုးအမြတ်ရနိုင်တာရှိလို့လဲ...လင်းကိုဦးကလွဲရင်ပေါ့..."

"ဒါလွန်သွားပြီနော်...အစ်ကိုဦးက အစ်မနဒီကိုသစ္စာဖောက်ခဲ့တယ်လို့တွေးတာတောင်ခံစားနေရတာ....အခုလည်း အစ်ကိုက အစ်မနဒီကို ငွေမက်လို့သတ်ခဲ့တာလို့သံသယဝင်နေပြန်တာလား..."

မျိုးခေတ်တို့စကားပြောနေစဉ်မှာပင်ကိုကိုကရောက်ရှိလာကာဝင်ပြောလာသည်။

"ကိုကို သက်သေအားလုံးကအဲ့လိုဘဲပြောနေတာလေ...အစ်ကိုလင်းကိုဦးကိုယ်တိုင်သတ်..."

မာန့်စကားမဆုံးလိုက်ပါးပေါ်ကိုကျရောက်လာတဲ့ကိုကို့ရဲ့လက်ဝါးတစ်ချက်...

"ငါ့အစ်ကိုကိုအဲ့လိုမစွပ်စွဲနဲ့နော်..."

"ကိုယ်က ဒီတိုင်းစွပ်စွဲတာမဟုတ်ဘူးနော်..."

"ကိုယ့်အစ်ကိုကအဲ့လိုလူမျိုးမဟုတ်လို့လေ...မင်းစွပ်စွဲနေတာလည်းဘာတစ်ခုမှမယုံဘူး..."

"ရတယ်လေ ဒါဆို ကိုယ် မင်းကိုမြင်အောင်လုပ်ပြမယ် မင်းရဲ့အချစ်ဆုံးအစ်ကိုကဘယ်လိုကောင်မျိုးလဲဆိုတာ
ပြီးရင် ကိုယ့်အစ်မကိုဘယ်လိုလုပ်ခဲ့လဲတိုတာအားလုံးသိအောင်လုပ်ပြမယ်"

"စမ်းကြည့်လေ...မာန် အစ်မနဒီအတွက်နဲ့သူများကိုစွပ်စွဲချင်ရင် ကိုယ်လည်းကိုယ့်အစ်ကိုအတွက်ဘာမဆိုကာကွယ်ပေးသွားမှာဘဲ...."
________

"အစ်ကိုဦးနဲ့အစ်မနဒီတို့ဘာလို့ရန်ဖြစ်ခဲ့တာလဲဆိုတာသိနိုင်မလားဗျ...."

လင်းစက် အစ်မနဒီရဲ့အတွင်းရေမှူးဖြစ်သူကိုမေးရန်ကုမ္ပဏီသို့ရောက်နေခြင်းဖြစ်သည်။

______

"နေ့တိုင်းရန်ဖြစ်ကြတာ ကိုးအိမ်ကြား ဆယ်အိမ်ကြားအောင်ကိုအော်နေတယ်..."

အစ်မနဒီရဲ့အိမ်နီးနားချင်းဆီမှမာန်ကြားလာရသောစကား....

_____
"အလုပ်မှာတောင်လူတိုင်းနဲ့တည့်တယ်နော်ဘာပြဿနာမှမရှိကြပါဘူး......"

"ယုယလို့ခေါ်တဲ့မိန်းကလေးကရော..."

"မယုယနိုင်က ဟော်တယ်အတွက်အလုပ်တွေလုပ်ခဲ့ဖူးပါတယ်..သူကမော်ဒယ်တစ်ယောက်ဆိုတော့လေ...."

အစ်မနဒီရဲ့အတွင်းရေးမှူးမှပြန်ပြောလာသောစကားများအဆုံးလင်းစက်
အစ်ကို့ကိုပိုလို့ယုံကြည်သွားမိတော့သည်။
______

"အခုဆိုရင် မင်းအတွက် တရားရုံးမှာသက်သေလုပ်ပေးမယ့်သူသုံးယောက်တော့ရှိလာပီနော်....မင်းက‌တော်လိုက်တာ..သူများကိုရအောင်အကူအညီတောင်းနိုင်တယ်..."

"ကိုလင်းကိုဦးက အစ်မနဲ့တကယ်ပြဿနာဖြစ်နေတာသူတို့တကယ်မြင်ခဲ့လို့လေ..."

"ဒီအတောအတွင်းငါတို့သက်သေတွေထပ်စုရမယ်နော်...မင်းသိတာရှိရင်လည်းလာပြောပါဦး...အခုတော့တရားရုံးကဘယ်တော့တရားစွဲလာမလဲဆိုတာစောင့်ရမယ်...."

ထိုစဉ်တံခါးခေါက်သံနှင့်အတူအခန်းထဲဝင်လာသူ
မင်းထက် ကြည့်လိုက်တော့အစ်ကိုလင်းစက်ဖြစ်နေတာကြောင့်

"အစ်ကိုလင်းစက်...ကျွန်တော့်ဆီလာတာလား...ထိုင်ပါဦး..."

"ပထမတော့ဒီမှာလာ တိုင်ပင်မလို့ဘဲ
ဒါပေမယ့် မင်းထက်ကဒီလိုဘက်လိုက်မှတော့ အစ်ကို့ရဲ့ရှေ့နေကိုဘဲသွားတိုင်ပင်တော့မယ်..."

"အစ်ကိုရယ် ကျွန်တော့်ကိုစိတ်လေးအောင်မလုပ်နဲ့လေ..."

"သော် လည်းမြင်တာဘဲ သူငါ့ဘေးမှာရှိနေပေးတာကို..
သော့် အစ်ကိုအတွက်ဆင်ခြေရှာပေးချင်တာများတစ်ခြားရှေ့နေကိုဘဲသွားရှာလိုက်တော့...."

"အစ်ကိုသွားတော့မယ်နော် မင်းထက်..."

"ပိန်သွားတယ်နော် ....ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ဦး...မဟုတ်ရင်မင်းရဲ့အစ်ကိုဆီထောင်ထဲအစာရေစာပို့ပေးဖို့အားမရှိတော့ဘဲနေမယ်"

"မျိုးခေတ်..."

ခပ်တိုးတိုးဝင်ဟန့်သည်မင်းထက်၏အသံ

လင်းစက်ဒေါသထွက်ကာသာလှည့်ထွက်ခဲ့တော့သည်။

"အစ်ကို...."
မင်းထက် အစ်ကိုလင်းစက်ကိုခေါ်သော်လည်းလှည့်မကြည့်ဘဲထွက်သွားတော့သည်။

"...မင်းစောက်ခွက်ကလည်းရိုက်ချင်စရာကြီးကွာ....ဒီလောက်နဲ့တောင် အစ်ကိုလင်းစက်ကစိတ်ညစ်နေတာလေကွာ...
မင်းဒီလိုလုပ်နေတာအရင်လိုပြန်ချစ်လာမယ်ထင်လို့လား..."

"ရတာပေါ့...ဒီကိစ္စပြီးသွားရင် ကိုကိုနဲ့ငါတို့အရင်တိုင်းပြန်ဖြစ်လာလိမ့်မယ်..."

"ဝိုး ယုံကြည်မှုရှိလိုက်တာနော်..."
>>>>>>
TBC
May
Thu,Apr 25,2:25PM
Thanks for reading

Zawgyi

📩မောင် ဘယ်မှာလဲ📩

📩သတိရတယ်📩



"ရပါတယ်..."



"ဟုတ်..."





"အွန်း..."


" ဟေ့...ဘာကိစ္စလဲ"


"ဘာလို့လာရတာလဲ.."





"နေဦးနော် အစ်ကိုလင်း..."



_










"မသိဘူးလေရှင့် "





"ဘာ 30 Million!!!!"



ပါ


"ကျွန်မ မယုံဘူး"

"ငါတကယ်ပြောနေတာ"

_______
"စိတ်ပူလို့လာကြည့်တာ...."





"ရော့..."






~~~~~




"မဟုတ်သေးပါဘူး..."


"ဒါပေမယ့် မောင်..."

"မာန့်ကြောင့်မလား...

________



မယ်..."

"ကျေးဇူးတင်ပါတယ်..."


______



















________



______



_____



______











"မျိုးခေတ်..."



"အစ်ကို...."



>>>>>>
TBC
May
Thu,Apr 25,2:25PM
Thanks for reading













Continue lendo

Você também vai gostar

82.4K 6.5K 21
#Kaisoo #yaoi #sweet romance
763K 78.2K 28
في وسط دهليز معتم يولد شخصًا قاتم قوي جبارً بارد يوجد بداخل قلبهُ شرارةًُ مُنيرة هل ستصبح الشرارة نارًا تحرق الجميع أم ستبرد وتنطفئ ماذا لو تلون الأ...
3.2M 205K 90
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
1.2M 14.9K 52
NOT EDITED YET Gracie Owen's a headstrong journalist major rooms with her childhood best friend JJ Anderson for junior year, little does she know she...