Only One Limited Edition (Com...

By wangkyiphyu

15.5K 485 40

ကိုယ့္အပိုင္ေလးျဖစ္ခ်င္ရဲ႕လား baby ကိုယ့်အပိုင်လေးဖြစ်ချင်ရဲ့လား baby (19.3.2024- 6.5.2024 ) More

Note
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6***********
Chapter 7
Chapter 8
Chapter 9
Chapter 10**********
Chapter 11
Chapter 12
Chapter 13
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
The End

Chapter 14

408 19 2
By wangkyiphyu

Unicode

ဝုန်း!!!
အာဏာအိမ်တော်ဒုဥက္ကဋ္ဌ၏ ဇနီး သရဖူနွယ်၏
သောင်းကျန်းနေခြင်း ဖြစ်သည်...အိမ်​တော်၏ ပဲ့
ကိုင်ရှင် ဦးဘုန်းအာဏာ တို့ ဇနီးမောင်နှံ အလုပ်
ခရီးသွားကာ မရှိသည့်အတွက် ယခုလို ပေါ်ပေါ်
ထင်ထင် သောင်းကျန်းနေခြင်း ဖြစ်သည်...အိမ်တွင်ရှိသူများက သူ့အားမလွန်ဆန်ရဲသည့်သူများ ဖြစ်ပေသည်...
သရဖူနွယ်၏ သားဖြစ်သူ ဘုရင်အာဏာ ကတော့
ကျောင်းသွားနေခြင်းကြောင့် အခြေအနေက ပိုဆိုးနေခြင်း ဖြစ်သည်...
သူတို့၏ သခင်မလေးသည် သားနှင့်ယောင်္ကျားဖြစ်သူ အား လွန်စွာချစ်ခင်သော်လည်း ဒုဥက္ကဋ္ဌ
ဦးမင်းအာဏာ ၏ အဖက်လုပ်ခြင်းကို မခံရသည်မှာလက်ထပ်ပြီးကတည်းက တစ်လျှောက်လုံးပင်...
လွန်ခဲ့သောနှစ်နာရီခန့်က ဖြစ်ပွားခဲ့သော ပြသာနာက အရင်းခံအကြောင်းအရင်း ဖြစ်ပေသည်...
" ကိုကြီး...နွယ်တို့ ဒီညနေမိတ်ဆုံစားပွဲတူတူတက်ရအောင်...ကျောင်းတုန်းက သူငယ်ချင်းတွေ အကုန်လာကြမှာ..."
" ကိုယ် ဒီညနေ မအားဘူး...dinner ပွဲရှိတယ် "
" ကိုကြီးကလည်း အဲဒီ dinner ပွဲကို ဖြတ်လိုက်ပါ...နွယ်နဲ့ လိုက်ခဲ့ပါနော် "
ကျစ်!
သူ၏ လက်ကိုဆွဲကာ လှုပ်ရမ်းပြောနေသော သရဖူနွယ် ကြောင့် စိတ်ပိုရှုပ်လာရကာ ကျစ်သပ်မိခြင်း...တကယ့်ကို အလုပ်ရှုပ်လွန်းသည်...
ဆွဲကိုင်ထားသော လက်ကို ဆွဲဖြုတ်ကာ အလုပ်သွားမည့်ကားဆီသို့ ထသွားလိုက်တော့သည်....
မနက်တစ်ပိုင်းလေးအိမ်မှာနေပါတယ်ဆိုမှ နားပူအောင် တအားလုပ်လွန်းသည်...
ထွက်ခွာသွားသော ကျောပြင်အားငေးရင်း အလေးမထားခံရသည့် သူ့ကိုယ်သူပင် အပြစ်တွေ တင်ရမလား မသိတော့ပေ... အရာရာဟာ သူဖန်တီးခဲ့တာမလား...ရှုပ်ပွေလွန်းသော ကိုကြီးကို ရအောင်ယူနိုင်ခဲ့ပေမဲ့ အချစ်တွေ ကတော့ မရလာခဲ့ပေ...6နှစ်ကျော်ဆိုသည့် အချိန်ကာလကား သံယောဇဉ်တွေကို တိုးမလာစေသည့်အပြင် လျော့သွားလိုက်တာများ တစ်နေ့တစ်ခြား...ကိုကြီး ကြည်ဖြူလက်ခံသူကတော့ သားလေး ဘုရင်အာဏာ တစ်ယောက်သာရှိသည်...သားလေးကိုတော့ ကိုကြီးသာမကကိုကြီးမိဘများကပါ အရမ်းချစ်ပြီး အလိုအရမ်းလိုက်ကြလို့ တော်သေးသည်... နွယ်တို့ မိသားစုအသိုင်းအဝိုင်းများ က ချမ်းသာပေမဲ့ ကိုကြီးတို့နှင့်ယှဉ်လျှင် ပါမွှားသာ...တစ်ခန်းလုံးလည်း သူဖျက်စီးလို့ မွစာကျဲနေလေပြီ...အိပ်ဆေးအား လေး,ငါးလုံးသောက်ချပစ်လိုက်သည်...အိပ်ချိန်မဟုတ်ပေမဲ့ သူအိပ်ပျော်သွားမှ ရမည်...မဟုတ်လျှင် ခံစားရလွန်းလို့ ရူးမတတ်ဖြစ်သွားလိမ့်မည်...
အိပ်ဆေးစွဲနေသည်မှာ 5နှစ်ကျော်နေလေပြီ...သားလေးအားမွေးဖွားပြီး ကိုကြီးမှာ သူချစ်ရသူရှိကြောင်းပြောလာကတည်းကပင်...
ဓားသွားပေါ်ကပျားရည်စက်မှန်းသိပေမဲ့ ယစ်မူးစွဲမက်နေကာ နှစ်ခြိုက်စွာ စားသုံးမိနေသူလို...
ပူလောင်နေသော မီးတောက်ကို ဝင်တိုးသည့် ပိုး
ဖလံပမာ... သူ့ဘဝက အဆုံးသတ်ကို သိပြီးသား
ဖြစ်ပေမဲ့ ထပ်တလဲလဲ ငြင်းဆိုနေသော အရူးပမာ...ဝေဝေဝါးဝါး အမြင်အာရုံတွေကြား ငယ်ရွယ်စဉ် အမှတ်တရများကြား ပြန်လည်ရောက်ရှိသွားသလိုစိတ်တွေ လွင့်မျောလာချေပြီ...မှေးစက်သွားသောမျက်ဝန်းများက အိပ်စက်သွားခြင်းလား...အခြားတစ်ခုပေလားဆိုတာကိုတော့.....

ဘုရင် ဒီနေ့ ပထမတန်းနှစ်ဝက် စာမေးပွဲ တွင် ပထမ ရသည့်မို့ အမှတ်စာရင်းအားကျောပိုးအိတ်
ထဲသို့ သေချာထည့်ကာ အိမ်ကလာကြိုသည့် ကားဆီသို့ အမြန်လျှောက်လိုက်သည်...ကျောင်းစတက်ကတည်းကအမြဲ ပထမရနေကျ ဖြစ်ပေမဲ့ မိဘ၏ ချီးကျူးမှုကို လိုချင်သော ပုံမှန်ကလေးများကဲ့သို့ပင်...
သခင်လေးလို အေးစက်စက်ကလေးက ပုံမှန်နေ့
များလို တည်ငြိမ်စွာ လှမ်းလာခြင်းမဟုတ်ဘဲ အ
နည်းငယ် အလျင်လိုနေပုံက မြင်သူများအတွက်
ချစ်စရာလေးပင်....
ကားပေါ်ရောက်,ရောက်ချင်း နေ့တိုင်းလာကြိုသည့်မာမီအား မမြင်ရသည်မို့ အနည်းငယ်ဝမ်းနည်းသွားရသည်...သို့သော် ယင်းသို့ ဖြစ်ခြင်းကို မည်သူမျှသတိမထားမိလိုက်ချေ...
သခင်လေး ကားပေါ်တွင် သေချာထိုင်ပြီးသည်နှင့်ကိုယ်ရံတော်များ ရှေ့တစ်စီး နောက်တစ်စီး ခြံရံ
လျက် အိမ်တော်ဆီသို့ မောင်းနှင်လိုက်တော့
သည်..
အိမ်တော်၏ ယနေ့ရာသီဥတု အခြေအနေက
မကောင်းပေမဲ့ သခင်လေးပြန်ရောက်ရင်တော့ တစ်မျိုးတစ်မည် ပြောင်းလောက်ပေ၏...သခင်လေးကအိမ်တော်၏ ဆည်းလည်းလေးမို့ပင်...အခြားကလေးများ ကဲ့သို့ တီတီတာတာ ပြောခြင်းမျိုးမဟုတ်ဘဲ တည်တည်ငြိမ်ငြိမ်ကလေးကိုမှ အေးစက်စက်ပုံစံမျိုးဖြင့် ပြောချင်သည့် အကြောင်းအရာကိုချက်ကျလက်ကျ ပြောဆိုခြင်းမျိုးပင်...အပိုစကားမဆိုတတ်သော ကိန်းကြီးခမ်းနားလွန်းသော ပုံစံကလေးမှာ အရွယ်နှင့်မလိုက်အောင်ပင်...
အိမ်တော်ထဲသို့ ဝင်သွားသော သခင်လေးအား
ကြည့်ရင်း သက်ပြင်းချမိသည်...အရင်ကတည်းကအေးစက်သော သခင်လေးက မိဘတွေ၏ ပြသာနာတွေကြောင့် ပိုပြီး အေးစက်သွားမှာ စိုးရိမ်လို့ပင်..
ဘုရင် လည်း အိမ်တော်ကို ပြန်ရောက်လျှင် မိမိ
အခန်းရှိရာသို့ အရင်ပြန်လိုက်သည်...
ကျောပိုးအိတ်ကိုနေရာတကျ ထားပြီး အမှတ်စာရင်းကို ယူကာ မာမီအခန်းသို့ ထွက်လာလိုက်သည်...
ဘုရင် အခန်းရှေ့ရောက်တော့ အခန်းတံခါးက
ပွင့်နေပေသည်...တံခါးဟကြားမှ ကြည့်တော့
ဒယ်ဒီ ရောက်နေခြင်းဖြစ်သည်...
" မင်းလုပ်ရပ်တွေကြောင့် မင်းကိုယ်မင်းထိခိုက်တာငါ့ကြောင့်ဆိုပြီး လွဲချမနေနဲ...  ငါ့အတွက် စိတ်ရှုပ်စရာတွေ ပိုလာတာပဲရှိတယ် "
" သားအတွက် မင်းကို ငဲ့ညာနေတာ...ခု ငါ့ချစ်တဲ့သူကို ပြန်ရှာတွေ့ပြီ... မင်းကွာရှင်းဖို့ အဆင်သင့်ပြင်ထားလိုက် "
မင်းအာဏာ လည်း ချစ်ရသူလေးအား ပြန်ရှာတွေ့ပြီမို့ ထိုသူလေးရှိရာမြို့သို့ လိုက်သွားမလို့ရှိသေး...ပြသာနာထုပ်ကြောင့် အိမ်တော်ကိုပြန်လာ
ရသည်..
သွင်လေးအား ပြန်တွေ့သည်နှင့် ကွာရှင်းမှာလို့
အပြတ်ပြောထားတာတောင် လာနွယ်နေခြင်းမို့
ယတိပြတ်ပြောနေခြင်း ဖြစ်သည်...
အခန်းပြင်ကို ထွက်လာလိုက်တော့ တံခါးဘေးမှာ
ရပ်နေသော သားဖြစ်သူအား မြင်လိုက်ရသည်...
သွင်လေးရှိရာ မြို့ဆီသို့သွားမည့် လေယာဉ်ချိန်နီးနေပြီးမို့ ဂရုမထားမိဘဲ ထွက်လာခဲ့သည်...
ထိုသို့သော မြင်ကွင်းကိုမြင်တွေ့စေပြီး ထိုသို့လုပ်ရပ်ဟာ နောက်ဖြစ်လာမည့် ပြသာနာတွေအတွက်ပါ စုပေါင်းပြီး သူတို့သားအဖကြား စည်းခြားလိုက်ခြင်းဖြစ်နေခြင်းကို့တော့ မည်သူမျှ သတိမထားမိလိုက်ချေ...

::::::::::::::::::::::

မင်းအာဏာ လေယာဉ်ဆိုက်သည်နှင့် ကြိုတင်
စေလွှတ်ထားသူဆီမှ ကြားရသော သတင်းများ
သည် သူ၏ ရင်ဘတ်တစ်ခုလုံး လောင်ကျွမ်းသွားတော့မတတ် ပြင်းထန်အောင် ခံစားရသည်...
သွင်လေးဟာ လက်ထပ်ပြီးလို့ ကလေးနှစ်ယောက်တောင် ရနေပြီတဲ့...ဘယ်လို အခြေအနေမျိုး ဖြစ်ပါစေ သူလိုချင်သောအရာကို ရအောင်ယူတတ်သူမို့....
သူ၏ နှလုံးသားကိုဦးစွာသိမ်းပိုက်နိုင်သူကို အလွတ်မပေးနိုင်ပေ...ထိုဆရာဝန်ကောင်အား သတ်ပြီးတော့ဖြစ်ဖြစ်ပေါ့...

*************

သွင် ဒီနေ့ စိတ်ထဲလေးနေသလို ခံစားရသည်...
အိမ်မှာ တစ်ယောက်တည်းနေ,နေကျ မဟုတ်လို့
များ အတွေးလွန်နေသလားမသိ...သားငယ်​လေး
နှင့်အတူ သားကြီးက နုနုတို့အိမ်ဘက်သို့ အလည်
သွားနေသည်မို့ သူလည်း အဖော်မဲ့နေသလို ဖြစ်
နေခြင်းဖြစ်သည်....
ရုတ်တရက် နွေးထွေးသော ရင်ခွင်ထဲသို့ ကျရောက်သွားသည်မို့ မော့ကြည့်လိုက်မိသည်...
" မောင် "
သူ့ရင်ခွင်ထဲကနေ မော့မော့လေးကြည့်နေသော
သွင်လေး၏ ပါးပြင်မို့မို့လေးများအား နမ်းရှိုက်လိုက်သည် ...
" မောင် အရင်ကဂျူတီအစားဝင်ပေးထားတဲ့သူနဲ့
ဂျူတီပြန်ချိန်းလာတာ "
" ​မောင်တို့ ဒီနေ့လျှောက်လည်ကြရအောင် ...
သားလေးတို့ရော နုနုတို့အိမ်ဘက်မှာလား "
တည်ကြည်မောင်မောင် ထိုသို့မေးရခြင်းက သား
ငယ်လေးက နုနုတို့ကို တအားခင်တွယ်လွန်းနေ
လို့ပင်...လသားအရွယ်လေးသာ ရှိသေးသော်လည်းနုနုတို့အိမ်ဘက် မသွားရလျှင် ကော့လန်ထိုးကာငိုနေပေပြီ..အိပ်ချိန်တော့ အိမ်မှာအိပ်လို့ တော်သေးသည်...သားငယ်​လေး ကို စိတ်မချသည့်သားကြီးကနုနုတို့အိမ်ဘက်သို့ ရောက်နေသည်မှာ အမြဲ..သူ့သူငယ်ချင်းတွေ ရှိတာလည်း ပါမှာပေါ့...
သွင်ကလည်း အိမ်တွင်းပုန်းလေးမို့ အပြင်ထွက်ဖို့
ဆို မနည်းပြောယူရသည်...သူလည်း သွင်လေး၏
အစ်ကိုဆီ ပြန်ပြီး တောင်းပန်ရင်း ခွင့်လွတ်ဖို့ ပြောပြီးပြီမို့ပင်..လွန်ခဲ့သော ပိတ်ရက်က သူတစ်
ယောက်တည်း သွားခဲ့ခြင်းဖြစ်သည်...သွင်လေး
အစ်ကိုက လက်ခံနေပြီး ဖြစ်တာတောင် ယခင်က
လို အိမ်တွင်းပုန်းလေး ဖြစ်နေတုန်းပင်...
နောက်လကျ သူတို့မိသားစုလိုက် မွေးရပ်မြေကို
ပြန်ပြီး အလည်သွားဖို့ ဆုံးဖြတ်ထားကြသည်...
" မောင် ဒီနေ့ပြန်လာတာ စောတယ်နော်...ပြီးတော့ကားသံလည်း မကြားရဘူး "
" မောင့်ကား ပြန်တဲ့လမ်းမှာ ပျက်နေလို့ workshop ပို့လိုက်ရတယ်...Taxi နဲ့ပြန်လာလို့
ကားသံမကြားရတာ "
" အွန်း...မောင့်သားတွေကို သွားခေါ်လိုက်အုံး..
အပြင်သွားမယ်ဆို "
ဒိုင်း!
အိမ်အပြင်ဘက်မှ ကြားလိုက်ရသော အသံ​ကြောင့်သွင်တို့ ထွက်ကြည့်လိုက်တော့ ခြံစောင့်ကောင်
လေးက လဲကျနေပြီး ခြံတွင်းသို့ ဝင်ရောက်လာ
သော ကားအနက်ရောင်4စီး...
သွင်လေးအား နောက်ကျောဘက်ပို့ထားပြီး ကား
ထဲမှ ထိပ်ဆုံးထွက်လာသူအား မြင်လိုက်ရတော့
အံသြသွားရသည်... သွင့်အစ်ကို၏သူငယ်ချင်း...

ထိုဆရာဝန်ကောင်၏ နောက်တွင်ပုန်းနေသော
သွင်လေးကြောင့် သူ့ဒေါသများအား လောင်စာ
ထည့်ပေးနေသလိုပင်...
အနားရောက်သွားသည်နှင့် ထိုကောင်၏နဖူးတည့်တည့်အား ပစ်သွင်းလိုက်သည်...
ဒိုင်း!
" မောင်! "
သွင် တကယ်ကို ရူးသွားသလို ခံစားရသည်... သူ
အိမ်မက်မက်နေတာများလား...အိမ်မက်ဆိုရင်
လည်း နိုးထလာခဲ့ပါတော့...သွင့် အပေါ်လဲကျလာ
သော မောင့်ခန္ဓာကိုယ်အား ထိန်းဖက်ထားသည်မို့
သူ့တစ်ကိုယ်လုံးလည်း သွေးများ ရွှဲနေလေပြီ...
ထိုမြင်ကွင်းအား မြင်လိုက်ရသည်က သူတစ်
ယောက်တည်း မြင်လိုက်ခြင်းမဟုတ်သည့်ကိုတော့မသိလိုက်ချေ...
နယ်မြေအရှင် လည်းမြင်လိုက်ရခြင်း ဖြစ်သည်...
နုနုတို့ လုပ်ကျွေးသောမုန့်က မားမားကြိုက်သည်မို့လာပို့ခဲ့ခြင်း ဖြစ်သည်...ခြံနှစ်ခြံ၏ စည်းရိုးတွင်
ကလေးတစ်ယောက်စာ ဝင်ပေါက်ကလေးမှ ဝင်
လာခဲ့ခြင်း.... အခြေအနေအား နယ်မြေအရှင်တို့ခြံတွင်းရှိ ခရေပင်အား ကွယ်၍ ကြည့်နေမိသည်...
သူ့ရန်သူ၏ မျက်နှာအား မှတ်မိစေရန်သေချာ
ကြည့်နေမိသည်...
သွင်လည်း မောင့်ကိုယ်အား ရဲရဲပင် မထိရဲ မကိုင်ရဲသူကိုင်လိုက်မှ မောင်ပိုနာသွားမည်ဆို၍...
တကယ်တော့ တည်ကြည်မောင်မောင် ဟာ
အသက်မရှိတော့ချေ...အမှန်တရားကို လက်မခံ
နိုင်သည့် သွင်မှာ မောင့်အား နာကျင်စေသည့်သူ
အား မုန်းတီးစွာ မော့ကြည့်မိသည်...
ထိုသို့သော အကြည့်ကို မျှော်လင့်ပြီးသား မင်းအာဏာ အတွက်​တော့ ရင်နာနာဖြင့် လက်ခံလိုက်
သည်...အသက်မဲ့ကိုယ်အား ဖက်တွယ်နေသော
သွင်အား ဆွဲထူလိုက်သည်...
ဒိုင်း! ဒိုင်း!
တစ်ချက်က သွင်၏ လည်ပင်းအား ဖြတ်ဝင်သွားပြီးတစ်ချက်က ပစ်လိုက်သူက သူ့ကိုယ်သူ အဆုံးစီရင်လိုက်သော အသံဖြစ်ပေသည်...
ရုတ်တရက် ဖြစ်သွားခြင်းမို့ တားဆီးရန် မည်သူမျှ မမှီလိုက်ချေ...
ထိုသူမှာ သရဖီနွယ်၏ လူဖြစ်သည်...မင်းအာဏာရှာသည့်သူအား တွေ့လျှင် တစ်ခါတည်း သတ်ပစ်ရန် အမိန့်ပေးခံထားရသူဖြစ်သည်...
သွင်တို့နေထိုင်သည့် ရက်ကွက်မှာ တစ်အိမ်နှင့်
တစ်အိမ် တစ်မျှော်တစ်ခေါ် ဖြစ်သည်မို့ မည်သူမျှ သိမည်မဟုတ်ပေ...
ထိုအချိန်တွင် အိမ်ရှေ့ထိုးရပ်သော ကားနက်များ
ကြောင့် ကိုယ်ရံတော်များဟာ မှိုင်တွေတွေဖြစ်နေ
သော ဒုဥက္ကဋ္ဌ အား ကားတွင်းသို့ သေချာ နေရာချပေးပြီး ကားကို အမြန်မောင်းထွက်စေလိုက်သည်...အင်အားချင်း ယှဉ်လျှင် သူတို့က အားနည်းနေသောကြောင့် ယခုလို အလျှင်အမြန် ထွက်လာရခြင်း ဖြစ်သည်...သို့ပေမဲ့ ဒုဥက္ကဋ္ဌ ပါသော ကားသာလျှင် လွတ်မြောက်ပြီး ကျန်ကားသုံးစီးမှာအစအနပင်ပြန်မရလိုက်ချေ...

******

မီးလျှံဦး ရောက်သည့်အချိန်တွင် ညီနှင့် ခယ်မတို့၏အလောင်းကိုသာ မှီလိုက်တော့သည်...
တူဖြစ်သူ နယ်မြေအရှင် က ညီလေးအား သာမန်
ဘဝတွင် ခဏနေခိုင်းစေသောကြောင့် နုသစ်ဆို
သည့် ကောင်မလေးမိသားစုအား ငွေကြေးအလုံ
အလောက်ပေးကာ အပ်ထားခဲ့သည်...
အာဏာအိမ်တော်က မြို့တော်မှာ မည်သူမျှ မယှဉ်နိုင်သည်မို့ သူတို့ဟာ အင်အားကြီးအောင် အရင်လုပ်ရအုံးမည် ဖြစ်သည်...

...........................................................................

ဖတ်ရှုသူအားလုံးကို ကျေးဇူးတင်ပါတယ်ရှင့်

...........................................................................

Zawgyi

ဝုန္း!!!
အာဏာအိမ္ေတာ္ဒုဥကၠ႒၏ ဇနီး သရဖူႏြယ္၏ေသာင္းက်န္းေနျခင္း ျဖစ္သည္...အိမ္​ေတာ္၏ ပဲ့ကိုင္႐ွင္ ဦးဘုန္းအာဏာ တို႔ ဇနီးေမာင္ႏွံ အလုပ္ခရီးသြားကာ မရိွသည့္အတြက္ ယခုလို ေပၚေပၚထင္ထင္ ေသာင္းက်န္းေနျခင္း ျဖစ္သည္...အိမ္တြင္ရိွသူမ်ားက သူ႔အားမလြန္ဆန္ရဲသည့္သူမ်ား ျဖစ္ေပ
သည္...
သရဖူႏြယ္၏ သားျဖစ္သူ ဘုရင္အာဏာ ကေတာ့
ေက်ာင္းသြားေနျခင္းေၾကာင့္ အေျခအေနက ပိုဆိုးေနျခင္း ျဖစ္သည္...
သူတို႔၏ သခင္မေလးသည္ သားႏွင့္ေယာကၤ်ားျဖစ္သူ အား လြန္စြာခ်စ္ခင္ေသာ္လည္း ဒုဥကၠ႒ ဦးမင္းအာဏာ ၏ အဖက္လုပ္ျခင္းကို မခံရသည္မွာလက္ထပ္ၿပီးကတည္းက တစ္ေလ်ွာက္လံုးပင္...
လြန္ခဲ့ေသာႏွစ္နာရီခန္႔က ျဖစ္ပြားခဲ့ေသာ ျပသာနာက အရင္းခံအေၾကာင္းအရင္း ျဖစ္ေပသည္...
" ကိုႀကီး...ႏြယ္တို႔ ဒီညေနမိတ္ဆံုစားပြဲတူတူတက္ရေအာင္...ေက်ာင္းတုန္းက သူငယ္ခ်င္းေတြ အကုန္လာၾကမွာ..."
" ကိုယ္ ဒီညေန မအားဘူး...dinner ပြဲရိွတယ္ "
" ကိုႀကီးကလည္း အဲဒီ dinner ပြဲကို ျဖတ္လိုက္ပါ....ႏြယ္နဲ႔ လိုက္ခဲ့ပါေနာ္ "
က်စ္!
သူ၏ လက္ကိုဆြဲကာ လႈပ္ရမ္းေျပာေနေသာ သရဖူႏြယ္ ေၾကာင့္ စိတ္ပို႐ႈပ္လာရကာ က်စ္သပ္မိျခင္း...တကယ့္ကို အလုပ္႐ႈပ္လြန္းသည္...ဆြဲကိုင္ထားေသာ လက္ကို ဆြဲျဖဳတ္ကာ အလုပ္သြားမည့္ကားဆီသို႔ ထသြားလိုက္ေတာ့သည္....မနက္တစ္ပိုင္းေလးအိမ္မွာေနပါတယ္ဆိုမွ နားပူေအာင္ တအားလုပ္လြန္းသည္...
ထြက္ခြာသြားေသာ ေက်ာျပင္အားေငးရင္း အေလးမထားခံရသည့္ သူ႔ကိုယ္သူပင္ အျပစ္ေတြ တင္ရမလား မသိေတာ့ေပ... အရာရာဟာ သူဖန္တီးခဲ့တာမလား...႐ႈပ္ေပြလြန္းေသာ ကိုႀကီးကို ရေအာင္ယူႏိုင္ခဲ့ေပမဲ့ အခ်စ္ေတြ ကေတာ့ မရလာခဲ့ေပ...6ႏွစ္ေက်ာ္ဆိုသည့္ အခ်ိန္ကာလကား သံေယာဇဥ္ေတြကို တိုးမလာေစသည့္အျပင္ ေလ်ာ့သြားလိုက္တာမ်ား တစ္ေန႔တစ္ျခား...ကိုႀကီး ၾကည္ျဖဴလက္ခံသူကေတာ့ သားေလး ဘုရင္အာဏာ တစ္ေယာက္သာရိွသည္...သားေလးကိုေတာ့ ကိုႀကီးသာမကကိုႀကီးမိဘမ်ားကပါ အရမ္းခ်စ္ၿပီး အလိုအရမ္းလိုက္ၾကလို႔ ေတာ္ေသးသည္... ႏြယ္တို႔ မိသားစုအသိုင္းအဝိုင္းမ်ား က ခ်မ္းသာေပမဲ့ ကိုႀကီးတို႔ႏွင့္ယွဥ္လ်ွင္ ပါမႊားသာ...တစ္ခန္းလံုးလည္း သူဖ်က္စီးလို႔ မြစာက်ဲေနေလၿပီ...အိပ္ေဆးအား
ေလး,ငါးလံုးေသာက္ခ်ပစ္လိုက္သည္...အိပ္ခ်ိန္
မဟုတ္ေပမဲ့ သူအိပ္ေပ်ာ္သြားမွ ရမည္...မဟုတ္လ်ွင္ ခံစားရလြန္းလို႔ ႐ူးမတတ္ျဖစ္သြားလိမ့္မည္...အိပ္ေဆးစြဲေနသည္မွာ 5ႏွစ္ေက်ာ္ေနေလၿပီ...သားေလးအားေမြးဖြားၿပီး ကိုႀကီးမွာ သူခ်စ္ရသူရိွေၾကာင္း
ေျပာလာကတည္းကပင္...
ဓားသြားေပၚကပ်ားရည္စက္မွန္းသိေပမဲ့ ယစ္မူးစြဲမက္ေနကာ ႏွစ္ၿခိဳက္စြာ စားသံုးမိေနသူလို...
ပူေလာင္ေနေသာ မီးေတာက္ကို ဝင္တိုးသည့္ ပိုးဖလံပမာ... သူ႔ဘဝက အဆံုးသတ္ကို သိၿပီးသားျဖစ္ေပမဲ့ ထပ္တလဲလဲ ျငင္းဆိုေနေသာ အ႐ူးပမာ...
ေဝေဝဝါးဝါး အျမင္အာရံုေတြၾကား ငယ္ရြယ္စဥ္ အမွတ္တရမ်ားၾကား ျပန္လည္ေရာက္ရိွသြားသလိုစိတ္ေတြ လြင့္ေမ်ာလာေခ်ၿပီ...ေမွးစက္သြားေသာမ်က္ဝန္းမ်ားက အိပ္စက္သြားျခင္းလား...အျခားတစ္ခုေပလားဆိုတာကိုေတာ့.....

ဘုရင္ ဒီေန႔ ပထမတန္းႏွစ္ဝက္ စာေမးပြဲ တြင္ ပထမ ရသည့္မို႔ အမွတ္စာရင္းအား ေက်ာပိုးအိတ္ထဲသို႔ ေသခ်ာထည့္ကာ အိမ္ကလာႀကိဳသည့္ ကားဆီသို႔ အျမန္ေလ်ွာက္လိုက္သည္...ေက်ာင္းစတက္ကတည္းကအျမဲ ပထမရေနက် ျဖစ္ေပမဲ့ မိဘ၏ ခ်ီးက်ဴးမႈကို လိုခ်င္ေသာ ပံုမွန္ကေလးမ်ားကဲ့သို႔ပင္...
သခင္ေလးလို ေအးစက္စက္ကေလးက ပံုမွန္ေန႔မ်ားလို တည္ၿငိမ္စြာ လွမ္းလာျခင္းမဟုတ္ဘဲ အနည္းငယ္ အလ်င္လိုေနပံုက ျမင္သူမ်ားအတြက္ခ်စ္စရာေလးပင္....
ကားေပၚေရာက္,ေရာက္ခ်င္း ေန႔တိုင္းလာႀကိဳသည့္မာမီအား မျမင္ရသည္မို႔ အနည္းငယ္ဝမ္းနည္းသြားရသည္...သို႔ေသာ္ ယင္းသို႔ ျဖစ္ျခင္းကို မည္သူမ်ွသတိမထားမိလိုက္ေခ်...
သခင္ေလး ကားေပၚတြင္ ေသခ်ာထိုင္ၿပီးသည္ႏွင့္ကိုယ္ရံေတာ္မ်ား ေ႐ွ႕တစ္စီး ေနာက္တစ္စီး ျခံရံလ်က္ အိမ္ေတာ္ဆီသို႔ ေမာင္းႏွင္လိုက္​ေတာ့သည္..
အိမ္ေတာ္၏ ယေန႔ရာသီဥတု အေျခအေနက မေကာင္းေပမဲ့ သခင္ေလးျပန္ေရာက္ရင္ေတာ့ တစ္မ်ိဳးတစ္မည္ ေျပာင္းေလာက္ေပ၏...သခင္ေလးကအိမ္ေတာ္၏ ဆည္းလည္းေလးမို႔ပင္...အျခားကေလးမ်ား ကဲ့သို႔ တီတီတာတာ ေျပာျခင္းမ်ိဳးမဟုတ္ဘဲ တည္တည္ၿငိမ္ၿငိမ္ကေလးကိုမွ ေအးစက္စက္ပံုစံမ်ိဳးျဖင့္ ေျပာခ်င္သည့္ အေၾကာင္းအရာကိုခ်က္က်လက္က် ေျပာဆိုျခင္းမ်ိဳးပင္...အပိုစကားမဆိုတတ္ေသာ ကိန္းႀကီးခမ္းနားလြန္းေသာ ပံုစံကေလးမွာ အရြယ္ႏွင့္မလိုက္ေအာင္ပင္...
အိမ္ေတာ္ထဲသို႔ ဝင္သြားေသာ သခင္ေလးအားၾကည့္ရင္း သက္ျပင္းခ်မိသည္...အရင္ကတည္းကေအးစက္ေသာ သခင္ေလးက မိဘေတြ၏ ျပသာနာေတြေၾကာင့္ ပိုၿပီး ေအးစက္သြားမွာ စိုးရိမ္လို႔ပင္..
ဘုရင္ လည္း အိမ္ေတာ္ကို ျပန္ေရာက္လ်ွင္ မိမိအခန္းရိွရာသို႔ အရင္ျပန္လိုက္သည္...ေက်ာပိုးအိတ္ကိုေနရာတက် ထားၿပီး အမွတ္စာရင္းကို ယူကာ မာမီအခန္းသို႔ ထြက္လာလိုက္သည္...ဘုရင္ အခန္းေ႐ွ႕ေရာက္ေတာ့ အခန္းတံခါးက ပြင့္ေနေပသည္...တံခါးဟၾကားမွ ၾကည့္ေတာ့ ဒယ္ဒီ ေရာက္ေနျခင္းျဖစ္သည္...
" မင္းလုပ္ရပ္ေတြေၾကာင့္ မင္းကိုယ္မင္းထိခိုက္တာငါ့ေၾကာင့္ဆိုၿပီး လြဲခ်မေနနဲ...  ငါ့အတြက္ စိတ္႐ႈပ္စရာေတြ ပိုလာတာပဲရိွတယ္ "
" သားအတြက္ မင္းကို ငဲ့ညာေနတာ...ခု ငါ့ခ်စ္တဲ့သူကို ျပန္႐ွာေတြ႔ၿပီ... မင္းကြာ႐ွင္းဖို႔ အဆင္သင့္ျပင္ထားလိုက္ "
မင္းအာဏာ လည္း ခ်စ္ရသူေလးအား ျပန္႐ွာေတြ႔ၿပီမို႔ ထိုသူေလးရိွရာၿမိဳ႕သို႔ လိုက္သြားမလို႔ရိွေသး...
ျပသာနာထုပ္ေၾကာင့္ အိမ္ေတာ္ကို ျပန္လာရသည္..သြင္ေလးအား ျပန္ေတြ႕သည္ႏွင့္ ကြာ႐ွင္းမွာလို႔အျပတ္ေျပာထားတာေတာင္ လာႏြယ္ေနျခင္းမို႔ယတိျပတ္ေျပာေနျခင္း ျဖစ္သည္...
အခန္းျပင္ကို ထြက္လာလိုက္ေတာ့ တံခါးေဘးမွာရပ္ေနေသာ သားျဖစ္သူအား ျမင္လိုက္ရသည္...သြင္ေလးရိွရာ ၿမိဳ႕ဆီသို႔သြားမည့္ ေလယာဥ္ခ်ိန္နီးေနၿပီးမို႔ ဂ႐ုမထားမိဘဲ ထြက္လာခဲ့သည္...
ထိုသို႔ေသာ ျမင္ကြင္းကိုျမင္ေတြ႔ေစၿပီး ထိုသို႔လုပ္ရပ္ဟာ ေနာက္ျဖစ္လာမည့္ ျပသာနာေတြအတြက္ပါ စုေပါင္းၿပီး သူတို႔သားအဖၾကား စည္းျခားလိုက္ျခင္းျဖစ္ေနျခင္းကို႔ေတာ့ မည္သူမ်ွ သတိမထားမိလိုက္ေခ်...

::::::::::::::::::::::

မင္းအာဏာ ေလယာဥ္ဆိုက္သည္ႏွင့္ ႀကိဳတင္ေစလႊတ္ထားသူဆီမွ ၾကားရေသာ သတင္းမ်ားသည္ သူ၏ ရင္ဘတ္တစ္ခုလံုး ေလာင္ကြၽမ္းသြားေတာ့မတတ္ ျပင္းထန္ေအာင္ ခံစားရသည္...သြင္ေလးဟာ လက္ထပ္ၿပီးလို႔ ကေလးႏွစ္ေယာက္ေတာင္ ရေနၿပီတဲ့...ဘယ္လို အေျခအေနမ်ိဳး ျဖစ္ပါေစ သူလိုခ်င္ေသာအရာကို ရေအာင္ယူတတ္သူမို႔.....
သူ၏ ႏွလံုးသား ကိုဦးစြာသိမ္းပိုက္ႏိုင္သူကို အလြတ္မေပးႏိုင္ေပ...ထိုဆရာဝန္ေကာင္အား သတ္ၿပီးေတာ့ျဖစ္ျဖစ္ေပါ့...

*************

သြင္ ဒီေန႔ စိတ္ထဲေလးေနသလို ခံစားရသည္...အိမ္မွာ တစ္ေယာက္တည္းေန,ေနက် မဟုတ္လို႔မ်ား အေတြးလြန္ေနသလားမသိ...သားငယ္​ေလးႏွင့္အတူ သားႀကီးက ႏုႏုတို႔အိမ္ဘက္သို႔ အလည္သြားေနသည္မို႔ သူလည္း အေဖာ္မဲ့ေနသလို ျဖစ္ေနျခင္းျဖစ္သည္....
႐ုတ္တရက္ ေႏြးေထြးေသာ ရင္ခြင္ထဲသို႔ က်ေရာက္သြားသည္မို႔ ေမာၾကည့္လိုက္မိသည္...
" ေမာင္ "
သူ႔ရင္ခြင္ထဲကေန ေမာ့ေမာ့ေလးၾကည့္ေနေသာ သြင္ေလး၏ ပါးျပင္မို႔မို႔ေလးမ်ားအား နမ္း႐ႈိက္လိုက္သည္ ...
" ေမာင္ အရင္ကဂ်ဴတီအစားဝင္ေပးထားတဲ့သူနဲ႔ဂ်ဴတီျပန္ခ်ိန္းလာတာ "
" ​ေမာင္တို႔ ဒီေန႔ေလ်ွာက္လည္ၾကရေအာင္ ...
သားေလးတို႔ေရာ ႏုႏုတို႔အိမ္ဘက္မွာလား "
တည္ၾကည္ေမာင္ေမာင္ ထိုသို႔ေမးရျခင္းက သားငယ္ေလးက ႏုႏုတို႔ကို တအားခင္တြယ္လြန္းေနလို႔ပင္...လသားအရြယ္ေလးသာ ရိွေသးေသာ္လည္း
ႏုနုတို႔အိမ္ဘက္ မသြားရလ်ွင္ ေကာ့လန္ထိုးကာ
ငိုေနေပၿပီ..အိပ္ခ်ိန္ေတာ့ အိမ္မွာအိပ္လို႔ ေတာ္ေသးသည္...သားငယ္​ေလး ကို စိတ္မခ်သည့္သားႀကီးကႏုႏုတို႔အိမ္ဘက္သို႔ ေရာက္ေနသည္မွာ အျမဲ..သူ႔သူငယ္ခ်င္းေတြ ရိွတာလည္း ပါမွာေပါ့...
သြင္ကလည္း အိမ္တြင္းပုန္းေလးမို႔ အျပင္ထြက္ဖို႔ဆို မနည္းေျပာယူရသည္...သူလည္း သြင္ေလး၏အစ္ကိုဆီ ျပန္ၿပီး ေတာင္းပန္ရင္း ခြင့္လြတ္ဖို႔ ေျပာၿပီးၿပီမို႔ပင္..လြန္ခဲ့ေသာ ပိတ္ရက္က သူတစ္ေယာက္တည္း သြားခဲ့ျခင္းျဖစ္သည္...သြင္ေလးအစ္ကိုက လက္ခံေနၿပီး ျဖစ္တာေတာင္ ယခင္ကလို အိမ္တြင္းပုန္းေလး ျဖစ္ေနတုန္းပင္...
ေနာက္လက် သူတို႔မိသားစုလိုက္ ေမြးရပ္ေျမကိုျပန္ၿပီး အလည္သြားဖို႔ ဆံုးျဖတ္ထားၾကသည္...
" ေမာင္ ဒီေန႔ျပန္လာတာ ေစာတယ္ေနာ္...ၿပီးေတာ့ကားသံလည္း မၾကားရဘူး "
" ေမာင့္ကား ျပန္တဲ့လမ္းမွာ ပ်က္ေနလို႔ workshop ပို႔လိုက္ရတယ္...Taxi နဲ႔ျပန္လာလို႔
ကားသံမၾကားရတာ "
" အြန္း...ေမာင့္သားေတြကို သြားေခၚလိုက္အံုး..အျပင္သြားမယ္ဆို "
ဒိုင္း!
အိမ္အျပင္ဘက္မွ ၾကားလိုက္ရေသာ အသံ​ေၾကာင့္သြင္တို႔ ထြက္ၾကည့္လိုက္ေတာ့ ျခံေစာင့္ေကာင္ေလးက လဲက်ေနၿပီး ျခံတြင္းသို႔ ဝင္ေရာက္လာေသာ ကားအနက္ေရာင္4စီး...
သြင္ေလးအား ေနာက္ေက်ာဘက္ပို႔ထားၿပီး ကားထဲမွ ထိပ္ဆံုးထြက္လာသူအား ျမင္လိုက္ရေတာ့
အံၾသသြားရသည္... သြင့္အစ္ကို၏ သူငယ္ခ်င္း...

ထိုဆရာဝန္ေကာင္၏ ေနာက္တြင္ပုန္းေနေသာ
သြင္ေလးေၾကာင့္ သူ႔ေဒါသမ်ားအား ေလာင္စာထည့္ေပးေနသလိုပင္...
အနားေရာက္သြားသည္ႏွင့္ ထိုေကာင္၏နဖူးတည့္တည့္အား ပစ္သြင္းလိုက္သည္...
ဒိုင္း!
" ေမာင္! "
သြင္ တကယ္ကို ႐ူးသြားသလို ခံစားရသည္... သူ
အိမ္မက္မက္ေနတာမ်ားလား...အိမ္မက္ဆိုရင္
လည္း ႏိုးထလာခဲ့ပါေတာ့...သြင့္ အေပၚလဲက်လာေသာ ေမာင့္ခႏၶာကိုယ္အား ထိန္းဖက္ထားသည္မို႔သူ႔တစ္ကိုယ္လံုးလည္း ေသြးမ်ား ရႊဲေနေလၿပီ...
ထိုျမင္ကြင္းအား ျမင္လိုက္ရသည္က သူတစ္
ေယာက္တည္း ျမင္လိုက္ျခင္းမဟုတ္သည့္ကိုေတာ့မသိလိုက္ေခ်...
နယ္ေျမအ႐ွင္ လည္းျမင္လိုက္ရျခင္း ျဖစ္သည္...ႏုႏုတို႔ လုပ္ေကြၽးေသာမုန္႔က မားမားႀကိဳက္သည္မို႔လာပို႔ခဲ့ျခင္း ျဖစ္သည္...ျခံႏွစ္ျခံ၏ စည္း႐ိုးတြင္ ကေလးတစ္ေယာက္စာ ဝင္ေပါက္ကေလးမွ ဝင္လာခဲ့ျခင္း.... အျခအေနအား နယ္ေျမအ႐ွင္တို႔ျခံတြင္းရိွ ခေရပင္အား ကြယ္၍ ၾကည့္ေနမိသည္...
သူ႔ရန္သူ၏ မ်က္ႏွာအား မွတ္မိေစရန္ေသခ်ာ
ၾကည့္ေနမိသည္...
သြင္လည္း ေမာင့္ကိုယ္အား ရဲရဲပင္ မထိရဲ မကိုင္ရဲ
သူကိုင္လိုက္မွ ေမာင္ပိုနာသြားမည္ဆို၍...
တကယ္ေတာ့ တည္ၾကည္ေမာင္ေမာင္ ဟာ
အသက္မရိွေတာ့ေခ်...အမွန္တရားကို လက္မခံ
ႏိုင္သည့္ သြင္မွာ ေမာင့္အား နာက်င္ေစသည့္သူအား မုန္းတီးစြာ ေမာ့ၾကည့္မိသည္...
ထိုသို႔ေသာ အၾကည့္ကို ေမ်ွာ္လင့္ၿပီးသား မင္းအာဏာ အတြက္​ေတာ့ ရင္နာနာျဖင့္ လက္ခံလိုက္သည္...အသက္မဲ့ကိုယ္အား ဖက္တြယ္ေနေသာသြင္အား ဆြဲထူလိုက္သည္...
ဒိုင္း! ဒိုင္း!
တစ္ခ်က္က သြင္၏ လည္ပင္းအား ျဖတ္ဝင္သြားၿပီး
တစ္ခ်က္က ပစ္လိုက္သူက သူ႔ကိုယ္သူ အဆံုးစီရင္
လိုက္ေသာ အသံျဖစ္ေပသည္...႐ုတ္တရက္ ျဖစ္သြားျခင္းမို႔ တားဆီးရန္ မည္သူမ်ွ မမီွလိုက္ေခ်...ထိုသူမွာ သရဖီႏြယ္၏ လူျဖစ္သည္...မင္းအာဏာ႐ွာသည့္သူအား ေတြ႔လ်ွင္ တစ္ခါတည္း သတ္ပစ္ရန္ အမိန္႔ေပးခံထားရသူျဖစ္သည္...
သြင္တို႔ေနထိုင္သည့္ ရက္ကြက္မွာ တစ္အိမ္ႏွင့္
တစ္အိမ္တစ္ေမ်ွာ္တစ္ေခၚ ျဖစ္သည္မို႔ မည္သူမ်ွ သိမည္မဟုတ္ေပ...
ထိုအခ်ိန္တြင္ အိမ္ေ႐ွ႕ထိုးရပ္ေသာ ကားနက္မ်ား
ေၾကာင့္ ကိုယ္ရံေတာ္မ်ားဟာ မႈိင္ေတြေတြျဖစ္ေနေသာ ဒုဥကၠ႒ အား ကားတြင္းသို႔ ေသခ်ာ ေနရာခ်ေပးၿပီး ကားကို အျမန္ေမာင္းထြက္ေစလိုက္သည္...အင္အားခ်င္း ယွဥ္လ်ွင္ သူတို႔က အားနည္းေနေသာေၾကာင့္ ယခုလို အလ်ွင္အျမန္ ထြက္လာရျခင္း ျဖစ္သည္...သို႔ေပမဲ့ ဒုဥကၠ႒ ပါေသာ ကားသာလ်ွင္ လြတ္ေျမာက္ၿပီး က်န္ကားသံုးစီးမွာအစအနပင္ျပန္မရလိုက္ေခ်...

******

မီးလ်ွံဦး ေရာက္သည့္အခ်ိန္တြင္ ညီႏွင့္ ခယ္မတို႔၏အေလာင္းကိုသာ မီွလိုက္ေတာ့သည္...တူျဖစ္သူ နယ္ေျမအ႐ွင္ က ညီေလးအား သာမန္ဘဝတြင္ ခဏေနခိုင္းေစေသာေၾကာင့္ ႏုသစ္ဆိုသည့္ ေကာင္မေလးမိသားစုအား ေငြေၾကးအလံုအေလာက္ေပးကာ အပ္ထားခဲ့သည္...
အာဏာအိမ္ေတာ္က ၿမိဳ႕ေတာ္မွာ မည္သူမ်ွ မယွဥ္ႏိုင္သည္မို႔ သူတို႔ဟာ အင္အားႀကီးေအာင္ အရင္လုပ္ရအံုးမည္ ျဖစ္သည္...

...........................................................................

ဖတ္႐ႈသူအားလံုးကို ေက်းဇူးတင္ပါတယ္႐ွင့္

...........................................................................



























Continue Reading

You'll Also Like

4.3M 273K 103
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
1.4M 124K 44
✫ 𝐁𝐨𝐨𝐤 𝐎𝐧𝐞 𝐈𝐧 𝐑𝐚𝐭𝐡𝐨𝐫𝐞 𝐆𝐞𝐧'𝐬 𝐋𝐨𝐯𝐞 𝐒𝐚𝐠𝐚 𝐒𝐞𝐫𝐢𝐞𝐬 ⁎⁎⁎⁎⁎⁎⁎⁎⁎⁎⁎ She is shy He is outspoken She is clumsy He is graceful...
479 81 8
ကိုယ်က ချစ်မိသွားတယ်ဆိုတာ ရှားပါတယ် တော်ရုံဘယ်အရာကိုမှ မစွဲလန်းတတ် အလေးအနက်မထားတတ်တဲ့ လူတစ်ယောက်ပေါ့ကွယ် အင်း...ကြောင်လေးနဲ့တူတဲ့ မင်းကိုတော့ မင်းကို...
4M 169K 63
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...