Change For You( သူ့အတွက်သာလျှ...

By Sue_Hun_Ni

19K 1K 46

လူတစ်​ယောက်ကိုတစ်ကယ်ချစ်လာမိရင် အစကတော့ သူ့ကိုပိုင်ဆိုင်ချင်လိုက်မယ် ဒါပေမဲ့တဖြည်းဖြည်းနဲ့သိလာမှာက သူကို ပိုင... More

1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26🔞
27
28
29
30
31
32
33
34
35
36🔞
37
39
40
41
42
43(Final part)
Saying Goodbye

38

213 17 4
By Sue_Hun_Ni

Unicode

"သားငယ်လေးရဲ့အရည်အချင်းကမဆိုးဘူးသိလား"

နှိုင်းအက္ခကြောင့် မြေကွက်စျေးတွေတက်လာသည့်အပေါ် ဦးသုတချီးကျူးနေခဲ့သည်မှာ ယခုထိပင်။

ခင်ပွန်းဖြစ်သူ၏နှိုင်းအက္ခအပေါ်ချီးကျူးမူ့ကိုနားထောင်ပြီး ဒေါ်ဝင့်နေချီမှာ ပြုံးရခက်ဖြစ်နေရ၏။

"သားကြီးကောသားငယ်လေးကပါ အားကိုးရတဲ့သူတွေဖြစ်လာတော့..ကိုယ်တို့ဘယ်လောက်ကံကောင်းလိုက်သလဲမိန်းမ "

"ဟု...ဟုတ်တယ်နော် "

ထိုကံကောင်းမူ့က ဒေါ်ဝင့်နေချီအတွက်တော့ဆန့်ကျင်ဘက်ဖြစ်လေ၏။

ခင်ပွန်းဖြစ်သူနှင့်အတူရှိနေခိုက် မက်ဆေ့ချ်တစ်စောင်ဝင်လာတာကြောင့် ဒေါ်ဝင့်နေချီသည် မက်ဆေ့ချ်ဖက်ပြီး ပီပီရီရီနှင့်ပင် ဦးသုတအနားမှရှောင်ထွက်လာဖို့ပြင်သည်။

"အကို ညီမဆိုင်ဘက်ခဏသွားရအုံးမှာမို့..."

"ရတယ်လေ မိန်းမ၊သွားစရာရှိတာ သွားဟုတ်ပြီလား"

ဦးသုတမရိပ်မိလေအောင် သရုပ်ဆောင်ပြီးရှောင်ထွက်လာနိုင်ခဲ့သည့်ဒေါ်ဝင့်နေချီသည် အ​ပြင်သို့ရောက်လျှင် ချိန်းဆိုထားသည့် ကော်ဖီဆိုင်တစ်ခုသို့ အလျင်အ​​မြန်ဘဲဦးတည်လာခဲ့၏။

"မင်္ဂလာပါ ဒေါ်ဝင့်နေချီ "

"ကျွန်မစုံစမ်းခိုင်းထားတဲ့ကိစ္စကိုဘဲ မြန်မြန်ပြောပြပေးလို့ရလား "

တစ်ဖက်ကဖော်ဖော်ရွေရွေနဲ့နှုတ်ဆက်လာပေမဲ့ လူမသိအောင်ခိုးထွက်လာရသည့်ဒေါ်ဝင့်နေချီဘက်ကတော့ စကားသာအမြန်ဖြတ်ပစ်ချင်နေခဲ့သည်။

"ဒါက နှိုင်းအက္ခယှဥ်ဆိုသူရဲ့ချစ်သူပုံပါ "

"အမယ်လေး!"

တစ်ဖက်ကကမ်းပေးလာသည့်ဓာတ်ပုံကို ချက်ချင်းထုတ်ကြည့်ခဲ့ပေမဲ့လည်း မြင်လိုက်ရသည့်ပုံတွေကြောင့် ချက်ချင်းဘဲပြန်ပစ်ချခဲ့မိသည်အထိ လန့်သွားရ၏။

လူမြင်ကွင်းရှေ့မှာ အရွယ်ရောက်ယောကျာ်းလေးနှစ်ယောက် နှုတ်ခမ်းချင်းထိကပ်နေသည့်ဓာတ်ပုံကိုထုတ်ကြည့်ရတာက ဒေါ်ဝင့်နေချီအတွက် တော်တော်အောက်တန်းကျတဲ့လုပ်ရပ်တစ်ခုဟုထင်သည်။

"ဒါ..ဒါတွေက ဘာတွေလဲ "

"နှိုင်းအက္ခယှဥ်နဲ့သူ့ချစ်သူရဲ့ပုံတွေလေ ဒေါ်ဝင့်နေချီ"

"ဟင်...ဒါ ဒါဆို..."

"ဟုတ်တယ် နှိုင်းအက္ခက ယောကျာ်းလေးတစ်ယောက်နဲ့ချစ်သူဖြစ်နေတာ "

မယုံနိုင်လွန်းတာကြောင့် ပစ်ချခဲ့သည့်ဓာတ်ပုံများကိုပြန်ယူကြည့်တော့ တကယ်ကြီး နှိုင်းအက္ခ၏ပုံများဖြစ်နေလေ၏။ထို့အပြင် ဒေါ်ဝင့်နေချီသည် နှိုင်းအက္ခ၏ချစ်သူကို တစ်နေရာမှာ ရင်းရင်းနှီးနှီးမြင်ဖူးနေသလိုရှိနေသည်။

"နှိုင်းရဲ့ကောင်လေးက ဘယ်သူလဲ၊ဘယ်ကလဲ "

"အဘိဓာန်မိုးလို့တော့ခေါ်တယ် ကျောင်းဆရာ၊ရန်ကုန်ဇာတိကဘဲ "

"အဘိဓာန်မိုး..."

ဒီနာမည်ကိုလည်း ဒေါ်ဝင့်နေချီတစ်ယောက် ရင်းရင်းနှီးနှီးကြားဖူးနေပါသည်။

နှိုင်းထက် နှိုင်းရဲ့ချစ်သူပုံအပေါ်မှာကိုသာ ဒေါ်ဝင့်နေချီ အာရုံစိုက်ထားနေမိသည်။ဓာတ်ပုံတစ်ခုပြီးတစ်ခု သေချာကြည့်နေရင်းနဲ့မှ ဒေါ်ဝင့်နေချီတစ်ယောက် ဒီကောင်လေးဘယ်သူဆိုတာကို ခန့်မှန်းလာနိုင်၏။

"အ...အဘိဓာန်မိုး!မိုးလား...စစ်ချီရဲဲ့..."

ဒေါ်ဝင့်နေချီကိုယ်တိုင်ဖြတ်ခဲ့တဲ့ သားဖြစ်သူရဲ့အဆက်ဟောင်းမို့ သေချာအောင်ပြောနိုင်သည်။

အစပိုင်းထိတ်လန့်သွားခဲ့ရပေမဲ့လည်း သေချာလေးစဥ်းစားကြည့်လျှင် ဒါက ဒေါ်ဝင့်နေချီတို့အတွက် ကောင်းကွက်တစ်ခုဖြစ်သည်ဟုထင်မိသည်။ဂုဏ်သိက္ခာနဲ့ပတ်သတ်ပြီး ဘုရားတစ်ဆူလိုကိုးကွယ်တတ်တဲ့ ဦးသုတသာ သူ့သားဖြစ်သူရဲ့ဘဝမှန်ကိုသိခဲ့ရင် ကျိန်းသေခွင့်လွှတ်ပေးမည်မဟုတ်။

တစ်လျှောက်လုံး နှိုင်းအက္ခယှဥ်ကိုဘယ်လိုနည်းနဲ့အနိုင်ယူရမလဲမသိခဲ့လို့ စိတ်အားငယ်ပြီးကြောက်ခဲ့ရတဲ့နေ့တွေကို ဖြတ်သန်းနိုင်တော့မည်ကိုစဥ်းစားမိလျှင် ဒေါ်ဝင့်နေချီတစ်ယောက် မပျော်ရွှင်ဘဲမနေနိုင်အောင်ဖြစ်ရပါသည်။

"နှိုင်းအက္ခ မကြာတော့ပါဘူး၊ညည်း ငါတို့မိသားစုအနားကနေ ကိုယ့်သဘောနဲ့ကိုယ်ထွက်သွားစေရမယ်"

ယခုအခါမှ အိမ်သို့စိတ်လွှတ်လွှတ်လပ်လပ်နှင့်ပြန်လာခွင့်ရသည့် ဒေါ်ဝင့်နေချီသည် အိမ်ထဲသို့ဝင်လျှင်ဝင်ချင်း သားဖြစ်သူနှင့်ချွေးမလေးပြန်ရောက်နေတာကို မြင်တော့ ပိုလို့ပီတီဖြာရပါသည်။

"သားလေးစစ်ချီ...သမီးလေးဆူးရှား "

သားဖြစ်သူနဲ့ချွေးမလေးက လာပြေးဖက်တော့ ဒေါ်ဝင့်နေချီမှာ အမောပြေရပါ၏။

"ပြန်ရောက်နေကြောင်း အမေ့ကိုတောင်ဖုန်းဆက်သတိမပေးဘူးကြည့်စမ်း "

"အမေအိမ်မှာရှိမယ်ထင်လို့ suprise အနေနဲ့အသိမပေးဘဲ ပြန်လာတာပါ "

"အံမယ်...ဘယ်လိုလဲဟိုမှာပျော်ခဲ့ကြလား "

"ဟုတ်ကဲ့..."

"ခရီးပန်းနေကြတော့မှာဘဲ သွားနားလိုက်ကြလေနော်"

"ဟုတ် အမေ "

အခုမှပြန်လာကြလို့ ခရီးပန်းနေမည်ထင်တာကြောင့် အနားယူခိုင်းခဲ့ပေမဲ့ ဒေါ်ဝင့်နေချီလည်း သားဖြစ်သူ၏အခန်းနောက်သို့လိုက်သွားမိပါသည်။

"သား အမေအခန်းထဲခဏဝင်မယ်နော်ရလား "

"ဟုတ် ရပါတယ်အမေ၊ဝင်လေ "

အခန်းထဲသို့ရောက်လျှင် သားဖြစ်သူကိုလည်း ကုတင်ဘေးမှာအတူထိုင်စေပြီး_

"သားလေးနဲ့ရှားအခြေအနေဘယ်လိုရှိလဲ "

".....ဒီလိုပါဘဲ၊ဘာလို့မေးတာလဲ အမေ "

"အမှန်တိုင်းပြောပြရရင် သားလေးတို့ကို မြန်မြန်လက်ထပ်ပေးချင်နေပြီ "

"........... "

"သားတို့နှစ်ယောက်စေ့စပ်ထားတာလည်းကြာနေပြီဘဲ၊လက်ထပ်ကြဖို့တိုင်ပင်ကြပါတော့လား အမေမြေးချီချင်နေပြီသားလေးရဲ့ "

"အမေ...တကယ်တော့ ရှားက...."

"ရှားလေးက ဘာဖြစ်လို့လဲ "

"ဘာမှမဖြစ်ပါဘူးအမေ... ရှားဘက်က ဒီလောက်ထိအမြန်မသွားချင်လောက်ဘူးထင်တယ်လို့ ပြောမလို့ပါ "

သားဖြစ်သူက ဒီအကြောင်းပြောဖို့ မျက်နှာညှိုးပြီးတွေဝေသွားမှာမဟုတ်မှန်း ဒီထပ်အရေးကြီးပြောစရာရှိမှန်း ဒေါ်ဝင့်နေချီ ရိပ်မိသလိုလို။ဒါမှမဟုတ် ခရီးပန်းနေတာကြောင့် အခုလိုမျက်နှာထားမျိုးဖြစ်နေသလားတော့ မပြောတတ်။သားဖြစ်သူကို အနားပေးသင့်ပြီ ထင်မိတာကြောင့် ဒေါ်ဝင့်နေချီ လည်းအနားမှထွက်သွားဖို့ပြင်ပါတော့၏။

"နားလိုက်အုံးလေနော် သားလေး "

"ဟုတ်ကဲ့ပါ အမေ "

အမေဖြစ်သူအခန်းထဲကထွက်လျှင် ခန့်ထားတစ်ယောက် သက်ပြင်းအရှည်ကြီးချခဲ့သည်။

ရှားအကြောင်းကိုပြန်တွေးမိလျှင် ခန့်ထားနက်ကတိုင်ကိုဆွဲချွတ်မိသည်အထိ ခန္ဓာကိုယ်ကပူလောင်လာပါ၏။UKမှာ ရှားနှင့်ခန့်ထားတို့ကြားဖြစ်ခဲ့သည့် ဆက်ဆံရေးအကြောင်းကိုပြန်တွေးမိလျှင် ခန့်ထားပြုံးလည်းပြုံးရသလို ရင်ဘတ်ကပူလောင်ပြီးမောဟိုက်လာသည်အထိဖြစ်ရသည်။

ပုံမှန်မဟုတ်နေတဲ့ ခန္ဓာကိုယ်အပူရှိန်ကိုထိန်းရန် ခန့်ထားရေချိုးဖို့ပြင်သည်။တံခါးဖွင့်လျှင်ဖွင့်ခြင်း မျက်နှာချင်းဆိုင်မှာရှိနေသည့် ရှားအခန်းကိုမြင်ရတော့ တံခါးသွားခေါက်ဖို့လုပ်ပေမဲ့ တစ်ခုခုကိုစဥ်းစားမိပြီးမှ တံခါးမခေါက်တော့ဘဲ ပြန်လှည့်ထွက်ဖို့ပြင်ခဲ့သည်။

တစ်ဖက်က နှိုင်း၏အခန်းက အနည်းငယ်ဟနေတာကို ခန့်ထားသတိထားမိလိုက်ပါ၏။

အိမ်အကူတွေကဘဲ သန့်ရှင်းရေးဝင်လုပ်ပြီး တံခါးပြန်ပိတ်ပေးခဲ့ဖို့မေ့ခဲ့လေသလားဆိုသည့်အတွေးနှင့် တံလားပိတ်ပေးဖို့ နှိုင်းအခန်းသို့လာသည်။အနီးကပ်သို့ရောက်လျှင် ဟနေသည့်တံခါးပေါက်ကနေ နှိုင်းရဲ့အခန်းအတွင်းပိုင်းကိုမြင်ရသည်။နှိုင်းရဲ့အခန်းက ကျန်သည့်အခန်းများနှင့်မတူဘဲထူးရှား၏။အနက်ရောင်ကြိုက်သူက သူ့အခန်းတစ်ခုလုံးကို အနက်ရောင်ဆေးသုတ်ထားသည်။ပြတင်းပေါက်လည်းဖွင့်ခြင်းမရှိတာကြောင့် မှောင်မှိုင်းမှိုင်းနှင့် ခန့်ထားတော့ဒီအခန်းအပြင်အဆင်ကိုမကြိုက်ခဲ့။

တံခါးမြန်မြန်ပိတ်ပေးဖို့လုပ်နေရာမှ မျက်နှာချင်းဆိုင်ရှိ စားပွဲပေါ်မှာရှိနေသည့် Laptop နှင့်ကင်မရာကိုမြင်လျှင် တံခါးပိတ်ပြီးလျစ်လျူရူထားဖို့ စိတ်ကူးက ပျောက်ပျယ်သွားခဲ့သည်။

ကင်မရာကိုကိုယ်နှင့်မကွာ အမြဲတမ်းဆောင်ထားတတ်သည့် နှိုင်းအက္ခက အခုတော့ကင်မရာကို ပိုင်ရှင်ရဲ့အနီးမှာတောင်မထားတော့ဘဲ စိတ်ချလက်ချနှင့်အခန်းထဲမှာ ချန်ထားလေသည်။အရင်က ဘာဓာတ်ပုံတွေများရိုက်လို့ ဒီကင်မရာကိုကိုယ်နှင့်မကွာ ဆောင်ထားနေရတာလဲ သိချင်သည့်စိတ်နှင့် ခန့်ထား အခန်းထဲသို့ဝင်ရောက်စူးစမ်းမိပါ၏။

ကင်မရာကိုဟိုစမ်းဒီစမ်းကြည့်တော့ ဘာပုံမှမတွေ့ခဲ့ရတာကြောင့် စိတ်ပျက်ပျက်နဲ့ပြန်ချရုံရှိသေး Laptop မှာUSB တန်းလန်းကြီးချိတ်ထားခဲ့တာကိုမြင်လျှင် ခန့်ထားအလျှင်အမြန်ဘဲ ထိုUSB ကိုဖြုတ်ခဲ့ပြီး ကိုယ့်အခန်းထဲသို့ပြေးယူလာမိသည်။

နှိုင်းအက္ခပြန်မလာခင် ဒီထဲမှာဘာတွေရှိတယ်ဆိုတာ ခန့်ထားအလျင်အမြန်ကြည့်ထားသင့်သည်။

ထောင်ပေါင်းများစွာသော ဓာတ်ပုံတွေကလွဲကျန်တာဘာမှထွေထွေထူးထူးမရှိ။

Pin ထောက်ထားသည့်ဓာတ်ပုံတွေထဲမှာ ရူခင်းပုံတွေရယ် မိန်းကလေးအဝတ်အစားမဲ့နေတဲ့မျက်နှာမပါပုံတွေရယ်သာရှိသည်။အချိန်အားဖြင့်လွန်ခဲ့တဲ့နှစ်လောက်ကရိုက်ထားတဲ့ပုံတွေဆိုတော့ နှိုင်းရဲ့ဝါသနာဆိုးတစ်ခုဖြစ်ခဲ့ပုံပေါ်သည်။ဆက်ပြီးကြည့်ကြည့်တော့ အဘိဓာန်မိုး လို့နာမည်ပေးထားသည့်File တစ်ခုကိုမြင်ရလျှင် ခန့်ထား၏မျက်လုံးများပြူးကျယ်လာသည်။

File ထဲသို့ဝင်ကြည့်လျှင် အဘိဓာန်မိုး၏ပုံတွေချည်းနှင့်ပြည့်နေ၏။အဘိဓာန်မိုးနှင့်အတူရှိခဲ့သည့် နေစဥ်မှတ်တမ်းများကို ဓာတ်ပုံရိုက်ပြီးမှတ်တမ်းတင်ခဲ့ပုံပင်။ဓာတ်ပုံတစ်ခုပြီးတစ်ခုထောက်ကြည့်နေရာမှ တစ်နေရာတွင် ခန့်ထား Laptop ကိုချက်ချင်းဘဲ ပိတ်ချခဲ့မိသည်။

"မဟုတ်ဘူး...မဟုတ်ဘူးမလား၊ငါအမြင်မှားတာ...ငါအမြင်မှားတာနေမှာပါ "

ကိုယ့်မျက်လုံးကိုယ်မယုံနိုင်ပေမဲ့လည်း ခန့်ထားပြန်မကြည့်ရဲဖြစ်နေသည်။

မိုးနှင့်အတူရှိခဲ့တဲ့ ရှစ်နှစ်တာလုံး ခန့်ထားမိုးရဲ့နှုတ်ခမ်းကိုတောင် သိပ်မနမ်းခဲ့ဖူး။မိုးနှင့်အတူအိပ်ဖို့ဆိုဝေလာဝေးပင်။ခန့်ထား လက်ထဲမှာ လှလှပပရိုးရိုးယဥ်ယဥ်လေးနဲ့ကြီးပြင်းလာသည့် မိုး၏တစ်ဖက်ခြမ်းပုံစံကို ခန့်ထားမကြည့်ရဲဖြစ်နေသည်။

USB ကိုချက်ချင်းဖြုတ်ခဲ့ပြီး ဘာမှမမြင်ခဲ့မကြည့်ခဲ့ရသလို ခန့်ထား နှိုင်း၏အခန်းထဲ့သို့ သူ့ပုံစံအတိုင်းပြန်ထားပေးခဲ့၏။

စိတ်ထဲမှာတော့ အဘိဓာန်မိုးနဲ့သိပ်တွေ့ချင်နေတာကြောင့် ရေတောင်မချိုးခဲ့တော့ဘဲ မိုးဆီသို့ထွက်လာခဲ့တော့သည်။

မိုးကိုအဝေးကြီးရှာစရာတောင်မလို မိုးက သူ့အိမ်မှာဘဲ ထုံးစံအတိုင်း ကြောင်လေးနဲ့အတူဆော့ရင်းရှိနေ၏။

"ကိုခန့်ထား..."

ခြံတစ်ဖက်ကနေ စောင့်ကြည့်နေသည့် ခန့်ထားကို မိုးကအရင်နှုတ်ဆက်လာသည်။မိုး၏မျက်နှာက အကြာကြီးနေမှ တွေ့ရသည့် ခန့်ထားကိုတောင် ဝမ်းသာတဲ့ပုံစံမျိုးမပြခဲ့ပါ။

မိုးက ခြံတံခါးလာဖွင့်ပေး၏။အိမ်ထဲဝင်ဖို့တော့ မဖိတ်ခေါ်ခဲ့။

"ဘာကိစ္စရှိလို့လဲ ကိုခန့်ထား "

"ကိုယ်နဲ့ခဏလိုက်ခဲ့ပါလား မိုး၊ကိုယ်မိုးကို ပြောစရာရှိလို့ "

"အမ်..."

မိုးက ခဏတွေဝေနေသည်။ပြီးမှ ခေါင်းညိတ်ပြီး လိုက်ဖို့သဘောတူ၏။

မိုးနှင့်အတူ တစ်ချိန်ကလမ်းခွဲခဲ့ဖူးသည့်ကော်ဖီဆိုင်သို့ပြန်လာဖြစ်သည်။အနေကြပ်သလိုပြုမူနေသည့် မိုးပုံစံကို ခန့်ထားသဘောမကျပါ။

"ကိုခန့်ထား အရင်ကပန်းမကြိုက်တတ်ပါဘူး "

ရင်ဘတ်အိတ်ကပ်ပေါ်မှာ တွယ်ထားသည့်နှင်းဆီပန်းရဲရဲလေးကိုကြည့်ပြီး မိုးကမေးလာသည်။ခန့်ထားလည်း နှင်းဆီပန်းကိုငုံ့ကြည့်မိပြီး ပြုံးမိရာ_

"သြော်...ဒါလေးက ရှားလေးဆင်ပေးထားတာလေ "

"...သြော်...ဟုတ်၊လှသားဘဲနော် ကိုခန့်ထားနဲ့..."

"ဟားဟား၊ရှားက ပန်းသိပ်ကြိုက်တတ်တော့ အမြဲကိုယ့်ကို နှင်းဆီတစ်ပွင့်ရင်ဘတ်မှာထိုးဖို့ပေးတယ်။အဲ့လိုနဲ့ ပန်းမကြိုက်တတ်တဲ့ကိုယ်ကလည်း ရှားကိုအားနာတဲ့စိတ်နဲ့ဘဲ လိုက်လျောပေးခဲ့ရင်း အခုလို အကျင့်တစ်ခုဖြစ်လာတာဘဲ "

ခန့်ထားကိုယ်တိုင်ကသတိထားမိလေလားတော့မသိပေမဲ့ ဒီအကြောင်းကိုပြောနေသည့် ခန့်ထားထံ့မှ နှစ်သက်မှု့၊မြတ်နိုးမှု့၊ဂုဏ်ယူမှု့များနှင့် ယှက်သန်းနေသည်ကိုတော့ မိုးအတိုင်းသားမြင်နေရပါသည်။တစ်ချိန်က မိုးပေးခဲ့ဖူးတဲ့အရာတွေကို အခုလိုအမြတ်တနိုးနှင့် ဂုဏ်ပြုပြီးပြောပြခဲ့ဖူးတာကို မိုးမမြင်ခဲ့လေဖူး။

"ဘာပြောမလို့လဲ ကိုခန့်ထား "

"မိုး...ကိုယ် အခုတလော ဘာလို့ပျောက်နေလဲမမေးတော့ဘူးလား "

"UK သွားနေရလို့ဆို...အဲ့အကြောင်း နှိုင်းဆီက ကြားခဲ့ပါတယ် "

ထူးဆန်းစရာကောင်းတာ မိုးပြောပြရမည်။ကိုခန့်ထား မိုးဆီမရောက်လာသည့်အတောအတွင်း မိုးကိုခန့်ထားအကြောင်း နည်းနည်းလေးတောင်မတွေးဖြစ်ခဲ့။မိုး နေတတ်လာပြီထင်ပါသည်။

မိုးဆီက ခပ်ပြတ်ပြတ်အဖြေကိုကြားတော့ ခန့်ထားမျက်နှာကညှိုးငယ်သွား၏။

"အက္ခနဲ့မိုးနဲ့က အခုထိ..."

"ဟုတ်တယ်ကိုခန့်ထား အခုထိချစ်သူတွေပါ "

ဒီစကားအလှည့်မှာတော့ ခန့်ထားမျက်နှာထားက ပျက်သွားသည်။တစ်ခုခုကိုမကျေနပ်ရောင်သန်းနေ၏။

"နှိုင်းအက္ခက မိုးကိုတကယ်ချစ်တယ်လို့ထင်နေတာလား မိုး "

"...ဘာကိုဆိုလိုတာလဲ ကိုခန့်ထား "

"အကို့လောက် မိုးအပေါ်ဘယ်သူမှပိုပြီးမချစ်ပေးနိုင်ပါဘူး၊ကိုယ်ကသာ မိုးကိုအချစ်ဆုံး...ကိုယ့်ဘက်က ကြိုးစားခွင့်မရှိခဲ့ဘူး အဲ့တာကိုအခွင့်ကောင်းယူပြီး အက္ခက...အက္ခက ကိုယ့်ဆီကနေ မိုးကိုယူသွားခဲ့တာ။မိုး...ကိုယ့်ဆီပြန်လာပါကွာနော်၊ကိုယ် နောင်တရနေပါပြီ "

ကိုခန့်ထားဆီကနေ ဒီစကားကိုကြားရပြီး မိုးစိတ်မပျော့နိုင်ခဲ့တဲ့အပြင် ဒေါသလည်းထွက်သွားခဲ့ရသည်။

"မိုး သိပါတယ်၊တကယ်တော့ ကိုခန့်ထားအခုလို မိုးကိုပြန်လိုချင်နေရတဲ့တစ်ခုတည်းသောအကြောင်းရင်းက နှိုင်းဆီမှာ အရူံးမခံချင်လို့မလား"

"မ...မဟုတ်ဘူး မိုး "

"ညှာမနေပါနဲ့တော့၊တကယ်တော့လေ မိုးအခုမှပိုပြီးသိလာခဲ့ရတာ ကိုခန့်ထားရဲ့နှလုံးသားထဲမှာ မိုးကဘယ်တုန်းကမှမရှိခဲ့ဖူးဘူးမလား။မိုးတို့ချစ်သူတွေဖြစ်ခဲ့ကြတဲ့အတောအတွင်းတုန်းကတောင် မိုးကို ပတ်ဝန်းကျင်ရှေ့မှာ ပြုံးကောပြုံးပြခဲ့ဖူးရဲ့လား ကိုခန့်ထား။ပြောပြရရင်လေ ကိုခန့်ထားနဲ့အတူရှိနေခဲ့တဲ့အချိန်တုန်းကဆို မိုးသိပ်ပြီးသိမ်ငယ်ရတယ်၊စိတ်ထဲမှာလည်း ပျော်ရွှင်မှု့ဆိုတာ အပြည့်အဝမခံစားခဲ့ရဘူး ကိုခန့်ထားကို ချစ်ခဲ့ရတာက မိုးအတွက်ပူလောင်မူ့တစ်ခုလိုဘဲ "

အမှန်စကားတွေဝန်ခံလာသည်ကိုနားထောင်ပြီး ခန့်ထားက မျက်မှောင်ကျုံလာသည်။ဒါဟာ ကိုခန့်ထားအတွက်အထိနာစေမဲ့စကားတွေဖြစ်မှန်းသိပေမဲ့ မိုး ကိုခန့်ထားနဲ့ကိစ္စကိုဒိမှာဘဲ အပြီးဖြတ်ရမည်။မိုးဘက်က နှိုင်းနဲ့အတူစိတ်ချမ်းချမ်းသာသာနေနိုင်ဖို့ ကိုခန့်ထားအပေါ်ဝေခွဲမရဖြစ်နေသည့် စိတ်များကိုဖြတ်ပစ်ရမည်။

"နှိုင်းနဲ့ချစ်ခွင့်ရတဲ့အချိန်မှ မိုးရဲ့နှလုံးသားကြီးကပြည့်စုံလာခဲ့တာ၊နှိုင်းနဲ့အတူရှိနေရတဲ့အချိန် နှိုင်းကမိုးကိုပြုံးပျော်အောင်လုပ်ပေးတယ်..မိုးအတွက်ပထမဆိုတဲ့အရာချည်းဘဲသူကဦးစားပေးခဲ့တယ်။ပြီးတော့ နှိုင်းက မိုးအတွက်အေးချမ်းမှု့ဆိုတဲ့အရာတွေကိုဘဲ ယူဆောင်လာပေးခဲ့တာ ကိုခန့်ထား...နှိုင်းနဲ့တွေ့မှ အချစ်ဆိုတဲ့အရာကိုအပြည့်အဝခံစားရခဲ့လို့ မိုး နှိုင်းကို ကိုခန့်ထားထက်ပိုပြီး ချစ်မြတ်နိုးတယ် "

ဒီစကားကို ဖွင့်ပြနေသည့်မိုးသည် လက်သကြွယ်မှာရှိနေသည့် တစ်ခုတည်းသောလက်စွပ်ကို ဆုပ်ကိုင်ထားတာကြောင့် ခန့်ထား အခြေအနေတွေကိုသဘောပေါက်လာသလို။

"ဟုတ်တယ်...ကိုယ်ဝန်ခံရမယ်ဆို မိုးကိုနှိုင်းနဲ့တွဲ​မြင်နေရတာမုန်းတယ်၊မိုး နှိုင်းကလွဲပြီးအခြားလူတွေအပေါ် ချစ်ခွင့်ရှိပါတယ်မိုး...ကိုယ် ကြည်ကြည်ဖြူဖြူနဲ့လက်ခံပေးနိုင်ပါတယ်။ဒါပေမဲ့ နှိုင်းအက္ခနဲ့တော့ ကိုယ်သဘောမတူနိုင်ဘူး "

"မိုးက အရင်လိုကိုခန့်ထားချုပ်ချယ်ချင်သလိုချုပ်ချယ်လို့ရတဲ့သူတစ်ယောက်မဟုတ်တော့ဘူးကိုခန့်ထား၊ကိုခန့်ထား မိုးကိုစပြီး လမ်းခွဲလိုက်ပြီဆိုကတည်းက မိုးမှာ မိုးစိတ်တိုင်းကျမိုးနှလုံးသားကိုပြန်ပြီးရွေးချယ်ပိုင်ခွင့်ရှိတယ်။မိုးအခု နှိုင်းကိုရွေးချယ်တယ်၊နှိုင်းတစ်ယောက်တည်းကိုဘဲ အမြဲတမ်းရွေးချယ်သွားမှာမို့ မိုးတို့ရဲ့ရှေ့မှာလာပြီး မပိတ်ပင်ပါနဲ့တော့ ကိုခန့်ထား...ကိုခန့်ထားမှာလည်း မိုးထက်ပိုပြီးချစ်ရတဲ့သူရှိနေတာဘဲ "

ခန့်ထားငြိမ်သက်သွားသည်။မိုးမမှားခဲ့...။ဒါပေမဲ့ ခန့်ထားရဲ့စိတ်ကတော့ မိုးလောက်မပြတ်သားခဲ့သေးပါ။မိုးအပေါ် ချစ်ခဲ့တုန်းကလည်း အခုလိုဘဲနှလုံးသားနဲ့ရင်းပြီးချစ်ခဲ့တယ်ထင်ခဲ့ပေမဲ့ ဒီတစ်ယောက်အပေါ်မှာလည်း ထိုစိတ်ကဲ့သို့ပြန်ပြီးဖြစ်ပေါ်နေသည်။ခန့်ထားကြောက်တာက ထိုသူအပေါ်ချစ်တဲ့အချစ်ကိုလည်း မိုးကိုချစ်ခဲ့သလိုမျိုး မစစ်မှန်မှာကြောက်သည်။ခန့်ထားကိုယ့်စိတ်ကိုဝေခွဲမရသေးပါ။

ဒါကိုခဏလျစ်လျူရူထားခဲ့အုံး အခု ခန့်ထား မကျေနပ်နိုင်နေသေးတာက နှိုင်းပါခန့်ထားနည်းတူ ပျော်ရွှင်သည့်ဘဝမျိုးပိုင်ဆိုင်လာမှာကိုပင်။ငယ်စဥ်ကတည်းက နှိုင်းအက္ခပျော်တာကိုသာ အမြဲတမ်းအားကျပြီးငှေးကြည့်ခဲ့ရသော ခန့်ထား အခုမှာလည်း နှိုင်းပျော်ရွှင်တာကို ငှေးကြည့်ပေးဖို့ အစီအစဥ်မရှိပါ။နှိုင်းကသာလျှင် ခန့်ထားကိုငှေးကြည့်ရမည့်သူဖြစ်လာစေရမည်။

"မိုး...မိုး ရွေးချယ်တဲ့လမ်းမှားသွားခဲ့ပြီ၊ကိုယ်သတိပေးခဲ့တယ်နော်မိုး...မိုးက လမ်းအမှားကို လျှောက်လမ်းနေတာဘဲ "

"မိုးရွေးချယ်ခဲ့တဲ့လမ်းက မမှားမှန်းမိုးကိုယ့်ကိုယ်ကို ယုံကြည်ပါတယ် ကိုခန့်ထား "

"ကောင်းပြီ...မိုးဘက်က ဒီလောက်ထိပြတ်သားနေမှတော့ ကိုယ်ဆက်ပြီးမဆွဲထားတော့ပါဘူး။မိုးနဲ့နှိုင်းအက္ခတို့ ပျော်ရွှင်တဲ့ဘဝပိုင်ဆိုင်နိုင်ကြပါစေ "

"ကျေးဇူးတင်ပါတယ် "

ကျေးဇူးမတင်နဲ့မိုး...ကိုယ့်ကိုလည်းမပြုံးပြနဲ့။မိုးဒုက္ခရောက်မဲ့လမ်းကိုမိုးကိုယ်တိုင်ရွေးချယ်ခဲ့တာဘဲ။တောင်းပန်ပါတယ်မိုး...ကိုယ်...မိုးနဲ့နှိုင်းအက္ခကို ပျော်စရာကောင်းတဲ့ဘဝမပေးနိုင်ဘူး။

အပေါ်ယံကသာ ခန့်ထား အဘိဓာန်မိုးကိုပြုံးပြနေခဲ့ပေမဲ့ သန့်စင်ခန်းထဲသို့ခဏရှောင်ထွက်လာခဲ့သည့် ခန့်ထားသည် အိမ်မှာတုန်းက နှိုင်းရဲ့USB ကနေခိုးကူးလာခဲ့သည့် မိုး၏ပုံအချို့များကို ပြန်ပြီးထုတ်ကြည့်နေခဲ့၏။

"အခုလိုလုပ်ရတာက နှိုင်းအက္ခကြောင့်ပါမိုး။ကိုယ့်ကို အပြစ်မတင်ပါနဲ့၊ဒါ မိုး နှိုင်းအက္ခကိုချစ်ခဲ့တဲ့အတွက် ဒဏ်ခတ်ခံရတာဘဲ "

အကောင်တုနှင့် ဆိုရှယ်မီဒီယာပေါ်သို့ မိုး၏အရှက်မဲ့ပုံများကို နှစ်ခေါက်တောင်မစဥ်းစားခဲ့ဘဲ ခန့်ထားအသည်းအေးစွာ တင်ပစ်ခဲ့လိုက်သည်။ဒေါသတစ်ခုက လူကိုဆင်ခြင်တုံ့တရားကင်းမဲ့စေသည်အထိ အမှောင်ထုလွှမ်းစေပါသည်။ခန့်ထားသည်လည်း သူ၏နှိုင်းအပေါ်မေတ္တာမထားနိုင်သည့် ဒေါသတစ်ခုကြောင့်နှင့် ဘဝတစ်ခုပျက်စီးရတော့မှာကို မဆင်ခြင်နိုင်တော့ပါပေ။

မိုးကိုအိမ်သို့ပြန်လိုက်ပို့ပေးလျှင် ခန့်ထား၏အတွင်းစိတ်ကိုမသိသည့်မိုးက ခန့်ထားအပေါ် ကောင်းကောင်းဆက်ဆံပေးသည်။အခုတော့ မိုးက ခန့်ထားကို အစ်ကိုကြီးတစ်ယောက်လို ဆက်ဆံလာခဲ့လေပြီ။

မိုး ခန့်ထားအပေါ်ကောင်းပြပေးနေတာကိုမြင်လျှင် ခန့်ထားစိတ်မလုံမလဲ့သလိုခံစားရလွန်းတာကြောင့် မိုးအပေါ်လျစ်လျူရူထားခဲ့ပြီး အိမ်ပြန်ပို့ပေးပြီးသည်ဆိုသည်နှင့်ဘဲ ခန့်ထားအိမ်ရှိရာဘက်သို့အမြန်ဘဲ ပြန်လှည့်ထွက်လာခဲ့၏။

အိမ်ထဲကားမောင်းဝင်တော့ မရင်းနှီးသည့် စကူတာဆိုင်ကယ်တစ်စီးရပ်နေတာကြောင့် ဘယ်ကဧည့်သည်ရောက်နေတာလဲလို့ နည်းနည်းတော့စဥ်းစားမိလိုက်သည်။

"​ွေးမသား!!"

အိမ်ထဲသို့ဝင်လျှင်ဝင်ခြင်း အဖေရဲ့ဒေါသသံကျယ်ကျယ်လောင်လောင်နှင့်အတူ ကြမ်း​ပြင်ပေါ်မှာ ပစ်လဲနေသည့် နှိုင်းအက္ခအားမြင်လိုက်ရ၏။

"မိဘမျက်နှာအိုးမဲသုတ်တဲ့ကောင် "

"ကျွန်တော်ကိုယ့်ကိုယ် ကျွန်တော်ချစ်ချင်တဲ့သူကိုချစ်တာဘဲလေ အဖေ "

"မင်းမှာ ချစ်ရမဲ့သူအဲ့လောက်တောင်ရှားသလား နှိုင်းအက္ခ!မိန်းမတွေအများကြီးရှိနေပါရဲ့နဲ့ ဘာလို့မှ ယောကျာ်းလေးတစ်ယောက်ကိုသွားကြိုက်ရတာလဲ ဟမ်! "

အခြေအနေတွေကိုနားမလည်ပေမဲ့ ကြမ်းပေါ်မှာပျံ့ကြဲနေသည့်ပုံကို ကြည့်မိတော့မှ ခန့်ထားလည်း နားလည်လာတော့သည်။ဘယ်သူရိုက်ပြီး ပို့ထားတာလဲမသိပေမဲ့ နှိုင်းနဲ့မိုးတို့ရဲ့ချစ်သူပုံရိပ်တွေက ဖေဖေ့ကို ဒေါသထွက်စေခဲ့တာထင်။

"မင်းကိုအခွင့်အရေးတစ်ခုပေးမယ် နှိုင်းအက္ခယှဥ်၊အဲ့ကောင်ကိုအခုချက်ချင်းဖြတ်မလား ဒါမှမဟုတ် မင်းအမွေတွေအကုန်လုံးစွန့်လွှတ်ပြီး ဒီမိသားစုထဲကထွက်သွားမလား "

"စည်းစိမ်မရှိဘဲနဲ့နေနိုင်တယ်အဖေ ဒါပေမဲ့ အဘိဓာန်မိုးမရှိဘဲနဲ့တော့ ကျွန်တော့်ဘဝအသက်ဆက်ရှင်နိုင်မှာမဟုတ်ဘူး "

"မင်း...မင်းအဖေ ဒီလောက်ထိပြောနေတာတောင် မျက်နှာပြောင်တိုက်တာလား "

"အဖေသိအောင်ပြောပြတာပါ...ကျွန်တော် ဒီအိမ်ကနေထွက်သွားပေးမယ်၊အမေချန်ခဲ့တဲ့ကျွန်တော့်အမွေတွေကိုလည်း စိတ်မဝင်စားတော့ဘူး ပြီးတော့ အဖေ့လုပ်ငန်းထဲကနေလည်း ကျွန်တော်ထွက်တယ် "

"အေ ကောင်းတယ်ထွက်...ထွက်သွား "

နှိုင်းအက္ခက ကြမ်းပေါ်မှထပြီး အမေ့ကိုကြည့်သည်။သူ့အကြည့်ကစူးရဲနေ၏။

"ခင်ဗျားပျော်ပြီလား "

ဘာကြောင့်အမေ့ကို အဲ့လိုစကားမျိုးပြောတာလဲ ခန့်ထားနားမလည်။အမေက ဒီလိုလုပ်မဲ့သူမျိုးမှမဟုတ်တာ။ခန့်ထား အမေ့ရှေ့မှာကာကွယ်ပေးသင့်သည်။

"အက္ခ ဒီကိစ္စကဘယ်သူလုပ်တာလဲမသိဘဲနဲ့ မင်းထင်တဲ့သူကိုလျှောက်မစွပ်စွဲနဲ့ "

ဒေါ်ဝင့်နေချီရှေ့မှာရှိနေသည့် ခန့်ထားကို နှိုင်းကပြုံးကြည့်၏။ကောင်းသောပြုံးခြင်းမဟုတ်။

"ခင်ဗျားအလှည့်ကြရင်လည်း အခုလိုအသည်းနှလုံးအေးအေးနဲ့ဘဲ ကျွန်တော့်အပေါ်ပြုမူသလိုပြုမူနိုင်ပါစေ ဒေါ်ဝင့်နေချီ "

ဘာကိုဆိုလိုတာလဲ ဒေါ်ဝင့်နေချီကနားမလည်ပေမဲ့ ခန့်ထားကတော့ ချက်ချင်းသဘောပေါက်ခဲ့ပါသည်။လှေကားမှာ စောင့်ကြည့်နေသည့် ရှားဘက်သို့ချက်ချင်းဘဲ အကြည့်ရောက်သွား၏။

"မင်း...မဟုတ်မှ "

"စိတ်ချပါ ခန့်ထားစစ်ချီ ကျွန်တော်ကခင်ဗျားတို့လို ယုတ်မာတဲ့စိတ်ဓာတ်မရှိဘူး "

"........ "

"နှုတ်ဆက်ပါတယ်...ကျွန်တော်ချန်ခဲ့တဲ့ စည်းစိမ်တွေပေါ်မှာ စိတ်ချလက်ချနဲ့ ပျော်ပါးနိုင်ကြပါစေ "

ခန့်ထားက အကြည့်စူးစူးနဲ့နှုတ်ဆက်ပေးလိုက်ပေမဲ့ ဒေါ်ဝင့်နေချီက ခေါင်းမဖော်တမ်းရှိနေ၏။

"ကျစ်*ကျက်သရေမရှိလိုက်တာ၊ငါ့မိသားစုထဲမှာမှ အခုလိုလိင်တူချစ်သူလာရှိနေရတယ်လို့ "

"စိတ်လျော့ပါအဖေ...အရာအားလုံးပြီးသွားပါပြီ "

ဒေါသကြောင့်ယိုင်ချင်နေသည့် ဖခင်ဖြစ်သူကိုထိုင်စေပြီး မိခင်ဖြစ်သူကိုလည်း ထိုင်စေခဲ့သည်။မိခင်ဖြစ်သူက သားဖြစ်သူ၏လက်ကိုဆုပ်ကိုင်ထားလျက် ဂုဏ်ယူသလိုကြည့်နေ၏။

"တော်သေးတာပေါ့၊ဖေ့ရဲ့သားကြီးက ဟိုကျက်သရေတုန်းကောင်နဲ့မတူလို့။ဖေ့မှာ အားကိုးရာရှိနေသေးမှန်းသိရတော့ အဖေလည်း စိတ်အေးရတယ် "

အဖေက ခန့်ထားအပေါ်မှာ မျှော်လင့်ချက်အကြီးကြီးထားလိုက်ပုံပေါ်သည်။

ခန့်ထား ရှားကိုကြည့်မိပါ၏။ရှားကလည်း ခန့်ထားကိုကြည့်နေခဲ့သည်။အခုချိန်မှာ ခန့်ထားနဲ့ရှားတို့နှစ်ယောက်ကြားက အကြည့်ချင်းစကားပြောမှု့ကို မည်သူမှနားလည်နိုင်မည်မဟုတ်။

"ရှားကြောက်တယ် ကိုခန့်ထား၊အဖေသာ ရှားက ယောကျာ်းလေးတစ်ယောက်မှန်းသိသွားရင် "

ဖခင်ဖြစ်သူတို့ကို စိတ်အေးအောင်ထားစေပြီး ရှားဘက်သို့ ခန့်ထားလာခဲ့သည်။

အခုတော့ ရှားအခန်းထဲမှာ ရှားကခန့်ထားရဲ့ရင်ခွင်ကိုမှီပြီး ဝမ်းနည်းမျက်ရည်နှင့်ပြောလာ၏။UK မှာ ခန့်ထားနှင့်ရှားကြားဖြစ်ပျက်ခဲ့သည်က မပြောပြနိုင်တော့အောင်များပြားလွန်းပါသည်။ရှားက သူ့ကိုယ်သူမိန်းကလေးတစ်ယောက်မဟုတ်မှန်း လက်ခံလာခဲ့သည်။

အခုလည်း အဲ့အကြောင်းနဲ့ဘဲ မိန်းကလေးတစ်ယောက်လိုဆက်ပြီး ဟန်ဆောင်ထားရသည့်အပေါ် စိတ်မလုံဖြစ်နေသည့် ရှားက ဒီနေ့အက္ခအပေါ်ဆက်ဆံသည့်အဖေ့ရဲ့အဖြစ်အပျက်ကိုမြင်ပြီး ကြောက်လန့်သွားသည့်ပုံပင်။

"မကြောက်နဲ့နော်ရှား...အကို ရှားရှေ့မှာအမြဲရှိနေပါမယ် "

ရှားကိုဒီစကားတစ်ခွန်းနှင့်သာနှစ်သိမ့်နိုင်ခဲ့သည်။ခန့်ထားမှာ နှိုင်းလိုမျိုးမျက်နှာချင်းဆိုင်ဖွင့်ပြောပြီးစွန့်ပစ်ရဲလောက်သည်အထိ သတ္တိမရှိသေး။

"ဒါနဲ့...အကို "

"ပြောလေ ရှားလေး "

"နှိုင်းအက္ခလေးက သနားစရာပါ "

"ရုတ်တရက်ကြီး ဘာလို့လဲ၊ဒါသူခံသင့်တဲ့အရာဘဲလေ "

နှိုင်းအက္ခအပေါ် သနားတာတွေညှာတာ တာတွေခန့်ထားမလိုချင်တာကြောင့် လေသံမာမာနှင့်ပြန်တုံ့ပြန်ခဲ့မိပါ၏။

"ဒီနေ့ ရှားကမိန်းကလေးတစ်ယောက်မဟုတ်တာကို နှိုင်းအက္ခသိသွားတယ် အကို "

ရှား၏ပြောကြားချက်ကြောင့် ခန့်ထားလန့်သွားရသည်၊ခဏကတော့ ရိပ်မိယောင်ရှိပေမဲ့မဖြစ်နိုင်ဘူးဟုကိုယ့်စိတ်ကိုယ်ပြန်ညှာထားခြင်းဖြစ်၏။ဒါ​ပေမဲ့ အခုရှားဘက်ကပြောပြလာတော့ ဒါဟာခန့်ထားရဲ့ထင်မြင်လွှဲမှားမှု့တစ်ခုမဟုတ်နေမှန်း သက်သေပြလိုက်သလို။ဒီကိစ္စဟာ နှိုင်းအက္ခ ခန့်ထားအပေါ်အကြပ်ကိုင်လို့ရတဲ့ ကိစ္စတစ်ခုဖြစ်လာနိုင်သည်။ဒါဆိုခဏက ခန့်ထားကိုကြည့်ပြီးပြောခဲ့တာ အလကားမဟုတ်ခဲ့ဘူးပေါ့။

"နှိုင်းအက္ခက ဒီကိစ္စကိုသေချာပေါက်မပေါက်ကြားစေရဘူးဆိုပြီးတော့လည်း ကတိပေးခဲ့တယ်အကို "

မျက်နှာပျက်သွားသည့်ခန့်ထားကိုကြည့်ပြီး ရှားကပြန်ကာပြောပေးခဲ့ပါသည်။

"အဲ့ကောင်စကားကမယုံရဘူး ရှား "

"ရှားတော့ယုံတယ်၊နှိုင်းအက္ခက အကိုပြောသလောက်လည်းဆိုးမဲ့ပုံမပေါ်ပါဘူး "

"ရှား! "

နှိုင်းအက္ခဘက်ကာပြောပေးနေတော့စိတ်ကသိပ်မရှည်ချင်တော့။လေသံကိုမြင့်ပြီးတုံ့ပြန်မိလျှင် ရှားက ပုခုံးတွန့်မိသည်အထိလန့်သွားသည်။

"တောင်းပန်ပါတယ်ရှား...ရှားလည်းသိရဲ့သားနဲ့ အက္ခနဲ့ပတ်သတ်လာရင် ကိုယ့်စိတ်က သည်းမခံနိုင်ဘူးဆိုတာ "

ရှားက ဘာမှပြန်မပြောခဲ့ဘဲရှိပေမဲ့ ရှားရဲ့မျက်နှာထက်မှာတော့ ခန့်ထားကို နှိုင်းအက္ခနဲ့ပတ်သတ်ပြီး တစ်ဖက်သက်ကြီးမဆက်ဆံစေချင်ကြောင်း ပြောနေပုံပေါ်သည်။

ဘာလို့ ခန့်ထားချစ်ရသူတွေအကုန်လုံးက နှိုင်းအက္ခဘက်ဘဲပါချင်နေကြလဲမသိ။ဒါပေမဲ့မကြာတော့ပါဘူး နှိုင်းအက္ခတစ်ယောက် သူချစ်တဲ့အရာအားလုံးကို စွန့်လွှတ်ရတော့မှာ။

Zawgyi

"သားငယ္ေလးရဲ႕အရည္အခ်င္းကမဆိုးဘူးသိလား"

ႏွိုင္းအကၡေၾကာင့္ ေျမကြက္ေစ်းေတြတက္လာသည့္အေပၚ ဦးသုတခ်ီးက်ဴးေနခဲ့သည္မွာ ယခုထိပင္။

ခင္ပြန္းျဖစ္သူ၏ႏွိုင္းအကၡအေပၚခ်ီးက်ဴးမူ႕ကိုနားေထာင္ၿပီး ေဒၚဝင့္ေနခ်ီမွာ ၿပဳံးရခက္ျဖစ္ေနရ၏။

"သားႀကီးေကာသားငယ္ေလးကပါ အားကိုးရတဲ့သူေတြျဖစ္လာေတာ့..ကိုယ္တို႔ဘယ္ေလာက္ကံေကာင္းလိုက္သလဲမိန္းမ "

"ဟု...ဟုတ္တယ္ေနာ္ "

ထိုကံေကာင္းမူ႕က ေဒၚဝင့္ေနခ်ီအတြက္ေတာ့ဆန့္က်င္ဘက္ျဖစ္ေလ၏။

ခင္ပြန္းျဖစ္သူႏွင့္အတူရွိေနခိုက္ မက္ေဆ့ခ်္တစ္ေစာင္ဝင္လာတာေၾကာင့္ ေဒၚဝင့္ေနခ်ီသည္ မက္ေဆ့ခ်္ဖက္ၿပီး ပီပီရီရီႏွင့္ပင္ ဦးသုတအနားမွေရွာင္ထြက္လာဖို႔ျပင္သည္။

"အကို ညီမဆိုင္ဘက္ခဏသြားရအုံးမွာမို႔..."

"ရတယ္ေလ မိန္းမ၊သြားစရာရွိတာ သြားဟုတ္ၿပီလား"

ဦးသုတမရိပ္မိေလေအာင္ သ႐ုပ္ေဆာင္ၿပီးေရွာင္ထြက္လာနိုင္ခဲ့သည့္ေဒၚဝင့္ေနခ်ီသည္ အျပင္သို႔ေရာက္လွ်င္ ခ်ိန္းဆိုထားသည့္ ေကာ္ဖီဆိုင္တစ္ခုသို႔ အလ်င္အျမန္ဘဲဦးတည္လာခဲ့၏။

"မဂၤလာပါ ေဒၚဝင့္ေနခ်ီ "

"ကြၽန္မစုံစမ္းခိုင္းထားတဲ့ကိစၥကိုဘဲ ျမန္ျမန္ေျပာျပေပးလို႔ရလား "

တစ္ဖက္ကေဖာ္ေဖာ္ေ႐ြေ႐ြနဲ႕ႏႈတ္ဆက္လာေပမဲ့ လူမသိေအာင္ခိုးထြက္လာရသည့္ေဒၚဝင့္ေနခ်ီဘက္ကေတာ့ စကားသာအျမန္ျဖတ္ပစ္ခ်င္ေနခဲ့သည္။

"ဒါက ႏွိုင္းအကၡယွဥ္ဆိုသူရဲ႕ခ်စ္သူပုံပါ "

"အမယ္ေလး!"

တစ္ဖက္ကကမ္းေပးလာသည့္ဓာတ္ပုံကို ခ်က္ခ်င္းထုတ္ၾကည့္ခဲ့ေပမဲ့လည္း ျမင္လိုက္ရသည့္ပုံေတြေၾကာင့္ ခ်က္ခ်င္းဘဲျပန္ပစ္ခ်ခဲ့မိသည္အထိ လန့္သြားရ၏။

လူျမင္ကြင္းေရွ႕မွာ အ႐ြယ္ေရာက္ေယာက်ာ္းေလးႏွစ္ေယာက္ ႏႈတ္ခမ္းခ်င္းထိကပ္ေနသည့္ဓာတ္ပုံကိုထုတ္ၾကည့္ရတာက ေဒၚဝင့္ေနခ်ီအတြက္ ေတာ္ေတာ္ေအာက္တန္းက်တဲ့လုပ္ရပ္တစ္ခုဟုထင္သည္။

"ဒါ..ဒါေတြက ဘာေတြလဲ "

"ႏွိုင္းအကၡယွဥ္နဲ႕သူ႕ခ်စ္သူရဲ႕ပုံေတြေလ ေဒၚဝင့္ေနခ်ီ"

"ဟင္...ဒါ ဒါဆို..."

"ဟုတ္တယ္ ႏွိုင္းအကၡက ေယာက်ာ္းေလးတစ္ေယာက္နဲ႕ခ်စ္သူျဖစ္ေနတာ "

မယုံနိုင္လြန္းတာေၾကာင့္ ပစ္ခ်ခဲ့သည့္ဓာတ္ပုံမ်ားကိုျပန္ယူၾကည့္ေတာ့ တကယ္ႀကီး ႏွိုင္းအကၡ၏ပုံမ်ားျဖစ္ေနေလ၏။ထို႔အျပင္ ေဒၚဝင့္ေနခ်ီသည္ ႏွိုင္းအကၡ၏ခ်စ္သူကို တစ္ေနရာမွာ ရင္းရင္းႏွီးႏွီးျမင္ဖူးေနသလိုရွိေနသည္။

"ႏွိုင္းရဲ႕ေကာင္ေလးက ဘယ္သူလဲ၊ဘယ္ကလဲ "

"အဘိဓာန္မိုးလို႔ေတာ့ေခၚတယ္ ေက်ာင္းဆရာ၊ရန္ကုန္ဇာတိကဘဲ "

"အဘိဓာန္မိုး..."

ဒီနာမည္ကိုလည္း ေဒၚဝင့္ေနခ်ီတစ္ေယာက္ ရင္းရင္းႏွီးႏွီးၾကားဖူးေနပါသည္။

ႏွိုင္းထက္ ႏွိုင္းရဲ႕ခ်စ္သူပုံအေပၚမွာကိုသာ ေဒၚဝင့္ေနခ်ီ အာ႐ုံစိုက္ထားေနမိသည္။ဓာတ္ပုံတစ္ခုၿပီးတစ္ခု ေသခ်ာၾကည့္ေနရင္းနဲ႕မွ ေဒၚဝင့္ေနခ်ီတစ္ေယာက္ ဒီေကာင္ေလးဘယ္သူဆိုတာကို ခန့္မွန္းလာနိုင္၏။

"အ...အဘိဓာန္မိုး!မိုးလား...စစ္ခ်ီရဲဲ့..."

ေဒၚဝင့္ေနခ်ီကိုယ္တိုင္ျဖတ္ခဲ့တဲ့ သားျဖစ္သူရဲ႕အဆက္ေဟာင္းမို႔ ေသခ်ာေအာင္ေျပာနိုင္သည္။

အစပိုင္းထိတ္လန့္သြားခဲ့ရေပမဲ့လည္း ေသခ်ာေလးစဥ္းစားၾကည့္လွ်င္ ဒါက ေဒၚဝင့္ေနခ်ီတို႔အတြက္ ေကာင္းကြက္တစ္ခုျဖစ္သည္ဟုထင္မိသည္။ဂုဏ္သိကၡာနဲ႕ပတ္သတ္ၿပီး ဘုရားတစ္ဆူလိုကိုးကြယ္တတ္တဲ့ ဦးသုတသာ သူ႕သားျဖစ္သူရဲ႕ဘဝမွန္ကိုသိခဲ့ရင္ က်ိန္းေသခြင့္လႊတ္ေပးမည္မဟုတ္။

တစ္ေလွ်ာက္လုံး ႏွိုင္းအကၡယွဥ္ကိုဘယ္လိုနည္းနဲ႕အနိုင္ယူရမလဲမသိခဲ့လို႔ စိတ္အားငယ္ၿပီးေၾကာက္ခဲ့ရတဲ့ေန႕ေတြကို ျဖတ္သန္းနိုင္ေတာ့မည္ကိုစဥ္းစားမိလွ်င္ ေဒၚဝင့္ေနခ်ီတစ္ေယာက္ မေပ်ာ္႐ႊင္ဘဲမေနနိုင္ေအာင္ျဖစ္ရပါသည္။

"ႏွိုင္းအကၡ မၾကာေတာ့ပါဘူး၊ညည္း ငါတို႔မိသားစုအနားကေန ကိုယ့္သေဘာနဲ႕ကိုယ္ထြက္သြားေစရမယ္"

ယခုအခါမွ အိမ္သို႔စိတ္လႊတ္လႊတ္လပ္လပ္ႏွင့္ျပန္လာခြင့္ရသည့္ ေဒၚဝင့္ေနခ်ီသည္ အိမ္ထဲသို႔ဝင္လွ်င္ဝင္ခ်င္း သားျဖစ္သူႏွင့္ေခြၽးမေလးျပန္ေရာက္ေနတာကို ျမင္ေတာ့ ပိုလို႔ပီတီျဖာရပါသည္။

"သားေလးစစ္ခ်ီ...သမီးေလးဆူးရွား "

သားျဖစ္သူနဲ႕ေခြၽးမေလးက လာေျပးဖက္ေတာ့ ေဒၚဝင့္ေနခ်ီမွာ အေမာေျပရပါ၏။

"ျပန္ေရာက္ေနေၾကာင္း အေမ့ကိုေတာင္ဖုန္းဆက္သတိမေပးဘူးၾကည့္စမ္း "

"အေမအိမ္မွာရွိမယ္ထင္လို႔ suprise အေနနဲ႕အသိမေပးဘဲ ျပန္လာတာပါ "

"အံမယ္...ဘယ္လိုလဲဟိုမွာေပ်ာ္ခဲ့ၾကလား "

"ဟုတ္ကဲ့..."

"ခရီးပန္းေနၾကေတာ့မွာဘဲ သြားနားလိုက္ၾကေလေနာ္"

"ဟုတ္ အေမ "

အခုမွျပန္လာၾကလို႔ ခရီးပန္းေနမည္ထင္တာေၾကာင့္ အနားယူခိုင္းခဲ့ေပမဲ့ ေဒၚဝင့္ေနခ်ီလည္း သားျဖစ္သူ၏အခန္းေနာက္သို႔လိုက္သြားမိပါသည္။

"သား အေမအခန္းထဲခဏဝင္မယ္ေနာ္ရလား "

"ဟုတ္ ရပါတယ္အေမ၊ဝင္ေလ "

အခန္းထဲသို႔ေရာက္လွ်င္ သားျဖစ္သူကိုလည္း ကုတင္ေဘးမွာအတူထိုင္ေစၿပီး_

"သားေလးနဲ႕ရွားအေျခအေနဘယ္လိုရွိလဲ "

".....ဒီလိုပါဘဲ၊ဘာလို႔ေမးတာလဲ အေမ "

"အမွန္တိုင္းေျပာျပရရင္ သားေလးတို႔ကို ျမန္ျမန္လက္ထပ္ေပးခ်င္ေနၿပီ "

"........... "

"သားတို႔ႏွစ္ေယာက္ေစ့စပ္ထားတာလည္းၾကာေနၿပီဘဲ၊လက္ထပ္ၾကဖို႔တိုင္ပင္ၾကပါေတာ့လား အေမေျမးခ်ီခ်င္ေနၿပီသားေလးရဲ႕ "

"အေမ...တကယ္ေတာ့ ရွားက...."

"ရွားေလးက ဘာျဖစ္လို႔လဲ "

"ဘာမွမျဖစ္ပါဘူးအေမ... ရွားဘက္က ဒီေလာက္ထိအျမန္မသြားခ်င္ေလာက္ဘူးထင္တယ္လို႔ ေျပာမလို႔ပါ "

သားျဖစ္သူက ဒီအေၾကာင္းေျပာဖို႔ မ်က္ႏွာညွိုးၿပီးေတြေဝသြားမွာမဟုတ္မွန္း ဒီထပ္အေရးႀကီးေျပာစရာရွိမွန္း ေဒၚဝင့္ေနခ်ီ ရိပ္မိသလိုလို။ဒါမွမဟုတ္ ခရီးပန္းေနတာေၾကာင့္ အခုလိုမ်က္ႏွာထားမ်ိဳးျဖစ္ေနသလားေတာ့ မေျပာတတ္။သားျဖစ္သူကို အနားေပးသင့္ၿပီ ထင္မိတာေၾကာင့္ ေဒၚဝင့္ေနခ်ီ လည္းအနားမွထြက္သြားဖို႔ျပင္ပါေတာ့၏။

"နားလိုက္အုံးေလေနာ္ သားေလး "

"ဟုတ္ကဲ့ပါ အေမ "

အေမျဖစ္သူအခန္းထဲကထြက္လွ်င္ ခန့္ထားတစ္ေယာက္ သက္ျပင္းအရွည္ႀကီးခ်ခဲ့သည္။

ရွားအေၾကာင္းကိုျပန္ေတြးမိလွ်င္ ခန့္ထားနက္ကတိုင္ကိုဆြဲခြၽတ္မိသည္အထိ ခႏၶာကိုယ္ကပူေလာင္လာပါ၏။UKမွာ ရွားႏွင့္ခန့္ထားတို႔ၾကားျဖစ္ခဲ့သည့္ ဆက္ဆံေရးအေၾကာင္းကိုျပန္ေတြးမိလွ်င္ ခန့္ထားၿပဳံးလည္းၿပဳံးရသလို ရင္ဘတ္ကပူေလာင္ၿပီးေမာဟိုက္လာသည္အထိျဖစ္ရသည္။

ပုံမွန္မဟုတ္ေနတဲ့ ခႏၶာကိုယ္အပူရွိန္ကိုထိန္းရန္ ခန့္ထားေရခ်ိဳးဖို႔ျပင္သည္။တံခါးဖြင့္လွ်င္ဖြင့္ျခင္း မ်က္ႏွာခ်င္းဆိုင္မွာရွိေနသည့္ ရွားအခန္းကိုျမင္ရေတာ့ တံခါးသြားေခါက္ဖို႔လုပ္ေပမဲ့ တစ္ခုခုကိုစဥ္းစားမိၿပီးမွ တံခါးမေခါက္ေတာ့ဘဲ ျပန္လွည့္ထြက္ဖို႔ျပင္ခဲ့သည္။

တစ္ဖက္က ႏွိုင္း၏အခန္းက အနည္းငယ္ဟေနတာကို ခန့္ထားသတိထားမိလိုက္ပါ၏။

အိမ္အကူေတြကဘဲ သန့္ရွင္းေရးဝင္လုပ္ၿပီး တံခါးျပန္ပိတ္ေပးခဲ့ဖို႔ေမ့ခဲ့ေလသလားဆိုသည့္အေတြးႏွင့္ တံလားပိတ္ေပးဖို႔ ႏွိုင္းအခန္းသို႔လာသည္။အနီးကပ္သို႔ေရာက္လွ်င္ ဟေနသည့္တံခါးေပါက္ကေန ႏွိုင္းရဲ႕အခန္းအတြင္းပိုင္းကိုျမင္ရသည္။ႏွိုင္းရဲ႕အခန္းက က်န္သည့္အခန္းမ်ားႏွင့္မတူဘဲထူးရွား၏။အနက္ေရာင္ႀကိဳက္သူက သူ႕အခန္းတစ္ခုလုံးကို အနက္ေရာင္ေဆးသုတ္ထားသည္။ျပတင္းေပါက္လည္းဖြင့္ျခင္းမရွိတာေၾကာင့္ ေမွာင္မွိုင္းမွိုင္းႏွင့္ ခန့္ထားေတာ့ဒီအခန္းအျပင္အဆင္ကိုမႀကိဳက္ခဲ့။

တံခါးျမန္ျမန္ပိတ္ေပးဖို႔လုပ္ေနရာမွ မ်က္ႏွာခ်င္းဆိုင္ရွိ စားပြဲေပၚမွာရွိေနသည့္ Laptop ႏွင့္ကင္မရာကိုျမင္လွ်င္ တံခါးပိတ္ၿပီးလ်စ္လ်ဴ႐ူထားဖို႔ စိတ္ကူးက ေပ်ာက္ပ်ယ္သြားခဲ့သည္။

ကင္မရာကိုကိုယ္ႏွင့္မကြာ အၿမဲတမ္းေဆာင္ထားတတ္သည့္ ႏွိုင္းအကၡက အခုေတာ့ကင္မရာကို ပိုင္ရွင္ရဲ႕အနီးမွာေတာင္မထားေတာ့ဘဲ စိတ္ခ်လက္ခ်ႏွင့္အခန္းထဲမွာ ခ်န္ထားေလသည္။အရင္က ဘာဓာတ္ပုံေတြမ်ားရိုက္လို႔ ဒီကင္မရာကိုကိုယ္ႏွင့္မကြာ ေဆာင္ထားေနရတာလဲ သိခ်င္သည့္စိတ္ႏွင့္ ခန့္ထား အခန္းထဲသို႔ဝင္ေရာက္စူးစမ္းမိပါ၏။

ကင္မရာကိုဟိုစမ္းဒီစမ္းၾကည့္ေတာ့ ဘာပုံမွမေတြ႕ခဲ့ရတာေၾကာင့္ စိတ္ပ်က္ပ်က္နဲ႕ျပန္ခ်႐ုံရွိေသး Laptop မွာUSB တန္းလန္းႀကီးခ်ိတ္ထားခဲ့တာကိုျမင္လွ်င္ ခန့္ထားအလွ်င္အျမန္ဘဲ ထိုUSB ကိုျဖဳတ္ခဲ့ၿပီး ကိုယ့္အခန္းထဲသို႔ေျပးယူလာမိသည္။

ႏွိုင္းအကၡျပန္မလာခင္ ဒီထဲမွာဘာေတြရွိတယ္ဆိုတာ ခန့္ထားအလ်င္အျမန္ၾကည့္ထားသင့္သည္။

ေထာင္ေပါင္းမ်ားစြာေသာ ဓာတ္ပုံေတြကလြဲက်န္တာဘာမွေထြေထြထူးထူးမရွိ။

Pin ေထာက္ထားသည့္ဓာတ္ပုံေတြထဲမွာ ႐ူခင္းပုံေတြရယ္ မိန္းကေလးအဝတ္အစားမဲ့ေနတဲ့မ်က္ႏွာမပါပုံေတြရယ္သာရွိသည္။အခ်ိန္အားျဖင့္လြန္ခဲ့တဲ့ႏွစ္ေလာက္ကရိုက္ထားတဲ့ပုံေတြဆိုေတာ့ ႏွိုင္းရဲ႕ဝါသနာဆိုးတစ္ခုျဖစ္ခဲ့ပုံေပၚသည္။ဆက္ၿပီးၾကည့္ၾကည့္ေတာ့ အဘိဓာန္မိုး လို႔နာမည္ေပးထားသည့္File တစ္ခုကိုျမင္ရလွ်င္ ခန့္ထား၏မ်က္လုံးမ်ားျပဴးက်ယ္လာသည္။

File ထဲသို႔ဝင္ၾကည့္လွ်င္ အဘိဓာန္မိုး၏ပုံေတြခ်ည္းႏွင့္ျပည့္ေန၏။အဘိဓာန္မိုးႏွင့္အတူရွိခဲ့သည့္ ေနစဥ္မွတ္တမ္းမ်ားကို ဓာတ္ပုံရိုက္ၿပီးမွတ္တမ္းတင္ခဲ့ပုံပင္။ဓာတ္ပုံတစ္ခုၿပီးတစ္ခုေထာက္ၾကည့္ေနရာမွ တစ္ေနရာတြင္ ခန့္ထား Laptop ကိုခ်က္ခ်င္းဘဲ ပိတ္ခ်ခဲ့မိသည္။

"မဟုတ္ဘူး...မဟုတ္ဘူးမလား၊ငါအျမင္မွားတာ...ငါအျမင္မွားတာေနမွာပါ "

ကိုယ့္မ်က္လုံးကိုယ္မယုံနိုင္ေပမဲ့လည္း ခန့္ထားျပန္မၾကည့္ရဲျဖစ္ေနသည္။

မိုးႏွင့္အတူရွိခဲ့တဲ့ ရွစ္ႏွစ္တာလုံး ခန့္ထားမိုးရဲ႕ႏႈတ္ခမ္းကိုေတာင္ သိပ္မနမ္းခဲ့ဖူး။မိုးႏွင့္အတူအိပ္ဖို႔ဆိုေဝလာေဝးပင္။ခန့္ထား လက္ထဲမွာ လွလွပပရိုးရိုးယဥ္ယဥ္ေလးနဲ႕ႀကီးျပင္းလာသည့္ မိုး၏တစ္ဖက္ျခမ္းပုံစံကို ခန့္ထားမၾကည့္ရဲျဖစ္ေနသည္။

USB ကိုခ်က္ခ်င္းျဖဳတ္ခဲ့ၿပီး ဘာမွမျမင္ခဲ့မၾကည့္ခဲ့ရသလို ခန့္ထား ႏွိုင္း၏အခန္းထဲ့သို႔ သူ႕ပုံစံအတိုင္းျပန္ထားေပးခဲ့၏။

စိတ္ထဲမွာေတာ့ အဘိဓာန္မိုးနဲ႕သိပ္ေတြ႕ခ်င္ေနတာေၾကာင့္ ေရေတာင္မခ်ိဳးခဲ့ေတာ့ဘဲ မိုးဆီသို႔ထြက္လာခဲ့ေတာ့သည္။

မိုးကိုအေဝးႀကီးရွာစရာေတာင္မလို မိုးက သူ႕အိမ္မွာဘဲ ထုံးစံအတိုင္း ေၾကာင္ေလးနဲ႕အတူေဆာ့ရင္းရွိေန၏။

"ကိုခန့္ထား..."

ၿခံတစ္ဖက္ကေန ေစာင့္ၾကည့္ေနသည့္ ခန့္ထားကို မိုးကအရင္ႏႈတ္ဆက္လာသည္။မိုး၏မ်က္ႏွာက အၾကာႀကီးေနမွ ေတြ႕ရသည့္ ခန့္ထားကိုေတာင္ ဝမ္းသာတဲ့ပုံစံမ်ိဳးမျပခဲ့ပါ။

မိုးက ၿခံတံခါးလာဖြင့္ေပး၏။အိမ္ထဲဝင္ဖို႔ေတာ့ မဖိတ္ေခၚခဲ့။

"ဘာကိစၥရွိလို႔လဲ ကိုခန့္ထား "

"ကိုယ္နဲ႕ခဏလိုက္ခဲ့ပါလား မိုး၊ကိုယ္မိုးကို ေျပာစရာရွိလို႔ "

"အမ္..."

မိုးက ခဏေတြေဝေနသည္။ၿပီးမွ ေခါင္းညိတ္ၿပီး လိုက္ဖို႔သေဘာတူ၏။

မိုးႏွင့္အတူ တစ္ခ်ိန္ကလမ္းခြဲခဲ့ဖူးသည့္ေကာ္ဖီဆိုင္သို႔ျပန္လာျဖစ္သည္။အေနၾကပ္သလိုျပဳမူေနသည့္ မိုးပုံစံကို ခန့္ထားသေဘာမက်ပါ။

"ကိုခန့္ထား အရင္ကပန္းမႀကိဳက္တတ္ပါဘူး "

ရင္ဘတ္အိတ္ကပ္ေပၚမွာ တြယ္ထားသည့္ႏွင္းဆီပန္းရဲရဲေလးကိုၾကည့္ၿပီး မိုးကေမးလာသည္။ခန့္ထားလည္း ႏွင္းဆီပန္းကိုငုံ႕ၾကည့္မိၿပီး ၿပဳံးမိရာ_

"ေၾသာ္...ဒါေလးက ရွားေလးဆင္ေပးထားတာေလ "

"...ေၾသာ္...ဟုတ္၊လွသားဘဲေနာ္ ကိုခန့္ထားနဲ႕..."

"ဟားဟား၊ရွားက ပန္းသိပ္ႀကိဳက္တတ္ေတာ့ အၿမဲကိုယ့္ကို ႏွင္းဆီတစ္ပြင့္ရင္ဘတ္မွာထိုးဖို႔ေပးတယ္။အဲ့လိုနဲ႕ ပန္းမႀကိဳက္တတ္တဲ့ကိုယ္ကလည္း ရွားကိုအားနာတဲ့စိတ္နဲ႕ဘဲ လိုက္ေလ်ာေပးခဲ့ရင္း အခုလို အက်င့္တစ္ခုျဖစ္လာတာဘဲ "

ခန့္ထားကိုယ္တိုင္ကသတိထားမိေလလားေတာ့မသိေပမဲ့ ဒီအေၾကာင္းကိုေျပာေနသည့္ ခန့္ထားထံ့မွ ႏွစ္သက္မႈ႕၊ျမတ္နိုးမႈ႕၊ဂုဏ္ယူမႈ႕မ်ားႏွင့္ ယွက္သန္းေနသည္ကိုေတာ့ မိုးအတိုင္းသားျမင္ေနရပါသည္။တစ္ခ်ိန္က မိုးေပးခဲ့ဖူးတဲ့အရာေတြကို အခုလိုအျမတ္တနိုးႏွင့္ ဂုဏ္ျပဳၿပီးေျပာျပခဲ့ဖူးတာကို မိုးမျမင္ခဲ့ေလဖူး။

"ဘာေျပာမလို႔လဲ ကိုခန့္ထား "

"မိုး...ကိုယ္ အခုတေလာ ဘာလို႔ေပ်ာက္ေနလဲမေမးေတာ့ဘူးလား "

"UK သြားေနရလို႔ဆို...အဲ့အေၾကာင္း ႏွိုင္းဆီက ၾကားခဲ့ပါတယ္ "

ထူးဆန္းစရာေကာင္းတာ မိုးေျပာျပရမည္။ကိုခန့္ထား မိုးဆီမေရာက္လာသည့္အေတာအတြင္း မိုးကိုခန့္ထားအေၾကာင္း နည္းနည္းေလးေတာင္မေတြးျဖစ္ခဲ့။မိုး ေနတတ္လာၿပီထင္ပါသည္။

မိုးဆီက ခပ္ျပတ္ျပတ္အေျဖကိုၾကားေတာ့ ခန့္ထားမ်က္ႏွာကညွိုးငယ္သြား၏။

"အကၡနဲ႕မိုးနဲ႕က အခုထိ..."

"ဟုတ္တယ္ကိုခန့္ထား အခုထိခ်စ္သူေတြပါ "

ဒီစကားအလွည့္မွာေတာ့ ခန့္ထားမ်က္ႏွာထားက ပ်က္သြားသည္။တစ္ခုခုကိုမေက်နပ္ေရာင္သန္းေန၏။

"ႏွိုင္းအကၡက မိုးကိုတကယ္ခ်စ္တယ္လို႔ထင္ေနတာလား မိုး "

"...ဘာကိုဆိုလိုတာလဲ ကိုခန့္ထား "

"အကို႔ေလာက္ မိုးအေပၚဘယ္သူမွပိုၿပီးမခ်စ္ေပးနိုင္ပါဘူး၊ကိုယ္ကသာ မိုးကိုအခ်စ္ဆုံး...ကိုယ့္ဘက္က ႀကိဳးစားခြင့္မရွိခဲ့ဘူး အဲ့တာကိုအခြင့္ေကာင္းယူၿပီး အကၡက...အကၡက ကိုယ့္ဆီကေန မိုးကိုယူသြားခဲ့တာ။မိုး...ကိုယ့္ဆီျပန္လာပါကြာေနာ္၊ကိုယ္ ေနာင္တရေနပါၿပီ "

ကိုခန့္ထားဆီကေန ဒီစကားကိုၾကားရၿပီး မိုးစိတ္မေပ်ာ့နိုင္ခဲ့တဲ့အျပင္ ေဒါသလည္းထြက္သြားခဲ့ရသည္။

"မိုး သိပါတယ္၊တကယ္ေတာ့ ကိုခန့္ထားအခုလို မိုးကိုျပန္လိုခ်င္ေနရတဲ့တစ္ခုတည္းေသာအေၾကာင္းရင္းက ႏွိုင္းဆီမွာ အ႐ူံးမခံခ်င္လို႔မလား"

"မ...မဟုတ္ဘူး မိုး "

"ညွာမေနပါနဲ႕ေတာ့၊တကယ္ေတာ့ေလ မိုးအခုမွပိုၿပီးသိလာခဲ့ရတာ ကိုခန့္ထားရဲ႕ႏွလုံးသားထဲမွာ မိုးကဘယ္တုန္းကမွမရွိခဲ့ဖူးဘူးမလား။မိုးတို႔ခ်စ္သူေတြျဖစ္ခဲ့ၾကတဲ့အေတာအတြင္းတုန္းကေတာင္ မိုးကို ပတ္ဝန္းက်င္ေရွ႕မွာ ၿပဳံးေကာၿပဳံးျပခဲ့ဖူးရဲ႕လား ကိုခန့္ထား။ေျပာျပရရင္ေလ ကိုခန့္ထားနဲ႕အတူရွိေနခဲ့တဲ့အခ်ိန္တုန္းကဆို မိုးသိပ္ၿပီးသိမ္ငယ္ရတယ္၊စိတ္ထဲမွာလည္း ေပ်ာ္႐ႊင္မႈ႕ဆိုတာ အျပည့္အဝမခံစားခဲ့ရဘူး ကိုခန့္ထားကို ခ်စ္ခဲ့ရတာက မိုးအတြက္ပူေလာင္မူ႕တစ္ခုလိုဘဲ "

အမွန္စကားေတြဝန္ခံလာသည္ကိုနားေထာင္ၿပီး ခန့္ထားက မ်က္ေမွာင္က်ဳံလာသည္။ဒါဟာ ကိုခန့္ထားအတြက္အထိနာေစမဲ့စကားေတြျဖစ္မွန္းသိေပမဲ့ မိုး ကိုခန့္ထားနဲ႕ကိစၥကိုဒိမွာဘဲ အၿပီးျဖတ္ရမည္။မိုးဘက္က ႏွိုင္းနဲ႕အတူစိတ္ခ်မ္းခ်မ္းသာသာေနနိုင္ဖို႔ ကိုခန့္ထားအေပၚေဝခြဲမရျဖစ္ေနသည့္ စိတ္မ်ားကိုျဖတ္ပစ္ရမည္။

"ႏွိုင္းနဲ႕ခ်စ္ခြင့္ရတဲ့အခ်ိန္မွ မိုးရဲ႕ႏွလုံးသားႀကီးကျပည့္စုံလာခဲ့တာ၊ႏွိုင္းနဲ႕အတူရွိေနရတဲ့အခ်ိန္ ႏွိုင္းကမိုးကိုၿပဳံးေပ်ာ္ေအာင္လုပ္ေပးတယ္..မိုးအတြက္ပထမဆိုတဲ့အရာခ်ည္းဘဲသူကဦးစားေပးခဲ့တယ္။ၿပီးေတာ့ ႏွိုင္းက မိုးအတြက္ေအးခ်မ္းမႈ႕ဆိုတဲ့အရာေတြကိုဘဲ ယူေဆာင္လာေပးခဲ့တာ ကိုခန့္ထား...ႏွိုင္းနဲ႕ေတြ႕မွ အခ်စ္ဆိုတဲ့အရာကိုအျပည့္အဝခံစားရခဲ့လို႔ မိုး ႏွိုင္းကို ကိုခန့္ထားထက္ပိုၿပီး ခ်စ္ျမတ္နိုးတယ္ "

ဒီစကားကို ဖြင့္ျပေနသည့္မိုးသည္ လက္သႂကြယ္မွာရွိေနသည့္ တစ္ခုတည္းေသာလက္စြပ္ကို ဆုပ္ကိုင္ထားတာေၾကာင့္ ခန့္ထား အေျခအေနေတြကိုသေဘာေပါက္လာသလို။

"ဟုတ္တယ္...ကိုယ္ဝန္ခံရမယ္ဆို မိုးကိုႏွိုင္းနဲ႕တြဲျမင္ေနရတာမုန္းတယ္၊မိုး ႏွိုင္းကလြဲၿပီးအျခားလူေတြအေပၚ ခ်စ္ခြင့္ရွိပါတယ္မိုး...ကိုယ္ ၾကည္ၾကည္ျဖဴျဖဴနဲ႕လက္ခံေပးနိုင္ပါတယ္။ဒါေပမဲ့ ႏွိုင္းအကၡနဲ႕ေတာ့ ကိုယ္သေဘာမတူနိုင္ဘူး "

"မိုးက အရင္လိုကိုခန့္ထားခ်ဳပ္ခ်ယ္ခ်င္သလိုခ်ဳပ္ခ်ယ္လို႔ရတဲ့သူတစ္ေယာက္မဟုတ္ေတာ့ဘူးကိုခန့္ထား၊ကိုခန့္ထား မိုးကိုစၿပီး လမ္းခြဲလိုက္ၿပီဆိုကတည္းက မိုးမွာ မိုးစိတ္တိုင္းက်မိဳးႏွလုံးသားကိုျပန္ၿပီးေ႐ြးခ်ယ္ပိုင္ခြင့္ရွိတယ္။မိုးအခု ႏွိုင္းကိုေ႐ြးခ်ယ္တယ္၊ႏွိုင္းတစ္ေယာက္တည္းကိုဘဲ အၿမဲတမ္းေ႐ြးခ်ယ္သြားမွာမို႔ မိုးတို႔ရဲ႕ေရွ႕မွာလာၿပီး မပိတ္ပင္ပါနဲ႕ေတာ့ ကိုခန့္ထား...ကိုခန့္ထားမွာလည္း မိုးထက္ပိုၿပီးခ်စ္ရတဲ့သူရွိေနတာဘဲ "

ခန့္ထားၿငိမ္သက္သြားသည္။မိုးမမွားခဲ့...။ဒါေပမဲ့ ခန့္ထားရဲ႕စိတ္ကေတာ့ မိုးေလာက္မျပတ္သားခဲ့ေသးပါ။မိုးအေပၚ ခ်စ္ခဲ့တုန္းကလည္း အခုလိုဘဲႏွလုံးသားနဲ႕ရင္းၿပီးခ်စ္ခဲ့တယ္ထင္ခဲ့ေပမဲ့ ဒီတစ္ေယာက္အေပၚမွာလည္း ထိုစိတ္ကဲ့သို႔ျပန္ၿပီးျဖစ္ေပၚေနသည္။ခန့္ထားေၾကာက္တာက ထိုသူအေပၚခ်စ္တဲ့အခ်စ္ကိုလည္း မိုးကိုခ်စ္ခဲ့သလိုမ်ိဳး မစစ္မွန္မွာေၾကာက္သည္။ခန့္ထားကိုယ့္စိတ္ကိုေဝခြဲမရေသးပါ။

ဒါကိုခဏလ်စ္လ်ဴ႐ူထားခဲ့အုံး အခု ခန့္ထား မေက်နပ္နိုင္ေနေသးတာက ႏွိုင္းပါခန့္ထားနည္းတူ ေပ်ာ္႐ႊင္သည့္ဘဝမ်ိဳးပိုင္ဆိုင္လာမွာကိုပင္။ငယ္စဥ္ကတည္းက ႏွိုင္းအကၡေပ်ာ္တာကိုသာ အၿမဲတမ္းအားက်ၿပီးေငွးၾကည့္ခဲ့ရေသာ ခန့္ထား အခုမွာလည္း ႏွိုင္းေပ်ာ္႐ႊင္တာကို ေငွးၾကည့္ေပးဖို႔ အစီအစဥ္မရွိပါ။ႏွိုင္းကသာလွ်င္ ခန့္ထားကိုေငွးၾကည့္ရမည့္သူျဖစ္လာေစရမည္။

"မိုး...မိုး ေ႐ြးခ်ယ္တဲ့လမ္းမွားသြားခဲ့ၿပီ၊ကိုယ္သတိေပးခဲ့တယ္ေနာ္မိုး...မိုးက လမ္းအမွားကို ေလွ်ာက္လမ္းေနတာဘဲ "

"မိုးေ႐ြးခ်ယ္ခဲ့တဲ့လမ္းက မမွားမွန္းမိုးကိုယ့္ကိုယ္ကို ယုံၾကည္ပါတယ္ ကိုခန့္ထား "

"ေကာင္းၿပီ...မိုးဘက္က ဒီေလာက္ထိျပတ္သားေနမွေတာ့ ကိုယ္ဆက္ၿပီးမဆြဲထားေတာ့ပါဘူး။မိုးနဲ႕ႏွိုင္းအကၡတို႔ ေပ်ာ္႐ႊင္တဲ့ဘဝပိုင္ဆိုင္နိုင္ၾကပါေစ "

"ေက်းဇူးတင္ပါတယ္ "

ေက်းဇူးမတင္နဲ႕မိုး...ကိုယ့္ကိုလည္းမၿပဳံးျပနဲ႕။မိုးဒုကၡေရာက္မဲ့လမ္းကိုမိုးကိုယ္တိုင္ေ႐ြးခ်ယ္ခဲ့တာဘဲ။ေတာင္းပန္ပါတယ္မိုး...ကိုယ္...မိုးနဲ႕ႏွိုင္းအကၡကို ေပ်ာ္စရာေကာင္းတဲ့ဘဝမေပးနိုင္ဘူး။

အေပၚယံကသာ ခန့္ထား အဘိဓာန္မိုးကိုၿပဳံးျပေနခဲ့ေပမဲ့ သန့္စင္ခန္းထဲသို႔ခဏေရွာင္ထြက္လာခဲ့သည့္ ခန့္ထားသည္ အိမ္မွာတုန္းက ႏွိုင္းရဲ႕USB ကေနခိုးကူးလာခဲ့သည့္ မိုး၏ပုံအခ်ိဳ႕မ်ားကို ျပန္ၿပီးထုတ္ၾကည့္ေနခဲ့၏။

"အခုလိုလုပ္ရတာက ႏွိုင္းအကၡေၾကာင့္ပါမိုး။ကိုယ့္ကို အျပစ္မတင္ပါနဲ႕၊ဒါ မိုး ႏွိုင္းအကၡကိုခ်စ္ခဲ့တဲ့အတြက္ ဒဏ္ခတ္ခံရတာဘဲ "

အေကာင္တုႏွင့္ ဆိုရွယ္မီဒီယာေပၚသို႔ မိုး၏အရွက္မဲ့ပုံမ်ားကို ႏွစ္ေခါက္ေတာင္မစဥ္းစားခဲ့ဘဲ ခန့္ထားအသည္းေအးစြာ တင္ပစ္ခဲ့လိုက္သည္။ေဒါသတစ္ခုက လူကိုဆင္ျခင္တုံ႕တရားကင္းမဲ့ေစသည္အထိ အေမွာင္ထုလႊမ္းေစပါသည္။ခန့္ထားသည္လည္း သူ၏ႏွိုင္းအေပၚေမတၱာမထားနိုင္သည့္ ေဒါသတစ္ခုေၾကာင့္ႏွင့္ ဘဝတစ္ခုပ်က္စီးရေတာ့မွာကို မဆင္ျခင္နိုင္ေတာ့ပါေပ။

မိုးကိုအိမ္သို႔ျပန္လိုက္ပို႔ေပးလွ်င္ ခန့္ထား၏အတြင္းစိတ္ကိုမသိသည့္မိုးက ခန့္ထားအေပၚ ေကာင္းေကာင္းဆက္ဆံေပးသည္။အခုေတာ့ မိုးက ခန့္ထားကို အစ္ကိုႀကီးတစ္ေယာက္လို ဆက္ဆံလာခဲ့ေလၿပီ။

မိုး ခန့္ထားအေပၚေကာင္းျပေပးေနတာကိုျမင္လွ်င္ ခန့္ထားစိတ္မလုံမလဲ့သလိုခံစားရလြန္းတာေၾကာင့္ မိုးအေပၚလ်စ္လ်ဴ႐ူထားခဲ့ၿပီး အိမ္ျပန္ပို႔ေပးၿပီးသည္ဆိုသည္ႏွင့္ဘဲ ခန့္ထားအိမ္ရွိရာဘက္သို႔အျမန္ဘဲ ျပန္လွည့္ထြက္လာခဲ့၏။

အိမ္ထဲကားေမာင္းဝင္ေတာ့ မရင္းႏွီးသည့္ စကူတာဆိုင္ကယ္တစ္စီးရပ္ေနတာေၾကာင့္ ဘယ္ကဧည့္သည္ေရာက္ေနတာလဲလို႔ နည္းနည္းေတာ့စဥ္းစားမိလိုက္သည္။

"ြေးမသား!!"

အိမ္ထဲသို႔ဝင္လွ်င္ဝင္ျခင္း အေဖရဲ႕ေဒါသသံက်ယ္က်ယ္ေလာင္ေလာင္ႏွင့္အတူ ၾကမ္းျပင္ေပၚမွာ ပစ္လဲေနသည့္ ႏွိုင္းအကၡအားျမင္လိုက္ရ၏။

"မိဘမ်က္ႏွာအိုးမဲသုတ္တဲ့ေကာင္ "

"ကြၽန္ေတာ္ကိုယ့္ကိုယ္ ကြၽန္ေတာ္ခ်စ္ခ်င္တဲ့သူကိုခ်စ္တာဘဲေလ အေဖ "

"မင္းမွာ ခ်စ္ရမဲ့သူအဲ့ေလာက္ေတာင္ရွားသလား ႏွိုင္းအကၡ!မိန္းမေတြအမ်ားႀကီးရွိေနပါရဲ႕နဲ႕ ဘာလို႔မွ ေယာက်ာ္းေလးတစ္ေယာက္ကိုသြားႀကိဳက္ရတာလဲ ဟမ္! "

အေျခအေနေတြကိုနားမလည္ေပမဲ့ ၾကမ္းေပၚမွာပ်ံ့ႀကဲေနသည့္ပုံကို ၾကည့္မိေတာ့မွ ခန့္ထားလည္း နားလည္လာေတာ့သည္။ဘယ္သူရိုက္ၿပီး ပို႔ထားတာလဲမသိေပမဲ့ ႏွိုင္းနဲ႕မိုးတို႔ရဲ႕ခ်စ္သူပုံရိပ္ေတြက ေဖေဖ့ကို ေဒါသထြက္ေစခဲ့တာထင္။

"မင္းကိုအခြင့္အေရးတစ္ခုေပးမယ္ ႏွိုင္းအကၡယွဥ္၊အဲ့ေကာင္ကိုအခုခ်က္ခ်င္းျဖတ္မလား ဒါမွမဟုတ္ မင္းအေမြေတြအကုန္လုံးစြန့္လႊတ္ၿပီး ဒီမိသားစုထဲကထြက္သြားမလား "

"စည္းစိမ္မရွိဘဲနဲ႕ေနနိုင္တယ္အေဖ ဒါေပမဲ့ အဘိဓာန္မိုးမရွိဘဲနဲ႕ေတာ့ ကြၽန္ေတာ့္ဘဝအသက္ဆက္ရွင္နိုင္မွာမဟုတ္ဘူး "

"မင္း...မင္းအေဖ ဒီေလာက္ထိေျပာေနတာေတာင္ မ်က္ႏွာေျပာင္တိုက္တာလား "

"အေဖသိေအာင္ေျပာျပတာပါ...ကြၽန္ေတာ္ ဒီအိမ္ကေနထြက္သြားေပးမယ္၊အေမခ်န္ခဲ့တဲ့ကြၽန္ေတာ့္အေမြေတြကိုလည္း စိတ္မဝင္စားေတာ့ဘူး ၿပီးေတာ့ အေဖ့လုပ္ငန္းထဲကေနလည္း ကြၽန္ေတာ္ထြက္တယ္ "

"ေအ ေကာင္းတယ္ထြက္...ထြက္သြား "

ႏွိုင္းအကၡက ၾကမ္းေပၚမွထၿပီး အေမ့ကိုၾကည့္သည္။သူ႕အၾကည့္ကစူးရဲေန၏။

"ခင္ဗ်ားေပ်ာ္ၿပီလား "

ဘာေၾကာင့္အေမ့ကို အဲ့လိုစကားမ်ိဳးေျပာတာလဲ ခန့္ထားနားမလည္။အေမက ဒီလိုလုပ္မဲ့သူမ်ိဳးမွမဟုတ္တာ။ခန့္ထား အေမ့ေရွ႕မွာကာကြယ္ေပးသင့္သည္။

"အကၡ ဒီကိစၥကဘယ္သူလုပ္တာလဲမသိဘဲနဲ႕ မင္းထင္တဲ့သူကိုေလွ်ာက္မစြပ္စြဲနဲ႕ "

ေဒၚဝင့္ေနခ်ီေရွ႕မွာရွိေနသည့္ ခန့္ထားကို ႏွိုင္းကၿပဳံးၾကည့္၏။ေကာင္းေသာၿပဳံးျခင္းမဟုတ္။

"ခင္ဗ်ားအလွည့္ၾကရင္လည္း အခုလိုအသည္းႏွလုံးေအးေအးနဲ႕ဘဲ ကြၽန္ေတာ့္အေပၚျပဳမူသလိုျပဳမူနိုင္ပါေစ ေဒၚဝင့္ေနခ်ီ "

ဘာကိုဆိုလိုတာလဲ ေဒၚဝင့္ေနခ်ီကနားမလည္ေပမဲ့ ခန့္ထားကေတာ့ ခ်က္ခ်င္းသေဘာေပါက္ခဲ့ပါသည္။ေလွကားမွာ ေစာင့္ၾကည့္ေနသည့္ ရွားဘက္သို႔ခ်က္ခ်င္းဘဲ အၾကည့္ေရာက္သြား၏။

"မင္း...မဟုတ္မွ "

"စိတ္ခ်ပါ ခန့္ထားစစ္ခ်ီ ကြၽန္ေတာ္ကခင္ဗ်ားတို႔လို ယုတ္မာတဲ့စိတ္ဓာတ္မရွိဘူး "

"........ "

"ႏႈတ္ဆက္ပါတယ္...ကြၽန္ေတာ္ခ်န္ခဲ့တဲ့ စည္းစိမ္ေတြေပၚမွာ စိတ္ခ်လက္ခ်နဲ႕ ေပ်ာ္ပါးနိုင္ၾကပါေစ "

ခန့္ထားက အၾကည့္စူးစူးနဲ႕ႏႈတ္ဆက္ေပးလိုက္ေပမဲ့ ေဒၚဝင့္ေနခ်ီက ေခါင္းမေဖာ္တမ္းရွိေန၏။

"က်စ္*က်က္သေရမရွိလိုက္တာ၊ငါ့မိသားစုထဲမွာမွ အခုလိုလိင္တူခ်စ္သူလာရွိေနရတယ္လို႔ "

"စိတ္ေလ်ာ့ပါအေဖ...အရာအားလုံးၿပီးသြားပါၿပီ "

ေဒါသေၾကာင့္ယိုင္ခ်င္ေနသည့္ ဖခင္ျဖစ္သူကိုထိုင္ေစၿပီး မိခင္ျဖစ္သူကိုလည္း ထိုင္ေစခဲ့သည္။မိခင္ျဖစ္သူက သားျဖစ္သူ၏လက္ကိုဆုပ္ကိုင္ထားလ်က္ ဂုဏ္ယူသလိုၾကည့္ေန၏။

"ေတာ္ေသးတာေပါ့၊ေဖ့ရဲ႕သားႀကီးက ဟိုက်က္သေရတုန္းေကာင္နဲ႕မတူလို႔။ေဖ့မွာ အားကိုးရာရွိေနေသးမွန္းသိရေတာ့ အေဖလည္း စိတ္ေအးရတယ္ "

အေဖက ခန့္ထားအေပၚမွာ ေမွ်ာ္လင့္ခ်က္အႀကီးႀကီးထားလိုက္ပုံေပၚသည္။

ခန့္ထား ရွားကိုၾကည့္မိပါ၏။ရွားကလည္း ခန့္ထားကိုၾကည့္ေနခဲ့သည္။အခုခ်ိန္မွာ ခန့္ထားနဲ႕ရွားတို႔ႏွစ္ေယာက္ၾကားက အၾကည့္ခ်င္းစကားေျပာမႈ႕ကို မည္သူမွနားလည္နိုင္မည္မဟုတ္။

"ရွားေၾကာက္တယ္ ကိုခန့္ထား၊အေဖသာ ရွားက ေယာက်ာ္းေလးတစ္ေယာက္မွန္းသိသြားရင္ "

ဖခင္ျဖစ္သူတို႔ကို စိတ္ေအးေအာင္ထားေစၿပီး ရွားဘက္သို႔ ခန့္ထားလာခဲ့သည္။

အခုေတာ့ ရွားအခန္းထဲမွာ ရွားကခန့္ထားရဲ႕ရင္ခြင္ကိုမွီၿပီး ဝမ္းနည္းမ်က္ရည္ႏွင့္ေျပာလာ၏။UK မွာ ခန့္ထားႏွင့္ရွားၾကားျဖစ္ပ်က္ခဲ့သည္က မေျပာျပနိုင္ေတာ့ေအာင္မ်ားျပားလြန္းပါသည္။ရွားက သူ႕ကိုယ္သူမိန္းကေလးတစ္ေယာက္မဟုတ္မွန္း လက္ခံလာခဲ့သည္။

အခုလည္း အဲ့အေၾကာင္းနဲ႕ဘဲ မိန္းကေလးတစ္ေယာက္လိုဆက္ၿပီး ဟန္ေဆာင္ထားရသည့္အေပၚ စိတ္မလုံျဖစ္ေနသည့္ ရွားက ဒီေန႕အကၡအေပၚဆက္ဆံသည့္အေဖ့ရဲ႕အျဖစ္အပ်က္ကိုျမင္ၿပီး ေၾကာက္လန့္သြားသည့္ပုံပင္။

"မေၾကာက္နဲ႕ေနာ္ရွား...အကို ရွားေရွ႕မွာအၿမဲရွိေနပါမယ္ "

ရွားကိုဒီစကားတစ္ခြန္းႏွင့္သာႏွစ္သိမ့္နိုင္ခဲ့သည္။ခန့္ထားမွာ ႏွိုင္းလိုမ်ိဳးမ်က္ႏွာခ်င္းဆိုင္ဖြင့္ေျပာၿပီးစြန့္ပစ္ရဲေလာက္သည္အထိ သတၱိမရွိေသး။

"ဒါနဲ႕...အကို "

"ေျပာေလ ရွားေလး "

"ႏွိုင္းအကၡေလးက သနားစရာပါ "

"႐ုတ္တရက္ႀကီး ဘာလို႔လဲ၊ဒါသူခံသင့္တဲ့အရာဘဲေလ "

ႏွိုင္းအကၡအေပၚ သနားတာေတြညွာတာ တာေတြခန့္ထားမလိုခ်င္တာေၾကာင့္ ေလသံမာမာႏွင့္ျပန္တုံ႕ျပန္ခဲ့မိပါ၏။

"ဒီေန႕ ရွားကမိန္းကေလးတစ္ေယာက္မဟုတ္တာကို ႏွိုင္းအကၡသိသြားတယ္ အကို "

ရွား၏ေျပာၾကားခ်က္ေၾကာင့္ ခန့္ထားလန့္သြားရသည္၊ခဏကေတာ့ ရိပ္မိေယာင္ရွိေပမဲ့မျဖစ္နိုင္ဘူးဟုကိုယ့္စိတ္ကိုယ္ျပန္ညွာထားျခင္းျဖစ္၏။ဒါေပမဲ့ အခုရွားဘက္ကေျပာျပလာေတာ့ ဒါဟာခန့္ထားရဲ႕ထင္ျမင္လႊဲမွားမႈ႕တစ္ခုမဟုတ္ေနမွန္း သက္ေသျပလိုက္သလို။ဒီကိစၥဟာ ႏွိုင္းအကၡ ခန႔္ထားအေပၚအၾကပ္ကိုင္လို႔ရတဲ့ ကိစၥတစ္ခုျဖစ္လာနိုင္သည္။ဒါဆိုခဏက ခန့္ထားကိုၾကည့္ၿပီးေျပာခဲ့တာ အလကားမဟုတ္ခဲ့ဘူးေပါ့။

"ႏွိုင္းအကၡက ဒီကိစၥကိုေသခ်ာေပါက္မေပါက္ၾကားေစရဘူးဆိုၿပီးေတာ့လည္း ကတိေပးခဲ့တယ္အကို "

မ်က္ႏွာပ်က္သြားသည့္ခန့္ထားကိုၾကည့္ၿပီး ရွားကျပန္ကာေျပာေပးခဲ့ပါသည္။

"အဲ့ေကာင္စကားကမယုံရဘူး ရွား "

"ရွားေတာ့ယုံတယ္၊ႏွိုင္းအကၡက အကိုေျပာသေလာက္လည္းဆိုးမဲ့ပုံမေပၚပါဘူး "

"ရွား! "

ႏွိုင္းအကၡဘက္ကာေျပာေပးေနေတာ့စိတ္ကသိပ္မရွည္ခ်င္ေတာ့။ေလသံကိုျမင့္ၿပီးတုံ႕ျပန္မိလွ်င္ ရွားက ပုခုံးတြန့္မိသည္အထိလန့္သြားသည္။

"ေတာင္းပန္ပါတယ္ရွား...ရွားလည္းသိရဲ႕သားနဲ႕ အကၡနဲ႕ပတ္သတ္လာရင္ ကိုယ့္စိတ္က သည္းမခံနိုင္ဘူးဆိုတာ "

ရွားက ဘာမွျပန္မေျပာခဲ့ဘဲရွိေပမဲ့ ရွားရဲ႕မ်က္ႏွာထက္မွာေတာ့ ခန့္ထားကို ႏွိုင္းအကၡနဲ႕ပတ္သတ္ၿပီး တစ္ဖက္သက္ႀကီးမဆက္ဆံေစခ်င္ေၾကာင္း ေျပာေနပုံေပၚသည္။

ဘာလို႔ ခန့္ထားခ်စ္ရသူေတြအကုန္လုံးက ႏွိုင္းအကၡဘက္ဘဲပါခ်င္ေနၾကလဲမသိ။ဒါေပမဲ့မၾကာေတာ့ပါဘူး ႏွိုင္းအကၡတစ္ေယာက္ သူခ်စ္တဲ့အရာအားလုံးကို စြန့္လႊတ္ရေတာ့မွာ။

Continue Reading

You'll Also Like

1.2M 63.3K 59
𝐒𝐜𝐞𝐧𝐭 𝐨𝐟 𝐋𝐨𝐯𝐞〢𝐁𝐲 𝐥𝐨𝐯𝐞 𝐭𝐡𝐞 𝐬𝐞𝐫𝐢𝐞𝐬 〈𝐛𝐨𝐨𝐤 1〉 𝑶𝒑𝒑𝒐𝒔𝒊𝒕𝒆𝒔 𝒂𝒓𝒆 𝒇𝒂𝒕𝒆𝒅 𝒕𝒐 𝒂𝒕𝒕𝒓𝒂𝒄𝒕 ✰|| 𝑺𝒕𝒆𝒍𝒍𝒂 𝑴�...
140K 2.5K 32
A book starring Mick Schumacher and his new personal trainer and agent. If you're into racing, also check out my other books about Formula 1,2,3 and...
2.6M 150K 48
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...
25.7K 974 32
ကျွန်တော့်အတွက် အချစ်ဆိုတာ ရယူခြင်းပဲ။ ခင်ဗျားမချစ်လဲရတယ်။ ခင်ဗျား ကျွန်တော့်အနားမှာ ရှိနေပေးဖို့ပဲလိုတယ်။ 💘💘💘💘💘 ကြၽန္ေတာ့္အတြက္ အခ်စ္ဆိုတာ ရယူ...