Unicode...
Dark ( or )မုဆိုးဖို
Final Part
" ဘာလို့ချော်နေတာလဲ...ခုဏကအကောင်းကြီး
ပါ..."
စိတ်ထဲဘာမှမထားဘဲသူမဆက်လျှောက်သော်
တောတော်ချော်လာသည့်အတွက်ကြောင့်အရှိန်
မထိန်းနိုင်ဘဲပစ်လဲလေတော့သည့်...
" အာ့........"
အိမ်သာအရှေ့အော်သံကြားသောကြောင့်
ဒေါ်ကြွယ်သည်အပြေးလာပြီးကြည့်သော်
ရင်ထိပ်သွားရသည်...
" သမီး..."
ဟုတ်ပါသည်လေပြေ၏အောက်ပိုင်းတွင်သွေးစိမ်းများဆင်းနေသည်
" ကြီးးကြ ကြွယ်...သမီးအရမ်းမူးတယ်..."
" သမီးအားတင်းထားနော...ကြားလား...
သမီးးလေပြေ..."
လေပြေသည်ပျော့ခွေလို့နေသည်...
ဒေါ်ကြွယ်သည် မဟာထံဖုန်းဆက်ပြီးလေပြေအကြောင်းပြောပြလေသည်...
" ဘာ..."
အစည်းအဝေးတွင် Share ဝင်များ မဟာကို
ကြောင်၍ကြည့်နေလေသည်...
" ကဲအားလုံးဘဲ အစည်းအဝေးကို မင်းသူကဘဲဆက်ပြီးပြောသွားမှာပါ..."
မဟာသည် ချက်ချင်းပြန်ထွက်လာပြီးအိမ်သို့ပြန်လာလေသည်...
" သခင်လေး...သမီးလေပြေကိုခေါ်လို့မရဘူး
ဖြစ်နေတယ်..."
" ဆေးရုံကားခေါ်လေးဗျာ...ဟာဗျာ...ကြာတယ်
အခုချက်ချင်း ဆေးရုံသွားမယ်..."
မဟာသည် မေ့မျောနေသည့်ဇနီးလေးကိုပွေ့ချီကာ ဆေးရုံသို့သွားလေသည်...
" babe...babe...သတိရပါတော့ကွာ..."
သွေးတွေကအဆင်းမရပ်ခဲ့ပါ...
ကံကြမ္မာက သူတို့ဘက်မှာရှိနေပါ့မလားနော...
အခုလိုလေပြေသွေးဆင်းပုံထောက်လျှင်
သေချာပါသည်...သူ့သွေးသားလုံးဝကိုပျက်ဆီးသွားပြီးသို့သော်...သိပ်ချစ်ရသည့်သူမလေးကိုတော့အဆုံးရှုံးမခံနိုင်ပါ...မဟာသည်လေပြေကို အဆင့်မြင့်ဆေးရုံသို့ခေါ်သွားလေသည်...
" D.r ကျနော့်ဇနီးကိုကယ်ပေးပါဦးဗျာနော...
D.rတို့တောင်းသလောက်ကျနော်ပေးပါ့မယ်..."
" ဟုတ်ကဲ့ လူနာအခြေအနေကလုံးဝကိုဆိုးနေပြီး...ပြီးတော့ကိုယ်ဝန်ဆောင် အခုက
Operating ခန်းဝင်မယ်...ခွဲဖို့လက္ခာမရှိရင်တော့
ပြဿနာမရှိဘူး...အထဲမှာသွေးခဲရင်တော့ခွဲမှရမယ်..."
" ဟုတ်ကဲ့...ကျေးဇူးပြုပြီးကျနော့်ဇနီးကို ကယ်ပေးပါဦး..."
Operating ခန်းအရှေ့တွင် မဟာသည်လျှောက်သွားလျှောက်လာ...ထိုင်လိုက်ထလိုက်နှင့်ခေါင်းကုတ်နေတော့သည်...လက်ထဲမှဖုန်းကိုယူကာ
" Hello ဒေါ်ကြွယ်လား...📞"
" ဟုတ်ကဲ့သခင်လေး ဘာခိုင်းစရာရှိလို့လဲ📞"
" လေပြေ...ဘာကြောင့် အခုလိုဖြစ်တာလဲဆိုတာကိုစုံစမ်းထားပေး...ဒါက အပြင်လူတွေနဲ့ပတ်သတ်တဲ့ကိစ္စတော့မဖြစ်နိုင်ဘူး...📞"
" ဟုတ်ကဲ့သခင်လေးဒေါ်ကြွယ် စုံစမ်းထားပေးပါ့မယ်...📞"
မဟာသည်ဖုန်းချလိုက်ပြီး တဖန်လေပြေအတွက်ပူရပြန်သည်...နာရီဝက်လောက်မဟာသည်ထိုင်မရထမရနှင့်မျက်နှာကိုသာပွတ်သပ်နေသည်...ခဏအကြာ D.rထွက်လာသော်...
" D.r ကျနော့်ဇနီးအခြေအနေဘယ်လိုလဲ"
" အခြေအနေကကောင်းပါတယ်...ဒါပေမဲ့
ကလေးကတော့ လုံးဝပျက်စီးသွားပါပြီး..."
" ကျေးဇူးပါဗျာ..."
လေပြေသက်သာသည်ဆိုမှ မဟာသည် ရင်ထဲမှအပူလုံးကြီးကျသွားလေသည်...
ဒေါ်ကြွယ်သည် သခင်လေးခိုင်းသည့်အတိုင်း
လေပြေကိုလုပ်ကြံသည့်သူကိုCctv မှ ကြည့်လေသည်...နောက်ဆုံးရလဒ်ကိုကြည့်သော်...
မျက်လုံးပြူးမျက်စံပြူနှင့်ဖြစ်နေလေသည်...
တူမအရင်းဖြစ်သော်လဲ...ယခုလက်ပံလုပ်ရပ်က
လေပြေကိုသေစေနိုင်သည့်အလားအလာရှိနေသည်...ထို့ကြောင့် မတင်ပြချင်သော်လဲ တင်ပြရဦးမည်..........🍎🍎🍎🍎
မဟာသည်လေပြေလက်ကလေးကိုင်ကာနမ်းသည်...
" အမြန်သတိရပါတော့ကွာ...ကိုမရှိလို့အခုလိုဖြစ်ရတာ...😔😔ဒီနေ့ကစပြီး Babe အနားမှာဘဲသေချာပြုစုပေးတော့မယ်နော...ကတိ"
ခဏအကြာ လေပြေသည်သတိရလာခဲ့သည်...
" ဦး..."
" Babe... သတိရလာပြီးလား..."
" ဟုတ်...ရေသောက်ချင်တယ်..."
" အင်းကိုခပ်ပေးမယ်နော..."
မဟာသည်လေပြေအတွက်ရေတစ်ခွက်ခပ်ပေးသည်...
" ဖြည်းဖြည်း သောက်နော..."
" ဟုတ်ဦးး...ဒါနဲ့လေး...လေပြေမေးမို့..."
" မေးလေး..."
" လေပြေရဲ့ကလေးလေးရောဟင်း...သူအဆင်ပြေရဲ့လား..."
မဟာသည် လေပြေအားဖက်ကာ...ခေါင်းလေးကိုပွတ်သပ်ပေးရင်း
" ကိုတောင်းပန်ပါတယ်ကွာ...ကိုဂရုစိုက်မှုတွေနည်းလို့အခုလိုဖြစ်ရတာပါ"
" ဟင့်...ဒါဆို...လေ...လေပြေတို့ ကလေးက
တကယ်မရှိတော့ဘူးပေါ့...ဟုတ်လား..."
" တကယ်မရှိတော့ဘူး Babe. . .စိတ်ကိုတင်ထား
နော...ဘာမှမဖြစ်ဘူး...နောက်ထပ်ကလေးပြန်
ယူမယ်လေးနော...နော Babe..."
" ဟအင့်...လေပြေ့ကလေး ရှိတယ်...ကလေးဘာမှမဖြစ်ဘူး...ဦးညာနေတာ...ဟုတ်တယ်ဟုတ်..."
" Babe...စိတ်ကိုတင်ထားကွာ...အခုချိန်က Babe ကသွေးနုသားနုဖြစ်နေတဲ့အချိန်...နော
Babe..."
" မဟုတ်ဘူး...လေပြေ့ကလေးလေး...😭😭😭
ဒါတွေအားလုံးလေပြေပေါ့ဆမိလို့😭😭😭"
ဝမ်းနည်းနေသောဇနီးသည်လေးကို မဟာသည်
နှစ်သိမ့်ပေးပြီးဖက်ထားလေသည်...
လေးငါးရက်ကြာသော် လေပြေဆေးရုံဆင်းလေသည်...
" ဦး...လေပြေ...ရေသောက်ချင်လို့..."
" ဟုတ်ကဲ့ပါဗျာ ကျနော်မျိုးဖွင့်ပေးပါ့မယ်..."
လေပြေသည် ပြုံးလိုက်ပြီးမဟာ၏ပါးကိုနမ်းလေသည်...
" ရေသောက်ချင်ရင်ပြောနော Babe ကိုဖွင့်ပေးမယ်..."
"ဘာလို့..."
"ဪရေဘူးတစ်ခါဖွင့်ပေးတိုင်းတစ်ခါအနမ်းရတယ်လေး😁😁"
"လူညစ်ပတ်ကြီး..."
" ကဲပါ...လာ...အိမ်ရောက်ရင်ဘာစားချင်လဲပြော..."
" အင်းး...သရက်သီးကိုငရုတ်သီးစပ်စပ်နဲ့စားချင်တယ်..."
" No မရဘူး...မီးယပ်ဝမ်းလိုက်တတ်တယ်..."
" ဒါဆို သင်္ဘောသီးထောင်း..."
" ပိုဆိုးတယ် ငရုတ်သီးအစိမ်းတွေနဲ့..."
" တော်ပါပြီးထမင်းဘဲစားတော့မယ်..."
" အင်းအဲ့တာကအကောင်းဆုံးဘဲဝမ်းကိုအေးစေတယ်... "
" ဟွန့်..."
လေပြေသည် မဟာကိုမျက်စောင်းထိုးလိုက်သည်...
" ဘဝကလဲ ခါးလိုက်တာ စားချင်တာလဲမစားရဘူး...အဖြစ်ဆိုးလိုက်တာ..."
" အယ်...တစ်လပြည့်ရင်စားပေါ့...အခုက သွေးနုသားနုအချိန်လေး ကိုယ်ဝန်ပျက်ကျတာလဲ ကလေးမွေးပြီးသလိုဘဲလေးဒါကြောင့် ရှောင်ရမယ်...ကလေးအတွက်မဟုတ်ပေမဲ့
Babe အတွက်ရှောင်ရမယ်လေး...ဟုတ်တယ်
မလား..."
" ဦးဆရာဝန်လုပ်ပါလားဒီလောက်သိနေတာ"
" လုပ်ချင်ခဲ့တာပေါ့...အခွင့်ရေးမသာခဲ့လို့😊😊"
" အင်းပါ..."
နှစ်ယောက်သားအိမ်သို့ရောက်လာခဲ့သည်...
လက်ပံသည်လေပြေတို့ကိုတွေ့သော် ပြာပြာ
ယာယာနှင့်အိမ်ထဲဝင်ပြေးသွားသည်...
ဒေါ်ကြွယ်ကဘဲ မဟာနှင့်လေပြေတို့ကို တံခါး
ဖွင့်ပေးပေးလေသည်...
" သမီးလေပြေ...အဆင်ပြေရဲ့လား...
နေကောင်းသွားပြီးလား..."
" ဟုတ်ကြီးကြွယ်..."
" ဒါနဲ့ မေမေတို့ရော..."
" သခင်မကြီးနဲ့သခင်ကြီးက နေသိပ်မကောင်း
လို့အပြင်မှာ မုန့်သွားစားကြတယ်...ခဏနေရင်
ပြန်လာမှာပါ..."
" ဟုတ်ကြီးကြွယ် "
အိမ်ထဲရောက်သော် မဟာသည်ဆိုဖာပေါ်တွင်ထိုင်ပြီးလေပြေအား...
" Babe လာထိုင်လေး..."
" ဟုတ်ကဲ့ ဦး..."
မဟာသည် ဒေါ်ကြွယ် ဘက်လှည့်ကာ...
" ဒေါ်ကြွယ်ကျနော် စုံစမ်းခိုင်းတာ ဘယ်လိုလဲ..."
ဒေါ်ကြွယ်သည်...မျက်နှာပျက်ကာ မျက်ရည်များစီးကျရင်း...
" သခင်လေး...ဒေါ်ကြွယ်တောင်းပန်ပါတယ်..."
" ဒေါ်ကြွယ်... ဘာကိစ္စကျွန်တော့်ကိုတောင်းပန်
နေတာလဲ..."
" ဒေါ်ကြွယ်လေး...ဒေါ်ကြွယ်အဆုံးမ မကောင်း
လို့အခုလိုဖြစ်တာပါ...ခွင့်လွှတ်ပေးပါသခင်လေးရယ်..."
" ကျွန်တော်ကဘာကိစ္စမှန်းမသိဘဲနဲ့ဘာကို
ခွင့်လွှတ်ရမှာလဲ..."
" သမီးလေပြေ ကိုယ်ဝန်ပျက်ကျရတာ...
လက်ပံကြောင့်ပါ...ခွင့်လွှတ်ပေးပါသခင်လေးရယ် "
" ဘယ်လို...လက်ပံကြောင့်ဟုတ်လား...
ဒါတော့ နားလည်ပေးပါ ဒေါ်ကြွယ်...
ဒီကိစ္စကအသက်အန္တရာယ် ပါတတ်တဲ့
အခြေအနေဆိုတာ ဒေါ်ကြွယ်လဲသိပါမှာ...
ဒါကြောင့် လက်ပံကို ကျနော် အပြစ်ပေးရလိမ့်
မယ်...လက်ပံအခုဘယ်မလဲ..."
လက်ပံသည်...ဟားတိုက်ပြီး ဝက်လာခဲ့သည်...
" ဟားဟားဟားး ဘယ်လိုလဲအခုသိသွားတော့
ကျေနပ်သွားပြီးလား..."
မဟာသည်ခါးထောက်ပြီးလက်ပုံကို
" မင်းအခုလိုလုပ်ရလို့သိပ်ပျော်သွားလား..."
" သိပ်ပျော်တာပေါ့...အရမ်းပျော်တယ်...
လေပြေအခု ကလေးမရှိတော့ သခင်လေးက
လေပြေ့ကိုစွန့်လွှတ်တော့မယ်မဟုတ်လား..."
" စွန့်ပစ်ရအောင် လေပြေညှင်းဆိုတဲ့မိန်းကလေး
က လိုရင်သုံးတဲ့ကော်ရုပ်မ မှမဟုတ်တာ...
ငါကိုယ်တိုင် ရွေးပြီးလက်ထပ်ထားခဲ့တာလေး
သိပ်ချစ်လို့တရားဝင်ဇနီးဖြစ်လာတာပေါ့..."
" အဲ့တာတွေမသိချင်ဘူး...သခင်လေးလေပြေကိုစွန့်လွှတ်ရမယ်. . .သခင်လေးပျော်ရွှင်တဲ့
ရင်ခွင်က လက်ပံရဲ့ရင်ခွင်ဘဲ ဖြစ်ရမယ်..."
" မင်းတော်တော်ကို ရူးသွားပြီး လက်ပံ..."
" ဟုတ်တယ်...သိပ်ချစ်ခဲ့မိလို့ရူးသွားတာ...
သခင်လေးကိုချစ်လွန်းလို့ ..."
" တော်စမ်းပါ...အစေခံတွေအားလုံးအားထောင်
လက်ပံကိုဒီနေ့ဒီအချိန်ကစပြီး ဒီခြံအီအိမ်အရိပ်
မနင်းမိစေနဲ့...ဆွဲထုတ်သွားကြ..."
" ဟားဟား...ဟား...သခင်လေး...မလုပ်ပါနဲ့ .
လက်ပံလေး...အရမ်းချစ်မိနေလို့ပါနော..
မလုပ်ပါနဲ့ ..."
အရူးတစ်ယောက်လိုအော်ရယ်ပြီး တောင်းပန်ပြန်သည်...လက်ပုံကိုအစေခံများခြံအရှေ့တွင်
ထုတ်ပစ်ပြီခြံတံခါးကိုပိတ်ထားလိုက်လေသည်...မဟာသည်ဒေါ်ကြွယ်ဘက်လှည့်ကာ
" ဒေါ်ကြွယ်...ကျနော့်ကို လွန်တယ်လို့ထင်သွားပြီးလား..."
" မထင်ဘူးသခင်လေး...ဒေါ်ကြွယ်မထင်ပါဘူး
အမှန်ဆို လက်ပံကိုတရားစွဲလို့ရရဲ့သားနဲ့အခုလို
သက်ညှာပေးတာနဲ့တင်ဒေါ်ကြွယ်ကျေနပ်နေပါပြီး..."
" ကဲဒေါ်ကြွယ်ဘာမှစိတ်ထဲမထားပါနဲ့...
ဒီနေ့ကစပြီးဒေါ်ကြွယ်ဘာမှလုပ်စရာမလိုတော့ပါဘူး...အသက်လဲကြီးနေပြီးလေး...
ဒါကြောင့်အနားယူပါ..."
" မဟုတ်တာဒေါ်ကြွယ်လုပ်နိုင်ပါသေးတယ်...
ဒေါ်ကြွယ်ကိုအလုပ်မထုတ်ပါနဲ့နော..."
မဟာပြုံးကာ ဒေါ်ကြွယ်အနားကပ်ပြီး
" ဒေါ်ကြွယ်ရယ်...အလုပ်မလုပ်ရဘူးဆိုတာက
ဒီအိမ်မှာဘာမှလုပ်စရာမလိုပါဘူးဗျာ...
ကျနော့်မိန်းမအနားမှာဘဲနေပေး...ဒီအလုပ်တော့လုပ်ပေးပေါ့...အရင်လို သောက်တိုမယ်ရတွေမလုပ်ပါနဲ့..."
" ကျေးဇူးအများကြီးတင်ပါတယ်သခင်လေးရယ်..."
" မဟုတ်တာ...ကျနော်တို့ပြန်နားလိုက်ဦးမယ်နော...လေပြေလဲနေသိပ်မကောင်းသေးဘူးဆိုတော့..."
" ဟုတ်ကဲ့သခင်လေး...ဒီညနေစာဘာစားမလဲ..."
" အရင်လိုမဟုတ်တော့ပါဘူးဗျာ...ဒေါ်ကြွယ်ကြိုက်တာချက် ကျနော်စားပါတယ်...ကျနော်လဲ
လူထဲကလူမို့လို့...သူများတွေလိုကြုံရာစားတော့မယ်..."
တကယ်ပါသခင်လေးပြောင်းလဲသွားခဲ့ပြီး...
အရင်က ဟိုဟာမချက်နဲ့ဒီဟာမချက်နဲ့သခင်လေးက အခုဆို ဘာမဆို စားမယ်ဆိုဘဲ...
သုံးလကြာသော်...လေပြေသည် ခြံထဲမှပန်းကောက်နေရင်း...
" ဟိတ်ကလေးမ..."
" အမေ့...ဟားဦး လန့်သွားတာဘဲ...
ဘာလဲ ပေးမကောက်ဘူးလား..."
" မဟုတ်ရပါဘူးဗျာ...ဒီပန်းတွေကိုအဲ့လောက်သဘောကျတာလား..."
လေပြေသည်ပြုံးကာ
" 😊😊 ဦးလောက်သဘောမကျပါဘူး...ပန်းတိုင်းကို သဘောကျတာမိန်းကလေးသဘာဝပါ
နော...ဒါပေမဲ့ ယောက်ျားလေးတိုင်းကို ချစ်တာကမိန်းကလေးသဘာဝမဟုတ်ဘူးဦးရဲ့..."
" အမယ်..စကားတွေသိပ်တတ်နေပါလား...
အဟွန်း...အရမ်းစကားတွေတတ်နေတဲ့ဒီနှုတ်ခမ်းတွေကိုအပြစ်ပေးရတော့မယ်ထင်တယ်...😂😂"
" အယ်လူယုတ်မာအသံကြီးနဲ့ရယ်နေတယ်တော့..."
" ဟားအဲ့လိုဘဲကိုယ့်ယောက်ျားကိုပြောရသလား
စိတ်မရှည်ရင်ဒီမှာတင်..မူစကူဒူး🌚သွားမယ်နော..."
" ကြာသလားလို့..."
ထိုသို့ဆိုပြီးလေပြေသည်မဟာကိုလျှာထုတ်ပြောင်ပြရင်းပတ်ပြေးလေသည်...
" မိလို့ကတော့နော...အဟွန့်..."
" ဗလက်...ဗလက်😝😝"
သည်ဇနီးမောင်နှံဘဝကတော့ အေးချမ်းသွားခဲ့လေပြီးလေး...
ပြီးပါပြီး...
လူဘဝကတိုတောင်းသည်...
ပေးချင်သည့် Message က တစ်ဦးနှင့်တစ်ဦး
မချစ်ဘဲ ယူခဲ့ရင် အညိုးတွေမထားပါနဲ့...
အတိတ်ကိုအတိတ်မှာချန်ထားပြီး...လက်ရှိ
ကို့လင်ကို့မယားကို မေတ္တာတွေပေးစေချင်တယ်...ဒါဆိုမချစ်ဘဲယူထားရင်အချိန်ကြာလာရင်တော့ သံယောစဥ်ဆိုတဲ့ကြိုးက တွယ်လာခဲ့မှာပါ...
အားပေးတဲ့တစ်ယောက်ချင်းဆီတိုင်း
စိတ်၏ကျန်းမာခြင်းကိုယ်၏ကျန်းမာခြင်းနှင့်
ပြည့်စုံကြပါစေ...
စာဖတ်သူများကို အစဥ်လေးစားလျက်...
Author - Dïvęl 🖤🖤
Zawgyi...
Dark ( or )မုဆိုးဖို
Final Part
ပါ..."
" အာ့........"
ရင်ထိပ်သွားရသည်...
" သမီး..."
သမီးးလေပြေ..."
" ဘာ..."
ကြောင်၍ကြည့်နေလေသည်...
ဖြစ်နေတယ်..."
" Hello ဒေါ်ကြွယ်လား...📞"
" ကျေးဇူးပါဗျာ..."
" ဦး..."
" Babe... သတိရလာပြီးလား..."
" ဟုတ်...ရေသောက်ချင်တယ်..."
" အင်းကိုခပ်ပေးမယ်နော..."
" ဖြည်းဖြည်း သောက်နော..."
" မေးလေး..."
ယူမယ်လေးနော...နော Babe..."
Babe..."
"ဘာလို့..."
"လူညစ်ပတ်ကြီး..."
" ဟွန့်..."
မလား..."
" အင်းပါ..."
ဖွင့်ပေးပေးလေသည်...
နေကောင်းသွားပြီးလား..."
" ဟုတ်ကြီးကြွယ်..."
" ဒါနဲ့ မေမေတို့ရော..."
ပြန်လာမှာပါ..."
" ဟုတ်ကြီးကြွယ် "
" Babe လာထိုင်လေး..."
" ဟုတ်ကဲ့ ဦး..."
နေတာလဲ..."
ခွင့်လွှတ်ရမှာလဲ..."
မယ်...လက်ပံအခုဘယ်မလဲ..."
ကျေနပ်သွားပြီးလား..."
မလုပ်ပါနဲ့ ..."
ဒါကြောင့်အနားယူပါ..."
" ဟိတ်ကလေးမ..."
ဘာလဲ ပေးမကောက်ဘူးလား..."
လေပြေသည်ပြုံးကာ
" ကြာသလားလို့..."
" ဗလက်...ဗလက်😝😝"
ပြီးပါပြီး...
လူဘဝကတိုတောင်းသည်...
ပြည့်စုံကြပါစေ...
Author - Dïvęl 🖤🖤