အသက်တည်ရာ

By Katatrihnin

18.1K 603 15

Myanmar/GL (Unicode/Zawgyi) More

🦋
(၁)
(၂)
(၃)
(၄)
(၅)
(၆)
(၇)
(၈)
(၉)
(၁၀)
(၁၁)
(၁၂)
(၁၃)
(၁၄)
(၁၅)
(၁၆)
(၁၇)
(၁၈)
(၁၉)
(၂၀)
(၂၁)
(၂၂)
(၂၃)
(၂၄)
(၂၅)
(၂၇)
(၂၈)
(၂၉)
(၃၀)
(၃၁)
(၃၂)
(၃၃)
(၃၄)
(၃၅)
🎀

(၂၆)

313 13 0
By Katatrihnin

Unicode [အပိုင်း-၂၆]

"ဟဲ့ ​သော်တာ ညစာစားပွဲနင်လာမှာလား"

"ငါမအား​လောက်ဘူးဟ မလာနိုင်​လောက်​တော့ဘူး ဒီနှစ်​တော့သူငယ်ချင်းရယ်ခွင့်လွှတ်ပါ"

"အမ​လေးရပါတယ်​ ဒါဆိုငါသွားပြီ​နော် ဝဒီငါသွားပြီ​​နော်"

"​အေး တာ့တာ"

နှုတ်ဆက်ကာ ကား​ပေါ်တက်သွားသည်၊​သော်တာနှင့်သက်နှင်းက​တော့ အိမ်တံခါးဝ၌ရပ်ကာ နှုတ်ဆက်ပြီး အိမ်ထဲပြန်ဝင်လာလိုက်သည်။သက်နှင်းလက်ထဲမှဖုန်းအသံမြည်လာ​တော့ သက်နှင်းက ခဏဆိုပြီးအပြင်ဘက်ထွက်သွားသည်။အခါတိုင်းဆိုလျှင် ထိုသို့လုပ်​လေ့လုပ်ထမရှိ သက်နှင်းနှင့်သူ့အကြား ဘာလျှို့ဝှက်ချက်မှမရှိ အခုတစ်​လောသက်နှင်းမှာ လျှို့ဝှက်တာ​တွေများလာသည်၊အထူးသဖြင့် ဖုန်းနှင့်ပတ်သတ်လျှင်။

"ဘယ်သူဆက်တာလည်း"

"အင်း ​အော်ဟို အိမ်​ဘေးကအမကြီးပါ"

"ဟုတ်လား လာလာ အိမ်ထဲဝင်​တော့​အေးတယ်"

______

သူတို့နှစ်​ယောက်စလုံး​မျှော်လင့်​နေကြတဲ့ ခရစ်စမတ်ည​လေး​ရောက်ရှိလိုလာသည်၊​သော်တာက​တော့ အ​ပျော်အ​နေဖြင့်သစ်ပင်​လေးတစ်ပင်ဝယ်ကာ အလှမီး​လုံး​တွေချိတ်လျက်၊သက်နှင်းက​တော့ စားဖို့ဟင်းလျာအနည်းငယ်ပြင်ဆင်​နေသည်။

"​မွှေး​နေတာပဲ..ဘာ​တွေချက်​နေတာလည်း"

"ငါလားမချက်ပါဘူး ကင်​နေတာ နင့်အကြိုက်ဝက်ဂုတ်သား​တွေ​လေ"

"ဟုတ်လား​ ​ယေး.."

ခါးကျနအလွယ်တကူ​လေးပင်​ကောက်မ လိုက်ချိန်

"ဟဲ့ဟဲ့ ငါ့ပြန်ချဦး"

  ​သော်တာရဲ့လက်ကိုရိုက်ပုတ်ချသည်။

"အ​ရှေ့မှာ​စောင့်​နေငါလာမယ်.."

​သော်တာအ​ရှေ့ကို​ရောက်သွား​တော့ သူကအကင်ပန်းကန်၂ချပ်နှင့်အတူအ​ရှေ့​ရောက်လာသည်။​သက်နှင်းကပန်းကန်​တွေကိုချပြီးဖုန်းလာတာ​ကြောင့် ဖုန်းကိုအ​ပြေးကိုင်ကာ အိမ်​ရှေ့သို့ထွက်သွားသည်၊ခဏ​ကြာ​တော့မှပြန်ဝင်လာသည်၊သူဝင်လာ​တော့ လက်မှာအထုပ်ကြီးနှင့်လက်​ဆောင်ပုံစံမျိုးဖြစ်သည်။

"အဲ့တာဘာကြီးလည်း ဘယ်သူလာ​ပေးတာလည်း"

"​ရော့ နင့်အတွက်"

အ​ရှေ့သို့ဘူးတိုး​ပေးသည်။သူလည်း သက်နှင်းကိုတစ်ချက်ကြည့်လိုက်​တော့ ​ရော့ ဆိုသည့်ပုံစံနှင့်အ​ရှေ့ထပ်တိုး​လာသည်။သူယူလိုက်ပြီး စက္ကူစ​တွေကိုတစ်ဖြည်းဖြည်းချင်းဖယ်ကာ ဖွင့်လိုက်​တော့ ​သော်တာရဲ့စတ္တုထတန်းနှစ်က​တည်းက​ပျောက်​နေသည့် ဒိုင်ယာရီစာအုပ်ဖြစ်သည်၊စာအုပ်မှာလည်းပုံစံမပျက်တည်ရှိ​နေသည်၊သူအလွန်အံ့သြသွားရသည် သက်နှင်းက ၅နှစ်တာလုံးလုံးထိုစာအုပ်ကိုသိမ်းထားသည်တဲ့လား။

"ငါအဲ့စာအုပ်ကို ငါ​ကျောင်းဝင်းထဲမှာ​တွေ့တာ ငါ​ကောက်​တွေ့​တော့နင့်နာမည်နဲ့​လေ နင်နဲ့ငါကအဲ့တုန်းကသိပ်မခင်​တော့ငါမ​​ပေးမိ ​နောက်​တော့ငါဖတ်ကြည့်လိုက်တယ် နင်ကအဲ့လိုအရွယ်​လေးနဲ့ နင့်ခံစားချက်​တွေ​ရေးထားတာ ငါမြင်​တော့ ငါအဲ့ကတည်းက​တော်​တော်နင်နဲ့ခင်ချင်သွားတာ ငါနင့်ကို​ကောင်း​စေချင်တယ်​လေ အဲ့တာ​ကြောင့် ငါဒီနှစ်မှာလည်း​ပြောရရင်နင်ရန်ဖြစ်တိုင်းငါရှိတယ် ငါအမှန်တရားကို​ပြောပြချင်​ပေမယ့် အဆင်မ​ပြေဘူး ဒါ​ပေမယ့်လည်းငါမရရ​အောင် နင့်အနားလာခဲ့တာပဲ ငါ​နောက်မကျဘူးမလား"

"​နောက်မကျပါဘူး ​နောက်ကျစရာလား ​စော​တောင်​စော​နေမလား အသက်ရာ.."

"စာအုပ်ဖတ်ကြည့်တာစိတ်​တော့မဆိုးရဘူး​နော်"

ဆိုးစရာလားဟုအကြည့်တပးလိုက်​တော့ အပြုံးဖြင့်တုံ့ပြန်မှု။သူတို့နှစ်​​ယောက်ခရစ်စမတ်ညချမ်း​လေးကို​တော့ ​အေး​အေးလူလူဖြတ်​ကျော်လာခဲ့သည်၊​နောက်​​နေ့ရောက်​တော့လည်း သက်နှင်းနှင့်အတူ တန်ဖိုးရှိရှိအချိန်​တွေဖြုန်းသည်၊နှစ်သစ်မကူးခင် အချိန်​တွေကိုတန်ဖိုးထားရမည်လား။

______

​"​သော်တာ နှစ်သစ်​တောင်ကူး​တော့မယ် ငါတို့ဒီ​နေ့က ဒီနှစ်ရဲ့​နောက်ဆုံး​နေ့​လေး​နော်"

"ဟုတ်တယ်"

ပြတင်း​ပေါက်နား၌မျက်နှာချင်းဆိုင်ရပ်ပြီး ​ဘောင်ကိုမှီထားသည်၊​ကောင်းကင်မှာလည်း​မှောင်​​ရေသွန်းသွားပြီ၊နှစ်သစ်ကူးရန် မိနစ်၂၀အလို။

"နှစ်သစ်မကူးခင်ငါ့ကိုဘာ​ပြောချင်လည်း ​​အသက်"

"မရှိပါဘူး နင်ရော"

"အင်းမရှိဘူးလား ငါ ငါလည်းမရှိပါဘူး"

"ငါတို့အပြင်သွားမလား ကန်​ဘောင်သွားမယ်လာ မှီ​သေးတယ်"

အိမ်တံခါး​တွေကိုအမြန်ပိတ်ကာ အ​ပေါ်အ​နွေးထည်ဟူဒီ​တွေကိုသာဆွဲယူလာလိုက်ပြီး ကန်​ဘောင်ဘက်သို့​ခြေဦးတည်လာသည်၊သူတို့​ရောက်​တော့ ၅မိနစ်သာကျန်​တော့သည်။ဆိုင်ကယ်ကိုကန်​ဘောင်နား၌ရပ်လိုက်၏၊ကန်​ဘောင်တွင်လည်း လူ​တွေစီလို့​နေ​လေသည်၊တစ်ချို့မှာလည်း အတွဲ သမီးရည်းစား​တွေ၊တစ်ချို့ကြ​တော့လည်း ကားနှင့်လာကြသည့်မိသားစု​တွေ၊တစ်ချို့မှာလည်း ဂီတာ​တွေဖြင့်သံစဥ်​တွေတီးခတ်ရင်း နှစ်သစ်ကို​စောင့်​မျှော်​နေကြ​သော သူငယ်ချင်းတစ်စု​တွေ ​နေရာအနှံ့၌​တွေ့မြင်​နေရသည်၊အချို့လူ​တွေမှာလည်း မီးရှူးမီးပန်း​တွေပါလာကြသည်၊​သော်တာတို့က​တော့ ဘာမှမယူလာမိ လူများလို့ဆိုပြီး ​နေရာ​​ရွှေ့ကာ ကန်​ဘောင်​အောက်ဘက်လမ်း၌သာသွားရပ်လိုက်သည်၊ထို​နေရာတွင်​တော့လူသူရှင်းပါးသည်။​လူ​တွေမှာလည်းနံပါတ်​တွေစတင်​ရေတွက်လို့​နေ​လေပြီ။

"၁၀၊၉၊၈၊၇၊၆၊၅၊၄၊၃၊၂၊၁..ဟက်ပီးနယူးရီးယား...!!!"

လူ​တွေ၏အုံးအုံးကျွတ်ကျွတ်​အော်သံ​တွေကြားလာပြီး မီးပန်း​တွေ​ရောင်စုံစတင်လွှတ်လိုက်ကြသည်။ထိုအချိန် သက်နှင်းက​တော့ဆိုင်ကယ်ကိုလက်​ထောက်ထားက အ​ပေါ်သို့​မော့ကြည့်​နေပြီး။

"ဟက်ပီးနယူးရီးယား ​သော်တာ"

"အင်း ဟက်ပီးနယူးရီးယား အသက်"

သက်နှင်းရဲ့အလှမှာမီးပန်း​တွေမှ​ရောင်ပြန်ဟပ်သည့်အလင်း​ရောင်​တွေ​ကြောင့်ပို၍ထင်​ပေါ်လို့​နေ​လေသည်။

"အသက် ငါနင့်ကို.."

"​နေပါဦး မီးပန်း​တွေကအခုမှစတက်တာ သူတို့အသံ​တွေအရင်နား​ထောင်ပါဦး"

"အင်း..ငါအသက်ကိုသ​ဘောကျတယ်"

"ငါလည်းသ​ဘောကျပါတယ်နင့်ကို"

"မဟုတ်ဘူး အသက် ငါချစ်တာ ငါမြတ်နိုးတာ မိန်းက​လေး​တွေကိုစိတ်မဝင်စားတဲ့ငါက အသက်​တစ်​ယောက်တည်းကိုပဲမြတ်နိုးမိသွားတာ အသက်ဘယ်လိုမြင်မလည်းတော့မသိ.."

ဆယ်​ကျော်သက်အရွယ်ရဲ့ပထမဦးဆုံး​သော ထိ​တွေ့မှုအရသာ..။လူ​တွေတက်မက်စွဲလမ်းကြတာထိုအရာလား..ချိုမြိန်တဲ့အရသာ..နှုတ်ခမ်းခြင်းထိ​တွေ့မှုက ​ကြောက်ဖို့​ကောင်းတယ်လို့ထင်​ပေမယ့် ထင်တဲ့အတိုင်း​ကြောက်ဖို့​ကောင်းပါလား..​သောက်​လေဆာ​လေ ​ရေတစ်ခွက်လိုပါပဲ။

"ငါလည်းနင့်ကိုချစ်တယ်သ​ဘောကျတယ်​သော်တာ"

"ဒါ​ပေမယ့် ငါတို့ဖြစ်နိုင်ရဲ့လား အသက် ငါကအသက်ထင်သလို မရင့်ကျက်​သေးဘူး"

​သော်တာရဲ့ပါးပြင်နှစ်ဖက်တွင်သက်နှင်းရဲ့လက်နှစ်ဖက်​နေရာယူထားသည်။

"ငါတို့အဆင်​ပြေမှာပါ​နော်..ဒါ​ပေမယ့် ငါတို့အခုကတစ်​ယောက်ကိုတစ်​ယောက်ဖွင့်ဟ ဝင်ခံရုံသက်သက်ငါတို့အဆင်သင့်မဖြစ်​သေးတာ နင်လည်းသိမှာပါ​နော်"

"ငါသိတယ် ငါသိတယ် ငါနင့်ကိုလက်မလွှတ်​တော့ဘူး​နော် အသက်"

​သော်တာရဲ့မျက်နှာမှာသက်နှင်းရဲ့ပခုံးထက်သို့အပ်လိုက်သည်၊တင်းကျပ်​နေ​အောင်လည်း ဖက်ထား​သေးသည်၊သက်နှင်းလည်း မလွှတ်တမ်းပြန်ဖတ်ထားမိ​လေသည်။​ကောင်မ​လေးနှစ်​​ယောက်ရဲ့ချစ်ခြင်းလှပတဲ့နှစ်သစ်ကူးပန်းချီကားတစ်ချပ်မှာ ​ဆေး​ရောင်​တွေစုံ​နေလျက်တည်ရှိသွားသည်။ပန်းချီကားတစ်ချပ်ဖုန်မတက်သွား​အောင် ​သေ​သေချာချာထိန်းသိမ်းဖို့သာကျန်​တော့သည်။

[20:33][23.4.2024]

စာဖတ်သူတစ်ဦးချင်းစီကို​ကျေးဇူးတင်ပါသည်။

-ကတ္တရီနှင်း

Zawgyi [အပိုင္း-၂၆]

"ဟဲ့ ​ေသာ္တာ ညစာစားပြဲနင္လာမွာလား"

"ငါမအား​ေလာက္ဘူးဟ မလာႏိုင္​ေလာက္​ေတာ့ဘူး ဒီႏွစ္​ေတာ့သူငယ္ခ်င္းရယ္ခြင့္လႊတ္ပါ"

"အမ​ေလးရပါတယ္​ ဒါဆိုငါသြားၿပီ​ေနာ္ ဝဒီငါသြားၿပီ​​ေနာ္"

"​ေအး တာ့တာ"

ႏႈတ္ဆက္ကာ ကား​ေပၚတက္သြားသည္၊​ေသာ္တာႏွင့္သက္ႏွင္းက​ေတာ့ အိမ္တံခါးဝ၌ရပ္ကာ ႏႈတ္ဆက္ၿပီး အိမ္ထဲျပန္ဝင္လာလိုက္သည္။သက္ႏွင္းလက္ထဲမွဖုန္းအသံျမည္လာ​ေတာ့ သက္ႏွင္းက ခဏဆိုၿပီးအျပင္ဘက္ထြက္သြားသည္။အခါတိုင္းဆိုလွ်င္ ထိုသို႔လုပ္​ေလ့လုပ္ထမရွိ သက္ႏွင္းႏွင့္သူ႔အၾကား ဘာလွ်ိဳ႕ဝွက္ခ်က္မွမရွိ အခုတစ္​ေလာသက္ႏွင္းမွာ လွ်ိဳ႕ဝွက္တာ​ေတြမ်ားလာသည္၊အထူးသျဖင့္ ဖုန္းႏွင့္ပတ္သတ္လွ်င္။

"ဘယ္သူဆက္တာလည္း"

"အင္း ​ေအာ္ဟို အိမ္​ေဘးကအမႀကီးပါ"

"ဟုတ္လား လာလာ အိမ္ထဲဝင္​ေတာ့​ေအးတယ္"

______

သူတို႔ႏွစ္​ေယာက္စလုံး​ေမွ်ာ္လင့္​ေနၾကတဲ့ ခရစ္စမတ္ည​ေလး​ေရာက္ရွိလိုလာသည္၊​ေသာ္တာက​ေတာ့ အ​ေပ်ာ္အ​ေနျဖင့္သစ္ပင္​ေလးတစ္ပင္ဝယ္ကာ အလွမီး​လုံး​ေတြခ်ိတ္လ်က္၊သက္ႏွင္းက​ေတာ့ စားဖို႔ဟင္းလ်ာအနည္းငယ္ျပင္ဆင္​ေနသည္။

"​ေမႊး​ေနတာပဲ..ဘာ​ေတြခ်က္​ေနတာလည္း"

"ငါလားမခ်က္ပါဘူး ကင္​ေနတာ နင့္အႀကိဳက္ဝက္ဂုတ္သား​ေတြ​ေလ"

"ဟုတ္လား​ ​ေယး.."

ခါးက်နအလြယ္တကူ​ေလးပင္​ေကာက္မ လိုက္ခ်ိန္

"ဟဲ့ဟဲ့ ငါ့ျပန္ခ်ဦး"

  ​ေသာ္တာရဲ႕လက္ကို႐ိုက္ပုတ္ခ်သည္။

"အ​ေရွ႕မွာ​ေစာင့္​ေနငါလာမယ္.."

​ေသာ္တာအ​ေရွ႕ကို​ေရာက္သြား​ေတာ့ သူကအကင္ပန္းကန္၂ခ်ပ္ႏွင့္အတူအ​ေရွ႕​ေရာက္လာသည္။​သက္ႏွင္းကပန္းကန္​ေတြကိုခ်ၿပီးဖုန္းလာတာ​ေၾကာင့္ ဖုန္းကိုအ​ေျပးကိုင္ကာ အိမ္​ေရွ႕သို႔ထြက္သြားသည္၊ခဏ​ၾကာ​ေတာ့မွျပန္ဝင္လာသည္၊သူဝင္လာ​ေတာ့ လက္မွာအထုပ္ႀကီးႏွင့္လက္​ေဆာင္ပုံစံမ်ိဳးျဖစ္သည္။

"အဲ့တာဘာႀကီးလည္း ဘယ္သူလာ​ေပးတာလည္း"

"​ေရာ့ နင့္အတြက္"

အ​ေရွ႕သို႔ဘူးတိုး​ေပးသည္။သူလည္း သက္ႏွင္းကိုတစ္ခ်က္ၾကည့္လိုက္​ေတာ့ ​ေရာ့ ဆိုသည့္ပုံစံႏွင့္အ​ေရွ႕ထပ္တိုး​လာသည္။သူယူလိုက္ၿပီး စကၠဴစ​ေတြကိုတစ္ျဖည္းျဖည္းခ်င္းဖယ္ကာ ဖြင့္လိုက္​ေတာ့ ​ေသာ္တာရဲ႕စတၱဳထတန္းႏွစ္က​တည္းက​ေပ်ာက္​ေနသည့္ ဒိုင္ယာရီစာအုပ္ျဖစ္သည္၊စာအုပ္မွာလည္းပုံစံမပ်က္တည္ရွိ​ေနသည္၊သူအလြန္အံ့ၾသသြားရသည္ သက္ႏွင္းက ၅ႏွစ္တာလုံးလုံးထိုစာအုပ္ကိုသိမ္းထားသည္တဲ့လား။

"ငါအဲ့စာအုပ္ကို ငါ​ေက်ာင္းဝင္းထဲမွာ​ေတြ႕တာ ငါ​ေကာက္​ေတြ႕​ေတာ့နင့္နာမည္နဲ႔​ေလ နင္နဲ႔ငါကအဲ့တုန္းကသိပ္မခင္​ေတာ့ငါမ​​ေပးမိ ​ေနာက္​ေတာ့ငါဖတ္ၾကည့္လိုက္တယ္ နင္ကအဲ့လိုအ႐ြယ္​ေလးနဲ႔ နင့္ခံစားခ်က္​ေတြ​ေရးထားတာ ငါျမင္​ေတာ့ ငါအဲ့ကတည္းက​ေတာ္​ေတာ္နင္နဲ႔ခင္ခ်င္သြားတာ ငါနင့္ကို​ေကာင္း​ေစခ်င္တယ္​ေလ အဲ့တာ​ေၾကာင့္ ငါဒီႏွစ္မွာလည္း​ေျပာရရင္နင္ရန္ျဖစ္တိုင္းငါရွိတယ္ ငါအမွန္တရားကို​ေျပာျပခ်င္​ေပမယ့္ အဆင္မ​ေျပဘူး ဒါ​ေပမယ့္လည္းငါမရရ​ေအာင္ နင့္အနားလာခဲ့တာပဲ ငါ​ေနာက္မက်ဘူးမလား"

"​ေနာက္မက်ပါဘူး ​ေနာက္က်စရာလား ​ေစာ​ေတာင္​ေစာ​ေနမလား အသက္ရာ.."

"စာအုပ္ဖတ္ၾကည့္တာစိတ္​ေတာ့မဆိုးရဘူး​ေနာ္"

ဆိုးစရာလားဟုအၾကည့္တပးလိုက္​ေတာ့ အၿပဳံးျဖင့္တုံ႔ျပန္မႈ။သူတို႔ႏွစ္​​ေယာက္ခရစ္စမတ္ညခ်မ္း​ေလးကို​ေတာ့ ​ေအး​ေအးလူလူျဖတ္​ေက်ာ္လာခဲ့သည္၊​ေနာက္​​ေန႔ေရာက္​ေတာ့လည္း သက္ႏွင္းႏွင့္အတူ တန္ဖိုးရွိရွိအခ်ိန္​ေတြျဖဳန္းသည္၊ႏွစ္သစ္မကူးခင္ အခ်ိန္​ေတြကိုတန္ဖိုးထားရမည္လား။

______

​"​ေသာ္တာ ႏွစ္သစ္​ေတာင္ကူး​ေတာ့မယ္ ငါတို႔ဒီ​ေန႔က ဒီႏွစ္ရဲ႕​ေနာက္ဆုံး​ေန႔​ေလး​ေနာ္"

"ဟုတ္တယ္"

ျပတင္း​ေပါက္နား၌မ်က္ႏွာခ်င္းဆိုင္ရပ္ၿပီး ​ေဘာင္ကိုမွီထားသည္၊​ေကာင္းကင္မွာလည္း​ေမွာင္​​ေရသြန္းသြားၿပီ၊ႏွစ္သစ္ကူးရန္ မိနစ္၂၀အလို။

"ႏွစ္သစ္မကူးခင္ငါ့ကိုဘာ​ေျပာခ်င္လည္း ​​အသက္"

"မရွိပါဘူး နင္ေရာ"

"အင္းမရွိဘူးလား ငါ ငါလည္းမရွိပါဘူး"

"ငါတို႔အျပင္သြားမလား ကန္​ေဘာင္သြားမယ္လာ မွီ​ေသးတယ္"

အိမ္တံခါး​ေတြကိုအျမန္ပိတ္ကာ အ​ေပၚအ​ေႏြးထည္ဟူဒီ​ေတြကိုသာဆြဲယူလာလိုက္ၿပီး ကန္​ေဘာင္ဘက္သို႔​ေျခဦးတည္လာသည္၊သူတို႔​ေရာက္​ေတာ့ ၅မိနစ္သာက်န္​ေတာ့သည္။ဆိုင္ကယ္ကိုကန္​ေဘာင္နား၌ရပ္လိုက္၏၊ကန္​ေဘာင္တြင္လည္း လူ​ေတြစီလို႔​ေန​ေလသည္၊တစ္ခ်ိဳ႕မွာလည္း အတြဲ သမီးရည္းစား​ေတြ၊တစ္ခ်ိဳ႕ၾက​ေတာ့လည္း ကားႏွင့္လာၾကသည့္မိသားစု​ေတြ၊တစ္ခ်ိဳ႕မွာလည္း ဂီတာ​ေတြျဖင့္သံစဥ္​ေတြတီးခတ္ရင္း ႏွစ္သစ္ကို​ေစာင့္​ေမွ်ာ္​ေနၾက​ေသာ သူငယ္ခ်င္းတစ္စု​ေတြ ​ေနရာအႏွံ႔၌​ေတြ႕ျမင္​ေနရသည္၊အခ်ိဳ႕လူ​ေတြမွာလည္း မီးရႉးမီးပန္း​ေတြပါလာၾကသည္၊​ေသာ္တာတို႔က​ေတာ့ ဘာမွမယူလာမိ လူမ်ားလို႔ဆိုၿပီး ​ေနရာ​​ေ႐ႊ႕ကာ ကန္​ေဘာင္​ေအာက္ဘက္လမ္း၌သာသြားရပ္လိုက္သည္၊ထို​ေနရာတြင္​ေတာ့လူသူရွင္းပါးသည္။​လူ​ေတြမွာလည္းနံပါတ္​ေတြစတင္​ေရတြက္လို႔​ေန​ေလၿပီ။

"၁၀၊၉၊၈၊၇၊၆၊၅၊၄၊၃၊၂၊၁..ဟက္ပီးနယူးရီးယား...!!!"

လူ​ေတြ၏အုံးအုံးကြၽတ္ကြၽတ္​ေအာ္သံ​ေတြၾကားလာၿပီး မီးပန္း​ေတြ​ေရာင္စုံစတင္လႊတ္လိုက္ၾကသည္။ထိုအခ်ိန္ သက္ႏွင္းက​ေတာ့ဆိုင္ကယ္ကိုလက္​ေထာက္ထားက အ​ေပၚသို႔​ေမာ့ၾကည့္​ေနၿပီး။

"ဟက္ပီးနယူးရီးယား ​ေသာ္တာ"

"အင္း ဟက္ပီးနယူးရီးယား အသက္"

သက္ႏွင္းရဲ႕အလွမွာမီးပန္း​ေတြမွ​ေရာင္ျပန္ဟပ္သည့္အလင္း​ေရာင္​ေတြ​ေၾကာင့္ပို၍ထင္​ေပၚလို႔​ေန​ေလသည္။

"အသက္ ငါနင့္ကို.."

"​ေနပါဦး မီးပန္း​ေတြကအခုမွစတက္တာ သူတို႔အသံ​ေတြအရင္နား​ေထာင္ပါဦး"

"အင္း..ငါအသက္ကိုသ​ေဘာက်တယ္"

"ငါလည္းသ​ေဘာက်ပါတယ္နင့္ကို"

"မဟုတ္ဘူး အသက္ ငါခ်စ္တာ ငါျမတ္ႏိုးတာ မိန္းက​ေလး​ေတြကိုစိတ္မဝင္စားတဲ့ငါက အသက္​တစ္​ေယာက္တည္းကိုပဲျမတ္ႏိုးမိသြားတာ အသက္ဘယ္လိုျမင္မလည္းေတာ့မသိ.."

ဆယ္​ေက်ာ္သက္အ႐ြယ္ရဲ႕ပထမဦးဆုံး​ေသာ ထိ​ေတြ႕မႈအရသာ..။လူ​ေတြတက္မက္စြဲလမ္းၾကတာထိုအရာလား..ခ်ိဳၿမိန္တဲ့အရသာ..ႏႈတ္ခမ္းျခင္းထိ​ေတြ႕မႈက ​ေၾကာက္ဖို႔​ေကာင္းတယ္လို႔ထင္​ေပမယ့္ ထင္တဲ့အတိုင္း​ေၾကာက္ဖို႔​ေကာင္းပါလား..​ေသာက္​ေလဆာ​ေလ ​ေရတစ္ခြက္လိုပါပဲ။

"ငါလည္းနင့္ကိုခ်စ္တယ္သ​ေဘာက်တယ္​ေသာ္တာ"

"ဒါ​ေပမယ့္ ငါတို႔ျဖစ္ႏိုင္ရဲ႕လား အသက္ ငါကအသက္ထင္သလို မရင့္က်က္​ေသးဘူး"

​ေသာ္တာရဲ႕ပါးျပင္ႏွစ္ဖက္တြင္သက္ႏွင္းရဲ႕လက္ႏွစ္ဖက္​ေနရာယူထားသည္။

"ငါတို႔အဆင္​ေျပမွာပါ​ေနာ္..ဒါ​ေပမယ့္ ငါတို႔အခုကတစ္​ေယာက္ကိုတစ္​ေယာက္ဖြင့္ဟ ဝင္ခံ႐ုံသက္သက္ငါတို႔အဆင္သင့္မျဖစ္​ေသးတာ နင္လည္းသိမွာပါ​ေနာ္"

"ငါသိတယ္ ငါသိတယ္ ငါနင့္ကိုလက္မလႊတ္​ေတာ့ဘူး​ေနာ္ အသက္"

​ေသာ္တာရဲ႕မ်က္ႏွာမွာသက္ႏွင္းရဲ႕ပခုံးထက္သို႔အပ္လိုက္သည္၊တင္းက်ပ္​ေန​ေအာင္လည္း ဖက္ထား​ေသးသည္၊သက္ႏွင္းလည္း မလႊတ္တမ္းျပန္ဖတ္ထားမိ​ေလသည္။​ေကာင္မ​ေလးႏွစ္​​ေယာက္ရဲ႕ခ်စ္ျခင္းလွပတဲ့ႏွစ္သစ္ကူးပန္းခ်ီကားတစ္ခ်ပ္မွာ ​ေဆး​ေရာင္​ေတြစုံ​ေနလ်က္တည္ရွိသြားသည္။ပန္းခ်ီကားတစ္ခ်ပ္ဖုန္မတက္သြား​ေအာင္ ​ေသ​ေသခ်ာခ်ာထိန္းသိမ္းဖို႔သာက်န္​ေတာ့သည္။

[20:33][23.4.2024]

စာဖတ္သူတစ္ဦးခ်င္းစီကို​ေက်းဇူးတင္ပါသည္။

-ကတၱရီႏွင္း

Continue Reading

You'll Also Like

1.9M 29.4K 26
"ချိုမြိန်သောဇနီးဆိုးလေး" # စဆုံး ရပါပြီ #🔞🔞🔞 🔞အနည်းငယ်ပါတာမို့ မှောင်တာ ကြိုက်မှဖတ်ကြပါရှင့်😘
6M 158K 31
Mia Gibson and Hunter James were always meant to be. But dating the star quarterback that was destined to be in the NFL was not easy. Especially when...
1.1M 188K 118
Type - Web Novel Author - 冰块儿 (Little Ice Cube) Genre - Comedy, Drama, Romance, School life, Yaoi Chapter status - 114 chapters + 14 extras (complete...