"ဗုန်းးးးးး"
"အဲ့တာတွေကဘာတွေလဲ ဒီလိုအသုံးမကျတာတွေတင်ပြဖို့ မင်းရဲ့အချိန်တွေကိုအကုန်ခံနေတာလား"
စားပွဲပေါ်ပစ်တင်လိုက်တဲ့ဖိုင်တွဲကြောင့် အားလုံးခေါင်းမမော့ရဲကြ။တိတ်ဆိတ်နေတဲ့ Meeting Roomက သူ့ဒေါသတွေကိုသာ ပိုတိုးလာစေသည်။
"နောက်တစ်ပါတ်မှာ ပိုကောင်းတဲ့ရလာဒ်ကိုလိုချင်တယ် မလုပ်နိုင်ဘူးထင်ရင် အကုန်ထွက်ကြ"
ပြောရင်းထိုအခန်းမှထွက်လာခဲ့တော့ ကျောက်စက်ကနောက်မှပါလာသည်။ခြေလှမ်းကျယ်ကြီးတွေနောက် အပြေးအလွှားလိုက်နေသူက သူ့ဒေါသကိုသိ၍ ဘာမှပြောမလာ။
အခန်းထဲပြန်ရောက်တော့ အပေါ် Coatကိုချွတ်ကာ Sofaထက်ပစ်တင်ပစ်သည်။လူပါဝင်ထိုင်လိုက်ရင်း Shirtအင်္ကျီကြယ်သီးအပေါ်နှစ်လုံးဖြုတ်ပစ်လိုက်မှ စိတ်ကျဥ်းကြပ်မှုကအနည်းငယ်သက်သာသွားသည်။
"ကိုCean စားချင်တာတစ်ခုခုရှိလား နေ့လည်စာမစားရသေးဘူးမှတ်လား"
"ဘာမှမစားချင်ဘူး ခဏနေHorizon ဆီသွားမှာ သူနဲ့စားလိုက်မယ်"
"ညနေ Dinnerကိုရော ကိုCeanတက်ဖြစ်မှာလား"
"မတက်ဖြစ်လောက်ဘူး ငါ့အစားမင်းပဲသွားလိုက်တော့ ငါသွားစရာရှိသေးလို့ "
"ဟုတ်ကဲ့ အဲ့တာဆို ကျွန်တော်သွားတော့မယ်နော်"
"OK"
တစ်ယောက်တည်းကျန်ခဲ့တဲ့အခန်းထဲ တိတ်ဆိတ်ခြင်းတွေသာ ပြည့်နှက်နေသည်။တိတ်ဆိတ်မှုဆိုတာ အတွေးများစေဖို့အတွက် တွန်းအားတွေပါပဲ။
စိတ်ထဲအလိုမကျခြင်းတွေက ဘာကိုဘယ်လိုဖြစ်စေချင်နေသည်မသိ။အိပ်ယာထတဲ့အချိန်မှစကာ အိပ်ယာဝင်ချိန်အထိ သူ့စိတ်ထဲတစ်ခုခုလိုအပ်နေသလိုမျိုး။
ဖုန်းထဲရှိခဲ့ဖူးသည့်နံပါတ်ဟောင်းလေးတစ်ခုကတောင် အမည်မသိဒဏ်ရာတစ်ခုလို။အမည်မတပ်ထားမိတဲ့ ထိုဂဏာန်းလေးတွေ စိတ်ထဲမှာစွဲထင်နေတာ သူဉာဏ်သိပ်ကောင်းလို့ဖြစ်မှာ။
အပြင်ဘက်ရာသီဥတုကသိပ်ပူနေမှာ။ Airconခန်းထဲထိုင်နေတဲ့ သူရင်တွေပူနေတာသာကြည့်။နွေရာသီနဲ့အတူ အရည်တွေပျော်ကျခမန်း။
အလုပ်ထဲစိတ်နှစ်မရတဲ့အတူ Horizonဆီသာထွက်ခဲ့လိုက်သည်။လမ်းတစ်လျှောက်ဟိုဟိုဒီဒီကြည့်ရင်း တစ်စုံတစ်ယောက်ကိုမြင်မိသလိုမျက်စိမှောက်သေးသည်။
ဖြစ်မှမဖြစ်နိုင်တာ။သူနဲ့နောက်ဆုံးတွေ့ပြီးကတည်းက အပြင်ထွက်မလာတာတစ်လကျော်နေပြီ။သူတမင်စုံစမ်းထားတာမဟုတ်ပါဘူး ဒီတိုင်း..သူ့စကားတွေလွန်သွားသလိုခံစားရလို့ အပြစ်မကင်းစိတ်နဲ့ လုံခြုံရေးကိုစောင့်ကြည့်ပေးနေတာ။
အဲ့ဒီတိုက်မှာ သူ့လူသုံးယောက်ထား,ထားသည်။CCTV တွေလည်း Hackကာ 24hr စောင့်ကြည့်ခိုင်းထားတာမို့ သူအပြင်ထွက်တာနဲ့တန်းသိမှာ။သူကမသိချင်ပါဘူး အမြဲဒုက္ခရောက်တတ်လွန်းတဲ့ သူ့ရဲ့လုံခြုံရေးအတွက်သာ။
Horizonရဲ့အခန်းထဲဝင်တော့ ဆေးမှတ်တမ်းတွေနဲ့အလုပ်ရှူပ်နေသူကိုတွေ့သည်။သူဝင်လာတာမြင်တော့ အံသြသလိုမျက်ခုံးပင့်လေ၏။Fileတွဲကိုပိတ်ကာ လျှောက်လာပြီး သူထိုင်နေသည့် Sofaနှင့်မျက်နှာချင်းဆိုင်မှာဝင်ထိုင်လေသည်။
"ကိုCean လာလှချည်လားဗျ ဒီတစ်လတည်း ငါးခါကျော်နေပြီ"
"လာလို့မရဘူးလား"
"မဟုတ်ပါဘူးဗျာ အဆင်ရောပြေရဲ့လား ကျောက်စက်ပြောတာတော့ ဒီတစ်လောအရမ်းပေါက်ကွဲနေတယ်ဆို"
"သူတို့အလုပ်လုပ်ပုံကမှမဟုတ်တာ"
ပြောရင်း အိတ်ကပ်ထဲမှ စီးကရက်ဗူးကိုထုတ်ကာခုံပေါ်တင်လိုက်သည်။
"ဒီမှာ စီးကရက်သောက်လို့မရဘူးနော်ကိုCean"
"သိပါတယ် ဖြတ်ဖို့တောင်စဥ်းစားနေတာ ဒီတလော ချောင်းတွေဆိုးနေလို့"
အမှန်တရားလား မုသားလားဆိုတာကတော့ ကာယကံရှင်ကိုယ်တိုင်မှသိမှာ။
"ဟုတ်လား စောစောကမပြောဘူးဗျာ ဖြတ်လိုက်တာကတော့အဆင်ပြေပါတယ် ရေရှည်ကျန်းမာရေးအတွက်ကောင်းတာပေါ့"
"အွန်း ခုလောလောဆယ်တော့ လျှော့နေတယ် အစားထိုးဖို့တစ်ခုခုမတွေ့သေးလို့"
စီးကရက်ဗူးကိုကြည့်မိတဲ့ Horizon ဒုတိယအကြိမ် မျက်ခုံးပင့်သွားသည်။
"စီးကရက်က စတော်ဘယ်ရီအရသာလား ကိုCeanအဲ့အရသာမကြိုက်ဘူးမဟုတ်လား မှားဝယ်လာတာလား"
"အာ....အဲ့တာက.. ဒီအတိုင်း...ဖြတ်ဖို့စဥ်းစားထားတော့ မသောက်မိအောင်နေဖို့ဆိုရင် မကြိုက်တဲ့အရသာနဲ့ဆို ပိုအဆင်ပြေမလားလို့လေ"
နှာခေါင်းကိုပွတ်လို့ပြောလာပုံက မလုံမလဲ။
"ဟုတ်ပါပြီဗျား ထမင်းမစားရသေးဘူးမလားသွားစားကြရအောင်လေ Geo ကိုပါခေါ်လိုက်မယ်"
"အင်း"
ရောက်နေကျဆိုင်လေးက မပြောင်းမလဲ။ပြောင်းလဲနေတာကအခြေအနေ။သူအတင်းအကြပ်အနိုင်ကျင့်ပစ်ခဲ့ဖူးတဲ့ လူတစ်ယောက်နဲ့အခန်းကျဥ်းလေးကိုတွေးမိတော့ တစ်ခုခုကိုအလိုမကျတော့။အခုနေသွားလိုက်ရင် တွေ့ရမလိုတောင်အထင်မှားမိနေတာက ပြုစားခံထားရသူတစ်ယောက်လို။
"Geo မင်းလိုက်နေတဲ့ကောင်လေးနဲ့ အဆင်ပြေလား"
အာရုံပြောင်းအောင် ညီဖြစ်သူဆီအမေးရောက်သည်။
"သူငယ်ချင်းတွေလိုဆိုရင်တော့ အရမ်းအဆင်ပြေပါတယ် လောလောဆယ်တော့ သူခရီးထွက်နေတာ ဖုန်းလိုင်းမမိလို့ စကားမပြောဖြစ်တာကြာပြီ"
"သူ့အကြောင်းရောစုံစမ်းပြီးပြီလား ငါတို့အသိထဲကပဲလား"
"ဟုတ်တယ် အခုတော့မပြောပြသေးပါဘူးဗျာ အချိန်တန်မှ ပြောပြမယ်"
တိတ်ဆိတ်နေတဲ့ထမင်းဝိုင်းလေးက ပုံမှန်အခြေနေလိုပါဘဲ။ကိုယ်စီအတွေးတွေရင်ထဲရှိနေတာမို့ နှုတ်ဆိတ်လို့သာလူမသိသူမသိ။
ဆိုင်ထဲတီးတိုးပျံလွင့်နေတဲ့သီချင်းသံက အတွေးတွေကိုဆေးခြယ်ပေးလာသလိုမျိုး မသိသာခြင်းတွေအား ရုပ်လုံးပေါ်လာစေသည်။
"မတွေးချင်လည်းပြန်တွေးနေမိ....မေ့ရင်လည်းပြန်သတိရပြီး....အို..အမှတ်မရှိသေးဘူးငါ..လွမ်းဆွတ်....မဖြစ်ချင်ခဲ့တာတွေဖြစ်ကုန်ပြီ....မှားနေလည်းငါဆက်မှားပြီ....ဒုက္ခများကုန်ပြီ ဟာ..ဟာ..
ရုန်းထွက်ရင်းနဲ့..ဆက်ဆက်နစ်ခဲ့...ဖြတ်တောက်တိုင်းလည်း...ဖြတ်ဖို့ခက်တဲ့...သံယောဇဥ်....
သံယောဇဥ်...သံယောဇဥ်...ငါလေအပျက်ပျက်နဲ့သွေးထွက်ခဲ့တယ်...သံယောဇဉ်... သံယောဇဉ်... လူကိုအရူးတစ်ပိုင်းဖြစ်စေတဲ့...သံယောဇဥ်... သံယောဇဉ်... နေမြင့်လို့အရူးရင့်ခဲ့တယ်...ဒီသံယောဇဥ်...ဒီသံယောဇဥ်... ဒီသံယောဇဥ်...ဒီသံယောဇဥ်... အိုးးးသံယောဇဥ်.....
မကြားချင်လည်းငါကြားယောင်မိ...မသွားချင်လည်းငါဆက်သွားပြီး...အစိုးမရတဲ့စိတ်ကြောင့်ငါ...ခက်ပြီ...မမွှေးသင့်ဘဲငါမွှေးတဲ့မီး...မတိးချင်လည်း..ငါဆက်တိုးပြီး...ငါ့ဘဝကျွမ်းလောင်ပြီ...အား...
ရုန်းထွက်ရင်းနဲ့..ဆက်ဆက်နစ်ခဲ့...ဖြတ်တောက်တိုင်းလည်း...ဖြတ်ဖို့ခက်တဲ့...သံယောဇဥ်....
သံယောဇဥ်...သံယောဇဥ်...ငါလေအပျက်ပျက်နဲ့သွေးထွက်ခဲ့တယ်...သံယောဇဉ်... သံယောဇဉ်... လူကိုအရူးတစ်ပိုင်းဖြစ်စေတဲ့...သံယောဇဥ်... သံယောဇဉ်... နေမြင့်လို့အရူးရင့်ခဲ့တယ်...ဒီသံယောဇဥ်...ဒီသံယောဇဥ်... ဒီသံယောဇဥ်...ဒီသံယောဇဥ်... အိုးးးသံယောဇဥ်....."
သတိမပြုမိခင်မျောပါသွားတဲ့စိတ်ဟာ တိုက်ဆိုင်လို့ပေလား မသိစိတ်ပေလား။မှန်သည် မသိလိုက်ခင်တွယ်ငြိမိတဲ့ကြိုးတစ်ချောင်းဟာ သံယောဇဥ်မည်ပြီး သိလိုက်ချိန်နောက်ကျသွားရင် သိပ်ဖြတ်ဖို့ခက်ပါသည်........
............
"လခြမ်းရေ...လခြမ်း"
တောထဲတကြော်ကြော်အော်ရင်းလိုက်ရှာနေရသူက တိမ်ငွေ့။ဒီကောင်လေးဟာလေ ဒီတောကြီးကိုသိပ်သဘောကျနေတာ။လှစ်ခနဲဆိုပျောက်သွားပြီ ရေကန်ဆီ။တော်ကြာပျောက်သွားပြီ တောပန်းတွေဆီ။တစ်ခါတစ်ရံစိုက်ခင်းထဲလဲ သွားဆော့နေပြန်ပါသေးသည်။
ပန်းတွေသိပ်ကြိုက်တဲ့သူက ပန်းတွေတွေ့ရင်တားမနိုင်တော့။သဘာဝတရားကြီးကသူ့အားလက်ဆောင်ပေးလာသည်ထင်။ခါတိုင်းသိပ်မပွင့်သည့်ချယ်ရီတွေ ဒီနှစ်ဝေနေအောင်ပွင့်သည့်အပြင် ငုဝါတွေလည်းဝင်းနေအောင်ပွင့်နေတာကြောင့် ပန်းပေါင်းစုံဥယျာဥ်ကြီးသဖွယ်။တောစံပယ်ပွင့်ချိန်တွင်လည်း ဖွေးနေမှာမြင်ယောင်နေသေးသည်။
"တိမ်ငွေ့ ငယ်ငယ်ဒီမှာ"
ကြားရတဲ့အသံက အမြင့်တစ်နေရာဆီက။အလန့်တကြားမော့ကြည့်တော့ ရောက်နေပြန်ပါပြီ သစ်ပင်ပေါ်။ခဏခဏဆူငေါက်နေရတာက သစ်ပင်တက်လွန်းလို့။မျောက်ဝင်စားလေးလိုမျိုး သစ်ပင်တက်ရတာသိပ်ကြိုက်သူက နှစ်လအတွင်း သူမတက်ဖူးတဲ့သစ်ပင်မရှိတော့။
"ဆင်းခဲ့ ကိုယ်ဘာပြောထားလဲ ကိုယ်မရှိတုန်းမတက်ပါနဲ့ဆိုတာကို ပြုတ်ကျရင်ဘယ်လိုလုပ်မလဲ"
"မကျပါဘူးတိမ်ငွေ့ရဲ့ တက်နေကျပဲဟာ သစ်ခွတွေပွင့်နေတာတွေ့လို့ တက်ဖြစ်သွားတာပါ တိမ်ငွေ့လည်းတက်ခဲ့ ဒီပေါ်ကနေ နေဝင်ချိန်ကြည့်ရင်အရမ်းလှတာ ငယ်ငယ်ဓာတ်ပုံရိုက်ထားတယ် ပြီးရင်နောင်းညိုကိုပြမလို့"
အဲ့တာသူ့ဝါသနာ။ရှူခင်းလှလှလေးတွေတွေ့ရင် ဓာတ်ပုံရိုက်မည်။ပြီးရင် နောင်းညိုကိုပြမည်ဟုဆိုကာ သူ့အားကြွားတော့မည်။သဘာဝကိုချစ်မြတ်နိုးသူမို့သာတော်သေးသည်။မဟုတ်ရင် ဒီတောကြီးထဲ သူပျင်းနေရမှာ။
သူပါသစ်ပင်ပေါ်လိုက်တက်တော့ အပေါ်ကနေသဘောတကျရယ်ပြနေသေးတာ။နေဝင်ဆည်းဆာအောက် မြတ်နိုးရသူရဲ့အပြုံးတွေတောက်ပနေလိုက်တာ။သက်ပြင်းဖွဖွချနိုင်ခဲ့တာဟာ ဘယ်သူမှမမြင်နိုင်တဲ့နေရာမှာ သိမ်းထားနိုင်ခဲ့လို့။
ဘေးချင်းယှဥ်ထိုင်မိတော့ သူ့ပုခုံးထက်မှီချလာလေသည်။နေဝင်ဆည်းဆာကို ကြည့်မိခြင်းဟာ မြတ်နိုးရသူနှင့်ဆိုပိုပြည့်စုံပါသည်။
လုံလောက်ပါသည်။ခေါင်းစဥ်တွေကအရေးမှမပါတာ။
သူငယ်ချင်းဖြစ်စေ မြတ်နိုးခြင်းဖြစ်စေ မင်းလက်လေးဆုပ်ကိုင်ထားနိုင်ရုံ၊မင်းမှီတဲ့ပုခုံးလေးကိုယ်ဖြစ်ပေးရုံနဲ့တင် ဘယ်ခေါင်းစဥ်ပဲဖြစ်ဖြစ် ကိုယ်အလေးမထားပါဘူး။အဓိက,က မင်းနားရှိနေဖို့ပါပဲ....
.................
"ပြွစ်..."
စတော်ဘယ်ရီ juiceကို ပိုက်နှင့်စုပ်သောက်နေသည့်သူ့အစ်ကိုကြောင့် Horizonထိုင်သာကြည့်နေလိုက်တော့သည်။မလိုက်မဖက်တွေကွာ။
ဘယ်တုန်းကမှမကြိုက်ခဲ့ဘူးတဲ့ စတော်ဘယ်ရီတွေ ခုတစ်လောသိပ်စားနေသူက ပုံမှန်ကိုမဟုတ်တာ။တစ်ပါတ်တစ်လိပ်ထိလျှော့သောက်နေတဲ့စီးကရက်ကအစ စတော်ဘယ်ရီအရသာတဲ့။
မနေ့ကသူ့အိမ်ရောက်တုန်း ရေခဲသေတ္တာဖွင့်ကြည့်တော့ အဆာပြေမုန့်တွေအကုန်လုံး စတော်ဘယ်ရီအရသာတွေချည်း။မုန့်မစားဖူးတဲ့သူက စီးကရက်ဖြတ်မလို့ဟူသောအကြောင်းပြချက်နှင့် မုန့်တွေဝယ်ထားသော်လည်း တစ်ခုမှသဘောမတွေ့ဟန်။လိုချင်သည့်အရသာမတွေ့ဟုတောင်ဆိုသေးသည်။
နောက်ပြီး စတော်ဘယ်ရီjuice ကိုတစ်နေ့တစ်ဗူးယူလာပြီး သူ့ရုံးခန်းထဲလာသောက်တတ်သေးသည်။ဆေးရုံကလူတွေက Alphaကြီးနှင့်မလိုက်ဖက်သည့် စတော်ဘယ်ရီ Juiceဗူးမြင်၍ သို့လောသို့လောသတင်းတွေထွက်နေသော်လည်း သူကိုယ်တိုင်သိသောအမှန်တရားက သူ့အစ်ကိုကိုယ်တိုင်သောက်နေခြင်းကိုပင်။
ယခုတစ်လောonlineမှာ နံမည်ကြီးနေသောအကြောင်းအရာမှာ သူ့အစ်ကို၏အချစ်ရေးဖြစ်သည်။မြို့တော်အလှပဂေးလေးအပြင် အလှပေါင်းစုံရှိနေသည့် သူ့ဆေးရုံသို့ ချောင်းပေါက်မတတ်ရောက်လာပြီး သူနှင့်မလိုက်ဖက်သော juice ကိုကိုင်လာတတ်သူသည် အချစ်ကိုတွေ့နေခြင်းဟူ၍။
သူတစ်လောကလုံးကို အော်သာပြောပစ်လိုက်ချင်ပါသည်။သူ့အစ်ကိုက အချစ်ကိုတွေ့နေတာမဟုတ်ဘဲ အချစ်ကိုပျောက်နေတာဟူ၍။
မုန်းပါသည်ဟုကြွေးကြော်ထားသောကောင်လေးအား စကားကျွံသွားပြီးကတည်းက သူ့အစ်ကိုပြောင်းလဲနေတာ သိသိသာသာ။သက်တော်စောင့်တွေဆီ စကားအစ်ကြည့်တော့မှ သိရတဲ့အကြောင်းတွေကြောင့် သူ့မှာသူ့နားကိုသူမယုံနိုင်။
သူ့အစ်ကိုကမုန်းတယ်ဆိုပြီး ဆွဲဆွဲနမ်းတတ်ပါသတဲ့။ဒါကဘယ်လိုဟာသကြီးတုန်း။စဥ်းစားကြည့်လို့တောင်မရဘူး။ကိုယ်မုန်းတဲ့လူကိုနမ်းဖို့မပြောနဲ့ မျက်နှာတောင်စေ့စေ့မကြည့်ချင်ကြတာသဘာဝပါ။
လက်မှမချစတမ်းဆောင်ထားတတ်တာက ထိုကောင်လေးဆီမှ သူလုယူလာခဲ့တဲ့ စီးကရက်ဗူးနှင့်မီးခြစ်။ချောင်းဆိုးသည်ဟုအကြောင်းပြကာ ဖြတ်ချင်နေတဲ့စီးကရက်တွေက ထိုကောင်လေးပယောဂမကင်းမှန်း သူသဘောပေါက်လိုက်သည်။
ယခုအိမ်ထဲကအိမ်အပြင်မထွက်တာ နှစ်လကျော်ကြာနေပြီဖြစ်တဲ့ကောင်လေးကြောင့် သူ့အစ်ကိုဂဏှာမငြိမ်တာသူရိပ်မိသည်။စိတ်ပူတုန်းကစကားတွေလွန်ခဲ့ပြီး အကြောက်လွန်သူက တကယ်မထွက်လာတော့ သူမနေနိုင်မထိုင်နိုင်ဖြစ်နေတာ။
ပြောပြန်ရင်လည်း ဇွတ်ငြင်းအုံးမှာမို့ မသိချင်ယောင်သာဆောင်ထားရတော့သည်။
ပြောပြချင်ပါသေးသည်။အချစ်နှင့်အမုန်းဟာ စက်ဝိုင်းတစ်ခုနှင့်တူကြောင်း။အမုန်းတွေရဲ့အမြင့်ဆုံးအမှတ်ဟာ အချစ်ရဲ့စမှတ်ဖြစ်နိုင်သလိုအချစ်ရဲ့အမြင့်ဆုံးအမှတ်လည်းဖြစ်နေနိုင်ကြောင်း။
"ငါပြန်တော့မယ်"
ပြောရင်းထပြန်သွားသူက သူ့ရုံးခန်းကို အအေးလာသောက်သည့်ပုံ။သူ့မှာခေါင်းသာရမ်းမိတော့တာ။သဘောကျနေတာကိုလက်မခံ လွမ်းနေတာကိုနားမလည်နှင့် လူပျိုကြီးတွေသိပ်ခက်ပါသည်။
..............
ဆိုင်ကယ်နှင့် မြို့တစ်ပါတ်ပါတ်တော့ နွေညနေခင်းက လေသိပ်ပြင်းပါသည်။ရင်ထဲကအပူတစ်ချို့ ထိုလေနှင့်ပါသွားလျှင်သိပ်ကောင်းမည်။ခုတော့သူ့မှာ ထိုင်မရထမရ။
ပန်းဆိုင်တစ်ခုရှေ့ရောက်တော့ အမှတ်မထင်ရပ်တန့်လိုက်မိတာ မသိစိတ်ရဲ့စေစားရာကြောင့် ။Alphaကောင်လေးအမြတ်တနိုးရှူရှိူက်နေတာက ဖြူလွလွစံပယ်တွေ။
ခံပြင်းစိတ်နှင့်အံကြိတ်မိကာ စိတ်ထဲထောင်းကနဲ။သူ့အိမ်မက်တွေထဲမလာဖြစ်တော့တဲ့ထိုပန်းတွေ။အိမ်မက်တွေတိုင်း အဝေးတစ်နေရာမှာ မြင်နေရတဲ့ထိုလွင်ပြင်က သူဘယ်လောက်ပြေးပြေးမရောက်နိုင်တဲ့ အကွာအဝေးမှာ။
အပွင့်တွေမမြင်ရတော့သလို ရနံ့တွေလည်းဝေးကွာနေတာ အချိန်တော်တော်ကြာပြီ။ရနံ့တွေတောင် မမှတ်မိတော့သည်အထိကြာပြီ။ရနံပိုင်ရှင်လေးကတော့ မမြင်တာကြာလေ စိတ်ထဲပိုအရိပ်ထင်လာလေ။သဘောကျသူတိုင်းနမ်းရှိုက်ခွင့်ရနေတဲ့ထိုရနံ့တွေက သူနဲ့တော့အဝေးကွာဆုံးမှာ။
ထိုနေရာကနေလှည့်ထွက်မိတော့ ခြေဦးလှည့်ရာက ရောက်နေကျလမ်းပေါ်။လမ်းမထက်ဆိုင်ကယ်ရပ်လို့ သူနေမည့်အခန်းဆီမျှော်ကြည့်မိသည်။ညမီးရောင်တွေကြား အလင်းမဲ့နေတဲ့အခန်းဟာ သူခိုနားရာပါတဲ့။
သန်းခေါင်ကျော်သွားပြီ မသောက်ဖြစ်တဲ့စီးကရက်ကိုလက်ကြားညှပ်လို့ မီးခြစ်လေးကို ကစားနေမိတာ။
သုံးလပြည့်တော့မယ် ငယ်ငယ်။မင်းကိုမမြင်ရတာ သုံးလပြည့်တော့မယ်။ကိုယ်ဟာ ကိုယ့်ကိုယ်ကိုသိပ်အထင်ကြီးနေခဲ့တာ။ကိုယ်စိတ်ကိုဖုံးကွယ်နေမိတာ မင်းဟာကိုယ်မုန်းရတဲ့ အမှိုက်လေးတစ်ခုပါပေါ့လေ။
ခုတော့ဖြင့်ကွာ.....
မချိတင်ကဲဖြင့် လမ်းမထက်ကကျောက်စရစ်ခဲလေးကို ခြေထောက်နှင့်ကန်ပစ်လိုက်တော့ ခပ်ဝေးဝေးဆီလွင့်ထွက်သွားလေသည်။
ဆိုင်ကယ်ပေါ်ပြန်တက်လို့ အိမ်ဘက်ခြေ ဦးလှည့်တယ်။သန်းခေါင်ကျော်မှာစားမိတာဟာ စတော်ဘယ်ရီတွေပါတဲ့။
သတိရစိတ်နဲ့ စားမိတဲ့စတော်ဘယ်ရီအရသာဟာ မင်းနှုတ်ခမ်းမှာမဟုတ်လို့ထင်တယ် ကိုယ်မုန်းနေတုန်းပဲ။
ဝရံတာကနေကောင်းကင်ကိုကြည့်တော့ ကြယ်တွေစုံနေလိုက်တာ။မင်းရော အဲ့ကြယ်တွေကိုကြည့်ရင်း ပြုံးဖူးလားငယ်ငယ်။မင်းသာပြုံးလိုက်ရင် အဲ့ကြယ်တွေကြွေကျကုန်မှာပဲ။မင်းအပြုံးလောက်မှ မတောက်ပနိုင်ရင် ကောင်းကင်မှာနေရတာသူတို့လိပ်ပြာမလုံနိုင်လို့လေ။
တိတ်ဆိတ်တဲ့ညမှာ သူ့အတွေးတွေကိုဘယ်သူမှမသိနိုင်လို့ထင်တယ် ရင်ထဲကစကားလုံးတွေကရှင်းရှင်းလင်းလင်းကိုပေါ်လွင်လာတယ်။
Geoတစ်ခါကပြောခဲ့ဖူးတာသတိရမိသည်။
*ရေစက်တွေဆုံလာရင် ကမ္ဘာကြီးတစ်ခုလုံးခြားတောင် ခွဲမရတတ်ပေမယ့် ရေစက်တွေကုန်သွားရင်တော့ ကျောချင်းကပ်ထိုင်ခုံလေးပဲခြားနေတာတောင် လွဲရတတ်ပါတယ်တဲ့*
မှန်နေလောက်တယ်ငယ်။အရင်တုန်းကဖြင့် ရင်ခွင်ထဲချည်းပစ်ဝင်လာတတ်ပြီး ခုကျတော့ဖြင့်....
ရေစက်တွေမကုန်ချင်သေးဘူးငယ်ငယ်။
နောက်လဆိုရင် မိုးရာသီရောက်ပြီ။စံပယ်တွေလည်းဖွေးနေအောင်ပွင့်တော့မှာ။လူတိုင်းလည်းသဘောတကျနမ်းရှိူက်ခွင့်ရတော့မှာ။
မင်းရောဘယ်အချိန်မှ အပြင်ထွက်လာမှာလဲငယ်။
ကိုယ်ကရော စံပယ်ရနံ့တွေဘယ်တော့မှပြန်နမ်းရှိူက်ခွင့်ရမှာလဲ။
မင်းပိုင်တဲ့စတော်ဘယ်ရီအရသာလေးကိုရော ကိုယ်ဘယ်တော့မှပြန်မြည်းစမ်းခွင့်ရမှာလဲ။
ကိုယ်ဆုံးဖြတ်ထားတယ်။ဒီတစ်ခါတွေ့ရင်ကိုယ်ဆွဲထားတော့မှာ။
ကိုယ့်ကိုယ်ကိုပြန်လိမ်ရတာလည်း ပြစ်မှုကြီးတစ်ခုပဲငယ်ရဲ့။အပြစ်ဒဏ်ကကြီးလွန်းလို့ ကိုယ့်မှာရူးသွားတော့မလိုပဲ........
#############
ငြိမ်း🌻🌞
"ဗုန္းးးးးး"
"အဲ့တာေတြကဘာေတြလဲ ဒီလိုအသုံးမက်တာေတြတင္ျပဖို႔ မင္းရဲ႕အခ်ိန္ေတြကိုအကုန္ခံေနတာလား"
စားပြဲေပၚပစ္တင္လိုက္တဲ့ဖိုင္တြဲေၾကာင့္ အားလုံးေခါင္းမေမာ့ရဲၾက။တိတ္ဆိတ္ေနတဲ့ Meeting Roomက သူ႕ေဒါသေတြကိုသာ ပိုတိုးလာေစသည္။
"ေနာက္တစ္ပါတ္မွာ ပိုေကာင္းတဲ့ရလာဒ္ကိုလိုခ်င္တယ္ မလုပ္နိုင္ဘူးထင္ရင္ အကုန္ထြက္ၾက"
ေျပာရင္းထိုအခန္းမွထြက္လာခဲ့ေတာ့ ေက်ာက္စက္ကေနာက္မွပါလာသည္။ေျခလွမ္းက်ယ္ႀကီးေတြေနာက္ အေျပးအလႊားလိုက္ေနသူက သူ႕ေဒါသကိုသိ၍ ဘာမွေျပာမလာ။
အခန္းထဲျပန္ေရာက္ေတာ့ အေပၚ Coatကိုခြၽတ္ကာ Sofaထက္ပစ္တင္ပစ္သည္။လူပါဝင္ထိုင္လိုက္ရင္း Shirtအကၤ်ီၾကယ္သီးအေပၚႏွစ္လုံးျဖဳတ္ပစ္လိုက္မွ စိတ္က်ဥ္းၾကပ္မႈကအနည္းငယ္သက္သာသြားသည္။
"ကိုCean စားခ်င္တာတစ္ခုခုရွိလား ေန႕လည္စာမစားရေသးဘူးမွတ္လား"
"ဘာမွမစားခ်င္ဘူး ခဏေနHorizon ဆီသြားမွာ သူနဲ႕စားလိုက္မယ္"
"ညေန Dinnerကိုေရာ ကိုCeanတက္ျဖစ္မွာလား"
"မတက္ျဖစ္ေလာက္ဘူး ငါ့အစားမင္းပဲသြားလိုက္ေတာ့ ငါသြားစရာရွိေသးလို႔ "
"ဟုတ္ကဲ့ အဲ့တာဆို ကြၽန္ေတာ္သြားေတာ့မယ္ေနာ္"
"OK"
တစ္ေယာက္တည္းက်န္ခဲ့တဲ့အခန္းထဲ တိတ္ဆိတ္ျခင္းေတြသာ ျပည့္ႏွက္ေနသည္။တိတ္ဆိတ္မႈဆိုတာ အေတြးမ်ားေစဖို႔အတြက္ တြန္းအားေတြပါပဲ။
စိတ္ထဲအလိုမက်ျခင္းေတြက ဘာကိုဘယ္လိုျဖစ္ေစခ်င္ေနသည္မသိ။အိပ္ယာထတဲ့အခ်ိန္မွစကာ အိပ္ယာဝင္ခ်ိန္အထိ သူ႕စိတ္ထဲတစ္ခုခုလိုအပ္ေနသလိုမ်ိဳး။
ဖုန္းထဲရွိခဲ့ဖူးသည့္နံပါတ္ေဟာင္းေလးတစ္ခုကေတာင္ အမည္မသိဒဏ္ရာတစ္ခုလို။အမည္မတပ္ထားမိတဲ့ ထိုဂဏာန္းေလးေတြ စိတ္ထဲမွာစြဲထင္ေနတာ သူဉာဏ္သိပ္ေကာင္းလို႔ျဖစ္မွာ။
အျပင္ဘက္ရာသီဥတုကသိပ္ပူေနမွာ။ Airconခန္းထဲထိုင္ေနတဲ့ သူရင္ေတြပူေနတာသာၾကည့္။ႏြေရာသီနဲ႕အတူ အရည္ေတြေပ်ာ္က်ခမန္း။
အလုပ္ထဲစိတ္ႏွစ္မရတဲ့အတူ Horizonဆီသာထြက္ခဲ့လိုက္သည္။လမ္းတစ္ေလွ်ာက္ဟိုဟိုဒီဒီၾကည့္ရင္း တစ္စုံတစ္ေယာက္ကိုျမင္မိသလိုမ်က္စိေမွာက္ေသးသည္။
ျဖစ္မွမျဖစ္နိုင္တာ။သူနဲ႕ေနာက္ဆုံးေတြ႕ၿပီးကတည္းက အျပင္ထြက္မလာတာတစ္လေက်ာ္ေနၿပီ။သူတမင္စုံစမ္းထားတာမဟုတ္ပါဘူး ဒီတိုင္း..သူ႕စကားေတြလြန္သြားသလိုခံစားရလို႔ အျပစ္မကင္းစိတ္နဲ႕ လုံၿခဳံေရးကိုေစာင့္ၾကည့္ေပးေနတာ။
အဲ့ဒီတိုက္မွာ သူ႕လူသုံးေယာက္ထား,ထားသည္။CCTV ေတြလည္း Hackကာ 24hr ေစာင့္ၾကည့္ခိုင္းထားတာမို႔ သူအျပင္ထြက္တာနဲ႕တန္းသိမွာ။သူကမသိခ်င္ပါဘူး အၿမဲဒုကၡေရာက္တတ္လြန္းတဲ့ သူ႕ရဲ႕လုံၿခဳံေရးအတြက္သာ။
Horizonရဲ႕အခန္းထဲဝင္ေတာ့ ေဆးမွတ္တမ္းေတြနဲ႕အလုပ္ရႉပ္ေနသူကိုေတြ႕သည္။သူဝင္လာတာျမင္ေတာ့ အံၾသသလိုမ်က္ခုံးပင့္ေလ၏။Fileတြဲကိုပိတ္ကာ ေလွ်ာက္လာၿပီး သူထိုင္ေနသည့္ Sofaႏွင့္မ်က္ႏွာခ်င္းဆိုင္မွာဝင္ထိုင္ေလသည္။
"ကိုCean လာလွခ်ည္လားဗ် ဒီတစ္လတည္း ငါးခါေက်ာ္ေနၿပီ"
"လာလို႔မရဘူးလား"
"မဟုတ္ပါဘူးဗ်ာ အဆင္ေရာေျပရဲ႕လား ေက်ာက္စက္ေျပာတာေတာ့ ဒီတစ္ေလာအရမ္းေပါက္ကြဲေနတယ္ဆို"
"သူတို႔အလုပ္လုပ္ပုံကမွမဟုတ္တာ"
ေျပာရင္း အိတ္ကပ္ထဲမွ စီးကရက္ဗူးကိုထုတ္ကာခုံေပၚတင္လိုက္သည္။
"ဒီမွာ စီးကရက္ေသာက္လို႔မရဘူးေနာ္ကိုCean"
"သိပါတယ္ ျဖတ္ဖို႔ေတာင္စဥ္းစားေနတာ ဒီတေလာ ေခ်ာင္းေတြဆိုးေနလို႔"
အမွန္တရားလား မုသားလားဆိုတာကေတာ့ ကာယကံရွင္ကိုယ္တိုင္မွသိမွာ။
"ဟုတ္လား ေစာေစာကမေျပာဘူးဗ်ာ ျဖတ္လိုက္တာကေတာ့အဆင္ေျပပါတယ္ ေရရွည္က်န္းမာေရးအတြက္ေကာင္းတာေပါ့"
"အြန္း ခုေလာေလာဆယ္ေတာ့ ေလွ်ာ့ေနတယ္ အစားထိုးဖို႔တစ္ခုခုမေတြ႕ေသးလို႔"
စီးကရက္ဗူးကိုၾကည့္မိတဲ့ Horizon ဒုတိယအႀကိမ္ မ်က္ခုံးပင့္သြားသည္။
"စီးကရက္က စေတာ္ဘယ္ရီအရသာလား ကိုCeanအဲ့အရသာမႀကိဳက္ဘူးမဟုတ္လား မွားဝယ္လာတာလား"
"အာ....အဲ့တာက.. ဒီအတိုင္း...ျဖတ္ဖို႔စဥ္းစားထားေတာ့ မေသာက္မိေအာင္ေနဖို႔ဆိုရင္ မႀကိဳက္တဲ့အရသာနဲ႕ဆို ပိုအဆင္ေျပမလားလို႔ေလ"
ႏွာေခါင္းကိုပြတ္လို႔ေျပာလာပုံက မလုံမလဲ။
"ဟုတ္ပါၿပီဗ်ား ထမင္းမစားရေသးဘူးမလားသြားစားၾကရေအာင္ေလ Geo ကိုပါေခၚလိုက္မယ္"
"အင္း"
ေရာက္ေနက်ဆိဳင္ေလးက မေျပာင္းမလဲ။ေျပာင္းလဲေနတာကအေျခအေန။သူအတင္းအၾကပ္အနိုင္က်င့္ပစ္ခဲ့ဖူးတဲ့ လူတစ္ေယာက္နဲ႕အခန္းက်ဥ္းေလးကိုေတြးမိေတာ့ တစ္ခုခုကိုအလိုမက်ေတာ့။အခုေနသြားလိုက္ရင္ ေတြ႕ရမလိုေတာင္အထင္မွားမိေနတာက ျပဳစားခံထားရသူတစ္ေယာက္လို။
"Geo မင္းလိုက္ေနတဲ့ေကာင္ေလးနဲ႕ အဆင္ေျပလား"
အာ႐ုံေျပာင္းေအာင္ ညီျဖစ္သူဆီအေမးေရာက္သည္။
"သူငယ္ခ်င္းေတြလိုဆိုရင္ေတာ့ အရမ္းအဆင္ေျပပါတယ္ ေလာေလာဆယ္ေတာ့ သူခရီးထြက္ေနတာ ဖုန္းလိုင္းမမိလို႔ စကားမေျပာျဖစ္တာၾကာၿပီ"
"သူ႕အေၾကာင္းေရာစုံစမ္းၿပီးၿပီလား ငါတို႔အသိထဲကပဲလား"
"ဟုတ္တယ္ အခုေတာ့မေျပာျပေသးပါဘူးဗ်ာ အခ်ိန္တန္မွ ေျပာျပမယ္"
တိတ္ဆိတ္ေနတဲ့ထမင္းဝိုင္းေလးက ပုံမွန္အေျခေနလိုပါဘဲ။ကိုယ္စီအေတြးေတြရင္ထဲရွိေနတာမို႔ ႏႈတ္ဆိတ္လို႔သာလူမသိသူမသိ။
ဆိုင္ထဲတီးတိုးပ်ံလြင့္ေနတဲ့သီခ်င္းသံက အေတြးေတြကိုေဆးျခယ္ေပးလာသလိုမ်ိဳး မသိသာျခင္းေတြအား ႐ုပ္လုံးေပၚလာေစသည္။
"မေတြးခ်င္လည္းျပန္ေတြးေနမိ....ေမ့ရင္လည္းျပန္သတိရၿပီး....အို..အမွတ္မရွိေသးဘူးငါ..လြမ္းဆြတ္....မျဖစ္ခ်င္ခဲ့တာေတြျဖစ္ကုန္ၿပီ....မွားေနလည္းငါဆက္မွားၿပီ....ဒုကၡမ်ားကုန္ၿပီ ဟာ..ဟာ..
႐ုန္းထြက္ရင္းနဲ႕..ဆက္ဆက္နစ္ခဲ့...ျဖတ္ေတာက္တိုင္းလည္း...ျဖတ္ဖို႔ခက္တဲ့...သံေယာဇဥ္....
သံေယာဇဥ္...သံေယာဇဥ္...ငါေလအပ်က္ပ်က္နဲ႕ေသြးထြက္ခဲ့တယ္...သံေယာဇဥ္... သံေယာဇဥ္... လူကိုအ႐ူးတစ္ပိုင္းျဖစ္ေစတဲ့...သံေယာဇဥ္... သံေယာဇဥ္... ေနျမင့္လို႔အ႐ူးရင့္ခဲ့တယ္...ဒီသံေယာဇဥ္...ဒီသံေယာဇဥ္... ဒီသံေယာဇဥ္...ဒီသံေယာဇဥ္... အိုးးးသံေယာဇဥ္.....
မၾကားခ်င္လည္းငါၾကားေယာင္မိ...မသြားခ်င္လည္းငါဆက္သြားၿပီး...အစိုးမရတဲ့စိတ္ေၾကာင့္ငါ...ခက္ၿပီ...မေမႊးသင့္ဘဲငါေမႊးတဲ့မီး...မတိးခ်င္လည္း..ငါဆက္တိုးၿပီး...ငါ့ဘဝကြၽမ္းေလာင္ၿပီ...အား...
႐ုန္းထြက္ရင္းနဲ႕..ဆက္ဆက္နစ္ခဲ့...ျဖတ္ေတာက္တိုင္းလည္း...ျဖတ္ဖို႔ခက္တဲ့...သံေယာဇဥ္....
သံေယာဇဥ္...သံေယာဇဥ္...ငါေလအပ်က္ပ်က္နဲ႕ေသြးထြက္ခဲ့တယ္...သံေယာဇဥ္... သံေယာဇဥ္... လူကိုအ႐ူးတစ္ပိုင္းျဖစ္ေစတဲ့...သံေယာဇဥ္... သံေယာဇဥ္... ေနျမင့္လို႔အ႐ူးရင့္ခဲ့တယ္...ဒီသံေယာဇဥ္...ဒီသံေယာဇဥ္... ဒီသံေယာဇဥ္...ဒီသံေယာဇဥ္... အိုးးးသံေယာဇဥ္....."
သတိမျပဳမိခင္ေမ်ာပါသြားတဲ့စိတ္ဟာ တိုက္ဆိုင္လို႔ေပလား မသိစိတ္ေပလား။မွန္သည္ မသိလိုက္ခင္တြယ္ၿငိမိတဲ့ႀကိဳးတစ္ေခ်ာင္းဟာ သံေယာဇဥ္မည္ၿပီး သိလိုက္ခ်ိန္ေနာက္က်သြားရင္ သိပ္ျဖတ္ဖို႔ခက္ပါသည္........
............
"လျခမ္းေရ...လျခမ္း"
ေတာထဲတေၾကာ္ေၾကာ္ေအာ္ရင္းလိုက္ရွာေနရသူက တိမ္ေငြ႕။ဒီေကာင္ေလးဟာေလ ဒီေတာႀကီးကိုသိပ္သေဘာက်ေနတာ။လွစ္ခနဲဆိုေပ်ာက္သြားၿပီ ေရကန္ဆီ။ေတာ္ၾကာေပ်ာက္သြားၿပီ ေတာပန္းေတြဆီ။တစ္ခါတစ္ရံစိုက္ခင္းထဲလဲ သြားေဆာ့ေနျပန္ပါေသးသည္။
ပန္းေတြသိပ္ႀကိဳက္တဲ့သူက ပန္းေတြေတြ႕ရင္တားမနိုင္ေတာ့။သဘာဝတရားႀကီးကသူ႕အားလက္ေဆာင္ေပးလာသည္ထင္။ခါတိုင္းသိပ္မပြင့္သည့္ျခယ္ရီေတြ ဒီႏွစ္ေဝေနေအာင္ပြင့္သည့္အျပင္ ငုဝါေတြလည္းဝင္းေနေအာင္ပြင့္ေနတာေၾကာင့္ ပန္းေပါင္းစုံဥယ်ာဥ္ႀကီးသဖြယ္။ေတာစံပယ္ပြင့္ခ်ိန္တြင္လည္း ေဖြးေနမွာျမင္ေယာင္ေနေသးသည္။
"တိမ္ေငြ႕ ငယ္ငယ္ဒီမွာ"
ၾကားရတဲ့အသံက အျမင့္တစ္ေနရာဆီက။အလန့္တၾကားေမာ့ၾကည့္ေတာ့ ေရာက္ေနျပန္ပါၿပီ သစ္ပင္ေပၚ။ခဏခဏဆူေငါက္ေနရတာက သစ္ပင္တက္လြန္းလို႔။ေမ်ာက္ဝင္စားေလးလိုမ်ိဳး သစ္ပင္တက္ရတာသိပ္ႀကိဳက္သူက ႏွစ္လအတြင္း သူမတက္ဖူးတဲ့သစ္ပင္မရွိေတာ့။
"ဆင္းခဲ့ ကိုယ္ဘာေျပာထားလဲ ကိုယ္မရွိတုန္းမတက္ပါနဲ႕ဆိုတာကို ျပဳတ္က်ရင္ဘယ္လိုလုပ္မလဲ"
"မက်ပါဘူးတိမ္ေငြ႕ရဲ႕ တက္ေနက်ပဲဟာ သစ္ခြေတြပြင့္ေနတာေတြ႕လို႔ တက္ျဖစ္သြားတာပါ တိမ္ေငြ႕လည္းတက္ခဲ့ ဒီေပၚကေန ေနဝင္ခ်ိန္ၾကည့္ရင္အရမ္းလွတာ ငယ္ငယ္ဓာတ္ပုံရိုက္ထားတယ္ ၿပီးရင္ေနာင္းညိုကိုျပမလို႔"
အဲ့တာသူ႕ဝါသနာ။ရႉခင္းလွလွေလးေတြေတြ႕ရင္ ဓာတ္ပုံရိုက္မည္။ၿပီးရင္ ေနာင္းညိုကိုျပမည္ဟုဆိုကာ သူ႕အားႂကြားေတာ့မည္။သဘာဝကိုခ်စ္ျမတ္နိုးသူမို႔သာေတာ္ေသးသည္။မဟုတ္ရင္ ဒီေတာႀကီးထဲ သူပ်င္းေနရမွာ။
သူပါသစ္ပင္ေပၚလိုက္တက္ေတာ့ အေပၚကေနသေဘာတက်ရယ္ျပေနေသးတာ။ေနဝင္ဆည္းဆာေအာက္ ျမတ္နိုးရသူရဲ႕အၿပဳံးေတြေတာက္ပေနလိုက္တာ။သက္ျပင္းဖြဖြခ်နိဳင္ခဲ့တာဟာ ဘယ္သူမွမျမင္နိုင္တဲ့ေနရာမွာ သိမ္းထားနိုင္ခဲ့လို႔။
ေဘးခ်င္းယွဥ္ထိုင္မိေတာ့ သူ႕ပုခုံးထက္မွီခ်လာေလသည္။ေနဝင္ဆည္းဆာကို ၾကည့္မိျခင္းဟာ ျမတ္နိုးရသူႏွင့္ဆိုပိုျပည့္စုံပါသည္။
လုံေလာက္ပါသည္။ေခါင္းစဥ္ေတြကအေရးမွမပါတာ။
သူငယ္ခ်င္းျဖစ္ေစ ျမတ္နိုးျခင္းျဖစ္ေစ မင္းလက္ေလးဆုပ္ကိုင္ထားနိုင္႐ုံ၊မင္းမွီတဲ့ပုခုံးေလးကိုယ္ျဖစ္ေပး႐ုံနဲ႕တင္ ဘယ္ေခါင္းစဥ္ပဲျဖစ္ျဖစ္ ကိုယ္အေလးမထားပါဘူး။အဓိက,က မင္းနားရွိေနဖို႔ပါပဲ....
.................
"ႁပြစ္..."
စေတာ္ဘယ္ရီ juiceကို ပိုက္ႏွင့္စုပ္ေသာက္ေနသည့္သူ႕အစ္ကိုေၾကာင့္ Horizonထိုင္သာၾကည့္ေနလိုက္ေတာ့သည္။မလိုက္မဖက္ေတြကြာ။
ဘယ္တုန္းကမွမႀကိဳက္ခဲ့ဘူးတဲ့ စေတာ္ဘယ္ရီေတြ ခုတစ္ေလာသိပ္စားေနသူက ပုံမွန္ကိုမဟုတ္တာ။တစ္ပါတ္တစ္လိပ္ထိေလွ်ာ့ေသာက္ေနတဲ့စီးကရက္ကအစ စေတာ္ဘယ္ရီအရသာတဲ့။
မေန႕ကသူ႕အိမ္ေရာက္တုန္း ေရခဲေသတၱာဖြင့္ၾကည့္ေတာ့ အဆာေျပမုန့္ေတြအကုန္လုံး စေတာ္ဘယ္ရီအရသာေတြခ်ည္း။မုန့္မစားဖူးတဲ့သူက စီးကရက္ျဖတ္မလို႔ဟူေသာအေၾကာင္းျပခ်က္ႏွင့္ မုန့္ေတြဝယ္ထားေသာ္လည္း တစ္ခုမွသေဘာမေတြ႕ဟန္။လိုခ်င္သည့္အရသာမေတြ႕ဟုေတာင္ဆိုေသးသည္။
ေနာက္ၿပီး စေတာ္ဘယ္ရီjuice ကိုတစ္ေန႕တစ္ဗူးယူလာၿပီး သူ႕႐ုံးခန္းထဲလာေသာက္တတ္ေသးသည္။ေဆး႐ုံကလူေတြက Alphaႀကီးႏွင့္မလိုက္ဖက္သည့္ စေတာ္ဘယ္ရီ Juiceဗူးျမင္၍ သို႔ေလာသို႔ေလာသတင္းေတြထြက္ေနေသာ္လည္း သူကိုယ္တိုင္သိေသာအမွန္တရားက သူ႕အစ္ကိုကိုယ္တိုင္ေသာက္ေနျခင္းကိုပင္။
ယခုတစ္ေလာonlineမွာ နံမည္ႀကီးေနေသာအေၾကာင္းအရာမွာ သူ႕အစ္ကို၏အခ်စ္ေရးျဖစ္သည္။ၿမိဳ႕ေတာ္အလွပေဂးေလးအျပင္ အလွေပါင္းစုံရွိေနသည့္ သူ႕ေဆး႐ုံသို႔ ေခ်ာင္းေပါက္မတတ္ေရာက္လာၿပီး သူႏွင့္မလိုက္ဖက္ေသာ juice ကိုကိုင္လာတတ္သူသည္ အခ်စ္ကိုေတြ႕ေနျခင္းဟူ၍။
သူတစ္ေလာကလုံးကို ေအာ္သာေျပာပစ္လိုက္ခ်င္ပါသည္။သူ႕အစ္ကိုက အခ်စ္ကိုေတြ႕ေနတာမဟုတ္ဘဲ အခ်စ္ကိုေပ်ာက္ေနတာဟူ၍။
မုန္းပါသည္ဟုေႂကြးေၾကာ္ထားေသာေကာင္ေလးအား စကားကြၽံသြားၿပီးကတည္းက သူ႕အစ္ကိုေျပာင္းလဲေနတာ သိသိသာသာ။သက္ေတာ္ေစာင့္ေတြဆီ စကားအစ္ၾကည့္ေတာ့မွ သိရတဲ့အေၾကာင္းေတြေၾကာင့္ သူ႕မွာသူ႕နားကိုသူမယုံနိုင္။
သူ႕အစ္ကိုကမုန္းတယ္ဆိုၿပီး ဆြဲဆြဲနမ္းတတ္ပါသတဲ့။ဒါကဘယ္လိုဟာသႀကီးတုန္း။စဥ္းစားၾကည့္လို႔ေတာင္မရဘူး။ကိုယ္မုန္းတဲ့လူကိုနမ္းဖို႔မေျပာနဲ႕ မ်က္ႏွာေတာင္ေစ့ေစ့မၾကည့္ခ်င္ၾကတာသဘာဝပါ။
လက္မွမခ်စတမ္းေဆာင္ထားတတ္တာက ထိုေကာင္ေလးဆီမွ သူလုယူလာခဲ့တဲ့ စီးကရက္ဗူးႏွင့္မီးျခစ္။ေခ်ာင္းဆိုးသည္ဟုအေၾကာင္းျပကာ ျဖတ္ခ်င္ေနတဲ့စီးကရက္ေတြက ထိုေကာင္ေလးပေယာဂမကင္းမွန္း သူသေဘာေပါက္လိုက္သည္။
ယခုအိမ္ထဲကအိမ္အျပင္မထြက္တာ ႏွစ္လေက်ာ္ၾကာေနၿပီျဖစ္တဲ့ေကာင္ေလးေၾကာင့္ သူ႕အစ္ကိုဂဏွာမၿငိမ္တာသူရိပ္မိသည္။စိတ္ပူတုန္းကစကားေတြလြန္ခဲ့ၿပီး အေၾကာက္လြန္သူက တကယ္မထြက္လာေတာ့ သူမေနနိုင္မထိုင္နိုင္ျဖစ္ေနတာ။
ေျပာျပန္ရင္လည္း ဇြတ္ျငင္းအုံးမွာမို႔ မသိခ်င္ေယာင္သာေဆာင္ထားရေတာ့သည္။
ေျပာျပခ်င္ပါေသးသည္။အခ်စ္ႏွင့္အမုန္းဟာ စက္ဝိုင္းတစ္ခုႏွင့္တူေၾကာင္း။အမုန္းေတြရဲ႕အျမင့္ဆုံးအမွတ္ဟာ အခ်စ္ရဲ႕စမွတ္ျဖစ္နိုင္သလိုအခ်စ္ရဲ႕အျမင့္ဆုံးအမွတ္လည္းျဖစ္ေနနိုင္ေၾကာင္း။
"ငါျပန္ေတာ့မယ္"
ေျပာရင္းထျပန္သြားသူက သူ႕႐ုံးခန္းကို အေအးလာေသာက္သည့္ပုံ။သူ႕မွာေခါင္းသာရမ္းမိေတာ့တာ။သေဘာက်ေနတာကိုလက္မခံ လြမ္းေနတာကိုနားမလည္ႏွင့္ လူပ်ိဳႀကီးေတြသိပ္ခက္ပါသည္။
..............
ဆိုင္ကယ္ႏွင့္ ၿမိဳ႕တစ္ပါတ္ပါတ္ေတာ့ ႏြေညေနခင္းက ေလသိပ္ျပင္းပါသည္။ရင္ထဲကအပူတစ္ခ်ိဳ႕ ထိုေလႏွင့္ပါသြားလွ်င္သိပ္ေကာင္းမည္။ခုေတာ့သူ႕မွာ ထိုင္မရထမရ။
ပန္းဆိုင္တစ္ခုေရွ႕ေရာက္ေတာ့ အမွတ္မထင္ရပ္တန့္လိုက္မိတာ မသိစိတ္ရဲ႕ေစစားရာေၾကာင့္ ။Alphaေကာင္ေလးအျမတ္တနိုးရႉရွိူက္ေနတာက ျဖဴလြလြစံပယ္ေတြ။
ခံျပင္းစိတ္ႏွင့္အံႀကိတ္မိကာ စိတ္ထဲေထာင္းကနဲ။သူ႕အိမ္မက္ေတြထဲမလာျဖစ္ေတာ့တဲ့ထိုပန္းေတြ။အိမ္မက္ေတြတိုင္း အေဝးတစ္ေနရာမွာ ျမင္ေနရတဲ့ထိုလြင္ျပင္က သူဘယ္ေလာက္ေျပးေျပးမေရာက္နိုင္တဲ့ အကြာအေဝးမွာ။
အပြင့္ေတြမျမင္ရေတာ့သလို ရနံ႕ေတြလည္းေဝးကြာေနတာ အခ်ိန္ေတာ္ေတာ္ၾကာၿပီ။ရနံ႕ေတြေတာင္ မမွတ္မိေတာ့သည္အထိၾကာၿပီ။ရနံပိုင္ရွင္ေလးကေတာ့ မျမင္တာၾကာေလ စိတ္ထဲပိုအရိပ္ထင္လာေလ။သေဘာက်သဴတိုင္းနမ္းရွိုက္ခြင့္ရေနတဲ့ထိုရနံ႕ေတြက သူနဲ႕ေတာ့အေဝးကြာဆုံးမွာ။
ထိုေနရာကေနလွည့္ထြက္မိေတာ့ ေျခဦးလွည့္ရာက ေရာက္ေနက်လမ္းေပၚ။လမ္းမထက္ဆိုင္ကယ္ရပ္လို႔ သူေနမည့္အခန္းဆီေမွ်ာ္ၾကည့္မိသည္။ညမီးေရာင္ေတြၾကား အလင္းမဲ့ေနတဲ့အခန္းဟာ သူခိုနားရာပါတဲ့။
သန္းေခါင္ေက်ာ္သြားၿပီ မေသာက္ျဖစ္တဲ့စီးကရက္ကိုလက္ၾကားညွပ္လို႔ မီးျခစ္ေလးကို ကစားေနမိတာ။
သုံးလျပည့္ေတာ့မယ္ ငယ္ငယ္။မင္းကိုမျမင္ရတာ သုံးလျပည့္ေတာ့မယ္။ကိုယ္ဟာ ကိုယ့္ကိုယ္ကိုသိပ္အထင္ႀကီးေနခဲ့တာ။ကိုယ္စိတ္ကိုဖုံးကြယ္ေနမိတာ မင္းဟာကိုယ္မုန္းရတဲ့ အမွိုက္ေလးတစ္ခုပါေပါ့ေလ။
ခုေတာ့ျဖင့္ကြာ.....
မခ်ိတင္ကဲျဖင့္ လမ္းမထက္ကေက်ာက္စရစ္ခဲေလးကို ေျခေထာက္ႏွင့္ကန္ပစ္လိုက္ေတာ့ ခပ္ေဝးေဝးဆီလြင့္ထြက္သြားေလသည္။
ဆိုင္ကယ္ေပၚျပန္တက္လို႔ အိမ္ဘက္ေျခ ဦးလွည့္တယ္။သန္းေခါင္ေက်ာ္မွာစားမိတာဟာ စေတာ္ဘယ္ရီေတြပါတဲ့။
သတိရစိတ္နဲ႕ စားမိတဲ့စေတာ္ဘယ္ရီအရသာဟာ မင္းႏႈတ္ခမ္းမွာမဟုတ္လို႔ထင္တယ္ ကိုယ္မုန္းေနတုန္းပဲ။
ဝရံတာကေနေကာင္းကင္ကိုၾကည့္ေတာ့ ၾကယ္ေတြစုံေနလိုက္တာ။မင္းေရာ အဲ့ၾကယ္ေတြကိုၾကည့္ရင္း ၿပဳံးဖူးလားငယ္ငယ္။မင္းသာၿပဳံးလိုက္ရင္ အဲ့ၾကယ္ေတြေႂကြက်ကဳန္မွာပဲ။မင္းအၿပဳံးေလာက္မွ မေတာက္ပနိုင္ရင္ ေကာင္းကင္မွာေနရတာသူတို႔လိပ္ျပာမလုံနိုင္လို႔ေလ။
တိတ္ဆိတ္တဲ့ညမွာ သူ႕အေတြးေတြကိုဘယ္သူမွမသိနိုင္လို႔ထင္တယ္ ရင္ထဲကစကားလုံးေတြကရွင္းရွင္းလင္းလင္းကိုေပၚလြင္လာတယ္။
Geoတစ္ခါကေျပာခဲ့ဖူးတာသတိရမိသည္။
*ေရစက္ေတြဆုံလာရင္ ကမၻာႀကီးတစ္ခုလုံးျခားေတာင္ ခြဲမရတတ္ေပမယ့္ ေရစက္ေတြကုန္သြားရင္ေတာ့ ေက်ာခ်င္းကပ္ထိုင္ခုံေလးပဲျခားေနတာေတာင္ လြဲရတတ္ပါတယ္တဲ့*
မွန္ေနေလာက္တယ္ငယ္။အရင္တုန္းကျဖင့္ ရင္ခြင္ထဲခ်ည္းပစ္ဝင္လာတတ္ၿပီး ခုက်ေတာ့ျဖင့္....
ေရစက္ေတြမကုန္ခ်င္ေသးဘူးငယ္ငယ္။
ေနာက္လဆိုရင္ မိုးရာသီေရာက္ၿပီ။စံပယ္ေတြလည္းေဖြးေနေအာင္ပြင့္ေတာ့မွာ။လူတိုင္းလည္းသေဘာတက်နမ္းရွိူက္ခြင့္ရေတာ့မွာ။
မင္းေရာဘယ္အခ်ိန္မွ အျပင္ထြက္လာမွာလဲငယ္။
ကိုယ္ကေရာ စံပယ္ရနံ႕ေတြဘယ္ေတာ့မွျပန္နမ္းရွိူက္ခြင့္ရမွာလဲ။
မင္းပိုင္တဲ့စေတာ္ဘယ္ရီအရသာေလးကိုေရာ ကိုယ္ဘယ္ေတာ့မွျပန္ျမည္းစမ္းခြင့္ရမွာလဲ။
ကိုယ္ဆုံးျဖတ္ထားတယ္။ဒီတစ္ခါေတြ႕ရင္ကိုယ္ဆြဲထားေတာ့မွာ။
ကိုယ့္ကိုယ္ကိုျပန္လိမ္ရတာလည္း ျပစ္မႈႀကီးတစ္ခုပဲငယ္ရဲ႕။အျပစ္ဒဏ္ကႀကီးလြန္းလို႔ ကိုယ့္မွာ႐ူးသြားေတာ့မလိုပဲ........
#############
ၿငိမ္း🌻🌞