ငါ့အမြှီးကို ဘယ်ကောင်ထိတာလဲကွ...

By Puddin524

21.5K 2.4K 29

This is not my own story. More

Description
Chapter 1 Arc 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Paid Gp
Chapter 7
Chapter 8
Chapter 9 Arc 1 End.
Chapter 10 Arc 2
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25 Arc 2 End.
Chapter 26 Arc 3
Chapter 27
Chapter 28
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43 Arc 3 End.
Chapter 44 Arc 4
Chapter 45

Chapter 29

240 36 1
By Puddin524

🦊Chapter 29
Arc 3 - ဖျော်ဖြေရေးလောက၏ လရောင်ဖြူလေး

3.4

ရွှယ်လင် တံခါးကို မပိတ်မီအထိ အကူစနစ်လေးက သူ့မူလနေရာတွင်သာ မလှုပ်မရှားရှိနေသည်။ ထို့နောက် သူ အထဲသို့ခုန်ဝင်ကာပြောသည်။
“ အရှင်က ဘာလို့ သရုပ်ဆောင်ချင်နေရတာလဲ…ပိုင်ယွဲ့မှာ အဲ့လိုဆန္ဒမျိုး မရှိခဲ့ဘူးလေ…”

“ ငါ့ တာဝန်က ပိုင်ယွဲ့ဆန္ဒကိုဖြည့်ဆည်းဖို့မဟုတ်ဘူး…အဓိကဇာတ်ကောင်တွေရဲ့ ကံကြမ္မာကို ပြောင်းလဲပစ်ဖို့လေ….ပြီးတော့ သူ့ဆန္နတွေက အရမ်းရိုးရှင်းတော့ သိပ်ပြီး စိန်ခေါ်မှုမရှိကြဘူး… ”

အကူစနစ်လေးက အလေးအနက်တွေးတောရင်း နှုတ်ခမ်းများ တွန့်လိမ်နေသည်။
"အရှင်က ပြဿနာရှာဖို့အတွက် အားယားနေပြီးသားဆိုတော့ နောက်ကမ္ဘာကျရင် အဲ့လို ကြုံလာသမျှပေါက်ကရတွေ လျှောက်လုပ်ဖို့အချိန်လုံးဝမအားအောင် သေချာလုပ်ရမယ်…"

“ အဓိကဇာတ်ကောင်ရဲ့ ကံကြမ္မာကိုပြောင်းလဲဖို့အတွက်နဲ့ ဖျော်ဖြေရေးနယ်ပယ်ထဲ သရုပ်ဆောင်အဖြစ်ဝင်ဖို့က လိုလို့လား…. ”

“ဒါပေါ့… သူ တဖြည်းဖြည်းစုဆောင်းခဲ့တဲ့ ဂုဏ်သတင်းကို ဖျက်ဆီးချင်တယ်…အဲ့ဒါမှ သူ နောက်ဆုံးမှာ လုံးဝသိက္ခာကျခံရတဲ့အခါ ဘယ်သူမှ သူ့အတွက် စိတ်မကောင်းဖြစ် ဝမ်းနည်းပေးမှာမဟုတ်ဘူး… ”

သူက သူ့ဆွယ်တာအင်္ကျီအား တစ်ချက်တည်း ဆွဲချွတ်လိုက်ပြီး သူ့ရှပ်အင်္ကျီ ကြယ်သီးများဖြုတ်နေသည်။
“ သူက လင်းရိနဲ့  အလုပ်တွဲလုပ်ရတာကို အရမ်းအလေးထားတယ်မလား…ငါက လင်းရိ သူ့ကို မုန်းသွားအောင်လုပ်မယ်…သူ့ပရိသတ်တွေက သူ့ကိုစွန့်ခွာသွားကြပြီး နောက်ဆုံးမှာ သူ့ကိုယ်သူပဲ ဖျက်ဆီးခွင့်ပေးလိုက်မယ်… ”

အကူစနစ်လေး - ဘယ်လောက်တောင် ရန်လိုနေရတာလဲ…

ရွှယ်လင်က မျက်စိမှေးကာကြည့်လိုက်ပြီး အကူစနစ်လေး စဉ်းစားနေသောအရာကိုသိရန် သူ့အမြီးကို ဖျစ်ညှစ်လိုက်သည်။
“ မမေ့ပါနဲ့… သူက မနာလိုမှုနည်းနည်းလေးကြောင့် အသက်ကိုရင်း သွားတာ….သူနဲ့ ပိုင်ယွဲ့တို့အကြားမှာ မကျေနပ်ချက်တွေ ရန်ငြိုးထားတာတွေ မရှိဘူး… သူ့မှာ မကောင်းတဲ့ဘဝ ရှိနေရတာနဲ့ပဲ ဘာလို့ ပိုင်ယွဲ့ကို မုန်းရတာလဲ…သူ့ကို ဘာကဖျက်စီးလိုက်တာလဲ…ငါတို့က သူတို့ရဲ့ကံကြမ္မာကို ပြောင်းလဲဖို့ လိုတဲ့အတွက် သူ တစ်နေ့ပြန်မထနိုင်တာ သေချာအောင် စေ့စေ့စပ်စပ်လုပ်ရမယ်….”

အကူစနစ်လေး- ဒါက ကျိုးကြောင်းဆီလျော်တာမို့ ငြင်းမရဘူး…

ရွှယ်လင်က သူ့ရှပ်အင်္ကျီကို ပစ်ချကာ ခရီးဆောင်လက်ဆွဲသေတ္တာကိုဖွင့်လိုက်သည်။ ရေချိုးခန်းဝတ်စုံကို ထုတ်ယူကာ ရေသွားချိုးလိုက်သည်။

အကူစနစ်လေးက သူ့နောက်ကျောကိုကြည့်ပြီး သူ့အရှင် တစ်ခုခုမှားနေသည်လား သိချင်နေသည်။

သူက အရင်ကမ္ဘာမှာကျ အဆင်ပြေနေပုံပါပဲ…

ဒါဆို ဒီကမ္ဘာပေါ်မှာကျ သူ့ရဲ့ရက်စက်တဲ့လေသံက ဘာလို့ဒီလောက်ပြင်းထန်နေရတာလဲ…

ရွှယ်လင် တရုတ်သို့ပြန်လာပြီး ဒုတိယနေ့တွင် လင်းရိက သူပြန်ရောက်နေကြောင်း သတင်းရခဲ့သည်။ သူက ပိုင်ယွဲ့နှင့် တွေ့ဆုံချင်ကြောင်းပြောလိုက်သည်။ ထို့ပြင် သူတို့ ထိုနေရာတွင်ရှိနေချိန် ထိုအသိုင်းအဝိုင်းထဲမှ တခြားသခင်လေးများနှင့် မိတ်ဆက်၍လည်းရနိုင်သည်။ အကယ်၍ သူတို့အား အနာဂတ်တွင်ထပ်မံတွေ့ရဆုံပါက  မမှတ်မိလျှင် ရှက်စရာကောင်းနေလိမ့်မည်။

ရွှယ်လင်က ထိုအချိန် သခင်ကြီးပိုင်နှင့် နေ့လည်စာအတူစားနေသည်။ သခင်ကြီးပိုင်က သင့်လျော်သည်ဟုတွေးမိကာ ရွှယ်လင်အား ထသွား၍ ရောရောနှောနှောမိတ်ဖွဲ့ရန်အကြံပေးသည်။ ရွှယ်လင်က စဉ်းစားပြီး သဘောတူလိုက်သည်။

ထိုပါတီက ဇာတ်လမ်း၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ပိုင်ယွဲ့နှင့် စွန်းကျန့်အန်းတို့ ပထမဆုံးတွေ့ဆုံကြခြင်းပင်။ သူ မသွားလျှင် ထိုသူအားလှုံ့ဆော်ရန် အခွင့်အရေး ပျောက်သွားနိုင်သည်။ ထိုတွေ့ဆုံပွဲအတွင်းမှ ပိုင်ယွဲ့ သူ့အပေါ် မသိမသာ အထင်သေးခြင်းမျိုးမှာ ယခင်ဘဝက စွန်းကျန့်အန်း၏ ကံဆိုးခြင်းကို  ဖြစ်စေခဲ့သောအရာမျိုးပင်။

ရွှယ်လင်က ပိုင်ယွဲ့ မပျော်ရွှင်သော စိတ်ခံစားမှုများ ဖော်ပြခြင်းနှင့် ပတ်သက်၍ မှားသည်ဟုမထင်ခဲ့ပေ။ လူတိုင်းက သူတို့တုပထားသောသူများက သူတို့ရှေ့ပေါ်လာခဲ့ကြပြီး ထိုလူက သူတို့သူငယ်ချင်း၏ရည်းစားဖြစ်နေလျှင်ပင် မည်သူမဆို အဝေးသို့ တွန်းဖယ်ကြလိမ့်မည်။

ပိုင်ဟောက်က အမြဲတမ်းအလုပ်များနေကာ နေ့လည်စာစားရန်ပင် အိမ်မပြန်နိုင်ပေ။ ပြီးခဲ့သည့်ညတွင်လည်း သူကရွယ်လင်နှင့်တွေ့ဆုံရန်သာ စောစောပြန်လာခဲ့သည်။ ရွှယ်လင် ယနေ့နိုးလာသောအခါ သူက အလုပ်သို့သွားနေပြီးဖြစ်သည်။ သူက သူဌေးကြီးတစ်ဦး ဖြစ်သော်လည်း အလုပ်စောစောသွားကာ နောက်ကျမှသာ ပြန်လာတတ်သည်။

ရွှယ်လင်က သူ့အခန်းကို အကြမ်းဖျင်းရှင်းလင်းလိုက်ကာ သူ့ပစ္စည်းများကိုဖယ်လိုက်သည်။ အခန်းတွင် တစ်ကိုယ်ရေစာနေရာလေး ထွက်လာသည်မြင်ရသောအခါ သူက အဝတ်အစားနှစ်စုံကို ဖြည်းဖြည်းချင်းဆွဲထုတ်လိုက်ကာ ရေချိုးပြီး အပြင်သွားရန်ပြင်ဆင်လိုက်သည်။

သခင်ကြီးပိုင်က တစ်စုံတစ်ဦးနှင့်အတူ ငါးမျှားထွက်နေခဲ့ပြီး ယနေ့ည အိမ်တွင် မည်သူမျှရှိမနေပေ။ ရွှယ်လင်က အကြာကြီး အချိန်ဆွဲမနေဘြ မမှောင်ခင်ပြန်လာခဲ့သည်။ သူက တွေ့ဆုံပွဲသို့ တိုက်ရိုက်မသွားခဲ့ပဲ ကုန်တိုက်သို့ ဦးဆုံးသွားလိုက်သည်။ ပိုင်ယွဲ့တွင် အဝတ်အစားများစွာရှိသော်လည်း ရွှယ်လင်က ၎င်းတို့ကိုမနှစ်သက်ပေ။ ထို့ကြောင့် နောက်ပိုင်းတွင် သူက စတားတစ်ယောက်ကဲ့သို့ ဝတ်စားဆင်ယင်ရသည့်အခါ ပိုအဆင်ပြေနေစေရန် အဝတ်အစားတချို့ဝယ်ရန်လိုသည်။

ဟင်း...

သူ နာမည်ကြီး ကျော်ကြားချင်တာကလည်း ဖြစ်ခဲပါတယ်…. ကင်းထောက်တွေက ဘာလို့ သူ့ဘဝတစ်လျှောက်  ကမ်းလှမ်းချက်တွေမလုပ်ပေးတာလဲ…

ဟိုင်မြို့တော်ရှိ အထက်တန်းအသိုင်းအဝန်းမှာ အတော်လေးကြီးမားကာ ဒုတိယမျိုးဆက် သို့မဟုတ် တတိယမျိုးဆက် အထက်တန်းလွှာများစွာရှိသည်။ သူတို့အကြား နက်ရှိုင်းသော ခင်မင်ရင်းနှီးမှု မရှိကြသော်လည်း တစ်ဦးနှင့်တစ်ဦး အကြိမ်အနည်းငယ် တွေ့ဖူးကြပြီး  အနည်းနှင့်အများ မှတ်မိကြသည်။ လင်းရိက သူ့အတွက် ကြိုဆိုသည့်ပါတီတစ်ခု ကျင်းပရန် ဘားတစ်ခုကို ကြိုတင်ဘိုကင်ချိတ်ထားသည်။ ပိုင်ယွဲ့က လူထူးလူဆန်းဖြစ်ကာ ထိုသို့သောပွဲလမ်းများတွင် ပါဝင်ခြင်းမရှိသလောက်ပင်။ ပိုင်မိသားစုတွင် ဒုတိယ သခင်လေးရှိကြောင်း လူအများကသိသော်လည်း သူ့ကိုတစ်ခါမျှ မမြင်ဖူးကြပေ။ ထို့ကြောင့် ထိုမိတ်ဆက်ပါတီမှာ ဖြစ်ပျက်ရန်လိုအပ်သော အရာတစ်ခုဖြစ်လေသည်။ ရွှယ်လင်က ဆန်ကုန်မြေလေးgongနှင့်ပတ်သက်၍ ထိုအချက်ကို သူ့နှလုံးသားထဲတွင် မှတ်ထားလိုက်သည်။

ပိုင်မိသားစုက ဟိုင်မြို့တော်တွင် အလွန်အရေးပါသည်ဟု မှတ်ယူနိုင်သည်။ ပိုင်ဟောက်၏ အသိုင်းအဝိုင်းများတွင် သခင်လေးပိုင်က ကျော်ကြားသောပါရမီရှင်တစ်ဦးဖြစ်သည်။ စကားစမြည်ပြောဆိုကြသည့်အခါ သူ့နာမည်ပါလာလျှင် မျိုးဆက်သစ်များက လက်မများထောင်၍ပင် သူ့ကိုချီးမွမ်းကြလိမ့်မည်။ အာဏာရှိသော မိသားစုများ၏အကြီးအကဲများပင် ပိုင်ဟောက်ကိုမျက်နှာသာပေးရသည်။ ထို့ကြောင့် လူအများစုက သူ့ပါတီတွင် ရွှယ်လင်ကိုတွေ့ရန် ပေါ်လာကြသည်။

ဘားတွင် လူများနှင့်ပြည့်နေပြီး ဆူညံသံနှင့်စိတ်လှုပ်ရှားမှုများကြောင့် တုန်လှုပ်ချောက်ချားနေသည်။ ရွှယ်လင်က  တံခါးကိုဖွင့်၍ ဝင်လာသောအခါ တစ်စုံတစ်ဦးက ရှမ်ပိန်ပုလင်ဖော့ဆို့ကို ချွတ်၍ လေထဲတွင်ဖြန်းပြီး ဂီတသံကိုပင်လွှမ်းမိုးနိုင်သော အော်သံများကိုဖြစ်ပေါ်စေသည်။

ရွှယ်လင် ခြေလှမ်းများ နှေးကွေးသွားသည်။ သူ့နှုတ်ခမ်း များလည်း တွန့်ချိုးထားသည်။ သူယခင်က ထိုပါတီမျိုးမတက်ရောက်ဖူးသော်လည်း ထိုအကြောင်းကို သူအနည်းငယ်ကြားဖူးသည်။ ထိုသို့ ရှုပ်ထွေးသော ပတ်ဝန်းကျင်မျိုးတွင် သတိလက်လွတ်မဖြစ်စေရန်ဆင်ခြင်ရမည်။

ပိုင်ယွဲ့ကိုမြင်သောအခါ လင်းရိ မျက်လုံးများ သိသိသာသာ တောက်ပသွားသည်။ သူ့လက်ထဲတွင် ဝိုင်ခွက်ကိုကိုင်လျက် လျှောက်လာပြီး ရွှယ်လင့်လည်ပင်းတွင် လက်မောင်းချိတ်လိုက်ကာ သူ့အားလူတိုင်းနှင့် မိတ်ဆက်ပေးရန် ဆွဲခေါ်လာသည်။
“ သူက ပိုင်မိသားစုရဲ့ ဒုတိယသခင်လေး ပိုင်ယွဲ့ပဲ…သူက အနာဂတ်မှာ သူ့အသက်မွေးဝမ်းကျောင်း တိုးတက်အောင် ဒီတရုတ်ပြည်မှာပဲကြိုးစားလိမ့်မယ်…အနာဂတ်မှာ သူနဲ့ကြုံတဲ့အခါ မျက်လုံးတွေကို ရှင်းထားပြီး သူ့ကိုမဆန့်ကျင်မိအောင် သတိထားပါ…”

သူက ထိုစကားများကို နောက်ပြောင်စွာပြောဆိုခဲ့ပြီး လူအများကလည်း ရယ်နေကြသည်။ ထို့ကြောင့် သူကဆက်လက်ပြောဆိုလိုက်သည်။
“ ဒုတိယသခင်လေးပိုင်က ငါ့အတွက်မိတ်ဆွေကောင်းပဲ…မင်းတို့ သူ့ကိုစော်ကားတာက ငါ့ကိုစော်ကားတာနဲ့အတူတူပဲ…"

သူတို့ ပတ်၀န်းကျင်ရှိ လူများမှ နောက်ထပ်ဆူပူသံများပေါ်လာပြန်သည်။

ရွှယ်လင်က သူ့လည်ပင်းမှ လင်းရိလက်ကို အသက်မပါစွာဖယ်ထုတ်ပြီး သူ့ခေါင်းကိုစောင်းလိုက်သည်။ လည်ပင်းမှ ဆွဲခံရခြင်း၏ ကြောက်မက်ဖွယ်ကောင်းသော ခံစားမှုကိုဖယ်ရှားလိုပုံရပြီးနောက် သူကပြုံးပြလိုက်သည်။
“ ကျွန်တော့်ကိုတွေ့ရဖို့ လာကြတဲ့ သူတို့ရဲ့ကြင်နာမှုအတွက် လူတိုင်းကို  အကြွေးတင်သွားပါပြီ… ကျွန်တော် ပိုင်ယွဲ့က လူသိများတဲ့ပုဂ္ဂိုလ် မဟုတ်ပေမယ့် အနာဂတ်မှာတော့ အားလုံးက ဟိုင်မြို့တော်ရဲ့ အသိုင်းအဝိုင်းတွေထဲ ရောနှောနေမှာပဲ… ကျေးဇူးပြုပြီး ကျွန်တော့်ကို စောင့်ရှောက်ပေးကြပါ… အားလုံး ပိုပြီးရင်းနှီးကျွမ်းဝင်လာတဲ့အခါ…တစ်နေ့နေ့မှာ တောင်းဆိုမှုတွေ ရှိလာတဲ့အခါ …တတ်နိုင်သမျှကူညီပေးပါ…”

တစ်စုံတစ်ဦးက သူတို့ဖန်ခွက်ကိုကိုင်ထားပြီး အော်လိုက်သည်။
“ သခင်လေးပိုင်အတွက်…ချီးယား…”

ရွှယ်လင်က စားပွဲထိုးတစ်ဦး၏ဗန်းမှ ဝိုင်တစ်ခွက်ကိုဆွဲယူပြီးအော်လိုက်သည်။
“ ဒီနေ့ရဲ့ကုန်ကျစရိတ်အားလုံး ကျွန်တော်ရှင်းမယ်…ပျော်ပျော်နေကြစို့…”

ဤမြင်ကွင်းက လုံးဝဖရိုဖရဲဖြစ်နေခဲ့ပြီး နတ်ဆိုးများ ရုန်းရင်းဆန်ခတ် အခေုအနေတွင် ဆူညံစွာကခုန်နေကြသကဲ့သို့ ဖြစ်သည်။ ရွှယ်လင်က သူ့ခေါင်းကိုမော့ထားပြီးစကားပြောပြီးသည်နှင့် သူ့ဝိုင်ဖန်ခွက်ကို ချထားလိုက်သည်။ သူ့ဘေးမှ တစ်စုံတစ်ယောက်အား သူဒုတိယသခင်လေးဖြစ်ရသည်မှာ ထိုက်တန်သည်ဟု ထင်ရစေသည်။

ဘယ်လောက်တောင် ရိုးအလိုက်သလဲ…

အားလုံးခွက်တွေမြှောက်ပြီး မော့ကြရအောင်လို့ ပြောနေတာတောင် ဖန်ခွက်တစ်ခွက်လုံး အောက်ချထားဖို့ တွေးနေသေးတာ…

ရွှယ်လင်က ထိုလူ့စကားများကို အပြုံးဖြင့်ဖြေဆိုရန်အချိန်ယူခဲ့ပြီး သူ အိမ်တွင်ရှိနေကျပုံစံနှင့် လုံးဝကွဲပြားခြားနားစွာ ပေါ်လာသည်။ သူက နာခံတတ်သောသောကလေးဘဝမှ ရိုင်းစိုင်းပြီး ကြွယ်ဝချမ်းသာသော ဒုတိယမျိုးဆက်ကလေးဘဝသို့ စက္ကန့်အနည်းငယ်အတွင်းပြောင်းလဲသွားသည်။

သူက ခေါင်းကိုဆတ်ခနဲ ခါလိုက်ပြီး သောက်ထားသောဝိုင်ကြောင့် စိုထိုင်းကာ နီရဲယစ်မူးသောနှုတ်ခမ်းများနှင့် တမင်ရယ်ပြလိုက်သည်။ အပြစ်ကင်း၍ ချစ်စရာကောင်းသောမျက်နှာပုံစံ ပေါက်နေသော်လည်း အနည်းငယ်မှေးနေသောမျက်စိတစ်စုံနှင့် မျက်လုံးနားမှ မှဲ့များကြောင့် လုံးဝ ညှို့ယူဖမ်းစားနေသယောင်ပုံစံမျိုး ဖြစ်နေသည်။

လင်းရိက ထိုပိုင်ယွဲ့ ဗားရှင်းကိုကြည့်ခြင်းအားဖြင့် လုံးဝအသိစိတ်လွတ်သွားသည်။ သူက ပိုင်ယွဲ့နှင့်ပြန်လည်ဆုံဆည်းလျှင် မည်သို့မည်ပုံသွားမည်ကို အခြေအနေများစွာစဉ်းစားခဲ့သော်လည်း ထိုသို့ဖြစ်လာလိမ့်မည်ဟု သူတစ်ခါမျှ မတွေးထင်ထားပေ။

အတိတ်နှင့်လုံးဝကွဲပြားသော်လည်း မမျှော်လင့်ဘဲ ညှို့ယူခံလိုက်ရသောကြောင့် လင်းရိ ချက်ချင်းပင် အသိစိတ်လွတ်သွားသည်။ သူ့ခြေဖျားတွင် ဒူးပြေးထောက်ကာ ခေါင်းကိုငုံ့ချ၍ သူ့ကိုတစ်ချက်မျှ ကြည့်ပေးစေရန် တောင်းဆိုချင်စိတ်ပင် ဖြစ်ပေါ်လာသည်။

ပိုင်ယွဲ့ အခြားသူများနှင့် မကြာခဏ အပြန်အလှန်ဆက်ဆံလိုခြင်းမရှိသောကြောင့် ဘားမှပါတီများကဲ့သို့ ပတ်ဝန်းကျင်မျိုးတွင်ရှိနေရခြင်းကိုလည်း သဘောမကျပေ။ လင်းရိက ပိုင်ယွဲ့ နိုင်ငံတွင်းသို့ပြန်လာ၍ မည်သည့်အရာကို ရယူအောင်မြင်ချင်ကြောင်းကို သိထားကာထိုအချက်ကိုအသုံးချ၍  သူ၏ပွဲတက်ရောက်မှုကို သေချာစေရန် အကျိုးအမြတ်ယူလိုက်သည်။ သူ့မူလစိတ်ကူးမှာ ထိုတစ်ချိန်တွင် လူကောင်းတစ်ယောက်ဖြစ်ရန်ဖြစ်သည်။ ပိုင်ယွဲ့အား ဟိုင်မြို့တော်မှ အရည်ချင်းရှိသော လူငယ်များနှင့် မိတ်ဆက်ပေးမည်။ သို့မှသာ အနာဂတ်တွင် အရင်းအနှီးများနှင့် ရင်းနှီးမြှုပ်နှံမှုများကိုရှာဖွေရန် သူ့အတွက်ပိုအဆင်ပြေလိမ့်မည်။ ပိုင်ယွဲ့ကလည်း သူ့အား အကောင်းမြင်စိတ်ပိုဖြစ်စေလိမ့်မည်။

ဒါပေမယ့် အခုတော့…

ပိုင်ယွဲ့က ရယ်မောကာ အရက်ကို ရေလိုသောက်ပြီး သူကြုံသမျှသူတိုင်းနှင့် စကားအနည်းငယ်ပြောနေသည်ကို ကြည့်နေသည်။ လင်းရိနှင့်အပြန်အလှန် ပြောဆိုနေချိန် တွင် သူနည်းနည်းမျှ အသိစိတ်လွတ်မနေပေ။ သို့သော် အနည်းငယ် စိတ်ရှုပ်ထွေးနေသည်ဟု ခံစားရသည်။

ထူးဆန်းသော်လည်း ထို ပိုင်ယွဲ့ဗားရှင်ထံမှ သူ့မျက်စိများ လုံးဝအကြည့်မလွှဲနိုင်ကြောင်း သူ့ကိုယ်သူ သဘောပေါက်သွားသည်။
“ ဒါက ငါတို့ရှာဖွေဖို့လိုတယ်လို့ပြောခဲ့တဲ့ ဒုတိယသခင်လေးပိုင်လား…”

အနီရောင်ဆံပင်နှင့်လူငယ်တစ်ဦးက လက်ထဲတွင်ကော့တေးခွက်ကိုင်ထားကာ လင်းရိ၏ ဘေးဘက်သို့ တိုးဝှေ့ဝင်ကာ သိချင်စိတ်နှင့်မေးမြန်းခဲ့သည်။
"သူ့လိုလူတစ်ယောက်က ဘယ်လိုအကူအညီလိုလို့လဲ… ငါတို့ကိုရော ဘယ်သူက တာဝန်ယူမှာလဲ…"

လင်းရိ ခေါင်းခါပြလိုက်ကာ သူ့မျက်လုံးများလည်း တဖျတ်ဖျတ်ဖြစ်သွားသည်။
“ လာစမ်းပါ… ဒီအသိုင်းအဝိုင်းထဲမှာ တခြားသူတွေနဲ့ ဘယ်လို ဆက်ဆံရမယ်ဆိုတာ မသိတဲ့သူ မရှိဘူး …သူက ပိုင် မိသားစုရဲ့ ဒုတိယသခင်လေးပဲ…ဘာပဲဖြစ်ဖြစ် သူ့ကိုစိတ်ပူစရာမလိုပါဘူး...မင်းရဲ့အမူအရာက ဘာလို့ သူ့ကို ဖူးဖူးမှုတ်ထားချင်တဲ့ပုံစံဖြစ်နေတာလဲ…”

လင်းရိက သူ့အနားမှ လူကိုကြည့်ကာ  သူ့ခြေထောက်ပေါ်သို့ တိတ်တဆိတ် တက်နင်းလိုက်သည်။ ရွှယ်လင်က လင်းရိနှင့် သူတို့အဖွဲ့များ စုဝေးရာနေရာသို့ မပြန်မီ လူစေ့တက်စေ့ဖြစ်စေပြီး ဘားတစ်ခုလုံးကို လူပြည့်စေခဲ့သည်။ သူ ဝိုင်များစွာသောက်ခဲ့ကာ သူ့မျက်နှာမှာ အနည်းငယ်ရဲနေသည်။ သူ့အပြုံးက ထူးထူးခြားခြားဆွဲဆောင်မှုရှိနေသည်။
“ ဒီနေ့ကျွန်တော့်ကို အားပေးဖို့လာကြတဲ့အတွက် ကျေးဇူးတင်ပါတယ်…. ပျော်ရွှင်ကျန်းမာ ချမ်းသာကြပါစေ...”

သူမည်မျှ သောက်ပြီးခဲ့သည်ကို သူ ကိုယ်တိုင်မသိပေ။သို့သော် ထိုအချိန်တွင် အရက်သောက်ရန်လိုသည်။ မသောက်ထားလျှင် လူအုပ်ထဲ ရောနှောနေနိုင်ရန် မဖြစ်နိုင်ပေ။

ဒုတိယသခင်လေးပိုင်က သူ့ကိုယ်သူမည်သို့ပြုမူရမည်ကို အမှန်တကယ်သိကြောင်း လူတိုင်းကခံစားမိပြီး သူ့အားချီးကျူးဂုဏ်ပြုကြကာလက်ထဲမှ သောက်စရာများကို အပြီးသတ်မော့လိုက်ကြသည်။ ထို့နောက် ရွှယ်လင်က  ခဏအနားယူရန် ထိုင်ချလိုက်သည်။

သို့သော် ထိုဇာတ်လမ်းမှာ ယုတ္တိမရှိမှူများနှင့်ပြည့်နေသည်။ သူထိုင်လိုက်သည်နှင့် လူငယ်တစ်ဦးက ရောက်လာပြီး လင်းရိအမည်ကိုအော်ဟစ်နေသည်။ သူက အနည်းငယ် စိတ်မသက်မသာဖြစ်နေပုံရပြီး သူ့အသံက တည်ငြိမ်မနေပေ။ ဆူညံနေသောသောပတ်ဝန်းကျင်နှင့် မှိတ်တုတ်မှိတ်တုတ်မီးရောင်များကြား သူ့နှုတ်ခမ်းကောက်ကြောင်းမှာ အနည်းငယ် အေးစက်နေပုံရသည်။

ရွှယ်လင်က သူ့မျက်ခုံးကိုပင့်ကာ ရယ်လိုက်သည်။

စွန်းကျန့်အန်းက ကောင်းမွန်သောမိသားစုမှ မွေးဖွားလာခြင်းမဟုတ်ပေ။ သူ့ ပင်ကိုယ်စရိုက်မှာ အလွန်သာမန်ဖြစ်ပြီး ထူးထူးခြားဘာမျှမရှိပေ။ ယခင်ဘဝက ပိုင်ယွဲ့နောက်သို့ လင်းရိ အကျိုးမရှိစွာ တကောက်ကောက်လိုက်ခဲ့ခြင်းကြောင့် စွန်းကျန့်အန်းအား ပိုင်ရွယ်နှင့် လုံးဝဆင်တူစေရန် ရည်ရွယ်ချက်ရှိရှိ လေ့ကျင့်ပေးနေခဲ့သည်။ ယနေ့ စွန်းကျန့်အန်းက သူ့လက်ရှိ စိတ်နေစိတ်ထားမျိုး ရှိနေလိမ့်မည်မဟုတ်ပေ။

သူက နှင်းဖုံးနေသောတောင်ပေါ်တွင် ကြီးထွားလာသော နှင်းကြာပန်းများကဲ့သို့ အေးတိအေးစက်နှင့် တသီးတခြားဖြစ်နေသည်။

ကံမကောင်းစွာပင် သူက အခြားသူတစ်ဦး သေချာထိန်းကျောင်းပေးထားသော သရုပ်ဆောင်တစ်ယောက်သာ ဖြစ်နေသည်။ အကယ်၍ ပိုင်ယွဲ့က သူ့မေးစေ့ကိုမော့ကာ  ထိုသို့ပြုမူပြလျှင် ထိုနေရာရှိ အမျိုးသမီးငယ်များနှင့် လူကြီးလူကောင်းများက နားလည်ကောင်း နားလည်နိုင်မည်ဖြစ်သည်။ သခင်လေး ပိုင်ယွဲ့မှာ သာမန်လူများနှင့်အပြန်အလှန်ဆက်ဆံသည့်အခါ အေးတိအေးစက်နှင့် တသီးတခြားဖြစ်နေသောအနုပညာရှင် ဖြစ်နေခြင်းက ပြဿနာမဟုတ်ပေ။ သို့သော် စွန်းကျန့်အန်းက ထိုအုပ်စုထဲတွင် အိပ်ပျော်နေသောသူပင်ဖြစ်သည်။ သူ့ပုံရိပ်က နားမလည်နိုင်လောက်အောင်စိတ်ပျက်စရာကောင်းပြီး ယနေ့ ပြောင်မြောက်သော စွမ်းဆောင်ရည်ရှိစွာ ပြုမူပြပုံက လွဲ၍ ဘာမျှလုပ်ပြလေ့မရှိသော ပိုင်ယွဲ့နှင့် နှိုင်းယှဉ်လျှင် သူကပို၍ သိသာနေသည်။

မူလဇာတ်ကြောင်းအရ ပိုင်ယွဲ့က ပါတီသို့လာ၍ သူက သူငယ်ချင်းဖြစ်ချင်သော်လည်း အပြောမကောင်းသည့်အပြင် ခပ်တန်းတန်းနေတတ်သည့် အမူအရာမျိုးနှင့် ဘေးတွင်သာဝင်ထိုင်နေသည်။ ထိုအချိန် စွန်းကျန့်အန်း ပုံပန်းသဏ္ဌာန်မှာ အခြားသူများအား သူက အထူးထူးခြားခြားဖြစ်သည်ဟု ခံစားရစေသည်။ ထို့ကြောင့် လင်းရိက စွန်းကျန့်အန်းမှာ အလွန်မျက်စိပသာဒ ဖြစ်သည်ဟု ခံစားရပြီး သူ့ဆီသို့ ပို၍ဦးတည်သွားလိုက်သည်။

အဆုံးတွင် ကံကြမ္မာက လူကိုယ်တိုင် အကောင်းဆုံးဖန်တီထားသော အစီအစဉ်များထက် ပိုအလုပ်ဖြစ်ခဲ့သည်။ ရွှယ်လင့်ရယ်မောပုံကအထူးသဖြင့် မြေခွေးတစ်ကောင်ပုံစံမျိုးနှင့် တူနေသည်။

စွန်းကျန့်အန်းက အဖွဲ့၏ ထူးဆန်းသောအကြည့်များကို လုံးဝသတိမထားမိခဲ့ပေ။ သူက လင်းရိဘေးတွင် ထိုင်ကာ  သူ့ဘေးပတ်၀န်းကျင်ရှိလူများစွာကို နှုတ်ဆက်လိုက်သည်။

လင်းရိက ယခုနောက်ပိုင်းတွင် သူ့ကိုပိုမိုကောင်းမွန်စွာဆက်ဆံလာခဲ့သည်။ ထို သခင်လေးများနှင့်အမျိုးသမီးငယ်များက  အနည်းနှင့်အများ စွန်းကျန့်အန်းကို မှတ်မိကြပြီး သူနှုတ်ခွန်းဆက်ပုံနှင့် ပတ်သက်၍ မသင့်လျော်သည်များ မရှိပေ။ သို့သော် အမည်တပ် နှုတ်ဆက်ခံခဲ့ရသူများက ရွှယ်လင်၏ အတွေးများနေသော အကြည့်များအောက်တွင် နားမလည်နိုင်စွာ အဆင်မပြေဖြစ်နေကြသည်။ အနားမှထွက်မသွားမီတွင်ပင် လူတိုင်းအား စိုးရိမ်ကြောင့်ကြမှုများစေသည်။ သူ မည်သည့်အရာစဉ်းစားနေသည်ကို လူတိုင်းနားမလည်နိုင်ပေ။

🦊🦊🦊

Paid gpမှာ Ch 140(Arc 9) ရောက်သွားပါပြီရှင့် 💗

Continue Reading

You'll Also Like

35.6K 5.6K 71
Title Translations Unicode only All CREDIT TO ORIGINAL AUTHOR
780K 65.3K 34
"Excuse me!! How dare you to talk to me like this?? Do you know who I am?" He roared at Vanika in loud voice pointing his index finger towards her. "...
2.2K 110 4
Where a mafia group is trying to figure out how to lure their enemies to their base but they recently found one of their siblings so called Nishimura...
3.9M 162K 62
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...