Unicode
"ဩဆက်ရက်ရာဇာ!"
"ဂျာ...ပါးပါး"
ညစ်ပတ်ပေတူးနေပြီး ခေါင်းလေးငုံ့ခါ အိမ်ကိုပြန်လာတဲ့ ပေါက်စလေးက ၄နှစ်သားအရွယ် ဩဆက်ရက်ရာဇာ ပါလေ။ ရတုဆူမှာကြောက်လို့သူ့ရဲ့သားလေးက မျက်လုံးလေးပေကလက် ပေကလက်လုပ်ကာ မဆူပါနဲ့ဆိုတဲ့သဘောဖြင့်။
လွန်ခဲ့တဲ့ လေးနှစ်ကပတ်သက်ပြီး ဘာဖြစ်ခဲ့လဲဆိုတာမပြောချင်ပေမဲ့ ဖုံးမရဖိမရကိစ္စဖစ်လာခဲ့တာမို့လို့ရတုအတွက်ပင်ပန်းခဲ့သည်။ မွေးရာပါသားအိမ်ပါလာတဲ့ယောက်ျားတယောက်အနေနဲ့ မေမေကထိုသို့မပြောခဲ့ဘူးသလို ရတုကိုယ်တိုင်ကြားတော့လဲ ကိုယ်၀န်ဆောင်ဖို့ခတ်ခဲနေပြန်၏။
ဒါပေမဲ့ ဩဆက်ရက်ရာဇာဆိုတဲ့သားလေးက သူနဲ့မောင်... ဟင့်အင်းမတွေးချင်တော့ဘူး သူမောင့်ကိုမေ့သင့်ပြီ မောင်နဲ့ပတ်သက်ခဲ့သမျှ မောင့်ကော မောင့်အမေကော သူနာကျင်အောင်မုန်းမိပါသည်။
"ပါးပါး..."
"ပါးပါးယေ! ပါးပါး ဇာဇာ့ ပါးပါးယေ!"
"ဟင်...ဇာဇာ ပြောလေ"
"ဝူးးးး ပါးပါးအတွေးက ဘယ်တူ့ချီရောက်နေတာယဲ ဇာဇာခေါ်တာမကြားရအောင်ယေ!!"
"ပါးပါးနဲနဲ အတွေးလွန်သွားတယ် ခနနေပါအုံး ကျတော်မျိုးက ကိုယ်တော်လေးကို ဆူရမှာလား ကိုယ်တော်လေးက ကျတော့ကိုဆူမှာလား!"
"သိဝူး သိဝူး ပါးပါးက ဇာဇာခေါ်တာမကြားဘဲနဲ့ အူဝါးးး"
"ဟေ့ ဇာဇာ! ပါးပါးကို ပြန်မရိုက်ရဘူးလေ တကယ် ဩဆက်သားလို့မပြောရဘူး လက်ရဲဇရဲပါကွာ!"
သားဖနှစ်ယောက်ရဲ့အသံလေးတွေက ဆူညံပေမဲ့ ပတ်၀န်းကျင်အတွက်ကတော့ ချစ်စရာကောင်းပါသည်။
ရတုက ဇာဇာ့ကိုရေမိုးချိုးပေးပြီး ထမင်းကျွေးဖို့ပြင်နေ၏။ ဇာဇာလေးကတော့ သူ၀ယ်ပေးတဲ့ ကစားစရာရေပြွတ်သေနတ်နဲ့ မာဖီးယားလိုလို ဂန်းစတားလိုလို ကစားနေသည်။
"အကို"
မီးဖိုချောင်ထဲတွင် သားလေးစားဖို့ပြင်ဆင်နေတဲ့ရတုက အနောက်မှ ခေါ်သံကြားတာကြောင့် ကိုယ်လေးတုန်တတ်သွား၏။ အသံလာရာကြည့်မိလိုက်တော့...
"အော် ညီလေး နောက်ဖြေးကိုလိုက်မလာပါနဲ့ ဟင်းနံ့တွေနဲ့မို့လို့ အရှေ့မှာစောင့်နေနော်ကိုယ်လာခဲ့မယ်"
"ဟုတ်ကိုကို ဒါဆို ဇာဇာလေးနဲ့ကျတော်ဆော့ရင်းစောင့်နေမယ်"
သူ့အားပြောပြီး နောက်ဖြေးမှထွက်သွားတဲ့ ထက်နိုင်နိုင်မင်းကို ရတုတချက်ပြုံးပြကာ ဟင်းကိုအာရုံစိုက်ပြီးပြန်ချက်နေ၏။
ထက်နိုင်နိုင်မင်းလား...? အဲ့နေ့က သူအမှိုက်ပုံထဲမှာလူသေတကာင်လိုဖြစ်နေတဲ့ ဒုက္ခတောထဲကနေ ဆွဲထုတ်လာတာ ထက်နိုင်နိုင်မင်းဆိုတဲ့ကောင်လေးဘဲ။ သူ့အိမ်မှာ ဆေးပေးမြှီးယူလုပ်ရင်း သူ့အကူညီနဲ့ဘဲ မြန်မာပြည်ကိုအပြီးပြန်ခဲ့တယ်။ သူရယ် မေမေရယ် သားလေးဇာဇာရယ် အခြေတကျဖြစ်အောင်နေခဲ့တယ်။ ရှမ်းပြည်နယ်တောင်ပိုင်း အင်းလေးဒေသရဲ့ အအေးဓာတ်ကက သူ့နှလုံးသားတစ်ခုလုံး အေးခဲကြေသွားတာကိုတော့မှီမယ်မထင်ပါ။
ထက်နိုင်နိုင်မင်းက သူ့ရဲ့ညီလေးလိုသဘောထားရသလို ကျေးဇူးရှင်လဲဖြစ်ပြန်၏။ ဇာဇာလေးမွေးစရိတ်ကအစ သူအိတ်စိုက်ပေးလို့သာ ဇာဇာလေးကို ကောင်းကောင်းမွေးခဲ့ရသည်။ ၃နှစ်တာကာလဆိုပေမဲ့ ရတုက ထိုကောင်လေးပေါ် ညီလေးသံယောဇဉ်ကလွဲ၍ ဘာစိတ်မရှိချေ။
"ပါးပါးယေ... ဗိုက်ချာနေပြီ ရတေးဝူးလား!"
"လာပါပြီဗျာ ကိုယ်တော်ချောရယ်"
"ဟွန်းကြာတယ် မြန်မြန်ခွံ့"
"ကိုယ့်ဘာသာစားလေ ဇာဇာ အသက်ဘဲ၄နှစ်ဖြစ်နေပြီ"
"ဇာဇာမစားတတ်ဝူး ပါးပါးကယဲ ငြိုငြင်တာယား"
"မစားတတ်လဲကျင့်စားဇာဇာ ပါးပါး ခြံခင်းထဲခနသွားကြည့်ရအုံးမယ်"
"ကဲကဲ သားဖနှစ်ယောက်လုံးတော်ပါတော့ ကျတော်ဘဲ ဇာဇာ့ကိုခွန့်ကျွေးလိုက်ပါ့မယ် အကိုရယ်"
"မဟုတ်တာ အားနာစရာကြီး ညီလေးလဲ အလုပ်ရှိသေးတယ်မလား"
"အလုပ်တွေပြီးလို့ ဒီကိုရောက်လာတာပါဗျ!"
"ပါးပါးနဲ့ဦးဦး! ဇာဇာ ဒီနေ့ထမင်းစားရပါ့မလား"
"ဟုတ်သားဘဲ ဦးဦးတောင်းပန်ပါတယ်နော် ဇာဇာလေးကို ထမင်းခွံ့ကျွေးမယ်"
အင်းလေးရေပြင်ပေါ်တွင် ရွာကြီးရွာငယ်များ တည်ဆောက်ထားကြသည်။ တစ်နေရာမှ တနေရာကိုကူးရန် လှေ၊ စက်လှေ များဖြင့်သွားလာပြီး လှေကို ခြေဖြင့်လှော်ခတ်ကြသည်။ (Google မှရေးထားသောစာဖြစ်ပါသဖြင့် #crd အပြည့်၀ပေးပါသည်)
>>>>>>>>>>>>>>>>>
နယူးယော့ခ်မြို့ရဲ့ ပြိုင်ဘက်အကင်းဆုံး စီးပွားရေးသမား ဧကဩဆက်။
မိခင်တစ်ဦးတည်းရဲ့ ဆန္ဒမှန်သမျှ အကုန်လုပ်ပေးပြီး ကျန်ခဲ့တဲ့အရာများက ဂုဏ်သတင်းများသာဖြစ်သည်။ ကားလမ်းမ၏ အဝေးတနေရာကိုကြည့်ပြီး တစ်စုံတစ်ဦးကိုတည်းတနေပေမဲ့ အစန တောင်ရှာမတွေ့ခဲ့။
"လေးနှစ်တောင်ရှိပြီ"
ပါးစပ်ကထုတ်ပြောပေမဲ့ မသိသလိုနေနေတာက ခန့်စစ်ပင်။ ဩဆက်က ခန့်စစ်ကို တစ်ချက်ကြည့်ပြီး
"အဲ့နေက အဲ့လိုလုပ်မှာဖြစ်မှာလား"
"ဗျာ Boss?"
"မင်းသာမတားခဲ့ရင် ရတုစောလေကို ငါရှာနိုင်..."
"သေသွားပြီ"
"............."
"သေသွားပြီလို့ လေးနှစ်ကာလတလျှောက်လုံး ကျတော်Bossကိုပြောခဲ့တယ်လေ"
"လိမ်နေတာ မင်းကော အမေကော ပေါင်းလိမ်နေကြတာ"
အနက်ရောင်စားပွဲပေါ်သို့ အမဲရောင်ကဒ်သုံးခုနှင့်အတူ ကားသော့နှစ်တွဲပစ်ပေးလိုက်တော့
"ဒါဘာလဲBoss"
"ငါ့တွက် bodycard ရှာထားပြီးပြီ ဒါတွေယူပြီးမင်းထွက်သွားတော့"
"Boss!"
"မင်းငါ့ကိုပြန်အော်နေတာလား စောက်ခွက်ထရိုက်လိုက်ရ!"
ဘယ်လိုမှပြောလို့မရတဲ့ bossကြောင့် ခန့်စစ်သက်ပြင်းတချက်သာချပြီး
"အင်းလေးမှာ"
"..........."
စကားတုံ့ပြန်မှုမရှိလာတဲ့ သူ့ရဲ့bossကို ကြည့်ပြီး
"ဥက္ကဠကြီးလဲကျန်းမာရေးအခြေနေကြောင့် ဆေးရုံ၃လတတ်နေရတာဆိုတော့ boss ဘာလုပ်လုပ်သိမှာမဟုတ်ဘူး"
"အဟား~တော်တယ်ခန့်စစ် ဒီနေ့ဘဲလက်မှတ်ပြင်ဆင်ထား"
မှားသမျှတွေကို အမှန်ပြင်ပြီး ခွင့်လွှတ်နိုင်အောင်ကြိုးစားပါ့မယ် ခင်ဗျားရယ်။ အဲ့နေ့ကအကြောင်းရာတွေကိုလဲ သေချာပေါက်ရှင်းပြပါ့မယ်။ ခွင့်လွှတ်ဖို့ နောက်ကျနေပြီဆိုရင်တောင် ဖြေရှင်းခွင့်လေးတော့ပေးပါဗျာ။
.
.
.
.
.
"စိုင်းလုံမိန်းရေ... စိုင်းလုံမိန်း"
"ဗျာ မေမေ သားကန်စွန်းခြံနားမှာ မေမေရေ"
သားဖြစ်သူအသံကြောင့် ဒေါ်ချိုက လှေဖြင့် သူမသားအနားကိုရောက်လာသည်။ အရင်နှစ်တွေကဖြစ်ခဲ့တဲ့ကိစ္စတွေမှာ သူမသားကိုအပစ်မပြောသလို သူမသားရဲ့ အပစ်လဲမဟုတ်ပါ။ သူမသာ ရောဂါမဖစ်ခဲ့ရင် သူမသားလေး ဒီလိုအဖစ်မျိုးဖြစ်မည်မဟုတ်။
ထို့ကြောင့် ရတုကိုစိတ်သစ်ကိုယ်သစ်ပြန်နေရအောင် ဒေါ်ချိုက သူမမွေးရပ်မြေရှမ်းပြည်ကိုအခြေပြန်ချပြီး ရတုစောလေကိုတော့ 'စိုင်းလုံမိန်း'
ဟုနာမည်ပြောင်းလိုက်ခြင်း။
(A/N- ရတုကရှမ်းလူမျိုးမဟုတ်ပါဘူးနော် ရတုအမေရဲ့အဖေကရှမ်းပါ အဲ့တော့ရတုရဲ့အဖိုးကရှမ်းပေါ့။ ရတုကရှမ်းစပ်ယုံလေးပါ )
"သပတ်ခါ မေမေတို့ရွာကို နိုင်ငံခြားကလူလာမှာတဲ့"
"ဟွန်း...မေမေရယ် နိုင်ငံခြားကလူတွေက အမြဲလာနေတာကို သားက ဘာလုပ်ရမှာလဲ"
"ဒီခါလာတဲ့လူက မေမေတို့ဒီရွာငယ်လေးအတွက် ထောက်ပံ့ပစ္စည်းတွေလှူပြီးလာတာသားရဲ့ အဲ့တာသူမရောက်လာခင်နေဖို့ အိမ်ကိုမေမေတို့ ပြင်ဆင်ပေးရမှာ မေမေကလဲ အသက်ကြီးပြီဆိုတော့ အလုပ်တွေသိပ်မလုပ်နိုင်တော့ဘူး"
"အင်းလေးဟော်တယ်မှာနေတော့ကောဘာဖြစ်မှာမို့လို့လဲ ရှုပ်ရှုပ်ရှက်ရှက်တွေ မေမေရယ်"
"အို...သားကလဲ သူကမေမေတို့ရွာလေးဒီထက်တိုးတက်ဖို့လာလှူတာပါ သူကြီးကလဲ သူနေမဲ့အိမ်လေးကို သန့်ရှင်းရေးလုပ်ခိုင်းနေလို့လေ"
"အွန်းပါ သားဘဲသွားလုပ်လိုက်ပါ့မယ်နော် ဇာဇာလေးကိုတယောက်ထဲထားခဲ့ရာမှာ စိတ်မချလို့သားဘဲခေါ်သွားတော့မယ်"
"မောင်ရင် ထက်နိုင်နိုင်မင်းက ဘယ်ရောက်သွားလို့လဲ?"
"အခုလေးဘဲ ရန်ကုန်မှာအလုပ်ရှိလို့ ပြန်သွားပြီမေမေရဲ့ သူကအားတယ်သာပြောတာ ဒီကိုတခါတခါလာရင် မုန့်တွေ၀ယ်လာတာ အားနာလှပြီ"
လက်ဖွေးဖွေးလေးတွေက ကန်စွန်းရွက်လေးတွေကိုချိုးပြီး ပြောနေတဲ့ရတုက တကဲ့ချစ်စရာလေးပါပင်...။
"ဟုတ်ပါပြီရှင် ဒါဆိုမေမေစိတ်ချမယ်နော် သား"
"ဟုတ်ကဲ့ မေမေ"
စာရေးသူပြောစကား>>
ရှမ်းပြည်အငွေ့သက်တွေပါလာမှာဆိုတော့ တနေရာရာမှားရင်လဲပြောလို့ရပါတယ်နော်။ အမှားနည်းအောင်လဲသေချာရေးပါ့မယ်။ ရှမ်းပြည်ရဲ့ နေရာများကလွဲ၍ ကျန်သောအရာအားလုံးသည် စာရေးသူချမ်းချမ်း၏ စိတ်ကူးယဉ်ပုံဖော်မှုသာဖြစ်သည်။
ရတုစောလေကို ဒီနေရာလေးကနေစပြီး စိုင်းလုံမိန်း အဖြစ်ခေါ်သွားကြရအောင်။
အစစအရာရာဂရုစိုက်ကြပါ
#ချမ်းချမ်း
Zawgyi
"ဩဆက္ရက္ရာဇာ!"
"ဂ်ာ...ပါးပါး"
"ပါးပါး..."
"ဟင်...ဇာဇာ ပြောလေ"
"အကို"
"ကိုယ့်ဘာသာစားလေ ဇာဇာ အသက်ဘဲ၎နှစ်ဖြစ်နေပြီ"
>>>>>>>>>>>>>>>>>
"လေးနှစ်တောင်ရှိပြီ"
"ဗျာ Boss?"
"သေသွားပြီ"
"............."
"ဒါဘာလဲBoss"
"Boss!"
"အင်းလေးမှာ"
"..........."
.
.
.
.
.
"ဟုတ်ကဲ့ မေမေ"
စာရေးသူပြောစကား>>
#ချမ်းချမ်း