ပျောက်ဆုံးခဲ့သောကောင်းကင်{The...

By RenaGG246

282 17 5

ကိုယ့်ရဲ့ကောင်းကင်ကြီးလို့သတ်မှတ်ပြီးလေးစားချစ်မြတ်နိုးရတဲ့လူတစ်ယောက်က တဖြည်းဖြည်းကိုယ့်အတွက်အဆိပ်သင့်လာခဲ့သေ... More

Character Introduction
The Intro
Part 1
Part 2
Part 3
Part 5

Part 4

24 2 1
By RenaGG246



~~ဒေါက်!..ဒေါက်!..ဒေါက်!~~

"သခင်လေး..ကျွန်တော် ဦးဝေပါ.."

အခန်းထဲမှမည်သည့်အသံမှထွက်မလာသဖြင့် ဦးဝေတစ်ယောက် အခန်းထဲဝင်လာခဲ့သည်။

တစ်ယောက်တည်း အတွေးများကာ စာကြည့်စားပွဲ၌ လက်နှစ်ဖက်ထောက်တင်၍ ခေါင်းကိုဖိညှစ်ထားသည့် သစ်နိုင်းမြတ်။

"ဘာကိစ္စလဲ?...ကျုပ်ဒီနေ့ဘာမှလုပ်ချင်စိတ်မရှိဘူး၊အရေးမကြီးရင် နောက်မှပြော"

"အိမ်အကူ နီနီ ကသခင်လေးကိုတွေ့ပြီးပြောစရာရှိလို့ပါတဲ့.."

"နီနီဆိုတာ ငယ့်ဝေယျာဝစ္စတွေ အနီးကပ်လုပ်ပေးတဲ့သူမလား"

"ဟုတ်ပါတယ်..သခင်လေး"

'အဲ့အိမ်အကူကငါ့ကိုတွေ့ပြီးဘာပြောမလို့လဲ'

စိတ်ထဲ၌သိပ်ဘဝင်မကျသော်လည်း တွေ့ရန်ဆုံးဖြတ်လိုက်သည်။

"ဝင်ခိုင်းလိုက်..သူ့ကို.."

"ဟုတ်ကဲ့..သခင်လေး"

ထို့နောက် တံခါးအနောက်တွင်ရပ်နေသောမိန်းကလေးတစ်ယောက်အား

"နီနီ လာလို့ရပြီ"

ခေါင်းလေးငုံ့ကာ ငြိမ်ငြိမ်ကုပ်ကုပ်လေးဖြင့် နီနီအခန်းထဲဝင်လာလိုက်သည်။သစ်နိုင်းမြတ်က စိတ်လက်မကြည်မသာဖြင့်

"ငါ့ကိုပြောစရာရှိလို့ဆို၊ဘာပြောမလို့လဲ မင်း"

"ဟို..မ..မမလေးအကြောင်းပါ"

"မမလေး?..ငယ်ကဘာဖြစ်လို့လဲ"

နီနီတစ်ယောက် တုန်ယင်နေသောလက်တွေကို မသိသာအောင် ဂါဝန်အားတင်းတင်းဆုပ်ကိုင်ထားသည်။

"ကျွန်..ကျွန်မ မမလေး ကိုတွေ့ခဲ့ပါတယ်"

"ဘာတွေ့တာလဲ၊ငါ့ကိုလိုရင်းကိုပြော..ဝေ့ဝိုက်မနေနဲ့"

"ကျွန်..ကျွန််မ မမလေးကို သော်စစ်နဲ့ အိမ်တော်နောက်ဘက်မှာတိုးတိုးတိတ်တိတ်စကားပြောနေတာကိုတွေ့ခဲ့တာပါ၊ပြီးတော့ သူတို့ပြောနေကြတဲ့အထဲမှာ မမလေးရဲ့ကိုယ်ဝန်က သ..သခင်လေးရဲ့ကလေးဆိုတာမသေချာဘူးဆိုပြီး...လည်းကြားခဲ့"

"ဘာ!..."

"သခင်လေး မရှိတဲ့အချိန်ဆို သော်စစ်နဲ့မမလေး အိမ်တော်နောက်ဘက်မှာချိန်းတွေ့လေ့ရှိပါတယ်၊အစက..အစကတော့ ရိုးရိုးသားသားစကားပြောတယ်ထင်ခဲ့ပေမဲ့..."

"တောက်!..."

သစ်နိုင်းမြတ် ဒေါသကိုတတ်နိုင်သလောက်ထိန်းချုပ်ထားလေသည်။ကြားလိုက်ရသမျှထိုစကားတွေဟာ နားထဲတွင်ပဲ့တင်သံကဲ့သို့ ထပ်ခါထပ်ခါကျယ်လောင်နေသည်။

စိတ်မထိန်းနိုင်သည့်အဆုံး စားပွဲပေါ်သို့ လက်သီးဖြင့် ဇောက်ခနဲထိုးချလိုက်သည်။

နီနီ လက်တွေတုန်ယင်နေရင်း ခေါင်းငုံ့ထားရင်းမှ အခန်းထောင့်ရှိရပ်နေသော ဦးဝေ ကိုအသာလေး မော့ကြည့်လိုက်သည်။

လိုချင်တာရသွားသည့်မျက်နှာအမူအရာကား သိသာစွာပေါ်လွင်နေရာ နှုတ်ခမ်းများမှာ အနည်းငယ် ကွေးညွတ်၍ပြုံးနေသည်။

သစ်နိုင်းမြတ်တစ်ယောက် ထိုးချလိုက်သောလက်တစ်ဖက်၏နာကျင်မှုကိုပင်အာရုံမရတော့။
မျက်လုံးစုံမှိတ်ကာ ကျန်လက်တစ်ဖက်ဖြင့်နဖူးကိုထောက်ထားရင်း

"သွားကြတော့ခင်ဗျားတို့.."

"အကုန်ထွက်သွားကြ!တစ်ယောက်မှဝင်မလာနဲ့"

နီနီ ကြောက်ကြောက်လန့်လန့်ဖြင့် ထိုအခန်းမှထွက်သွားလေရာ အနောက်မှဦးဝေကပါထွက်လာခဲ့သည်။

နီနီ့ပုခုံးကိုဆွဲလှည့်လိုက်ရာ

"မနက်ဖြန် အထုပ်ပြင်ပြီးဒီကထွက်သွားလိုက်တော့၊မင်းကိုကြိုဖို့ ငါလူခေါ်ထားလိုက်မယ်.."

"ဟုတ်..ဟုတ်ကဲ့.."

"မှတ်ထား၊ဒီကိစ္စကို မင်းအခေါင်းထဲထိသယ်သွား၊တစ်ယောက်ယောက်သိသွားလို့ကတော့ အဲ့ဒီနေ့ကမင်းသေတဲ့နေ့ပဲ"

"..........."

နီနီကြောက်အားလန့်အားဖြင့် ခေါင်းသာထပ်ခါထပ်ခါငြိမ့်ပြလိုက်သည်။

မိမိအခန်းငယ်လေးထဲတွင် နီနီတစ်ယောက် ကျုံ့ကျုံ့လေးထိုင်နေမိသည်။တုန်ယင်နေသောလက်တွေကိုပါးစပ်ဖြင့်ကိုက်လိုက်ရင်း လွန်ခဲ့သော (၂)နာရီခန့်က အဖြစ်ပျက်တချို့က ခေါင်းထဲပြန်ရောက်လာလေသည်။

___________________________

"ဦး...ဦးဝေ.."

"မင်းကိုငါပြောစရာရှိတယ်၊ခနထွက်လာခဲ့"

မှောင်ရိပ်ကွယ်နေသော အိမ်တော်၏ ထောင့်တစ်နေရာတွင် ဦးဝေနှင့် နီနီမှလွဲ၍ မည်သူမျှမရှိပေ။

"ဟင်!..ကျွန်မ..ကျွန်မအဲ့လိုမလုပ်နိုင်ဘူး"

"ခေါင်းသုံးပြီး သေချာစဉ်းစားစမ်း၊နယ်မှာ အကြွေးနစ်နေတဲ့ မင်းမိသားစု၊ကျန်းမာရေးမကောင်းတဲ့ မင်းအဖေ၊အဲ့ဒါတွေအကုန်လုံး မင်းတာဝန်ယူနိုင်လား"

"ကျွန်..ကျွန်မ.."

"လိမ်လိမ်မာမာနဲ့ ဒီငွေတွေယူပြီး အိမ်ပြန်လိုက်တာ အကောင်းဆုံးပဲ၊မဟုတ်ရင် မင်းနဲ့မင်းမိသားစု အကြောင်းလှမှာမဟုတ်ဘူး.."

_______________________

အပြစ်ရှိစိတ်က ရင်ဘတ်တစ်ခုလုံးကိုဖုံးလွှမ်းလာကာ ရှိုက်ကြီးတငင်ငိုမိလေသည်။

"မမလေး...ကျွန်မကိုခွင့်လွှတ်ပါ...မမလေးကျွန်မတောင်းပန်ပါတယ်..အီးဟီး...မမလေး ကျွန်မ..ကျွန်မတောင်းပန်ပါတယ်နော်.."

တစ်ယောက်တည်းငိုယို၍ကြိတ်ပြောနေကာ လက်နှစ်ဖက်မှာလည်း လက်အုပ်တွေချီနေ၏။

ညနက်ကြီးတစ်ခု ခက်ခက်ခဲခဲ ကျော်လွန်ပြီးချိန်မှာတော့ နံနက်မိုးသောက်ချိန်သို့ရောက်ရှိလာပါတော့သည်။

ကုမ္ပဏီသို့ ဦးတည်၍ သွားနေသောလမ်းတွင် သစ်နိုင်းမြတ်တစ်ယောက် ကားနောက်ခန်း၌လိုက်ပါလာခဲ့သည်။

ခံစားချက်မရှိသောမျက်နှာဖြင့် ရုတ်တရက် အိတ်ထဲမှ ဖုန်းကိုထုတ်လိုက်ရာ

"အေး...ဟိုနေ့ကဝယ်လာတဲ့ ကလေးပစ္စည်းတွေအကုန် မီးရှို့ပစ်လိုက်!.."

_________________________

"နီနီရေ....နီနီ....."

"နီနီကိုတွေ့မိလားဟင်..."

အိမ်တော်အတွင်းရှိ တခြားသောအိမ်အကူတစ်ယောက်အား နီနီ့အကြောင်းမေးမြန်းရာ

"နီနီက ဒီမနက်ပဲ အလုပ်ကထွက်ပြီး နယ်ပြန်သွားပါပြီမမလေး"

"ဟမ်!...ချက်ချင်းကြီးပါလား၊မနေ့ကတောင် သူ့ဆီကဘာပြောသံမှမကြားမိပါဘူး"

"အိမ်မှာတစ်ခုခုများဖြစ်လို့လားဟင်"

"အဲ့ဒါတော့ ကျွန််မလည်းမသိဘူးမမလေး၊ဒီမနက်ပဲ ရေးကြီးသုတ်ပျာနဲ့ အလုပ်ထွက်တယ်ဆိုပြီးပြန်သွားတာ"

"............."

'ဘာများဖြစ်လို့ပါလိမ့်....နီနီရယ်'

စဉ်းစားခန်းဝင်နေရင်း လေကောင်းလေသန့်ရှုရန် အိမ်တော်၏ခြံဝင်းထဲသို့ထွက်လာခဲ့လိုက်သည်။ညှော်နံ့ကနှာခေါင်းထဲသို့တဖြည်းဖြည်းစိမ့်ဝင်လာ၏။

"ညှော်လိုက်တာ...မီးလောင်နေတာတော့မဟုတ်ပါဘူးနော်"

ညှော်နံ့ရှိရာနေရာသို့ လိုက်သွားကြည့်သည့်အခါမှာတော့

"ဟာ!....."

ကိုကို့လူယုံများထဲမှ သုံးယောက်လောက်က လွန်ခဲ့သောနေ့ကဝယ်ထားသည့် ကလေးပစ္စည်း တပြုံတဟောင်းကို မီးရှို့နေကြသည်။

"ရှင်!..ရှင်တို့ဒါဘာလုပ်နေကြတာလဲ!."

"အခုချက်ချင်း ရပ်လိုက်၊ရှင်တို့ဒါဘာလုပ်တာလဲ၊ရပ်လိုက်အခု.."

ဒေါသထွက်လာသောငယ် ပြောရင်းဆိုရင်း မီးထဲရှိ ပစ္စည်းအချို့ကို ပြန်ယူရန်ကြိုးစား၏။

"မမလေး!...ဒီလိုလုပ်လို့မရပါဘူး၊အိမ်ထဲပြန်ဝင်ပါ"

"နင်တို့ကို ငါရပ်လို့ပြောနေတယ်လေ..ဖယ်စမ်း"

"ကျွန်တော်တို့က သခင်လေးခိုင်းတဲ့အတိုင်း လုပ်နေကြရတာပါ၊မမလေး ကျွန်တော်တို့ကိုအကြပ်ရိုက်အောင်မလုပ်ပါနဲ့"

"ဘာ!....ကိုကိုနိုင်းမြတ်..လုပ်ခိုင်းတာ..."

"မမလေး ကျေးဇူးပြုပြီး အိမ်ထဲပြန်ဝင်လိုက်ပါ"

"ဟင့်အင်း...ကိုကိုနိုင်းမြတ်ကဘာလို့အဲ့လိုလုပ်ရမှာလဲ၊နင်တို့လိမ်နေတာ၊ဖယ်နော်..အခုချက်ချင်းရပ်လိုက်လို့.."

"မမလေး ကျွန်တော်တို့ကိုအကြပ်ရိုက်အောင်မလုပ်ပါနဲ့၊အိမ်ထဲပြန်ဝင်ပါ"

ထိုလူများက တားထားသည့်ကြားမှ ငယ်အတင်းရုန်းရန်ကြိုးစားသည်။

အချိန်သာကုန်သွားသည်။ငယ့်အားအင်လေးနှင့်ဘယ်လိုမှမတတ်နိုင်လိုက်ပါ။

ငယ်ကာကွယ်ဖို့ကြိုးစားခဲ့သည့် ကလေးပစ္စည်းမြောက်မြားစွာမှာ ယခုတော့ ပြာမှုန် အကြွင်းအကျန်များအဖြစ်သို့ပြောင်းလဲခဲ့ချေပြီ။

တစ်နေကုန်အစားဟူ၍ ထမင်းတစ်စိမှမစားဘဲ ကိုကို့ပြန်အလာကိုငယ်စောင့်နေပါသည်။

ညနေ(၅)နာရီတွင်တော့ အိမ်ရှေ့သို့ ကိုကို့ကားအနက်ရောင်လေးရောက်ရှိလာခဲ့ပြီ။

သစ်နိုင်းမြတ်ကား အိမ်ထဲသို့ရောက်သည်နှင့် မိမိကိုစောင့်နေသည့်ငယ့်ကို တစ်ချက်ပင်မကြည့်။စာဖတ်ခန်းထဲသို့တန်းဝင်သွားသည်။

ငယ့်မှာ ကိုကို့နောက်သို့လိုက်ဝင်လာခဲ့ရာ

"ကိုကိုနိုင်းမြတ်...သူတို့ပြောတာတကယ်လား၊ကလေးပစ္စည်းတွေကို ကိုကိုမီးရှို့ခိုင်းတယ်ဆိုတာ"

နက်ခ်တိုင်ကိုဆွဲချွတ်လိုက်ကာ အပေါ်င်္အကျီကြယ်သီးတစ်လုံးကိုဖြုတ်နေသည့်သစ်နိုင်းမြတ်။

"မင်းကဘယ်လိုထင်လို့လဲ?..ငါမခိုင်းဘဲ ဒီကောင်တွေသူတို့သဘောအတိုင်းလုပ်ရဲမယ်လို့ ထင်လို့လား"

ငယ့်မျက်လုံးများက ကိုကို့ကိုမယုံနိုင်ဖွယ်အောင် အံ့အားသင့်စွာဖြင့်ကြည့်မိသည်။မျက်ရည်များက မျက်ဝန်းအတွင်းတွင်တဖြည်းဖြည်းနေရာယူလာသည်။

"ဘာလို့...ဘာလို့အဲ့လိုလုပ်ရတာလဲ?"

ငယ့် အသံများပင်တုန်ယင်နေသည်။ရှိုက်သံမပါအောင်စကားကိုထိန်းပြောနေရင်း

"အကြောင်းပြချက်ကဘာလဲ၊ဟိုတစ်နေ့ကပဲ ကိုကိုဝယ်ပို့ခိုင်းထားတာပါဆိုပြီး အိမ်တော်ကိုရောက်လာတဲ့ ကလေးပစ္စည်းတွေကို ဒီနေ့ပဲ ကိုကိုခိုင်းတာဆိုပြီး မီးထပ်ရှို့ပစ်တယ်"

"အကြောင်းပြချက်?.."

သစ်နိုင်းမြတ်ကငယ့်ကိုစျေးပေါသည့်အကြည့်များဖြင့်ကြည့်ကာ တစ်ချက်ရယ်ချလိုက်သည်။ထို့နောက်

"မင်းအထင်..ငါက တခြားအကောင်နဲ့ရတဲ့ဗိုက်ကို
ကြည်ကြည်နူးနူး ရင်ဝယ်ပိုက်ပြီး ပြုစုပျိုးထောင်ပေးမဲ့ နွားလို့ထင်နေတာလား"

"ဘာ....."

ငယ့်ပါးလေးနှစ်ဖက်ကို လက်တစ်ဖက်ဖြင့်အားနဲ့ကိုင်ညှစ်ချလိုက်ရာ

"ဒီလို ဖြူဖြူစင်စင်နဲ့ သနားကမားရုပ်လေးကလည်း ဒီလိုဟာတွေလုပ်တတ်သေးတာပဲလား"

ငယ် မိမိပါးကိုညှစ်ထားသော ကိုကို့လက်နှစ်ဖက်ကို တွန်းဖယ်ပစ်လိုက်သည်။

"ကိုကိုနိုင်းမြတ်ရုတ်တရက်ကြီးငယ့်ကိုဘာတွေပြောနေတာလဲ....ငယ်နားမလည်တော့ဘူး ဘယ်ကဘယ်လို"

"အ့!.."

သစ်နိုင်းမြတ် ငယ့်၏ပုခုံးကို အားနှင့်ဆုပ်ကိုင်လိုက်သည်။ငယ့်ရဲ့မျက်လုံးတွေဟာ ကိုကို့ကို ကြောက်စရာလူအဖြစ်သို့ စိုက်ကြည့်မိသည်။

"မင်း..သစ်နိုင်းမြတ်ကိုဘာကောင်ထင်နေတာလဲ
ဆည်းဆာနုငယ်၊ငါ့ကိုသစ္စာဖောက်ပြီးရလာတဲ့ အဲ့ကလေးကိုလည်းငါဒီတိုင်းထားမှာမဟုတ်ဘူး"

"ကိုကိုနိုင်းမြတ် ရှင်ဘာတွေပြောနေတာလဲ!..
ဒီကလေးကကိုကို့ကလေးပါ၊ငယ် ကိုကိုကလွဲပြီး ဘယ်သူနဲ့မှပက်သက်ခဲ့တာလည်းမရှိခဲ့"

"တော်စမ်းပါ ဆည်းဆာနုငယ်!...အခုချိန်ထိမူယာမာယာများနေတုန်း၊ဒီမှာကြည့်စမ်း!."

"ငါပြောခဲ့တယ်နော် ငါ့ကိုသစ္စာဖောက်ရင်သိပ်ရွံတာလို့၊အေး..ငါ့ကိုသစ္စာဖောက်တဲ့ဘယ်သူမဆို ဘယ်တော့မှလည်းအဆုံးသတ်မလှကြဘူးကွ"

~~ဝုန်း!!..~~

'ဆည်းဆာနုငယ်'ရဲ့ကျောရိုးဟာ အနောက်ဘက်ရှိစီရီထားသောစာအုပ်စင်သို့ပစ်ဆောင့်သွားသည်။

"အ့!...."

ဖင်ထိုင်ရက်လဲကျသွားကာ နာကျင်သောခံစားချက်ကအသွေးအသားထဲထိစိမ့်တက်လာသည်။
အကြင်နာတရားကင်းမဲ့စွာဖြင့် မျက်နှာလွှဲလိုက်သည့် 'သစ်နိုင်းမြတ်'က မိမိစိတ်ဒေါ်သကိုသာဦးစားပေးနေဆဲပင်။

နာကျင်နေသောခံစားချက်ကိုတင်းခံကာ 'သစ်နိုင်းမြတ်'ဆီသို့ရောက်အောင် တွားသွား၍ထိုလူ၏ခြေထောက်ကို မရဲတရဲဖြင့်ဆွဲထားလိုက်
သည်။

တုန်ရီနေသောအသံမှာစိုးရိမ်ထိတ်လိန့်နေ၍ငိုသံပေါက်နေသည်။

"ငယ် တကယ်ပြောနေတာပါ...ဒီကိုယ်ဝန်က ကိုကိုနိုင်းမြတ်ရဲ့ သွေးသားပါ ၊ငယ့် ကိုဘာလို့မယုံတာလဲဟင်...ငယ် ကိုကိုနဲ့ နေတာ (၂)နှစ်ရှိနေပြီအမြဲတမ်း ကိုကို့အရိပ်အောက်မှာပဲနေခဲ့တာလေ"

မထိန်းနိုင်သည့်မျက်ရည်များကပါးပေါ်သို့တဖြည်းဖြည်းစီးကျလာသည်။တသိမ့်သိမ့်တုန်ယင်နေသောခန္ဓာကိုယ်က တအားနာကျင်နေ၏။

"ငယ်က ဘယ်သူနဲ့ဖောက်ပြန်ရမှာလဲ...တစ်ချိန်လုံး ကိုကို့အရိပ်၊ကိုကိုဖန်တီးထားတဲ့နေရာမှာပဲ နေခဲ့ရတာ၊ငယ်ကိုကို့ကို ဘယ်တော့မှသစ္စာမဖောက်ခဲ့ဖူးဘူးလို့!.."

"'သော်စစ် 'ဆိုတဲ့အကောင်နဲ့လေ..."

"ဟမ်?..."

"ဟက်!...ငါမသိဘူးများထင်နေလား...မင်းအနားမှာစောင့်ကြည့်ဖို့ထားထားတဲ့ ကိုယ်ရံတော် နဲ့ မှ
ပလူးနေတာ"

"ဘာ!....ကိုသစ်နိုင်းမြတ်..အခုပြောနေတာဘာစကားတွေလဲဆိုတာရောသိရဲ့လား.."

"သော်စစ်က ငယ့်မိတ်ဆွေပါ!...ငယ်ဒီကိုရောက်တဲ့အချိန်ကစပြီး မိတ်ဆွေတွေလိုပဲနေခဲ့တာ၊သူနဲ့အဲ့လိုစည်းကျော်ဖို့ တွေးတောင်မတွေးဖူးဘူး"

မိမိခြေထောက်ကိုဆွဲထားသောလက်တွေကို ခြေထောက်ဖြင့်သာ ခါထုတ်လိုက်သည်။

"အ!..."

အားနည်းနေသော ခန္ဓာကိုယ်က ပိုလို့ပင်ယိုင်၍ ကြမ်းပြင်သို့လဲသွားသည်။ဝမ်းဗိုက်တစ်ခုလုံးကတဆစ်ဆစ်နာကျင်နေသည်။ဒူးအထက်ရှိသောဂါဝန်အောက်၌ နီရဲနေသော သွေးစများက ခြေထောက်တစ်လျှောက် တဖြည်းဖြည်းစီးကျလာသည်။

အစောပိုင်းက သစ်နိုင်းမြတ်၏ တွန်းလိုက်မှုကြောင့် စာအုပ်စင်နှင့်ဆောင့်မိခဲ့သည့်အကျိုးဆက်ကြောင့်ဖြစ်ဟန်တူသည်။

မိမိအောက်ပိုင်းကိုပင်မကြည့်နိုင်သေး။တစ်ဦးတည်းသောထိုယောကျ်ားကို တောင်းပန်ရဦးမည်။ကြမ်းပြင်ပေါ်၌ လဲကျနေလျက်ပင် ခြေထောက်သို့ထပ်လှမ်းဆွဲရန်ကြိုးစားသည်။
မမှီတော့ချေ။

"သော်စစ်ဆိုတဲ့ကောင်ကို ငါကဒီတိုင်းထားမယ်ထင်နေတာလား"

လက်ထဲကဆေးလိပ်ကိုမီးညှိကာ မီးခြစ်ကိုရှေ့ကစားပွဲပေါ်၌ ပစ်တင်လိုက်သည်။

"ငါအရွံဆုံးက ငါ့ကိုသစ္စာဖောက်တာပဲ"

ဝမ်းဗိုက်နှင့်ကျောရိုးမှနာကျင်၍ခန္ဓာကိုယ်ကတသိမ့်သိမ့်တုန်ယင်နေသည်။

"ကိုကိုနိုင်းမြတ်.....ငယ်ကိုကို့ကိုဘယ်တုန်းကမှ..သစ္စာမဖောက်ခဲ့ဘူး.."

ငယ့်အသံက တဖြည်းဖြည်းတိုးဝင်သွား၏။မျက်လုံးရှေ့မှ သစ်နိုင်းမြတ် ၏ပုံရိပ်ကား တဖြည်းဖြည်းဝေဝါးလာသည်။

"ငယ်...ငယ်ကိုကို့ကို...!..."

To be continued......
Rena GG

Continue Reading

You'll Also Like

1.4M 33.9K 46
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...
69.9K 1.4K 15
so, I'm back on new bullshit, and writing Oneshots again. It's tododeku this time, might have other ships, might not. enjoy!! (Cross posted on Ao...
8.4K 242 16
တည်တံ့လွင် လူပျိုဘဝကသာ ပျော်စရာကောင်းတာဗျ.... ငွေမှူးသဒ္ဓါ ငွေက မချစ်တတ်ဘူး .......
4.3M 270K 102
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...