Only One Limited Edition (Com...

By wangkyiphyu

16.6K 489 40

ကိုယ့္အပိုင္ေလးျဖစ္ခ်င္ရဲ႕လား baby ကိုယ့်အပိုင်လေးဖြစ်ချင်ရဲ့လား baby (19.3.2024- 6.5.2024 ) More

Note
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6***********
Chapter 7
Chapter 8
Chapter 9
Chapter 10**********
Chapter 11
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
The End

Chapter 12

472 16 2
By wangkyiphyu

Unicode

မြောက်ပိုင်းဒေသသည် တောင်တန်းများရှိရာ
တောင်ပေါ်ဒေသဖြစ်သည်မို့ ဆောင်းရာသီတွင် သူမတူအောင် အအေးလွန်ကဲ၏....ယခုမှာညအချိန်အခါဖြစ်သည့်အတွက် လမင်းကြီးသည် ငွေရည်အလင်းများပက်ဖျန်းထားသဖြင့် မြောက်ပိုင်းဒေသသည် ပို၍ အေးမြလျက်ရှိလှပါ၏...
ထူထဲလွန်းသောသိုးမွှေးကုတ်အင်္ကျီအရှည်က ထွေးပွေ့၍ အအေးဓာတ်ကို  ကာကွယ်ပေးနေ
၏...
ထိုအချိန်တွင် ခပ်လှမ်းလှမ်းမှ ကြားလိုက်ရသော
အသံများ....
" ငါ့ကိုလွှတ်ပေးပါဟာ...အီးဟီး... "
" ဟိုကောင်... မင်းဟာကငိုနေပြီ..လုပ်အုံး.. "
" ငါ နင့်ကို လက်ထပ်ချင်တာ...နင်မှ လက်မခံဘဲ...အနုနည်းမှမရတာ အကြမ်းနည်းသုံးရမှာပဲ...
မငိုနဲ့တော့... "
" ဟင့်အင်း... "
အသက်သွင် မြင်နေရသည့်က ကောင်မလေးတစ်
ယောက်ကို ကောင်လေး နှစ်ယောက်က အတင်းဆွဲခေါ်လာခြင်း...သူ့ကိုတော့ အပင်နှင့်ကွယ်နေ၍
မမြင်ကြချေ...
ထိုသုံးယောက်စလုံးအား သူမြင်ဖူးနေသလိုပင်...
အာ..ဟုတ်သား...ကောင်မလေးက မားမားကြီး
အသစ်ထပ်ခေါ်ထားတဲ့ အလုပ်သမားတွေထဲက
ဖြစ်ပြီး ကောင်လေးနှစ်ယောက်က ပါးပါးကြီး
ဂိုဏ်းထဲကပင်...အဲ့တာကြောင့် မြင်ဖူးသလို ဖြစ်နေတာ....
ယခုရောက်နေသည့် နေရာဟာ တောအုပ်ကြီးနှင့်
နီးသည့်အပြင် သရဲခြောက်သည်ဟု နာမည်ကြီး
သည့်အတွက် လူသွားလူလာရှားပေသည်...
ထို့အပြင် ပါးပါးကြီး တို့၏ မြေအောက်လောက
သားများလည်း မလာကြပေ...အကြောင်းကား
ထိုတောအုပ်ကြီးသည် လမ်းပန်းဆက်သွယ်ရေး
ခက်ခဲကာ မည်မျှပင် လမ်းကျွမ်းသော ဒေသခံ
ဖြစ်စေကာမူ လမ်းပျောက်တတ်အောင် တော
နက်သောကြောင့် ဖြစ်သည်...
အသက်သွင် အပင်နောက်ကထွက်လာပြီး ထိုသူတို့ရှေ့က ရပ်စောင့်နေလိုက်လျှင်
" မမလေး "
ထိုကောင်လေးနှစ်ယောက်၏ အထိန့်တလန့် ရေ
ရွတ်သံ ထွက်ပေါ်လာ၏...
အသက်သွင် တောင် ဘာမျှမပြောရသေး... လှစ်ခနဲနေအောင် ထွက်ပြေးသွားလေပြီ....ထိုသူနှစ်ယောက်လက်လွှတ်လိုက်ခြင်းကြောင့် လဲကျသွားသောကောင်မလေးအား တွဲထူပေးလိုက်သည်...
" ကျေးဇူးတင်ပါတယ်...မမလေး...အီးဟီး.."
ဝမ်းနည်းတကြီး ငိုချလာသော ကောင်မလေး၏
ကျောကုန်းကိုပုတ်ကာ နှစ်သိမ့်ပေးလိုက်ပြီး အိမ်
ပြန်ဖို့ သတိပေးလိုက်ရသည်....
ဟိုနှစ်ယောက်၏ရန်အတွက်ကတော့ စိုးရိမ်စရာ မလိုတော့ပေ...ယခုအချိန်လောက်ဆိုလျှင် ဂိုဏ်းကိုပြန်ရောက်နေလောက်ပြီ...
သူ့ရဲ့အစ်ကိုကြောင့် ယခုလို ကြောက်လန့်နေကြ
ခြင်း...အသက် ကို စကားလာပြောရဲသူဟာ ဆေးရုံနှင့် မိတ်ဆွေဖြစ်သွားမှာပင်...
ပြေးထွက်သွားလေသော ကောင်မလေးအား
ကြည့်ရင်း သူကို ခေါ်ကြသော နာမ်စားလေးအကြောင်းစဉ်းစားမိသည်..
မမလေးတဲ့လား...
ဒီဒေသ တစ်ခုလုံး ခေါ်ကြသည့်နာမ်စားဖြစ်၏...
တကယ်တော့ သူဟာ သူ့ကိုယ်သူပင် ယောင်္ကျား
လား မိန်းမလား မကွဲပြားပေ...
သူဟာ ဒွိလိင်တစ်ယောက်ဖြစ်နေပေ၏...
မားမားကြီး တို့က သူကို မိန်းကလေးတစ်ယောက်
လို နေထိုင်ခိုင်းလို့သာပေါ့...မဟုတ်ရင် အရွယ်
ရောက်လေ တစ်နေ့တစ်ခြား ကြီးထွားလာသော
သူ၏ ရင်သားများ အတွက် ဘယ်လိုတောင် နေ
ထိုင်ရမလဲ မသိပေ...
သူဟာ ယခုလို ခိုးထွက်လာတာကို အိမ်မှ မည်သူမျှမသိကြချေ...အလုပ်သမားတွေနှင့်တော့ တစ်ခါတစ်လေ တွေ့ပေမဲ့ ဘယ်သူမှ ပြန်မပြောရဲကြ...
အသက်သွင်ကို ကြောက်တာထက် အစ်ကို ခမ်းစိုင်းဟန် ကို ကြောက်ကြလို့ပင်...အစ်ကိုဟာ သူ
နှင့်ဖအေတူမအေကွဲ ဖြစ်ပေမဲ့ သူအားဂရုစိုက်ပေ
သည်...မားမားကြီး လက်ထဲမှ အမြဲလိုလိုကာ
ကွယ်ပေးတတ်၏...
အသက်သွင် အကြောင်းကို အလုံးစုံသိသူ
နောက်တစ်​ယောက်ရှိနေသေး၏...
~~မောင်~~
မြောက်ပိုင်းဒေသမှာ မွေးဖွားခဲ့ပေမဲ့ အကြမ်းဖက်
ခြင်းကို လွန်စွာစက်ဆုပ်ပြီး အေးချမ်းစွာ နေထိုင်လိုသူ...ပညာရေးတွင် ထူးချွန်၍ ဆရာဝန်ဖြစ်တော့မည့်သူ...အသက်သွင် ရဲ့ချစ်သူလေး ဖြစ်
သည်...
" ဟိတ်! သွင် "
" မောင်နော်... လန့်သွားတာပဲ "
အတွေးလွန်နေသော ချစ်သူလေးအား စနောက်
လိုက်ခြင်း ဖြစ်သည်...
" စောင့်နေတာ ကြာပြီလား...သွင် "
" ခဏပဲ ရှိပါသေးတယ်...သွင် ​စောထွက်လာလို့"
တည်ကြည်မောင်​မောင်ဟာ ယနေ့မှ မြို့က ပြန်လာခြင်း ဖြစ်သည်...လမ်းမှာ ကားပျက်နေခြင်းကြောင့် အချိန်ကြာနေပြီး အိမ်ကိုတောင် မဝင်နိုင်ဘဲ ချစ်သူလေးနှင့် ချိန်းထားသည့်နေရာကို ဦးစွာ လာခဲ့ခြင်း...ဒါတောင် ချစ်သူလေးက စောင့်နေရသေးသည်...
" သွင် မောင်ကျောင်းပြီးရင် မောင့်နောက်ကို လိုက်ခဲ့မယ်မလား "
" ဟုတ်..လိုက်မှာပေါ့ မောင့်ရယ် "
တကယ်တော့ သူရဲ့ချစ်သူလေးကို မွေးရပ်မြေမှာ
ပင် ခမ်းခမ်းနားနားလက်ထပ်ပြီး ယူချင်မိသည်...
ဒါပေမယ့် သွင်လေး ၏ မိဘတွေ အစ်ကိုတွေက
လက်ခံမည်မဟုတ်ပေ...သူတို့၏ နှစ်ဖက်ဂိုဏ်းတွေက ရန်ဘက်တွေ ဖြစ်နေသည်မို့...
သူတို့နှစ်ယောက် ချစ်သူတွေဖြစ်နေခြင်းကို မသိကြလို့ပေါ့...မဟုတ်ရင် ပြသာနာတွေ ဖြစ်နေလေပြီ...
" သွင်လေး...ကလေးလေး "
" ဟင် "
ယောင်နနလေး မော့ကြည့်လာသော ကလေးငယ်
၏ ဆေးအကူမပါဘဲ ရဲနေသော နှုတ်ခမ်းဖူးဖူး
လေးအား ကြင်နာစွာ ငုံထွေးစုပ်ယူလိုက်သည်...
အလိုက်သင့်လေး တုန့်ပြန်လာသော ချစ်သူလေး
အား အကြင်နာပိုမိစွာ အနမ်းများက ပို၍နက်ရှိုင်း
သွားလေ၏...ချစ်သူနှစ်ဦး၏ နမ်းရှိုက်သံများ
ကြောင့် လမင်းကြီးလည်း ရှက်ရွံ့စွာ တိမ်စိုင်လေးများနောက် ပုန်းကွယ်သွားလေ၏...

:::::::::::::::::::::::::::

တီ! တီ! တီ!
ကားဟွန်းတီးသံ ကျယ်လောက်စွာ ထွက်ပေါ်လာ
ခြင်းဖြစ်ပြီး ဂိုဏ်း၏ အစ်ကိုလေးပြန်ရောက်
သည့်အမှတ်သင်္ကေတပင်..ခြံတံခါးအား အလျှင်အမြန်သွားဖွင့်လိုက်ရသည်....အစ်ကိုလေးဟာ သူ့ညီမကလွဲ၍ မည်သူမျှ စိတ်မရှည်သူ ပင်...
မျက်မှောင်ကျုံ့ကာ ကားပေါ်မှ ဆင်းလာသော
အစ်ကို ဖြစ်သူကြောင့် အသက်သွင် အနည်းငယ်
ပင်ပြုံးမိသွားရသည်...
" ကိုကြီး ကျောင်းပိတ်တာ ကြာပြီကို ပြန်တာ
နောက်ကျတယ်နော် "
ခမ်းစိုင်းဟန် တစ်ယောက် လက်မောင်းကို ချိတ်ဆွဲကာ လာချွဲနေသော ညီမငယ်ကြောင့် စိတ်တိုတာတောင် မေ့ပျောက်သွားရသည်...အချွဲတုံးလေး...
" သွင် အတွက် ဘာပါလဲ "
" ကိုကြီး ရဲ့ သွင်လေးအကြိုက်တွေချည်း ဝယ်
လာတယ်...ဟုတ်ပြီလား "
" ဟုတ်.."
" ကားနောက်ခန်းထဲကဟာတွေ အကုန် သွင်လေး
အခန်းထဲပို့လိုက်! "
သွင် နောက်မှာ ရပ်နေသော အလုပ်သမား
ကောင်မလေးအား ပြောလိုက်ခြင်းဖြစ်သည်...
" သွင်လေး ကူသယ်ပေးလိုက်အုံးမယ် "
အနားမှ လှစ်ခနဲနေအောင် ပျောက်သွားသော
ညီမငယ်ကြောင့် ခမ်းစိုင်းဟန် ခေါင်းသာ ခါမိသည်...
သွင်လေး အိမ်ထဲဝင်သွားသည်နှင့် ခမ်းစိုင်းဟန်
မျက်နှာအမူအရာဟာ အေးစက်သွားလေသည်...
မြေအောက်လောကမှာ တစ်ချက်မှားသည်နှင့်
ဒုက္ခရောက်မည်ပင်... ဂိတ်စောင့်တွေ ဟာ ယခု
လိုအမြဲ တာဝန်ပေါ့လျော့နေရင် သူတို့ဂိုဏ်းဟာ
သိပ်မကြာခင် သူများအောက်ရောက်မှာ ကျိန်း
သေ...တာဝန်ပေါ့ရော့နေသူ အားလုံးကို အလုပ်
ထုတ်ပစ်လိုက်သည်...
ခမ်းစိုင်းဟန် ဘေးမှ သူငယ်ချင်း ဖြစ်သူကို
ကြည့်မိတော့ အိမ်အတွင်းဘက်ကို ငေးကာ ဝိညာဉ်လွင့်နေဟန်....playboyကြီးက စိတ်လွတ်တဲ့ အချိန် ရှိသေးပါလား...
" မင်းအာဏာ ဘာဖြစ်နေတာလဲ "
" အဲဒါ မင်းညီမလား "
" ဟုတ်တယ် "
" ငါ သူ့ကို လက်ထပ်ချင်တယ် "
" ​ဟေ့ကောင် နောက်မနေနဲ့ သွင်လေး ကို ငါဘယ်
သူ့မှ မပေးနိုင်ဘူး ...ငါ့လက်သီးက လူမရွေး
ဘူးနော်... "
တကယ်လည်း ခမ်းစိုင်းဟန် ဟာ ညီမလား ညီလားမပြောတတ်သည့် ကလေးငယ်အား မည်သူမှ မပေးနိုင်ပေ...ထိုကလေးငယ်လေး နာကျင်အောင်လုပ်မည့်သူများကို ယုံကြည်စွာ မပေးနိုင်ပေ...
မင်းအာဏာ တကယ့်ကို ထိုကောင်မလေးအား
စွဲလမ်းသွားရလေပြီ.... မရ,ရအောင်ကို သိမ်း
ပိုက်နိုင်အောင် ကြိုးစားရပေမည်...သူ့လိုလူတောင်တစ်ခါမြင်ရုံနှင့် စွဲလမ်းစေနိုင်သော ကောင်မလေး...
" လာ... အိမ်ထဲဝင်တော့... ပေါက်ကရတွေ မစနဲ
တော့ "
" ​အေးပါကွာ ...ခမ်းစိုင်းရာ "

မင်းအာဏာ ဟာ ခမ်းစိုင်းတို့အိမ်မှာ တည်းနေ
သည့်နှစ်ရက်လုံး ကလေးငယ်နားအား ကပ်ဖို့ ကြိုးစားပေမဲ့ မအောင်မြင်ပေ...သူကို ပတ်ရှောင်နေသလား အောက်မေ့ရတယ်...
ဒေါက်...ဒေါက်..ဒေါက်
တံခါးဖွင့်ကြည့်လိုက်တော့ ခမ်းစိုင်းတို့အိမ်က
အလုပ်သမားလေးပင်...
" အောက်မှာ အစ်ကိုလေးဖုန်းလာနေလို့ပါ "
" အင်း..ဆင်းလာခဲ့မယ် "
ဖုန်းက မြို့တော်မှ ဒယ်ဒီ ဆက်လာခြင်း...
" ဘယ်လို ဒယ်ဒီ ...ကျွန်တော် ကလေး ဟုတ်
လား..အရေးမပါတာ...ကျစ်!...အင်း ပြန်လာခဲ့
မယ် "
မင်းအာဏာ ၏ ရင်သွေးကို လွယ်ထားရသည်တဲ့
လား...သူလက်ထပ်ချင်သောသူကို တွေ့ခါမှလေ...ပြန်ရင်တော့ သွင်လေး ကို ပါအောင်ကို ခေါ်သွားရမယ်...

စန္ဒာလမင်း၏ အေးမြသည့် အရိပ်အရောင်သည်
အခန်းတွင်းသို့ ဖြာကျလျက်ရှိသည်...ဝိုင်းစက်
ပြည့်ဝနေသော လမင်းကြီးကို ငေးနေရင်းမှ အိပ်ချင်လာပြီမို့ ကိုယ်လက်သန့်စင်ရန်အတွက် ရေချိုးခန်းသို့ ဝင်လာလိုက်သည်...ရေချိုးခန်းမှ ပြန်အထွက် ပြတင်းပေါက်မှ တွယ်တက်လာသော အရိပ်မဲတစ်ခုကြောင့် လန့်ဖြန့်သွားရသည်...
ဟင်! မောင်!
အခန်းထဲ ရောက်ပြီး သွင် အားမြင်သည်နှင့် ရင်ခွင်ထဲသို့ ထွေးပွေ့ထားသော မောင်...
" မောင်နဲ့ တစ်ခါတည်း လိုက်ခဲ့တော့ သွင် "
" မောင် "
" မောင်စိတ်မချနိုင်တော့ဘူး...သွင်တို့အိမ်မှာ
သဘောတူထားတဲ့သူရောက်နေတယ်ဆို... ဟုတ်လား "
" ပေါက်ကရတွေ မောင်ရယ် ....ကိုကြီး သူငယ်ချင်းပါ... "
" ဒါပေမယ့် အဲ့တစ်ယောက်က သွင့်ကို သဘော
ကျနေတယ်မလား.."
" ........ "
ပြန်မဖြေခြင်းက ခေါင်းငြိမ့်သော အဓိပ္ပါယ် သက်
ရောက်တာမို့ တည်ကြည်မောင်မောင် ၏ ဆုံးဖြတ်ချက်မှာ ပို၍ခိုင်မာလာရသည်....သွင့်အစ်ကိုက သူ့လို့ ရန်သူဘက်ကထက် သူငယ်ချင်း နှင့်ပဲသဘောတူမှာ ကျိန်းသေ...
" မောင် နောက်လိုက်ခဲ့မယ်မလား ဟင်... "
" ဟုတ်...လိုက်ခဲ့မယ် "
သွင် အဖြေကိုကြားလိုက်ရလျှင်ပင် ပြုံးပျော်သွားသော မောင့်မျက်နှာကြောင့် ကြောက်ရွံ့မှုကို ဖြတ်ကျော်နိုင်စေဖို့ ခွန်အား ရစေလေ၏...
အဝတ်တစ်ထည် ကိုယ်တစ်ခုဖြင့် မောင်ခေါ်ရာ
နောက် လိုက်ခဲ့တော့၏...
သွင် ခိုးထွက်နေကျ နေရာမှ ထွက်လာခြင်း
ကြောင့်မည်သူမျှ သိမည်မဟုတ်ပေ...
" မမလေး "
သွင်ရော မောင်ရော တကယ့်ကို လန့်သွားရသည်...ဟိုနေ့က သွင် ကူညီပေးလိုက်သော ကောင်မလေး...
သူခေါ်သည့် သစ်ပင်နောက်သို့ အလျှင်အမြန် သွားပုန်းလိုက်ရသည်...ရှေ့ဘက်ခပ်လှမ်းလှမ်းတွင် မြင်နေရသော ဂိုဏ်းက ကောင်လေးနှစ်ယောက်ကြောင့်...
ထိုနှစ်ယောက်ထွက်သွားကာမှ
" ဒီကိုဘယ်လို ရောက်နေတာလဲ "
" မမလေးတို့ထွက်သွားမှာသိလို့ပါ နုနုကိုလည်း
ခေါ်သွားပါနော်...ဒီမှာမနေရဲလို့ပါ... မမလေးဘာ
ခိုင်းခိုင်းလုပ်ပါ့မယ် "
ထိုကောင်မလေးက သူ့ကိုအားကိုးရာဟု ထင်နေ
သည်လား...
အဝေးပြေးလမ်းမထက်ပြေးနေသော လိပ်ခုံးကားတစ်စီးအတွင်း စုံတွဲတစ်တွဲ အပြင် ကောင်မလေးလည်းပါနေပေ၏...
အိပ်ပျော်နေသော သွင်လေးကို တစ်ချက်ငဲ့စောင်းကြည့်ကာ ကားကိုသာ ဂရုတစိုက် မောင်းနှင်လိုက်တော့သည်...

" သွင်လေးကို မြောက်ပိုင်းဒေသ တစ်ခုလုံး မြေလှန်ရှာကြ! ....မတွေ့ရင် မင်းတို့ပြန်လာစရာ မလိုဘူး! "
ခမ်းစိုင်းဟန် ၏ ဒေါသတကြီးအသံကြောင့် ဂိုဏ်းတစ်ခုလုံး နေစရာ နေရာပင် မရှိချေ...
မင်းအာဏာ လည်း သွင်လေးအား ရှာဖို့ရန်အတွက်မြို့တော်ကိုသာ ပြန်ဖို့ ဆုံးဖြတ်လိုက်၏.....

...........................................................................

ဖတ်ရှုသူအားလုံးကို ကျေးဇူးတင်ပါတယ်ရှင့်

...........................................................................



Zawgyi

ေျမာက္ပိုင္းေဒသသည္ ေတာင္တန္းမ်ား႐ွိရာေတာင္ေပၚေဒသျဖစ္သည္မို႔ ေဆာင္းရာသီတြင္ သူမတူေအာင္ အေအးလြန္ကဲ၏....ယခုမွာညအခ်ိန္အခါျဖစ္သည့္အတြက္ လမင္းႀကီးသည္ ေငြရည္အလင္းမ်ားပက္ဖ်န္းထားသျဖင့္ ေျမာက္ပိုင္းေဒသသည္ ပို၍ ေအးျမလ်က္႐ွိလွပါ၏...
ထူထဲလြန္းေသာသိုးေမႊးကုတ္အက်ႌအ႐ွည္က ေထြးေပြ႕၍ အေအးဓာတ္ကို  ကာကြယ္ေပးေန၏...
ထိုအခ်ိန္တြင္ ခပ္လွမ္းလွမ္းမွ ၾကားလိုက္ရေသာ
အသံမ်ား....
" ငါ့ကိုလႊတ္ေပးပါဟာ...အီးဟီး... "
" ဟိုေကာင္... မင္းဟာကငိုေနၿပီ..လုပ္အုံး.. "
" ငါ နင့္ကို လက္ထပ္ခ်င္တာ...နင္မွ လက္မခံဘဲ...
  အႏုနည္းမွမရတာ အၾကမ္းနည္းသုံးရမွာပဲ... မငိုနဲ႔ေတာ့... "
" ဟင့္အင္း... "
အသက္သြင္ ျမင္ေနရသည့္က ေကာင္မေလးတစ္ေယာက္ကို ေကာင္ေလး ႏွစ္ေယာက္က အတင္းဆြဲေခၚလာျခင္း...သူ႕ကိုေတာ့ အပင္ႏွင့္ကြယ္ေန၍ မျမင္ၾကေခ်...
ထိုသံုးေယာက္စလံုးအား သူျမင္ဖူးေနသလိုပင္...
အာ..ဟုတ္သား...ေကာင္မေလးက မားမားႀကီး
အသစ္ထပ္ေခၚထားတဲ့ အလုပ္သမားေတြထဲက
ျဖစ္ၿပီး ေကာင္ေလးႏွစ္ေယာက္က ပါးပါးႀကီး

ဂိုဏ္းထဲကပင္...အဲ့တာေၾကာင့္ ျမင္ဖူးသလို ျဖစ္ေနတာ....
ယခုေရာက္ေနသည့္ ေနရာဟာ ေတာအုပ္ႀကီးႏွင့္နီးသည့္အျပင္ သရဲေျခာက္သည္ဟု နာမည္ႀကီးသည့္အတြက္ လူသြားလူလာ႐ွားေပသည္...
ထို႔အျပင္ ပါးပါးႀကီး တို႔၏ ေျမေအာက္ေလာကသားမ်ားလည္း မလာၾကေပ...အေၾကာင္းကားထိုေတာအုပ္ႀကီးသည္ လမ္းပန္းဆက္သြယ္ေရးခက္ခဲကာ မည္မ်ွပင္ လမ္းကြၽမ္းေသာ ေဒသခံျဖစ္ေစကာမူ လမ္းေပ်ာက္တတ္ေအာင္ ေတာနက္ေသ
ာေၾကာင့္ ျဖစ္သည္...
အသက္သြင္ အပင္ေနာက္ကထြက္လာၿပီး ထိုသူတို႔
ေ႐ွ႕က ရပ္ေစာင့္ေနလိုက္လ်ွင္
" မမေလး "
ထိုေကာင္ေလးႏွစ္ေယာက္၏ အထိန္႔တလန္႔ ေရရြတ္သံ ထြက္ေပၚလာ၏...
အသက္သြင္ ေတာင္ ဘာမ်ွမေျပာရေသး... လွစ္ခနဲေနေအာင္ ထြက္ေျပးသြားေလၿပီ....ထိုသူႏွစ္ေယာက္လက္လႊတ္လိုက္ျခင္းေၾကာင့္ လဲက်သြားေသာေကာင္မေလးအား တြဲထူေပးလိုက္သည္...
" ေက်းဇူးတင္ပါတယ္...မမေလး...အီးဟီးးး.."
ဝမ္းနည္းတႀကီး ငိုခ်လာေသာ ေကာင္မေလး၏ေက်ာကုန္းကိုပုတ္ကာ ႏွစ္သိမ့္ေပးလိုက္ၿပီး အိမ္ျပန္ဖို႔ သတိေပးလိုက္ရသည္....ဟိုႏွစ္ေယာက္၏ရန္အတြက္ကေတာ့ စိုးရိမ္စရာ မလိုေတာ့ေပ...ယခုအခ်ိန္ေလာက္ဆိုလ်ွင္ ဂိုဏ္းကိုျပန္ေရာက္ေနေလာက္ၿပီ...
သူ႔ရဲ႕အစ္ကိုေၾကာင့္ ယခုလို ေၾကာက္လန္႔ေနၾကျခင္း...အသက္ ကို စကားလာေျပာရဲသူဟာ ေဆးရံုႏွင့္ မိတ္ေဆြျဖစ္သြားမွာပင္...
ေျပးထြက္သြားေလေသာ ေကာင္မေလးအား ၾကည့္ရင္း သူကို ေခၚၾကေသာ နာမ္စားေလးအေၾကာင္းစဥ္းစားမိသည္..
မမေလးတဲ့လား...
ဒီေဒသ တစ္ခုလံုး ေခၚၾကသည့္နာမ္စားျဖစ္၏...တကယ္ေတာ့ သူဟာ သူ႔ကိုယ္သူပင္ ေယာက်ၤားလား မိန္းမလား မကြဲျပားေပ...
သူဟာ ဒိြလိင္တစ္ေယာက္ျဖစ္ေနေပ၏...
မားမားႀကီး တို႔က သူကို မိန္းကေလးတစ္ေယာက္လို ေနထိုင္ခိုင္းလို႔သာေပါ့...မဟုတ္ရင္ အရြယ္ေရာက္ေလ တစ္ေန႔တစ္ျခား ႀကီးထြားလာေသာသူ၏ ရင္သားမ်ား အတြက္ ဘယ္လိုေတာင္ ေနထိုင္ရမလဲ မသိေပ...
သူဟာ ယခုလို ခိုးထြက္လာတာကို အိမ္မွ မည္သူမ်ွ
မသိၾကေခ်...အလုပ္သမားေတြႏွင့္ေတာ့ တစ္ခါတစ္ေလ ေတြ႔ေပမဲ့ ဘယ္သူမွ ျပန္မေျပာရဲၾက...
အသက္သြင္ကို ေၾကာက္တာထက္ အစ္ကို ခမ္းစိုင္းဟန္ ကို ေၾကာက္ၾကလို႔ပင္...အစ္ကိုဟာ သူႏွင့္ဖေအတူမေအကြဲ ျဖစ္ေပမဲ့ သူအားဂ႐ုစိုက္ေပသည္...မားမားႀကီး လက္ထဲမွ အျမဲလိုလိုကာကြယ္ေပးတတ္၏...
အသက္သြင္ အေၾကာင္းကို အလံုးစံုသိသူ
ေနာက္တစ္​ေယာက္ရိွေနေသး၏...
~~ေမာင္~~
ေျမာက္ပိုင္းေဒသမွာ ေမြးဖြားခဲ့ေပမဲ့ အၾကမ္းဖက္ျခင္းကို လြန္စြာစက္ဆုပ္ၿပီး ေအးခ်မ္းစြာ ေနထိုင္လိုသူ...ပညာေရးတြင္ ထူးခြၽန္၍ ဆရာဝန္ျဖစ္ေတာ့မည့္သူ...အသက္သြင္ ရဲ႕ခ်စ္သူေလး ျဖစ္သည္...
" ဟိတ္! သြင္ "
" ေမာင္ေနာ္... လန္႔သြားတာပဲ "
အေတြးလြန္ေနေသာ ခ်စ္သူေလးအား စေနာက္
လိုက္ျခင္း ျဖစ္သည္...
" ေစာင့္ေနတာ ၾကာၿပီလား...သြင္ "
" ခဏပဲ ရိွပါေသးတယ္...သြင္ ​ေစာထြက္လာလို႔"
တည္ၾကည္ေမာင္​ေမာင္ဟာ ယေန႔မွ ၿမိဳ႕က ျပန္လာျခင္း ျဖစ္သည္...လမ္းမွာ ကားပ်က္ေနျခင္းေၾကာင့္ အခ်ိန္ၾကာေနၿပီး အိမ္ကိုေတာင္ မဝင္ႏိုင္ဘဲ ခ်စ္သူေလးႏွင့္ ခ်ိန္းထားသည့္ေနရာကို ဦးစြာ လာခဲ့ျခင္း...ဒါေတာင္ ခ်စ္သူေလးက ေစာင့္ေနရေသးသည္...
" သြင္ ေမာင္ေက်ာင္းၿပီးရင္ ေမာင့္ေနာက္ကို လိုက္ခဲ့မယ္မလား "
" ဟုတ္..လိုက္မွာေပါ့ ေမာင့္ရယ္ "
တကယ္ေတာ့ သူရဲ႕ခ်စ္သူေလးကို ေမြးရပ္ေျမမွာပင္ ခမ္းခမ္းနားနားလက္ထပ္ၿပီး ယူခ်င္မိသည္...
ဒါေပမယ့္ သြင္ေလး ၏ မိဘေတြ အစ္ကိုေတြက လက္ခံမည္မဟုတ္ေပ...သူတို႔၏ ႏွစ္ဖက္ဂိုဏ္းေတြက ရန္ဘက္ေတြ ျဖစ္ေနသည္မို႔...
သူတို႔ႏွစ္ေယာက္ ခ်စ္သူေတြျဖစ္ေနျခင္းကို မသိၾကလို႔ေပါ့...မဟုတ္ရင္ ျပသာနာေတြ ျဖစ္ေနေလၿပီ...
" သြင္ေလး...ကေလးေလး "
" ဟင္ "
ေယာင္နနေလး ေမာ့ၾကည့္လာေသာ ကေလးငယ္၏ ေဆးအကူမပါဘဲ ရဲေနေသာ ႏႈတ္ခမ္းဖူးဖူးေလးအား ၾကင္နာစြာ ငံုေထြးစုပ္ယူလိုက္သည္...အလိုက္သင့္ေလး တုန္႔ျပန္လာေသာ ခ်စ္သူေလးအား အၾကင္နာပိုမိစြာ အနမ္းမ်ားက ပို၍နက္႐ႈိင္းသြားေလ၏...ခ်စ္သူႏွစ္ဦး၏ နမ္း႐ႈိက္သံမ်ား ေၾကာင့္ လမင္းႀကီးလည္း ႐ွက္ရြံ႕စြာ တိမ္စိုင္ေလးမ်ားေနာက္ ပုန္းကြယ္သြားေလ၏...

:::::::::::::::::::::::::::

တီ! တီ! တီ!
ကားဟြန္းတီးသံ က်ယ္ေလာက္စြာ ထြက္ေပၚလာျခင္းျဖစ္ၿပီး ဂိုဏ္း၏ အစ္ကိုေလးျပန္ေရာက္သည့္အမွတ္သေကၤတပင္..ျခံတံခါးအား အလ်ွင္အျမန္သြားဖြင့္လိုက္ရသည္....အစ္ကိုေလးဟာ သူ႔ညီမကလြဲ၍ မည္သူမ်ွ စိတ္မ႐ွည္သူ ပင္...
မ်က္ေမွာင္က်ံဳ႕ကာ ကားေပၚမွ ဆင္းလာေသာ အစ္ကို ျဖစ္သူေၾကာင့္ အသက္သြင္ အနည္းငယ္ ပင္ျပံဳးမိသြားရသည္...
" ကိုႀကီး ေက်ာင္းပိတ္တာ ၾကာၿပီကို ျပန္တာ
ေနာက္က်တယ္ေနာ္ "
ခမ္းစိုင္းဟန္ တစ္ေယာက္ လက္ေမာင္းကို ခ်ိတ္ဆြဲကာ လာခြၽဲေနေသာ ညီမငယ္ေၾကာင့္ စိတ္တိုတာေတာင္ ေမ့ေပ်ာက္သြားရသည္...အခြၽဲတံုးေလး...
" သြင္ အတြက္ ဘာပါလဲ "
" ကိုႀကီး ရဲ႕ သြင္ေလးအႀကိဳက္ေတြခ်ည္း ဝယ္လာတယ္...ဟုတ္ၿပီလား "
" ဟုတ္.."
" ကားေနာက္ခန္းထဲကဟာေတြ အကုန္ သြင္ေလးအခန္းထဲပို႔လိုက္! "
သြင္ ေနာက္မွာ ရပ္ေနေသာ အလုပ္သမား
ေကာင္မေလးအား ေျပာလိုက္ျခင္းျဖစ္သည္...
" သြင္ေလး ကူသယ္ေပးလိုက္အံုးမယ္ "
အနားမွ လွစ္ခနဲေနေအာင္ ေပ်ာက္သြားေသာ
ညီမငယ္ေၾကာင့္ ခမ္းစိုင္းဟန္ ေခါင္းသာ ခါမိသည္...
သြင္ေလး အိမ္ထဲဝင္သြားသည္ႏွင့္ ခမ္းစိုင္းဟန္မ်က္ႏွာအမူအရာဟာ ေအးစက္သြားေလသည္...ေျမေအာက္ေလာကမွာ တစ္ခ်က္မွားသည္ႏွင့္ဒုကၡေရာက္မည္ပင္... ဂိတ္ေစာင့္ေတြ ဟာ ယခုလိုအျမဲ တာဝန္ေပါ့ေလ်ာ့ေနရင္ သူတို႔ဂိုဏ္းဟာ သိပ္မၾကာခင္ သူမ်ားေအာက္ေရာက္မွာ က်ိန္းေသ...တာဝန္ေပါ့ေရာ့ေနသူ အားလံုးကို အလုပ္ထုတ္ပစ္လိုက္သည္...
ခမ္းစိုင္းဟန္ ေဘးမွ သူငယ္ခ်င္း ျဖစ္သူကို ၾကည့္မိေတာ့ အိမ္အတြင္းဘက္ကို ေငးကာ ဝိညာဥ္လြင့္ေနဟန္....playboyႀကီးက စိတ္လြတ္တဲ့ အခ်ိန္ ရိွေသးပါလား...
" မင္းအာဏာ ဘာျဖစ္ေနတာလဲ "
" အဲဒါ မင္းညီမလား "
" ဟုတ္တယ္ "
" ငါ သူ႔ကို လက္ထပ္ခ်င္တယ္ "
" ​ေဟ့ေကာင္ ေနာက္မေနနဲ႔ သြင္ေလး ကို ငါဘယ္သူ႔မွ မေပးႏိုင္ဘူး ...ငါ့လက္သီးက လူမေရြး
ဘူးေနာ္... "
တကယ္လည္း ခမ္းစိုင္းဟန္ ဟာ ညီမလား ညီလားမေျပာတတ္သည့္ ကေလးငယ္အား မည္သူမွ
မေပးႏုိင္ေပ...ထိုကေလးငယ္ေလး နာက်င္ေအာင္လုပ္မည့္သူမ်ားကို ယံုၾကည္စြာ မေပးႏိုင္ေပ...
မင္းအာဏာ တကယ့္ကို ထိုေကာင္မေလးအား
စြဲလမ္းသြားရေလၿပီ.... မရ,ရေအာင္ကို သိမ္း
ပိုက္နိုင္ေအာင္ ႀကိဳးစားရေပမည္...သူ႔လိုလူေတာင္တစ္ခါျမင္ရံုႏွင့္ စြဲလမ္းေစႏိုင္ေသာ ေကာင္မေလး...
" လာ... အိမ္ထဲဝင္ေတာ့... ေပါက္ကရေတြ မစနဲ
႔ေတာ့ "
" ​ေအးပါကြာ ...ခမ္းစိုင္းရာ "

မင္းအာဏာ ဟာ ခမ္းစိုင္းတို႔အိမ္မွာ တည္းေနသည့္ႏွစ္ရက္လံုး ကေလးငယ္နားအား ကပ္ဖို႔ ႀကိဳးစားေပမဲ့ မေအာင္ျမင္ေပ...သူကို ပတ္ေ႐ွာင္ေနသလား ေအာက္ေမ့ရတယ္...
ေဒါက္...ေဒါက္..ေဒါက္
တံခါးဖြင့္ၾကည့္လိုက္ေတာ့ ခမ္းစိုင္းတို႔အိမ္က အလုပ္သမားေလးပင္...
" ေအာက္မွာ အစ္ကိုေလးဖုန္းလာေနလို႔ပါ "
" အင္း..ဆင္းလာခဲ့မယ္ "
ဖုန္းက ၿမိဳ႕ေတာ္မွ ဒယ္ဒီ ဆက္လာျခင္း...
" ဘယ္လို ဒယ္ဒီ ...ကြၽန္ေတာ္ ကေလး ဟုတ္
လား..အေရးမပါတာ...က်စ္!...အင္း ျပန္လာခဲ့
မယ္ "
မင္းအာဏာ ၏ ရင္ေသြးကို လြယ္ထားရသည္တဲ့
လား...သူလက္ထပ္ခ်င္ေသာသူကို ေတြ႔ခါမွေလ...ျပန္ရင္ေတာ့ သြင္ေလး ကို ပါေအာင္ကို ေခၚသြားရမယ္...

စႏၵာလမင္း၏ ေအးျမသည့္ အရိပ္အေရာင္သည္ အခန္းတြင္းသို႔ ျဖာက်လ်က္ရိွသည္...ဝိုင္းစက္ျပည့္ဝေနေသာ လမင္းႀကီးကို ေငးေနရင္းမွ အိပ္ခ်င္လာၿပီမို႔ ကိုယ္လက္သန္႔စင္ရန္အတြက္ ေရခ်ိဳးခန္းသို႔ ဝင္လာလိုက္သည္...ေရခ်ိဳးခန္းမွ ျပန္အထြက္ျပတင္းေပါက္မွ တြယ္တက္လာေသာ အရိပ္မဲတစ္ခုေၾကာင့္ လန္႔ျဖန္႔သြားရသည္...
ဟင္! ေမာင္!
အခန္းထဲ ေရာက္ၿပီး သြင္ အားျမင္သည္ႏွင့္ ရင္ခြင္ထဲသို႔ ေထြးေပြ႔ထားေသာ ေမာင္...
" ေမာင္နဲ႔ တစ္ခါတည္း လိုက္ခဲ့ေတာ့ သြင္ "
" ေမာင္ "
" ေမာင္စိတ္မခ်ႏိုင္ေတာ့ဘူး...သြင္တို႔အိမ္မွာ
သေဘာတူထားတဲ့သူေရာက္ေနတယ္ဆို... ဟုတ္လား "
" ေပါက္ကရေတြ ေမာင္ရယ္ ....ကိုႀကီး သူငယ္ခ်င္းပါ... "
" ဒါေပမယ့္ အဲ့တစ္ေယာက္က သြင့္ကို သေဘာက်ေနတယ္မလား.."
" ........ "
ျပန္မေျဖျခင္းက ေခါင္းၿငိမ့္ေသာ အဓိပၸါယ္ သက္ေရာက္တာမို႔ တည္ၾကည္ေမာင္ေမာင္ ၏ ဆံုးျဖတ္ခ်က္မွာ ပို၍ခိုင္မာလာရသည္....သြင့္အစ္ကိုက သူ႔လို႔ ရန္သူဘက္ကထက္ သူငယ္ခ်င္း ႏွင့္ပဲသေဘာတူမွာ က်ိန္းေသ...
" ေမာင္ ေနာက္လိုက္ခဲ့မယ္မလား ဟင္... "
" ဟုတ္...လိုက္ခဲ့မယ္ "
သြင္ အေျဖကိုုၾကားလိုက္ရလ်ွင္ပင္ ျပံဳးေပ်ာ္သြားေသာ ေမာင့္မ်က္ႏွာေၾကာင့္ ေၾကာက္ရြံ႕မႈကို ျဖတ္ေက်ာ္ႏိုင္ေစဖို႔ ခြန္အား ရေစေလ၏...
အဝတ္တစ္ထည္ ကိုယ္တစ္ခုျဖင့္ ေမာင္ေခၚရာ
ေနာက္ လိုက္ခဲ့ေတာ့၏...
သြင္ ခိုးထြက္ေနက် ေနရာမွ ထြက္လာျခင္းေၾကာင့္မည္သူမ်ွ သိမည္မဟုတ္ေပ...
" မမေလး "
သြင္ေရာ ေမာင္ေရာ တကယ့္ကို လန္႔သြားရသည္...ဟိုေန႔က သြင္ ကူညီေပးလိုက္ေသာ ေကာင္မေလး
...
သူေခၚသည့္ သစ္ပင္ေနာက္သို႔ အလ်ွင္အျမန္ သြားပုန္းလိုက္ရသည္...ေ႐ွ႕ဘက္ခပ္လွမ္းလွမ္းတြင္ ျမင္ေနရေသာ ဂိုဏ္းက ေကာင္ေလးႏွစ္ေယာက္ေၾကာင့္...
ထိုႏွစ္ေယာက္ထြက္သြားကာမွ
" ဒီကိုဘယ္လို ေရာက္ေနတာလဲ "
" မမေလးတို႔ထြက္သြားမွာသိလို႔ပါ နုနုကိုလည္းေခၚသြားပါေနာ္...ဒီမွာမေနရဲလို႔ပါ... မမေလးဘာခိုင္းခိုင္းလုပ္ပါ့မယ္ "
ထိုေကာင္မေလးက သူ႔ကိုအားကိုးရာဟု ထင္ေနသည္လား...
အေဝးေျပးလမ္းမထက္ေျပးေနေသာ လိပ္ခံုးကားတစ္စီးအတြင္း စံုတြဲတစ္တြဲ အျပင္ ေကာင္မေလးလည္းပါေနေပ၏...
အိပ္ေပ်ာ္ေနေသာ သြင္ေလးကို တစ္ခ်က္ငဲ့ေစာင္းၾကည့္ကာ ကားကိုသာ ဂ႐ုတစိုက္ ေမာင္းႏွင္လိုက္ေတာ့သည္...

" သြင္ေလးကို ေျမာက္ပိုင္းေဒသ တစ္ခုလံုး ေျမလွန္႐ွာၾက! ....မေတြ႔ရင္ မင္းတို႔ျပန္လာစရာ မလိုဘူး! "
ခမ္းစိုင္းဟန္ ၏ ေဒါသတႀကီးအသံေၾကာင့္ ဂိုဏ္းတစ္ခုလံုး ေနစရာ ေနရာပင္ မရိွေခ်...
မင္းအာဏာ လည္း သြင္ေလးအား ႐ွာဖို႔ရန္အတြက္ၿမိဳ႕ေတာ္ကိုသာ ျပန္ဖို႔ ဆံုးျဖတ္လိုက္၏.....

...........................................................................

ဖတ္႐ႈသူအားလံုးကို ေက်းဇူးတင္ပါတယ္႐ွင့္

...........................................................................

























































Continue Reading

You'll Also Like

25K 2.1K 30
မင်းခန့်တည်ကြည် + သံလွင်ထူးဆက် ----------------------------- Crush ကို ဘယ်လိုပြန်လိုက်တာ၊ ဘယ်လို Flirt တာလေးကိုပဲ ရင်ထဲကြည်နူးစွာ ဖတ်ရှုရမှာပါ။
1.4M 34.9K 47
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...
2.7M 157K 49
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...
3.6M 291K 96
RANKED #1 CUTE #1 COMEDY-ROMANCE #2 YOUNG ADULT #2 BOLLYWOOD #2 LOVE AT FIRST SIGHT #3 PASSION #7 COMEDY-DRAMA #9 LOVE P.S - Do let me know if you...