မွှေးပျံ့နေသော ကော်ဖီနံ့လေးသည် မီးဖိုခန်းထဲတွင်
ပျံ့နှံ့လာလေသည်။
သျှားမြတ်စေသာ နှစ်ခြိုက်စွာဖြင့် ကော်ဖီနံ့လေးကို
ရှူရှိုက်လိုက်သည်။
သျှားသည် ကော်ဖီသောက်ရတာမကြိုက်ပေမယ့်
ကော်ဖီနံ့လေးကို နှစ်သက်သည်။
ခါးသက်မှုလေးအနည်းငယ်ရောနေလေသော
အနံ့အသက်လေးတွင် ချိုမြိန်မှုလေးသည်လည်း
တစွန်းတစပါ၀င်နေသည်။
သျှားမြတ်စေသာ ကော်ဖီဖျော်ပြီးလျှင်
အစ်ကို့ဆီမှ အနမ်းကို ရရှိလိုက်သည်။
သျှား မျက်လွှာလေးချကာ
မျက်တောင်လေး အနည်းငယ်ခတ်လိုက်သည်။
ဒီလူကြီးသည် သူ၏ စိတ်ကို လာဆွနေသည်။
ကလေးသာ မရှိနေရင် သူသေချာပေါက်
အစ်ကိုကို့ နမ်းပြီးနေပြီ။
အခုတော့ သျှားမြတ်စေသာ အနည်းငယ်လေး
နှုတ်ခမ်းဆူလိုက်ပါသည်။
ဒီလူကြီး ထိန်းမရသိမ်းမရနဲ့။
"ခင်ဗျားကြီး ကလေးရှိနေတယ်လေ"
သျှားရဲ့ အပြောကို အစ်ကိုသည် ပြုံးပြုံးကြီးကြည့်နေသည်။
သျှားမြတ်စေသာ စူးစမ်းလိုက်သောအခါ
အစ်ကို့ ကိုယ်ပေါ်က ကလေးလေးသည်
မုန့်လေးကို ကိုင်ထားလျှက် အိပ်ပျော်နေလေပြီ။
သျှားမြတ်စေသာ သဘောကျစွာ ရယ်လိုက်မိသည်။
မျက်ခုံးပင့်ပြလာလေသော အစ်ကိုသည်
ဆွဲဆောင်မှုရှိလွန်းသည်။
သျှားမြတ်စေသာ ကလေးရှိနေသည်ကြောင့်
ခြေဖျားလေးအသာ ထောက်လိုက်ရင်း
မဖိစေရန် ကြိုးစားလိုက်သည်။
ထို့နောက် အစ်ကို့၏ နှုတ်ခမ်းပါးလေးကို
နမ်းရှိုက်လိုက်သည်။
ဒီအတိုင်း ကာလမရှည်တဲ့ နမ်းရှိုက်မှုလေးအပြီးမှာ
သျှားမြတ်စေသာ မျက်နှာလေး လွှဲလိုက်လျှင်
အစ်ကိုသည် သျှား၏ လက်ကလေးကို
ဆုပ်ကိုင်လို့ လက်ဖမိုးလေးကို နမ်းရှိုက်လာသည်။
"အစ်ကို "
"သည်းငယ် ကိုယ့်ကို စိတ်ဆိုးနေသေးလား"
သျှားမြတ်စေသာ သည်းငယ်ဆိုသောအခေါ်တွင်
နားရွက်ဖျားလေးတွေ ရဲသွားသည်။
"ကိုယ် စိတ်မဆိုးတော့ပါဘူး။ ဒါပေမယ့်
ခင်ဗျားကို ခွင့်မလွှတ်ဘူးနော်။"
"သည်းငယ်"
သျှားမြတ်စေသာ အစ်ကို့၏ လက်ကလေးကို
ပြန်လည်လို့ ဆုပ်ကိုင်လိုက်သည်။
ခွန်းထက်လွင်ကို ကြည့်နေလေသော
သျှားမြတ်စေသာ၏ အကြည့်တို့တွင်
ချစ်ခြင်းတို့နှင့် ပြည့်နက်နေသည်။
"ကိုယ့်ကို နောက်တစ်ခါ အခုလိုမျိုး
မယုံကြည်တာမျိုး မလုပ်ဖို့ဘဲတောင်းဆိုချင်တာပါ။
ဘယ်လို ဆက်ဆံရေးမဆို ယုံကြည်မှုက အရေးကြီးတယ်။ အစ်ကို ကိုယ်ခင်ဗျားကို နောက်တစ်ခါ
ဒီလိုကိစ္စနဲ့ ပတ်သတ်ပြီး စိတ်မဆိုးချင်ဘူး။"
"ကိုယ် သိပါပြီ။"
သျှားမြတ်စေသာ နှစ်လိုဖွယ်ပြုံးလိုက်သည်။
အစ်ကို၏ နှာတံထိပ်ဖျားလေးကို အသည်းယားစွာ
လက်ညိုးလေးနှင့် ခပ်ဖွဖွတောက်လိုက်သည်။
ဒီလူကြီးကို ဘယ်လိုအကြောင်းနဲ့မှ
နာကျင်အောင် မလုပ်နိုင်ပေ။
"ခင်ဗျားကသာ တကယ်အဆိုးလေး"
လေသံထဲတွင် အလိုလိုက်မှုတို့က မဖုံးဖိနိုင်အောင်
ပေါ်လွင်နေသည်။
သျှားမြတ်စေသာ ရှပ်အင်္ကျီလက်ကလေးကို
ခေါက်တင်လို့ မုန့်ဗန်းလေးကို ယူလိုက်ပြီး
အခန်းထဲမှ ထွက်လာလျှင် အစ်ကို့၏ နောက်ကနေ
လိုက်လာလေသော ခြေသံ ခပ်ဖွဖွလေးကိုလည်း
ကြားလိုက်ရသည်။
၀က်၀ံပေါက်လေးကတော့ အစ်ကို့၏ရင်ဘက်ပေါ်တွင်
အိပ်ပျော်နေစဲပင်။
..................................................................
ခွန်းထက်လွင်
စာကြည့်ခန်းထဲတွင် အလုပ်လုပ်ပြီးသောအခါ
ပြင်သစ်စတိုင် ပြတင်းပေါက်ကြီးနားတွင်
မတ်တပ်ရပ်နေရင်း ဥယျာဥ်ထဲမှာ ထိုင်နေလေသော
သည်းငယ်ကို ငေးကြည့်နေမိသည်။
အမြဲတမ်း စတိုင်ပန်လေးနဲ့ ရှပ်ကလေးကို ၀တ်ဆင်ထားတတ်လေသော သည်းငယ်သည် အခုလည်း
အညိုရောင် စတိုင်ပန်လေးနှင့် အဖြူရောင်
ရှပ်ကလေးကို ၀တ်ဆင်ထားသည်။
ကမ်းခြေမှ လေညှင်းတို့သည် သည်းငယ်၏
ဆံပင်လေးတို့ကို ပွယောင်းသွားစေသည်အထိ
ကျီစယ်နေလေသည်။
အဖြူရောင်လေးခြယ်သထားလေသော
ခုံလေးမှာ ထိုင်ကာ စာအုပ်ဖတ်နေလေသော
သည်းငယ်သည် နတ်သားလေးတစ်ပါးနယ်။
လှပလွန်းတယ်ဆိုတဲ့ နားနေရာနေရာလေးသည်
သည်းငယ်၏ ကြည့်ကောင်းခြင်းတို့ကြောင့်
မှေးမှိန်သွားဟန်။ခုံတန်းလေးပေါ်သို့တင်ထားလေသော
ခြေထောက်ကလေးတွေသည် အနည်းငယ်လေး
တစ်ခါတစ်ရံမှာ လှုပ်ယမ်းနေလေသည်။
သျှားမြတ်စေသာကို ခွန်းထက်လွင်ငေးကြည့်လို့
ပြုံးမိသည်။
ဒီအမျိုးသားလေးသည် အမြဲတမ်းကို
သူ၏ အေးချမ်းရာလေးပင်။
သက်တောင့်သက်သာ ရှိမှုလေးပင်ဖြစ်သည်။
ခွန်းထက်လွင် အချိန်မည်မျှပင်ကြာသည်အထိ
သျှားကို ငေးမောကြည့်နေမိသည်မသိ။
အသိပြန်၀င်လာချိန်တွင် အသည်းအသက်ဖြစ်ပါလေသော
အမျိုးသားလေးသည် ခွန်းကို မော့ကြည့်လို့
နှုတ်ခမ်လေးတွေသည် ပြုံးယောင်သမ်းနေလေသည်။
ခွန်းထက်လွင် ပင်လယ်ပြာထက်လှပသော
မျက်လုံးလေးတို့နှင့် အကြည့်ချင်းဆုံပြီးနောက်
ဘောင်းဘီအိတ်ကပ်ထဲရှိ လက်စွပ်ဘူးလေးကို
ခပ်ဖွဖွလေး စမ်းလိုက်သည်။
*သည်းငယ်သည် ကိုယ့်အပိုင်အဖြစ်
တရား၀င်ဖြစ်လာစေရမည်။*
.................................................................
"Bonjour"
(Hello)
"Bonjour"
သျှားမြတ်စေသာ သူ့ကို နှုတ်ဆက်လာလေသော
မိန်းကလေးကြောင့် ခြေထောက်ကလေးကို
အသာပြန်ချလိုက်ရင်း မတ်တပ်ရပ်လိုက်သည်။
ဒီအမျိုးသမီးသည် အစ်ကိုနှင့်အတော်ဆင်တူသည်။
အစ်ကို့၏ အစ်မ၀မ်းကွဲဖြစ်ဟန်ပေါ်တာကြောင့်
သူ့ဘက်က အထူးလေးစားမှုပြလိုက်သည်။
အစ်ကို့ကို ကောင်းသောသူတွေ အပေါ်ကို
နှစ်သက်မှုပြရန် သျှားမြတ်စေသာ ၀န်မလေးသလို
မကောင်းသောသူများအပေါ်လည်း လျစ်လျူရှုရန်
၀န်လေးနေမည် မဟုတ်ပေ။
"တို့နဲ့ စကားပြောမလား"
သျှားမြတ်စေသာ ခေါင်းငြိမ့်ပြလိုက်သည်။
"oh မင်းက နှစ်လိုဖွယ်ကောင်းလိုက်တာ"
"ကျေးဇူးတင်ပါတယ်"
သျှားမြတ်စေသာ၏ စကားအဆုံးမှာ ထိုအစ်မသည်
နူးညံ့စွာ ရယ်လာသည်။
သူမ၏ ဘေးနားတွင်ရှိနေသော ကိုယ်ရံတော်အမျိုးသမီးဖြစ်ဟန်တူသော အမျိုးသမီးသည်
အစ်မ နေမကောင်းမည်ကို စိုးရိမ်နေဟန်။
"မင်းက တကယ်ကို ပွင့်လင်းလိုက်တာ"
သျှားမြတ်စေသာ အနည်းငယ် နေရခက်စွာ
ဂုတ်ပိုးလေးကို ပွတ်သပ်လိုက်ပါသည်။
"ဒီမှာ ထိုင်ကြရအောင် တို့ မင်းကို
တွေ့ချင်နေခဲ့တာ အေးအေးဆေးဆေး စကားပြောကြတာပေါ့"
"အစ်မ သဘောပါ။ကိုယ်အချိန်ရပါတယ်။"
ထို့နောက်တွင်တော့ သျှားမြတ်စေသာကို
အစ်ကို့ရဲ့ ငယ်ဘ၀အနည်းငယ်ကို ပြောပြလာခဲ့သည်။
ထိုအစ်မသည် အစ်ကိုနှင့်သူ့ကို စိတ်ချချင်ဟန်။
မျက်လုံးအကြည့်များသည် လောကကြီးကို
လက်လျော့ထားဟန်ပေါ်သောအခါ၀ယ်
သျှားမြတ်စေသာလည်း မကူညီနိုင်။
အတန်ကြာစကားပြောပြီးနောက်မှာ
ကိုယ်ရံတော် မိန်းကလေးသည် အစ်မကို
ထိန်းကိုင်လို့ အိမ်တော်ခွဲဆီသို့ တွဲကာ ပြန်ခေါ်သွားသည်။
သွင် သူမကို တွဲထားလေသော မိန်းကလေးကို ကြည့်လို့
ခေါင်းလေးအနည်းငယ်ခါကာ ပြောလိုက်သည်။
"မင်းကလေ တို့ကို အရမ်းချုပ်ချယ်တာဘဲ"
"အစ်မလေးကိုယ်တိုင်အတွက်ပါ"
သွင် မျက်နှာလွှဲလိုက်ပါသည်။
ဒီကောင်မလေးသည်လည်း သူမ၏မောင်လို
ကျောက်ရုပ်ကြီးပင်။တော်သေးသည်က
ထိုကလေးကတော့ နှစ်လိုဖွယ်ကောင်းသည်။
သားလေးပြန်နိုးနေလောက်သည့် အချိန်မလို့
သွင် ခြေလှမ်းလေးကို အနည်းငယ်သွက်လိုက်သည်။
သူမ အတတ်နိုင်ဆုံး ကလေးဘေးမှာလည်း
နေချင်မိပါသေးသည်။
သူတို့နှစ်ဦး၏ လက်ထပ်ပွဲလေးကိုလည်း
တွေ့ချင်သေးသည်။
..................................................................
ေမႊးပ်ံ့ေနေသာ ေကာ္ဖီနံ႔ေလးသည္ မီးဖိုခန္းထဲတြင္
ပ်ံ့ႏွံ႔လာေလသည္။
သ်ွားျမတ္ေစသာ ႏွစ္ၿခိဳက္စြာျဖင့္ ေကာ္ဖီနံ႔ေလးကို
ရႉရိႈက္လိုက္သည္။
သ်ွားသည္ ေကာ္ဖီေသာက္ရတာမႀကိဳက္ေပမယ့္
ေကာ္ဖီနံ႔ေလးကို ႏွစ္သက္သည္။
ခါးသက္မႈေလးအနည္းငယ္ေရာေနေလေသာ
အနံ႔အသက္ေလးတြင္ ခ်ိဳၿမိန္မႈေလးသည္လည္း
တစြန္းတစပါ၀င္ေနသည္။
သ်ွားျမတ္ေစသာ ေကာ္ဖီေဖ်ာ္ၿပီးလ်ွင္
အစ္ကို႔ဆီမွ အနမ္းကို ရရိွလိုက္သည္။
သ်ွား မ်က္လႊာေလးခ်ကာ
မ်က္ေတာင္ေလး အနည္းငယ္ခတ္လိုက္သည္။
ဒီလူႀကီးသည္ သူ၏ စိတ္ကို လာဆြေနသည္။
ကေလးသာ မရိွေနရင္ သူေသခ်ာေပါက္
အစ္ကိုကို႔ နမ္းၿပီးေနၿပီ။
အခုေတာ့ သ်ွားျမတ္ေစသာ အနည္းငယ္ေလး
ႏႈတ္ခမ္းဆူလိုက္ပါသည္။
ဒီလူႀကီး ထိန္းမရသိမ္းမရနဲ႔။
"ခင္ဗ်ားႀကီး ကေလးရိွေနတယ္ေလ"
သ်ွားရဲ့ အေျပာကို အစ္ကိုသည္ ၿပံဳးၿပံဳးႀကီးၾကည့္ေနသည္။
သ်ွားျမတ္ေစသာ စူးစမ္းလိုက္ေသာအခါ
အစ္ကို႔ ကိုယ္ေပၚက ကေလးေလးသည္
မုန္႔ေလးကို ကိုင္ထားလ်ွက္ အိပ္ေပ်ာ္ေနေလၿပီ။
သ်ွားျမတ္ေစသာ သေဘာက်စြာ ရယ္လိုက္မိသည္။
မ်က္ခံုးပင့္ျပလာေလေသာ အစ္ကိုသည္
ဆြဲေဆာင္မႈရိွလြန္းသည္။
သ်ွားျမတ္ေစသာ ကေလးရိွေနသည္ေၾကာင့္
ေျခဖ်ားေလးအသာ ေထာက္လိုက္ရင္း
မဖိေစရန္ ႀကိဳးစားလိုက္သည္။
ထို႔ေနာက္ အစ္ကို႔၏ ႏႈတ္ခမ္းပါးေလးကို
နမ္းရိႈက္လိုက္သည္။
ဒီအတိုင္း ကာလမရွည္တဲ့ နမ္းရိႈက္မႈေလးအၿပီးမွာ
သ်ွားျမတ္ေစသာ မ်က္ႏွာေလး လႊဲလိုက္လ်ွင္
အစ္ကိုသည္ သ်ွား၏ လက္ကေလးကို
ဆုပ္ကိုင္လို႔ လက္ဖမိုးေလးကို နမ္းရိႈက္လာသည္။
"အစ္ကို "
"သည္းငယ္ ကိုယ့္ကို စိတ္ဆိုးေနေသးလား"
သ်ွားျမတ္ေစသာ သည္းငယ္ဆိုေသာအေခၚတြင္
နားရြက္ဖ်ားေလးေတြ ရဲသြားသည္။
"ကိုယ္ စိတ္မဆိုးေတာ့ပါဘူး။ ဒါေပမယ့္
ခင္ဗ်ားကို ခြင့္မလႊတ္ဘူးေနာ္။"
"သည္းငယ္"
သ်ွားျမတ္ေစသာ အစ္ကို႔၏ လက္ကေလးကို
ျပန္လည္လို႔ ဆုပ္ကိုင္လိုက္သည္။
ခြန္းထက္လြင္ကို ၾကည့္ေနေလေသာ
သ်ွားျမတ္ေစသာ၏ အၾကည့္တို႔တြင္
ခ်စ္ျခင္းတို႔ႏွင့္ ျပည့္နက္ေနသည္။
"ကိုယ့္ကို ေနာက္တစ္ခါ အခုလိုမ်ိဳး
မယံုၾကည္တာမ်ိဳး မလုပ္ဖို႔ဘဲေတာင္းဆိုခ်င္တာပါ။
ဘယ္လို ဆက္ဆံေရးမဆို ယံုၾကည္မႈက အေရးႀကီးတယ္။ အစ္ကို ကိုယ္ခင္ဗ်ားကို ေနာက္တစ္ခါ
ဒီလိုကိစၥနဲ႔ ပတ္သတ္ၿပီး စိတ္မဆိုးခ်င္ဘူး။"
"ကိုယ္ သိပါၿပီ။"
သ်ွားျမတ္ေစသာ ႏွစ္လိုဖြယ္ၿပံဳးလိုက္သည္။
အစ္ကို၏ ႏွာတံထိပ္ဖ်ားေလးကို အသည္းယားစြာ
လက္ညိုးေလးႏွင့္ ခပ္ဖြဖြေတာက္လိုက္သည္။
ဒီလူႀကီးကို ဘယ္လိုအေၾကာင္းနဲ႔မွ
နာက်င္ေအာင္ မလုပ္ႏိုင္ေပ။
"ခင္ဗ်ားကသာ တကယ္အဆိုးေလး"
ေလသံထဲတြင္ အလိုလိုက္မႈတို႔က မဖံုးဖိႏိုင္ေအာင္
ေပၚလြင္ေနသည္။
သ်ွားျမတ္ေစသာ ရွပ္အက်ႌလက္ကေလးကို
ေခါက္တင္လို႔ မုန္႔ဗန္းေလးကို ယူလိုက္ၿပီး
အခန္းထဲမွ ထြက္လာလ်ွင္ အစ္ကို႔၏ ေနာက္ကေန
လိုက္လာေလေသာ ေျခသံ ခပ္ဖြဖြေလးကိုလည္း
ၾကားလိုက္ရသည္။
၀က္ဝံေပါက္ေလးကေတာ့ အစ္ကို႔၏ရင္ဘက္ေပၚတြင္
အိပ္ေပ်ာ္ေနစဲပင္။
..................................................................
ခြန္းထက္လြင္
စာၾကည့္ခန္းထဲတြင္ အလုပ္လုပ္ၿပီးေသာအခါ
ျပင္သစ္စတိုင္ ျပတင္းေပါက္ႀကီးနားတြင္
မတ္တပ္ရပ္ေနရင္း ဥယ်ာဥ္ထဲမွာ ထိုင္ေနေလေသာ
သည္းငယ္ကို ေငးၾကည့္ေနမိသည္။
အၿမဲတမ္း စတိုင္ပန္ေလးနဲ႔ ရွပ္ကေလးကို ၀တ္ဆင္ထားတတ္ေလေသာ သည္းငယ္သည္ အခုလည္း
အညိုေရာင္ စတိုင္ပန္ေလးႏွင့္ အျဖဴေရာင္
ရွပ္ကေလးကို ၀တ္ဆင္ထားသည္။
ကမ္းေျခမွ ေလၫွင္းတို႔သည္ သည္းငယ္၏
ဆံပင္ေလးတို႔ကို ပြေယာင္းသြားေစသည္အထိ
က်ီစယ္ေနေလသည္။
အျဖဴေရာင္ေလးျခယ္သထားေလေသာ
ခံုေလးမွာ ထိုင္ကာ စာအုပ္ဖတ္ေနေလေသာ
သည္းငယ္သည္ နတ္သားေလးတစ္ပါးနယ္။
လွပလြန္းတယ္ဆိုတဲ့ နားေနရာေနရာေလးသည္
သည္းငယ္၏ ၾကည့္ေကာင္းျခင္းတို႔ေၾကာင့္
ေမွးမိွန္သြားဟန္။ခံုတန္းေလးေပၚသို႔တင္ထားေလေသာ
ေျခေထာက္ကေလးေတြသည္ အနည္းငယ္ေလး
တစ္ခါတစ္ရံမွာ လႈပ္ယမ္းေနေလသည္။
သ်ွားျမတ္ေစသာကို ခြန္းထက္လြင္ေငးၾကည့္လို႔
ၿပံဳးမိသည္။
ဒီအမ်ိဳးသားေလးသည္ အၿမဲတမ္းကို
သူ၏ ေအးခ်မ္းရာေလးပင္။
သက္ေတာင့္သက္သာ ရိွမႈေလးပင္ျဖစ္သည္။
ခြန္းထက္လြင္ အခ်ိန္မည္မ်ွပင္ၾကာသည္အထိ
သ်ွားကို ေငးေမာၾကည့္ေနမိသည္မသိ။
အသိျပန္၀င္လာခ်ိန္တြင္ အသည္းအသက္ျဖစ္ပါေလေသာ
အမ်ိဳးသားေလးသည္ ခြန္းကို ေမာ့ၾကည့္လို႔
ႏႈတ္ခမ္ေလးေတြသည္ ၿပံဳးေယာင္သမ္းေနေလသည္။
ခြန္းထက္လြင္ ပင္လယ္ျပာထက္လွပေသာ
မ်က္လံုးေလးတို႔ႏွင့္ အၾကည့္ခ်င္းဆံုၿပီးေနာက္
ေဘာင္းဘီအိတ္ကပ္ထဲရိွ လက္စြပ္ဘူးေလးကို
ခပ္ဖြဖြေလး စမ္းလိုက္သည္။
*သည္းငယ္သည္ ကိုယ့္အပိုင္အျဖစ္
တရား၀င္ျဖစ္လာေစရမည္။*
.................................................................
"Bonjour"
(Hello)
"Bonjour"
သ်ွားျမတ္ေစသာ သူ႔ကို ႏႈတ္ဆက္လာေလေသာ
မိန္းကေလးေၾကာင့္ ေျခေထာက္ကေလးကို
အသာျပန္ခ်လိုက္ရင္း မတ္တပ္ရပ္လိုက္သည္။
ဒီအမ်ိဳးသမီးသည္ အစ္ကိုႏွင့္အေတာ္ဆင္တူသည္။
အစ္ကို႔၏ အစ္မ၀မ္းကြဲျဖစ္ဟန္ေပၚတာေၾကာင့္
သူ႔ဘက္က အထူးေလးစားမႈျပလိုက္သည္။
အစ္ကို႔ကို ေကာင္းေသာသူေတြ အေပၚကို
ႏွစ္သက္မႈျပရန္ သ်ွားျမတ္ေစသာ ၀န္မေလးသလို
မေကာင္းေသာသူမ်ားအေပၚလည္း လ်စ္လ်ူရႈရန္
၀န္ေလးေနမည္ မဟုတ္ေပ။
"တို႔နဲ႔ စကားေျပာမလား"
သ်ွားျမတ္ေစသာ ေခါင္းၿငိမ့္ျပလိုက္သည္။
"oh မင္းက ႏွစ္လိုဖြယ္ေကာင္းလိုက္တာ"
"ေက်းဇူးတင္ပါတယ္"
သ်ွားျမတ္ေစသာ၏ စကားအဆံုးမွာ ထိုအစ္မသည္
ႏူးညံ့စြာ ရယ္လာသည္။
သူမ၏ ေဘးနားတြင္ရိွေနေသာ ကိုယ္ရံေတာ္အမ်ိဳးသမီးျဖစ္ဟန္တူေသာ အမ်ိဳးသမီးသည္
အစ္မ ေနမေကာင္းမည္ကို စိုးရိမ္ေနဟန္။
"မင္းက တကယ္ကို ပြင့္လင္းလိုက္တာ"
သ်ွားျမတ္ေစသာ အနည္းငယ္ ေနရခက္စြာ
ဂုတ္ပိုးေလးကို ပြတ္သပ္လိုက္ပါသည္။
"ဒီမွာ ထိုင္ၾကရေအာင္ တို႔ မင္းကို
ေတြ့ခ်င္ေနခဲ့တာ ေအးေအးေဆးေဆး စကားေျပာၾကတာေပါ့"
"အစ္မ သေဘာပါ။ကိုယ္အခ်ိန္ရပါတယ္။"
ထို႔ေနာက္တြင္ေတာ့ သ်ွားျမတ္ေစသာကို
အစ္ကို႔ရဲ့ ငယ္ဘ၀အနည္းငယ္ကို ေျပာျပလာခဲ့သည္။
ထိုအစ္မသည္ အစ္ကိုႏွင့္သူ႔ကို စိတ္ခ်ခ်င္ဟန္။
မ်က္လံုးအၾကည့္မ်ားသည္ ေလာကႀကီးကို
လက္ေလ်ာ့ထားဟန္ေပၚေသာအခါ၀ယ္
သ်ွားျမတ္ေစသာလည္း မကူညီႏိုင္။
အတန္ၾကာစကားေျပာၿပီးေနာက္မွာ
ကိုယ္ရံေတာ္ မိန္းကေလးသည္ အစ္မကို
ထိန္းကိုင္လို႔ အိမ္ေတာ္ခြဲဆီသို႔ တြဲကာ ျပန္ေခၚသြားသည္။
သြင္ သူမကို တြဲထားေလေသာ မိန္းကေလးကို ၾကည့္လို႔
ေခါင္းေလးအနည္းငယ္ခါကာ ေျပာလိုက္သည္။
"မင္းကေလ တို႔ကို အရမ္းခ်ဳပ္ခ်ယ္တာဘဲ"
"အစ္မေလးကိုယ္တိုင္အတြက္ပါ"
သြင္ မ်က္ႏွာလႊဲလိုက္ပါသည္။
ဒီေကာင္မေလးသည္လည္း သူမ၏ေမာင္လို
ေက်ာက္ရုပ္ႀကီးပင္။ေတာ္ေသးသည္က
ထိုကေလးကေတာ့ ႏွစ္လိုဖြယ္ေကာင္းသည္။
သားေလးျပန္ႏိုးေနေလာက္သည့္ အခ်ိန္မလို႔
သြင္ ေျခလွမ္းေလးကို အနည္းငယ္သြက္လိုက္သည္။
သူမ အတတ္ႏိုင္ဆံုး ကေလးေဘးမွာလည္း
ေနခ်င္မိပါေသးသည္။
သူတို႔ႏွစ္ၪီး၏ လက္ထပ္ပြဲေလးကိုလည္း
ေတြ့ခ်င္ေသးသည္။
..................................................................