ဂုဏ်မြင့်သူရယ် (ဘာသာပြန်)

By NyeinHlaingZin123

3.4K 260 2

Name - YOU'RE SO ARROGANT Type - Web novel Genre - Comedy Josei Romance Tags - Arranged Marriage Arrogant Ch... More

Description
2
3
4
Paid gp
5
6
Fb page / Wattpad acc / Tele Acc
7 / 8 (Uni)
7 / 8 (zawgyi)
9 / 10 (Uni)
9 / 10 (zawgyi)

1

382 35 0
By NyeinHlaingZin123

Unicode

ဂုဏ်မြင့်သူရယ်

အပိုင်း ၁


ယဲ့အန်း မူလတန်းကျောင်းတက်တုန်းက သူ့အမေ ရှကျင်က ယဲ့ယွမ်နျန်နဲ့ ကွာရှင်းခဲ့သည်။ ထိုအချိန်တွင်၊ ယဲ့ မိသားစုသည် ယခုကဲ့သို့ လူမှုရေး သို့မဟုတ် ငွေကြေးဆိုင်ရာ သြဇာလွှမ်းမိုးမှုမျိုး မရှိသလို အမွေဆက်ခံရန် လိုအပ်သော ရာဇပလ္လင်လည်း မရှိပေ။ ရှကျင်သည် သူ့သမီးကို အုပ်ထိန်းခွင့်ရရန် အရာအားလုံးကို စွန့်စားခဲ့သည်။

အသက်အနည်းငယ်သာရှိသေးသော ယဲ့အန်းသည် ယဲ့ မိသားစုကို ရှကျင်နှင့်အတူ ထားခဲ့သည်။

မကြာခင်မှာပဲ ယဲ့ယွမ်နျန်သည် နောက်အိမ်ထောင်ပြုပြီး မိသားစုသစ်တစ်ခု ထူထောင်ခဲ့သည်။

ဤနှစ်များတွင် ယဲ့ယွမ်နျန်သည် ဖခင်တစ်ဦး၏ တာဝန်များကို မကျေပွန်ခဲ့ပဲ ၎င်းတို့၏ သားအဖဆက်ဆံရေးမှာ မပြေလည်ခဲ့ပေ။ သူတို့သည် အမှန်တော့ သူစိမ်းများသာဖြစ်ကြသည်။

ထို့ကြောင့် ယဲ့ယွမ်နျန်သည် အိမ်ထောင်ရေးမဟာမိတ်ကိစ္စကြောင့် သူမဆီ ချဉ်းကပ်လာသောအခါ သူမ၏ ပထမဆုံးတုံ့ပြန်မှုမှာ ရယ်မောမိခြင်းပင်ဖြစ်သည်။ သူမ၏ သောက်လက်စ ကော်ဖီခွက်ကို သူ့မျက်နှာပေါ် ပက်ပစ်လိုက်ပြီး အဆုံးစွန်ထိနာကျင်စွာ အော်ဟစ်စေချင်ခဲ့သည်။

သို့သော် သူမ မတတ်နိုင်ခဲ့ပေ။

လွန်ခဲ့သော ခုနစ်နှစ်က ရှကျင်သည် အကြောင်းတချို့ကြောင့် ယဲ့အန်းကို ဂရုမစိုက်နိုင်ဘဲ ယဲ့ မိသားစုဆီ ပြန်ပို့ခဲ့သည်။ နောက်တော့ ရှကျင် သည် အလွန်အမင်း အဆင်မပြေသဖြင့် ယဲ့ယွမ်နျန်ဆီမှ ပိုက်ဆံအမြောက်အများတောင်းခဲ့သည်။

ယဲ့ယွမ်နျန်က သူတို့အအပေါ် ဒီအကြွေးကို အသုံးမချပေမယ့် ယဲ့အန်းက တခြားသူတွေရဲ့ ကျေးဇူးကြွေးတွေကြောင့် ယဲ့ မိသားစုကို ပိုမုန်းလာခဲ့သည်။ ဒါကြောင့် ကော်ဖီနဲ့ပက်မယ့်အစား သူ့တောင်းဆိုမှုကို မတက်သာပဲ လက်ခံလိုက်ပြီး သူ့ကိုယ်သူ ရောင်းပစ်လိုက်ရသည်။

ယဲ့အန်းသည် အပြင်ဘက်ရှိ လန်းဆန်းသစ်လွင်သောနွေဦးရှုခင်းကို ငေးကြည့်ရင်း ဘုရားကျောင်းဆောင်ကို ပွတ်သပ်လိုက်သည်။

သူမ၏ဖြစ်အင်မှာ မာသာမေရီကဲ့သို့ဖြစ်သည်၊ တေးသရုပ်ဖော် မပြခံရခြင်းအတွက်တော့ ရင်နာစရာပင်။

“အန်းအန်း….”
သူမ အတွေးနယ်ချဲ့နေစဉ် ယဲ့ယွမ်နျန်က သူမအား မပွင့်တပွင့် ခေါ်လိုက်သည်။

ယဲ့အန်း လှည့်ကြည့်လိုက်ရာ ရှုပ်ထွေးသော ခံစားချက်များနှင့် ပြည့်နှက်နေသည့် သူ၏မျက်နှာကို တွေ့လိုက်ရတယ်။

"ဘာလဲ?"

အတန်ကြာအောင် တွေးတောပြီးသောအခါ၊ ယဲ့ယွမ်နျန် က နောက်ဆုံးတွင် "မင်း အဖေပြောသမျှကို မှတ်မိသေးရဲ့လား"

ယဲ့အန်းသည် မထီမဲ့မြင်ပြုလိုက်ပြီး မိသားစုနှစ်စုကြား ဆက်ဆံရေးကို ပျက်ပြားစေလိမ့်မည်ကို စိုးရိမ်သဖြင့် မထွက်ခွာမီ သတိပြုရမည့် အချက်များကို ‌ပြောပြသည်။ သူသည် မတရားသဖြင့် စာချုပ်တွင် သူမ၏ လက်မှတ်ကိုရရန် နီးစပ်နေပြီဖြစ်သည်။

“အထင်မမှားပါနဲ့ သမီးရယ်… ဖေဖေက သမီးရဲ့ကောင်းကျိုးအတွက် လုပ်နေတာပါ။ အနာဂတ်မှာ သမီးကို သိပ်စိတ်ဖိစီးမနေစေချင်ဘူး... ရှဲ့ရှောက ယာယီမျက်စိကွယ်တာဖြစ်ပြီး ကုသဖို့ မျှော်လင့်ချက်ရှိပါတယ်။ ရှဲ့ မိသားစုကလည်း သူ့ကို ပုံမှန်ဆေးစစ်ဖို့ နိုင်ငံတကာက ကျော်ကြားတဲ့ ကျွမ်းကျင်သူတွေကို ဖိတ်ကြားထားပြီးပါပြီ။ တစ်နေ့ သူ့အမြင်အာရုံ ပြန်ရလာနိုင်ချေများပါတယ် …”

ယဲ့အန်းသည် ယဲ့ယွမ်နျန်ကို လုံး၀နားမလည်ခဲ့ပေ။ သူမကို မယုံကြည်သည့်တိုင်အောင် ဘာကြောင့်  လာရှာခဲ့သလဲ။ အသက်ကြီးလာလို့ သူငယ်များပြန်သွားလေသလား။

သူမသည် အိပ်ပျော်တစ်ဝက်နိုးတစ်ဝက် နားထောင်ရင်း စိတ်မရှည်စွာနဲ့ကြားဖြတ်ပြောလိုက်သည်။ "အင်း၊ ကောင်းပြီ- သမီး မနေ့ညက ကောင်းကောင်းမအိပ်ခဲ့ရလို့  တစ်မှေးလောက် အိပ်လိုက်ဦးမယ်၊ ဟိုရောက်ရင် သမီးကိုနှိုးပါ။"

သူမပြောပြီးသည်နှင့် ယဲ့အန်းသည် ထိုင်ခုံကို မှီ၍ မျက်လုံးကိုမှိတ်လိုက်သည်။

ယဲ့ယွမ်နျန်လည်း နှုတ်ဆိတ်သွားသည်။
နာရီဝက်ခန့်အကြာတွင် ကားသည် မြက်ခင်းနုနုစိမ်းစိမ်းများနှင့် လူကုန်ထံရပ်ကွက်ကို ဖြတ်‌မောင်းကာ ရှဲ့ မိသားစု၏ အိမ်ရှေ့တွင် ရပ်လိုက်သည်။

ယဲ့အန်းသည် ယဲ့ယွမ်နျန်ကြောင့် နိုးလာပြီး ရီဝေဝေမျက်လုံးများကို ကြိုးစားဖွင့်လိုက်သည်။ သူမသည် စိတ် ဆုံးဖြတ်လိုက်ပြီးနောက် ကားထဲမှ ထွက်လိုက်လာခဲ့သည်။

သူမ၏ ခြေထောက်များ မြေပြင်ပေါ်သို့ ကျ‌ရောက်သည့်အချိန်တွင် နေရောင်ခြည် အနွေးဓာတ်က သူမကို လွှမ်းခြုံထားကာ ပန်းများ၏ မွှေးရနံ့သည် သူမ၏အနံ့ခံအာရုံတွင် ပျံ့လွင့်သွားသည်။

အနီးနားရှိ ရေကန်အတွင်းတွင် လှိုင်းဂယက်များ လေယူရာ ယိမ်းနွဲ့လာပြီး ကောင်းကင်ရှိ တိမ်တိုက်များမှ အလင်းနှင့် အရိပ်များကို ရောင်ပြန်ဟပ်နေသည်။ ယဲ့အန်းသည် ကောင်းကင်ကို မော့ကြည့်ကာ ရှုခင်းထဲတွင် အတန်ကြာနစ်မြောနေမိသည်။

တော်ဝင်မိသားစု၏ ထုံးစံအတိုင်း မြင်ရသမျှ နေရာတိုင်းတွင် သာမန်လူများမယှဥ်နိုင်လောက်အောင် မင်းမျိုးမင်းနွယ်များ၏ အရောင်အဝါ ကို လွှမ်းခြုံထားသည်။ ယဲ့ မိသားစုသည် ချမ်းသာသော်လည်း ရှဲ့ မိသားစုနှင့် မနှိုင်းယှဉ်နိုင်ပေ။ အလွန်ဆုံးအနေဖြင့် ယဲ့ မိသားစုကို သမိုင်းအစဥ်အလာ မရှိသော လူချမ်းသာမိသားစုအဖြစ်သာ သတ်မှတ်နိုင်သည်။

ဆီဆေးပန်းချီတစ်ချပ်နှင့်တူသော ဥယျာဉ်နှင့် နှစ်ထပ်အိမ်ကြီးရှေ့တွင် ရပ်ကာ သူမ၏ ဆုံးဖြတ်ချက်ကို သူမကိုယ်တိုင် လက်ခံနိုင်ရန် ခက်ခဲမည် မဟုတ်ကြောင်း ရုတ်တရက် ခံစားလိုက်ရ၏။

အိမ်ထောင်ရေး မဟာမိတ် သက်သက်ပဲ မဟုတ်လား။ မျက်မမြင်တစ်ယောက်နဲ့ လက်ထပ်လိုက်တာပဲ မဟုတ်လားလို့  သူမ လက်ခံနိုင်တယ်!

ရှဲ့ မိသားစု၏ အိမ်စောင့်က သူတို့ကို ကြိုဆိုပြီး သူတို့ နှစ်ယောက်ကို အိမ်ထဲသို့ ခေါ်သွားသည်။

ရှဲ့ရှော၏ဖခင် ရှဲ့ပိုင်ယန်သည် ပန်းချီဆွဲခန်းထဲတွင် စောင့်နေသည်။ သူ့ဆံပင်အများစုဟာ ဖြူနေပြီး အသက် ၅၀ အစောပိုင်းအရွယ်လောက် ဖြစ်ပုံရသည်။ သူ့ဘဝ၏ အနိမ့်အမြင့်အတက်အကျဘေးဒုက္ခများကို သူ့မျက်နှာတွင် အတိုင်းသား မြင်တွေ့နိုင်ပါသည်။

သို့သော်၊ သူသည် ယဲ့ယွမ်နျန် ကဲ့သို့ နှစ်များတစ်လျှောက် ကြံ့ကြံ့ခံရုန်းကန်လာခဲ့ဟန်မတူပေ။ ယင်းအစား ရှဲ့ပိုင်ယန်သည် သူ၏ ငယ်ရွယ်စဉ်က ကျက်သရေနှင့် ချောမောမှုကို ထိန်းသိမ်းထားဆဲဖြစ်သည်။

ယဲ့ယွမ်နျန်သည် အရိပ်အမြွက်ပြလိုက်ပြီး ယဲ့အန်းက “ဦးလေး ရှဲ့” ဟု ယဉ်ကျေးစွာ နှုတ်ဆက်ခဲ့သည်။
ရှဲ့ပိုင်ယန်က ခေါင်းညိတ်ပြီး သူမကို ခေါင်းမှ ခြေဖျားအထိ ကြည့်ပြီး သူ၏မျက်နှာမှ ကျေနပ်သော အပြုံးတစ်ပွင့် ထွက်ပေါ်လာသည်။

ယဲ့အန်းသည် ၀တ်စုံ အဖြူဖွေးဖွေးကို ဝတ်ဆင်ထားပြီး နူးညံ့သိမ်မွေ့ပြီး တည်ငြိမ်ပုံပေါ်သည်။ သူမ၏ မျက်လုံးများသည် တောက်ပနေပြီး သူမသည် တက်ကြွစွာ ပြုံးလိုက်သည်။

ယဲ့ယွမ်နျန်၏ ဇနီးဟောင်းမှ ခေါ်ယူ ပျိုးထောင်ခဲ့သောသမီးဖြစ်သူ ယဲ့အန်းသည် ယဲ့မိသားစုတွင် ကြီးပြင်းလာခြင်းမရှိကြောင်း သူကြားသိရသောအခါတွင် ၎င်းတို့သားအဖသည် မှန်ကန်မှုကင်းမဲ့ပြီး စိတ်မကျေမနပ်သလို ခံစားခဲ့ရသည်။

သို့သော် ဤတောက်ပသော မျက်ဝန်းများနှင့် ကြော့ရှင်းသော မိန်းမပျိုလေးကို မြင်လိုက်ရသောအခါတွင်တော့ သူမသည် သူ့သားအတွက် မဆိုးလှဟု ခံစားမိသည်။

အားလုံးထိုင်ပြီးသောအခါ ရှဲ့ပိုင်ယန်သည် ယဲ့ယွမ်နျန် နှင့် လက်ဆွဲနှုတ်ဆက်လိုက်သည်။ထို့နောက် သူက ယဲ့အန်း ဖက်လှည့်၍ “အန်း ကျောင်းတက်နေသေးလား” လို့ တရင်းတနှီး မေးလိုက်သည်။

မိသားစုနှစ်စုသည် လက်ထပ်ရန် မဟာမိတ်ဖွဲ့ထားသောကြောင့် ရှဲ့ မိသားစုသည် သူမသည် ချိန်းတွေ့ဖူးခြင်း ရှိ၊ မရှိ အပါအဝင် သူမ၏ နောက်ခံသမိုင်းကြောင်းကို စုံစမ်းပြီးဖြစ်သည်။ ထိုမေးခွန်းသည် စကားဦးသမ်းခြင်းသာဖြစ်သည်..

ယဲ့အန်းသည် ကိုယ်နေဟန်ထားကို ထိန်းထားရင်း သူမ ထံမှ အဓိပ္ပါယ်မဲ့ စကားများထွက်လာမှာကို ကြောက်နေသည့် ယဲ့ယွမ်နျန်ကို တစ်ချက်ကြည့်ပြီး ယဉ်ကျေးသိမ်မွေ့သောပုံစံနှင့် ပြန်ပြောလိုက်သည်။

"ကျွန်မက ဘွဲ့ရပြီးပါပြီ၊ လောလောဆယ် အသံသရုပ်ဆောင်အဖြစ် စတူဒီယိုတစ်ခုနှင့် လက်မှတ်ရေးထိုးခဲ့ပါတယ်။ ”

"မင်းအလုပ်က စိတ်ဖိစီးစရာကောင်းသလားကွဲ့"

"ကျွန်မနဲ့ အဆင်ပြေပါတယ်ရှင်။"

မေးခွန်းတိုင်းကို ပြတ်ပြတ်သားသား တုံ့ပြန်ပြီး စကားဝိုင်းမှာ အင်တာဗျူးတစ်ခုနှင့် ပိုတူနေသည်။

ရှဲ့ပိုင်ယန်က ခေါင်းညိတ်လိုက်ပြီး "မင်း အားရှောကို မတွေ့သေးဘူး မဟုတ်လား"

ယဲ့အန်းက ခေတ္တရပ်လိုက်ပြီး “အရင်က သူ့အင်တာဗျူးတွေကို အွန်လိုင်းမှာ တွေ့ဖူးပါတယ်၊ အဲဒါရောထည့်တွက်လို့ရသလား” လို့ ပြောရင်း ရယ်မောလိုက်သည်။

သူမ၏အရွှန်းဖောက်မှုကို ရှဲ့ပိုင်ယန်သည် မရယ်ဘဲ မနေနိုင်တော့ပဲ မူလလေးလံသော အခြေအနေသည် ချက်ချင်းလျော့ပါးသွားသည်။

သူတို့သည်စကားစမြည်ပြောရင်း ရယ်မောရင်း ရှဲ့ မိသားစု၏ အိမ်အကူ အန်တီ ကျိုးသည် အောက်ထပ်သို့ ဆင်းလာပြီး ရှဲ့ပိုင်ယန်၏ နံဘေးသို့ လျှောက်သွားသည်။

"သခင်လေးက သူဆင်းမလာဘူးလို့ပြောတယ်၊ သခင်ကြီး ထိုက်သင့်သလို စီစဥ်လို့ရတယ်"လို့ခပ်တိုးတိုးပြောလိုက်သည်။

ထိုအချိန်တွင် ရှဲ့ပိုင်ယန်က မျက်မှောင်ကြုတ်လိုက်ပြီး ခေါင်းကိုက်လာသည်။

ဤလက်ထပ်မှုသည် မိသားစုနှစ်စုကြား သဘောတူညီမှုတစ်ခုဖြစ်သောကြောင့် သတို့သမီးဘက်မှ ရောက်နေပြီဖြစ်သည်။ သူ့သား၏ အမြင်ခံရန် ငြင်းဆန်နေခြင်းမှာ ခွင့်မလွှတ်နိုင်စရာမရှိပေ။

ယဲ့ယွမ်နျန် က ဒီစကားကြားတော့ စိုးရိမ်စိတ်နဲ့ မေးသည် "ရှောင်ရှောရဲ့ ကျန်းမာရေး အခြေအနေ ဘယ်လိုရှိလဲ"

ရှဲ့ပိုင်ယန်က ပြုံးပြီးပြောလိုက်သည်။ "အခုတော့ ပြဿနာ ကြီးကြီးမားမား မရှိသေးပါဘူး၊ ဒါပေမယ့် သူ့ဆရာဝန်က သူ့ကို မြန်မြန် နလန်ပြန်ထူနိုင်ဖို့ ညွှန်ကြားထား‌တော့ သူ့တွက် အပြင်ထွက်ရတာ သိပ်အဆင်မပြေဘူးလေ..."

သူဘယ်လောက်ပဲ အနားယူဖို့ လိုအပ်နေပါစေ အောက်ထပ်ကိုပင် မဆင်းနိုင်တော့ဘူးဆိုသည်မှာ အဓိပ္ပာယ်မရှိပေ။ အကြောင်းပြချက်တစ်ခုမျှသာ ဖြစ်သည်မှာ ထင်ရှားသည်။

ယဲ့ယွမ်နျန်သည် အနည်းဆုံး မကျေနပ်မှုတစ်စုံတစ်ရာပြမည်ဟု ယဲ့အန်း တွေးထင်ခဲ့သော်လည်း ယင်းမှာ ဖြစ်မလာပေ။ ယဲ့ယွမ်နျန် သည် အဆင်မပြေမှုကို မဖော်ပြဘဲ “လူတစ်ယောက်ရဲ့ ကျန်းမာရေးက ပိုအရေးကြီးတယ်၊ သူ့အတွက် အနားယူတာက ပိုကောင်းပါတယ်…”

???

ဒါဟာ အိမ်ထောင်ရေး မဟာမိတ်လား၊ ဒါမှမဟုတ် ဒါဟာ တစ်ဖက်သတ် ကပ်ဖားနေခြင်းလား။

ယဲ့အန်းသည် ခပ်မာမာပြုံးလိုက်သည်။

အဖေနဲ့သမီး ဆက်ဆံရေးကို ဖြတ်ဖို့ နောက်များကျသွားပြီလား။

ရှဲ့ရှော ထွက်တွေ့ဖို့ ငြင်းဆိုပြီးနောက် စကားဝိုင်းက တဖန် ခြောက်သွေ့သွားပြန်သည်။ ယဲ့အန်းသည် ဘာပြောရမှန်းမသိသောကြောင့် နှုတ်ဆိတ်နေခဲ့သည်။

ရှဲ့ပိုင်ယန်က ချောင်းတစ်ချက်ဟန့်လိုက်ပြီး ရုတ်တရက် "အန်းအန်း…. ​အားရှောရဲ့ အခြေအနေကို နားလည်ပေးနိုင်မလား?"

ယဲ့ယွမ်နျန်က ယဲ့အန်းကို လှစ်ခနဲကြည့်လိုက်သည်။

ယဲ့အန်းလည်း နားလည်လိုက်ပြီး ချက်ချင်းပင် စိုးရိမ်သည့်လေသံဖြင့် “သူ့ မျက်လုံးကို ထိခိုက်မိစေခဲ့လို့လား” လို့ ဟန်ဆောင်ပန်ဆောင်မေးလိုက်သည်။

ရှဲ့ပိုင်ယန် ခေါင်းညိတ်ပြသည်။

ယဲ့အန်း က အနည်းငယ် ပြုံးလိုက်ပြီး “အဖေ ဒီအကြောင်းကို ပြောပြထားပြီးပါပြီ၊ အရမ်းကြီး စိတ်မပူပါနဲ့။ ဆေးပညာတွေက ပိုပိုပြီး အဆင့်မြင့်လာတာဆိုတော့ နောက်တော့ သူ့မျက်လုံးကို ကုသနိုင်မယ့်နည်းလမ်းရှာတွေ့မှာ သေချာပါတယ်။”

သူမ၏ တွန့်ဆုတ်ခြင်းမရှိဘဲ ပြတ်သားသော အကြည့်များကို မြင်လိုက်ရပြီးနောက်တွင် ရှဲ့ပိုင်ယန်
စိတ်သက်သာရာရသွားသည်။ မိသားစုနှစ်ခုကြား မဟာမိတ်ဖွဲ့သော အိမ်ထောင်ရေးကိစ္စ ဖြစ်ပေသော်ငြား
တစ်ဖက်သားကို ဘာကိုမှ အတင်းအကြပ် မလုပ်စေချင်ပေ။ အိမ်ထောင်ကျပြီးသည့်အချိန်အထိ ဖုံးကွယ်ထားမည့်အစား အရာအားလုံးကို ရှင်းရှင်းလင်းလင်း ကြိုတင်ပြောထားလျှင် ပိုကောင်းသည်။

ယဲ့အန်း ခဏလောက်စဉ်းစားပြီး “ဦးလေး ရှဲ့၊ ကျွန်မ သူ့ကို အပေါ်တက်ကြည့်လို့ရမလား” လို့ မေးလိုက်သည်။

ရှဲ့ပိုင်ယန်သည် ရှဲ့ရှောကို သွားတွေ့ရန် စတင်တောင်းဆိုလိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။ အံ့အားသင့်စွာဖြင့် သူက ပြုံးကာ ပြန်ပြောလိုက်သည်။

"သေချာတောပေါ့၊ မင်းသွားတွေ့နိုင်ပါတယ်။ မင်းတို့နှစ်ယောက် စကားစမြည်ပြောပြီး တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးအောင် လုပ်ကြပေါ့ကွယ်။"

သူက အန်တီ ကျိုးကို အပေါ်ထပ်သို့ လမ်းပြခိုင်းသည်။

ယဲ့အန်းသည် ဆိုဖာပေါ်မှ ထကာ ယဲ့ယွမ်နျန်၏ ထိတ်လန့်နေသော အကြည့်ကို လျစ်လျူရှုလိုက်သည်။ ထို့နောက် အန်တီ ကျိုး နောက်မှ အပေါ်ထပ်သို့ လိုက်သွားသည်။

ဒုတိယထပ်မှာ လုံးဝတိတ်ဆိတ်နေပြီး ကြွေထည်ပစ္စည်းတစ်ခုတစ်လေတောင် မမြင်ရပေ။ ကြမ်းပြင်မများမှာ အေးစက်ပြောင်လက်နေသည်။

ရှဲ့ရှော၏ အခန်းသို့ရောက်သောအခါ အန်တီ ကျိုးက တံခါးခေါက်လိုက်သည်- "သခင်လေး"

အတော်တော်ကြာအောင် တုံ့ပြန်မှုတစုံတရာမရှိ။
အန်တီ ကျိုးက ထပ်ခေါက်မည်အလုပ်တွင် ယဲ့အန်းက တားလိုက်ပြီး "အန်တီအရင် သွားနှင့်ပါ၊ သမီး အဆင်ပြေမှာပါ"

အန်တီ ကျိုးသည် သူမအား သေချာပုံပေါ်လား တုံ့ဆိုင်းစွာ အရိပ်အကဲကြည့်လိုက်ပြီးနောက်  လှည့်ထွက်သွားခဲ့သည်။

အန်တီ ကျိုး ထွက်သွားပြီးနောက် ယဲ့အန်း သည် အချိန်ခဏယူ၍ နူးညံ့သိမ်မွေ့ပြီး မိန်းမကောင်းတစ်ယောက်လို သတိချပ်ဟန်တင်း သည်။ သူမ‌ရှေ့ရှိ ပိတ်ထားသော တံခါးကို လှမ်းကြည့်ရင်း ခဏရပ်နေကာ နောက်ဆုံးတွင် ခေါက်လိုက်သည်။

သူမ သည် ဂိမ်းတစ်ခုကို ကစားနေသကဲ့သို့ တံခါးကို စည်းချက်မှန်မှန်ခေါက်သည်။ သုံးချက်ခေါက်လိုက်သည်။ ထို့နောက် နှစ်ချက်။

အချိန်အတော်ကြာပြီးနောက်၊ နောက်ဆုံးတွင် အတွင်းမှ အသံတစ်ခု ထွက်ပေါ်လာပြီး "ဝင်ခဲ့ပါ"

တံခါးကိုဖြတ်လာသော စိတ်မရှည်ပုံပေါ်သည့် ယောင်ဝါးဝါး အသံကို သူမ ကြားလိုက်ရသည်။

ယဲ့အန်း၏ ဟန်တင်းထားသော အမူအရာသည် ခဏတာ သတိလွတ်သွားသည်။

ရွှေချထားသည့် သတ္တုလက်ကိုင်ကို ကိုင်ထားရင်း ဖွင့်မဝင်မီ စက္ကန့်အနည်းငယ်လောက် ခေါင်းငုံ့ထားလိုက်သည်။

အတွင်းမှ မွှေးပျံ့သောရနံ့တစ်ခု ထွက်ပေါ်လာပြီး သူမ၏ ကျောရိုးအတွင်းထိ ချမ်းစိမ့်သွားသည်။ လေထုသည် ညစ်ညမ်းနေပြီး အခန်းသည် နေကို မမြင်ရတာ ကြာနေသလို ခံစားမိသည်။

အခန်းမီးများမဖွင့်ပဲ ကုလားကာများကို တင်းတင်းကြပ်ကြပ် ပိတ်ထားသည်။ အခန်းအတွင်းတွင်  လှောင်အိမ်တစ်ခုကို ဖုံးအုပ်ထားသော ကန့်လန့်ကာ၏ အက်ကွဲကြောင်းများမှ ဝင်လာသော မှိန်ပြပြ အလင်း‌ရောင်ကဲ့သို့ဖြစ်နေသည်။

အပြင်ဘက်မှ ပြန့်ကျဲနေသော အလင်းရောင်ကြောင့် ယဲ့အန်း သည် ဆိုဖာပေါ်တွင် ထိုင်လိုက် နိုင်သည်။
ထိုလူသည် အနက်ရောင် ဆွယ်တာကို ဝတ်ဆင်ထားပြီး သက်မဲ့ အရုပ်တစ်ရုပ်ကဲ့သို့ တိတ်တိတ်ဆိတ်ဆိတ် ထိုင်နေကာ သူ့ပတ်ဝန်းကျင်ရှိ အမှောင်ထုနှင့် ရောနှောနေသည်။

သူ့အသွင်အပြင်က ချောမောသော်လည်း သူ့အမူအရာမှာ အေးစက်နေသည်။ သူ့တွင် ဖြောင့်စင်းသောနှာတံနှင့် ခိုင်ခံ့သော မျက်ခုံးမွှေးရှိပြီး ကြည်လင်သော အသားအရေရှိသည်။ သူ့အကြည့်တွေမှာ နက်နဲပြီး မှောင်မိုက်နေတယ်။

တံခါးဖွင့်သံကြားတော့ သူဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်တယ်။

နက်မှောင်သော မျက်လုံးတစ်စုံက သူမကို အာရုံစိုက်ကာ သူတို့မျက်လုံးချင်း ဆုံလိုက်သောအခါ ယဲ့အန်းသည် သူမ၏ နှလုံးခုန်သံခပ်ပြင်းပြင်းကို ခံစားလိုက်ရသည်။

အပြင်ဘက် နွေဦးရှုခင်းသည် တောက်ပပြီး လှပနေသော်လည်း မိုးသည်းစွာ ရွာချသံကို သူမ ကြားလိုက်ရပြီး ထိုညတစ်ညကို ပြန်မြင်ယောင်မိသည်။

လွန်ခဲ့သော အချိန်အတော်ကြာက ည ဖြစ်သည်။


••••••••••

Zawgyi

ဂုဏ္ျမင့္သူရယ္

အပိုင္း ၁

ယဲ့အန္း မူလတန္းေက်ာင္းတက္တုန္းက သူ႕အေမ ႐ွက်င္က ယဲ့ယြမ္ႏ်န္နဲ႔ ကြာ႐ွင္းခဲ့သည္။ ထိုအခ်ိန္တြင္၊ ယဲ့ မိသားစုသည္ ယခုကဲ့သို႔ လူမႈေရး သို႔မဟုတ္ ေငြေၾကးဆိုင္ရာ ၾသဇာလႊမ္းမိုးမႈမ်ိဳး မ႐ွိသလို အေမြဆက္ခံရန္ လိုအပ္ေသာ ရာဇပလႅင္လည္း မ႐ွိေပ။ ႐ွက်င္သည္ သူ႕သမီးကို အုပ္ထိန္းခြင့္ရရန္ အရာအားလုံးကို စြန္႔စားခဲ့သည္။

အသက္အနည္းငယ္သာ႐ွိေသးေသာ ယဲ့အန္းသည္ ယဲ့ မိသားစုကို ႐ွက်င္ႏွင့္အတူ ထားခဲ့သည္။

မၾကာခင္မွာပဲ ယဲ့ယြမ္ႏ်န္သည္ ေနာက္အိမ္ေထာင္ျပဳၿပီး မိသားစုသစ္တစ္ခု ထူေထာင္ခဲ့သည္။

ဤႏွစ္မ်ားတြင္ ယဲ့ယြမ္ႏ်န္သည္ ဖခင္တစ္ဦး၏ တာဝန္မ်ားကို မေက်ပြန္ခဲ့ပဲ ၎တို႔၏ သားအဖဆက္ဆံေရးမွာ မေျပလည္ခဲ့ေပ။ သူတို႔သည္ အမွန္ေတာ့ သူစိမ္းမ်ားသာျဖစ္ၾကသည္။

ထို႔ေၾကာင့္ ယဲ့ယြမ္ႏ်န္သည္ အိမ္ေထာင္ေရးမဟာမိတ္ကိစၥေၾကာင့္ သူမဆီ ခ်ဥ္းကပ္လာေသာအခါ သူမ၏ ပထမဆုံးတုံ႔ျပန္မႈမွာ ရယ္ေမာမိျခင္းပင္ျဖစ္သည္။ သူမ၏ ေသာက္လက္စ ေကာ္ဖီခြက္ကို သူ႕မ်က္ႏွာေပၚ ပက္ပစ္လိုက္ၿပီး အဆုံးစြန္ထိနာက်င္စြာ ေအာ္ဟစ္ေစခ်င္ခဲ့သည္။

သို႔ေသာ္ သူမ မတတ္ႏိုင္ခဲ့ေပ။

လြန္ခဲ့ေသာ ခုနစ္ႏွစ္က ႐ွက်င္သည္ အေၾကာင္းတခ်ိဳ႕ေၾကာင့္ ယဲ့အန္းကို ဂ႐ုမစိုက္ႏိုင္ဘဲ ယဲ့ မိသားစုဆီ ျပန္ပို႔ခဲ့သည္။ ေနာက္ေတာ့ ႐ွက်င္ သည္ အလြန္အမင္း အဆင္မေျပသျဖင့္ ယဲ့ယြမ္ႏ်န္ဆီမွ ပိုက္ဆံအေျမာက္အမ်ားေတာင္းခဲ့သည္။

ယဲ့ယြမ္ႏ်န္က သူတို႔အအေပၚ ဒီအေႂကြးကို အသုံးမခ်ေပမယ့္ ယဲ့အန္းက တျခားသူေတြရဲ႕ ေက်းဇူးေႂကြးေတြေၾကာင့္ ယဲ့ မိသားစုကို ပိုမုန္းလာခဲ့သည္။ ဒါေၾကာင့္ ေကာ္ဖီနဲ႔ပက္မယ့္အစား သူ႕ေတာင္းဆိုမႈကို မတက္သာပဲ လက္ခံလိုက္ၿပီး သူ႕ကိုယ္သူ ေရာင္းပစ္လိုက္ရသည္။

ယဲ့အန္းသည္ အျပင္ဘက္႐ွိ လန္းဆန္းသစ္လြင္ေသာေႏြဦး႐ႈခင္းကို ေငးၾကည့္ရင္း ဘုရားေက်ာင္းေဆာင္ကို ပြတ္သပ္လိုက္သည္။

သူမ၏ျဖစ္အင္မွာ မာသာေမရီကဲ့သို႔ျဖစ္သည္၊ ေတးသ႐ုပ္ေဖာ္ မျပခံရျခင္းအတြက္ေတာ့ ရင္နာစရာပင္။

“အန္းအန္း….”
သူမ အေတြးနယ္ခ်ဲ႕ေနစဥ္ ယဲ့ယြမ္ႏ်န္က သူမအား မပြင့္တပြင့္ ေခၚလိုက္သည္။

ယဲ့အန္း လွည့္ၾကည့္လိုက္ရာ ႐ႈပ္ေထြးေသာ ခံစားခ်က္မ်ားႏွင့္ ျပည့္ႏွက္ေနသည့္ သူ၏မ်က္ႏွာကို ေတြ႕လိုက္ရတယ္။

"ဘာလဲ?"

အတန္ၾကာေအာင္ ေတြးေတာၿပီးေသာအခါ၊ ယဲ့ယြမ္ႏ်န္ က ေနာက္ဆုံးတြင္ "မင္း အေဖေျပာသမွ်ကို မွတ္မိေသးရဲ႕လား"

ယဲ့အန္းသည္ မထီမဲ့ျမင္ျပဳလိုက္ၿပီး မိသားစုႏွစ္စုၾကား ဆက္ဆံေရးကို ပ်က္ျပားေစလိမ့္မည္ကို စိုးရိမ္သျဖင့္ မထြက္ခြာမီ သတိျပဳရမည့္ အခ်က္မ်ားကို ‌ေျပာျပသည္။ သူသည္ မတရားသျဖင့္ စာခ်ဳပ္တြင္ သူမ၏ လက္မွတ္ကိုရရန္ နီးစပ္ေနၿပီျဖစ္သည္။

“အထင္မမွားပါနဲ႔ သမီးရယ္… ေဖေဖက သမီးရဲ႕ေကာင္းက်ိဳးအတြက္ လုပ္ေနတာပါ။ အနာဂတ္မွာ သမီးကို သိပ္စိတ္ဖိစီးမေနေစခ်င္ဘူး... ႐ွဲ႕ေ႐ွာက ယာယီမ်က္စိကြယ္တာျဖစ္ၿပီး ကုသဖို႔ ေမွ်ာ္လင့္ခ်က္႐ွိပါတယ္။ ႐ွဲ႕ မိသားစုကလည္း သူ႕ကို ပုံမွန္ေဆးစစ္ဖို႔ ႏိုင္ငံတကာက ေက်ာ္ၾကားတဲ့ ကြၽမ္းက်င္သူေတြကို ဖိတ္ၾကားထားၿပီးပါၿပီ။ တစ္ေန႔ သူ႕အျမင္အာ႐ုံ ျပန္ရလာႏိုင္ေခ်မ်ားပါတယ္ …”

ယဲ့အန္းသည္ ယဲ့ယြမ္ႏ်န္ကို လုံး၀နားမလည္ခဲ့ေပ။ သူမကို မယုံၾကည္သည့္တိုင္ေအာင္ ဘာေၾကာင့္  လာ႐ွာခဲ့သလဲ။ အသက္ႀကီးလာလို႔ သူငယ္မ်ားျပန္သြားေလသလား။

သူမသည္ အိပ္ေပ်ာ္တစ္ဝက္ႏိုးတစ္ဝက္ နားေထာင္ရင္း စိတ္မ႐ွည္စြာနဲ႔ၾကားျဖတ္ေျပာလိုက္သည္။ "အင္း၊ ေကာင္းၿပီ- သမီး မေန႔ညက ေကာင္းေကာင္းမအိပ္ခဲ့ရလို႔  တစ္ေမွးေလာက္ အိပ္လိုက္ဦးမယ္၊ ဟိုေရာက္ရင္ သမီးကိုႏိႈးပါ။"

သူမေျပာၿပီးသည္ႏွင့္ ယဲ့အန္းသည္ ထိုင္ခုံကို မွီ၍ မ်က္လုံးကိုမွိတ္လိုက္သည္။

ယဲ့ယြမ္ႏ်န္လည္း ႏႈတ္ဆိတ္သြားသည္။
နာရီဝက္ခန္႔အၾကာတြင္ ကားသည္ ျမက္ခင္းႏုႏုစိမ္းစိမ္းမ်ားႏွင့္ လူကုန္ထံရပ္ကြက္ကို ျဖတ္‌ေမာင္းကာ ႐ွဲ႕ မိသားစု၏ အိမ္ေ႐ွ႕တြင္ ရပ္လိုက္သည္။

ယဲ့အန္းသည္ ယဲ့ယြမ္ႏ်န္ေၾကာင့္ ႏိုးလာၿပီး ရီေဝေဝမ်က္လုံးမ်ားကို ႀကိဳးစားဖြင့္လိုက္သည္။ သူမသည္ စိတ္ ဆုံးျဖတ္လိုက္ၿပီးေနာက္ ကားထဲမွ ထြက္လိုက္လာခဲ့သည္။

သူမ၏ ေျခေထာက္မ်ား ေျမျပင္ေပၚသို႔ က်‌ေရာက္သည့္အခ်ိန္တြင္ ေနေရာင္ျခည္ အေႏြးဓာတ္က သူမကို လႊမ္းျခဳံထားကာ ပန္းမ်ား၏ ေမႊးရနံ႔သည္ သူမ၏အနံ႔ခံအာ႐ုံတြင္ ပ်ံ႕လြင့္သြားသည္။

အနီးနား႐ွိ ေရကန္အတြင္းတြင္ လိႈင္းဂယက္မ်ား ေလယူရာ ယိမ္းႏြဲ႕လာၿပီး ေကာင္းကင္႐ွိ တိမ္တိုက္မ်ားမွ အလင္းႏွင့္ အရိပ္မ်ားကို ေရာင္ျပန္ဟပ္ေနသည္။ ယဲ့အန္းသည္ ေကာင္းကင္ကို ေမာ့ၾကည့္ကာ ႐ႈခင္းထဲတြင္ အတန္ၾကာနစ္ေျမာေနမိသည္။

ေတာ္ဝင္မိသားစု၏ ထုံးစံအတိုင္း ျမင္ရသမွ် ေနရာတိုင္းတြင္ သာမန္လူမ်ားမယွဥ္ႏိုင္ေလာက္ေအာင္ မင္းမ်ိဳးမင္းႏြယ္မ်ား၏ အေရာင္အဝါ ကို လႊမ္းျခဳံထားသည္။ ယဲ့ မိသားစုသည္ ခ်မ္းသာေသာ္လည္း ႐ွဲ႕ မိသားစုႏွင့္ မႏိႈင္းယွဥ္ႏိုင္ေပ။ အလြန္ဆုံးအေနျဖင့္ ယဲ့ မိသားစုကို သမိုင္းအစဥ္အလာ မ႐ွိေသာ လူခ်မ္းသာမိသားစုအျဖစ္သာ သတ္မွတ္ႏိုင္သည္။

ဆီေဆးပန္းခ်ီတစ္ခ်ပ္ႏွင့္တူေသာ ဥယ်ာဥ္ႏွင့္ ႏွစ္ထပ္အိမ္ႀကီးေ႐ွ႕တြင္ ရပ္ကာ သူမ၏ ဆုံးျဖတ္ခ်က္ကို သူမကိုယ္တိုင္ လက္ခံႏိုင္ရန္ ခက္ခဲမည္ မဟုတ္ေၾကာင္း ႐ုတ္တရက္ ခံစားလိုက္ရ၏။

အိမ္ေထာင္ေရး မဟာမိတ္ သက္သက္ပဲ မဟုတ္လား။ မ်က္မျမင္တစ္ေယာက္နဲ႔ လက္ထပ္လိုက္တာပဲ မဟုတ္လားလို႔  သူမ လက္ခံႏိုင္တယ္!

႐ွဲ႕ မိသားစု၏ အိမ္ေစာင့္က သူတို႔ကို ႀကိဳဆိုၿပီး သူတို႔ ႏွစ္ေယာက္ကို အိမ္ထဲသို႔ ေခၚသြားသည္။

႐ွဲ႕ေ႐ွာ၏ဖခင္ ႐ွဲ႕ပိုင္ယန္သည္ ပန္းခ်ီဆြဲခန္းထဲတြင္ ေစာင့္ေနသည္။ သူ႕ဆံပင္အမ်ားစုဟာ ျဖဴေနၿပီး အသက္ ၅၀ အေစာပိုင္းအ႐ြယ္ေလာက္ ျဖစ္ပုံရသည္။ သူ႕ဘဝ၏ အနိမ့္အျမင့္အတက္အက်ေဘးဒုကၡမ်ားကို သူ႕မ်က္ႏွာတြင္ အတိုင္းသား ျမင္ေတြ႕ႏိုင္ပါသည္။

သို႔ေသာ္၊ သူသည္ ယဲ့ယြမ္ႏ်န္ ကဲ့သို႔ ႏွစ္မ်ားတစ္ေလွ်ာက္ ၾကံ့ၾကံ့ခံ႐ုန္းကန္လာခဲ့ဟန္မတူေပ။ ယင္းအစား ႐ွဲ႕ပိုင္ယန္သည္ သူ၏ ငယ္႐ြယ္စဥ္က က်က္သေရႏွင့္ ေခ်ာေမာမႈကို ထိန္းသိမ္းထားဆဲျဖစ္သည္။

ယဲ့ယြမ္ႏ်န္သည္ အရိပ္အႁမြက္ျပလိုက္ၿပီး ယဲ့အန္းက “ဦးေလး ႐ွဲ႕” ဟု ယဥ္ေက်းစြာ ႏႈတ္ဆက္ခဲ့သည္။
႐ွဲ႕ပိုင္ယန္က ေခါင္းညိတ္ၿပီး သူမကို ေခါင္းမွ ေျခဖ်ားအထိ ၾကည့္ၿပီး သူ၏မ်က္ႏွာမွ ေက်နပ္ေသာ အျပဳံးတစ္ပြင့္ ထြက္ေပၚလာသည္။

ယဲ့အန္းသည္ ၀တ္စုံ အျဖဴေဖြးေဖြးကို ဝတ္ဆင္ထားၿပီး ႏူးညံ့သိမ္ေမြ႕ၿပီး တည္ၿငိမ္ပုံေပၚသည္။ သူမ၏ မ်က္လုံးမ်ားသည္ ေတာက္ပေနၿပီး သူမသည္ တက္ႂကြစြာ ျပဳံးလိုက္သည္။

ယဲ့ယြမ္ႏ်န္၏ ဇနီးေဟာင္းမွ ေခၚယူ ပ်ိဳးေထာင္ခဲ့ေသာသမီးျဖစ္သူ ယဲ့အန္းသည္ ယဲ့မိသားစုတြင္ ႀကီးျပင္းလာျခင္းမ႐ွိေၾကာင္း သူၾကားသိရေသာအခါတြင္ ၎တို႔သားအဖသည္ မွန္ကန္မႈကင္းမဲ့ၿပီး စိတ္မေက်မနပ္သလို ခံစားခဲ့ရသည္။

သို႔ေသာ္ ဤေတာက္ပေသာ မ်က္ဝန္းမ်ားႏွင့္ ေၾကာ့႐ွင္းေသာ မိန္းမပ်ိဳေလးကို ျမင္လိုက္ရေသာအခါတြင္ေတာ့ သူမသည္ သူ႕သားအတြက္ မဆိုးလွဟု ခံစားမိသည္။

အားလုံးထိုင္ၿပီးေသာအခါ ႐ွဲ႕ပိုင္ယန္သည္ ယဲ့ယြမ္ႏ်န္ ႏွင့္ လက္ဆြဲႏႈတ္ဆက္လိုက္သည္။ထို႔ေနာက္ သူက ယဲ့အန္း ဖက္လွည့္၍ “အန္း ေက်ာင္းတက္ေနေသးလား” လို႔ တရင္းတႏွီး ေမးလိုက္သည္။

မိသားစုႏွစ္စုသည္ လက္ထပ္ရန္ မဟာမိတ္ဖြဲ႕ထားေသာေၾကာင့္ ႐ွဲ႕ မိသားစုသည္ သူမသည္ ခ်ိန္းေတြ႕ဖူးျခင္း ႐ွိ၊ မ႐ွိ အပါအဝင္ သူမ၏ ေနာက္ခံသမိုင္းေၾကာင္းကို စုံစမ္းၿပီးျဖစ္သည္။ ထိုေမးခြန္းသည္ စကားဦးသမ္းျခင္းသာျဖစ္သည္..

ယဲ့အန္းသည္ ကိုယ္ေနဟန္ထားကို ထိန္းထားရင္း သူမ ထံမွ အဓိပၸါယ္မဲ့ စကားမ်ားထြက္လာမွာကို ေၾကာက္ေနသည့္ ယဲ့ယြမ္ႏ်န္ကို တစ္ခ်က္ၾကည့္ၿပီး ယဥ္ေက်းသိမ္ေမြ႕ေသာပုံစံႏွင့္ ျပန္ေျပာလိုက္သည္။

"ကြၽန္မက ဘြဲ႕ရၿပီးပါၿပီ၊ ေလာေလာဆယ္ အသံသ႐ုပ္ေဆာင္အျဖစ္ စတူဒီယိုတစ္ခုႏွင့္ လက္မွတ္ေရးထိုးခဲ့ပါတယ္။ ”

"မင္းအလုပ္က စိတ္ဖိစီးစရာေကာင္းသလားကြဲ႕"

"ကြၽန္မနဲ႔ အဆင္ေျပပါတယ္႐ွင္။"

ေမးခြန္းတိုင္းကို ျပတ္ျပတ္သားသား တုံ႔ျပန္ၿပီး စကားဝိုင္းမွာ အင္တာဗ်ဴးတစ္ခုႏွင့္ ပိုတူေနသည္။

႐ွဲ႕ပိုင္ယန္က ေခါင္းညိတ္လိုက္ၿပီး "မင္း အားေ႐ွာကို မေတြ႕ေသးဘူး မဟုတ္လား"

ယဲ့အန္းက ေခတၱရပ္လိုက္ၿပီး “အရင္က သူ႕အင္တာဗ်ဴးေတြကို အြန္လိုင္းမွာ ေတြ႕ဖူးပါတယ္၊ အဲဒါေရာထည့္တြက္လို႔ရသလား” လို႔ ေျပာရင္း ရယ္ေမာလိုက္သည္။

သူမ၏အ႐ႊန္းေဖာက္မႈကို ႐ွဲ႕ပိုင္ယန္သည္ မရယ္ဘဲ မေနႏိုင္ေတာ့ပဲ မူလေလးလံေသာ အေျခအေနသည္ ခ်က္ခ်င္းေလ်ာ့ပါးသြားသည္။

သူတို႔သည္စကားစျမည္ေျပာရင္း ရယ္ေမာရင္း ႐ွဲ႕ မိသားစု၏ အိမ္အကူ အန္တီ က်ိဳးသည္ ေအာက္ထပ္သို႔ ဆင္းလာၿပီး ႐ွဲ႕ပိုင္ယန္၏ နံေဘးသို႔ ေလွ်ာက္သြားသည္။

"သခင္ေလးက သူဆင္းမလာဘူးလို႔ေျပာတယ္၊ သခင္ႀကီး ထိုက္သင့္သလို စီစဥ္လို႔ရတယ္"လို႔ခပ္တိုးတိုးေျပာလိုက္သည္။

ထိုအခ်ိန္တြင္ ႐ွဲ႕ပိုင္ယန္က မ်က္ေမွာင္ၾကဳတ္လိုက္ၿပီး ေခါင္းကိုက္လာသည္။

ဤလက္ထပ္မႈသည္ မိသားစုႏွစ္စုၾကား သေဘာတူညီမႈတစ္ခုျဖစ္ေသာေၾကာင့္ သတို႔သမီးဘက္မွ ေရာက္ေနၿပီျဖစ္သည္။ သူ႕သား၏ အျမင္ခံရန္ ျငင္းဆန္ေနျခင္းမွာ ခြင့္မလႊတ္ႏိုင္စရာမ႐ွိေပ။

ယဲ့ယြမ္ႏ်န္ က ဒီစကားၾကားေတာ့ စိုးရိမ္စိတ္နဲ႔ ေမးသည္ "ေ႐ွာင္ေ႐ွာရဲ႕ က်န္းမာေရး အေျခအေန ဘယ္လို႐ွိလဲ"

႐ွဲ႕ပိုင္ယန္က ျပဳံးၿပီးေျပာလိုက္သည္။ "အခုေတာ့ ျပႆနာ ႀကီးႀကီးမားမား မ႐ွိေသးပါဘူး၊ ဒါေပမယ့္ သူ႕ဆရာဝန္က သူ႕ကို ျမန္ျမန္ နလန္ျပန္ထူႏိုင္ဖို႔ ၫႊန္ၾကားထား‌ေတာ့ သူ႕တြက္ အျပင္ထြက္ရတာ သိပ္အဆင္မေျပဘူးေလ..."

သူဘယ္ေလာက္ပဲ အနားယူဖို႔ လိုအပ္ေနပါေစ ေအာက္ထပ္ကိုပင္ မဆင္းႏိုင္ေတာ့ဘူးဆိုသည္မွာ အဓိပၸာယ္မ႐ွိေပ။ အေၾကာင္းျပခ်က္တစ္ခုမွ်သာ ျဖစ္သည္မွာ ထင္႐ွားသည္။

ယဲ့ယြမ္ႏ်န္သည္ အနည္းဆုံး မေက်နပ္မႈတစ္စုံတစ္ရာျပမည္ဟု ယဲ့အန္း ေတြးထင္ခဲ့ေသာ္လည္း ယင္းမွာ ျဖစ္မလာေပ။ ယဲ့ယြမ္ႏ်န္ သည္ အဆင္မေျပမႈကို မေဖာ္ျပဘဲ “လူတစ္ေယာက္ရဲ႕ က်န္းမာေရးက ပိုအေရးႀကီးတယ္၊ သူ႕အတြက္ အနားယူတာက ပိုေကာင္းပါတယ္…”

???

ဒါဟာ အိမ္ေထာင္ေရး မဟာမိတ္လား၊ ဒါမွမဟုတ္ ဒါဟာ တစ္ဖက္သတ္ ကပ္ဖားေနျခင္းလား။

ယဲ့အန္းသည္ ခပ္မာမာျပဳံးလိုက္သည္။

အေဖနဲ႔သမီး ဆက္ဆံေရးကို ျဖတ္ဖို႔ ေနာက္မ်ားက်သြားၿပီလား။

႐ွဲ႕ေ႐ွာ ထြက္ေတြ႕ဖို႔ ျငင္းဆိုၿပီးေနာက္ စကားဝိုင္းက တဖန္ ေျခာက္ေသြ႕သြားျပန္သည္။ ယဲ့အန္းသည္ ဘာေျပာရမွန္းမသိေသာေၾကာင့္ ႏႈတ္ဆိတ္ေနခဲ့သည္။

႐ွဲ႕ပိုင္ယန္က ေခ်ာင္းတစ္ခ်က္ဟန္႔လိုက္ၿပီး ႐ုတ္တရက္ "အန္းအန္း…. ​အားေ႐ွာရဲ႕ အေျခအေနကို နားလည္ေပးႏိုင္မလား?"

ယဲ့ယြမ္ႏ်န္က ယဲ့အန္းကို လွစ္ခနဲၾကည့္လိုက္သည္။

ယဲ့အန္းလည္း နားလည္လိုက္ၿပီး ခ်က္ခ်င္းပင္ စိုးရိမ္သည့္ေလသံျဖင့္ “သူ႕ မ်က္လုံးကို ထိခိုက္မိေစခဲ့လို႔လား” လို႔ ဟန္ေဆာင္ပန္ေဆာင္ေမးလိုက္သည္။

႐ွဲ႕ပိုင္ယန္ ေခါင္းညိတ္ျပသည္။

ယဲ့အန္း က အနည္းငယ္ ျပဳံးလိုက္ၿပီး “အေဖ ဒီအေၾကာင္းကို ေျပာျပထားၿပီးပါၿပီ၊ အရမ္းႀကီး စိတ္မပူပါနဲ႔။ ေဆးပညာေတြက ပိုပိုၿပီး အဆင့္ျမင့္လာတာဆိုေတာ့ ေနာက္ေတာ့ သူ႕မ်က္လုံးကို ကုသႏိုင္မယ့္နည္းလမ္း႐ွာေတြ႕မွာ ေသခ်ာပါတယ္။”

သူမ၏ တြန္႔ဆုတ္ျခင္းမ႐ွိဘဲ ျပတ္သားေသာ အၾကည့္မ်ားကို ျမင္လိုက္ရၿပီးေနာက္တြင္ ႐ွဲ႕ပိုင္ယန္
စိတ္သက္သာရာရသြားသည္။ မိသားစုႏွစ္ခုၾကား မဟာမိတ္ဖြဲ႕ေသာ အိမ္ေထာင္ေရးကိစၥ ျဖစ္ေပေသာ္ျငား
တစ္ဖက္သားကို ဘာကိုမွ အတင္းအၾကပ္ မလုပ္ေစခ်င္ေပ။ အိမ္ေထာင္က်ၿပီးသည့္အခ်ိန္အထိ ဖုံးကြယ္ထားမည့္အစား အရာအားလုံးကို ႐ွင္း႐ွင္းလင္းလင္း ႀကိဳတင္ေျပာထားလွ်င္ ပိုေကာင္းသည္။

ယဲ့အန္း ခဏေလာက္စဥ္းစားၿပီး “ဦးေလး ႐ွဲ႕၊ ကြၽန္မ သူ႕ကို အေပၚတက္ၾကည့္လို႔ရမလား” လို႔ ေမးလိုက္သည္။

႐ွဲ႕ပိုင္ယန္သည္ ႐ွဲ႕ေ႐ွာကို သြားေတြ႕ရန္ စတင္ေတာင္းဆိုလိမ့္မည္ဟု သူ မေမွ်ာ္လင့္ထားေပ။ အံ့အားသင့္စြာျဖင့္ သူက ျပဳံးကာ ျပန္ေျပာလိုက္သည္။

"ေသခ်ာေတာေပါ့၊ မင္းသြားေတြ႕ႏိုင္ပါတယ္။ မင္းတို႔ႏွစ္ေယာက္ စကားစျမည္ေျပာၿပီး တစ္ေယာက္နဲ႔တစ္ေယာက္ ရင္းႏွီးေအာင္ လုပ္ၾကေပါ့ကြယ္။"

သူက အန္တီ က်ိဳးကို အေပၚထပ္သို႔ လမ္းျပခိုင္းသည္။

ယဲ့အန္းသည္ ဆိုဖာေပၚမွ ထကာ ယဲ့ယြမ္ႏ်န္၏ ထိတ္လန္႔ေနေသာ အၾကည့္ကို လ်စ္လ်ဴ႐ႈလိုက္သည္။ ထို႔ေနာက္ အန္တီ က်ိဳး ေနာက္မွ အေပၚထပ္သို႔ လိုက္သြားသည္။

ဒုတိယထပ္မွာ လုံးဝတိတ္ဆိတ္ေနၿပီး ေႂကြထည္ပစၥည္းတစ္ခုတစ္ေလေတာင္ မျမင္ရေပ။ ၾကမ္းျပင္မမ်ားမွာ ေအးစက္ေျပာင္လက္ေနသည္။

႐ွဲ႕ေ႐ွာ၏ အခန္းသို႔ေရာက္ေသာအခါ အန္တီ က်ိဳးက တံခါးေခါက္လိုက္သည္- "သခင္ေလး"

အေတာ္ေတာ္ၾကာေအာင္ တုံ႔ျပန္မႈတစုံတရာမ႐ွိ။
အန္တီ က်ိဳးက ထပ္ေခါက္မည္အလုပ္တြင္ ယဲ့အန္းက တားလိုက္ၿပီး "အန္တီအရင္ သြားႏွင့္ပါ၊ သမီး အဆင္ေျပမွာပါ"

အန္တီ က်ိဳးသည္ သူမအား ေသခ်ာပုံေပၚလား တုံ႔ဆိုင္းစြာ အရိပ္အကဲၾကည့္လိုက္ၿပီးေနာက္  လွည့္ထြက္သြားခဲ့သည္။

အန္တီ က်ိဳး ထြက္သြားၿပီးေနာက္ ယဲ့အန္း သည္ အခ်ိန္ခဏယူ၍ ႏူးညံ့သိမ္ေမြ႕ၿပီး မိန္းမေကာင္းတစ္ေယာက္လို သတိခ်ပ္ဟန္တင္း သည္။ သူမ‌ေ႐ွ႕႐ွိ ပိတ္ထားေသာ တံခါးကို လွမ္းၾကည့္ရင္း ခဏရပ္ေနကာ ေနာက္ဆုံးတြင္ ေခါက္လိုက္သည္။

သူမ သည္ ဂိမ္းတစ္ခုကို ကစားေနသကဲ့သို႔ တံခါးကို စည္းခ်က္မွန္မွန္ေခါက္သည္။ သုံးခ်က္ေခါက္လိုက္သည္။ ထို႔ေနာက္ ႏွစ္ခ်က္။

အခ်ိန္အေတာ္ၾကာၿပီးေနာက္၊ ေနာက္ဆုံးတြင္ အတြင္းမွ အသံတစ္ခု ထြက္ေပၚလာၿပီး "ဝင္ခဲ့ပါ"

တံခါးကိုျဖတ္လာေသာ စိတ္မ႐ွည္ပုံေပၚသည့္ ေယာင္ဝါးဝါး အသံကို သူမ ၾကားလိုက္ရသည္။

ယဲ့အန္း၏ ဟန္တင္းထားေသာ အမူအရာသည္ ခဏတာ သတိလြတ္သြားသည္။

ေ႐ႊခ်ထားသည့္ သတၱဳလက္ကိုင္ကို ကိုင္ထားရင္း ဖြင့္မဝင္မီ စကၠန္႔အနည္းငယ္ေလာက္ ေခါင္းငုံ႔ထားလိုက္သည္။

အတြင္းမွ ေမႊးပ်ံ႕ေသာရနံ႔တစ္ခု ထြက္ေပၚလာၿပီး သူမ၏ ေက်ာ႐ိုးအတြင္းထိ ခ်မ္းစိမ့္သြားသည္။ ေလထုသည္ ညစ္ညမ္းေနၿပီး အခန္းသည္ ေနကို မျမင္ရတာ ၾကာေနသလို ခံစားမိသည္။

အခန္းမီးမ်ားမဖြင့္ပဲ ကုလားကာမ်ားကို တင္းတင္းၾကပ္ၾကပ္ ပိတ္ထားသည္။ အခန္းအတြင္းတြင္  ေလွာင္အိမ္တစ္ခုကို ဖုံးအုပ္ထားေသာ ကန္႔လန္႔ကာ၏ အက္ကြဲေၾကာင္းမ်ားမွ ဝင္လာေသာ မွိန္ျပျပ အလင္း‌ေရာင္ကဲ့သို႔ျဖစ္ေနသည္။

အျပင္ဘက္မွ ျပန္႔က်ဲေနေသာ အလင္းေရာင္ေၾကာင့္ ယဲ့အန္း သည္ ဆိုဖာေပၚတြင္ ထိုင္လိုက္ ႏိုင္သည္။
ထိုလူသည္ အနက္ေရာင္ ဆြယ္တာကို ဝတ္ဆင္ထားၿပီး သက္မဲ့ အ႐ုပ္တစ္႐ုပ္ကဲ့သို႔ တိတ္တိတ္ဆိတ္ဆိတ္ ထိုင္ေနကာ သူ႕ပတ္ဝန္းက်င္႐ွိ အေမွာင္ထုႏွင့္ ေရာေႏွာေနသည္။

သူ႕အသြင္အျပင္က ေခ်ာေမာေသာ္လည္း သူ႕အမူအရာမွာ ေအးစက္ေနသည္။ သူ႕တြင္ ေျဖာင့္စင္းေသာႏွာတံႏွင့္ ခိုင္ခံ့ေသာ မ်က္ခုံးေမႊး႐ွိၿပီး ၾကည္လင္ေသာ အသားအေရ႐ွိသည္။ သူ႕အၾကည့္ေတြမွာ နက္နဲၿပီး ေမွာင္မိုက္ေနတယ္။

တံခါးဖြင့္သံၾကားေတာ့ သူျဖည္းျဖည္းခ်င္း လွည့္ၾကည့္လိုက္တယ္။

နက္ေမွာင္ေသာ မ်က္လုံးတစ္စုံက သူမကို အာ႐ုံစိုက္ကာ သူတို႔မ်က္လုံးခ်င္း ဆုံလိုက္ေသာအခါ ယဲ့အန္းသည္ သူမ၏ ႏွလုံးခုန္သံခပ္ျပင္းျပင္းကို ခံစားလိုက္ရသည္။

အျပင္ဘက္ ေႏြဦး႐ႈခင္းသည္ ေတာက္ပၿပီး လွပေနေသာ္လည္း မိုးသည္းစြာ ႐ြာခ်သံကို သူမ ၾကားလိုက္ရၿပီး ထိုညတစ္ညကို ျပန္ျမင္ေယာင္မိသည္။

လြန္ခဲ့ေသာ အခ်ိန္အေတာ္ၾကာက ည ျဖစ္သည္။


Continue Reading

You'll Also Like

4.3M 269K 102
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
40.7M 1.1M 42
When Arianna marries billionaire Zach Price to save her family, she doesn't expect to fall in love with a man who'd always consider her a second choi...
654 99 11
Name - In the 1970s, she remarried her ex-husband's enemy Type - Web novel Genre - Tags - 70s cnovel mtl Authors - Lao Hu Shiba Myanmar trans - Khat...