๐–ซ๐—ˆ๐–ต๐–พ ๐–ฌ๐–พ ๐– ๐—€๐–บ๐—‚๐—‡ On R...
By Victory_Jeon
3.8K 520 145
I wish you would love me again Kim Taehyung Kim Taehyung ร— Jeon Jungkook Taekook OST - Love me aga... More
Love Me Again
Part 1
Part 2
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 3
303 45 7
By Victory_Jeon
တေးသွားတွေလို တစ်ဖန်ကြားယောင်လာပြန်တယ် ။ရုပ်ရှင်ဇာတ်ကားတစ်ကားကို ကြည့်ရသလို အမှတ်တရများကို မျက်လုံးထဲ တိတိကျကျကိုပင် ပြန်၍ ပေါ်လာသည် ။ အမြဲတောင်းတခဲ့ရသော အမြဲလွမ်းနေရပါသော ပုံရိပ်တွေ ။ တစ်ချိန်က ဖြစ်ရပ်တွေကို သိပ်လွမ်းတယ် ။
အချို့အရာတွေက ရွေးချယ်မှုပြုလုပ်ရတယ် ။
အချို့သော ရွေးချယ်ချက်တွေက မှားတတ်ကြတယ်။
အချို့အရာတွေက မှန်ကန်ပေမယ့် နာကျင်ရတယ် ။
မင်းလက်ကို ငါမလွှတ်ခဲ့သင့်ဘူး လူဆိုးလေးရယ် ။
နောင်တတွေနဲ့ ရှင်သန်နေရတာ သိပ်ပင်ပန်းတာပဲရယ် ။
//  𝙻𝚘𝚅𝚎 𝙼𝚎 𝙰𝚐𝚊𝚒𝚗  //
တစ်နေ့တာလုပ်ဆောင်ရမယ့် အလုပ်အချိန်ဇယားကို ကြည့်ရင်း ထယ်ယောင်း သက်ပြင်းလေးချမိသည် ။ ဝါသနာအရဖြစ်သွားတာကြောင့် လုပ်ကိုင်ရသော်လည်း အရမ်းခက်ခဲသည် ။ အောင်မြင်နေတဲ့အချိန်ကာလကို ရောက်နေပြီဖြစ်သော်လည်း တိုက်ခိုက်နေတဲ့အင်အားကလည်း များသည် ။
အရင်ကျောင်းတုန်းက အချိန်များကို အမှတ်ရသည် ။ကျောင်းလေးသွား စာလေးကျက်နေရတဲ့ဘဝက လူ့ဘဝလောကကြီး ပင်ပန်းတာနဲ့ ယှဉ်ရင် ဘာမှမပြောပါးလောက်ပေ ။ အရင် သူငယ်ချင်းတွေနဲ့အတူတူပျော်ပါးခဲ့တဲ့ အချိန်တွေ ကို သတိရသည် ။ အခုတော့ သူငယ်ချင်းတွေကလည်း အလုပ်ခွင်ကိုယ်စီကြောင့် အဆက်အသွယ်ပင်မရတော့ပေ ။
အဆိုးရွားဆုံး သူရဲ့ အချစ်ဆုံးသူငယ်ချင်း Wendy နဲ့ပင် သူအဆက်အသွယ်ဖြတ်လိုက်ရသည် ။ ပြီးတော့ သူ့ရဲ့အချစ်ဆုံးသောကောင်လေး ... ဝေးခဲ့ကြသေးတယ်လေ ။
ဘဝက ပင်ပန်းတယ် .. သူရဲ့အနုပညာလောကကလည်း ပင်ပန်းတယ် ။ ဆုံးရှုံးလိုက်ရတဲ့ သံယောဇဉ်တွေမှ အများကြီး ။ ပြန်ရလာတဲ့ တုန့်ပြန်ချက်‌ကများပေမယ့်လည်း မဖြည်သာသေး ။
အနုပညာအလုပ်ကိုရူးသွပ်လို့သာ ...သူရဲ့ပရိသတ်တွေကို ချစ်လို့သာ အရာအားလုံးကို စွန့်လွှတ်ခဲ့တာ
တစ်ခါတစ်လေ ကြရင်တွေးမိတယ် .. မှားသွားသလားလို့ ..
"Taehyung"
"ဟင် .. အာ Hyung "
" CEOကပြောတယ် live လွင့်ဦးတဲ့ Live မလွင့်တာကြာနေလို့တဲ့ "
"အာ ဟုတ် ကျွန်တော် ခနနေ လွင့်လိုက်ပါမယ် အဲ့ဆို တိုက်ခန်းပြန်လို့ရမလား "
"အွန်း ခနပဲရလိမ့်မယ် ၁၁နာရီ အကတိုက်ရမှာ "
"ဟုတ်ကဲ့ "
မျက်နှာမရွှင်လန်းနေတဲ့ကောင်လေးကြောင့် မန်နေဂျာhyungမှာလည်း စိတ်မကောင်းပေ ။ အရင်ကလို ပျော်ပျော်နေတတ်တဲ့ ကောင်လေးကို သူလည်း လွမ်းသည် ။
ထယ်ယောင်း တိုက်ခန်းကို ပြန်ရောက်တော့ အိပ်ခန်းထမှာပဲ live လွင့်ရန် ပြင်လိုက်သည် ။ ပြီးတော့ weverse live လွင့်ခြင်းကို စတင်လိုက်သည် ။
" ယောရောဘွန်း  အာညော်ဟာဆယ်ယော V အီမီတာ
ကျွန်တော် Liveလည်း မလွင့်တာကြာပြီလေ အဲ့တော့ လွမ်းနေကြမယ်ထင်လို့ "
ထယ်ယောင်းပြောလည်းပြော ကောမန့်လေးတွေကိုလည်း လိုက်ဖတ်နေလေသည် ။
*လွမ်းတာပေါ့ ထယ်ထယ်က ပိုချောလာတယ် *
"ကျွန်တော်က ဒီအတိုင်းပါပဲဗျာ Taehyungist တွေရဲ့ ချစ်တဲ့မျက်စိနဲ့ကြည့်လို့ပါ "
Taehyungist သူရဲ့fan တွေကိုခေါ်တဲ့နာမည်ပေ ။ သူ့ရဲ့နာမည်အရင်းကို ပြုပြင်ထားပြီး ခေါ်ခဲ့တာ ။
" ထူးထူးခြားခြားတော့ဘာမှမရှိပေမယ့် အလုပ်အရမ်းများတယ် ။ အဲ့တာကြောင့် မပေါ်လာဖြစ်တာပါ "
*ပင်ပန်းနေပြီလား ကလေးလေး *
"အော ..အများကြီး ပင်ပန်းတယ် ဒါပေမယ့် Taehyungist ရဲ့အချစ်တွေကြောင့် မပင်ပန်းတော့ပါဘူး "
"Schedule တွေကအပြည့်ပဲ promotion ကာလလည်းဖြစ်တာဆိုတော့လေ ။ ထွေထွေးထူးထူးတော့မရှိဘူး အလုပ်ပဲလုပ်နေရတာ ။ အာ .. ဒါနဲ့ဟိုစားသောက်ဆိုင်ကိုတော့ သွားဖြစ်ခဲ့တယ် ။ ဒါ promotion ဆင်းပေးတာမဟုတ်ဘူးနော် ။ ဒီအတိုင်း သူငယ်ချင်းတစ်ယောက်ခေါ်လို့ သွားလိုက်တာ ။ အဲ့စားသောက်ဆိုင် စားသောက်ဆိုင်‌ထက်ကိုပိုပါတယ် ။ တော်တော်စုံပြီး အရမ်းလှတယ် ။ တစ်ကယ့်ကို classic ဆန်တယ် ။ "
*Aigoo Taehyungie လေးကြိုက်တယ်ဆိုတာ တော်တော်ရှားတယ်။ ဘယ်စားသောက်ဆိုင်လဲ သိပ်ကံကောင်းတာပဲ
"အာ ဟုတ်တယ် ကျွန်တော်ကြိုက်တာက ရှားတယ် ။ ကျွန်တော်တင်မဟုတ်ပါဘူး လူတိုင်းကြိုက်လောက်တယ် ။ လုံးဝမိုက်တာ ။ နာမည်က MyYou-JKim Restaurant တဲ့ နာမည်လေးကလည်း ဆန်းတယ် ။ အရမ်းလည်းသေသပ်တယ် "
*အာ အဲ့တာ အရမ်းဈေးကြီးတဲ့ စားသောက်ဆိုင်ပဲ *
"ဈေးကြီးတာတော့ ဟုတ်ပါတယ် ။ဒါပေမယ့် ကျွန်တော်တွက်ကြည့်တော့ ပေးရတဲ့ဈေးနဲ့တန်ပါတယ် ။ Dinner သဘောမဟုတ်ဘဲ Bakery တွေရော အစုံရှိတာမို့ သွားကြည့်သင့်တယ်ထင်တယ် ။အေးအေးဆေးဆေးနဲ့ ဆိုင်ထိုင်ကောင်းတဲ့ နေရာလေး ဖြစ်တယ် ။"
*အို ထယ်ထယ်တို့က promotion ဆင်းနေတဲ့အတိုင်းပဲ owner က ဌားထားတာ ကြနေတာပဲ *
"ဟား အဲ့လိုဖြစ်သွားလား owner က ဘယ်သူမှန်းတောင်မသိပါဘူးဗျာ "
ထယ်ယောင်း လက်တော့ကို နောက်နည်းနည်းဆုတ်လိုက်တော့ သူ့အခန်းပုံစံနည်းနည်းပေါ်သွားခဲ့သည် ။
*အို အခု ထယ်ယောင်းရဲ့ အခန်းမှာလား *
"အာ ..ဟုတ်တယ် ကျွန်တော့်အိပ်ခန်းထဲမှာ ဘာမှတော့ ထွေထွေထူးထူးမရှိပါဘူး ။ "
"ဒါနဲ့ ကျွန်တော်ကို ဘာလုပ်‌စေချင်ကြလား တစ်ခုခု ဘာလုပ်ပေးရဦးမလဲ "
*ဘာမှမလုပ်စေချင်ပါဘူး live လေးလဲ လွင့်ပေး ထယ်ထယ်အားမှပါ ။ ကလေးလေး ကအများကြီး ပင်ပန်းနေတာ ။ ဂရုစိုက်ဦး *
"Nae အခုလို နားလည်ပေးတာ သိပ်ကျေးဇူးတင်ပါတယ်
ကျွန်တော့်ကို အားပေးတဲ့အတွက်ရော ချစ်ပေးတဲ့အတွက်ရော ။ ကျွန်တော် Taehyungist လေးတွေကို အရမ်းချစ်လို့ အရာအားလုံးကို စွန့်လွှတ်ခဲ့တာ‌ ။ ဒါလေးတွေတော့မသိကြဘူးထင်တယ် ။ ထားလိုက်ပါ ။ ကျွန်တော့်ရဲ့အချစ်ဆုံးတွေကိုတောင် စွန့်လွှတ်ခဲ့တာပါ ။ တစ်ခါတစ်လေကြရင် အရမ်းနမျောမိတယ် ။ ဘာဘဲဖြစ်ဖြစ် ကျေးဇူးပါ အမြဲအနားရှိ‌ပေးလို့ ။ ဒီနေ့တော့ ဒီလောက်ပဲနော် ‌နှုတ်ဆက်ပါ‌တယ် ။ အာညော် .."
Live ပြီးဆုံးသွားတဲ့အချိန်မှာ ထယ်ယောင်း မျက်ရည်တွေဝိုင်းလာသည် ။
"ပြီးသွားတဲ့ အရာတွေကို ပြန်ပြင်ဆင်လို့မှမရတာ Kim Taehyung! မင်းမှာ Taehyungist တွေရှိတယ်လေ !! "
ကိုယ့်ကိုကို အားပေးရင်းနဲ့သာ ဖြေသိမ့်လိုက်သည် ။
ထယ်ယောင်း Live လွင့်ပြီးနောက် Taehyungist တွေမှာ စဉ်းစားစရာ တစ်ပုံတစ်ပင်နဲ့ပင်ဖြစ်သည် ။ သူတို့ကလေးလေး မျက်ရည်ဝဲနေတာကိုလည်း တွေ့လိုက်လေသည် ။ အရာအားလုံးကို စွန့်လွှတ်ခဲ့တယ် ။ အချစ်ဆုံးတွေဆိုတဲ့နေရာမှာ သူတို့စိတ်ဝင်စားသည် ။ ဒါပေမယ့် အခုတော့အပြိုင်အဆိုင် MyYou-JKim Restaurant ကို ရှာတဲ့သူကရှာ သွားတဲ့သူက သွားနေသည် ။
MyYou-JKim Restaurant
ဒီဆိုင်ကို လူတွေက ပုံမှန်အေးအေးဆေးဆေး‌နဲ့လာတတ်သော်လည်း ဒီလူတွေက ကြိတ်ကြိတ်တိုးနေလေသည် ။ တစ်ဆိုင်လုံးလဲထိုင်နေကြသူအပြည့် ရောင်းတဲ့ Center မှာလည်း တန်းဆီသူ အပြည့်ကြောင့် ဝန်ထမ်းတွေကလည်း အံ့ဩနေသလို ဆိုင်ကိုရောက်လာတဲ့ ဆိုင်ပိုင်ရှင် တစ်ဖွဲ့ကလည်းအံဩနေလေသည် ။ 
ကားပေါ်ကနေ တွေ့လိုက်တဲ့လူအုပ်စုကြီးကြောင့် သူတို့စိတ်ညစ်သွားသည် ။ သို့သော်လည်း ဆိုင်ထဲဝင်မှရတာကြောင့် ကားပေါ်ကနေဆင်းလိုက်သည် ။
ကားပေါ်ကဆင်းလာတဲ့ အနောက်တိုင်းဝတ်စုံ suitအပြည့်နဲ့ ကောင်လေး 5ယောက် ။ ကြည့်လိုက်တာနဲ့ အရှိန်အဝါက အာဏာပြင်းလွန်းသည် ။တစ်ယောက်တစ်မျိုးဆီမှာ အလွန်ပင် ကြည့်ကောင်းနေလျက် ။ ထိုအထဲမှ ရှေ့ဆုံးကနေထွက်လာတဲ့ သူကတော့ တစ်မူထူးခြားနေသည် ။ အခြားသူတွေထက် ပိုမိုဖွံ့ထွားတဲ့ ခန္ဓာကိုယ် ၊ Piercing ကို မျက်ခုံးမှာရော နှုတ်ခမ်းမှာ‌ပါဖောက်ထားပေမယ့် အတော်လေးကြည့်ကောင်းနေသည် ။ ဆံပင်ကလည်း undercut ပေမယ့် အပေါ်ကဆံပင်က ရှည်နေသည်ကို အနောက်နားမှာ စုစည်းထားလေသည် ။ ပြောရမယ်ဆိုရင် Mafia Man ပုံစံပင်ဖြစ်သည် ။
ဆိုင်လာကြသော သူများမှာ ဝယ်ဖို့ပင် မေ့လျော့နေလျက် ထိုကောင်လေး 5ယောက်ကိုပင် ကြည့်နေလေသည် ။ ထိုကောင်လေး5ယောက်ကတော့ ဆိုင်ထဲဝင်ပြီး သူတို့ရဲ့ ရုံးခန်းပုံစံအခန်းထဲသို့ဝင်သွားလေသည် ။
"ဒီနေ့ထူးဆန်းတယ်ရော ဆိုင်က ဘာလို့ အရမ်းလူများနေတာလဲ "
အပြုံးချိုချိုနဲ့ကောင်လေး သူနာမည်က Cha Eun woo .
"Jeon Jungkook မင်းက ဘာဖြစ်နေတာတုန်း "
မျက်နှာသွယ်သွယ်နဲ့ ထိုင်းကောင်လေးပေမယ့် သူတို့ရဲ့သူငယ်ချင်း Bam Bam
Bam Bam အပြောကြောင့် သူတို့အကုန်လုံးအကြည့်တွေက Jeon Jungkookဆိုတဲ့ ကောင်လေးဆီတွင် ။ ခနက ရှေ့ဆုံးက ထွက်လာတဲ့သူက Jeon Jungkookပင် ။ တွန့်ချိုးနေတဲ့ မျက်ခုံးနစ်ခုက ထိတော့မယ့် အတိုင်းပင် ။ မျက်နှာက တင်းမာနေလျက် ။ တစ်ခုခုကို မကျေနပ်တဲ့ပုံအတိုင်း အရမ်းသိသာနေလေသည် ။
"ဆိုင်ကို လူများတာမကြိုက်လို့ ဒီလောက် ကြီးကျယ်နေအောင်လုပ်ထားတာ ။ ဘာလို့ လူက သေအောင်ရှုပ်နေတာလဲ "
"အော် အဲ့တာက မနေ့က Kim Taehyungက Live လုပ်လိုက်တယ်လေ "
Mingyu အပြောကြောင့် Jungkookက ပိုလို့တောင် ဒေါသထွက်သွားသည် ။
"သူ live လွင့်တာ မင်းက ဘယ်လိုသိတာတုန်း ပြီးတော့ ဘာဆိုင်လဲ ! "
"ဟိုးဟိုး ဆရာ ဘာလို့‌အဲ့လောက်ဒေါသထွက်နေတာလဲ မနေ့ကကွာ တိုက်တိုက်ဆိုင်ဆိုင် ငါ့ညီမက အိမ်ရောက်လာတာ သူမက Taehyungရဲ့ fan သူက live  လွင့်တော့ ငါ့ညီမက ကြည့်နေတာ အဲ့တာနဲ့ ငါကလည်း ဘေးကနေကြည့်နေလိုက်တာ ။ အဲ့မှာကွာ Taehyung ပြောတာ ဒီဆိုင်ကို သူအရမ်းသဘောကျတယ်တဲ့ ကြည့်ရတာ သူ့သူငယ်ချင်းတစ်ယောက်ယောက်နဲ့လာခဲ့တယ်ထင်တယ် "
"သူက ငါ့ဆိုင်ဆိုတာ သိတာလား "
"ဆရာတို့ကတော့ လေပေါ်ကမဆင်းဘူး ။ မသိဘူးသူက သူအဲ့ထဲမှာတောင် ပြောနေသေးတယ် ကောမန့်တွေက promotion ဆင်းတာလား ဘာညာဆိုတော့ မဟုတ်ပါဘူး owner နဲ့တောင်မသိဘူးတဲ့ မင်းဆိုတာ သိ‌မနေဘူး ! "
"ဘာ !! "
"စိတ်လျော့စမ်းပါ ။ ဘာကိစ္စဒေါသကအဲ့လောက်ကြီးနေတာလား "
တရုတ်ကောင်လေး The8 ရဲ့စကားကြောင့် Jungkook အနည်းငယ်တော့ ငြိမ်သွားသည် ။ သူတို့သူငယ်ချင်း၅ယောက်မှာ သုံးယောက်က ကိုရီးယား ၊ ထိုင်းတစ်ယောက်နဲ့ တရုတ်တစ်ယောက်ပါလေသည် ။
"Kim Taehyung နဲ့ပတ်သက်ရင် Move On လို့မရသေးဘူးလေ "
Cha Eun Woo ရဲ့စကားကို Jungkook ထပ်မံမချေပတော့ဘဲ စိတ်ညစ်သလိုနဲ့သာ နေလေသည် ။ဒါပေမယ့် သူပြောလိုက်သေးတဲ့စကားကတော့
"အရမ်းမုန်းလွန်းလို့ နာမည်ကြားတိုင်း ဒေါသကသေ‌လောက်အောင်ထွက်တယ် "
အခန်းထဲမှာ ဂျောင်ဂုရဲ့ အသံပြီးတော့ အခြားဘာအသံမှထွက်မလာတော့ချေ။ လေထုက အေးစက်သွားသလို သူတို့အားလုံးတွင် အတွေးကိုယ်စီ စိုးမိုးလျက် ။ Kim Taehyung က သိပ်ကို သူတို့အားလုံးအတွက် အရေးပါခဲ့ပေမယ့် အခုတော့ သူတို့ကို နာကျည်းစေခဲ့တာ‌ပင် ။ အဆိုးဆုံးကတော့ Jeon Jungkook ကိုပေါ့ ။
တစ်ချိန်က သေလောက်အောင်ချစ်ပေးခဲ့သောလည်း ပြန်ရတဲ့အရာက နာကျင်မှုတွေ ။
သိပ်ချစ်ပေးနေတာမို့ ထားမသွားပါနဲ့လို့ အကြိမ်ကြိမ်ပြောခဲ့ပေမယ့် ရလာဒ်ကတော့ ထားသွားတာပါပဲ ။
သိပ်ချစ်ပါတယ်ဆိုပြီးပြောခဲ့ပြီးမှ ထားသွားတော့ ချစ်တယ်ဆိုတာကို ဘယ်လို ယုံကြည်ရမှာလဲ ။
အစေခံနီးပါးအကုန်လုပ်ပေးခဲ့တယ် မာနတွေအကုန်ချ‌ခင်းပေးခဲ့တာကြောင့် နင်းချေပြီး ထားသွားတဲ့သူ ။
သိပ်မုန်းတယ် Kim Taehyung  သေလောက်အောင်ကိုမုန်းတယ် ။
ဒါပေမယ့် သိပ်မုန်းတဲ့သူတစ်‌ေယာက်ကို ဆွဲလမ်းညှိတွယ်နေတာကိုလည်း မုန်းတယ် ။
Kim Taehyung  ခင်ဗျားနဲ့ပတ်သက်ရင် ကောင်းတာကိုမရှိဘူးး !
.
.
.
20.4.2024
𝗣𝗹𝗲𝗮𝘀𝗲 𝗚𝗶𝘃𝗲 𝗠𝗲 𝗙𝗲𝗲𝗱𝗯𝗮𝗰𝗸 ♡︎
𝙏𝙝𝙖𝙣𝙠𝙨 𝙁𝙤𝙧 𝙍𝙚𝙖𝙙𝙞𝙣𝙜
𝘽𝙮 𝙑𝙞𝙘𝙩𝙤𝙧𝙮 𝙅𝙚𝙤𝙣𑁍
Zawgyi
//  𝙻𝚘𝚅𝚎 𝙼𝚎 𝙰𝚐𝚊𝚒𝚗  //
တစ်ခါတစ်လေ ကြရင်တွေ့မိတယ် .. မှားသွားသလားလို့ ..
"Taehyung"
"ဟင် .. အာ Hyung "
"ဟုတ်ကဲ့ "
MyYou-JKim Restaurant
"ဘာ !! "
ဒါပေမယ့် သိပ်မုန်းတဲ့သူတစ်ယာက်ကို ဆွဲလမ်းညှိတွယ်နေတာကိုလည်း မုန်းတယ် ။
.
.
.
20.4.2024
𝗣𝗹𝗲𝗮𝘀𝗲 𝗚𝗶𝘃𝗲 𝗠𝗲 𝗙𝗲𝗲𝗱𝗯𝗮𝗰𝗸 ♡︎
𝙏𝙝𝙖𝙣𝙠𝙨 𝙁𝙤𝙧 𝙍𝙚𝙖𝙙𝙞𝙣𝙜
𝘽𝙮 𝙑𝙞𝙘𝙩𝙤𝙧𝙮 𝙅𝙚𝙤𝙣𑁍
Continue Reading
You'll Also Like
792K 29.4K 97
๐€ ๐’๐Œ๐€๐‹๐‹ ๐…๐€๐‚๐“: you are going to die. does this worry you? โช tua s1 โŽฏโŽฏโŽฏ 4 โซ ยฉ ๐™ต๐™ธ๐š…๐™ด๐™ท๐š‡๐š๐™ถ๐š๐™ด๐™ด๐š…๐™ด๐š‚...
6.7M 347K 116
Starring Kim Taehyung And Jeon Jungkook This is original by @ARTSEOULVK in twitter i just write it for the people dont have twitter and want to re...
3.7M 237K 73
โ€ข Wattpad Offical Fanfic โ€ข Featured in the "K-pop & J-pop - Asian Waves" reading list on the official wattpad fanfic account since the 30th of march...
4.8K 189 5
ะ’ ะ”ะตั€ั€ะธ ะฟั€ะธะตะทะถะฐะตั‚ ะ”ะถัƒะปะธ ะฃั€ะธั ะบ ัะฒะพะตะผัƒ ะบัƒะทะตะฝัƒ-ะกั‚ัะฝัƒ.ะ—ะฐั…ะพั‡ะตั‚ ะปะธ ะพะฝะฐ ัƒะตะทะถะฐั‚ัŒ ะพะฑั€ะฐั‚ะฝะพ ะธ ะพัั‚ะฐะฒะปัั‚ัŒ ัะฒะพัŽ ะฝะพะฒัƒัŽ ะฟะพะดั€ัƒะณัƒ ะธ ะบัƒะทะตะฝะฐ?ะ˜ะปะธ ะถะต ะดะตะปะพ ะฝะต ั‚ะพะปัŒะบะพ ะฒ ะฝะธ...