ငါ့အမြှီးကို ဘယ်ကောင်ထိတာလဲကွ...

By Puddin524

21.6K 2.4K 29

This is not my own story. More

Description
Chapter 1 Arc 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Paid Gp
Chapter 7
Chapter 8
Chapter 9 Arc 1 End.
Chapter 10 Arc 2
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25 Arc 2 End.
Chapter 26 Arc 3
Chapter 27
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43 Arc 3 End.
Chapter 44 Arc 4
Chapter 45

Chapter 28

241 40 0
By Puddin524

🦊Chapter 28
Arc 3 - ဖျော်ဖြေရေးလောက၏ လရောင်ဖြူလေး

အကူစနစ်က သူ့နောက်တွင်ရှိနေပြီး ပြေးနေရခြင်းကြောင့် hostကို ကျိန်ဆဲလိုက်သည်။ သူ၏တစ်ကိုယ်တည်းနေထိုင်တတ်မှုမှ ရုန်းထွက်လာသည့် ချစ်စဖွယ်ကောင်းပြီး အပြစ်ကင်းစင်သော လူငယ်တစ်ယောက်ကဲ့သို့ ပြုမူချင်လျှင်ပင် မိန်းမငယ်လေးလိုမျိုး မိုက်မဲစွာ ရယ်နေရန် မလိုအပ်ပေ။
အခုလောလောဆယ် မင်းရဲ့ အပြုအမူတွေက တကယ်ကို ကွာခြားနေတယ်...

ပိုင်ဟောက်က သူ့နောက်ကျောကို ခဏစိုက်ကြည့်ပြီး ကူကယ်ရာမဲ့စွာပြုံး၍ အောက်ထပ်သို့ လိုက်သွားလေသည်။

သူ့ညီလေးက ယခင်ကနှင့် မတူတော့သည့်ပုံပင်။

သူက သခင်ကြီးပိုင်ကို နှုတ်ဆက်ပြီး အနာဂတ်တွင် တိုးတက်ရန်အတွက် တရုတ်ပြည်တွင် ဆက်နေမည်ဖြစ်ကြောင်း အဖိုးအိုအား ပျော်ရွှင်စေမည့်စကားဖြင့် ဆွဲဆောင်ပြောဆိုလိုက်သည်။ ရုပ်ရှင်ကားတစ်ကားရိုက်ပြီး ဘွဲ့ရရန်အတွက် ဆုတစ်ခုရရန် လိုအပ်ကြောင်း ပိုင်ယွဲ့ထံမှကြား၍ အဖိုးအိုက သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။
"ရုပ်ရှင်ရိုက်ဖို့က ကိစ္စကြီးကြီးမားမားတော့ မဟုတ်ဘူး... မြေးရဲ့အစ်ကိုကြီးကိုသာ ပြောလိုက်..."

ရွှယ်လင်က ပိုင်ဟောက်အား စိတ်အားထက်သန်သော မျက်လုံးများဖြင့် ကြည့်လိုက်သည်။

ပိုင်ဟောက်သည် ချောင်းဟန့်လိုက်သည်။
"မနက်ဖြန် ဝန်ထမ်းတွေကို ပြောလိုက်မယ်..."

ရွှယ်လင်က သူ့ကို ပြုံးပြလိုက်ပြီး သူ့အဖိုး၏ပန်းကန်ထဲသို့ စားစရာတစ်ချို့ကို ထည့်ပေးကာ စတင်စားလိုက်သည်။

ပိုင်ဟောက်က ရုတ်တရက်ဆန်သည့် မေးခွန်းမမေးမီ ခဏလောက်စောင့်ပြီးမှ ပြောလိုက်သည်။
"မင်း သရုပ်ဆောင်တွေအကြောင်း တစ်ခုခု သိလား... ဒီနှစ်တွေထဲ မင်းက နိုင်ငံခြားမှာ နေခဲ့တယ်လေ... ဒီဇာတ်ကားရဲ့ ကဏ္ဍတွေအတွက် ကြိုတင်ပြင်ဆင်မှုတွေ မလုပ်ရသေးဘူးမလား..."

ရွှယ်လင်၏လက်က ခေတ္တရပ်သွားကာ သူအဘယ့်ကြောင့် ဤမျှအထိ ဂရုစိုက်နေသည်ကို အံ့သြသွားပြီး မော့ကြည့်လိုက်သည်။ သို့သော် သူ့ကိုမေးလာခြင်းဖြစ်၍ ပြန်ဖြေလိုက်သည်။
"အဓိကဇာတ်ဆောင်အဖြစ် ကျွန်တော်ကိုယ်တိုင် ဝင်သရုပ်ဆောင်ချင်တယ်... အချိန်ကျရင် တခြားသရုပ်ဆောင်တွေကို စစ်ဆေးရှာဖွေဖို့လုပ်မှာပါ... အစ်ကိုကြီးရဲ့ ကုမ္ပဏီမှာ သရုပ်ဆောင်တွေ အများကြီးတော့ ကျွန်တော်လိုချင်တဲ့သူကို ရှာတွေ့မှာပါ..."

"မြေးက အဓိကဇာတ်ဆောင်ဖြစ်ချင်တာလား..."
သူက အဘိုးအို၏အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ခဲ့သည်။
"မြေးက သရုပ်ဆောင်ဖို့ လိုအပ်လို့လား..."

ရွှယ်လင် ခေါင်းညိတ်လိုက်သည်။
"ဟုတ်တယ်၊ ရုပ်ရှင်ရိုက်တာထက် ဖျော်ဖြေရေး အသိုင်းအဝိုင်းထဲကို ဝင်ချင်လို့ ဒီတစ်ခေါက် ပြန်လာခဲ့တာ..."
ထိုသို့ပြောလိုက်ချိန်တွင် သူ့မျက်နှာက အပြစ်ကင်းစင်မှုများနှင့် ပြည့်နှက်နေသည်။ အဘိုးအိုက ထိုစကားကိုကြားသောအခါ တစ်ခုခုပြောချင်သော်လည်း ပိုင်ယွဲ့၏ အပြစ်ကင်းသော မျက်လုံးများက သူ့ကို ခေတ္တမျှရပ်တန့်သွားစေခဲ့သည်။

"ယွဲ့လေး..."
အဘိုးအိုက အလွန်အလေးအနက်ထားကာ ပြောလာသည်။
"ဖျော်ဖြေရေးအသိုင်းအဝိုင်းက သန့်ရှင်းတဲ့နေရာမဟုတ်ဘူး... မြေး သွားပြီး ရုပ်ရှင်ရိုက်ချင်ရင် မြေးရဲ့အစ်ကိုက မြေးကိုကာကွယ်ပေးနိုင်တယ်... နောက်ပြီး အဖိုးလည်း စိတ်ပူမှာမဟုတ်ဘူး... ဒါပေမဲ့ မြေးက ဇာတ်ကားတစ်ကားရိုက်ပြီး သရုပ်ဆောင်လုပ်ချင်ရင်တော့..."

သူ မည်သို့ဆက်ပြောရမည်ကို စဉ်းစားနေသော်လည်း ရွှယ်လင်က ဦးစွာစကားစလိုက်သည်။
"ကျွန်တော် သရုပ်ဆောင်ဖြစ်လာရင် အစ်ကိုကြီးက ကျွန်တော့်ကို မကာကွယ်ပေးနိုင်ဘူးလား..."

သခင်ကြီးပိုင်က စိတ်ရှုပ်ထွေးစွာဖြင့် ကြည့်လိုက်သည်။

ရွှယ်လင်သည် ဆက်ပြောလာသည်။
"ကျွန်တော် ပိုင်ကွမ်းကုမ္ပဏီအောက်မှာ စာချုပ်ချုပ်လိုက်ရင် အစ်ကိုကြီးက ကျွန်တော့်ကို စောင့်ကြည့်ပေးနိုင်မှာပါ... နောက်ပြီး အဘိုးလည်း ဘာမှစိုးရိမ်စရာရှိမှာ မဟုတ်ဘူး... ပြီးတော့ ကျွန်တော့်ရဲ့ အဓိကအသက်မွေးဝမ်းကြောင်းက သရုပ်ဆောင် မဟုတ်ပါဘူး... ကျွန်တော်က ဇာတ်လမ်းရဲ့ စိတ်ကူးစိတ်သန်း ရဖို့အတွက်ပဲ သရုပ်ဆောင်လုပ်မှာပါ... အမြဲတမ်း ကိုယ့်ဘာသာကိုယ် ကန့်သတ်ထားနေရင် ဇာတ်ညွှန်းကောင်းကောင်း ရေးနိုင်မှာမဟုတ်ဘူး... ရုပ်ရှင်တစ်ကားဖန်တီးပြီး ကိုယ့်အခြေအနေကို ပြန်ပြီးချိန်ညှိရတာကို ကိုယ်တိုင်ကိုယ်ကျ ခံစားကြည့်ချင်တယ်..."

သခင်ကြီးပိုင်က တစ်ခုခု ပြောချင်နေသေးသော်လည်း ပိုင်ဟောက်က တားလိုက်သည်။
"အဘိုး သူ လုပ်ကြည့်ချင်ရင် ကြိုးစားကြည့်ခိုင်းရအောင်ပါ...  သူပြောသလိုပဲ ကျွန်တော် သူ့ကို မကာကွယ်နိုင်တာမျိုး မဟုတ်ပါဘူး... ပိုင်ကွမ်းကုမ္ပဏီက ဖျော်ဖြေရေးနယ်ပယ်မှာ ဩဇာကြီးပါတယ်...ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး... သူလုပ်ချင်တာကို လုပ်ပါစေ..."

ရွှယ်လင့်နှုတ်ခမ်းများ လှုပ်ရှားသွားသည်။ သူ့အစ်ကိုကြီးက သူ့ကို ကူပြောပေးလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။ မူလက သူ့ကိစ္စကို နောက်ထပ် နနှစ်ရက်ခန့်ဆက်ပြီး ပြောဆိုရလိမ့်မည်ဟု သူထင်ထားခဲ့သည်။ သူတို့ သူ့ကို အိမ်ထဲမှာပဲထားရန် သူ့ခြေထောက်များကို ချိုးပစ်၍မရပေ။ ယခုအခါ ဤပိုင်မိသားစု၏ အစ်ကိုကြီးကြောင့် အတော်လေးလွယ်ကူသွားပုံရသည်။ ဤခန္ဓာကိုယ်၏ မူလပိုင်ရှင်အတွက် ရွှေပေါင်ကြီးနှင့် အဆက်အဆံဖြတ်တောက်ပစ်ရန်အတွက်လည်း ကျွမ်းကျင်မှုအချို့ကိုလည်း အသုံးပြုခဲ့သည်။ သူက ပိုင်ဟောက်အား ခေါင်းညိတ်ပြကာ ကျေးဇူးတင်စကားဆိုလိုက်သည်။ သခင်ကြီးပိုင်က မြေးနှစ်ယောက်ကို တစ်ယောက်တစ်လှည့်ကြည့်ပြီး ကူကယ်ရာမဲ့စွာဖြင့် ညစာဆက်စားနေခဲ့သည်။

သူလည်း အသက်ကြီးလာပေပြီ။ လူငယ်များက ဒုက္ခတောထဲသို့ တိုးဝင်ချင်နေလျှင် သူတို့ကြိုက်သလိုသာ လုပ်ခွင့်ပေးလိုက်ရမည်သာ။

အခန်းထဲပြန်ရောက်ချိန်တွင် ရွှယ်လင်က အကူစနစ်ကို ကောက်ကိုင်လိုက်ပြီး ကုတင်ပေါ်သို့ထိုင်ချကာ မျက်မှောင်ကြုတ်ပြီး မေးခွန်းထုတ်လိုက်သည်။
"တစ်ခုခုမှားနေတာလား... ပိုင်ဟောက်က အချက်အလက်ထဲမှာ ပေးထားတဲ့ပုံစံနဲ့ မတူဘူးလို့ ခံစားရတယ်..."

အကူစနစ်က ၎င်း၏လည်ပင်းကို ဆုပ်ကိုင်ခံထားရပြီး လှုပ်ယမ်းခံနေရသည်။
" Host လက်မပါဘဲ ကောင်းကောင်းစကားပြောလို့ မရဘူးလား..."

ရွှယ်လင်က ၎င်း၏မြေခွေးမျက်နှာကို ခပ်ဖွဖွ ဖျစ်ညှစ်လိုက်ပြီးနောက် လွှတ်ပေးလိုက်သည်။
"ဒီတစ်ခေါက် ပိုဆိုးတဲ့ အကြံအစည်တွေရှိရင် ငါ မင်းကို လည်ပင်းညှစ်သတ်ပစ်မယ်..."

"မဟုတ်ဘူး မလုပ်ပါနဲ့..."
အကူစနစ်က သူသည် ဘာမှမလုပ်ဘဲ ရပ်ကြည့်နေသူသာဖြစ်ကြောင်း ပြောပြလိုသည်။
ဘယ်မတော်တဆမှုတွေ အတွက်မဆို ဘာလို့ ငါ့ကိုပဲ လာပြီး အပြစ်တင်နေရတာလဲ...

သူက ချိတ်ဆင်ပေးသည့် စနစ်တစ်ခုဖြစ်သည်မှာ သိသာထင်ရှားသည်။
အသုံးဝင်တဲ့အခါဆိုရင်ရော ဘာလို့ ချီးကျူးမခံရတာလဲ...

စိတ်ထဲတွင် ကျိန်ဆဲပြီးနောက် ၎င်းက နာခံမှုရှိစွာဖြင့် ဝန်ခံနေဆဲပင်။
"အချက်အလက် တော်တော်များများက ခန္ဓာကိုယ်ရဲ့မူလပိုင်ရှင်နဲ့ ဝတ္ထုကနေလာတယ်... ဝတ္ထုမှာ ဒီဇာတ်ကောင်တွေကို ဖော်ပြမှုနည်းလေလေ... သူတို့ရဲ့အကျင့်စရိုက်က သိသိသာသာ ကွဲပြားနိုင်လေလေပဲ... သူတို့ရဲ့ လုပ်ရပ်တွေက ငါတို့ရဲ့ ထိန်းချုပ်မှုအောက်မှာ မရှိဘူး..."

ရွှယ်လင်က သူမေးစေ့ကို ပွတ်လိုက်ပြီး သူ့ယခင်ဘဝက ကိုးလ်အကြောင်းကို တွေးလိုက်မိသည်။ ထိုလူက စာအုပ်ထဲတွင် လုံးဝ ပေါ်မလာသော်လည်း သူ့ဘဝကို လုံးဝ မွှေနှောက်ရန် ကြိုးစားနေဆဲပင်။
သူ့ကို လွတ်လွတ်လပ်လပ် ပြုမူပြောဆိုနိုင်သူတွေထဲက တစ်ယောက်အဖြစ် သတ်မှတ်သင့်လား...
သူ၏စွက်ဖက်မှုကြောင့် အယ်လိန်းနှင့် ဖြစ်ပျက်ခဲ့သောအရာများသည်လည်း သွေဖည်သွားပြီး အရာအားလုံး အလွန် ရှုပ်ထွေးသွားသည်။

"သူတို့ရဲ့ မှန်းဆလို့မရတဲ့ အကျင့်စရိုက်က ငါတို့ရဲ့မစ်ရှင်အပေါ် သက်ရောက်မှုရှိလာမှာလား..."

"ယေဘုယျအားဖြင့်တော့ မရှိပါဘူး..."
ဤအချက်နှင့်ပတ်သက်ပြီး အကူစနစ်က ၎င်း၏ host ကို အခိုင်အမာအာမခံနိုင်ပေသည်။
"Host က ပိုင်ယွဲ့ရဲ့ကိုယ်ပိုင်ရည်မှန်းချက်တွေဆီ ရောက်ဖို့ သူတို့ကို အသုံးချပြီး ကြိုးစားနိုင်တယ်... ဘာပဲဖြစ်ဖြစ် ငါတို့က ဇာတ်ဆောင်တွေရဲ့ ကံကြမ္မာလမ်းကြောင်းကို ဖျက်ဆီးပစ်ဖို့ပဲလိုတယ်..."

"သူတို့ရဲ့ကံကြမ္မာကို ဖျက်စီးပစ်ရုံနဲ့ ဘယ်လိုလုပ် လုံလောက်မှာလဲ..."
ရွှယ်လင်က ပြုံးကာ ပိုင်ယွဲ့ ကြုံတွေ့ခဲ့ရသည်များကို တွေးတောနေခဲ့သည်။ သူ့အကြည့်က နက်ရှိုင်းလာသည်။
"ငါ့ရဲ့ ဆိုးရွားတဲ့ စိတ်အခြေအနေအတွက် လျော်ကြေးပေးဖို့ သူတို့ သေချာပေါက် တစ်ခုခု ပြန်ပေးဆပ်ရမယ်..."

အကူစနစ်: "..."
ငါတို့ ဒါကို လေးလေးနက်နက် ဆွေးနွေးလို့ရမလား... ဆယ်ကျော်သက်တစ်ယောက်လိုမျိုး သရုပ်မဆောင်ရင် မင်း သေသွားမှာလား...

ဒေါက် ဒေါက် ဒေါက်...
တံခါးခေါက်သံတစ်သံ ပေါ်ထွက်လာသည်။

ရွှယ်လင်က မြေခွေးလေး၏ ခေါင်းကို ပုတ်လိုက်ပြီး ထကာ တံခါးဖွင့်လိုက်သည်။

တံခါးတစ်ဖက်တွင်ရှိနေသူက ပိုင်ဟောက်ဖြစ်သည်။ သူက ရေချိုးထားသည်မှာ သိသာပြီး ပေါ့ပေါ့ပါးပါး အဝတ်အစားများကို ပြောင်းလဲဝတ်ဆင်ထားသည်။ သူ့မျက်နှာက အနည်းငယ်အေးစက်နေပြီး လက်ထဲတွင် စာရွက်စာတမ်းတစ်ခုကို ကိုင်ထားသည်။
"မင်း အချိန်ရလား... ငါ မင်းနဲ့ ဆွေးနွေးစရာရှိတယ်..."

ရွှယ်လင်က မျက်ခုံးပင့်ကာ ပိုင်ဟောက်အား ဝင်ခွင့်ပေးရန် ဘေးသို့ လှမ်းလိုက်သည်။

ရွှယ်လင်က လူအိုကြီးနှင့်စကားပြောပြီးနောက် အပေါ်ထပ်သို့ ပြန်တက်သွားသည်။ ခရီးဆောင်သေတ္တာနှစ်လုံးကို မထိရသေးသော်လည်း ထိုနေရာတွင် သူတည်းခိုနေကြောင်း တစ်ခုတည်းသောသက်သေမှာ အိပ်ရာပေါ်ပင် အနည်းငယ်တွန့်ကြေနေသောအရာများ ဖြစ်သည်။ ပိုင်ဟောက်က ဝင်လာပြီး နောက်တစ်ဖန် လှည့်ပတ်ကြည့်လိုက်ကာ ထူးထူးဆန်းဆန်း စိတ်ကျေနပ်မှုမရှိသလို ခံစားရနေသည်။

သို့သော် သူက ထိုနားမလည်နိုင်သော အဆင်မပြေမှုကို ချုပ်တည်းထားပြီး ကုလားထိုင်ကိုဆွဲထုတ်ကာ ထိုင်ချလိုက်သည်။ ရွှယ်လင့်ကိုလည်း လိုက်ထိုင်ရန် ပြနေသည်။ သူ့အစ်ကိုကြီးက ထိုနေရာအား တစ်စုံတစ်ယောက်၏ ပိုင်နက်အဖြစ် သဘောထားပုံမရကြောင်းပေါ်လာသည်။
"တကယ်လို့ မင်းဖျော်ဖြေရေးနယ်ပယ်ထဲကို ၀င်လာချင်တယ်ဆိုရင်လည်း အဆင်ပြေတယ်…ဒါပေမယ့် ငါတို့ကောင်းကောင်း ဆွေးနွေးရမယ့်ကိစ္စတွေတော့ ရှိတယ်…”

ရွှယ်လင်က နှုတ်ခမ်းစူသွားသည်။ သူ မြန်မြန်ဆန်ဆန် ကတိပေးခဲ့သည်မှာ အံ့ဩစရာမဟုတ်ပေ။ သူ့အား စောင့်မျှော်နေသည့် ဖုံးကွယ်ထားသော ထောင်ချောက်များ ရှိနေသည်။ သူက ပိုင်ဟောက်လက်ထဲမှ စာရွက်များကိုယူလိုက်ကာ အံ့ဩမှုများနှင့် ကြည့်လိုက်သည်။
“ ဒီဟာတွေက…”

“ ပိုင်ကွမ်းဖျော်ဖြေရေးနဲ့ လက်မှတ်ထိုးထားတဲ့အနုပညာရှင်တွေမှာ စာချုပ်အများကြီး ရှိတယ်… ”

ပိုင်ဟောက်က စာချုပ်အမျိုးအစား မျိုးစုံကို တန်းထုတ်ယူလာသည်။
“ဘယ်တစ်ခုကို လိုချင်လဲ… ”

ရွှယ်လင်က ထိုအစ်ကိုကြီးနှင့် ပတ်သက်၍ ဘာပြောရမည်ပင် မသိတော့ပေ။ သူ့ရှေ့တွင် စာချုပ်များစွာ ထပ်တင်ထားသည်။ သူက လူနုံလူအမဟုတ်၍ အကောင်းဆုံးတစ်ခုကိုသာ  ရွေးချယ်လိမ့်မည်။ ထို့ကြောင့် သူက တုံ့ဆိုင်းမနေဘဲပြောလိုက်တော့သည်။
“ပရီမီယမ်အဆင့် စာချုပ်နော်… ”

ပိုင်ဟောက်၏ အမူအရာက ထိုကဲ့သို့ မျှော်လင့်ထားပြီးကြောင်းပြနေသည်။ သူက အောက်သို့ငုံ့ကြည့်ကာ ရယ်မောနေသည်။
“မင်းက ခြင်္သေ့တကောင်လို ရမ္မက်ကြီးနေတာပဲ…ဒီစာချုပ်အမျိုးအစားက သူတို့ရဲ့ထိုက်တန်မှုကို သက်သေပြပြီးမှ အတော်ဆုံး အကဲဖြတ်အနုပညာရှင်တွေက လက်မှတ်ထိုးပေးကြတာ …”

ရွှယ်လင်က မျက်မှောင်ကြုတ်လိုက်သည်။
“ ကျွန်တော်က အတော်ဆုံးအနုပညာရှင် ဖြစ်မလာနိုင်ဘူးဆိုတာ အစ်ကိုကြီး ဘယ်လိုသိနိုင်မှာလဲ…. ”

ပိုင်ဟောက်က သူ့ကိုစကားပြန်မပြောဘဲ ကြည့်လိုက်သည်။

ရွှယ်လင်က မူလပိုင်ရှင် ချမှတ်ထားသော ကန့်သတ်ချက်များအရ သူ့တွင် သရုပ်ဆောင်စွမ်းရည်မရှိကြောင်း သိသည်။ ထို့ကြောင့် သူ့နှုတ်ခမ်းများကို ဖိကိုက်ရင်း နည်းလမ်းပြောင်းလိုက်သည်။
“ အစ်ကိုကြီး….ဒီမှာကြည့်…စာချုပ်က မိသားစုနဲ့ဆိုင်တာဆိုတော့ ကျွန်တော့်ကို ကုမ္ပဏီကရတဲ့ အမြတ်အစွန်းတွေပေးစရာမလိုဘူးလား… အဲ့ဒါကြောင့် ဘာပဲဖြစ်ဖြစ် အဲ့ပိုက်ဆံတွေ ကျနော့်ဆီ ရောက်လာမှာပဲဟာ…ဟိုပြောင်းဒီပြောင်းနဲ့ မလွှဲတာ ပိုမကောင်းဘူးလား .…ဒီတိုင်းဆို စိတ်ရှုပ်စရာကြီးလေ... ကျွန်တော်လည်း ကျွန်တော့်ရုပ်ရှင်အတွက် ရင်းနှီးမြှုပ်နှံမှုလိုအပ်နေသေးတာကို အစ်ကိုကြီးသိနေသေးတာပဲဟာ… ကျွန်တော် ဒီနှစ်တွေထဲ ငွေသေချာ လုံလုံလောက်လောက် မစုမိသေးဘူး … ကျွန်တော် စပွန်ဆာရဖို့လိုနေပြီ…ဘာဝင်ငွေမှ ထပ်မရရင် ငတ်သေတော့မှာ…"

ပိုင်ဟောက်က သူ့ကို အံ့ဩစွာကြည့်လိုက်သည်။

ဘယ်သူက ဒီလိုစကားပြောသွားတာလဲ…

ဘယ်လိုပဲဖြစ်ဖြစ် သူ့ဆီရောက်မှာပဲဆိုတဲ့စကားက ဘယ်လို အကြောင်းပြချက်ကြီးလဲ…

အဲ့တော့ အချိန်မဖြုန်းပဲ လုပ်ထုံးလုပ်နည်းတွေ လွှဲပြောင်းပေးရမှာလား…

"မကျွမ်းကျင်သေးတဲ့ လူတစ်ယောက်အနေနဲ့ မင်းကိုယ်မင်း အပျင်းပြေအောင်လုပ်ဖို့ တကယ်ကြီး စီစဉ်နေတာတော့မဟုတ်ဘူးမလား…"

“ကောင်းကင်နဲ့မြေကြီးကို တိုင်တည်ပြီး ပြောရဲတယ်…ကျွန်တော်က ဘာလို့ ဒီလိုကိစ္စတွေနဲ့ ပတ်သက်ပြီး  အပျင်းပြေ စနောက်နေရမှာလဲ… ”

ရွှယ်လင်က တစ်ဖက်လူ ထိုပုံစံအတိုင်း ပြောဆိုနေခြင်းကိုသဘောမတူဘဲ စိတ်ပျက်လက်ပျက် ငေးကြည့်လိုက်သည်။

ပိုင်ဟောက်က သူ့အား ခေါင်းအစ ခြေအဆုံး ကြည့်လိုက်သည်။ ထို့နောက် ခြေထောက်မှ ခေါင်းအထိ အကြိမ်ပေါင်းများစွာ ထပ်ကြည့်နေသည်။ သူ မည်သည့်အရာစဉ်းစားနေသည်ကို မသိရပေ။

“ ဒါဖြင့် မင်း ပြဿနာမဖြစ်စေရဘူး….မစွန့်စားဘူး….ဆိုးဆိုးရွားရွား ရှုပ်ထွေးတဲ့ကိစ္စတွေကို မလုပ်ဘူးဆိုတာ ….ငါ့ကို ကတိပေးရမယ်…”

“  ကျွန်တော် ကတိပေးတယ်…”
ရွှယ်လင်က ဘာမျှ စဉ်းစား တွေဝေမနေဘဲ သူ့လက်ကိုမြှောက်ပြီး ကျိန်ဆိုလိုက်သည်။

ပိုင်ဟောက်က သူ့လက်များကို ပြန်ချလိုက်သည်။
“ သိပ်ပျော်မနေနဲ့…မင်းရဲ့ရုပ်ရှင်အတွက် ရင်းနှီးမြှုပ်နှံမှုက လိုနေတုန်းပဲ... စပွန်ဆာက ဘယ်ကရမှာလဲ…”

ရွှယ်လင်က သူ့အား တုံ့ဆိုင်းခြင်းမရှိ ပိုက်ဆံပုံပေးနိုင်သော တစ်စုံတစ်ယောက်ကို သိသည်။ သို့သော် သူက ထိုဆန်ကုန်မြေလေးgongနှင့် ရင်းရင်းနှီးနှီး ဆက်ဆံရေး မရှိလိုသည့်အပြင် သူ့အား ရင်းနှီးမြှုပ်နှံမှုတွဲဖက်အဖြစ်ပင် မလိုချင်ပေ။ သူ့မျက်လုံးများ လှည့်ပတ်ကြည့်နေပြီးနောက်ဆုံး သူ့ရှေ့တွင်ထိုင်နေသော လူအပေါ်သို့ အကြည့် ရောက်သွားသည်။

ပိုင်ဟောက်က သူ့နှလုံးသားထဲရှိ ထိုသို့ ကလိကလိဖြစ်နေသော ခံစားချက်ကို ခွဲခြားမသိနိုင်ပေ။ မည်သို့ပင်ဖြစ်စေ သူ ထိုအမူအရာကိုကြည့်လိုက်ချိန်တိုင်း မူလအစီစဉ်များပျောက်သွားပြီး သူ့နှလုံးသားမှာ မြန်မြန်ဆန်ဆန်ပင် နွေးထွေးမှုများနှင့် ပြည့်သွားသည်။ သူရှေ့ရှိ တစ်ဖက်လူလိုချင်သမျှကို သူ့လက်နှစ်ဖက်နှင့် တတ်နိုင်သမျှ ကမ်းလှမ်းပေးလိုသည့် ခံစားချက်မှာ အခြားအချိန်များထက် ပို၍ စိတ်အားထက်သန်နေသည်။

ထို့နောက် သူက အံ့ဩနေသည်။

ဘယ်အချိန်တုန်းကလဲ…

ငါ့ညီငယ်လေးက ဘယ်အချိန်တုန်းက ငါ့ဆီကနေ လိုချင်သမျှ အမြဲတောင်းနေခဲ့တာလဲ…

လွန်ခဲ့သည့် ဆယ်စုနှစ် နှစ်ခုအတွင်း သူတို့ပြောခဲ့ကြသည့် စကားလုံးအရေအတွက်ကို လက်နှစ်ဖက်နှင့်ပင် ရှင်းရှင်းလင်းလင်း ရေတွက်နိုင်သည်။

“ အစ်ကိုကြီးက လူကောင်းတစ်ယောက်ပါ… ဆင်းရဲပြီးငတ်မွတ်နေတဲ့ ညီလေးရဲ့ရုပ်ရှင်မှာ ဘာလို့ မရင်းနှီးတာလဲ…”

အထူးသဖြင့် သူ့အပြုံးက ဆွဲဆောင်မှုရှိပြီး နူးညံ့သိမ်မွေ့သော အသွင်အပြင်များနှင့်အတူ နှစ်လိုဖွယ်ကောင်းပုံရသည်။ အကူစနစ်လေးက သူ့မျက်နှာကို အမြီးနှင့် တိတ်တဆိတ် ဖုံးအုပ်ထားသည်။ အကယ်၍ သူ့အရှင်က ထိုယုတ္တိမရှိသောလုပ်ရပ်များကို သူ(အကူစနစ်)က မျက်မြင်ကိုယ်တွေ့ကြုံပြီးနောက် သူ့မျက်စိကိုထုတ်ပစ်ရန် အမိန့်ပေးလျှင် ပိုဆိုးနေလိမ့်မည်။

ပိုင်ဟောက်က သူ့ညီ သူ့ကိုယ်ကျိုးအတွက် အမွှမ်းတင်ရန် ကြိုးစားနေသည်ကို မြင်သောအခါ မရယ်ဘြ မနေနိုင်တော့ပေ။ ထို့နောက် ယနေ့တွင် မကြာခဏ ရယ်နေမိသည့် သူ့ကိုယ်သူ သတိထားမိသွားပြီး အကြည့်လွှဲလိုက်ကာ ရွှယ်လင် ဘေးတစ်ဖက်သို့ ပစ်တင်လိုက်သည့်စာချုပ်များပေါ်သို့ အကြည့်ရောက်သွားသည်။ သူက သူ့မျက်ခုံးများ တွန့်လိုက်သည်။
"အလောင်းအစားတစ်ခုလောက် လုပ်ကြရအောင်…မင်းနိုင်ရင် ငါက ရင်းနှီးမြှုပ်နှံမှုလုပ်မယ်…သရုပ်ဆောင်တွေ ရှာဖို့ ကူညီပေးပြီး မင်းလိုအပ်သမျှကို ပြင်ဆင်ဖို့ ငါကူညီပေးမယ်… ”

ရွှယ်လင်က ထိုကဲ့သို့ ကောင်းသောအရာတစ်ခု ဖြစ်လာလိမ့်မည်ဟု မမျှော်လင့်ထားပေ။ သူ့ခေါင်းကို ချက်ချင်း ညိတ်ပြလိုက်သည်။
“ လောင်းမယ်လေ…လောင်းကြေးမထပ်နိုင်စရာ ဘာရှိလို့လဲ…"

ပိုင်ဟောက်က သူ့ပါးစပ်မှ ဖွင့်ဟမပြောမီ မျက်လုံးများ မှေးကာကြည့်လိုက်သည်။
“ ငါ့အကူအညီမပါဘဲ …မင်းရဲ့ နောက်ခံဘဝကို အသုံးမချဘဲ… ပိုင်မိသားစုနဲ့ လုံးဝ မသက်ဆိုင်ပဲနဲ့… မင်းဘာသာ ပိုင်ကွမ်းဖျော်ဖြေရေးကုမ္ပဏီနဲ့ စာချုပ်တစ်ခု လက်မှတ်ထိုး…တကယ်လို့ မင်းက ပဏာမအဆင့်စာချုပ် ဒါမှမဟုတ် အဲ့ထက်သာတာကိုရနိုင်ခဲ့ရင် မင်းရဲ့ရင်းနှီးမြှုပ်နှံမှုကိုကူညီဖို့နဲ့ မင်းရဲ့ အသက်မွေး၀မ်းကျောင်းကို စီမံခန့်ခွဲပေးဖို့လူတွေ ငါ အထူးတလည် စီစဉ်ပေးမယ်….မင်းရဲ့ ရုပ်ရှင်ကိုအကောင်းဆုံး ဦးစားပေးဆက်ဆံမှုတွေနဲ့အတူ ပိုင်ကွမ်းဖျော်ဖြေရေး ကုမ္ပဏီရဲ့ ဖြန့်ချိရေးအစီအစဉ်မှာထည့်သွင်းပေးလိမ့်မယ် …”

ထိုအကြောင်းကိုကြားသည်နှင့် ပိုင်ဟောက်က သူယခင်ကပြောခဲ့သည့်အတိုင်း ဆက်၍လုပ်နေသည်ကို ရွှယ်လင် သဘောပေါက်သွားသည်။ သူက စာချုပ်တစ်ခု လက်မှတ်ထိုးရန် သူ့အားကူညီမည်ဟု ကတိပေးခဲ့သည်။ သို့သော် ယခုသူက ထိုကိစ္စအား လက်မခံသည့်အပြင်ထိုအစား အလောင်းအစားကြေးပါ သတ်မှတ်နေသေးသည်။ သို့သော်လည်း ထိုကိစ္စက မကောင်းသော ကိစ္စများလည်း မဟုတ်ဘဲ ပို၍စိန်ခေါ်မှုများသည်။ ရွှယ်လင်က သူဘေးမှ စာချုပ်များကိုကောက်ယူလိုက်ကာ ပိုင်ဟောက်လက်ထဲသို့ ထည့်ပေးလိုက်ပြီး သူ့ကို အခန်းပြင်သို့ တွန်းထုတ်လိုက်သည်။

“ ကောင်းတယ်… ကောင်းတယ် ကောင်းတယ်… တကယ်လို့ အစ်ကိုကြီးက အလောင်းအစားလုပ်ဖို့ပြောရင် ကျွန်တော်လောင်းမယ်… ကျွန်တော်သာ အနိုင်ရခဲ့ရင် အစ်ကိုကြီးစကားလုံး ပြန်ပြင်လို့မရဘူးနော်.. ”

ပိုင်ဟောက်က ရွှယ်လင် သူ့အား အခန်းထဲမှ တွန်းထုတ်သည်ကို ငြိမ်ခံနေပြီး တံခါးဖွင့်လိုက်သည်နှင့် သူတို့အိမ်အကူတစ်ယောက်က သူတို့အား အံ့ဩစွာကြည့်နေသည်ကိုမြင်လိုက်ရသည်။ သူက ခေါင်းတညိတ်ညိတ်ညိတ်နှင့် ချက်ချင်းထွက်ခွာသွားသည်နှင့်အမျှ သူ့အပြုံးများ မှေးမှိန်သွားသည်။

ရွှယ်လင်က အိမ်အကူကိုကြည့်ရန် သူ့ခေါင်းကိုဆန့်လိုက်သည်။ ထိုအိမ်အကူက သူ့ဆီသို့ရောက်နေသော သခင်လေး၏အကြည့်မှာ အနည်းငယ်အေးစက်နေကြောင်း ခံစားလိုက်ရပြီး အဆင်မပြေစွာ ထရယ်လိုက်သည်။
“ သခင်လေးက နောက်ကျရင် ပင်မအိမ်တော်မှာပဲ နေတော့မှာဆိုတော့ အခန်းတွင်း တခြားလိုအပ်တာတွေများရှိသေးလား … စာရင်းလုပ်ထားလိုက်ရင် ကျွန်မ စီစဉ်လိုက်ပါမယ်… ”

ရွှယ်လင်က မျက်တောင်တဖျတ်ဖျတ်ခတ်သွားသည်။ သူက ထိုနေရာကို သူ့အိမ်အဖြစ် မတွေးဖူးပေ။ ဟိုတယ်နှင့်ဆင်တူသော နေရာတစ်ခုမျှသာဖြစ်သောကြောင့် ထိုနေရာတွင်နေထိုင်ရန် ထွေထွေထူးထူး လိုအပ်ချက်များမရှိပေ။ သို့သော် အိမ်အကူက သူ့အား မေးမြန်းလိုက်သောကြောင့် သူက ပိုအဆင်ပြေအောင်လုပ်ရန် တွေးလိုက်သည်။

🦊🦊🦊

Continue Reading

You'll Also Like

147K 21.9K 101
Translation novel Unicode only Zawgyi users များ page မှာဖတ်လို့ရပါတယ်ရှင်
2.9M 54.4K 17
"Stop trying to act like my fiancée because I don't give a damn about you!" His words echoed through the room breaking my remaining hopes - Alizeh (...
1.3M 32.6K 46
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...
787K 65.7K 34
"Excuse me!! How dare you to talk to me like this?? Do you know who I am?" He roared at Vanika in loud voice pointing his index finger towards her. "...