တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​က...

Af phyolay1991

131K 14.7K 133

💥New BL ဒါဒါတို့ရေ... ရှေးခတ်ကျေးလက်တောရွာကို ကူးပြောင်းမှ ကြိုက်ပါတယ်ဆိုတဲ့ဒါဒါလေးတို့အတွက် အသစ်လေးလာပါပြီ... Mere

တစ်ဦးတည်းသောချစ်ဇနီး
တစ်ဦးတည်းသောချစ်ဇနီး
တစ်ဦးတည်းသောချစ်ဇနီး
တစ်ဦးတည်းသောချစ်ဇနီး
တစ်ဦးတည်းသောချစ်ဇနီး
တစ်ဦးတည်းသောချစ်ဇနီး
တစ်ဦးတည်းသောချစ်ဇနီး
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
chapter 87
chapter 88
chapter 89
chapter 90
chapter 91
chapter 92
chapter 93
chapter 95
chapter 96
chapter 97
chapter 98
chapter 99
chapter 100
chapter 101
chapter 102
chapter 103
chapter 104
chapter 105
chapter 106
chapter 107
chapter 108
chapter 109
chapter 110
chapter 111
chapter 112
chapter 113
chapter 114
chapter 115
chapter 116

chapter 94

877 132 0
Af phyolay1991

Chapter 94
Imperial MeowJuly 24, 2023
Chapter 94

သူက ကောတစ်ယောက်



ဤအခိုက်အတန့်တွင် လုတ အနည်းငယ်နောင်တရနေခဲ့သည်။ သူနှင့် သူ့လူများသည် ကျန်းကျန့်၏လူများထက် များစွာသာလွန်ကြောင်း ကျန့်ရီသိစေလိုသောကြောင့် ကျောက်ကျင်းကောကို သွားရန်စခဲ့သည်။ယခုမူ. . . ဤကဲ့သို့ ရိုက်နှက်ခြင်းခံရသဖြင့်  ကျန့်ရီ သူတို့ကို စိတ်ပျက်မည်ကို သူကြောက်ရွံ့နေခဲ့သည်။

ဤကျန်းကျန့်နားက လူတွေက တကယ်ကို ကျွမ်းကျင်မှု တစ်ခုခုရှိကြသည်။ သို့သော် သူကအရှက်ကွဲနေပြီဖြစ်သောကြောင့် ဤလူကို သင့်တင်လျောက်ပတ်စွာ ဖြုတ်ချခြင်းသည် ပိုကောင်း၏။

လုတက ချက်ချင်းပြောလိုက်သည်။

"သခင်လေးကျန့်... နဖူးမှာ အမာရွတ်နဲ့ လူက ကျွန်တော့်ကို အရင်ထိခဲ့တဲ့သူပါ... သူက ရေပုံးကို မှောက်ချပစ်လို့ ကျွန်တော် စကားနည်းနည်းပဲ ပြောလိုက်တာနဲ့ သူကကျွန်တော့်ကိုလာပြီးထိုးပါတယ်”

"အဲဒါအမှန်လား"

ကျန့်ရီက မေးလိုက်ပြီး ကျောက်ကျင်းကောကို ကြည့်လိုက်သည်။

“မဟုတ်ဘူး...သူက ကျွန်တော့်အခန်းထဲကို ပြေးဝင်ပြီး ရေပုံးကို ကန်ခဲ့တာ...”

ကျောက်ကျင်းကောက ကျန့်ရီကို အတော်လေး စိတ်မသက်မသာဖြစ်စွာ လှမ်းကြည့်ရင်း ငြင်းလိုက်သည်။ကျန်းကျန့် ဒုက္ခရောက်သွားမှာကို သူကြောက်၏။

"မင်းကမဟုတ်ကဟုတ်ကတွေ ပြောနေတာ"

လုတက ချက်ချင်းပြောလိုက်သည်။

လုတပတ်၀န်းကျင်ရှိလူများကလည်း

"သခင်လေးကျန့် သူကအရင်စလုပ်တာ"

"သူက မညှာမတာလုပ်တာ"

"ငါတို့အားလုံး သူ့ဆီက အရိုက်ခံရတယ်"

ဤလူများက သူတို့ စကားများမျာပြောလေလေ စိတ်တိုလေလေဖြစ်နေကြသည်။သူတို့အားလုံးက ကျန့်ရီက သူတို့အတွက် ဆုံးဖြတ်ချက်ချပေးလိမ့်မည်ဟု မျှော်လင့်နေကြသည်။ ပြန်မတိုက်နိုင်တာက နည်းနည်း ရှက်စရာကောင်းပေမဲ့ သူတို့အားလုံးက အရမ်းသနားစရာကောင်းတာမို့ သခင်လေးကျန့်က သူတို့ကို ခွင့်မပြုဘဲနေနိုင်မှာမဟုတ်ဘူး...ဟုတ်တယ်မလား...

ကျန့်ရီ ထိုလူများကို ကြည့်ပြီး နှုတ်ထောင့်များ တွန့်သွားသည်။ အရင်ကသူ ကျောက်ကျင်းကောနှင့် တွေ့ဖူး၏။ ဤလူက တစ်နေ့ခင်းလုံး စကားတစ်ခွန်းမှ မပြောဘဲ  ငြိမ်သက်စွာ ထိုင်နေနိုင်ပြီး ပြဿနာရှာသူတတ်တစ်ယောက်နှင့် လားလားမှမတူပေ။ထို့အပြင် သူက ကောတစ်ယောက်လည်းဖြစ်သေးသည်ကို ထည့်ပြောစရာပင်မလိုချေ။ ၎င်းကိုသိထားလေရာ ကျောက်ကျင်းကောက လူတစ်စုကို ရန်စသည်က မဖြစ်နိုင်ပေ။ယနေ့မှာ အဓိကအားဖြင့် လုတတို့တတွေက သူများတွေကို သင်ခန်းစာပေးချင်ခဲ့ပေမဲ့ ရလဒ်အနေဖြင့် . . .

"ပါးစပ်ပိတ်ထား မင်းတို့အားလုံး"

ကျန့်ရီက ပြောလိုက်သည်။

“ယောက်ျားအရင့်အမာကြီးတစုက ကောတစ်ယောက်ကို ပြဿနာသွားရှာပြီး ဒီလိုအရိုက်ခံလာရတယ်...မင်းတို့ကိုယ်မင်းတို့ တရားမျှတတယ်လို့ ထင်နေတုန်းပဲလား”

ကျန့်ရီ လက်ရှိတွင် အတော်လေး ရှက်သလို ခံစားနေရသည်။ သူ့လက်အောက်ကလူများက ကောတစ်ယောက်ဆီကနေ ယခုလိုမျိုး အရိုက်ခံကြရသည်. . .

လုတ ရုတ်တရက် အေးခဲသွားသည်။ကော...ကောက ဘယ်ကရောက်လာတာလဲ...

ကျောက်ကျင်းကော၏ လုပ်ရပ်တွေက ရက်စက်လွန်းသည်ဟု သူတို့ အော်ဟစ်နေခဲ့ကြပေမဲ့ ယခုမူ . . . ကျောက်ကျင်းကောကိုကြည့်ပြီး ရုတ်တရက် သူတို့တစ္ဆေတစ်ကောင်မြင်လိုက်ရသလို ခံစားလိုက်ရသည်။ ဒါဆို ဒါက ဟင်္သါပြဒါးရိုင်း မှဲ့ရှိတဲ့ ကောတစ်ယောက်လား...သူက ကောတစ်ယောက်နဲမတူ...ပြီးတော့ သူ့ရဲ့ဟင်္သါပြဒါးရိုင်းမှဲဲ့က ဖြတ်ထုတ်ထားတယ်...ဒီလူက အဲဒါကို ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာ မဟုတ်ဘူးလား... ဒါပေမဲ့ ...ခုနက သူက အခန်းကို သန့်ရှင်းရေးလုပ်နေတာ...အဲဒါကို ကောတစ်ယောက်ကပဲ လုပ်လိမ့်မယ်...

လုတ နှင့် အခြားသူများ အံ့အားသင့်သွားကာ အခြားလက်အောက်ငယ်သားများမှာလည်း စိတ်ရှုပ်ထွေးသွားကြသည်။

ထိုအချိန်​တွင်​ ကျန်းကျန့်ကလည်းရှေ့ထွက်​လာခဲ့သည်​။

"သခင်လေးကျန့်...ကျုပ် ဒီလူတွေနဲ့ ဆွေးနွေးချင်ပါတယ်"

ကျန်းကျန့်က သူတို့နဲ့ ဆွေးနွေးဖို့ အကြောင်းပြပြီး သင်ခန်းစာပေးဖို့ ကြိုးစားနေတာလား...

ကျန့်ရီက ပြောလိုက်သည်။

"ကောင်းပြီ"

လုတ၏လူများသည် မကြာသေးမီနှစ်များအတွင်း ကောင်းစွာလုပ်ဆောင်ခဲ့ပြီး အနည်းငယ်မာန်တက်လာသောကြောင့် သင်ခန်းစာတစ်ခုပေးသင့်သည်။

ကျန့်ရီ၏ခွင့်ပြုချက်ဖြင့် ကျန်းကျန့် သူ့ရှေ့မှလူများဆီသို့ ချက်ချင်းလှမ်းသွားပြီး “အားလုံး ထွက်လာကြ” ဟုဆိုလိုက်သည်။ သူက လုတနှင့် သူ့ပတ်ဝန်းကျင်ရှိ ခုနစ်ယောက်ရှစ်ယောက်ခန့်ရှိသောလူများကို လက်ညှိုးထိုးပြသည်။

ဤလူတွေက ကျန်းကျန့် စောစောကမြင်ခဲ့သည့် သူ့အခန်းမှာ ရှိနေကြသူတွေဖြစ်၏။

"မင်း ငါတို့အားလုံးကို မင်းတစ်ယောက်တည်း တိုက်ခိုက်မှာလား" လုတက မေးလိုက်သည်။

"ဟုတ်တယ်"

ကျန်းကျန့်ကပြောလိုက်သည်။

လုတ၏ မျက်လုံးများ ချက်ချင်း တောက်ပလာသည်။ အရင်က အခန်းထဲမှာ နေရာက အလွန်ကျဉ်းပြီး ကျောက်ကျင်းကောက ထောင့်မှာ ပုန်းနေခဲ့သည်။ သူတို့သည် သူ့ကို ဝိုင်းမထိန်းနိုင်ဘဲ အရှုံးနှင့် ကြုံတွေ့ခဲ့ရသော်လည်း ယခုမူ. . .

ထိုအချိန်တွင် လုတနှင့် အခြားသူများသည် ၎င်းတို့၏သိက္ခာအချို့ကို ပြန်လည်ရရှိရန် စိတ်အားထက်သန်နေသောကြောင့် မတ်တပ်ထရပ်လိုက်ကြပြီး သူတို့၏ခန္ဓာကိုယ်က နာကျင်မှုကို လျစ်လျူရှုကာ ကျန်းကျန့်ဆီသို့ ပြေးသွားကြသည်ာ . . ထို့နောက် သူတို့အားလုံး ခုနကကျောက်ကျင်းကောနှင့် တိုက်ခိုက်ခဲ့ချိန်ကထက် ပို၍ရက်ရက်စက်စက် အမှောက်သိပ်ခံခဲ့ရသည်။

လုတ ကြမ်းပြင်ပေါ်လဲသည်အထိ အရိုက်ခံရပြီး သူ့သိက္ခာ လုံးဝပျောက်ကွယ်သွားသည်ဟုသာ ခံစားခဲ့ရသည်။

သခင်လေးကျန့်က ဘယ်သူမလို့လဲ... သူ့မှာ ကျန်းကျန့်ကို တန်ဖိုးထားရတဲ့ အကြောင်းပြချက်တစ်ခုရှိကိုရှိရမယ်... ပြီးတော့ ဒီကျန်းကျန့်မှာ တကယ်ကို ကျွမ်းကျင်မှုတချို့ရှိတယ်... သူဘာလို့ ဒီအကြောင်းကို အရင်မစဉ်းစားဘဲ ကျန်းကျန့်ကို သွားစွရပြန်ရတာလဲ...

"သခင်လေးကျန့် တောင်းပန်ပါတယ်... ဒါပေမဲ့ ငါ့ကောက ဝိုင်းရိုက်ခံရတယ်... ငါ့လက်ကအားကို ငါမထိန်းနိုင်ဘူး... "

ကျန်းကျန့်က ကျန့်ရီကို မျက်နှာမူပြီး ပြောလိုက်သည်။

ကျန့်ရီ ယခင်က ကျန်းကျန့် မည်မျှ အားကြီးကြောင်း ပြောသည်ကို ယန်ကျင်းဆီမှ ကြားဖူးသော်လည်း ကျန်းကျန့်က သာမန်လူများထက် အနည်းငယ်သာ အားကောင်းလိမ့်မည်ဟု အမြဲထင်ခဲ့သည်။ကျန်းကျန့်ကို ဤမျှ စွမ်းအားကြီးမည်ဟု သူတကယ်ပင် မမျှော်လင့်ခဲ့ပေ။

မှန်ပေသည်၊ကျန်းကျန့်က စွမ်းအားကြီးသည်က သူအတွက် ကောင်းနေဆဲပါပင်။

လက်ခုပ်တီးပြီးနောက် ကျန့်ရီက ပြုံးပြီးပြောလိုက်သည်။

"အစ်ကိုကျန်းက တကယ်ကို တစ်ခုခုပဲဗျာ"

ထို့နောက် သူက လုတနှင့် ကျန်လူများကို ကြည့်လိုက်သည်။

"လုတ...မင်းရဲ့လူတွေကို ခေါ်သွား... သင်္ဘောကို သန့်ရှင်းရေးလုပ်ပြီး မင်းရဲ့အခန်းကို ကျန်းကျန့်ကို ပေးလိုက်... မင်းလက်အောက်က ဒီလူတွေ အများခန်းထဲမှာ သွားအိပ်သင့်တယ်...ပြီးတော့ သီးသန့်အခန်းတွေကို ကျန်းကျန့်က သူ့လူတွေအတွက် စီစဉ်ပေးလိမ့်မယ်"

ကျန့်ရီက ကျန်းကျန့်ကို ယခင်က တန်ဖိုးထားခဲ့သော်လည်း လုတက အပေါ်ထပ်ရှိ ပြတင်းပေါက်များပါသည့် အခန်းကျယ်တစ်ခုတွင် နေထိုင်စဉ်တွင် သူ့ကို သာမန်အခန်းတစ်ခုသာ ပေးခဲ့သည်။

လုတ ရုတ်​တရက်​ အနည်းငယ်​နင်သွားသည်​။အရင်က ကျန်းကျန့်၏အခန်းကို သူ့လူတွေကို မပေး၍ ဒေါသထွက်ခဲ့တည်. . . ယခု သူ့ကိုယ်ပိုင်အခန်းက ကျန်းကျန့်၏အခန်းဖြစ်လာခဲ့သည်။

"ကျန်းကျန့်...ကျွန်တော့်မှာ သမားတော် တစ်ယောက်ရှိတယ်...ခင်ဗျားရဲ့ကောကို သူ့ဆီခေါ်သွားပြီးပြလိုက်ပါ"

ကျန့်ရီက ထပ်ပြောလိုက်ပြီး ပြန်ထွက်သွားသည်။

"ကျေးဇူးတင်ပါတယ် သခင်လေးကျန့်"

ကျန်းကျန့်က သူ့ကို ကျေးဇူးတင်စကား ပြောပြီး ကျောက်ကျင်းကောကို ခေါ်သွားခဲ့သည်။

လုတ ကျောက်ကျင်းကော၏နောက်ကျောကိုကြည့်ပြီးနောက် အကန်ခံရသည့်နေရာတွင် အနည်းငယ်နာနေသေးသည့် သူ၏အစိတ်အပိုင်းကိုကြည့်လိုက်သည်။ သူ ရှက်ရွံ့ပြီး ပြောစရာစကားမဲ့သွားရပြန်သည်။

"လက်စသတ်တော့ သူကကောကိုး"

“ဟုတ်တယ်...သူကကောဖြစ်နေတယ်... ငါ့တစ်သက်လုံး ကောတစ်ယောက်အပေါ် ဒီလောက်ကြမ်းကြမ်းတမ်းတမ်း လုပ်နိုင်လိမ့်မယ်လို့ မထင်ဘူး...”

လုတ၏ ညာလက်ရုံးက ဆိုလိုက်သည်။

အခြားလူများကလည်း ဒဏ်ရာဗလပွ ​မျက်နှာများဖြင့် ခေါင်းညိတ်ပြကြသည်။

သင်္ဘောပေါ်ရှိ ကျန့်မိသားစုမှလူများအားလုံး ကျန်းကျန့် နှင့် ကျောက်ကျင်းကောတို့အကြောင်းပြောနေကြသော်လည်း ကျန်းကျန့်ကမူ ကျောက်ကျင်းကော၏လက်ကိုဆွဲကာ သမားတော်နေထိုင်ရာ အခန်းဆီသို့ လျှောက်သွားလိုက်သည်။ သူက အလွန်လျင်မြန်စွာ လျှောက်သွားခဲ့ရာ သူ့နောက်ရှိ ကျောက်ကျင်းကောကို အနည်းငယ် ယိမ်းထိုးသွားစေခဲ့သည်။ ဤအရာက ကျောက်ကျင်းကောကို စိတ်မသက်မသာဖြစ်စေသည်။

ကျန်းကျန့် မပျော်မရွှင်ဖြစ်မည်ကို သူအမြဲစိုးရိမ်နေခဲ့ပြီး ယခု. . . ကျန်းကျန့်က တကယ်ကို  စိတ်မပျော်ပုံရလေသည်။သူဘာလုပ်သင့်လဲ...ကျန်းကျန့်က ဘာလို့ ဒီလောက်တောင် စိတ်မပျော်မရွှင်ဖြစ်နေရတာလဲ...

ကျောက်ကျင်းကော ကျန်းကျန့်၏နောက်သို့ လိုက်လာသည်နှင့်အမျှ သူပို၍စိုးရိမ်လာသည်။ ထိုအချိန်မှပင် သူ မိုက်မဲသော အရာတစ်ခုကို လုပ်မိကြောင်း ရုတ်တရက် သိလိုက်ရသည်။ လူတစ်စု၏ ရိုက်နှက်ခြင်းကို ခံရခြင်းသည် ကောတစ်ယောက်အတွက် မကောင်းဟုသာ သူတွေးမိခဲ့သည်၊ သို့သော် တကယ်တမ်းတွင်. . .ကောတစ်ယောက်အနေဖြင့်  လူတစ်စုကို ရိုက်နှက်ခြင်းသည်လည်း နားထောင်၍ကောင်းမည်မဟုတ်ပေ။ ထို့အပြင် တစ်စုံတစ်ဦးဆီက အရိုက်ခံရခြင်း သို့မဟုတ် တစ်စုံတစ်ဦးကို ရိုက်နှက်ခြင်းတို့က မည်သည်ဖြစ်စေ ဘာမှမထူးပေ . . .

ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှု လုံးဝကို မရှိသင့်သည်ပေ။ သူသည် အိမ်ထောင်သည်တစ်ဦးဖြစ်ပြီး အခြားယောကျာ်းများနှင့် စကားပင် မပြောသင့်၊ အဝတ်အစားမပါသော ယောကျာ်းတစ်အုပ်နှင့် ရန်ဖြစ်ရန် နေနေသာသာ။

ကျန်းကျန့် စိတ်ကွက်သွားလိမ့်မလား...အခု သူ့ကို ရွံရှာမုန်းတီးနေလိမ့်မလား....

သူတို့ရွာမှာ ယောက်ျားတချို့က ဇနီးသည်က တခြားလူတွေနှင့် စကားပြောသည်ကို မြင်လျှင်ဒေါသထွက်ကြသည်။ကျန်းကျန့်က ထိုကဲ့သို့မဟုတ်သော်လည်း သူက အခြားသူများနှင့် ရုပ်ပိုင်းဆိုင်ရာ ထိတွေ့ဆက်ဆံခြင်းကို လုံးဝမကြိုက်ပါချေ။

ထိုလူများက ကောတစ်ယောက်နှင့်မတူသောကြောင့် သူ့ကို ရယ်နေကြဆဲဖြစ်သည်။သူ့ကို ရယ်ခြင်းက ကျန်းကျန့်ကို ရယ်ခြင်းပင် မဟုတ်ပါလော။

ကျောက်ကျင်းကော ထိုအကြောင်းကို ပိုတွေးလေလေ၊ နောင်တရလေလေဖြစ်သည်။ ခေါင်းငုံ့ကာ စကားတစ်ခွန်းမှ မပြောဝံ့။ထိုအချိန်တွင် ကျန်းကျန့် သူ့ကို သမားတော်ဆီ ခေါ်သွားနေပြီဖြစ်သည်။

ကျောက်ကျင်းကော သူ့ခန္ဓာကိုယ်တွင် ပွန်းပဲ့ဒဏ်ရာအချို့ရှိခဲ့သော်လည်း မနာကျင်ခဲ့ပေ။နောက်ဆုံးမှာ သမားတော်က သူ့ကို ဆူးပန်းဆီတစ်ပုလင်းပေးပြီး ကျန်းကျန့်အား သူ့ကိုလိမ်းပေးရန်ပြောသည်။

"သူတကယ်အဆင်ပြေရဲ့လား"

ကျန်းကျန့်ကမေးလိုက်သည်။

"ဘာမှမဖြစ်ဘူး"

သမားတော်က  ကျန်းကျန့်ကို တစ်ချက်ကြည့်လိုက်သည်။

“ဒါပေမဲ့ နောက်ဆုံးမှာ သူကကောတစ်ယောက်ဖြစ်နေတုန်းပဲလေ...အနာဂတ်မှာ တိုက်ခိုက်တာလျော့ရင် သူ့အတွက်ပိုကောင်းလိမ့်မယ်”

ကျန်းကျန့် သူသတိမဲ့ခဲ့သောကြောင့် ကျောက်ကျင်းကောကိုအရိုက်ခံစေမိခဲ့သည်ဟု ထင်မိသည်။ဤလူက ဘယ်လို ပုန်းရမည်၊ အကူအညီတောင်းရမည်ကို မသိခဲ့။ယင်းက သူ့မျက်နှာကို ပို၍ပင်ကြည့်ရဆိုးသွားစေသည်။ သူက ဆေးယူပြီး သမားတော် ကို ကျေးဇူးတင်ကြောင်းပြောကာ ကျောက်ကျင်းကောကို ကုန်းပတ်ပေါ်သို့ ခေါ်သွားသည်။

သူတို့မှာ လောလောဆယ် နေစရာ နေရာမရှိသလို ဆေးလိမ်းရန် နေရာလည်း မရှိပေ. . . ကျန်းကျန့် သူ့လက်ထဲက ဆေးကို ကြည့်လိုက်ချိန်မှာ ကျောက်ကျင်းကောဆီက တီးတိုးစကားသံကိုကြားလိုက်ရသည်။

"ထမင်းအရင်စားရအောင်...စားပြီးရင် ဆေးလိမ်းမယ်... နာမှာမဟုတ်တော့ဘူး"

ကျန်းကျန့် ကျောက်ကျင်းကောကို ကြည့်လိုက်သောအခါ တစ်ဖက်လူက သူ့ကို သတိထားပြီး ခိုးကြည့်နေသည်ကို တွေ့လိုက်ရသည်။ မျက်လုံးတစ်ဖက်က စိမ်းပြာရောင်ရှိနေဆဲဖြစ်ပြီး ယင်းက သူ့ကို စိတ်ပူပန်နေသော ခွေးပေါက်ကလေးတစ်ကောင်ကဲ့ ဖြစ်စေကာ ကျန်းကျန့်အား သူ့ကိုလက်လှမ်း၍ပွတ်သပ်ပေးချင်အောင်ပြုလုပ်နေသည်။

ကျန်းကျန့် အသက်ပြင်းပြင်းရှူလိုက်ပေမဲ့ အစတုန်းကလောက် မပျော်မရွှင်ဖြစ်မနေတော့ပေ။

"ဗိုက်ဆာနေလား"

“အမ်-အင်း”

ကျောက်ကျင်းကော ကျန်းကျန့်၏မျက်နှာကိုမြင်ပြီး ခေါင်းညိတ်လိုက်သည်။ သူတကယ်ဗိုက်မဆာပေမဲ့ ကျန်းကျန့်က ဗိုက်ဆာနေလောက်သည်။ကျန်းကျန့်က သူဗိုက်ဆာနေပြီထင်ပြီး မီးဖိုချောင်သို့ ခေါ်သွားသည်။

ယနေ့က သူတို့ခရီးစဥ်၏ပထမဆုံးနေ့ဖြစ်ပြီး သင်္ဘောက လတ်ဆတ်သည့် အသီးအရွက်တွေနှင့် အသားတွေ ယူလာတဲ့အတွက် အစားအသောက်က အတော်လေး ကောင်းသည်။ လိုအပ်သော အစားအစာများကို ကိုယ်တိုင်ယူကြရသည်။အားလုံးက ပန်းကန်နှစ်လုံးယူပြီး ထမင်းတစ်ပန်းကန်နှင် အသီးအရွက်တစ်ပန်းကန် ယူကြသည်။ယနေ့ ဟင်းလျာက ပဲသီးဝက်သားစတူးဖြစ်သည်။

ကျန်းကျန့်နှင့်ကျောက်ကျင်းကော စားစရာသွားယူသည့်အခါ အစားအသောက်ထည့်ပေးသူက သူ့ကို ဒေါသတကြီးကြည့်ကာ ဝက်သားမပါဘဲ ပဲသီး တစ်ဇွန်းစာပဲ ပေးလိုက်သည်။

ကျန်းကျန့်က နဂိုတည်းက စိတ်တိုနေခဲ့သည်။သူက သူ့ကို အေးစက်စွာကြည့်ကာ ယဉ်ကျေးမှုမရှိဘဲ ဇွန်းကိုဆွဲလုလိုက်ပြီး ကျောက်ကျင်းကော နှင့်သူ့အတွက် အသားနှင့်ပဲသီး တစ်ဇွန်းအပြည့်စီ လှမ်းယူလိုက်သည်။

ကျန့်ရီ၏အစေခံကောင်လေး ရောက်လာသောအခါ ဤမြင်ကွင်းကို မြင်လိုက်ရသည်။ သူက ချက်ချင်း ရယ်ချင်မိသွားပြီး ကျန်းကျန့်ကို ခြင်းတောင်းကို ပေးကာပြောလိုက်၏။ "ဘော့စ်ကျန်း... သခင်လေးက ခင်ဗျားဆီကို ကြက်စွပ်ပြုတ် ပို့ခိုင်းလိုက်ပါတယ်...အဲဒါအပြင် လုတရဲ့အခန်းကလည်း အသုံးပြုဖို့အဆင်သင့်ဖြစ်နေပါပြီ"

ကျန်းကျန့် ခြင်းတောင်းကို လှမ်းယူလိုက်ပြီး ကျန့်ရီ အခန်းကို ကူရှင်းပေးရန် တစ်ယောက်ယောက်ကို ခိုင်းလိုက်မှန်း ချက်ချင်း သိလိုက်သည်။

ကျန့်ရီက အရေးပါသော သခင်လေးတစ်ယောက် ဖြစ်သည်။ဤတစ်ခေါက် မြို့တော်ကိုသွားရာမှာ ဤကောင်လေးတင်မကဘဲ ကိုယ်ရေးကိုယ်တာ အစေခံမိန်းကလေးနှစ်ယောက်လည်းပါသည်။သူတို့ကို အခန်းများကို သန့်ရှင်းရေးလုပ်ရာတွင် အသုံးပြုခဲ့ကြသောကြောင့် သန့်ရှင်းရေးလုပ်သည့်ရှိန်က အလွန်လျင်မြန်သည်။

ထိုအချိန်တွင် သင်္ဘောက ခေတ်မီ ဧရာမသင်္ဘောမဟုတ်၊ သင်္ဘောပေါ်တွင် နေရာများစွာမရှိ၊ စားသောက်ရန်နေရာသီးသန့်လည်း မရှိပေ။အစားအသောက်ယူသူအများစုသည် ကုန်းပတ်ပေါ်တွင်ပဲ ထိုင်ထမင်းစားရန် နေရာရှာနေကြသည်။

ယခု အခန်းကအဆင်သင့်ဖြစ်ပြီဖြစ်၍ ကျန်းကျန့် ကျောက်ကျင်းကောကို ထမင်းစားရန် သူတို့၏ အခန်းထဲသို့ ပြန်ခေါ်သွားသည်။

သူတို့ထွက်သွားပြီးနောက် မီးဖိုချောင်ရှိ အစားအသောက်ထည့်ပေးရေး တာဝန်ခံလူငယ်က ကျန့်ရီ၏အစေခံကို ချက်ချင်းဖမ်းဆွဲလိုက်သည်။

"အစ်ကိုကျွမ်း ဒီကျန်းကျန့်ရဲ့ဇစ်မြစ်က ဘာလဲ"

သူက သခင်းလေသကျန့်ကို ကာကွယ်ဖို့ ငှားထားတဲ့ လူတစ်ယောက်ပဲ မဟုတ်ဘူးလား...သူဘာလို့ ဒီလောက် မောက်မာရတာလဲ... အစ်ကိုကျွမ်းကတောင် သူ့ကို ကြက်စွပ်ပြုတ် ယူလာပေးတယ်...

"ငါမင်းကိုပြောမယ်...သခင်လေးကျန့်က သူ့ကို အရမ်းအလေးထားတာ... သူ့ကို လျစ်လျူမရှုနဲ့...မဟုတ်ပါရင် မင်း အကျိုးဆက်တွေကို ခံနိုင်ရည်ရှိမှာမဟုတ်ဘူး...”

လူငယ်က သတိပေးလိုက်သည်။

အစားအသောက်ထည့်ပေးရေးတာဝန်ခံက ခေါင်းညိတ်လိုက်ပြီး ကျန့်ကျန့်​လူတွေ၏ နောက်တစ်ခါ အစားအသောက် လာယူသည့်အခါ သူ့ဒေါသကို မပြဝံ့တော့ပေ။သူခပ်လိုက်သည့် ဇွန်းတိုင်းမှာ အသားတစ်တုံးပါလေသည်။

လုတ၏အခန်းသည် အမှန်တွင် အလွန်သေးငယ်သည်၊ ၎င်းသည် သူတို့၏ ယခင်အခန်းငယ်နှင့် အတူတူလောက်သာရှိပြီး လေး ငါးစတုရန်းမီတာခန့်ရှိသည်။ သို့သော် ဤအခန်းတွင် ပြတင်းပေါက်များပါရှိပြီး လေဝင်လေထွက်ကောင်းသောကြောင့် ညဘက်တွင် အလွန်အေးလောက်သည်။ ကုတင်ဘေးမှာ စားပွဲတစ်လုံးလည်း ရှိ၏။

ကျောက်ကျင်းကောက အစားအသောက်တွေကို စားပွဲပေါ်တင်ပြီး ပြတင်းပေါက်ကို ချက်ချင်းဖွင့်ကာ ကျန်းကျန့်ကို ပြုံးပြလိုက်သည်။

"ကောင်းပြီ... စားရအောင်"

ကျန်းကျန့်၏ ဒေါသက အနည်းငယ် ပြေပျောက်သွားသည်။ထိုလူငယ်ပေးသော ခြင်းတောင်းထဲမှ မြေအိုးတစ်အိုးကို ထုတ်ယူ၍ ဖွင့်ကြည့်သောအခါ အတွင်း၌ ကြက်တစ်ကောင်လုံး စွပ်ပြုတ်လုပ်ထားသည်ကို တွေ့ရ၏။ သူက ကြက်ခြေထောက်များနှင့် အတောင်ပံများကို ဆုတ်ဖြဲကာ ကြက်စွပ်ပြုတ်တစ်ဝက်ကို လောင်းထည့်လိုက်သည်။ ထို့နောက် သူနှင့် ကျောက်ကျင်းကောတို့၏ ခရီးဆောင်အိတ်ကို ယူလာသော ဝမ်ဟိုင်ရှန်း နှင့် ဟယ်ညီအကိုတို့အား ကျန်သည့်ကြက်စွပ်ပြုတ်ကို ပေးလိုက်သည်။

"မင်းတို့ ခုနက ကောင်းကောင်းလုပ်ခဲ့တယ်...မသွားခင် ဒီမှာ ခွဲပြီးစားပါ"

"ကျေးဇူးတင်ပါတယ် ဘော့စ်"

သူတို့ သုံးယောက် ဒဏ်ရာရသွားပေမဲ့ ဝမ်ဟိုင်ရှန်းတို့တတွေက ကြက်သားစားရမည့်အကြောင်းသိလိုက်ရသောအခါ နာကျင်မှုကို မခံစားကြရတော့ဘဲ ကျန်းကျန့်ကို ပြုံးပြလိုက်ကြသည်။

ကျန်းကျန့်က သူတို့သုံးယောက်အတွက် ကြက်သားထပ်ခွဲပေးလိုက်ပြီး ဆူးပန်းဆီပုလင်းတစ်ဝက်ကို သူတို့အတွက် ခွဲထည့်ပေးလိုက်သည်။ကျောက်ကျင်းကောက သူ့ကို စစ်ဆေးပေးရန် သင်္ဘောပေါ်ရှိ သမားတော်နှင့် တွေ့နိုင်ပေမဲ့ သူ့လက်အောက်က ဤလူတွေက အနည်းငယ်သာ ဒဏ်ရာရသည့်အတွက် သူ သူတို့ကို ဆရာဝန်ကို အနှောင့်အယှက် ပေးခိုင်းမနေတော့ပေ။

“ဒဏ်ရာရတဲ့သူတွေကို ဆေးလိမ်းခိုင်းပြီး တစ်နာရီအတွင်း ကုန်းပတ်ပေါ် လူစုခိုင်းလိုက်ပါ...လေ့ကျင့်မှုကို နားမှာ မဟုတ်ဘူး”

ကျန်းကျန့်က ပြောလိုက်သည်။

သူကိုယ်တိုင် သင်္ဘောထွက်တုန်းကလည်း သူ့လူတွေကို တောက်လျှောက် လေ့ကျင့်ပေးခဲ့သည်။ယခု သူရပ်ထား၍မဖြစ်ပေ။

ဝမ်ဟိုင်ရှန်းက ဆူးပန်းဆီ ကောက်ယူပြီး ဟယ်ညီအစ်ကိုနှင့်အတူ ကြက်စွပ်ပြုတ်ကို အမြန်သောက်လိုက်သည်။ ကျန်းကျန့် လှည့်ကြည့်လိုက်သောအခါ ကျောက်ကျင်းကောက သူ့ကို သေသေချာချာကြည့်နေသည်ကို တွေ့လိုက်ရ၏။

"ဘာကြည့်နေတာလဲ... စား"

ကျန်းကျန့်က သူ့ကို စိုက်ကြည့်ရင်း ဆွဲဖြဲထားသည့် ကြက်ခြေထောက်နှစ်ချောင်းကို ကျောက်ကျင်းကော ရှေ့မှာ တင်လိုက်ပြီး ကြက်တောင်ပံတွေကို ကိုက်လိုက်သည်။

ကျန်းကျန့် သူ့ကို ကြက်ပေါင်တွေ ပေးတယ်ဆိုတော့ စိတ်မဆိုးလောက်ဘူး မဟုတ်လား...

အမှန်တွက် ကျောက်ကျင်းကော ဤအစားအစာက အရသာမကောင်းဘူးဟု ထင်မိပေမဲ့ ကျန်းကျန့် မပျော်မှာကို ကြောက်သောကြောင့် ကုန်စင်အောင်စားခဲ့သည်။

လုတနေထိုင်သည့်အခန်းတွင် ပစ္စည်းများစွာကို အသစ်များဖြင့် အစားထိုးထားပြီး အရည်အသွေးမှာလည်း အလွန်ကောင်းမွန်နေဆဲဖြစ်သည်။ကျန်းရီထုတ်ပေးလိုက်သည်ဟု ခန့်မှန်းရသည်။

စားသောက်ပြီးနောက် ဝမ်ဟိုင်ရှန်းတို့တတွေ ထွက်ခွာသွားကြသည်။ကျန်းကျန့်က ကျောက်ကျင်းကောကို မြက်နံ့သင်းနေသည့် ဖျာအသစ်ပေါ်မှာ အိပ်ခိုင်းပြီး ဆေးလူးပေးလေသည်။

Fortsæt med at læse

You'll Also Like

59.3K 2.9K 46
ស្នេហាកើតចេញពីការជំនួសមនុស្សម្នាក់ដែលគេស្រឡាញ់ព្រោះតែមានមុខមាត់ប្រហាក់ប្រហែលគ្នា មុនដំបូងគិតថាយកមកលេងសើចតែចៃដន្យអីជាប់ស្នេហ៍គេមែនទែនដកចិត្តមិនរួច និព...
5.4M 719K 198
Main Story ( Completed ) ~~~~~~~°°°°°~~~~~~~ Title - Transmigrated into the film empreor's death-seeking finance (穿成影帝作死未婚夫) Author - Lin Ang Si (林盎...
128K 12.2K 36
အိပ်မက်ရှည်ကြီးတစ်ခုမက်တယ် ။ ကျောခိုင်းထားတဲ့နောက်ကျောပြင်တစ်ခုကို ငါက တစ်ဖက်သတ် ဖက်တွယ်ဖို့ကြိုးစားနေခဲ့တာတဲ့ ။ ဟင့်အင်း.. မင်းငါ့ကိုမချစ်ဘူး ။ ...
201K 3.7K 26
"ရှင့်ကိုသိပ်မုန်းတယ် ဒေါ်မြတ်သဒ္ဒါသွေး"