တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​က...

By phyolay1991

137K 15K 135

💥New BL ဒါဒါတို့ရေ... ရှေးခတ်ကျေးလက်တောရွာကို ကူးပြောင်းမှ ကြိုက်ပါတယ်ဆိုတဲ့ဒါဒါလေးတို့အတွက် အသစ်လေးလာပါပြီ... More

တစ်ဦးတည်းသောချစ်ဇနီး
တစ်ဦးတည်းသောချစ်ဇနီး
တစ်ဦးတည်းသောချစ်ဇနီး
တစ်ဦးတည်းသောချစ်ဇနီး
တစ်ဦးတည်းသောချစ်ဇနီး
တစ်ဦးတည်းသောချစ်ဇနီး
တစ်ဦးတည်းသောချစ်ဇနီး
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
chapter 87
chapter 88
chapter 89
chapter 90
chapter 91
chapter 92
chapter 94
chapter 95
chapter 96
chapter 97
chapter 98
chapter 99
chapter 100
chapter 101
chapter 102
chapter 103
chapter 104
chapter 105
chapter 106
chapter 107
chapter 108
chapter 109
chapter 110
chapter 111
chapter 112
chapter 113
chapter 114
chapter 115
chapter 116

chapter 93

912 130 0
By phyolay1991

Chapter 93
Imperial MeowJuly 24, 2023
Chapter 93

ကျောက်ကျင်းကောက လူတွေကို ရိုက်နှက်ခြင်း





ကျောက်ကျင်းကောက ကျန်းကျန့်၏နောက်သို့ တစ်လျှောက်လုံး လိုက်နေခဲ့ပြီး အရာများစွာကို မြင်တွေ့ခဲ့ရသည်။ဤလူများ ပြဿနာရှာနေကြောင်း မည်ကဲ့သို့ နားမလည်ဘဲနေမည်နည်း။

"ခင်ဗျားတို့ ဘာလိုချင်တာ​လဲ"

ကျောက်ကျင်းကောက မေးလိုက်သည်။

"မင်း အဲ့ဒီမှာ အကုန်လုံးကို စိမ်ပြီး ဘာလုပ်ချင်တာလဲ ငါတို့ကမင်းကိုမေးရမှာ"

ခေါင်းဆောင်က ပြောသည်။

ဤလူတွေက တကယ့်ကို ရန်စရန် ရောက်နေခြင်းဖြစ်သည်။သူတို့အားလုံးက ကျန့်မိသားစုဝင်တွေဖြစ်ပြီး ကျန့်ရီကို အမြဲကာကွယ်ပေးခဲ့၏။ သို့သော် ဤတစ်ကြိမ်တွင် ကျန့်ရီက သူတို့ကို အခြားသင်္ဘောများသို့ မထင်မှတ်ဘဲ တာဝန်ပေးအပ်ခဲ့သော်လည်း ကျန်းကျန့်နှင့် သူ၏လူများကိုမူ ပင်မသင်္ဘောပေါ်တွင် လိုက်ပါခွင့်ပေးခဲ့သည်။

ဤလူတွေက စိတ်တိုနေကြသည်ဖြစ်ရာ သူတို့ မည်သို့ရန်မစဘဲနေမည်နည်း။ကျန်းကျန့် မရှိတော့သောအခါ သူတို့သည် ကျန်းကျန့်၏ညာလက်ရုံးဖြစ်ပုံရသော ကျောက်ကျင်းကော၏နောက်သို့လိုက်ကြသည်။

"ကောင်လေး... မင်း ပိုက်ဆံ ဆုံးရှုံးတော့မယ်"

"ဒီအခန်းကို လက်လျော့လိုက်"

"ငါတို့ကို တောင်းပန်ပါ...ပြီးသွားလိမ့်မယ်"

. . .

ဤလူများသည် ကျောက်ကျင်းကောကိုကြည့်သောအခါတွင် ၎င်းတို့၏ ဒေါသကို လုံးဝမဖုံးကွယ်ဘဲ အချို့မှာ ရှေ့သို့ ထွက်လာပြီး ကျောက်ကျင်းကော ကြမ်းပြင်ပေါ်၌ချထားသော ဖျာကို ဆွဲထုတ်ကာ နှစ်ကြိမ်တိုင်တိုင် တက်နင်းကြသည်။

အကယ်၍ အတိတ်ကဖြစ်ခဲ့လျှင် ကျောက်ကျင်းကော သူ၏ ရပ်တည်ချက်ကို ပျော့ပျောင်းစေပြီး အခန်းကို စွန့်လွှတ်လိုက်ပေလိမ့်မည်။သို့ပေမဲ့ ကျန်းကျန့်အကြောင်းကို သူတွေးပြီးနောက် လုံးဝသည်းမခံချင်ပေ။ကျန်းကျန့် ပြန်လာပါက ဤအခန်းကို လက်လွှတ်လိုက်ရ၍ စိတ်ပျက်သွားလိမ့်မည်။

ကျောက်ကျင်းကော ထိုလူများကို ကြည့်ကာ အသက်ပြင်းပြင်းရှူလိုက်သည်။ကျန်းကျန့်ထံမှ သင်ယူသင့်သည်ဟု သူခံစားရသည်. . . အရင်ဝင်လာသူ၏နှာခေါင်းကို စူးစူးစိုက်စိုက်ကြည့်ရင်း ကျောက်ကျင်းကော သူ့မျက်နှာကို လက်သီးနှင့်ထိုးလိုက်၏။

ထိုလူများက ရောက်ရှိလာပြီး ကျောက်ကျင်းကောနှင့်  တိုက်ခိုက်ရန် အမှန်တကယ်ဆန္ဒရှိသော်လည်း ကျောက်ကျင်းကောက စကားတစ်ခွန်းမှ မပြောဘဲ ရုတ်တရက် တိုက်ခိုက်လိုက်သည်က အနည်းငယ် မထင်မှတ်စရာ ဖြစ်သွားခဲ့သည်။ကျောက်ကျင်းကောက  အလွန်လျင်မြန်စွာ ရွေ့လျားခဲ့ပြီး ထိုလူသည် မရှောင်နိုင်ခဲ့ပေ။

"ကောင်လေး...မင်းမှာ သတ္တိရှိတာပဲ..."

ကျောက်ကျင်းကော ထိုးလိုက်သော သူ့နှာခေါင်းကို အုပ်ထားပြီး အေးစက်စွာ ရယ်မောကာ သူ့လက်ကိုလည်း ကျောက်ကျင်းကောဆီသို့ ရွှေ့လိုက်သည်။



ကျောက်ကျင်းကောက ကျန်းကျန့်မှလွဲ၍ တခြားမည်သူနှင့်မျှ မတိုက်ခိုက်ခဲ့ပေ။သင်္ဘောပေါ်ရှိအခန်းက အလွန်ပူသောကြောင့် အများစုမှာ ရင်ဘတ်ဗလာဖြင့် ဖြစ်နေကြပြီး ယင်းက သူ့ကိုအလွန်စိတ်မသက်မသာဖြစ်စေသည်။

ထို့အတွက်ကြောင့် ၎င်းတို့၏ခေါင်းဆောင်ကို ထိခိုက်ဒဏ်ရာရစေခဲ့သော ကနဦးထိုးချက်အပြီးတွင် ကျောက်ကျင်းကော အခန်းထောင့်သို့ ခြေလှမ်းများစွာကို နောက်ပြန်ဆုတ်လိုက်ရသည်။ အခန်းက မကြီးပေ။လူပေါင်းများစွာ ဝိုင်းရံထားပါက အရိုက်ခံရသည်ကနေ လွတ်မှာမဟုတ်ပေ။

ကျောက်ကျင်းကော စိတ်ပူလာပြီး လွန်ခဲ့သည့် နှစ်လအတွင်း ကျန်းကျန့် သင်ပေးခဲ့သောအကွက်မျိုးစုံကို ရုတ်တရက် တွေးလိုက်မိသည်။

အခြားလူများသည် ဝါးလုံးကိုကိုင်၍ အကြိမ်ကြိမ်ထိုးစိုက်နည်းကိုသာ သင်ယူခဲ့သော်လည်း သူက ပညာများစွာကို သင်ယူခဲ့သည်။ကျန်းကျန့်က သူအနိုင်ကျင့်မခံရရန် မျှော်လင့်ချက်နှင့် ထိုပညာတွေကို သူ့ကိုသင်ပေးခဲ့သည်။

အံကြိတ်ရင်း ကျောက်ကျင်းကော သူ့ခေါင်းကိုမော့လိုက်ပြီး သူ့ရှေ့ကလူကို ရုတ်တရက် ကန်ထုတ်လိုက်ပြီး ဝမ်းဗိုက်အောက်ပိုင်းကို တိုက်ရိုက်တည့်တည့် ထိမှန်သွားစေသည်။

ကျန်းကျန့်က ကျောက်ကျင်းကောကို တိုက်ခိုက်ရေးနည်းများစွာ သင်ကြားပေးခဲ့သည်မှာ အမှန်ပင်ဖြစ်သော်လည်း သူကျောက်ကျင်းကောကို သင်ကြားခဲ့သည့် အဓိကအရာမှာ လက်တွေ့ဘဝတိုက်ပွဲဖြစ်သောကြောင့် သူကျောက်ကျင်းကောကို ပထမဆုံး သင်ကြားပေးခဲ့သော အရာက. . . ဝံပုလွေကာကွယ်ရေးနည်းပညာပင်။

ဝံပုလွေကာကွယ်ရေးနည်းပညာကို လျင်မြန်သော တိုက်ခိုက်ရေးစွမ်းရည်ဟုလည်း ယူဆခဲ့ကြသည်။ကျန်းကျန့်ကိုယ်တိုင်က မသုံးချင်ပေမဲ့ ကျောက်ကျင်းကောကို သင်ပေးပြီး ကျောက်ကျင်းကောကို သူ့အပေါ်မှာပင် လေ့ကျင့်ခိုင်းခဲ့သည်။

ဥပမာအားဖြင့် သူတို့သင်္ဘောပေါ်တွင်နေထိုင်ခဲ့သည့် ရက်ပေါင်းနှစ်ဆယ်အတွင်း ကျန်းကျန့်က ကျောက်ကျင်းကောကို ဝံပုလွေကာကွယ်နည်းကို အသုံးပြုခွင့်ပေးခဲ့ပြီး၊ ထို့နောက်တွင် သူက မျောက်တစ်ကောင်မက်မွန်သီးနှင့် အခြားအရာများကို ခိုးယူကဲ့သို့ အလွန်နူးညံ့သိမ်မွေ့သော လှုပ်ရှားမှုများကို အသုံးပြု၍ ကျောက်ကျင်းကော၏လှုပ်ရှားမူတိုင်းကို ပိတ်ဆို့ကာ ကျောက်ကျင်းကောနှင့် ကစားခဲ့သည်.  . .

ကျောက်ကျင်းကော နှင့် ကျန်းကျန့်တို့သည် တိုက်ခိုက်ရာတွင် အခြေခံအားဖြင့် ၎င်းတို့၏ ခွန်အားကို အသုံးမချကြဘဲ ကျန်းကျန့် ဤပညာကို ကောင်းစွာသိသောကြောင့် ဤဝံပုလွေကာကွယ်ရေးနည်းပညာဖြင့် သူဘယ်သောအခါမှ မအောင်မြင်ခဲ့ဖူးသော်လည်း သူ့ရှေ့မှလူများမှာ ကွဲပြားသည်။

ကျောက်ကျင်းကောက ယခုအချိန်တွင် အစွမ်းကုန်ကြိုးစားခဲ့ပြီး ဤလူများက သူ့ကို ဤကဲ့သို့ ယုတ်မာသောလှည့်ကွက်များကို အသုံးပြုလိမ့်မည်ဟု မမျှော်လင့်ထားကြပေ။

အစောပိုင်းက ကျောက်ကျင်းကောကြောင့် နှာခေါင်းကျိုးသွားခဲ့သော လူထွားကြီးသည် သူ့မျက်နှာတစ်ခုလုံး သွေးများဖြင့် ပြည့်နှက်နေပြီဖြစ်သည်။ အခု သူ အပြင်းအထန် အထိုးနှက်ခံလိုက်သဖြင့် ချက်ချင်း နေရာမှာတင် ထခုန်ပြီး သူ့ခွကြားကို ဆုပ်ကိုင်လိုက်ကာ တခြားလူတွေကို ထိတ်လန့်သွားစေသည်။

ကနဦး ထိတ်လန့်သွားပြီးနောက် သူတို့သည် ကျောက်ကျင်းကောကို ပို၍ပင် ခြိမ်းချောက်လိုစွာကြည့်လာခဲ့သည်။

အခန်းက အလွန်သေးငယ်ပြီး တကယ်တမ်းတွင် အုပ်စုလိုက်ရန်ပွဲအတွက် အလွန်ကိုမသင့်တော်ပါချေ။ကျောက်ကျင်းကော၏ ကန်ခြင်းကိုခံရသော ပထမဆုံးလူက အခြားသူများ သူ့ထံ အပြေးအလွှားသွားနိုင်မည့် လမ်းကြောင်းကို အနည်းနှင့်အများ ပိတ်ဆို့နေခဲ့ပြီး ထောင့်ကိုကပ်နေပြီဖြစ်သော ကျောက်ကျင်းကောတစ်ယောကိ ချက်ချင်းအဝိုင်းခံရခြင်းမှ လွတ်မြောက်သွားခဲ့သည်။

ကျောက်ကျင်းကော သူသာအကြင်နာမဲ့စွာမပြုမူလျှင် သေချာပေါက် ရိုက်နှက်ခံရမည်ဖြစ်ကြောင်းကို ကောင်းကောင်းသိ၏။ ရိုက်နှက်ခြင်းမှာ အမှားအယွင်းမရှိသော်လည်း သူကောတစ်ယောက် ဖြစ်သည်။ လူတစ်စု၏ ရိုက်နှက်ခြင်းကို ခံရပါက သူ့နာမည်ဂုဏ်သတင်းက လုံးဝ မကောင်းနိုင်ပါချေ။

ဤကဲ့သို့တွေးတောရင်း ကျောက်ကျင်းကော ရက်စက်ကြမ်းကြုတ်လာခဲ့ပြီး ဝံပုလွေကာကွယ်ရေးနည်းလမ်းအမျိုးမျိုးကို အလှည့်ကျအသုံးပြုကာ သူ့ရှေ့မှလူများကို အစွမ်းကုန်တိုက်ခိုက်တော့သည်။

ဤလှည့်ကွက်များကို အသုံးပြုခြင်းသည် ယုတ်ညံ့လွန်းသည်ဟု ယောကျာ်းအချို့က ထင်ကောင်းထင်နိုင်သော်လည်း ကျောက်ကျင်းကောအနေဖြင့် ၎င်းတို့ကို အသုံးပြုသည့်အခါ စိတ်ပိုင်းဆိုင်ရာ အတားအဆီး လုံးဝမရှိခဲ့ပေ။

သူက ကောတစ်ယောက်ဖြစ်သည်။

"ဒီကောင်လေးက ယုတ်မာလွန်းတယ်"

"သူ့ကို သင်ခန်းစာပေးရမယ်"

"မင်းငါ့ကိုဘယ်လိုများရိုက်ရဲတာလဲ... မင်းသေချင်လို့လား"

"ငါ့မျက်လုံး...အားးး"

. . .

ကျောက်ကျင်းကော၏ တိုက်ပွဲရလဒ်များသည် ခမ်းနာကြီးကျယ်သည်ဟု ခေါ်ဆိုနိုင်သော်လည်း နောက်ဆုံးတွင် သူက လူတစ်အုပ်နှင့် တစ်ယောက်ရင်ဆိုင်နေရသူ ဖြစ်သည်။

သူက လူများစွာကို အမှောက်သိပ်ခဲ့သည့်တိုင် သူလည်း အကြိမ်ပေါင်းများစွာ အထိုးနှက်ခံခဲ့ရသည်. . . ကျောက်ကျင်းကော လူတစ်ယောက်၏ မျက်နှာကို လက်တစ်ဖက်ဖြင့် ကုတ်ခြစ်ခဲ့ပြီး ချက်ချင်းပင် မျက်လုံးကို လက်သီးဖြင့် ထိုးလိုက်သည်။

နာကျင်မှုက ကျောက်ကျင်းကောကို ပို ပို၍ ရက်စက်လာစေသည်။ ထိုအချိန်တွင် ဝမ်ဟိုင်ရှန်း နှင့်ဟယ်ညီအကိုတို့ရောက်ရှိလာကြသည်။

.......

ကျန်းကျန့်ကို ကတ်များအကြောင်းပြောရန် ကျန့်ရီကခေါ်ခဲ့ပြီး ကျန့်ရီကလည်း သူ့ကို မြို့တော်အကြောင်းအချို့ကို ပြောပြသည်။

လက်ရှိအချိန်မှာ တချီဧကရာဇ်က ခုနစ်နှစ်သားအရွယ် ရုပ်သေးဘုရင်ဖြစ်ပြီး အရိပ်ထဲကနေ ဆုံးဖြတ်ချက်အားလုံးကိုချသည့်သူ ဧကရီမယ်တော်ကြီး ဖြစ်ကြောင့် သိလိုက်ရသည်။

ကျန့်မိသားစုက "မိန်းမများသည် အိမ်၌သာ ယောက်ျား၏ အာဏာကို သိမ်းပိုက်နိုင်သည်" ဟု ပြောပြီး ဧကရီမယ်တော်ကြီးနှင့်တိုက်ခိုက်မည့်သူများထဲမှ တစ်ဦးမဟုတ်ကြောင်း သိသာထင်ရှားသည်။အကြောင်းမှာ သူတို့က

ဧကရီမယ်တော်ကြီးကိုကျေနပ်စေလိုနေကြောင်း ကျန့်ရီက အရိပ်အယောင်ပြနေသည်။

ဤအလွန်လက်ရာမြောက်သောကတ်များသည် နန်းတော်တွင်နေထိုင်ပြီး ဝါသနာပါရာအလုပ်မရှိသော အမျိုးသမီးတစ်ဦးအတွက် ဆွဲဆောင်မှုရှိမည်ဖြစ်သည်။

မဟုတ်သေး၊ ဧကရီမယ်တော်ကြီးက အမျိုးသမီးမဟုတ်ပါချေ။ ခဏလောက် နားထောင်ပြီးနောက် ကျန်းကျန့် လက်ရှိမှာ တော်ဝင်အစိုးရကို ထိန်းချုပ်နေသော ဧကရီမယ်တော်ကြီးက ကောတစ်ယောက်ဖြစ်ကြောင်း သဘောပေါက်လာသည်။

ဤအချက်အလက်သည် ကျန်းကျန့် အတွက် အနည်းငယ်ပဲအသုံးဝင်လောက်သော်လည်း ကျန်းကျန့် ဂရုတစိုက်နားထောင်ဆဲဖြစ်ပြီး မြို့တော်နှင့် တော်ဝင်ရုံးတော်အတွင်းက စနစ်အကြောင်း မေးမြန်းရန်ပင် အစပြုခဲ့သည်။

ကျန်းကျန့်ကို ယခုမြင်လိုက်ရသောအခါ ကျန့်ရီက ပို၍ပင် ကျေနပ်သွားပြီး သူတို့စကားပြောအပြီးမှာ ကျန်းကျန့်ကို သူနှင့် ညစာစားရန် ဖိတ်ခေါ်ကာ စားပြီးလျှင် အတူတူ ဖဲရိုက်၍ရသည်ဟု ဆို၏။

သူသည် မကြာသေးမီက ကတ်များအတွက် ပြင်းပြသော ချစ်ခြင်းမေတ္တာများဖြစ်ထွန်းလာခဲ့သော်လည်း ကံမကောင်းစွာဖြင့်၊ လျှို့ဝှက်ချက်ကို ထိန်းသိမ်းရန်အတွက် သူနှင့် ကစားရန် မည်သူ့ကိုမျှ ရှာမတွေ့နိုင်ခဲ့ပါချေ။



ကျန်းကျန့်က ငြင်းလိုက်သည်။

"သခင်လေးကျန့် ...ကျုပ်လူတွေက နေရာကျမှာမဟုတ်သေးဘူး... အရင်တစ်ချက်သွားကြည့်ချင်ပါတယ်"

"ဟုတ်​တယ်​...ခင်ဗျားကောရောပဲ...ခင်ဗျား သူ့ကိုလည်း သွားကြည့် သင့်တယ်”

သခင်လေးကျန့်က ပြောလိုက်သည်။

ကျန်းကျန့်ကလည်း ကျောက်ကျင်းကောကို သွားကြည့်ချင်ခဲ့ခြင်းဖြစ်သည်။ ကျေးဇူးတင်ကြောင်းပြောပြီး ထိုကိုသွားခါနီးမှာ ကောင်လေးတစ်ယောက် ရုတ်တရက် သူတို့ဆီ ပြေးလာသည်။

“သခင်လေး မကောင်းတော့ဘူး...ကျွန်တော်တို့မှာ ပြဿနာရှိနေပြီ"

"ဘာဖြစ်တာလဲ"

ကျန့်ရီက မျက်မှောင်ကြုတ်လိုက်သည်။

"အခန်းထဲမှာ ရန်ဖြစ်တာ...လုဘက်ကအုပ်စုက ကျန်းကျန့်ရဲ့လူတွေကို ပြဿနာသွားရှာပြီး ဘော့စ်ကျန်းရဲ့နောက်ကို အမြဲလိုက်နေတဲ့သူနဲ့ ရန်ဖြစ်နေတယ်"

ဤကောင်လေးက  ကျန့်ရီနောက်ကို မကြာခဏ လိုက်ရပြီး ကျန့်ရီက ကျန်းကျန့်ကို အလွန်အလေးထားကြောင်း သိသည့်အတွက် သတင်းရသည့်အခါ အလျင်အမြန် သတင်းပို့ခဲ့သည်။သို့သော် ကျောက်ကျင်းကောက အမှန်တကယ်တွင် ကော ဖြစ်သည်ကို မသိခဲ့ကြောင်းထင်ရှားသည်။

"ဘာ" 

ကျန့်ရီ၏ မျက်ခုံးများ တွန့်သွားသည်။

ကျန်းကျန့်၏ မျက်နှာသည် ပို၍ပင် ပြောင်းလဲသွားကာ သူက တိုက်ရိုက် ပြေးထွက်သွားသည်။ကျန်းကျန့် ပြေးသည်က အလွန်မြန်ပြီး အချိန်မကုန်လိုက်ပါပဲ သူနှင့်ကျောက်ကျင်းကော တည်းခိုရမည့် အခန်းအပြင်သို့ ရောက်ရှိလာခဲ့သည်။ ထိုအချိန်မှာ နေရာက ရှုပ်ထွေးနေလေပြီ။

ကျန်းကျန့်၏လူ လေးဆယ်ကျော်ခန့်တွင် အိပ်ရန် သီးခြားအခန်းမရှိသော အခန်းကျယ်ကြီးတစ်ခုတွင် တည်းခိုနေကြရာ ထိုအခန်းနှင့် အနည်းငယ်ဝေးသောကြောင့် ကျောက်ကျင်းကောနှင့် ထိုလူများ ရန်ဖြစ်သောအခါ အစပိုင်းတွင် သူတို့ ချက်ချင်းသတိမထားမိပေ။သို့ပေမဲ့ သိပ်မကြာခင်မှာပဲ သူတို့ သိသွားသည်။

တစ်စုံတစ်ယောက်က ညီအစ်ကိုကျောက်ကျင်းကောကို လာထိတယ်... တစ်စုံတစ်ယောက်က သူတို့လူတွေကို အနိုင်ကျင့်နေတယ်...

တွေးပင်မတွေးဘဲ ကျောက်ကျင်းကော ကို ကူညီရန် လူတွေ စုစည်းလိုက်ကြ၏။

သူတို့ရောက်သောအခါဝယ် ကျန်းမိသားစုက ကျန့်ရီကိုကာကွယ်ရန့ ပျိုးထောင်ပေးထားသည့်လူတွေပါရောက်လာကြသည်။ထိုသို့ဖြင့် နှစ်​​ဘက်လုံး ရန်​ဖြစ်​ကြသည်။

ကံကောင်းစွာပဲ လူတိုင်းက သူတို့ကိုယ်သူတို့ ထိန်းထားရကောင်းမှန်း သိကြသေးသည့်အတွက် ဓားတွေ မသုံးခဲ့ကြပေ။အိမ်ခန်းကလည်း ကျဉ်းလွန်းကာ တိုက်ပွဲကလည်း အခုမှစခါစဖြစ်သည်။ သူတို့ အများကြီး မထိခိုက်ခဲ့ပေ။



ကျန်းကျန့် ကျောက်ကျင်းကော၏ အခြေအနေကို မမြင်နိုင်လောက်အောင် လူများဖြင့် ပြည့်ကျပ်နေခဲ့သည်။ ဒေါသအပြင်းအထန့်ထွက်ပြီး လူတစ်ယောက်ကို ဖမ်းဆွဲ၍ရိုက်နှက်ပြီး   တခြားသူတွေကို ဆက်ရိုက်နှက်ရင်းအထဲကိုတိုးဝင်သွားခဲ့သည်။

ကျန့်ရီ၏လူများသည် တစ်ယောက်ပြီး တစ်ယောက် နာကျင်စွာ အော်ဟစ်ကုန်ကြကာ ကျန်းကျန့်ကို ဝိုင်းရံရန် ကြိုးစားကြသည်။ သို့သော်လည်း ကျန်းကျန့်က သစ်သားချောင်းတစ်ချောင် ဖမ်းဆွဲကာ ၎င်းတို့၏ အဝိုင်းခံမည့်အစား ၎င်းတို့ကို ထွက်ပြေးအောင် တွန်းအားပေးခဲ့သည်။

တစ်ချိန်တည်းမှာပင် ကျန်းကျန့်၏ အသွင်အပြင်သည် သူ့လူများ၏ စိတ်ဓာတ်ကို မြှင့်တင်ပေးပြီး တိုက်ပွဲကို ပိုမိုပြင်းထန်လာစေသည်။

ကျန့်ရီရောက်ရှိလာသောအခါတွင် သူပျိုးထောင်ပေးခဲ့သော လူအုပ်စုသည် မျက်ရည်ထွက်အောင် အရိုက်ခံနေရသည်ကို မြင်လိုက်ရသည်။

“ရပ်လိုက်စမ်း”

ကျန်းရီက အော်လိုက်သည်။

ကျန့်ရီ၏လူများသည် ကျန်းကျန့်၏လူများကို ပြဿနာရှာရဲကြသော်လည်း ကျန့်ရီ၏ စကားကို နားမထောင်ဘဲမနေ ဝံ့ကြသောကြောင့် ကျန့်ရီအော်ဟစ်လိုက်သောအခါတွင် ချက်ချင်းတိုက်ခိုက်ခြင်းကို ရပ်တန့်လိုက်ကြသည်။

“ရပ်လိုက်”

ကျန်းကျန့်လည်း တန်းအော်လိုက်ပြီး သူ့စကားထွက်ကျသွားသည်နှင့် သူ့လက်အောက်ရှိလူများလည်း ရပ်သွားကြသည်။

"လူတိုင်း ကုန်းပတ်ပေါ်ကို...အကုန်လုံး"

ကျန့်ရီက မျက်မှောင်ကြုတ်ပြီးပြောလိုက်သည်။ကျန်းကျန့် လိုက်သွားပေမဲ့ ကုန်းပတ်ပေါ် တက်မည့်အစား သူ့အခန်းထဲကို ဝင်သွား၏။

ကျောက်ကျင်းကောက အထဲမှာ တကယ်ရှိနေသည်။

ကျောက်ကျင်းကော နှင့် အခြားသူများကြား တိုက်ပွဲစတင်ပြီးနောက် မကြာမီတွင် ဝမ်ဟိုင်ရှန်း နှင့်ဟယ်ညီအကိုရောက်ရှိလာခဲ့ကြသည်။ သူတို့သုံးယောက်က ကျောက်ကျင်းကောက ကျန်းကျန့်အတွက် မည်မျှအရေးကြီးသည်ကို သိကြပြီး သဘာဝအတိုင်း သူ့ကို နာကျင်အောင်လုပ်ခွင့်မပြုဝံ့သည့်အတွက် သူ့ကို ကာကွယ်ရန် ပြေးသွားခဲ့ကြသည်။ ထို့ကြောင့် ကျောက်ကျင်းကောသည် မျက်လုံးများ ရောင်ရမ်းနေပြီး သူ့ခန္ဓာကိုယ်ပေါ်တွင် အညိုအမည်းများစွာ ရရှိခဲ့သော်လည်း ကြီးကြီးမားမားကား မဟုတ်ပါချေ။တကယ်တမ်းတွင် သူတို့နှင့်ရန်ဖြစ်သည့်လူတွေက ပို၍ပင် သနားစရာကောင်းကြသည်။

"ကျင်းကော အဆင်ပြေရဲ့လား..."

စိတ်ပူပြီး ကျန်းကျန့်က ကျောက်ကျင်းကောအနားကို ပြေးသွားသည်။

"ကျွန်တော်အဆင်ပြေပါတယ်"

ကျောက်ကျင်းကောက ပြောလိုက်သည်။သူ တစ်ခုခုပြောရန် ကြိုးစားနေပေမဲ့ ကျန်းကျန့်က သူ့ကို သိမ်းဖက်လိုက်သည်။

ဒါ . . .ဤနေရာတွင် လူများစွာရှိသော်လည်း ကျန်းကျန့်က သူ့ကို ပွေ့ဖက်ရန် ပြေးလာဆဲ။ကျောက်ကျင်းကော လန့်သွားပြီး အနည်းငယ်ရှက်သွားသော်လည်း ကျန်းကျန့်ကို တွန်းထုတ်ရန် တွန့်ဆုတ်နေ၏။

ကျောက်ကျင်းကောက မျက်နှာကို ကုတ်ခြစ်ပြီး ဟိုနေရာကိုကန်၍ ကြယ်တွေလတွေမြင်အောင်လုပ်ခဲ့ခံရသူက မနေနိုင်ဘဲ ပြောလိုက်သည်။

“သေစမ်း... ဘာတွေဖြစ်နေတာလဲ"

သူတို့ကို ဤမျှဆိုးဆိုးရွားရွား ရိုက်နှက်ခဲ့သည့်လူက တကယ်ကို ကျောက်ကျင်းကောနှင့် ပွေ့ဖက်နေသည်. . .

"သူတို့ဘာလုပ်နေတာလဲ"

ကျန်းကျန့်က တွယ်ကပ်တတ်သောလူမဟုတ်ပဲ စိတ်လှုပ်ရှားပြီး ကျောက်ကျင်းကောကိုပွေ့ဖက်ထားရုံသာဖြစ်သည်။ ရလဒ်အနေဖြင့် သူ ကျင်းကောကို လွှတ်လိုက်ချိန်မှာပဲ လူတချို့က ထိုစကားမျိုးပြောနေကြသည်ကို ကြားလိုက်ရသည့်အတွက် မတွေးဘဲနှင့် ထိုလူ့မျက်နှာကို လက်သီးနှင့်ထိုးလိုက်သည်။

ထိုလူက ဒေါသတကြီးဟိန်းဟောက်ပြီး ကျန်းကျန့်ကို တိုက်ခိုက်တော့မည်ပြုသော်လည်း ကျန့်ရီက ယခုအချိန်တွင် အခန်းတံခါးဝသို့ ရောက်နေပြီဖြစ်သည်။

"အကုန်လုံး ထွက်လာကြ"

ခဏအကြာတွင် အကုန်လုံး သင်္ဘောကုန်းပတ်ပေါ်တွင် စုရုံးလာကြသည်။

အပြင်ဘက်မှာ ကျန့်အိမ်က လာသည့်သူတွေဟာ ဆိုးဆိုးရွားရွားရိုက်နှက်ခြင်း မခံခဲ့ကြရပေမဲ့ အဓိကအားဖြင့် အတွန်း အတိုက် ခံခဲ့ကြရသည်။ကျန်းကျန့် ရောက်ရှိလာပြီးနောက် ရိုက်နှက်ခြင်းခံခဲ့ရသော လူအနည်းငယ်မှလွဲ၍ အများစုမှာ နဂိုအတိုင်းပင် ဖြစ်သည်။ သို့ပေမဲ့ ကျောက်ကျင်းကောနှင့်အရင်သွားရှုပ်သူများ ၊ ကျောက်ကျင်းကော၊ဝမ်ဟိုင်ရှန်းနှင့်ဟယ်ညီအကိုတို့ကမူ အကုန်လုံး အနည်းငယ် သနားစရာကောင်းနေကြသည်။

ဆန့်ကျင်ဘက်အနေဖြင့် ဦးစွာရန်စခဲ့သူများက ပို၍ပင် သနားစရာကောင်းနေကြသည်။သူတို့ထဲက အတော်များများက သူတို့၏ မျက်နှာပေါ်မှာ သွေးတွေထွက်နေပြီး တချို့က သူတို့၏ခွကြားများ နာကျင်ရလွန်း၍ ရှုံ့မဲ့ကာ သွားများအထင်းသားပေါ်နေကြသည်။

"ဘာတွေဖြစ်နေတာလဲ"

ကျန့်ရီက မေးလိုက်သည်။

သူသည် ထိုလူများကို သေချာကြည့်ရှု စစ်ဆေးမည်မဟုတ်ပေ။အများကြီး မြင်ပြီးနောက် သူ နာကျင်မှုကိုပဲခံစားရလိမ့်မည်. . .

ကျောက်ကျင်းကောဆီကနေ နှာခေါင်းတည့်တည့်ကိုထိုးပြီး အကန်ခံရသော

ပထမဆုံးလူမှာ လုတဖြစ်သည်။လုတက ကျန့်မိသားစုမှလူတစ်ဦးဖြစ်ပြီး သူက အလွန်ကျွမ်းကျင်သည်။ကျန့်ရီ၏ဖခင်က သူ့ကို လေ့ကျင့်သင်ကြားပေးပြီး ကျန့်မိသားစုကို ဝင်ထွက်မည့် ကုန်ပစ္စည်းတွေ၏ လုံခြုံရေးအတွက် တာဝန်ယူစေခဲ့သည်။ကျန့်ရီ အပြင်ထွက်ချင်သည့်အခါ သူက အမြဲတမ်း လူတွေကို ဦးဆောင်ကာ ကျန့်ရီကိုကာကွယ်ပေးရလေ့ရှိသဖြင့် ကျန့်ရှီ ရှေ့မှာ သိက္ခာတချို့ရှိလေသည်။


Continue Reading

You'll Also Like

44.7K 4.7K 72
သူမက ပြောလိုက်သည်..။ "ငါသေချာပေါက် နတ်ဘုရားဖြစ်လာရမယ်" သူက သူမကို ခြေဆုံးခေါင်းဆုံးကြည့်၍ အေးအေးစက်စက်ရယ်လိုက်သည်။ "ဖြစ်နိုင်ပါတယ် ပျင်းရိတဲ့နတ်" သူမ...
5.4M 720K 198
Main Story ( Completed ) ~~~~~~~°°°°°~~~~~~~ Title - Transmigrated into the film empreor's death-seeking finance (穿成影帝作死未婚夫) Author - Lin Ang Si (林盎...
281K 21.8K 186
Eldest Daughter Was Reborn အကြီးဆုံးသမီး Description အရင်ဘဝတွင် ကျန်းယန်ရှန့် သည် သူမ၏ သုံးစားမရသည့်ဖခင်နှင့် မိထွေးဖြစ်သူကို အရွဲ့တိုက်ပြီး ဆေးလိပ...
620K 50.3K 54
မင်ရန်ရှင်း💓ဝမ်ယွမ် {ဝမ်ယင်}