Small Doses
Da Dayeon_Park
1.1K 249 30
And now we're cryin' and lovin' And now we're fightin' and touchin' Feels like I'm making love to the enemy L... Altro
သုည
တစ်
နှစ်
သုံး
291 65 6
Da Dayeon_Park
" ယောင်းအွန်းဒို တပ်စခန်းကနေ အရေးပေါ် ထိခိုက်တပ်သား ငါးဦး EMကို ငါးမိနစ်အတွင်း ရောက်လာဖို့ရှိပါတယ် ။ စိုးရိမ်ရ အခြေအနေ နှစ်ယောက်ပါတဲ့ထဲ တစ်ယောက်က သေနတ်ဒဏ်ရာနဲ့ အူပွင့်သွားပြီး သွေးထွက်လွန်နေပါတယ် ။
ဒေါက်တာနာ တာဝန်ခံဆရာဝန်အနေနဲ့ ထပ်ပြီး ခွဲစိတ်ပေးလို့ ရနိုင်သေးလား ခင်ဗျာ ။ ဒေါက်တာဂင်မ်က လက်ရှိ ခွဲခန်းထဲ ဝင်နေပြီး ဒေါက်တာယူက VIP caseရှိနေလို့ပါ"
GSတွေ ရှားတာ မှန်လည်း caseအကြီးတွေဆိုရင် ဌာနမှာ ကုနိုင်တဲ့သုံးယောက်ပဲ ရှိတာကြောင့် emergency callရောက်လာတာ ။ အဲ့ဒီအချိန်မှာ ဂျယ်မင်းက ရှေ့ခွဲခန်းကနေ ထွက်လာခါစ ။
" ရတယ် "
ဖုန်းချလိုက်ပြီး ဂျီဆောင်းကိုကြည့်တော့ ဂျီဆောင်းကလည်း callရထားပြီးတဲ့ပုံ ။
" သွားကြတာပေါ့ "
EMကို သူတို့ရောက်တဲ့အချိန်မှာ အကုန်လုံးဟာ ဝရုန်းသုန်းကား ။ ဂျယ်မင်းက ခွဲခန်းပြင်ခိုင်းခဲ့တာကိုပဲ တော်သေးတယ်ပြောရမှာ ။ လူနာတွေ တအားများနေတော့တာ ဒီမှာလည်း ။
" တပ်စခန်းထဲ အဝင် ဗိုလ်မှူးတစ်ယောက် တိုက်ခိုက်ခံရတာပါ ။ ကင်းစောင့်တပ်သားနှစ်ယောက်နဲ့ အနားက တပ်သား နှစ်ယောက် ၊ အဲ့ဒီဗိုလ်မှူးအပါဆို စုစုပေါင်း ငါးယောက် ဒဏ်ရာရထားပါတယ် ။
ကင်းစောင့်တစ်ယောက်နဲ့ နောက်တပ်သားတစ်ယောက်က ပြင်းထန်ဒဏ်ရာပေမဲ့ သေနတ်ဒဏ်ရာလေးချက်နဲ့ အူပွင့်သွားတဲ့ တပ်သားက အဆိုးဆုံးပါပဲ "
ဂျယ်မင်းက ကြားပြီး သက်ပြင်းချမိတယ် ။
သေနတ်ဒဏ်ရာနဲ့ လူနာတွေက ရှားပေမဲ့ ဖြစ်လိုက်တိုင်း ကြောက်စရာကောင်းတာတွေချည်းပဲ ။
လူနာတွေ ရောက်လာတာနဲ့ ဂျီဆောင်းနဲ့ ဂျယ်မင်းက လိုအပ်တဲ့ အခြေအနေတွေကို ပြင်ဆင်ပြီး ခွဲခန်းထဲ တန်းရွှေ့ရတယ် ။ "စီနီယာ့ လက်ထောက်ဖြစ်ချင်တယ်"လို့ ဆိုခဲ့တဲ့ ကလေးက ဒီလောက်တောင် ကြိုးစားတော့လည်း ဂျယ်မင်းက သူ့ရဲ့ အရွေးမမှားမှုအပေါ် ဂုဏ်ယူရပါရဲ့ ။
ဂျီဆောင်းက ဂျယ်မင်းကို အဘက်ဘက်က ကူညီပေးနိုင်တယ် ။ လေးနာရီကျော်ကြာတဲ့ operationပြီးခါနီးမှာ ဂျယ်မင်းလက်ထဲကနေ ခွဲစိတ်မှုကို လွှဲယူပြီး "ကျွန်တော် အဆုံးသတ်လိုက်မယ်"ဆိုတဲ့ ကလေးမျိုး ။ ဂျယ်မင်းကတော့ ဂျီဆောင်း မြန်မြန် ဘွဲ့ရပြီး ကိုယ်တိုင် ခွဲခန်းဝင်နိုင်စေချင်နေပြီ ။
တစ်နေ့တာရဲ့ သုံးခုမြောက် caseအပြီးမှာ ခြေကုန်လက်ပန်းကျနေတဲ့သူ ဖြစ်နေတာတောင်မှ ဂျယ်မင်းက ပင်ပန်းတဲ့ မျက်နှာနဲ့တော့ ခွဲခန်းရှေ့ မထွက်နိုင်သေးဘူး ။ စစ်တပ်က ကိစ္စတွေဆိုရင် ပြောစရာတွေ ရှိလာဦးမလား ..။
ရုပ်တည်နဲ့ ခွဲခန်းရှေ့ထွက်လာတဲ့ ဆရာဝန်လုပ်တာ ထိပ်တိုက်တွေ့တော့ ရင်းနှီးတဲ့ တစ်မျက်နှာနဲ့ ။ ဂျယ်မင်းက အံ့ဩတော့ သွားမိတယ် ။
" တွေ့ကြပြန်ပြီ ခင်ဗျားပဲ "
ရှေ့ကလူက ခေါင်းညိတ်ပြီး ယောင်ယောင်လေး ပြုံးပြတယ် ။
ဝတ်စုံပြည့်ဝတ်ထားပြီး နောက်လိုက်တွေနဲ့ဆိုတော့ တာဝန်ချိန် ဖြစ်ပါလိမ့်မယ် .. နှစ်ယောက်တည်းရှိနေသလို အူကြောင်ကြောင်လည်း လုပ်မနေပါဘဲနဲ့ ။
" ကျွန်တော်တို့တော့ အတတ်နိုင်ဆုံး ကုထားပေးပါတယ် ။ သူ့ ဒဏ်ရာက တော်တော်ပြင်းတယ်ပြောရမှာ ။ ခုနစ်ဆယ့်နှစ်နာရီအတွင်း သတိရဖို့ စောင့်ကြည့်ရမယ် ။ ပြီးတော့ ဆေးရုံမှာ တစ်ပတ်လောက် ဂရုတစိုက်ထားရမယ် ။ စစ်ဆေးရုံကို လွှဲပေးဆိုရင်လည်း အဲ့ဒီအချက်အလက်တွေအတိုင်းတော့ လုပ်ရမှာ "
ဂျယ်မင်းက သူ့ဘက်က ပြောနိုင်တာတွေအကုန်လုံးကို ဒီလိုပြောပြတော့ ရှေ့က လူက ခေါင်းခါတယ် ။ ပြီးတော့ သူ့အနားက လူတွေကို ခွဲခန်းရှေ့ နေခိုင်းခဲ့ပြီး သူကတော့ ဂျယ်မင်းအနားကို ဆက်လိုက်လာရဲ့ ။
" မဟုတ်ပါဘူး ။ ဒီတစ်ခါက တပ်ပြေးမဟုတ်တာကြောင့် စစ်ဆေးရုံကို လွှဲဖို့ မလိုပါဘူး ။ ဒီအတိုင်း ကျွန်တော်က အခြေအနေစောင့်နေတာပါ ။ ဒေါက်တာ့ကိုရော .."
ဂျယ်မင်းက အာစေးမိသွားတယ် ။ ဘယ်လိုစကားကို ပြန်ပြောရမလဲ ။
" ခင်ဗျားက တပ်ထဲက မဟုတ်ဘူးသာပြောတာ ။ ကိစ္စတိုင်း ခင်ဗျားရှိနေလို့ ထူးတောင်ဆန်းလာပြီ "
" ကျွန်တော်လည်း ကိုယ့်အဖေ့ဆီကိုယ် ရောက်နေတာပဲဗျာ ။
သေနတ်သံတွေကြားလို့ ထွက်ကြည့်တော့ အပြင်ဘက်ပြေးအသွားမှာ အထဲဝင်လာတဲ့ လုပ်ကြံသူနဲ့ တိုးတာပဲ ။ အဲ့တာကြောင့် အဖေက တပ်ထဲမှာ ရှင်းနေလို့ ကျွန်တော့်ကို ဒီလွှတ်လိုက်ပြန်တာလေ ။ ဒေါက်တာမပြောနဲ့ ကျွန်တော်တောင် ထူးဆန်းနေလို့ crime scene တိုင်း ရှိနေရသလိုကို ဖြစ်နေပြီ "
ဂျယ်မင်းက ရယ်မိတယ် ။ ဒီလူက အဲ့တာဆို လူကြီး တစ်ယောက်ယောက်ရဲ့ သားပဲ ။ စစတုန်းက ကတောက်ကဆ ဖြစ်သွားတာကို ဖယ်ရင် ယဉ်လည်းယဉ်ကျေးတဲ့ပုံရှိတယ် ။
" ဒဏ်ရာ ဘာညာ မရဘူးမလား "
ရှေ့ကလူက ခေါင်းညိတ်ပြသလိုလိုနဲ့ အူကြောင်ကြောင်ရယ် ။
နှစ်ယောက်တည်းရှိတော့ တစ်ပုံစံပြောင်းသွားတာပဲလို့ ဂျယ်မင်းက တွေးမိရတယ် ။
" ခေါင်းဆောင် .. ဗိုလ်ချုပ်ဆီက ဖုန်း ရပါတယ် ။ ကျောက ဓားဒဏ်ရာကို ဂရုစိုက်ပါဦးတဲ့ "
အဲ့ဒီလူက ဂျယ်မင်းရှေ့မှာ အဲ့ဒီလို အပြောခံရတာ ရှက်သွားပုံပဲ ။ ဘေးရောက်လာတဲ့ လက်အောက်ငယ်သားကို အနားကနေ ထွက်သွားခိုင်းတယ် ။
ဝတ်စုံပြည့် လက်ရှည်နဲ့ ဘာဒဏ်ရာမှ မမြင်ရပေမဲ့ ဒဏ်ရာရှိနေမှန်းက အလိုအလျောက် အတည်ပြုပြီးသား ဖြစ်သွားလေရဲ့ ။ ဒါကိုတောင် ဂျယ်မင်းကို ညာချင်သေးတာ ။
" ခုနက တိုက်ခိုက်ခဲ့ရတာလေ နည်းနည်း ။ ကျွန်တော့်ကို ဝင်တိုးတဲ့အချိန် လှမ်းချမလို့ လုပ်မိတာကို ဓားက တန်းထိုးမိသွားတာ ။ လုပ်ကြံသူသေနတ်က ကျည်ကုန်သွားတာပဲ ကံကောင်းတယ်ပြောရမယ် ။ ကားပေါ်မှာ အဲ့တာကို ပတ်တီးစည်းလာပြီး ဝတ်စုံပြည့် ဝတ်လာတာကိုတောင် အခုတော့ ပေါ်သွားတယ် "
" ဆရာဝန်ရှေ့ရောက်နေတာကို ဘာကို ညာချင်နေတာလဲ ခင်ဗျားက ။ ဆေးဖိုးအများကြီးကုန်မှာစိုးလို့လား ။ အခု ပတ်တီးမစည်းခင် ဘာဆေးလိမ်းထားသေးလဲ "
ဂျဲနိုက ခေါင်းခါမိတယ် ။ ဒီဆရာဝန်ရှေ့ သူအားနည်းသလို မဖြစ်ချင်ပါဘူးဆိုမှ အဖေက ရက်စက်ချက်ပဲ ။
" ပုံမှန်ဆို တပ်က ကားတွေပေါ် အရက်ပြန်နဲ့ ဘီတာဒင်း အဲ့တာမျိုး ရှိတတ်ပေမဲ့ အခု ဘာမှမတွေ့ခဲ့လို့ .."
" ခင်ဗျား လာခဲ့ "
ဂျယ်မင်းက အဲ့ဒီလူကို EMကို ခေါ်သွားပေမဲ့ လူတွေက ရှုပ်နေတာကြောင့် လိုအပ်တာတွေယူပြီး သူ့နားနေခန်းကိုပဲ ခေါ်လာလိုက်ရတယ် ။ ဝတ်စုံအပေါ်ထပ်ကို ချွတ်ခိုင်းပြီး အင်္ကျီလက်ရှည်ကိုပါ ဖယ်လိုက်တော့ ပတ်တီးစည်းထားတာကို တွေ့ပေမဲ့ အဲ့တာက ဒဏ်ရာနဲ့ တလွဲ ။
( A/N - ဟိဟိ ကျောကုန်းကြီးးး)
" သေကုန်တော့မှာပဲ "
ဂရုဏာဒေါသောလား ဒေါသချည်းပဲလား မသဲကွဲပေမဲ့ ဂျယ်မင်းရဲ့ အသံဟာ ဂျဲနိုကိုတော့ ငြိမ်သွားစေတယ် ။ သူ စည်းထားတဲ့ ပတ်တီးကို ကတ်ကြေးနဲ့ ထိုးညှပ်ပစ်တဲ့ ဆရာဝန်က သူ့ရဲ့ ကျွမ်းကျင်မှုကို သိသိသာသာ ပြသနေတာ ။
အဲ့တာတင်တော့ ဘယ်ကမလဲ ။
" အာ့ "
သတိလွတ်နေချိန် အသံထွက်မိသွားတော့မလို့ကို ဂျဲနိုက မနည်းထိန်းလိုက်ရတယ် ။ အရက်ပြန်ကို ပုလင်းလိုက် လောင်းချလိုက်တဲ့ဆရာဝန်ဟာ အခုထိ သူ့ဒဏ်ရာကို စူးစိုက်ကြည့်နေဆဲ ။
" တအားမနက်ဘူး ။ ဒါပေမဲ့ မချုပ်လို့လည်း မရဘူး ။
အစိမ်းပဲချုပ်လို့ ရတယ်မလား ။ ခင်ဗျားမို့ ဒီလောက်အကြီးကြီးကို ဝတ်စုံပြည့်ဝတ်ပြီး ရုပ်တည်နဲ့ အူကြောင်ကြောင် လာလုပ်နေတယ်"
ဂျဲနိုက ဘာစကားပြောရမလဲ မတွေးတတ်တော့ဘူး ။ အခုမှ ဂွမ်းစလေးနဲ့ သူ့အနာကို ဖွဖွတို့ပေးရင်း လေမှုတ်ပေးတဲ့ ဆရာဝန်ကလေးက ပထမဆုံးစတွေ့တုန်းက ပုံစံနဲ့ သိပ်မကွာခြားသလိုပေမဲ့ တစ်ချိန်တည်းမှာပဲ ကွာခြားလာတယ် ။
ကျောက ဒဏ်ရာကို ချုပ်နေတာ ခံစားမိတော့လည်း ဘာသံမှ မထွက်ဘဲ ကြိတ်ခံနေတာကို အတော်အံ့ဩနေတဲ့ပုံပဲ ။
" ကျွန်တော်တို့က ကျင့်သားရနေပါပြီ ။ ဒီအလုပ်ဆိုကတည်းက တိုက်တာခိုက်တာ နာတာဆိုတာက သိပ်ပြီး အထူးတခြားဖြစ်မနေတော့ဘူး ။ ဒါကို ဖုံးကွယ်လာတာတော့လည်း မဟုတ်ပေမဲ့ ဒီအတိုင်း ပြီးမှ စစ်ဆေးရုံဘက် လှည့်သွားလိုက်မလား တွေးခဲ့တာ ။ ဒေါက်တာ့ရှေ့မှာတော့ အထူးအေးဂျင့်လိုအဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်နေပြီး ဒဏ်ရာရလာသေးတယ်ဆိုတဲ့ ပုံစံမျိုး မဖြစ်နေချင်ခဲ့လို့ "
ကျောတစ်ဖက်မှာရှိနေတဲ့ အမာရွတ်တုန်းကရော ဒီလူက နာတယ်လို့ ခံစားခဲ့ဖူးသလား ။ နေ့တိုင်း တွေ့နေရတဲ့ အရေးပေါ်အခြေအနေတွေ ၊ ငိုနေတာတွေ ၊ ကြောက်ရွံ့ထိတ်လန့်နေတဲ့ တုံ့ပြန်ပုံတွေထက် ဒီလူကတော့ အသစ်ပဲ ။ ဂျယ်မင်းက တွေဝေသွားတယ် ။
ချုပ်ရိုးကို ချုပ်နေတဲ့ လက်တွေ နှေးသွားတာကို ခံစားမိလိုက်ရပါရဲ့ ။ ဒါပေမဲ့ ဘာမှတော့ ပိုပိုသာသာ ပြောမလာဘူး ။
ကျောဘက်က ဖြစ်နေတာကြောင့် ဂျဲနိုက မျက်နှာကိုလည်း မမြင်ရနေလို့ ။ မျက်မှောင်တွေတော့ ကျုံ့ထားမှာပဲဆိုတာကတော့ သိသိသာသာ ။
" ကျွန်တော်က .."
" ဆရာဝန်ဆိုတာက ဘယ်လိုလူနာဖြစ်ဖြစ် လှောင်မှာမှ မဟုတ်တာပဲ ။ ကုပေးဖို့က တာဝန်လေ ။ ဒီအတိုင်း ဘာပဲဖြစ်ဖြစ် ဒါကတော့ ဒီလိုဖြစ်တယ်လို့ ပြောပြီး ကုခိုင်းလို့ ရပါတယ် "
ဓားဒဏ်ရာက ချုပ်လို့ ပြီးသွားတာကို ခံစားမိလိုက်တယ် ။ ပြီးတော့ ပတ်တီးမဟုတ်ဘဲနဲ့ ပလာစတာ ခပ်ကြီးကြီးတွေ ပြောင်းပြီး ကပ်ပေးနေတာကိုလည်း သိလိုက်ရပါရဲ့ ။
" ပြီးသွားပြီ ။ ဒဏ်ရာအခြေအနေကို မပေါ့ဆနဲ့ ။ သေချာပေါက် ခင်ဗျားကတော့ နာနေတာတွေနဲ့ အသားကျနေပါပြီကွာ ဆိုပြီး ဖြစ်ရင်တောင် ပိုးဝင်ရင်လည်း သေသွားနိုင်ပြီး အဲ့ဒီဓားက မသန့်ရှင်းနေရင်လည်း ဒုက္ခရောက်သွားနိုင်တယ် "
ပလာစတာ ကပ်ပေးနေရင်း ဂျယ်မင်းက ပြောလာတော့ ဂျဲနိုက ခေါင်းညိတ်မိရတယ် ။ အရက်ပြန်လောင်းတုန်းကလို မဟုတ်ဘဲ တကယ်ကို ညင်ညင်သာသာနဲ့ ပြီးတော့ ကျွမ်းကျွမ်းကျင်ကျင်ပဲ ကုသနေတာလေ ။ လေးစားမိရတဲ့အထိပဲ ။
" စီနီယာ .. ခုနက လူနာကို ရွှေ့... ဂျဲနိုဟျောင်း ဘာဖြစ်တာလဲ"
ဂျီဆောင်းက အခန်းထဲ ဝင်လာပြီး အလန့်တကြား ဖြစ်သွားတယ် ။ ဂျဲနိုကတော့ သူ့မျက်နှာကို လက်နဲ့အုပ်မိရတော့တာပဲ ။ ဒီကောင်လေး တစ်ချက်ပဲ လွတ်သွားတာ ဖုံးထားသမျှ ပေါ်ပြီ ကျိန်းသေတယ် ။
" ဟျောင်း ..? မင်းတို့ သိတာလား "
" အိမ် .. အိမ်နီးချင်းအစ်ကိုမို့ သိနေတာ စီနီယာ "
စကားတွေပါ အထစ်ထစ်နဲ့ သူ့ကိုယ်သူ အခုမှ သတိကပ်ပုံရတဲ့ ဂျီဆောင်းက ဂျဲနိုကို ကယ်ပါဦးဆိုတဲ့ အကြည့်တွေ လွှတ်တယ် ။ ဂျဲနိုက ရယ်မိတော့မလို့ ။ ညီတစ်ယောက်ရှိပါတယ် ပျာယာကို ခတ်နေရော ။
" ခုနက လူနာတွေကို လုပ်သွားတဲ့ကောင်ကို ဖမ်းရင်း ဓားထိသွားတာ ။ မနက်ပါဘူးတဲ့ ဒေါက်တာပြောတာတော့ ။ စိတ်မပူပါနဲ့ "
" အာ .. ဟုတ်ပြီ ။ ပြီးတော့ စီနီယာ ကျွန်တော် လူနာရွှေ့ပြီးကြောင်း လာပြောတာ ။ လက်မှတ်ထိုးစရာ ကိစ္စတွေ သွားလုပ်လိုက်ဦးမယ်နော် ။ ကောင်းကောင်းနေခဲ့ကြပါ"
ခပ်မြန်မြန် ထွက်သွားတဲ့ ဂျီဆောင်းကို ဂျယ်မင်းက မသင်္ကာဘူး ။ ဂျဲနိုရှေ့က ခုံမှာ လာထိုင်ပေမဲ့ မျက်လုံးတွေက တံခါးပေါက်ကို ကြည့်နေတုန်း ။
" ခင်ဗျားတို့ သိနေကြတာဆိုရင် ကျွန်တော်က ပထမဆုံးတစ်ခေါက်တည်းက ဘာလို့ မသိရတာလဲ "
" အင်း .. ပြိုင်တူ မတွေ့ဖြစ်ကြမိလို့ဖြစ်မယ် ။ ဟယ်ချန်းနဲ့တောင် ဂျီဆောင်းက သိတာကို ကျွန်တော်က ဘာလို့ မသိရမှာလဲ "
" အင်း .. ထားပါတော့ ။ အပေါ်ဝတ် ပြန်ထပ်ဝတ်လိုက်ဦး "
သူ့ကို စူးစိုက်ကြည့်ပြီးပြောလာတဲ့ မျက်နှာဟာ ရဲနေသယောင် ။ ဒါဟာ တကယ်လား အထင်မှားမှုလား ဂျဲနိုက မပြောတတ်ဘူး ။
" ပြီးတော့ ကျွန်တော်ပြောတာ မှတ်ထား ။ ခင်ဗျား ဘာဒဏ်ရာပဲရရ ကျွန်တော့်ကို ပြဖို့ ကြောက်မနေ စိုးရိမ်မနေနဲ့ ။ ကျွန်တော်က ကူညီပေးလို့ရပါတယ် "
ဂျဲနိုက ပြုံးတယ် ။ ဂျယ်မင်းကလည်း သူ့အပေါ်ပြုံးပြလာတယ် ထင်တာပဲ ။
" ဒေါက်တာဂျယ်မင်း .. ကျွန်တော် အဲ့ဒီလို ခေါ်လို့ဖြစ်တယ်မလား"
ဂျယ်မင်း မျက်လုံးတွေ ဝိုင်းသွားတယ် ။ ဒါကို ပထမဆုံး ကြားဖူးတာပဲ ။ ဒေါက်တာနာ / ဌာနမှူးနာ / စီနီယာ / ဒေါက်တာ နာဂျယ်မင်း တွေ မဟုတ်ဘဲ ဒေါက်တာဂျယ်မင်းဆိုတာက တစ်မျိုးတော့ ဖြစ်တယ် ။
" မထူးဆန်းနေဘူးလား .."
" ဒီအတိုင်း ဒေါက်တာနာဆိုတာက ခေါ်ရတာ ထောက်ပြီး ဒေါက်တာ နာဂျယ်မင်းလို့ ခေါ်ရင်ကျ ပိုခက်တယ်ထင်လို့ပါ ။ တရင်းတနှီးဖြစ်တာ ပိုမကောင်းဘူးလား ။ ကျွန်တော်က သဘောကျတဲ့သူတွေကိုဆို နာမည်တပ်ခေါ်ရတာ ပိုကြိုက်လို့ "
ဂျယ်မင်းက အဖြေပြန်မပေးဖြစ်တော့ဘူး ။ အသည်းပုံတွေ ထွက်လာသလို အကြည့်တွေနဲ့ တည့်တိုးကြီး ပြောနေတဲ့ ရှေ့ကလူကို လုပ်ချင်တာသာ လုပ်တော့ဆိုတဲ့ အကြည့်ပဲ ပေးလိုက်တော့တာ ။ တွေ့တာဖြင့် ဘယ်နှခါရှိသေးလို့လဲ တကယ်ပါပဲ ။ လုပ်ချင်တိုင်းကို လုပ်နေတော့တာလေ ။
_____
" ဘာဒဏ်ရာပဲရရ ကျွန်တော့်ကို ပြဖို့ ကြောက်မနေ စိုးရိမ်မနေနဲ့ " ဆိုတာရဲ့ အကျိုးဆက်ကို ဂျယ်မင်း ဆက်တိုက်ခံစားရတာက ဟိုလူနာ ဆေးရုံဆင်းသွားကတည်းကပဲ ။
အဲ့တာမတိုင်ခင် အဲ့ဒီအီဂျဲနိုက ဆေးရုံကို နေ့တိုင်းနီးပါးလည်း လာပြီး ဂျယ်မင်းအထင် မလာဖြစ်တာ တစ်ရက်ပဲ ရှိခဲ့တယ် ထင်တယ် ။
အခု ဖြစ်နေတာကတော့ နှစ်ရက်တစ်ခါလောက် ဒဏ်ရာ ပိစိလေးတွေ ရသမျှ သူ့လက်အောက်ငယ်သားအကုန် ဂျယ်မင်းဆီ ရောက်လာတော့တာလေ ။
လာတိုင်းလည်း အမြဲ အုပ်ထိန်းသူနေရာက အီဂျဲနိုလို့ ဖြစ်နေတာ ။
ပြီးတော့ တစ်ခါလာတိုင်း မုန့်ရယ် ၊ ပန်းစည်းရယ် ဂျယ်မင်းရဲ့ အခန်းထဲက စားပွဲပေါ် ရောက်ရောက်နေတတ်တာနဲ့တင်ပဲ အရိပ်ပြရုံမကလို့ အကောင်ကြီးပါ ပြနေတော့တာကို သိလိုက်တယ် ။
" ဒီတစ်ခါရော ဘာလဲ "
" သူလေ .. ဖျားနေလို့ "
စစ်ဆေးရုံကို သွားလေလို့ ပြောပြန်ရင်လည်း စကားမတည်တဲ့ ဆရာဝန်ဖြစ်တော့မှာကြောင့် ဂျယ်မင်းက မပြောလိုက်နိုင်ရဘူး ။ တကယ်လည်း ဖျားနေတာကြောင့် ဆေးတွေပေး နေရာတွေပေးနဲ့ သူ့အလုပ်မဟုတ်ဘဲကို လုပ်ပေးနေရတော့တာ ။
" ဒါနဲ့ ခင်ဗျား ကျွန်တော်က EMကလူ မဟုတ်တာကိုရော သိတယ်မလား "
Scheduleတွေ ဘယ်သူပေးထားလို့ သူEMကို ရောက်တိုင်း ဒီလူရောက်နေရတာလဲဆိုတာကိုတော့ မေးစရာ မလိုလောက်တော့ပါဘူး ။ ဒီဘက်ကို လှည့်မကြည့်ဘဲ ဟိုယောင်ယောင် ဒီယောင်ယောင်နဲ့ ဂျီဆောင်းက ဂျယ်မင်းကို သစ္စာသာ ဖောက်တာ ... ကြောက်တာကိုး ။
" အာ .. ကျွန်တော် ဒီနေ့ ယူလာတာက ပူတင်းကိတ်နဲ့ နွားနို့ ။ သေချာပေါက် ဆေးရုံက နွားနို့မဟုတ်ဘဲ ပိုကောင်းတဲ့ နေရာကမို့ ကောင်းကောင်းသောက်ပြီး သေချာနားလိုက်နော် ။ ကျေးဇူးတင်ပါတယ် "
သူ ဘာမှမပြောရသေးခင် ဝရုန်းသုန်းကား ထွက်သွားတဲ့လူကို ကြည့်ပြီး ဂျယ်မင်းက ပြုံးမိရတယ် ။
တကယ်ပါပဲ မဟုတ်တဲ့ နေရာကျ သတ္တိတွေရှိနေပြီး သူ့အပေါ်ကျ အူကြောင်ကြောင်နဲ့ ။
အင်း ... ချစ်စရာတော့ ကောင်းပါတယ် ။
Continua a leggere
Ti piacerà anche
612K 9.5K 88
A text story set place in the golden trio era! You are the it girl of Slytherin, the glue holding your deranged friend group together, the girl no...
CLOUD Da Berry
Storie brevi
6.1K 547 10
3.3K 453 10
Your lips taste like sour peach🍑
196K 19.2K 24
"𝙏𝙤𝙪𝙘𝙝 𝙮𝙤𝙪𝙧𝙨𝙚𝙡𝙛, 𝙜𝙞𝙧𝙡. 𝙄 𝙬𝙖𝙣𝙣𝙖 𝙨𝙚𝙚 𝙞𝙩" Mr Jeon's word lingered on my skin and ignited me. The feeling that comes when yo...