ရှောင်ပုန်းဖို့မကြိုးစားနဲ့ ⧼...

By AvocadojuiceO_2

75.1K 8.1K 569

Start date _ 15/3/2023 End date - I don't own this novel and cover art. Just a fan translation. All credit t... More

Synopsis
1
1 Zawgyi
2
2 Zawgyi
3
3 Zawgyi
4
4 Zawgyi
5
5 Zawgyi
6
6 Zawgyi
7
7 Zawgyi
8
8 Zawgyi
9
9 Zawgyi
10
10 Zawgyi
11
11 Zawgyi
12
12 Zawgyi
13
13 Zawgyi
14
15
16
17
18
Story Glory
19
20
22
23
24
24.1 အချစ်ဆုံးသူငယ်ချင်း
25

21

1.1K 178 23
By AvocadojuiceO_2

Chapter 21: သူကပြောတယ် ငါကမင်းကိုတိတ်တခိုးသဘောကျနေတာပါတဲ့

•••••••

အိပ်ရာမှနိုးလာပြီးနောက် ယဲ့ယောင်အခန်းထဲကထွက်လာသည့်အခါ  သူ့အဖေနဲ့အတူ ထမင်းစားပွဲ၌ပန်းကန်များကို နေရာလိုက်ချနေသောလုရွှမ်းအားတွေ့လိုက်ရသည်။ မြင်ကွင်းတစ်ခုလုံးက အလွန်ပင်သဟဇာတဖြစ်လျက်။

ယဲ့ယောင်ထွက်လာတာမြင်တော့ လုရွှမ်းကခေါက်ဆွဲတစ်ပန်းကန်ကိုကောက်မကာ ယဲ့ယောင်ရှေ့ချပေးလိုက်သည်။

"မကျက်တကျက်ပြုတ်ထားတဲ့ဥတွေ မင်းမကြိုက်မှန်းသိလို့ ငါမင်းအတွက် ကြက်ဥအကျက်ပြုတ်တစ်လုံး လုပ်ပေးထားတယ်" လုရွှမ်းသူ့မျက်ခုံးကိုပင့်လိုက်သည်။

"ရှောင်လုကလေ  တကယ်ကိုစဥ်းစားတတ်၊ တွေးပေးတတ်တဲ့ကလေး။အနာဂတ်မှာမင်းနဲ့လက်ထပ်မှာ ဘယ်လိုမိန်းကလေးပဲဖြစ်ဖြစ်၊ သူမကတော့တကယ်ကိုကောင်းချီးပေးခံရတာပဲ! " ယဲ့ယောင်အဖေက သက်ပြင်းချလျက်။

"မဟုတ်ပါဘူး၊ မဟုတ်ပါဘူး" ရိုးရိုးကုပ်ကုပ်ပုံစံလေးနှင့် လုရွှမ်းစကားဆိုသည်။ "ကျွန်တော်က ငယ်ငယ်လေးကတည်းက အမြဲတမ်းနူးညံ့ပြီးထောက်ထားညှာတာတတ်တယ်လေ ပြီးတော့လူတွေကိုလည်း အမြဲတမ်းဂရုစိုက်ပေးနေကျ"

ယဲ့ယောင် : "......"

ဒါဘာရှိုးပွဲအစီအစဥ်လဲ?

ဒီကောင်ဘာအကွက်တွေကစားနေလဲတော့ ယဲ့ယောင်မသိပေမဲ့ သူ့ထက်အကြီးတွေရှေ့မှာ လုရွှမ်းကရှိုးပြချင်နေတာဆိုတော့ ယဲ့ယောင်သူ့ကို ရန်မစတော့ချေ။

ပုံမှန်အတိုင်းပဲ ခေါက်ဆွဲစားရန်ယဲ့ယောင်ထိုင်ချလိုက်တယ်။ လုရွှမ်းကသူ့ရဲ့မျက်နှာအမူအရာကို  သေချာစွာစောင့်ကြည့်နေရင်း သူ၏'ဂရုစိုက်ချင်း'အပြုအမူမှာ  အလုပ်မဖြစ်ကြောင်းသိလိုက်ရသည်။

ယဲ့ယောင်နဲ့သူအတူရှိလာတာကြာပြီ။ ထိုပုဂ္ဂိုလ်လေးက ဘယ်လိုလူမျိုးလဲဆိုတာ သူသိပ်သိတာပေါ့။ သူ့ရဲ့ပုံရိပ်ကိုယာယီပြောင်းလဲလိုက်ချင်တာက အလွန်ပင်ရုတ်တရတ်ဆန်ကာ သဘာဝမကျဖြစ်နေပေလိမ့်မည်။

သူ့ပုံရိပ်ကို ယဲ့ယောင်ရဲ့စံပြမိန်းကလေးပုံစံအတိုင်း ဘာလို့မှီငြမ်းချင်နေရတာလဲ?

အဲ့ဒါကသေချာပေါက်ကို ဘယ်အချိန်ပေါ်လာမယ်မှန်းမသိသည့် ယဲ့ယောင်ရဲ့စံပြမိန်းကလေးပုံစံနဲ့  သူ့ကိုယ်သူနှိုင်းယှဥ်မခံနိုင်တာကြောင့်ပင်။ သူပိုကောင်းကောင်းလုပ်နေသရွေ့ ယဲ့ယောင်ရဲ့အမြင်တွေမှာလည်းပိုမြင့်လာမှာပင်။ အဲ့လိုဆို ယဲ့ယောင်ကသူ့အကြိုက်မိန်းကလေးကို  ဘယ်တော့မှမတွေ့နိုင်တော့မည့်ဖြစ်နိုင်ချေမှာ ပိုများလာပေလိမ့်မည်။ ယဲ့ယောင်ကသူတစ်ယောက်တည်းနဲ့ပဲ သေသည်အထိအတူတူရှိသွားပေလိမ့်မည်။

သူတို့နှစ်ယောက်အတူရှိနေဖို့အတွက် လုံလောက်နေပြီ။ ဘယ်သူမှကြားဝင်စွက်ဖက်စရာမလို။

သူ့ရဲ့ဇာတ်ကောင်စရိုက်နဲ့လိုက်ဖက်ညီအောင် ‘နူးညံ့ကြင်နာမှု’ဟူသည့်နည်းလမ်းအား တပ်ဆင်ထားဖို့လိုအပ်လေသည်။ တကယ်တော့ သူတစ်ဝက်လောက်ပြီးနှင့်ထားသည့်အရာရှိသည်။ အဲ့ဒါကယဲ့ယောင်ရဲ့မွေးနေ့လက်ဆောင်ပင်။

ယဲ့ယောင်ခေါက်ဆွဲစားခြင်းကို အပြီးသတ်ပြီးသည့်နောက် လုရွှမ်းကအနားသို့ကပ်လာသည်။

"ယဲ့ကော၊ ဒီရက်အတွင်း ငါ့အိမ်ကိုအတူပြန်မယ်နော် အိုကေ? ငါမင်းကိုပေးချင်တဲ့ မွေးနေ့လက်ဆောင်က အိမ်မှာရှိနေတာ" လုရွှမ်းကခဏလောက်တွေးပြီးနောက် ထပ်ဖြည့်လိုက်သည်။ "ဒါပေမဲ့  မင်းမလိုက်ချင်ဘူးဆိုရင်လည်း ငါသူတို့ကိုဒီကိုပို့ပေးဖို့ပြောလိုက်မယ်"

ယဲ့ယောင်သည် ဒီတစ်ခေါက်ကလုရွှမ်းအိမ်မှာသွားကစားတာ နောက်ဆုံးအကြိမ်ဖြစ်နိုင်ကြောင်းခံစားမိတာကြောင့် သူခေါင်းညိတ်လိုက်သည်။ "အိုကေ  ငါတို့မှာအချိန်ရှိတုန်းလေး ပျော်စရာတွေရှာရတာ မကောင်းတာတော့မဟုတ်ပါဘူး။ မင်းမိဘတွေကိုလည်း ဂါရဝပြုချင်သေးတယ်။ လနှစ်သစ်ရဲ့၇ရက်မြောက်နေ့ပြီးရင် သွားကြတာပေါ့။ အဲ့ရက်ဆိုအဆင်ပြေလား?"

လုရွှမ်းမှာ အလျင်အမြန်ပဲ သူ၏ဩဇာလွှမ်းမိုးမှုနှင့်ပိုက်ဆံကိုအသုံးပြုကာ ခရီးအပြေးအလွှားသွားကြသည့် နွေဦးပွဲတော်အတွင်း လနှစ်သစ်ရဲ့၈ရက်မြောက်နေ့အတွက် လက်မှတ်နှစ်စောင်ကြိုတင်ဘိုကင်လုပ်လိုက်သည်။ ထို့နောက်ယဲ့ယောင်ရဲ့ပုခုံးကိုပွေ့ဖက်ကာ ပျော်ရွှင်စွာဖြင့် "မင်းအတွက်ဘာလက်ဆောင်ပြင်ထားလဲ  ခန့်မှန်းကြည့်?"

အရင်နှစ်တွေတုန်းက လုရွှမ်းရဲ့ပြုလုပ်ပုံတွေကိုအကြောင်းပြု၍ ယဲ့ယောင်ခန့်မှန်းကြည့်လိုက်တယ်။ "မင်းကိုယ်တိုင်ဒီဇိုင်းဖော်ထားတဲ့  လည်နေတဲ့ခရစ်စတယ်ဘောလုံးလား? သစ်သားရဲတိုက်ပန်းပုလား? ဒါမှမဟုတ်မင်းစိုက်ပျိုးထားတဲ့ စတော်ဘယ်ရီခြံက အသီးတွေနဲ့လုပ်ထားတဲ့ စတော်ဘယ်ရီယိုလား?"

လုရွှမ်းညင်သာစွာနှာရှုံ့လိုက်သည်။ "ပေါက်ကရတွေကွာ၊ ဘယ်သူကအရင်ပေးထားပြီးသားဟာတွေ လက်ဆောင်ပြန်ပေးလို့လဲ။ မင်းနှလုံးသားထဲမှာ ငါကအဲ့လိုမရိုးမသားလူလား?"

"ငါသာခန့်မှန်းနိုင်ရင်  ဘယ်လိုလုပ်လျှို့ဝှက်ဆန်းကြယ်ဖြစ်တော့မလဲ?" ယဲ့ယောင်ကပြောသည်။

ဒါလည်းဟုတ်တာပဲ၊ ဒါကြောင့်လုရွှမ်းက ယဲ့ယောင်ကိုဆက်မမေးတော့ပဲ လက်ဆောင်ကိုအသုံးပြုတဲ့အခါကျ ယဲ့ယောင်ဖြစ်နေမယ့်ပုံစံလေးကိုတွေးရင်း သူ့စိတ်ထဲမြင်ယောင်နေလိုက်သည်။

သူ၊ လုရွှမ်းက နူးညံ့ပြီးဂရုစိုက်ပေးတတ်တဲ့ယောက်ျားဖြစ်ကာ စကေးအသစ်တွေကို တမင်သင်ယူပြီး မွေးနေ့လက်ဆောင်အဖြစ်ယဲ့ယောင်အတွက် ပန်းရောင်ဆွယ်တာလေးကို သိုးမွေးထိုးထားခဲ့သည်။

ဆောင်းရာသီအားလပ်ရက်စတင်ပြီးနောက် ယဲ့ယောင်အိမ်ကိုသူထွက်မလာခင် လုရွှမ်းမှာယဲ့ယောင်အတွက် ထိုလက်ဆောင်ကိုပြင်ဆင်ရင်းနှင့်  အလွန်ပင်အလုပ်ရှုပ်နေခဲ့သည်။ ထိုအချိန်တုန်းက သူ့အတွေးမှာအလွန်ပင်ရိုးရှင်းပါလေ၏။ သူကိုယ်တိုင်သိုးမွေးထိုးထားသည့်ဆွယ်တာကို ယဲ့ယောင်ဝတ်ဆင်မှာဆိုသည့်အတွေးက သူ့ကိုအလွန်ပင်ပျော်ရွှင်စေကာ အိပ်လို့တောင်မပျော်နိုင်ခဲ့။

အခုပြန်ကြည့်ကြည့်တော့ မိန်းကလေးတွေသူတို့ချစ်သူရည်းစားတွေအတွက် အအေးဒဏ်ခံနိုင်ကာနွေးထွေးစေရန် အင်္ကျီလေးတွေသိုးမွေးထိုးပေးကြသည့်အပြုအမူကို နူးညံ့သိမ်မွေ့မှုလို့ခေါ်ကြတာပဲ။ သူ့ရဲ့အဓိကရည်ရွယ်ချက်က ယဲ့ယောင်ကိုအအေးဒဏ်မှကာကွယ်ဖို့ရန်မဟုတ်သော်လည်း သူ့အပြုအမူတွေကတူညီနေဆဲပင်။

ဒီကိုမလာခင် ဆွယ်တာရဲ့တစ်ဝက်ကျော်ကျော်လောက်ကို သူအပြီးသတ်ထိုးပြီးပြီဖြစ်ရာ နောက်တစ်ဝက်ကိုတော့ သူအိမ်ပြန်ရောက်တဲ့အခါကျ အပြီးသတ်မှာပင်။ ယဲ့ယောင်ရဲ့မွေးနေ့ညမှာ သူကိုယ်တိုင် သိုးမွေးထိုးပေးထားသည့်ဆွယ်တာကို ယဲ့ယောင်အားဝတ်စေချင်သည်။ ယဲ့ယောင်ရဲ့လက်ကိုကိုင်ကာ ကိတ်မုန့်အတူခွဲမည်။ ပြီးရင်ဓာတ်ပုံတွေအများကြီး အများကြီးရိုက်ပစ်မည်။

ထိုအုပ်စုဓာတ်ပုံတွေအကုန်လုံးကို သိမ်းဆည်းထားပြီး အသက်ကြီးလာသည့်အခါ ထိုဓာတ်ပုံတွေကိုထုတ်ကြည့်ခြင်းဖြင့် ငယ်ဘဝကိုအတူတကွပြန်လည်တမ်းတလို့ရပေမည်။

ထိုကဲ့သို့သောမြင်ကွင်းမျိုးကို မြင်ယောင်ရင်း လုရွှမ်းမှာကျေနပ်အားရစွာ ပြုံးလိုက်ပါတော့သည်။

*******

လနှစ်သစ်ရဲ့၇ရက်မြောက်နေ့ပြီးသည့်နောက် ရုံးအလုပ်သမားများမှာ ပုံမှန်အတိုင်းအလုပ်သို့ပြန်သွားကြရပြီး လုရွှမ်းနဲ့ယဲ့ယောင်မှာလည်း လုရွှမ်းအိမ်သို့လေယာဉ်စီးလာခဲ့ကြသည်။

လုရွှမ်းရဲ့ကားက လေဆိပ်အပြင်တွင်စောင့်နေပြီးဖြစ်ကာ လုရွှမ်းနဲ့ယဲ့ယောင်ကို လုရွှမ်းရဲ့mid-levelဗီလာသို့ တိုက်ရိုက်ပဲခေါ်ဆောင်သွားတော့သည်။

လုပါးပါးနဲ့လုမားမားနှစ်ယောက်လုံးက အလွန်အလုပ်များသူများဖြစ်ကာ ဟိုးအရင်အချိန်တွေကတည်းက အလုပ်ကိစ္စအမျိုးမျိုးကိုစတင်ခဲ့ကြတာကြောင့် ဗီလာ၌ချက်ပြုတ်ခြင်းနှင့် သန့်ရှင်းရေးကိုတာဝန်ယူရသည့် ဝန်ထမ်းမှလွဲ၍အခြားမည်သူမျှမရှိချေ။

လုရွှမ်းရဲ့အိမ်၌ အခန်းများစွာရှိနေလေရာ သူတို့နှစ်ယောက်တစ်ကုတင်ထဲ ဖျစ်ညှစ်တိုးဝှေ့၍အိပ်စရာမလို။ ယဲ့ယောင် လုရွှမ်းအိမ်ကိုပထမဆုံးလာတုန်းက အရင်သူနေခဲ့ဖူးသည့်အခန်းကို ရွေးလိုက်သည်။

"ဒါကတကယ်ကို အရမ်းလွန်တာပဲ၊ ငါတို့ကအခန်းခွဲပြီးအိပ်ရအောင် ငါတို့ရဲ့ဆက်ဆံရေးကဘယ်လိုမျိုးမို့လို့လဲ။" လုရွှမ်းအကြိမ်အနည်းငယ်လောက် ကန့်ကွက်နေခဲ့ပြီးနောက် ဘာပြင်းထန်တဲ့ကန့်ကွက်ချက်မှမလုပ်တော့ပဲ ယဲ့ယောင်ကိုသူ့အခန်းနဲ့အနီးဆုံး ဧည့်သည်ခန်းထဲသို့ခေါ်သွားလိုက်တော့သည်။

တကယ်တော့ သူထိုးလက်စသိုးမွေးဆွယ်တာကို ည၌တိတ်တဆိတ်အပြီးသတ်ရမှာပင်။ ထိုအချိန်အတောအတွင်းမှာပဲ သူယဲ့ယောင်ကိုတစ်ယောက်တည်းအိပ်စေခြင်းဖြင့် ယာယီတလွဲတွေးစေနိုင်သည်။

ယဲ့ယောင်ရဲ့ခရီးဆောင်အိတ်ကို ကူသယ်ပေးရင်းဖြင့် လုရွှမ်းတစ်စုံတစ်ရာတွေးနေခဲ့ပြီးနောက် ယဲ့ယောင်ကိုပြောလိုက်တယ်။ "ဒီအတောအတွင်း ငါ့ဝမ်းကွဲလာလည်လောက်တယ်။ မင်းသူ့ကိုကြည့်လို့ရရင် ဂရုစိုက်ပေးလိုက်၊ မလုပ်ချင်ဘူးဆိုလည်း လျစ်လျူသာရှုလိုက်။ သူ့ကိုဧည့်ခံဖို့ မင်းကိုယ်မင်းတွန်းအားပေးစရာမလိုဘူး။"

ယဲ့ယောင် လုမင်ကိုမှတ်မိနေသေး၍ ပြုံးလိုက်တယ်။

"သူ့ကိုတွေ့လျက်နဲ့ လှည့်ထွက်သွားဖို့ကမဖြစ်နိုင်ဘူးလေ။ အရမ်းရိုင်းရာကျသွားမှာပေါ့" ယဲ့ယောင်မေးလိုက်တယ်။ "သူ့မှာဘာဝါသနာတွေရှိလဲ?"

လုရွှမ်း မျက်မှောင်ကြုတ်လိုက်တယ်။ သူကအတော်လေး စိတ်သဘောထားသေးသိမ်ပါတယ်။ ယဲ့ယောင်သူ့ကိုမေ့ပြီး အခြားသူတွေနဲ့ပျော်ပျော်ရွှင်ရွှင်စကားပြောမှာကို သူမလိုလားဘူး။

"သူ့မှာ ဘာဝါသနာမှမရှိဘူး" လုရွှမ်းက ဝေဝေဝါးဝါးနဲ့ပြောလာတယ်။  "မင်းသူ့ကိုတွေ့ရင် ငါ့ကိုခေါ်လိုက်၊ ငါလာတာစောင့်နေရင်းနဲ့ သူနဲ့ပေါ့ပေါ့ပါးပါးစကားပြောလို့ရတယ်။ အရင်ကငါပြတဲ့လမ်းညွှန်တွေကို ဖတ်ခိုင်းခဲ့ဖူးတယ်မဟုတ်လား? တစ်စုံတစ်ယောက်ဂေးနေတာကို ဘယ်လိုဖော်ထုတ်မလဲဆိုတာလေ? အဲ့ဒါတွေကသူရေးထားတာ။ မင်းသူ့ကို အဲ့အကြောင်းတွေမေးလို့ရတယ်"

လုရွှမ်းက သာမန်ကာလျှံကာပြောလိုက်ပေမဲ့ ကြားလိုက်ရတဲ့ယဲ့ယောင်မှာတော့ ကြောင်အသွားလေသည်။

"...... မင်းပြောတာက၊ ဘယ်သူအဖြောင့်မဟုတ်ဘူးလဲကိုဖော်ထုတ်တဲ့နေရာမှာ သူကအရမ်းတော်တယ်လား?" ယဲ့ယောင်က အသံနက်နက်နဲ့မေးလိုက်တယ်။

"အင်း၊ အဖြောင့်ယောင်ဆောင်ပြီး တကယ်တော့ငါ့ကိုကြိုက်နေတဲ့လူတစ်ယောက် ငါ့အနားမှာရှိခဲ့ဖူးတယ်။ အဲ့ဒါတစ်ခုခုတော့မှားနေပြီဆိုတာ အရင်ရှာတွေ့ခဲ့တာသူပဲလေ" လုရွှမ်းကပြန်ပြောလေတယ်။

ယဲ့ယောင်  မသိမသာမျက်မှောင်ကြုတ်လိုက်တယ်၊ သူနဲ့လုမင်စတွေ့ဆုံခဲ့တဲ့နေ့၊ သူနဲ့လုရွှမ်းရဲ့အပြုအမူတွေ၊ လုမင်နဲ့သူသီးခြားစကားပြောခဲ့တာတွေကို ပြန်မတွေးပဲမနေနိုင်တော့။

ထိုအချိန်တုန်းက ဘာကမှားယွင်းနေတယ်ဆိုတာ သူသတိမထားမိခဲ့။ ဒါပေမဲ့အခုတော့ ထိုအချိန်ကလုမင်နဲ့စကားဝိုင်းကို ပြန်တွေးရင်းဖြင့် လုမင်ရဲ့တခြားလက္ခဏာတွေကို သူသိလာရသည်။ နေရာတိုင်းလိုလိုတွင် ထောက်ချောက်များရှိနေတာကို  သူသိလိုက်ရတော့သည်။

သူဖော်ထုတ်ခံလိုက်ရပြီလား?

"ငါသိပါပြီ" ယဲ့ယောင်မျက်ခုံးတွေပြေလျော့လိုက်ကာ နောက်တစ်ဖန်ပြုံးလိုက်တယ်။ "ဒါဆို ငါသူနဲ့ဒီအကြောင်းတွေကို စကားကောင်းကောင်းပြောလိုက်ပါမယ်"

*******

သိပ်မကြာခင်မှာပဲ လုမင်ကိုထပ်တွေ့ရလိမ့်မယ်လို့ ယဲ့ယောင်မမျှော်လင့်ထားခဲ့ဘူး။

မနက်ခင်းအစောပိုင်းတစ်ခု၌ သူနိုးလာပြီးရေဆာတာကြောင့် ရေသောက်ရန်အောက်ထပ်ဆင်းလာခဲ့တယ်။ လုရွှမ်းလည်း မနိုးသေးချေ၊ မနက်စာအတွက်တာဝန်ကျသည့် စားဖိုမှူးတစ်ယောက်တည်းသာ အောက်ထပ်၌နိုးကြားတက်ကြွနေသည်။

ထိုကဲ့သို့တိတ်ဆိတ်ငြိမ်သက်နေသည့် မနက်ခင်း၌ ယဲ့ယောင်ထမင်းစားခန်းထဲသို့ လျှောက်ဝင်လာသည့်အခါ စားပွဲ၌ထိုင်၍ ပုစွန်ဖက်ထုပ်ပေါင်းများစားနေသည့်လုမင်ကို သူတွေ့လိုက်ရတော့သည်။

လုမင်သည်လည်း သူ့ကိုတွေ့သည့်အခါ ကြောင်အသွားပြီး သူအမူအရာမှာ အနည်းငယ်အံ့ဩသွားသည့်ပုံပင်။

စားဖိုးမှူးထံမှ ရေတစ်ခွက်ကိုယူပြီးနောက် ယဲ့ယောင် အခန်းကိုမပြန်ဖြစ်ခဲ့၊ ထိုအစား လုမင်ရဲ့ဆန့်ကျင်ဘက်၌ဝင်ထိုင်လိုက်၏။ "မတွေ့တာကြာပြီနော်"

"တကယ့်ကိုကြာပြီပေါ့၊ အားလပ်ရက်တွေမတိုင်ခင်က ကျွန်တော်တို့တွေ့ခဲ့တာနောက်ဆုံးပဲလေ" လုမင်မှတ်မိနေဆဲပဲ သူ့ရဲ့ရည်ရွယ်ချက်ပန်းတိုင်က ယဲ့ယောင်ဟာအဖြောင့်လား၊ အကွေးလားဆိုတာရှာတွေ့ဖို့ပင်။ နောက်ဆုံးတစ်ခေါက်သူတို့ဆုံခဲ့တုန်းက သူ့ထံ၌ဝေဝေဝါးဝါးသံသယတွေရှိခဲ့သည်။  အခုချိန်တွင်တော့ ပိုလို့တောင်သိသိသာသာနဲ့ ရှင်းလင်းသွားလေတယ်။ အဲ့ဒါကသူ့ကို တကယ်ကြီးအံ့အားသင့်သွားစေ၏။

တခြားဘာအကြောင်းပြချက်မှတော့မဟုတ်ဘူး။ ယဲ့ယောင်ရဲ့ညဝတ်အင်္ကျီက ခန္ဓာကိုယ်နဲ့ကောင်းကောင်းမတော်ပဲ  နည်းနည်းလေးကြီးနေသလိုပင်။ သူဝတ်ထားတာ .......လုရွှမ်းရဲ့ညဝတ်အင်္ကျီနဲ့တူတယ်။

ချောင်ကျနေသည့်အဝတ်များသည် ယဲ့ယောင်ရဲ့ခန္ဓာကိုယ်နဲ့နီးကပ်စွာဝတ်ဆင်ထားတာကြောင့် သူ့ရဲ့ရုပ်သွင်ကို ပိုလို့ပင်ပိန်ပါးပြီးသေးသွယ်စေသည်။ ညှပ်ရိုးရဲ့သေးငယ်သည့်အပိုင်းလေးကို ကော်လာဖြင့်ဖုံးကွယ်ခြင်းမရှိပဲ ထင်ရှားပေါ်လွင်စေကာ ဖြူဖွေးသောအသားအရည်ပေါ်၌  အရိပ်များ၏အလင်း၊အမှောင် အတက်အကျများကိုဖြစ်ပေါ်စေသည်။

လုမင်မှာ အဖြောင့်တစ်ယောက်ဖြစ်သော်လည်း ထိုကဲ့သို့သွေးဆောင်ဖျားယောင်းမှုအောက်ဝယ် အနီးကပ်ရင်ဆိုင်ရသည့်အခါ သူ့မျက်လုံးတွေက ဘယ်နေရာကိုကြည့်ရမည်မှန်းမသိတော့ချေ။

"ကောရဲ့ညဝတ်အင်္ကျီက ...... နည်းနည်းကြီးနေသလိုပဲ?" လုမင်  တုံ့ဆိုင်းတုံ့ဆိုင်းဖြင့်ပြောလိုက်သည်။

ယဲ့ယောင်ရေခွက်ကိုကိုင်ကာ တစ်ငုံသောက်လိုက်တယ်။ သူ့လက်ကိုမြှောက်လိုက်သည့်အခါ ကျယ်နေသောအင်္ကျီလက်များက ပြုတ်ကျလာပြီး ပါးလျသောလက်ကောက်ဝတ်လေးကို ပေါ်လွင်သွားစေသည်။

"အင်း၊ ကြီးနေတာ" ယဲ့ယောင်  ယောင်ယောင်လေးပြုံးလိုက်တယ်။ "လုရွှမ်းရဲ့ညဝတ်အင်္ကျီမို့လို့လေ။ ခရီးဆောင်အိတ်တွေအများကြီးကို သွားလိုက်ပြန်လိုက်နဲ့ သယ်သွားရမှာပျင်းလို့ သိပ်အရေးမကြီးတဲ့အဝတ်တွေကို သူ့ဆီကပဲငှားဝတ်လိုက်တော့တယ်"

ယဲ့ယောင်ရဲ့တုံ့ပြန်မှုမှာ အလွန်ပင်တဲ့တိုးဆန်ပြီး ပွင့်လင်းပေမဲ့ လုမင်မှာတစ်ခဏလောက် ဘယ်လိုပြန်ဖြေရမလဲမသိဖြစ်သွားခဲ့၏။

ပုံမှန်ဆို လုရွှမ်းကိုသဘောကျနေတဲ့လူတစ်ယောက်က လုရွှမ်းရဲ့အဝတ်တွေကိုဝတ်ဖို့ ဆင်ခြေရှာတတ်ပေမဲ့ သူပိုပြီးတော့တော့ သတိထားသင့်တယ်မဟုတ်လား?

ဒါကဒီလိုဖြစ်လောက်သည်၊ ထိုလူကကိုယ့်ကိုယ်ကို ယုံကြည်မှုလွန်ကဲကာ အခြားလူများနှင့်မတူကွဲပြားကြောင်းတွေးရင် လုရွှမ်းကိုသူတစ်ဦးတည်းပိုင်ဆိုင်ကြောင်း ပြသချင်နေပုံပင်။

လုရွှမ်းရဲ့ အရင်ကသူငယ်ချင်းဟောင်းလိုမျိုးပေါ့။

လုမင်ခဏရပ်လိုက်ပြီးနောက် ပြန်ဖြေလာတယ်။ "ကောမှာသူနဲ့ တော်တော်လေးကောင်းတဲ့ဆက်ဆံရေးရှိတာပဲနော်။ ကောသိလား၊ သူကသူ့အဝတ်တွေကို တခြားသူတွေဝတ်ဖို့ဘယ်တော့မှ ငှားတာမဟုတ်ဘူး"

"ငါနဲ့သူ့ကြားကဆက်ဆံရေးက သာမန်သူငယ်ချင်းတွေထက်ပိုကောင်းတယ်လေ၊ အဲ့ဒါကြောင့်သူကငါ့ကိုငှားဝတ်ဖို့ဆန္ဒရှိတာပေါ့"ယဲ့ယောင်ပြန်ဖြေလိုက်တယ်။

စကားတစ်ခွန်းတည်းဖြင့် လုမင်ရဲ့အချက်ပေးသံမှာ တိုက်ရိုက်ပဲမြည်ဟည်းလာ၏။

တစ်ခြားသူငယ်ချင်းတွေနဲ့မတူတဲ့ သူ့ရဲ့ဆက်ဆံရေးကိုအသေးစိတ်အချက်အမျိုးမျိုးနဲ့ပြပြီး အဖြောင့်တစ်ယောက်နဲ့ဆက်ဆံရေးကောင်းတစ်ခုကို ဂုဏ်ယူနေတယ်။ ဒါဟာ သူတမင်တကာအလွန်အကျွံတွေးနေတာမဟုတ်၊ ဒီလိုလူအများကြီးကို သူတကယ်တွေ့ခဲ့ဖူးသည်။

အဖြောင့်ကောင်တွေကိုချစ်မိကြသည့် ဂေးတစ်ချို့မှာ သူတို့အတူရှိနေစေချင်တာကြောင့် တစ်ဖက်လူကိုပါကွေးခိုင်းစေချင်ကြသည်။ ဂေးတော်တော်များများက သူတို့အောင်မြင်တော့မယ်လို့တွေးထင်တဲ့အခါ ဂုဏ်ယူပြီးထုတ်ဖော်ပြလေ့ရှိသည်။

သို့ပေမဲ့ ...... ဇာတ်လမ်းတွေရဲ့အဆုံးသတ်ကား တစ်ခါတလေမကောင်းလှ။ အဖြောင့်ကောင်တစ်ယောက်ဆိုသည်မှာ လုံးဝမကွေးသွားပေ၊ တစ်ဖက်လူကိုမျောက်တစ်ကောင်လို ဆော့ကစားနေရုံသာ။ ဒါမှမဟုတ်အဖြောင့်တစ်ယောက်ကွေးသွားပြီးရင် ခဏအကြာ၌ပြန်ဖြောင့်သွားတတ်ကြ၏။ နောက်ဆုံး၌ စစ်မှန်သောပျော်ရွှင်မှုဖြင့် အဆုံးသတ်ရသည့်လူများမှာ   အနည်းငယ်ထဲမှအနည်းငယ်မျှသာ။

လုရွှမ်း ယောက်ျားတွေကိုမကြိုက်တာလည်းမပြောနဲ့ ဒီလိုလုပ်ဖို့မလိုအပ်ပေ။

ထို့အတူ ထိုသို့ဖြစ်ပျက်သွားဖို့ဆိုတာက မဖြစ်နိုင်တာကြောင့် စောစောစီးစီးထွက်သွားတာက မှန်ကန်သောနည်းလမ်းတစ်ခုပင်။

"မင်းကဂေးယောက်ျားတွေနဲ့ပတ်သတ်ရင်  အရမ်းဆတ်ဆတ်ထိမခံဖြစ်တယ်လို့ လုရွှမ်းဆီကကြားဖူးတယ်?" ယဲ့ယောင်ပြောလိုက်တယ်။ "မင်းရေးထားတဲ့  ဂေးဖော်ထုတ်တဲ့နည်းလမ်းတွေကိုငါဖတ်ပြီးသွားပြီ။ တကယ့်ကိုအတော်လေးကောင်းတာပဲ"

"ဟမ်?" လုမင်တောင့်ခဲသွားတယ်။ "ကောဖတ်ပြီးသွားပြီလား?"

ယဲ့ယောင် မျက်နှာကိုလက်တစ်ဖက်နဲ့ထောက်ကာ ခေါင်းကိုအနည်းငယ်စောင်း၍ လုမင်အားကြည့်လိုက်သည်။ သူသည်မပြုံးနေသော်လည်း သူ၏မျက်ခုံးနှင့်မျက်လုံးများက အနည်းငယ်ကွေးကွေးလေးဖြစ်နေကာ ပန်းနုရောင်နှုတ်ခမ်းလေးတွေက ပြုံးနေသယောင်ယောင်။ "ဒါဆိုမင်းတစ်ခုခု  ရှာတွေ့ပြီလား? ဥပမာကွာ ...... လုရွှမ်းအနားမှာ လုရွှမ်းကိုတိတ်တိတ်လေးသဘောကျနေတဲ့ ဂေးတစ်ယောက်များရှိနေလား? ဆိုတာမျိုးပေါ့"

လုမင်မှာ ထိုမေးခွန်းကြောင့်အလွန်ပင်ထိတ်လန့်သွားကာ သူစားနေတဲ့ပုစွန်ဖက်ထုပ်ပေါင်းများထဲမှတစ်ခုမှာ မတော်တဆပြုတ်ကျသွားတော့သည်။

သူသည်မြေပြင်ပေါ်ကျသွားသောဖက်ထုပ်ကို  အလျင်အမြန်ကောက်ယူလိုက်ပြီး လူတစ်ကိုယ်လုံးကတော့ ကြောင်အအနှင့်တုန်လှုပ်နေတော့သည်။

ဒါက ...... ဒါကဝံပုလွေတစ်ကောင်က သူ့ကိုယ်သူဖော်ထုတ်ပြလိုက်တာလား?

ဒီစာကြောင်း၊ ယဲ့ယောင်ရဲ့အမူအရာတွေပါ ထည့်ပေါင်းလိုက်လျှင် လုံးဝမမှားနိုင်တော့ချေ!

"မင်း ......" လုမင်မှာတုံ့ဆိုင်းသွားပြီး တစ်ခဏတာလောက် အထစ်ထစ် အငေါ့ငေါ့ဖြစ်သွားပေမဲ့ ထပ်ပြောလာကာ နောက်ဆုံးမှာသူ့အသံကို နိမ့်ချလိုက်သည်။ "လုရွှမ်းကို ကျွန်တော်မပြောဘူး။ ဒါပေမဲ့ မင်းအခုကစပြီး ဝေးဝေးနေတော့။ လုရွှမ်းက အရူးမဟုတ်ဘူး။  ဒီလိုသာဆက်ဖြစ်နေမယ်ဆို အနှေးနဲ့အမြန်သူသိသွားမှာပဲ။ ဒါဆိုဖြေရှင်းဖို့ ခက်ခဲသွားလိမ့်မယ်။"

ယဲ့ယောင်မှာ ဒီဝမ်းကွဲလေးကိုစနောက်နေရတာကြောင့် ပျော်ရွှင်နေလေတယ်။ အဓိကရည်ရွယ်ချက်မှာ သူ့ရဲ့သံသယတွေကိုရှင်းလင်းဖို့ပင်။ အခုစနောက်ပြီးပြီဆိုတော့ သူတိုက်ရိုက်ပဲပြောလိုက်တယ်။

"သူငယ်ချင်းဆက်ဆံရေးကိုကျော်ပြီး ငါကသူ့အပေါ်တစ်ခြားခံစားချက်တွေရှိနေလိမ့်မယ်လို့ မင်းကဘာလို့ထင်ရတာလဲ?" ယဲ့ယောင်မှာ အလွန်ပင်တည်ငြိမ်နေသည်။ "ငါတို့အဖြောင့်ကောင်တွေက  ဒီလိုပဲ ပလဲပနံသင့်နေကျလေ။"

လုမင်မျက်နှာပေါ်က အမူအရာမှာ မဖော်ပြနိုင်လောက်အောင်ပေ။ "ဘယ်အဖြောင့်ကောင်တွေက  ဒီလိုမျိုးပလဲပနံသင့်နေလို့တုန်း၊ အဲ့လိုမျိုးရှိရဲ့လားလို့ အပြင်ထွက်ပြီးဘာလို့ တစ်ချက်လောက်သွားမကြည့်လဲ? အရင်တစ်ခေါက် ပန်းခြံသွားတုန်းက တစ်ခုခုတော့မှားနေတယ်လို့  ကျွန်တော်ခံစားနေရတာ!"

"မင်းကမယုံဘူးဆိုတော့ ငါနားထောင်ကြည့်မယ်လေ၊ အခုပဲသူ့ကိုပြောလိုက်ရမလား?" ယဲ့ယောင် ဖုန်းကိုကောက်ကိုင်လိုက်တယ်။

လုမင် : "?"

လုရွှမ်းရဲ့we chatကို  ယဲ့ယောင်ရှာလိုက်ပြီး အသံမက်ဆေ့ခ်ျတစ်ခုကို နှေးကွေးစွာပို့လိုက်သည်။ "လုရွှမ်း မင်းရဲ့ဝမ်းကွဲလေးကပြောတယ်။ ငါကဂေးတဲ့၊ ပြီးတော့မင်းကိုတိတ်တိတ်လေးကြိုက်နေတာပါတဲ့။ ဘာဖြစ်လို့လဲဆိုတော့ ပုံမှန်ဆိုအဖြောင့်တွေက ငါတို့နှစ်ယောက်လုပ်တဲ့အရာတွေလို မလုပ်ကြဘူးတဲ့လေ။ သူပြောတာလည်း အဓိပ္ပါယ်ရှိပါတယ်။ ငါအခုပဲထုပ်ပိုးပြီး ထွက်သွားတော့မယ်။"

လုမင် : "??"

လုရွှမ်းရဲ့ပြန်စာက အချိန်မဆိုင်းပဲ ရောက်လာသည်။ အဲ့ဒါကလည်း အသံမက်ဆေ့ခ်ျတစ်ခုပင်။ ယဲ့ယောင်ဖွင့်လိုက်တယ်။ လုရွှမ်းရဲ့အသံက ရေစက်လေးတွေကျဆင်းနေသလို အလွန်တရာနူးညံ့လို့နေပြီး သူ့နားထဲသို့ဝင်ရောက်လာသည်။ "သူနောက်နေတာပါ။ သူ့ကိုလျစ်လျူရှုလိုက်။ မနေ့ညက ငါစားဖိုမှူးကို ဒီမနက်မင်းအကြိုက်ဆုံး wontonတွေလုပ်ပေးဖို့ပြောထားသေးတယ်။ မင်း အဲ့ဒါလေးတွေကိုမြည်းကြည့်လိုက်ဦး၊ အကြိုက်တွေ့ရဲ့လားလို့"

လုမင်တစ်ယောက် ကြောင်အသွားလေ၏။ စားပွဲပေါ်တင်ထားသောဖုန်းမှာ တုန်ခါလာကာ သူကောက်ကိုင်လိုက်သည့်အခါ လုရွှမ်းကသူ့ကိုလည်း မက်ဆေ့ခ်ျတစ်စောင်ပို့ထားကြောင်း တွေ့လိုက်ရသည်။

စကားလုံးအတိုလေးများသာ ဖြစ်သော်လည်း တစ်လုံးချင်းစီတိုင်းက လူသတ်ဖို့ရန်ရည်ရွယ်ချက်များဖြင့် ပြည့်နှက်နေပြီး အခုလေးတင်ယဲ့ယောင်ထံ သူပို့ထားသည့်စကားလုံးများရဲ့နူးညံ့မှုနှင့် လုံးဝကိုဆန့်ကျင်ဘက်ပင်။

【မင်း! ဒီကိုလာခဲ့စမ်း! အခုချက်ချင်း;】


(T/N: Wontonကတရုတ်အစားအစာဖက်ထုပ်တစ်မျိုးပါပဲ)

××
Thanks for Reading
17/4/2024

Continue Reading

You'll Also Like

86.5K 11.5K 32
English Title: I Am a Straight Guy Working at A Gay Bar author: Helicopter type: web novel genre: comedy,slice of life,romance,yaoi Total Chapters :...
26.3K 238 4
Random ideas that I get. Feel free to give ideas also, it helps me a lot! :) I hope you enjoy!!
10.1K 697 7
ရက်စက်ကြမ်းကြုတ်ပြီးနိုင်လိုမင်းထက်ပြုတဲ့ခွေးရူး gong × အပျော်အပါးရှောင်တဲ့အလှလေး shou Alpha × Omega လွန်ခဲ့တဲ့ ၆နှစ်က ကျန်းရွှင်က ချင်းရုန်ကို အတင်...
52.8K 8.3K 69
Novel name-情终(End of love) Original author- 孤君(lonely king) total chapter- 113 chapters update schedule- Sat,Sun I don't own this work. All credit to...