တောင်သူကြီးရဲ့ ဇနီးလေး (Compl...

By Doh_Clover

90.3K 8.2K 85

... More

review
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
complete ✅
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49.1
Chapter 49.2
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61

Chapter 25

1.1K 115 1
By Doh_Clover

အခန်း ( ၂၅ )

အခုက နေ့ခင်းရောက်ပြီ ဖြစ်သည်။ တောင်ပေါ်တွင် အလုပ် လုပ်နေသူများမှာ ရွာသားများ ဖြစ်ကြသည်။ သစ်ပင်ခုတ်ခြင်းနှင့် သစ်မြစ်တူးခြင်းမှာ မတူညီသော သီးခြားအလုပ်များ ဖြစ်သည်။ သူတို့ အတော်များများက နေ့လယ်တွင် စားဖို့ အစာခြောက်များ ယူလာကြသည်။ ယခု သူတို့က တောင်စောင်းတွင် ထိုင်၍ ယူလာသော အစာခြောက်များကို စားနေကြသည်။

ဖူကွေ့က သူ၏ နဖူးမှ ချွေးတို့ကို သုတ်ရင်း ကြည့်လိုက်သော် သူ့ဇနီးလေးမှ သူ့အတွက် တစ်ခုခုကို ကိုင်ထားသည်ကို မြင်ပြီး သူ့လက်ထဲမှ ပုဆိန်ကို ဘေးနားသို့ အမြန်လွှတ်ချ၍ သူမထံ လျှောက်လာခဲ့သည်။

သူတို့ နှစ်ယောက် နေရာတစ်ခုရှာ၍ ထိုင်လိုက်ကြသည်။ ရွှီချောင်က သူမကိုင်ထားသည့် ပန်ကိတ်ကို ဖူကွေ့ထံ ကမ်းပေးလိုက်ပြီး ပြုံး၍ ပြောသည်။ "ပန်ကိတ်တွေက အခုမှ ဗန်းထဲက ထုတ်ခါစ၊ ရှင်ဗိုက်ဆာရင် ကျွန်မ သွားယူပေးမယ်၊ မြန်မြန်စား"

"မင်း မြောင်မြောင်နဲ့ အတူတူ မစားဘူးလား"

"စားပြီးပါပြီ၊ စိတ်မပူပါနဲ့၊ မြန်မြန်စား"

ဖူကွေ့က ကိတ်တုံးကြီး တစ်တုံးကို ယူလိုက်ပြီး နှစ်ကိုက်၊ သုံးကိုက်ဖြင့် အစာအိမ်ကြီးထဲသို့ ထည့်လိုက်သည်။ သူက ရွှီချောင်ရဲ့ လက်ထဲမှ ရေကျက်အေး နောက်တစ်ငုံ သောက်ပြီးနောက် ပန်ကိတ်ကို စားလိုက်သည်။ ပန်ကိတ် သုံးစိတ်ကို တစ်ထိုင်တည်း စားပြီးနောက် စားနေသည့် အရှိန် ကျလာတော့သည်။ သူ အလုပ် ပြင်းပြင်းထန်ထန် လုပ်ခဲ့သည်။ ဒီမနက် သူ သစ်ပင် ခြောက်ပင်ခုတ်ခဲ့ပြီး သစ်မြစ်တွေလည်း တူးခဲ့သေးသည်။ မနက်က သူစားခဲ့သည့် မနက်စာမှာ အချိန် အတော်ကြာ ကတည်းက ကုန်နှင့်ပြီ။

ပန်ကိတ် ငါးခု စားပြီးနောက်တွင် အိုးထဲမှ ရေကျက်အေး နောက်ဆုံး တစ်လုတ်စာကို သောက်လိုက်ပြီး စိတ်သက်သာရာစွာ သက်ပြင်းချလိုက်သည်။

သူ ဗိုက်ပြည့်သွားသည်ကို မြင်လျှင် ရွှီချောင်က သူ့လက်ထဲမှ ရေနွေးကရားကို ယူ၍ ပြုံးလိုက်သည်။ "ရှင် ပင်ပန်းနေပြီလား၊ ပင်ပန်းနေရင် အလုပ်ကို ပြင်းပြင်းထန်ထန် မလုပ်နဲ့"

ဖူကွေ့က ရယ်လိုက်ပြီး "မပင်ပန်းပါဘူး၊ တောင်နားက အပင်တွေက တောင်ပေါ်က အပင်တွေနဲ့ မတူဘူး၊ တောင်ပေါ်က အပင်တွေက ရှည်ပြီး လွန်းပေမဲ့ ဒီအပင်တွေက သွယ်ပြီး ခုတ်ရ လွယ်ပါတယ်" သူကပြောပြီး သူ့ဝမ်းကွဲတွေဘက်ကို ကြည့်လိုက်ပေမဲ့ ဘာမှတော့ မပြောပေ။ ရွှီချောင်က သူနဲ့ စကားပြော ပြီးနောက် ထထွက်သွားသည်။

ညနေပိုင်းတွင် ရွာသားတွေက သစ်မြစ်တွေ တူးထုတ်ပြီးကြ၍ ယန်မိသားစု ခြံဝင်းတွင် လုပ်ခ ယူရန် စုဝေးခဲ့ကြသည်။ ဖူကွေ့နှင့် ရွှီချောင်တို့က တစ်ရက်ချင်း ရှင်းပေးရန် ဆုံးဖြတ်ထားသည်။

သူမက လူတိုင်းကို သောက်ရေ ထည့်ပေးရင်း အလုပ် များနေလေသည်။ သူမက အစားအသောက် မစီစဉ်ပေးဘူး ဆိုပေမဲ့လည်း အလုပ်ပြီးနောက် ရေငတ်ပြေအောင် တစ်ခုခုတော့ တိုက်သင့်သည် မလား။

လူတိုင်းကို ၃၀ ဆင့်ပေးခဲ့သည်။ ဦးလေးချန်ရှန်း နှင့် တတိယဦးလေး ချန်မောင်တို့လည်း ၃၀ ဆင့်စီ ရကြသည်။ သူတို့က လူငယ်တွေလောက် မလုပ်နိုင်သော်လည်း ပျင်းရိမနေခဲ့ကြပေ။ သူတို့က လုပ်ခ ရပြီးသော်လည်း ပြန်ဖို့ကို လောမနေပဲ ခြံထဲတွင် ရေသောက်ရင်း စကားစမြည်ပြောရင်း ရယ်နေခဲ့ကြသည်။

အခုချိန်တွင် အကြီးဆုံးဝမ်းကွဲနှင့် ဒုတိယဝမ်းကွဲတို့သာ လုပ်ခ မရသေးတာ ဖြစ်သည်။ သူတို့ နှစ်ယောက်က စိုးရိမ်နေကြပြီး အော်ပြောလေသည်။ "ဝမ်းကွဲ... ငါတို့ နှစ်ယောက်ရဲ့ လုပ်ခရော၊ ငါတို့ရဲ့ လုပ်ခတွေကို ပြန်ရုပ်သိမ်းမလို့လား။

ရွှီချောင်က တစ်ခွန်းမှမဆိုပဲ အနောက်တွင် ရပ်၍ ဖူကွေ့ကို ပြဿနာဖြေရှင်းခွင့် ပေးထားသည်။

ဖူကွေ့က သူတို့နှစ်ယောက်ကို ကြည့်၍ တစ်ဖန် မီးဖိုခန်း တံခါးနားတွင် ရပ်နေသော အမေချန်ကို တစ်ချက် ကြည့်လိုက်သည်။ ထို့နောက် သူက ၁၀ ဆင့်ထုတ်လိုက်ပြီး တစ်ယောက်ကို ၅ ဆင့်စီ ပေးလိုက်သည်။

ထိုနှစ်ယောက်သား၏ မျက်နှာများ နီရဲပြီးရင်း ရဲလာ၍ ငွေကို လက်မခံပဲ အံကြိတ်ကာ ပြောလေသည်။ "ဝမ်းကွဲ၊ ဘာကိုဆိုလိုချင်တာလဲ၊ ငါတို့က မင်းအတွက် တစ်ရက် အလုပ် လုပ်ပေးခဲ့ပေမဲ့ မင်းကတော့ ငါတို့ကို ၅ ဆင့်ပဲ ပေးတာလား"

"ငါ မင်းတို့ကို ဘာလို့ ၅ ဆင့်ပဲ ပေးလဲဆိုတာကို မသိဘူးလား၊ ငါ လူတိုင်းရဲ့ ရှေ့မှာ ပြောရမလား"

ဖူကွေ့က သူတို့ကို မကြောက်မရွံ့ စိုက်ကြည့်လိုက်ပြီး သူတို့ မသက်မသာ ဖြစ်နေသည်ကို ကြည့်ရင်း ပြောလိုက်သည်။ "ဝမ်းကွဲအကိုကြီး၊ ဒုတိယ ဝမ်းကွဲအကို... မင်းတို့က ငါ့ဆွေမျိုးတွေပါ၊ တကယ်လို့ အမေ့ကြောင့်သာ မဟုတ်ရင် မင်းတို့ကို ခေါ်သုံးမှာ မဟုတ်ဘူး၊ ငါက အလုပ်လာလုပ်ဖို့ ခေါ်ခဲ့တာ၊ ဘိုးဘေးတွေကို ဆင့်ခေါ်ခဲ့တာ မဟုတ်ဘူး၊ မင်းတို့က ကောင်းပါတယ်၊ တစ်နေ့လုံးမှာ တစ်ယောက်ကို တစ်ပင်ခုတ်ကြတယ်၊ အကြီးဆုံးဦးလေးနဲ့ တတိယ ဦးလေးတို့တောင် ခြောက်ပင်စီ ခုတ်ခဲ့ကြတယ်၊ မင်းတို့ မရှက်ကြဘူးလား"

ထိုနှစ်ယောက်မှာ ဒီစကားတွေကြောင့် အရှက်ရပြီး မျက်နှာတွေ နီရဲရင်း ဖူကွေ့ကို စိုက်ကြည့်နေကြသည်။ ဦးလေးချန်ရှန်းမှာ သည်းမခံနိုင်တော့ပဲ အော်ငေါက်တော့သည်။ "မင်းတို့ မိမစစ်၊ ဖမစစ် နှစ်ကောင်၊ ငါ မင်းတို့ကို အလုပ်လုပ်ဖို့ ခေါ်လာတာကွ၊ မင်းတို့နှစ်ကောင်က ပျင်းရိနေတာလား၊ နောက်ရက်ကစပြီး လာစရာ မလိုတော့ဘူး၊ ဒါတကယ် ရှက်ဖို့ကောင်းတယ်"

ချန်က သူ့နောက် လိုက်မသွားပဲ ရှေ့နှစ်လှမ်းတိုး၍ သူမရဲ့ တူနှစ်ယောက်ရှေ့တွင် ရပ်ကာ ဖူကွေ့ကို တိုက်တွန်းလေသည်။ "ဖူကွေ့၊ မင်းက ဘာဖြစ်နေတာလဲ၊ တကယ်လို့ မင်းရဲ့ဝမ်းကွဲတွေက အလုပ်လုပ်တာ နှေးရင်တောင် မင်းသူတို့ကို လူတိုင်းရဲ့ရှေ့မှာ အရှက်ရစေလို့ မဖြစ်ဘူးလေ၊ မေ့လိုက်တော့၊ ငါမင်းနဲ့ ဒီကိစ္စကို မပြောချင်ဘူး၊ မင်း သူတို့ကို သူတို့ရဲ့ လုပ်ခကို ပေးလိုက်၊ ပြီးရင် မင်းသူတို့ကို အလုပ် မလာခိုင်းနဲ့တော့ပေါ့"

ဖူကွေ့က သူ့လည်ပင်းသူ ဖိလိုက်ပြီး ခေါင်းလှည့်၍ ပြောလေသည်။ "မဖြစ်ဘူး၊ အမေပေးချင် အမေပေးလေ၊ ကျွန်တော်ကတော့ ပေးမှာ မဟုတ်ဘူး" သူသာ သူတို့ကို လုပ်ခ အပြည့်ပေးလိုက်လျှင် ကျန်လူများကပါ ပျင်းရိနေလျှင်တောင် လုပ်ခ ရနိုင်သည်လို့ ထင်သွားလိမ့်မည် ဖြစ်သည်။ သူတို့ကို ဒီငွေတွေ မပေးနိုင်ပါ။ တစ်ဦးလျှင် ၅ ဆင့်လည်း မဆိုးလှပေ။

"မင်း..." အမေချန်က ဖူကွေ့ကို ဒေါသတကြီး လက်ညှိုးထိုး၍ "မင်း ကောင်စုတ်လေး၊ မင်း ငါ့ကို အမေလို့ရော သဘောထားသေးလား၊ ငါ မင်းအမေ မဟုတ်တောင် မင်းကို ဆယ်နှစ်ကျော်လောက် ပျိုးထောင်ပေးခဲ့တာပါ၊ မင်းက တကယ်ကို ကျေးဇူး မသိတတ်တာပဲ" ချန်က ပြောပြီး ဖူကွေ့ကို အဓိပ္ပာယ်ပါသည့် အကြည့်တို့နှင့် ကြည့်ခဲ့သည်။

အခြားသူများက ဒီဆူပူမှုကို မြင်သွားကြသည်။ သူတို့အားလုံးက လူကြီးတွေ ဖြစ်ကြပြီး ဒါမျိုးကို ရပ်ကြည့်နေရန် ရှက်တာကြောင့် ဖူကွေ့ကို ပြောကာ အမြန် ပြန်ကြလေသည်။

ခြံထဲတွင် ယန်မိသားစုအပြင် ဦးလေး နှစ်ယောက်နှင့် ဝမ်းကွဲတို့သာ ကျန်ခဲ့သည်။

ဝမ်းကွဲ နှစ်ယောက်မှာ စိတ်မသက်မသာ ဖြစ်နေကြပြီး သူတို့ကို လုပ်ခ မပေးလျှင် မပြန်ဘူးရယ်လို့ သဘောထားနေကြသည်။

ဖူကွေ့က ငွေ ၁၀ ဆင့်ကို အမေချန်ရဲ့ လက်ထဲ ထည့်၍ ပြောသည်။ "ကျွန်တော့်မှာ ၁၀ ဆင့်ပဲရှိတယ်၊ ဝမ်းကွဲ တွေကို တစ်ယောက် ၅ ဆင့်စီ ပေးလိုက်ပါ" သူကပြောပြီးနောက် ရွှီချောင့်လက်ကိုဆွဲကာ မီးဖိုချောင်ဆီသို့ ဝင်သွားတော့သည်။

ဦးလေးက ဆက်၍ သည်းမခံနိုင်တော့ပေ။ သူက ဒီ ငွေ့ ၁၀ ဆင့် ယူဖို့တောင် ရှက်ရွံ့နေပြီး သူ၏ ပျင်းရိသည့် သားနှစ်ယောက်ကို ပြန်ရန် ခေါ်လေသည်။ "မင်းတို့ မရှက်ရင်တောင် ငါရှက်တယ်၊ မြန်မြန် ပြန်ကြစမ်း"

ချန်က သူတို့ကို ကြည့်နေခဲ့သည်။ သူမလက်ထဲရှိ ငွေ ၁၀ ဆင့် ကို ကြည့်ကာ ခဏမျှ စဉ်းစားပြီးနောက် အိမ်ထဲဝင်၍ ဆင့် ၅၀ ယူလာပြီး အကုန်လုံးကိုပေါင်း၍ ညီအစ်ကို နှစ်ယောက်ရဲ့ လက်ထဲကို ထည့်ပေးလိုက်သည်။ "ကျင်းခွေ့၊ ကျင်းဝူ၊ အဲ့ဒီ အရူးက ခေါင်းမာလွန်းတယ်၊ အဒေါ်လည်း မတတ်နိုင်ဘူး၊ ဒီငွေတွေကို ယူသွားလိုက်ပါ၊ အဒေါ့်အထင်..မင်းတို့ နက်ဖြန် ဒီကို မလာကြနဲ့တော့" ထိုသို့ မဟုတ်လျှင်လည်း သူမအနေနှင့် သူတို့ကို အမြဲ မထောက်ပံ့နိုင်ပေ။

ဦးလေးချန်ရှန်းက သူ့ကလေး နှစ်ယောက်ကို ငွေတွေ မပေးရန် ငြင်းဆိုလေသည်။ ဒါသည် မူလကတည်းက ဒီနှစ်ယောက်ရဲ့ အမှားဖြစ်သည်။

သူတို့ကို တစ်ရက် လုပ်ခ ဆင့် ၆၀ ပေးလျှင်ပင် လုံလာက်နေလေပြီ။ သူတို့ကတော့ အလုပ်ကောင်းတွေ လုပ်ခဲ့လေသည်။ ထို ညီကိုနှစ်ယောက်က အလုပ်မလုပ်ပဲ ထိုင်နေ ခဲ့ကြသည်လေ။ ဘယ်သူကများ စိတ်မဆိုးပဲ နေမည်နည်း။

ချန်ခွေ့က ဆင့် ၆၀ ကိုယူ၍ သူ၏ ဒုတိယ ညီငယ်ကို တစ်ဝက် ပေးလိုက်သည်။

လူအချို့ အိမ်ပြန် သွားပြီးနောက် ချန်က အိမ်ထဲပြန်ဝင်လာပြီး ရွှီချောင်ကို ညွှန်ပြကာ တတီယ ချွေးမကို ဆူပူနေတော့သည်။

ဖူကွေ့နှင့် ရွှီချောင်တို့က မီးဖိုခန်းတွင် အသိုက်ဖွဲ့၍ နေခဲ့ကြပြီး အပြင်ဘက်မှ အသံတို့ကို မကြားသလို နေခဲ့သည်။

ရွှီချောင်က မီးဖိုခန်းထဲတွင် အလုပ်ရှုပ် နေခဲ့သည်။ သူမက ဟင်းရွက်တို့ကို လှီးပြီးနောက် မြောင်မြောင်ကို ချီရင်း မီးဖိုထဲသို့ ထင်းများကို ထည့်နေပြန်သည်။ ဖူကွေ့က ရွှီချောင်ကို ပြောလေသည်။ "ဇနီးလေး..အမေက အပြောကြမ်းတယ်၊ မင်းစိတ်ထဲ မထားဘူးမလား"

"ဘာဖြစ်လို့လဲ၊ စိတ်မပူပါနဲ့၊ အဆင်ပြေပါတယ်" ရွှီချောင်သည် မီးဖိုခန်းထောင့်တွင် တွဲလောင်း ချိတ်ဆွဲထားသော ကြာဇံထုပ်ကိုယူ၍ ကြာဇံအချို့ကို ရေစိမ်လိုက်သည်။ ရွှီချောင်သည် ကလေးဘဝ ကတည်းက အမေလီ၏ ဆူပူခြင်းကို ခံခဲ့ရသည်ကြောင့် အမေချန်၏ စကားတို့မှာ သူမအတွက်တော့ ပန်းနှင့် ပေါက်နေသလိုပင်။

သူမက အိုးထဲမှ ဝက်သားကို ဆူပွက် လာသည်ထိ စောင့်ခဲ့ပြီး ရေစိမ်ထားသည့် ကြာဇံနှင့် လှီးထားသည့် မုန်ညင်းတို့ကို ထည့်လိုက်သည်။ သိပ်မကြာခင်မှာပဲ ဝက်ကြာဇံပြုတ်၏ မွှေးရနံ့မှာ တစ်အိမ်လုံးတွင် ပြန့်နှံ့လာခဲ့သည်။ ကျွင်းကျွင်းသည်လည်း အနံ့ရ၍ ရောက်လာပြန်သည်။

ရှောင်ကျွင်းက မီးဖိုခန်းဝတွင် ရပ်၍ ရွှီချောင်ကို အချိန် ခဏလောက်ထိ ကြောက်ရွံ့စွာ ကြည့်နေခဲ့ပြီး ကျွေးရန်လည်း မပြောရဲခဲ့ပေ။

ဖူကွေ့က အရပ်ရှည်၍  လူကောင်ထွားသည် ဖြစ်ရာ သူ ပြုံးရယ်မနေလျှင် အနည်းငယ် အေးတိအေးစက် ပုံပေါက်သည်။ ကျွင်းကျွင်းက သူ့ကို ငယ်ငယ်ကတည်းက ကြောက်တာ ဖြစ်ပြီး သူရှိသည့် နေရာတိုင်းကို ရှောင်နေခဲ့သည်။ အခုလည်း ရွှီချောင်၏ ဟင်းရနံ့ကြောင့် ရောက်လာခဲ့ပေမဲ့ မီးဖိုထဲကို ဝင်ရနိုးနိုး မဝင်ရနိုးနိုးနှင့် တုံ့ဆိုင်းနေသည်။

ဖူကွေ့လည်း ကျွင်းကျွင်း သူ့ကို ကြောက်လန့် နေသည်ကို သိ၍ မြောင်မြောင်ကို ချီရင်းက ရုပ်တည်နှင့် နောက်လိုက်သည်။ "ကောင်လေး၊ မင်းကို ဘယ်သူလာခိုင်းလို့လဲ"

ကျွင်းကျွင်းက ဖူကွေ့၏ အမူအရာကို မြင်လျှင် အကျယ်ကြီး အော်ငိုလေတော့သည်။ သူက သူ့ ခြေထောက်လေးတွေကို မြှောက်ပြီး အပြင်ကို ထွက်ပြေးသွားလေသည်။ ဖူကွေ့ရဲ့ လက်မောင်းထဲမှ မြောင်မြောင်က တခစ်ခစ် ရယ်လေသည်။

ရွှီချောင်က ဖူကွေ့ကို စိုက်ကြည့်လိုက်ပြီး ကျွင်းကျွင်းနောက်သို့ အမြန်ပြေးလိုက်ကာ မီးဖိုခန်းဆီ ပြန်ခေါ်လာခဲ့ရပြီး ကျွင်းကျွင်းလေး၏ ကျောကို ပုတ်ရင်း ချော့မော့နေခဲ့သည်။ "ကျွင်းကျွင်း မငိုနဲ့တော့နော်၊ မင်း ဦးလေးက မင်းကို စ နေတာ၊ ဒီမယ်ကြည့်၊ အဒေါ် သူ့ကို မင်းအတွက် ရိုက်ပေးမယ်" သူမက ဖူကွေ့ကို ရိုက်ချင်ယောင်ဆောင်လိုက်သည်။

ကျွင်းကျွင်းက အငိုတိတ်သွားပြီး ရွှီချောင့် လက်မောင်းကို မှီရင်း ဖူကွေ့ကို တိတ်တိတ်လေး ကြည့်နေသည်။

ဖူကွေ့က သူ့ကို ဆက်မစတော့ပဲ ရယ်၍ "ရှောင်ကျွင်း၊ ဦးက မင်းကို စ တာပါ၊ လာ... မြောင်မြောင်နဲ့ ကစားနေ၊ ခဏနေ ဝက်ကြာဇံပြုတ် စားကြမယ်"

ဝက်သားဆန်ခေါက်ဆွဲ ကျက်တော့ ကျွင်းကျွင်းက ဖူကွေ့၊ ရွှီချောင်တို့နှင့် ညစာစားခဲ့သည်။ ရှန် လာကြည့်သည့်အချိန် ဒီမြင်ကွင်းကို မြင်၍ ပြုံးရင်း ပြန်သွားလေသည်။

ညစာ စားနေကြစဉ်တွင် ခြံထဲမှ နျို၏ အော့အန်နေသံကို ကြားလိုက်ရသည်။

ရွှီချောင်က နျို ကိုယ်ဝန်ရှိနေသည့် အကြောင်းကို တွေးမိရင်း နှလုံးသားထဲတွင် ရယ်မိသည်။ တစ်မနက် အိပ်ရာထစဉ်က နျို မူးဝေ၍ အော့အန်နေသည်ကို တွေ့ခဲ့သည်။ ရှောင်ထုန်မှာ ကွာရှင်းရန်ကိစ္စကို ထပ်ပြောတော့မည် မဟုတ်ပေ။

အသေအချာပင်။ ရှောင်ထုန်က အထိတ်တလန့်နှင့် ပြေးထွက်လာပြီး နျိုရဲ့ ကျောကိုပုတ်ပေး၍ စိုးရိမ်တကြီး မေးလေသည်။ "ဘာဖြစ်လို့လဲ၊ ဘာဖြစ်လို့လဲ၊ ဘာလို့ အန်နေတာလဲ၊ မင်းဒီရက်ပိုင်းတွေမှာ အသားအရောင် မကောင်းတာ တွေ့တယ်"

မီးဖိုခန်းမှဖြတ်၍ နျိုရဲ့ ရှက်ရွံ့နေသည့် မျက်နှာကို မြင်နေရသည်။ "ယောက်ျား... ကျွန်မ... ကျွန်မ၊ ကိုယ်ဝန် ရှိနေတာထင်တယ်"

ရှောင်ထုန်က မှင်တက်သွားပြီး ခဏကြာမှ ပုံမှန်ပြန်ဖြစ်လာကာ ပျော်ရွှင်စွာနှင့် နျို့လက်ကို ကိုင်၍ "မေ့ကျီ၊ တကယ်ပြောတာလား၊ ကိုယ် အဖေ ဖြစ်တော့မှာလား"

ချန်နှင့် ရှောင်အန်းလည်းပဲ ထွက်လာကြသည်။ ချန်က နျို ကိုယ်ဝန် ရှိနေသည်ကို သိရတဲ့အခါ အလွန် ပျော်ရွှင်သွားသည်။ သူမက နျို ကို သဘောမကျပေမဲ့ သူမသား၏ ကလေး၊ သူမမြေးလေးကို ကိုယ်ဝန်ဆောင် ထားသည်ဖြစ်၍ မပျော်ပဲ မနေနိုင်ပေ။

"တတိယချွေးမ၊ ကိုယ်ဝန်ရှိနေတာလား၊ မြန်မြန် အိမ်ထဲဝင် နားတော့၊ အပင်ပန်းမခံနဲ့၊ ငါ သမားတော်ကိုမေးပြီး မင်းကို သွေးခုန်နှုန်း စမ်းခိုင်းလိုက်မယ်၊ တကယ်လို့ မင်းမှာ ကိုယ်ဝန်ရှိတာ သေချာရင် အနာဂတ်မှာ များများနား၊ မင်းရဲ့ ဒုတိယ ယောက်မကို မင်းကို စောင့်ရှောက်ဖို့ ပြောလိုက်မယ်" အမေချန်က ပျော်ရွှင်နေသည်မှာ သူမ၏ သွားများကိုပင် မြင်နေရသည်။

ရှောင်အန်း​မှာ မျက်နှာမဲမှောင်၍ သူမအမေကို လက်ဆွဲကာ တီးတိုး ပြောလိုက်သည်။ "အမေ၊ အရမ်း မလွန်ဘူးလား၊ တတိယယောက်မ ကိုယ်ဝန်ရှိတာကို ဒုတိယယောက်မကို စောင့်ရှောက်ခိုင်း မလို့လား၊ ရှုပ်ထွေးအောင် မလုပ်ပါနဲ့" အပျော်လွန်နေသည့် သူများက ရှုပ်ထွေးနေ တတ်သည်။

ချန်က စိတ်ဆိုးပြီး "ဘာလဲ၊ မဟုတ်ရင် ငါက စောင့်ရှောက်ရမှာလား"

ရှောင်ထုန်က ပြုံး၍ ပြောသည်။ "အမေ၊ ကျွန်တော် စောင့်ရှောက် လိုက်ပါ့မယ်ဗျာ၊ ဒါကြောင့် ဒုတိယ မရီးကို ဒုက္ခ မပေးပါနဲ့တော့"

ရွှီချောင်က ထိုသို့ကြားသော် သက်ပြင်းချလိုက်သည်။ သူမက နျို ကွာရှင်းခြင်း၊ မရှင်းခြင်းနှင့် ကိုယ်ဝန်ရှိ မရှိကို ဂရုမစိုက်ပါ။ ဒုတိယသားနှင့် ဒုတိယ ယောက်မတို့ ပြဿနာများမည်ကိုသာ စိုးရိမ်သည်။ ဒါမှမဟုတ် နျိုကြောင့် ပြဿနာဖြစ်မည်ကို စိုးရိမ်သည်။

လူအချို့ ညစာ စားပြီးနောက် ရွှီချောင်သည် ကျွင်းကျွင်းကို အခန်းဆီ ပြန်ပို့ခဲ့ပြီး ဖူကွေ့ ကိုယ်လက် ဆေးကြောရန် ရေနွေးအိုး တည်ခဲ့သည်။ သူမနှင့် မြောင်မြောင်တို့ အခန်းထဲဝင်ချိန်၌ ဖူကွေ့ အိပ်ပျော်နေသည်ကို တွေ့လိုက်ရသည်။ သူ ပင်ပန်းသွားသည်ထင်။

မြောင်မြောင့်ကို စောင်ခြုံပေး ပြီးပြီးချင်းမှာပဲ ဖူကွေ့နိုးလာခဲ့ပြီး ရွှီချောင်ကို ဖက်၍ တစ်ဖန် နှစ်နှစ်ခြိုက်ခြိုက် အိပ်သွားခဲ့သည်။

နောက်တစ်နေ့တွင် ချန်က သမားတော်ကို မေးခဲ့ပြီး နျိုကိုယ်ဝန် ရှိသည်ကို အတည်ပြုခဲ့သည်။ တစ်မိသားစုလုံး ပျော်ရွှင်နေခဲ့ကြပြီး တတိယသားအား နျိုနှင့် ကွာရှင်းရန် ထပ်မပြောတော့ပေ။

ဖူကွေ့က လဝက်လောက် အလုပ်များနေသည်။ တောင်ပေါ်ရှိ မြေ နှစ်ကွက်အား အကြိမ်ကြိမ် ရှင်းလင်းပြီးနောက် သစ်မြစ်တို့ကို ထပ် မတွေ့ရတော့ပေ။

လွန်ခဲ့သည့် ရက်အနည်းငယ်က စ၍ နှင်းပါးပါး ကျလာခဲ့သည်။ ရွှီချောင်မှာ ဒီရက်ပိုင်းအတွင်း မစင်စုရင်း အလုပ် များနေလေသည်။ မြေကို ထွန်ယက် ပြီးနောက် ဘာမှ လုပ်စရာ မကျန်တော့၍ ဖူကွေ့သည်လည်း သူမနှင့်အတူ မစင်စုပေးသည်။ လူနှင့် တိရစ္ဆာန် မစင်တို့ကို ပြာနှင့်ရော၍ မြေဩဇာအဖြစ် သုံးနိုင်သည်။ ကံကောင်းစွာနှင့် ယခုအချိန်တွင် ရွာထဲမှ လူများကလည်း သူတို့၏ လယ်မြေတွင် မြေဩဇာ သုံးနေကြပြီ ဖြစ်သည်။

သူတို့ နှစ်ယောက် ရက်အနည်းငယ် လှုပ်ရှားပြီးနောက် မြေ ၂ ဧကလုံးတွင် မြေဩဇာ သုံးပြီး ဖြစ်လေသည်။

နှစ်ရက် သို့မဟုတ် သုံးရက် ကြာပြီးနောက် ကောင်းကင်မှ နောက်ထပ် နှင်းထူထူ ကျလာလေပြီ။

Continue Reading

You'll Also Like

301K 30.5K 200
Original Title: National School Prince Is A Girl Author: Warring Young Seven စာစဉ် အမည်= ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ ဘာသာပြန်သူ= JustCBo...
1.9K 155 63
A place Beyond Heavens(2019) and Teares of Heroes(2020) by Thaw Lwin Ko Ko.
86K 9.6K 105
Title- Mei Gongchin သူမကိုယ်သူမ မီးရှို့၍ သတ်သေသွားပြီးသည့်နောက်တွင် ချန်ရုံသည် အတိတ်မှ ၁၄ နှစ်အရွယ်၌ ပြန်လည် နိုးထလာခဲ့သည်။ ဂုဏ်သရေကြီးမြင့်သော်လည်း...