မင်းက α€„α€«α€·α€™α€­α€”α€Ία€Έα€™α€–α€Όα€…α€Ία€œα€¬α€™α€šα€Ία€·α€žα€° (...

By Zphoowai

375K 19.3K 2.4K

Redflag- Beauty M-preg More

Intro
Profile
ထပိုင်း (၁)
ထပိုင်း (၂)
ထပိုင်း (၃)
ထပိုင်း (၄)
ထပိုင်း (၅)
ထပိုင်း (၆)
ထပိုင်း (၇)
ထပိုင်း (၈)
ထပိုင်း (၉)
🌱
ထပိုင်း (၁၀)
Emergency foods
Ice CREAM
πŸƒ
ထပိုင်း (၁၁)
ထပိုင်း (၁၂)
ထပိုင်း (၁၃)
ထပိုင်း (၁၄)
ထပိုင်း (၁၅)
ထပိုင်း (၁၆)
ထပိုင်း(၁၇)
ထပိုင်း (၁၈)
ထပိုင်း (၁၉)
ထပိုင်း (၂၀)
ထပိုင်း (၂၁)
ထပိုင်း (၂၂)
ထပိုင်း (၂၃)
ထပိုင်း (၂၄)
ထပိုင်း (၂၅)
ထပိုင်း (၂၆)
ထပိုင်း (၂၇)
ထပိုင်း (α‚αˆ)
ထပိုင်း (၂၉)
ထပိုင်း (၃၁)
ထပိုင်း (၃၂)
ထပိုင်း (၃၃)
ထပိုင်း (၃၄)
ထပိုင်း (၃၅)

ထပိုင်း (၃၀)

4.5K 355 51
By Zphoowai

{Unicode}

...Babe
စိတ်ချ... မင်းကို ငါက လုပ်သတ်မှာ...

****

ဒီနေ့ အစ်ကို့ရဲ့တက္ကသိုလ် သွားဖို့အတွက် ဒီဇိုင်းကာလာ ဘာညာအနေအထား ပြင်ရသည့်နေ့ပင်...။

"အစ်ကို... ဒီပုံလေးဆို မဆိုးဘူးနော်...။ အဲ့ဒီပုံလေး ညှပ်လိုက်....။"

ဒီနေ့ အစ်ကိုနှင့်အတူ မြို့ကို လိုက်ပြီး အစ်ကို့ဆံပင်ပုံစံနှင့်ပတ်သတ်ပြီး ပြောရသည့် နေ့ပင်...။ အစ်ကိုက အစကတည်းက ပျိုးငယ်အကြိုက် ညှပ်ပေးမယ် ပြောသလို.. အဝတ်အစားကအစ ပျိုးငယ် ဝတ်ချင်သလို ဝတ်ပေးမယ်တဲ့....။

အစ်ကို့ပုံစံက အရင်နှစ်ပတ်လောက်က ပုံစံနဲ့ ကွာသွားပြီ ဖြစ်သည်...။ အစ်ကိုက ထမင်းမစား၊ မအိပ်ဘဲ နေရင်တောင် အစ်ကို့ရဲ့ ကိုယ်ခံအားက အဲ့လောက်မကျ... ပျိုးငယ်ဆိုရင်တော့ တစ်နေ့လောက်နဲ့ကို သိသာသည်....။

ပြေလည်သွားသည့်နေ့က စပြီး ပုံမှန်အတိုင်း ပြုမူနေတော့ အစ်ကို့ရဲ့ ခန္ဓာကိုယ်က ကြွက်သားများနှင့်အတူ ပြည့်တင်းမှု...။

အစ်ကို့လက်မှ သွေးကြောများက ထောင်ထနေပြီး သန်မာမှု အပြည့် ဖြစ်သည်...။ ပျိုးငယ်လက်ကတော့ သေးသေးသွယ်သွယ် ဖောင်းဖောင်းလေးပင် ဖြစ်သည်....။

ပထမဆုံးတော့ အစ်ကိုက ကျောင်းတက်ဖို့ ကိစ္စကို ငြင်းခဲ့ပေမယ့် နောက်ပိုင်း ပျိုးငယ်က ကျောင်းမပြီးလည်း ရတယ်... အစ်ကို့လုပ်စာ ထိုင်စားမယ် ပြောလို့ ကျွန်တော့်သဘောကျတက်ခဲ့တာမျိုးပင်...။

ဟုတ်ပါသည်... အစ်ကို့ပညာရေးက နှမြောစရာကောင်းသည်ဟု ပျိုးငယ် ယူဆမိသည်....။

အစ်ကိုကတော့ ကျွန်တော်သဘောကျ ဆံပင်ပုံစံကို ဆံသ ဆရာကို ပြကာ ညှပ်စေသည်...။

ထို့နောက် အစ်ကို ကျောင်းတက်ဖို့အတွက် အဝတ်အစားတစ်ချို့ ဝယ်ကာ အိမ်ကို ပြန်လာခဲ့မိသည်...။

အစ်ကို့ရဲ့ ဆံပင်ပုံစံ၊ အဝတ်အစားက အစ ကျွန်တော် ပြင်ဆင်ပေးနေမိသည်....။ မနက်စောစောကတည်းက မြို့ဘက်ကို သွားတာ... ညနေပိုင်းလောက်မှပဲ အိမ်ကို ပြန်ရောက်သည်...။

ပြန်ရောက်တော့လည်း မနက်ဖြန် သဘက်ခါ သွားမည့် ခရီးအတွက် လိုအပ်သည်များကို ပြင်ဆင်နေမိသည်...။ အိမ်ကတော့ ကျွန်တော့်ကို အစ်ကိုနှင့်လိုက်မသွားဖို့ ပြောပေမယ့်... ပျိုးငယ် အစ်ကိုနဲ့ မခွဲနိုင်သည်မို့ .... လိုက်ကို လိုက်ရမည် ဖြစ်သည်....။

အိမ်ကို ရောက်သည်နှင့် ဆံပင်ပုံစံအသစ်နှင့် ရေချိုးကာ သန့်သန့်ပြန့်ပြန့် ဖြစ်နေသည့်အစ်ကိုက ဘာမှမပြင်ဆင် ထားတာတောင် မိမိုက်နေသည်....။

ဒါကြောင့်ပင် ရေချိုးပြီးသည်နှင့် အိမ်ရှေ့ကုတင်မှာ ထိုင်နေသည့် အစ်ကို့ကို မီးဖိုအခန်းအပေါက်ဝမှ မေးဖျားကို လက်ထောက်ကာ ငေးမောကြည့်လိုက်မိသည်....။ မျက်ခုံးတို့ကို တွန့်ကျိုးရင်းပေါ့....။

နေပါဦး... ဆံပင်ပုံစံလေး နည်းနည်းပြောင်းလိုက်တာနဲ့ အဲ့လောက်ကြီး နိုင်ငံခြား မင်းသားတွေလို ယောကျ်ားပီသနေဖို့ လိုနေလို့လား?

အစ်ကိုက ထုံးစံအတိုင်း ကျွန်တော့်ဆီ အကြည့်ရောက်လေတော့ ကျွန်တော်လည်း အရင်တစ်ခါလို အကြည့်မလွှဲတော့ဘဲ စူးစူးရဲရဲ ကြည့်လိုက်မိသည်....။

ထိုအချိန်မှာတော့ အစ်ကိုက ကျွန်တော့်ဆီ ခြေလှမ်းကျဲများဖြင့်ပင် လျှောက်လာသည်....။ ကျွန်တော့်အနားရောက်သည်နှင့် မျက်နှာချင်းဆိုင်မှာ ဆောင့်ဆောင့်ထိုင်လိုက်ပြီး....

"ပျိုးငယ်... ဘာဖြစ်လို့လဲ ကလေးလေး...."

ထိုအကြောင်းအရာကို မေးလာသည့် အချိန်မှာတော့ ကျွန်တော်လည်း ဘာမှမပြောဘဲ အစ်ကို့ခန္ဓာကိုယ်မှ ဆွဲဆောင်မှု အရှိဆုံးသော နေရာများကို ကြည့်လိုက်မိသည်....။

မျက်ခုံးများက ငှက်အတောင်ပံကဲ့သို့ တစ်ခုနှင့်တစ်ခု ယှက်ကာ သန်စွမ်းမှုအပြည့် ရှိနေသည်...။ နှာတံစင်းစင်းက မေးရိုးနှင့် လိုက်ဖတ်ကာ ရှိနေသည်...။

စူးရဲသော မျက်ဝန်းများက မျက်ရစ်၊ မျက်ဖလားအပြည့်ရှိနေသည်....။ အပေါ်အောက် ယှက်ကာ ရှိနေသည့် မျက်တောင်များက စူးရဲသော မျက်လုံးတစ်စုံကို ဖြစ်စေသည်....။

နူတ်ခမ်းပါးပါးက သေသပ်ပိရိစွာ ရှိနေသည်...။ သွားများက စီရီနေသည်...။ ခန္ဓာကိုယ်က တောင့်တင်းမှုဆိုတာထက် ပိုသည်...။ အရပ်က ရှည်လျားနေပြီး... သူ့လက်က အကြောများက သန်မာမှု အပြည့်ဖြစ်သည်....။

အဲ့ဒီလက်တွေက တစ်စုံတစ်ခုကို အားပါပါ ဆုပ်ကိုင်ချိန်ဆို... အကြောများက သန်မာမှုအပြည့် ထောင်ထနေသည်....။

အဲ့ဒီလက်တွေက ကျွန်တော့်ခါးကို ပွေ့ပိုက်ထားတာမျိုး၊ ကျွန်တော့်ကို ပွေ့ဖက်ထားချိန်မျိုးဆို ပိုပြီး တင်းတင်းကြပ်ကြပ်....။

အဓိက က အစ်ကို့နူတ်ခမ်းမွှေးများနှင့် မုတ်ဆိတ်မွှေးတွေ...
အရမ်းကြီး မရှည်ပေမယ့် ... တိုတိုစိပ်စိပ်လည်း မဟုတ်...။

သူ၏ ချောမောနေမှုကို ကြည့်လေ... ဟိုကိုကျောင်းတက်သွားမည့် သူ့အနား ကောင်မလေးတွေ ဝိုင်းဝိုင်းလည်နေတော့မည် ဖြစ်သည်....။

တွေးရင်းပင် ဒေါသအလိပ်လိုက် ထွက်လာခဲ့သည်မို့... မျက်နှာကို အတတ်နိုင်ဆုံး တင်းထားပြီးသည့်နောက်မှာတော့....

"ဘာမှ မဟုတ်ဘူး..."

ထိုစကားတစ်ခွန်းထဲ ပြောပြီး နောက်ထပ် ဘာမှမပြောဘဲ မီးဖိုအခန်းထဲ ဝင်သွားသည့် အလှလေးက ဘယ်အချိန်ကြည့်ကြည့် လုပ်သတ်ချင်စရာလေးပင်....။

သဘောကျစွာ ပြုံးလိုက်မိပြီးနောက်မှာတော့ စက်ရုံတစ်ဖက်က ဆိတ်ဖလူးပန်းပင်အောက်သို့.... ။ ဝေကြီးနှင့် မနက်ကတည်းက ချိန်းထားသည်မို့... ဝေကြီး ဒီကို လာမယ့်အချိန် စောင့်နေမိသည်...။

"ငဦး... ဟေ... ငဦး..."

စက်ရုံတံခါးဝန်းမှ ခေါ်သံကြောင့် ခေါင်းကို ထောင်ကာ ကြည့်လိုက်မိသည်...။ ထင်သည့်အတိုင်းပင်...

"အေး... ဝေကြီး... ဒီဘက်မှာ..."

အသံပြုလိုက်တော့ ဝေကြီးက ခပ်သွက်သွက် လျှောက်လာပြီး အပြုံးတစ်ခုဖြင့်ပင်....

"အမလေး... ဆရာသမားကတော့ အရင်က ကိစ္စတွေ ဖြစ်တုန်းက လုံးဝကို နားချဖို့ နေနေသာသာ... အနားမကပ်လောက်အောင်ကို ဒေါသတွေ ကြီးနေခဲ့တာ...။ အခုရော ဘယ်လိုလဲ? အလှလေးက ဘယ်ရောက်နေလဲ?"

ဝေကြီးကတော့ မိမိရှိရာ ကုတင်ပေါ်သို့ လာရောက်ထိုင်ပြီး ရောက်ရောက်ချင်း ရှောက်နဲ့ထွင်းဆိုသလိုပင်...။ အရင်က ပျိုးငယ်ကို ပိတ်ထားတာနဲ့ ပတ်သတ်ပြီး ပြောနေတာပင်....။

သူ့အပြောကို ဘာမှမတုံ့ပြန်ဘဲ ခေါင်းကိုသာ ဘယ်ညာရမ်းလိုက်မိသည်...။

"လာ... ဒီကိုလာ...။ ဒါက ငါပြောတဲ့ တစ်ယောက်လေ... ရင်ဝယ်ဦးဆိုတာ... သူ့ဦးနှောက်က ရှယ်ပြေးတာ...။ လုံးဝကို အမိုက်စား...."

ဝေကြီးက တစ်နေရာသို့ ကြည့်ကာ လက်ယပ်ပြီး ခေါ်လေတော့... အိမ်ဝိုင်းထဲကို ဝင်လာသည့်... တစ်စုံတစ်ယောက်...။

ထိုတစ်ယောက်က မိမိထက် အသက်အများကြီး ငယ်လောက်ပြီး ဒီရွာမှာလဲ တစ်ခါမှ မတွေ့ဖူးသည့် အနေအထား....။ ထိုကလေးမကတော့ ဝေကြီးဘေးနားက တစ်နေရာသို့ ထိုင်နေသည်...။

"ဒါက... ငါ့တူမလေး...။ မင်းကို ပြောဖူးတယ်လေ... ဒီနှစ်ဆယ်တန်းအောင်တဲ့ ငါ့အစ်မတစ်ဝမ်းကွဲ သမီးလေး...။ သူအမေနဲ့... ရွာကို အလယ်လာတာ...။ သူက ဆယ်တန်းအောင်တာနဲ့... ITဘက်ကို သဘောကျလို့တဲ့လေ...။ အခုတောင် သချာ်စွမ်းရည်ပြိုင်ပွဲမှာ... ဝင်ပြိုင်မလို့တဲ့...။"

ဝေကြီးအပြောကြောင့် ထိုကလေးမလေးကို တစ်ချက်ကြည့်လိုက်ပြီး...

"အဲ့ဒါက... ဘာဖြစ်လို့လဲ?"

"သြော်ကွာ... မင်းကလဲ... ဒီမှာ မင်းသိတဲ့ အပိုင်းကို သူက ရှုပ်နေတာ...။ တစ်ချက်လောက် ကြည့်ပေးလိုက်စမ်းပါ...။"

"ငါက အရာရာတိုင်းကို သိနေတာ မဟုတ်ဘူး..."

"ကဲပါကွာ... ဧည့်သည်ကို အားနာစရာ ခဏကြည့်ပေးလိုက်ပါ...။ သူ့မှာ တကူးတက မြို့ကနေ ဒီရောက်လာပြီး သေချာလာမေးတာကို....။"

"........"

ဝေကြီးစကားကို ဘာမှထပ်ပြီး မပြောတော့ဘဲ ထိုကလေးမလက်ထဲမှ စာအုပ်ကို ကြည့်လိုက်မိသည်...။ ထိုထဲက ပုစ္ဆာတစ်ခုကို တစ်ချက် ကြည့်လိုက်ပြီး....

"ဒါက အဖြေက normal ratioနဲ့ တွက်ရမှာ... Sin Q တန်ဖိုးက auto ထွက်လို့ရတယ်...။ အဖြေက ၂...."

ထိုအဖြေကို ကြားလိုက်ချိန်မှာတော့ ဝေကြီးကတော့ သူသိနေသည့် အနေအထားဖြင့် ပြုံးပြုံးကြီး ရှိနေပေမယ့် ကောင်မလေးကတော့ မိမိကို တစ်ချက် အံ့သြစွာ ကြည့်လာသည်....။

"ဟုတ်ကဲ့... အဲ့ဒီနေရာကို ဆု တကယ်နားမလည်တာ..."

"ဒီနေရာက မှားနေတာ... တကယ်ဆို ဒါဖြစ်မှရမှာ..."

ထိုအချိန်မှာတော့ ထိုကလေးမလေးက မိမိပြောသည့် စကားအတိုင်း လိုက်လုပ်ကြည့်သည့် အခါမှာ ခဏအတွင်းမှာပင် သူမကို ကျေနပ်သည့် အဖြေကို ရသွားလေပြီ....။

"အား... ဟုတ်တယ်...ဟုတ်တယ်...။ ဦးဦး ပြောတဲ့အတိုင်း ဦးက တကယ်တော်တာပဲ...။ မိုက်လိုက်တာ... အဲ့ဒီပုစ္ဆာကို အဆု တွက်နေတာ ... တစ်နေကုန်တော့မယ်....။"

"ကဲ... ဦးဦးမပြောဘူးလား? ဒီတစ်ယောက်က တကယ်တော်တာ...။ အခု ကျောင်းနားထားတာ ကြာတာတောင်... ဒီလောက်ကို တော်တာ...။"

ထိုအချိန်မှာတော့ ထိုကလေးမက....

"အယ်... ကျောင်းကို ဆက်မတက်ဘူးပေါ့...။ နှမြောစရာကြီး...။ ဦးဦးက ပြောတယ်... ဦးက ပြင်ဦးလွင် Cyber city ကဆို..."

"........"

ဘာမှမပြောဘဲ ဝေကြီးကိုသာ ခပ်တည်တည်နဲ့ ကြည့်ပြီး ခေါင်းကို ညိမ့်ပြလိုက်မိသ​ည်...။

"အဆုတောင်... အဲ့ဒီကို တင်မလို့ စဥ်းစားထားတာ...။ ဒါပေမယ့် အမှတ်ကို ကြည့်ရဦးမယ်...။ ဖြေတာတော့ ဖြေနိုင်တယ် ထင်တာပဲ...။ အဆုပါ အဲ့ဒီကို တက်ရရင် ကောင်းမယ်နော်... မသိရင် လာမေးလို့ ရတယ်....။ အယ်... ဦးက ဆက်မတက်တော့တာနော်...။"

"ဒီနှစ် ပြန်တက်ဖို့ လုပ်ထားပါတယ်ဗျာ... ။ အစက သူ့အလှလေးကြောင့် စိတ်မချလို့ လောင်ပြီး မတက်တာ...။"

ဝေကြီးက ကြားဝင်ပြီး ဖြေကြားချိန်မှာတော့ ထိုကလေးမက တအံ့တသြ...

"ဟို... ဦးဦးပြောတဲ့ အလှလေးဆိုတာ... ဒီရွာမှာ အလှဆုံးဆိုတဲ့ တစ်ယောက်လားဟင်? ဆံပင်ရှည်ရှည်နဲ့... သူ့ကို အလှလေးပဲ ခေါ်တာဆို... ဟိုဓာတ်ပုံထဲကလေ..."

ထိုကလေးမက ထိုလို ပြောလေတော့ နံဘေးမှာ ရှိနေသည့် ဝေကြီးကို အံကို တင်းတင်းကြိတ်ကာ ခဏ ကြည့်မိလိုက်သည်....။

"သူ ဒီကိုရောက်တာ... ဘယ်လောက်ကြာပြီလဲ?"

ထိုအချိန်မှာတော့ ဝေကြီးက မျက်စိမျက်နှာပျက်လျက်ဖြင့်ပင်....

"အေး... ညက ရောက်တာ...။ ဒါပေမယ့် မင်းအကြောင်းကို ငါက စ မပြောဘူး...။ ငါမင်္ဂလာဆောင်က ပုံတွေ ကြည့်ရင်းက ပျိုးငယ် ပုံကို တွေ့လို့ သူက မေးတာနဲ့ပဲ....။"

"ပျိုးငယ်ပုံ ဟုတ်လား? မင်းကို ငါပြောပြီးသားနော်... ဝေကြီး..."

ပျိုးငယ်ပုံဆိုတာနဲ့ ငဦးအနေအထားက ချက်ချင်းဆိုသလို မျက်နှာကို တည်တံ့ထားပြီး စိုက်ကြည့်ကာ မေးလာသည်...။ ထိုအချိန်မှာတော့ နံဘေးက တူမဖြစ်သူကလဲ နားမလည်နိုင်စွာ...။

"အဲ... ပုံတွေက မင်း မသိမ်းခိုင်းလို့ မသိမ်းပါဘူး...။ ဒါပေမယ့် အများနဲ့ ဓာတ်ပုံရိုက်တဲ့ ပုံတွေမှာ တစွန်းတစ ပေါ်နေတာပါကွာ... တကယ်လို့... ငါက မင်း မသိမ်းခိုင်းတာကို ဇွတ်အတင်း သိမ်းထားပါ့မလား? ဒါ... ဒါဆို ညနေမှ ငါ တစ်ခေါက် ပြန်လာခဲ့မယ်နော်..."

ကိုဝေကြီး ပြန်သွားသည်ကိုပင် အစ်ကိုက မျှော်ကြည့်လို့ မဆုံးတော့...။ ကိုဝေကြီးနောက်မှ မိန်းကလေးကလည်း အသားက အတော်လေးကို ဖြူဖွေးနေပြီး ခန္ဓာကိုယ် ကောက်ကြောင်းက လှပနေသည်...။

အခါတိုင်း ကိုဝေကြီး ပြန်ရင် တကူးတက လိုက်မကြည့်တတ်သည့် အစ်ကိုက အခုတော့ သူ့အကြည့်များကို မခွာနိုင်ဘဲ ရှိနေသည်....။

ကို ရင်ဝယ်ဦး...
ကို ရင်ဝယ်ဦး...
ခင်ဗျားက အတော်လေး ဟုတ်နေတာပေါ့...။

ဟင်း...
တွေ့ကြသေးတာပေါ့.... ပျိုးပင်ငယ်တဲ့... ဟင်းဟင်း...

နောက်တစ်နေ့...

မနက်ပိုင်း...

ဒီနေ့ မီးဖိုချောင်က ထွက်ပြီးသည်နှင့် စောစောစီးစီး ရေချိုးထားလိုက်မိသည်...။ သနပ်ခါးကို အကျအန လိမ်းနေမိသည်...။ ထို့နောက် ဆံပင်ကို နှစ်ဖက်ခွဲကာ တစ်ဖက်တစ်ချက်စီ ထုံးထားမိသည်...။

သေချာ မှန်ထဲမှာ မြင်တွေ့ရသည့် မိမိပုံကို သဘောကျစွာ ပြုံးလိုက်ပြီး လက်မထောင်မိသည်....။ ထို့နောက် စိတ်တိုင်းကျပြီးဆိုတာနဲ့ အောက်သို့ ဆင်းလာမိသည်....။

ဒီအချိန်ဆို အစ်ကိုက ကောင်းကောင်းမွန်မွန် အလုပ်ရှုပ်နေသည့် အချိန်ပေါ့...။ အစ်ကို့အခြေအနေကို တစ်ချက်ကြည့်ကာ... အိမ်ပေါ်မှ အောက်သို့ ဆင်းလာခဲ့မိသည်...။

ထို့နောက် မီးဖိုခန်းထဲမှ လွယ်အိတ်တစ်အိတ်ကို ယူကာ တံခါးပေါက်မှ ထွက်ဖို့ ပြင်တော့...

"အဲ့ဒါက ဘယ်သွားဖို့လဲ?"

အိမ်အောက်မှ သူ့အသံကို ကြားလိုက်ရသည်...။ ဒါပေမယ့် မကြားချင်ယောင်ဆောင်ပြီး သွားဖို့ ခြေလှမ်းတွေ လှုပ်ရှားမိနေပေမယ့်...

"ပျိုးငယ်..."

Warning အသံဖြင့် နောက်တစ်ခါ ထပ်ခေါ်လာချိန်မှာတော့ ကျွန်တော်လည်း ခြေတစ်လှမ်းမှ မရွေ့ရဲတော့...။

ခဏအကြာမှာတော့ အစ်ကိုက ကျွန်တော့်ဆီကို လျှောက်ကာ... ကျွန်တော့်မျက်နှာအနှံ့ကို ကြည့်ရှုသည်...။

ကျွန်တော့်မျက်နှာအနေအထား၊ ကျွန်တော့်ထံမှ ရနံ့ကို ရပြီးသည့် အချိန်မှာတော့ မျက်နှာသေဖြင့်ပင် မျက်ခုံးကို ကျုံ့လိုက်မိသည်....။ မျက်နှာက ချက်ချင်းဆိုသလို... မျက်နှာသေဖြင့် ပြောင်းလဲလာသည်...။

"ဒီအတိုင်း... မမကေသီတို့နဲ့ အရွက်သွားခူးမလို့...။"

"ဟင်?... ဒီအချိန်ကြီးမှလား? နေဦး ပျိုးငယ်... တောထဲ ဟင်းရွက်ခူးမယ့် ပုံစံက ဒီပုံစံနဲ့လား?"

"ဟုတ်တယ်... ဘာဖြစ်လို့လဲ ?"

"ငါ ဘာပြောနေတယ်ဆိုတာ... မင်း သိတယ်မလား ပျိုးငယ်...။ မသိချင်ယောင် မဆောင်နဲ့...။ ဒီပုံစံနဲ့မှ မဟုတ်ဘူး... ဘယ်လိုပုံစံနဲ့မှ မင်းကို ငါမပါဘဲ အပြင်ကို မလွှတ်ဘူး...။"

"......."

"ထမင်း မစားရသေးဘူးမလား? အခု စားရအောင်..."

"မမကေသီတို့နဲ့က ချိန်းထားပြီးသား ဖြစ်နေတာ...။ ပျိုးငယ် သွားမှ ရမယ်...။"

"မင်း သွားမယ်ဆိုတဲ့ အ​ကြောင်းကို ဘယ်တုန်းက ငါ့ကို ပြောထားလဲ?"

"အစ်ကို့ကို ပြောမလို့ပဲ... ဒါပေမယ့် အစ်ကိုက ကိုဝေကြီးတို့နဲ့ စကားပြောနေလို့ လာမပြောတော့တာ...။"

ထိုအချိန်မှာတော့ အစ်ကိုက ကျွန်တော့်ကို တစ်ချက် မျက်နှာသေဖြင့်ပင် ကြည့်လာသည်...။ ထို့နောက် ကျွန်တော့်လက်ကို ဆွဲကာ သူ့နောက်သို့ အလျင်အမြန်...။

အစ်ကိုကတော့ ထုံးစံအတိုင်း လှေကားထစ်များမှတစ်ဆင့်... သူ့အခန်းထဲသို့ ခေါ်ကာ တံခါးကို ပိတ်လိုက်သည်...။ ထိုကတည်းက သိလိုက်မိသည်က... ကျွန်တော် အပြင်ကို သွားလို့ရမှာ မဟုတ်တော့...။

အခန်းထဲ ရောက်သည်နှင့် အစ်ကိုက ကျွန်တော့်မျက်နှာအနှံ့ အကြမ်းပတမ်း နမ်းရှိုက်သည်...။ ထို့နောက် လည်တိုင်မှ ဖျစ်ညှစ်လာပြီးသည့်နောက်....

"မင်း ဘာတွေလုပ်ချင်နေတာလဲ ပျိုးငယ်..."

"... ဒီအတိုင်း... ဘာမှမဟုတ်ဘူး..."

ထိုအချိန်မှာတော့ အစ်ကိုက စိတ်တိုလာကာ မျက်မှောင်ကိုကျုံ့... စူးစူးစိုက်စိုက် ကြည့်လာသည်...။

"မင်း ဘာလုပ်နေတာလဲ ငါ သိတယ်... ပျိုးငယ်... လည်ပင်းအနင်းခံရမယ်...ကြပ်ကြပ် သတိထား..."

အစ်ကိုက ထိုကဲ့သို့ ပြောလာချိန်မှာတော့ ကျွန်တော်လည်း ဘယ်လိုနေရမလဲ မသိတော့...။

"သူကျတော့ ကြည့်ချင်တဲ့သူကို ကြည့်နေပြီးတော့..."

ခပ်တိုးတိုး ရေရွတ်လိုက်ပေမယ့် အစ်ကိုက ကြားဖြစ်အောင် ကြားသေးသည်...။ ထိုစကားနောက်မှာတော့...

"ဘာ! ငါက ဘယ်သူ့ကို ကြည့်နေလို့လဲ? ပေါက်ရတွေ ပြောမနေနဲ့ ပျိုးငယ်...။"

"ပေါက်ကရ ဟုတ်လား? ဘာပေါက်တတ်ကရလဲ? ကို ရင်ဝယ်ဦး... ခင်ဗျားပဲ ကိုဝေကြီးနောက်ကို အကြည့်မလွဲဲနိုင်အောင် ကြည့်နေတာလေ...။ ကိုယ့်ဘာသာ ငမ်းချင်ရာ ငမ်းပြီး သူများကျမှ ဘာဖြစ်တယ်... ညာဖြစ်တယ်နဲ့... ကျော့ကော့နေတာပဲ..."

ထိုအချိန်မှာတော့ အစ်ကိုက...

"Babe.. မင်း သူများကို ပေးမြင်လောက်အောင် မကြိုက်တဲ့ ငါ့ကိုယ်ပေါ်က အစိတ်အပိုင်းအားလုံးကို မင်းအပိုင်အဖြစ် လှီးထုတ်ယူသွားလည်း ကိစ္စမရှိဘူး..."

"အဟင်း... သူလုပ်မိတော့ ယုံအောင် သိမ်းသွင်းနေတာပဲ..."

ထိုစကားအဆုံးမှာတော့ အစ်ကိုက ကျွန်တော့်လည်ပင်းကို အားအင်ဖြင့် ဖျစ်ညှစ်လိုက်ပြီး...

"တော်တော့! ငါက မင်းကို လက်လွန်မိမယ် ပျိုးငယ်...။"

အစ်ကိုက အခန်းမှ ထောင့်တစ်ခုမှာ ထောင်ထားသည့် ဓားကို ယူလာပြီး....

"ရော့... ဒီခန္ဓာကိုယ်က အကုန်လုံးက မင်း အပေါ်မြှုပ်နှံထားတာ... Babe. မင်းကြားလား? အေး... ငါ ဘယ်သူကိုမှ ကြည့်မနေခဲ့သလို မြင်လည်း မမြင်ဘူး...။"

"........"

"မင်းက ငါ့ရင်ဘတ်မှာ တစ်သက်လုံး စိုက်ပျိုးထားတဲ့ အရာ... ဘယ်ပန်းက မင်းလောက် မလှနိုင်သလို... ဘယ်ရနံ့မှလည်း ငါ့ကို မဆွဲဆောင်နိုင်ဘူး...။ အတွေးတွေ လွန်ပြီး စိတ်ကောက်ချင်ရင် တစ်ခြားနည်းနဲ့ အပြစ်ပေးလို့ ရတယ်... ဒီလို အသွင်အပြင်နဲ့ကတော့ မရဘူး... ပျိုးငယ်..."

ခဏအကြာမှာတော့ အစ်ကိုက ကျွန်တော့်ခန္ဓာကိုယ်ကို ပွေ့ကာ သူ့ကိုယ်ပေါ်သို့ အဝတ်စ တစ်ခုနှယ်...

"ပြီးတော့... မင်းက ငါ့ရဲ့ သေရာပါလေး... ငါသေရင် တစ်ခါတည်း ယူသွားမယ့်အရာ...။ ဒါကြောင့် မင်းယောကျ်ားကို မင်း စိတ်ပူစရာမလိုဘူး...။ "

"........"

"မင်း ငါ့ရှေ့မှာ မရှိရင်တောင် မင်းရှေ့ကို လာပြီး ထိုင်ကြည့်နေတတ်တဲ့ ကောင်က ဖောက်ပြန်ဖို့ဆိုတာ... ဘယ်ဦးနှောက်နဲ့မှ တွေးမထားဘူး..."

".........."

"နောက်ဆုံး ပြောမယ်... ငါ ဓားသွေးနေတာတွေက... မင်းကို သတ်လိုက်မိရင်တောင်... ဓားတုံးတုံးနဲ့ ကြိတ်လှီးခံရတဲ့... နာကျင်မှုကို မင်းကို မရစေချင်လို့...။

ကျွန်တော်လည်း အချိန်အတော်ကြာ ဘာစကားတစ်ခွန်းမှ မပြောသည့် အချိန်မှာတော့ အစ်ကိုက...

"ပျိုးငယ်... မင်း ယောင်္ကျားက dark side အပြည့်နော်...။ မင်းကို ဘယ်နည်းနဲ့ပဲ ဖြစ်ဖြစ် မင်းကို သတ်လို့ရတယ် ပျိုးငယ်...။ မင်းကို အရင်တုန်းက လုပ်ခဲ့သမျှတွေက... မင်း သေမှာစိုးလို့ ငါ့လျှော့ခဲ့တဲ့ Limitedတွေချည်းပဲ...။ ငါ့ကို လာစမ်းနဲ့ ပျိုးငယ်...။"

"အ... အစ်ကို..."

"စိတ်ချ... စိတ်ချ... မင်းကို လုပ်သတ်မှာ... ပျိုးငယ်...။ မသေခင် ကောင်းကောင်းနေ..."



ညနေပိုင်း...

ညနေပိုင်းမှာတော့ ကျွန်တော်နှင့် အစ်ကို နှစ်ယောက်လုံး ဟင်းရွက်ခူးရင်း လယ်ဘက်ကို ထွက်လာမိတော့သည်...။

နှစ်ယောက်သား ဟင်းရွက်ခူးပြီး ရှိနေရာမှ... လယ်ဘက်မှ တဲငယ်ဆီ ရောက်ချိန်မှာတော့....

"ပျိုးငယ်... Babe...
မင်း တကယ်ပဲ အဝေးသင် လျှောက်မှာလား?"

"ဟုတ်တယ်... ပျိုးငယ်အတွက်က မလိုပါဘူး...။ ပျိုးငယ်က အစ်ကို့လုပ်စာ ထိုင်စားမှာမို့လေ...။"

ထိုအချိန်မှာတော့ အစ်ကိုက တစ်ချက် ခပ်မဲ့မဲ့ ရယ်လာပြီး....

"ငါ့လုပ်စာက မင်းစားလို့ မရဘူး...။ ဘာလို့လဲဆို... မင်းကိုယ်တိုင်က ငါ့လုပ်စာဖြစ်နေလို့လေ...။"

ထိုအချိန်မှာတော့ ကျွန်တော်လည်း အစ်ကို့မျက်နှာကို မကြည့်ရဲတော့ဘဲ... ရှိနေမိသည်...။ အဝေးတစ်နေရာမှ အရွက်တလူလူ ဝေနေသည့် နေရာကို ကြည့်လိုက်မိရင်းမှ....

"အဲ...
ဟို... အစ်ကို မန်ကျည်းရွက်နဲ့ ညောင်ရွက်ခူးမလို့ဆို... ဟိုမှာ နုနေတာ... သွား... သွားခူးမယ်လေ..."

ကျွန်တော်က ပြောပြောဆိုဆိုဖြင့်ပင် အစ်ကို့ရှေ့မှ လွှတ်မြောက်ဖို့ လမ်းကြောင်းကို ရွေးမိပေမယ့်... အစ်ကိုကတော့ ကြိုသိနေသည့်နှယ်... ကျွန်တော့်လက်ကို ဆွဲထားပြီး...

"စကားလမ်းကြောင်း မလွှဲနဲ့ babe...။ ဒါနဲ့ ဒီဆံပင်ခွဲထုံးပြီး သနပ်ခါး လိမ်းရမယ်လို့... မင်းကို ဘယ်သူသင်ပေးတာလဲ?"

အစ်ကိုက စေ့စေ့ကြည့်ကာ မေးလာသည့် အချိန်မှာတော့... ကျွန်တော်လည်း....

"ဟို... အဲ... အဲ့ဒါက...ဒီအတိုင်း..."

အစ်ကို့ကို ကြောက်ရွံ့ပြီး စကားတွေ အထစ်ထစ် အငေါ့ငေါ့ ဖြစ်သွားပေမယ့်... အစ်ကိုကတော့...

"မင်းကို ငါ... ဘာလို့ ဆံပင်ရှည် ထားခိုင်းလဲ သိလား?"

ကျွန်တော့် ခေါင်းပေါ်မှ ထုံးထားသည့် ဆံပင်ရှည်များကို ကြည့်ကာ ပြောလာသည်...။ ထိုအချိန်မှာတော့ ကျွန်တော်လည်း...

"ဟင့်..ဟင့်အင်း..."

ကျွန်တော်က မသိဟန်ဆောင်ပြီး ပြောလိုက်မိပေမယ့် အစ်ကိုကတော့ဖြင့်....

"အဲ့ဒါက ချုပ်ပြီး လုပ်ဖို့ ပိုအဆင်ပြေတယ်လေ...။ ဥပမာ ဒီလိုမျိုးပေါ့...။"

ကျွန်တော့် ခန္ဓာကိုယ်ကို သူနှင့် ဆန့်ကျင်ဖက်သို့ လှည့်စေသည်...။ ထို့နောက် ခေါင်းပေါ်မှ ဆံပင်နှစ်ဖက်ကို ပြေအောင် ဖြည်ချလိုက်ပြီး စုကာ ဆွဲထားသည်...။ ထို့နောက် ကျွန်တော့်ကျောပြင်ကို အောက်သို့ ဖိဝပ်စေသည်...။

ကျွန်တော့်ခါးမှ ရစ်သိုင်းပြီး သူ့ဘက်ကို ဆွဲယူသည်....။

"အ... အစ်ကို မလုပ်... မလုပ်တော့နဲ့...။ ပျိုး.. ပျိုးငယ်..."

တောင်းပန်သည့် အနေဖြင့် ပြောလိုက်မိပေမယ့် ကျွန်တော် လွတ်မြောက်နိုင်ရဲ့လား စဥ်းစားနေမိသည်...။ အခုနောက်ပိုင်းက အစ်ကိုက အမြဲတမ်းလိုလို အဲ့လိုစိတ်တွေ ဝင်နေသည့် ထင်သည်...။

တကယ်မလုပ်ပေမယ့် သူ့စကားများက ဖိ၍ ဖိ၍ ​ပြောနေပုံက တကယ်လုပ်ဖို့ အားအင်များ စုဆောင်းနေသလိုပင်...

"တစ်ခါတစ်လေတော့လည်း ဒီလိုလုပ်လို့ ရတယ်..."

ကျွန်တော့်မျက်နှာကို သူ့ဘက်ကို ပြန်လှည့်ကြည့်စေပြီးသည့်နောက် ကျွန်တော့်ဆံပင်ကို ဆွဲကာ သူ့ပေါင်ကြားထဲသို့....

"Babe... ငါ့ရဲ့စိတ်ထဲမှာ မင်းက ပုံစံအမျိုးမျိုးနဲ့... လုပ်ချင်စရာလေး...။ ပြင်ဦးလွင်က ချမ်းတယ် ကလေးလေး... စိတ်မပူပါနဲ့... အနွေးဓာတ်ကို ငါက တစ်နေ့လုံး ပေးနေမှာ....။"

"ဟင့်အင်း..."

Friday:4:April:26:2024:22:16PM

အိပ်ချင်နေလို့... ​သေချာမရေးနိူင်တော့ဘူးဗျ..။

{Zawgyi}

...Babe
မင္းကို ဖ်စ္ညွစ္ခ်င္လာေအာင္ မလုပ္နဲ႕...

****

ဒီေန႕ အစ္ကို႔ရဲ႕တကၠသိုလ္ သြားဖို႔အတြက္ ဒီဇိုင္းကာလာ ဘာညာအေနအထား ျပင္ရသည့္ေန႕ပင္...။

"အစ္ကို... ဒီပုံေလးဆို မဆိုးဘူးေနာ္...။ အဲ့ဒီပုံေလး ညွပ္လိုက္....။"

ဒီေန႕ အစ္ကိုႏွင့္အတူ ၿမိဳ႕ကို လိုက္ၿပီး အစ္ကို႔ဆံပင္ပုံစံႏွင့္ပတ္သတ္ၿပီး ေျပာရသည့္ ေန႕ပင္...။ အစ္ကိုက အစကတည္းက ပ်ိဳးငယ္အႀကိဳက္ ညွပ္ေပးမယ္ ေျပာသလို.. အဝတ္အစားကအစ ပ်ိဳးငယ္ ဝတ္ခ်င္သလို ဝတ္ေပးမယ္တဲ့....။

အစ္ကို႔ပုံစံက အရင္ႏွစ္ပတ္ေလာက္က ပုံစံနဲ႕ ကြာသြားၿပီ ျဖစ္သည္...။ အစ္ကိုက ထမင္းမစား၊ မအိပ္ဘဲ ေနရင္ေတာင္ အစ္ကို႔ရဲ႕ ကိုယ္ခံအားက အဲ့ေလာက္မက်... ပ်ိဳးငယ္ဆိုရင္ေတာ့ တစ္ေန႕ေလာက္နဲ႕ကို သိသာသည္....။

ေျပလည္သြားသည့္ေန႕က စၿပီး ပုံမွန္အတိုင္း ျပဳမူေနေတာ့ အစ္ကို႔ရဲ႕ ခႏၶာကိုယ္က ႂကြက္သားမ်ားႏွင့္အတူ ျပည့္တင္းမႈ...။

အစ္ကို႔လက္မွ ေသြးေၾကာမ်ားက ေထာင္ထေနၿပီး သန္မာမႈ အျပည့္ ျဖစ္သည္...။ ပ်ိဳးငယ္လက္ကေတာ့ ေသးေသးသြယ္သြယ္ ေဖာင္းေဖာင္းေလးပင္ ျဖစ္သည္....။

ပထမဆုံးေတာ့ အစ္ကိုက ေက်ာင္းတက္ဖို႔ ကိစၥကို ျငင္းခဲ့ေပမယ့္ ေနာက္ပိုင္း ပ်ိဳးငယ္က ေက်ာင္းမၿပီးလည္း ရတယ္... အစ္ကို႔လုပ္စာ ထိုင္စားမယ္ ေျပာလို႔ ကြၽန္ေတာ့္သေဘာက်တက္ခဲ့တာမ်ိဳးပင္...။

ဟုတ္ပါသည္... အစ္ကို႔ပညာေရးက ႏွေျမာစရာေကာင္းသည္ဟု ပ်ိဳးငယ္ ယူဆမိသည္....။

အစ္ကိုကေတာ့ ကြၽန္ေတာ္သေဘာက် ဆံပင္ပုံစံကို ဆံသ ဆရာကို ျပကာ ညွပ္ေစသည္...။

ထို႔ေနာက္ အစ္ကို ေက်ာင္းတက္ဖို႔အတြက္ အဝတ္အစားတစ္ခ်ိဳ႕ ဝယ္ကာ အိမ္ကို ျပန္လာခဲ့မိသည္...။

အစ္ကို႔ရဲ႕ ဆံပင္ပုံစံ၊ အဝတ္အစားက အစ ကြၽန္ေတာ္ ျပင္ဆင္ေပးေနမိသည္....။ မနက္ေစာေစာကတည္းက ၿမိဳ႕ဘက္ကို သြားတာ... ညေနပိုင္းေလာက္မွပဲ အိမ္ကို ျပန္ေရာက္သည္...။

ျပန္ေရာက္ေတာ့လည္း မနက္ျဖန္ သဘက္ခါ သြားမည့္ ခရီးအတြက္ လိုအပ္သည္မ်ားကို ျပင္ဆင္ေနမိသည္...။ အိမ္ကေတာ့ ကြၽန္ေတာ့္ကို အစ္ကိုႏွင့္လိုက္မသြားဖို႔ ေျပာေပမယ့္... ပ်ိဳးငယ္ အစ္ကိုနဲ႕ မခြဲနိုင္သည္မို႔ .... လိုက္ကို လိုက္ရမည္ ျဖစ္သည္....။

အိမ္ကို ေရာက္သည္ႏွင့္ ဆံပင္ပုံစံအသစ္ႏွင့္ ေရခ်ိဳးကာ သန့္သန့္ျပန့္ျပန့္ ျဖစ္ေနသည့္အစ္ကိုက ဘာမွမျပင္ဆင္ ထားတာေတာင္ မိမိုက္ေနသည္....။

ဒါေၾကာင့္ပင္ ေရခ်ိဳးၿပီးသည္ႏွင့္ အိမ္ေရွ႕ကုတင္မွာ ထိုင္ေနသည့္ အစ္ကို႔ကို မီးဖိုအခန္းအေပါက္ဝမွ ေမးဖ်ားကို လက္ေထာက္ကာ ေငးေမာၾကည့္လိုက္မိသည္....။ မ်က္ခုံးတို႔ကို တြန့္က်ိဳးရင္းေပါ့....။

ေနပါဦး... ဆံပင္ပုံစံေလး နည္းနည္းေျပာင္းလိုက္တာနဲ႕ အဲ့ေလာက္ႀကီး နိုင္ငံျခား မင္းသားေတြလို ေယာက်္ားပီသေနဖို႔ လိုေနလို႔လား?

အစ္ကိုက ထုံးစံအတိုင္း ကြၽန္ေတာ့္ဆီ အၾကည့္ေရာက္ေလေတာ့ ကြၽန္ေတာ္လည္း အရင္တစ္ခါလို အၾကည့္မလႊဲေတာ့ဘဲ စူးစူးရဲရဲ ၾကည့္လိုက္မိသည္....။

ထိုအခ်ိန္မွာေတာ့ အစ္ကိုက ကြၽန္ေတာ့္ဆီ ေျခလွမ္းက်ဲမ်ားျဖင့္ပင္ ေလွ်ာက္လာသည္....။ ကြၽန္ေတာ့္အနားေရာက္သည္ႏွင့္ မ်က္ႏွာခ်င္းဆိုင္မွာ ေဆာင့္ေဆာင့္ထိုင္လိုက္ၿပီး....

"ပ်ိဳးငယ္... ဘာျဖစ္လို႔လဲ ကေလးေလး...."

ထိုအေၾကာင္းအရာကို ေမးလာသည့္ အခ်ိန္မွာေတာ့ ကြၽန္ေတာ္လည္း ဘာမွမေျပာဘဲ အစ္ကို႔ခႏၶာကိုယ္မွ ဆြဲေဆာင္မႈ အရွိဆုံးေသာ ေနရာမ်ားကို ၾကည့္လိုက္မိသည္....။

မ်က္ခုံးမ်ားက ငွက္အေတာင္ပံကဲ့သို႔ တစ္ခုႏွင့္တစ္ခု ယွက္ကာ သန္စြမ္းမႈအျပည့္ ရွိေနသည္...။ ႏွာတံစင္းစင္းက ေမးရိုးႏွင့္ လိုက္ဖတ္ကာ ရွိေနသည္...။

စူးရဲေသာ မ်က္ဝန္းမ်ားက မ်က္ရစ္၊ မ်က္ဖလားအျပည့္ရွိေနသည္....။ အေပၚေအာက္ ယွက္ကာ ရွိေနသည့္ မ်က္ေတာင္မ်ားက စူးရဲေသာ မ်က္လုံးတစ္စုံကို ျဖစ္ေစသည္....။

ႏူတ္ခမ္းပါးပါးက ေသသပ္ပိရိစြာ ရွိေနသည္...။ သြားမ်ားက စီရီေနသည္...။ ခႏၶာကိုယ္က ေတာင့္တင္းမႈဆိုတာထက္ ပိုသည္...။ အရပ္က ရွည္လ်ားေနၿပီး... သူ႕လက္က အေၾကာမ်ားက သန္မာမႈ အျပည့္ျဖစ္သည္....။

အဲ့ဒီလက္ေတြက တစ္စုံတစ္ခုကို အားပါပါ ဆုပ္ကိုင္ခ်ိန္ဆို... အေၾကာမ်ားက သန္မာမႈအျပည့္ ေထာင္ထေနသည္....။

အဲ့ဒီလက္ေတြက ကြၽန္ေတာ့္ခါးကို ေပြ႕ပိုက္ထားတာမ်ိဳး၊ ကြၽန္ေတာ့္ကို ေပြ႕ဖက္ထားခ်ိန္မ်ိဳးဆို ပိုၿပီး တင္းတင္းၾကပ္ၾကပ္....။

အဓိက က အစ္ကို႔ႏူတ္ခမ္းေမႊးမ်ားႏွင့္ မုတ္ဆိတ္ေမႊးေတြ...
အရမ္းႀကီး မရွည္ေပမယ့္ ... တိုတိုစိပ္စိပ္လည္း မဟုတ္...။

သူ၏ ေခ်ာေမာေနမႈကို ၾကည့္ေလ... ဟိုကိုေက်ာင္းတက္သြားမည့္ သူ႕အနား ေကာင္မေလးေတြ ဝိုင္းဝိုင္းလည္ေနေတာ့မည္ ျဖစ္သည္....။

ေတြးရင္းပင္ ေဒါသအလိပ္လိုက္ ထြက္လာခဲ့သည္မို႔... မ်က္ႏွာကို အတတ္နိုင္ဆုံး တင္းထားၿပီးသည့္ေနာက္မွာေတာ့....

"ဘာမွ မဟုတ္ဘူး..."

ထိုစကားတစ္ခြန္းထဲ ေျပာၿပီး ေနာက္ထပ္ ဘာမွမေျပာဘဲ မီးဖိုအခန္းထဲ ဝင္သြားသည့္ အလွေလးက ဘယ္အခ်ိန္ၾကည့္ၾကည့္ လုပ္သတ္ခ်င္စရာေလးပင္....။

သေဘာက်စြာ ၿပဳံးလိုက္မိၿပီးေနာက္မွာေတာ့ စက္႐ုံတစ္ဖက္က ဆိတ္ဖလူးပန္းပင္ေအာက္သို႔.... ။ ေဝႀကီးႏွင့္ မနက္ကတည္းက ခ်ိန္းထားသည္မို႔... ေဝႀကီး ဒီကို လာမယ့္အခ်ိန္ ေစာင့္ေနမိသည္...။

"ငဦး... ေဟ... ငဦး..."

စက္႐ုံတံခါးဝန္းမွ ေခၚသံေၾကာင့္ ေခါင္းကို ေထာင္ကာ ၾကည့္လိုက္မိသည္...။ ထင္သည့္အတိုင္းပင္...

"ေအး... ေဝႀကီး... ဒီဘက္မွာ..."

အသံျပဳလိုက္ေတာ့ ေဝႀကီးက ခပ္သြက္သြက္ ေလွ်ာက္လာၿပီး အၿပဳံးတစ္ခုျဖင့္ပင္....

"အမေလး... ဆရာသမားကေတာ့ အရင္က ကိစၥေတြ ျဖစ္တုန္းက လုံးဝကို နားခ်ဖိဳ႕ ေနေနသာသာ... အနားမကပ္ေလာက္ေအာင္ကို ေဒါသေတြ ႀကီးေနခဲ့တာ...။ အခုေရာ ဘယ္လိုလဲ? အလွေလးက ဘယ္ေရာက္ေနလဲ?"

ေဝႀကီးကေတာ့ မိမိရွိရာ ကုတင္ေပၚသို႔ လာေရာက္ထိုင္ၿပီး ေရာက္ေရာက္ခ်င္း ေရွာက္နဲ႕ထြင္းဆိုသလိုပင္...။ အရင္က ပ်ိဳးငယ္ကို ပိတ္ထားတာနဲ႕ ပတ္သတ္ၿပီး ေျပာေနတာပင္....။

သူ႕အေျပာကို ဘာမွမတုံ႕ျပန္ဘဲ ေခါင္းကိုသာ ဘယ္ညာရမ္းလိုက္မိသည္...။

"လာ... ဒီကိုလာ...။ ဒါက ငါေျပာတဲ့ တစ္ေယာက္ေလ... ရင္ဝယ္ဦးဆိုတာ... သူ႕ဦးႏွောက္က ရွယ္ေျပးတာ...။ လုံးဝကို အမိုက္စား...."

ေဝႀကီးက တစ္ေနရာသို႔ ၾကည့္ကာ လက္ယပ္ၿပီး ေခၚေလေတာ့... အိမ္ဝိုင္းထဲကို ဝင္လာသည့္... တစ္စုံတစ္ေယာက္...။

ထိုတစ္ေယာက္က မိမိထက္ အသက္အမ်ားႀကီး ငယ္ေလာက္ၿပီး ဒီ႐ြာမွာလဲ တစ္ခါမွ မေတြ႕ဖူးသည့္ အေနအထား....။ ထိုကေလးမကေတာ့ ေဝႀကီးေဘးနားက တစ္ေနရာသို႔ ထိုင္ေနသည္...။

"ဒါက... ငါ့တူမေလး...။ မင္းကို ေျပာဖူးတယ္ေလ... ဒီႏွစ္ဆယ္တန္းေအာင္တဲ့ ငါ့အစ္မတစ္ဝမ္းကြဲ သမီးေလး...။ သူအေမနဲ႕... ႐ြာကို အလယ္လာတာ...။ သူက ဆယ္တန္းေအာင္တာနဲ႕... ITဘက္ကို သေဘာက်လိဳ႕တဲ့ေလ...။ အခုေတာင္ သခ်ာ္စြမ္းရည္ၿပိဳင္ပြဲမွာ... ဝင္ၿပိဳင္မလို႔တဲ့...။"

ေဝႀကီးအေျပာေၾကာင့္ ထိုကေလးမေလးကို တစ္ခ်က္ၾကည့္လိုက္ၿပီး...

"အဲ့ဒါက... ဘာျဖစ္လို႔လဲ?"

"ေၾသာ္ကြာ... မင္းကလဲ... ဒီမွာ မင္းသိတဲ့ အပိုင္းကို သူက ရႈပ္ေနတာ...။ တစ္ခ်က္ေလာက္ ၾကည့္ေပးလိုက္စမ္းပါ...။"

"ငါက အရာရာတိုင္းကို သိေနတာ မဟုတ္ဘူး..."

"ကဲပါကြာ... ဧည့္သည္ကို အားနာစရာ ခဏၾကည့္ေပးလိုက္ပါ...။ သူ႕မွာ တကူးတက ၿမိဳ႕ကေန ဒီေရာက္လာၿပီး ေသခ်ာလာေမးတာကို....။"

"........"

ေဝႀကီးစကားကို ဘာမွထပ္ၿပီး မေျပာေတာ့ဘဲ ထိုကေလးမလက္ထဲမွ စာအုပ္ကို ၾကည့္လိုက္မိသည္...။ ထိုထဲက ပုစ္ဆာတစ္ခုကို တစ္ခ်က္ ၾကည့္လိုက္ၿပီး....

"ဒါက အေျဖက normal ratioနဲ႕ တြက္ရမွာ... Sin Q တန္ဖိုးက auto ထြက္လို႔ရတယ္...။ အေျဖက ၂...."

ထိုအေျဖကို ၾကားလိုက္ခ်ိန္မွာေတာ့ ေဝႀကီးကေတာ့ သူသိေနသည့္ အေနအထားျဖင့္ ၿပဳံးၿပဳံးႀကီး ရွိေနေပမယ့္ ေကာင္မေလးကေတာ့ မိမိကို တစ္ခ်က္ အံ့ၾသစြာ ၾကည့္လာသည္....။

"ဟုတ္ကဲ့... အဲ့ဒီေနရာကို ဆု တကယ္နားမလည္တာ..."

"ဒီေနရာက မွားေနတာ... တကယ္ဆို ဒါျဖစ္မွရမွာ..."

ထိုအခ်ိန္မွာေတာ့ ထိုကေလးမေလးက မိမိေျပာသည့္ စကားအတိုင္း လိုက္လုပ္ၾကည့္သည့္ အခါမွာ ခဏအတြင္းမွာပင္ သူမကို ေက်နပ္သည့္ အေျဖကို ရသြားေလၿပီ....။

"အား... ဟုတ္တယ္...ဟုတ္တယ္...။ ဦးဦး ေျပာတဲ့အတိုင္း ဦးက တကယ္ေတာ္တာပဲ...။ မိုက္လိုက္တာ... အဲ့ဒီပုစ္ဆာကို အဆု တြက္ေနတာ ... တစ္ေနကုန္ေတာ့မယ္....။"

"ကဲ... ဦးဦးမေျပာဘူးလား? ဒီတစ္ေယာက္က တကယ္ေတာ္တာ...။ အခု ေက်ာင္းနားထားတာ ၾကာတာေတာင္... ဒီေလာက္ကို ေတာ္တာ...။"

ထိုအခ်ိန္မွာေတာ့ ထိုကေလးမက....

"အယ္... ေက်ာင္းကို ဆက္မတက္ဘူးေပါ့...။ ႏွေျမာစရာႀကီး...။ ဦးဦးက ေျပာတယ္... ဦးက ျပင္ဦးလြင္ Cyber city ကဆို..."

"........"

ဘာမွမေျပာဘဲ ေဝႀကီးကိုသာ ခပ္တည္တည္နဲ႕ ၾကည့္ၿပီး ေခါင္းကို ညိမ့္ျပလိုက္မိသည္...။

"အဆုေတာင္... အဲ့ဒီကို တင္မလို႔ စဥ္းစားထားတာ...။ ဒါေပမယ့္ အမွတ္ကို ၾကည့္ရဦးမယ္...။ ေျဖတာေတာ့ ေျဖနိုင္တယ္ ထင္တာပဲ...။ အဆုပါ အဲ့ဒီကို တက္ရရင္ ေကာင္းမယ္ေနာ္... မသိရင္ လာေမးလို႔ ရတယ္....။ အယ္... ဦးက ဆက္မတက္ေတာ့တာေနာ္...။"

"ဒီႏွစ္ ျပန္တက္ဖို႔ လုပ္ထားပါတယ္ဗ်ာ... ။ အစက သူ႕အလွေလးေၾကာင့္ စိတ္မခ်လိဳ႕ ေလာင္ၿပီး မတက္တာ...။"

ေဝႀကီးက ၾကားဝင္ၿပီး ေျဖၾကားခ်ိန္မွာေတာ့ ထိုကေလးမက တအံ့တၾသ...

"ဟို... ဦးဦးေျပာတဲ့ အလွေလးဆိုတာ... ဒီ႐ြာမွာ အလွဆုံးဆိုတဲ့ တစ္ေယာက္လားဟင္? ဆံပင္ရွည္ရွည္နဲ႕... သူ႕ကို အလွေလးပဲ ေခၚတာဆို... ဟိုဓာတ္ပုံထဲကေလ..."

ထိုကေလးမက ထိုလို ေျပာေလေတာ့ နံေဘးမွာ ရွိေနသည့္ ေဝႀကီးကို အံကို တင္းတင္းႀကိတ္ကာ ခဏ ၾကည့္မိလိုက္သည္....။

"သူ ဒီကိုေရာက္တာ... ဘယ္ေလာက္ၾကာၿပီလဲ?"

ထိုအခ်ိန္မွာေတာ့ ေဝႀကီးက မ်က္စိမ်က္ႏွာပ်က္လ်က္ျဖင့္ပင္....

"ေအး... ညက ေရာက္တာ...။ ဒါေပမယ့္ မင္းအေၾကာင္းကို ငါက စ မေျပာဘူး...။ ငါမဂၤလာေဆာင္က ပုံေတြ ၾကည့္ရင္းက ပ်ိဳးငယ္ ပုံကို ေတြ႕လို႔ သူက ေမးတာနဲ႕ပဲ....။"

"ပ်ိဳးငယ္ပုံ ဟုတ္လား? မင္းကို ငါေျပာၿပီးသားေနာ္... ေဝႀကီး..."

ပ်ိဳးငယ္ပုံဆိုတာနဲ႕ ငဦးအေနအထားက ခ်က္ခ်င္းဆိုသလို မ်က္ႏွာကို တည္တံ့ထားၿပီး စိုက္ၾကည့္ကာ ေမးလာသည္...။ ထိုအခ်ိန္မွာေတာ့ နံေဘးက တူမျဖစ္သူကလဲ နားမလည္နိုင္စြာ...။

"အဲ... ပုံေတြက မင္း မသိမ္းခိုင္းလို႔ မသိမ္းပါဘူး...။ ဒါေပမယ့္ အမ်ားနဲ႕ ဓာတ္ပုံရိုက္တဲ့ ပုံေတြမွာ တစြန္းတစ ေပၚေနတာပါကြာ... တကယ္လို႔... ငါက မင္း မသိမ္းခိုင္းတာကို ဇြတ္အတင္း သိမ္းထားပါ့မလား? ဒါ... ဒါဆို ညေနမွ ငါ တစ္ေခါက္ ျပန္လာခဲ့မယ္ေနာ္..."

ကိုေဝႀကီး ျပန္သြားသည္ကိုပင္ အစ္ကိုက ေမွ်ာ္ၾကည့္လို႔ မဆုံးေတာ့...။ ကိုေဝႀကီးေနာက္မွ မိန္းကေလးကလည္း အသားက အေတာ္ေလးကို ျဖဴေဖြးေနၿပီး ခႏၶာကိုယ္ ေကာက္ေၾကာင္းက လွပေနသည္...။

အခါတိုင္း ကိုေဝႀကီး ျပန္ရင္ တကူးတက လိုက္မၾကည့္တတ္သည့္ အစ္ကိုက အခုေတာ့ သူ႕အၾကည့္မ်ားကို မခြာနိုင္ဘဲ ရွိေနသည္....။

ကို ရင္ဝယ္ဦး...
ကို ရင္ဝယ္ဦး...
ခင္ဗ်ားက အေတာ္ေလး ဟုတ္ေနတာေပါ့...။

ဟင္း...
ေတြ႕ၾကေသးတာေပါ့.... ပ်ိဳးပင္ငယ္တဲ့... ဟင္းဟင္း...

ေနာက္တစ္ေန႕...

မနက္ပိုင္း...

ဒီေန႕ မီးဖိုေခ်ာင္က ထြက္ၿပီးသည္ႏွင့္ ေစာေစာစီးစီး ေရခ်ိဳးထားလိုက္မိသည္...။ သနပ္ခါးကို အက်အန လိမ္းေနမိသည္...။ ထို႔ေနာက္ ဆံပင္ကို ႏွစ္ဖက္ခြဲကာ တစ္ဖက္တစ္ခ်က္စီ ထုံးထားမိသည္...။

ေသခ်ာ မွန္ထဲမွာ ျမင္ေတြ႕ရသည့္ မိမိပုံကို သေဘာက်စြာ ၿပဳံးလိုက္ၿပီး လက္မေထာင္မိသည္....။ ထို႔ေနာက္ စိတ္တိုင္းက်ၿပီးဆိုတာနဲ႕ ေအာက္သို႔ ဆင္းလာမိသည္....။

ဒီအခ်ိန္ဆို အစ္ကိုက ေကာင္းေကာင္းမြန္မြန္ အလုပ္ရႈပ္ေနသည့္ အခ်ိန္ေပါ့...။ အစ္ကို႔အေျခအေနကို တစ္ခ်က္ၾကည့္ကာ... အိမ္ေပၚမွ ေအာက္သို႔ ဆင္းလာခဲ့မိသည္...။

ထို႔ေနာက္ မီးဖိုခန္းထဲမွ လြယ္အိတ္တစ္အိတ္ကို ယူကာ တံခါးေပါက္မွ ထြက္ဖို႔ ျပင္ေတာ့...

"အဲ့ဒါက ဘယ္သြားဖို႔လဲ?"

အိမ္ေအာက္မွ သူ႕အသံကို ၾကားလိုက္ရသည္...။ ဒါေပမယ့္ မၾကားခ်င္ေယာင္ေဆာင္ၿပီး သြားဖို႔ ေျခလွမ္းေတြ လႈပ္ရွားမိေနေပမယ့္...

"ပ်ိဳးငယ္..."

Warning အသံျဖင့္ ေနာက္တစ္ခါ ထပ္ေခၚလာခ်ိန္မွာေတာ့ ကြၽန္ေတာ္လည္း ေျခတစ္လွမ္းမွ မေ႐ြ႕ရဲေတာ့...။

ခဏအၾကာမွာေတာ့ အစ္ကိုက ကြၽန္ေတာ့္ဆီကို ေလွ်ာက္ကာ... ကြၽန္ေတာ့္မ်က္ႏွာအႏွံ႕ကို ၾကည့္ရႈသည္...။

ကြၽန္ေတာ့္မ်က္ႏွာအေနအထား၊ ကြၽန္ေတာ့္ထံမွ ရနံ႕ကို ရၿပီးသည့္ အခ်ိန္မွာေတာ့ မ်က္ႏွာေသျဖင့္ပင္ မ်က္ခုံးကို က်ဳံ႕လိုက္မိသည္....။ မ်က္ႏွာက ခ်က္ခ်င္းဆိုသလို... မ်က္ႏွာေသျဖင့္ ေျပာင္းလဲလာသည္...။

"ဒီအတိုင္း... မမေကသီတို႔နဲ႕ အ႐ြက္သြားခူးမလို႔...။"

"ဟင္?... ဒီအခ်ိန္ႀကီးမွလား? ေနဦး ပ်ိဳးငယ္... ေတာထဲ ဟင္း႐ြက္ခူးမယ့္ ပုံစံက ဒီပုံစံနဲ႕လား?"

"ဟုတ္တယ္... ဘာျဖစ္လို႔လဲ ?"

"ငါ ဘာေျပာေနတယ္ဆိုတာ... မင္း သိတယ္မလား ပ်ိဳးငယ္...။ မသိခ်င္ေယာင္ မေဆာင္နဲ႕...။ ဒီပုံစံနဲ႕မွ မဟုတ္ဘူး... ဘယ္လိုပုံစံနဲ႕မွ မင္းကို ငါမပါဘဲ အျပင္ကို မလႊတ္ဘူး...။"

"......."

"ထမင္း မစားရေသးဘူးမလား? အခု စားရေအာင္..."

"မမေကသီတို႔နဲ႕က ခ်ိန္းထားၿပီးသား ျဖစ္ေနတာ...။ ပ်ိဳးငယ္ သြားမွ ရမယ္...။"

"မင္း သြားမယ္ဆိုတဲ့ အေၾကာင္းကို ဘယ္တုန္းက ငါ့ကို ေျပာထားလဲ?"

"အစ္ကို႔ကို ေျပာမလို႔ပဲ... ဒါေပမယ့္ အစ္ကိုက ကိုေဝႀကီးတို႔နဲ႕ စကားေျပာေနလို႔ လာမေျပာေတာ့တာ...။"

ထိုအခ်ိန္မွာေတာ့ အစ္ကိုက ကြၽန္ေတာ့္ကို တစ္ခ်က္ မ်က္ႏွာေသျဖင့္ပင္ ၾကည့္လာသည္...။ ထို႔ေနာက္ ကြၽန္ေတာ့္လက္ကို ဆြဲကာ သူ႕ေနာက္သို႔ အလ်င္အျမန္...။

အစ္ကိုကေတာ့ ထုံးစံအတိုင္း ေလွကားထစ္မ်ားမွတစ္ဆင့္... သူ႕အခန္းထဲသို႔ ေခၚကာ တံခါးကို ပိတ္လိုက္သည္...။ ထိုကတည္းက သိလိုက္မိသည္က... ကြၽန္ေတာ္ အျပင္ကို သြားလို႔ရမွာ မဟုတ္ေတာ့...။

အခန္းထဲ ေရာက္သည္ႏွင့္ အစ္ကိုက ကြၽန္ေတာ့္မ်က္ႏွာအႏွံ႕ အၾကမ္းပတမ္း နမ္းရွိုက္သည္...။ ထို႔ေနာက္ လည္တိုင္မွ ဖ်စ္ညွစ္လာၿပီးသည့္ေနာက္....

"မင္း ဘာေတြလုပ္ခ်င္ေနတာလဲ ပ်ိဳးငယ္..."

"... ဒီအတိုင္း... ဘာမွမဟုတ္ဘူး..."

ထိုအခ်ိန္မွာေတာ့ အစ္ကိုက စိတ္တိုလာကာ မ်က္ေမွာင္ကိုက်ဳံ႕... စူးစူးစိုက္စိုက္ ၾကည့္လာသည္...။

"မင္း ဘာလုပ္ေနတာလဲ ငါ သိတယ္... ပ်ိဳးငယ္... လည္ပင္းအနင္းခံရမယ္...ၾကပ္ၾကပ္ သတိထား..."

အစ္ကိုက ထိုကဲ့သို႔ ေျပာလာခ်ိန္မွာေတာ့ ကြၽန္ေတာ္လည္း ဘယ္လိုေနရမလဲ မသိေတာ့...။

"သူက်ေတာ့ ၾကည့္ခ်င္တဲ့သူကို ၾကည့္ေနၿပီးေတာ့..."

ခပ္တိုးတိုး ေရ႐ြတ္လိုက္ေပမယ့္ အစ္ကိုက ၾကားျဖစ္ေအာင္ ၾကားေသးသည္...။ ထိုစကားေနာက္မွာေတာ့...

"ဘာ! ငါက ဘယ္သူ႕ကို ၾကည့္ေနလို႔လဲ? ေပါက္ရေတြ ေျပာမေနနဲ႕ ပ်ိဳးငယ္...။"

"ေပါက္ကရ ဟုတ္လား? ဘာေပါက္တတ္ကရလဲ? ကို ရင္ဝယ္ဦး... ခင္ဗ်ားပဲ ကိုေဝႀကီးေနာက္ကို အၾကည့္မလြဲဲနိုင္ေအာင္ ၾကည့္ေနတာေလ...။ ကိုယ့္ဘာသာ ငမ္းခ်င္ရာ ငမ္းၿပီး သူမ်ားက်မွ ဘာျဖစ္တယ္... ညာျဖစ္တယ္နဲ႕... ေက်ာ့ေကာ့ေနတာပဲ..."

ထိုအခ်ိန္မွာေတာ့ အစ္ကိုက...

"Babe.. မင္း သူမ်ားကို ေပးျမင္ေလာက္ေအာင္ မႀကိဳက္တဲ့ ငါ့ကိုယ္ေပၚက အစိတ္အပိုင္းအားလုံးကို မင္းအပိုင္အျဖစ္ လွီးထုတ္ယူသြားလည္း ကိစၥမရွိဘူး..."

"အဟင္း... သူလုပ္မိေတာ့ ယုံေအာင္ သိမ္းသြင္းေနတာပဲ..."

ထိုစကားအဆုံးမွာေတာ့ အစ္ကိုက ကြၽန္ေတာ့္လည္ပင္းကို အားအင္ျဖင့္ ဖ်စ္ညွစ္လိုက္ၿပီး...

"ေတာ္ေတာ့! ငါက မင္းကို လက္လြန္မိမယ္ ပ်ိဳးငယ္...။"

အစ္ကိုက အခန္းမွ ေထာင့္တစ္ခုမွာ ေထာင္ထားသည့္ ဓားကို ယူလာၿပီး....

"ေရာ့... ဒီခႏၶာကိုယ္က အကုန္လုံးက မင္း အေပၚျမႇုပ္ႏွံထားတာ... Babe. မင္းၾကားလား? ေအး... ငါ ဘယ္သူကိုမွ ၾကည့္မေနခဲ့သလို ျမင္လည္း မျမင္ဘူး...။"

"........"

"မင္းက ငါ့ရင္ဘတ္မွာ တစ္သက္လုံး စိုက္ပ်ိဳးထားတဲ့ အရာ... ဘယ္ပန္းက မင္းေလာက္ မလွနိုင္သလို... ဘယ္ရနံ႕မွလည္း ငါ့ကို မဆြဲေဆာင္နိုင္ဘူး...။ အေတြးေတြ လြန္ၿပီး စိတ္ေကာက္ခ်င္ရင္ တစ္ျခားနည္းနဲ႕ အျပစ္ေပးလို႔ ရတယ္... ဒီလို အသြင္အျပင္နဲ႕ကေတာ့ မရဘူး... ပ်ိဳးငယ္..."

ခဏအၾကာမွာေတာ့ အစ္ကိုက ကြၽန္ေတာ့္ခႏၶာကိုယ္ကို ေပြ႕ကာ သူ႕ကိုယ္ေပၚသို႔ အဝတ္စ တစ္ခုႏွယ္...

"ၿပီးေတာ့... မင္းက ငါ့ရဲ႕ ေသရာပါေလး... ငါေသရင္ တစ္ခါတည္း ယူသြားမယ့္အရာ...။ ဒါေၾကာင့္ မင္းေယာက်္ားကို မင္း စိတ္ပူစရာမလိုဘူး...။ "

"........"

"မင္း ငါ့ေရွ႕မွာ မရွိရင္ေတာင္ မင္းေရွ႕ကို လာၿပီး ထိုင္ၾကည့္ေနတတ္တဲ့ ေကာင္က ေဖာက္ျပန္ဖို႔ဆိုတာ... ဘယ္ဦးႏွောက္နဲ႕မွ ေတြးမထားဘူး..."

".........."

"ေနာက္ဆုံး ေျပာမယ္... ငါ ဓားေသြးေနတာေတြက... မင္းကို သတ္လိုက္မိရင္ေတာင္... ဓားတုံးတုံးနဲ႕ ႀကိတ္လွီးခံရတဲ့... နာက်င္မႈကို မင္းကို မရေစခ်င္လို႔...။

ကြၽန္ေတာ္လည္း အခ်ိန္အေတာ္ၾကာ ဘာစကားတစ္ခြန္းမွ မေျပာသည့္ အခ်ိန္မွာေတာ့ အစ္ကိုက...

"ပ်ိဳးငယ္... မင္း ေယာကၤ်ားက dark side အျပည့္ေနာ္...။ မင္းကို ဘယ္နည္းနဲ႕ပဲ ျဖစ္ျဖစ္ မင္းကို သတ္လို႔ရတယ္ ပ်ိဳးငယ္...။ မင္းကို အရင္တုန္းက လုပ္ခဲ့သမွ်ေတြက... မင္း ေသမွာစိုးလို႔ ငါ့ေလွ်ာ့ခဲ့တဲ့ Limitedေတြခ်ည္းပဲ...။ ငါ့ကို လာစမ္းနဲ႕ ပ်ိဳးငယ္...။"

"အ... အစ္ကို..."

"စိတ္ခ်... စိတ္ခ်... မင္းကို လုပ္သတ္မွာ... ပ်ိဳးငယ္...။ မေသခင္ ေကာင္းေကာင္းေန..."



ညေနပိုင္း...

ညေနပိုင္းမွာေတာ့ ကြၽန္ေတာ္ႏွင့္ အစ္ကို ႏွစ္ေယာက္လုံး ဟင္း႐ြက္ခူးရင္း လယ္ဘက္ကို ထြက္လာမိေတာ့သည္...။

ႏွစ္ေယာက္သား ဟင္း႐ြက္ခူးၿပီး ရွိေနရာမွ... လယ္ဘက္မွ တဲငယ္ဆီ ေရာက္ခ်ိန္မွာေတာ့....

"ပ်ိဳးငယ္... Babe...
မင္း တကယ္ပဲ အေဝးသင္ ေလွ်ာက္မွာလား?"

"ဟုတ္တယ္... ပ်ိဳးငယ္အတြက္က မလိုပါဘူး...။ ပ်ိဳးငယ္က အစ္ကို႔လုပ္စာ ထိုင္စားမွာမို႔ေလ...။"

ထိုအခ်ိန္မွာေတာ့ အစ္ကိုက တစ္ခ်က္ ခပ္မဲ့မဲ့ ရယ္လာၿပီး....

"ငါ့လုပ္စာက မင္းစားလို႔ မရဘူး...။ ဘာလို႔လဲဆို... မင္းကိုယ္တိုင္က ငါ့လုပ္စာျဖစ္ေနလို႔ေလ...။"

ထိုအခ်ိန္မွာေတာ့ ကြၽန္ေတာ္လည္း အစ္ကို႔မ်က္ႏွာကို မၾကည့္ရဲေတာ့ဘဲ... ရွိေနမိသည္...။ အေဝးတစ္ေနရာမွ အ႐ြက္တလူလူ ေဝေနသည့္ ေနရာကို ၾကည့္လိုက္မိရင္းမွ....

"အဲ...
ဟို... အစ္ကို မန္က်ည္း႐ြက္နဲ႕ ေညာင္႐ြက္ခူးမလို႔ဆို... ဟိုမွာ ႏုေနတာ... သြား... သြားခူးမယ္ေလ..."

ကြၽန္ေတာ္က ေျပာေျပာဆိုဆိုျဖင့္ပင္ အစ္ကို႔ေရွ႕မွ လႊတ္ေျမာက္ဖို႔ လမ္းေၾကာင္းကို ေ႐ြးမိေပမယ့္... အစ္ကိုကေတာ့ ႀကိဳသိေနသည့္ႏွယ္... ကြၽန္ေတာ့္လက္ကို ဆြဲထားၿပီး...

"စကားလမ္းေၾကာင္း မလႊဲနဲ႕ babe...။ ဒါနဲ႕ ဒီဆံပင္ခြဲထုံးၿပီး သနပ္ခါး လိမ္းရမယ္လို႔... မင္းကို ဘယ္သူသင္ေပးတာလဲ?"

အစ္ကိုက ေစ့ေစ့ၾကည့္ကာ ေမးလာသည့္ အခ်ိန္မွာေတာ့... ကြၽန္ေတာ္လည္း....

"ဟို... အဲ... အဲ့ဒါက...ဒီအတိုင္း..."

အစ္ကို႔ကို ေၾကာက္႐ြံ႕ၿပီး စကားေတြ အထစ္ထစ္ အေငါ့ေငါ့ ျဖစ္သြားေပမယ့္... အစ္ကိုကေတာ့...

"မင္းကို ငါ... ဘာလို႔ ဆံပင္ရွည္ ထားခိုင္းလဲ သိလား?"

ကြၽန္ေတာ့္ ေခါင္းေပၚမွ ထုံးထားသည့္ ဆံပင္ရွည္မ်ားကို ၾကည့္ကာ ေျပာလာသည္...။ ထိုအခ်ိန္မွာေတာ့ ကြၽန္ေတာ္လည္း...

"ဟင့္..ဟင့္အင္း..."

ကြၽန္ေတာ္က မသိဟန္ေဆာင္ၿပီး ေျပာလိုက္မိေပမယ့္ အစ္ကိုကေတာ့ျဖင့္....

"အဲ့ဒါက ခ်ဳပ္ၿပီး လုပ္ဖို႔ ပိုအဆင္ေျပတယ္ေလ...။ ဥပမာ ဒီလိုမ်ိဳးေပါ့...။"

ကြၽန္ေတာ့္ ခႏၶာကိုယ္ကို သူႏွင့္ ဆန့္က်င္ဖက္သို႔ လွည့္ေစသည္...။ ထို႔ေနာက္ ေခါင္းေပၚမွ ဆံပင္ႏွစ္ဖက္ကို ေျပေအာင္ ျဖည္ခ်လိဳက္ၿပီး စုကာ ဆြဲထားသည္...။ ထို႔ေနာက္ ကြၽန္ေတာ့္ေက်ာျပင္ကို ေအာက္သို႔ ဖိဝပ္ေစသည္...။

ကြၽန္ေတာ့္ခါးမွ ရစ္သိုင္းၿပီး သူ႕ဘက္ကို ဆြဲယူသည္....။

"အ... အစ္ကို မလုပ္... မလုပ္ေတာ့နဲ႕...။ ပ်ိဳး.. ပ်ိဳးငယ္..."

ေတာင္းပန္သည့္ အေနျဖင့္ ေျပာလိုက္မိေပမယ့္ ကြၽန္ေတာ္ လြတ္ေျမာက္နိုင္ရဲ႕လား စဥ္းစားေနမိသည္...။ အခုေနာက္ပိုင္းက အစ္ကိုက အၿမဲတမ္းလိုလို အဲ့လိုစိတ္ေတြ ဝင္ေနသည့္ ထင္သည္...။

တကယ္မလုပ္ေပမယ့္ သူ႕စကားမ်ားက ဖိ၍ ဖိ၍ ေျပာေနပုံက တကယ္လုပ္ဖို႔ အားအင္မ်ား စုေဆာင္းေနသလိုပင္...

"တစ္ခါတစ္ေလေတာ့လည္း ဒီလိုလုပ္လို႔ ရတယ္..."

ကြၽန္ေတာ့္မ်က္ႏွာကို သူ႕ဘက္ကို ျပန္လွည့္ၾကည့္ေစၿပီးသည့္ေနာက္ ကြၽန္ေတာ့္ဆံပင္ကို ဆြဲကာ သူ႕ေပါင္ၾကားထဲသို႔....

"Babe... ငါ့ရဲ႕စိတ္ထဲမွာ မင္းက ပုံစံအမ်ိဳးမ်ိဳးနဲ႕... လုပ္ခ်င္စရာေလး...။ ျပင္ဦးလြင္က ခ်မ္းတယ္ ကေလးေလး... စိတ္မပူပါနဲ႕... အႏြေးဓာတ္ကို ငါက တစ္ေန႕လုံး ေပးေနမွာ....။"

"ဟင့္အင္း..."

Friday:4:April:26:2024:22:16PM

အိပ္ခ်င္ေနလို႔... ေသခ်ာမေရးနိူင္ေတာ့ဘူးဗ်..။

Continue Reading

You'll Also Like

636K 56.2K 51
α€—α€­α€―α€œα€Ία€‘α€±α€¬α€„α€Ία€’α€„α€Ία€”α€Ύα€„α€Ία€·α€™α€™α€Όα€α€„α€Ία€Έα€€α€­α€― inspireα€šα€°αα€›α€±α€Έα€‘α€¬α€Έα€žα€Šα€Ία€·boy loveα€α€α€Ήα€α€―α€α€…α€Ία€•α€―α€’α€Ία€–α€Όα€…α€Ία€žα€Šα€Ία‹ ၁၉၄၂ခုနစ်နဲ့၁၉၄၅ခုနစ်ဝန်းကျင် α€™α€Όα€”α€Ία€™α€¬α€”α€­α€―α€„α€Ία€„α€Άα€€α€­α€―α€–α€€α€Ία€†α€…α€Ία€‚α€»α€•α€”α€Ία€α€­α€―α€·α€›α€€α€Ία€…α€€α€Ία€α€²α€·α€ž...
14.7K 1K 9
ထစိမ်းရောင် (.....) ထောက်မှာ ကျရှုဢးခြင်း Cover photo by Lwin Min Khant
699K 37.7K 46
α€€α€‡α€¬α€α€Ία€œα€™α€Ία€Έα€α€½α€„α€Ί α€•α€«α€α€„α€Ία€žα€±α€¬ α€‡α€¬α€α€Ία€œα€™α€Ία€ΈαŠα€‡α€¬α€α€Ία€€α€½α€€α€ΊαŠα€‡α€¬α€α€Ία€€α€±α€¬α€„α€Ία€™α€»α€¬α€Έα€žα€Šα€Ί α€…α€¬α€›α€±α€Έα€žα€°α€›α€²α€· α€…α€­α€α€Ία€€α€°α€Έα€‰α€¬α€α€Ίβ€Œα€±α€žα€Έβ€Œα€±α€žα€Έα€–α€Όα€„α€·α€Ία€žα€¬ α€•α€―α€Άα€–α€±α€¬α€Ία€‘α€¬α€Έα€α€Όα€„α€Ία€Έα€–α€Όα€…α€Ία€œα€­α€―α€· တိုက်ဆိုင်မှု တွေရှိခဲ့ရင် ခွ...