𝗢𝗯𝘀𝗲𝘀𝘀𝗲𝗱

By PaulHanparacham

35.4K 5K 578

ပျော်ရွှင်ရတဲ့ နာကျင်ခြင်းတံတိုင်းလေးကို မမဟာ တဖက်စီကာရံလို့..,..။ More

အပိုင်း ၁
အပိုင်း ၂
အပိုင်း ၃
အပိုင်း ၄
အပိုင်း ၅
အပိုင်း ၆
အပိုင်း ၇
အပိုင်း ၈
အပိုင်း ၉
အပိုင်း ၁၀
အပိုင်း ၁၁
အပိုင်း ၁၂
အပိုင်း ၁၃
အပိုင်း ၁၅
အပိုင်း ၁၆
အပိုင်း ၁၇
အပိုင်း ၁၈
အပိုင်း ၁၉
အပိုင်း ၂၀
အပိုင်း ၂၁
အပိုင်း ၂၂

အပိုင်း ၁၄

1.5K 239 29
By PaulHanparacham

စိုးရိမ်စိတ်ကြောင့် လီဆာ့လက်တွေ တုန်ယင်နေခဲ့သည်။ ပြီးခဲ့တဲ့ ရက်သတ္တပတ်က မမနဲ့အတူ နာရေးသွားခဲ့ပြီး မမရဲ့နောက်ကို နောက်ယောင်ခံဖို့ လူလွှတ်ထားသည်။ ၉ရက်ကြာပြီးနောက်မှာတော့ လီဆာ့ဖုန်းထဲ Video တပုဒ်နဲ့ ဓာတ်ပုံတွေ ရောက်လာသည်။

ခိုးရိုက်ထားသော Video မို့ စကားသံတွေ သေချာမကြားရ။ အမူအရာ လှုပ်ရှားပုံတွေအရ ရှေ့နေဘတ်နဲ့မမဟာ တခုခုကို အလေးအနက် ဆွေးနွေးနေသည်။ မမက ရှေ့နေဘတ်နဲ့တွေ့တဲ့ အကြောင်းအရင်းက ဘာများလဲ။ လီဆာ့ကိစ္စကိုများ မမသိသွားပြီး ရှေ့နေဘတ်ကို မေးနေတာလား။

သွေးပျက်စွာ အိမ်ကိုပြန်ရောက်လာပြီး မမကို အကဲခတ်မိသည်။ မမရဲ့မျက်နှာပေါ် မည့်သည့်အရိပ်အယောင်မှ ရှိမနေခဲ့။ ပကတိ အေးစက်စက် ပုံစံသာ ရှိသည်။ ဂျန်းထယ်ဆန်း သေဆုံးတာရယ်၊ မမသိသွားမှာကို ထိတ်လန့်မှုရယ် ပေါင်းစုပြီး လီဆာဆေးရုံရောက်သွားသည်။


'' စိတ်ဖိစီးစရာရှိနေလား လီလီ။ မေ့လဲတဲ့အထိ ဘာတွေများ အဆင်မပြေဖြစ်နေလဲ။ အစ်မကို ပြောပြလို့ရပါတယ် ''

ဆေးချိတ်ထားသော လက်ကအပ်ကို ငုံ့ကြည့်ပြီး အစ်မဂျီဝန်း မေးခွန်းကို ဖြေလိုက်သည်။

'' လီလီ အခုလိုဖြစ်တာ မမကို မပြောပါနဲ့ ''

မမကို သူ့ကြောင့် စိတ်အနှောင့်အယှက် မဖြစ်စေချင်ပါ။ မမ သိချင်စိတ်ရှိရှိ မရှိရှိ သူနဲ့ပတ်သက်လျှင် ကောင်းတာတွေကိုပဲ သိစေချင်သည်။ အစ်မဂျီဝန်းကို ထိုသို့တောင်းဆိုတော့ သူမက မျက်ခုံးတဖက်ပင့်သွားသည်။ ခေါင်းတဆတ်ဆတ် ​ငြိမ့်ကာ သူ့အား မေးခွန်းပြန်မေးသည်။

'' ဂျန်းနီသိတော့ ဘာဖြစ်လဲ။ သူမက မင်းရဲ့ဇနီးပဲလေ။ မင်းဖြစ်ပျက်နေတာတွေ သူမကို မျှဝေသင့်တယ် လီလီ ''

'' မမကို လီလီကြောင့် စိတ်အနှောင့်အယှက် မဖြစ်စေချင်ဘူး အစ်မရယ်။ အနည်းဆုံးတော့ အခုလို လီလီမေ့လဲတာကို မမသိရင် စိတ်.....''


ပူမှာလား မမက။ ပြောလက်စ စကားတွေရပ်ပြီး သက်ပြင်းချလိုက်မိသည်။ စိတ်မပူလောက်ပါဘူး မမက အရင်လိုမှ မဟုတ်တော့တာ။

အိမ်ပြန်ရောက်တော့ မမလည်း ပြန်ရောက်နေပြီ။ မမက သူ့ကို မကြည့်ပဲ Laptop ကို ကြည့်နေသည်။ မမကြည့်နေတဲ့ Laptop ကို မသိမသာ လှမ်းကြည့်တဲ့အခါ ထူးခြားတဲ့ ပန်းမျိုးနွယ်တွေ။ စိတ်အေးသွားပြီး ရေချိုးဖို့ ပြင်ဆင်လိုက်သည်။

မမနဲ့ တအိပ်ရာထဲ အတူအိပ်စက်ခွင့်ရတာဟာ ကံကောင်းမှုဆိုလျှင် မမရဲ့ဥပက္ခာတွေနဲ့ ရင်ဆိုင်နေရခြင်းကို ဘယ်လိုပြောရမလဲ။ ထွေးပွေ့ပစ်ချင်လွန်းတဲ့ ကျောပြင်သေးသေးလေးကို ညတိုင်းငေးမောကာ အိပ်ခဲ့ရသည်။ ငယ်စဥ်ကလို မမရင်ခွင်ထဲ တိုးဝှေ့ချင်သည်။ မမကိုလည်း တဖန်ပြန်ပြီး ဖက်တွယ်ထားချင်သည်။

'' ငါပြန်လာတော့မယ် လီဆာ ''


Email ကနေ ချစ်လှစွာသော ပတ်ချယ်ယောင်းဟာ အသိပေးလာသည်။ မတွေ့ရတာ ကြာနေတဲ့ သူငယ်ချင်းဖြစ်သူအား လေဆိပ်မှာ သွားကြိုခဲ့သည်။



'' ဘာတွေငေးနေတာလဲ လီဆာ ''


ချယ်ယောင်းနောက်က အမျိုးသမီးဟာ သူ့ကိုပြုံးပြနေသည်။ ၎င်းအမျိုးသမီးက တခြားလူမဟုတ်။ လီဆာ့ကို ခိုးပြေးခိုင်းခဲ့တဲ့ ကင်ဂျီဆူး။

'' ခဏဆိုပြီး တနှစ်တောင် ကြာသွားတယ် ဆူးရရယ် ''

'' နိုဘန်က တို့ကို တန်းမှတ်မိတယ်ပေါ့ ''

'' ဒီလိုအလှလေးကို မေ့စရာလား ''



ချယ်ယောင်းကိုကျော်ပြီး ဆူးရကို ပွေ့ဖက်နှုတ်ဆက်လိုက်သည်။ ချယ်ယောင်းက သူတို့နှစ်ယောက်ကို .....။


'' သိနေတာလား အချစ်နဲ့လီဆာက ''

ချယ်ယောင်းရဲ့ အချစ်ဆိုသော နာမ်စားကြောင့် ဆူးရကို လီဆာကြည့်လိုက်သည်။ ဆူးရ ပြုံးပြုံးလေး ခေါင်းငြိမ့်ကာ..။

'' တို့ချစ်သူပေါ့။ မိတ်ဆက်မပေးလည်း မင်းတို့ချင်း သိနေမှာပါ ''

'' လိုက်ဖက်ပါတယ် ''

'' ကျေးဇူးပါပဲ ''

'' အခု ချယ်ယောင်းအိမ်ကို လိုက်ပို့ရမှာလား။ ဆူးရနေခဲ့တဲ့ အိမ်လေးကို လိုက်ပို့ပေးရမှာလား ''

'' အရင်အိမ်လေးကို လိုက်ပို့ပေးပါ ''


စကားတွေ ပြောရင်း ဆူးရရဲ့အိမ်လေးဆီ ပြန်ခဲ့သည်။ ဆူးရနဲ့ ချယ်ယောင်းက ဆူးရရဲ့ပန်းချီပြပွဲမှာ တွေ့ဆုံခဲ့ပြီး သူငယ်ချင်း​ဖြစ်ခဲ့သည်တဲ့။ ထိုမှတဆင့် ချစ်သူဖြစ်ကြပြီး တိတ်တဆိတ် လက်ထပ်ထားသူတွေ ဖြစ်သည်။ ဒါက ချယ်ယောင်းရဲ့ အနုပညာအလုပ်ကို ထိခိုက်မှာစိုးလို့ ဆူးရဘက်ကနေ နှုတ်ဆိတ်နေခြင်းပင်။


'' ဒီကနေ ဆယ်မိနစ်လောက် ဆက်မောင်းလိုက်ရင် ကျွန်မအိမ်ကိုရောက်ပြီလေ။ ဆူးရတို့အိမ်မှာ ပစ္စည်းအပြည့်အစုံ ရှိရဲ့လား။ ဘာတွေလိုအပ်သေးလဲ ''

'' အကုန်ရှိတယ် နိုဘန်။ ဒီကိုပြန်လာမခင် ချယ့်ဖေဖေက အကုန်စီစဥ်ပေးထားတယ်လေ ''

'' ကောင်းတာပေါ့။ ဒါဖြင့် ကျွန်မပြန်တော့မယ်နော်။ ချယ်ယောင်းရေ ငါပြန်ပြီ ''

သူပြန်ခါနီးမှ ချယ်ယောင်း ထွက်လာသည်။ ကားအနားထိ လိုက်ပို့ပြီး ....။


'' အိမ်ထောင်ရေး အဆင်ပြေလား လီလီ ''

'' အေး အဆင်ပြေတယ်တော့ မဟုတ်ဘူးပေါ့။ ဒါပေမယ့် ငါပျော်နေတယ်။ ငါ့အနားမှာ မမရှိရင် ငါပျော်တယ် ချယ်ယောင်း ''

'' အေးပါ ''

'' နင့်အေဂျင်စီကို ငါလာခဲ့မယ်။ ငါတို့ အလုပ်ကိစ္စတွေ စကားပြောရဦးမယ် ''

'' ဖြည်းဖြည်းချင်းပေါ့။ သိပ်မလောစမ်းပါနဲ့ ''

'' ဟုတ်ပါပြီ ဝင်တော့လေ ငါသွားပြီ ''




ချယ်ယောင်းတို့အိမ်ကနေ အိမ်ကိုပဲ ပြန်လိုက်သည်။ ဒီနေ့က တနင်္ဂနွေမို့ လီဆာနားရက်ဖြစ်ပေမယ့် မမကတော့ သူမရဲ့ဆိုင်လေးမှာ အလုပ်ရှုပ်နေသည်။ ပေါ့ပါးတဲ့ အဝတ်အစားကို ရွေးချယ်ဝတ်ဆင်ပြီး မမဆိုင်လေးကို လိုက်သွားခဲ့သည်။


အခန်းလေးထဲ မမအိပ်ပျော်နေသည်။ စားပွဲလေးပေါ် ခေါင်းတင်ပြီး အိပ်ပျော်နေတာမို့ အသည်းယားသွားသည်။ ပြည့်ဖောင်းနေတဲ့ ပါးမို့မို့လေးကို မထိတထိ ခိုးနမ်းပြီး နှုတ်ခမ်းလေးကိုတော့ ပြုံးပြီးသာ ကြည့်ဖြစ်သည်။ စာအုပ်စင်လေးပေါ်က စာအုပ်လေးတွေဟာ အရင်တခါ သူလာတုန်းက စာအုပ်လေးတွေ မဟုတ်တော့။

စာအုပ်တအုပ်ကို ယူပြီး ဆိုဖာပေါ် လှဲလိုက်သည်။ ဆိုဖာအသေးလေးနေရာမှာ နှစ်​ယောက်ထိုင်ဆိုဖာကို ပြောင်းလဲထားလို့ အိပ်ရတာ အဆင်​ပြေသည်။ မမနဲ့တမိုးအောက်မှာ အတူရှိတဲ့ ခံစားချက်က အရမ်းကောင်းလွန်းလို့ တခဏအတွင်း အိပ်ပျော်သွားသည်။


ဝယ်သူကို ပြုံးကာ စကားပြောနေသော မမရဲ့ပုံစံလေးကြောင့် သူနှုတ်ခမ်းတွေလည်း တွန့်ချိုးလို့။ မမဟာ သူကလွဲရင် တလောကလုံးကို ချိုမြိန်သည်။ မမရဲ့ချိုမြိန်ခြင်းလေးက သူနဲ့ လားလားမှ မသက်ဆိုင်။ မမရဲ့အပြုံး၊ မမရဲ့ရယ်သံလေးတွေက သူမဟုတ်တဲ့ တခြားလူတွေနဲ့မှ ဖြစ်ပေါ်တတ်တာ။



'' ဘာစားချင်လဲ မမ။ ညစာကို အပြင်မှာ စားကြရအောင် ''



မမဟာ တချက်စဥ်းစားဟန်ပြုပြီး စာရွက်လေးကို သူ့လက်ထဲ ထည့်ပေးသည်။ စာရွက်လေးကို ဖတ်ပြီး ဘောင်းဘီအိတ်ကပ်ထဲ ထည့်လိုက်သည်။


'' သုံးထပ်သားကင် စားချင်တာလား။ အသစ်ဖွင့်ထားတဲ့ဆိုင် ကောင်းတယ်။ ဆိုဂျူရော သောက်ချင်သေးလား။ မမ သောက်လေ လီလီကားမောင်းမှာပဲ ''



သူ့ဘက်က စကားတွေ အများကြီးပြောပေမယ့် မမဘက်ကတော့ တိတ်နေသည်။ အမှောင်ဘက်ကို အနည်းငယ် ကူးနေပြီဖြစ်၍ ကြယ်လေးများက ကောင်းကင်ပေါ်၌ တလက်လက်။


ကျွီ..

ရုတ်တရက် ဘရိတ်အုပ်လိုက်ပြီး မမဘက်ကို ခန္ဓာကိုယ်တိုးလိုက်သည်။ မမမျက်နှာလေးက ထိတ်လန့်နေပြီး တမျိုးလည်း ချစ်စရာကောင်းပြန်သည်။



'' ဟိုကြယ်လေးရဲ့နာမည်က jennie တဲ့။ မမကို လက်ဆောင်ပေးမယ် ယူပါနော် ''



ခုနစ်စင်ကြယ်နဲ့ဓူဝံကြယ်၏ ညာဘက်ထောင့်တွင်ရှိသော ကြယ်လေးတလုံးကို လက်ညိုးထိုးပြပြီး လက်သီးဆုပ်ထဲထည့်ကာ ပြန်ဖြန့်ပြလိုက်သည်။ သဘောက ၎င်းကြယ်လေးကို ဆွတ်ယူပြီး မမကို ပေးအပ်သည့်သဏ္ဍန်။

သူ့အပြုအမူကို မမက ပြုံးသွားသည်။ သတိလက်လွတ် ဖြစ်သွားပြီး နှာခေါင်းလုံးလုံးလေးက ရှုံ့သွားသည်။ ချစ်စရာလေးမို့ ရူးရသည်။

မမဟာ ပြုံးနေရင်းကပင် မျက်နှာလေး ပြန်တည်သွား၏။ မမ ဘယ်လိုနေနေ ချစ်သည်။ မမစားချင်တဲ့ သုံးထပ်သားဆိုင်လေးကို သူတို့နှစ်ဦး သွားခဲ့သည်။




'' ဖြည်းဖြည်းစားနော် မမ။ အသားတွေ များများစား။ ဆိုဂျူကို အများကြီးမသောက်နဲ့။ သောက်​တော့ သောက်ပေါ့ ''



ဆလပ်ရွက်ထဲ အသားထည့်လို့ မမက အားပါးတရ စားနေသည်။ အသားဝါးလိုက်တိုင်း ပါးလေးတွေ ဖောင်းသွားသည်။ အသားစားဖို့တောင် သတိမရ။ မမရဲ့ချစ်ဖို့ကောင်းမှုကြောင့် လီဆာ့မှာ ပြုံးပြုံးကြီး။



'' ခေါက်ဆွဲအေး စားချင်တယ် ''

ရေချိန်ကိုက်သွားတော့ မမက သူ့ကိုစကားပြောသည်။ မမအသံကြားရဖို့ နေ့တိုင်း အရက်တိုက်နေမှပဲလား။ ခပ်ညစ်ညစ် တွေးလိုက်ပြီး မမစားချင်တဲ့ ခေါက်ဆွဲအေးကို မှာလိုက်သည်။ သူကတော့ တို့ဟူးစတူးထဲ ထမင်းတလုံးထည့်စားလိုက်သည်။



( စကားမစပ် The Table က တို့ဟူးစတူးက ကျွန်တော်အကြိုက်ဆုံးထဲက တခုပါ)



အမူးသမားလေးကို တွဲခေါ်ပြီး အိပ်ရာပေါ် သိပ်လိုက်သည်။ မူးနေတဲ့ မမကို အင်္ကျီလဲပေးဖို့ လုပ်ရသည်။ အဒေါ်ကြီးကို လှမ်းမခေါ်ချင်၍ သူကိုယ်တိုင် အဝတ်အစားလဲပေးသည်။

ဖြူနုနေတဲ့ အတွင်းသားကိုကြည့်ကာ အသက်ရှူရပ်မတတ် ဖြစ်သွား၏။ တကြိမ်မျှသာ ထိတွေ့ဖူးသော ရှိုက်ဖိုကြီးငယ်တို့အား နောက်တကြိမ်ထိတွေ့မှုတွင် ရမက်မပါခဲ့။ ပါ၍လည်း မရ။ မမ အလိုမတူပဲ အခွင့်ကောင်းမယူချင်။ အဝတ်အစား လဲပေးပြီး မမဘေးနား ဝင်အိပ်လိုက်သည်။ မအိပ်ခင် မမနဖူးလေးကို အမြတ်တနိုးနမ်းပြီး နှုတ်ခမ်းလေးကိုတော့ ထုံးစံအတိုင်း ငေးသာကြည့်ခဲ့။





'' နိုးပြီလား မမ။ ပျားသံပုရာရည် သောက်လိုက်ဦး။ လက်သည်းတွေ ရှည်နေတာပဲ။ လီလီ ညှပ်ပေးမယ်နော် ''




အိပ်ရာနိုးခါစ မမကို သံပုရာရည်တိုက်ပြီး သူမရဲ့လက်သည်းသေးသေးလေးတွေကို လှလှလေး ညှပ်ပေးမိသည်။ လီဆာ ငယ်ငယ်က ကိုယ့်ဟာကိုယ် လက်သည်းမညှပ်ခဲ့ဖူးပါ။ မမကသာ သူ့ကို လက်သည်း ခြေသည်း ညှပ်ပေးခဲ့သည်။






'' မိန်းကလေးတယောက်မှာ လက်က အဓိကအကျဆုံးပဲ လီငယ်။ ငယ့်ရဲ့လက်လေးကို သန့်ရှင်းနေတာကြိုက်လား၊ ညစ်ပတ်ပြီး မည်းနေတာကို ကြိုက်လား ''

'' သန့်နေတာ ''

'' အဲတာကြောင့် လက်သည်းလေးတွေထဲမှာ ချေး(ဂျီး)တွေ မရှိခင် မမကို လက်သည်းညှပ်ခိုင်းရမယ်နော်။ ကလေးဘာသာလည်း မညှပ်ရဘူး။ မတော်တဆ လက်ကိုညှပ်မိရင် သွေးတွေ အများကြီးထွက်လိမ့်မယ် ''



မှတ်မိပါသေးသည်။ လီဆာ့အသက် ၇နှစ်မှာ မမက လက်သည်းညှပ်ပေးရင်းက စိတ်ပူပေးခဲ့တာကို။ လက်သည်းလေးတွေကို လှလှပပ ခပ်တိတိလေး ညှပ်ပေးတဲ့ မမအသက်က ၁၁နှစ်ပဲ ရှိပါသေးသည်



'' ကဲ ရသွားပြီ။ လက်သည်းရှည်လာရင် မောင် ညှပ်ပေးမယ် ''



လီဆာသုံးလိုက်တဲ့ အသုံးအနှုန်းကြောင့် မမမျက်ခုံးတို့ အလိုမကျစွာ တွန့်ကုန်သည်။  ဒါတွေ ဂရုမစိုက်နိုင်။ မမရဲ့ခြေထောက်လေးကို ပေါင်ပေါ်တင်လိုက်ပြီး ခြေသည်းလေးတွေကို ညှပ်ပေးမိသည်။ ခြေသည်းညှပ်ပေးပြီး မမမျက်နှာကို မော့ကြည့်လိုက်တော့ မမဟာ ပျားသံပုရာရည်ခွက်ကို ငေးကြည့်နေသည်။



'' ရေစပ်ထားတယ်။ သွားတိုက်ဆေးပါ ထည့်ပေးထားတယ်နော်။ ရေကို မြန်မြန်ချိုးဦး။ အဝတ်အစားနဲ့ ဖိနပ် ထုတ်ပေးထားမယ် ''



တဖန် သူ့ဆီ အကြည့်ရောက်လာတဲ့ မမကို နမ်းလိုက်သည်။ မျက်နှာကိုမဟုတ်၊ နဖူးကို မဟုတ်၊ လက်ကလေးကိုလည်းမဟုတ်ပဲ ခြေဖမိုးလှလှလေးကို နမ်းလိုက်ခြင်းဖြစ်သည်။



သူ့ဘက်က ချစ်တယ်လို့ ဖွင့်မပြော​ဖြစ်ခဲ့သလို သူဖွင့်ပြောခဲ့ရင်လည်း မမဟာ ဥပက္ခာမပြုပါဘူးလို့ အာမခံချက်မရှိ။ ထို့ကြောင့် မမကိုချစ်တဲ့အချစ်တွေအား တယုတယ မွေးမြူခဲ့သည်။ တနေ့ထက်တနေ့ ပိုပိုပြီး ကြီးထွားပါစေ။ မမဆိုတဲ့ ပန်းကလေးအပေါ် သူ့မေတ္တာမိုးများ တစိမ့်စိမ့်ရွာသွန်းလို့ ဒေစီညိုလေး အေးချမ်းပါစေ။




19 _ 4 _ 2024
(9 :40 Pm)

Continue Reading

You'll Also Like

17.8K 1.6K 23
ချစ်ခြင်းဆိုတဲ့အရာမှာပေးဆပ်ခြင်း ရယူခြင်း စွန့်လွှတ်ခြင်းဆိုပြီး အမျိုးမျိုးရှိသည်။lisa အတွက်ကတော့အချစ်ဆိုတာက မပိုင်ဆိုင်နိုင်ခြင်းဆိုတဲ့ခေါင်းစဉ်အောက...
2.8K 228 3
It is an autocratic system that must pay back for every loss.... #Lalisa Manobal { She is a girl but not a 'GIRL❗' }
16.8K 1K 7
accအသစ်မှာဘဲဆက်ရေးပါတော့မယ်။
537K 19.2K 94
The story is about the little girl who has 7 older brothers, honestly, 7 overprotective brothers!! It's a series by the way!!! 😂💜 my first fanfic...