" ဟဲ့ ရွှေပုံ.....ငါ့ကို ဝက်သားအချိုချက် ၁၀၀၀ဖိုးလောက်ပေးစမ်းပါအေ"
"ဟုတ်ကဲ့...ရော့ဒီမှာ အမထွေးနု ဘယ်သူစားမှာလဲ ကျုပ်ပိုပိုသာသာထည့်ပေးထားတယ်နော်"
"နင့်မောင်ငထွေးစားမှာ....ကျောင်းချိန်လည်းနီးနေပြီဆိုတော့ ဟင်းချက်မမှီလို့ ရွှေပုံရေ နင်အခုလို ထမင်းဟင်းတွေရောင်းတော့ ပိုအဆင်ပြေတာပေါ့အေ ကဲငါသွားပြီရွှေပုံရေ"
"ဟုတ်ကဲ့ အမထွေးနု"
ထွက်သွားတဲ့အမထွေးနုကိုကြည့်ရင်း သက်ပုံ သက်ပြင်းချလိုက်လေသည်။ လင်မယား ၂ယောက်အလုပ်ကြိုးစားပေမယ့် ကလေးများတဲ့အမထွေးနုကြောင့် ရှာသလောက်အရာမထင်ပေ။ အမထွေးနုတို့လင်မယားကိုကြည့်ရင်းရွှေပုံ စိတ်မကောင်းသာဖြစ်မိသည်။
" ရွှေပုံရေ ထမင်းစားမယ်ဟေ့ ကြက်အသဲအမြစ်တစ်ပွဲ၊ ငရုတ်သီးကြော်တစ်ပွဲ"
"လယ်ထဲက ပြန်တက်လာပုံရတဲ့ ကိုကျော်စံကြောင့် ရွှေပုံမှာထမင်းပွဲပြင်အေးလိုက်တော့သည်။
"ရပါပြီ ရော့ ကိုကျော်စံ ဘာလိုသေးလဲပြောဦးနော် "
"ရတယ်မလိုဘူး နင်လက်ရာဆိုအကုန်ကောင်းတယ်"
လက်မလေးထောင်ကာ ရွှေပုံလက်ရာကောင်းကြောင်းခေါင်းမဖော်တမ်းပြောလာတဲ့ ကိုကျော်စံကြောင့်ရွှေပုံရယ်လိုက်မိသည်။တို့စရာဟင်းနဲ့ငပိရည်ကိုတော့ ရွှေပုံကအလကားပေးတာမို့ ရွှေပုံထမင်းဆိုင်လေးမှာအမြဲတမ်းလူမပြတ်ကြနေတော့သည်။
ထိုချိန်အကိုက ကိုမျိုးဦးတုတ်တုတ်နဲ့ ပျဉ်တွေသစ်တွေသယ်လာပြီး အိမ်ဘေးမှာပုံထားလိုက်တော့သည်။ ထိုချိန် ထမင်းစားနေတဲ့ကိုကျော်စံက ခေါင်းထောင်ကြည့်လာပြီး
" ထူးခြား....ပျဉ်တွေကများလှချည်လား"
" ဟုတ်တယ်.......ကိုကျော်စံရယ် အိမ်ပြန်ပြင်မလို့ မဟုတ်ရင်အိမ်ကပြိုကျတော့မယ်"
"အေးအေး...ကောင်းတယ်ကွာ...ကဲ...ရွှေပုံရေ ဘယ်လောက်ကျလဲဟေ့"
" ကြက်အသည်းအမြစ်က ၁၀၀၀ ၊ ငပိကြော်က ၅၀၀ ထမင်းက ၅၀၀ ဆိုတော့ ၂၀၀၀ကျတယ် ကိုကျော်စံရေ"
"အေး....ရော့ ဒီမှာ ၂၀၀၀ ကဲထူးခြား ငါလယ်ထဲပြန်ဆင်းလိုက်ဦးမယ်"
"ဟုတ်ကဲ့အကိုကျော်စံ..... အသက်ရယ် ကိုယ်လည်းထမင်းစာပြီ ထမင်းပွဲပြင်ထားလိုက်တော့ "
"ထမင်းပွဲကပြင်ပြီးပြီ အကို စားလို့ရပြီ ကိုမျိုးဦးပါတစ်ခါတည်းဝင်စားလိုက်ပါလား"
"ရပါတယ် ရွှေပုံရယ်မစားတော့ပါဘူး"
"လာပါဗျာ....ကိုမျိုးဦးရယ်...ကျုပ်အသက်ဟင်းချက်လာက်ရာကအရမ်းကောင်းတာ...လာဗျာတစ်ခါတည်းဝင်စားလိုက်ပါ"
"အေးကွာ....စားကြတာပေါ့"
ရွှေပုံလက်ရာကို အကိုနဲ့ ကိုမျိုးဦး နှစ်ယောက်သားခေါင်းမဖော်တမ်း အားရပါးရစားတော့သည်။ ထမင်းစားပြီးတော့ အကိုတို့အချိုတည်းရအောင်လို့ ထန်းလျက်ခဲကိုပန်းကန်လေးနဲ့ထည့်ကာရေနွေးကြမ်းလေးနဲ့သောက်စေလိုက်သည်။ ကိုမျိုးဦးကတော့ ရွှေပုံရဲ့ဟင်းချက်လက်ရာကို ချီးကျုးလို့မဆုံးဖြစ်နေတော့သည်။
" ရွှေပုံလက်ရာကို ရွာထဲကစားကောင်းတယ်လို့ပြောတာကို မယုံသေးဘူး အခုမှတကယ်ကိုပဲ ရွှေပုံတို့လက်ရာက ရှယ်ပဲ "
ကိုမျိုးဦးရဲ့ချီးကျုးစကားကြောင့် ထူးခြားကတော့ရေနွေးကြမ်းသောက်ရင်းတပြုံးပြုံး ရွှေပုံကတော့ ထမင်းရောင်းရင်း ပြုံးနေတော့သည်။
"အော် ထူးခြား....မနက်ဖြန်မင်းမှာထားတဲ့သွပ်တွေငါမြို့ကိုသွားယူတော့မယ်နော်"
"အော်....ဟုတ်ကဲ့.... ကိုမျိုးဦးဘယ်လောက်ကျလဲ"
"အားလုံး အချပ် ၃၀ကေျာ်ဆိုတော်..... ၄သိန်းလောက်ရှိမယ် ထင်တယ် ပိုတာကိုတော့ ငါပြန်လာရင်ပြန်ပေးမယ်"
"ရပါတယ်ဗျာ.....ဒီလူနဲ့ဒီလူပြောစရာလား....ရွှေပုံရေ အကို့ကို ပိုက်ဆံ ၄ သိန်းလောက်ယူပေးပါဦးကွာ"
ထိုအခါ ဟင်းရောင်းနေတဲ့ ရွှေပုံက
" ဟုတ် လာပြီအကို ရွှေပုံဒါလေးရောင်းပြီးရင်ပြီးပြီ"
ခဏနေတော့ ရွှေပုံက အိမ်ထက်ကိုတက်ကာ ကျွန်းဗီရိုကြီးကိုဖွင့်ကာ ပိုက်ဆံတွေကိုထုတ်ပေးလေသည်။
ထူးခြားလည်းရွှေပုံပေးတဲ့ပိုက်ဆံတွေကိုယူကာ ကိုမျိုးဦးကိုပေးလိုက်လေသည်။ ကိုမျိုးဦးက ပိုက်ဆံကိုယူကာ ထမင်းကျွေးတဲ့အတွက်ကျေးဇူးတင်ကြောင်းပြောရင်းထွက်သွားတော့သည်။
"အကို့..... သွပ်က မများလွန်းဘူးလား "
" မများပါဘူး....၂ထပ်အိမ်ဆောက်မှာကိုဘာလို့များမှာလဲ "
" တကယ်လို့ပိုနေရင်....နှမြောစရာကြီး"
"အဟက်....ကိုယ့်မိန်းမလေးက တကယ့်ကိုကတ်စီးနဲလေးဘဲ....လာကိုယ်ပြောပြမယ်"
ပြောရင်း ထူးခြားလည်း ရွှေပုံခန္ဓာကိုယ်လေးကို သူ့ရင်ခွင်ထဲထည့်ကာနောက်ကနေသက်ပုံရဲ့ခါးသိမ်သိမ်လေးကိုဖက်ထားလိုက်လေသည်။
"ကိုယ်တို့စရောက်တုန်းက....ဒေါ်လေးညိုကိုပြောတဲ့စကားရွှေပုံမှတ်မိလား"
ထိုအခါ ရွှေပုံက ထူးခြားကိုမော့ကြည့်လာကာ
"အကို....အကိုတကယ်အဲ့လိုလုပ်မှာလား"
"ဒါပေါ့....ရွာမှာက မီးစက်မရှိဘူးလေ ကိုယ်တို့မီးစက်ပေးရင်....ရွာထဲကလူတွေလည်း မီးရ ကိုယ်တို့လည်းဝင်ငွေရ ဘယ်လောက်ကောင်းလိုက်လဲ"
ထူးခြားစကားကြောင့် ရွှေပုံ ထူးခြားကိုမော့ကြည့်ကာ ပြုံးပြလိုက်သည်။
" ဒါနဲ့....အကို စက်ကရောဟင်....မီးစက်က မြို့တက်ဝယ်မှာလား"
"ဒါပေါ့ စပါးတွေအကုန်ရိတ်ပြီးတာနဲ့ ....ကိုနဲ့ အသက်မြို့တက်ဝယ်ကြမယ်လေ"
"ဟုတ်....ဟီးဟီး"
"အသက် ကိုယ့် သမာဓိအားကိုလာစမ်းနေတာလား လာထား"
"အား....အကို....ဟင်းအိုးတွေမသိမ်းရသေးဘူးလေ....အကို့"
ရွှေပုံရဲ့ခြေထောက်အောက်ကပင့်ချီကာအိမ်ထက်သို့ချီခေါ်သွားတော့သည်။ ရွှေပုံမှာတော့ အော်ဟစ်ရင်းပါသွားတော့သည်။
***************
" ထူးခြားရေ....ပျဉ်တွေကိုပေးပါဦးဟ"
"လာပြီ........ကို စံဖေရေ..."
ဒီေန႕ေရွှပုံတို့အိမ်ပြန်ပြင်ဆောက်တာမို့ ၿခံတစ္ခုလုံး တစ်ဒုန်းဒုန်းတဒိုင်းဒိုင်းဖြင့် တူသံ ၊ သွပ်သံ တွေနဲ့ဆူညံလို့နေတော့သည်။ ရွှေပုံကတော့ ထမင်း ၊ ဟင်းတွေချက်နေတာမို့မအားပေ။အိမ်ပြန်ပြင်နေတာမို့ ဟင်းလည်းမရောင်းနိုင်ပေ။
အိမ်ကိုလည်းသွပ်မိုးပျဉ်ထောင် နှစ်ထပ်အိမ်ကြီးဆောက်လိုက်သည်။ ဒီနေ့နဲ့ဆိုရွှေပုံတို့အိမ်ဆောက်တာ ၅ရက်မြှောက်မို့ အိမ်ကတော်တော်ပြီးနေလေပြီ အိမ်နောက်ဖေးခန်းကိုလည်း သေသေချာချာပြင်ကာ စာပွဲခုံအသစ်နဲ့ကြောင်အိမ်အသစ် တစ်လုံးစီလုပ်ပေးထားသေးသည်။
"ရွှေပုံရေ ဘာဟင်းချက်နေတာလဲ ဟင်းနံ့ကိုမွှေးနေရောပဲ ဗိုက်တောင်ဆာတယ်ဟာ"
" ကိုင်းခရမ်းသီးလှော်တယ် ၊ ကုလာပဲကိုကြာဇံနဲ့ချက်တယ် ၊ ဝက်သားအချိုချက်တယ် ၊ ငပိရည်ကျို ၊ ငါးနီတူခြောက်ကို ငရုတ်သီးခြောက်နဲ့ကြော်ထားတယ်"
"ဟားဟား....ဗိုက်တောင်ဆာတယ်ဟာ....ဒါနဲ ဆူးပုတ်အနံ့ရသလိုပဲ "
"အဲ့ဒါက ဆူးပုတ်တစ်ခတ်နှစ်ခတ်ကို ကုလားပဲဟင်းရည်ထဲကိုထည့်ထားတာ ကိုစံဖေရဲ့"
"ဟုတ်လား....ဟင်းနံ့ကိုမွှေးနေရောပဲ "
"အိမ်မပြန်ပဲ တစ်ခါတည်းဝင်စားသွားလိုက်လေ ရွှေပုံထမင်းပွဲပြင်လိုက်မယ် ကျန်တဲ့ ၅ယောက်ပါခေါ်ခဲ့လိုက်တော့လေ"
"မစားတော့ပါဘူးဟာ...ငါကစကားအရပြောတာပါ"
ထိုချိန် ပျဉ်တွေယူလာတဲ့ထူးခြားက
"စားသွားပါ ကိုစံဖေရေ အိမ်ကလည်းဝေးတဲ့ဥစ္စာကို လာဗျာတစ်ခါထဲဝိုင်းစားကြမယ် အသက်ထမင်းပွဲပြင်တော့ "
"ဟုတ်...."
ရွှေပုံပြင်ပေးတဲ့ထမင်းဝိုင်းကို ကိုစံဖေးတို့လက်သမား ၆ယောက်နဲ့ ထူးခြားတို့လင်မယား၂ယောက်စုစုပေါင်း ၈ယောက်ဝိုင်းဖွဲ့ကာ မြိုင်ရယ်ရှက်ရယ်စားလိုက်ကြတော့သည်။
အားလုံးစားသောက်ပြီးလို့ ခဏနားပြီးတာနဲ့ အိမ်ပြန်ဆောက်ကြတာမို့ ခဏလေးအတွင်းပြီးသွားတော့သည်။
အိမ်ကပျဉ်ထောင်အိမ် ၂ထပ်အိမ်မို့ ရွှေပုံနဲ့ထူးခြားတို့အတွက်အရမ်းကျယ်လွန်းသည်။ အပေါ်ထပ်မှာက အခန်း၂ခန်းနဲ့ ဘုရားခန်းတစ်ခန်း အောက်ထပ်မှာက အခန်း၃ ခန်းတစ်ခန်းက အကိုနဲ့ ရွှေပုံတို့နေပြီး ကျန်အခန်းပတော့ ဒီတိုင်းအလွတ်ထားသည်။မီးဖိုချောင်ခန်းကလည်းတော်တော်ကျယ်သည်။ မီးဖိုကိုအကိုက သစ်သားတွေနဲသေချာဘောင်ခတ်ကာ သေသေသပ်သပ်အကိုက ရွှေပုံ ထမင်း ဟင်းရောင်းနေမှန်းသိလို့ ၂ခုတောင်လုပ်ပေးထားသေးသည်။
နောက်ဖေးချောင်ကအလွန်ကျယ်တာမို့ ထမင်းစားခုံကို ကြောင်အိမ်ရှေ့နားလေးမှာ ခင်းထားလိုက်သည်။ ပျဉ်တွေကစခင်းစအချိန်မို့ ကြမ်းနေတာကြောင့် ရွှေပုံမှာ ရေနံဆီနဲ့ တိုက်လိုက် အုန်းသီးအသောင်လေးတွေကို ၂ပိုင်းပိုင်ကာ အိမ်တိုက်လိုက်ဖြင့် ကြမ်းပြင်ကိုပြောင်ချောအောင်လုပ်လိုက်တော့သည်။ အကိုကတော့ ရွှေပုံရေချိုးရင်လွတ်လွတ်လပ်လပ်ချိုးနိုင်အောင် ရေချိုးခန်းကို ပိုနေတဲ့သွပ်ပြားတွေနဲ့ကာနေလေသည်။ ရေချိုးခန်းက အိမ်နဲ့တစ်ဆပ်တည်းလုပ်ထားတာမို့ ရေချိုးချင်ရင် အိမ်အောက်ဆင်းလိုက်ရုံနဲ့ ရေချိုးလို့ရတာကြောင့်အဆင်ပြေလေသည်။
ရေချိုးခန်းထဲက အကိုရဲ့ သံကိုတူနဲ့ရိုတ်သံတဒုန်းဒုန်းတဒိုင်းဒိုင်းအသံတွေဖြင့် ဆူညံလို့နေတော့သည်။ ခဏနေတော့ ရချြေုးခနျးထဲက သံ ၊တူ တွေကိုင်ကာပြန်ထွက်လာလေသည်။အိမ်နောက်ဖေးသုံးပစ္စည်းတွေကိုတစ်ယောက်တည်းသယ်နေတဲ့ ရွှေပုံကို အကိုကမြင်တော့ သူ့လက်ထဲကပစ္စည်းတွေကိုချကာ
"ပေး....ပေး...ကိုယ့်ကိုပေး တစ်ယောက်တည်းသယ်ရလား အသက်ရေ ကိုယ့်ကိုခေါ်လိုက်တာမဟုတ်ဘူး"
"ရပါတယ် အကိုရဲ့ အဲ့လောက်ထိလည်းမလေးပါဘူး...ရွှေပုံသယ်နိုင်ပါတယ်အကိုရဲ့အကိုကလည်းပိုကိုပိုတယ်"
" ဟ မပိုလို့ရမလား ငါကမင်းကိုချစ်လို့ယူထားတာ အလှကြည့်ဖို့ကွ...အခုလိုအလုပ်ကြမ်းတွေလုပ်ခိုင်းဖို့မဟုတ်ဘူး နားလည်လား ထမင်းနဲ့ဟင်းရောင်းတာတောင် ကိုယ်ကသိပ်လုပ်ခိုင်းချင်တာမဟုတ်ဘူး ....အသက်သာ တစ်ခုခုဖြစ်ရင်ကိုယ်ပဲရင်ကျိုးမှာ"
အဘွားကြီးတွေလို ပါးစပ်ကလည်းပြောရင်းလက်ကလည်းဆယ်စပ်သလို ဟိုဟာပြောင်းလိုက်သည်ဟာရွှေ့လိုက်လုပ်နေတဲ့အကိုက ရွှေပုံကိုလည်းမခိုင်းပေ။ ' ချစ်လို့ အလှကြည့်ဖို့ယူထားတာတဲ့ အခုလိုအလုပ်ကြမ်းတွေလုပ်ခိုင်းဖို့မဟုတ်ဘူးတဲ့" အကိုစကားကြောင့် ေရွှပုံမှာပျော်မိသည်။ အရမ်းလည်းကဲသဲတဲ့ရွှေပုံရဲ့ယောကျာ်းကိုလည်း အရမ်းချစ်ရပါတယ်။
------------------
" ဖြည်းဖြည်းချ....အဲ့နေရာမှာထားလိုက် ဟုတ်ပြီ"
ရွှေပုံ မေညိုတို့အိမ်ကပြန်လာတော့ နောက်ဖေးက အသံတွေကြောင့် အိမ်နောက်ဖေးကိုအပြေးကြည့်မိသည်။ အကိုကလည်း မနေ့ကစပါးရောင်းရန်မြို့ကိုသွားတာကြောင့်အိမ်မှာရွှေပုံတစ်ယောက်သာရှိလေသည်။
အိမ်နောက်ဖေးကိုရောက်တော့ အကိုနဲ့လူ ၄ယောက်ကစက်ကို မကာ စက်အိမ်ထဲကိုထည့်နေလေသည်။ စက်ထားရန်အိမ်ကို အိမ်ပြန်ပြင်ရင်းတစ်ခါတည်းလုပ်ထားတာကြောင့် အခုအကိုစက်ဝယ်လာတော့ အဆင်သင့်ဖြစ်သွားတော့သည်။စက်ထားတာအဆင်ပြေသွားတော့ အားလုံးစက်ခန်းထဲကထွက်လာကြကာ အကိုကလွဲလို့ ကျန်တဲ့သူတွေအကုန်ပြန်သွားကြတော့သည်။ အားလုံးပြန်သွားမှ အကိုက ရွှေပုံကိုမြင်သည်ထင် ပြုံးပြကာ ရွှေပုံဆီလျှောက်လာတော့သည်။
"အကို့....ဘယ်တုန်းကပြန်ရောက်တာလဲ"
" သိပ်မကြာသေးပါဘူး....ဒါနဲ့ အသက်ကရောအိမ်မှာမနေပဲဘယ်သွားနေတာလဲ"
"နေရထိုင်ရတာသိပ်မကောင်းလို့ မေညိုတို့အိမ်ဘက်လမ်းလျှောက်ပြီးပြန်လာတာ အကိုရဲ့ ဒီရက်ပိုင်းဘာဖြစ်မှန်းကိုမသိဘူး....ခေါင်းတွေအရမ်းမူးတာပဲ"
ရွှေပုံရဲ့စကားကြောင့် အကိုက သက်ပုံဘေးနားကိုအမြန်လာကာ နဖူးလေးလက်ဖြင့်စမ်းပြီး
" အခုရောဘယ်လိုနေသေးလဲ....ကိုယ်တော့မပူပါဘူး....အဲ့ဒါအိမ်မှာမနေပဲနဲ့ဘာလို့ အပြင်တွေစုံသွားနေရတာလဲ"
ထူးခြားစိုးရိမ်ပြီး ဂရုဏာဒေါသနဲ့လေသံမာမာပြောလိုက်တဲ့စကားကြောင့် ရွှေပုံတစ်ယောက်မျက်ရည်လေးတွေဝိုင်းလာတော့သည်။
--------------------