ချီလော့လီဝေစီး ထံမှ ပြန်စာ

By WuTong85

4.3K 460 109

《奇洛李维斯回信》Author: 清明谷雨 (Qingming Guyu) Total Chapter- 137 All rights reserved to owners. Just a fan translati... More

Prologue
Chapter 1
Chapter2

Chapter 3

535 77 14
By WuTong85

လေကုန်းအမြစ်နှင့် မြေရိုင်းရေ

ထို့နောက် များမကြာမှီတွင် မန်နေဂျာက ချန်ဝမ့်ထံ တိတ်တဆိတ်လျှောက်လာပြီး "လူကြီးမင်းချန် စိတ်မရှိပါနဲ့ ဗီယက်နမ်နယ်စပ်က တိုင်ဖွန်းမုန်တိုင်းကြောင့် သရက်သီးတင်ပို့မယ့်အသုတ်တွေ နှောင့်နှေးသွားတဲ့အတွက် သရက်သီးပူတင်း*နဲ့ သရက်သီးပန်ကိတ်တွေ ပြုလုပ်ဖို့ အဆင်မပြေဘူးလို့ စားဖိုမှူးက ပြောလာပါတယ်။ ထမင်းစားပြီးရင် အချိုပွဲကို ပဲနီလေးစွပ်ပြုတ်အဖြစ် ပြောင်းလိုက်လို့ရမလား။"

(杨枝甘露 – Mango pomelo sago - သရက်သီးအဓိကပါဝင်တဲ့ ဟောင်ကောင်အချိုပွဲတစ်မျိုးပါ။ ရေခဲမုန့် ပူတင်း စသဖြင့် အမျိုးမျိုးပြုလုပ်ကြပါတယ်။ 布甸班戟 – Mango pancake ,红豆汤 – red bean soup, အောက်မှာ ပုံလေးတွေထည့်ပေးထားပါတယ်)

အချိုပွဲများမှာ သာမန် ဟောင်ကောင်ဒေသအစားအစာများသာဖြစ်သည်။ ချန်ဝမ် ခဏမျှစဉ်းစားပြီး စကားတိုးတိုးပြောကာ မန်နေဂျာက ခေါင်းညိတ်လိုက်ပြီး အမြန်ထွက်သွားသည်။

ညစာစားပြီးခါနီးအချိန်ထိ ‌ကျောကျစ်ရွှမ်းသည် ချန်ဝမ်၏ လှုပ်ရှားမှုလာကို မတွေ့ရသေးပေ။ သူသည် သံမှ သံမဏိဖြစ်မလာနိုင်ခြင်းကို စိတ်တိုမိသောကြောင့် ဝိုင်ခွက်ကိုယူကာ သူ့ထံလှမ်းလာပြီး ပခုံးကိုပုတ်လိုက်သည်။

တစ်ခါတစ်လေမှာ သူ ချန်ဝမ့်ကို ထက်မြက်တယ်လို့ ခံစားရပေမဲ့ တစ်ခါတစ်လေကျ အရမ်းတုံးအလွန်းပြန်တယ်။ သူက အရာရာကို အသေးစိတ်ကျစေဖို့ စီမံရင်း အလုပ်ရှုပ်နေတာများ အဲဒီသူ(ကျောက်ရှန်းကော) ရှေ့မှာ တစ်ချိန်လုံးရပ်နေပြီး ချီးမွန်းခန်းဖွင့်နေလိုက်တာက ပိုမကောင်းဘူးလား။

အနီးနားရှိလူတိုင်းက ကျောကျစ်ရွှမ်းကို မြင်သည်နှင့် ဖက်လှဲတကင်း နှုတ်ဆက်လာကြသည်။ ကျောကျစ်ရွှမ်းက ထွက်မသွားသေးသဖြင့် ချန်ဝမ်လည်း ဝိုင်တစ်ခွက်မော့လိုက်ပြီး သူ့နောက်သို့ လိုက်သွားရန်မှလွဲ၍ ရွေးချယ်စရာမရှိတော့ပေ။

ချန်ဝမ် နဂါးငွေ့တန်းတစ်ခုစာမျှ ထင်ခဲ့သော အကွာအဝေးမှာ အမှန်တော့ ခြေလှမ်းအနည်းငယ်မျှသာ ခြားနားပေသည်။

‌ကျောကျစ်ရွှမ်း သူ့ကို ဦးဆောင်ခေါ်သွားချိန်၌ ‌ကျောက်ရှန်းကောက ရှန်ကျုံးနျန်နှင့် စကားပြောနေဆဲပင်။

ရှန်အိမ်တော်၏ ‌ကာစီနို(လောင်းကစား)လုပ်ငန်းမှာ ဟိုင်မြို့တွင် ဩဇာလွှမ်းမိုးမှုရှိပြီး ကျောက်အိမ်တော်နှင့်လည်း ရင်းနှီးသောဆက်ဆံရေးရှိသည်။

သူတို့ စကားဝိုင်း ပြီးသည်အထိ စောင့်ပြီးနောက် ကျောကျစ်ရွှမ်းက ပြောလာသည် "ရှန်းကော သူက ချန်ဝမ်"

ကျောက်ရှန်းကောသည် ယနေ့ညတွင် တစ်ပုံစံတည်းမက လှတပတမျက်နှာများ၊ အဆင့်အတန်းတူသည့် မိသားစု နောက်ခံအမျိုးမျိုးနှင့် စိတ်အားထက်သန်ကာ လေးစားမှုအပြည့်ရှိသည့် အပြုံးများဖြင့် နှုတ်ဆက်လာခြင်းများ သို့မဟုတ် ကိုယ့်ကိုယ်ကိုယ် ဟန်ကိုယ့်ဖို့ ချီးမွန်းခန်းဖွင့်ခြင်းများအား အက်ကြောင်းထပ်အောင် ကြားခဲ့ရပြီးပြီဖြစ်သည်။

သူ ခေါင်းကို အသာမော့ကာ ချန်ဝမ်ကို တစ်ချက်ကြည့်လိုက်ပြီး မျက်နှာချင်းဆိုင် တွေ့ဆုံမှုအား အသိအမှတ်ပြုသည့်အနေဖြင့် ဖန်ခွက်ကို မြှောက်လိုက်သည် ။

သူ့မျက်လုံးများက ရေပြင်ကဲ့သို့ငြိမ်သက်နေပြီး စက္ကန့်ပိုင်းထက်ပို၍ အကြည့်တို့က မြဲမြံမနေခဲ့။

ချန်ဝမ်က အံ့ဩသွားခြင်းမရှိပဲ လက်ထဲက ဖန်ခွက်ကိုမြှောက်လိုက်ပြီး "ကျောက်လူကြီးမင်း" ဟု ယဉ်ကျေးစွာနှုတ်ဆက်ကာ စကားကိုရပ်တန့်လိုက်သည်။ သူ့ကိုယ်သူ မိတ်ဆက်ခြင်းပင်မပြု။

သူ(ချန်ဝမ်) စိတ်ပျက်သွားမိသည်ဟု မဆိုနိုင်ပါ။ ကျောက်ရှန်းကောက လူပေါင်းများစွာနှင့် တွေ့ကြုံခဲ့ဖူးသလို ချန်ဝမ်သည်လည်း ကြည့်အကောင်းဆုံး အထူးခြားဆုံးသူ ဟုတ်မနေ။

ကျောင်းတက်စဉ်အရွယ်က ကျောက်ရှန်းကောမှာ လူတော်တော်များများထံမှ ရည်းစားစာများ လက်ခံရခဲ့ဖူးသည်။ သေချာပေါက်ပင် ကျောက်ရှန်းကောမှာ အရေမရအဖတ်မရ ဝတ္ထုတွေထဲက အဓိကဇာတ်ဆောင်တွေလိုမျိုး ၎င်းတို့အား စုတ်ဖြဲလွှင့်ပစ်ခြင်းမျိုးတော့ မပြုလုပ်ခဲ့။ သူ့မိသားစု၏ သင်ကြားပြသပေးမှုနှင့် ပင်ကိုယ်ထိန်းချုပ်တတ်သည့် အသိဉာဏ်က သူ့အား ထိုသို့ပြုမူခွင့်ပေးမည်မဟုတ်ချေ။

ဆန့်ကျင်ဘက်အနေနဲ့ ချန်ဝမ်သိသလောက် ကျောက်ရှန်းကောက အမှန်တကယ်ပင် ယဉ်ကျေးသိမ်မွေ့ကာ စည်းဘောင်သတ်မှတ်တတ်သူဖြစ်၏။ သူဟာ စိတ်ရင်းမှန်ဖြင့် ကျေးဇူးတင်ကြောင်းပြသပြီး ငြင်းဆိုလိမ့်မည်။

ထိုလူတွေကို တစ်ဦးတစ်ယောက်မျှ မမှတ်မိတော့မှာလည်း ဖြစ်နိုင်သည်။

ကျောက်ရှန်းကောထံတွင် အထင်အမြင်ကောင်း ချန်ခဲ့မည့်အစား ချန်ဝမ်က လက်ထဲရှိ ဆေးဖက်ဝင်လက်ဖက်ရည်ကိုသာ ပို၍အာရုံစိုက်ခဲ့သည်။

အနည်းဆုံးတော့ တွေ့လိုက်ရပြီပဲ။ စိတ်ကျေနပ်ရလောက်အောင် တွေ့လိုက်ရတယ်။

ဒီလောက်ဆိုရင်ကို လုံလောက်ပါပြီ။

ဟိုင်မြို့မှာ အပူပိုင်းဒေသတွင်တည်ရှိပြီး တစ်နှစ်ပတ်လုံး နွေရာသီကဲ့သို့ ဖြစ်နေတတ်တာကြောင့် ရာသီဥတု ပူပြင်းခြောက်သွေ့ရာ ညစာစားပြီးနောက် အချိုပွဲစီမံဖွယ်ရာမရှိတော့သဖြင့် မန်နေဂျာအား အနီးနားက လမ်းကြိုလမ်းကြား ထောင့်တစ်နေရာရှိ ဆေးဖက်ဝင်အပင်ဆိုင်သို့ စေလွှတ်ကာ ကိုယ်တွင်းအပူကိုငြိမ်းစေပြီး စိတ်ဖိစီးမှုကိုပြေလျော့စေသည့်နေရာတွင် ထင်ရှားကျော်ကြားသည့် လေကုန်းအမြစ်*နှင့် မြေစိမ်းရေအား ဝယ်စေခဲ့သည်။

( လေကုန်းအမြစ်*နှင့် မြေရိုင်းရေ - 雷公根 和 生地水 - မိုးကြိုးနတ်ဘုရားနွယ်ပင်ရဲ့ အမြစ်လို့လည်း ခေါ်ကြပါတယ်။ တရုတ်တိုင်းရင်းဆေးတစ်မျိုးပါ )

မိန်းမပျိုတို့မှာ ၎င်းအား စားသောက်ဆိုင်မှ ဟင်းလျာအသစ်ဟု အထင်ရှိသွားပြီး အကြိမ်ရေအနည်းငယ်မျှ ထပ်မံမှာယူခဲ့ကြသည်။

ချန်ဝမ်က ဆက်မနေချင်တော့သော်လည်း ကျောက်ရှန်းကော၏ ညာဘက်ခြမ်းရှိ ထန်ယို့မင်က ပြောလာသည်။ "အားဝမ် မနက်ဖြန် ဘိုးလင်းသွားကစားကြရအောင်။ ငါ ရှန်းကောကို ပုလဲတံတားဆီ ခေါ်သွားပြချင်နေတာနဲ့ အတော်ပဲ။"

ဟိုင်မြို့၏ အထင်ကရနေရာဖြစ်သည့် ပုလဲတံတားသည် အော်ယွီကျွန်းနှင့် ရနံ့ကြိုင်ကျွန်းတို့ကို ဆက်သွယ်ထားသည့် မြို့တော်၏ ပထမဆုံးသော ပင်လယ်ကူးတံတားဖြစ်ပြီး မြေနေရာ တစ်လက်မတိုင်းမှာ တန်ဖိုးရှိသည်။

ထိုစီမံကိန်းကို ပြည်မကြီးရှိကုမ္ပဏီတစ်ခုမှ တင်ဒါခေါ်ခဲ့ခြင်းဖြစ်ပြီး ကျောက်အိမ်တော်နှင့် ထန်အိမ်တော်တို့က ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်သိမ်းသွင်းရန် ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။ အိမ်တော်နှစ်ခုမှာလည်း ပြည်မကြီးဘက်နှင့် အမြဲလိုလို နီးနီးကပ်ကပ်ဆက်ဆံရေးမျိုး တည်ဆောက်ထားနိုင်ခဲ့သည်ပင်။

သို့ဖြစ်ရာ စီမံကိန်းမှာ ဟိုင်မြို့အာဏာပိုင်များအတွက် မကျော်ဖြတ်နိုင်သော အတိဒုက္ခတစ်ခုဖြစ်လာပြီး ထိုအချိန်က ကျောက်ရှန်းကောမှ ဦးဆောင်ကာ စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်ခဲ့သည်။

ထိုစဉ်က ဘဏ္ဍာရေးအကျပ်အတည်းကြောင့် ထိခိုက်ခဲ့ရသော ပင်မစီးပွားရေးစျေးကွက်မှာ ရှေ့မတိုး နောက်မဆုတ်သာဖြစ်နေခဲ့ပြီး ပြည်မကြီးနှင့် စီးပွားရေးနှီးနှောဖလှယ်မှုသည် လွန်ခဲ့သည့်ဆယ်စုနှစ်အတွင်း အနိမ့်ဆုံးအဆင့်သို့ ကျဆင်းနေခဲ့သည်။

ပြည်တွင်းဝယ်လိုအားကို လှုံ့ဆော်ရန် ပြည်မကြီး၏ ဦးစားပေးမူဝါဒများကို တုံ့ပြန်သည့်အနေဖြင့် ပုလဲတံတား အောင်မြင်စွာဖွင့်လှစ်နိုင်ဖို့ရန်မှာ ပထမဆုံးသော စီမံကိန်းဖြစ်သည်။ ထိုအချိန်မှစ၍ ဒေသနှစ်ခုကြား အပြန်အလှန် ရောင်းဝယ်ဖောက်ကားမှု တဖြည်းဖြည်းမြင့်တက်လာခဲ့ပြီး ရှန့်ဟိုင်၏ စီးပွားရေးအခြေအနေလည်း ပြန်လည်ကောင်းမွန်လာခဲ့သည်။ထို့ကြောင့် ပုလဲတံတားသည် စီးပွားရေးအရ သာမက နိုင်ငံရေးအရလည်း အရေးပါသည့်ကဏ္ဍတွင် ပါဝင်နေ၏။ ၎င်းမှာ အမှတ်သင်္ကေတတစ်ခုပင်။

သို့သော် ဤစီမံကိန်းအတွက် စေ့စပ်ညှိနှိုင်းမှု သုံးကြိမ်ပြုလုပ်ပြီးနောက် ကျောက်ရှန်းကောသည် ချက်ချင်း ပြည်ပသို့ထွက်ခွာကာ ထန်အိမ်တော်ထံ လွှဲပြောင်းပေးအပ်ခဲ့သည်။ သူသည် စီမံကိန်း စတင်အကောင်အထည်ဖော်ရန် ဖဲကြိုးဖြတ် ဖွင့်လှစ်သည့် နောက်ဆုံး နေ့ထူးနေ့မြတ်အထိ ပါဝင်တက်ရောက်ခဲ့ခြင်းမရှိတော့။

ချန်ဝမ် ပြုံးလိုက်ပြီး ထန်ယို့မင်အား တုံ့ပြန်လိုက်သည်။ "ဟယ်လီစံအိမ်က တံတားရဲ့တစ်ဖက်ခြမ်းမှာ ရှိတာနဲ့အတော်ပဲ။ မုန်တိုင်းပြီးတဲ့နေ့ကိုစောင့်ပြီး တံတားကိုသွားကြည့်ရင်းနဲ့ တစ်လက်စတည်း ဘိုးလင်းဝင်ကစားကြတာပေါ့။ အဲဒီမှာ စခန်းချချင်ရင်လည်း အဆင်ပြေတယ်။ ရှုခင်းက အတော်လေးလှတယ်။ "

"အာ ဟုတ်သားပဲ။ ဒီအစုတ်ပလုတ် ရာသီဥတုကတော့" ထန်ယို့မင် တစ်ချက်ကျိန်ဆဲလိုက်သည် "မင်းကမှ တွေးတတ်သေးတယ်"

ချန်ဝမ် ပြုံးရုံသာပြုံးပြီး ဘာမှပြန်မပြောချေ။ သခင်လေးများက‌ ပေါက်ပေါက်ရှာရှာ စိတ်ကူးအကြံဉာဏ်များ ထုတ်တတ်သလို သူကလည်း အစအလယ်အဆုံး နောက်ဆက်တွဲအထိ စီစဉ်ပေးရန် တာဝန်ရှိသည်။ ရာသီဥတု၊ မြေမျက်နှာသွင်ပြင်နှင့် လူတစ်ကိုယ် အကြိုက်တစ်မျိုး စသည်အထိ ထည့်သွင်းစဉ်းစားပေးရသည်။

စကားဝိုင်းမှာ ရပ်တန့်သွား၏။ ချန်ဝမ်က ထိုနေရာ၌ ကြာကြာဆက်မနေချင်တော့သဖြင့် ခွက်ကို မြှောက်လိုက်ပြီး "လက်ဖက်ရည်ထပ်ထည့်ပေးဖို့ မန်နေဂျာကို သွားတောင်းဆိုလိုက်ပါဦးမယ်။ အားလုံးပဲ ဖြည်းဖြည်းသုံးဆောင်ကြပါ။"

ကျောကျစ်ရွှမ်းမှာ သံက သံမဏိဖြစ်မလာနိုင်ခြင်းအား ‌ဒေါသထွက်ရပြန်၏။ ဝတ်ရုံရှည်က အကကို ပို၍လှပစေနိုင်မှန်း သိသူတစ်ယောက်အနေနှင့် သေနတ်အစစ် ကျည်အစစ်နှင့် ကြုံကြိုက်ခါမှ သူ၏လူမှုဆက်ဆံရေးမှာ သုံးစားမရဖြစ်နေသည်။

(ဝတ်ရုံရှည်က အကကို ပို၍လှပစေနိုင် - ပိုက်ဆံနဲ့ အာဏာက အရာရာကို ပံ့ပိုးအောင်မြင်စေနိုင်တယ်။
သေနတ်အစစ် ကျည်အစစ်နှင့် ကြုံကြိုက်ခါမှ - တကယ့်တကယ် အရေးကြီးတဲ့အခြေအနေ။
စာရေးသူက idiom တွေ အတော်သုံးတာပဲ🥲)

ချန်ဝမ်အတွက် တစ်စုံတစ်ယောက်က သူ့အား နှစ်သက်သဘောကျလာစေရန် မခက်ခဲ။ ဒီတိုင်း သူ့ဘက်က အလိုရှိခြင်း မရှိခြင်းသာ မူတည်သည်။

သို့သော် ထိုအထဲတွင် ကျောက်ရှန်းကော မပါဝင်ချေ။

ကျောက်ရှန်းကောက ခွက်ထဲရှိ ဆေးဖက်ဝင်လက်ဖက်ရည်ကို တစ်ချက်ကြည့်ကာ ချန်ဝမ်အား လက်ပြနှုတ်ဆက်နေသည့် ထန်ယို့မင်ကို ထပ်ကြည့်လိုက်ပြီး ဘာမှ ‌ပြောမလာတော့။

ထန်ယို့မင်မှာ ကူကယ်ရာမဲ့နေပုံပေါက်ပြီး တိုးတိုးပြောလာသည်။ "သူက ပြဿနာမရှိပါဘူး"

ကျောက်ရှန်းကောက ထိုင်ခုံကို ပြန်မှီထိုင်လိုက်ပြီး လက်ဖက်ရည်သောက်နေကာ မည်သည့်မှတ်ချက်မျှမပြု။

ထန်ယို့မင်နှင့် သူ ရင်းနှီးလာကြသည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်သော်လည်း တစ်ချို့အချိန်များတွင် ထိုသူ့ကို အပြည့်အဝ နားမလည်နိုင်သေးပေ။ ငယ်စဉ်က အေးစက်ကာ စကားနည်းခဲ့သလို ကြီးပြင်းလာသည့်နှစ်များ၌ ပို၍ပင် တိတ်ဆိတ်လာခဲ့သည်။

ဟိုင်မြို့တွင် လူတန်းစားအလွှာပေါင်းစုံ ရှိသည်။ သူတို့နှင့် အဆင့်အတန်းတူ အသိုင်းအဝိုင်းထဲသို့ ငယ်ရာမှကြီးသည်အထိ ဝင်ရောက်ကာ နီးစပ်နိုင်သည့်သူ မရှိခဲ့ဖူးသော်လည်း ချန်ဝမ်ဆိုသည့်လူမှာ အရည်အချင်း၊ စိတ်နေစိတ်ထားနှင့် အကျင့်စရိုက်တို့က အမှန်ပင် အဆင်ပြေလှသည်။ ထန်ယို့မင်မှာ သူ့နံဘေးရှိ ရှန်ကျုံးနျန်ဆီ အကြည့်ပို့ကာ အကူအညီတောင်းရတော့သည်။

အမြဲလိုလို ခပ်ဆိတ်ဆိတ်နေတတ်သည့် ရှန်ကျုံးနျန်က အသက်မပါသည့် အသံနေအသံထားဖြင့် အဆင်ပြေတယ်ဟု တိုးတိုးပြောလာခဲ့သည်။

‌ကျောက်ရှန်းကောမှာ မူလက ပင်ကိုဗီဇအရ မေးခွန်းထုတ်ချင်သေးသော်လည်း ရုတ်တရက် ထန်ယို့မင်နှင့် ရှန်ကျုံးနျန်တို့နှစ်ဦးလုံးမှ ထိုသူအတွက် အာမခံပေးလာကြရာ မလွယ်ကူတော့ပေ။

သို့သော် ‌ကျောက်ရှန်းကောက ဂရုမစိုက်ဟန် မျက်ခုံးပင့်လိုက်ပြီး "ငါကလည်း ဘာမှမပြောပါဘူး"

ထန်ယို့မင် : "... " ဒီလောက်နှစ်တွေအကြာကြီး ကျောက်ရှန်းကောရဲ့ ပြောပုံဆိုပုံကြောင့် သူ ဒေါသထွက်ပြီး မသေခဲ့တာ ကောင်းကင်ဘုံရဲ့ကောင်းချီးပဲ။

အခမ်းအနားပြီးဆုံးသွားသည့်နောက် ချန်ဝမ်က တစ်စုံတစ်ဦးအား စံအိမ်အပေါက်ဝတွင် ကားကိုကြိုတင်ရပ်ခိုင်းထားသည်။

အခန်းထဲမှ ထွက်လာပြီးနောက် တောင်ခြေရှိ လှိုင်းလုံးများ၏ မြည်ဟီးနေသံက ပိုမိုကျယ်လောင်လာသလို မိုးစက်များမှာလည်း တံစက်မြိတ်မှတဆင့် စီတန်းကျဆင်းလျက် ညဉ့်ယံတွင် ပင်လယ်လေညှင်း အားကောင်းလာကာ တောင်ပေါ်၌ ညအချိန် ပွင့်လန်းနေသော တောင်ဇလပ်ဖြူများနှင့် ခေါင်းလောင်းပန်းများကို ဖြတ်သန်းတိုက်ခတ်သွားသည်။

ချန်ဝမ် ထွက်လာချိန်တွင် ကုတ်အင်္ကျီယူဖို့ရာ မေ့ခဲ့၏။ ပင်လယ်လေညှင်းက သူ၏လျော့တိလျော့ရဲ ရှပ်အင်္ကျီကို ဝေ့ဝဲတိုက်ခတ်သွားပြီး သေးသွယ်သည့်ခါးနှင့် ဖြောင့်မတ်မတ် ပခုံးတန်းတို့ကို လှစ်ဟာသွားစေရာ မိုးညလယ်က ဝါးပင်ကလေးနှယ်။

သူ့နောက်မှ တစ်စုံတစ်ယောက် ထွက်လာသည်။ နောက်ပြန်ကြည့်စရာ မလိုအပ်ဘဲ သူ့နှာခေါင်း၊ နားတွေနှင့်ပင် ဘယ်သူလဲဆိုတာ ခွဲခြားသိနိုင်လိုက်သည်။

ချန်ဝမ် ကျောမတ်မတ်ဖြစ်သွားပြီး ခေါင်းအနည်းငယ်ငုံ့ကာ ဘေးကပ်ပေးလိုက်ပြီး သူ့ပုံစံမှာ ညအမှောင်ထဲ၌ ပျောက်ကွယ်သွားချင်လုနီးပါးပင်။

ဒါက လေကုန်းအမြစ်ပါ ဆေးလက်ဖက်ရည် လုပ်သောက်လို့ရပါတယ်တဲ့
_______________
Zawgyi

ေလကုန္းအျမစ္ႏွင့္ ေျမရိုင္းေရ

ထို႔ေနာက္ မ်ားမၾကာမွီတြင္ မန္ေနဂ်ာက ခ်န္ဝမ့္ထံ တိတ္တဆိတ္ေလၽွာက္လာၿပီး "လူႀကီးမင္းခ်န္ စိတ္မရွိပါနဲ႔ ဗီယက္နမ္နယ္စပ္က တိုင္ဖြန္းမုန္တိုင္းေၾကာင့္ သရက္သီးတင္ပို႔မယ့္အသုတ္ေတြ ေႏွာင့္ေႏွးသြားတဲ့အတြက္ သရက္သီးပူတင္း*နဲ႔ သရက္ပန္ကိတ္ေတြ ျပဳလုပ္ဖို႔ အဆင္မေျပဘူးလို႔ စားဖိုမႉးက ေျပာလာပါတယ္။ ထမင္းစားၿပီးရင္ အခ်ိဳပြဲကို ပဲနီေလးစြပ္ျပဳတ္အျဖစ္ ေျပာင္းလိုက္လို႔ရမလား။"

(杨枝甘露 – Mango pomelo sago - သရက္သီးအဓိကပါဝင္တဲ့ ေဟာင္ေကာင္အခ်ိဳပြဲတစ္မ်ိဳးပါ။ ေရခဲမုန႔္ ပူတင္း စသျဖင့္ အမ်ိဳးမ်ိဳးျပဳလုပ္ၾကပါတယ္။ 布甸班戟 – Mango pancake ,红豆汤 – red bean soup, ေအာက္မွာ ပုံေလးေတြထည့္ေပးထားပါတယ္)

အခ်ိဳပြဲမ်ားမွာ သာမန္ ေဟာင္ေကာင္ေဒသအစားအစာမ်ားသာျဖစ္သည္။ ခ်န္ဝမ္ ခဏမၽွစဥ္းစားၿပီး စကားတိုးတိုးေျပာကာ မန္ေနဂ်ာက ေခါင္းညိတ္လိုက္ၿပီး အျမန္ထြက္သြားသည္။

ညစာစားၿပီးခါနီးအခ်ိန္ထိ ‌ေက်ာက်စ္ရႊမ္းသည္ ခ်န္ဝမ္၏ လႈပ္ရွားမႈလာကို မေတြ႕ရေသးေပ။ သူသည္ သံမွ သံမဏိျဖစ္မလာနိုင္ျခင္းကို စိတ္တိုမိေသာေၾကာင့္ ဝိုင္ခြက္ကိုယူကာ သူ႔ထံလွမ္းလာၿပီး ပခုံးကိုပုတ္လိုက္သည္။

တစ္ခါတစ္ေလမွာ သူ ခ်န္ဝမ့္ကို ထက္ျမက္တယ္လို႔ ခံစားရေပမဲ့ တစ္ခါတစ္ေလက် အရမ္းတုံးအလြန္းျပန္တယ္။ သူက အရာရာကို အေသးစိတ္က်ေစဖို႔ စီမံရင္း အလုပ္ရႈပ္ေနတာမ်ား အဲဒီသူ(ေက်ာက္ရွန္းေကာ) ေရွ႕မွာ တစ္ခ်ိန္လုံးရပ္ေနၿပီး ခ်ီးမြန္းခန္းဖြင့္ေနလိုက္တာက ပိုမေကာင္းဘူးလား။

အနီးနားရွိလူတိုင္းက ေက်ာက်စ္ရႊမ္းကို ျမင္သည္ႏွင့္ ဖက္လွဲတကင္း ႏႈတ္ဆက္လာၾကသည္။ ေက်ာက်စ္ရႊမ္းက ထြက္မသြားေသးသျဖင့္ ခ်န္ဝမ္လည္း ဝိုင္တစ္ခြက္ေမာ့လိုက္ၿပီး သူ႔ေနာက္သို႔ လိုက္သြားရန္မွလြဲ၍ ေရြးခ်ယ္စရာမရွိေတာ့ေပ။

ခ်န္ဝမ္ နဂါးေငြ႕တန္းတစ္ခုစာမၽွ ထင္ခဲ့ေသာ အကြာအေဝးမွာ အမွန္ေတာ့ ေျခလွမ္းအနည္းငယ္မၽွသာ ျခားနားေပသည္။

‌ေက်ာက်စ္ရႊမ္း သူ႔ကို ဦးေဆာင္ေခၚသြားခ်ိန္၌ ‌ေက်ာက္ရွန္းေကာက ရွန္က်ဳံးန်န္ႏွင့္ စကားေျပာေနဆဲပင္။

ရွန္အိမ္ေတာ္၏ ‌ကာစီနို(ေလာင္းကစား)လုပ္ငန္းမွာ ဟိုင္ၿမိဳ႕တြင္ ဩဇာလႊမ္းမိုးမႈရွိၿပီး ေက်ာက္အိမ္ေတာ္ႏွင့္လည္း ရင္းႏွီးေသာဆက္ဆံေရးရွိသည္။

သူတို႔ စကားဝိုင္း ၿပီးသည္အထိ ေစာင့္ၿပီးေနာက္ ေက်ာက်စ္ရႊမ္းက ေျပာလာသည္ "ရွန္းေကာ သူက ခ်န္ဝမ္"

ေက်ာက္ရွန္းေကာသည္ ယေန႔ညတြင္ တစ္ပုံစံတည္းမက လွတပတမ်က္ႏွာမ်ား၊ အဆင့္အတန္းတူသည့္ မိသားစု ေနာက္ခံအမ်ိဳးမ်ိဳးႏွင့္ စိတ္အားထက္သန္ကာ ေလးစားမႈအျပည့္ရွိသည့္ အျပဳံးမ်ားျဖင့္ ႏႈတ္ဆက္လာျခင္းမ်ား သို႔မဟုတ္ ကိုယ့္ကိုယ္ကိုယ္ ဟန္ကိုယ့္ဖို႔ ခ်ီးမြန္းခန္းဖြင့္ျခင္းမ်ားအား အက္ေၾကာင္းထပ္ေအာင္ ၾကားခဲ့ရၿပီးၿပီျဖစ္သည္။

သူ ေခါင္းကို အသာေမာ့ကာ ခ်န္ဝမ္ကို တစ္ခ်က္ၾကည့္လိုက္ၿပီး မ်က္ႏွာခ်င္းဆိုင္ ေတြ႕ဆုံမႈအား အသိအမွတ္ျပဳသည့္အေနျဖင့္ ဖန္ခြက္ကို ေျမႇာက္လိုက္သည္ ။

သူ႔မ်က္လုံးမ်ားက ေရျပင္ကဲ့သို႔ၿငိမ္သက္ေနၿပီး စကၠန႔္ပိုင္းထက္ပို၍ အၾကည့္တို႔က ျမဲၿမံမေနခဲ့။

ခ်န္ဝမ္က အံ့ဩသြားျခင္းမရွိပဲ လက္ထဲက ဖန္ခြက္ကိုေျမႇာက္လိုက္ၿပီး "ေက်ာက္လူႀကီးမင္း" ဟု ယဥ္ေက်းစြာႏႈတ္ဆက္ကာ စကားကိုရပ္တန႔္လိုက္သည္။ သူ႔ကိုယ္သူ မိတ္ဆက္ျခင္းပင္မျပဳ။

သူ(ခ်န္ဝမ္) စိတ္ပ်က္သြားမိသည္ဟု မဆိုနိုင္ပါ။ ေက်ာက္ရွန္းေကာက လူေပါင္းမ်ားစြာႏွင့္ ေတြ႕ၾကဳံခဲ့ဖူးသလို ခ်န္ဝမ္သည္လည္း ၾကည့္အေကာင္းဆုံး အထူးျခားဆုံးသူ ဟုတ္မေန။

ေက်ာင္းတက္စဥ္အရြယ္က ေက်ာက္ရွန္းေကာမွာ လူေတာ္ေတာ္မ်ားမ်ားထံမွ ရည္းစားစာမ်ား လက္ခံရခဲ့ဖူးသည္။ ေသခ်ာေပါက္ပင္ ေက်ာက္ရွန္းေကာမွာ အေရမရအဖတ္မရ ဝတၳဳေတြထဲက အဓိကဇာတ္ေဆာင္ေတြလိုမ်ိဳး ၎တို႔အား စုတ္ျဖဲလႊင့္ပစ္ျခင္းမ်ိဳးေတာ့ မျပဳလုပ္ခဲ့။ သူ႔မိသားစု၏ သင္ၾကားျပသေပးမႈႏွင့္ ပင္ကိုယ္ထိန္းခ်ဳပ္တတ္သည့္ အသိဉာဏ္က သူ႔အား ထိုသို႔ျပဳမူခြင့္ေပးမည္မဟုတ္ေခ်။

ဆန႔္က်င္ဘက္အေနနဲ႔ ခ်န္ဝမ္သိသေလာက္ ေက်ာက္ရွန္းေကာက အမွန္တကယ္ပင္ ယဥ္ေက်းသိမ္ေမြ႕ကာ စည္းေဘာင္သတ္မွတ္တတ္သူျဖစ္၏။ သူဟာ စိတ္ရင္းမွန္ျဖင့္ ေက်းဇူးတင္ေၾကာင္းျပသၿပီး ျငင္းဆိုလိမ့္မည္။

ထိုလူေတြကို တစ္ဦးတစ္ေယာက္မၽွ မမွတ္မိေတာ့မွာလည္း ျဖစ္နိုင္သည္။

ေက်ာက္ရွန္းေကာထံတြင္ အထင္အျမင္ေကာင္း ခ်န္ခဲ့မည့္အစား ခ်န္ဝမ္က လက္ထဲရွိ ေဆးဖက္ဝင္လက္ဖက္ရည္ကိုသာ ပို၍အာ႐ုံစိုက္ခဲ့သည္။

အနည္းဆုံးေတာ့ ေတြ႕လိုက္ရၿပီပဲ။ စိတ္ေက်နပ္ရေလာက္ေအာင္ ေတြ႕လိုက္ရတယ္။

ဒီေလာက္ဆိုရင္ကို လုံေလာက္ပါၿပီ။

ဟိုင္ၿမိဳ႕မွာ အပူပိုင္းေဒသတြင္တည္ရွိၿပီး တစ္ႏွစ္ပတ္လုံး ေႏြရာသီကဲ့သို႔ ျဖစ္ေနတတ္တာေၾကာင့္ ရာသီဥတု ပူျပင္းေျခာက္ေသြ႕ရာ ညစာစားၿပီးေနာက္ အခ်ိဳပြဲစီမံဖြယ္ရာမရွိေတာ့သျဖင့္ မန္ေနဂ်ာအား အနီးနားက လမ္းႀကိဳလမ္းၾကား ေထာင့္တစ္ေနရာရွိ ေဆးဖက္ဝင္အပင္ဆိုင္သို႔ ေစလႊတ္ကာ ကိုယ္တြင္းအပူကိုၿငိမ္းေစၿပီး စိတ္ဖိစီးမႈကိုေျပေလ်ာ့ေစသည့္ေနရာတြင္ ထင္ရွားေက်ာ္ၾကားသည့္ ေလကုန္းအျမစ္*ႏွင့္ ေျမစိမ္းေရအား ဝယ္ေစခဲ့သည္။

( ေလကုန္းအျမစ္*ႏွင့္ ေျမရိုင္းေရ - 雷公根 和 生地水 - မိုးႀကိဳးနတ္ဘုရားႏြယ္ပင္ရဲ့ အျမစ္လို႔လည္း ေခၚၾကပါတယ္။ တ႐ုတ္တိုင္းရင္းေဆးတစ္မ်ိဳးပါ )

မိန္းမပ်ိဳတို႔မွာ ၎အား စားေသာက္ဆိုင္မွ ဟင္းလ်ာအသစ္ဟု အထင္ရွိသြားၿပီး အႀကိမ္ေရအနည္းငယ္မၽွ ထပ္မံမွာယူခဲ့ၾကသည္။

ခ်န္ဝမ္က ဆက္မေနခ်င္ေတာ့ေသာ္လည္း ေက်ာက္ရွန္းေကာ၏ ညာဘက္ျခမ္းရွိ ထန္ယို႔မင္က ေျပာလာသည္။ "အားဝမ္ မနက္ျဖန္ ဘိုးလင္းသြားကစားၾကရေအာင္။ ငါ ရွန္းေကာကို ပုလဲတံတားဆီ ေခၚသြားျပခ်င္ေနတာနဲ႔ အေတာ္ပဲ။"

ဟိုင္ၿမိဳ႕၏ အထင္ကရေနရာျဖစ္သည့္ ပုလဲတံတားသည္ ေအာ္ယြီကၽြန္းႏွင့္ ရနံ့ႀကိဳင္ကၽြန္းတို႔ကို ဆက္သြယ္ထားသည့္ ၿမိဳ႕ေတာ္၏ ပထမဆုံးေသာ ပင္လယ္ကူးတံတားျဖစ္ၿပီး ေျမေနရာ တစ္လက္မတိုင္းမွာ တန္ဖိုးရွိသည္။

ထိုစီမံကိန္းကို ျပည္မႀကီးရွိကုမၸဏီတစ္ခုမွ တင္ဒါေခၚခဲ့ျခင္းျဖစ္ၿပီး ေက်ာက္အိမ္ေတာ္ႏွင့္ ထန္အိမ္ေတာ္တို႔က ရင္းႏွီးျမႇုပ္ႏွံမႈမ်ားကို ဆြဲေဆာင္သိမ္းသြင္းရန္ ပူးေပါင္းေဆာင္ရြက္ခဲ့ၾကသည္။ အိမ္ေတာ္ႏွစ္ခုမွာလည္း ျပည္မႀကီးဘက္ႏွင့္ အျမဲလိုလို နီးနီးကပ္ကပ္ဆက္ဆံေရးမ်ိဳး တည္ေဆာက္ထားနိုင္ခဲ့သည္ပင္။

သို႔ျဖစ္ရာ စီမံကိန္းမွာ ဟိုင္ၿမိဳ႕အာဏာပိုင္မ်ားအတြက္ မေက်ာ္ျဖတ္နိုင္ေသာ အတိဒုကၡတစ္ခုျဖစ္လာၿပီး ထိုအခ်ိန္က ေက်ာက္ရွန္းေကာမွ ဦးေဆာင္ကာ ေစ့စပ္ညႇိႏွိုင္းမႈမ်ား ျပဳလုပ္ခဲ့သည္။

ထိုစဥ္က ဘ႑ာေရးအက်ပ္အတည္းေၾကာင့္ ထိခိုက္ခဲ့ရေသာ ပင္မစီးပြားေရးေစ်းကြက္မွာ ေရွ႕မတိုး ေနာက္မဆုတ္သာျဖစ္ေနခဲ့ၿပီး ျပည္မႀကီးႏွင့္ စီးပြားေရးႏွီးေႏွာဖလွယ္မႈသည္ လြန္ခဲ့သည့္ဆယ္စုႏွစ္အတြင္း အနိမ့္ဆုံးအဆင့္သို႔ က်ဆင္းေနခဲ့သည္။

ျပည္တြင္းဝယ္လိုအားကို လႈံ႔ေဆာ္ရန္ ျပည္မႀကီး၏ ဦးစားေပးမူဝါဒမ်ားကို တုံ႔ျပန္သည့္အေနျဖင့္ ပုလဲတံတား ေအာင္ျမင္စြာဖြင့္လွစ္နိုင္ဖို႔ရန္မွာ ပထမဆုံးေသာ စီမံကိန္းျဖစ္သည္။ ထိုအခ်ိန္မွစ၍ ေဒသႏွစ္ခုၾကား အျပန္အလွန္ ေရာင္းဝယ္ေဖာက္ကားမႈ တျဖည္းျဖည္းျမင့္တက္လာခဲ့ၿပီး ရွန္႔ဟိုင္၏ စီးပြားေရးအေျခအေနလည္း ျပန္လည္ေကာင္းမြန္လာခဲ့သည္။ထို႔ေၾကာင့္ ပုလဲတံတားသည္ စီးပြားေရးအရ သာမက နိုင္ငံေရးအရလည္း အေရးပါသည့္က႑တြင္ ပါဝင္ေန၏။ ၎မွာ အမွတ္သေကၤတတစ္ခုပင္။

သို႔ေသာ္ ဤစီမံကိန္းအတြက္ ေစ့စပ္ညႇိႏွိုင္းမႈ သုံးႀကိမ္ျပဳလုပ္ၿပီးေနာက္ ေက်ာက္ရွန္းေကာသည္ ခ်က္ခ်င္း ျပည္ပသို႔ထြက္ခြာကာ ထန္အိမ္ေတာ္ထံ လႊဲေျပာင္းေပးအပ္ခဲ့သည္။ သူသည္ စီမံကိန္း စတင္အေကာင္အထည္ေဖာ္ရန္ ဖဲႀကိဳးျဖတ္ ဖြင့္လွစ္သည့္ ေနာက္ဆုံး ေန႔ထူးေန႔ျမတ္အထိ ပါဝင္တက္ေရာက္ခဲ့ျခင္းမရွိေတာ့။

ခ်န္ဝမ္ ျပဳံးလိုက္ၿပီး ထန္ယို႔မင္အား တုံ႔ျပန္လိုက္သည္။ "ဟယ္လီစံအိမ္က တံတားရဲ့တစ္ဖက္ျခမ္းမွာ ရွိတာနဲ႔အေတာ္ပဲ။ မုန္တိုင္းၿပီးတဲ့ေန႔ကိုေစာင့္ၿပီး တံတားကိုသြားၾကည့္ရင္းနဲ႔ တစ္လက္စတည္း ဘိုးလင္းဝင္ကစားၾကတာေပါ့။ အဲဒီမွာ စခန္းခ်ခ်င္ရင္လည္း အဆင္ေျပတယ္။ ရႈခင္းက အေတာ္ေလးလွတယ္။ "

"အာ ဟုတ္သားပဲ။ ဒီအစုတ္ပလုတ္ ရာသီဥတုကေတာ့" ထန္ယို႔မင္ တစ္ခ်က္က်ိန္ဆဲလိုက္သည္ "မင္းကမွ ေတြးတတ္ေသးတယ္"

ခ်န္ဝမ္ ျပဳံး႐ုံသာျပဳံးၿပီး ဘာမွျပန္မေျပာေခ်။ သခင္ေလးမ်ားက‌ ေပါက္ေပါက္ရွာရွာ စိတ္ကူးအႀကံဉာဏ္မ်ား ထုတ္တတ္သလို သူကလည္း အစအလယ္အဆုံး ေနာက္ဆက္တြဲအထိ စီစဥ္ေပးရန္ တာဝန္ရွိသည္။ ရာသီဥတု၊ ေျမမ်က္ႏွာသြင္ျပင္ႏွင့္ လူတစ္ကိုယ္ အႀကိဳက္တစ္မ်ိဳး စသည္အထိ ထည့္သြင္းစဥ္းစားေပးရသည္။

စကားဝိုင္းမွာ ရပ္တန႔္သြား၏။ ခ်န္ဝမ္က ထိုေနရာ၌ ၾကာၾကာဆက္မေနခ်င္ေတာ့သျဖင့္ ခြက္ကို ေျမႇာက္လိုက္ၿပီး "လက္ဖက္ရည္ထပ္ထည့္ေပးဖို႔ မန္ေနဂ်ာကို သြားေတာင္းဆိုလိုက္ပါဦးမယ္။ အားလုံးပဲ ျဖည္းျဖည္းသုံးေဆာင္ၾကပါ။"

ေက်ာက်စ္ရႊမ္းမွာ သံက သံမဏိျဖစ္မလာနိုင္ျခင္းအား ‌ေဒါသထြက္ရျပန္၏။ ဝတ္႐ုံရွည္က အကကို ပို၍လွပေစနိုင္မွန္း သိသူတစ္ေယာက္အေနႏွင့္ ေသနတ္အစစ္ က်ည္အစစ္ႏွင့္ ၾကဳံႀကိဳက္ခါမွ သူ၏လူမႈဆက္ဆံေရးမွာ သုံးစားမရျဖစ္ေနသည္။

(ဝတ္႐ုံရွည္က အကကို ပို၍လွပေစနိုင္ - ပိုက္ဆံနဲ႔ အာဏာက အရာရာကို ပံ့ပိုးေအာင္ျမင္ေစနိုင္တယ္။
ေသနတ္အစစ္ က်ည္အစစ္ႏွင့္ ၾကဳံႀကိဳက္ခါမွ - တကယ့္တကယ္ အေရးႀကီးတဲ့အေျခအေန။
စာေရးသူက idiom ေတြ အေတာ္သုံးတာပဲ🥲)

ခ်န္ဝမ္အတြက္ တစ္စုံတစ္ေယာက္က သူ႔အား ႏွစ္သက္သေဘာက်လာေစရန္ မခက္ခဲ။ ဒီတိုင္း သူ႔ဘက္က အလိုရွိျခင္း မရွိျခင္းသာ မူတည္သည္။

သို႔ေသာ္ ထိုအထဲတြင္ ေက်ာက္ရွန္းေကာ မပါဝင္ေခ်။

ေက်ာက္ရွန္းေကာက ခြက္ထဲရွိ ေဆးဖက္ဝင္လက္ဖက္ရည္ကို တစ္ခ်က္ၾကည့္ကာ ခ်န္ဝမ္အား လက္ျပႏႈတ္ဆက္ေနသည့္ ထန္ယို႔မင္ကို ထပ္ၾကည့္လိုက္ၿပီး ဘာမွ ‌ေျပာမလာေတာ့။

ထန္ယို႔မင္မွာ ကူကယ္ရာမဲ့ေနပုံေပါက္ၿပီး တိုးတိုးေျပာလာသည္။ "သူက ျပႆနာမရွိပါဘူး"

ေက်ာက္ရွန္းေကာက ထိုင္ခုံကို ျပန္မွီထိုင္လိုက္ၿပီး လက္ဖက္ရည္ေသာက္ေနကာ မည္သည့္မွတ္ခ်က္မၽွမျပဳ။

ထန္ယို႔မင္ႏွင့္ သူ ရင္းႏွီးလာၾကသည္မွာ ႏွစ္ေပါင္းမ်ားစြာ ၾကာၿပီျဖစ္ေသာ္လည္း တစ္ခ်ိဳ႕အခ်ိန္မ်ားတြင္ ထိုသူ႔ကို အျပည့္အဝ နားမလည္နိုင္ေသးေပ။ ငယ္စဥ္က ေအးစက္ကာ စကားနည္းခဲ့သလို ႀကီးျပင္းလာသည့္ႏွစ္မ်ား၌ ပို၍ပင္ တိတ္ဆိတ္လာခဲ့သည္။

ဟိုင္ၿမိဳ႕တြင္ လူတန္းစားအလႊာေပါင္းစုံ ရွိသည္။ သူတို႔ႏွင့္ အဆင့္အတန္းတူ အသိုင္းအဝိုင္းထဲသို႔ ငယ္ရာမွႀကီးသည္အထိ ဝင္ေရာက္ကာ နီးစပ္နိုင္သည့္သူ မရွိခဲ့ဖူးေသာ္လည္း ခ်န္ဝမ္ဆိုသည့္လူမွာ အရည္အခ်င္း၊ စိတ္ေနစိတ္ထားႏွင့္ အက်င့္စရိုက္တို႔က အမွန္ပင္ အဆင္ေျပလွသည္။ ထန္ယို႔မင္မွာ သူ႔နံေဘးရွိ ရွန္က်ဳံးန်န္ဆီ အၾကည့္ပို႔ကာ အကူအညီေတာင္းရေတာ့သည္။

အျမဲလိုလို ခပ္ဆိတ္ဆိတ္ေနတတ္သည့္ ရွန္က်ဳံးန်န္က အသက္မပါသည့္ အသံေနအသံထားျဖင့္ အဆင္ေျပတယ္ဟု တိုးတိုးေျပာလာခဲ့သည္။

‌ေက်ာက္ရွန္းေကာမွာ မူလက ပင္ကိုဗီဇအရ ေမးခြန္းထုတ္ခ်င္ေသးေသာ္လည္း ႐ုတ္တရက္ ထန္ယို႔မင္ႏွင့္ ရွန္က်ဳံးန်န္တို႔ႏွစ္ဦးလုံးမွ ထိုသူအတြက္ အာမခံေပးလာၾကရာ မလြယ္ကူေတာ့ေပ။

သို႔ေသာ္ ‌ေက်ာက္ရွန္းေကာက ဂ႐ုမစိုက္ဟန္ မ်က္ခုံးပင့္လိုက္ၿပီး "ငါကလည္း ဘာမွမေျပာပါဘူး"

ထန္ယို႔မင္ : "... " ဒီေလာက္ႏွစ္ေတြအၾကာႀကီး ေက်ာက္ရွန္းေကာရဲ့ ေျပာပုံဆိုပုံေၾကာင့္ သူ ေဒါသထြက္ၿပီး မေသခဲ့တာ ေကာင္းကင္ဘုံရဲ့ေကာင္းခ်ီးပဲ။

အခမ္းအနားၿပီးဆုံးသြားသည့္ေနာက္ ခ်န္ဝမ္က တစ္စုံတစ္ဦးအား စံအိမ္အေပါက္ဝတြင္ ကားကိုႀကိဳတင္ရပ္ခိုင္းထားသည္။

အခန္းထဲမွ ထြက္လာၿပီးေနာက္ ေတာင္ေျခရွိ လွိုင္းလုံးမ်ား၏ ျမည္ဟီးေနသံက ပိုမိုက်ယ္ေလာင္လာသလို မိုးစက္မ်ားမွာလည္း တံစက္ၿမိတ္မွတဆင့္ စီတန္းက်ဆင္းလ်က္ ညဉ့္ယံတြင္ ပင္လယ္ေလညႇင္း အားေကာင္းလာကာ ေတာင္ေပၚ၌ ညအခ်ိန္ ပြင့္လန္းေနေသာ ေတာင္ဇလပ္ျဖဴမ်ားႏွင့္ ေခါင္းေလာင္းပန္းမ်ားကို ျဖတ္သန္းတိုက္ခတ္သြားသည္။

ခ်န္ဝမ္ ထြက္လာခ်ိန္တြင္ ကုတ္အကၤ်ီယူဖို႔ရာ ေမ့ခဲ့၏။ ပင္လယ္ေလညႇင္းက သူ၏ေလ်ာ့တိေလ်ာ့ရဲ ရွပ္အကၤ်ီကို ေဝ့ဝဲတိုက္ခတ္သြားၿပီး ေသးသြယ္သည့္ခါးႏွင့္ ေျဖာင့္မတ္မတ္ ပခုံးတန္းတို႔ကို လွစ္ဟာသြားေစရာ မိုးညလယ္က ဝါးပင္ကေလးႏွယ္။

သူ႔ေနာက္မွ တစ္စုံတစ္ေယာက္ ထြက္လာသည္။ ေနာက္ျပန္ၾကည့္စရာ မလိုအပ္ဘဲ သူ႔ႏွာေခါင္း၊ နားေတြႏွင့္ပင္ ဘယ္သူလဲဆိုတာ ခြဲျခားသိနိုင္လိုက္သည္။

ခ်န္ဝမ္ ေက်ာမတ္မတ္ျဖစ္သြားၿပီး ေခါင္းအနည္းငယ္ငုံ႔ကာ ေဘးကပ္ေပးလိုက္ၿပီး သူ႔ပုံစံမွာ ညအေမွာင္ထဲ၌ ေပ်ာက္ကြယ္သြားခ်င္လုနီးပါးပင္။

Continue Reading

You'll Also Like

9.9M 646K 75
Yaduvanshi series #1 An Arranged Marriage Story. POWER!!!!! That's what he always wanted. He is king of a small kingdom of Madhya Pradesh but his pow...
97.5K 13.4K 79
Title ~ The Only One / mou mou / 某某 Original Author ~ Mu Su Li ( 木苏里 ) Type ~ Web novel Genre ~ comedy / school life / romance / drama Episode ~ 112...
654K 54.5K 32
"Excuse me!! How dare you to talk to me like this?? Do you know who I am?" He roared at Vanika in loud voice pointing his index finger towards her. "...
2M 121K 43
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...