"ရူးချင်ယောင်ဆောင်မနေနဲ့~"
မမမူယာသည် ကျွန်မ၏လက်ကောက်ဝတ်ကိုဆွဲကာ ဆံထိုးဆိုင်လေးထဲသို့ဝင်သွားသည်။ ဆိုင်တွင်းသို့ရောက်ရောက်ခြင်း အံ့ဩစွာဖြင့် သဘောကျမိသွားသည့်ဆံထိုးလေးသည် ယခု မမမူယာ၏လက်ထဲသို့ရောက်နေလေပြီဖြစ်သည်။
ဆံထိုးလေး၏ ပုံစံလေးသည် ရိုးရှင်းသော်လည်း ယွန်းချောင်းလေးပေါ်၌ရေအိုးကလေးတင်ထားသည့် ပုံစံလေးပင်ဖြစ်သည်။ ထို့ပြင် ရေအိုးလေးအား ကြာပန်းလေးများနှင့် ရစ်ပတ်ထားသည့်ပုံမို့ အလွန်ပင်လှပသည်။
"ကလေး ဒါလေးကြိုက်တယ်မလား"
မမမူယာသည် ပြုံးပြုံးလေးပြောကာ အယင်းတို့ ဆံပင်အား တစ်ပတ်လျှိုလေးလုပ်ကာ ဆံထိုးလေးထိုးပေးလေသည်။
"ဟီး ကြိုက်တယ်လေ မမမူယာကို"
×××
ဒီလိုနှင့် ဘုရားသွားဖူးသော ကျွန်မနှင့် မမမူယာ၏ ...အဲ ဘယ်လိုပြောရမလဲ။
"တော်ပါပြီ အဲ့လိုပဲ သူငယ်ချင်းတို့ရယ်"
စကားအားဖြတ်ချလိုက်သောအခါ ဝင်းဝင်းသည် သူမ၏လက်ထဲက ဝတ္ထုစာအုပ်ကြီးအား ပုတ်ချကာပြောလာသည်။
"ဟာ နင်တို့လို့ပဲ မင်းသမီးကို မင်းသားက..မင်းသားက ရူးချင်ယောင်ဆောင်သွားတယ်ဟာ"
"ဟင် ဘယ်လိုဖြစ်ရတာတုံး"
"နင့်လိုပဲပေါ့ ယင်းယင်းရယ် ခုလဲမမူယာက မသိချင်ယောင်ဆောင်သွားပြန်ပြီမလား"
ယင်းယင်းသည် စကားပြောရင်းဆွဲနှုတ်ထားသော မြက်ပင်များအားကြည့်ကာ ဝင်းဝင်းအပြောကို ထောက်ခံခေါင်းငြိမ့်လိုက်သည်။
"အင်းနော် မချစ်ဘူးထင်ပါတယ်"
တအောင့်ကြာသည့်နောက်တွင် ဆံပင်ကြားထဲထိုးထားသော ဆံထိုးလေးအား လက်ဖြင့်ထိကြည့်တော့ ရင်ထဲနွေးသွားသည်။
"ပြောမရဘူး ချစ်ရင်လဲချစ်မှာပေါ့နော် ဟီးဟီး"
"အော် လူေတွများခက်တယ်"
ဝင်းဝင်းသည် ပဲကြီးလှော်တစ်ဆုတ်အား ပါးစပ်ထဲထည့်ကာ ဝါးရင်းပြောလိုက်သည်။ ထို့နောက် ယင်းယင်းတို့ထိုင်နေရာ သစ်ပင်အရိပ်အောက်သို့ လူတစ်ယောက်ဝင်ရောက်လာလေသည်။
ထိုသူမှာ ယင်းယင်းတို့ ခြံဘေးအနားမကြာသေးမှီကပြောင်းလာသော မိသားစုမှ ကောင်လေးတစ်ယောက်ပင်ဖြစ်သည်။
"မဂ်လာပါဗျ မ..ယင်းလား?"
"မရမ်းသီးပါရှင့်"
"ဗျာ"
ကျွန်မ၏ ပြောစကားကြောင့် ခေါင်းပွတ်ကာရီနေသော ကောင်လေးသည် ရွယ်တူလောက်ပင်ဖြစ်သည်မို့ စနောက်ကာ ပြောလိုက်ခြင်းဖြစ်သည်။
"စတာ ယင်းယင်းပါ ဘာလာလုပ်တာလဲ ခိုင်မျိုး"
"ဘာရယ်မဟုတ်ဘူးဗျ စကားပြောနေကြတာတွေ့လို့ လာခဲ့တာ"
ထိုနောက် ခိုင်မျိုး၏ အကြည့်များသည် ဝတ္ထုအားအသည်းအသန်ပြန်ဖတ်နေသော ဝင်းဝင်းအား စိတ်ဝင်တစား ကြည့်နေလေသည်။
"အော် သူက ဝင်းဝင်းပါ ဟိုဘက်လမ်းမှာနေတာ"
"အော် ဟုတ် ဒီက မဝင်းဝင်းကို တွေ့ရတာ အရမ်းပျော်တယ်ဗျ"
"ဟင်"
သည်လိုနှင့် စကားကောင်းနေသော ခြံဘေးနားကစကားဝိုင်းလေးအား ပြတင်းပေါက်မှ အမျိုးသမီးတစ်ဦးသည် နားရှင်ရှင်ထားကာ စကားသံအား ခိုးနား..အာ အမှတ်မထင် နားထောင်နေမိလေသည်။
မကြာမှီပင် စကားဝိုင်းထဲရောက်လာသော ကောင်လေးအား အကဲခတ်နေတုံး ကလေးမနှင့် ရီမောကာ ပြုံးရွှင်နေသည်မို့ ပါးစပ်တစ်ဖက်က မဲ့နေလေပြီဖြစ်သည်။
"မဟုတ်သေးတာတော့ မဟုတ်သေးပါဘူး"
"ဟင် ဘာတွေမဟုတ်တာတုံး မူယာရဲ့"
ဒေါ်မူယာတစ်ယောက် တစ်ယောက်ထဲ ပြတင်းပေါက်နားရေရွတ်နေစဉ် စိတ်ပုတီးကြီးကိုင်ထားသော သူမ၏ဖခင်သည် ဘေးနားလာရပ်ကာ စကားထပြောလာသဖြင့် မူယာတို့ အတွေးကမ္ဘာထဲ ချော်လဲသွားလေတော့သည်။
"ရှင်! အာ..ဘာမှမဟုတ်ဘူး အဖေရဲ့ ဒီလိုပဲမဟုတ်တာက ဟုတ်မနေလို့ပါ"
"ဟေ ဟုတ်နေတာမဟုတ်လို့ မဟုတ်တာလေဘာကို မဟုတ်တာက ဟုတ်မနေရမှာလဲ"
"ရှင် အော်စိတ်ညစ်ပါတယ် တစ်လုံးထဲနဲ့ ဘောင်းဘီကြပ်လိုက်တာအဖေရယ်"
"အော်ဒါဆိုရင် ရော့ ပုတီးစိတ် မေတ္တာပွား ကလေးမ ငါ့ကိုချစ်ပါစေသားလို့"
ဒီလိုနှင့် အဖေသည် ပွစိပွစိပြောကာ စိတ်ပုတီးအားမူယာ့လက်ထဲထိုးထည့်သွားလေသည်။
ဒါကြောင့် ပုတီးစိတ်ရင်း ကလေးမရှိရာ တစ်ဖက်ခြံလေးထဲသို့ ငေးရင်း ပုတီးတစ်လုံးခြင်းစိတ်ကာ ညနေခင်းသည် ပြီးဆုံးသွားလေတော့သည်။
ည-၈နာရီခန့်
တီဗီမျက်နှာပြင်၌ အဖြူအမဲရုပ်ရှင်ကားလေးထပ်ပေါ်လာသော သင်္ကြန်မိုးဇာတ်ကားအား ပဲကြီးလှော်စားရင်း ယင်းယင်းတို့ ထိုင်ကြည့်နေသည်။
"မာမီ"
"ဝေ"
"အဲ့အန်တီကြီးနေရာမှာသာဆို မာမီဘာလုပ်မှာ"
"ဘာလုပ်ရမှာတုံး ကျွန်မချစ်တာ ကိုကိုပဲဆိုပြီး ချစ်တဲ့သူကိုပဲရအောင်ယူမှာပေါ့"
ဟုပြောကာ အမေသည် အဖေ့ပုခုံးလေးထပ် ခေါင်းမှီချလိုက်လေသည်။
"စိတ်ညစ်တယ် မြင်ကွင်းတွေကလည်း"
"ဟဲ့ မိယင်းယင်း မကြည့်ချင်ရင် သွား"
"အို သွားမယ် သွားမယ် မမူယာအိမ်မှာတစ်သက်လုံးနေမယ်"
ဒီလိုနှင့် မိယင်းယင်းတို့ အိမ်အပြင်ထွက်သွားလေသည်။ ထိုစဉ် သူမ၏အဖေပုခုံးအားမှီနေသောသူမ၏အမေသည် ခေါင်းထောင်ကြည့်မိလေသည်။
"တစ်သက်လုံးတောင်နေမယ်ဆိုပါလား ညီအစ်မတွေ တော်တော်ချစ်နေတယ်ထင်တယ်"
----------------------------------------------------------
#TBC
Shung
Long time no seeeeeee😭