ချစ်ကြိုးရှုပ် ( Complete)

By ANanChway

29.4K 858 36

အချစ်ဆိုတာ လှည့်ဖျားမှုတွေကို အရင်းခံသောနာကျင်မှုပြယုဂ်ဆိုလျှင် အဘယ်သို့သောသူတွေက ငြင်းချက်ထုတ်လာကြမည်နည်း။ ... More

P-1
P.2
P.3
P.4
P-5
P-6
P-7
P-8
P-9
P-10
P-11
P-12
P-13
P-15
P-16
P-17
P-18
P-19
P-20
P-21
P-22 ( ဇာတ်သိမ်း)

P-14

1.1K 32 0
By ANanChway

🖤 ချစ်ကြိုးရှုပ် ➿
Part - 14

လေးနှစ်ကြာပြီးနောက်....

မိုးတစ်ည Laguage ကို ဆွဲကာ အိမ်နံပါတ်တွေကို လိုက်ကြည့်ရင်း လာမကြိုသည့် သူငယ်ဖြစ်သူကို မေတ္တာပို့မိသွားရသည်။ ကိုရီးယားကို ပထမဆုံးရောက်ဖူးတာ မဟုတ်၍သာ တော်တော့သည် မဟုတ်လျှင် သူ ဒုက္ခ။

အိတ်ကပ်ထဲ လိပ်စာ စာရွက်ကို ပြန်ထည့်လိုက်ရင်း အိမ်တွေ့ပြီမို့ ဝမ်းသာအားရ ဖြစ်သွားရသည်။ လူခေါ်ဘဲလ်ကို နှိပ်လိုက်ရင်း သူ့အမည်ပြောလိုက်တော့ ပွင့်လာသည့် တံခါးကြောင့် Laguage ကိုဆွဲကာ အထဲဝင်လာခဲ့၏။

ပန်းပင်အချို့စိုက်ထားသည့် ခြံလေးက Decoration အတော်လှသည်ဟု ပြောရမလိုပင်။ အိမ်တံခါးမကြီး ပွင့်လာကာ ပြေးထွက်လာသည့် ဥာဏ်လင်းက သူ့ကို ဝမ်းသာအားရ လာဖက်ရင်း....

" မိုးတစ်ည......ဟားးး ငါ့ကောင်ကြီး ရောက်လာပြီ။ "

" ဖယ်စမ်းပါကွာ....."

Dr.ဥာဏ်လင်း သူငယ်ချင်း ဖြစ်သူ မိုးတစ်ညကို ကြည့်ရင်းမှ ပြုံးစိစိ ဖြစ်သွားရသည်။ ကိုရီးယားမှာလုပ်သည့် ဆေးပညာဆိုင်ရာ ဆွေးနွေးပွဲကို နိုင်ငံခြောက်နိုင်ငံ ပေါင်းစည်း ကျင်းပသည့်ပွဲအား မြန်မာနိုင်ငံကိုယ်စားပြု စိတ်ပညာပါမောက္ခအဖြစ် ဆွေးနွေးရန် ရောက်လာခြင်းပင်။

အသက်နှစ်ဆယ့်ရှစ်အရွယ်ရောက်နေပေမယ့် ကြာနွယ်နှင့် လမ်းခွဲပြီးထဲက ချစ်သူရည်းစား ထပ်ထားဖို့ မပြောနှင့် သူ့လူနာတွေနဲ့ပင် အချိန်ကုန်ကာ ဘွဲ့တွေပဲ လှိမ့်ယူနေသည်။

" အိမ်ထဲဝင်ကြမယ်ကွာ......လာ။ "

မိုးတစ်ည Laguage ကို ဆွဲယူကာ အိမ်ထဲအရှေ့က ဝင်သွားသည့် ဥာဏ်လင်းနောက်ကနေ လိုက်လာခဲ့သည်။ ဥာဏ်လင်းအမေ နဲ့ ညီမကို နှုတ်ဆက်ရင်းမှ သူ့အတွက် ပြင်ဆင်ပေးထားသည့် အခန်းထဲ အနားယူရန် ဝင်လာခဲ့သည်။

" နားလိုက်ဦးကွာ......ညစာ စားခါနီး လာခေါ်မယ်။"

သျှင်မင်း အိမ်ထဲ ဝင်လာရင်းမှ ကိုဥာဏ်လင်းကို တွေ့လိုက်ရသဖြင့် အံ့သြသွားရသည်။

" အစ်ကို ဆေးရုံမသွားဘူးလား။ "

" သျှင်မင်းတောင် ကျောင်းက ပြန်လာပြီလား။ ဒီနေ့ ဆေးရုံမသွားဘူး ညီမ။ မြန်မာက အစ်ကို့သူငယ်ချင်း ရောက်နေတယ်လေ။ "

သျှင်မင်း ပြုံးကာ ခေါင်းငြိမ့်ပြလိုက်ရင်းမှ အခန်းထဲသာ ဝင်လာခဲ့သည်။ သမီးလေးက တစ်နှစ်ကျော်လျှင် သျှင်မင်းတစ်ယောက်ထဲ ကျောင်းတစ်ဖက် အလုပ်တစ်ဖက်နဲ့ ဘယ်လိုမှ အဆင်မပြေတော့၍ မမဆီ ပို့ထားရသည်။ မမက ဖေဖေတို့မေမေတို့သာမက ကိုကြီးမဟာမသိအောင်ပါ မွေးစားသည်အမည်ခံကာ စောင့်ရှောက်ပေးထား၏။ သျှင်မင်းပြန်ရောက်မှ ညီအစ်မနှစ်ယောက်အတူ ဖွင့်ပြောပြရန်ဆုံးဖြတ်ထားကြသည်။

တစ်ယောက်ထဲ နေလို့ အဆင်မပြေသည်မို့ သျှင်မင်း၏ သူငယ်ချင်း ပန်းယု ၏ အိမ်တွင် အခန်းငှားနေလိုက်သည်။ မြန်မာအချင်းချင်း မို့ ပိုပြီး စိတ်သက်တောင့်သက်သာ ရှိသလို ပန်းယု၏ အစ်ကိုရော အမေကပါ သျှင်မင်းကို ချစ်ကြသည်။

အခန်းထဲရောက်သည်နှင့် ရေမိုးချိုးကာ အဝတ်အစားလဲပြီး ညစာပြင်တာ ဝိုင်းကူရန် ပြန်ထွက်လာခဲ့သည်။

" အန်တီ သျှင်မင်း ကူပေးမယ်လေ.....။ "

" ရတယ် သမီးလေး.....ဟင်းရံလေးတွေပဲ သွားချပေး။ "

သျှင်မင်း ထမင်းစားပွဲတွင် ဟင်းရံတွေ ချပေးနေရင်း ပြင်ဆင်ပေးနေမိသည်။ ပန်းယုက အချိန်ပိုင်းအလုပ်က ပြန်မလာသေးသည်မို့ အိမ်ပြန်မရောက်သေးပါ။

မိုးတစ်ည အခန်းထဲမှ ထွက်လာရင်း ထမင်းပွဲပြင်နေသည့် ကောင်မလေးကို ငေးကြည့်မိသည်။ ပန်းယုမဟုတ်တာမို့ သူ ဥာဏ်လင်းကို မေးဆတ်ပြရင်း မသိမသာ မေးမိသည်။

" သြော်....မိတ်ဆက်ပေးရဦးမယ်။ သျှင်မင်း... ဒါ အစ်ကို့သူငယ်ချင်းလေ....ပါမောက္ခ ဒေါက်တာ မိုးတစ်ညတဲ့။ ဒါ ငါ့ညီမ သူငယ်ချင်းလေ....ကျောင်းတက်ရင်း အတူနေတာ သျှင်မင်းယာတဲ့။ "

" ဟုတ်ကဲ့ရှင့်.....တွေ့ရတာ ဝမ်းသာပါတယ် ။ "

မိုးတစ်ည ပြုံးကာ ခေါင်းငြိမ့်ပြလိုက်ရင်းမှ လူက ဘာလို့မှန်းမသိ ရှက်သလိုလို ယောင်တိယောင်န ဖြစ်နေရသည်။ သူ့ထက်ငယ်သလို ချစ်စရာကောင်းသည့် မျက်နှာလေးအား မသိမသာ ငေးကြည့်ရင်းမှ ထမင်းစားပွဲတွင် ဝင်ထိုင်မိသည်။

" သျှင်မင်း သမီးလေး....စာမေးပွဲပြီးရင် တန်းပြန်မှာလား။ "

" ဟုတ်တယ် အန်တီ.....သမီးလေးနဲ့လဲ ခွဲနေရတာ ကြာပြီလေ။ လွမ်းနေပြီ။ "

မိုးတစ်ည နားမလည်သလို ကြည့်လိုက်ရင်းမှ စိတ်ထဲလဲ ထူးဆန်းသွားမိသည်။ ကလေးအမေပုံစံနဲ့တူဖို့ မပြောနှင့် သူမလေးဟာ အခုမှ အိမ်ထောင်ရှိမယ်ပင် မထင်ရသည့် အနေအထား မဟုတ်လား။

" အေးပေါ့လေ.....သား မိုးတစ်ည.. ဒီမှာ ကြာမှာလား။ တန်းမပြန်နဲ့နော်....လည်ပတ်ပြီးမှ ပြန်။ "

ဥာဏ်လင်းအမေပြောစကားကြောင့် သူ ရယ်လိုက်မိသည်။ အကြာကြီး နေစေချင်တာ သိပေမယ့် ကိုယ့်လူနာတွေက နောက်ကြောင်းမအေး။

" တစ်ပတ်တော့ နေမှာပါ အန်တီ။ လူနာတွေလဲ ကျန်ခဲ့တော့ အကြာကြီး နေလို့မရဘူး။ "

" ပြောမနေနဲ့ မေမေရေ.... သူက သူ့လူနာတွေနဲ့ပဲ အရိုးထုတ်သွားမှာ။ "

ထပြီး အငေါ်တူလိုက်သည့် ဥာဏ်လင်းစကားကြောင့် အန်တီက ရယ်သည်။ အနေအေးတာလား စကားနည်းတာလားမသိပဲ သူမလေးကတော့ ခပ်အေးအေးလေးသာ ပြုံးရုံပြုံး၏။ သို့ပေမယ့် ထိုအပြုံးဟာ အင်မတန် လှမှန်း သတိထားမိကာ လူက ငေးခနဲ။

@@@@@@@@

စည်းချက်ကင်း အစည်းအဝေးပြီးသည်နှင့် ကျမ်းမဟာဆီမှ စာဝင်လာသဖြင့် ဖွင့်ကြည့်လိုက်မိသည်။ သျှင်မွေ့ နေသိပ်မကောင်းသဖြင့် မဟာက စောင့်ပေးနေရကာ အန်ကယ်ကမ္ဘာ့ကျမ်း တို့အိမ်ပို့ထားသည့် ကလေးနှစ်ယောက်ကို ကြိုပြီး အိမ်ခေါ်လာပေးရန် ဖြစ်သည်။

" သော်တာ.....လုပ်စရာရှိတာ လုပ်ထားလိုက်။ ငါ ပြန်ပြီ။ "

ကားသော့ယူကာ အန်ကယ်ကမ္ဘာ့ကျမ်း တို့အိမ်ဆီ မောင်းထွက်လာခဲ့၏။ ရောက်သည်နှင့် ကားပေါ်က ဆင်းလိုက်တော့ တစ်ယောက်ထဲ ခြံထဲက ဒန်းလေးပေါ် ထိုင်နေသည့် Sweety ။ ကျောလယ်အထိ ရှည်သည့် ဆံပင်လေးတွေကို နှစ်ဖက်ခွဲစည်းထားကာ ဂါဝန်အတိုလေးဖြင့် သူ့ထုံးစံအတိုင်း အေးတိအေးစက် မျက်နှာလေး ရှစ်ခေါက်ချိုးဖြင့် စူပုတ်ပုတ် ထိုင်နေသည်။ သူ့ကို တစ်ချက်လှမ်းကြည့်လာသည်အား မသိဟန်ဆောင်ကာ အိမ်ထဲဝင်လာရင်း.....

" နေကောင်းတယ်နော် အန်ကယ်.....ကျွန်တော် ကလေးတွေ လာခေါ်တာ။ "

" အေး....အေး သား ပြောထားတယ်။ ရေမဟာ....မြေးရေ ပြန်ဖို့ပြင်လေ။ "

ဂျင်းဘောင်းဘီ အတိုလေးဖြင့် တီရှပ်အမဲရောင်လက်တိုလေးဝတ်ကာ ဦးထုပ်ဆောင်းလျက် ပြေးထွက်လာသည့် ရေမဟာလေးက တကယ့်အသွက် ဂျလည်ပင်။

" ဟာ....ဦးကင်း လာကြိုတာပဲ။ လမ်းကျ အရုပ်ဝယ်ပေးနော်။ "

" အေးပါကွာ....လာကြ ။ "

စည်းချက်ကင်း ရေမဟာလေးကို စွေ့ခနဲ ပွေ့ချီကာ ကားဆီ လျှောက်လာရင်း သူတို့ဆီ လျှောက်လာသည့် Sweety ကို တစ်ချက် လှမ်းကြည့်လိုက်သည်။

" အရူးမ.....မြန်မြန်လာနော်။ ထားခဲ့မှာ။ "

နှစ်ယောက်သား ရန်ဖြစ်ထားသည်လားမသိ ရေမဟာလေးကလဲ အရမ်း စ တာ သူ သိသည်။ သို့သော် သူ မကြိုက်သည်က Sweety ၏ အကျင့်။ လက်မြန်ခြေမြန် ရှိကာ သည်းခံနိုင်သလောက် သည်းခံပြီး သည်းမခံနိုင်လျှင် နီးရာနှင့် ထချတတ်သည်။ ဒါလဲ ရေမဟာတို့က အမှတ်မရှိ။ မဟာနဲ့သျှင်မွေ့ ဒီကလေးကိုမွေးစားတုန်းက သူမဟာ့ကိုတားခဲ့ပါသည်။ ဘယ်ကလာလို့ဘယ်လိုမျိုးရိုး၊ဘယ်လိုသွေးမျိုးမှန်းမသိသည့်ကလေးကို မွေးစားတာ သူကတော့ သဘောမကျပေ။

ကင်း ကားနောက်ခန်းတံခါးကို ဆွဲဖွင့်ပေးလိုက်ရင်းမှ ရေမဟာလေးကို ကားထဲ ထိုင်ခိုင်းကာ အနားရောက်လာသည့် Sweety ကိုပါ ပွေ့ချီကာ ကားပေါ်တင်ပေးလိုက်သည်။

ကလေးတွေကို ခါးပတ်ပတ်ပေးရင်းမှ သူ့ကို ငေးကြည့်နေသည့် Sweety ကြောင့် မသိဟန်ဆောင်ကာ ကားတံခါးဆွဲပိတ်လိုက်သည်။ Sweety က အနေအေးပေမယ့် အကဲဆတ်ကာ အရိပ်အခြည် သိသည်။ ငယ်ငယ်ကတော့ သူ့အနားကပ်ပေမယ့် သျှင်မွေ့က ဘာလို့မှန်းမသိ မကြိုက်သလို သူလဲ အနားကပ်တာ မကြိုက်သဖြင့် ခပ်တည်တည် နေတာမို့ Sweety က နောက်ပိုင်း လုံးဝ မကပ်တော့။ သျှင်မွေ့အသိသူငယ်ချင်းရဲ့ကလေးဟုပြောပေမယ့် ဘာဇာတ်ရှုပ်တွေမှန်းမသိတာမို့ ဝေးဝေးသာနေချင်ကာ မပတ်သတ်ချင်။

ကားမောင်းလာရင်းမှ ရေမဟာလေးက ရေခဲမုန့်စားချင်သည်ဆိုတာမို့ သူ City Mart မှာ ကားထိုးရပ်လိုက်သည်။

" Sweety ကားပေါ်ကဆင်းလေ....။ "

" Sweety မစားတော့ဘူး။ ရေခဲမုန့် နဲ့ မတည့်ဘူး...ဗိုက်အောင့်တယ်။ နေခဲ့မယ်။ "

ကင်း သက်ပြင်းချလိုက်ရင်းမှ ခေါင်းညိတ်ကာ အပြန်မှ တစ်ခုခု ဝယ်လာပေးလိုက်မည် စိတ်ကူးလိုက်သည်။ ကားတံခါးပြန်ပိတ်ပေးရင်း ရေမဟာလက်ကို ဆွဲကာ mart ထဲ ဝင်လာပေမယ့် ကားကို သူ မေ့ကာ သော့ပိတ်ခဲ့မိသည်။

" သား ချောကလက်အရသာ စားမယ်။ "

ချောကလက်ရေခဲမုန့် ယူပေးရင်းမှ သူ့ကို ခွံ့ကျွေးလာသည့် ရေမဟာလေးကြောင့် ပြုံးကာ ခေါင်းခါလိုက်မိသည်။

" ဦး က စားလို့မရဘူးကွ။ ရေခဲမုန့်စားရင် ဗိုက်အောင့်ပြီး ဖျားရော။ မင်းပဲ စားပါ။ "

ရေမဟာလေး လက်ကို ဆွဲကာ ချောကလက်တောင့်လေးယူရင်း Sweety အတွက် ဝယ်လိုက်သည်။ ​ကားဆီပြန်လျှောက်လာရင်းမှ ကားအနား လူတွေအုံနေသည်မို့ သူ အတင်းတိုးကြည့်မိသည်။

" ဟာ...."

ကင်း ကမန်းကတန်း ကားတံခါးဆွဲဖွင့်ရင်း ခွေခွေလေး သတိလစ်ချင်နေသည့် Sweety ကို ဆွဲပွေ့လိုက်မိသည်။

" Sweety....Sweety....ကျစ်! "

ကားပေါ် ကမန်းကတန်း တက်ကာ ရေမဟာကိုပါ ဆွဲတင်ရင်း မဟာ့ဆီ ဖုန်းဆက်ကာ ကားကို ဆေးရုံဆီ မောင်းလာခဲ့တော့သည်။ ရင်ထဲပူနေရင်းမှ ကိုယ့်အမှားကြောင့်တော့ ဒီကလေး တစ်ခုခု မဖြစ်စေချင်ပါ။ မချစ်ပေမယ့် ဒီလိုမျိုးကျ သူ့ကိုယ်သူသာ အပြစ်တင်ရင်း Sweety ကို သနားမိသည်။

@@@@@@@@@

သျှင်မွေ့ ဆေးရုံထဲ ဝင်လာရင်း လူနာခန်းထဲက ထွက်လာသည့် ကင်း ကို လှမ်းမြင်လိုက်ရသည်။အနားလျှောက်သွားရင်းမှ....

" Sweety ရော...."

" အခန်းထဲမှာ...."

သျှင်မွေ့ ကင်းမျက်နှာကို စေ့စေ့စိုက်ကြည့်လိုက်ရင်းမှ.....

" ကျေးဇူးပဲ စည်းချက်ကင်း..... နင်မမှားဘူး ငါ မှားတာ။ "

ကျမ်းမဟာ အခန်းထဲဝင်သွားသည့် မွေ့ကို လှမ်းကြည့်ရင်းမှ ကင်းကို အားနာသလို ကြည့်လိုက်မိသည်။

" ဆောရီးပါကွာ.....မွေ့က အရမ်းစိတ်ထိခိုက်နေလို့ပါ။"

သူ ခေါင်းညိတ်ပြလိုက်ရင်း ဆေးရုံက ပြန်လာပေမယ့် ရင်ထဲမကောင်း ဖြစ်နေရသည်။ ပြန်စဥ်းစားကြည့်မိတော့ Sweety ထက် ရေမဟာလေးကိုသာ အကုန်ဝိုင်းချစ်ကြသည်က များသည်။ သျှင်မွေ့ နဲ့ သျှင်မွေ့ မေမေ ကလွဲရင် ရေမဟာ့ကို ပိုအလိုလိုက်ကြသည်။ သူကိုယ်တိုင် လဲ ဘယ်ကလာလို့ ဘယ်သူ့သွေးမှန်း မသိသည့် Sweety ထက် ရေမဟာလေးကိုသာ ချစ်ကာ အလိုလိုက်သည်ပင်။

------------------------

မိုးတစ်ည စတိုးဆိုင်လေးထဲက ကောင်တာတွင် ထိုင်နေသည့် ချာတိတ်ကို လှမ်းကြည့်ရင်း အထဲဝင်လာခဲ့သည်။

" ချာတိတ်......အလုပ်ဆင်းတော့မလား။ "

သျှင်မင်း ဦးညကို မြင်လိုက်ရသဖြင့် အံ့သြသလို လေး မော့ကြည့်မိသွားသည်။ အခုဆို နှစ်ယောက်သားက အတော်ရင်းနှီးနေပြီဖြစ်ကာ စာမေးပွဲဖြေနေသည့် သျှင်မင်းကို စာပြပေးသူကလဲ ဦးညပင်။အချိန်ပိုင်းအလုပ်ပြီးတဲ့အခါ ညဖက်မို့ ဦးညက အမြဲ လာကြိုတတ်သည်။ လာမကြိုခိုင်းလဲ မရ။

" ခဏလေးနော်.....သျှင်မင်း ပစ္စည်းတွေသိမ်းဦးမယ်။ "

မိုးတစ်ည ခေါင်းငြိမ့်ပြရင်းမှ ထိုင်စောင့်နေရင်း ချာတိတ် အလုပ်လုပ်သည်ကို လိုက်ငေးကြည့်နေမိသည်။ ဥာဏ်လင်းဆီက တဆင့် သိရသည့် ချာတိတ်အကြောင်းက က​လေးအဖေဆိုတာ မရှိ။ ရည်းစားအပေါ် အယုံလွန်သွားသည်ပဲလား မသိပေမယ့် သူ ချာတိတ်ကို သနားသည်။ တစ်ပတ်ခန့်နေပြီး မြန်မာပြည်ပြန်သွားပေမယ့် သူ့အာရုံနဲ့ နှလုံးသားထဲ သူမလေးက ငြိတွယ်ပါလာသည်။

ပိုင်ရှင်ဆိုတာ မရှိသည်မို့ သူ့အတွက် ကြိုးစားခွင့်ရှိသည်ဟု သူ တွေးသည်။ ဥာဏ်လင်းတို့ကပါ ကူညီပေမယ့် သူမလေးကတော့ မသိသလို ဟန်ဆောင်ကာ ခပ်အေးအေးပင်။ အခုတော့ သူ့မှာ ကိုရီးယားမှာ တစ်ပတ် မြန်မာပြည်မှာ တစ်ပတ် သွားလိုက်ပြန်လိုက် ဖြစ်နေရသည်ပင်။

" သွားမယ်လေ ဦးည.....။ "

သျှင်မင်း ဦးည နဲ့အတူ လမ်းလျှောက်လာရင်းမှ သမီးလေးကို သတိရတော့ သက်ပြင်းလေးချမိသွားသည်။

" ဘာလို့လဲ ချာတိတ်....မျက်နှာမကောင်းပါလား။"

အမြဲတမ်း သျှင်မင်း၏ အရိပ်အကဲကိုကြည့်နေသည့် ဦးညဆီမှ မေးခွန်းကြောင့် ခေါင်းလေးခါယမ်းရင်းမှ....

" သမီးလေးကို လွမ်းလို့ပါ။ "

မိုးတစ်ည မျက်နှာလေး နွမ်းယဲ့ကာ ပြောလာသည့် သူမလေးကြောင့် ခြေလှမ်းတို့ကို တုန့်ခနဲ ရပ်လိုက်မိသည်။

" ချာတိတ် Vc ပြောတယ် မဟုတ်လား။ Sweety လေးကရော ချာတိတ်ကို အမေ မှန်း သိလား။ "

သျှင်မင်း ခေါင်းငြိမ့်ပြလိုက်ရင်းမှ...

" သိတယ် ဦးည....မမက ပြောပြထားတယ်။ ဒါပေမယ့် မမ နဲ့ သျှင်မင်းပဲ သိတာလေ။ မမ ခင်ပွန်းတောင် မသိဘူး။ သမီးလေးကလဲ လျှောက်မပြောဘူး။ မမက ဘယ်လိုမှာထားလဲတော့ မသိဘူး။ "

မိုးတစ်ည သက်ပြင်း ချလိုက်မိရင်းမှ သူမလေးရဲ့ ရှေ့ရေးကို သူ စိုးရိမ်သည်။ သားအမိနှစ်ယောက် ထဲ ဘယ်လို ရပ်တည်မလဲ တွေးပူသလို အကယ်၍ ကလေးအဖေက နှောက်ယှက်လာလျှင်ရော။ ဘယ်လိုပဲ တွေးတွေး ချာတိတ်အနား သူ ရှိမှ ဖြစ်မည်ဟုသာ ထင်သည်။

ဖုန်းမြည်သံကြောင့် သျှင်မင်း ကြည့်လိုက်ကာ မမဆီက နံပါတ်မို့ ထူးဆန်းသွားရသည်။ ဖုန်းကိုင်လိုက်စဥ် ကြားလိုက်ရသည့် စကားကြောင့် သျှင်မင်း မျက်နှာတစ်ခုလုံး သွေးဆုပ်ဖြူလျော်သွားကာ ဖုန်းလေးပါ လွတ်ကျသွားလျက်....။

သမီးလေး...။

@@@@@@@@@@@@@@@@@@@@@

To be continue P - 15
Author - အနမ်းခြွေ

🖤 ခ်စ္ႀကိဳးရႈပ္ ➿
Part - 14

ေလးႏွစ္ၾကာၿပီးေနာက္....

မိုးတစ္ည Laguage ကို ဆြဲကာ အိမ္နံပါတ္ေတြကို လိုက္ၾကည့္ရင္း လာမႀကိဳသည့္ သူငယ္ျဖစ္သူကို ေမတၲာပို႔မိသြားရသည္။ ကိုရီးယားကို ပထမဆံုးေရာက္ဖူးတာ မဟုတ္၍သာ ေတာ္ေတာ့သည္ မဟုတ္လ်ွင္ သူ ဒုကၡ။

အိတ္ကပ္ထဲ လိပ္စာ စာရြက္ကို ျပန္ထည့္လိုက္ရင္း အိမ္ေတြ့ၿပီမို႔ ဝမ္းသာအားရ ျဖစ္သြားရသည္။ လူေခၚဘဲလ္ကို ႏိွပ္လိုက္ရင္း သူ႔အမည္ေျပာလိုက္ေတာ့ ပြင့္လာသည့္ တံခါးေၾကာင့္ Laguage ကိုဆြဲကာ အထဲဝင္လာခဲ့၏။

ပန္းပင္အခ်ိဳ႕စိုက္ထားသည့္ ၿခံေလးက Decoration အေတာ္လွသည္ဟု ေျပာရမလိုပင္။ အိမ္တံခါးမႀကီး ပြင့္လာကာ ေျပးထြက္လာသည့္ ဥာဏ္လင္းက သူ႔ကို ဝမ္းသာအားရ လာဖက္ရင္း....

" မိုးတစ္ည......ဟားးး ငါ့ေကာင္ႀကီး ေရာက္လာၿပီ။ "

" ဖယ္စမ္းပါကြာ....."

Dr.ဥာဏ္လင္း သူငယ္ခ်င္း ျဖစ္သူ မိုးတစ္ညကို ၾကည့္ရင္းမွ ၿပံဳးစိစိ ျဖစ္သြားရသည္။ ကိုရီးယားမွာလုပ္သည့္ ေဆးပညာဆိုင္ရာ ေဆြးေနြးပြဲကို ႏိုင္ငံေျခာက္ႏိုင္ငံ ေပါင္းစည္း က်င္းပသည့္ပြဲအား ျမန္မာႏိုင္ငံကိုယ္စားျပဳ စိတ္ပညာပါေမာကၡအျဖစ္ ေဆြးေနြးရန္ ေရာက္လာျခင္းပင္။

အသက္ႏွစ္ဆယ့္ရွစ္အရြယ္ေရာက္ေနေပမယ့္ ၾကာႏြယ္ႏွင့္ လမ္းခြဲၿပီးထဲက ခ်စ္သူရည္းစား ထပ္ထားဖို႔ မေျပာႏွင့္ သူ႔လူနာေတြနဲ႔ပင္ အခ်ိန္ကုန္ကာ ဘြဲ႔ေတြပဲ လိွမ့္ယူေနသည္။

" အိမ္ထဲဝင္ၾကမယ္ကြာ......လာ။ "

မိုးတစ္ည Laguage ကို ဆြဲယူကာ အိမ္ထဲအေရ႔ွက ဝင္သြားသည့္ ဥာဏ္လင္းေနာက္ကေန လိုက္လာခဲ့သည္။ ဥာဏ္လင္းအေမ နဲ႔ ညီမကို ႏႈတ္ဆက္ရင္းမွ သူ႔အတြက္ ျပင္ဆင္ေပးထားသည့္ အခန္းထဲ အနားယူရန္ ဝင္လာခဲ့သည္။

" နားလိုက္ၪီးကြာ......ညစာ စားခါနီး လာေခၚမယ္။"

သ်ွင္မင္း အိမ္ထဲ ဝင္လာရင္းမွ ကိုဥာဏ္လင္းကို ေတြ့လိုက္ရသျဖင့္ အံ့ၾသသြားရသည္။

" အစ္ကို ေဆးရံုမသြားဘူးလား။ "

" သ်ွင္မင္းေတာင္ ေက်ာင္းက ျပန္လာၿပီလား။ ဒီေန့ ေဆးရံုမသြားဘူး ညီမ။ ျမန္မာက အစ္ကို႔သူငယ္ခ်င္း ေရာက္ေနတယ္ေလ။ "

သ်ွင္မင္း ၿပံဳးကာ ေခါင္းၿငိမ့္ျပလိုက္ရင္းမွ အခန္းထဲသာ ဝင္လာခဲ့သည္။ သမီးေလးက တစ္ႏွစ္ေက်ာ္လ်ွင္ သ်ွင္မင္းတစ္ေယာက္ထဲ ေက်ာင္းတစ္ဖက္ အလုပ္တစ္ဖက္နဲ႔ ဘယ္လိုမွ အဆင္မေျပေတာ့၍ မမဆီ ပို႔ထားရသည္။ မမက ေဖေဖတို႔ေမေမတို႔သာမက ကိုႀကီးမဟာမသိေအာင္ပါ ေမြးစားသည္အမည္ခံကာ ေစာင့္ေရွာက္ေပးထား၏။ သ်ွင္မင္းျပန္ေရာက္မွ ညီအစ္မႏွစ္ေယာက္အတူ ဖြင့္ေျပာျပရန္ဆံုးျဖတ္ထားၾကသည္။

တစ္ေယာက္ထဲ ေနလို႔ အဆင္မေျပသည္မို႔ သ်ွင္မင္း၏ သူငယ္ခ်င္း ပန္းယု ၏ အိမ္တြင္ အခန္းငွားေနလိုက္သည္။ ျမန္မာအခ်င္းခ်င္း မို႔ ပိုၿပီး စိတ္သက္ေတာင့္သက္သာ ရိွသလို ပန္းယု၏ အစ္ကိုေရာ အေမကပါ သ်ွင္မင္းကို ခ်စ္ၾကသည္။

အခန္းထဲေရာက္သည္ႏွင့္ ေရမိုးခ်ိဳးကာ အဝတ္အစားလဲၿပီး ညစာျပင္တာ ဝိုင္းကူရန္ ျပန္ထြက္လာခဲ့သည္။

" အန္တီ သ်ွင္မင္း ကူေပးမယ္ေလ.....။ "

" ရတယ္ သမီးေလး.....ဟင္းရံေလးေတြပဲ သြားခ်ေပး။ "

သ်ွင္မင္း ထမင္းစားပြဲတြင္ ဟင္းရံေတြ ခ်ေပးေနရင္း ျပင္ဆင္ေပးေနမိသည္။ ပန္းယုက အခ်ိန္ပိုင္းအလုပ္က ျပန္မလာေသးသည္မို႔ အိမ္ျပန္မေရာက္ေသးပါ။

မိုးတစ္ည အခန္းထဲမွ ထြက္လာရင္း ထမင္းပြဲျပင္ေနသည့္ ေကာင္မေလးကို ေငးၾကည့္မိသည္။ ပန္းယုမဟုတ္တာမို႔ သူ ဥာဏ္လင္းကို ေမးဆတ္ျပရင္း မသိမသာ ေမးမိသည္။

" ေၾသာ္....မိတ္ဆက္ေပးရၪီးမယ္။ သ်ွင္မင္း... ဒါ အစ္ကို႔သူငယ္ခ်င္းေလ....ပါေမာကၡ ေဒါက္တာ မိုးတစ္ညတဲ့။ ဒါ ငါ့ညီမ သူငယ္ခ်င္းေလ....ေက်ာင္းတက္ရင္း အတူေနတာ သ်ွင္မင္းယာတဲ့။ "

" ဟုတ္ကဲ့ရွင့္.....ေတြ့ရတာ ဝမ္းသာပါတယ္ ။ "

မိုးတစ္ည ၿပံဳးကာ ေခါင္းၿငိမ့္ျပလိုက္ရင္းမွ လူက ဘာလို႔မွန္းမသိ ရွက္သလိုလို ေယာင္တိေယာင္န ျဖစ္ေနရသည္။ သူ႔ထက္ငယ္သလို ခ်စ္စရာေကာင္းသည့္ မ်က္ႏွာေလးအား မသိမသာ ေငးၾကည့္ရင္းမွ ထမင္းစားပြဲတြင္ ဝင္ထိုင္မိသည္။

" သ်ွင္မင္း သမီးေလး....စာေမးပြဲၿပီးရင္ တန္းျပန္မွာလား။ "

" ဟုတ္တယ္ အန္တီ.....သမီးေလးနဲ႔လဲ ခြဲေနရတာ ၾကာၿပီေလ။ လြမ္းေနၿပီ။ "

မိုးတစ္ည နားမလည္သလို ၾကည့္လိုက္ရင္းမွ စိတ္ထဲလဲ ထူးဆန္းသြားမိသည္။ ကေလးအေမပံုစံနဲ႔တူဖို႔ မေျပာႏွင့္ သူမေလးဟာ အခုမွ အိမ္ေထာင္ရိွမယ္ပင္ မထင္ရသည့္ အေနအထား မဟုတ္လား။

" ေအးေပါ့ေလ.....သား မိုးတစ္ည.. ဒီမွာ ၾကာမွာလား။ တန္းမျပန္နဲ႔ေနာ္....လည္ပတ္ၿပီးမွ ျပန္။ "

ဥာဏ္လင္းအေမေျပာစကားေၾကာင့္ သူ ရယ္လိုက္မိသည္။ အၾကာႀကီး ေနေစခ်င္တာ သိေပမယ့္ ကိုယ့္လူနာေတြက ေနာက္ေၾကာင္းမေအး။

" တစ္ပတ္ေတာ့ ေနမွာပါ အန္တီ။ လူနာေတြလဲ က်န္ခဲ့ေတာ့ အၾကာႀကီး ေနလို႔မရဘူး။ "

" ေျပာမေနနဲ႔ ေမေမေရ.... သူက သူ႔လူနာေတြနဲ႔ပဲ အရိုးထုတ္သြားမွာ။ "

ထၿပီး အေငၚတူလိုက္သည့္ ဥာဏ္လင္းစကားေၾကာင့္ အန္တီက ရယ္သည္။ အေနေအးတာလား စကားနည္းတာလားမသိပဲ သူမေလးကေတာ့ ခပ္ေအးေအးေလးသာ ၿပံဳးရံုၿပံဳး၏။ သို႔ေပမယ့္ ထိုအၿပံဳးဟာ အင္မတန္ လွမွန္း သတိထားမိကာ လူက ေငးခနဲ။

@@@@@@@@

စည္းခ်က္ကင္း အစည္းအေဝးၿပီးသည္ႏွင့္ က်မ္းမဟာဆီမွ စာဝင္လာသျဖင့္ ဖြင့္ၾကည့္လိုက္မိသည္။ သ်ွင္ေမြ့ ေနသိပ္မေကာင္းသျဖင့္ မဟာက ေစာင့္ေပးေနရကာ အန္ကယ္ကမ႓ာ့က်မ္း တို႔အိမ္ပို႔ထားသည့္ ကေလးႏွစ္ေယာက္ကို ႀကိဳၿပီး အိမ္ေခၚလာေပးရန္ ျဖစ္သည္။

" ေသာ္တာ.....လုပ္စရာရိွတာ လုပ္ထားလိုက္။ ငါ ျပန္ၿပီ။ "

ကားေသာ့ယူကာ အန္ကယ္ကမ႓ာ့က်မ္း တို႔အိမ္ဆီ ေမာင္းထြက္လာခဲ့၏။ ေရာက္သည္ႏွင့္ ကားေပၚက ဆင္းလိုက္ေတာ့ တစ္ေယာက္ထဲ ၿခံထဲက ဒန္းေလးေပၚ ထိုင္ေနသည့္ Sweety ။ ေက်ာလယ္အထိ ရွည္သည့္ ဆံပင္ေလးေတြကို ႏွစ္ဖက္ခြဲစည္းထားကာ ဂါဝန္အတိုေလးျဖင့္ သူ႔ထံုးစံအတိုင္း ေအးတိေအးစက္ မ်က္ႏွာေလး ရွစ္ေခါက္ခ်ိဳးျဖင့္ စူပုတ္ပုတ္ ထိုင္ေနသည္။ သူ႔ကို တစ္ခ်က္လွမ္းၾကည့္လာသည္အား မသိဟန္ေဆာင္ကာ အိမ္ထဲဝင္လာရင္း.....

" ေနေကာင္းတယ္ေနာ္ အန္ကယ္.....ကြၽန္ေတာ္ ကေလးေတြ လာေခၚတာ။ "

" ေအး....ေအး သား ေျပာထားတယ္။ ေရမဟာ....ေျမးေရ ျပန္ဖို႔ျပင္ေလ။ "

ဂ်င္းေဘာင္းဘီ အတိုေလးျဖင့္ တီရွပ္အမဲေရာင္လက္တိုေလးဝတ္ကာ ၪီးထုပ္ေဆာင္းလ်က္ ေျပးထြက္လာသည့္ ေရမဟာေလးက တကယ့္အသြက္ ဂ်လည္ပင္။

" ဟာ....ၪီးကင္း လာႀကိဳတာပဲ။ လမ္းက် အရုပ္ဝယ္ေပးေနာ္။ "

" ေအးပါကြာ....လာၾက ။ "

စည္းခ်က္ကင္း ေရမဟာေလးကို ေစြ့ခနဲ ေပြ့ခ်ီကာ ကားဆီ ေလ်ွာက္လာရင္း သူတို႔ဆီ ေလ်ွာက္လာသည့္ Sweety ကို တစ္ခ်က္ လွမ္းၾကည့္လိုက္သည္။

" အရူးမ.....ျမန္ျမန္လာေနာ္။ ထားခဲ့မွာ။ "

ႏွစ္ေယာက္သား ရန္ျဖစ္ထားသည္လားမသိ ေရမဟာေလးကလဲ အရမ္း စ တာ သူ သိသည္။ သို႔ေသာ္ သူ မႀကိဳက္သည္က Sweety ၏ အက်င့္။ လက္ျမန္ေျချမန္ ရိွကာ သည္းခံႏိုင္သေလာက္ သည္းခံၿပီး သည္းမခံႏိုင္လ်ွင္ နီးရာႏွင့္ ထခ်တတ္သည္။ ဒါလဲ ေရမဟာတို႔က အမွတ္မရိွ။ မဟာနဲ႔သ်ွင္ေမြ့ ဒီကေလးကိုေမြးစားတုန္းက သူမဟာ့ကိုတားခဲ့ပါသည္။ ဘယ္ကလာလို႔ဘယ္လိုမ်ိဳးရိုး၊ဘယ္လိုေသြးမ်ိဳးမွန္းမသိသည့္ကေလးကို ေမြးစားတာ သူကေတာ့ သေဘာမက်ေပ။

ကင္း ကားေနာက္ခန္းတံခါးကို ဆြဲဖြင့္ေပးလိုက္ရင္းမွ ေရမဟာေလးကို ကားထဲ ထိုင္ခိုင္းကာ အနားေရာက္လာသည့္ Sweety ကိုပါ ေပြ့ခ်ီကာ ကားေပၚတင္ေပးလိုက္သည္။

ကေလးေတြကို ခါးပတ္ပတ္ေပးရင္းမွ သူ႔ကို ေငးၾကည့္ေနသည့္ Sweety ေၾကာင့္ မသိဟန္ေဆာင္ကာ ကားတံခါးဆြဲပိတ္လိုက္သည္။ Sweety က အေနေအးေပမယ့္ အကဲဆတ္ကာ အရိပ္အျခည္ သိသည္။ ငယ္ငယ္ကေတာ့ သူ႔အနားကပ္ေပမယ့္ သ်ွင္ေမြ့က ဘာလို႔မွန္းမသိ မႀကိဳက္သလို သူလဲ အနားကပ္တာ မႀကိဳက္သျဖင့္ ခပ္တည္တည္ ေနတာမို႔ Sweety က ေနာက္ပိုင္း လံုးဝ မကပ္ေတာ့။ သ်ွင္ေမြ့အသိသူငယ္ခ်င္းရဲ့ကေလးဟုေျပာေပမယ့္ ဘာဇာတ္ရႈပ္ေတြမွန္းမသိတာမို႔ ေဝးေဝးသာေနခ်င္ကာ မပတ္သတ္ခ်င္။

ကားေမာင္းလာရင္းမွ ေရမဟာေလးက ေရခဲမုန္႔စားခ်င္သည္ဆိုတာမို႔ သူ City Mart မွာ ကားထိုးရပ္လိုက္သည္။

" Sweety ကားေပၚကဆင္းေလ....။ "

" Sweety မစားေတာ့ဘူး။ ေရခဲမုန္႔ နဲ႔ မတည့္ဘူး...ဗိုက္ေအာင့္တယ္။ ေနခဲ့မယ္။ "

ကင္း သက္ျပင္းခ်လိုက္ရင္းမွ ေခါင္းညိတ္ကာ အျပန္မွ တစ္ခုခု ဝယ္လာေပးလိုက္မည္ စိတ္ကူးလိုက္သည္။ ကားတံခါးျပန္ပိတ္ေပးရင္း ေရမဟာလက္ကို ဆြဲကာ mart ထဲ ဝင္လာေပမယ့္ ကားကို သူ ေမ့ကာ ေသာ့ပိတ္ခဲ့မိသည္။

" သား ေခ်ာကလက္အရသာ စားမယ္။ "

ေခ်ာကလက္ေရခဲမုန္႔ ယူေပးရင္းမွ သူ႔ကို ခြံ႔ေကြၽးလာသည့္ ေရမဟာေလးေၾကာင့္ ၿပံဳးကာ ေခါင္းခါလိုက္မိသည္။

" ၪီး က စားလို႔မရဘူးကြ။ ေရခဲမုန္႔စားရင္ ဗိုက္ေအာင့္ၿပီး ဖ်ားေရာ။ မင္းပဲ စားပါ။ "

ေရမဟာေလး လက္ကို ဆြဲကာ ေခ်ာကလက္ေတာင့္ေလးယူရင္း Sweety အတြက္ ဝယ္လိုက္သည္။ ​ကားဆီျပန္ေလ်ွာက္လာရင္းမွ ကားအနား လူေတြအံုေနသည္မို႔ သူ အတင္းတိုးၾကည့္မိသည္။

" ဟာ...."

ကင္း ကမန္းကတန္း ကားတံခါးဆြဲဖြင့္ရင္း ေခြေခြေလး သတိလစ္ခ်င္ေနသည့္ Sweety ကို ဆြဲေပြ့လိုက္မိသည္။

" Sweety....Sweety....က်စ္! "

ကားေပၚ ကမန္းကတန္း တက္ကာ ေရမဟာကိုပါ ဆြဲတင္ရင္း မဟာ့ဆီ ဖုန္းဆက္ကာ ကားကို ေဆးရံုဆီ ေမာင္းလာခဲ့ေတာ့သည္။ ရင္ထဲပူေနရင္းမွ ကိုယ့္အမွားေၾကာင့္ေတာ့ ဒီကေလး တစ္ခုခု မျဖစ္ေစခ်င္ပါ။ မခ်စ္ေပမယ့္ ဒီလိုမ်ိဳးက် သူ႔ကိုယ္သူသာ အျပစ္တင္ရင္း Sweety ကို သနားမိသည္။

@@@@@@@@@

သ်ွင္ေမြ့ ေဆးရံုထဲ ဝင္လာရင္း လူနာခန္းထဲက ထြက္လာသည့္ ကင္း ကို လွမ္းျမင္လိုက္ရသည္။အနားေလ်ွာက္သြားရင္းမွ....

" Sweety ေရာ...."

" အခန္းထဲမွာ...."

သ်ွင္ေမြ့ ကင္းမ်က္ႏွာကို ေစ့ေစ့စိုက္ၾကည့္လိုက္ရင္းမွ.....

" ေက်းဇူးပဲ စည္းခ်က္ကင္း..... နင္မမွားဘူး ငါ မွားတာ။ "

က်မ္းမဟာ အခန္းထဲဝင္သြားသည့္ ေမြ့ကို လွမ္းၾကည့္ရင္းမွ ကင္းကို အားနာသလို ၾကည့္လိုက္မိသည္။

" ေဆာရီးပါကြာ.....ေမြ့က အရမ္းစိတ္ထိခိုက္ေနလို႔ပါ။"

သူ ေခါင္းညိတ္ျပလိုက္ရင္း ေဆးရံုက ျပန္လာေပမယ့္ ရင္ထဲမေကာင္း ျဖစ္ေနရသည္။ ျပန္စဥ္းစားၾကည့္မိေတာ့ Sweety ထက္ ေရမဟာေလးကိုသာ အကုန္ဝိုင္းခ်စ္ၾကသည္က မ်ားသည္။ သ်ွင္ေမြ့ နဲ႔ သ်ွင္ေမြ့ ေမေမ ကလြဲရင္ ေရမဟာ့ကို ပိုအလိုလိုက္ၾကသည္။ သူကိုယ္တိုင္ လဲ ဘယ္ကလာလို႔ ဘယ္သူ႔ေသြးမွန္း မသိသည့္ Sweety ထက္ ေရမဟာေလးကိုသာ ခ်စ္ကာ အလိုလိုက္သည္ပင္။

------------------------

မိုးတစ္ည စတိုးဆိုင္ေလးထဲက ေကာင္တာတြင္ ထိုင္ေနသည့္ ခ်ာတိတ္ကို လွမ္းၾကည့္ရင္း အထဲဝင္လာခဲ့သည္။

" ခ်ာတိတ္......အလုပ္ဆင္းေတာ့မလား။ "

သ်ွင္မင္း ၪီးညကို ျမင္လိုက္ရသျဖင့္ အံ့ၾသသလို ေလး ေမာ့ၾကည့္မိသြားသည္။ အခုဆို ႏွစ္ေယာက္သားက အေတာ္ရင္းႏွီးေနၿပီျဖစ္ကာ စာေမးပြဲေျဖေနသည့္ သ်ွင္မင္းကို စာျပေပးသူကလဲ ၪီးညပင္။အခ်ိန္ပိုင္းအလုပ္ၿပီးတဲ့အခါ ညဖက္မို႔ ၪီးညက အၿမဲ လာႀကိဳတတ္သည္။ လာမႀကိဳခိုင္းလဲ မရ။

" ခဏေလးေနာ္.....သ်ွင္မင္း ပစၥည္းေတြသိမ္းၪီးမယ္။ "

မိုးတစ္ည ေခါင္းၿငိမ့္ျပရင္းမွ ထိုင္ေစာင့္ေနရင္း ခ်ာတိတ္ အလုပ္လုပ္သည္ကို လိုက္ေငးၾကည့္ေနမိသည္။ ဥာဏ္လင္းဆီက တဆင့္ သိရသည့္ ခ်ာတိတ္အေၾကာင္းက က​ေလးအေဖဆိုတာ မရိွ။ ရည္းစားအေပၚ အယံုလြန္သြားသည္ပဲလား မသိေပမယ့္ သူ ခ်ာတိတ္ကို သနားသည္။ တစ္ပတ္ခန္႔ေနၿပီး ျမန္မာျပည္ျပန္သြားေပမယ့္ သူ႔အာရံုနဲ႔ ႏွလံုးသားထဲ သူမေလးက ၿငိတြယ္ပါလာသည္။

ပိုင္ရွင္ဆိုတာ မရိွသည္မို႔ သူ႔အတြက္ ႀကိဳးစားခြင့္ရိွသည္ဟု သူ ေတြးသည္။ ဥာဏ္လင္းတို႔ကပါ ကူညီေပမယ့္ သူမေလးကေတာ့ မသိသလို ဟန္ေဆာင္ကာ ခပ္ေအးေအးပင္။ အခုေတာ့ သူ႔မွာ ကိုရီးယားမွာ တစ္ပတ္ ျမန္မာျပည္မွာ တစ္ပတ္ သြားလိုက္ျပန္လိုက္ ျဖစ္ေနရသည္ပင္။

" သြားမယ္ေလ ၪီးည.....။ "

သ်ွင္မင္း ၪီးည နဲ႔အတူ လမ္းေလ်ွာက္လာရင္းမွ သမီးေလးကို သတိရေတာ့ သက္ျပင္းေလးခ်မိသြားသည္။

" ဘာလို႔လဲ ခ်ာတိတ္....မ်က္ႏွာမေကာင္းပါလား။"

အၿမဲတမ္း သ်ွင္မင္း၏ အရိပ္အကဲကိုၾကည့္ေနသည့္ ၪီးညဆီမွ ေမးခြန္းေၾကာင့္ ေခါင္းေလးခါယမ္းရင္းမွ....

" သမီးေလးကို လြမ္းလို႔ပါ။ "

မိုးတစ္ည မ်က္ႏွာေလး ႏြမ္းယဲ့ကာ ေျပာလာသည့္ သူမေလးေၾကာင့္ ေျခလွမ္းတို႔ကို တုန္႔ခနဲ ရပ္လိုက္မိသည္။

" ခ်ာတိတ္ Vc ေျပာတယ္ မဟုတ္လား။ Sweety ေလးကေရာ ခ်ာတိတ္ကို အေမ မွန္း သိလား။ "

သ်ွင္မင္း ေခါင္းၿငိမ့္ျပလိုက္ရင္းမွ...

" သိတယ္ ၪီးည....မမက ေျပာျပထားတယ္။ ဒါေပမယ့္ မမ နဲ႔ သ်ွင္မင္းပဲ သိတာေလ။ မမ ခင္ပြန္းေတာင္ မသိဘူး။ သမီးေလးကလဲ ေလ်ွာက္မေျပာဘူး။ မမက ဘယ္လိုမွာထားလဲေတာ့ မသိဘူး။ "

မိုးတစ္ည သက္ျပင္း ခ်လိုက္မိရင္းမွ သူမေလးရဲ့ ေရ႔ွေရးကို သူ စိုးရိမ္သည္။ သားအမိႏွစ္ေယာက္ ထဲ ဘယ္လို ရပ္တည္မလဲ ေတြးပူသလို အကယ္၍ ကေလးအေဖက ေနွာက္ယွက္လာလ်ွင္ေရာ။ ဘယ္လိုပဲ ေတြးေတြး ခ်ာတိတ္အနား သူ ရိွမွ ျဖစ္မည္ဟုသာ ထင္သည္။

ဖုန္းျမည္သံေၾကာင့္ သ်ွင္မင္း ၾကည့္လိုက္ကာ မမဆီက နံပါတ္မို႔ ထူးဆန္းသြားရသည္။ ဖုန္းကိုင္လိုက္စဥ္ ၾကားလိုက္ရသည့္ စကားေၾကာင့္ သ်ွင္မင္း မ်က္ႏွာတစ္ခုလံုး ေသြးဆုပ္ျဖဴေလ်ာ္သြားကာ ဖုန္းေလးပါ လြတ္က်သြားလ်က္....။

သမီးေလး...။

@@@@@@@@@@@@@@@@@@@@@

To be continue P - 15
Author - အနမ္းေႁခြ

Continue Reading

You'll Also Like

6.2M 187K 45
She isn't short. She is bite sized. Anita Rosaline Nightshade has always been small. 4'11 height but a 6'7ft attitude. She might be small, but she...
619K 32.8K 20
𝐒𝐡𝐢𝐯𝐚𝐧𝐲𝐚 𝐑𝐚𝐣𝐩𝐮𝐭 𝐱 𝐑𝐮𝐝𝐫𝐚𝐤𝐬𝐡 𝐑𝐚𝐣𝐩𝐮𝐭 ~By 𝐊𝐚𝐣𝐮ꨄ︎...
6.2K 100 11
အသက်၈နှစ်ကွာတဲ့အကိုကြီးကိုကောင်မလေးဘက်ကစပြီးကြိုက်မိတဲ့အခါ....
3.9M 161K 62
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...