ချစ်ကြိုးရှုပ်
Part - 9
စည်းချက်ကင်း အိပ်ပျော်နေရာမှ ထထိုင်လိုက်သည်နှင့် စစ်ခနဲ ထိုးကိုက်သွားသည့် ခေါင်းကြောင့် လူက မဲ့ရှူံ့သွားရသည်။ ညက သူ အတော်လေး မူးသွားပုံရသည်။ ရေချိုးခန်းထဲဝင်လာကာ ရေမိုးချိုးရင်း ပြန်သတိရလာသည့် အဖြစ်အပျက်တို့ကြောင့် လူက ဟိုက်ခနဲ။
" ဟာ....။ "
ခေါင်းတွေထူပူကာ မျက်နှာတွေပါ နီရဲတက်လာပေမယ့် နှုတ်ခမ်းကတော့ ပြုံးမိသည်။ ကမန်းကတန်း ရေအမြန်ချိုးကာ အဝတ်အစားလဲပြီးသည်နှင့် အခန်းထဲမှ ထွက်ကာ သူမလေးကို အသဲအသန်လိုက်ရှာမိသည်။
" မေမေ.....မေမေ့ သျှင်မင်းရော။ "
ဒေါ်ပိုးမျှင် မနက်မိုးလင်းတာနဲ့ သျှင်မင်းလေးကို ပြူးပြဲလိုက်ရှာနေသည့် သားဖြစ်သူကြောင့် သဘောကျစွာ ပြုံးမိသွားသည်။ ဟိုကဖြင့် ပြန်သွားလို့ သူ့အိမ်ရောက်ရောပေါ့။
" သမီးလေးက အိမ်ပြန်သွားပြီလေ။ မနက်စာတောင် မစားသွားဘူး။ "
စည်းချက်ကင်း ရင်ထဲ ထိတ်ခနဲ ဖြစ်သွားရင်းမှ သူမလေးများ သူ့ကို စိတ်ဆိုးသွားမလားဟု တွေးပူမိသွားရသည်။ ချစ်သူတွေဖြစ်ပေမယ့် အခုက သူလွန်မိခြင်း မဟုတ်လား။
" ကျွန်တော် သျှင်မင်းဆီရောက်မှပဲ မနက်စာစားတော့မယ်။ "
ပြောရင်း သုတ်ခနဲ အိမ်ထဲမှထွက်ကာ ကားမောင်းသွားတာများ စည်းချက်ကင်းတို့ မြန်လိုက်သည့် ဖြစ်ခြင်း။ အူမြူးခြင်းတစ်ဝက် ရင်ပူခြင်း တစ်ဝက်ဖြင့် လူက နေမထိ ထိုင်မသာဖြစ်နေရသည်။
သျှင်မင်း ဖေဖေ့ကို ခွင့်တောင်းပြီးတာနှင့် အိမ်ထဲမှ ထွက်လာကာ နှင်းရည်ကားပေါ်တက်လာခဲ့သည်။ ဒီနေ့ နှင်းရည်မွေးနေ့မို့ သူမ နှင့် တစ်နေကုန် နေပေးရမည် မုန့်လုပ်စားရမည်ပြောလာသဖြင့် ငြင်းဆန်နိုင်စရာမရှိပဲ ပါလာရခြင်းပင်။
အခုလဲ နှင်းရည်အိမ်ပဲ သွားရန်ထင်ပေမယ့် ဘာတွေ အဆန်းထွင်မှန်းမသိ မှော်ဘီက အိမ် သွားလည်မည်တဲ့လေ။
--------------------------
ကားပေါ်မှ ဆင်းလိုက်သည်နှင့် ပြင်ဆင်နေကြသည့် လူတွေကို ကြည့်ပြီး သျှင်မင်း အံ့သြသွားရကာ နှင်းရည်ကို လှမ်းကြည့်မိသည်။ သျှင်မင်းတို့အခန်းထဲမှ ကောင်လေးတွေရော ပါနေသည် မဟုတ်လား။
" နှင်းရည်.... သူတို့က "
" သြော်....ငါ ခေါ်ထားတာလေ။ "
" လူတွေ အများကြီးဟယ်။ ငါ ကြောက်တယ်။ "
ခပ်ရွံ့ရွံ့လေး ဖြေလာသည့် သျှင်မင်းကြောင့် နှင်းရည်က စိတ်ဆိုးသွားဟန်ရသည်။
" ငါ့ဘဝမှာ တစ်ခါမှ လူအများကြီးနဲ့ မွေးနေ့ပွဲ မလုပ်ဖူးလို့ပါ။ နင် ပြန်ချင် ပြန်လေ။ ငါက နင့်ကိုတော့ ငါ့မွေးနေ့မှာ ရှိစေချင်ခဲ့တာ။ "
သျှင်မင်း စိတ်မကောင်းလေး ဖြစ်သွားရသလို နှင်းရည်ကို ကမန်းကတန်း လက်လေးဖေးကိုင်မိသည်။
" မဟုတ်ပါဘူးဟာ....ငါ နေပါ့မယ်။ စိတ်မဆိုးနဲ့နော်။ "
အခုမှ ပြုံးရွှင်သွားသည့် သူငယ်ချင်း ဖြစ်သူကို ကြည့်ပြီး သျှင်မင်း တကယ် ရင်ထဲမကောင်းနိုင်။ အေးလေ...ငယ်ငယ်ထဲက တစ်ကောင်ကြွက် မို့ နှင်းရည်ဘဝဟာ ခြောက်ကပ်ကပ်နိုင်သည်။ဘသူလဲ ပျော်ရွှင်တဲ့ မွေးနေ့လေးပဲ ဖြတ်သန်းချင်မှာပေါ့။
နှင်းရည် သျှင်မင်းလက်ကို ဆွဲလာရင်းမှ အိမ်ထဲ ဝင်လာရင်း နှုတ်ခမ်းလေးကို မသိမသာမဲ့မိသည်။
ဟုတ်တယ် သျှင်မင်းယာ...ငါ့မွေးနေ့မှာ နင့်ကို ရှိစေချင်တယ်။ နင့်အတွက် ဖန်တီးထားတဲ့ ငရဲတွင်းမို့ပဲ။
@@@@@@@@@@
စည်းချက်ကင်း အပြင်ထွက်သွားသည်ဆိုသော သျှင်မင်းကြောင့် ဖုန်းလှမ်းဆက်ကြည့်ပေမယ့် သူမလေးက မကိုင်တာမို့ ရင်ထဲ ပူသွားရသည်။ သူ့ကို အရမ်းများ စိတ်ဆိုးသွားသလား စိုးရိမ်မိရင်း လူက ထူပူလာကာ ဘယ်လိုမှ မနေတတ် မထိုင်တတ်။
" ကျစ်....ဒုက္ခပါပဲကွာ။ "
တစ်ယောက်ထဲ မချင့်မရဲ ငြီးငြူလိုက်မိရင်းမှ လိုင်းပေါ်မှာများ ရှိမလား အတွေး နဲ့အတူ ဖုန်းဖွင့်ကြည့်လိုက်တော့ သူမလေးက လိုင်းပေါ်ပင် မရှိ။
" ဟင်...."
ဖုန်းမြည်သံကြောင့် အသဲအသန် ကြည့်မိတော့ နှင်းရည်ဆီကမို့ မကိုင်ချင်ပေမယ့် သူမလေးနဲ့ များ အတူရှိနေမလား တွေးမိကာ ဖုန်းကိုင်လိုက်သည်။
" ကင်း....."
" နှင်းရည် သျှင်မင်း နှင်းရည်နဲ့ ရှိလား။ "
" ဟင့်အင်း မရှိဘူးလေ.....ဘာလို့လဲ။ "
နှင်းရည် စကားကြောင့် သူ သက်ပြင်းချလိုက်မိသလို ရင်မောသွားရသည်။ ဒီကလေး ဘယ်များ သွားနေပါလိမ့်။
" ဒီနေ့ နှင်းရည် မွေးနေ့ ကင်း။ ဘုရား လိုက်ပို့ပေးလို့ ရမလားဟင်။ သျှင်မင်းက ဖုန်းမကိုင်လို့ပါ။ "
သျှင်မင်း မလှမ်းမကမ်းတွင် ဖုန်းပြောနေသည့် နျင်းရည်ကို လှမ်းကြည့်ကာ အကင်တွေကင်ရန် ဆောစ့်ကို သေချာစပ်နေမိသည်။ ဘေးနားတွင် လာကူနေသည့် ဝေယံ့ကို ကြည့်မိတော့လဲ သူ့ အာရုံနဲ့ သူပင်။
" သျှင်မင်း ငါ လိုတာလေးတွေ ဒီနားက စျေးမှာ သွားဝယ်လိုက်ဦးမယ်။ "
" ငါလဲ လိုက်မယ်လေ။ "
ယောကျာ်းလေးတွေ များသည်မို့ မနေခဲ့ချင်သူပီပီ အထွန့်တက်လိုက်မိသည်။ နှင်းရည်က သျှင်မင်းအနားကပ်ကာ ပါးကို တစ်ချက်နမ်းရင်း... ယ
" ငါးမိနစ်အတွင်း ပြန်လာမယ် ပူမနေနဲ့။ "
" ကျွန်တော် လဲ ရှိပါတယ် သျှင်မင်းရယ်။ ဘာမှ မပူပါနဲ့....။ "
အနားကနေ ထပြောလိုက်သည့် ဝေယံ့စကားကြောင့် သျှင်မင်း အားနာသလို ပြုံးပြလိုက်မိသည်။ သူတို့ကို မယုံသလို ဖြစ်သွားတာမို့ မျက်နှာ ပူကာ အားနာသွားမိသည်။ ခြံထဲမှ ထွက်သွားသည့် ငွေ့နှင်းရည် အိမ်ထဲတွင် စကားပြောနေကြသည့် ယောကျာ်းလေးဝိုင်းဆီ မျက်စပင့်ပြလိုက်တာတော့ ဘယ်သူမှ သတိမထားမိလိုက်ပါ။
-------------------------
တစ်နေကုန် ကင်း နဲ့ လျှောက်လိုက်ကာ သျှင်မင်းကို ကူရှာပေးသလို ဟန်ဆောင်ရင်း ကင်း အနား အခွင့်အရေး ရသလောက် ကပ်နေမိသည်။ ကင်း သျှင်မင်းဆီ ဖုန်းတွေဆက်နေတာလဲ သိပေမယ့် သျှင်မင်းဖုန်းမှ အဝင် call မှန်သမျှ သူမဖုန်းဆီ လွှဲထားသည်မို့ ကင်း မသိအောင် ချချပစ်လိုက်သည်။
တစ်နေ့က နှင်းရည်ကို လိုက်ပို့ရင်း ကင်း နှုတ်ဖြားမှ သျှင်မင်း ဟာ သူ့ချစ်သူမှန်း ထုတ်ပြောလာသည်မို့ ထပ်ပြီး ကြည့်မနေနိုင်တော့။
ကင်းဟာ နင့်ကို ရွံမုန်းသွားစေရမယ် သျှင်မင်းယာ။ နင့် ကို ချစ်ခဲ့သမျှ သူ့ဘဝမှာ မုန်းတီးစပ်ဆုပ်သွားစေရမယ်။ အဲ့အချိန်မှ နင့်နေရာ ငါ ဝင်ယူပြမယ်။
သျှင်မင်း အရက်ထိုင်သောက်နေကြသည့် ယောကျာ်းလေးအုပ်စုကို ခပ်ရွံ့ရွံ့ လှမ်းကြည့်မိသည်။ အတွဲနှစ်တွဲ နဲ့ ကောင်လေး နှစ်ယောက် ပေမယ့် ကောင်လေးတွေဆီမှ အကြည့်က သိပ်မဟန်။ ဝေယံကလဲ အပြင်ခဏထွက်သွားသည်။ နှင်းရည်ဖုန်းကလဲ ဆက်မရသလို ပြန်သွားရင် စိတ်ဆိုးသွားမလားဟု တွေးမိ၍ ဒီအချိန်ထိ စောင့်နေခြင်းသာ။
" သျှင်မင်း....ဒီ လာလေ။ "
လှမ်းခေါ်နေသည့်ပုံက မူးနေမှန်း သိတာမို့ ဆက်မနေချင်တော့ပဲ ထရပ်လိုက်ကာ....
" ငါ ပြန်တော့မယ် ။ "
ပြောရင်း အပြင်ထွက်ရန် ပြင်လိုက်ပေမယ့် ကမန်းကတန်း အရှေ့က ပြေးပိတ်လိုက်သည်မို့ ရင်တုန်သွားရသည်။ ကြောက်ကြောက်လန့်လန့် ဖြင့် ကြည့်မိတော့....
" နင်ကလဲ နေပါဦးဟာ....။ နှင်းရည်တောင် မလာသေးဘူး။ "
" အေးလေ....လာ လာ အအေးလေး သောက်ဦး။ "
အတင်း လက်ကို ဆွဲခေါ်သလို သျှင်မင်း ကလဲ ရုန်းသည်။ ကြောက်ရွံ့စိတ်ဖြင့် လက်ဖျားခြေဖျားတွေ အေးစက်နေပြီ ဖြစ်ကာ ကောင်လေး နှစ်ယောက်အလယ်ရပ်နေရသဖြင့် မျက်ရည်လေးတွေ စီးကျလာရသည်။
ကိုကို့......သျှင်မင်း ကို ကယ်ပါ။
ဖုန်းကို ဆွဲထုတ်လိုက်ပေမယ့် ဖျတ်ခနဲ အလုခံလိုက်ရသလို တစ်ယောက်က သျှင်မင်းကို ဆွဲဖက်ချုပ်လာသည်။
" ဟင့်အင်း.... လွှတ်....လွှတ်စမ်း။ "
" ဘာမှ မဖြစ်ဘူး...သောက်လိုက် ဒါလေးသောက် ခံစားချက်တွေ ကောင်းသွားမယ်။ "
ပါးစပ်ထဲ အတင်းလောင်းထည့်လာသည့် အအေးတွေက ရင်ဘတ်ထိ စီးကျလာကာ အတင်းရုန်းကန်ရင်း ကိုကို့ကို တမ်းတမိသည်။ နှင်းရည်ရယ် နင် ပြန်လာပါတော့ သူငယ်ချင်းရာ။
@@@@@@@@@@
နှင်းရည် ဖုန်းပြောပြီးသည်နှင့် ကင်း ရှိရာဘက်ကို လျှောက်လာကာ အကဲခတ်မိသည်။ ကြည့်ရတာ နေမထိ ထိုင်မသာဖြင့် သျှင်မင်းကိုပဲ ဖုန်းမရမက ဆက်နေရှာသည်။
" ကင်း....သျှင်မင်း က မှော်ဘီရောက်နေတယ်တဲ့။ "
" ဟင်.....မှော်ဘီ။ "
သူ့ အမေးကြောင့် နှင်းရည် မျက်နှာက စိုးရွံ့သလို ဖြစ်နေဟန်မို့ ရင်ထဲ ထိတ်ခနဲ။ ခံစားချက်တွေကလဲ သိပ်ကောင်းတာ မဟုတ်တော့ သျှင်မင်းများ တစ်ခုခု ဖြစ်နေမလား သူ တွေးပူမိသည်။
" လိုက်သွားမယ်လေ....သျှင်မင်းကကွာ အဲ့ကို တစ်ယောက်ထဲ ဘာသွားလုပ်တာလဲ။ "
ပြောပြောဆိုဆို ကားပေါ်အတူတက်လိုက်ကြစဥ် နှင်းရည်ထိုးပြလာသည့် ဖုန်းထဲမှ ဓာတ်ပုံကြောင့် ရင်ထဲ ဒိန်းခနဲ ဆောင့်တက်ကာ မျက်စိတွေပင် ပြာတက်သွားရသည်။
သျှင်မင်း....ဟုတ်တာပေါ့ သူ သိပ်ချစ်ရပါသော သူမလေး။ အခြားယောကျာ်းတစ်ယောက်၏ ပေါင်ပေါ်ထိုင်နေကာ ထိုအရက်သောက်နေသည့် ကောင်၏ လည်ပင်းကို သိုင်းဖက်၍ ရင်ခွင်ထဲ ဖက်တွယ်မှီအိပ်နေပုံက ကပိုကယိုဖြင့် အင်္ကျီလက်ဖောင်းလေးပင် ပခုံးမှ ခပ်လျောလျောကျနေသေးသည်။
ဒေါသအရှိန်ကြောင့် စည်းချက်ကင်း မျက်နှာတစ်ခုလုံး နီရဲတက်လာသလို အံကိုတင်းခနဲ ကြိတ်မိသွားရသည်။ ဘာလဲ....ဘာတွေဖြစ်ကုန်တာလဲ။ မျက်တောင်မခတ် ကြည့်မိနေရင်းမှ သေချာကြည့်မိတော့ သူမကိုယ်တိုင်က မှီထားတာပဲ။
ကားကို ဝေါခနဲ မောင်းထွက်လာရင်း မေးကြောကြီးတွေပင် ထောင်ထနေသည်အထိ အံတကြိတ်ကြိတ် ဖြစ်နေသည့် ကင်း ပုံစံက လူသတ်တော့မတတ်ပင်။ သူမ လိုချင်တာလဲ ဒီလို အခြေအနေ မဟုတ်လား။ မှော်ဘီထဲ ဝင်လာကာ အိမ်နားရောက်ခါနီးပြီမို့ နှင်းရည် လက်ထဲမှ ဖုန်းလေးကို မသိမသာ လှမ်းတော့ရင်း အချက်ပေးမိသည်။
! ကျွီ!
ကားကို ခြံရှေ့ ထိုးရပ်ပစ်လိုက်ရင်းမှ ကားပေါ်မှ ဆင်းကာ ခြံထဲ ကမူးရှူးထိုး ဝင်သွားသည့် စည်းချက်ကင်း ။ အိမ်ထဲ ဝင်လာသည်နှင့် အိမ်ရှေ့ခန်းက စားပွဲပေါ် အရက်ပုလင်းတွေ စီးကရက်တိုတွေက ပွကျဲနေသည်။ ခုံပေါ်တင်ထားသည့် ယောကျာ်းဝတ် တီရှပ်အဖြူကို မြင်လိုက်ရစဥ် နားထဲ ဝင်လာသည့် အသံတွေက ခါးသက်လိုက်တာ။
" အဟင့်....အင်း.. "
" ချစ်တယ်ကွာ....."
ခြေလှမ်း တို့က ထိုအခန်းဆီ ဦးတည်ကာ ဝင်လိုက်တော့ နှလုံးသားတစ်ခုလုံးဟာ အခန်းဝတင် အစိမ်းလိုက် ရင်ထဲမှ ထွက်အံကျသည်။ အင်္ကျီပင်မပါသည့် ကောင်က သူ့ချစ်သူကို အငမ်းမရ နမ်းရှိုက်နေသလို သူမလေးကပါ အလိုတူအလိုပါ ပြန်လည်နမ်းရှိုက်ရင်း ထိုကောင့်လည်ပင်းကို သိုင်းဖက်ထားသည်။ သူမလေး ကြည့်တော့ အပေါ်အင်္ကျီပင် မရှိတော့ပဲ အောက်ခံအင်္ကျီလေးသာ ကျန်သည်။
" သူတောင်းစား..... "
ဝုန်းခနဲ ပြေးဝင်သွားကာ သျှင်မင်းအပေါ်မှ ထိုကောင့်ကို ဆွဲထိုးချလိုက်ရင်း ကုတင်ပေါ်မှ ပြုတ်ကျလာသည့် ကိုယ်ကိုပါ ဆောင့်ကန်ပစ်မိသည်။ ဘေးမှ ပန်းအိုးကို ဆွဲယူကာ ခွမ်းခနဲ ခေါင်းရိုက်ခွဲချလိုက်တော့ သွေးတွေက ဖြာခနဲ။
" အမလေး.....ကင်း....ကင်း မလုပ်နဲ့ သေကုန်မယ်။ "
ပြေးလာကာ သူ့ခါးကို လာဆွဲဖက်သည့် နှင်းရည်ကို ဆွဲဖယ်ပစ်လိုက်ရင်းမှ ထိုကောင့်ကိုပဲ မရမက အသဲအသန်ဖိထိုးနေမိတာ သတိလက်လွတ်ပင်။
" ကိူ....ကိုကို "
စည်းချက်ကင်း ချာခနဲ ပြန်လှည့်ကြည့်မိရင်း သျှင်မင်းကို ပခုံးနှစ်ဖက်မှ ဆောင့်ဆွဲပစ်လိုက်သည်။
" မခေါ်နဲ့......ဘာကိုကိုလဲ....နွား...ငါက မင်းရဲ့ နွားပါ သျှင်မင်းယာရဲ့။ မင်း ပုံစံ ကြည့်စမ်း.....ပြန်ကြည့်စမ်း.....ဘယ်လောက် ရွံဖို့ကောင်းသလဲ။ "
ဒေါသတကြီး စိတ်ကြိုက်ဆွဲဆောင့်ခါပစ်ရင်းမှ သူ့ မျက်လုံးထဲ ဘာမှမမြင်။ သူမ လည်ပင်းမှ အနီကွက်တွေကို မြင်လိုက်ရတော့ အသဲက ကျင်ခနဲ ။ သူမဆီကနေ ရနေသည့် စီးကရက်နံ့ နှင့် အရက်နံ့က ထောင်းထနေသည်။
" မင်း ကို ငါ သတ်ပစ်ချင်တာ။ မင်း ငါ့အချစ်နဲ့ မတန်တဲ့ မိန်းမ။ "
ကမူးရှုးထိုးဖြင့် သူမလည်ပင်းကို ဆွဲညှစ်မိရင်းမှ မဲ့ကျသွားသည့် မျက်နှာလေးကြောင့် စိတ်ကို ထိန်းကာ ကုတင်ပေါ် ဆောင့်တွန်းပစ်လိုက်သည်။ ရင်သားတွေ မပေါ့တပေါ် မလုံမခြုံ အနေအထား နှင့် ပုံစံကို ကြည့်ပြီး နာနာကြင်ကြင် နေရာတင် ငိုချမိတာ ယောကျာ်းတန်မဲ့ ။ ယူကြုံးမရ ခံစားချက်နဲ့ ကြေကွဲရမှုဟာ နှလုံးသားရော ရင်ခွင်တစ်ခုလုံးပါ စုတ်ပြတ်သတ်သွားသည်။ သူ ထိုးထား၍ လဲကျနေသည့် ကောင်ဘေးမှာကို မရှက်နိုင်ပဲ ငိုကြွေးမိကာ ရင်ထဲက နင့်နေ၏။
အခန်းထဲမှ ချာခနဲ လှည့်ထွက်လာရင်း သူ အတိတ်မေ့သွားချင်လိုက်တာ။ သူ ဒီနေရာကို မရောက်လာခဲ့မိရင် ဘယ်လောက် ကောင်းမလဲ။ သူ့ မျက်လုံးတွေပင် သူ ထိုးဖောက်ပစ်ချင်မိသည်အထိ ထိုမြင်ကွင်းကို စပ်ဆုပ်ရွံရှာ မဆုံး။ ကားပေါ်တက်ကာ ကမူးရှူးထိုး မောင်းထွက်လာရင်းမှ ပါးပြင်ပေါ် မျက်ရည်စတို့က ရွှဲနစ်နေသည်။
သူ ပျော့ညံ့တာ မဟုတ်ပါ။
ရင်ကျိုးတာ.....တကယ် ရင်ကျိုးတာပါ။
စုတ်ပြတ်သတ်သွားအောင်ကို နှလုံးသားတစ်ခုလုံး ရိုက်ချိုးခံလိုက်ရတာ။ သစ္စာဖောက်ခံရတာ ၊ နောက်ကျော ဓားနဲ့ အထိုးခံရတာ။
ရှက်လိုက်တာ....ရှက်လွန်းလို့ ကိုယ့်မျက်နှာကိုယ်တောင် ဓားနဲ့ ဆွဲလှီးပစ်ချင်သည်။
-----------------------------
နှင်းရည် သျှင်မင်းကို ဆွဲထူပေးရင်းမှ မျက်လုံးပင် မဖွင့်နိုင်အောင် တွန့်လိမ်ကာ ဆေးအရှိန်တက်နေသည်အား ငေးကြည့်နေမိသည်။ ကင်း ထိုးထားသဖြင့် ရှုံ့မဲ့နေသည့် မင်းဟန်မျက်နှာကို ကြည့်မိတော့ ဖူးရောင် နေသည်။
" ရော့....ပိုက်ဆံ ငါသွားတော့မယ် ။ "
" ဒီကောင်မလေးကရော..."
နှင်းရည် အိပ်ယာထက်တွင် မေ့နေပြီ ဖြစ်သည့် သျှင်မင်းကို လှမ်းကြည့်ကာ မဲ့လိုက်မိရင်းမှ......
" နင့်သဘောပဲ...။ "
မင်းဟန် ထွက်သွားသည့် နှင်းရည်ကို ငေးကြည့်ရင်း တော်တော် အဆိပ်ပြင်းသည့် မိန်းမ မှန်း သိလိုက်သည်။ အိပ်ယာထက် ဆေးအရှိန်အရမ်းပြင်းသွား၍ မေ့ပင်မေ့သွားသည့် သျှင်မင်းယာကို ငေးကြည့်နေစဥ်...
" ဖြောင်း! "
လဲကျသတိလစ်သွားသည့် မင်းဟန် ကို ကြည့်ပြီး ဝေယံ လက်ထဲမှ သစ်သားတုတ်ကို ပစ်ချလိုက်သည်။ ရိုက်ထားသည့် Video အား တစ်ချက်ကြည့်ရင်း ဖုန်းကို ပြန်ပိတ်ကာ သျှင်မင်းယာကို ဆွဲထူမိသည်။
သူငယ်ချင်း တွေ ခေါ်လို့သာ လိုက်လာတာ ဒီလို ယုတ်မာပက်စက်တဲ့ အကြံအစည်တွေ ရှိမှန်း မသိခဲ့။ သျှင်မင်းယာ ကို အင်္ကျီတွေ ပြန်ဝတ်ပေးရင်းမှ ဆေးရုံခေါ်သွားရန် ပွေ့ချီလာရင်း နှင်းရည်ကို ကြောက်မိတာ အမှန်ပင်။
@@@@@@@@@@@@@@@@@@@@@@
To be continue P - 10
Author - အနမ်းခြွေ
အားတင်းထားကြနော်။ အပိုင်းသုံးပိုင်းပဲ ဆက်တောင့်ထား။
ခ်စ္ႀကိဳးရႈပ္
Part - 9
စည္းခ်က္ကင္း အိပ္ေပ်ာ္ေနရာမွ ထထိုင္လိုက္သည္ႏွင့္ စစ္ခနဲ ထိုးကိုက္သြားသည့္ ေခါင္းေၾကာင့္ လူက မဲ့ရႉံ႔သြားရသည္။ ညက သူ အေတာ္ေလး မူးသြားပံုရသည္။ ေရခ်ိဳးခန္းထဲဝင္လာကာ ေရမိုးခ်ိဳးရင္း ျပန္သတိရလာသည့္ အျဖစ္အပ်က္တို႔ေၾကာင့္ လူက ဟိုက္ခနဲ။
" ဟာ....။ "
ေခါင္းေတြထူပူကာ မ်က္ႏွာေတြပါ နီရဲတက္လာေပမယ့္ ႏႈတ္ခမ္းကေတာ့ ၿပံဳးမိသည္။ ကမန္းကတန္း ေရအျမန္ခ်ိဳးကာ အဝတ္အစားလဲၿပီးသည္ႏွင့္ အခန္းထဲမွ ထြက္ကာ သူမေလးကို အသဲအသန္လိုက္ရွာမိသည္။
" ေမေမ.....ေမေမ့ သ်ွင္မင္းေရာ။ "
ေဒၚပိုးမ်ွင္ မနက္မိုးလင္းတာနဲ႔ သ်ွင္မင္းေလးကို ျပဴးၿပဲလိုက္ရွာေနသည့္ သားျဖစ္သူေၾကာင့္ သေဘာက်စြာ ၿပံဳးမိသြားသည္။ ဟိုကျဖင့္ ျပန္သြားလို႔ သူ႔အိမ္ေရာက္ေရာေပါ့။
" သမီးေလးက အိမ္ျပန္သြားၿပီေလ။ မနက္စာေတာင္ မစားသြားဘူး။ "
စည္းခ်က္ကင္း ရင္ထဲ ထိတ္ခနဲ ျဖစ္သြားရင္းမွ သူမေလးမ်ား သူ႔ကို စိတ္ဆိုးသြားမလားဟု ေတြးပူမိသြားရသည္။ ခ်စ္သူေတျြဖစ္ေပမယ့္ အခုက သူလြန္မိျခင္း မဟုတ္လား။
" ကြၽန္ေတာ္ သ်ွင္မင္းဆီေရာက္မွပဲ မနက္စာစားေတာ့မယ္။ "
ေျပာရင္း သုတ္ခနဲ အိမ္ထဲမွထြက္ကာ ကားေမာင္းသြားတာမ်ား စည္းခ်က္ကင္းတို႔ ျမန္လိုက္သည့္ ျဖစ္ျခင္း။ အူျမဴးျခင္းတစ္ဝက္ ရင္ပူျခင္း တစ္ဝက္ျဖင့္ လူက ေနမထိ ထိုင္မသာျဖစ္ေနရသည္။
သ်ွင္မင္း ေဖေဖ့ကို ခြင့္ေတာင္းၿပီးတာႏွင့္ အိမ္ထဲမွ ထြက္လာကာ ႏွင္းရည္ကားေပၚတက္လာခဲ့သည္။ ဒီေန့ ႏွင္းရည္ေမြးေန့မို႔ သူမ ႏွင့္ တစ္ေနကုန္ ေနေပးရမည္ မုန္႔လုပ္စားရမည္ေျပာလာသျဖင့္ ျငင္းဆန္ႏိုင္စရာမရိွပဲ ပါလာရျခင္းပင္။
အခုလဲ ႏွင္းရည္အိမ္ပဲ သြားရန္ထင္ေပမယ့္ ဘာေတြ အဆန္းထြင္မွန္းမသိ ေမွာ္ဘီက အိမ္ သြားလည္မည္တဲ့ေလ။
--------------------------
ကားေပၚမွ ဆင္းလိုက္သည္ႏွင့္ ျပင္ဆင္ေနၾကသည့္ လူေတြကို ၾကည့္ၿပီး သ်ွင္မင္း အံ့ၾသသြားရကာ ႏွင္းရည္ကို လွမ္းၾကည့္မိသည္။ သ်ွင္မင္းတို႔အခန္းထဲမွ ေကာင္ေလးေတြေရာ ပါေနသည္ မဟုတ္လား။
" ႏွင္းရည္.... သူတို႔က "
" ေၾသာ္....ငါ ေခၚထားတာေလ။ "
" လူေတြ အမ်ားႀကီးဟယ္။ ငါ ေၾကာက္တယ္။ "
ခပ္ရြံ႔ရြံ႔ေလး ေျဖလာသည့္ သ်ွင္မင္းေၾကာင့္ ႏွင္းရည္က စိတ္ဆိုးသြားဟန္ရသည္။
" ငါ့ဘဝမွာ တစ္ခါမွ လူအမ်ားႀကီးနဲ႔ ေမြးေန့ပြဲ မလုပ္ဖူးလို႔ပါ။ နင္ ျပန္ခ်င္ ျပန္ေလ။ ငါက နင့္ကိုေတာ့ ငါ့ေမြးေန့မွာ ရိွေစခ်င္ခဲ့တာ။ "
သ်ွင္မင္း စိတ္မေကာင္းေလး ျဖစ္သြားရသလို ႏွင္းရည္ကို ကမန္းကတန္း လက္ေလးေဖးကိုင္မိသည္။
" မဟုတ္ပါဘူးဟာ....ငါ ေနပါ့မယ္။ စိတ္မဆိုးနဲ႔ေနာ္။ "
အခုမွ ၿပံဳးရႊင္သြားသည့္ သူငယ္ခ်င္း ျဖစ္သူကို ၾကည့္ၿပီး သ်ွင္မင္း တကယ္ ရင္ထဲမေကာင္းႏိုင္။ ေအးေလ...ငယ္ငယ္ထဲက တစ္ေကာင္ႂကြက္ မို႔ ႏွင္းရည္ဘဝဟာ ေျခာက္ကပ္ကပ္ႏိုင္သည္။ဘသူလဲ ေပ်ာ္ရႊင္တဲ့ ေမြးေန့ေလးပဲ ျဖတ္သန္းခ်င္မွာေပါ့။
ႏွင္းရည္ သ်ွင္မင္းလက္ကို ဆြဲလာရင္းမွ အိမ္ထဲ ဝင္လာရင္း ႏႈတ္ခမ္းေလးကို မသိမသာမဲ့မိသည္။
ဟုတ္တယ္ သ်ွင္မင္းယာ...ငါ့ေမြးေန့မွာ နင့္ကို ရိွေစခ်င္တယ္။ နင့္အတြက္ ဖန္တီးထားတဲ့ ငရဲတြင္းမို႔ပဲ။
@@@@@@@@@@
စည္းခ်က္ကင္း အျပင္ထြက္သြားသည္ဆိုေသာ သ်ွင္မင္းေၾကာင့္ ဖုန္းလွမ္းဆက္ၾကည့္ေပမယ့္ သူမေလးက မကိုင္တာမို႔ ရင္ထဲ ပူသြားရသည္။ သူ႔ကို အရမ္းမ်ား စိတ္ဆိုးသြားသလား စိုးရိမ္မိရင္း လူက ထူပူလာကာ ဘယ္လိုမွ မေနတတ္ မထိုင္တတ္။
" က်စ္....ဒုကၡပါပဲကြာ။ "
တစ္ေယာက္ထဲ မခ်င့္မရဲ ၿငီးျငဴလိုက္မိရင္းမွ လိုင္းေပၚမွာမ်ား ရိွမလား အေတြး နဲ႔အတူ ဖုန္းဖြင့္ၾကည့္လိုက္ေတာ့ သူမေလးက လိုင္းေပၚပင္ မရိွ။
" ဟင္...."
ဖုန္းျမည္သံေၾကာင့္ အသဲအသန္ ၾကည့္မိေတာ့ ႏွင္းရည္ဆီကမို႔ မကိုင္ခ်င္ေပမယ့္ သူမေလးနဲ႔ မ်ား အတူရိွေနမလား ေတြးမိကာ ဖုန္းကိုင္လိုက္သည္။
" ကင္း....."
" ႏွင္းရည္ သ်ွင္မင္း ႏွင္းရည္နဲ႔ ရိွလား။ "
" ဟင့္အင္း မရိွဘူးေလ.....ဘာလို႔လဲ။ "
ႏွင္းရည္ စကားေၾကာင့္ သူ သက္ျပင္းခ်လိုက္မိသလို ရင္ေမာသြားရသည္။ ဒီကေလး ဘယ္မ်ား သြားေနပါလိမ့္။
" ဒီေန့ ႏွင္းရည္ ေမြးေန့ ကင္း။ ဘုရား လိုက္ပို႔ေပးလို႔ ရမလားဟင္။ သ်ွင္မင္းက ဖုန္းမကိုင္လို႔ပါ။ "
သ်ွင္မင္း မလွမ္းမကမ္းတြင္ ဖုန္းေျပာေနသည့္ န်င္းရည္ကို လွမ္းၾကည့္ကာ အကင္ေတြကင္ရန္ ေဆာစ့္ကို ေသခ်ာစပ္ေနမိသည္။ ေဘးနားတြင္ လာကူေနသည့္ ေဝယံ့ကို ၾကည့္မိေတာ့လဲ သူ႔ အာရံုနဲ႔ သူပင္။
" သ်ွင္မင္း ငါ လိုတာေလးေတြ ဒီနားက ေစ်းမွာ သြားဝယ္လိုက္ၪီးမယ္။ "
" ငါလဲ လိုက္မယ္ေလ။ "
ေယာက်ာ္းေလးေတြ မ်ားသည္မို႔ မေနခဲ့ခ်င္သူပီပီ အထြန္႔တက္လိုက္မိသည္။ ႏွင္းရည္က သ်ွင္မင္းအနားကပ္ကာ ပါးကို တစ္ခ်က္နမ္းရင္း... ယ
" ငါးမိနစ္အတြင္း ျပန္လာမယ္ ပူမေနနဲ႔။ "
" ကြၽန္ေတာ္ လဲ ရိွပါတယ္ သ်ွင္မင္းရယ္။ ဘာမွ မပူပါနဲ႔....။ "
အနားကေန ထေျပာလိုက္သည့္ ေဝယံ့စကားေၾကာင့္ သ်ွင္မင္း အားနာသလို ၿပံဳးျပလိုက္မိသည္။ သူတို႔ကို မယံုသလို ျဖစ္သြားတာမို႔ မ်က္ႏွာ ပူကာ အားနာသြားမိသည္။ ၿခံထဲမွ ထြက္သြားသည့္ ေငြ့ႏွင္းရည္ အိမ္ထဲတြင္ စကားေျပာေနၾကသည့္ ေယာက်ာ္းေလးဝိုင္းဆီ မ်က္စပင့္ျပလိုက္တာေတာ့ ဘယ္သူမွ သတိမထားမိလိုက္ပါ။
-------------------------
တစ္ေနကုန္ ကင္း နဲ႔ ေလ်ွာက္လိုက္ကာ သ်ွင္မင္းကို ကူရွာေပးသလို ဟန္ေဆာင္ရင္း ကင္း အနား အခြင့္အေရး ရသေလာက္ ကပ္ေနမိသည္။ ကင္း သ်ွင္မင္းဆီ ဖုန္းေတြဆက္ေနတာလဲ သိေပမယ့္ သ်ွင္မင္းဖုန္းမွ အဝင္ call မွန္သမ်ွ သူမဖုန္းဆီ လႊဲထားသည္မို႔ ကင္း မသိေအာင္ ခ်ခ်ပစ္လိုက္သည္။
တစ္ေန့က ႏွင္းရည္ကို လိုက္ပို႔ရင္း ကင္း ႏႈတ္ျဖားမွ သ်ွင္မင္း ဟာ သူ႔ခ်စ္သူမွန္း ထုတ္ေျပာလာသည္မို႔ ထပ္ၿပီး ၾကည့္မေနႏိုင္ေတာ့။
ကင္းဟာ နင့္ကို ရြံမုန္းသြားေစရမယ္ သ်ွင္မင္းယာ။ နင့္ ကို ခ်စ္ခဲ့သမ်ွ သူ႔ဘဝမွာ မုန္းတီးစပ္ဆုပ္သြားေစရမယ္။ အဲ့အခ်ိန္မွ နင့္ေနရာ ငါ ဝင္ယူျပမယ္။
သ်ွင္မင္း အရက္ထိုင္ေသာက္ေနၾကသည့္ ေယာက်ာ္းေလးအုပ္စုကို ခပ္ရြံ႔ရြံ႔ လွမ္းၾကည့္မိသည္။ အတြဲႏွစ္တြဲ နဲ႔ ေကာင္ေလး ႏွစ္ေယာက္ ေပမယ့္ ေကာင္ေလးေတြဆီမွ အၾကည့္က သိပ္မဟန္။ ေဝယံကလဲ အျပင္ခဏထြက္သြားသည္။ ႏွင္းရည္ဖုန္းကလဲ ဆက္မရသလို ျပန္သြားရင္ စိတ္ဆိုးသြားမလားဟု ေတြးမိ၍ ဒီအခ်ိန္ထိ ေစာင့္ေနျခင္းသာ။
" သ်ွင္မင္း....ဒီ လာေလ။ "
လွမ္းေခၚေနသည့္ပံုက မူးေနမွန္း သိတာမို႔ ဆက္မေနခ်င္ေတာ့ပဲ ထရပ္လိုက္ကာ....
" ငါ ျပန္ေတာ့မယ္ ။ "
ေျပာရင္း အျပင္ထြက္ရန္ ျပင္လိုက္ေပမယ့္ ကမန္းကတန္း အေရ႔ွက ေျပးပိတ္လိုက္သည္မို႔ ရင္တုန္သြားရသည္။ ေၾကာက္ေၾကာက္လန္႔လန္႔ ျဖင့္ ၾကည့္မိေတာ့....
" နင္ကလဲ ေနပါၪီးဟာ....။ ႏွင္းရည္ေတာင္ မလာေသးဘူး။ "
" ေအးေလ....လာ လာ အေအးေလး ေသာက္ၪီး။ "
အတင္း လက္ကို ဆြဲေခၚသလို သ်ွင္မင္း ကလဲ ရုန္းသည္။ ေၾကာက္ရြံ႔စိတ္ျဖင့္ လက္ဖ်ားေျခဖ်ားေတြ ေအးစက္ေနၿပီ ျဖစ္ကာ ေကာင္ေလး ႏွစ္ေယာက္အလယ္ရပ္ေနရသျဖင့္ မ်က္ရည္ေလးေတြ စီးက်လာရသည္။
ကိုကို႔......သ်ွင္မင္း ကို ကယ္ပါ။
ဖုန္းကို ဆြဲထုတ္လိုက္ေပမယ့္ ဖ်တ္ခနဲ အလုခံလိုက္ရသလို တစ္ေယာက္က သ်ွင္မင္းကို ဆြဲဖက္ခ်ဳပ္လာသည္။
" ဟင့္အင္း.... လႊတ္....လႊတ္စမ္း။ "
" ဘာမွ မျဖစ္ဘူး...ေသာက္လိုက္ ဒါေလးေသာက္ ခံစားခ်က္ေတြ ေကာင္းသြားမယ္။ "
ပါးစပ္ထဲ အတင္းေလာင္းထည့္လာသည့္ အေအးေတြက ရင္ဘတ္ထိ စီးက်လာကာ အတင္းရုန္းကန္ရင္း ကိုကို႔ကို တမ္းတမိသည္။ ႏွင္းရည္ရယ္ နင္ ျပန္လာပါေတာ့ သူငယ္ခ်င္းရာ။
@@@@@@@@@@
ႏွင္းရည္ ဖုန္းေျပာၿပီးသည္ႏွင့္ ကင္း ရိွရာဘက္ကို ေလ်ွာက္လာကာ အကဲခတ္မိသည္။ ၾကည့္ရတာ ေနမထိ ထိုင္မသာျဖင့္ သ်ွင္မင္းကိုပဲ ဖုန္းမရမက ဆက္ေနရွာသည္။
" ကင္း....သ်ွင္မင္း က ေမွာ္ဘီေရာက္ေနတယ္တဲ့။ "
" ဟင္.....ေမွာ္ဘီ။ "
သူ႔ အေမးေၾကာင့္ ႏွင္းရည္ မ်က္ႏွာက စိုးရြံ႔သလို ျဖစ္ေနဟန္မို႔ ရင္ထဲ ထိတ္ခနဲ။ ခံစားခ်က္ေတြကလဲ သိပ္ေကာင္းတာ မဟုတ္ေတာ့ သ်ွင္မင္းမ်ား တစ္ခုခု ျဖစ္ေနမလား သူ ေတြးပူမိသည္။
" လိုက္သြားမယ္ေလ....သ်ွင္မင္းကကြာ အဲ့ကို တစ္ေယာက္ထဲ ဘာသြားလုပ္တာလဲ။ "
ေျပာေျပာဆိုဆို ကားေပၚအတူတက္လိုက္ၾကစဥ္ ႏွင္းရည္ထိုးျပလာသည့္ ဖုန္းထဲမွ ဓာတ္ပံုေၾကာင့္ ရင္ထဲ ဒိန္းခနဲ ေဆာင့္တက္ကာ မ်က္စိေတြပင္ ျပာတက္သြားရသည္။
သ်ွင္မင္း....ဟုတ္တာေပါ့ သူ သိပ္ခ်စ္ရပါေသာ သူမေလး။ အျခားေယာက်ာ္းတစ္ေယာက္၏ ေပါင္ေပၚထိုင္ေနကာ ထိုအရက္ေသာက္ေနသည့္ ေကာင္၏ လည္ပင္းကို သိုင္းဖက္၍ ရင္ခြင္ထဲ ဖက္တြယ္မွီအိပ္ေနပံုက ကပိုကယိုျဖင့္ အက်ႌလက္ေဖာင္းေလးပင္ ပခံုးမွ ခပ္ေလ်ာေလ်ာက်ေနေသးသည္။
ေဒါသအရိွန္ေၾကာင့္ စည္းခ်က္ကင္း မ်က္ႏွာတစ္ခုလံုး နီရဲတက္လာသလို အံကိုတင္းခနဲ ႀကိတ္မိသြားရသည္။ ဘာလဲ....ဘာေတျြဖစ္ကုန္တာလဲ။ မ်က္ေတာင္မခတ္ ၾကည့္မိေနရင္းမွ ေသခ်ာၾကည့္မိေတာ့ သူမကိုယ္တိုင္က မွီထားတာပဲ။
ကားကို ေဝါခနဲ ေမာင္းထြက္လာရင္း ေမးေၾကာႀကီးေတြပင္ ေထာင္ထေနသည္အထိ အံတႀကိတ္ႀကိတ္ ျဖစ္ေနသည့္ ကင္း ပံုစံက လူသတ္ေတာ့မတတ္ပင္။ သူမ လိုခ်င္တာလဲ ဒီလို အေျခအေန မဟုတ္လား။ ေမွာ္ဘီထဲ ဝင္လာကာ အိမ္နားေရာက္ခါနီးၿပီမို႔ ႏွင္းရည္ လက္ထဲမွ ဖုန္းေလးကို မသိမသာ လွမ္းေတာ့ရင္း အခ်က္ေပးမိသည္။
! ကြၽီ!
ကားကို ၿခံေရ႔ွ ထိုးရပ္ပစ္လိုက္ရင္းမွ ကားေပၚမွ ဆင္းကာ ၿခံထဲ ကမူးရႉးထိုး ဝင္သြားသည့္ စည္းခ်က္ကင္း ။ အိမ္ထဲ ဝင္လာသည္ႏွင့္ အိမ္ေရ႔ွခန္းက စားပြဲေပၚ အရက္ပုလင္းေတြ စီးကရက္တိုေတြက ပြက်ဲေနသည္။ ခံုေပၚတင္ထားသည့္ ေယာက်ာ္းဝတ္ တီရွပ္အျဖဴကို ျမင္လိုက္ရစဥ္ နားထဲ ဝင္လာသည့္ အသံေတြက ခါးသက္လိုက္တာ။
" အဟင့္....အင္း.. "
" ခ်စ္တယ္ကြာ....."
ေျခလွမ္း တို႔က ထိုအခန္းဆီ ၪီးတည္ကာ ဝင္လိုက္ေတာ့ ႏွလံုးသားတစ္ခုလံုးဟာ အခန္းဝတင္ အစိမ္းလိုက္ ရင္ထဲမွ ထြက္အံက်သည္။ အက်ႌပင္မပါသည့္ ေကာင္က သူ႔ခ်စ္သူကို အငမ္းမရ နမ္းရိႈက္ေနသလို သူမေလးကပါ အလိုတူအလိုပါ ျပန္လည္နမ္းရိႈက္ရင္း ထိုေကာင့္လည္ပင္းကို သိုင္းဖက္ထားသည္။ သူမေလး ၾကည့္ေတာ့ အေပၚအက်ႌပင္ မရိွေတာ့ပဲ ေအာက္ခံအက်ႌေလးသာ က်န္သည္။
" သူေတာင္းစား..... "
ဝုန္းခနဲ ေျပးဝင္သြားကာ သ်ွင္မင္းအေပၚမွ ထိုေကာင့္ကို ဆြဲထိုးခ်လိုက္ရင္း ကုတင္ေပၚမွ ျပဳတ္က်လာသည့္ ကိုယ္ကိုပါ ေဆာင့္ကန္ပစ္မိသည္။ ေဘးမွ ပန္းအိုးကို ဆြဲယူကာ ခြမ္းခနဲ ေခါင္းရိုက္ခြဲခ်လိုက္ေတာ့ ေသြးေတြက ျဖာခနဲ။
" အမေလး.....ကင္း....ကင္း မလုပ္နဲ႔ ေသကုန္မယ္။ "
ေျပးလာကာ သူ႔ခါးကို လာဆြဲဖက္သည့္ ႏွင္းရည္ကို ဆြဲဖယ္ပစ္လိုက္ရင္းမွ ထိုေကာင့္ကိုပဲ မရမက အသဲအသန္ဖိထိုးေနမိတာ သတိလက္လြတ္ပင္။
" ကိူ....ကိုကို "
စည္းခ်က္ကင္း ခ်ာခနဲ ျပန္လွည့္ၾကည့္မိရင္း သ်ွင္မင္းကို ပခံုးႏွစ္ဖက္မွ ေဆာင့္ဆြဲပစ္လိုက္သည္။
" မေခၚနဲ႔......ဘာကိုကိုလဲ....ႏြား...ငါက မင္းရဲ့ ႏြားပါ သ်ွင္မင္းယာရဲ့။ မင္း ပံုစံ ၾကည့္စမ္း.....ျပန္ၾကည့္စမ္း.....ဘယ္ေလာက္ ရြံဖို႔ေကာင္းသလဲ။ "
ေဒါသတႀကီး စိတ္ႀကိဳက္ဆြဲေဆာင့္ခါပစ္ရင္းမွ သူ႔ မ်က္လံုးထဲ ဘာမွမျမင္။ သူမ လည္ပင္းမွ အနီကြက္ေတြကို ျမင္လိုက္ရေတာ့ အသဲက က်င္ခနဲ ။ သူမဆီကေန ရေနသည့္ စီးကရက္နံ႔ ႏွင့္ အရက္နံ႔က ေထာင္းထေနသည္။
" မင္း ကို ငါ သတ္ပစ္ခ်င္တာ။ မင္း ငါ့အခ်စ္နဲ႔ မတန္တဲ့ မိန္းမ။ "
ကမူးရႈးထိုးျဖင့္ သူမလည္ပင္းကို ဆြဲၫွစ္မိရင္းမွ မဲ့က်သြားသည့္ မ်က္ႏွာေလးေၾကာင့္ စိတ္ကို ထိန္းကာ ကုတင္ေပၚ ေဆာင့္တြန္းပစ္လိုက္သည္။ ရင္သားေတြ မေပါ့တေပၚ မလံုမၿခံဳ အေနအထား ႏွင့္ ပံုစံကို ၾကည့္ၿပီး နာနာၾကင္ၾကင္ ေနရာတင္ ငိုခ်မိတာ ေယာက်ာ္းတန္မဲ့ ။ ယူႀကံဳးမရ ခံစားခ်က္နဲ႔ ေၾကကြဲရမႈဟာ ႏွလံုးသားေရာ ရင္ခြင္တစ္ခုလံုးပါ စုတ္ျပတ္သတ္သြားသည္။ သူ ထိုးထား၍ လဲက်ေနသည့္ ေကာင္ေဘးမွာကို မရွက္ႏိုင္ပဲ ငိုေႂကြးမိကာ ရင္ထဲက နင့္ေန၏။
အခန္းထဲမွ ခ်ာခနဲ လွည့္ထြက္လာရင္း သူ အတိတ္ေမ့သြားခ်င္လိုက္တာ။ သူ ဒီေနရာကို မေရာက္လာခဲ့မိရင္ ဘယ္ေလာက္ ေကာင္းမလဲ။ သူ႔ မ်က္လံုးေတြပင္ သူ ထိုးေဖာက္ပစ္ခ်င္မိသည္အထိ ထိုျမင္ကြင္းကို စပ္ဆုပ္ရြံရွာ မဆံုး။ ကားေပၚတက္ကာ ကမူးရႉးထိုး ေမာင္းထြက္လာရင္းမွ ပါးျပင္ေပၚ မ်က္ရည္စတို႔က ရႊဲနစ္ေနသည္။
သူ ေပ်ာ့ညံ့တာ မဟုတ္ပါ။
ရင္က်ိဳးတာ.....တကယ္ ရင္က်ိဳးတာပါ။
စုတ္ျပတ္သတ္သြားေအာင္ကို ႏွလံုးသားတစ္ခုလံုး ရိုက္ခ်ိဳးခံလိုက္ရတာ။ သစၥာေဖာက္ခံရတာ ၊ ေနာက္ေက်ာ ဓားနဲ႔ အထိုးခံရတာ။
ရွက္လိုက္တာ....ရွက္လြန္းလို႔ ကိုယ့္မ်က္ႏွာကိုယ္ေတာင္ ဓားနဲ႔ ဆြဲလွီးပစ္ခ်င္သည္။
-----------------------------
ႏွင္းရည္ သ်ွင္မင္းကို ဆြဲထူေပးရင္းမွ မ်က္လံုးပင္ မဖြင့္ႏိုင္ေအာင္ တြန္႔လိမ္ကာ ေဆးအရိွန္တက္ေနသည္အား ေငးၾကည့္ေနမိသည္။ ကင္း ထိုးထားသျဖင့္ ရႈံ႔မဲ့ေနသည့္ မင္းဟန္မ်က္ႏွာကို ၾကည့္မိေတာ့ ဖူးေရာင္ ေနသည္။
" ေရာ့....ပိုက္ဆံ ငါသြားေတာ့မယ္ ။ "
" ဒီေကာင္မေလးကေရာ..."
ႏွင္းရည္ အိပ္ယာထက္တြင္ ေမ့ေနၿပီ ျဖစ္သည့္ သ်ွင္မင္းကို လွမ္းၾကည့္ကာ မဲ့လိုက္မိရင္းမွ......
" နင့္သေဘာပဲ...။ "
မင္းဟန္ ထြက္သြားသည့္ ႏွင္းရည္ကို ေငးၾကည့္ရင္း ေတာ္ေတာ္ အဆိပ္ျပင္းသည့္ မိန္းမ မွန္း သိလိုက္သည္။ အိပ္ယာထက္ ေဆးအရိွန္အရမ္းျပင္းသြား၍ ေမ့ပင္ေမ့သြားသည့္ သ်ွင္မင္းယာကို ေငးၾကည့္ေနစဥ္...
" ေျဖာင္း! "
လဲက်သတိလစ္သြားသည့္ မင္းဟန္ ကို ၾကည့္ၿပီး ေဝယံ လက္ထဲမွ သစ္သားတုတ္ကို ပစ္ခ်လိုက္သည္။ ရိုက္ထားသည့္ Video အား တစ္ခ်က္ၾကည့္ရင္း ဖုန္းကို ျပန္ပိတ္ကာ သ်ွင္မင္းယာကို ဆြဲထူမိသည္။
သူငယ္ခ်င္း ေတြ ေခၚလို႔သာ လိုက္လာတာ ဒီလို ယုတ္မာပက္စက္တဲ့ အႀကံအစည္ေတြ ရိွမွန္း မသိခဲ့။ သ်ွင္မင္းယာ ကို အက်ႌေတြ ျပန္ဝတ္ေပးရင္းမွ ေဆးရံုေခၚသြားရန္ ေပြ့ခ်ီလာရင္း ႏွင္းရည္ကို ေၾကာက္မိတာ အမွန္ပင္။
@@@@@@@@@@@@@@@@@@@@@@
To be continue P - 10
Author - အနမ္းေႁခြ
အားတင္းထားၾကေနာ္။ အပိုင္းသံုးပိုင္းပဲ ဆက္ေတာင့္ထား။