အသက်တည်ရာ

By Katatrihnin

18.5K 609 15

Myanmar/GL (Unicode/Zawgyi) More

🦋
(၁)
(၂)
(၃)
(၄)
(၅)
(၆)
(၇)
(၈)
(၉)
(၁၀)
(၁၁)
(၁၂)
(၁၃)
(၁၄)
(၁၅)
(၁၆)
(၁၇)
(၁၈)
(၁၉)
(၂၀)
(၂၂)
(၂၃)
(၂၄)
(၂၅)
(၂၆)
(၂၇)
(၂၈)
(၂၉)
(၃၀)
(၃၁)
(၃၂)
(၃၃)
(၃၄)
(၃၅)
🎀

(၂၁)

334 13 0
By Katatrihnin

Unicode [အပိုင်း-၂၁]

"ဟာ..သူကအဲ့လိုကြီးလုပ်သွားတာလား"

"​အေး​လေ ငါက​စေတနာနဲ့​ပြော​ပေးတာကို သူကိုက သူမှသူဖြစ်​နေတာ"

"မင်းကလည်းသူမှသူ​လေ သူလည်းအဲ့လို​နေမှာ​ပေါ့ ထားလိုက်​တော့ ခု​တော့ ငါလိုက်ပို့မယ်"

ပုဂံမြို့မှာဘယ်အရာကိုအနှစ်သက်သုံးလည်းဆိုရင်​တော့ ညဘက်​တွေသွားရတာကိုပါပဲ၊လွတ်လပ်မှုအပြည့်ရှိသလိုခံစားရတယ်၊ဘယ်သူမှမရှိဘူး​လေ လက်ညိုးထိုးမလွဲဘုရား​တွေရယ်၊​အပင်ကြီး​တွေရယ်၊မီး​​​ရောင်​ဖျော့​ဖျော့​လေး​​တွေရယ်၊​လေ​ပြေနဲ့ကိုယ်ပဲရှိတာဘယ်​လောက်​​ကောင်းလိုက်လည်း။

ဟိုတယ်ဝင်းထဲပြန်​ရောက်​တော့ ​မှောင်​နေတဲ့​ကောင်းကင်ကြီးနဲ့​လျှောက်လမ်းတစ်​​​လျှောက်မှိန်လင်းလင်း​နေသည့် အဝါ​ရောင်မီး​တွေသာရှိသည်၊သူလည်းတစ်ခါတစ်​လေ ကြိုက်​ပေမယ့် အထီးကျန်ဆန်သလိုပါပဲ။

အခန်းထဲ​ရောက်​တော့ ကုတင်​ပေါ်ပစ်လှဲလိုက်​တော့မှ​သော်တာသတိရသွားသည်၊ဟိုတစ်​ယောက်ဘယ်​လောက်​တောင်စိတ်တို​နေပြီလည်းမသိ၊​သော်တာဖုန်းကိုအမိအရဖွင့်ကြည့်လိုက်​တော့ စာလည်းမပို့ထား မီး​လေးက​တော့စိမ်း​နေသည်၊ဘာ​ပြောရမှန်းလည်း​သော်တာမသိ​သော​ကြောင့် ဒီတိုင်း လိုင်းသုံး​နေစဥ် ​သက်နှင်း share ထားသည့် ပို့စ်တစ်ခုကို​တွေ့လိုက်သည်။သာမန်မဟုတ် စာတစ်​ကြောင်းကိုပါ ​သူ​ရေးထား​သေးသည် "You should listen" မင်းနား​ထောင်သင့်သည်ဆိုတာပင်။

Sza နဲ့ Travis တို့ဆိုထားသည့် open arms ဖြစ်သည်၊​သော်တာလည်း နား​ထောင်ဘူး​သော်လည်း​သေချာမရင်းနီး မြန်မာဘာသာပြန်ပါထည့်ထားတာ​ကြောင့် ​သော်တာလည်းစိတ်ဝင်စားပြီး နား​ထောင်လိုက်သည်၊အရင်ဆုံး air pot ကိုတပ်လိုက်သည်၊စာသား​တွေကိုတစ်​ကြောင်းခြင်းစီအာရုံတစ်စိုက်လိုက်ဖတ်​သည်။

​သော်တာနား​ထောင်ရင်းစာသား​တွေမှာသူနားလည်လာသည်၊အခုသူ့အနားကလူကသူ့ကိုဂရုမစိုက်ဘူး​ပေါ့ အရင်လူနဲ့ပြန်​နေချင်တယ်ဆိုတဲ့သ​ဘောကြီးဖြစ်သည့်အတွက်​သော်တာသ​ဘော​တော့မ​တွေ့ ဘာလို့သက်နှင်းဒီလိုshare တာလည်း​​ပေါ့ သူလည်းရှုပ်​ထွေးမှုကိုသ​ဘောမကျသည့်အတွက်ချက်ချင်းပင် မီးစိမ်း​နေ​သော အ​ကောင့်​လေးသို့ စာပို့မည်လုပ်တုန်း ရှုပ်ပါတယ်​လေဆိုပြီးဖုန်းသာဆက်လိုက်သည်။

သက်နှင်းကိုင်​တော့ ​သော်တာက​​တော့ပုံမှန်လိုပဲစကားစ​ပြောသည်။

"အသက်ဘာလုပ်​နေတာလည်း.."

"ငါလား ထမင်းစား​နေတာ"

"ဟမ်..ဘယ်ချိန်ရှိ​နေပြီတုန်း ခုမှစားတာလား ကြည့်ဦး ၈နာရီခွဲ​နေပြီ ဗိုက်​တွေ​အောင့်​တော့မှာ"

"ခုမှဗိုက်ဆာလို့  ဘာ​တွေလာ​ပြော​နေတာ"

"တစ်​နေကုန်မပစ်ထားပါဘူးကွာ ငါလည်းဒီဘက်မှာအလုပ်​တွေရှုပ်​နေလို့ အသက်အဲ့တာ​ပြောမလို့မလား တစ်​နေကုန်ပစ်ထားတယ်ဘာညာ ​မောင်သိတာ​ပေါ့"

အလိုက်တက်သိ​ပြော​နေ​သော ​သော်တာ့​ကြောင့် ထမင်းစားပွဲ​မှ​ထမင်းပန်းကန်နှင့်သက်နှင်းမှာပြုံးလုနီးပါပင်ဖြစ်သွားသည်။

"သိလည်းသိ​ပေါ့"

"ထားလိုက်​တော့ ငါ​မေးချင်တာရှိလို့"

"​မေး"

"အသက် share ထားတဲ့ open arms ကဘယ်သူ့ကိုရည်ညွှန်းတာလည်း"

"ငါ​ရေးထားတာပဲ​လေ"

"you should listen လို့ပဲ​ရေးထားတာ"

"ငါ့ရဲ့ပို့စ်ကိုမြင်တဲ့သူတိုင်းနား​ထောင်သင့်တယ်လို့​ရေးထားတာ​လေ"

"အသက်ငါ အသက်အ​ကြောင်းသိတယ်​နော် အသက်ကတစ်ခုခုကိုရည်ရွယ်ရင် သီချင်း​တွေနဲ့​ပြောတာ"

​သော်တာ​မဏိ​ဝေပြောတာလည်းမှန်သည်၊သူစိတ်ညစ်ရင် you get over it ကိုအတင်များ​​လေ့ရှိပြီး ​သော်တာ့ကို​ပြောချင်တာတစ်ခုခုရှိရင်လည်း မိုင်​ဒေးတွင် 8 letters,Dandelions စသည့်သီချင်း​တွေကိုမြန်မာဘာသာပြန်ဖြင့်တင်​လေ့ရှိ၏။

"ဟုတ်တယ် ဟုတ်တယ် ငါ့ကိုနင်တစ်​နေကုန်တစ်​နေ့ကမ်းပစ်ထားလို့ ဟုတ်ပြီလား"

"​အော် ဟားဟား အသက်က က​လေး​လေးလား"

​သော်တာ့ရယ်သံကိုဖုန်းထဲကကြားလိုက်ရ​တော့ သက်နှင်းအနားရှိရင်ရိုက်မိလိမ့်မည်။

"ဘာရယ်တာတုန်း"

"ဘာမှမဟုတ်ဘူးဒီတိုင်း ​အော်​မေ့​နေတာ တစ်​နေကုန်မပစ်ထားပါဘူး မနက်က​တောင်ဖုန်းဆက်​သေးတယ် အသက်ပဲငါ့ကို ​အော်လွှတ်တာ"

"ဘယ်သူက​အော်လွှတ်လို့လည်း"

"အသက်ရယ် စကားကိုဘာလို့ ​သေ​သေချာချာမ​ပြောတာတုန်း အခုတစ်​လော တစ်ခုခုဖြစ်လို့လား ငါအမှားတစ်ခုခုလုပ်မိထားတာလား အသက်သိချင်ရင်​မေး​လေ ငါအကုန်ရှင်းပြမယ်"

သက်နှင်းသက်ပြင်းချလိုက်ပြီး ​မေးရန်ကြိုးစား​သော်လည်း ဖြစ်ပါ့မလားဟူ၍စဥ်းစား​နေစဥ်..။

"ဘယ်အရာမဆို ရှုပ်​နေရင်ရှင်းလိုက် ​မောင်နဲ့အဲ့လို​တွေစကားကို​အေးတိ​အေးစက်​ပြောတာမျိုး​တွေမလုပ်နဲ့ တစ်ခုခုစိတ်ထင့်​နေရင်​ပြောလိုက် ​မောင်အကုန်​ပြောပြမယ်​နော် ဘာပဲဖြစ်ဖြစ်​ပေါ့ နားလည်မှုလွဲတာ​တွေကို​မောင်တကယ်မကြိုက်တာ"

တယုတယဖြင့်မောင် ဟူ​သောအသုံးအနှုန်းကိုအသုံးပြုကာ လူကြီး​လေသံဖြင့်​ပြော​နေ​​​သော​သော်တာ့​ကြောင့် သက်နှင်းလည်း ခဏ​လေး​နေပြီး​မေးလိုက်သည်။

"နင်အဲ့သည့်ခင်ယွန်းဆိုတဲ့တစ်​​ယောက်ပို့စ်​မှာဘာလို့ Tag ပါ​နေရတာလည်း၊ပြီး​တော့ အဲ့ဓါတ်ပုံ​တွေကလည်းနင်ပဲရိုက်​ပေးတာမလား အဲ့​နေ့ကလည်း တစ်​နေကုန် နင်ငါ့ကိုပစ်ထားတာ​လေ ငါမကြိုက်ဘူး"

"အဲ့တာက ငါနဲ့နယူးဇီလန်ကခင်တဲ့သူငယ်ချင်း​လေ ၅တန်း​လောက်ကစပြီး ​​နွေရာသီပိတ်ရက်ဆိုရင် နယူးဇီလန်က အိမ်ကိုအဖွားနဲ့သွား​နေတယ်​လေ ၂လ​လောက်​ကျောင်းမဖွင့်ခင်အမှီပြန်လာတာ​ပေါ့ သူနဲ့ကအဲ့မှာခင်တာ အိမ်နီးနားချင်းတွေ အခုလည်းသူ​ရောက်​နေတာ ငါမသိ ဟို..ဘာဘုရား ​ဓမ္မရံကြီး ဟုတ်တယ် အဲ့မှာ​တွေ့တာကွာအဲ့တာနဲ့ည​နေမှာစား​သောက်ဆိုင်မှာစားရင်း ဓါတ်ပုံရိုက်​ပေးလိုက်တာ၊သူလည်းသူ့ဟိုတယ်မပြန်​သေးပဲ ငါ့ဟိုတယ်လိုက်လာတာ ငါတို့အခန်း​ရှေ့ထွက်ထိုင်​နေတုန်း အသက်ရဲ့ IGက ပို့စ်ကိုမြင်​တော့ သူက အသက်ရဲ့ Big fan ဖြစ်​နေတာ ငါ့ကို​တောင်ကျိန်ဆဲ​နေ​သေးတယ် အဲ့လိုနဲ့သူဓါတ်ပုံတင်တာ tag ပါသွားတာ ​ရေ​သောက်လိုက်ဦးမယ် မိန်းမကိုအစအဆုံးရှင်းပြ​​နေရတဲ့အတိုင်းပဲ ​မောလိုက်တာ"

သက်နှင်းတိတ်တိတ်​လေးသ​ဘောတကျရယ်မိသွားသည်။

"ဘာလို့ ဟိုတယ်မှာ​နေတာလည်း ဦး​လေးတို့အိမ်​နေမယ်ဆို"

"တစ်ရက်ပဲ​လေ အခုက အဖွားဟိုတယ်မှာ"

"​အော်..ပြီးတာပါပဲ"

"ထမင်းစားပြီးပြီလား"

"ပြီးသွားပြီ အခုအခန်းထဲ​တောင်​ရောက်​နေပြီ"

"ဘယ်လိုလည်းသက်သာသွားပြီမလား"

"အွန်း သက်သာသွားပြီ ဒါနဲ့ခင်ယွန်းက လှတယ်​နော်"

"အင်း မိန်းက​လေးတစ်​​ယောက်အလှနဲ့ပြည့်စုံပါတယ် ဒါမဲ့ သူ့ကိုဆိုနယူးဇီလန်မှာဘယ်​တော့မှ ပန်းခင်း​တွေထဲ​တူတူမသွားဘူး"

"ဘာလို့"

"ပန်း​တွေကြားထဲသူကရှုပ်​နေလို့ ဒါမဲ့ အသက်က​​တော့ပန်း​တွေမမှီ​အောင်ကိုလှ​နေတာ​နော်"

"အပို​တွေ ကဲပါ နား​​တော့"

"​ရေ​သောက်ဦး​နော် ဒါနဲ့မအိပ်ချင်​သေးလို့ သီချင်း​လေးတစ်ပုဒ်​လောက်နား​ထောင်ခိုင်းပါလား"

"ဟုတ်ပြီ ပို့​ပေးလိုက်မယ်​နော် Goodnight"

"Ok goodnight baby"

​သော်တာလည်း မျက်နှာသစ်အင်္ကျီလည်းလုပ်လိုက်ပြီး မီးပိတ်ကာကုတင်​ပေါ်တက်လာ​တော့ ဖုန်းထဲတွင် နိုတီတစ်ခုမှာတက်​နေသည်၊​သက်နှင်းသီချင်းပို့​ပေးထားတာဖြစ်မည်။

သီချင်း​​လေးရဲ့​ခေါင်းစဥ်ကHere with meဖြစ်သည်၊ထိုသီချင်းက​တော့ ​​သော်တာအကြိုက်လည်းဖြစ်ပြီး သီချင်းစာသားမှာအလွန်သဘာဝဆန်လွန်းလှ၏။ကိုယ်ချစ်ရတဲ့သူနဲ့​ပေါင်းဖက်ဖို့သို့မဟုတ်နီးစပ်ဖို့အချိန်​တွေဘယ်​လောက်ကြာကြာဂရုစိုက်ရဦးမှာလည်း နီးစပ်ဖို့လည်းမ​တောင်းဆိုသလို ​ဝေးကွာဖို့လည်း မ​တွေးရဲပါဘူး ဒါ​ပေမဲ့​သေချာတာတစ်ခုက​တော့ သူကိုယ့်အနားမှာရှိ​နေသ၍၊သူ့ကိုကိုယ်မြင်​တွေ့​နေရသ၍ကိုယ့်မျက်နှာ​ပေါ်မှာအပြုံးဆိုတာ ဖြစ်တည်​နေမှာပဲ​လေ၊မြင်​တွေ့တယ်ဆိုသည်မှာလည်း မျက်နှာ၊အသံထိုအရာ​တွေမှမဟုတ် သူ့နာမည်​လေးပါရှိသည့် ဒိုင်ယာရီစာအုပ်​လေးထဲက နာမ်စား​လေးကအစ။ဆယ်​ကျော်သက်​တွေက အရမ်းအချစ်ရူးကြတာလားလို့တစ်ခါတစ်​လေစဥ်းစားမိ​သော်လည်း ဒါကချစ်မိသူတိုင်းဖြစ်ကြတဲ့သ​ဘာဝဆန်ဖြစ်ရက်ဆိုတာကိုသတိထားမိသည်။

[21:18][12.4.2024]

စာဖတ်သူတစ်ဦးချင်းစီကိုအများကြီး​ကျေးဇူးတင်ပါတယ်။

-ကတ္တရီနှင်း

Zawgyi [အပိုင်း-၂၁]










"အသက်ဘာလုပ်​နေတာလည်း.."

"ငါလား ထမင်းစား​နေတာ"





"သိလည်းသိ​ပေါ့"


"​မေး"


"ငါ​ရေးထားတာပဲ​လေ"








"ဘာရယ်တာတုန်း"












"​အော်..ပြီးတာပါပဲ"

"ထမင်းစားပြီးပြီလား"





"ဘာလို့"


"အပို​တွေ ကဲပါ နား​​တော့"



"Ok goodnight baby"



[21:18][12.4.2024]


-ကတ္တရီနှင်း

Continue Reading

You'll Also Like

6.6M 63.5K 8
"What a disappointment it's going to be for all of them to learn you are married." He looked up at me. "Rebecca-I didn't tell them-" "Stop." I smiled...
1.1M 189K 118
Type - Web Novel Author - 冰块儿 (Little Ice Cube) Genre - Comedy, Drama, Romance, School life, Yaoi Chapter status - 114 chapters + 14 extras (complete...
Luna By anya jayvyn

Teen Fiction

8.2M 348K 47
A bullied girl meets the popular new student. ***** "Still saying that you're perfectly okay?" Max whispers. I'm surprised to hear that his voice is...