စစ်သူကြီးကတော်ဖြစ်လာခြင်း (Co...

By sususandi15

93.2K 6.5K 231

နောက်ထပ်ချစ်ဖို့ကောင်းတဲ့ficလေး😘 More

Part 1🦁🐰
Part 2 🦁🐰
Part 3🦁🐰
Part 4🦁🐰
Part 5 🦁🐰
Part 6 🦁🐰
Part 7 🦁🐰
Part 8🦁🐰
Part 9🦁🐰
Part 10🦁🐰
Part 11 🦁🐰
Part 12 🦁🐰
Part 13 🦁🐰
Part 14 🦁🐰
Part 15 🦁🐰
Part 16 🦁🐰
Part 17 🦁🐰
Part 18 🦁🐰
Part 19 🦁🐰
Part 20 🦁🐰
Part 21 🦁🐰
Part 22 🦁🐰
Part 23 🦁🐰
Part 24 🦁🐰
Part 25 🦁🐰
Part 26 🦁🐰
Part 28 🦁🐰
Part 29🦁🐰
Part 30 🦁🐰
Part 31 🦁🐰
Part 32 🦁🐰
Part 33 🦁🐰
Part 34🦁🐰
Part 35 🦁🐰
new fic

Part 27 🦁🐰

2.1K 120 3
By sususandi15

စစ်သူကြီးက‌တော်ဖြစ်လာခြင်း
Part 27
____________
အရက်ဆိုင်တွေကညဘက်ဆိုရင်အရမ်းလူစည်ပါတယ်
တစ်နေ့တာရဲ့ ပင်ပန်း‌မူ့တွေ စိတ်ပင်ပန်းမူ့တွေကို ဖြေဖျောက်ဖို့အတွက် ယောကျာ်းသားအများစုက အရက်ဆိုင်ထိုင်လေ့ရှိတယ် အချို့ကတော့ သူငယ်ချင်းတွေနဲ့အုပ်လိုက်ပေါ့ စကားလေးတပြောပြောနဲ့ ။

"စစ်သူကြီး၀မ် သောက်ဗျာ..."

"...."

နန်းတော်ကနေပြန်ဖို့လုပ်တော့ အကုန်လုံးက ဝိုင်းဆွဲကာ
ဒီကိုခေါ်လာကြသည်ငြင်းလို့လည်းမရ လက်ကိုဟိုဘက်တစ်ယောက် ဒီဘက်တစ်ယောက် ဆွဲလို့ အတင်းခေါ်လာကြသည်။

"စစ်သူကြီး၀မ် ဒီနေ့ ကျွန်မမွေးနေ့မို့လို့ ကျွေးတာ အစ်ကို‌တို့ရော အကြိုက်စားနော် ဒီဝိုင်းတစ်ခုလုံးကျွန်မရှင်းမယ်"

"ပေါက်စနကလည်းနော်..."

"ဘာကိုလည်းဗျ ကျွန်မဟိုးအရင်တပ်သားဘ၀တုန်းကလည်း
ဒီလိုပဲဆိုင်ထိုင်နေကြပါနော် ကျွန်မသောက်နိုင်ပါတယ်"

"မမူးမချင်းအိမ်မပြန်ဘူးဟေ့!..."

"ငါပြန်တော့မယ်"

"ဝေ့...နေပါဦး တစ်ခွက်လေးသောက်သွားပါဦး"

စစ်သူကြီး၀မ်ကိုဆွဲလို့ အရက်အတင်းတိုက်သည် အရက်ကတော့ အများကြီးမသောက်နိုင် ဘာပဲဖြစ်ဖြစ်လေ တစ်ခွက်ထဲဆိုတော့လည်း ။

"တစ်ကျိုက်တည်းဟေ့..."

"ခွက်ချင်းတိုက်ရအောင်...လာလာ"

ခွက်ချင်းတိုက်လို့ မော့ချလိုက်တော့သည် စစ်သူကြီး၀မ်လည်းတစ်ခွက်သောက်ပြီးရော ပြန်ဖို့အတွက် ဆင်းပြန်တော့
ဆွဲထားပြန်သည် ဟိုလူကလည်း သူမထည့်ပေးရသေးလို့
ဒီလူကလည်း သူထည့်ပေးတဲ့အရက်မသောက်ပေးလို့နဲ့
ပြောကာ ဝိုင်းဆွဲထားကြပြန်သည်။

နောက်ဆုံးတော့လည်း သောက်ပစ်လိုက်တာ အရက်တစ်အိုး
ကုန်သွားလေတော့ စစ်သူကြီး၀မ်လည်းတော်တော်မူးလာလေပြီ ၀မ်ရှုံ့ နဲ့ မိန်လီက ဖြင့် ဖြုံတောင်မဖြုံဘူး လီချန်ကတော့
ခေါင်းပါမှောက်လို့။

"စစ်သူကြီး၀မ်...ထပ်သောက်ပါဦး"

"အင်း....ထည့်.."

"စစ်သူကြီးကတော်ကို သွားခေါ်လိုက်ရင်ကောင်းမလား"

"ငါ့လောင်ဖောနဲ့မင်းတို့နဲ့ဘာဆိုင်လဲ!"

"....."

ချန်ရှင်းကစတောင်မစရဲတော့ချေ နည်းနည်းလေးစတာကို
အစတောင်မခံဘူး ။

"မင်းတို့သိလား....အဲ့ဟာလေးကလေ....အေ့!....ဒီလိုလုပ်မှာကို သူကအပေါ်မှာနေမယ်တဲ့...မင်းတို့စဉ်းစားကြည့်စမ်း သူ့လိုမျိုးဟာလေးက ဘယ်လိုလုပ်ပြီးအပေါ်မှာနေမှာတဲ့‌လဲ"

"ဘယ်ဟာလုပ်တာလဲ"

"ဒီဟာ..."

စစ်သူကြီး၀မ်က လက်ခုပ်တီးပြတယ် မူးတာတော့မူးနေပေမဲ့လည်း မိန်းကလေးတစ်ယောက်ပါလာတယ်ဆိုတဲ့ စိတ်က၀င်နေတာကြောင့် ထိုစကားကပြောလို့မသင့်။

"အာ...လက်ခုပ်တီးတာလား ကျွန်တော်တို့လည်း ဝိုင်းတီးမယ်လေ..."

အဓိပ္ပာယ်ကိုနားမလည်တဲ့ ၀မ်ရှုံ့က လက်ခုပ်ထတီးပြတယ်
အဲ့တာကိုစစ်သူကြီး၀မ်က မျက်မှောင်ကြီးကျူံ့လို့လာကြည့်သည်။

"မင်းကများ....ငါ့လောင်ဖောကို....."

"စစ်သူကြီး၀မ်...စစ်သူကြီး၀မ်!...စိတ်ထိန်းပါ!!"

ချန်ရှင်းကအနောက်ကနေ ဖက်ထားလို့ဆွဲထားရသည်
အဲ့လိုအသံတွေကြောင့်ပဲအခြားဝိုင်းတွေကလှည့်ကြည့်လာသည် စစ်သူကြီး၀မ်ကတည်ငြိမ်ပါတယ် စကားလည်းနည်းတယ် အရက်တိုက်လိုက်ပြီး မူးနေမှ ဆန့်ကျင်ဘက်ဖြစ်နေတာသူတို့မသိ အဲ့တာကြောင့်အရင်တုန်းကလည်း
တစ်ခွက်ပဲသောက်ပြီးငြိမ်နေတာကို ။

"ပြန်မယ်....ပြန်ကြမယ်...ငါစစ်သူကြီး၀မ်ကို တွဲမယ် ၀မ်ရှုံ့
မင်းကတော့ လီချန်ကိုတွဲကွာ"

"အင်း..."

လမ်းတစ်လျှောက်လုံးလည်း စစ်သူကြီး၀မ်မှာအငြိမ်မနေ
လမ်းလျှောက်တာ ဖြောင့်အောင်မလျှောက်ဘဲနဲ့ ယိုင်တိယိုင်
ထိုးကောက်ကောက်ကွေးကွေးနဲ့ လျှောက်သည်။

"ဟာ....ဟို၀တ်စုံ...အဲ့တာ....ငါ့လောင်ဖောလေးမှာလည်းရှိတယ်..."

"အင်းပါ...သူများဆိုင်ကို လက်ညှိုးကြီးသွားမထိုးနဲ့လေ"

စစ်သူကြီး၀မ်ကမူးရင် သူများထက်တစ်မူထူးပြီးချစ်ဖို့ကောင်းတယ် ပုံမှန်နေတာထက်ကိုဆန့်ကျင်ဘက်ဖြစ်နေလေပြီ မိန်လီကြည့်လို့ပြုံးနေလိုက်တယ် သူမသာစစ်သူကြီး၀မ်
ဒီလိုမျိုးလေးဖြစ်တာကိုချစ်နေရင် ပိုင်ရှင်ဖြစ်တဲ့ စစ်သူကြီးကတော်ကရော ဘယ်လောက်တောင်ချစ်လိုက်မလဲ။

"လောင်ဖော!...လောင်ရှောင်း!!....ဟာ ဒီမှာပဲ..."

ယိုင်တိယိုင်ထိုးနဲ့ သစ်ပင်ကိုသွားဆွဲလို့ ချန်ရှင်းမှာမနည်းလိုက်ဆွဲနေရသည် တော်ပြီ နောက်တစ်ခါဆိုရင် စစ်သူကြီး၀မ်ကိုအရက်ဆိုင်မခေါ်တော့ဘူး ။

"ခြေလှမ်းသတိထားဦး....ဘယ်ဘက်ကနေအရင်စတက်"

"ဒီလိုလား....အင့်..."

စစ်သူကြီး၀မ်က ခုန်လို့ လှေကားပေါ်တက်ပြလိုက်သည် ။

"စစ်သူကြီး၀မ်...ပြုတ်ကျပါဦးမယ်...လာပါဗျာ..."

"လောင်ရှောင်း!...."

"အိမ်ရှေ့ရောက်နေပြီ နောက်တစ်လှမ်းပဲ လှမ်းတော့"

"မင်းတို့ကြည့်နေ....ငါ့ကို မယားကြောက်ဆိုပြီး နောက်ကွယ်
မှာအတင်းတုပ်နေတဲ့ မင်းတို့သုံးကောင်...ကြည့်နေ...ရှောင်ကျန့်ငါ့ကိုကြောက်စေရမယ်"

"အင်းပါဗျာ...သိပါပြီ...ပြဿနာမရှာပါနဲ့..."

"လောင်ရှောင်း!!....ရှောင်ကျန့်!!!!.... "

"စစ်သူကြီး၀မ်...မူးလာတာလား"

အိမ်တော်ထိန်းကြီးက ပြေးကြိုတယ် စစ်သူကြီး၀မ်ကိုယ်က
ယိုင်ထိုးနေလေတော့ ချန်ရှင်းလက်ထဲကနေ လက်လွှဲယူလိုက်သည် ဒါပေမဲ့လည်း ရုန်းပစ်လိုက်သည်။

"ရှောင်ကျန့်!!...ဟာ...ဒီကောင်လေးကတော့....မင်းလင်ငါပြန်လာပြီလို့!! လာမကြိုဘူးလား!! ဟမ်!"

"စစ်သူကြီး၀မ်...စိတ်ထိန်းပါ...စစ်သူကြီးကတော်ကလေ...
ဒေါသထွက်နေတာ အော်ကြီးဟစ်ကျယ်မလုပ်ပါနဲ့"

"အောင်မယ်!....ဒေါသထွက်တယ်ဟုတ်လား!!....ထွက်လာခဲ့စမ်းပါ...ဟွန်း...လက်တောက်လောက်လေးကများ...
ငါအော်လိုက်ရ...ငိုသွားဦးမယ်....ရှောင်ကျန့်!!"

*ဒုန်း...ဒုန်း*

ခြေသံကိုတမင်တကာ ဆောင့်အောင့်နင်းတဲ့အသံပေါ်ထွက်လာလေပြီ စစ်သူကြီး၀မ်က အနောက်ကသူတွေကို တစ်ချက်လှည့်ကြည့်လို့ပြုံးပြလိုက်သည်။

"တွေ့တယ်နော်....မင်းတို့.....ရှောင်ကျန့်ကငါ့ကိုတအားကြောက်တာ အခုကြည့်ပါလား....ငါအော်လိုက်တာနဲ့လာပြီ"

*ဖတ်*

စစ်သူကြီး၀မ်ခေါင်းကိုနောက်ကနေလက်နဲ့ ဖတ်ခနဲလာချသည်
ကျန်တဲ့သူတွေကပါးစပ်ပိတ်လို့ငြိမ်သွားကြသည် ။

"မူးရင်လည်း...အေးဆေးမူး!! လာအော်မနေနဲ့!! နားငြီးတယ်!!!"

"ဟုတ်...."

ချန်ရှင်း နဲ့ ၀မ်ရှုံ့ ၊မိန်လီ တို့ရီချင်သွားပေမဲ့ မနည်းအောင့်ထားရသည် သူတို့လည်းကြာကြာနေလို့မကောင်းဘူး သူများလင်မယားကြား၀င်မပါကောင်းဘူးလေ ။

အကုန်လုံးပြန်သွားကြလေတော့ ဒီမှာ စစ်သူကြီး၀မ်နဲ့ရှောင်ကျန့်ပဲကျန်နေခဲ့သည် အိမ်တော်ထိန်းကြီးလည်း ပဲလှော်ဆား
အဖြစ်မခံနိုင်တော့တာကြောင့် သူ့အခန်းသူပြန်သွားလေပြီ။

"ပြောစမ်း....ဘယ်နယ်လှည့်ပြီးပြန်လာတာလဲ"

"အရက်ဆိုင်"

"အေး....အိမ်ကိုအကျိုးအကြောင်းလေးပြောပြသွားပါလား
လောင်ရှောင်းရေ ညကျရင် ကိုယ်အရက်ဆိုင်၀င်မယ်ပေါ့"

"ကိုယ်လည်းဘယ်သိမလဲ....သူတို့ကအတင်းခေါ်သွားတာကို"

"ထားပါတော့....ဘာလို့နောက်ကျမှပြန်လာတာလဲ"

"ဘာကိုနောက်ကျတာလဲ....အခုမှ နေထွက်တာကို"

"ဘာနေထွက်တာလဲ...နေက၀င်ပြီးလို့ ညရောက်ပြီ"

"...."

"ရေသွားချိုးချည်...အရက်နံ့နဲ့အခန်းထဲ၀င်မလာနဲ့ ကြားလား!"

"ဟုတ်..."

"ရစ်ဖို့မစဉ်းစားနဲ့နော်...မူးရင်အေးဆေးမူးချည်...မဟုတ်ရင်
နောက်စေ့ကွဲမယ်မှတ်!!"

"ဟုတ်...လောင်ရှောင်း..."

ရှောင်ကျန့်ဒေါသထွက်နေတာအမှန်ပါပဲ စစ်သူကြီး၀မ်လည်း
တိတ်သွားတော့လေသည် ရှောင်ကျန့်ကိုကျော်လို့ ကယိုင်ကထိုးနဲ့ အိမ်ပေါ်တက်သွားကာ တိုင်ကိုသွားမှီလို့အိပ်နေသည်။

"ထလေ....ဘာလုပ်နေတာလဲ"

"အိပ်နေတာ..."

"ရေချိုးလို့ပြောနေတယ်နော်....အခန်းထဲမှာမအိပ်ဘူးလား"

"အခန်းထဲမှာလား....ကိုယ်နဲ့မင်းနဲ့လား..."

"ဘယ်သူ့ကိုခေါ်သွင်းချင်သေးလို့လဲ"

"လောင်ရှောင်း....နှစ်ယောက်ထဲဆိုတော့လေ....ဟိုဟာ..."

"ပြောပြီးသားနော် ကျန့်ကျန့်အပေါ်မှာနေမယ်ဆိုရင်ဖြစ်တယ်"

"ကျစ်!....မင်းကများ...အပေါ်ကနေမယ်တဲ့လား...စဉ်းစားကြည့်လိုက်လေ"

"စဉ်းစားထားပြီးပြီလေ"

"ငါ‌ဒေါသထွက်အောင်လို့လာမစနဲ့နော်!"

"အံမယ်....စိန်လာခေါ်တယ်ပေါ့လေ"

"ဟုတ်တယ်ကွာ..."

"အား!!"

ရှောင်ကျန့်ကို ပုခုံးပေါ်ထမ်းလို့ သူတို့အခန်းစီခေါ်သွားသည်
ရှောင်ကျန့်ကတော့ ပါးစပ်ကလည်းအော်....ကျောကုန်းကိုလည်းထုနေလေတယ် ။

"အေ့!...."

‌အောက်ချပေးဖို့အတွက် ကျောကုန်းကိုထုနေပါတယ်ဆိုမှ
သူလေတက်ဖို့အတွက် ကျောကုန်းထုနေပေးသလိုပဲ သူကတော့လေတောင်တက်သွားသေးတယ်။

"လွှတ်!...အောက်ချပေး!"

"ကျစ်!...ချပေးမှာပေါ့...ဘယ်လိုတွေဖြစ်နေတာလည်း"

ရှောင်ကျန့်ကိုကုတင်ပေါ်တင်ပေးလို့ ခါးစည်းကြိုးကိုအတင်းဖြည်ကာ ပေါ်လာတဲ့ ရင်ဘတ်ဖွေးဖွေးလေးအပေါ်မျက်နှာအပ်လိုက်သည် ။

"လွှတ်ပေး!....လူယုတ်မာကြီး!..."

"အင်း......အိပ်ချင်တယ်..."

"...."

ရှောင်ကျန့်ရင်ဘတ်ပေါ်မှာမျက်နှာလေးအပ်လို့အိပ်ပျော်သွားလေသော စစ်သူကြီး၀မ်ပါ အရက်နံ့ကလည်းထောင်းလို့
မူးနေတာကလည်း မျက်နှာပါ နီနေပြီ အရက်တွေတော်တော်
သောက်လာတာပဲ ရေသွားချိုးဆိုလဲမဟုတ် ဒီကိုယ်ကြီးကိုလည်းမနိုင် ဒီတိုင်းပဲထားလိုက်တော့သည်။
_________

ရှောင်ကျန့်မှာ လက်ပိုက်ကာ ထိုင်လို့ ရှေ့ကနေဒူးထောက်နေရတဲ့ လင်ယောကျာ်းကိုကြည့်နေလိုက်သည် အိမ်တော်ထိန်းကြီးကလည်းဘေးနားမှာ မုန့်ပန်းကန်ကိုကိုင်လျက်ရပ်နေရသည်။
'ဟွန့်....နည်းတောင်နည်းသေးတယ် စစ်သူကြီးက‌တော်ပေါ်မှာ
ဖောက်ပြန်ချင်တဲ့စစ်သူကြီး...ခံပေါ့'
အိမ်တော်ထိန်းကြီးကတော့ အပြည့်အ၀ကို ရှောင်ကျန့်ဘက်ကပါသည် ။

"အပြစ်ကိုသုံးသပ်ပြီးပြီလား"

"အင်း"

"အရက်သောက်ဦးမလား"

"ဟင့်အင်း"

"အရက်မူးနေရင်ရော ကျန့်ကျန့်ကိုလာငေါက်ဦးမှာလား
အော်ဦးမှာလား"

"ဟင့်အင်း"

"...."

"အခုထလို့ရပြီလား"

"မရသေးဘူး ထိုင်နေဦး"

"...."

"ဘယ်နှယ့်....အရက်ဆိုင်ကိုတပ်မှူးတွေကဆွဲခေါ်သွား‌လို့
ကတော့ ထားပါတော့...အိမ်ကိုစောစောပြန်လာခဲ့သင့်တယ်လေ! မနေ့ကဆိုရင်...ည၈နာရီခွဲမှပြန်လာတာ!...ကျန့်ကျန့်ထမင်းစားဖို့ကိုတောင်ထိုင်စောင့်နေခဲ့ရတာ.."

"တောင်းပန်ပါတယ် ပေါင်ပေါင်း"

"မနေ့ကမူးပြီးဘယ်တွေရောက်ခဲ့သေးလဲ!"

"ကိုယ်မမှတ်မိတော့ဘူး...."

"တစ်ခါထဲ...တပ်မှူးတွေရှေ့မှာ ကိုယ့်လောင်ဖောကိုသိက္ခာချရတာ ပျော်ဖို့ကောင်းတယ်ပေါ့"

"ကိုယ်ချမိလို့လား"

"ချမိတာပေါ့!...ဘာတဲ့...အိမ်တော်ထိန်းကြီး ပြောလိုက်!"

အိမ်တော်ထိန်းကြီးကိုအမိန့်ပေးလိုက်တာမို့လို့ စစ်သူကြီး၀မ်မှာအိမ်တော်ထိန်းကြီးကိုကြည့်‌လိုက်သည် ။

"မနေ့ကပြောတာ....စစ်သူကြီးကတော်က စစ်သူကြီး၀မ်ကို
အရမ်းကြောက်တာတဲ့ တစ်ချက်ထဲအော်လိုက်တာနဲ့ ငိုတော့တာပဲတဲ့"

"...."

"ကြားတယ်နော်....အဲ့လိုပြောတာ"

"....."

"ကျန့်ကျန့်ကိုလည်းမနေ့ကအော်တယ်..."

"အော်မိလို့လား "

"အော်တာပေါ့!!"

"...."

"စစ်သူကြီး၀မ်..."

မိန်လီရောက်လာကာ လက်ထဲမှာလည်း ဘူးလေးတစ်ဘူးကိုင်လို့ပေါ့ ။

"ဘာလာလုပ်တာလဲ မိန်လီ"

"ဟို....မနေ့ကစစ်သူကြီး၀မ်သောက်တာအရမ်းများလို့
အဲ့တာ အမူးပြေ ကြက်စွပ်ပြုတ်လေးလာပို့တာပါ...လက်ခံပေးနော်"

မိန်လီကပါ စစ်သူကြီး၀မ်ဘေးနားမှာဆောင့်ညောင့်ထိုင်လို့
စစ်သူကြီး၀မ်လက်ထဲထည့်လိုက်သည် ရှောင်ကျန့်ကြည့်နေပြီး တစ်ချက်ရီလိုက်သည် နေပါဦး....အခုအခြေအနေကြီးက
ဗီလိန်က မင်းသားကိုနှိပ်စက်လို့ ဒူးထောက်ခိုင်းတဲ့အချိန်မှာ
မင်းသမီးကလာပြီး စားစရာလာပေးနေရော ကျစ်!....စိတ်ပျက်စရာပဲ ဒီမှာအထမ်တော်ထိန်းကြီးတစ်ယောက်လုံးမတ်တပ်ရပ်နေတာကိုများ လောင်၀မ့်ကိုပဲသွားပေးနေတာ ။

"မနေ့က ကျွန်မကြောင့်နဲ့ စစ်သူကြီး၀မ်အရက်တွေသောက်မိပြီးခေါင်းကိုက်သွားလို့ပါ....စစ်သူကြီး၀မ် လက်ခံပေးပြီး
ခွင့်လွှတ်ပေးပါနော်"

အသံကိုက ပျစ်ချွဲချွဲနဲ့ ရှောင်ကျန့်တစ်ချက်ရီကာ မတ်တပ်ရပ်လိုက်သည် အိမ်တော်ထိန်းကြီးလန့်သွားတယ် ဒုက္ခပဲ
ပြဿနာတော့စပြီ ။

"အား!....လောင်ကုန်း....ဟင့်....ကျန့်ကျန့်ခါးနာလို့"

"...."

ရှောင်ကျန့်မှာမှောက်ခုံကြီးမှောက်ချလို့ လူးလှိမ့်နေသည်
ရှောင်ကျန့်ဟန်ဆောင်နေရပြီး ဘာမှမလုပ်သော ‌လင်ယောကျာ်းကြောင့်စိတ်မရှည်တော့ ။

"ဘာလဲ....စားပြီးနားမလည် ဝါးပြီးထွေးထုတ်‌လုပ်မလို့လား
ဟင့်!... မနေ့ညက လုပ်တာဆိုတာ တားလို့တောင်မရတော့ဘူး"

"ဟင်"
"ဟာ....ကောင်မလေးတွေကိုယ့်အလုပ်ကိုယ်သွားလုပ်ကြစမ်း"

အနီးအနားမှာချောင်းနေသော အစေခံကောင်မလေးတွေကိုအိမ်တော်ထိန်းကြီးမောင်းထုတ်လိုက်သည် ။

"လာချီ..."

စစ်သူကြီး၀မ်မှာဒူးထောက်ရက်သားကနေ ထလို့ ရှောင်ကျန့်ကိုကောက်ချီလိုက်သည် ။

"မိန်လီ အဲ့စွပ်ပြုတ်ကို အိမ်တော်ထိန်းကြီးစီပေးလိုက်ပါ"

"ဟုတ်...ဟုတ်ကဲ့ စစ်သူကြီး၀မ်"

လက်လာ‌ကမ်းသော အိမ်တော်ထိန်းကြီးစီကို ကြက်စွပ်ပြုတ်ဘူးကိုကြည့်ကာ စစ်သူကြီး၀မ်ကိုကြည့်နေလိုက်သည်
ချီသွားတာကိုခံရတဲ့ စစ်သူကြီးကတော်ကတော့ သူ့ကိုကြည့်လို့ စစ်သူကြီး၀မ်ရဲ့ လည်ပင်းကိုပါ နှာခေါင်းလေးအပ်ပြလိုက်သေးသည်။
_____________________
(12.4.2024)
#Su🐼

















Part 27
____________


"...."



"ပေါက်စနကလည်းနော်..."



"ငါပြန်တော့မယ်"



"တစ်ကျိုက်တည်းဟေ့..."



ခေါင်းပါမှောက်လို့။


"အင်း....ထည့်.."



"....."

အစတောင်မခံဘူး ။


"ဘယ်ဟာလုပ်တာလဲ"

"ဒီဟာ..."








"အင်း..."








"ဒီလိုလား....အင့်..."



"လောင်ရှောင်း!...."










*ဒုန်း...ဒုန်း*



*ဖတ်*



"ဟုတ်...."




"အရက်ဆိုင်"






"...."


"ဟုတ်..."

နောက်စေ့ကွဲမယ်မှတ်!!"

"ဟုတ်...လောင်ရှောင်း..."


"ထလေ....ဘာလုပ်နေတာလဲ"

"အိပ်နေတာ..."







"စဉ်းစားထားပြီးပြီလေ"



"ဟုတ်တယ်ကွာ..."

"အား!!"


"အေ့!...."


"လွှတ်!...အောက်ချပေး!"




"အင်း......အိပ်ချင်တယ်..."

"...."

_________



"အင်း"

"အရက်သောက်ဦးမလား"

"ဟင့်အင်း"

အော်ဦးမှာလား"

"ဟင့်အင်း"

"...."

"အခုထလို့ရပြီလား"

"မရသေးဘူး ထိုင်နေဦး"

"...."




"ကိုယ်မမှတ်မိတော့ဘူး...."


"ကိုယ်ချမိလို့လား"




"...."


"....."


"အော်မိလို့လား "

"အော်တာပေါ့!!"

"...."

"စစ်သူကြီးဝမ်..."


"ဘာလာလုပ်တာလဲ မိန်လီ"



ခွင့်လွှတ်ပေးပါနော်"

ပြဿနာတော့စပြီ ။


"...."



"ဟင်"


"လာချီ..."




_____________________
(12.4.2024)
#Su🐼

Continue Reading

You'll Also Like

470K 31.7K 47
♮Idol au ♮"I don't think I can do it." "Of course you can, I believe in you. Don't worry, okay? I'll be right here backstage fo...
7.7K 687 15
စစ်ထွက်ဗိုလ်ဟောင်းဝမ်ရိပေါ်နှင့် သရုပ်ဆောင်အဆိုတော်ရှောင်းရှောင်ကျန့် တို့၂ယောက်ဟာ အပန်းဖြေခရီးထွက်တဲ့ သဘောင်္ပေါ်မှာစတင်တွေ့ကြတယ်... ပင်လယ်ထဲမှာ လက်နက်က...
95.4K 2.4K 103
被前男友的白月光求婚后 Status : 85 Chapters + 18 Extras (Completed) Author : 恭十一 Xie Ning knew that his boyfriend was a player, seeing him pine after his whi...
28.3K 2.1K 28
နွေဦးရပ်ဝန်းရဲ့ ခပ်မှိုင်းမှိုင်းအဝါ​ရောင်အိမ်လေး တည်ရှိခြင်းက ထာဝရဖြစ်ခဲ့တယ်