အသုံးမ၀င်သောမိထွေးအား လင်ပါသာ...

By Minute_Book

30.6K 2.8K 70

ဘာသာပြန် - အရွက်စားလေး🥦 (MB Team) Gp 1) 001 - 200 Completed ✅ Gp 2) 201 - 400 Ongoing More

Intro
🥦 Chapter 1
🥦 Chapter 2
🥦 Chapter 3
🥦 Chapter 4
🥦 Chapter 5
🥦 Chapter 6
🥦 Chapter 7
🥦 Chapter 8
Biblio Bay App
🥦 Chapter 9
🥦 Chapter 11
🥦 Chapter 12
🥦 Chapter 13
🥦 Chapter 14
🥦 Chapter 15
🥦 Chapter 16
🥦 Chapter 17
🥦 Chapter 18
🥦 Chapter 19
🥦 Chapter 20
🥦 Chapter 21
🥦 Chapter 22
🥦 Chapter 23
🥦 Chapter 24
🥦 Chapter 25
July လ ရရှိနိုင်သော Promotion
🥦 Chapter 26
🥦 Chapter 27
🥦 Chapter 28
🥦 Chapter 29
🥦 Chapter 30
🥦 Chapter 31
💚 အိမ်ကအငယ်ဆုံးလေးရဲ့ Birthday Sale 💚
🥦 Chapter 32
🥦 Chapter 33
🥦 Chapter 34
🥦 Chapter 35
🥦 Chapter 36
🥦 Chapter 37
🥦 Chapter 38
🥦 Chapter 39
🥦 Chapter 40
🥦 Chapter 41
20% OFF

🥦 Chapter 10

609 70 0
By Minute_Book

🥦 Chapter 10 : She Must Be Very Good in A Certain Aspect

 
"ကောင်းပြီလေ" ဟု သူ တုံ့ပြန်လိုက်သည်။ လင်းဝမ်သည် သူ(မ)၏လက် အားစိတ်မပါစွာဖြင့်ပွတ်သက် နေခဲ့ပြီး တံခါးရှေ့ရှိခုံတန်းသေးသေးလေးပေါ်တွင် ထိုင်လျက် သူ(မ)၏ လင်ပါသားများအလုပ်ကြိုးစား လုပ်နေသည်ကိုထိုင်ကြည့်နေလိုက်သည်။
 
တိုက်ရိုက်ထုတ်လွှင့်မှုအခန်းမှ ရုတ်တရက်တိတ်ဆိတ်သွားပြီးနောက် စခရင်တခုလုံး [?] များဖြင့်ပြည့် နှက်သွားတော့သည်။
[??????]
 
[???]
 
[?]
 
[ချမ်းသာတဲ့သူတွေရဲ့ ကလေးကို သင်ကြားပေးတဲ့ပုံစံကအတော်လေးကွဲပြားတာပဲ။]
[သူတို့သားသမီးတွေရဲ့ ရှေ့ရေးအတွက် ထိန်းကျောင်းပေးတာလဲ ဖြစ်ကောင်းဖြစ်နိုင်တာပဲလေ။ အိမ်မှာ ကလေးတွေ စားချင်တာကျွေးပြီးသေချာဂရုစိုက်ပြီးတော့ သူတို့ လိုချင်တာရော လိုအပ်တာရောအကုန် ဖြည့်ဆည်းပေးတာ။]
[အစ်မတို့ရေ၊ ဓားတစ်ချောင်းလောက်ပေးကြပါလား ? ငါ လင်းဝမ်ကို copper wire လုပ်ပစ်ချင်လို့]
 
[သူတို့ကလေးရဲ့ထိန်းကျောင်းလေ့ကျင့်ပေးနေတဲ့ပုံစံကို မိဘတွေကနမူနာယူထားသင့်တယ်။ ဒါက မိသားစုအချင်းချင်းဆက်နွယ်နေတဲ့ရသစုံရှိုးတစ်ခုဆိုတာ မမေ့ကြနဲ့ဦး]
[ကလေးတွေပဲ သင်ယူလိုနေတာမဟုတ်ဘူး။ အိမ်ရှင်မတစ်ယောက်အနေနဲ့ကော တူညီတဲ့လေ့လာမှု လုပ်ဖို့မလိုအပ်ဖူးလား ? အထူးသဖြင့် သူ(မ)က အိမ်မှာဘာမှလုပ်စရာမလိုဘူးဆိုရင်ပေါ့]
[ကလေးအမေ အနားမှာမရှိတော့တဲ့အခါ သူတို့အဖေက သားသမီးတွေထပ် သူတို့ရဲ့s*x ကိစ္စကိုသာ ရှေ့တန်းတင်နေကြတုန်းပဲ။ ဒီကလေးလေးတွေ အရမ်းသနားဖို့ကောင်းတာပဲ။]
[ဒီကိစ္စနဲ့ပတ်သတ်ပြီး မင်းတို့ အရမ်းကြီးစိတ်ပူနေစရာမလိုဘူးလို့ ငါ ထင်တယ်။ သူတို့က ဇာတ်ညွှန်း အတိုင်းသရုပ်ဆောင်နေကြတာလေ၊ အဲ့လိုမှမလုပ်ရင်လည်း ဒီရှိုးကဘယ်လိုလုပ်နာမည်ကြီးနိုင်မှာလဲ?]
 
[အမှန်ပဲ ! ငါတို့ လင်းဝမ်ကို ဆူပူကြိမ်းမောင်းပြီးအပြစ်ရှာလေလေ လူတွေက သူ့ကိုပိုအာရုံစိုက်လာလေ လေပဲ]
 
ထိုင်ချလိုက်ပြီးနောက် လင်းဝမ် မှတ်ချက်များကိုကြည့်ရှုရန်အချိန်ရလာခဲ့သည်။ သူ(မ) မျှော်လင့်ထား သလိုပင် ကြည့်ရှုသူများ၏ပြစ်တင်ဝေဖန်နေသည့် ကောမန့်များကိုဆက်တိုက်မြင်နေရသည်။ လူတိုင်း ၏မှတ်ချက်တချို့ထဲ သူ(မ)သည် 'ရှုထောင့်တချို့' တွင် ယခုထက်ပိုပြီးကောင်းမွန်ရမည်ဟုပင် မှတ် ချက်ပေးနေကြသည်။
လင်းဝမ်လည်း လက်ရှိဖြစ်နေသည့်အခြေအနေကို အနည်းငယ်သံသယရှိလာသည်။ လီယန်ချန်သည် ခင်ပွန်းကောင်းတစ်ယောက်ဖြစ်ပြီး ၎င်း၏ဇနီးသည်ကို အလွန်ချစ်ခင်မြတ်နိုးသူဖြစ်သည်။ တခြားမည် သူတစ်ဦးတစ်ယောက်ကိုမှ ထပ်မချစ်နိုင်လို့ တစ်ကိုယ်တည်းနေခဲ့ပြီးမှ ဘာ့ကြောင့် ယခုခန္ဓာကိုယ်၏ မူလပိုင်ရှင်နှင့်လက်ထပ်ခဲ့ရသနည်း ? အကယ်၍ မူလပိုင်ရှင်သည် အဆိုပါ 'ရှုထောင့်'တွင်ကောင်းမွန်ခဲ့ ပါက၊ ဒီည...."
လင်းဝမ်သည် ထိုကိစ္စတွေကိုတွေးရင်း စိတ်မသက်မသာဖြင့် လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ထား လိုက်သည်။ ဒါတွေကိုသာ သူ(မ)စောစီးစွာကြိုသိခဲ့လျှင် အရာအားလုံးကိုလျစ်လျူရှုပြီး မိသားစုနှင့် သင့် လျော်သောဆက်ဆံရေးရရန်ကြိုးစားခဲ့မည်မဟုတ်ချေ။ ရှက်စရာကောင်းတဲ့ဖြစ်စဉ်ကို ဖြတ်ကျော်ဖို့ရာ သူ(မ)စိတ်ပူပန်နေမိပြီး သူ့ဇနီးဖြစ်သူက သူနှင့်တစ်လခွဲကြာလက်ထပ်ပြီးချိန်ထိ အပျိုဖြစ်နေဆဲဆိုတာ သိလိုက်ရသည်။
'အဲဒါကို သူ ဘယ်လိုသွားပြီးရှင်းပြရမှာလဲ ? ပြန်ကောင်းသွားပြီလို့ ပြောလိုက်ရမှာလား ? ဘယ်လိုပဲ ကြည့်ကြည့် ဒါ ဆင်ခြေတစ်ခုလိုမျိုးပဲ !' လင်းဝမ် အဝေးသို့သာ ပြေးထွက်သွားလိုက်ချင်တော့သည်။
 
လီယန်ချန်သည် ထပ်ကာစိုးရိမ်နေသည့်ပုံစံဖြစ်နေသော လင်းဝမ်၏မျက်နှာကို တချက်လှမ်းကြည့်လိုက် ပြီး သူ(မ)အား ကင်မရာရှေ့မှရုန်းထွက်လို့ရအောင်ဖန်တီးပေးခဲ့သည်။
[မင်းတို့ သူ ပြောတာကြားလိုက်ကြလား ? လီယန်ချန်က လင်းဝမ်ကို အခန်းထဲမှာသွားပြန်အိပ်ခိုင်းနေ တယ်!]
 
[လီယန်ချန်က ငါတို့ ရွှမ်ရွှမ်လေးကိုများ ချက်ပြုတ်ပေးဖို့အတွက်တောင်းဆိုမှာများလား ? ငါ သူ့ကို တိုက်ခိုက်ရလိမ့်မယ်! တကယ်လို့ သူသာ ရွှမ်ရွှမ့်ကိုချက်ပြုတ်ခိုင်းရင် ငါ ချန်ရှင်းကုမ္ပဏီကနေ ဘာမှ မဝယ်တော့ဘူး။ သူ့တို့ကို boycott လုပ်ပစ်မယ်]
 
"နာနေလား ? ဖေဖေ ပလာစတာကပ်ပေးမယ်"
 
ထို့နောက် သူ့အိတ်ကပ်ထဲမှ ပလာစတာအားထုတ်ယူလိုက်သည်။ မနက်ခင်းတုန်းက စားသောက်ပြီး နောက် ဆေးဆိုင်မှ ဆေးပစ္စည်းအချို့ကိုဝယ်လာခဲ့သည်။
လီကျို့ခိုင်သည် လက်မောင်းတွင် သူ့အဖေကပ်ပေးလိုက်သည့် ပလာစတာကို ထိကြည့်လိုက်ပြီးနောက် လီယန်ချန်၏လည်ပင်းကို သိုင်းဖက်ထားလိုက်တော့သည်။
 
"ဖေဖေ၊ အနာက သွေးမထွက်ဘူး၊ ဒါပေမယ့် နည်းနည်းတော့နာနေသေးတယ်။ သားအလုပ်တွေလဲ အကုန်ပြီးပြီဆိုတော့ အန်တီနဲ့အတူ သွားနားလို့ရမလားဟင် ? အန်တီကို သားရဲ့ ပုံပြင်တွေပြောပြ ချင်တယ်"
လီယန်ချန်၏မျက်လုံးများ အနည်းငယ်ပြူးကျယ်သွားသည်။ ကောင်လေး၏ တောင်းဆိုချက်သည် သူ့ အား အနည်းငယ်အပြစ်ရှိနေသလိုခံစားရသည်။ လင်းဝမ်သည် အစီအစဉ်မစတင်မှီ နောက်ဆုံးမိနစ်တွင် အလုပ်ကိစ္စဖြင့်အချိန်မှီရောက်မလာနိုင်သည့် သူ့ကိုယ်စား အစားထိုးပါဝင်ရန်လက်ခံခဲ့ခြင်းအတွက် အံ့သြသင့်မိသလို ကျေးဇူးတင်မိသည်။ သို့သော် သူ့သားတွေကို သူ(မ)အားနှောင့်ယှက်ခွင့်ပေးလိုက် ခြင်းကသင့်တော်မည်ဟုမထင်။ လီမိသားစုသည် သူ(မ)အတွက်လှောင်အိမ်မဟုတ်ပဲ လုံခြုံသည့်အမိုး အကာတစ်ခုသာဖြစ်စေရမည်။ သူ(မ)အား ကလေးများကိုပြုစုစောင့်ရှောက်ရမည်ဆိုသည့် တာဝန် ဝတ္တရားအောက်မှာ မထားချင်ပေ။
လီယန်ချန်သည် သားဖြစ်သူအား ဖျောင်းဖျရန်အကြောင်းပြချက်ပေးဖို့စဉ်းစားနေချိန် လင်းဝမ်ဆီမှ လီကျို့ခိုင်၏တောင်းဆိုမှုကိုလက်ခံကြောင်းပြောဆိုသည်ကိုကြားလိုက်ရသည်။ လင်းဝမ်တွင် သူ့ကိုယ် ပိုင်အကြောင်းပြချက်နှင့် သူ ရှိနေသည်။
 
"အန်တီ၊ အန်တီက အကောင်းဆုံးပဲ!"
 
လီကျို့ခိုင် ဝမ်းသာအားရလက်ခုပ်တီးလိုက်သည်။ ဒီကောင်လေးမှာလည်း သူ့အစီအစဉ်နဲ့ သူ ရှိပြီးသား ပင်။
 
လီယန်ချန် အံ့အားသင့်သွားသည်။ သို့သော် သားဖြစ်သူကိုမတားလိုက်မှီမှာပဲ ကောင်လေးသည် လင်းဝမ်၏လက်ကိုကိုင်ကာ အိမ်ထဲသို့ဝင်သွားခဲ့ပြီဖြစ်သည်။
 
သို့သော် ဝဝကစ်ကစ်ကောင်လေးသည် လမ်း၌ စုဝေနှင့် ရှုရှောင်ရှောင်တို့နဲ့လက်ချင်းကိုင်ထားသည်ကို တွေ့လိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။
 
ထူထူသည် သူတို့နှစ်ဦးလမ်းလျောက်လာတာကိုမြင်လိုက်သည်နှင့် မြေပြင်ပေါ်ထိုင်ကာငိုနေခဲ့သည်။
 
"ဖေဖေ၊ သား ဒီမိန်းမကို မုန်းတယ်။ မေမေ့ကိုပဲ ပြန်လာစေချင်တယ်၊ သူက သားမေမေ မဟုတ်ဘူး!"
 
[ခုနကပဲ ဖက်တီးလေးက ကျဲ့ကျဲ့နဲ့အတူတူပျော်ပါးနေကြတာမဟုတ်ဖူးလား ? အခု သူ အိမ်ပြန်ရောက် တာနဲ့ ဘာလို့ ငိုနေရတာလဲ ? ]
[လီယန်ချန်က သူ့မိန်းမကိုဆုံးရှုံးလိုက်ရလို့ လင်းဝမ်ကို လက်ထပ်ခဲ့တာတော့ ငါ နားလည်နိုင်ပါသေး တယ်။ ဒါပေမယ့် စုဝေကျတော့ကော ရှုရှောင်ရှောင်ကိုလက်ထပ်ဖို့ သူ့ဇနီးကိုစွန့်ပစ်လိုက်တာလေ။ အဲ့ဒါကြောင့် ဒီအခြေနေကို ကလေးက ဘယ်လိုမှ လက်မခံနိုင်တာပဲနေမှာ။]
 
[ငါ ဆိုရင်လည်း ငါ့ မိဘနဲ့ပဲ အတူနေချင်တယ်]
[ရှုရှောင်ရှောင်ရဲ့ဘဝက သာယာမနေပါဘူး၊ ဒီကောင်ဆိုးလေးက လီမိသားစုရဲ့ကလေးသုံးယောက် ထက်တောင် ထိန်းရတာပိုခက်မဲ့ပုံပဲ]
 
[ရှုရှောင်ရှောင်ကိုမြင်ရတာ သနားလာပြီ]
 
"ထူထူ၊ သားရဲ့Ultraman ကတ်လဲပေးပါ Show မှာ လိမ်လိမ်မာမာနေပါ့မယ်လို့ ဖေဖေ့ကိုကတိပေးခဲ့ တာ မဟုတ်ဖူးလား ?"
 
စုဝေသည် လွန်ခဲ့သည့်ရက်အနည်းငယ်ကတည်းက သားဖြစ်သူ၏အပြုအမူကြောင့် ပင်ပန်းနွမ်းနယ်နေ ခဲ့သည်။
 
ရှုရှောင်ရှောင်ကို သူ အိမ်ခေါ်လာတိုင်း ထူထူ စိတ်ဆိုးနေခဲ့သည်။ ကလေးဘဝအတွက် ပြောင်းလဲမှု အသစ်များနှင့်လိုက်လျောညီထွေဖြစ်အောင်လုပ်ဖို့ အချိန်တစ်ခုတော့ယူရမည်ဟု သူတွေးထားပြီးဖြစ် သဖြင့် သူ စိတ်ရှည်ရှည်နှင့်စောင့်နေပေးခဲ့သည်။
သို့သော် ရှုရှောင်ရှောင်သည် ထူထူနှင့် သူ့မိသားစုအပေါ်ဘယ်လောက်ပင် နွေးနွေးထွေးထွေး ဆက်ဆံ ပေးနေပါစေ ထူထူက သူ(မ)အားအမြဲတစေလျစ်လျူရှုထားသည်။ သူ့ဇနီးဟောင်းကလည်း ထိုကိစ္စနှင့် ပတ်သတ်ပြီးသံသယဖြစ်နေပြန်သည်။ သူတို့၏ ကွာရှင်းမှုသည် အေးအေးဆေးဆေးနှင့်ပြီးဆုံးသွားခဲ့ ခြင်းမဟုတ်ပေ။
 
"ဒီမိန်းမကို သား မလိုချင်ဘူး၊ မေ့မေ့ကိုပဲ ပြန်ခေါ်ပေး၊ သူ လုပ်ထားတဲ့ အစားအစာတွေကလည်း ဘာတစ်ခုမှ အရသာမရှိဘူး ပြီးတော့ ဖေဖေ့ကို သားဆီကနေအဝေးကိုရောက်အောင် လုယူနေတာ"
ထူထူ ပြောရင်းရှိုက်ကာငိုနေခဲ့သည်။
 
"အဲ့ဒါ မမှန်ဘူး! ဒီနေ့ ဖေဖေ သားအတွက်ချက်ပြုတ်ပေးမယ် ဟုတ်ပြီလား ? သား ဘာစားချင်လဲ ?"
စုဝေ မေးလိုက်ပြီးနောက် ခေါင်းကိုငုံကာ ထူထူခေါင်းကိုချစ်စနိုးဖြင့်ပုတ်လိုက်သည်။
 
"မေမေ လုပ်ကျွေးတဲ့ ငါးချိုချဉ်ပဲစားချင်တယ်၊ မေမေ့ကိုပဲ လိုချင်တယ်။ ဒီမိန်းမက သားမေမေ မဟုတ်ဘူး"ဟု ထူထူ ပြောရင်းငိုနေခဲ့သည်။
 
"ဖေဖေ ကျေးဇူးပြုပြီး သူ့ကို ဒီကနေမောင်းထုတ်လိုက်ပါ၊ သား သူ့သားမဖြစ်ချင်ဘူး!" ဟု ထူထူ အော်ဟစ်ကာ ဆက်လက်ငိုကြွေးနေခဲ့သည်။
ကြည့်ရှုနေကြသည့်ပရိသတ်များသည် ရှုရှောင်ရှောင်၏ အရှက်သိက္ခာနှင့်ဝမ်းနည်းမှုများကို ဖန်သားပြင် မှတစ်ဆင့်ခံစားနေကြရသည်။
 
[ထူထူ ၊ ဒီလောက်လူပေါင်းများစွာကြည့်နေတဲ့  Show ရှေ့မှာ ဒီအမျိုးသမီးကို လက်မခံဘူးလို့ပြောနေ တာလား ? ]
[ထူထူတို့မိသားစု ဒီအစီစဉ်ကနေနှုတ်ထွက်လောက်မယ်လို့ မင်းတို့ ထင်ကြလား ?]
 
[အဲ့ဒါတော့ ပြောရခက်တယ်၊ အခုမှ နှစ်ရက်ပဲရှိသေးတာလေ ဒါပေမယ့် ဒီလိုသာအချိန်တိုင်းဖြစ်နေရင် ဘယ်သူမှ သည်းခံနိုင်မှာမဟုတ်ဘူး]
 
[စုဝေက ရှုရှောင်ရှောင်ကို နှစ်ရက်အတွင်း သူ အလုပ်ကိစ္စနဲ့ခရီးထွက်စရာရှိတယ်လို့ပြောနေတာလား ? ရှုရှောင်ရှောင်တစ်ယောက်တည်း အဲ့ကလေးကို ဘယ်လိုထိန်းနိုင်မှာလဲ ?]
 
[ဘုရားရေ၊ အမြစ်ကို အပေါ်ကိုဆွဲလှန်လိုက်သလိုပဲ]
"ထူထူ သား စားချင်တာအားလုံး အန်တီ ချက်ကျွေးနိုင်တယ်" ဟု ရှုရှောင်ရှောင်က နူးညံညင်သာစွာ ပြောလာသည်။
 
"သား အရမ်းကြိုက်တဲ့ ငါးချိုချဉ်ဖြစ်အောင် အန်တီ ကြိုးစားပြီးချက်ကျွေးမယ်လေနော်။ သားမေမေ ချက်သလိုတော့ အားလုံးဘယ်တူနိုင်ပါ့မလဲ ? အန်တီချက်တာလည်း အရသာရှိပါတယ်။ တစ်ခါလောက် စမ်းမစားကြည့်ချင်ဘူးလား ? အန်တီတို့ ရေကန်ထဲသွားပြီး ငါးအတူတူသွားဖမ်းကြမယ်လေ။ သားကိုယ် တိုင်ဖမ်းတဲ့ ငါးကမှ ပိုအရသာပိုရှိမှာနော်!"
 
...
 
စုဝေသည် အပြစ်ရှိသည့်မျက်လုံးများဖြင့် သူ(မ)အားစိုက်ကြည့်လိုက်သည်။
"Okay" ထူထူက မျက်ရည်စများကို သုတ်ရင်းပြောလိုက်သည်။
"ဒါပေမယ့် အဲ့ဒါကမကောင်းဘူးဆိုရင် အန်တီ ထွက်သွားရမယ်!"
 
[သနားဖို့ကောင်းတဲ့ရှုရှောင်ရှောင်ကတော့ အလုပ်ကိုကြိုးကြိုးစားစားလုပ်နေတော့တာပဲ]
 
[သူရဲ့အလိုဆန္ဒအတွက်ကြောင့် လူ တစ်ယောက်ကိုလက်ထပ်ဖို့ကြိုးစားခဲ့တာလေ ဒီလို ရှက်စရာအဖြစ် ကနေ ဒါကို သူ ဘယ်လိုကျော်ဖြတ်မလဲ ? ]
 
[သူ့ကိုယ့်သူ မလေးစားတာလား ? ]
 
[စုဝေ ထွက်သွားပြီးနောက်ပိုင်း ဘာတွေဆက်ဖြစ်လာနိုင်မလဲ ? ]
 
[ငါတို့က အခြားလူရဲ့ကံဆိုးမှုတွေမှာ ပျော်မွေ့နေကြတယ်လို့ မထင်မိဘူးလား ? ]
သားဖြစ်သူ ရှုရှောင်ရှောင်ကိုငြင်းပယ်နေခြင်းထပ် ဖန်သားပြင်ပေါ်ရှိမကောင်းသည့်မှတ်ချက်များက စုဝေအားပိုလို့ဝမ်းနည်းစေခဲ့သည်။
 




🥦 Chapter 10 : She Must Be Very Good in A Certain Aspect

 
"ေကာင္းၿပီေလ" ဟု သူ တုံ႕ျပန္လိုက္သည္။ လင္းဝမ္သည္ သူ(မ)၏လက္ အားစိတ္မပါစြာျဖင့္ပြတ္သက္ ေနခဲ့ၿပီး တံခါးေရွ႕ရွိခုံတန္းေသးေသးေလးေပၚတြင္ ထိုင္လ်က္ သူ(မ)၏ လင္ပါသားမ်ားအလုပ္ႀကိဳးစား လုပ္ေနသည္ကိုထိုင္ၾကည့္ေနလိုက္သည္။
 
တိုက္ရိုက္ထုတ္လႊင့္မႈအခန္းမွ ႐ုတ္တရက္တိတ္ဆိတ္သြားၿပီးေနာက္ စခရင္တခုလုံး [?] မ်ားျဖင့္ျပည့္ ႏွက္သြားေတာ့သည္။
[??????]
 
[???]
 
[?]
 
[ခ်မ္းသာတဲ့သူေတြရဲ႕ ကေလးကို သင္ၾကားေပးတဲ့ပုံစံကအေတာ္ေလးကြဲျပားတာပဲ။]
[သူတို႔သားသမီးေတြရဲ႕ ေရွ႕ေရးအတြက္ ထိန္းေက်ာင္းေပးတာလဲ ျဖစ္ေကာင္းျဖစ္နိုင္တာပဲေလ။ အိမ္မွာ ကေလးေတြ စားခ်င္တာေကြၽးၿပီးေသခ်ာဂ႐ုစိုက္ၿပီးေတာ့ သူတို႔ လိုခ်င္တာေရာ လိုအပ္တာေရာအကုန္ ျဖည့္ဆည္းေပးတာ။]
[အစ္မတို႔ေရ၊ ဓားတစ္ေခ်ာင္းေလာက္ေပးၾကပါလား ? ငါ လင္းဝမ္ကို copper wire လုပ္ပစ္ခ်င္လို႔]
 
[သူတို႔ကေလးရဲ႕ထိန္းေက်ာင္းေလ့က်င့္ေပးေနတဲ့ပုံစံကို မိဘေတြကနမူနာယူထားသင့္တယ္။ ဒါက မိသားစုအခ်င္းခ်င္းဆက္ႏြယ္ေနတဲ့ရသစုံရွိုးတစ္ခုဆိုတာ မေမ့ၾကနဲ႕ဦး]
[ကေလးေတြပဲ သင္ယူလိုေနတာမဟုတ္ဘူး။ အိမ္ရွင္မတစ္ေယာက္အေနနဲ႕ေကာ တူညီတဲ့ေလ့လာမႈ လုပ္ဖို႔မလိုအပ္ဖူးလား ? အထူးသျဖင့္ သူ(မ)က အိမ္မွာဘာမွလုပ္စရာမလိုဘူးဆိုရင္ေပါ့]
[ကေလးအေမ အနားမွာမရွိေတာ့တဲ့အခါ သူတို႔အေဖက သားသမီးေတြထပ္ သူတို႔ရဲ႕s*x ကိစၥကိုသာ ေရွ႕တန္းတင္ေနၾကတုန္းပဲ။ ဒီကေလးေလးေတြ အရမ္းသနားဖို႔ေကာင္းတာပဲ။]
[ဒီကိစၥနဲ႕ပတ္သတ္ၿပီး မင္းတို႔ အရမ္းႀကီးစိတ္ပူေနစရာမလိုဘူးလို႔ ငါ ထင္တယ္။ သူတို႔က ဇာတ္ၫႊန္း အတိုင္းသ႐ုပ္ေဆာင္ေနၾကတာေလ၊ အဲ့လိုမွမလုပ္ရင္လည္း ဒီရွိုးကဘယ္လိုလုပ္နာမည္ႀကီးနိုင္မွာလဲ?]
 
[အမွန္ပဲ ! ငါတို႔ လင္းဝမ္ကို ဆူပူႀကိမ္းေမာင္းၿပီးအျပစ္ရွာေလေလ လူေတြက သူ႕ကိုပိုအာ႐ုံစိုက္လာေလ ေလပဲ]
 
ထိုင္ခ်လိဳက္ၿပီးေနာက္ လင္းဝမ္ မွတ္ခ်က္မ်ားကိုၾကည့္ရႈရန္အခ်ိန္ရလာခဲ့သည္။ သူ(မ) ေမွ်ာ္လင့္ထား သလိုပင္ ၾကည့္ရႈသူမ်ား၏ျပစ္တင္ေဝဖန္ေနသည့္ ေကာမန႔္မ်ားကိုဆက္တိုက္ျမင္ေနရသည္။ လူတိုင္း ၏မွတ္ခ်က္တခ်ိဳ႕ထဲ သူ(မ)သည္ 'ရႈေထာင့္တခ်ိဳ႕' တြင္ ယခုထက္ပိုၿပီးေကာင္းမြန္ရမည္ဟုပင္ မွတ္ ခ်က္ေပးေနၾကသည္။
လင္းဝမ္လည္း လက္ရွိျဖစ္ေနသည့္အေျခအေနကို အနည္းငယ္သံသယရွိလာသည္။ လီယန္ခ်န္သည္ ခင္ပြန္းေကာင္းတစ္ေယာက္ျဖစ္ၿပီး ၎၏ဇနီးသည္ကို အလြန္ခ်စ္ခင္ျမတ္နိုးသူျဖစ္သည္။ တျခားမည္ သူတစ္ဦးတစ္ေယာက္ကိုမွ ထပ္မခ်စ္နိုင္လို႔ တစ္ကိုယ္တည္းေနခဲ့ၿပီးမွ ဘာ့ေၾကာင့္ ယခုခႏၶာကိုယ္၏ မူလပိုင္ရွင္ႏွင့္လက္ထပ္ခဲ့ရသနည္း ? အကယ္၍ မူလပိုင္ရွင္သည္ အဆိုပါ 'ရႈေထာင့္'တြင္ေကာင္းမြန္ခဲ့ ပါက၊ ဒီည...."
လင္းဝမ္သည္ ထိုကိစၥေတြကိုေတြးရင္း စိတ္မသက္မသာျဖင့္ လက္သီးကိုက်စ္က်စ္ပါေအာင္ဆုပ္ထား လိုက္သည္။ ဒါေတြကိုသာ သူ(မ)ေစာစီးစြာႀကိဳသိခဲ့လွ်င္ အရာအားလုံးကိုလ်စ္လ်ဴရႈၿပီး မိသားစုႏွင့္ သင့္ ေလ်ာ္ေသာဆက္ဆံေရးရရန္ႀကိဳးစားခဲ့မည္မဟုတ္ေခ်။ ရွက္စရာေကာင္းတဲ့ျဖစ္စဥ္ကို ျဖတ္ေက်ာ္ဖို႔ရာ သူ(မ)စိတ္ပူပန္ေနမိၿပီး သူ႕ဇနီးျဖစ္သူက သူႏွင့္တစ္လခြဲၾကာလက္ထပ္ၿပီးခ်ိန္ထိ အပ်ိဳျဖစ္ေနဆဲဆိုတာ သိလိုက္ရသည္။
'အဲဒါကို သူ ဘယ္လိုသြားၿပီးရွင္းျပရမွာလဲ ? ျပန္ေကာင္းသြားၿပီလို႔ ေျပာလိုက္ရမွာလား ? ဘယ္လိုပဲ ၾကည့္ၾကည့္ ဒါ ဆင္ေျခတစ္ခုလိုမ်ိဳးပဲ !' လင္းဝမ္ အေဝးသို႔သာ ေျပးထြက္သြားလိုက္ခ်င္ေတာ့သည္။
 
လီယန္ခ်န္သည္ ထပ္ကာစိုးရိမ္ေနသည့္ပုံစံျဖစ္ေနေသာ လင္းဝမ္၏မ်က္ႏွာကို တခ်က္လွမ္းၾကည့္လိုက္ ၿပီး သူ(မ)အား ကင္မရာေရွ႕မွ႐ုန္းထြက္လို႔ရေအာင္ဖန္တီးေပးခဲ့သည္။
[မင္းတို႔ သူ ေျပာတာၾကားလိုက္ၾကလား ? လီယန္ခ်န္က လင္းဝမ္ကို အခန္းထဲမွာသြားျပန္အိပ္ခိုင္းေန တယ္!]
 
[လီယန္ခ်န္က ငါတို႔ ႐ႊမ္႐ႊမ္ေလးကိုမ်ား ခ်က္ျပဳတ္ေပးဖို႔အတြက္ေတာင္းဆိုမွာမ်ားလား ? ငါ သူ႕ကို တိုက္ခိုက္ရလိမ့္မယ္! တကယ္လို႔ သူသာ ႐ႊမ္႐ႊမ့္ကိုခ်က္ျပဳတ္ခိုင္းရင္ ငါ ခ်န္ရွင္းကုမၸဏီကေန ဘာမွ မဝယ္ေတာ့ဘူး။ သူ႕တို႔ကို boycott လုပ္ပစ္မယ္]
 
"နာေနလား ? ေဖေဖ ပလာစတာကပ္ေပးမယ္"
 
ထို႔ေနာက္ သူ႕အိတ္ကပ္ထဲမွ ပလာစတာအားထုတ္ယူလိုက္သည္။ မနက္ခင္းတုန္းက စားေသာက္ၿပီး ေနာက္ ေဆးဆိုင္မွ ေဆးပစၥည္းအခ်ိဳ႕ကိုဝယ္လာခဲ့သည္။
လီက်ိဳ႕ခိုင္သည္ လက္ေမာင္းတြင္ သူ႕အေဖကပ္ေပးလိုက္သည့္ ပလာစတာကို ထိၾကည့္လိုက္ၿပီးေနာက္ လီယန္ခ်န္၏လည္ပင္းကို သိုင္းဖက္ထားလိုက္ေတာ့သည္။
 
"ေဖေဖ၊ အနာက ေသြးမထြက္ဘူး၊ ဒါေပမယ့္ နည္းနည္းေတာ့နာေနေသးတယ္။ သားအလုပ္ေတြလဲ အကုန္ၿပီးၿပီဆိုေတာ့ အန္တီနဲ႕အတူ သြားနားလို႔ရမလားဟင္ ? အန္တီကို သားရဲ႕ ပုံျပင္ေတြေျပာျပ ခ်င္တယ္"
လီယန္ခ်န္၏မ်က္လုံးမ်ား အနည္းငယ္ျပဴးက်ယ္သြားသည္။ ေကာင္ေလး၏ ေတာင္းဆိုခ်က္သည္ သူ႕ အား အနည္းငယ္အျပစ္ရွိေနသလိုခံစားရသည္။ လင္းဝမ္သည္ အစီအစဥ္မစတင္မွီ ေနာက္ဆုံးမိနစ္တြင္ အလုပ္ကိစၥျဖင့္အခ်ိန္မွီေရာက္မလာနိုင္သည့္ သူ႕ကိုယ္စား အစားထိုးပါဝင္ရန္လက္ခံခဲ့ျခင္းအတြက္ အံ့ၾသသင့္မိသလို ေက်းဇူးတင္မိသည္။ သို႔ေသာ္ သူ႕သားေတြကို သူ(မ)အားေႏွာင့္ယွက္ခြင့္ေပးလိုက္ ျခင္းကသင့္ေတာ္မည္ဟုမထင္။ လီမိသားစုသည္ သူ(မ)အတြက္ေလွာင္အိမ္မဟုတ္ပဲ လုံၿခဳံသည့္အမိုး အကာတစ္ခုသာျဖစ္ေစရမည္။ သူ(မ)အား ကေလးမ်ားကိုျပဳစုေစာင့္ေရွာက္ရမည္ဆိုသည့္ တာဝန္ ဝတၱရားေအာက္မွာ မထားခ်င္ေပ။
လီယန္ခ်န္သည္ သားျဖစ္သူအား ေဖ်ာင္းဖ်ရန္အေၾကာင္းျပခ်က္ေပးဖို႔စဥ္းစားေနခ်ိန္ လင္းဝမ္ဆီမွ လီက်ိဳ႕ခိုင္၏ေတာင္းဆိုမႈကိုလက္ခံေၾကာင္းေျပာဆိုသည္ကိုၾကားလိုက္ရသည္။ လင္းဝမ္တြင္ သူ႕ကိုယ္ ပိုင္အေၾကာင္းျပခ်က္ႏွင့္ သူ ရွိေနသည္။
 
"အန္တီ၊ အန္တီက အေကာင္းဆုံးပဲ!"
 
လီက်ိဳ႕ခိုင္ ဝမ္းသာအားရလက္ခုပ္တီးလိုက္သည္။ ဒီေကာင္ေလးမွာလည္း သူ႕အစီအစဥ္နဲ႕ သူ ရွိၿပီးသား ပင္။
 
လီယန္ခ်န္ အံ့အားသင့္သြားသည္။ သို႔ေသာ္ သားျဖစ္သူကိုမတားလိုက္မွီမွာပဲ ေကာင္ေလးသည္ လင္းဝမ္၏လက္ကိုကိုင္ကာ အိမ္ထဲသို႔ဝင္သြားခဲ့ၿပီျဖစ္သည္။
 
သို႔ေသာ္ ဝဝကစ္ကစ္ေကာင္ေလးသည္ လမ္း၌ စုေဝႏွင့္ ရႈေရွာင္ေရွာင္တို႔နဲ႕လက္ခ်င္းကိုင္ထားသည္ကို ေတြ႕လိမ့္မည္ဟု မေမွ်ာ္လင့္ခဲ့ေပ။
 
ထူထူသည္ သူတို႔ႏွစ္ဦးလမ္းေလ်ာက္လာတာကိုျမင္လိုက္သည္ႏွင့္ ေျမျပင္ေပၚထိုင္ကာငိုေနခဲ့သည္။
 
"ေဖေဖ၊ သား ဒီမိန္းမကို မုန္းတယ္။ ေမေမ့ကိုပဲ ျပန္လာေစခ်င္တယ္၊ သူက သားေမေမ မဟုတ္ဘူး!"
 
[ခုနကပဲ ဖက္တီးေလးက က်ဲ့က်ဲ့နဲ႕အတူတူေပ်ာ္ပါးေနၾကတာမဟုတ္ဖူးလား ? အခု သူ အိမ္ျပန္ေရာက္ တာနဲ႕ ဘာလို႔ ငိုေနရတာလဲ ? ]
[လီယန္ခ်န္က သူ႕မိန္းမကိုဆုံးရႈံးလိုက္ရလို႔ လင္းဝမ္ကို လက္ထပ္ခဲ့တာေတာ့ ငါ နားလည္နိုင္ပါေသး တယ္။ ဒါေပမယ့္ စုေဝက်ေတာ့ေကာ ရႈေရွာင္ေရွာင္ကိုလက္ထပ္ဖို႔ သူ႕ဇနီးကိုစြန႔္ပစ္လိုက္တာေလ။ အဲ့ဒါေၾကာင့္ ဒီအေျခေနကို ကေလးက ဘယ္လိုမွ လက္မခံနိုင္တာပဲေနမွာ။]
 
[ငါ ဆိုရင္လည္း ငါ့ မိဘနဲ႕ပဲ အတူေနခ်င္တယ္]
[ရႈေရွာင္ေရွာင္ရဲ႕ဘဝက သာယာမေနပါဘူး၊ ဒီေကာင္ဆိုးေလးက လီမိသားစုရဲ႕ကေလးသုံးေယာက္ ထက္ေတာင္ ထိန္းရတာပိုခက္မဲ့ပုံပဲ]
 
[ရႈေရွာင္ေရွာင္ကိုျမင္ရတာ သနားလာၿပီ]
 
"ထူထူ၊ သားရဲ႕Ultraman ကတ္လဲေပးပါ Show မွာ လိမ္လိမ္မာမာေနပါ့မယ္လို႔ ေဖေဖ့ကိုကတိေပးခဲ့ တာ မဟုတ္ဖူးလား ?"
 
စုေဝသည္ လြန္ခဲ့သည့္ရက္အနည္းငယ္ကတည္းက သားျဖစ္သူ၏အျပဳအမူေၾကာင့္ ပင္ပန္းႏြမ္းနယ္ေန ခဲ့သည္။
 
ရႈေရွာင္ေရွာင္ကို သူ အိမ္ေခၚလာတိုင္း ထူထူ စိတ္ဆိုးေနခဲ့သည္။ ကေလးဘဝအတြက္ ေျပာင္းလဲမႈ အသစ္မ်ားႏွင့္လိုက္ေလ်ာညီေထြျဖစ္ေအာင္လုပ္ဖို႔ အခ်ိန္တစ္ခုေတာ့ယူရမည္ဟု သူေတြးထားၿပီးျဖစ္ သျဖင့္ သူ စိတ္ရွည္ရွည္ႏွင့္ေစာင့္ေနေပးခဲ့သည္။
သို႔ေသာ္ ရႈေရွာင္ေရွာင္သည္ ထူထူႏွင့္ သူ႕မိသားစုအေပၚဘယ္ေလာက္ပင္ ေႏြးေႏြးေထြးေထြး ဆက္ဆံ ေပးေနပါေစ ထူထူက သူ(မ)အားအၿမဲတေစလ်စ္လ်ဴရႈထားသည္။ သူ႕ဇနီးေဟာင္းကလည္း ထိုကိစၥႏွင့္ ပတ္သတ္ၿပီးသံသယျဖစ္ေနျပန္သည္။ သူတို႔၏ ကြာရွင္းမႈသည္ ေအးေအးေဆးေဆးႏွင့္ၿပီးဆုံးသြားခဲ့ ျခင္းမဟုတ္ေပ။
 
"ဒီမိန္းမကို သား မလိုခ်င္ဘူး၊ ေမ့ေမ့ကိုပဲ ျပန္ေခၚေပး၊ သူ လုပ္ထားတဲ့ အစားအစာေတြကလည္း ဘာတစ္ခုမွ အရသာမရွိဘူး ၿပီးေတာ့ ေဖေဖ့ကို သားဆီကေနအေဝးကိုေရာက္ေအာင္ လုယူေနတာ"
ထူထူ ေျပာရင္းရွိုက္ကာငိုေနခဲ့သည္။
 
"အဲ့ဒါ မမွန္ဘူး! ဒီေန႕ ေဖေဖ သားအတြက္ခ်က္ျပဳတ္ေပးမယ္ ဟုတ္ၿပီလား ? သား ဘာစားခ်င္လဲ ?"
စုေဝ ေမးလိုက္ၿပီးေနာက္ ေခါင္းကိုငုံကာ ထူထူေခါင္းကိုခ်စ္စနိုးျဖင့္ပုတ္လိုက္သည္။
 
"ေမေမ လုပ္ေကြၽးတဲ့ ငါးခ်ိဳခ်ဥ္ပဲစားခ်င္တယ္၊ ေမေမ့ကိုပဲ လိုခ်င္တယ္။ ဒီမိန္းမက သားေမေမ မဟုတ္ဘူး"ဟု ထူထူ ေျပာရင္းငိုေနခဲ့သည္။
 
"ေဖေဖ ေက်းဇူးျပဳၿပီး သူ႕ကို ဒီကေနေမာင္းထုတ္လိုက္ပါ၊ သား သူ႕သားမျဖစ္ခ်င္ဘူး!" ဟု ထူထူ ေအာ္ဟစ္ကာ ဆက္လက္ငိုေႂကြးေနခဲ့သည္။
ၾကည့္ရႈေနၾကသည့္ပရိသတ္မ်ားသည္ ရႈေရွာင္ေရွာင္၏ အရွက္သိကၡာႏွင့္ဝမ္းနည္းမႈမ်ားကို ဖန္သားျပင္ မွတစ္ဆင့္ခံစားေနၾကရသည္။
 
[ထူထူ ၊ ဒီေလာက္လူေပါင္းမ်ားစြာၾကည့္ေနတဲ့  Show ေရွ႕မွာ ဒီအမ်ိဳးသမီးကို လက္မခံဘူးလို႔ေျပာေန တာလား ? ]
[ထူထူတို႔မိသားစု ဒီအစီစဥ္ကေနႏႈတ္ထြက္ေလာက္မယ္လို႔ မင္းတို႔ ထင္ၾကလား ?]
 
[အဲ့ဒါေတာ့ ေျပာရခက္တယ္၊ အခုမွ ႏွစ္ရက္ပဲရွိေသးတာေလ ဒါေပမယ့္ ဒီလိုသာအခ်ိန္တိုင္းျဖစ္ေနရင္ ဘယ္သူမွ သည္းခံနိုင္မွာမဟုတ္ဘူး]
 
[စုေဝက ရႈေရွာင္ေရွာင္ကို ႏွစ္ရက္အတြင္း သူ အလုပ္ကိစၥနဲ႕ခရီးထြက္စရာရွိတယ္လို႔ေျပာေနတာလား ? ရႈေရွာင္ေရွာင္တစ္ေယာက္တည္း အဲ့ကေလးကို ဘယ္လိုထိန္းနိုင္မွာလဲ ?]
 
[ဘုရားေရ၊ အျမစ္ကို အေပၚကိုဆြဲလွန္လိုက္သလိုပဲ]
"ထူထူ သား စားခ်င္တာအားလုံး အန္တီ ခ်က္ေကြၽးနိုင္တယ္" ဟု ရႈေရွာင္ေရွာင္က ႏူးညံညင္သာစြာ ေျပာလာသည္။
 
"သား အရမ္းႀကိဳက္တဲ့ ငါးခ်ိဳခ်ဥ္ျဖစ္ေအာင္ အန္တီ ႀကိဳးစားၿပီးခ်က္ေကြၽးမယ္ေလေနာ္။ သားေမေမ ခ်က္သလိုေတာ့ အားလုံးဘယ္တူနိုင္ပါ့မလဲ ? အန္တီခ်က္တာလည္း အရသာရွိပါတယ္။ တစ္ခါေလာက္ စမ္းမစားၾကည့္ခ်င္ဘူးလား ? အန္တီတို႔ ေရကန္ထဲသြားၿပီး ငါးအတူတူသြားဖမ္းၾကမယ္ေလ။ သားကိုယ္ တိုင္ဖမ္းတဲ့ ငါးကမွ ပိုအရသာပိုရွိမွာေနာ္!"
 
...
 
စုေဝသည္ အျပစ္ရွိသည့္မ်က္လုံးမ်ားျဖင့္ သူ(မ)အားစိုက္ၾကည့္လိုက္သည္။
"Okay" ထူထူက မ်က္ရည္စမ်ားကို သုတ္ရင္းေျပာလိုက္သည္။
"ဒါေပမယ့္ အဲ့ဒါကမေကာင္းဘူးဆိုရင္ အန္တီ ထြက္သြားရမယ္!"
 
[သနားဖို႔ေကာင္းတဲ့ရႈေရွာင္ေရွာင္ကေတာ့ အလုပ္ကိုႀကိဳးႀကိဳးစားစားလုပ္ေနေတာ့တာပဲ]
 
[သူရဲ႕အလိုဆႏၵအတြက္ေၾကာင့္ လူ တစ္ေယာက္ကိုလက္ထပ္ဖို႔ႀကိဳးစားခဲ့တာေလ ဒီလို ရွက္စရာအျဖစ္ ကေန ဒါကို သူ ဘယ္လိုေက်ာ္ျဖတ္မလဲ ? ]
 
[သူ႕ကိုယ့္သူ မေလးစားတာလား ? ]
 
[စုေဝ ထြက္သြားၿပီးေနာက္ပိုင္း ဘာေတြဆက္ျဖစ္လာနိုင္မလဲ ? ]
 
[ငါတို႔က အျခားလူရဲ႕ကံဆိုးမႈေတြမွာ ေပ်ာ္ေမြ႕ေနၾကတယ္လို႔ မထင္မိဘူးလား ? ]
သားျဖစ္သူ ရႈေရွာင္ေရွာင္ကိုျငင္းပယ္ေနျခင္းထပ္ ဖန္သားျပင္ေပၚရွိမေကာင္းသည့္မွတ္ခ်က္မ်ားက စုေဝအားပိုလို႔ဝမ္းနည္းေစခဲ့သည္။
 


Continue Reading

You'll Also Like

2.6M 71K 51
He's obsessed with you, that's what you want right? ⚠️ All these characters are mine and therefore not a fan fiction! These are my original work and...
Isabella By Amber

General Fiction

14.4M 435K 34
When Ashley found out that she was pregnant with twins, she couldn't wait to share the good news with her husband. But when he got home later that ni...
4.9M 225K 147
Psychology, if it's your cup of tea, opens doors to a lot of interesting characteristics and traits that human beings encompass. Reading about it wil...
55.3M 1.8M 66
Henley agrees to pretend to date millionaire Bennett Calloway for a fee, falling in love as she wonders - how is he involved in her brother's false c...