ငါ့အမြှီးကို ဘယ်ကောင်ထိတာလဲကွ...

By Puddin524

21.5K 2.4K 29

This is not my own story. More

Description
Chapter 1 Arc 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Paid Gp
Chapter 7
Chapter 8
Chapter 9 Arc 1 End.
Chapter 10 Arc 2
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 24
Chapter 25 Arc 2 End.
Chapter 26 Arc 3
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43 Arc 3 End.
Chapter 44 Arc 4
Chapter 45

Chapter 23

303 42 1
By Puddin524

🦊Chapter 23
Arc 2 - လူမှားလက်ထပ်မိခြင်း

2.14 - မျက်နှာဖြတ်ရိုက်မှုများ ဖြစ်ပွားဆဲပဲ

ဝမ်ရှို့ယွမ်၏ပို့စ်နှင့်အတူ မူလက တည်ငြိမ်သွားခဲ့သော ဤကိစ္စသည် အင်တာနက်ပေါ်တွင် နောက်တစ်ကြိမ် ပေါက်ကွဲထွက်လာပြန်သည်။

လူတိုင်းသည် သူတို့သူငယ်ချင်းများကိုပင် လာကြည့်ရန် ဖိတ်ခေါ်ခဲ့ပြီး ထိုလူ့အမှိုက်သည် ဘယ်လောက်တောင် အကျည်းတန်ပြီး ရွံရှာဖွယ်ကောင်းလဲ ဆိုသည်ကို မြင်ချင်နေကြသည်။

ရှုယုံယီသည် လူတောထဲတွင် လမ်းလျှောက်မိသည့်အခါတိုင်း မကြာခဏ လက်ညှိုးထိုးခံခဲ့ရသည်။ နောက်ဆုံးတွင် ပိုင်လုဇီနှင့် ရှုချင်တို့နှင့်အတူ ဝမ်မိသားစု၏အိမ်ဟောင်းမှ ထွက်သွားရန်ကလွဲပြီး ရွေးချယ်စရာမရှိတော့ပေ။

မူလက စံအိမ်ကြီးကို ကွာရှင်းပြတ်စဲမှုနှင့်အတူ ဝမ်ရှို့ထင်အား ပေးအပ်ထားသည့် ပိုင်ဆိုင်မှုများထဲမှ တစ်ခုဖြစ်သည်။သို့သော် ဝမ်ရှို့ယွမ်အား အခက်အခဲများဖြစ်စေရန်အတွက် သူတို့သည် ထိုနေရာတွင် ဆက်နေရန်သာ စီစဉ်ခဲ့ကြသည်။

ဤအရာအားလုံးသည် စောဒကတက်ခြင်းမျှသာဖြစ်သည်ဟု သူ ထင်လိုက်ပြီး အမွေကိစ္စနှင့်ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်း ပြောဆိုလာခဲ့သည်။ ထို့ကြောင့် သူသည် ဝမ်ရှို့ယွမ်၏ မိုက်ခရိုဘလော့ဂ်ကို ရဲဝံ့စွာ တုံ့ပြန်ခဲ့ပြီး အင်တာဗျူးသူများကိုလည်း သူ့အား လာရှာနိုင်ကြောင်းပြောခဲ့သည်။ ထို့နောက် ရှယ်ယာအများစုကို ထိုအချိန်က ဝမ်ရှို့ထင်နှင့် ဝမ်ရှို့ယွမ်တို့သည် သူ့ထံ အမှန်တကယ်ရောင်းချခဲ့ကြောင်းကိုလည်း ပြောခဲ့သည်။ သေးတမ်းစာအတုမပါဘဲနှင့်တောင် ဝမ်ရှို့ယွမ်သည် ရှုအုပ်စု၏အကြီးဆုံး ရှယ်ယာရှင်ဖြစ်လာနိုင်မည် မဟုတ်ကြောင်း သက်သေပြနိုင်သည့် အစုရှယ်ယာရှင်များနှင့် ဘုတ်အဖွဲ့ဝင်အများအပြားလည်းရှိသည်။

ရှုအုပ်စု၏ဘုတ်အဖွဲ့ဝင်အနည်းစုသည်လည်း ထိုအင်တာဗျူးတွင် ပေါ်လာပြီး ရှုယုံယီ၏စကားများကို အတည်ပြုပေးခဲ့သည်။

ဝမ်ရှို့ယွမ်သည် သူ့မိဘများသေဆုံးပြီးနောက်တွင် ဝမ်အုပ်စု၏ရှယ်ယာများကို စိတ်အားထက်သန်စွာ ရောင်းချခဲ့ကြောင်း ဖော်ပြခဲ့သည်။ အကယ်၍ ရှုယုံယီကြောင့်သာ မဟုတ်ပါလျှင် ရှုအုပ်စုသည် ၎င်း၏ယခုလက်ရှိအဆင့်သို့ ရောက်ရှိလိမ့်မည်မဟုတ်ကြောင်း၊ ဝမ်ရှို့ယွမ်၏ အခြားသူများ၏အောင်မြင်မှုများကို ခိုးယူလိုသောဆန္ဒသည် မနှစ်မြို့စရာကောင်းကြောင်း၊ ထို့အပြင် သူသည် ငယ်ငယ်ကတည်းက ဂီတကိုသာ အာရုံစိုက်ပြီး ကြီးပြင်းလာခဲ့ခြင်းကြောင့် စီးပွားရေးတွင် အရည်အချင်းမရှိကြောင်း၊ ယခု ရှုအုပ်စုသို့ ပြန်လာခြင်းသည် လုပ်ငန်းကိုသာ ထိခိုက်စေမည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

ဤကိစ္စနှင့်ပတ်သက်သည့် အစီရင်ခံစာကို ထုတ်လွှင့်ပြီးသည်နှင့် အပြင်းအထန် ဆွေးနွေးငြင်းခုံမှုများ ရှိလာခဲ့သည်။ အားလုံးသည် ရွှယ်လင်ဘက်မှနေပြီး အတင်းအဖျင်းများအား ကြည့်ရသည်ကို ပျော်စရာကောင်းသည်ဟုထင်ခဲ့သော်လည်း ကုမ္ပဏီတစ်ခုလည်ပတ်ခြင်းနှင့် ပတ်သက်လာချိန်တွင် လူတော်တော်များများ၏အမြင်များသည် ပြောင်းလဲသွားသည်။

[လေလွင့်နေသော သစ်ရွက်များ: ရိုးရိုးသားသားပြောရရင် မင်းမှာ အရည်အချင်းမရှိရင် မင်းမလုပ်နိုင်တဲ့အရာတစ်ခုကို သိမ်းယူဖို့ မကြိုးစားနဲ့။ မင်းမှာ အရည်အချင်းမရှိဘဲ အကြောင်းပြချက်မရှိ ကုမ္ပဏီကို ဖျက်ဆီးလိုက်ရင် ဘယ်သူကမှ ပျော်မှာမဟုတ်ဘူး။]

[ရဲရင့်သောစကားလုံးများ: အပေါ်ကပို့စ်တင်သူရေ ဘာကိုပြောချင်တာလဲ။ အဲဒါက သူ့ကုမ္ပဏီလေ၊ မင်းက သူတို့ကို ပြန်ယူခွင့်မပေးတာလား။]

[မပြိုလဲသောမင်းမျိုးမင်းနွယ်: အဲဒါကို ပြန်ယူသည်ဖြစ်စေ၊ ပြန်မယူသည်ဖြစ်စေ၊ ဒါမှမဟုတ် အဲဒါကို ဘယ်သူပဲပိုင်ပိုင် ကိစ္စမရှိဘူး။ သူက ကုမ္ပဏီကို ပြန်ယူလိုက်ပေမဲ့ မထိန်းချုပ်နိုင်ရင် ဘာဖြစ်လာမလဲဆိုတာကိုပဲ မေးစရာရှိတယ်။ ဘယ်လောက်ပဲ ဝမ်ရှို့ယွမ်က မှန်ကန်ပါစေ ရှုယုံယီက ရှုအုပ်စုကို နှစ်ပေါင်းများစွာကြာအောင် လည်ပတ်လုပ်ဆောင်နိုင်ခဲ့တယ်။ ဝမ်ရှို့ယွမ် ပြန်လာပြီး ရှုအုပ်စုသာ အမှားလုပ်မိရင် ဝန်ထမ်းအားလုံးက သူနဲ့အတူ ဒုက္ခရောက်ရမှာလား။]

[ငါး: ဒါက သူတို့ကိစ္စပါ။ အဲဒီကုမ္ပဏီက ငါ့ကုမ္ပဏီဖြစ်ခဲ့ရင် ငါသာ ပြန်လာချင်တယ်ဆိုရင် တခြားအချက်တွေ အများကြီး စဉ်းစားဖို့ လိုသေးလို့လား။]

[မသန့်စင်သော ကမ္ဘာကြီး: ဒီအကြောင်းအရာအတွက် ဆွေးနွေးမှုက သေချာပေါက် ပြင်းထန်လာလိမ့်မယ်~]

ကိုးလ်သည်လည်း အင်တာနက်ပေါ်ရှိ မှတ်ချက်များကို လိုက်ကြည့်နေသည်။ သူ အနည်းငယ် မကျေမနပ်ဖြစ်ပြီး၊ ဤလူငယ်သည် စီးပွားရေးတွင် ပါရမီ ရှိ၊ မရှိကို သူတို့နှင့် တိတိကျကျ ငြင်းခုံဆွေးနွေးရန် အကောင့်တစ်ခုကို မှတ်ပုံတင်ချင်သော်လည်း ရွှယ်လင်၏ ငြင်းပယ်ခြင်းကိုခံခဲ့ရသည်။

လူငယ်လေးသည် ရေချိုးပြီးစဖြစ်သောကြောင့်အနည်းငယ် စိုစွတ်နေဆဲဖြစ်သော အနက်ရောင်ဆံပင်များသည် နဖူးပေါ်တွင် ကပ်နေကာ အနည်းငယ် သနားစဖွယ်ဖြစ်နေသည်။ သူက ဆံပင်လေမှုတ်စက်ကို လက်တစ်ဖက်တည်းနှင့် ကိုင်ထားပြီး ကိုးလ်၏လက်ကို ဆုပ်ကိုင်လိုက်သည်။

"အရမ်းကြီး စိတ်ပူမနေနဲ့"

သူ ရယ်လိုက်သည့်အချိန်တွင် ထိုမြေခွေးမျက်လုံး တစ်စုံသည် အနည်းငယ်မှေးသွားပြီး အနက်ရောင်မျက်ဆံများသည် ရယ်မောသံနှင့်အတူ အလွန်တောက်ပလာသည်။ သူက ရယ်မောစရာကိစ္စများကို တွေးနေသည့်ပုံပေါ်နေသည်။

"သူတို့ နောက်ထပ် ဆွေးနွေးကြတဲ့အခါ ပုံမှန်အတိုင်း တစ်ယောက်ယောက်က ထွက်လာပြီး သူတို့ရဲ့မျက်နှာတွေကို ဖြတ်ရိုက်လိမ့်မယ်"

ကိုးလ်သည် H နိုင်ငံ၏အွန်လိုင်းအခြေအနေအကြောင်း များများစားစား မသိပေ။ ယခင်ကလည်း ပြင်းထန်စွာဆဲရေးပြောဆိုထားသည့် စော်ကားမှုများကို မြင်တွေ့ခဲ့ရသော်လည်း ၎င်းကို သူ သဘောမကျပေ။ သို့သော် ရွှယ်လင်က ဤမှတ်ချက်များအား ကြည့်ရခြင်းကို နှစ်သက်သောကြောင့် သူသည် ၎င်းတို့ကို နားလည်ရန် ကြိုးစားရုံသာတတ်နိုင်ခဲ့သည်။

ကံမကောင်းစွာပင် သူ့ရှေ့ရှိလူ၏ စိတ်အခြေအနေနှင့် တွေးခေါ်မှုဖြစ်စဉ်များကိုတော့ ဘယ်သောမခါမှ အမှီလိုက်နိုင်မည် မဟုတ်ပေ။

ရွှယ်လင် iPad ကို ဆတ်ခနဲဆွဲယူလိုက်ပြီး ကိုးလ်၏ရှေ့တွင်ထိုင်ကာ သူ့အား ဆံပင်ခြောက်အောင် မှုတ်ပေးရန် လက်ဟန်ပြလိုက်သည်။

"ကျွန်တော် အခကြေးငွေပေးရတဲ့ လူအုပ်စုကို ရှာထားပြီးပြီ၊ ကျွန်တော် စီးပွားရေးမလုပ်နိုင်ဘူးလို့ ပြောတဲ့သူတွေ မကြာခင်မှာပဲ မျက်နှာဖြတ်ရိုက်ခံရလိမ့်မယ်။ ကျွန်တော်က စန္ဒယားပဲတီးတတ်တဲ့ သခင်လေးတစ်ဦးဖြစ်တယ်လို့ ယူဆထားတဲ့လူတွေ ဘယ်နှစ်ယောက်ရှိလဲဆိုတာ အရင်ဆုံး ကြည့်ကြတာပေါ့"

ကိုးလ်သည် သူ့အား နောက်ကျောပေးထားသည့် ခေါင်း၏အနောက်ပိုင်းသို့ ကြည့်ကာ ရုတ်တရက် ကူကယ်ရာမဲ့သလို ခံစားလာရသည်။

သူသည် ဆံပင်လေမှုတ်စက်ကို ပလပ်ထိုးကာ ဖွင့်လိုက်ပြီး လူငယ်လေး၏စိုစွတ်နေသော ဆံပင်များကို ထိတွေ့ကိုင်တွယ်ရန် လက်ကိုဆန့်ထုတ်လိုက်သည်။ သူသည် အစေခံတစ်ဦးကဲ့သို့ ဆက်ဆံခံရပြီး ရွေးချယ်ခွင့်မရှိသည့်ပုံပေါက်နေသော်လည်း အမှန်တကယ်တွင် သူ့မျက်လုံးများသည် ပျော်ရွှင်မှုများနှင့် ပြည့်နှက်နေသည်။

အခန်းထဲတွင် ဆံပင်လေမှုတ်စက်၏ အသံနှင့် ပြည့်နေသည်။ ရွှယ်လင်သည် မှတ်ချက်ပေးထားသည့် စာမျက်နှာများစွာကိုလှန်ကာ ပို ပိုပြီးများလာသောလူများ အဆဲတိုက်ပွဲတွင် ပါဝင်လာသည်ကို ကြည့်ရှုနေခဲ့သည်။

ပို့စ်တစ်ခုတင်ရန် အကူစနစ်အား ညွှန်ကြားလိုက်ပြီးနောက် သူ့နှုတ်ခမ်းများသည် ကျေနပ်စွာ ကွေးညွတ်သွားကြသည်။

အကူစနစ်လေးသည် သူ၏အဖြူရောင်အမွှေးများကို လှုပ်ရမ်းပြီး တစ်စုံတစ်ခုကို လိုအပ်သည့်အချိန်မှသာ သူ့အား သတိရတတ်သည့် သူ၏ host ကို မထီမဲ့မြင်ပြုထားသည်။ သို့သော်လည်း ထိပ်တန်းပြည်တွင်းစီးပွားရေးဖိုရမ်တွင် ပို့စ်တစ်ခုကိုတင်လိုက်ကာ နာခံမှုရှိစွာဖြင့် ကူညီပေးနေဆဲပင်။

[အလေးအနက် အသေးစိတ် ခွဲခြမ်းစိတ်ဖြာခြင်း: ဝမ်ရှို့ယွမ်က စီးပွားရေးလုပ်ငန်းတစ်ခုကို မဆောင်ရွက်နိုင်ဘူးဆိုတဲ့ မင်းတို့ရဲ့ အခိုင်အမာပြောဆိုမှုတွေအကြောင်း ဆွေးနွေးကြည့်ရအောင်။]

မကြာသေးမီက ဝမ်မိသားစုနှင့် ရှုမိသားစုများအကြောင်း ဆူညံသံများ ထွက်ပေါ်လာပြီး အမျိုးမျိုးသောပို့စ်များသည်လည်း တစ်ခုပြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။ သို့သော်လည်း ဤသည်မှာ ဝမ်ရှို့ယွမ်၏ စီးပွားရေးပါရမီအကြောင်း အာရုံစိုက်လာသည့် ပထမဆုံးပို့စ်ဖြစ်နေဆဲပင်။ အစပိုင်းတွင် အနှောင့်အယှက်ပေးသည့်လူ အနည်းငယ်မျှသာ အရောင်းကြော်ငြာများတင်ရန် ရောက်လာကြသော်လည်း၊ တဖြည်းဖြည်းနှင့် ထိုစကားဝိုင်းတွင် ပါဝင်လာသူများ ပိုမိုများပြားလာခဲ့သည်။ ထိုအချိန်တွင် မူရင်းပို့စ်တင်သူသည် နောက်ထပ်ပို့စ်တစ်ခုကို တင်ကာ တကယ့်တူအစစ်ဖြင့် ရိုက်ချပစ်လိုက်လေသည်။

[ 实锤 'တူအစစ်' - ဒါက အခြားဘန်းစကားတစ်ခုပါ။ လူတွေကို ထိုးနှက်ဖို့ ဖြစ်ရပ်မှန်တွေ၊ အချက်အလက်တွေနဲ့ ဖန်တီးထားတဲ့ 'တူ' ကို အသုံးပြုတယ်လို့ ဆိုလိုတာပါ။]

[ဝမ်ရှို့ယွမ်က စီးပွားရေးလုပ်ငန်းကို မလုပ်နိုင်ဘူးလို့ ဘယ်သူပြောခဲ့လဲတော့ ငါ မသိဘူး၊ ပြီးတော့ ဝမ်ရှို့ယွမ်က ရှုယုံယီထက် ပိုဆိုးတယ်လို့တောင် ပြောခဲ့တယ်။ လူတွေက သူတို့ကိုယ်သူတို့ ရီစရာဖြစ်အောင် သိပ်လုပ်တာပဲ။ အဲဒီဘုတ်အဖွဲ့ဝင်တွေက X မြို့တော်မှာ ခြေကုပ်ယူထားနိုင်ရုံနဲ့ ကမ္ဘာကြီးကို လွှမ်းမိုးဖို့ လုံလောက်တယ်လို့ ထင်နေကြတာလား။]

[ပို့စ်ပိုင်ရှင်ရေ အခြားသူများကို မလှောင်ပြောင်နဲ့ မင်းမှာ ကျိုးကြောင်းဆီလျှော်တဲ့ အချက်အလက်တွေရှိရင် ချပြလိုက်လေ~]

[မူရင်းပို့စ်တင်သူ သူ သိတာတွေ ဝေမျှမှာကို ထိုင်စောင့်နေတယ်၊ ဒါပေမဲ့ ကိုယ့်မျက်နှာကို မတော်တဆ ပြန်မရိုက်မိအောင်လည်း သေချာလုပ်အုံးနော်။]

[ဝမ်ရှို့ယွမ် စီးပွားရေးမလုပ်နိုင်ဘူးလို့ပြောနေတဲ့သူတွေက ဒီလွန်ခဲ့တဲ့နှစ်နှစ်အတွင်း M နိုင်ငံရဲ့ စီးပွားရေးနယ်ပယ်ကို အာရုံမစိုက်ခဲ့ကြဘူးနဲ့တူတယ်။

အိုး၊ ငါမေ့သွားတယ်၊ ရှုအုပ်စုကို ထိခိုက်စေတဲ့ ဝမ်ရှို့ယွမ်အကြောင်း ပို့စ်တင်ဖို့ အချိန်ရတဲ့သူတွေက M နိုင်ငံရဲ့ စီးပွားရေးနယ်ပယ်က ဘာကြီးလဲဆိုတာတောင် သိကြမှာမဟုတ်ဘူး။

မော့အန်အုပ်စုက လွန်ခဲ့တဲ့နှစ်နှစ်အတွင်း M နိုင်ငံရဲ့စီးပွားရေး နယ်ပယ်မှာ ရုတ်တရက် တိုးတက်လာခဲ့တဲ့ ကုမ္ပဏီတစ်ခုပဲ၊ နောက်ပြီး အဲဒီကုမ္ပဏီရဲ့ဥက္ကဌက စီးပွားရေးပါရမီရှင်တစ်ဦးလို့ M နိုင်ငံရဲ့ အရေးပါပြီး ဩဇာကြီးမားတဲ့သူတွေကတောင် ချီးကျူးဂုဏ်ပြုခံရသူတစ်ဦးဖြစ်တယ်။ လွန်ခဲ့တဲ့တစ်နှစ် အဲဒီကုမ္ပဏီက M နိုင်ငံရဲ့စတော့ဈေးကွက်မှာ စာရင်းဝင်ခဲ့ပြီး ကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှုတွေရခဲ့တယ်။ အခုဆို သူ့ရဲ့ထုတ်ကုန်ပစ္စည်းတွေကို ကမ္ဘာတစ်ဝှမ်းလုံးသို့ ဖြန့်ချီနေပေမဲ့ အဲဒါတွေကို ဝယ်ယူဖို့ မင်းတို့ မတတ်နိုင်ကြဘူး~

အများကြီး ရေးနေစရာမလိုပါဘူး၊ ဒီမှာ ပုံတွေရှိတယ်:

< မော့အန် ကုမ္ပဏီ အဆောက်အဦး >

< ကုမ္ပဏီသတင်းအချက်အလက် >

< စတော့ဈေးကွက်အစီရင်ခံစာ >

< စီးပွားရေးလုပ်ငန်း မဂ္ဂဇင်းအင်တာဗျူး >

< ရုပ်မြင်သံကြားသတင်းဓာတ်ပုံများ >

╮(╯▽╰)╭ ဒီကုမ္ပဏီက ရှုအုပ်စုထက် တိုးတက်လာတာ ပိုမြန်တယ်။ စန္ဒယားပဲ တီးတတ်တယ်လို့ မင်းတို့ပြောနေတဲ့ ဝမ်ရှို့ယွမ်က မော့အန်အုပ်စုကို တစ်ယောက်တည်း ဖန်တီးခဲ့တဲ့ ဒီကုမ္ပဏီရဲ့ ပါရမီရှင်ဥက္ကဌပဲ!

< မော့အန်ကုမ္ပဏီ မှတ်ပုံတင်ခြင်း အချက်အလက် >

< မော့အန် တည်ထောင်သူ အချက်အလက် >

< မော့အန်ကုမ္ပဏီ၏ အစည်းအဝေးခန်းထဲတွင် ကြည့်ကောင်းနေသော ဝမ်ရှို့ယွမ် > ]

[∑(っ°Д°;)っOMG၊ မူရင်းပို့စ်တင်သူက ဧရာမတူကြီးနဲ့ အစချီလိုက်တာပဲ။]

[ငါ မြင်နေရတဲ့အရာတွေကို အမှန်တွေလားဆိုတာ ရှင်းရှင်းလင်းလင်း သေချာစေဖို့ ငါ့မျက်လုံးတွေကို ပွတ်သပ်ပြီး ခဏနေမှ ပြန်လာခဲ့မယ်။ _(_*-﹏-)_]

[ ဘာလိုတောင်လဲ ** !]

[မော့အန်ကုမ္ပဏီကို ကြည့်ပြီး ကိုယ့်ဒူးတွေကိုယ်တောင် တိတ်တိတ်လေး ဖြတ်ပစ်လိုက်တယ်... မင်း ငါ့ဒူးတွေကို မလိုချင်ဘူးလား။ ယူလိုက်ပါ!!]

[ဘုရားရေ၊ ဝမ်ရှို့ယွမ်မှာ မော့အန်ရှိပြီးသားဆိုရင် ရှုအုပ်စုကို ဘာကြောင့် လိုချင်နေရတာလဲ။ ဂီတသင်တန်းကျောင်းပဲ တက်ဖူးတဲ့လူတွေက စီးပွားရေးလုပ်ငန်းတွေကို မလုပ်ဆောင်နိုင်ဘူး ဆိုတဲ့အချက်ကို သုံးပြီး ရှုယုံယီက သူ့ကိုယ်သူ အလွန်အမင်းအထင်ကြီးနေတယ်။ အခုတော့ သူ့မျက်နှာကို တကယ်ဖြတ်ရိုက်ခံနေရပြီ။]

[ဒီလမှာ ဝမ်သခင်ငယ်လေးကြောင့် ငါ့မျက်နှာလည်း ရောင်ရမ်းတဲ့အထိ အရိုက်ခံနေရပြီ။ နောက်တစ်ခါ သူနဲ့ပတ်သက်တဲ့ သတင်းတွေမြင်ရင် ငါ သေချာပေါက်ကို ပါးစပ်ပိတ်ထားမယ်။]

[နံရံအပြင်ဘက်ရှိကမ္ဘာက အရမ်းအံ့ဩစရာကောင်းတာပဲ၊ နောက်ပြီး အတွင်းမှာပိတ်မိနေတဲ့ ငါတို့နိုင်ငံသားတွေက အရမ်းကို အကူအညီကင်းမဲ့နေတာပဲ။]

[အခု ငါ တည်ငြိမ်သွားတော့ ဝမ်သခင်ငယ်လေးက ရှုယုံယီနဲ့ ကစားနေသလို ခံစားရတယ်...]

[ဝမ်သခင်ငယ်လေးရဲ့ နောက်ပြောင်တဲ့အမူအရာကို တိတ်တဆိတ် တွေးကြည့်မိပြီး... ဘုရားသခင်၊ သူ ငါ့ကို ခိုးယူသွားစေချင်တယ်။]

[ ... အပေါ်ကပို့စ်တင်သူရေ၊ မင်း နေရာမှားနေသလားလို့ ... ထွက်သွားပြီး ညာဘက်သို့ ကွေ့လိုက်ပါ။ ** သုခဘုံက မင်းကို ကြိုဆိုပါတယ်။]

ရွှယ်လင်သည် မျက်လုံးများ အပေါ်သို့ ကွေးညွတ်သည်အထိ ပြုံးလိုက်သည်။ ထိုခဥ၌ ကိုးလ်သည် သူ့လက်ထဲရှိ iPad ကို အဝေးသို့ ဆွဲယူကာ ပိတ်လိုက်ပြီး ဆံပင်လေမှုတ်စက်ကို ဘေးသို့ဖယ်လိုက်သည်။ ပြီးနောက် နာရီသို့ ညွှန်ပြကာ "အိပ်ချိန်ရောက်ပြီ"

ရွှယ်လင် အံ့သြသွားပြီး အချိန်ကိုကြည့်လိုက်ချိန်တွင် ညသန်းခေါင်ကျော်နေပြီဖြစ်ကြောင်း သိလိုက်ရသည်။

လွန်ခဲ့သည့်နှစ်နှစ်ကျော်က သူသည် အလုပ်မှလွဲ၍ အခြားမည်သည်မျှ မလုပ်ခဲ့သော်လည်း မကြာခဏ အိပ်ရာဝင် နောက်ကျတတ်သည်။ သို့သော် ထိုအလေ့အထကို ဤရက်ပိုင်းအတွင်း ကိုးလ်သည် အတင်းအကြပ် တားမြစ်ခဲ့သည်။ အိပ်ချိန်ရောက်သည်နှင့် တစ်ပြိုင်နက် တစ်ဖက်လူသည် သူ့ကို အိပ်ရာဝင်ခိုင်းပေလိမ့်မည်။ သူ နားမထောင်လျှင် ထိုရွှေရောင်မျက်လုံးတစ်စုံသည် သူ့နောက်သို့ မရပ်မနား လိုက်ကြည့်နေပေလိမ့်မည်။

ထို့ကြောင့် ရွှယ်လင် နာနာခံခံ အိပ်ယာဝင်ရန်ကိုသာ ရွေးချယ်နိုင်ခဲ့သည်။

အချိန်နောက်ကျနေပြီဖြစ်သောကြောင့် ရွှယ်လင်သည် သူ့အား အချိန်ပိုကြာအောင် ကစားခွင့်မပေးတော့ဘဲ တစ်ဖက်လူနှင့် ငြင်းခုံရန် မကြိုးစားတော့ပေ။

၎င်းသည် 'iPad ကိုလုပါ' ဟူသောဂိမ်းတစ်ခုကို သူနှင့်အပြိုင်အဆိုင်ကစားရန် အဆင်သင့်ဖြစ်နေသော မစ္စတာကိုးလ်အား အနည်းငယ်အံ့ဩသွားစေပြီး နောင်တရသွားစေခဲ့သည်။

သို့သော် ရွှယ်လင် ထိုကဲ့သို့နာခံမှုရှိတာလည်း ကောင်းပေသည်။ တစ်ညလုံး မအိပ်ဘဲနေခြင်းသည် သူ့ကျန်းမာရေးအတွက် မကောင်းပေ။

ကိုးလ်သည် လူငယ်တစ်ယောက်နှင့် လုံးဝ မတူဘူးဟု ရွှယ်လင် သူ့စိတ်ထဲတွင် မကျေမနပ်ပြောဆိုကာ တစ်ဖက်လူအား ကောင်းသောညပါဟုပြောပြီး သူ့အခန်းထဲသို့ ၀င်သွားလိုက်လေသည်။

🦊

ရှုယုံယီ နိုးလာသည့်အချိန်တွင် ဒီလိုသတင်းများ တွေ့ရလိမ့်မည်ဟု မမျှော်လင့်ထားပေ။

သူ့လက်ထဲရှိသတင်းစာသည် စားပွဲပေါ်သို့ ပြုတ်ကျသွားပြီး ထိုနေရာမှာပင် မှင်သက်စွာ ရပ်နေခြင်းကြောင့် ကိစ္စများမှားယွင်းနေကြောင်း ပိုင်လုဇီ သိလိုက်ရသည်။

ပိုင်လုဇီ သတင်းစာကို ကောက်ကိုင်လိုက်သည်။ တစ်ချက်ကြည့်လိုက်ပြီးနောက် သူမသည် ၎င်းကို ဘောလုံးတစ်လုံးကဲ့သို့ လုံးချေလိုက်ပြီး အနီးနားရှိ အမှိုက်ပုံးထဲသို့ လွှင့်ပစ်လိုက်၏။

ရှုချင်သည် သူတို့အနားတွင်ရှိပြီး စကားမပီတပီဖြင့် ပြောဆိုနေပြီး ပိုင်လုဇီ သူ့ကိုလှုပ်နှိုးလာသည်အထိ ရှုယုံယီသည် မှင်သက်စွာ ရပ်နေခဲ့သည်။

"သူက ကျွန်မတို့ကို လက်စားချေဖို့ ပြန်လာတာ" သူမ အံကြိတ်ကာ ပြောလိုက်သည်။

"သူ့အစ်မ ကွာရှင်းနိုင်အောင် ကူညီပေးချင်လို့ ပြန်လာတယ်လို့ ထင်ခဲ့ပေမယ့် အခုချိန်မှာ ကျွန်မတို့ အဆုံးသတ်ကောင်းမှာ မဟုတ်ဘူးဆိုတာ သေချာသွားပြီ။ ပြီးတော့ သူက တစ်လှမ်းပြီးတစ်လှမ်း လှမ်ပြီး ကျွန်မတို့ကို တဖြည်းဖြည်းချင်း သတ်ပစ်ဖို့ ကြံစည်နေတယ်"

ရှုယုံယီ၏လက်များသည် တုန်ခါနေပြီး သူ့စိတ်သည် ရှုပ်ထွေးနေသည်။

သူ လုံးဝ ရှုံးသွားခဲ့ပြီ။

မော့အန်သည် သမိုင်းကာလအရ ကြာမြင့်သော နိုင်ငံပေါင်းစုံရှိကုမ္ပဏီများနှင့် မယှဉ်နိုင်ပေ၊ သို့သော် ရှုအုပ်စုသည်လည်း ထိုကုမ္ပဏီ၏ ကျောထောက်နောက်ခံနှင့် အရင်းအမြစ်များကို လုံးဝ ယှဉ်နိုင်စွမ်းမရှိပေ။ ရှုယုံယီသည် ထိုနေ့က ဝမ်ရှို့ယွမ်နှင့်အတူ လိုက်ပါလာသော အမျိုးသားကို ရုတ်တရက် သတိရသွားသည်။ ထိုအချိန်က သူသည် အာရုံမစိုက်မိသော်လည်း ပြန်စဥ်းစားကြည့်လျှင် ထိုလူသည် ဝမ်ရှို့ယွမ်၏ လက်အောက်ငယ်သား လုံးဝမဖြစ်နိုင်ပေ...

"ငါတို့ ဘာလုပ်လို့ရမလဲ..."

ဝမ်ရှို့ယွမ်၏ မကြာသေးမီက လုပ်ဆောင်မှုများကြောင့် သူတို့သည် ရှုအုပ်စုကို အတင်းဆုပ်ကိုင်ထားရန် စီမံခဲ့လျှင်တောင် ၎င်းသည် အာလူးပူပူတစ်လုံးကဲ့သို့ ဖြစ်နေလိမ့်မည်။

"အခု... ရွေးစရာ နှစ်ခုပဲ ကျန်တော့တယ်..." သူ တီးတိုးပြောဆိုလိုက်သည်။

ပိုင်လုဇီတွင်လည်း သူနှင့်တူသည့် အကြံအစည်ရှိသော်လည်း သူမ အလွန် တွန့်ဆုတ်နေခဲ့သည်။

"ငါတို့ အခုရောက်နေတဲ့နေရာကို ရောက်ဖို့ ခက်ခက်ခဲခဲ ရုန်းကန်ကြိုးစားခဲ့ရတယ်။ ဝမ်ရှို့ယွမ်ကြောင့် ငါတို့ ကြိုးစားအားထုတ်ခဲ့ရတာတွေ အားလုံးကို တကယ်စွန့်လွှတ်လိုက်ရတော့မှာလား"

ရှုယုံယီ၏အမူအရာသည် တဖြည်းဖြည်း ရူးသွပ်လာပြီး ဒေါသများထွက်ကာ ကြောက်မက်ဖွယ်ကောင်းလာသည်။ ထို့နောက် သူသည် လက်သီးများကို တဖြည်းဖြည်းချင်း ဆုပ်ကာ "ငါတို့ ရှုအုပ်စုကို သူ့လက်ထဲ အပါမခံနိုင်ဘူး၊ ဒါကြောင့် ဝမ်ရှို့ယွမ်ကို မြေမြှုပ်ပေးလိုက်ကြရအောင်..."

ပိုင်လုဇီက သူ့လက်ကို ဆုပ်ကိုင်ထားပြီး သူမမျက်လုံးများသည် အေးစက်နေသည်။

"သူက ကျွန်မတို့ကို အတင်းတွန်းအားပေးနေတာ..."

ရွှယ်လင်သည် လူနှစ်ယောက်ကြားရှိ စကားဝိုင်းတစ်ခုလုံးကို အကူစနစ်မှတစ်ဆင့် ကြည့်ရှုနေခဲ့ပြီးနောက် သူ့မေးစေ့ကို ပွတ်သပ်လိုက်သည်။ ထိုအရာသည် သူတို့အား ဤအဆင့်သို့ ရောက်အောင်တွန်းပို့ပေးရန် လုံလောက်လိမ့်မည်ဟု မျှော်လင့်မထားမိပေ

- သူ့မှာ ကစားဖို့ ကတ်တွေ ကျန်နေသေးတယ်လေ... ဘာလို့ သူတို့က သေဖို့ကို ဘာလို့အရမ်းကြီးစိတ်မရှည်ဖြစ်နေရတာလဲ...

🦊
ရွှယ်လင်တည်းခိုသော ဟိုတယ်ကို လျှို့ဝှက်မထားပေ။ အရင်က သူ ရုပ်သံဌာနမှ အင်တာဗျူးကို ဖြေခဲ့ဖူးပြီးနောက် ဟိုတယ်ဝန်ထမ်းတော်တော်များများသည်ပင် သူ့အား မယုံကြည့်နိုင်သည့် အရိပ်အယောင်များ ပြလာသည်။

တခြားသူများသည် ဟိုတယ်ဝင်ပေါက်တွင် ပုန်းအောင်းကာ သူ့ကို အင်တာဗျူးချင်ကြသော်လည်း ကံဆိုးစွာနှင့်ပင် သူ အပြင်ထွက်သည်မှာ ရှားပေသည်၊ ထို့ကြောင့် သူတို့ အခွင့်အရေးမရနိုင်ခဲ့ကြပေ။

Continue Reading

You'll Also Like

2.9M 54.4K 17
"Stop trying to act like my fiancée because I don't give a damn about you!" His words echoed through the room breaking my remaining hopes - Alizeh (...
317K 4.4K 31
Rajveer is not in love with Prachi and wants to take revenge from her . He knows she is a virgin and is very peculiar that nobody touches her. Prachi...
52.7K 7.3K 28
Eng name - After Retiring From The Entertainment Industry, I Became The Real Young Master Of A Luxurious Family အပြည့်အစုံရေးလို့မရလို့ မြန်မာလိုခေါင...
25.1K 3.9K 19
Both Zawgyi and Unicode. Author : 林盎司 Associated Name : 校草撩且甜 Status in COO : 66 chapters + 4 extras English Translator : @NingNingduck English Trans...