I Fell In Love At First Sight

By KiraCorry135

5.1K 160 0

Unicode ဟေမာ အချစ်ဆိုတာ နှင်းယုနဲ့မတွေ့ခင်ကတည်းက မသိခဲ့ဘူး ဒီလောက်ထိ ပူလောင်ရ နာကျင်ရပေမဲ့ အဲ့ခံစားချက်တွေကိ... More

Chapter 1
Chapter 2
Chapter 3
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25

Chapter 4

233 8 0
By KiraCorry135

ညစာစားပီးတော့ အိပ်ရာစောစောဝင်လိုက်ပြီး မနက်ဖြန်ကျောင်းတက်ရဦးမည်ကိုတွေးရင်း..
.................................……………….................

အိန္ဒြာ side

"ကျစ် စိတ်ညစ်လိုက်တာ ဘာလုပ်လုပ်ကို အဆင်မပြေဘူး" ထမင်းစားရင်း သက်ပြင်းချမိတယ်

"သမီး ဘာဖြစ်လို့လဲ စားလို့မကောင်းဘူးလား"

"မဟုတ်ပါဘူးဒယ်ဒီ သမီး ဒီနေ့ ကျောင်းစတက်လို့ပါ"

"စာတွေကော လိုက်နိုင်လား"

"ဟုတ် လိုက်နိုင်ပါတယ် ဒယ်ဒီ"

"လိုအပ်တာရှိရင် ပြောနော် သမီး"

အိန္ဒြာ mind "သမီးအတွက်က မိသားစုနွေးထွေးတာကို လိုချင်တယ် ဒယ်ဒီ..."

"သမီးပြောပါမယ် ဒယ်ဒီ"

"အေအေ စားပီးနားတော့လေ"

"ဟုတ် ဒယ်ဒီ"

အိပ်ရာပေါ်လှဲ လက်တင်စဉ်းစားမိသည်။

ဒီနေ့ ဟေမာတို့အတန်းထဲမှာ ထိုင်နေတဲ့ မိန်းကလေးက
သိပ်ကို လှတာပဲ .....ရိုးရိုးလေးနဲ့လှနေတဲ့ မိန်းကလေးကို တခါမှမမြင်ဖူးခဲ့။

သူ့ဘဝသက်တမ်းတလျှောက်မှာ မိန်းကလေးတယောက်ကို စွဲစွဲလမ်းလမ်းမတွေးခဲ့....။

ပြောချင်တာက အိန္ဒြာမိန်းကလေးတယောက်ကို စိတ်ဝင်စားဖို့နေနေသာသာ ဂရုတောင်မစိုက်
အိန္ဒြာလို St8 ယောက်က မိန်းကလေးတယောက်အကြောင်းကို စဉ်းစားမနေပါ။

အခုတော့ သူ့အကြောင်းတွေးရင်း မျက်နှာကပြုံးလာပြီ တို့ဘဝကို အပျော်တွေယူဆောင်ပေးတယ်ထင်ပါရဲ့။

သောက်နေကျ စီးကရက်ကို မထုတ်ဖြစ်တော့
ဒီတညတော့ စီးကရက်လေးက အဖော်မဲ့သွားရှာပြီ။

တို့နှစ်သက်ပါတယ်ဆိုတဲ့ စီးကရက်တောင် မသောက်ဖြစ်အောင် မင်းက တို့စိတ်ကို အပိုင် လွှမ်းမိုးနေတာလား။

မင်းနဲ့တွေ့မှ တို့က လိမ္မာချင်သွားတယ်
ကြည့်ရတာ မင်းကို မျက်စိကျနေပီလား မသိတော့ပါဘူး ......။

ကျွန်မ တကယ်လိုချင်တာက နွေးထွေးမှုကိုပါ
ခက်တာက ပစ္စည်းတွေ စည်းစိမ်တွေက အစအစအရာအရာ  အကုန်ပြည့်စုံနေပေမဲ့ "နွေးထွေးမှု"ဆိုတာကို  မခံစားဖူးဘူး။

ငယ်ငယ်ကတည်းက မာမီ့ ဓာတ်ပုံလေးနဲ့ပဲ ဖြတ်သန်းလာရတာ

သူများကလေးတွေလို မပျော်ရွှင်ရဘူး

ကျောင်းမှာပြဿနာဖြစ်လို့

"ငါ့မှာ အမေရှိတယ်"ဆိုတဲ့ စကားနဲ့တင် အရာရာဟာ ဆုံးရှုံးသွားသလို.....

မာမီရေ သမီးကို  လောကကြီးအကြောင်း သင်ပေးမယ့်သူ မရှိတော့ဘူးထင်ပါရဲ့.....

ငိုနေမိတယ်......

မေ့နေတာ နက်ဖြန် မာမီနှစ်ပတ်လည်ပဲ မာမီထွက်သွားတာ ၁၇နှစ်တောင်ပြည့်ပီပဲ

မသွားချင်ပဲသွားရတော့မယ်......

အိန္ဒြာဟာ သူ့အမေကို လွမ်းတဲ့စိတ်ဖြင့် အိပ်ပျော်သွားလေသည်။

............…………….......................................

"Morning သမီး"

"Morning ပါ dad"

"ဒယ်ဒီတို့သွားကြရအောင်လေ"

အိန္ဒြာလိုက်ပါလာခဲ့တယ်

ဒယ်ဒီကတော့ ထုံးစံအတိုင်း မာမီကို စကားပြောတယ်လေ တခါတလေငိုပါငိုတယ်

ဒယ်ဒီက မာမီကို အရမ်းချစ်တာ

မာမီ့ကို Uni ကတည်းက ကြိုက်လာတာ
မာမီ့အချစ်ကိုရဖို့ ၆နှစ်လုံးလုံး ဇွဲမလျော့ပဲ လိုက်ခဲ့တာ ဒါတောင် မာမီက မူနေတာပေါ့။

နောက်ဆုံးတော့

မာမီ့အချစ်တွေကို ဒယ်ဒီရသွားခဲ့တယ်
ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းခဲ့တယ် ကျွန်မကို မမွေးခင်ကပေါ့.....

ကျွန်မကို မွေးဖို့ ရက်အနည်းငယ်မှာ မာမီ့ခန္ဓာကိုယ်လေးက အားနည်းနေခဲ့တယ်

အဲ့အချိန်မှာ မာမီက

"ကျွန်မ ကလေးကို ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် မွေးပေးမယ်"ဆိုပီး မျက်နှာဖြူဖတ်ဖြူလျော့ ပြောလာတော့

ဒယ်ဒီမျက်ရည်ကျနေခဲ့တယ်.....

"အူဝဲ.......အူဝဲ"

"ဂုဏ်ယူပါတယ် အမ သမီးလေးမွေးပါတယ်ရှင်"

ကျွန်မကိုလည်းမွေးလာရော မာမီကဒယ်ဒီကိုတခွန်းပြောလိုက်တယ်

"ကျွန်မ သမီးလေးကို အမြဲစောင့်ရှောက်ပေးပါ"

အဲ့အချိန်မှာပဲ မာမီက.....ကျွန်မတို့နဲ့ ဝေးရာကို ထွက်သွားခဲ့တယ်

ဒယ်ဒီက ယူကြုံးမရငိုတယ် သူချစ်ခဲ့တဲ့ အမျိုးသမီးလေးက သူ့အသက်တောင်စွန့်ပြီး မွေးဖွားပေးခဲ့တာ

"စိတ်ချပါ ကိုယ်တို့ရဲ့ သမီးလေးကို စောင့်ရှောက်ပါမယ်"

အိန္ဒြာ လောကကြီးအကြောင်း သိခါစ ဒယ်ဒီက ပြောထားတယ် မာမီနဲ့တွေ့ခါစတွေကောရောပေါ့

အစက အိန္ဒြာကိုယ့်ကိုကိုယ် မုန်းမိတယ် အိန္ဒြာသာ မမွေးလာရင် မာမိလည်း ဒီလိုဖြစ်မှာ မဟုတ်ဘူး မာမီကပြောတယ် "လောကကြီးအကြောင်းမသိသေးပဲ ကိုယ့်ကိုကိုယ် အရှုံးပေးတဲ့သူတွေက တကယ့်အရှုံးသမား"ဆိုပြီး အိန္ဒြာစိတ်ဓာတ်ကျတိုင်း ဒယ်ဒီက ထိုသို့ပြောလေ့ရှိတယ်။

အိန္ဒြာက သူရဲ့ အတွေးတွေကို ဖျောက်ပြီး ကားပေါ်မှထိုင်နေလိုက်သည်။

အချိန်အတော်ကြာမှ အိန္ဒြာ ဒယ်ဒီက ပြန်လာပြီး ထိုနေရာမှ ထွက်လာခဲ့သည်။

.................…...........................................

အိန္ဒြာဟာ အိမ်သို့ပြန်ရောက်ပြီး ဖုန်းသုံးတယ်
သူဖုန်းသုံးနေတဲ့အချိန်မှာပဲ မနေ့ကမှ ချစ်ဖို့ကောင်းတယ်ဆိုတဲ့ ကောင်မလေး acc ပေါ်လာခဲ့သည်။

အိန္ဒြာ နှုတ်ခမ်းလေးက တွန့်ကွေးသွားပြီး သူ့ wall ထဲကို ဝင်ကြည့်သည်။

"သူ့ပုံလေးတွေက ချစ်စရာလေးပါလား"

ရှာနေရင်း သူက Guitar နဲ့ပတ်သတ်တဲ့ post တွေ Share ထားများတွေ့သည်။

ကြည့်ရတာ ဂီတာကို သဘောကျတဲ့သူထင်တယ်ဆိုပြီး အိန္ဒြာမှ ကောက်ချက်ချလိုက်သည်။

သူ့ကိုကြည့်ပြီး အလိုလိုပြုံးလာတဲ့ ကိုယ့်မျက်နှာကိုလည်း သတိထားနေရသလို...

ငါ ပြုံးလိုက်တာလား

အတွေးတွေကို ဖျောက်လိုက်သည်။

ဒီပုံစံအတိုင်းသာဆို ငါ မလွယ်တော့ဘူးပဲ ဆိုပြီး
အိပ်ရာစောစောဝင်ခဲ့သည်။
(နက်ဖြန်ကို မြန်မြန်ရောက်ချင်လို့ထင်တယ် သိနေတယ်နော်)

…....….......................................................

"သမီးရေ"

"ရှင် မေမေ"

"စာလုပ်နေတာလား"

"ဟုတ်တယ် မေမေ စာလုပ်နေတာ ဘာခိုင်းမို့လဲဟင်"

"သမီးရယ် စာကို အချိန်ပြည့်လုပ်နေရင် ခေါင်းထဲကော ရောက်ပါ့မလား"

"ရောက်ပါတယ် မေမေ"

"ကိုယ့်အမေက ဆရာမဆိုပေမဲ့ ပေါ့ပေါ့မနေတာကောင်းပါတယ်"

"ဟီးဟီး"

"ကဲ ထမင်းစားဖို့ လာခေါ်တာ"

"ဟုတ်မေမေ သမီးခနနေ လာခဲ့မယ်နော်"

"အေးပါကွယ်"

နှင်းယုလည်း သူမရဲ့ စာရေးခုံပေါ်က ပစ္စည်းလေးတွေကို သိမ်းလိုက်တယ်

ထို့နောက် ထမင်းဝိုင်းက နှင်းယုတယောက်ပဲကျန်တော့သဖြင့် နှင်းယု မြန်မြန်ပဲ ဝင်ထိုင်လိုက်တယ်

"ကဲ မေကြီး သမီးလေး စာကြိုးစားလား"

"အမယ်လေး ကျုပ်မှာဖြင့် သူခေါင်းထဲမဝင်မှာတောင် ပြောရတယ် ထိုင်ရာကနေ မထလို့"

"မေမေကတော့လေ နှင်းယုကိုဆို မြှောက်ပြီ"

Continue Reading

You'll Also Like

10.3M 268K 45
Dulce Gavin, a 17 years old girl who doesn't like to watch TV accidentally met and helped a drop dead gorgeous teenager named Glace. They hit it off...
612K 32.9K 44
တီချယ်ကလေ သမီးသိပ်ကိုမြတ်နိုးရတဲ့ပန်လေးတစ်ပွင့်ဖြစ်တာမလို့သမီးကြောင့်ညှိုးနွမ်းသွားမှာစိုးမိတယ်။ 🌼ပန်းမြင့်မိုရ်🌼 Start Date - 17:12:2021 End...