I Fell In Love At First Sight

By KiraCorry135

1.3K 74 0

Unicode ဟေမာ နည်းပညာကျောင်းတက်နေတဲ့ ကျောင်းသူပါ အချစ်ဆိုတာ နှင်းယုနဲ့မတွေ့ခင်ကတည်းက မသိခဲ့ဘူး ဒီလောက်... More

Chapter 1
Chapter 2
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22

Chapter 3

84 4 0
By KiraCorry135

အဲ့အချိန်မှာပဲ
BMW အနီရောင်လေးက ရောက်လာတယ်

(ဒီလိုကားလေးပေါ့နော် မြင်လွယ်အောင်ပြထားတာပါ)

ထုံးစံအတိုင်းပဲ ဘယ်သူလဲတော့ပြောမနေတော့ပါဘူး။ဘယ်သူရှိမလဲ  သူပဲပေါ့ ရွှေအိန္ဒြာ....။

ရုပ်ချောပီး အဆင့်အတန်းရှိတဲ့ မိန်းကလေး ပထမနှစ်ကော ဒုတိယနှစ်ကော  Queen ပေါ့ ဒါပေမဲ့ သူ့မှာ အကျင့်ဆိုးတခုတော့ရှိတယ်

တခုခုကို မျက်စိကျသွားရင် လိုချင်တာကို ရအောင်ယူတက်တဲ့ သူ

ရုပ်ချောတာနဲ့မလိုက်အောင်လို့ကို ယဉ်ကျေးမှုဆိုတာမရှိ။သူ့မှာ သင်ပြပေးမယ့် အမေမရှိတော့ပါ ဒါကြောင့် ယဉ်ကျေးမှုဆိုတာ သူနဲ့မအက်စပ်တဲ့အရာလို့ ခံယူထားတဲ့သူ။

သူမ၏ဖခင်  Cj စီးပွားရေးလုပ်ငန်းပိုင်ရှင်ကြီး။Cj လုပ်ငန်းစုသည် အပြိုင်အဆိုင်လည်းများသလို မျက်စိကျဖွယ်လည်းဖြစ်သည်။နေ့ရောညပါ အလုပ်လုပ်သဖြင့် သမီးဖြစ်သူကို မကြည့်နိုင်ရှာ။

"ဟိတ်ဟျောင်ရေ ဟိုမှာ ငါ့ Queen လေးကြွလာပီကွ"

"ဘာကိုငါ့ Queen လဲ ဟိတ်ဟျောင် အဲ့တာ ငါ့နတ်သမီးလေးကွ"

ဆိုပီး အခြေအတင်များခါနီး ထိုကျောင်းသားအုပ်စုကို စိတ်ပျက်စွာ မျက်စောင်းထိုး ကြည့်လိုက်တဲ့ အိန္ဒြာ။

ထိုအခါမှ ကျောင်းသားတွေလည်း လန့်ပီး ကြက်ပျောက်ငှက်ပျောက်ဖြစ်သွားတော့တယ်
"ကျစ် အာရုံတွေပဲ"
ဆိုပီး ကျွန်မတို့အုပ်စုဘက်ဆီ လျှောက်လာပါတယ်

တလောကလုံးက သူ့လုပ်စာထိုင်စားနေရတဲ့ မျက်နှာနဲ့ ကျွန်မကိုကြည့်လာပီး
"မတွေ့ရတာတောင်ကြာပီနော် ဟေမာ"ဆိုပီး မဲ့ပြုံးဖြင့် အသက်မပါသော စကားဆိုလာတယ်

"ဟုတ်ပါ့ မတွေ့ရတာ‌ကြာတော့ မတွေ့ချင်တော့ဘူးကွယ်"
ဆိုပီး ပြန်ချေလာတာ သူမျက်နှာ လျှပ်ခနဲ ပျက်ယွင်းသွားတယ်
ဒါပေမဲ့ သူမြန်မြန်ပဲ ရုပ်တည်လိုက်ပီး မဲ့ပြုံးနဲ့ ကျွန်မတို့ကို ကျောခိုင်းပီး ထွက်သွားတယ်။

"ဟူးးးး ဟေမာရယ် အခုမှ ကျောင်းစတက်တာ Day 1 ပဲရှိသေးတယ် ရန်မစကြပါနဲ့"

"ဟာာ မြင့်မိုရ် နင်လည်းမြင်သားနဲ့ သူက သပ်သပ်မဲ့ ရန်လာစတဲ့သဘောကြီးလေ"

"မဟုတ်ဘူးလား"ဆိုပီး မေးငေါ့ပီး လဝန်းနဲ့ သွန်းတို့ကိုစစ်ကူတောင်းတယ်

လဝန်းကတော့

"ဟုတ်တယ်လေ ဒါပေမဲ့ ပြဿနာမဖြစ်တာ အကောင်းဆုံးပါဟာ"

သွန်းကဗျာကတော့ ခေါင်းယမ်းပီး စုတ်တချက်ထိုးလိုက်တယ်

"ဟဲ့ အချိန်ကိုလည်းကြည့်ဦး ကျောင်းပြန်တက်တော့မယ်" မြင့်မိုရ် ကပြောတော့

"ဟိုလေ ငါတို့ဒီနေ့က ပထမဆုံးနေ့ဆိုတော့
လျှောက်လည်ရင်ကောင်းမလားလို့" မျက်နှာချိုသွေးပီး မေးလိုက်တာ

"ဘာ!"

"အမယ်လေး လန့်လိုက်တာ သွန်းရယ်"

"အခုမှ ကျောင်းစတက်တဲ့ရက်ကို အခုကတည်းက ပြေးချင်နေပီပေါ့"

"မဟုတ်ပါဘူး ဒီအတိုင်း နင်တို့လည်း ပျင်းနေမလားလို့ပါဟာ နင်ကလည်း"

"မရဘူး လုံးဝမရဘူး စာပဲလုပ်ရမယ်"

တကယ်ပါ သွန်းကဗျာက ရွယ်တူပေမဲ့ လပိုင်းကြီးတော့
အမတယောက်လိုပါ  အခုလည်းကြည့် သူထိန်းနေရတာ ဒီသုံးယောက်ကို

"အေ ငါလည်းပျင်းနေတာ ဟဲ့ နင်နဲ့ငါသွားမလား
လဝန်းနဲ့သွန်းကို ထားခဲ့မယ်လေ"

"အေ နင်လည်း ပျင်းနေပီမလား အဲ့တာကြောင့်
ကိုယ့်သူငယ်ချင်းလေး ပျင်းနေမှာစိုးလို့ ပြောနေတာကို အလိုက်ကန်းဆိုးကို မသိဘူး"

"အမယ်လေးဟယ် အဲ့လောက်ထိ သွားချင်နေရင် သွားကြနော် ငါမတားနိုင်တော့ဘူး"

"အဲ့ဆိုသွားပီနော် တာ့တာ"

"အေ ကြွကြွ"

သူတို့နှစ်ယောက်ကို ထားခဲ့ရော ။

လှည်းတန်းသွားပီး မုန့်တွေပတ်စားလာတာ မောလို့မောမှန်းကို မသိ

"ဟဲ့ နင်အိမ်မပြန်နဲ့တော့ ငါ့အိမ်လိုက်ပီး မနက်ကျ တူတူသွားမယ်"

"ဟာာ အေအေ ပီးရော ငါဖုန်းဆက်လိုက်ဦးမယ် အိမ်ကို"

"အေအေ"

..........................................................................

အိမ်ပြန်ရောက်တော့

"အမယ်လေး မောလိုက်တာဟယ်"

"အမယ်လေး အခုမှ မောတာလား"မြင့်မိုရ်ကပြောတော့

"ဟဲ့ ငါက ကားမောင်းရတယ်လေ နင်က အစားပဲ မြိုရတာလေ"

"အေးပါ ဟုတ်ပါပီ လူကို ပြောတော့တာပဲ"

"ငါရေသွားချိုးလိုက်ဦးမယ်"

"အေအေ"

မြင့်မိုရ်လည်း အဝတ်အစား ဗီရိုကိုဖွင့်ပီး သူ့အဝတ်အစားတွေကိုထုတ်လိုက်တယ်
ပြီးတော့ ဖုန်းခနသုံးနေသည်။

"ဟဲ့ရေ ဒီနေ့လယ်က စာတွေ ငါ့ကိုတချက်ပို့ပေးဦးနော် နင်အားရင်" လဝန်းကိုစာရိုက်‌သည်။

ထို့‌နောက် Seen ပြပီး

"အေအေ အားရင်ပို့ပေးလိုက်မယ်နော် အခုတော့ ပြဿနာဖြစ်နေလို့ "

"ဟမ်းး ဘာပြဿနာလဲ ငါတို့သွားပီးမှ ဖြစ်တာလား"

"အေ ဟုတ်တယ် "

"ဘယ်သူလဲပြော ဘယ်ကောင်မလဲ"
(သူငယ်ချင်းတွေကို ထိရင် ဓားကြည့်ဆိုသမျိုး)

"အော် ငါ့ကိုဟာ ရီးစားစကားလာပြောတာ အကိုကြီးတယောက်က"

"အဲ့တာကို သွန်းရှေ့မှာ ပြောခိုင်းတော့ ဟိုက ပေါက်ကွဲတယ်လေ"

"အော်...."

"အေ အဲ့တာနဲ့ အစက စကားပြောနေရင်းနဲ့ သွန်းက တွေ့ရာနဲ့ကောက်ပေါက်လိုက်တာ ဟိုက နဖူးယောင်သွားလို့ အခု ဆေးခန်းလိုက်ပြနေရတယ်"

"‌အဲ့တာနဲ့ သွန်းကော"

"အေ သူကတော့ နှုတ်ခမ်းကြီးဆူပီး ငါ့ကို စကားမပြောပေမဲ့"

"ဟိုအကိုကြီးကို သူ့ကိုယ်စားတောင်းပန်ပါတယ်နော် လို့တောင် သွားမပြောရ"

"အော် သွန်းရယ် ဖြစ်ရတယ် ဟားဟား"

"အေးလို့ အဲ့တာကြောင့် ပြန်မရောက်သေးတာ
အိမ်ကျရင်ပို့ပေးမယ်နော်"

"အေးပါ အဲ့ဆို ဆင်းပီးနော်"

"အေအေ" စာပို့ရင်း ကုတင်ပေါ် ခနလှဲလိုက်သည်။

"ဟဲ့ ရေသွားချိုးတော့"

"အေးပါဟယ်"

"နင့်ကြည့်ရတာ စိတ်မချမ်းသာစရာကြီးဟယ်"

"မဟုတ်ပါဘူးဟာ သွန်းတို့ပြဿနာရှာလာလို့"

"အမ် ပြဿနာ? ဟုတ်လား"

‌"အေဟုတ်တယ်ဟေ့"

ဆိုပီး ‌‌အကုန်ဖြစ်စဥ်တွေကို ဟေမာကိုပြောသည်။

"ဟာာာ သွန်းရာ ငါ့အစားနှစ်ဆလောက် ဆော်ပစ်ရမှာ"

"ဟဲ့ အော် ပြောကာမှ နင်က ပိုဆိုးနေတယ်
ရေချိုးပြီဟာ"

ဆိုပီး မြင့်မိုရ်ရေချိုးခန်းထဲဝင်သွားသည်။

Continue Reading

You'll Also Like

583K 8.9K 86
A text story set place in the golden trio era! You are the it girl of Slytherin, the glue holding your deranged friend group together, the girl no...
18.7K 556 15
"You don't remember what happened yesterday?" "We went on a drink, then I dropped you home" "Before you dropped me home, you don't remember anythin...
15K 817 10
ထွဋ်ဧရာဝတီဆိုတဲ့မိန်းကလေးဟာ ငယ်စဥ်ကတည်းက မိခင်ရဲ့စွန့်ပစ်မှုကို ခံခဲ့ရပါတယ်။ ဖခင်ဖြစ်သူရဲ့အဖေက သူ့ရဲ့တစ်ဦးတည်းသော မြေးလေးကို ထိုအချက်တစ်ခုကြောင့်နဲ့...
2.3K 70 3
ဒါကမင်မင့်သယ်ရင်းအကြောင်းပေါ့ ပါဝင်သူများတယ် ဒေါ်လေပြေကြွေ+ဝတ်ရည်ဟန်