☆
အခန်း 31
"မငိုနဲ့တော့။ မင်းထပ်ငိုရင် ငါ ပါမင်းနဲ့အတူ ငိုမိ တော့မယ် မင်းကြားရဲ့လား"
နင်အာ အံ့ဩသွား၏။
ငါငိုရင် မင်းလည်း ငိုလိမ့်မယ်တဲ့... ရှောင်ပေါ်ဟန် မင်းက ကလေးလား?
နင်အာသည် မျက်ရည်များဝဲကာ ပြုံးလိုက်သည်။
သူ့ရယ်သံကိုကြားတော့ ရှောင်ပေါ်ဟန် သက်ပြင်းတစ်ချက်ချလိုက်သည်။
နင်အာ ၏ အသံသည် အက်ရှနေပြီး ငိုနေသည့် အရိပ်အမြွက် ဖြစ်သော်လည်း သူက
"မင်းငိုတာကို ငါ တစ်ခါမှ မမြင်ဖူးဘူး။ ရှောင်ပေါ်ဟန်၊ မင်းရော ငိုချင်နေတာလား"
ရှောင်ပေါ်ဟန် က အံ့ဩသွားပြီး သူ့ကို ငုံ့ကြည့်လာ၏။
နင်အာ က "ငါငိုရင် မင်းလည်း ငိုမှာဆို။ အခု ငါငိုတော့ မင်းလည်း ငိုသင့်တယ် မလား"
ရှောင်ပေါ်ဟန် က မျက်ရည်တွေကို ညှစ်ထုတ်ဖို့အကြာကြီး ကြိုးစားပေမယ့် မျက်ရည်ကကျမလာ။ သူ့အမူအရာက ထူးဆန်းပြီး ရယ်စရာကောင်းနေ၏။
နင်အာ သည် ယခုအချိန်တွင် တကယ်ကို ကြည်နူးနေမိသည်။
ဘယ်လိုကိစ္စတွေကြုံခဲ့နေပါစေ အခုမပြုံးဘဲမနေနိုင်။
ငိုနေတဲ့ ရှောင်အာ့ ကနူးညံ့ပြီး သနားစရာကောင်းပြီး အထူးဝမ်းနည်းစရာကောင်းတဲ့ပုံပေါက်ပေမယ့် မငိုတဲ့ရှောင်အာ့ ကတော့ အရမ်းချစ်စရာကောင်းလှသည်။နင်အာ မငိုတာက ပိုကောင်းသည်ပင်။ အကယ်၍ ရှောင်အာ့သာ ဆက်ငိုနေမယ်ဆိုရင် သူလည်း တကယ်ငိုမိမှာပဲလေ။
နင်အာ က ရှောင်ပေါ်ဟန် ရဲ့ အိပ်ရာပေါ်မှာ ထိုင်ပြီး
"မားပြောတာ မှန်တယ်၊မင်းကဒီမှာ ကျောင်းမတက်ဘဲနဲ့ နိုင်ငံခြားမှာပဲ ကောလိပ်တက်မယ်လို့ အမြဲတွေးခဲ့တယ်၊ မင်းဒီမှာပဲ ရှိနေလိမ့်မယ်လို့ ငါ မမျှော်လင့်ခဲ့ဘူး။"
ရှောင်ပေါ်ဟန် - "မင်းအမေပြောတာမှန်တယ်"
နင်အာ က "မင်းနဲ့ယှဉ်ဖို့ ငါတကယ်အရည်အချင်းမရှိဘူး၊ မင်းတစ်နေ့လုံးကစားပဲကစားနိုင်ပြီး စာမကျက်ဘူး ဆိုပေမယ့် ငါတော့ ခက်ခက်ခဲခဲ နဲ့ စာကျက်ရမယ်။"
ရှောင်ပေါ်ဟန် က နင်အာ အနားထိုင်ပြီး သူ့ကို ပြင်းပြင်းထန်ထန် စိုက်ကြည့်လာ၏။
"ထပ်ပြောဦးမလား?"
နင်အာ က လည်ပင်းကိုအသာအယာ ညှစ်လိုက်သည်။
နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ခဏအကြာတွင် ကျယ်လောင်စွာ ရယ်မောလိုက်ကြသည်။
ဒါပေမယ့် အရေးကြီးတာတစ်ခုကတော့
“နောက်ဆိုမှာ ငါ့စကားပြေတာကို ခိုးနားထောင်မနေနဲ့။”
ရှောင်ပေါ်ဟန် ကနင်အာ ကို လှည့်ကြည့်လိုက်သည်။
ရှောင်ပေါ်ဟန် မပြောခဲ့သော အချို့သော အရာများ ကို၊ နင်အာ ပင် ခန့်မှန်းနိုင်သည် ။ အဲဒီတုန်းက ရှောင်ပေါ်ဟန် က တံခါးလာခေါက်တာက တိုက်ဆိုင်မှုတစ်ခုကဆိုတာ ဘယ်လို လုပ်ဖြစ်နိုင်မလဲ။ “သင်္ချာ ညံ့တယ်” ဆိုတာလည်း သိသာထင်ရှားတဲ့ ဆင်ခြေပါပဲ။ ထို့ပြင် ရှောင်ပေါ်ဟန် က သင်္ချာဘာသာရပ်မှာ အရမ်းတော်တဲ့အတွက် သူ့ကို အကြံဉာဏ်တောင်းဖို့ ဒီကို လာမှာ မဟုတ်ပါဘူး။
ရှောင်ပေါ်ဟန် က သူ့ကို "ကယ်ဖို့" တံခါးခေါက်ပြီး နှစ်သိမ့်ပေးလာခြင်းသာ။ နင်အာ ဟာ သူရဲ့ နှလုံးသားထဲမှာ ချိုမြိန်နေသလို ခံစားခဲ့ရပေမယ့် သူရဲ့ မျက်နှာကတော့ ရှက်စိတ်နဲ့ ပူနေခဲ့သည်။
ရှောင်ပေါ်ဟန်က သူ့မားက သူ့ကို သွန်သင်ဆုံးမသည်ကို ကြားလိုက်ရ၍ ရှက်နေမိ၏။
ရှောင်ပေါ်ဟန် ကိုယ်တိုင်က နင်အာ ထက် ရုပ်ရည်တွင်လည်း ပိုချောသည်ပင်။
နင်အာ ပြောလိုက်သောအခါ သူနားလည်သွားသည်။ သူက မျက်ခုံးပင့်ကာ ပါးစပ်ထောင့်ကို မြှောက်လိုက်ပြီး "မင်းတို့ စကားပြောတာကို ငါ ဘယ်တုန်းက ခိုးနားထောင်ခဲ့လို့လဲ"
နင်အာ က သူ့ကို အံ့သြစွာ ကြည့်ပြီး " မဟုတ်ဘူးလား"
ရှောင်ပေါ်ဟန် က "ငါ သော့ယူဖို့ အချိန်မရလိုက်ဘူး။ တံခါးဖွင့်လိုက်တော့ မင်းတို့အိမ်ထဲက လှုပ်ရှားသံတွေ ကြားလိုက်ရတယ်။ မင်းအမေက အသံကျယ်ကျယ်နဲ့ ပြောလို့ ငါမကြားချင်တောင် ကြားနေရတာ။ အဲ့တော့ ငါက ပေါ်တင် နားထောင်နေတာမဟုတ်လား။"
နင်အာ: “…”
အခု လေးတင် ဒီလူက အရမ်းကောင်းတယ်လို့ ထင်မိပေမယ့် သူမှားသွားတယ်၊ ဒီလူက အရမ်းကို ဆိုးနေသေးတယ်!
နင်အာ အသိစိတ်ပြန်ဝင်လာတဲ့အခါ သူဟာ ဒီလူရဲ့ရင်ခွင်ထဲမှာ ရှိနေဆဲဆိုတာ သိလိုက်ရ၍ သူ့နားတွေ နီရဲလာပြီး အဲ့လူကို အလျင်အမြန် တွန်းထုတ်လိုက်သည်။
"မင်း... အဒီလိုမျိုး ထူးဆန်းတာတွေ မလုပ်နဲ့"
ရှောင်ပေါ်ဟန် သူ့ကို တွန်းထုတ်ခံလိုက်ရတာနဲ့ အနည်းငယ် အံ့သြသွားပေမယ့် မကြာခင်မှာပဲ သူ ရယ်မောလိုက်သည် ။ သူ့မျက်နှာကို အုပ်လိုက်သည်။
"ဘာက ထူးဆန်းတာလဲ"
"...ငါ အိမ်ပြန်တော့မယ်"
နင်အာက ပြန်မဖြေဘူး။
ရှောင်ပေါ်ဟန် က သူ့လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်ပြီး "ဒီည မင်း ငါ့အိမ်မှာ ဘာလို့ မအိပ်တာလဲ"
နင်အာ က အံ့ဩစွာ မော့ကြည့်လိုက်၏။
ရှောင်ပေါ်ဟန် က " အိမ်စာတွေ အများကြီးရှိသေးလို့ နောက်ကျသွားရင်းနဲ့ မင်းငါ့အိမ်မှာပဲ အိပ်လိုက်ရတယ်လို့မင်းအမေကိုပြောပြလို့ရတယ်။ ဒီနေ့ပြီးသွားရင် မင်းအမေက ဒီလိုကိစ္စတွေကို ဂရုမစိုက်နိုင်တော့မှာ မဟုတ်ဘူး။
"အဲ့ဒီတုန်းကသူငယ်ချင်း ကျောက်ဟိုင်ချန်း က ဆို စာမေးပွဲကျတိုင်း သူ့အတန်းဖော်တွေရဲ့အိမ်မှာ တစ်ညလောက်နေရတယ်။ သူ့မိဘတွေစိတ်ဆိုး ပြေပြီးမှသာ အိမ်ပြန်တာ၊ အမြဲတမ်း အဲ့အတိုင်းပဲ။"
နင်အာက ငယ်စဉ်ကတည်းက အကျင့်စာရိတ္တကောင်းမွန်ပြီး ဥာဏ်ရည်ထက်မြက်သူဖြစ်သည်။ နင်မားမားကို လိမ်ဖို့ ဘယ်တုန်းကမှ မတွေးခဲ့မိပေ။သူ ခေါင်းခါပြီး ငြင်းလိုက်၏
"မဟုတ်ဘူး၊ ငါပြန်သွားပြီး ငါ့အမေနဲ့ ကောင်းကောင်းစကားပြောရဦးမယ်။ ဒီတစ်ခါတော့ ငါ စာမေးပွဲမှာ နည်းနည်း မှားသွားတယ်၊ ဒါပေမယ့် ငါ ကြိုးစားမှာ။ နောက်တစ်ချိန်ကျရင် စာမေးပွဲကို သေချာပေါက်ဖြေတော့မယ်။”
ရှောင်ပေါ်ဟန် မျက်မှောင်ကြုတ်ပြီး နင်အာ ကို စည်းရုံးချင်သော်လည်း သူ နင်အာ ကို ထိန်းထားနိုင်ခြင်းမရှိပေ။
ဒါပေမယ့် နင်အာ အိမ်ကို မြန်မြန်ကြီးမပြန်ခဲ့။
ရှောင်ပေါ်ဟန် က သူ့ကို သင်္ချာမေးခွန်းတွေ မေးချင်တယ် ဟု ပြောလာ၍ သူရောက်ရောက်ပြီးချင်း ထွက်သွားလို့မရချေ။
ဖွားဖွား ရှောင်က တံခါးကို အမြန်ခေါက်လိုက်ပြီး ချိုးမယ့်ရေက ပူနေပြီလို့ပြောပြီး ရှောင်ပေါ်ဟန် ကို မြန်မြန်ရေချိုးခိုင်းလိုက်၏။ ရှောင်ပေါ်ဟန်က ဖွားဖွား ရှောင် အပေါ်တော့ အလွန်ရိုသေသည်ပင် ။သူသည် အခန်းထဲမှ ထွက်သွားပြီး ရေချိုးရန် အဝတ်အစားချွတ်ခဲ့သည်။
သူထွက်သွားသည်နှင့် တပြိုင်နက် နင်အာ သည် စိတ်အေးလက်အေးနှင့် အခန်းကို ဂရုတစိုက်ကြည့်လိုက်သည်။
အရင်တုန်းကတော့ ရှောင်ပေါ်ဟန် ဟာ သူ့အိမ်ကိုပဲအမြဲလာခဲ့ပြီး သူကတော့ ရှောင်ပေါ်ဟန် ရဲ့အခန်းထဲကို သူရောက်ခဲ၏။ သူ ဒီကို အကြိမ်အနည်းငယ် ရောက်ဖူးပေမယ့် အမြဲတမ်း မြန်မြန် ထွက်သွားပြီး ဒီလောက် ဂရုတစိုက် စောင့်ကြည့်ဖို့ အခွင့်အရေး တစ်ခါမှ မကြုံဖူးခဲ့။
ဒီအခန်းက သိမ်မကျယ်ပေ။ သူတို့နေထိုင်တဲ့ တိုက်ခန်းဟာ နှစ်ပေါင်း 20 လောက် သမိုင်းကြောင်းရှိပြီး ဟောင်းနွမ်းနေတဲ့ လူနေရပ်ကွက်တစ်ခုသည ။မိသားစုနှစ်စုရဲ့ အိမ်တွေဟာ 100 စတုရန်းမီတာသာ ကျယ်ဝန်း၏။
ရှောင် မိသားစုက နည်းနည်းပိုကောင်းပါ သေးသည်။ နင်အာ ၏အခန်းသည် သေးငယ်သောအခန်းလေးပင်။သူ ငယ်စဉ်က ထိုနေရာတွင် နေထိုင်ကောင်းသည်ဟု ခံစားခဲ့ရသော်လည်း ယခုအခါ အလွန်သေးငယ်နေပုံရသည်။ နင်မားမားက ယခု နင်အာ ကြီးပြင်းလာသောကြောင့်ကောင်းကောင်း စာကျက်ဖို့ အတွက်အိပ်ခန်းလဲပေးရန် အခွင့်အလမ်းရှာမည်ဟု ပြီးခဲ့သည့်လက ပြောကြားခဲ့သည်။
နင်အာ ရဲ့ အခန်းက ဘယ်လောက်သေးသလဲ။
အလွန်သေးငယ်သောကြောင့် သူ့အိပ်ရာက တစ်မီတာသာကျယ်ဝန်းသည်။
နင်အာက ရှောင်ပေါ်ဟန်၏အခန်းကို ငယ်ငယ်က ရောက်ဖူး သော်လည်း မမှတ်မိတော့။ ယခုအခန်းက အလွန်သန့်ရှင်းနေသည်။ ကုတင်ထက် နက်ပြာရောင် စောင်တစ်ထည်၊ ရိုးရှင်းသော အနက်ရောင်ဗီရိုတစ်ခုနှင့် ကြီးမားသော သစ်လုံးစားပွဲတစ်ခု ပါ၀င်သည်။ထို့ပြင် ကွန်ပျူတာနှင့် တီဗီလည်း ရှိသည်။
ဘတ်စကတ်ဘောအတွက် အထူးပြုလုပ်ထားသော နံရံပေါ်တွင် သံဘောင်တစ်ခုရှိသည်။ စားပွဲပေါ်တွင် စာအုပ်နှစ်အုပ် သို့မဟုတ် သုံးအုပ်သာရှိသည်။ ကျန်အရာများက ဂိမ်းစက်အချို့နှင့် နင်အာ တခါမှမမြင်ဖူးသော ဂိမ်းခွေအချို့ဖြစ်သည်။
တံခါးအပြင်ဘက်တွင် ရေချိုးနေသည့်အသံတချို့ကို ကြားနေရသည်။
နင်အာ အသက်ရှုအောင့်မိလိုက်ပြီး ရှောင်ပေါ်ဟန် ၏ကုတင်ဆီသို့ တိတ်တဆိတ်လျှောက်လာကာ ထိုင်လိုက်သည်။
ဘယ်လောက် သက်တောင့်သက်သာ အိပ်ရာလဲ ။ ဖော့ က အလွန်ပျော့ပျောင်းခြင်းမရှိသော်လည်း အလွန်သက်တောင့်သက်တာရှိလှသည်။
နင်အာ မထိန်းနိုင်ဘဲ လှဲချလိုက်သည်။
ရှောင်ပေါ်ဟန် ၏ ရနံ့သည် နင်အာရဲ့ အာရုံကြောမှ တဆင့် နေရာပေါင်းစုံမှ တိုက်ခိုက် ဝက်ရောက်လာခဲ့သည်။
ထိုလူက သူ့ကို ချုပ်နှောင်ထားသလိုမျိုး ရုတ်တရက် ခံစားလိုက်ရသည်။ အရင်က အဲဒီလူက သူ့ကိုသတိမပေးဘဲ ရုတ်တရက် ပွေ့ဖက်လိုက်သလိုပင်။
ထိုအချိန်က ရှောင်ပေါ်ဟန် ၏ ပွေ့ဖက်မှုသည် အလွန်ပူပြင်းပြီး နင်အာ ၏ နားရွက်များနှင့် မျက်နှာနီမြန်းသွား စေခဲ့သည်။
သူ ဤကုတင်ပေါ်တွင် အိပ်ကာ မျက်လုံးမှိတ်ထားပြီး ရုတ်တရက် ဟိုင်ချန်က ထိုညအားသူ့မျက်စိရှေ့တွင် ပြန်မြင်ယောင်လာပြန်သည်။
နင်အာ ၏လက်များသည် ချက်ချင်းပူလာပြီး ထိုနေ့ညက အဖြစ်အပျက်ကို မတွေးမိ စေရန် သူ့လက်သီးများကျစ်နေ အောင်ဆုတ်ထားရုံမှတပါး မတတ်နိုင်ပေ။
သူက ရှောင်ပေါ်ဟန် အတွက် မလုပ်ခဲ့ဘဲ ရှောင်ပေါ်ဟန် ကလည်း သူ့အတွက် မလုပ်ခဲ့ဘူး။
ဟုတ်တယ် ငါတို့ဘာမှ မလုပ်ခဲ့ဘူး။
သေချာပေါက်ဘာမှ မလုပ်ခဲ့ဘူး။
ထိုအချိန်က သူမျက်လုံးဖွင့်ကြည့်တော့ ရှောင်ပေါ်ဟန် ရဲ့ အရာက အရမ်းကြီးနေတာမို့ သူလက် တစ်ဖက်ထဲနဲ့တောင် မကိုင်နိုင်ဘူး..။ "
"မင်းဘာတွေတွေးနေတာလဲ?"
သံလိုက်ဓာတ်ကဲ့သို့ ဆွဲငင်သောအသံတစ်ခု ရုတ်တရက်ထွက်ပေါ်လာသည်။ နင်အာသည် ထိတ်လန့်တုန်လှုပ်သွားပြီး ထိတ်လန့်တကြား မျက်လုံးဖွင့်လိုက်သည်။
ရှောင်ပေါ်ဟန်က ရေချိုးပြီးသည်နှင့် ရိုးရှင်းသော ညဝတ် အကျီကိုသာ ပြောင်းလဲဝတ်ဆင်ခဲ့သည်။ သူက ကုတင်ဘေးတွင် ရပ်ကာ နင်အာကို ကြည့်လိုက်သည်။ သူ့ဆံပင်မှ ရေစက်များသည် နင်အာ၏ပါးပြင်ပေါ်သို့ စီးကျလာသည်။
နင်အာသည် ခဏတာ အံ့အားသင့်သွားသည်။
ရှောင်ပေါ်ဟန်ထံမှ ရေများကျလာမည်ဟု မမျှော်လင့်ထားပေ။ ရေတစ်စက်သည် နင်းအာ၏ နုနယ်သော အရေပြားပေါ်သို့ ပုလဲလုံး လေးကဲ့သို့ ကျဆင်းသွားပြီး သူ့အသားအရေကို ပိုဖြူလာယောင်ပင် ။ လူငယ်လေး၏ မျက်ဆံများက အနည်းငယ် တုန်လှုပ်သွားကာ တစ်စုံတစ်ခု သဘောပေါက်မိသွားသကဲ့သို့ ထိတ်လန့်တကြားဖြင့် သူ့ကို ကြည့်ကာ သနားစရာကောင်းသော ယုန်ဖြူလေးတစ်ကောင်ကဲ့သို့ ထိတ်လန့်သွားသည်။
ရှောင်ပေါ်ဟန် ရုတ်တရက် သူ့ခန္ဓာကိုယ်ထဲသို့ အပူများ စိမ့်ဝင်လာသည်ကို ခံစားလိုက်ရသည်။
အသက်ပြင်းပြင်းရှူပြီး မကောင်းသော အတွေးများကို မျိုသိပ်ထားလိုက်သည်။ သူက ဆိုးဆိုးရွားရွား ရယ်မောပြီး သူ့ကိုယ်သူ အာရုံပြောင်းလိုက်ကာ မေးခဲ့သည်။
"ရှောင်အာ့၊ မင်းဘာလို့ ငါ့ကုတင်ပေါ် လှဲနေတာလဲ ။မင်းမျက်နှာက အရမ်းနီနေတယ်ဆိုတော့ မင်းဘာတွေ မဟုတ်တာလုပ်ခဲ့သေးလဲ ၊ငါ့ ခန့်မှန်းကြည့်ရအောင်"
နင်အာ က အမြန်ထထိုင်ပြီး မေးလိုက်၏။
"မင်း...မင်းဘယ်လိုရေချိုတာပြီးသွားရတာလဲ။ ရေသံကမရပ်ဘူး။"
ရှောင်ပေါ်ဟန် က "အဘွားရေချိုးနေတာ၊ အဖွားက အရမ်းချွေတာတယ်လေ။ရေကပူနေတုန်းမို့ ငါချိုးပြီးတိုင်းပြီး တစ်ခါတည်းချိုးလိုက်တာ။"
သူက အကြောင်းအရာကို ပြောင်းလဲနိုင်ခဲ့သော်လည်း ရှောင်ပေါ်ဟန် က အကြောင်းအရာကို မပြောင်းစေဘဲ "ရှောင်အာ့၊ ငါ့ကို ပြောပြအုံးလေ၊ မင်းငါ့ကိုမြင်လိုက်တော့ အရမ်းကြောက်သွား ရအောင်အထိ ဘာမဟုတ်တာ လုပ်ခဲ့သေးလဲ"
နင်အာက ပိုရှက်လာသည်။
အဲဒီညက လူနှစ်ယောက် တစ်ယောက်ကို တစ်ယောက် ကူညီပေးနေတဲ့ အကြောင်းေ တွေးနေမိတာကို သူ ဘယ်လိုပြောနိုင်မလဲ၊ ပြီးတော့... သူ ရှောင်ပေါ်ဟန် ရဲ့ ခန္ဓာကိုယ်အောက်ပိုင်းကိုတောင် တွေးနေမိတယ်... ဘာပဲဖြစ်ဖြစ်၊ ...
နင်အာ က ခေါင်းညိမ့်ပြလိုက်ကာ ဘာမှ မပြောခဲ့။
ရှောင်ပေါ်ဟန် က သူ့နှုတ်ခမ်းနီနီ လေးတွေကို ကြည့်ပြီး ရှေ့ကို ဆက်မတက်နိုင်ဘဲ နမ်းချင်ပေမယ့် သူ့ရဲ့ ဒီဆန္ဒကို မျိုသိပ်ထားလိုက်၏။
သူ့လက်များကို ကုတင်ပေါ်မှ ဖြည်းညှင်းစွာတင်ကာ နင်အာနှင့် နီးကပ်လာသည်။
န က နောက်ပြန်ဆုတ်သွား၏။
ရှောင်ပေါ်ဟန်က တစ်ဆင့်ပြီးတစ်ဆင့် ချဉ်းကပ်လာကာ ကုတင်ပေါ်တက်လာပြီး နင်အာရဲ့ကျောမှာ ကုတင် ခေါင်းရင်းနှင့် တင်းတင်းကြပ်ကြပ် ဖိလာသည်။
နင်အာ သူ့ကြောင့် စိတ်ရှုပ်ထွေးနေလေ၏။
သို့သော် ရှောင်ပေါ်ဟန် သည် သူ့ကို လွှတ်ရန် ငြင်းဆန်ဆဲဖြစ်ပြီး သူနဲ့ နီးစပ်ချင် နေသေးသည်။
နင်အာ က "ရှောင်ပေါ်ဟန်..." လို့ တိုးတိုးလေးပြောလိုက်သည်
နင်အာရဲ့ ဝမ်းနည်းတဲ့လေသံနဲ့ အသက်ရှူအောင့်တဲ့အမူအရာကြောင့် ရှောင်ပေါ်ဟန်မာလုနီးပါးဖြစ်သွား၏။
ရှောင်ပေါ်ဟန် မတ်တပ်ထရပ်ပြီး နင်အာကို မကြည့်တော့ဘဲ လှည့်လိုက်သည်။
"ဒီည မင်းတကယ် အိမ်ပြန်မှာလား"
နင်အာ နားမလည်ဘဲ ရှောင်ပေါ်ဟန် ကိုရုတ်တရက် လွှတ်လိုက်သည် ။
ဘာအကြောင်းကြောင့်ပဲ ဖြစ်ဖြစ် ဒါကပဲ အဆင်ပြေသည်ပင်။ သူက အိပ်ရာပေါ်ကနေ အမြန်ထပြီး ဖိနပ်ကို ဝတ်လိုက်၏။
"...ရောက်နေတာတော်တော်ကြာနေပြီ၊ဆိုတော့ငါ အိမ်ပြန်တော့မယ်"
ရှောင်ပေါ်ဟန် က အသက်ပြင်းပြင်းရှူကာ မေ့ပစ်ဖို့ ကြိုးစားရင်း၊ သူ့နောက်ကလူကိုစိတ်ဆိုးသွားလေတော့သည်။ သူ့အသံက ပြင်းထန်နေ၏။ "ဒါဆို ငါမင်းကို လိုက် မပို့တော့ဘူး"
နင်အာ က သူ့ကို ရှုပ်ထွေးကာ ခေါင်းညိတ်ပြပြီး "ကောင်းပြီ"
အမှန်တော့ လိုက်ပို့တယ်လို့ ခေါ်စရာတောင်မလိုပါဘူး။ သူက တံခါးဖွင့်ပြီး နောက်ထပ် နင်မိသားစု တံခါးကိုထပ်ခေါက်ရုံပင်..
သို့သော် ရှောင်ပေါ်ဟန်က လိုက်မပို့တော့ဘူးဟု ရုတ်တရက်ပြောလာခဲ့၍ နင်အာ အနည်းငယ် စိတ်ဓာတ်ကျလာခဲ့၏။ သူက ဖွားဖွား ရှောင်ကို နှုတ်ဆက်ပြီး ရှောင် ရဲ့ အိမ်တံခါးကို ဖွင့်လိုက်သည်။ တံခါးဖွင့်လိုက်တဲ့အချိန်မှာ ရှောင်ပေါ်ဟန် က ရုတ်တရက် အခန်းထဲက အမြန်ထွက်လာကာ သူ့ဆီ အမြန်လျှောက်လာပြီး သူ့ကို လေးလေးနက်နက်ကြည့်လိုက်သည်။
"ငါ မင်းကို ပြန်လိုက်ပို့ပေးမယ်"
နင်အာ က စိတ်ရှုပ်ထွေးစွာ မျက်တောင်ခတ်လိုက်ပြီး " ငါ့ကို လိုက်မပို့ဘူးလို့မင်းပြောထားတာမဟုတ်ဘူးလား။ "
မင်းက အိမ်မှာမအိပ်ဘူး ဆိုတော့ မင်းကို လိုက်မပို့ပေးဘူး ၊အခု ငါ စိတ်ပြေလာလို့ မင်းကို လိုက်ပို့ပေးရမယ် ။
ရှောင်ပေါ်ဟန် က ဒီလိုစကားမျိုးပြောဖို့မဖြစ်နိုင်တာကြောင့် "ငါ အပြင်မှာ ခဏနေမလို့။ မင်းအမေက မင်းကို ထပ်ပြီး ဆူရင် မင်းဒီည ငါ့အိမ်မှာ အိပ်လို့ရပြီ"
နင်အာ: " ..."
"မင်း ငါတို့စကားပြောနေတာကို ခိုးနားထောင်ခွင့် မပေးဘူး!!!"
ကျားတစ်ကောင်က သူ့အစွမ်းကို မပြဘူးဆိုသကဲ့သို့ နင်အာကလည်း ဒေါသမထွက်တတ်တာမဟုတ် ပေ။
ရှောင်ပေါ်ဟန် ကတစ်ကြိမ်ငြင်းခံရတာနဲ့တင် မှတ်ပြီဖြစ်ပြီး ဒုတိယအကြိမ် ဆိုလျှင်တော့ အလွန် ရှက်စရာကောင်းလှသည်။
နင်အာ ရှောင်ပေါ်ဟန်ကို တွန်းထုတ်ကာ သူ့ဘာသာသူ အိမ်ပြန်ခဲ့သည်။ ရှောင်ပေါ်ဟန်၏ အိမ်တံခါးကို အနီးကပ်ကြည့်ကာ တံခါးပိတ်သံကို ကြားမှ စိတ်ချယုံကြည်စွာ နှင့်ဝင်လေ၏။ ဤနည်းအားဖြင့် ရှောင်ပေါ်ဟန် အပြင်ထွက်၍ ခိုးနားထောင်လျှင် ရှောင်ပေါ်ဟန် ၏အိမ်တံခါးဖွင့်သံကို သူကြားနိုင်မည်ဖြစ်သည်။
သို့သော် ယခုတစ်ကြိမ်တွင် နင်အာ တွက်ချက်မှု မှားယွင်း၍ အိမ်ပြန်ရောက်သောအခါ နင်ပါးပါးက အချိန်ပို ဆင်းရာ အလုပ်မှ အိမ်ပြန်ရောက်နေပြီဖြစ်သည်။
နင်မားမားက ဒေါသအရမ်းထွက်နေ ဆဲ ဖြစ်ကာ နင်အာကို "မင်းကြိုးစားပြီး နောက်တစ်ခါ ဒီလို မဖြစ်စေနဲ့။"
နင်အာ က ခဏတာ တုံ့ပြန်မှု မရှိခဲ့။ သိပ်မကြာခင်မှာပဲ သူ စတင် ရှင်းပြခဲ့ပါသည်။ ဒီအချိန်မှာ သူ့မိဘတွေကို ရှင်းရှင်းလင်းလင်း ရှင်းပြဖို့အတွက် အထူးကြပ်မက် တဲ့ အတန်းက ကျောင်းသားတွေအကုန်လုံး ပင် ထိုကဲ့သို့ ဖြစ်ကြောင်းရှင်းပြခဲ့၏။
သူပြောသည်ကိုကြားပြီးနောက် နင်မားမား၏တောင့်တင်းသောခန္ဓာကိုယ်သည် ချက်ချင်းပျော့ပြောင်းသွားသည်။ နင်ပါးပါးကလည်း
"ကြည့်လေ၊ ရှောင်အာ့က အလကားနေရင်း အဆင့်တွေ ကျသွားပါ့မလား ငါပြောခဲ့သားပဲ။ အဲဒါအတွက် အကြောင်းပြချက်တစ်ခုရှိတယ်။"
နင်မားမားက "ဒါပေမယ့် တစ်ဖက်က ရှောင်ဟန် ဆို အဆင့်တစ်ဆယ်နဲ့ စာမေးပွဲကို အောင်သွားတာ"
နင်ပါးပါး - "ပြီးခဲ့တဲ့ အကြိမ်က သူက ပထမလေပဲ"
နင်မားမားက ခင်ပွန်းသည်ကို လျစ်လျူရှုပြီး နင်အာ ကို ဆွဲထုတ်ကာ
"ဘာပဲဖြစ်ဖြစ် မင်းက ကောင်းကောင်းနေရမယ်။ ကိုယ့်ကိုကိုယ်ဂရုစိုက်ပါ မားမားက တစ်ခါနှစ်ခါလုပ်မိတဲ့ အမှားတွေကိုဆို နားလည်ပေးတတ်ပေမယ့် အခု မင်းက အထက်တန်း ဒုတိယနှစ်ရောက်နေပြီ။ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲဖြေဖို့ နှစ်နှစ်ပဲကျန်တော့တယ်။ အချိန်က နီးသွားပြီ။ မင်းမိဘတွေက မင်းရဲ့ကောင်းအကျိုးအတွက်လုပ်နေတာဆိုတော့ မင်းစာကြိုးစားရမယ်။ မင်းနားလည်လား ရှောင်အာ့"
သူ ရေချိုးပြီး ညဘက် အိပ်ရာဝင်ခဲ့၏။
နင်အာမျက်လုံးများဖွင့်ကာ မျက်နှာကျက်ကို စိုက်ကြည့်ပြီး အိပ်မပျော်နိုင်။
မျက်နှာကြက်ပေါ်မှ ရောင်ပြန်ဟပ်နေသော လမ်းမီးများကို ငေးကြည့်ရင်း ညာဘက်လက်ကို မလိုမိလားဘဲ ဆန့်တန်းကာ မျက်လုံးများရှေ့ မြှောက်၍ တိတ်တိတ်လေး ကြည့်နေမိသည်။ မိနစ်အနည်းငယ်ကြာအောင်ကြည့်ပြီးနောက် ရုတ်တရက်နိုးလာပြီး ရှက်ရွံ့စွာဖြင့် လက်ကိုအမြန်ပြန်ရုတ်လိုက်သည်။
"ဟင့်အင်း၊ ငါမမြင်ဘူး ဘာမှမထိဘူး... ဘာမှမဖြစ်ဘူး..."
နင်အာ သူ့ကိုယ်သူ ယုံသွားပြီလို့ ခံစားရသည်အထိ ဂါထာကို ခုနစ်ကြိမ် ရှစ်ခါ ထပ်ခါထပ်ခါ ပြောလိုက်၏။
ထို့နောက်မျက်လုံးမှိတ်ပြီး အိပ်လိုက်တော့သည်။
ငါးမိနစ်လောက်ကြာတော့ မျက်လုံးကို ဖြည်းညှင်းစွာ ပြန်ဖွင့်လိုက်၏။
အဲ့ဒီညက ရှောင်ပေါ်ဟန် ရဲ့ အသွင်အပြင်က သူ့မျက်လုံးရှေ့မှာ ပေါ်လာပြန်သည်။
ရှောင်ပေါ်ဟန် အလွန်ဒေါသထွက်နေခဲ့
မားဆူနေသည်မှာ ရှောင်ပေါ်ဟန် မဟုတ်ဘဲသူဆိုတာ ထင်ရှားလှသည်။
သူလည်း ငါနဲ့ အတူ ငိုချင်နေပြန်တယ်။
သူ... ငါ့ကို ပွေ့ဖက်ထားပြန်တယ်။
နင်အာ သူ၏ ညာလက်ကို တစ်ဖန် မြှောက်လိုက်သည်၊ သူ၏ မျက်နှာသည် နီရဲနေပြီး သူ၏ အောက်မှ စောင်ကို ဆွဲယူရန် အခြားလက်တစ်ဖက်ကို အသုံးပြုကာ ရှက်နေသော မျက်လုံးတစ်စုံကိုသာ ပေါ်လွင်စေခဲ့သည်။
"မင်း ငါ့ကို သဘောကျလား..."
နောက်ရက်အနည်းငယ်ကြာတော့ နင်အာ ဟာ ရှောင်ပေါ်ဟန် နဲ့ နေ့တိုင်း ကျောင်းသွား ဖြစ်သည်။ စာသင်ခန်းကို အနှောင့်အယှက်ဖြစ်စေမည်ကို စိုးရိမ်သော်လည်းနေ့တိုင်း ရှောင်ပေါ်ဟန်ပျင်းနေရင် သူ့ကို စိုက်ကြည့်နေတုန်းပဲ။
နင်အာ က မျက်မှောင်ကြုတ်ပြီး "မင်းဘာကြည့်နေတာလဲ" လို့ မေးလိုက်တဲ့အခါ
ရှောင်ပေါ်ဟန် က သူ့နှုတ်ခမ်းထောင့်တွေကို မြှောက်လိုက်ပြီး ချောမောပြီး ညီညာတဲ့ အပြုံးလေးနဲ့ "မင်းကြည့်ကောင်းလို့"
နင်အာ ရဲ့ မျက်နှာက ချက်ချင်းအနီရောင်ဖြစ်လာသည်ပင် ။ ..
နှစ်လယ်စာမေးပွဲမဖြေမီ နှစ်ပတ်အလို နိုဝင်ဘာလအထိ အရာအားလုံးသည် ပုံမှန်အတိုင်းဖြစ်သည်။
နင်အာ အမှတ်ကောင်းရရန်အတွက်နေ့တိုင်း ကြိုးကြိုးစားစား လေ့လာခဲ့ပြီး စာမေးပွဲအတွက် ပြန်လည်သုံးသပ်ကာ ရှောင်ပေါ်ဟန် ကို အာရုံစိုက်ရန် အချိန်မရှိခဲ့ပေ။
သို့သော် ထိုညက သူအိပ်ရာဝင်ရန် ပြင်ဆင်နေစဉ် သူ့ဖုန်း ရုတ်တရက် မြည်လာ၍ သူဖွင့်ကြည့်လိုက်၏။
【Jiang Chen: Ah ah ah ah ah ah နင်အာ ငါအရမ်းပျော် နေတယ်! အတွင်း ဇာတ်လမ်းကို မင်းသိလား ရှောင်မိန်က က ငါကို ကြိုက်လား မကြိုက်လား ငါလဲ ပြောပြတတ်တော့ဘူး။ ငါ သည်းမခံနိုင်တော့ဘူး! ငါဘာလုပ်သင့်လဲ? ! ! ! 【
စာရေးဆရာမှာ ပြောစရာရှိတယ်
နင်အာ: ကျန်းချန်ရဲ့ စကားတွေငို အရမ်းရင်းနှီး နေတယ်။ ...
Fuwa: ရင်းနှီးနေတာက မင်းနဲ့တူလို့ မဟုတ်လား! ၂၃၃၃၃၃