Change For You( သူ့အတွက်သာလျှ...

By Sue_Hun_Ni

21.2K 1K 46

လူတစ်​ယောက်ကိုတစ်ကယ်ချစ်လာမိရင် အစကတော့ သူ့ကိုပိုင်ဆိုင်ချင်လိုက်မယ် ဒါပေမဲ့တဖြည်းဖြည်းနဲ့သိလာမှာက သူကို ပိုင... More

1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26🔞
27
28
29
30
31
32
34
35
36🔞
37
38
39
40
41
42
43(Final part)
Saying Goodbye

33

291 15 0
By Sue_Hun_Ni

Unicode

မိုးရေစိုစိုနှင့်ပြန်လာကြသည့် နှိုင်းတို့ကိုမြင်လျှင် ဒေါ်မိုး စျေးသွားခိုင်းခဲ့မိသည်ကိုတောင် နောင်တရမိသည်။

"တစ်ကိုယ်လုံးလည်းစိုရွှဲနေကြတာဘဲ...ရေမြန်မြန်ချိုးပြီး ဆံပင်ခြောက်အောင်သုတ်လိုက်ကြ တော်ကြာနေဖျားနေကြမယ် "

"ဟုတ်ကဲ့ မေမေ "

ရေစိုနေတဲ့အဝတ်ကိုချွတ်ဖို့အမေသတိလှမ်းပေးခါမှ နှိုင်းမှာ အဝတ်အစားတွေမရှိမှန်း မိုးသတိထားမိတော့၏။

"နှိုင်း မင်းအဝတ်အစားတွေဘယ်လိုလုပ်မလဲ "

"ဒီအစိုအတိုင်းဘဲနေရတော့မယ်ထင်တယ် "

မိုးရဲ့အဝတ်အစားတွေက နှိုင်းနဲ့မတော်တာခက်သည်။မိုးလည်း ဘာလုပ်ပေးရမလဲမသိ စိတ်ရူပ်နေခိုက် ဒေါ်မိုးက_

"အစိုအတိုင်းနေလို့ဘယ်ဖြစ်မလဲ၊အဝတ်တွေအကုန်လုံးကိုချွတ်ပြီး အခြောက်ခံစက်ထဲထည့်ထားလိုက် အမေ မီးပူလည်းပြန်တိုက်ပေးမယ် "

"အမေ နှိုင်းအဝတ်တွေချွတ်လိုက်တော့ ဘာဝတ်ရတော့မှာလဲ၊မိုးရဲ့ အင်္ကျီတွေကလည်း နှိုင်းနဲ့မတော်နေဘူး "

"အခန်းထဲမှာ စောင်နဲ့ခဏပတ်ပြီးနေလို့ရတယ်လေ...မကြာဘူး ခဏဘဲ၊အစိုအတိုင်းတော့ မနေပါနဲ့"

အမေက အအေးမိမည်စိုး၍ စိတ်ပူသောစိတ်နှင့်ပြောနေခြင်းဖြစ်ပေမဲ့ မိုးကတော့မျက်နှာပူမိပါသည်။

နှိုင်းကလည်း ဒေါ်မိုးကိုစိတ်ချမ်းသာစေချင်တာကြောင့် မငြင်းခဲ့။

"ဒါဆို...အဘိဓာန်မိုး ကျွန်တော့်ကိုကူပါလား၊အဝတ်မရှိဘဲ အမေနဲ့မျက်နှာချင်းဆိုင်လို့မဖြစ်လို့လေ "

မိုး ကိုယ့်ကိုယ်ကိုလက်ညှိုးပြန်ထိုးနေပြီး တကယ်ငါကူညီရမှာလား ဆိုသည့်မျက်နှာထားနှင့်သေချာအောင်မေးနေခဲ့သည်။နှိုင်းကတော့ ခေါင်းညိတ်ပြလျက် ဟုတ်ကြောင်း အတည်ပြုပေး၏။

"မြန်မြန်သွားပြီး အဝတ်သွားလဲကြ...အအေးမိတော့မှာဘဲ "

အပြင်မှာအကြာကြီးရပ်နေကြသည့် မိုးတို့ကို ဒေါ်မိုးက အိပ်ခန်းထဲခေါ်သွင်းပြီး အပြင်မှတံခါးပိတ်ပေးလိုက်၏။အထဲရောက်နေပြီဆိုမှတော့ နောက်လှည့်ဖို့ မတတ်သာတော့တာကြောင့် မိုး နှိုင်းဘက်သို့လှည့်ကြည့်ရင်း ရေအရင်ချိုးဖို့ ပြောမို့ရှိသေး နှိုင်းက အင်္ကျီတွေအကုန် ချွတ်နေပြီဖြစ်သည်။

"နှိ...နှိုင်း မင်းဘာလုပ်တာလဲ "

"အဝတ်ချွတ်နေတာလေ "

"သိတယ်လေ ဘာလို့ ငါ့ရှေ့မှာချွတ်တာလဲလို့ "

"အရမ်းအေးနေပြီ မခံစားနိုင်တော့လို့ "

နှိုင်းကိုကျောပေးထားပေမဲ့လည်း နှိုင်းရဲ့အရိပ်က မိုးအရှေ့မှာလာပေါ်နေတာကြောင့် နှိုင်းပြုသမျှကို မိုးမြင်နေရသည်။မိုးသည် မျက်လုံးကို ချက်ချင်းဘဲ မှိတ်လျက်_

"မြန်မြန်ချွတ်...ပြီးရင် သေချာလုံအောင် ဖုံးထားအုံးနော် "

"ဘာကို ဖုံးထားဖို့ပြောနေတာလဲ အဘိဓာန်မိုး "

"မင်း....မင်း သိပါတယ် "

မပြောချင်ပါဘူးဆိုကာမှ မသိသလိုမေးလာသည့် နှိုင်းကြောင့် မိုးမှာ စကားမပီတော့သည်အထိ ရှက်ရသည်။နှိုင်းကတော့ ရယ်လျက်ရှိနေ၏။

"အဘိဓာန်မိုးကော မချွတ်တော့ဘူးလား "

"မင်းပြီးမှ "

"ကျွန်တော်က ပြီးနေပြီဗျ၊နောက်လေး လှည့်ကြည့်ပါအုံး "

"သေချာလို့လား "

"လှည့်ကြည့်ပါ "

မိုး မဝံ့မရဲနှင့်လှည့်ကြည့်တော့ ကုတင်ပေါ်မှာအဝတ်ဗလာနှင့်ထိုင်နေသည့် နှိုင်းက အောက်ပိုင်းကိုတော့ စောင်နဲ့ပတ်ထားပါသည်။အခုမှ မိုးလည်း သက်ပြင်းချနိုင်၏။

"အဘိဓာန်မိုးလည်းချွတ်တော့လေ...အအေးမိနေမယ် "

နှိုင်းရှေ့မှာ အဝတ်တွေချွတ်ပစ်ရဲလောက်အောင် မိုးမှာသတ္တိမရှိ။ဒါကြောင့် ဗီဒိုထဲ အဝတ်အစားတစ်ချို့ကိုယူပြီး ရေချိုးခန်းမှာလဲဖို့ပြင်ရသည်။

ဒါကိုမြင်တော့ နှိုင်းတစ်ယောက်သိပ်မကျေနပ်ချင်။သူက မိုးရဲ့နောက်ကျောလေးငှေးကြည့်ဖို့ စိတ်ကူးထားသည်ကို။

အဝတ်အစားတွေမရှိတော့တာမို့ နှိုင်းအခန်းထဲက မထွက်ရဘဲရှိတော့သည်။အဝတ်အစားမဝတ်ထားသည့် နှိုင်းအနားကို မိုးကလည်း မလာချင်တာကြောင့် နှိုင်းတစ်ယောက်တည်းပျင်းရပါ၏။အဝတ်အစားမြန်မြန်ခြောက်ဖို့ကိုသာ ဆုတောင်းနေမိပါတော့သည်။

"နှိုင်း....ရော့ မင်းရဲ့အဝတ်စားတွေ "

တံခါးကို ခပ်ဟဟလေးသာဖွင့်ပြီး နှိုင်းရဲ့အဝတ်အစားတွေကိုကမ်းပေးလာတဲ့ မိုးက တစ်ဖက်ကိုလည်း မျက်နှာလွှဲထားသည်။အပြင်မြန်မြန်ထွက်ချင်နေတာကြောင့် နှိုင်း မိုးကမ်းပေးလာတဲ့အဝတ်အစားကို အမြန်ဘဲ လဲဝတ်ခဲ့လိုက်၏။

"နှိုင်းလေး ပျင်းနေပြီလား၊ဒီမှာ အမေမုန့်လုပ်ထားတယ် လာစားလှည့် "

အခန်းထဲမှ ထွက်လာသည့် နှိုင်းကို ဒေါ်မိုးက မုန့်လာစားစေသည်။နှိုင်းလည်း အရင်ထိုင်နှင့်နေပြီဖြစ်သည့် မိုးအနားသို့ဝင်ထိုင်လိုက်၏။နှိုင်းထိုင်လိုက်ပြီဆိုသည်နှင့် တုံတုံလေးကလည်း နှိုင်းရဲ့ပေါင်ပေါ်သို့တက်လာပြီး ခွေအိပ်ဖို့ပြင်ပါတော့သည်။

"အမယ်လေး တုံတုံလေးကိုကြည့်ပါအုံး နှိုင်းကိုခင်တွယ်နေလိုက်တာများ...အရင်ကဆို တုံတုံလေးကို မိုးကလွဲပြီးအခြားလူအပေါ် ဒီလောက်ထိတွယ်ကပ်တာမမြင်ဖူးသလိုဘဲ "

"ဟုတ်တယ်နော်အမေ၊မိုးလည်း အဲ့တာထူးဆန်းတာ"

နှိုင်းကိုယ်တိုင်ကလည်း အဘိဓာန်မိုး၏ကြောင်လေးသည် နှိုင်းကိုဘာကြောင့်ခင်တွယ်နေမှန်းမသိ ဖြစ်နေသည်။

"တုံလေးငယ်ငယ်ကိုပေါက်စအရွယ်လေးကတည်းက သနားစရာကောင်လေးလက်ထဲကနေ လွှဲပြောင်းယူပြီး စောင့်ရှောက်လာပေးခဲ့တာကို မိုးအပေါ်နှိုင်းလောက်တောင် မတွယ်တာဘူး "

မိုးရဲ့ညည်းညူရင်း ပြောလိုက်တဲ့စကားတစ်ခွန်းက နှိုင်းကို အတိတ်ကဖြစ်ရပ်တစ်ခုအား အမှတ်ရစေ၏။

"ကြောင်လေးကို ဘယ်ကယူလာခဲ့တယ်လို့ ​ပြောလိုက်တာလဲ အဘိဓာန်..."

သေချာအောင် ထပ်မေးကြည့်တော့ အဘိဓာန်မိုးသည် နှိုင်းပေါင်ပေါ်မှအိပ်ပျော်နေသည့် ကြောင်ဝါလေးကို ညင်ညင်သာသာလေးပွေ့လျက်_

"ကောင်လေးတစ်ယောက်ကပေးတာ....ပြန်တွေးကြည့်မှ အဲ့ကောင်လေးက အရမ်းသနားဖို့ကောင်းတာဘဲသိလား ငယ်ငယ်လေးဘဲရှိသေးတာကို အခြားသူတွေရဲ့ဝိုင်းအနိုင်ကျင့်မူ့ကိုခံနေရတာအမေရဲ့...ပြီးတော့ မိုးမှတ်မိသေးတယ်၊မိုး သူ့ကိုစစတွေ့တုန်းကဆိုရင်လေ ခြေထောက်မှာ သံကြိုးကြီးနဲ့အခတ်ခံထားရတာ...အခု အဲ့ကလေးလေးကော ဘယ်လိုနေနေလည်းမသိပါဘူး "

အမေဖြစ်သူကို အမှတ်ရတဲ့အကြောင်းအချို့ဖွင့်ဟနေခဲ့တဲ့ မိုးရဲ့အတိတ်အကြောင်းကိုကြားပြီး နှိုင်း ရင်တွေအဆက်မပြတ်ခုန်နေရသည်။

"မိုး~ "

"ဟမ်....အင်း ဘာလဲ "

"မိုးက အဘိဓာန်မိုးရဲ့နာမည်ဖြစ်ခဲ့တာပေါ့ "

"ဟုတ်တယ်လေ ငါ့နာမည်ဘဲဟာ "

ဘာတွေလာကြောင်နေတာလဲဟူသည့် မျက်နှာထားနှင့်ကြည့်လာပေမဲ့လည်း နှိုင်းဂရုမစိုက်မိခဲ့ဘဲ...ယခုအဘိဓာန်မိုးကို တစ်ချိန်က နှိုင်းကိုကူညီပေးခဲ့ဖူးသည့် မိုးဆိုသည့်လူမှန်းသိလိုက်ရချိန် နှိုင်း ကမ္ဘာပေါ်မှာ အပျော်ဆုံးလူသားဟုကိုယ့်ကိုယ်ကိုတင်စားရလောက်သည်အထိ ဝမ်းမြောက်နေမိပါတော့သည်။ဒါကို အဘိဓာန်မိုးလေး ရိပ်မိဖို့မျှော်လင့်မိပါ၏။

"အမေပြန်တော့မယ်....သားလေးလည်း ကျောင်းပိတ်ရင် အိမ်လာလည်ပါအုံး သားအဖေက သားကိုသတိရနေတာ "

"ဟုတ်ကဲ့အမေ လာလည်နိုင်အောင်ကြိုးစားပါ့မယ်၊ဒါနဲ့ အမေတစ်ယောက်တည်းပြန်လို့ အဆင်ပြေတာ သေချာပါတယ်နော် "

"သေချာပါ့...ဒီနားကားလေးငှားစီးလိုက်ရုံဘဲကို လိုက်ပို့မနေနဲ့တော့ "

အိမ်ပြန်တော့မည့် ဒေါ်မိုးကို မိုးကဖက်ပြီးနှုတ်ဆက်လိုက်၏။နှိုင်းလည်း အသေအချာနှုတ်ဆက်ခဲ့သည်။

ဒေါ်မိုးမရှိလျှင် အိမ်မှာ မိုးနှင့်နှိုင်းနှစ်ယောက်တည်းသာကျန်တော့သည်။

"နှိုင်း ကိုခန့်ထားက မင်းအစ်ကိုဆိုတာငါ့ကိုဘာလို့မပြောပြတာလဲ...စဥ်းစားကြည့်မှ ကိုခန့်ထားလည်း သူ့မှာညီရှိတယ်လို့ တစ်ခါမှမပြောခဲ့ဖူးသလိုဘဲ "

နှစ်ယောက်တည်းရှိနေတဲ့အချိန်မှ မိုးသိချင်နေတာကို မေးရပါတော့သည်။ကိုခန့်ထားနှင့်ချစ်သူဖြစ်ခဲ့သည့် သက်တမ်းတစ်လျှောက်လုံး ကိုခန့်ထားဆီကနေ နှိုင်းအကြောင်းပြောပြတာကို မိုးတစ်ခါမှမကြားဖူးခဲ့ပါ။ပြောရလျှင် မိုးသည် ကိုခန့်ထားမှာညီလေးရှိတယ်ဆိုတာကိုတောင်အခုမှသိရသည်။

"ကျွန်တော်တို့က ညီအစ်ကိုတွေမှမဟုတ်ခဲ့တာ "

ဒီစကားကိုပြောလာသည့် နှိုင်းရဲ့အသံက နာကျည်းမူ့များနှင့်ပြည့်ညှပ်နေ၏။

သူတို့နှစ်ဦးကြားဘာဖြစ်ခဲ့သည်ကိုမသိပေမဲ့ မိုးသည် တစ်ဖက်လူမပြောပြချင်သည့်အကြောင်းအရာကို အတင်းမေးပြီး နားမထောင်လိုတာကြောင့် ဆက်မမေးတော့ဖို့ ဆုံးဖြတ်လိုက်ပါသည်။ဒါပေမဲ့ နှိုင်းက မရပ်ခဲ့ဘဲ မိုးကိုဆက်ပြောပြခဲ့သည်။

"ခန့်ထားစစ်ချီနဲ့ကျွန်တော်နဲ့က အဖေတူအမေကွဲ ညီအစ်ကိုတွေလေ အဘိဓာန်မိုး...ဝမ်းနည်းစရာကောင်းတာကဘာလဲသိလား ကျွန်တော့်ရဲ့အမေက အဖေ့မှာ မိန်းမနဲ့သားတစ်ယောက်ရှိနေခဲ့တယ်ဆိုတာကိုတောင်မသိဘဲ လက်ထပ်မိခဲ့တာ။အမေက အဖေ့အတွက် ဒုတိယလူဖြစ်ခဲ့တယ် အဘိဓာန်..."

ဒီစကားကိုပြောနေသည့်နှိုင်းက မိုးကို အဓိပ္ပါယ်တွေပြည့်ဝန်းနေသော မျက်ဝန်းများနှင့်စိုက်ကြည့်လျက်ရှိနေသည်။

"ဘေးလူဆိုတဲ့အတိုင်း ဖေဖေ့ရဲ့အချစ်တွေကိုနည်းနည်းလေးတောင်မရခဲ့တဲ့အမေက နောက်ဆုံး ကျွန်တော့်မျက်စိရှေ့မှာဘဲ ကိုယ့်ကိုယ်ကိုသတ်​သေသွားခဲ့တယ်...အမေက မသွားခင် ကျွန်တော့်ကို မှာခဲ့တာရှိတယ်အဘိဓာန်လေးရဲ့...အဲ့တာက ခန့်ထားတို့သားအမိပြန်လက်စားချေဖို့ပေါ့ "

ဒီလောက်မာကြောသည့်လူထံ့မှ အခုလို ဝမ်းနည်းစရာကောင်းလွန်းသည့်အတိတ်ဆိုးကြီးကို မိုးနားထောင်ခဲ့ရလိမ့်မည်ဟုမတွေးခဲ့ဘူး။

နှိုင်းစီမှ ကိုခန့်ထား၏မကောင်းမူ့ကိုပထမဆုံးကြားရချိန်တွင် ထူးဆန်းစွာနှင့် မိုးသည် ကိုခန့်ထားဘက်ကာမပေးမိခဲ့ နှိုင်းရဲ့ခံစားချက်များအပေါ် နားလည်ပေးနေမိပါတော့၏။ဒါကြောင့် နှိုင်းစကားပြောတာကို ဖြတ်ပြောခဲ့ခြင်းမရှိဘဲ ငြိမ်ငြိမ်လေးနားထောင်ပေးလျက်ရှိကာ နှိုင်း၏ခံစားချက်များကို နားလည်ကြောင်း ထောက်ခံပေးနေခဲ့ပါတော့သည်။

"မေမေ့ရဲ့သေဆုံးမူ့ကိုမျက်မြင်တွေ့ပြီးတဲ့အချိန်ကစပြီး ကျွန်တော် လူတွေရဲ့မျက်နှာကိုမဝေခွဲနိုင်ခဲ့တော့ဘူး...လူတစ်ယောက်ရဲ့မျက်နှာကိုသိချင်ရင် ဓာတ်ပုံနဲ့မှတ်တမ်းယူပြီးမှ သေချာကြည့်ရတော့...ကျွန်တော်ကင်မရာကိုအမြဲတမ်းဆွဲဖြစ်နေရတဲ့အကြောင်းရင်းဖြစ်လာခဲ့တာပေါ့ "

အတိတ်အကြောင်းတွေကို ယုံကြည့်ရသူမှာဖွင့်ဟပြီးနောက် နှိုင်းသည် မိုးရဲ့လက်ကိုဆုတ်ကိုင်လျက်ရှိကာ_

"ဒါပေမဲ့ ထူးဆန်းတာကဘာလဲသိလား၊အဘိဓာန်မိုးကတော့ အခြားလူတွေနဲ့မတူဘူး...အခြားလူတွေရဲ့မျက်နှာကိုမဝေခွဲနိုင်ပေမဲ့ အဘိဓာန်မိုးရဲ့မျက်နှာကိုတော့ ရှင်းရှင်းလင်းလင်းမြင်နေရတယ်...."

"အဘိဓာန်မိုးပြုံးနေတာကိုမြင်ရတဲ့ရက်တွေမှာဆို ကျွန်တော့်ရဲ့စိတ်တွေက အဆင်ပြေသလိုခံစားရပြီး အဘိဓာန်မိုး မျက်ရည်ကျတဲ့အချိန်မှာဆို ကျွန်တော်စိတ်ကပူလောင်ရတယ်။အဘိဓာန်မိုးကို မျက်ရည်ကျအောင်လုပ်တဲ့ဘယ်သူ့ကိုမဆို သတ်ပစ်ချင်တဲ့စိတ်တွေပေါ်မိတဲ့အထိကိုပူလောင်ရတာ..အဲ့လူက အခြားသူမဟုတ်ဘဲ ကျွန်တော်ဖြစ်နေခဲ့ရင်တောင် ကိုယ့်ကိုယ်ကို ငှဲ့မှာမဟုတ်ဘူး "

ရုတ်တရက် အတိတ်အကြောင်းကနေ အချစ်အကြောင်းဘက်သို့ကူးပြောင်းလာတော့ မိုးလည်း နှိုင်းနှင့်မျက်လုံးချင်းမဆုံရဲဘဲဖြစ်ရတော့သည်။

"နှိုင်း...မင်းငါမတိုင်ခင် လူဘယ်နှစ်ယောက်အပေါ်ချစ်ခဲ့ဖူးသေးလဲ...အမ် ငါဒီတိုင်းသိချင်လို့မေးတာပါ၊တခြား ဘာစိတ်မှမရှိဘူးနော် "

မေးလည်းမေးချင်နေပြီး နှိုင်းအထင်လွဲမည်ကိုလည်းစိုး၍ ဖြေရှင်းချက်ပါပေးနေရသေးသည်။

"အမှန်တိုင်းဝန်ခံရရင် အဘိဓာန်မိုး မတိုင်ခင်က ကျွန်တော် လူတစ်ယောက်အပေါ်ချစ်ခဲ့ဖူးတယ် "

".......... "

"အဲ့တုန်းက ကျွန်တော်အားနည်းပြီးဘာမှပြန်မလုပ်နိုင်တဲ့အချိန်...လူတွေရဲ့ညင်းပန်းမူ့အောက် ဒုက္ခရောက်နေပြီး ခိုကိုးရာမဲ့နေချိန်ပေါ့၊အဲ့တုန်းက ကျွန်တော့်ဘက်ကို ကမ်းပေးလာတဲ့လက်ဆိုလို့ အဲ့လူတစ်ယောက်တည်းရှိခဲ့တာ၊ဝမ်းနည်းနေတဲ့ကျွန်တော့်ကိုနှစ်သိမ့်ပေးပြီး အားနည်းနေတဲ့ကျွန်တော့်ကိုဖေးမပေးခဲ့တဲ့ သူ့ကိုချစ်မိခဲ့တယ် "

"...ဒါဆို မင်းဘာလို့သူ့ကိုပြန်ရှာပြီး မချစ်တာလဲ "

ဒိစကားကိုပြောထွက်လာတဲ့မိုးကိုယ်တိုင်ကတော့ မသိပေမဲ့ နားထောင်ရသူတွေအဖို့မှာတော့ မိုးရဲ့အသံမှာ ဝန်တိုမူ့သေးသေးလေးတွေကယှက်သန်းနေမှန်း သိနိုင်သည်။ဒါကိုကြားရတော့ နှိုင်းတစ်ယောက်ပြုံးလျက်_

"ချစ်ခဲ့တယ်လေ အဘိဓာန်မိုးရဲ့ "

ပြန်ရှာပြီးချစ်ခဲ့ပြီးခါမှ မိုးဘက်သို့ရောက်လာသည်ဟု အမှတ်မှားသွားတာကြောင့် မိုးတစ်ယောက်သည် ဒေါသသံသေးသေးလေးဖြင့်_

"သြော်...ဒါဆိုလည်း ငါ့ကိုမချစ်နဲ့တော့လေ အဲ့မိန်းကလေးကိုဘဲ ပြန်ရှာပြီးချစ်လိုက်ပါတော့လား "

"မိန်းကလေးလို့ ကျွန်တော်ပြောခဲ့မိလို့လား "

"......... "

နှိုင်း ရဲ့အချစ်ဟောင်းက မိန်းကလေးတစ်ယောက်မဟုတ်မှန်းသိရလျှင် မိုးပို၍စိတ်ဆိုးမိသည်။

မိုးသည် နှိုင်းကိုဘာမှပြန်မတုံ့ပြန်ခဲ့တော့ဘဲ နှိုင်းဆုတ်ကိုင်ထားသည့်လက်ကိုလည်းဖယ်ထုတ်လိုက်ပြီး တစ်ဖက်သို့လှည့်ကာလျစ်လျူရူလိုက်တော့၏။
ဒီလုပ်ရပ်ကိုဘာကြောင့်လုပ်မိသွားမှန်းမသိပေမဲ့ သဝန်တိုတဲ့စိတ်​ကြောင့် လုပ်ခဲ့တာမဟုတ်တာကိုတော့ မိုးပြောပြပါရစေ။

သဝန်တိုစိတ်လေးလွှမ်းသွားသည့် အဘိဓာန်မိုးကိုကြည့်ခြင်းအားဖြင့် နှိုင်းရယ်လိုက်မိသည်။

နှိုင်းအရင်ကချစ်မိခဲ့တဲ့သူကအခြားလူမှမဟုတ်ခဲ့တာ အဘိဓာန်မိုးဆိုတဲ့ဒီလူသားလေးဘဲကို...။

နှိုင်းသည် အဘိဓာန်မိုးအပေါ် ထပ်ပြီးချစ်ခဲ့မိတာအတွက် ကျေနပ်မိပါသည်။နှိုင်းယုံကြည်၏။ဘယ်နှစ်ခေါက်မြှောက်ဘဲဖြစ်နေပါစေ ဒီလူသားအပေါ်မှာဘဲ နှိုင်းရဲ့နှလုံးသားက တုံ့ပြန်နေမည်ဆိုကိုပေါ့။ဒါကိုတော့ နှိုင်းတစ်ယောက်တည်းသာ သိထားပါတော့မည်။ဒီအချိန်မှာ ဒီလူသားကိုလက်မလွှတ်တော့ဘဲ အနားမှာတစ်သက်လုံးနေပြီး ကာကွယ်စောင့်ရှောက်ပေးသွားနိုင်အောင်ကြိုးစားပါတော့မည်။

"နှိုင်း ညနက်နေပြီ ဒီညတော့ ဒီမှာဘဲအိပ်လိုက်ပါတော့လား "

အချိန်ကိုကြည့်တော့ ညဆယ့်နှစ်ပင်ထိုးတော့မည်ဖြစ်တာကြောင့် တစ်ယောက်တည်းလမ်းလျှောက်ပြန်ရမည့် နှိုငးကိုစိုးရိမ်သောစိတ်ဖြင့် မိုးခေါ်အိပ်ရခြင်းဖြစ်သည်။

"တော်ပါပြီ အိမ်ဘဲပြန်လိုက်ပါမယ် "

နှိုင်းလက်မခံရခြင်းကအကြောင်းရင်းရှိပါသည်။

အကယ်၍ နှိုင်းသာ အဘိဓာန်မိုးနှင့်နီးနီးကပ်ကပ်နေခွင့်ရလျှင် စိတ်မထိန်းနိုင်ဘဲရှိနေမည်စိုးတာကြောင့် ငြင်းနေရခြင်းဖြစ်၏။

"အင်းပါ ဒါဆိုလည်း ဂရုစိုက်ပြန်အုံး "

ညအမှောင်ထဲမှာ တစ်ယောက်ထဲခြေလျင်နှင့်ပြန်သွားသည့် နှိုင်းကို မိုးစိုးရိမ်စိတ်ဖြင့် မျက်စိတစ်ဆုံးလိုက်ကြည့်နေမိပါသည်။

မမြင်နိုင်တော့သည့် မြင်ကွင်းလောက်နားရောက်မှ အိမ်ထဲသို့ပြန်ဝင်ခဲ့ကာ ခဏက နှိုင်းဖွင့်ဟခဲ့သည့် အကြောင်းများအပေါ် ပြန်လည်တွေးတောကြည့်ရင်း ကိုခန့်ထားကမိုးထင်ထားသလို ဖြူစင်တဲ့သူတော်ကောင်းတစ်ယောက်မဟုတ်ခဲ့ဘဲ လျှိုဝှက်နိုင်လွန်းသည့် သူတစ်ယောက်မှန်းသိလိုက်ရချိန် ​ကိုခန့်ထားနဲ့ပတ်သတ်ပြီး စိတ်ထဲတစ်မျိုးတော့ အနည်းငယ်ခံစားခဲ့လိုက်ရပါသည်။

မိုးသည် နှိုင်း၏တစ်ဖက်စကားကိုသာနားထောင်ခဲ့ရပြီး နှိုင်းအပေါ် ဘာလို့အခုလောက်ထိ အကြွင်းမဲ့ယုံကြည်စိတ်ဝင်မိသွားလဲမသိ။မိုးရဲ့နှလုံးသားက နှိုင်းသာဆို မိုးအပေါ် ဘယ်အရာမှလိမ်ပြောလိမ့်မည် မဟုတ်မှန်း ယုံကြည်နေတာကြောင့်ဖြစ်ပါလိမ့်မည်။
................ ................ .................

မနေ့ညက အဖြစ်အပျက်များကြောင့် ခန့်ထားအလုပ်ပေါ်သို့ အာရုံမစိုက်နိုင်ဘဲရှိနေရတော့၏။

"အဆင်ပြေရဲ့လား သား။..သားကိုကြည့်ရတာ တစ်ခုခုဖြစ်နေသလိုဘဲ "

အနားမှာ အလုပ်အတူလုပ်လျက်ရှိနေသည့်ဖခင်ဖြစ်သူထံ့မှ ပူပန်မူ့ကိုကြားခါမှသာ ခန့်ထားလည်း အာရုံတွေကိုပြန်စုစည်းနိုင်ခဲ့သည်။

"ကျွန်တော် ညကကောင်းကောင်းမအိပ်ခဲ့ရလို့ပါ အဖေ"

"ကျန်းမာရေးဂရုစိုက်အုံး မကြာခင်ဘဲ U.Kသွားရတော့မှာကို "

"ဗျာ...U.Kကို...ဘာလုပ်ဖို့လဲ အဖေ "

"အဆောက်အဦးတိုးချဲ့ဖို့ ရှယ်ယာရှင်တွေနဲ့သွားဆွေးနွေးရမှာလေ...အဖေသားကို မနေ့က ပြောခဲ့ပါတယ် "

မနေ့က ခန့်ထားကို အဖေတစ်ခုခုပြောခဲ့တာတော့သိ၏။အက္ခဘက်သို့ စိတ်ရောက်နေတာကြောင့် သေချာနားမထောင်မိခဲ့ဘဲရှိနေခဲ့ရာ အခုလို နိုင်ငံရပ်ခြားသွားရတော့မည်ကို သိလျှင် ခန့်ထား စိတ်ပျက်ရပါသည်။

ဖေဖေကိုယ်တိုင် စီစဥ်ပြီးသားကိစ္စမို့ ခန့်ထားလည်း မငြင်းနိုင်ဘဲ ရှိရတော့၏။

အခုမှ အက္ခနဲ့နှလုံးသားရေးရာ ယှဥ်ပြိုင်ဖို့ ခြေလှမ်းစရုံရှိသေးတာကို ကံတရားကြီးက ခန့်ထားဘက်သို့ အရေးနိမ့်အောင် စွမ်းဆောင်နေလေပြီ။

"U.Kသွားရင် ရှားလေးကိုပါ ခေါ်သွားရမယ်နော် သား "

"ရှားကိုပါခေါ်ရမယ်...၊အလုပ်ကိစ္စနဲ့သွားရမဲ့ ခရီးလေအဖေ "

"အင်း ရှားလေးကိုအိမ်မှာတစ်ယောက်တည်းမထားခဲ့နဲ့...နှိုင်းအကြောင်းကို သားလည်းသိတယ်မလား "

အခုလက်ရှိ နှိုင်းအက္ခကို ဖေဖေက တစ်ချိန်က မိန်းကလေးတကာနှင့်လိုက်ပတ်အိပ်လျက်ရှိနေတတ်သည့် သူတစ်ယောက်အဖြစ်သာမြင်နေသေးသည်ထင်။တကယ်တော့ ခန့်ထားစိတ်မချရမှာက ရှားကိုမဟုတ်ဘဲ မိုးဖြစ်နေတယ်ဆိုတာကို ထုတ်ပြောပြချင်မိ၏။

ဖေဖေ့ကို့စိတ်ပျက်အောင် မလုပ်ချင်တာကြောင့် ပင့်သက်သာတစ်ချက်ရှိုက်လိုက်ရပြီး ခန့်ထား ခေါင်းညိတ်ခဲ့ရသည်။

နိုင်ငံခြားမသွားခင် အက္ခနဲ့အဘိဓာန်မိုး နီးစပ်ခွင့်မရနိုင်စေဖို့ အကွက်ချထားရမည်ကိုလည်း တေးမှတ်ထားခဲ့ပါတော့သည်။

"ရှားနွယ်လေး တစ်ပတ်ခါကြရင် စစ်ချီလေးနဲ့တူတူနိုင်ငံရပ်ခြားထွက်ရမယ်နော် "

ဒေါ်ဝင့်နေချီနှင့်အတူ ဘုရားပန်းလှဲနေရာမှ ဒေါ်ဝင့်နေချီ၏ပြောစကားကြောင့် ရှားနည်းနည်းတော့ ကြောင်သွားရပါ၏။

"ဘယ်ကိုလဲ အမေ "

"U.Kကိုတဲ့ ရှားနွယ်လေးတစ်ခါမှမရောက်ဖူးဘူးမလား "

"ဟုတ်...ရှားက နိုင်ငံရပ်ခြားအကြောင်းတွေကိုလည်း ဘာမှမသိတော့ အဆင်ပြေပါ့မလားဟင်၊တော်ကြာနေ အကို့ကိုဒုက္ခပေးနေမိမှာစိုးတယ် "

တစ်ဖက်လူဝန်ထုတ်ဝန်ပိုးဖြစ်မှာကို သိပ်ပူပန်တတ်လွန်းသည့် ချွေးမလောင်းလေးကိုကြည့်ပြီး ဒေါ်ဝင့်နေချီတစ်ယောက်ပြုံးလိုက်မိ၏။

လူကြီးတွေအပေါ်လည်းသိတတ်တဲ့အပြင်၊နူးညံ့သိမ်မွေ့ပြီးယဥ်ယဥ်ကျေးကျေးလေးနဲ့မိန်းမကောင်းဆန်လွန်းတဲ့ ဒီရှားနွယ်လေးကို ဒေါ်ဝင့်နေချီ မချစ်မိဘဲမနေနိုင်အောင်ဖြစ်ရပါသည်။ဒိလို မိန်းမကကောင်းလေးကို ချွေးမတော်ရတော့မည့်အဖြစ်ကို စဥ်းစားမိတိုင်း ဒေါ်ဝင့်နေချီတစ်ယောက် မကျေနပ်ဘဲမနေရအောင်ကိုရှိနေပါတော့၏။

"ရှားနွယ်လေး ဘာမှအားငယ်နေစရာမလိုပါဘူး၊စစ်ချီလေးက သမီးအနားမှာအမြဲနေပြီး သမီးကိုဖေးမစောင့်ရှောက်ပေးလိမ့်မယ် ဟုတ်ပြီလား "

"ဟုတ်ကဲ့ပါ အမေ "

ကိုခန့်ထားနဲ့စိတ်မှာ ရှားမရှိမှန်းသိပေမဲ့လည်း မခွဲခွာရသေးခင် အတူရှိနေရမဲ့အချိန်လေးကို တန်ဖိုးထားပြီး ဖြတ်သန်းချင်မိတာကြောင့် အခုလိုအခွင့်အရေးလေးရတာကိုဘဲ ကျေးဇူးတင်နေမိပါသည်။

ဘယ်ပြောတတ်မှာလဲ အကိုသာအဘိဓာန်မိုးဆိုသူနဲ့ဝေးပြီး ရှားနဲ့အတူဖြတ်သန်းရချိန်များလာရင် ရှားအပေါ် သံယောဇဥ်တွယ်လာလောက်မှာပေါ့ ဟုတ်လောက်တယ်မလား....။ရှားတော့ မျှော်လင့်မိပါတယ်။

လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်းမှာ...

"ကျစ်*ဖုန်းကိုင်စမ်းပါ မိုးရာ "

U.Kသွားဖို့ လေဆပ်မှာရှိနေပြီဖြစ်ပေမဲ့ မသွားခင် မိုးကိုအသိပေးခဲ့ချင်တာကြောင့် အရင်ရက်တွေကတည်းက ခန့်ထားမိုးစီကို ဆက်သွယ်နေခဲ့သည်။ခန့်ထားဖုန်းခေါ်တိုင်း ချပစ်ခဲ့တဲ့မိုးက ဘာအကြောင်းကြောင့် ခန့်ထားအပေါ် ပစ်ပယ်ထားမှန်းမသိ။

"အကို ဘာဖြစ်လို့လဲဟင် "

စိတ်ပျက်နေသည့် ခန့်ထားပုံစံကို အနားမှာရှိနေသည့်ရှားတောင်ရိပ်မိနေလေပြီ။

ရှား၏အမေးကြောင့် ခန့်ထားလည်း စိတ်အခြေအနေကို ချက်ချင်းဘဲပြောင်းလိုက်ခဲ့ရာ ရှားကိုပြုံးပြခဲ့ပြီး_

"ဘာမှမဖြစ်ပါဘူး...အကို အဆင်ပြေပါတယ်၊ဒါနဲ့ ရှားကော အဆင်ပြေရဲ့လား...လေယာဥ်ပထမဆုံးအကြိမ်စ စီးရမှာဆိုတော့လေ "

"အကိုသာ ရှားအနားမှာရှိနေရင်အဆင်ပြေပါတယ် "

လက်ကိုဆုပ်ကိုင်ပြီးပြောလာတဲ့ရှားကို ခန့်ထားပြုံးသာပြုံးပြခဲ့လိုက်သည်။

"အကိုတို့လေယာဥ်ပေါ်တက်ကြတော့မှာလား "

လေယာဥ်ချိန်နီးနေပြီဖြစ်တာကြောင့် ခန့်ထားလည်း မိုးကိုဆက်သွယ်ဖို့လက်လျော့လိုက်ပါတော့သည်။

ရှားနှင့်အတူ လေယာဥ်ပေါ်သို့တက်ခါနီး...ပတ်ဝန်းကျင်ကိုတစ်ချက်အကဲခတ်နေချိန် ခန့်ထားတို့ဘက်သို့ ကြည့်နေသည့်လူတစ်ဦးကိုသတိထားမိလိုက်ပါသည်။

မြင်ကွင်းကိုရှင်းရှင်းလင်းလင်းမြင်ရအောင် မျက်လုံးမှေးကြည့်လိုက်ခါမှ ထိုသူသည် နှိုင်းအက္ခယှဥ်ဖြစ်နေမှန်း ခန့်ထားသတိထားမိသွား၏။

အက္ခက ထွက်ခွာတော့မည့် ခန့်ထားကိုကြည့်ပြီး လက်ပြနှုတ်ဆက်နေလေသည်။ထိုမြင်ကွငးကြောင့် ခရီးစဥ်ကိုချက်ချင်းဖျက်ပီး အက္ခအခွင့်အရေးမသာအောင်ဖန်တီးလိုက်ချင်ပေမဲ့ လက်တွေ့မှာမစွမ်းဆောင်နိုင်နေတာကြောင့် ဒေါသထွက်မိရုံမှအပ ကျန်တာမတတ်နိုင်ခဲ့။

"စောင့်ကြည့်နေစမ်းပါ နှိုင်းအက္ခယှဥ်၊ငါပြန်လာတဲ့အချိန်ကြရင် မိုး မင်းကိုပစ်ပြီး ငါ့ဆီဘဲသေချာပေါက် ပြန်ရောက်လာစေရမယ် "

ဒါကို နှိုင်းအက္ခတစ်ယောက် ကြားရဖို့မျှော်လင့်မိပါ၏။ခန့်ထားကိုလက်ပြရင်းရှိနေသည့် အက္ခက အောင်နိုင်သူတစ်ယောက်အနေနဲ့ပြုံးနေလိုက်တာများ မျက်နှာကိုအက်ဆစ်နဲ့ပက်ပစ်ချင်စရာ။

"အကို တစ်ခုခုဖြစ်လို့လား "

အက္ခအကြောင်းကိုစဥ်းစားမိတိုင်း ဒေါသထွက်လျက်ရှိ​နေတာကြောင့် အနားမှာစိတ်ပူပေးလျက်ရှိနေသည့် ရှားကိုတောင်ဂရုမစိုက်နိုင်ဘဲဖြစ်နေရတော့၏။အခုလည်း ရှား၏အမေးကိုပြန်မဖြေနိုင်ခဲ့ဘဲ လေယာဥ်ပထမဆုံးစစီးဖူးမည့်ရှားကိုအဖော်မပြုပေးဘဲရှိနေရာ တစ်ယောက်တည်းပူလောင်နေလေသည်။

Upper Class ဖြစ်တာကြောင့် လေယာဥ်အတွင်းတိတ်ဆိတ်နေပြီး သက်တောင့်သက်သာနှင့်နေလို့ကောင်းခဲ့သည်။

ဒါပေမဲ့ ရှားအတွက်အဆင်မပြေခဲ့ဘဲ ဘဝမှာပထမဆုံးလေယာဥ်စစီးရမည်ဖြစ်၍ ထိတ်လန့်နေမိ၏။အနားမှာရှိနေသည့် ကိုခန့်ထားကိုအားကိုးချင်ပေမဲ့ ကိုခန့်ထားကိုကြည့်ရတာ စိတ်အခြေအနေမကောင်းနေတာကြောင့် ရှားလည်း အပူပေါ်အပူထပ်ဆင့်မပေးချင်မိ၍ ငြိမ်နေခဲ့လိုက်သည်။

လေယာဥ်ထွက်ခါနီးလျှင် မတည်မငြိမ်ဖြစ်နေသည့်စိတ်အခြေအနေကို မျက်လုံးမှိတ်ထိန်းထားလျက် နှုတ်ခမ်းကိုတင်းနေအောင်ဖိကိုက်ထားရင်း အံ့ကိုကြိတ်ကာ အကြောက်ဖြေထားရ၏။

လေယာဥ်စထွက်ခွာပါပြီ...ကျေးဇူးပြုပြီး လူကြီးမင်းတို့ရဲ့လုံခြုံရေးခါးပတ်ကို သေချာပတ်ပေးထားကြပါ။

"အား!! "

ကောင်းကင်ပေါ်သို့တက်သွားသည်နှင့် ကြောက်စိတ်ကိုမထိန်းချုပ်နိုင်တော့ဘဲ ရှားအသံထွက်ကာအော်လိုက်မိသည်။

ဒါကို ကိုခန့်ထားက ကြားတော့လှည့်ကြည့်လာ၏။လေယာဥ်မယ်များလည်းထိုနည်းတူပင် ကြောက်နေသည့်ရှားအနားလာမည်လုပ်ချိန် ကိုခန့်ထားက လှမ်းတားခဲ့သည်။

အက္ခအပေါ်ဘဲတစ်ချိန်လုံးစိတ်ရောက်နေခဲ့တာ အခုမှ ရှားဘက်သို့သတိပြန်လည်လာသည်။

ခန့်ထားအမှားကြောင့် ရှားသည်မျက်လုံးမဖွင့်ရဲတော့သည်အထိ တုန်လူပ်နေရှာပြီ။နှုတ်ခမ်းကိုလည်းဖိကိုက်ထားသည်မှာ သွေးစလေးတွေတောင် စို့လိုနေပြီဖြစ်၏။ဒါကိုမြင်တော့ စိတ်မကောင်းဖြစ်သည့် ခန့်ထားတစ်ယောက် ချက်ချင်းဘဲ အခြားလူအကြောင်းတွေကိုခေါင်းထဲကနေပယ်ထုတ်ပစ်ခဲ့ရာ ရှားကိုဂရုစိုက်ပေးတော့ဖို့ကိုဘဲ အာရုံထားလိုက်ရင်း တုန်လူပ်နေသည့် ရှား၏လက်ကိုဆုတ်ကိုင်လျက်_

"ရှား...မ​ကြောက်နဲ့တော့နော်၊အားလုံးအဆင်ပြေသွားပြီ "

"........ "

"ရှားအနားမှာကိုယ်ရှိတယ် မျက်လုံးကိုဖြည်းဖြည်းချင်းဖွင့်ကြည့်လိုက်ပါနော် ရှား "

ကလေးတစ်ယောက်လိုကြောက်လန့်နေသည့်ရှားက ခန့်ထားစကားကိုနားထောင်လျက် မျက်လုံးကိုဖြည်းဖြည်းချင်းဖွင့်ကြည့်လာခဲ့သည်။တုန်လူပ်နေ​တာကတော့ မပျောက်သေး။

"ကြည့်ပါအုံး နှုတ်ခမ်းကိုကိုက်ထားတာလဲ သွေးတွေတောင်စို့နေပြီ "

နှုတ်ခမ်းမှ သွေးစလေးတွေကိုလက်မနှင့်ဖွဖွလေးသုတ်ပေးလျက် ခန့်ထားသည် ရှားအား_

"အကိုတောင်းပန်ပါတယ်...နောက်ခါဆို ရှားကိုပစ်မပယ်ထားတော့ပါဘူး အကိုကတိပေးတယ်နော် "

ခန့်ထား၏နှစ်သိမ့်စကားကြောင့် မျက်ရည်များဝိုင်းလည်လာသည့် ရှားက ခန့်ထား၏လက်ကိုတင်းနေအောင်ဆုပ်ထားပြီး ခေါင်းညိတ်ရှာသည်။

"အခုလိုကတိပေးလို့ ကျေးဇူးတင်ပါတယ်အကို၊ရှားကို မပစ်ပယ်တဲ့အတွက် ကျေးဇူးတင်ပါတယ် "

ခန့်ထားတစ်ယောက်တည်းကသာ ရှားအတွက် ခိုကိုးရာဖြစ်သလို ခန့်ထားအပေါ်အားကိုးလျက်ရှိနေသည့် ရှားကိုကြည့်ခြင်းအားဖြင့်...ဒီကလေးကို ခန့်ထားကာကွယ်သွားပေးချင်စိတ်များ တဖွားဖွားပေါ်ပေါက်မိသည်။

မိုးအလှည့်တုန်းကတောင်မှ အတွယ်ကပ်ခံရတာမကြိုက်ခဲ့သည့် ခန့်ထားသည် ရှားကိုတော့ ချွင်းချက်အနေနှင့် တွယ်ကပ်ခွင့်ပေးနေမိပါ၏။မိုးအလှည့်တုန်းက ကိုယ်တိုင်တင်းကြပ်ခဲ့သလောက် ရှားအပေါ်မှာတော့ နူးညံ့နေမိပြန်သည်။

ရှားအပေါ် ခန့်ထား၏အပြုအမူများက သေးသေးလေးတွေဖြင့် ဖြည်းဖြည်းခြင်းပြောင်းလဲနေခြင်းဖြစ်၍ ကိုယ်ပြောင်းလဲနေသည်ကိုတောင် ခန့်ထားတစ်ယောက်သတိမထားမိဘဲရှိနေခဲ့ပါတော့သည်။

Zawgyi

မိုးေရစိုစိုႏွင့္ျပန္လာၾကသည့္ ႏွိုင္းတို႔ကိုျမင္လွ်င္ ေဒၚမိုး ေစ်းသြားခိုင္းခဲ့မိသည္ကိုေတာင္ ေနာင္တရမိသည္။

"တစ္ကိုယ္လုံးလည္းစို႐ႊဲေနၾကတာဘဲ...ေရျမန္ျမန္ခ်ိဳးၿပီး ဆံပင္ေျခာက္ေအာင္သုတ္လိုက္ၾက ေတာ္ၾကာေနဖ်ားေနၾကမယ္ "

"ဟုတ္ကဲ့ ေမေမ "

ေရစိုေနတဲ့အဝတ္ကိုခြၽတ္ဖို႔အေမသတိလွမ္းေပးခါမွ ႏွိုင္းမွာ အဝတ္အစားေတြမရွိမွန္း မိုးသတိထားမိေတာ့၏။

"ႏွိုင္း မင္းအဝတ္အစားေတြဘယ္လိုလုပ္မလဲ "

"ဒီအစိုအတိုင္းဘဲေနရေတာ့မယ္ထင္တယ္ "

မိုးရဲ႕အဝတ္အစားေတြက ႏွိုင္းနဲ႕မေတာ္တာခက္သည္။မိုးလည္း ဘာလုပ္ေပးရမလဲမသိ စိတ္႐ူပ္ေနခိုက္ ေဒၚမိုးက_

"အစိုအတိုင္းေနလို႔ဘယ္ျဖစ္မလဲ၊အဝတ္ေတြအကုန္လုံးကိုခြၽတ္ၿပီး အေျခာက္ခံစက္ထဲထည့္ထားလိုက္ အေမ မီးပူလည္းျပန္တိုက္ေပးမယ္ "

"အေမ ႏွိုင္းအဝတ္ေတြခြၽတ္လိုက္ေတာ့ ဘာဝတ္ရေတာ့မွာလဲ၊မိုးရဲ႕ အကၤ်ီေတြကလည္း ႏွိုင္းနဲ႕မေတာ္ေနဘူး "

"အခန္းထဲမွာ ေစာင္နဲ႕ခဏပတ္ၿပီးေနလို႔ရတယ္ေလ...မၾကာဘူး ခဏဘဲ၊အစိုအတိုင္းေတာ့ မေနပါနဲ႕"

အေမက အေအးမိမည္စိုး၍ စိတ္ပူေသာစိတ္ႏွင့္ေျပာေနျခင္းျဖစ္ေပမဲ့ မိုးကေတာ့မ်က္ႏွာပူမိပါသည္။

ႏွိုင္းကလည္း ေဒၚမိုးကိုစိတ္ခ်မ္းသာေစခ်င္တာေၾကာင့္ မျငင္းခဲ့။

"ဒါဆို...အဘိဓာန္မိုး ကြၽန္ေတာ့္ကိုကူပါလား၊အဝတ္မရွိဘဲ အေမနဲ႕မ်က္ႏွာခ်င္းဆိုင္လို႔မျဖစ္လို႔ေလ "

မိုး ကိုယ့္ကိုယ္ကိုလက္ညွိုးျပန္ထိုးေနၿပီး တကယ္ငါကူညီရမွာလား ဆိုသည့္မ်က္ႏွာထားႏွင့္ေသခ်ာေအာင္ေမးေနခဲ့သည္။ႏွိုင္းကေတာ့ ေခါင္းညိတ္ျပလ်က္ ဟုတ္ေၾကာင္း အတည္ျပဳေပး၏။

"ျမန္ျမန္သြားၿပီး အဝတ္သြားလဲၾက...အေအးမိေတာ့မွာဘဲ "

အျပင္မွာအၾကာႀကီးရပ္ေနၾကသည့္ မိုးတို႔ကို ေဒၚမိုးက အိပ္ခန္းထဲေခၚသြင္းၿပီး အျပင္မွတံခါးပိတ္ေပးလိုက္၏။အထဲေရာက္ေနၿပီဆိုမွေတာ့ ေနာက္လွည့္ဖို႔ မတတ္သာေတာ့တာေၾကာင့္ မိုး ႏွိုင္းဘက္သို႔လွည့္ၾကည့္ရင္း ေရအရင္ခ်ိဳးဖို႔ ေျပာမို႔ရွိေသး ႏွိုင္းက အကၤ်ီေတြအကုန္ ခြၽတ္ေနၿပီျဖစ္သည္။

"ႏွိ...ႏွိုင္း မင္းဘာလုပ္တာလဲ "

"အဝတ္ခြၽတ္ေနတာေလ "

"သိတယ္ေလ ဘာလို႔ ငါ့ေရွ႕မွာခြၽတ္တာလဲလို႔ "

"အရမ္းေအးေနၿပီ မခံစားနိုင္ေတာ့လို႔ "

ႏွိုင္းကိုေက်ာေပးထားေပမဲ့လည္း ႏွိုင္းရဲ႕အရိပ္က မိုးအေရွ႕မွာလာေပၚေနတာေၾကာင့္ ႏွိုင္းျပဳသမွ်ကို မိုးျမင္ေနရသည္။မိုးသည္ မ်က္လုံးကို ခ်က္ခ်င္းဘဲ မွိတ္လ်က္_

"ျမန္ျမန္ခြၽတ္...ၿပီးရင္ ေသခ်ာလုံေအာင္ ဖုံးထားအုံးေနာ္ "

"ဘာကို ဖုံးထားဖို႔ေျပာေနတာလဲ အဘိဓာန္မိုး "

"မင္း....မင္း သိပါတယ္ "

မေျပာခ်င္ပါဘူးဆိုကာမွ မသိသလိုေမးလာသည့္ ႏွိုင္းေၾကာင့္ မိုးမွာ စကားမပီေတာ့သည္အထိ ရွက္ရသည္။ႏွိုင္းကေတာ့ ရယ္လ်က္ရွိေန၏။

"အဘိဓာန္မိုးေကာ မခြၽတ္ေတာ့ဘူးလား "

"မင္းၿပီးမွ "

"ကြၽန္ေတာ္က ၿပီးေနၿပီဗ်၊ေနာက္ေလး လွည့္ၾကည့္ပါအုံး "

"ေသခ်ာလို႔လား "

"လွည့္ၾကည့္ပါ "

မိုး မဝံ့မရဲႏွင့္လွည့္ၾကည့္ေတာ့ ကုတင္ေပၚမွာအဝတ္ဗလာႏွင့္ထိုင္ေနသည့္ ႏွိုင္းက ေအာက္ပိုင္းကိုေတာ့ ေစာင္နဲ႕ပတ္ထားပါသည္။အခုမွ မိုးလည္း သက္ျပင္းခ်နိဳင္၏။

"အဘိဓာန္မိုးလည္းခြၽတ္ေတာ့ေလ...အေအးမိေနမယ္ "

ႏွိုင္းေရွ႕မွာ အဝတ္ေတြခြၽတ္ပစ္ရဲေလာက္ေအာင္ မိုးမွာသတၱိမရွိ။ဒါေၾကာင့္ ဗီဒိုထဲ အဝတ္အစားတစ္ခ်ိဳ႕ကိုယူၿပီး ေရခ်ိဳးခန္းမွာလဲဖို႔ျပင္ရသည္။

ဒါကိုျမင္ေတာ့ ႏွိုင္းတစ္ေယာက္သိပ္မေက်နပ္ခ်င္။သူက မိုးရဲ႕ေနာက္ေက်ာေလးေငွးၾကည့္ဖို႔ စိတ္ကူးထားသည္ကို။

အဝတ္အစားေတြမရွိေတာ့တာမို႔ ႏွိုင္းအခန္းထဲက မထြက္ရဘဲရွိေတာ့သည္။အဝတ္အစားမဝတ္ထားသည့္ ႏွိုင္းအနားကို မိုးကလည္း မလာခ်င္တာေၾကာင့္ ႏွိုင္းတစ္ေယာက္တည္းပ်င္းရပါ၏။အဝတ္အစားျမန္ျမန္ေျခာက္ဖို႔ကိုသာ ဆုေတာင္းေနမိပါေတာ့သည္။

"ႏွိုင္း....ေရာ့ မင္းရဲ႕အဝတ္စားေတြ "

တံခါးကို ခပ္ဟဟေလးသာဖြင့္ၿပီး ႏွိုင္းရဲ႕အဝတ္အစားေတြကိုကမ္းေပးလာတဲ့ မိုးက တစ္ဖက္ကိုလည္း မ်က္ႏွာလႊဲထားသည္။အျပင္ျမန္ျမန္ထြက္ခ်င္ေနတာေၾကာင့္ ႏွိုင္း မိုးကမ္းေပးလာတဲ့အဝတ္အစားကို အျမန္ဘဲ လဲဝတ္ခဲ့လိုက္၏။

"ႏွိုင္းေလး ပ်င္းေနၿပီလား၊ဒီမွာ အေမမုန့္လုပ္ထားတယ္ လာစားလွည့္ "

အခန္းထဲမွ ထြက္လာသည့္ ႏွိုင္းကို ေဒၚမိုးက မုန့္လာစားေစသည္။ႏွိုင္းလည္း အရင္ထိုင္ႏွင့္ေနၿပီျဖစ္သည့္ မိုးအနားသို႔ဝင္ထိုင္လိုက္၏။ႏွိုင္းထိုင္လိုက္ၿပီဆိုသည္ႏွင့္ တုံတုံေလးကလည္း ႏွိုင္းရဲ႕ေပါင္ေပၚသို႔တက္လာၿပီး ေခြအိပ္ဖို႔ျပင္ပါေတာ့သည္။

"အမယ္ေလး တုံတုံေလးကိုၾကည့္ပါအုံး ႏွိုင္းကိုခင္တြယ္ေနလိုက္တာမ်ား...အရင္ကဆို တုံတုံေလးကို မိုးကလြဲၿပီးအျခားလူအေပၚ ဒီေလာက္ထိတြယ္ကပ္တာမျမင္ဖူးသလိုဘဲ "

"ဟုတ္တယ္ေနာ္အေမ၊မိုးလည္း အဲ့တာထူးဆန္းတာ"

ႏွိုင္းကိုယ္တိုင္ကလည္း အဘိဓာန္မိုး၏ေၾကာင္ေလးသည္ ႏွိုင္းကိုဘာေၾကာင့္ခင္တြယ္ေနမွန္းမသိ ျဖစ္ေနသည္။

"တုံေလးငယ္ငယ္ကိုေပါက္စအ႐ြယ္ေလးကတည္းက သနားစရာေကာင္ေလးလက္ထဲကေန လႊဲေျပာင္းယူၿပီး ေစာင့္ေရွာက္လာေပးခဲ့တာကို မိုးအေပၚႏွိုင္းေလာက္ေတာင္ မတြယ္တာဘူး "

မိုးရဲ႕ညည္းၫူရင္း ေျပာလိုက္တဲ့စကားတစ္ခြန္းက ႏွိုင္းကို အတိတ္ကျဖစ္ရပ္တစ္ခုအား အမွတ္ရေစ၏။

"ေၾကာင္ေလးကို ဘယ္ကယူလာခဲ့တယ္လို႔ ေျပာလိုက္တာလဲ အဘိဓာန္..."

ေသခ်ာေအာင္ ထပ္ေမးၾကည့္ေတာ့ အဘိဓာန္မိုးသည္ ႏွိုင္းေပါင္ေပၚမွအိပ္ေပ်ာ္ေနသည့္ ေၾကာင္ဝါေလးကို ညင္ညင္သာသာေလးေပြ႕လ်က္_

"ေကာင္ေလးတစ္ေယာက္ကေပးတာ....ျပန္ေတြးၾကည့္မွ အဲ့ေကာင္ေလးက အရမ္းသနားဖို႔ေကာင္းတာဘဲသိလား ငယ္ငယ္ေလးဘဲရွိေသးတာကို အျခားသူေတြရဲ႕ဝိုင္းအနိုင္က်င့္မူ႕ကိုခံေနရတာအေမရဲ႕...ၿပီးေတာ့ မိုးမွတ္မိေသးတယ္၊မိုး သူ႕ကိုစစေတြ႕တုန္းကဆိုရင္ေလ ေျခေထာက္မွာ သံႀကိဳးႀကီးနဲ႕အခတ္ခံထားရတာ...အခု အဲ့ကေလးေလးေကာ ဘယ္လိုေနေနလည္းမသိပါဘူး "

အေမျဖစ္သူကို အမွတ္ရတဲ့အေၾကာင္းအခ်ိဳ႕ဖြင့္ဟေနခဲ့တဲ့ မိုးရဲ႕အတိတ္အေၾကာင္းကိုၾကားၿပီး ႏွိုင္း ရင္ေတြအဆက္မျပတ္ခုန္ေနရသည္။

"မိုး~ "

"ဟမ္....အင္း ဘာလဲ "

"မိုးက အဘိဓာန္မိုးရဲ႕နာမည္ျဖစ္ခဲ့တာေပါ့ "

"ဟုတ္တယ္ေလ ငါ့နာမည္ဘဲဟာ "

ဘာေတြလာေၾကာင္ေနတာလဲဟူသည့္ မ်က္ႏွာထားႏွင့္ၾကည့္လာေပမဲ့လည္း ႏွိုင္းဂ႐ုမစိုက္မိခဲ့ဘဲ...ယခုအဘိဓာန္မိုးကို တစ္ခ်ိန္က ႏွိုင္းကိုကူညီေပးခဲ့ဖူးသည့္ မိုးဆိုသည့္လူမွန္းသိလိုက္ရခ်ိန္ ႏွိုင္း ကမၻာေပၚမွာ အေပ်ာ္ဆုံးလူသားဟုကိုယ့္ကိုယ္ကိုတင္စားရေလာက္သည္အထိ ဝမ္းေျမာက္ေနမိပါေတာ့သည္။ဒါကို အဘိဓာန္မိုးေလး ရိပ္မိဖို႔ေမွ်ာ္လင့္မိပါ၏။

"အေမျပန္ေတာ့မယ္....သားေလးလည္း ေက်ာင္းပိတ္ရင္ အိမ္လာလည္ပါအုံး သားအေဖက သားကိုသတိရေနတာ "

"ဟုတ္ကဲ့အေမ လာလည္နိုင္ေအာင္ႀကိဳးစားပါ့မယ္၊ဒါနဲ႕ အေမတစ္ေယာက္တည္းျပန္လို႔ အဆင္ေျပတာ ေသခ်ာပါတယ္ေနာ္ "

"ေသခ်ာပါ့...ဒီနားကားေလးငွားစီးလိုက္႐ုံဘဲကို လိုက္ပို႔မေနနဲ႕ေတာ့ "

အိမ္ျပန္ေတာ့မည့္ ေဒၚမိုးကို မိုးကဖက္ၿပီးႏႈတ္ဆက္လိုက္၏။ႏွိုင္းလည္း အေသအခ်ာႏႈတ္ဆက္ခဲ့သည္။

ေဒၚမိုးမရွိလွ်င္ အိမ္မွာ မိုးႏွင့္ႏွိုင္းႏွစ္ေယာက္တည္းသာက်န္ေတာ့သည္။

"ႏွိုင္း ကိုခန့္ထားက မင္းအစ္ကိုဆိုတာငါ့ကိုဘာလို႔မေျပာျပတာလဲ...စဥ္းစားၾကည့္မွ ကိုခန့္ထားလည္း သူ႕မွာညီရွိတယ္လို႔ တစ္ခါမွမေျပာခဲ့ဖူးသလိုဘဲ "

ႏွစ္ေယာက္တည္းရွိေနတဲ့အခ်ိန္မွ မိုးသိခ်င္ေနတာကို ေမးရပါေတာ့သည္။ကိုခန့္ထားႏွင့္ခ်စ္သူျဖစ္ခဲ့သည့္ သက္တမ္းတစ္ေလွ်ာက္လုံး ကိုခန့္ထားဆီကေန ႏွိုင္းအေၾကာင္းေျပာျပတာကို မိုးတစ္ခါမွမၾကားဖူးခဲ့ပါ။ေျပာရလွ်င္ မိုးသည္ ကိုခန့္ထားမွာညီေလးရွိတယ္ဆိုတာကိုေတာင္အခုမွသိရသည္။

"ကြၽန္ေတာ္တို႔က ညီအစ္ကိုေတြမွမဟုတ္ခဲ့တာ "

ဒီစကားကိုေျပာလာသည့္ ႏွိုင္းရဲ႕အသံက နာက်ည္းမူ႕မ်ားႏွင့္ျပည့္ညွပ္ေန၏။

သူတို႔ႏွစ္ဦးၾကားဘာျဖစ္ခဲ့သည္ကိုမသိေပမဲ့ မိုးသည္ တစ္ဖက္လူမေျပာျပခ်င္သည့္အေၾကာင္းအရာကို အတင္းေမးၿပီး နားမေထာင္လိုတာေၾကာင့္ ဆက္မေမးေတာ့ဖို႔ ဆုံးျဖတ္လိုက္ပါသည္။ဒါေပမဲ့ ႏွိုင္းက မရပ္ခဲ့ဘဲ မိုးကိုဆက္ေျပာျပခဲ့သည္။

"ခန့္ထားစစ္ခ်ီနဲ႕ကြၽန္ေတာ္နဲ႕က အေဖတူအေမကြဲ ညီအစ္ကိုေတြေလ အဘိဓာန္မိုး...ဝမ္းနည္းစရာေကာင္းတာကဘာလဲသိလား ကြၽန္ေတာ့္ရဲ႕အေမက အေဖ့မွာ မိန္းမနဲ႕သားတစ္ေယာက္ရွိေနခဲ့တယ္ဆိုတာကိုေတာင္မသိဘဲ လက္ထပ္မိခဲ့တာ။အေမက အေဖ့အတြက္ ဒုတိယလူျဖစ္ခဲ့တယ္ အဘိဓာန္..."

ဒီစကားကိုေျပာေနသည့္ႏွိုင္းက မိုးကို အဓိပ္ပါယ်တွေပြည့်ဝန်းနေသော မ်က္ဝန္းမ်ားႏွင့္စိုက္ၾကည့္လ်က္ရွိေနသည္။

"ေဘးလူဆိုတဲ့အတိုင္း ေဖေဖ့ရဲ႕အခ်စ္ေတြကိုနည္းနည္းေလးေတာင္မရခဲ့တဲ့အေမက ေနာက္ဆုံး ကြၽန္ေတာ့္မ်က္စိေရွ႕မွာဘဲ ကိုယ့္ကိုယ္ကိုသတ္ေသသြားခဲ့တယ္...အေမက မသြားခင္ ကြၽန္ေတာ့္ကို မွာခဲ့တာရွိတယ္အဘိဓာန္ေလးရဲ႕...အဲ့တာက ခန့္ထားတို႔သားအမိျပန္လက္စားေခ်ဖိဳ႕ေပါ့ "

ဒီေလာက္မာေၾကာသည့္လူထံ့မွ အခုလို ဝမ္းနည္းစရာေကာင္းလြန္းသည့္အတိတ္ဆိုးႀကီးကို မိုးနားေထာင္ခဲ့ရလိမ့္မည္ဟုမေတြးခဲ့ဘူး။

ႏွိုင္းစီမွ ကိုခန့္ထား၏မေကာင္းမူ႕ကိုပထမဆုံးၾကားရခ်ိန္တြင္ ထူးဆန္းစြာႏွင့္ မိုးသည္ ကိုခန့္ထားဘက္ကာမေပးမိခဲ့ ႏွိုင္းရဲ႕ခံစားခ်က္မ်ားအေပၚ နားလည္ေပးေနမိပါေတာ့၏။ဒါေၾကာင့္ ႏွိုင္းစကားေျပာတာကို ျဖတ္ေျပာခဲ့ျခင္းမရွိဘဲ ၿငိမ္ၿငိမ္ေလးနားေထာင္ေပးလ်က္ရွိကာ ႏွိုင္း၏ခံစားခ်က္မ်ားကို နားလည္ေၾကာင္း ေထာက္ခံေပးေနခဲ့ပါေတာ့သည္။

"ေမေမ့ရဲ႕ေသဆုံးမူ႕ကိုမ်က္ျမင္ေတြ႕ၿပီးတဲ့အခ်ိန္ကစၿပီး ကြၽန္ေတာ္ လူေတြရဲ႕မ်က္ႏွာကိုမေဝခြဲနိုင္ခဲ့ေတာ့ဘူး...လူတစ္ေယာက္ရဲ႕မ်က္ႏွာကိုသိခ်င္ရင္ ဓာတ္ပုံနဲ႕မွတ္တမ္းယူၿပီးမွ ေသခ်ာၾကည့္ရေတာ့...ကြၽန္ေတာ္ကင္မရာကိုအၿမဲတမ္းဆြဲျဖစ္ေနရတဲ့အေၾကာင္းရင္းျဖစ္လာခဲ့တာေပါ့ "

အတိတ္အေၾကာင္းေတြကို ယုံၾကည့္ရသူမွာဖြင့္ဟၿပီးေနာက္ ႏွိုင္းသည္ မိုးရဲ႕လက္ကိုဆုတ္ကိုင္လ်က္ရွိကာ_

"ဒါေပမဲ့ ထူးဆန္းတာကဘာလဲသိလား၊အဘိဓာန္မိုးကေတာ့ အျခားလူေတြနဲ႕မတူဘူး...အျခားလူေတြရဲ႕မ်က္ႏွာကိုမေဝခြဲနိုင္ေပမဲ့ အဘိဓာန္မိုးရဲ႕မ်က္ႏွာကိုေတာ့ ရွင္းရွင္းလင္းလင္းျမင္ေနရတယ္...."

"အဘိဓာန္မိုးၿပဳံးေနတာကိုျမင္ရတဲ့ရက္ေတြမွာဆို ကြၽန္ေတာ့္ရဲ႕စိတ္ေတြက အဆင္ေျပသလိုခံစားရၿပီး အဘိဓာန္မိုး မ်က္ရည္က်တဲ့အခ်ိန္မွာဆို ကြၽန္ေတာ္စိတ္ကပူေလာင္ရတယ္။အဘိဓာန္မိုးကို မ်က္ရည္က်ေအာင္လုပ္တဲ့ဘယ္သူ႕ကိုမဆို သတ္ပစ္ခ်င္တဲ့စိတ္ေတြေပၚမိတဲ့အထိကိုပူေလာင္ရတာ..အဲ့လူက အျခားသူမဟုတ္ဘဲ ကြၽန္ေတာ္ျဖစ္ေနခဲ့ရင္ေတာင္ ကိုယ့္ကိုယ္ကို ငွဲ႕မွာမဟုတ္ဘူး "

႐ုတ္တရက္ အတိတ္အေၾကာင္းကေန အခ်စ္အေၾကာင္းဘက္သို႔ကူးေျပာင္းလာေတာ့ မိုးလည္း ႏွိုင္းႏွင့္မ်က္လုံးခ်င္းမဆုံရဲဘဲျဖစ္ရေတာ့သည္။

"ႏွိုင္း...မင္းငါမတိုင္ခင္ လူဘယ္ႏွစ္ေယာက္အေပၚခ်စ္ခဲ့ဖူးေသးလဲ...အမ္ ငါဒီတိုင္းသိခ်င္လို႔ေမးတာပါ၊တျခား ဘာစိတ္မွမရွိဘူးေနာ္ "

ေမးလည္းေမးခ်င္ေနၿပီး ႏွိုင္းအထင္လြဲမည္ကိုလည္းစိုး၍ ေျဖရွင္းခ်က္ပါေပးေနရေသးသည္။

"အမွန္တိုင္းဝန္ခံရရင္ အဘိဓာန္မိုး မတိုင္ခင္က ကြၽန္ေတာ္ လူတစ္ေယာက္အေပၚခ်စ္ခဲ့ဖူးတယ္ "

".......... "

"အဲ့တုန္းက ကြၽန္ေတာ္အားနည္းၿပီးဘာမွျပန္မလုပ္နိုင္တဲ့အခ်ိန္...လူေတြရဲ႕ညင္းပန္းမူ႕ေအာက္ ဒုကၡေရာက္ေနၿပီး ခိုကိုးရာမဲ့ေနခ်ိန္ေပါ့၊အဲ့တုန္းက ကြၽန္ေတာ့္ဘက္ကို ကမ္းေပးလာတဲ့လက္ဆိုလို႔ အဲ့လူတစ္ေယာက္တည္းရွိခဲ့တာ၊ဝမ္းနည္းေနတဲ့ကြၽန္ေတာ့္ကိုႏွစ္သိမ့္ေပးၿပီး အားနည္းေနတဲ့ကြၽန္ေတာ့္ကိုေဖးမေပးခဲ့တဲ့ သူ႕ကိုခ်စ္မိခဲ့တယ္ "

"...ဒါဆို မင္းဘာလို႔သူ႕ကိုျပန္ရွာၿပီး မခ်စ္တာလဲ "

ဒိစကားကိုေျပာထြက္လာတဲ့မိုးကိုယ္တိုင္ကေတာ့ မသိေပမဲ့ နားေထာင္ရသူေတြအဖို႔မွာေတာ့ မိုးရဲ႕အသံမွာ ဝန္တိုမူ႕ေသးေသးေလးေတြကယွက္သန္းေနမွန္း သိနိုင္သည္။ဒါကိုၾကားရေတာ့ ႏွိုင္းတစ္ေယာက္ၿပဳံးလ်က္_

"ခ်စ္ခဲ့တယ္ေလ အဘိဓာန္မိုးရဲ႕ "

ျပန္ရွာၿပီးခ်စ္ခဲ့ၿပီးခါမွ မိုးဘက္သို႔ေရာက္လာသည္ဟု အမွတ္မွားသြားတာေၾကာင့္ မိုးတစ္ေယာက္သည္ ေဒါသသံေသးေသးေလးျဖင့္_

"ေၾသာ္...ဒါဆိုလည္း ငါ့ကိုမခ်စ္နဲ႕ေတာ့ေလ အဲ့မိန္းကေလးကိုဘဲ ျပန္ရွာၿပီးခ်စ္လိုက္ပါေတာ့လား "

"မိန္းကေလးလို႔ ကြၽန္ေတာ္ေျပာခဲ့မိလို႔လား "

"......... "

ႏွိုင္း ရဲ႕အခ်စ္ေဟာင္းက မိန္းကေလးတစ္ေယာက္မဟုတ္မွန္းသိရလွ်င္ မိုးပို၍စိတ္ဆိုးမိသည္။

မိုးသည္ ႏွိုင္းကိုဘာမွျပန္မတုံ႕ျပန္ခဲ့ေတာ့ဘဲ ႏွိုင္းဆုတ္ကိုင္ထားသည့္လက္ကိုလည္းဖယ္ထုတ္လိုက္ၿပီး တစ္ဖက္သို႔လွည့္ကာလ်စ္လ်ဴ႐ူလိုက္ေတာ့၏။
ဒီလုပ္ရပ္ကိုဘာေၾကာင့္လုပ္မိသြားမွန္းမသိေပမဲ့ သဝန္တိုတဲ့စိတ္ေၾကာင့္ လုပ္ခဲ့တာမဟုတ္တာကိုေတာ့ မိုးေျပာျပပါရေစ။

သဝန္တိုစိတ္ေလးလႊမ္းသြားသည့္ အဘိဓာန္မိုးကိုၾကည့္ျခင္းအားျဖင့္ ႏွိုင္းရယ္လိုက္မိသည္။

ႏွိုင္းအရင္ကခ်စ္မိခဲ့တဲ့သူကအျခားလူမွမဟုတ္ခဲ့တာ အဘိဓာန္မိုးဆိုတဲ့ဒီလူသားေလးဘဲကို...။

ႏွိုင္းသည္ အဘိဓာန္မိုးအေပၚ ထပ္ၿပီးခ်စ္ခဲ့မိတာအတြက္ ေက်နပ္မိပါသည္။ႏွိုင္းယုံၾကည္၏။ဘယ္ႏွစ္ေခါက္ျမႇောက္ဘဲျဖစ္ေနပါေစ ဒီလူသားအေပၚမွာဘဲ ႏွိုင္းရဲ႕ႏွလုံးသားက တုံ႕ျပန္ေနမည္ဆိုကိုေပါ့။ဒါကိုေတာ့ ႏွိုင္းတစ္ေယာက္တည္းသာ သိထားပါေတာ့မည္။ဒီအခ်ိန္မွာ ဒီလူသားကိုလက္မလႊတ္ေတာ့ဘဲ အနားမွာတစ္သက္လုံးေနၿပီး ကာကြယ္ေစာင့္ေရွာက္ေပးသြားနိုင္ေအာင္ႀကိဳးစားပါေတာ့မည္။

"ႏွိုင္း ညနက္ေနၿပီ ဒီညေတာ့ ဒီမွာဘဲအိပ္လိုက္ပါေတာ့လား "

အခ်ိန္ကိုၾကည့္ေတာ့ ညဆယ့္ႏွစ္ပင္ထိုးေတာ့မည္ျဖစ္တာေၾကာင့္ တစ္ေယာက္တည္းလမ္းေလွ်ာက္ျပန္ရမည့္ ႏွိုငးကိုစိုးရိမ္ေသာစိတ္ျဖင့္ မိုးေခၚအိပ္ရျခင္းျဖစ္သည္။

"ေတာ္ပါၿပီ အိမ္ဘဲျပန္လိုက္ပါမယ္ "

ႏွိုင္းလက္မခံရျခင္းကအေၾကာင္းရင္းရွိပါသည္။

အကယ္၍ ႏွိုင္းသာ အဘိဓာန္မိုးႏွင့္နီးနီးကပ္ကပ္ေနခြင့္ရလွ်င္ စိတ္မထိန္းနိုင္ဘဲရွိေနမည္စိုးတာေၾကာင့္ ျငင္းေနရျခင္းျဖစ္၏။

"အင္းပါ ဒါဆိုလည္း ဂ႐ုစိုက္ျပန္အုံး "

ညအေမွာင္ထဲမွာ တစ္ေယာက္ထဲေျခလ်င္ႏွင့္ျပန္သြားသည့္ ႏွိုင္းကို မိုးစိုးရိမ္စိတ္ျဖင့္ မ်က္စိတစ္ဆုံးလိုက္ၾကည့္ေနမိပါသည္။

မျမင္နိုင္ေတာ့သည့္ ျမင္ကြင္းေလာက္နားေရာက္မွ အိမ္ထဲသို႔ျပန္ဝင္ခဲ့ကာ ခဏက ႏွိုင္းဖြင့္ဟခဲ့သည့္ အေၾကာင္းမ်ားအေပၚ ျပန္လည္ေတြးေတာၾကည့္ရင္း ကိုခန့္ထားကမိုးထင္ထားသလို ျဖဴစင္တဲ့သူေတာ္ေကာင္းတစ္ေယာက္မဟုတ္ခဲ့ဘဲ လွ်ိုဝွက္နိုင္လြန္းသည့္ သူတစ္ေယာက္မွန္းသိလိုက္ရခ်ိန္ ကိုခန့္ထားနဲ႕ပတ္သတ္ၿပီး စိတ္ထဲတစ္မ်ိဳးေတာ့ အနည္းငယ္ခံစားခဲ့လိုက္ရပါသည္။

မိုးသည္ ႏွိုင္း၏တစ္ဖက္စကားကိုသာနားေထာင္ခဲ့ရၿပီး ႏွိုင္းအေပၚ ဘာလို႔အခုေလာက္ထိ အႂကြင္းမဲ့ယုံၾကည္စိတ္ဝင္မိသြားလဲမသိ။မိုးရဲ႕ႏွလုံးသားက ႏွိုင္းသာဆို မိုးအေပၚ ဘယ္အရာမွလိမ္ေျပာလိမ့္မည္ မဟုတ္မွန္း ယုံၾကည္ေနတာေၾကာင့္ျဖစ္ပါလိမ့္မည္။
................ ................ .................

မေန႕ညက အျဖစ္အပ်က္မ်ားေၾကာင့္ ခန့္ထားအလုပ္ေပၚသို႔ အာ႐ုံမစိုက္နိုင္ဘဲရွိေနရေတာ့၏။

"အဆင္ေျပရဲ႕လား သား။..သားကိုၾကည့္ရတာ တစ္ခုခုျဖစ္ေနသလိုဘဲ "

အနားမွာ အလုပ္အတူလုပ္လ်က္ရွိေနသည့္ဖခင္ျဖစ္သူထံ့မွ ပူပန္မူ႕ကိုၾကားခါမွသာ ခန့္ထားလည္း အာ႐ုံေတြကိုျပန္စုစည္းနိုင္ခဲ့သည္။

"ကြၽန္ေတာ္ ညကေကာင္းေကာင္းမအိပ္ခဲ့ရလို႔ပါ အေဖ"

"က်န္းမာေရးဂ႐ုစိုက္အုံး မၾကာခင္ဘဲ U.Kသြားရေတာ့မွာကို "

"ဗ်ာ...U.Kကို...ဘာလုပ္ဖို႔လဲ အေဖ "

"အေဆာက္အဦးတိုးခ်ဲ့ဖို႔ ရွယ္ယာရွင္ေတြနဲ႕သြားေဆြးႏြေးရမွာေလ...အေဖသားကို မေန႕က ေျပာခဲ့ပါတယ္ "

မေန႕က ခန့္ထားကို အေဖတစ္ခုခုေျပာခဲ့တာေတာ့သိ၏။အကၡဘက္သို႔ စိတ္ေရာက္ေနတာေၾကာင့္ ေသခ်ာနားမေထာင္မိခဲ့ဘဲရွိေနခဲ့ရာ အခုလို နိုင္ငံရပ္ျခားသြားရေတာ့မည္ကို သိလွ်င္ ခန့္ထား စိတ္ပ်က္ရပါသည္။

ေဖေဖကိုယ္တိုင္ စီစဥ္ၿပီးသားကိစၥမို႔ ခန့္ထားလည္း မျငင္းနိုင္ဘဲ ရွိရေတာ့၏။

အခုမွ အကၡနဲ႕ႏွလုံးသားေရးရာ ယွဥ္ၿပိဳင္ဖို႔ ေျခလွမ္းစ႐ုံရွိေသးတာကို ကံတရားႀကီးက ခန့္ထားဘက္သို႔ အေရးနိမ့္ေအာင္ စြမ္းေဆာင္ေနေလၿပီ။

"U.Kသြားရင္ ရွားေလးကိုပါ ေခၚသြားရမယ္ေနာ္ သား "

"ရွားကိုပါေခၚရမယ္...၊အလုပ္ကိစၥနဲ႕သြားရမဲ့ ခရီးေလအေဖ "

"အင္း ရွားေလးကိုအိမ္မွာတစ္ေယာက္တည္းမထားခဲ့နဲ႕...ႏွိုင္းအေၾကာင္းကို သားလည္းသိတယ္မလား "

အခုလက္ရွိ ႏွိုင္းအကၡကို ေဖေဖက တစ္ခ်ိန္က မိန္းကေလးတကာႏွင့္လိုက္ပတ္အိပ္လ်က္ရွိေနတတ္သည့္ သူတစ္ေယာက္အျဖစ္သာျမင္ေနေသးသည္ထင္။တကယ္ေတာ့ ခန့္ထားစိတ္မခ်ရမွာက ရွားကိုမဟုတ္ဘဲ မိုးျဖစ္ေနတယ္ဆိုတာကို ထုတ္ေျပာျပခ်င္မိ၏။

ေဖေဖ့ကို႔စိတ္ပ်က္ေအာင္ မလုပ္ခ်င္တာေၾကာင့္ ပင့္သက္သာတစ္ခ်က္ရွိုက္လိုက္ရၿပီး ခန့္ထား ေခါင္းညိတ္ခဲ့ရသည္။

နိုင္ငံျခားမသြားခင္ အကၡနဲ႕အဘိဓာန္မိုး နီးစပ္ခြင့္မရနိုင္ေစဖို႔ အကြက္ခ်ထားရမည္ကိုလည္း ေတးမွတ္ထားခဲ့ပါေတာ့သည္။

"ရွားႏြယ္ေလး တစ္ပတ္ခါၾကရင္ စစ္ခ်ီေလးနဲ႕တူတူနိုင္ငံရပ္ျခားထြက္ရမယ္ေနာ္ "

ေဒၚဝင့္ေနခ်ီႏွင့္အတူ ဘုရားပန္းလွဲေနရာမွ ေဒၚဝင့္ေနခ်ီ၏ေျပာစကားေၾကာင့္ ရွားနည္းနည္းေတာ့ ေၾကာင္သြားရပါ၏။

"ဘယ္ကိုလဲ အေမ "

"U.Kကိုတဲ့ ရွားႏြယ္ေလးတစ္ခါမွမေရာက္ဖူးဘူးမလား "

"ဟုတ္...ရွားက နိုင္ငံရပ္ျခားအေၾကာင္းေတြကိုလည္း ဘာမွမသိေတာ့ အဆင္ေျပပါ့မလားဟင္၊ေတာ္ၾကာေန အကို႔ကိုဒုကၡေပးေနမိမွာစိုးတယ္ "

တစ္ဖက္လူဝန္ထုတ္ဝန္ပိုးျဖစ္မွာကို သိပ္ပူပန္တတ္လြန္းသည့္ ေခြၽးမေလာင္းေလးကိုၾကည့္ၿပီး ေဒၚဝင့္ေနခ်ီတစ္ေယာက္ၿပဳံးလိုက္မိ၏။

လူႀကီးေတြအေပၚလည္းသိတတ္တဲ့အျပင္၊ႏူးညံ့သိမ္ေမြ႕ၿပီးယဥ္ယဥ္ေက်းေက်းေလးနဲ႕မိန္းမေကာင္းဆန္လြန္းတဲ့ ဒီရွားႏြယ္ေလးကို ေဒၚဝင့္ေနခ်ီ မခ်စ္မိဘဲမေနနိုင္ေအာင္ျဖစ္ရပါသည္။ဒိလို မိန္းမကေကာင္းေလးကို ေခြၽးမေတာ္ရေတာ့မည့္အျဖစ္ကို စဥ္းစားမိတိုင္း ေဒၚဝင့္ေနခ်ီတစ္ေယာက္ မေက်နပ္ဘဲမေနရေအာင္ကိုရွိေနပါေတာ့၏။

"ရွားႏြယ္ေလး ဘာမွအားငယ္ေနစရာမလိုပါဘူး၊စစ္ခ်ီေလးက သမီးအနားမွာအၿမဲေနၿပီး သမီးကိုေဖးမေစာင့္ေရွာက္ေပးလိမ့္မယ္ ဟုတ္ၿပီလား "

"ဟုတ္ကဲ့ပါ အေမ "

ကိုခန့္ထားနဲ႕စိတ္မွာ ရွားမရွိမွန္းသိေပမဲ့လည္း မခြဲခြာရေသးခင္ အတူရွိေနရမဲ့အခ်ိန္ေလးကို တန္ဖိုးထားၿပီး ျဖတ္သန္းခ်င္မိတာေၾကာင့္ အခုလိုအခြင့္အေရးေလးရတာကိုဘဲ ေက်းဇူးတင္ေနမိပါသည္။

ဘယ္ေျပာတတ္မွာလဲ အကိုသာအဘိဓာန္မိုးဆိုသူနဲ႕ေဝးၿပီး ရွားနဲ႕အတူျဖတ္သန္းရခ်ိန္မ်ားလာရင္ ရွားအေပၚ သံေယာဇဥ္တြယ္လာေလာက္မွာေပါ့ ဟုတ္ေလာက္တယ္မလား....။ရွားေတာ့ ေမွ်ာ္လင့္မိပါတယ္။

လူႀကီးမင္းေခၚဆိုေသာ တယ္လီဖုန္းမွာ...

"က်စ္*ဖုန္းကိုင္စမ္းပါ မိုးရာ "

U.Kသြားဖို႔ ေလဆပ္မွာရွိေနၿပီျဖစ္ေပမဲ့ မသြားခင္ မိုးကိုအသိေပးခဲ့ခ်င္တာေၾကာင့္ အရင္ရက္ေတြကတည္းက ခန့္ထားမိုးစီကို ဆက္သြယ္ေနခဲ့သည္။ခန့္ထားဖုန္းေခၚတိုင္း ခ်ပစ္ခဲ့တဲ့မိုးက ဘာအေၾကာင္းေၾကာင့္ ခန့္ထားအေပၚ ပစ္ပယ္ထားမွန္းမသိ။

"အကို ဘာျဖစ္လို႔လဲဟင္ "

စိတ္ပ်က္ေနသည့္ ခန့္ထားပုံစံကို အနားမွာရွိေနသည့္ရွားေတာင္ရိပ္မိေနေလၿပီ။

ရွား၏အေမးေၾကာင့္ ခန့္ထားလည္း စိတ္အေျခအေနကို ခ်က္ခ်င္းဘဲေျပာင္းလိုက္ခဲ့ရာ ရွားကိုၿပဳံးျပခဲ့ၿပီး_

"ဘာမွမျဖစ္ပါဘူး...အကို အဆင္ေျပပါတယ္၊ဒါနဲ႕ ရွားေကာ အဆင္ေျပရဲ႕လား...ေလယာဥ္ပထမဆုံးအႀကိမ္စ စီးရမွာဆိုေတာ့ေလ "

"အကိုသာ ရွားအနားမွာရွိေနရင္အဆင္ေျပပါတယ္ "

လက္ကိုဆုပ္ကိုင္ၿပီးေျပာလာတဲ့ရွားကို ခန့္ထားၿပဳံးသာၿပဳံးျပခဲ့လိုက္သည္။

"အကိုတို႔ေလယာဥ္ေပၚတက္ၾကေတာ့မွာလား "

ေလယာဥ္ခ်ိန္နီးေနၿပီျဖစ္တာေၾကာင့္ ခန့္ထားလည္း မိုးကိုဆက္သြယ္ဖို႔လက္ေလ်ာ့လိုက္ပါေတာ့သည္။

ရွားႏွင့္အတူ ေလယာဥ္ေပၚသို႔တက္ခါနီး...ပတ္ဝန္းက်င္ကိုတစ္ခ်က္အကဲခတ္ေနခ်ိန္ ခန့္ထားတို႔ဘက္သို႔ ၾကည့္ေနသည့္လူတစ္ဦးကိုသတိထားမိလိုက္ပါသည္။

ျမင္ကြင္းကိုရွင္းရွင္းလင္းလင္းျမင္ရေအာင္ မ်က္လုံးေမွးၾကည့္လိုက္ခါမွ ထိုသူသည္ ႏွိုင္းအကၡယွဥ္ျဖစ္ေနမွန္း ခန့္ထားသတိထားမိသြား၏။

အကၡက ထြက္ခြာေတာ့မည့္ ခန့္ထားကိုၾကည့္ၿပီး လက္ျပႏႈတ္ဆက္ေနေလသည္။ထိုျမင္ကြငးေၾကာင့္ ခရီးစဥ္ကိုခ်က္ခ်င္းဖ်က္ပီး အကၡအခြင့္အေရးမသာေအာင္ဖန္တီးလိုက္ခ်င္ေပမဲ့ လက္ေတြ႕မွာမစြမ္းေဆာင္နိုင္ေနတာေၾကာင့္ ေဒါသထြက္မိ႐ုံမွအပ က်န္တာမတတ္နိုင္ခဲ့။

"ေစာင့္ၾကည့္ေနစမ္းပါ ႏွိုင္းအကၡယွဥ္၊ငါျပန္လာတဲ့အခ်ိန္ၾကရင္ မိုး မင္းကိုပစ္ၿပီး ငါ့ဆီဘဲေသခ်ာေပါက္ ျပန္ေရာက္လာေစရမယ္ "

ဒါကို ႏွိုင္းအကၡတစ္ေယာက္ ၾကားရဖို႔ေမွ်ာ္လင့္မိပါ၏။ခန့္ထားကိုလက္ျပရင္းရွိေနသည့္ အကၡက ေအာင္နိုင္သူတစ္ေယာက္အေနနဲ႕ၿပဳံးေနလိုက္တာမ်ား မ်က္ႏွာကိုအက္ဆစ္နဲ႕ပက္ပစ္ခ်င္စရာ။

"အကို တစ္ခုခုျဖစ္လို႔လား "

အကၡအေၾကာင္းကိုစဥ္းစားမိတိုင္း ေဒါသထြက္လ်က္ရွိေနတာေၾကာင့္ အနားမွာစိတ္ပူေပးလ်က္ရွိေနသည့္ ရွားကိုေတာင္ဂ႐ုမစိုက္နိုင္ဘဲျဖစ္ေနရေတာ့၏။အခုလည္း ရွား၏အေမးကိုျပန္မေျဖနိုင္ခဲ့ဘဲ ေလယာဥ္ပထမဆုံးစစီးဖူးမည့္ရွားကိုအေဖာ္မျပဳေပးဘဲရွိေနရာ တစ္ေယာက္တည္းပူေလာင္ေနေလသည္။

Upper Class ျဖစ္တာေၾကာင့္ ေလယာဥ္အတြင္းတိတ္ဆိတ္ေနၿပီး သက္ေတာင့္သက္သာႏွင့္ေနလို႔ေကာင္းခဲ့သည္။

ဒါေပမဲ့ ရွားအတြက္အဆင္မေျပခဲ့ဘဲ ဘဝမွာပထမဆုံးေလယာဥ္စစီးရမည္ျဖစ္၍ ထိတ္လန့္ေနမိ၏။အနားမွာရွိေနသည့္ ကိုခန့္ထားကိုအားကိုးခ်င္ေပမဲ့ ကိုခန့္ထားကိုၾကည့္ရတာ စိတ္အေျခအေနမေကာင္းေနတာေၾကာင့္ ရွားလည္း အပူေပၚအပူထပ္ဆင့္မေပးခ်င္မိ၍ ၿငိမ္ေနခဲ့လိုက္သည္။

ေလယာဥ္ထြက္ခါနီးလွ်င္ မတည္မၿငိမ္ျဖစ္ေနသည့္စိတ္အေျခအေနကို မ်က္လုံးမွိတ္ထိန္းထားလ်က္ ႏႈတ္ခမ္းကိုတင္းေနေအာင္ဖိကိုက္ထားရင္း အံ့ကိုႀကိတ္ကာ အေၾကာက္ေျဖထားရ၏။

ေလယာဥ္စထြက္ခြာပါၿပီ...ေက်းဇူးျပဳၿပီး လူႀကီးမင္းတို႔ရဲ႕လုံၿခဳံေရးခါးပတ္ကို ေသခ်ာပတ္ေပးထားၾကပါ။

"အား!! "

ေကာင္းကင္ေပၚသို႔တက္သြားသည္ႏွင့္ ေၾကာက္စိတ္ကိုမထိန္းခ်ဳပ္နိုင္ေတာ့ဘဲ ရွားအသံထြက္ကာေအာ္လိုက္မိသည္။

ဒါကို ကိုခန့္ထားက ၾကားေတာ့လွည့္ၾကည့္လာ၏။ေလယာဥ္မယ္မ်ားလည္းထိုနည္းတူပင္ ေၾကာက္ေနသည့္ရွားအနားလာမည္လုပ္ခ်ိန္ ကိုခန့္ထားက လွမ္းတားခဲ့သည္။

အကၡအေပၚဘဲတစ္ခ်ိန္လုံးစိတ္ေရာက္ေနခဲ့တာ အခုမွ ရွားဘက္သို႔သတိျပန္လည္လာသည္။

ခန့္ထားအမွားေၾကာင့္ ရွားသည္မ်က္လုံးမဖြင့္ရဲေတာ့သည္အထိ တုန္လူပ္ေနရွာၿပီ။ႏႈတ္ခမ္းကိုလည္းဖိကိုက္ထားသည္မွာ ေသြးစေလးေတြေတာင္ စို႔လိုေနၿပီျဖစ္၏။ဒါကိုျမင္ေတာ့ စိတ္မေကာင္းျဖစ္သည့္ ခန့္ထားတစ္ေယာက္ ခ်က္ခ်င္းဘဲ အျခားလူအေၾကာင္းေတြကိုေခါင္းထဲကေနပယ္ထုတ္ပစ္ခဲ့ရာ ရွားကိုဂ႐ုစိုက္ေပးေတာ့ဖို႔ကိုဘဲ အာ႐ုံထားလိုက္ရင္း တုန္လူပ္ေနသည့္ ရွား၏လက္ကိုဆုတ္ကိုင္လ်က္_

"ရွား...မေၾကာက္နဲ႕ေတာ့ေနာ္၊အားလုံးအဆင္ေျပသြားၿပီ "

"........ "

"ရွားအနားမွာကိုယ္ရွိတယ္ မ်က္လုံးကိုျဖည္းျဖည္းခ်င္းဖြင့္ၾကည့္လိုက္ပါေနာ္ ရွား "

ကေလးတစ္ေယာက္လိုေၾကာက္လန့္ေနသည့္ရွားက ခန့္ထားစကားကိုနားေထာင္လ်က္ မ်က္လုံးကိုျဖည္းျဖည္းခ်င္းဖြင့္ၾကည့္လာခဲ့သည္။တုန္လူပ္ေနတာကေတာ့ မေပ်ာက္ေသး။

"ၾကည့္ပါအုံး ႏႈတ္ခမ္းကိုကိုက္ထားတာလဲ ေသြးေတြေတာင္စို႔ေနၿပီ "

ႏႈတ္ခမ္းမွ ေသြးစေလးေတြကိုလက္မႏွင့္ဖြဖြေလးသုတ္ေပးလ်က္ ခန့္ထားသည္ ရွားအား_

"အကိုေတာင္းပန္ပါတယ္...ေနာက္ခါဆို ရွားကိုပစ္မပယ္ထားေတာ့ပါဘူး အကိုကတိေပးတယ္ေနာ္ "

ခန့္ထား၏ႏွစ္သိမ့္စကားေၾကာင့္ မ်က္ရည္မ်ားဝိုင္းလည္လာသည့္ ရွားက ခန့္ထား၏လက္ကိုတင္းေနေအာင္ဆုပ္ထားၿပီး ေခါင္းညိတ္ရွာသည္။

"အခုလိုကတိေပးလို႔ ေက်းဇူးတင္ပါတယ္အကို၊ရွားကို မပစ္ပယ္တဲ့အတြက္ ေက်းဇူးတင္ပါတယ္ "

ခန့္ထားတစ္ေယာက္တည္းကသာ ရွားအတြက္ ခိုကိုးရာျဖစ္သလို ခန့္ထားအေပၚအားကိုးလ်က္ရွိေနသည့္ ရွားကိုၾကည့္ျခင္းအားျဖင့္...ဒီကေလးကို ခန့္ထားကာကြယ္သြားေပးခ်င္စိတ္မ်ား တဖြားဖြားေပၚေပါက္မိသည္။

မိုးအလွည့္တုန္းကေတာင္မွ အတြယ္ကပ္ခံရတာမႀကိဳက္ခဲ့သည့္ ခန့္ထားသည္ ရွားကိုေတာ့ ခြၽင္းခ်က္အေနႏွင့္ တြယ္ကပ္ခြင့္ေပးေနမိပါ၏။မိုးအလွည့္တုန္းက ကိုယ္တိုင္တင္းၾကပ္ခဲ့သေလာက္ ရွားအေပၚမွာေတာ့ ႏူးညံ့ေနမိျပန္သည္။

ရွားအေပၚ ခန့္ထား၏အျပဳအမူမ်ားက ေသးေသးေလးေတြျဖင့္ ျဖည္းျဖည္းျခင္းေျပာင္းလဲေနျခင္းျဖစ္၍ ကိုယ္ေျပာင္းလဲေနသည္ကိုေတာင္ ခန့္ထားတစ္ေယာက္သတိမထားမိဘဲရွိေနခဲ့ပါေတာ့သည္။

Continue Reading

You'll Also Like

1.5K 143 13
ဖ​ေယာင္​းတိုင္​​ေလးငိုညည္​းခ်ိန္​ အတၱ​ေမာင္​(seme) သြန္​းခန္​႔လိႈင္​(uke)
327K 2.5K 67
[DISCONTINUED] Yahallo or ohakonbanchiwa~! Here, I will write some stories between female character(s) and obviously, you ! I can write : - games or...
222K 6.7K 77
မိဘတွေမတရားခံရမှုအတွက် ကလဲ့စားချေမယ့်ကောင်လေးတစ်ယောက် အမုန်းတရားတွေကနေလွတ်မြောက်နိုင်ပြီး ချစ်ခြင်းကိုရှာဖွေတွေ့ရှိနိုင်မလား..... မိဘေတြမတရားခံရမွုအတ...
151K 4.5K 28
❝ ZORO X READER X LUFFY ❞ ワンピース ➺ Y/n L/n, a straw hat pirate, is travelling with the others across the sea but due to the lack of distractions, yo...