Beyond the horizon [Heejake]

By kangseorim_nyo

4.4K 659 554

မင်းမျက်ဝန်းတွေမရှိရင် ငါ့ကမ္ဘာက ကာလာမဲ့တဲ့ ပန်းချီ More

Who am I?
Now, we are friends.
My troublemaker
I like the person like you
The night
Is that you Ethan?
It's time to......
Lee Heeseung
THE END or THE BEGINNING
Where?
That's so dangerous but also beautiful
Please,...
Lost the way
The last day with Ethan
Sim Jae..
My Hoon.
Let's go home, Ethan.
THE LAST PAGE (end)
saying good bye!

Is loving a mistake?

184 34 28
By kangseorim_nyo


''အစ်ကို..ဟိုဟာလေး ဝယ်စားရအောင်''

မိမိရဲ့ ဘယ်ဘက် လက်မောင်းအိုးတစ်ခုလုံးကို ထွေးပွေ့လှုပ်ရမ်းလို့ မျက်စိရှေ့နားဆီက အာတာပူစီဆိုင်ဆီ လက်ညိုးညွှန်ကာ ပူဆာလာသူ စိတ်ချမ်းသာစေရန်အလို့ငှာ ဟီဆွန်း အပြုံးမပျက် ခေါင်းငြိမ့်လို့ လိုက်လျောလိုက်တယ်။
ပုံမှန်ဆို ချောင်းဆိုးလိမ့်မယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ တားဆီးမိမှာ ဆိုပေမယ် သည်တစ်ညမှာတော့ ချစ်ရသူရဲ့စိတ်ဆန္ဒအကုန် ဖြည့်ဆည်းပေးမယ်လို့ ဆုံးဖြတ်ထားတာကြောင့် ဖြစ်လိမ့်မယ်။

ဟီဆွန်းတစ်ယောက် ဆောင်းဟွန်းငယ်ပြောသမျှ၊ ပူဆာသမျှကို အလစ်လပ်မခံ မြေဝယ်မကျ လိုက်လျောပေးနေတာ..။

အကြာကြီးဆိုတဲ့ ကာလတစ်ခုအထိ နှစ်ဦးနှစ်ယောက်လုံး ထိန်းသိမ်းဆင်ခြင်ကာ နေလာရခဲ့သမျှ ဒီတစ်ညမှာတော့ အတိုးချကာ ချစ်နေကြသူ ယောကျာ်းသားနှစ်ဦးအတွက် ခိုးဒိတ်တယ်ဆိုတဲ့ ခေါင်းစဥ်က သိပ်ကိုမှ သင့်လျော်လွန်းပါတယ်..။

ဟွန်းငယ်ရဲ့ မိဘနှစ်ပါးလုံး အလုပ်ကိစ္စနဲ့ ပင်လယ်ရပ်ခြားဆီ ခရီးထွက်နေခြင်းက သူနဲ့ဟွန်းငယ်အတွက် လွတ်လွတ်လပ်လပ်ပျော်စေနိုင်တဲ့ အခွင့်အလမ်းတစ်ခုဖြစ်လာခဲ့တာ။

အိမ်ကနေ တိတ်တိတ်လေး လစ်ထွက်လာခဲ့ပေးတဲ့ ချစ်ရသူအတွက် ဟီဆွန်းပြန်လုပ်ပေးနိုင်တာ လက်ချင်းမလွှတ်စတမ်းဆွဲလို့ ပူဆာသမျှဖြည့်ဆည်းပေးနိုင်တာပဲရှိပါတယ်လေ..။

Night out အတွက် အမှတ်တရဖြစ်နေမယ့်နေရာရယ်လို့ ဦးနှောက်ထဲ ပြေးလွှားရှာဖွေကြည့်လိုက်တော့ အဆင့်မြင့်ဟိုတယ်တွေနဲ့ ကြယ်ပွင့်ရ စားသောက်ဆိုင်တွေအစား ဟီဆွန်းလျှောက်နေကျ ညဈေးတန်းလေးကသာ အသင့်တော်ဆုံး၊ ဟင့်အင်း..အတတ်နိုင်ဆုံးခေါ်သွားပေးနိုင်တဲ့နေရာ ဖြစ်လာခဲ့တယ်။

သို့သော်ငြား အရာရာအသစ်အဆန်းတွေ ကြုံတွေ့နေရသလို ပျော်ရွှင်ကျေနပ်နေပေးတဲ့ သူကြောင့် ဟီဆွန်းမှာ အားနာနေရင်းကပဲ ပြုံးမိရပါသေးတယ်..။

''ဝါး..နူးနူးညံ့ညံ့လေးနဲ့ ချိုနေရောပဲ။ အစ်ကိုလည်းစားကြည့်လေ''

''အင်း..ဟွန်းငယ်ခွံ့ကျွေး''

''အာ.....''

ပြာနုနု အာတာပူစီလေးကို သူ့လက်ချောင်းသွယ်သွယ်လေးတွေနဲ့ အသာဖဲ့ပြီး ဟီဆွန်းရဲ့ ပါးစပ်ရှေ့ ထိုးပေးလာတာမို့ ရင်ဘတ်ထဲပန်းတွေပျိုးရင်း အပြာရောင်မေတ္တာစလေးကို ငုံထွေးလိုက်သူမှာလည်း သိပ်ကိုမှကျေနပ်နေသယောင်ပါပဲ..။

လျှာဖျားပေါ်မှာတင် ချိုအိအိလေးနဲ့ အရည်ပျော်ကျသွားတဲ့ အာတာပူစီအပိုင်းအစလေးက ဟီဆွန်း တမက်တမော နမ်းရှိုက်ဖူတဲ့ ဟွန်းငယ်ရဲ့ လက်ဖျားလေးတွေလို..။

သို့ပေသိ ကမ္ဘာကြီးကို နှစ်ခြမ်းခြမ်းပြီး ချိန်တွယ်ပေါ်တင်လို့ အလေးချိန် ချိန်ဆကြည့်မယ်ဆိုရင်တောင် ဟီဆွန်းရဲ့ ချိန်ခွင်က ဟွန်းငယ်ရှိတဲ့ အခြမ်းကိုသာ လျှာထိုးသာမှာမို့ အာတာပူစီလေးချိုတယ်ဆိုတာ ဟွန်းငယ်ရဲ့ လက်ဖျားနုနုတွေကို မမီပါဘူးလေ..။

''ချိုလား??''

''အင်း..ဟွန်းငယ်လိုပဲ''

''အပိုတွေ ပြောပြန်ပြီ..ခင်ဗျားကြီးကလေ၊ လက်မှုအနုပညာမေဂျာက မို့လိုသာပဲ။ စာပေမေဂျာကသာဆို ကျွန်တော်နေ့တိုင်း ကဗျာတွေနားထောင်ရမလားမသိဘူး။''

''ပန်းပုသမားကို ကဗျာစပ်အောင် စွမ်းဆောင်နိုင်က ဟွန်းငယ်တစ်ယောက်သာ ရှိတာပါကွယ်။''

''ခင်ဗျားက မန်းလေပြဲလေ..''

မျက်စောင်းဖွဖွရွယ်ကာ လေသံတိုးသဲ့သဲ့ဖြင့် အပြစ်တင်စကားဆိုလိုက်တာဆိုပေမယ့် အတန်ငယ် ပန်းနုရောင်ပြေးနေတဲ့ ပါးပြင်နုနုကတော့ အရှက်ပြေဆိုလိုက်ရုံသာ ဖြစ်ကြောင်း တိုးတိုးတိတ်တိတ် သက်သေထူလေရဲ့..။

ဟီဆွန်း ထိုပါးပြင်တွေပေါ် လက်ဖျားလေးတွေကို ပြေးလွှားစေလိုက်တော့ နူးညံ့တဲ့ အထိအတွေ့နဲ့အတူ ငေးကြည့်လာတဲ့မျက်ဝန်းတွေကြား ရင်ဘတ်ထဲ ကြယ်စင်နှစ်စင်း ခကြွေခဲ့ပြန်လေရော့..၊ ပွဲခင်းထဲက အမျိုးအစားသောင်းခြောက်ထောင်သောလူတွေရဲ့ ဆူညံသံတွေအကုန် ဟီဆွန်းရဲ့ ကမ္ဘာကနေ ထွက်ပြေးကုန်တယ်..။

အခုချိန် ဟီဆွန်းခံစားမိတာ ဟွန်းငယ်ရဲ့ ပန်းပွင့်ချပ်လေးတွေလို နူးနူးညံ့ညံ့ ပါးပြင်လေးနဲ့ မဟူရာရောင် မျက်ဝန်းတစ်စုံသာ..။

မျက်ဝန်းတွေဆီငေးကြည့်နေတဲ့ အကြည့်တွေကို နှုတ်ခမ်းလွှာတွေဆီ မပို့ရသေးမီ ပေါက်ကွဲလုလု စိတ်ဝသီတွေကို ကောင်းကင်ပေါ်မှာ တဖြန်းဖြန်းမြည်ဟီးလာတဲ့ မီးပန်းဖောက်သံ အချို့က သတိပေးလို့ ထိန်းချုပ်လာခဲ့တယ်။

Cutton candy အပိုင်းအစတွေ ပေကျံနေတဲ့ ထိုနှုတ်ခမ်းတွေကိုသာ ထိတွေ့မိသွားရင် သေချာပေါက် လူဘဝကနေ ပျားဘဝပြောင်းရမှာ အီဟီဆွန်းကိုယ်တိုင်သာပဲ..။
ပတ်ဆောင်းဟွန်းငယ်ဟာ အင်မတန်မှကို အန္တရာယ်များတဲ့ ပန်း..။

''အဟမ်း...ဟိုမှာ မီးပန်းတွေဖောက်နေကြတာပဲ''

''အော်? အာ..ဟုတ်သားနော်။ အစ်ကိုအရင်ရောက်ခဲ့တုန်းကဆို ဒီလိုမဖောက်ကြပါဘူး။''

''ဘာနေနေ အရမ်းလှတာပဲ။''

''အင်း...ဟွန်းငယ်သဘောကျလို့လား။ အစ်ကိုတို့ရော မီးပန်းဖောက်ကြမလား။ အစ်ကိုသွားဝယ်လာခဲ့ပေးမယ်လေနော်..''

''အတူသွားမှာပေါ့လို့..''

''အဟား...ဟုတ်ကဲ့ပါဗျား..။''

ဟွန်းငယ်ရဲ့ ဆန္ဒအတိုင်း နှစ်ယောက်အတူ မီးပန်းရနိုင်မယ့် နီးစပ်ရာက ဆိုင်တစ်ဆိုင်ကိုသွားပြီး မီးပန်းသုံးချောင်းဝယ်ခဲ့လိုက်တော့ လမ်းလျှောက်တာကအစ မြောက်ကြွမြောက်ကြွ ဖြစ်သွားတဲ့ အကောင်ပေါက်ကလေးဟာ ပျော်ရွှင်မှုတွေကို မထိန်းမချန်ဖော်ပြနေခဲ့တယ်။

ညဈေးအလွန်က လူရှင်းတဲ့ ကွင်းထဲသွားပြီး မီးပန်းက ယမ်းစကို မီးညှိလိုက်ချိန်ကစ နံဘေးကနေ လက်ခုပ်လက်ဝါးတီးပေးနေသူဟာ ဟီဆွန်းရဲ့ သက်ဆိုင်သူဖြစ်နေတာမို့ ကိုယ့်အတွေးနဲ့ကိုယ် ကျေနပ်နေရပါသေးတယ်။

''ဖြောင်း~~~🎆''

''ဝိုး....လှတယ်..အရမ်းလှတယ်''

''ဟွန်းငယ် လုပ်ကြည့်ချင်လား။''

''အွန်း..လုပ်ကြည့်မယ်။''

''ရော့..ဒါလေးခဏကိုင်ထား''

ဟီဆွန်းလက်ထဲက ဖောက်လက်စ မီးပန်းကို ဟွန်းငယ်လက်ထဲ ထိုးပေးလိုက်ပြီး နောက်ထပ် မီးပန်းအသစ်ကို မီးညှိလိုက်တယ်။ ပထမမီးပန်း​သံနဲ့အတူ  တပ်ကြပ်မကွာ ထွက်ပေါ်လာတဲ့ တဖြောင်းဖြောင်းမြည်သံတွေကြား ဟွန်းငယ်ရဲ့ သဘောတကျရယ်သံကသာ ဟီဆွန်းရဲ့ နားစည်ထံ ခိုက်ခတ်ခဲ့ပါတယ်။

''ဟွန်းငယ်...''

''ဗျာ့''

''ချစ်တယ်လို့..''

''ကျွန်တော်ရောပဲ..''

___________________

မီးပန်းတွေလို ခဏတာသာ လှပပြီး ပျောက်ကွယ်သွားမယ့် ဖြစ်တည်မှုမျိုးတော့ မဖြစ်လိုက်နဲ့ အစ်ကို..။
___________________

🍃

သည်ကနေ့တော့ ဆောင်းဟွန်း အတော်အတန် စိတ်ကြည်နေတယ်..။

နေ့လည်ခင်း လက်ချာချိန်တွေကို လစ်ပြီး အစ်ကိုနဲ့အတူ Dateလုပ်ခဲ့တာမို့ ဆောင်းဟွန်းမပျော်ဘူးဆိုတဲ့စကားဟာ အကြီးမားဆုံး မုသားကြီးဖြစ်လိမ့်မှာ..။

အချိန်ပိုင်းအလုပ်တွေနဲ့ နားချိန်တောင် မနည်းယူနေရတဲ့ကြားထဲက ဆောင်းဟွန်းကိုဆို အမြဲအလိုလိုက်ပြီး အချိန်ပေးတတ်တဲ့ အစ်ကိုက သိပ်ကိုမှ ချစ်ဖို့ကောင်းလွန်းနေတယ် မဟုတ်ဘူးလား။

သေချာတယ်..အစ်ကိုသာ မရှိရင် ဆောင်းဟွန်းအတွက် လူမှုအသိုင်းအဝိုင်းဆိုတာ ကြားရုံသာကြားဖူးပြီး တစ်ခါမှမမြင်ဖူးတဲ့ မြောက်ဝင်ရိုးစွန်းဆီက Auroraငွေ့တန်းတွေလို သူစိမ်းတစ်ရံဖြစ်နေတော့မှာ..။

အစ်ကို့အပြုံး ရေကြည်ပေါက်တွေ မရှိရင်များတော့ ဘဝရဲ့ အစကနေအဆုံး အစိတ်အပိုင်းအကုန်လုံးက ကန္တာရဆီက သဲပွင့်တွေလို ခြောက်ကပ်ကပ်နဲ့ ပူလောင်လွန်းရော့မယ်ထင့်..။

သိသိသာသာ ပေါ့ပါးနေတဲ့ ခြေလှမ်းတွေနဲ့ အိမ်ထဲဝင်လာခဲ့တဲ့ ဆောင်းဟွန်း၊ တစ်ယောက်တည်းပြုံးနေမိသလား ကိုယ့်ကိုယ်ကိုတောင် သတိမထားခဲ့မိပါဘူး..။

အိမ်တွင်းစီးဖိနပ်ကို ပြောင်းစီးပြီး ပြန်ရောက်ကြောင်း အသံပေးလိုက်တော့ ဧည့်ခန်းထဲကနေ ''ပြန်ရောက်ပြီလား'' ဆိုတဲ့ ခပ်တိုးတိုး ပြီးတော့ အေးစက်စက် တုံ့ပြန်သံက ဆောင်းဟွန်းဆီ အပြေးရောက်လာခဲ့တယ်။

ဆောင်းဟွန်း နည်းနည်းတော့ အံ့သြမိသွားတာ ဝန်ခံရမယ်။ ဟင့်အင်း..မဟုတ်သေးဘူး၊ အများကြီး အံ့သြသွားတာ။

ည၇နာရီဆိုတဲ့အချိန်က ဆောင်းဟွန်းရဲ့ မိဘတွေအတွက် အလုပ်နဲ့ လုံးပမ်းလို့ အကောင်းဆုံးအချိန်လေ။ အရင်ကဆိုရင်ဖြင့် ဆောင်းဟွန်းအိမ်ပြန်ရောက်လာချိန်မှာ ''ပြန်ရောက်ပါပြီလား'' လို့နှုတ်ဆက်သူက အိမ်အကူအဒေါ်ကြီးအပြင် မရှိတဲ့ဟာကို၊ ဒီကနေ့ရဲ့ တုံ့ပြန်သံကတော့ မေမေကိုယ်တိုင်ဆီက ဖြစ်နေခဲ့တယ်။

မေမေတင်ပဲလားဆိုတော့ မဟုတ်သေးပြန်ဘူး။ တစ်နေ့ကို တွေ့ချိန် နာရီပိုင်းတောင်မရှိတဲ့ ဖေဖေကပါ ဧည့်ခန်းထဲမှာထိုင်ရင်း ဆောင်းဟွန်းကို ငေးကြည့်နေကြတာ..။

သို့ပေမယ့် ဖေဖေ့မျက်ဝန်းထဲမှာ ဆောင်းဟွန်း မကောင်းတဲ့ အရိပ်အငွေ့အချို့ဖမ်းဆုပ်လိုက်မိတယ်လို့ ဘာလို့ထင်မိရတာပါလိမ့်။

ဒေါသ၊ နာကျည်းမှု၊ ရှက်ရွံ့မှု...
အဲ့လိုတွေများလား...။

မသေမချာတဲ့ အတွေးတွေနဲ့ ဆောင်းဟွန်းတစ်ကိုယ်တည်း တိတ်တိတ်လေးအခက်တွေ့နေတုန်း မေမေ့ဆီက စကားသံထွက်လာခဲ့တယ်..။

''ရေသွားချိုး သား..၊ အမေတို့ စကားပြောဖို့လိုနေတယ်။ စောင့်နေမယ်..မြန်မြန်တော့ လုပ်လှည့်။''

''အာ..ဟုတ်ကဲ့ မေမေ''

ဆောင်းဟွန်း အပေါ်ထပ်ကို တက်သွားသည်အထိ ဖေဖေဟာ ဘာစကားမှမပြောဘဲ ဆောင်းဟွန်းကိုသာ မျက်လုံးရဲကြီးတွေနဲ့ စိုက်ကြည့်နေခဲ့တယ်..။ ဒါပေမယ့် လူတွေတကယ်တမ်းစကားပြောကြတာ နှုတ်ကမဟုတ်ဘဲ မျက်လုံးကပေမို့ ထိုမျက်ဝန်းတွေကို မဝံ့မရဲ ဝေ့ကြည့်လိုက်ချိန်မှာတော့ ဖေဖေ့ဆီမှာ ပြောစရာစကားတွေအများကြီးရှိနေမှန်း ဆောင်းဟွန်းသိလိုက်ပါတယ်။

ပြီးတော့ ဒေါသတွေကိုလည်း ဖမ်းလို့မိလိုက်တယ်..။ ဒီတစ်ခေါက်တော့ သေချာပေါက်ကို.. ။

လှေကားဆံတွေကို နင်းဖြတ်နေပေမယ့် ဆောင်းဟွန်းရင်ထဲ ပူလောင်ခြင်းကလွဲလို့ ဘာမှမခံစားမိတော့သလိုပဲ..။ ဘာဖြစ်လို့လဲ..ဘာလို့ဒေါသမျက်ဝန်းတွေလဲ။

အတတ်နိုင်ဆုံး စိတ်ကိုတည်ငြိမ်အောင်ထားရင်း ဦးနှောက်ထဲ အပြေးအလွှား စဥ်းစားခန်းဖွင့်ကြည့်တော့ ဖြစ်နိုင်ချေရှိလောက်တဲ့ အတွေးတစ်ခုက ဆောင်းဟွန်းတစ်ကိုယ်လုံးကို တောင်းတင်းသွားစေပုံများ အအေးခန်းထဲက အလောင်းကောင်နီးနီး..။

မဟုတ်နိုင်လောက်ပါဘူး။ ဆောင်းဟွန်း အတွေးလွန်နေတာ ဖြစ်မယ်။ အစ်ကိုနဲ့ဆောင်းဟွန်းနဲ့က အမြဲတမ်း အနေအထိုင်ဆင်ခြင်ခဲ့ကြတဲ့ကိစ္စကို..မဖြစ်နိုင်ဘူး။ ဘယ်လိုမှ သိသွားနိုင်စရာ အကြောင်းမရှိဘူး။

မဟုတ်ဘူး..မဟုတ်ဘူး။

အေးစက်လာတဲ့ လက်ချောင်းတွေကို ဘာမှမဖြစ်သလို ဟန်ဆောင်လျစ်လျူရှုရင်း ဆောင်းဟွန်း မေမေ့စကားနားထောင်ပြီး ရေအမြန်ချိုးခဲ့တယ်။

​ ဖေဖေနဲ့မေမေက အလုပ်မှာ ပြဿနာဖြစ်လို့ မျက်နှာမကောင်းကြတာ ထင်ပါရဲ့နော်..။
ဒါပေမယ့် ဆောင်းဟွန်းနဲ့ ပြောစရာ စကားဆိုတာကြီးက..အား..ရှီး..ဘာတွေလဲ။

''ငါ့သွေးသားက အဲ့လိုအောက်တန်းကျသတဲ့လား။ ငါက စိတ်အေးအောင် ဘယ်လိုနေရမှာလဲ မင်းပြောစမ်း။''

''ရှင်ဒေါသကို ရှေ့တန်းတင်တိုင်း ကလေးအတွက် ကောင်းမယ်ထင်နေလား?? ဟမ်?''

လှေကားပေါ်ကနေ ဆင်းလာတုန်း အောက်ထပ်က သဲ့သဲ့လွှင့်ပျံ့လာတဲ့ ဖေဖေ့ရဲ့ဒေါသသံဟာ ဆောင်းဟွန်းရဲ့ ခန္ဓာတစ်ဝက်ကို သေစေနိုင်တဲ့ လက်နက်လိုပဲ။ ငါ့သွေးသား..အောက်တန်းကျတယ်။

နားစည်ထံ ပြင်းပြင်ထန်ထန် ဝင်ရိုက်တဲ့ စကားအသုံးအနှုန်းတွေကို နားထောင်ရင်း ဆောင်းဟွန်း စိတ်ကို အဆိုးဆုံးထိ ပြင်ဆင်ထားလိုက်တယ်။ သေချာတာကတော့ ကျွန်တော်ရင်ဆိုင်ရတော့မယ်ထင်တယ် အစ်ကို..။

ဆောင်းဟွန်းအသက်ပြင်းပြင်း တစ်ချက်ရှူသွင်းပြီး ဧည့်ခန်းထဲ လျှောက်သွားလိုက်တော့ အချေအတင်ဖြစ်နေတဲ့ လူသားနှစ်ယောက်ဟာ ခဏတာ တိတ်ဆိတ်သွားခဲ့တယ်။ အိမ်ရဲ့ဧည့်ခန်းဟာလည်း စစ်မြေပြင်လို အငွေ့အသက်မျိုးပေးနိုင်မှန်း ဒီအချိန်မတိုင်ခင်အထိ ဆောင်းဟွန်းမသိခဲ့ရိုးအမှန်ပဲ။

ဆောင်းဟွန်းကိုမြင်တော့ မေမေက ဝင်ထိုင်ဖို့ခေါင်းငြိမ့်ပြလာပေမယ့် ဖေဖေကတော့ ထောင်ထနေတဲ့ လည်ပင်းကြောတွေနဲ့အတူ မျက်နှာလွှဲသွားခဲ့တယ်။

''သား....''

''မင်း 9ရက်နေ့တုန်းက ဘယ်သွားခဲ့သလဲ ပတ်ဆောင်းဟွန်း..။''

မေမေရဲ့ စကားကိုဖြတ်ပြီး ထွက်ပေါ်လာတဲ့ ဖေဖေ့မေးခွန်းသံဟာ ဆောင်းဟွန်းအတွက် လောလောလတ်လတ်မှသွေးထားတဲ့ ချွန်ထက်ထက် ဓားသွားတစ်ခုလိုပဲ။

9ရက်နေ့၊ ဖေဖေနဲ့မေမေ ဆွဒ်ဇလန်သွားပြီး ဒုတိယနေ့၊ ပြီးတော့ ဆောင်းဟွန်းအစ်ကိုနဲ့အတူ ညဈေးမှာ လျှောက်လည်ခဲ့တဲ့နေ့။

ရက်စွဲအတိအကျနဲ့ပါ မေးခွန်းထုတ်လာပုံထောက်ရင်တော့ ဖေဖေဟာ အားလုံးသိထားပြီးသား ဖြစ်ပါလိမ့်မယ်။ ဒါဟာ ဆောင်ဟွန်းအမှန်တိုင်း ပြော၊မပြောကို စမ်းသပ်နေရုံသက်သက်မှန် သဘောပေါက်လိုက်ပါရဲ့..။

''ကျွန်တော် တက္ကသိုလ်သွားခဲ့တာပေါ့ဖေဖေ။''

''အဲ့ဒီ့ ​​ောက်သုံးမကျတဲ့ တက္ကသိုလ်မဟုတ်ဘဲနဲ့ အခြားနေရာ ဘယ်သွားခဲ့သေးလဲလို့!!''

''ကျွန်တော် ညဈေးလည်း လျှောက်ခဲ့သေးတယ်။''

''ပတ်ဆောင်းဟွန်း!!''

မထင်မှတ်ထားတဲ့ တုံ့ပြန်မှုတွေနဲ့ အချေအတင်စကားဝိုင်းမှာ အခြေအနေပိုဆိုးမလာခင် မေမေဟာ ဆောင်းဟွန်းကို ဟန့်တားလာခဲ့တယ်။ ဒါပေမယ့် ဆောင်းဟွန်းရှေ့ဆက်တိုးဖို့ ဆုံးဖြတ်လိုက်ပြီးပြီ။

အစ်ကိုနဲ့ပက်သက်တဲ့ကိစ္စကို သိသွားတာဖြစ်ဖြစ်ဘာဖြစ်ဖြစ် ဆောင်းဟွန်း အရာရာကိုပြတ်သားသင့်နေပြီ။ အသက်နှစ်ဆယ်ကျော်လူငယ်တစ်ယောက်အနေနဲ့ ပုံစံခွက်တစ်ခုတည်းမှာ နေရတဲ့အချင်းအရာက အစ်ကို့ကိုချစ်ဖို့အတွက် အဟန်အတားဖြစ်လာမယ်ဆို ဆောင်းဟွန်း ကန့်သတ်ထားတဲ့နယ်နိမိတ်တွေကိုလည်း ချိုးဖောက်ဝံ့ပြီးသား..။

ဖေဖေ့ဒေါသဟာ ဘယ်လောက်ကြောက်ဖို့ကောင်းမှန်း သိသိရက်နဲ့ အတိုက်အခံပြန်လုပ်နေတဲ့ဆောင်းဟွန်းရဲ့ပုံစံသစ်ကို ဖေဖေရောမေမေပါ ဘယ်မျှော်လင့်ထားကြပါ့မလဲ။

သူတို့အတွက် ပတ်ဆောင်းဟွန်းဆိုတာ အမြဲတမ်းထားလိုရာနေ၊ စေလိုရာသွား သားလိမ္မာဖယောင်းရုပ်ကလေးပေမို့ အခုလိုအပြုအမူတွေက ဖေဖေ့ရဲ့ဒေါသမီးတောက်အတွက် လောင်စာဆီကောင်းကောင်း ဖြစ်နေမယ်မှန်း ဆောင်ဟွန်းကောင်းကောင်းကြီးသိတာပေါ့..။

''မင်း သတ္တိတွေသိပ်ရှိနေတယ်ပေါ့''

''ဘာသတ္တိလဲဖေဖေ..။ ညဈေးလျှောက်တယ်ဆိုတဲ့ စကားက ပြောဖို့အရေးသတ္တိမွေးရလောက်တဲ့အထိ ကြီးကျယ်ခဲ့မှန်း ကျွန်တော်မသိခဲ့ရပါ့လား။''

''အေး..မင်းတစ်ကိုယ်တည်း ရိုးရိုးလျှောက်တာဆိုရင်တော့ အဲ့စကားက ဘယ်ကြီးကျယ်ပါ့မလဲ။ အခုတော့ ဒီအလေအလွင့်က ဘယ်ကပါလာရတာလဲ။''

မျက်စိရှေ့က စားပွဲပေါ်မှာ ဆောင်းဟွန်းနဲ့အစ်ကိုရဲ့ ပွဲဈေးလျှောက်ခဲ့တဲ့ပုံတွေဟာ ပြန့်ကျဲလျက်သား..။ တစ်နေရာရာကနေ ချောင်းရိုက်ထားပုံပေါ်ပေမယ့် သိပ်ကိုမှ ရှင်းလင်းပြတ်သားစွာ ရိုက်ယူထားတာမို့ ဘယ်သူမဆိုကြည့်လိုက်တိုင်း ဓာတ်ပုံထဲက လူနှစ်ယောက်ရဲ့ မျက်နှာကို ရှင်းရှင်းကြီးမြင်နေရလိမ့်မှာ..။

အစ်ကို့ကို အလေအလွင့်လို့ ခေါ်လိုက်တာမို့ ဖြစ်လာတဲ့ ဒေါသရယ်၊ နောက်ကြောင်းမှာလူလွှတ်ထားတယ်ဆိုတဲ့ အသိရယ် ပေါင်းသွားတော့ ဆောင်းဟွန်း လက်သီးကိုကျစ်ကျစ်ဆုပ်ရင်း မေးကြောတွေတင်းလာသည်အထိ အံကျိတ်ထားလိုက်မိတယ်။

ဒီမိသားစုထဲမှာ ဆောင်းဟွန်းက အကျယ်ချုပ်လာကျနေတာများလား..။

''ဖေဖေ ကျွန်တော့်နောက်ကို လူလွှတ်ထားတာလား''

''အဲ့လိုလုပ်ခဲ့တာ သိပ်မှန်သွားတယ် ပတ်ဆောင်းဟွန်း..။ အခုတော့ မင်းခွေးဇာတ်ခင်းနေတာ ငါသိရပြီလေ။''

''အစ်ကို့ကို မထိနဲ့နော်..။''

''အစ်ကို! မင်းနဲ့ ဒီကောင်က ဘာဆက်ဆံရေးလဲ ပတ်ဆောင်းဟွန်း။ မင်းငါ့ကို မှန်မှန်ဖြေ။''

''တစ်ယောက်ကိုတစ်ယောက် အပြန်အလှန်ချစ်နေကြတဲ့ ဆက်ဆံရေး..။''

''ဒီခွေးကောင်!!!!''

ဒေါသတကြီးထွက်ပေါ်လာတဲ့ ခတ်ခတ်ထန်ထန် ဆဲရေးသံနဲ့အတူ စားပွဲပေါ်က ရေတကောင်းဟာ ဖေဖေ့လက်ချက်နဲ့ နံရံဆီပစ်ပေါက်ခံလိုက်ရပြီး အစိတ်စိတ်အမွှာမွှာ ကွဲကျေသွားခဲ့တယ်။

မေမေ့ရဲ့ အလန့်တကြားအော်သံနဲ့အတူ ဆောင်းဟွန်းလည်း ပုခုံးတွေတုန်သွားလောက်အောင် ထိတ်လန့်ခဲ့တာပဲ..။

ဒါပေမယ့် သူအခုထိ အားတင်းထားသေးတုန်း၊ လက်သီးတွေကို ဆုပ်ထားတုန်း၊ အံကျိတ်ထားသေးတုန်း..။

''အမှိုက်သာသာ မိဘမဲ့တစ်ယောက်ကို တွဲနေတယ်ဆိုရုံနဲ့တင် အောက်တန်းမကျသေးလို့ ယောကျာ်းချင်းပါတွဲပြီး ကိုယ့်အဆင့်ကိုယ်သတ်မှတ်နေတာလား။ ဟုတ်လား.. ဟေ့ကောင်!!''

''အဲ့လိုဆိုရင်တော့ မင်းအဆင့်က မင်းကောင်လိုမျိုး အမှိုက်သာသာ အဆင့်မှာပဲရှိမှာပဲ။ ငါမွေးထားတာ ယောကျာ်းမဟုတ်ဘူးလား..ဟမ်? ''

''ငါမင်းကို ဒီလိုရွံစရာကောင်းတဲ့စိတ်ဓာတ်နဲ့ မွေးထားမိတာလား..ထွီ!!''

''အစ်ကို့ကို မစော်ကားနဲ့!!!!!!!"

''မင်း​ောက်ပါးစပ်ပိတ်ထား!''

ဆောင်းဟွန်းထိုင်ရာမှ ဝုန်းခနဲထရပ်လိုက်ပြီး ပထမဆုံးအကြိမ်အဖြစ် ဖေဖေ့ကို ပြန်အော်လိုက်တယ်။

အမှိုက်၊ ရွံစရာ... စကားလုံးတွေက ဆောင်းဟွန်းရဲ့နားထဲကို သံရည်ပူလောင်းချလိုက်သလို မသက်မသာဖြစ်စွာ ဝင်သွားခဲ့သလို နားထောင်နေရတဲ့တစ်လျှောက်လုံးမှာလည်း ဆောင်းဟွန်းပေါက်ကွဲတော့မတတ် ပူလောင်နေခဲ့ရတာ..။

ဒေါသနည်းနည်းထွက်တိုင်း လူ့ခန္ဓာကိုယ်မှာ မီးတစ်စစွဲလောင်ကြေးဆို ဆောင်းဟွန်းပြာကျသွားလောက်ပြီထင်တယ်။

အစ်ကို့ဖြစ်တည်မှု တစ်ခုလုံးဟာ ဆောင်းဟွန်းဘဝမှာ ပထမဦးဆုံး ဝပ်တွားချင်မိတဲ့ ကောင်းချီးပေမို့ အစ်ကို့ကို ထိခိုက်နေတဲ့ စကားလုံးတွေကို ဆောင်းဟွန်းသိပ်မုန်းလွန်းလှပါရဲ့..။

အထူးသဖြင့် အဲ့လိုစကားတွေကို ပြောလာတဲ့လူက ကိုယ့်မိသားစုဝင်ဖြစ်နေတဲ့အခါ ဆောင်းဟွန်းတစ်လောကလုံးကို နာနာကျည်းကျည်း ပတ်ဆဲချင်မိလာတယ်..။

''မပိတ်ထားနိုင်ဘူး။ အစ်ကို့ကိုစော်ကားနေတဲ့ စကားတွေကို ပါးစပ်ပိတ်ပြီး နားထောင်နေရအောင် အစ်ကိုက ကျွန်တော့်အတွက် ဖေဖေတို့ထင်ထားတာထက် အများကြီးပိုသာတဲ့ ဖြစ်တည်မှုဗျ။''

''ဆောင်းဟွန်း..ဘာလို့အဖေ့စကားနားမထောင်ရတာလဲ။ ပြန်တောင်းပန်လိုက်..အခုချက်ချင်း။''

မေမေဟာ ဒီလိုပေါက်ပြဲနေတဲ့ အခြေအနေကို ကူကယ်လို့မရနိုင်မှန်းသိသိရက်နဲ့ အစွမ်းကုန်ပြန်ချုပ်ထေးဖို့ ကြိုးပမ်းလာခဲ့ပါတယ်။ ဒါပေမယ့် ဆောင်းဟွန်းက ဒီညမှာတော့ လူဆိုးလေးလုပ်ဖို့ ဆုံးဖြတ်ထားပြီးသားလူပဲလေ..။

မေမေတို့အတွက်လူဆိုးကောင်က အစ်ကို့အတွက်တော့ အကာအကွယ်သေးသေးလေးတစ်ခုလောက်တော့ ဖြစ်ပေးနိုင်တန်ကောင်းပါရဲ့။

အစ်ကို့ရဲ့ ဂုဏ်သိက္ခာတွေကို ဖြူဖျော့ဖျော့လက်တစ်စုံက ပြန်ဆယ်ပေးနိုင်တန်ကောင်းပါရဲ့။

မနက်ဖြန်တွေတိုင်းမှာ အစ်ကို့ကို ဘယ်လောက်ထိချစ်ကြောင်း ​ပြောပြနိုင်စွမ်း ရှိသေးတန်ကောင်းပါရဲ့။

''ကျွန်တော်က အရွယ်ရောက်ပြီးသာလူဖြစ်နေပြီ။ နေရာတကာမှာ ဖေဖေတို့ဆုံးဖြတ်ချက်အတိုင်း နေပေးရဦးမှာလား။ ကျွန်တော် လုပ်ချင်တာတွေလည်း ရှိသေးတယ်..ကျွန်တော်.....ကာကွယ်ပေးပြီးချစ်ပေးချင်တဲ့လူလည်း ရှိသေးတယ်။

အဲ့လူက အစ်ကိုပဲ။''

ပါးပြင်ပေါ်ကျလာတဲ့ နာကျင်မှုတစ်ခုနဲ့အတူ လည်ထွက်သွားတဲ့ ခေါင်းအရ ဆောင်းဟွန်းဟာ ဖေဖေ့ဆီကနေ အထိုးခံလိုက်ရမှန်း နာကျင်ရင်းနဲ့ပဲ လက်ခံခဲ့လိုက်ရတယ်။

မေမေ့ရဲ့ တားဆီးသံကို လျစ်လျူရှုလို့ ဆောင်းဟွန်းရဲ့ ရှပ်အင်္ကျီကော်လံတွေကို ဆွဲမြှောက်လာသူကို ဆောင်းဟွန်းအသာအယာ ငြိမ်ခံပြလိုက်တာပဲ..။ အရည်ပျော်ကျလာတဲ့ အစိုင်အခဲအချို့ကြောင့် မြင်ကွင်းတွေ ဝေဝါးနေပေမယ့် ဖေဖေ့ရဲ့ ဒေါသမျက်နှာကိုတော့ ဆောင်းဟွန်း ကောင်းကောင်းမြင်နေရသေးတယ်။

ပါးပြင်ပေါ်စီးကျလာတဲ့ မြစ်တစ်စင်းက နှုတ်ခမ်းစပ်ဆီက သွေးစအချို့နဲ့ရောပြီး မေးဖျားထိ စီးဆင်းလာသည်အထိ ဖေဖေဟာ ဆောင်းဟွန်းကို လွှတ်မပေးခဲ့သလို ဆောင်းဟွန်းကလည်း မရုန်းခဲ့မိဘူး..။

''မင်းတော်တော် ရွံဖို့ကောင်းနေပြီ ပတ်ဆောင်းဟွန်း..။''

''ကျွန်တော်က ဖေဖေ့အတွက် အရှက်ရစေမိရင် တောင်းပန်ပါတယ်။ ဒါပေမယ့် ကျွန်တော်အရာအားလုံးနဲ့ပုံအောပြီး သစ္စာဆိုရဲတယ်။ ကျွန်တော်အစ်ကို့ကို ဘယ်တော့မှ လက်မလွှတ်ဘူး..။ အဲ့တာ ဖေဖေ မေမေ့ကိုတစ်ခါမှမပေးဖူးတဲ့ ချစ်ခြင်းမေတ္တာလို့ခေါ်တယ်...။ပြီးတော့.....''

''မင်း ပါးစပ်ပိတ်သင့်ပြီ!!!''

''ပြီးတော့..ကျွန်တော်က အဲ့ဒီချစ်ခြင်းမေတ္တာတွေကို အစ်ကို့ကိုပေးမှာ..သေချာပေါက်ကို။
ဖေဖေကျွန်တော့်ကိုတားချင်ရင်တော့ နည်းလမ်းတစ်ခုရှိမယ်ဖေဖေ..။ အဲ့တာကျွန်တော့်ကို အသေသတ်ပစ်ဖို့ပဲ။''

ဖေဖေဟာ လှုပ်ခတ်နေတဲ့ မျက်ဆံတွေနဲ့အတူ ဆောင်းဟွန်းကို ရွံစရာကောင်းတဲ့ သတ္တဝါတစ်ကောင်လို ​ငေးကြည့်လာခဲ့တယ်။

ပြီးတော့ ဆောင်းဟွန်းကို ကော်လံတွေကကိုင်ရင်း ဆွဲလွှတ်ပစ်လိုက်တာ နောက်ဖက်က ဆိုဖာပေါ် ပြန်လဲကျသွားသည်အထိ။ မေမေ့ရဲ့ ငိုရှိုက်သံသဲ့သဲ့ကို ဆောင်းဟွန်း ကြားတစ်လှည့် မကြားတစ်လှည့်..။

အလွန်အကျွံမပြောမိအောင် ထိန်းသိမ်းနေတဲ့ကြားက မေမေ့ကို ဆောင်းဟွန်းဟာ ထိခိုက်စေလိုက်မိသေးတယ်။ အဲ့ဒီအတွက် မေမေ့ကိုတော့ အားနာရပေမယ့် ဆောင်းဟွန်း နောင်တတော့မရမိတာအမှန်ပဲ..။

ဆောင်းဟွန်းလုပ်ကြံပြောလိုက်တာမဟုတ်မှန်း သူတို့သုံးယောက်လုံး သိကြပါတယ်လေ..။ ဖေဖေဟာ မေမေ့ကိုမှ မချစ်ဘဲ..။

''ထွက်သွား..မင်းအခု ငါ့မျက်စိရှေ့က ထွက်သွားစမ်း။ လူ့အောက်တန်းစား၊ ​ောက်ဆင့်နည်းနည်းလေးမှ မရှိတဲ့ကောင်။ ထွက်သွားဟေ့ကောင်..ငါမင်းကို သတ်ပစ်ချင်လောက်တဲ့အထိ ရွံမလာခင် မင်းထွက်သွားတော့။''

ဖေဖေ့စကား ဆုံးတာနဲ့ ဆောင်းဟွန်း အိမ်အပေါ်ထပ်ဆီ ခြေလှမ်းကျဲကြီးတွေနဲ့ တက်သွားမိတယ်။ ဒီလိုပူလောင်တဲ့ရပ်ဝန်းမှာ သူလည်း ခဏလေးတောင်ဆက်ပြီး မနေချင်တော့တာမို့..။

''စိတ်ချ ပတ်ဆောင်းဟွန်း။ မင်းတို့ခွေးဇာတ်ကို တားဖို့အတွက်နဲ့တော့ ငါမင်းကို မသတ်ပါဘူး။ ဒါပေမယ့် မင်းအကောင်ကိုတော့ မပြောတတ်ဘူး..။''

လှေကားဆံတွေကို နင်းနေတဲ့ ဆောင်းဟွန်းရဲ့ခြေလှမ်းတွေ တိခနဲ ရပ်သွားတဲ့အထိ ဖေဖေ့စကားဟာ သက်ရောက်မှုပြင်းထန်လွန်းခဲ့တယ်။

ဆောင်းဟွန်း မကြားလိုက်ယောင်ဟန်ဆောင်ပြီး အပေါ်ဆက်တက်သွားခဲ့ပေမယ့် ရင်ထဲမှာ မီးစနဲ့ထိုးလိုက်သလို ပူလောင်လာတော့တာ..။

အစ်ကို့ကိုမှ ဘာလို့လဲ။

ခြိမ်းခြောက်ရုံသက်သက် ပြောလိုက်တဲ့စကားလို့သာ ဖြေတွေးရင်း အခန်းထဲထိ ရောက်အောင်လာခဲ့ပေမယ့် တံခါးဂျက်ချပြီး ပြိုလဲမိတဲ့ ညကိုတော့ ဆောင်းဟွန်းတစ်ယောက်သာ သိလိမ့်မယ်တူပါရဲ့..။

ကြယ်တွေလည်းမမြင်သလို လမင်းကိုလည်း ဂရုမစိုက်မိတော့ဘူး။ ဆောင်းဟွန်းသိတာ သူ့အစ်ကိုနဲ့ ခွဲရမှာ သိပ်ကြောက်တယ်ဆိုတာကိုပဲ။ သူ အစ်ကို့ကို မကာကွယ်ပေးနိုင်ရင်ဘယ်လိုလုပ်မလဲ..။

အစ်ကို့အတွက် အားအင်ဖြစ်ပေးချင်ခဲ့ပေမယ့် သူကိုယ်တိုင်ကိုက အန္တရာယ်ဖြစ်နေခဲ့တာများလား..။

ဆောင်းဟွန်း အတွေးပေါင်းစုံနဲ့ ကိုယ့်ကိုယ်ကို နှိပ်ဆက်ရင်း မောဟိုက်လာသည်အထိ ငိုကြွေးမိတယ်။ အသက်ရှုလို့ မဝတော့သည်အထိ၊ အောက်ဆီဂျင်ကို ပါးစပ်ကနေပါ ရှိုက်ယူရသည်အထိ မောပန်းသွားလောက်အောင် ဆောင်းဟွန်း နာကျင်မှုတွေကို အံချမိတယ်။

အစ်ကိုရယ်..သည်မျက်ရည်တွေသာ ပုံဆောင်ခဲတွေဆိုရင် ကျွန်တော် အစ်ကို့အတွက် ခံတပ်တစ်ခုလောက်ဆောက်ပေးပြီး ဖွက်ထားချင်မိတော့တယ်ကွယ်။

ကျွန်တော်ကလွဲပြီး အစ်ကို့ကို ဘယ်သူမှ မမြင်နိုင်အောင်လို့လေ..။

____________________

သွေးနဲ့မျက်ရည် ခမ်းသွားစမ်းပါစေ..
အစ်ကို့ကိုတော့ လက်မလွှတ်နိုင်ဘူး..။
____________________

🍃

tbc~
🎻

ရင်ဘတ်ထဲက ဟာကွက်လေးကို ဖြည့်ပေးချင်လို့ရယ်..💚

Continue Reading

You'll Also Like

3.1K 90 11
Lucifer came back to the Happy hotel, clearly Alastor has an unsettling face to Lucifer showing hatred, but that smlie.. Charlie is trying to make th...
664K 33.4K 61
A Story of a cute naughty prince who called himself Mr Taetae got Married to a Handsome yet Cold King Jeon Jungkook. The Union of Two totally differe...
85.2K 7.2K 48
𝐌𝐚𝐫𝐫𝐲𝐢𝐧𝐠 𝐛𝐲 𝐟𝐨𝐫𝐜𝐢𝐧𝐠 𝐚 𝐜𝐨𝐮𝐩𝐥𝐞 𝐰𝐢𝐥𝐥 𝐧𝐨𝐭 𝐥𝐞𝐚𝐝 𝐚 𝐡𝐚𝐩𝐩𝐲 𝐥𝐢𝐟𝐞 𝐛𝐮𝐭 𝐦𝐚𝐲 𝐛𝐞 𝐲𝐞𝐬 𝐦𝐚𝐲 𝐛𝐞 𝐧𝐨𝐭. 𝐒...
4.9K 211 6
kumpulan oneshot or duo khususon kapal Chanjin.