စားသောက်ဆိုင်ထဲက ထွက်လာကတည်းက ယွန်းဆော ဂျောင်ဟျွန်းကို စကားမပြော။ အခုလဲ ရှေ့ကနေ့ အမြန်လျှောက်နေတဲ့ ချစ်ရသူလေးကို ဂျောင်ဟျွန်းချော့ရပေဦးမယ်။
"ယွန်းဆော ယွန်းဆော ငါပြောတာနားထောင်ပါဦး"
"ဘာကိုနားထောင်ရမှာလဲ ငါမင်းကိုမပြောခဲ့ဘူးလား ငါ့အဖေ ဆက်သွယ်လာရင် ငါ့ကိုပြောလို့ ဘာလို့မပြောရတာလဲ ငါ့စကားကို အရေးမထားတာလားမင်း"
"မဟုတ်ပါဘူး အဲ့လိုမျိုး ငါက"
"မင်းကဘာလဲ မင်းကဒီအတိုင်း ငါ့ကိုပြောစရာမလိုဘူးလို့ထင်တာလား ဟုတ်လား"
အသံကိုနားထောင်တာနဲ့တင် ယွန်းဆော ဘယ်လောက်စိတ်ဆိုးနေလဲဆိုတာ ဂျောင်ဟျွန်းခံစားလို့ရပါတယ်။
"ငါက မင်းကို ငါ့ကြောင့် အလုပ်မရှုပ်စေချင်လို့ပါ ငါ့ဘာသာငါ ဖြေရှင်းလို့ရမယ်ထင်ခဲ့လို့"
"ငါ့အဖေက မင်းကိုင်တွယ်လို့ရမယ့်ထဲမှာ မပါဘူး မွန်းဂျောင်ဟျွန်း"
"ငါသိပါပြီ ငါမင်းကိုမပြောခဲ့မိလို့ တောင်းပန်ပါတယ်နော် ငါ့ကိုစိတ်မဆိုးပါနဲ့တော့"
ယွန်းဆောလက်လေးကို ကိုင်ကာ မျက်နှာငယ်လေးနဲ့ပြောနေတဲ့ ဂျောင်ဟျွန်းကို ယွန်းဆော ဘယ်လိုများဆက်ပြီးစိတ်ဆိုးရက်မှာတဲ့လဲ။
"နောက်တစ်ခါ ဘာကိစ္စရှိရှိငါ့ကိုပြောမယ်လို့ ကတိပေး"
"ငါကတိပေးပါတယ်"
"ပြီးတာပဲ"
"ငါ့ရဲ့ ခိုအာလာလေးက စိတ်ဆိုးပြေသွားပြီလား လာငါမုန့်လိုက်ကျွေးမယ်"
"ဖယ်စမ်းပါ ဘာမှမစားချင်ဘူး"
"ငါ့အမေလက်ရာ တော့ပို့ကီ"
"သွားစားရအောင်"
အခြားဟာတွေမသိပေမယ့် ယွန်းဆော ဂျောင်ဟျွန်းအမေ လက်ရာကိုတော့ ရှယ်ပလန်နဲ့ကို ကြိုက်ပါသည်။ တတိယနှစ်နဲ့ နောက်ဆုံးနှစ် ၂ နှစ်လုံး ဂျောင်ဟျွန်းအမေ လက်ရာကိုပဲစားခဲ့ရတာလေ။
"ငါ့ ခိုအာလာလေးက ချစ်ဖို့ကောင်းလိုက်တာ အာဘွား"
ပါးတစ်ဖက်ကို လာနမ်းသွားတဲ့ ဂျောင်ဟျွန်းကို ယွန်းဆော မကျေမနပ်ဖြင့်
"ဘာကိစ္စလာနမ်းတာလဲ"
ဂျောင်ဟျွန်း ယွန်းဆောစကားကို ဂရုမစိုက်စွာဖြင့် နောက်တစ်ဖက်ကို ထပ်နမ်းလေရဲ့
"မွန်းဂျောင်ဟျွန်း!!"
"ဒီတစ်ခါဆိုရင်တော့ နှုတ်ခမ်းနော်"
"သေလေ မင်းကို အန်တီနဲ့တိုင်ပြောမှာ"
"ဟ ဆောလေး ငါ့ကိုစောင့်ဦးလေ"
ရှက်ရမ်း ရမ်းပြီး ပြေးထွက်သွားတဲ့ ချစ်ရသူလေးနောက်ကို ဂျောင်ဟျွန်း လိုက်ရပေဦးမယ်
....
"ဟယ် ယွန်းဆောလေး လာတာလား မားကိုကြိုမပြောဘူး ယွန်းဆောကြိုက်တဲ့ မုန့်တွေပြင်ပေးထားမှာပေါ့"
အိမ်ထဲဝင်တာနဲ့ သားကိုမေ့ပြီး သမက်ကိုပဲ ဂရုစိုက်နေတဲ့ အမေဖြစ်သူကို ဂျောင်ဟျွန်း စိတ်ဆိုးမိပါတယ်
"မား သားလဲ ပါတယ်နော် ကိုယ့်သားကိုယ်လဲ မေးပါဦး"
"ဂျောင်ဟျွန်း သား ပါလာတာအတော်ပဲ မားဈေးမှာ ဝက်သားမှာထားတာ သွားယူပေးဦး"
သမက်လေးကိုကျ ဖူးဖူးမှုတ်နေပြီး သားအရင်းကြီးကိုကျ အလုပ်ခိုင်းနေတဲ့ အမေဖြစ်သူရယ်ပါ
"မားကလဲ"
"မြန်မြန်သွားယူ ဝက်နံရိုးပေါင်းလုပ်ပေးမယ် ယွန်းဆောကြိုက်တယ်မလား"
ယွန်းဆော-"ဟုတ်တယ်လေ မွန်းဂျောင်ရဲ့ ဘာလဲ သွားမယူချင်ဘူးလား"
ဂျောင်ဟျွန်း-"သွားယူပေးပါမယ်နော်"
ဂျောင်ဟျွန်း သဲကဲနေကြတဲ့ သားယောက္ခမ တွေကိုထားခဲ့ပြီး ဦးတည်ရာက ဈေးဆီသို့
"အန်တီ မားက ဝက်သားလာယူခိုင်းလို့"
"အေး ရော့ ဂျောင်ဟျွန်းတောင် မနည်းချောလာတာပဲ ရည်းစားတွေများရနေပြီလား"
"ဒါပေါ့ဗျ ဒီအရွယ်ပဲရည်းစားရှိတာပေါ့"
"အမလေး"
"သွားလိုက်ပါဦးမယ်ဗျ"
ဂျောင်ဟျွန်းဈေးကနေပြန်လာပြီး အိမ်ထဲဝင်တာနဲ့ မမျှော်လင့်ထားတဲ့ မြင်ကွင်းနဲ့ တည့်တိုးတာပဲ
"ပြန်လာပြီလား ဈေးသွားတာကြာတယ်နော်"
ဘယ်ကနေဘယ်လို ရောက်လာတာလဲမသိတဲ့ ယွန်ဆွန်းအွန်းက ဧည့်ခန်းထဲမှာ ယွန်းဆောနဲ့ အတူတူ ဖက်ထုပ်ထုပ်နေလေရဲ့
"မင်းက ဒီကိုဘာလာလုပ်တာလဲ"
"ငါ့အမေက မင်းတို့အိမ်ကို ဆန်ကိတ် လာပို့ခိုင်းတာ အန်တီက တစ်ခါတည်း နံရိုးပေါင်းဝင်စားသွားဆိုလို့လေ"
သွားပါပြီ ဂျောင်ဟျွန်း တွေးထားတဲ့ သူနဲ့ ယွန်းဆောရဲ့ နှစ်ကိုယ်တည်းအချိန်လေးတော့
"ငါလာပို့ပေးမယ်လေ မင်းပြန်နှင့်လိုက်"
"ဘာလို့လဲ ငါကမင်းတို့နဲ့အတူတူစားချင်တာလေ"
"တစ်ယောက်တည်းစားတော့ ပိုအရသာရှိတယ်လေ"
"ဝိုင်းဖွဲ့စားမှ ပိုအရသာရှိတာဟ"
အရိပ်ပြနေတာတောင် အကောင်မမြင်တာလား မြင်လျက်နဲ့ မမြင်ချင်ယောင် ဆောင်နေတာလားမသိတဲ့ ဆွန်းအွန်းကို ဂျောင်ဟျွန်း ကန်ထုတ်ချင်စိတ်တွေ တစ်ဖွားဖွား
"မွန်းဂျောင် မြန်မြန်ယူလာလေ ဘာလို့ ဧည့်ခန်းကြီးမှာရပ်နေတာလဲ ပြီးရင် သူငယ်ချင်းတွေကို ဖက်ထုပ်ကူထုတ်ပေးလိုက်ဦး"
"ဟုတ်"
ဂျောင်ဟျွန်း အမေ့ကို နံရိုးထုပ်သွားပေးလိုက်ပြီး ယွန်းဆောနဲ့ ဆွန်းအွန်းတို့ကြားဝင်ထိုင်လိုက်တယ်
"မင်းတစ်ကယ်မပြန်ဘူးလား ယွန်ဆွန်းအွန်း"
"မပြန်ဘူး"
ယွန်းဆောကတော့ ဂျောင်ဟျွန်း စိတ်ကိုသိသည်နဲ့တူသည် ခိုးရယ်နေလေရဲ့
"ဘာရယ်တာလဲ"
"မရယ်ပါဘူး ရယ်လို့လား"
"မင်းနော်"
အကုန်လုံးစားသောက်ပြီး ဆွန်းအွန်းကို အိမ်အတွက်ဆိုပြီး ဂျောင်ဟျွန်းအမေက ဖက်ထုပ်တွေအများကြီးထပ်ထည့်ပေးလိုက်သေးတယ်
"ကောင်းကောင်းစားခဲ့ရပါတယ်ဗျ ပြန်လိုက်ပါဦး ကောင်းကောင်းနေရစ်ခဲ့ပါ"
ဆွန်းအွန်း ပြန်သွားတော့ ယွန်းဆောလဲ ဂျောင်ဟျွန်းအခန်းထဲဝင်ကာ ကုတင်ပေါ်ပစ်လှဲလိုက်တယ်
"ဗိုက်ကိုတင်းသွားတာပဲ"
"အစာကြေဆေးသောက်မလား ဆောလေး"
"ဟင့်အင်း အဲ့လောက်ထိတော့ မလိုပါဘူး"
"ယွန်းဆော"
"အွန်း"
အတော်ကြာတဲ့အထိ ဂျောင်ဟျွန်းဘက်က စကားသံပြန်မလာတာမလို့ ယွန်းဆော စိတ်မရှည်စွာ
"ဘာလဲပြောလေ"
"ငါ့ကို ဘာလို့ကြိုက်တာလဲ"
"မေးခွန်းကြီးက ဘာကြီးလဲ"
"ငါကသိချင်လို့ပါ မင်းကအကုန်ပြည့်စုံတဲ့ လူတစ်ယောက်လေ ဒါပေမယ့် ငါက"
ယွန်းဆော ဂျောင်ဟျွန်း စကားဆက်ပြောလို့မရအောင် ပါးစပ်ကို လက်နဲ့ ပိတ်လိုက်တယ်
"ငါပြောတာ သေချာနားထောင်နော် ဂျောင်ဟျွန်း ငါကအကုန်ပြည့်စုံနေတာမဟုတ်ဘဲ မင်းကသာပြည့်စုံနေတာပါ မင်းကြောင့်ငါက ပျော်ရွှင်မှုဆိုတာကို သိခဲ့တာ မင်းကြောင့် မိသားစုက ဘာလဲဆိုတာလဲ သိခဲ့ရတယ် သူငယ်ချင်းဆိုတဲ့ ဆက်ဆံရေးကိုလည်း ရခဲ့တယ် အကုန်မင်းကြောင့်ပါပဲ ပြီးတော့ ငါမင်းကိုမကြိုက်ဘူး ဂျောင်ဟျွန်း ငါမင်းကို ချစ်မိသွားတာ"
ယွန်းဆောပြောတာကိုနားထောင်ပြီး ငိုမဲ့မဲ့ဖြစ်နေတဲ့ ဂျောင်ဟျွန်း ပါးလေးကိုဆွဲကာ
"ငါအိပ်ချင်တယ်"
"အိပ်လေ ငါ့ကုတင်ပေါ်မှာအိပ်"
"မင်းရောမအိပ်ချင်ဘူးလား"
"ဟင့်အင်း ငါက မင်းကိုပဲထိုင်ကြည့်ချင်တာ"
"မင်းကငါ့စကားကိုဘယ်တော့မှနားမထောင်ဘူးပဲ ငါပြောတယ်လေ ငါ့ကိုမကြည့်နဲ့ ကောင်းကင်ကြီးကိုကြည့်လို့"
"မင်းက ငါ့ကောင်ကင်းကြီးပဲလေ အဲ့တာကြောင့် ငါကကောင်းကင်ကြီးကို ကြည့်နေတာပါ"
ယွန်းဆောက ရယ်ပြီး အိပ်ပြီ ဆိုတဲ့ ပုံစံလေးနဲ့သာ ကုတင်ပေါ်လှဲနေလေရဲ့
ဂျောင်ဟျွန်းလဲ ကုတင်ပေါ်က ယွန်းဆော နဖူးလေးပေါ် အနမ်းတစ်ဖွင့်ခြွေလိုက်ပြီး
"ကောင်းကောင်းအိပ်နော် ငါ့ရဲ့ ခိုအာလာလေး"
......
ဂျောင်ဟျွန်း ရေချိုးပြီးပြန်ထွက်လာတဲ့အထိ ကို ယွန်းဆောက အိပ်နေတုန်း နာရီကြည့်တော့ ၄ နာရီထိုးနေပြီမလို့ မနှိုးချင်လဲ ယွန်းဆော ဖျားမှာစိုးတာမလို့ နှိုးလိုက်ရတယ်
"ယွန်းဆော ယွန်းဆော ထတော့"
ယွန်းဆော ဟိုလှိမ့် ဒီလှိမ့် နဲ့ အသံကိုစွဲကာ
"အွန်းး အစောကြီးရှိသေးတာကို"
"လေးနာရီထိုးနေပြီ ယွန်းဆောရဲ့ မင်းဆက်အိပ်ရင် ဖျားလိမ့်မယ် ထတော့"
မထချင် ထချင်နဲ့ ထလာတဲ့ ယွန်းဆောကိုကြည့်ပြီး ဂျောင်ဟျွန်းအသဲယားကာ ပါးကိုဆွဲညှစ်လိုက်၏
"နာတယ်လေ ဘာလို့လာဆွဲတာလဲ"
"ချစ်လို့လေ"
"သူ့အသားမဟုတ်တိုင်း"
"ထတော့ လန်းသွားအောင် မျက်နှာသစ်လိုက် ပြီးရင် အိမ်ပြန်လိုက်ပို့ပေးမယ်"
"အွန်း"
ယွန်းဆော မျက်နှာသစ် အဝတ်ကိုသေချာပြင်ဝတ်ကာ အောက်ကိုဆင်းလာတော့ ဂျောင်ဟျွန်းက ပန်းသီးခွဲနေလေရဲ့
"လာပြီလား ရော့ ဒါကိုအိမ်ယူသွား မင်းက အသီးခွဲရမှာငပျင်းကျနေတာမလား"
ယွန်းဆော သူ့ကို အသေးစိတ်ကအစလ်ြု ဂရုစိုက်ပေးတဲ့ ဂျောင်ဟျွန်းကို လက်လွှတ်နိုင်စွမ်းမရှိတော့ပါ
"ကျေးဇူးပါနော်"
"လာ မားကိုနှုတ်ဆက်ပြီး ငါပြန်လိုက်ပို့ပေးမယ်"
"ဟင့်အင်း ဒီနေ့တော့ ငါ့ဘာသာပြန်လိုက်မယ်"
"ဘာလို့လဲ ငါစိတ်မချပါဘူး"
ဂျောင်ဟျွန်း အမေလဲ အခန်းထဲကနေထွက်လာပြီး
"ဟုတ်တယ် ယွန်းဆောရဲ့ ညနေစောင်းနေပြီ တစ်ယောက်တည်းမပြန်နဲ့ ဂျောင်ဟျွန်းကိုခေါ်သွား"
"ရပါတယ်ဗျ ဂျောင်ဟျွန်းကပြန်လာရမှာနဲ့ ပိုမိုးချုပ်တယ်လေ ကျွန်တော်လဲ သူ့ကိုစိတ်မချလို့ပါ"
"ဒါပေမယ့် ယွန်းဆော ငါလိုက်ပို့ပေးမယ်လေ"
"ရတယ် မင်းလိုက်ပို့ပေးချင်ရင် ကားဂိတ်အထိ လိုက်ပို့ပေး"
"ဒါပေမယ့်"
"မွန်းဂျောင်"
"ပြီးတာပဲ"
"အန်တီ ကျွန်တော်ပြန်လိုက်ပါဦးမယ်နော် နံရိုးပေါင်းနဲ့ ဖက်ထုပ်ကောင်းကောင်းစားခဲ့ရပါတယ်ဗျ"
"အေးအေး သေချာဂရုစိုက်ပြန်နော်"
"ဟုတ်ကဲ့"
ဂျောင်ဟျွန်း ယွန်းဆောကို ကားဂိတ်ထိလိုက်ပို့ပေးပြီး ဘယ်လောက်မှမကြာ ကားရောက်လာတယ်
"တစ်ကယ်ငါလိုက်မပို့လဲရတာလား"
"တစ်ကယ်ရပါတယ်ဆို ကားလာပြီ ငါပြန်ပြီနော်"
"သေချာ ဂရုစိုက်သွားဦးနော်"
"အွန်းပါ"
ယွန်းဆောအိမ်ကို ရောက်တာနဲ့ အခန်းထဲကိုအရင်ဝင်မအား
"အဒေါ်ကြီး အဒေါ်ကြီး"
"လာပါပြီ သခင်လေး ဘာခိုင်းမလို့လဲရှင့်"
ယွန်းဆော ဂျောင်ဟျွန်းပေးလိုက်တဲ့ အသီးဘူးကို ပေးလိုက်ကာ
"ဒါ ကျွန်တော့်အခန်းထဲ ထည့်ထားလိုက်ပါ ပြီးတော့ အဖေ စာကြည့်ခန်းထဲမှာရှိတယ်မလား"
"ဟုတ် ရှိပါတယ်"
ယွန်းဆော အဒေါ်ကြီးနဲ့ဘာမှဆက်ပြောမနေတော့ပဲ စာကြည့်ခန်းသို့ ဦးတည်လျက်
"အေးအေးလူလူ အလုပ်လုပ်နေတာပဲ အဖေက"
"ဂျီယွန်းဆော တံခါးမဖွင့်ခင် တံခါးခေါက်ရတယ်ဆိုတာမသိဘူးလား"
"ကျွန်တော် သတိပေးခဲ့တယ်လေ မွန်းဂျောင်ဟျွန်းကိုမထိဖို့ ဘာလဲ အဖေက မနက်ဖြန် သတင်းစာရဲ့ ထိပ်စည်းမှာ ဂျီလုပ်ငန်းစုရဲ့ တစ်ဦးတည်းသောသားက gay ဆိုတဲ့ သတင်းကို ဖတ်ချင်နေတာများလား"
"ဂျီယွန်းဆော!!"
"ကျွန်တော်မလုပ်ရဲဘူးလို့ မထင်ပါနဲ့ မလုပ်သေးတာပဲရှိတာ မှတ်မိတယ်မလား ကျွန်တော်ပိုင်တဲ့အရာကို လာထိတဲ့လူတိုင်း ဘာဖြစ်သွားလဲဆိုတာ"
ယွန်းဆောပြောတော့ အဖေဖြစ်သူ ဘာမှဆက်မပြောနိုင်ပဲ
"မွန်းဂျောင်ဟျွန်းကို မထိပါနဲ့ ဒါတတိယအကြိမ်မြောက် သတိပေးခြင်းပဲ"
ယွန်းဆော ထွက်သွားမှပဲ အဖေဖြစ်သူ အသက်ဝဝရှူနိုင်တော့တယ် ယွန်းဆော ၁၀ နှစ်သားတုန်းက သူ့အဖေမိတ်ဆွေရဲ့သားက သူ့အရုပ်ကို ချိုးလို့ဆိုပြီး ဒုတိယထပ်လှေကားကနေ တွန်းချခဲ့သည်လေ မူလတန်းတုန်းကလည်း အတန်းဖော်က သူ့ခဲတံကို ဖျောက်လိုက်လို့ အဲ့ကလေးလက်ကို ခဲတံနဲ့ ထိုးခဲ့တာ။ယွန်းဆောက လူအေးလေးတစ်ယောက်ပါ သူ့ကိုလာမထိခင်အထိပေါ့
"ဟယ်လို ဂျောင်ဟျွန်း"
ရည်းစားနဲ့ဖုန်းပြောနေတဲ့ ယွန်းဆော နူးညံ့သွားပုံများ ခုနကအဖေနဲ့ ရန်ဖြစ်နေတဲ့ ယွန်းဆောနဲ့တစ်ခြားစီ
"ပြန်ရောက်ပြီလား ဆောလေး"
"ရောက်ပြီ အသီးတွေအတွက် ကျေးဇူးနော် ချိုတယ်"
"ရပါတယ် ဒါနဲ့ မင်းနေ့လည်ဘက် အိပ်ထားတော့ ညဘက်အိပ်ပျော်ပါ့မလား"
"ရတယ် ငါက ဘယ်ချိန်အိပ်အိပ် အိပ်ပျော်တယ်"
"ကောင်းသောညပါ ယွန်းဆော ချစ်တယ်နော်"
"အွန်း ငါရောပဲ ချစ်တယ် ဒါပဲ"
"ဟိတ် ဟိတ် နေပါဦး"
တစ်ဖက်ဖုန်းမှ ဂျောင်ဟျွန်း ယွန်းဆောကို အလျင်အမြန်တားလိုက်တယ်
"နောက်တစ်ခေါက်လောက်ထပ်ပြောပါဦး Recording သွင်းထားချင်လို့"
"တော်လိုက်တော့ မွန်းဂျောင်ဟျွန်း"
"လုပ်ပါတစ်ခါပါပဲ"
"ရေဒီယိုက တစ်ခါပဲလွှင့်တာ"
"မင်းမပြောချင်လဲ ထားပါတော့"
"ချစ်တယ် မွန်းဂျောင်ဟျွန်း"
ဒီတစ်ခါကိုတော့ ဂျောင်ဟျွန်း အမိအရ အသံဖမ်းယူလို့ရခဲ့ပါတယ်
"ငါရောပဲ အများကြီး အများကြီး ချစ်တယ် ဂျီယွန်းဆော အာဘွား"
...
တစ်ပတ်လောက်ကြာတဲ့ အထိကို ယွန်းဆောနဲ့ ဂျောင်ဟျွန်းတို့ကပုံမှန်အတိုင်း နေ့စဉ်ဘဝကို ဖြတ်သန်းတယ် ဒိတ်လုပ်လိုက် ဖုန်းပြောလိုက်နဲ့ပဲ သူတို့ရည်းစားဘဝဟာ ပျော်စရာအတိ
ဂျောင်ဟျွန်းအမေ ဈေးကပြန်လာတော့ အိမ်ရှေ့မှာ မိန်းမ တစ်ယောက်ရပ်နေတာတွေ့လိုက်တယ်
"ဘယ်သူလဲမသိဘူးရှင့်"
"ဟိုလေ ဒါက မွန်းဂျောင်ဟျွန်း တို့အိမ်လာမသိဘူးရှင့်"
"ဟုတ်ပါတယ် ကျွန်မက ဂျောင်ဟျွန်းအမေပါ ဘယ်သူလဲမသိဘူး"
"တွေ့ရတာဝမ်းသာပါတယ်နော် ကျွန်မ ယွန်းဆောလေးရဲ့ အမေပါ"
"ဆောလေး အမေလား ဝင်ခဲ့ပါ ဝင်ခဲ့ပါ"
အိမ်ထဲဝင်တော့ ဂျောင်ဟျွန်းက အခုမှ နိုးလာဟန်တူသည် အောက်ထပ်ကို ဆံပင်စုတ်ဖွားနဲ့ ဆင်းလာလေရဲ့
"မား ဟိုနေ့က သားအင်္ကျီအဖြူလေးလေ အဲ့တာလျှော်ပြီးဘယ်နား အယ် ဧည့်သည်ရောက်နေတာလား မင်္ဂလာပါဗျ"
"ဂျောင်ဟျွန်း မျက်နှာသစ်ပြီး မြန်မြန်ပြန်ဆင်းလာခဲ့"
"သားသွားစရာရှိတယ်"
"ဒါ ယွန်းဆောအမေ"
"ဗျာ!"
ဂျောင်ဟျွန်းအပေါ်ပြန်တက်ပြီး မျက်နှာသစ် သေချာပြင်ဆင်ကာ အောက်ထပ်ဆင်းလာတော့ ယွန်းဆောအမေနဲ့ သူ့အမေက ဧည့်ခန်းထဲမှာ ရယ်ရယ်မောမောစကားတွေပြောနေကြတယ်
"ကျွန်တော် တောင်းပန်ပါတယ်ဗျ အကြာကြီးစောင့်လိုက်ရတာ"
"အယ် ဘာမှမဖြစ်ပါဘူးကွယ် အန်တီလဲ မင်းအမေနဲ့ စကားကောင်းနေတာ ထိုင်လေသား"
ဂျောင်ဟျွန်း ယွန်းဆောအမေနဲ့ မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်လိုက်တယ်
"ဂျောင်ဟျွန်းလေးက ချစ်စရာလေးပဲ အန်တီတို့ယွန်းဆောက လူရွေးတော့ ဘယ်တော့မှမမှားဘူး"
"ကျေးဇူးပါဗျ ဒါနဲ့ ဒီကိုဘယ်လို"
ယွန်းဆောအမေက သူ့အိတ်ထဲက လက်ကမ်းစာစောင်တစ်ခုကို ထုတ်လိုက်တယ်
"ဒါ အန်တီတို့ မိသားစု အမေရိကမှာဖွင့်ထားတဲ့ private university လေးလေ ဒီမှာဘွဲ့ရရင် အန်တီတို့ ကုမ္ပဏီမှာ အလုပ်တန်းရမှာ အဲ့တာသားကို"
"ကျွန်တော်မသွားဘူးဗျ ယွန်းဆောနဲ့ လမ်းမခွဲပေးနိုင်ပါဘူး"
"အန်တီက မင်းတို့ကို လမ်းခွဲပါလို့ပြောလို့လား"
"ဗျာ"
"မင်းတို့တွေ လမ်းခွဲစရာမလိုပါဘူး ခနခွဲနေရုံလေးပါပဲ အန်တီက မင်း ယွန်းဆောကို ရဲရဲဝံ့ဝံ့ လာတောင်းနိုင်အောင် ကူညီပေးချင်တာပါ မင်းမသွားချင်ရင် မသွားလဲရတယ် ဒါပေမယ့် သား မင်းဒီမှာနေပြီး တက္ကသိုလ်အသေးလေးမှာ ဘွဲ့ရ အလုပ်လုပ်ရင် ဘယ်လောက်စုမိမယ်ထင်လို့လဲ"
ဂျောင်ဟျွန်း ယွန်းဆောအမေ ပြောတာလဲ မှန်တယ်လို့ထင်မိတယ် ယွန်းဆောက အမှတ်ကောင်းတာမလို့ ထိပ်တန်းတက္ကသိုလ်ကိုတက်လို့ရနိုင်ပေမယ့် သူကတော့မတူဘူးလေ
"မင်း ဟိုမှာ အလုပ်ရပြီး ပြန်လာတဲ့အချိန်ကျရင် ယွန်းဆောနဲ့တန်းတူ အရည်အချင်းရှိနေပြီလေ အဲ့ချိန်ကျရင် အန်တီတို့အိမ်ကိုလာပြီး ယွန်းဆောကို ရဲရဲဝံ့ဝံ့နဲ့ လာတင်တောင်းရမှာပေါ့"
"ကျွန်တော်"
"အန်တီကတော့ ယွန်းဆော မင်းနဲ့ တွဲတာကို သဘောကျတယ် အရယ်အပြုံးမရှိတဲ့ကလေးက အခုဆို ပါးလေးတွေ မို့တက်သွားတဲ့အထိကို ပျော်နေတာ အန်တီက ဂျောင်ဟျွန်းကို ကျေးဇူးတင်တယ်နော် ယွန်းဆောလေး ဘဝထဲကို ဝင်လာပေးလို့လေ"
ဂျောင်ဟျွန်း ဦးနှောက်ကအလုပ်မလုပ်နိုင်တော့ပါ သူ ဘာကိုရွေးချယ်ရမလဲမသိတော့ပါဘူး ယွန်းဆောနဲ့ အတူရှိရဖို့လား မဟုတ်ရင် ပညာရေးလား
"ကျွန်တော် သေချာစဉ်းစားပြီး ပြန်ပြောပေးပါမယ်"
"မင်းတို့ ခနလေး ဝေးနေရတာက တစ်သက်တာ နီးစပ်ဖို့ပါ ဂျောင်ဟျွန်း သေချာလေးစဉ်းစားကြည့်ပါ ယွန်းဆောနဲ့လည်း တိုင်ပင်ကြည့်ပါ အန်တီကမ်းလှမ်းတယ်လို့တော့ မပြောနဲ့ပေါ့ ယွန်းဆောရော ယွန်းဆောအဖေရောက အန်တီက ဒီကျောင်းကို ဖွင့်ထားမှန်းမသိကြဘူးလေ"
"ဟုတ်ကဲ့ ကျွန်တော့်ကို အချိန်လေးနည်းနည်းပေးပါ ပြန်ဆက်သွယ်လိုက်ပါမယ်"