Small Doses

Door Dayeon_Park

1.1K 249 30

And now we're cryin' and lovin' And now we're fightin' and touchin' Feels like I'm making love to the enemy L... Meer

သုည
နှစ်
သုံး

တစ်

259 61 6
Door Dayeon_Park

" ခွဲစိတ်တာက အောင်မြင်ပါတယ် ။ နောက်ထပ် သုံးနာရီလောက်အတွင်းတော့ သတိရလာဦးမှာ မဟုတ်ဘူး ။
အခု ခင်ဗျားတို့ ခေါ်ချင်တယ်ဆိုလည်း ခေါ်သွားလိုက်လို့ရပြီ ။ တစ်ဖက်ဆေးရုံကို လွှဲချိန်အတွက် ဒီဆေးရုံက ဆရာဝန်တစ်ယောက်နဲ့ ဆေးရုံကား ထည့်ပေးမယ် "

ခွဲခန်းထဲမှာ သူကြုံခဲ့ရတဲ့ ဖိအားတွေကြောင့် ဂျယ်မင်းက နွမ်းနယ်နေတယ် ။ မလိုအပ်တဲ့ အချိန်ဆွဲမှုတွေ ကြုံခဲ့ရတာကြောင့် အထဲကလူ သေမလိုဖြစ်သွားတာကို သူ့ရှေ့ကလူတွေက ပြောလည်း နားလည်မှာမဟုတ် ။

" ကျေးဇူးတင်ပါတယ် ။ ပြီးတော့ ခုနက ဖြစ်သွားတဲ့ ကိစ္စတွေအတွက် ကျွန်တော် အစားတောင်းပန်ပါတယ် "

အံ့ဩတာ ။ အစားတောင်းပန်ရတယ်ပဲရှိသေးတယ် ။
ဆယ်ယောက်ဝန်းကျင် ဒီနားရှိနေတဲ့ထဲ သူနဲ့ နောက်တစ်ယောက်ကပဲ ခုနက အခြေအတင်ကို ဖြစ်အောင် လုပ်တာကို ဘာမှမဆိုင်တဲ့ ကျန်တဲ့သူတွေကို ဆွဲထည့်ပြီး တောင်းပန်နေလို့ ။

" မလိုပါဘူး ။ ခင်ဗျားတို့ ဆုံးဖြတ်ပြီးရင် လက်ထောက်တာဝန်ခံ တစ်ယောက်ကို ပြောခိုင်းလိုက် ။ ပြောရရင် ကျွန်တော့်ရဲ့ နားချိန်မို့ ခွင့်ပြုပါဦး "

ဘုဆတ်ဆတ် ဆရာဝန်ကလေးက ခွဲခန်းခေါင်းစွပ်ကို ချွတ်လိုက်တော့ ဆံပင်ဖြူဖြူတွေဟာ ခေါင်းလုံးလုံးကလေးအပေါ် ဝေ့ဝဲလို့ သွားတယ် ။ လက်ချောင်းတွေ ထိုးယှက်ပစ်ချင်စရာကောင်းအောင် လှတာပဲ ။

" မခွဲခင်ကတည်းက သူ့ရဲ့နားချိန်ဖြစ်နေခဲ့တာလား"

သူက မေးတော့ လက်ထောက်တာဝန်ခံ ဆရာဝန်ဆိုတဲ့ ဒေါက်တာပတ်ခ်က ခေါင်းညိတ်တယ် ။ ဂျီဆောင်းက သူနဲ့ အိမ်နီးချင်း ညီလေးဖြစ်နေတာက ခုနက လှည့်ထွက်သွားတဲ့ ဒေါက်တာ မသိမဲ့ ကိစ္စပဲ ။

" ခုနက ခွဲခန်းရှေ့ စစ်တပ်ကလူတွေ ရောက်နေတယ်ဆိုတာ အစ်ကိုဖြစ်နေတာပဲ အစ်ကိုဂျဲနို ။ စီနီယာဂျယ်မင်း စိတ်ဆိုးနေတာ "

ဂျဲနိုက ရယ်မိတယ် ။
သူ့နောက်က လူတွေကတော့ တအံ့တဩ ။
အသက်ငယ်တဲ့ ခေါင်းဆောင်အေးဂျင့်လေးက အပြင်ကိစ္စနဲ့ ရယ်တယ်ဆိုတာ သူတို့အတွက် တစ်လနေမှ တစ်ခါ ကြုံရတဲ့ အဖြစ်ဆန်းမျိုးရယ် ။

" ခေါင်းဆောင်အီ .. အဲ့တာဆို ကျွန်တော်တို့ စစ်ဆေးရုံကို ရွှေ့ဖို့လုပ်လိုက်ရမလား ။ ဘယ်လိုလုပ်ရမလဲ "

ဂျဲနိုက စဉ်းစားနေတယ် ။ ဘယ်လိုပဲဖြစ်ဖြစ် ပြောထားတဲ့စကားကို မပြောင်းတာကောင်းလိမ့်မယ်မလား ။

" အင်း ရွှေ့ပြောင်းဖို့ သတင်းပို့ထားလိုက် ။ ပြီးတော့ ကျွန်တော်ဒီမှာ စကားခဏပြောဦးမယ် "

သူ့ကို အလေးပြုပြီး ထွက်သွားတဲ့ တပ်သားတွေကို ဂျဲနိုက လှည့်တောင် မကြည့်ဖြစ်ဘူး ။ အဲ့ဒီအစား အာရုံတွေကို ဂျီဆောင်းဆီကို ပို့လိုက်တယ် ။

" မင်းကလည်း မတွေ့ရတာ လပိုင်းလောက်ရှိတာကို အရပ်က ရှည်ထွက်လာသလိုပဲ "

ဂျီဆောင်းရဲ့ အဖေက ဂျဲနိုရဲ့ အဖေနဲ့ ရာထူးတူတဲ့ တွဲဖက် သူငယ်ချင်း ဗိုလ်ချုပ်ပဲ ။ ဒါကို ခုနက ဆရာဝန် မသိပုံထောက်ရင် ဂျီဆောင်းက ပေးသိထားပုံမပေါ်တာ ဖြစ်နိုင်တယ် ။
ဂျီဆောင်းနဲ့ ဂျဲနိုက အဲ့တာကြောင့်လည်း အိမ်နီးချင်း ဖြစ်နေခဲ့တာလေ ..။

" ဒါနဲ့ ခုနက ဆရာဝန်က တကယ်ပဲ နားချိန်ကို ဒီလို ခွဲခန်းလာဝင်တာလား "

" အင်း သူက GSလေ ။ အထွေထွေခွဲစိတ်က ဌာနမှူး ။ ငယ်ငယ်လေးနဲ့ပေမဲ့ တအားတော်တာ ။ ကျွန်တော်က ဒီရောက်ကတည်းက စီနီယာဂျယ်မင်းဆီ ကပ်နေတော့တာဆိုရင် သူဘယ်လောက်တော်လဲ တွေးမိတယ်မလား ။ ကျွန်တော်တို့ဆီ GSနည်းလို့ emergencyတွေဆိုရင် စီနီယာက နားချိန်ဆိုလည်း ဒီလိုပဲ ခွဲခန်းဝင်တတ်တာ ။ တချို့ရက်တွေဆို ၂၄နာရီလုံး မအိပ်ဘဲနဲ့ ရက်တွေဆက်ပြီး ခွဲခန်းဝင်တာမျိုးတောင်ရှိတယ် ။ ကျွန်တော်က မခံနိုင်တော့ရင် ကျွန်တော့်ကို ထားပြီး နောက် လက်ထောက် ခေါ်သွားတာမျိုး လုပ်တာပါဆို ။ အခုဆိုလည်း သူဂျူတီထဲရောက်နေတာ မနေ့က ဒီအချိန်ကတည်းကကို မနားရသေးတာလေ ။ တကယ် တစ်ရာမှာ တစ်ယောက်မရှိဘူး "

ဂျီဆောင်းက သူမေးတဲ့တစ်ခွန်းကို အခွန်းတစ်ရာလောက် ပြန်ဖြေပြီး အဖြေပေးတယ် ။ ကြည့်ရသလောက် အဲ့ဒီဆရာဝန်ရဲ့ ဘဝက လူနာတွေချည်း ရှိနေသလိုမျိုး ။ ဘဝတစ်ခုလုံးကို လူကယ်ဖို့ အသက်ရှင်နေတဲ့အတိုင်းပဲ .. ပျင်းစရာကောင်းလောက်အောင် ။

" ဒါပေမဲ့ မင်းက သဘောကျတာ သိသာပါတယ် "

" အင်း လေးစားတာမျိုးပေါ့ ။ ကျွန်တော့်ရဲ့ role modelပဲလေ လုံးဝ ။ ဒါနဲ့ နေပါဦး ဘာလို့မေးနေတာလဲ "

ဂျီဆောင်းက မေးလာတော့ ဂျဲနိုက ခေါင်းခါတယ် ။
ဆံပင်တွေကို အဖြူရောင်ဆိုးထားတဲ့ ဆရာဝန်က အလုပ်တွေပိပြီး ဆံပင်တွေဖြူလာတာကို တားဖို့လားလို့တောင် တွေးမိတဲ့အထိ ရုတ်တရက် အတွေးထဲ ရောက်သွားလိုက်တာပဲ ။

" ခုနက နည်းနည်း ကတောက်ကဆ ဖြစ်သွားတာ ။ သူ စိတ်တိုသွားတယ်ဆိုတာ ငါ့ကြောင့်ဖြစ်မယ်ထင်လို့ "

ဂျီဆောင်းက အခုမှ အကုန်လုံးကို ချိတ်ဆက်မိသွားပုံပဲ ။
ခေါင်းတညိတ်ညိတ်နဲ့ လုပ်နေတယ် ။ နားနေခန်းထဲ ရောက်နေတယ်ဆိုတဲ့ ဆရာဝန်က အခုဆိုရင်ရော အိပ်နိုင်ပါ့မလား ။ သူ့ကြောင့် ဒီထက်ပိုပြီး စိတ်တိုနေရင် ဘယ်လိုလုပ်မလဲ ။

" အခု ဆေးရုံရွှေ့ရင် မင်းလိုက်ခဲ့မှာလား "

" ကျွန်တော်ပဲဖြစ်လောက်မယ်ထင်တယ် ။ ခဏနေရင် ကျွန်တော့် ဂျူတီပြီးမှာနဲ့ ကျွန်တော်က လက်ထောက်တာဝန်ခံ ဖြစ်နေတာဆိုတော့ "

" အင်း .. တအားအဆင်မပြေရင်လည်း မရွှေ့ပါဘူး ။ အခုက တပ်ထဲကနေပြီး ထွက်ပြေးတာ ။ လမ်းမှာ တားတဲ့ အစောင့်ရဲဘော်နှစ်ယောက်ကို ဓားနဲ့ ထိုးသွားလို့တဲ့ ။ သေနတ်ပါ အလုခံလိုက်ရတဲ့ ရဲဘော်ကတော့ စခန်းဘက်က ဆေးရုံထဲ ခုနကအထိ အသက်လုနေရတုန်းလို့ပြောတယ် ။ တော်တော်ဆိုးသွားတာ "

" ကျွန်တော်လည်း စစ်တပ်ကလူတွေဆိုတော့ အစ်ကိုလို့ မထင်ခဲ့ဘူး ။ အစ်ကို့ကိုမြင်တော့မှ ကိစ္စက ကြီးလောက်တယ် ထင်မိလိုက်တာ "

" ပြောရရင် အေးဂျင့်တွေနဲ့လည်း ဘာမှ မဆိုင်ပါဘူးကွာ ။
ဘယ်လောက်ပဲ စစ်တပ်တစ်ခုတည်း ဆိုပါစေဦး ။ တပ်သားတွေ ကိစ္စက ဗိုလ်တွေရှင်းရမဲ့ ကိစ္စကို ။ အထူးအေးဂျင့်တွေဘက်နဲ့ ဘာမှလည်းမဆိုင်ဘဲ ဒီဆေးရုံက သတင်းရတာနဲ့ အဖွဲ့လိုက်ထမင်းသွားစားတဲ့အချိန် တူနေတာကို လမ်းကြုံတယ်မလား ဝင်ရှင်းလိုက်ဆိုလို့ ရောက်လာရတာ "

ဂျီဆောင်းက ရယ်တယ် ။ ဒါက သိသိသာသာကို သေချာပေါက် အစ်ကိုဂျဲနိုအဖေရဲ့ တစ်ချက်လွှတ်အမိန့်ပဲ နေမှာ ။ ဒီလို အမိန့်ပေးတယ်ဆိုရင် အစ်ကိုဂျဲနိုတို့ မစ်ရှင်တွေ မရှိတဲ့ ရက်မို့ဆိုတာတော့ ကျိန်းသေနေတာမလား ။

" ဝတ်စုံပြည့်နဲ့ မမြင်ရတာကြာလို့ထင်တယ် ။ အစ်ကိုလည်း မိုက်တာပဲ ။ အခု ကျွန်တော် အပြောင်းအရွှေ့အတွက် စာရွက်စာတမ်းတွေ သွားပြင်ဦးမယ် ။ ခဏနေမှ တွေ့တာပေါ့ "

ဂျီဆောင်းက သူ့မျက်စိအောက်မှာ ကြီးလာရင်းကနေ သူစစ်တပ်ထဲ ရာထူးတစ်ခုနဲ့ အတည်တကျ ရောက်တဲ့အချိန်မှာ ဆေးကျောင်းသားလေး ဖြစ်သွားတော့တာမို့ သူတို့တွေ့တဲ့အချိန်က ရှားလာခဲ့တာလေ ။ အခုတော့လည်း တစ်ဦးတည်းသော ညီလေး ကြီးလာတာပါလားလို့ ဖြစ်ရ ။

ဂျီဆောင်းထွက်သွားတော့ သူကလည်းပဲ သူ့လက်ထောက်တွေကို ဖုန်းဆက်ပြီး အခြေအနေ မေးမလို့ လှည့်အထွက်မှာ လေထဲ ဝေ့ဝဲနေတဲ့ ငွေရောင်မကျတကျ ဆံပင်ဖြူဖြူတွေနဲ့ ဆရာဝန်ရဲ့ နောက်ကျောကလေးကို ဂျူတီကုတ်အဖြူနဲ့တွဲလို့ ထပ်မြင်လိုက်ရပြန်တာလေ ။ နောက်ထပ် ဆယ်မိနစ်လောက် ရပ်နေမိတော့ အဲ့ဒီဆရာဝန်က ဂျူတီကုတ် ချွတ်ထားတဲ့ ခွဲခန်းဝတ်စုံနဲ့ ထပ်ပြီး operation roomထဲ ဝင်သွားတာကို တွေ့လိုက်ရတယ် ။ ဂျဲနိုအတွက် အဲ့ဒီတစ်ယောက်ရဲ့ အလုပ်လုပ်နိုင်စွမ်းက တကယ် ကြောက်စရာကောင်းလိုက်တာလို့ ခံစားမိရတဲ့ အထိပဲ ။

အသက် ၂၆နှစ်အရွယ် ဂျဲနိုက စစ်တပ်ရဲ့ အထူးအေးဂျင့် ခေါင်းဆောင်အဆင့်ပေမဲ့ အထူးတလည် စစ်ဆင်ရေးရှိတဲ့ရက်ကလွဲရင် သူ့လောက် ပင်ပန်းရတာမျိုး မရှိခဲ့ဘူးပဲ လို့ ကိုယ့်ဘာသာ တွေးမိလိုက်ရ ။ လူနာတွေရဲ့အသက်ကို လက်ထဲကိုင်ထားပြီး ကယ်မယ်ဆိုတဲ့ အတွေးနဲ့ ပြေးလွှားနေတဲ့သူ .. ။ အဲ့ဒီ ဖြူလွှလွှအရိပ်ကလေးက ဂျဲနိုဘဝတစ်လျှောက်လုံး တွေ့ခဲ့တဲ့လူတွေထဲ အထူးခြားဆုံး ဖြစ်လာခဲ့တော့တာပဲ ။

ဂျီဆောင်းလို ကလေးရဲ့ role modelဖြစ်ရလောက်အောင် အဲ့ဒီလူရဲ့ ထူးခြားချက်တွေကို အခုတောင်မှပဲ တချို့တဝက် ဖမ်းဆုပ်မိလာရ ။ အဲ့ဒီလိုလူ ဒီကမ္ဘာပေါ် ရှိသေးတာပဲလို့ တအံ့တဩလည်း သိရတယ် ။

" ခေါင်းဆောင် အီ .. အကုန် ပြင်ဆင်ပြီးပါပြီ ။
ခုနက ဆရာဝန်လေးက သူတို့ဆီက ambulanceနဲ့ လိုက်လာမယ်ပြောပါတယ် "

" အဲ့ဒီ ambulanceထဲကို တပ်သား နှစ်ယောက်ထည့်လိုက်ဖို့ လုပ်ထား ။ ငါတို့က ရှေ့ကနေ သွားမယ် "

တစ်ယောက်ဆိုရင် ပုံမှန်က လုံလောက်ပေမဲ့ အခြေအနေ တချို့ဆိုတာ ရှိတတ်တာကြောင့်အပြင် ဂျီဆောင်းက လိုက်လာမှာမို့ ဂျဲနိုက အပိုတပ်သား ထည့်ပေးမိတာ ။

ဆေးရုံကနေ ထွက်မလာခင်တော့ တွေးမိခဲ့သေးတဲ့ကိစ္စတစ်ခုက အဲ့ဒီဆရာဝန်လေးကို ပြန်တွေ့ချင်တာပဲ ။
ကတောက်ကဆ ဖြစ်နေတာမျိုးမဟုတ်ဘဲနဲ့ ဒီအတိုင်း ပြန်တွေ့ပြီး ခင်သွားချင်တဲ့စိတ် ရှိလာတယ် ။
သူ့ကို သိလည်းမသိပေမဲ့ ရာထူးကိုတောင် ဦးမညွတ်ဘဲ ရန်ဖြစ်သွားရဲတဲ့ တစ်ဦးတည်းသောသူမလား ..။

____________

အချိန်က နှစ်လသာ ကြာသွားတယ် ။ ဂျဲနိုက အဲ့ဒီဆေးရုံဘက်ကို ခြေဦးတောင် မလှည့်ဖြစ်ခဲ့ဘူး ။ မလှည့်ဖြစ်နိုင်ခဲ့ဘူးပြောရင်တော့ ပိုမှန်မှာ ။ ထရိန်နင်တွေ ရှိနေတာနဲ့တင် သူ့ဘာသာတောင် အိမ်မပြန်ဖြစ်တဲ့ရက်တွေ များရတာ ။

ဒါပေမဲ့ ဒီနေ့တော့ အဲ့ဒီဆေးရုံကို မဖြစ်မနေ သွားရမဲ့ အကြောင်းက ပေါ်လာတာမို့ ဂျဲနိုက သူ့နားရက်နဲ့ လဲပြီး အသည်းအသန် ထွက်လာရတာ ။

ထပ်ပြီး အဲ့ဒီ ခွဲစိတ်ခန်းရှေ့ပဲ ရောက်ရပေမဲ့ ဒီတစ်ခါတော့ စိတ်တွေက ငြိမ်မနေပါ ။

" မာ့ခ် ဘယ်လိုဖြစ်တာလဲ ။ ပြိုင်ပွဲရှိတာ သိပေမဲ့ ဘယ်လိုလုပ်ပြီး accidentက ? မင်းကရော ခွဲခန်းထဲ မဝင်ဘူးလား "

မာ့ခ်က သူ့သူငယ်ချင်း .. ပြိုင်ကားမောင်းတဲ့ player။
ရှေ့တစ်ပတ်က သူ့ကို ပြိုင်ပွဲရှိကြောင်း စာပို့လာတော့တောင် မလာနိုင်လောက်တာကို ပြောဖြစ်လိုက်သေးပေမဲ့ အခုကျ မာ့ခ်က ခွဲခန်းထဲရောက်နေလို့ သူကပါ ဆေးရုံလိုက်လာရတဲ့ အခြေအနေနဲ့ ။

" တာယာက ပြဿနာတက်တာလို့ပြောတာပဲ ။ တအားကြီး ဖြစ်တာတော့မဟုတ်ဘူး ။ လက်နည်းနည်းကွဲသွားတာရယ် ခေါင်းထိသွားတာရယ်နဲ့မို့ EMကနေ ကျော်လာပြီး GSတွေ ကိုင်ရတာ ဖြစ်သွားတာ ။
ငါက CSဆိုတော့ ဒါနဲ့ မဆိုင်ဘူးလေ ။ ဝင်ပါရင် ပိုရှုပ်သွားမှာစိုးလို့ "

ဟယ်ချန်းက ရှင်းပြလာမှ စိတ်အေးသွားရတယ် ။ ခုနကအထိ မာ့ခ်accidentဖြစ်လို့ဆိုတာကြောင့် သူ့မှာအပြေးလာခဲ့ရတာ ။
ငယ်သူငယ်ချင်း သုံးယောက်တည်းရှိတဲ့အထဲ ဟယ်ချန်းနဲ့ မာ့ခ်က အတွဲတွေ ဖြစ်သွားတာ သူတို့ ကျောင်းပြီးကတည်းက ။
တစ်ယောက်ကိုတစ်မျိုး careerတစ်ခုမှ မတူကြပေမဲ့ အဆက်အသွယ်တွေတော့ မပြတ်ကြ ။

" တာဝန်ခံ ဆရာဝန်က ဘယ်သူတဲ့လဲ "

ဘယ်သူလို့ ပြောရင်တောင် သိမှာမဟုတ်ပေမဲ့ သူသိတဲ့ နာမည်တစ်ခု ဖြစ်နေဖို့ မျှော်လင့်ခဲ့သလားတော့ ဂျဲနိုလည်း မပြောတတ်ဘူး ။

" နာဂျယ်မင်းတဲ့ ။ အထွေထွေခွဲစိတ်ရဲ့ ဌာနမှူးလေ ။ ဂျီဆောင်းလည်း လက်ထောက်အနေနဲ့ လိုက်ပြီး ဝင်သွားတယ် ။ တအားကြီး စိတ်မပူနဲ့ ။ ငါက နားရက်ဖြစ်နေလို့ တော်တော့တာပဲ "

အဲ့ဒီနာမည်ဟာ တရင်းတနှီး ။
ထပ်ပြီး ဒီလိုတိုက်ဆိုင်တာလားလို့ တွေးမိတော့ ပြုံးရတယ် ။
တကယ်ဆို အဲ့ဒီနေ့က ကိစ္စလည်း ဟယ်ချန်းက သင်တန်းဆိုပြီး အဲ့ဒီရက်က ဒီနိုင်ငံမှာမရှိနေခဲ့တာကြောင့် မပြောပြရသေးဘူး အခုထိ ။

" ငါ သူ့ကို သိတယ် ။ ရှေ့ရက်က ရောက်လာရသေးတာ"

" အင်း ဂျီဆောင်းဆီက ကြားတယ် ။ လုံးဝ အရူးနဲ့ တွေ့သွားတာပဲ မင်း "

သူတို့နှစ်ယောက်လုံး ရယ်မိလိုက်ကြတာပဲ ။ အဲ့ဒီ ဆရာဝန်ဟာ ဒီဆေးရုံက လူအကုန်လုံးကြားထဲ အဲ့ဒီလို နာမည်နဲ့ တည်ရှိနေတာဖြစ်မယ် ။ သူ့ရဲ့ တည်ရှိမှုကိုက မတူနေတာမျိုးဖြစ်နိုင်တယ် ။ ဂျဲနိုရဲ့ စိတ်ထဲ လှိုင်းကလေးတစ်ခု ဖြတ်ပြေးသွားရဲ့ ။

" ဂျီဆောင်းဆီက ကြားရသလောက် အလုပ်ဂျပိုးပဲနော် တကယ် "

" သူ့ဆောင်ပုဒ်က 'ကယ်မယ် ဘာကိစ္စပဲရှိရှိ ကယ်မယ်' တဲ့ ။
သူ့လူနာတွေထဲ မကယ်နိုင်တာ ရှားမယ်ထင်တယ် ။ ဒီအတိုင်း တအားလည်းတော်ပြီး လူကယ်ဖို့ကို တအားအားသန်တဲ့ အဲ့ဒီလို ဆရာဝန်ပဲ ။ လစာရသမျှကိုလည်း မတတ်နိုင်တဲ့လူနာ ဆေးစရိတ်တွေ လှူပစ်သေးတာ ။ သူဌေးသားလေးပဲ ဆိုပေမဲ့ တအားစိတ်နှစ်ထားပြီး ရူးသွားတဲ့ကောင်လို့တောင် ထင်ကြတာလေ ။ ငါနဲ့ သူငယ်ချင်းဖြစ်သွားတာကတော့ ငါတော်လို့ပေါ့ "

ဟယ်ချန်းကပြောတော့ သူ့မျက်ခုံးတွေကို ပင့်လိုက်မိတယ် ။
သူငယ်ချင်းဖြစ်နေတာတဲ့ ။ အဲ့ဒီ လူ့ဂွစာ ဘောက်ဆတ်ဆတ် ဆရာဝန်နဲ့ သူ့အချစ်ဆုံး သူငယ်ချင်းက သူငယ်ချင်းဖြစ်နေပြီး အိမ်နီးချင်းညီလေးက သူ့လက်ထောက်ဖြစ်နေတာကိုက တစ်ခုခုထူးခြားနေတဲ့ ကံတရားပဲ မဟုတ်ဘူးလား ။

တစ်ခုခု ဆက်ပြောမလို့ ပြင်ပေမဲ့ ခွဲခန်းက တံခါးပွင့်လာတော့ သူတို့နှစ်ယောက်လုံး မတ်တပ်ထရပ်မိတယ် ။ အပြောင်သိမ်းထားတဲ့ surgical capကို ချွတ်ပြီး ဆံပင်တွေကို လွတ်မြောက်ခွင့်ပေးလိုက်တာကို မြင်ရတာ ဒါက ဒုတိယတစ်ကြိမ် ။
ဂျဲနိုက ငေးမောမိတုန်းပဲ ။

" အများကြီး ဖြစ်မသွားဘူး ။ ခေါင်းပေါက်သွားတာလည်း ချုပ်ပေးထားတယ် ။ နှစ်နာရီအတွင်း နိုးမယ်ထင်တယ် ။
မင်း ဒီနေ့ နားရက်မလား "

သူ့ကို မမြင်ဘဲ ဟယ်ချန်းကိုပဲ မြင်ပြီး စကားတွေ လှမ်းပြောနေတဲ့ ဆရာဝန်လေးက ဟိုတစ်နေ့ကလောက်တောင်မှ ပင်ပန်းနေတဲ့ပုံ မရှိဘူး ။ ဒီခွဲစိတ်မှုက သူ့ရဲ့ ဒီနေ့ ပထမဆုံးဂျူတီတောင် ဖြစ်နိုင်လိမ့်မယ် ။ ဂျဲနိုက တွေးနေတုန်း အဲ့ဒီဆရာဝန်ရဲ့ အကြည့်တွေက သူ့ဆီရောက်လာတယ် ။

" အိုး .. အီမာ့ခ်က ကားပြိုင်ရင်းနဲ့ စစ်တပ်စခန်းတွေကိုများ ဝင်တိုက်မိခဲ့လို့လား ။ စစ်ဆေးရုံကို ခေါ်သွားစရာရှိရင်လည်း ဟိုတစ်နေ့ကအတိုင်း ကျွန်တော့်လက်ထောက်နဲ့ ပြောလို့ရတယ်နော် "

ပထမတစ်ခွန်းကို ဟယ်ချန်းကို မေးသလိုနဲ့ ဒုတိယတစ်ခွန်းကိုကျ ဂျဲနိုကို စေ့စေ့ကြည့်ပြီး ပြောလာတာကို ကြည့်ရင် အခုထိ အခဲမကျေသေးဘူးဆိုတာ သိပ်သိသာတာပဲ ။ ဆရာဝန်တွေက အငြှိုးရော ထားတတ်သေးတာလား ။ ဂျဲနိုက ရုတ်တရက် ကြောင်သွားရတယ် ။

" ငါတို့ သူငယ်ချင်းလေ ။  အထူးအေးဂျင့်ဘက်က ခေါင်းဆောင် အီဂျဲနိုတဲ့ ။ သိပြီးသားမလား ။ ငါတို့နှစ်ယောက်နဲ့ ငယ်သူငယ်ချင်းဖြစ်ခဲ့တာ ။ သုံးယောက်ရှိတာကို သူကတော့ သုံးဘီးပေါ့ "

ဟယ်ချန်းမိတ်ဆက်ပေးတာကို ကြားလည်းပြီးရော ဂျယ်မင်းက လှောင်ရယ်သံပြုမိတယ် ။ "မထူးဆန်းပါဘူး" ဆိုတဲ့ စကားက တိတ်တိတ်လေး ထွက်သွားပေမဲ့ သူ့စိတ်ရင်းပဲ ။

သေနတ် တကားကားနဲ့ ဆရာဝန် လူအသက်ကယ်မှာကိုတောင် ခြိမ်းခြောက်တဲ့ စစ်ဗိုလ်မျိုးက ဘယ်လို ရာထူးနေရာက ဖြစ်နေနေ ဂျယ်မင်းအတွက်တော့ ဦးနှောက်ထဲ ကန့်လန့်ဝင်နေတဲ့ အပိုသာသာ ။ ဒါပေမဲ့လည်း ခေါင်းထဲက မထုတ်ထားမိတာ ဘာကြောင့်လဲတော့ သူကိုယ်တိုင် မသိဘူး ။

" ကျွန်တော် ဒီနေ့ သေနတ်တောင် ပါမလာပါဘူးဗျာ ။
ပြီးတော့ ကျွန်တော်ကလည်း အဲ့ဒီဘက်က တိတိကျကျကြီး မဟုတ်ပါဘူး မဖြစ်လို့သာ ..။
ဟိုတစ်နေ့က ကိစ္စကလည်း ဖြေရှင်းပြီးသွားပါပြီ "

" မေးလို့လား "

ဟုတ်တယ်လေ ။ မမေးဘဲ ပြောနေတော့ ဂျယ်မင်းမှာ ပြန်ပြောစရာမှ ရှိမနေတာ ။

ဂျူတီက ထွက်လာမှန်း သိသာအောင် ဝတ်စုံပြည့်နဲ့ မဟုတ်နေလည်း အင်္ကျီသာလဲထားတာ ဖိနပ်နဲ့ ဘောင်းဘီက ဒီအတိုင်းမို့ အဲ့ဒီလူက ထူးခြားမနေအောင်ကို ဟိုနေ့ကလူမှန်း တန်းသိသာစေတာလေ ။

" EMဘက်က ငြိမ်နေတယ် ထင်တယ် ။ မင်း နောက်ထပ် ခွဲဖို့ ရှိသေးလား အခု "

" ဒီနေ့ကတော့ ညနေမှ ရှိတော့မှာ ။ Emergency caseတွေ မပါရင် မနက်က ခွဲထားတဲ့ လူနာစစ်ဖို့နဲ့ roundစရာပဲ ကျန်တယ် "

ငြိမ်သွားတဲ့ စကားဝိုင်းကို ဟယ်ချန်းက ဆက်လာတော့ ဂျယ်မင်းရဲ့ အကြည့်တွေက ဂျဲနိုဆီကနေ ဟယ်ချန်းဆီ ပြန်ရောက်သွားပြီး ဖြေရတယ် ။

ဂျဲနိုကတော့ အခုထိ သူ့ကို ချေသွားတဲ့ ဆရာဝန်ကို ငေးတုန်း ။
တကယ်ပဲ ဆံပင်တွေဖြူသလောက် စိတ်ထားက ဖြူပေမဲ့ သူ့အပေါ်ကိုပဲ ကွက်မကြည်နေတာ သိသာလိုက်တာ ။
အမှားလုပ်ထားမိတာကိုလည်း တောင်းပန်ပြီးပြီကို မလိုပါဘူးလို့ပြောပြီး အခုထိအခဲမကျေနေတာက မကောင်းဘူးမလား ။ ပြောရရင် နှစ်လအတွင်း ဗိုလ်မှူးချုပ် ဂျဲနိုက ဒီဆရာဝန်ရဲ့ ဘုကလန့်အပြောခံရတာ နှစ်ခါတောင်ရှိလာတာ ။

" အားရင် မာ့ခ်ရဲ့ အခန်းထဲ ဝင်ခဲ့ဦး ။ သူလည်း တွေ့ချင်နေမယ်ထင်တယ် "

"အိုကေ" ဆိုတဲ့ signလုပ်ပြပြီး ထွက်သွားတဲ့ ဆရာဝန် နာဂျယ်မင်းက တကယ်ကို ဖြူလွှလွှအရိပ်ကလေး ။
မျက်လုံးထဲက ပျောက်သွားတဲ့အထိ ဂျဲနိုက သတိလက်လွတ် ငေးမောမိနေရာကနေ သတိလည်း ဝင်လာရော ဟယ်ချန်းက သူ့ကို မျက်လုံး အပြူးသားနဲ့ ကြည့်နေတာ ။

" ဘုရားရေ အီဂျဲနို မင်းအခု နာဂျယ်မင်းကို ကြိုက်သွားတာလား "

" ဘယ်က မဟုတ်ကဟုတ်က "

ဟယ်ချန်းရဲ့ ပြီတီတီအပြုံးကို ဆက်မကြည့်နိုင်တော့လို့ တစ်နေရာရာကို ထွက်သွားဖို့ ပြင်တော့လည်း ဘယ်အခန်းမှာ မာ့ခ်ကို ထားထားမယ်မသိတာက တစ်ကိစ္စ ထပ်ဖြစ်နေချိန်မှာ ဂျီဆောင်းက ခွဲခန်းထဲက ထွက်လာပြီး သူတို့ကို ခေါ်သွားပေမဲ့ ဟယ်ချန်းက အဲ့ဒီအပြုံးကို မျက်နှာပေါ်ကနေ ဖျောက်မသွားတော့ဘူး ။

ပြီးတော့ ပြောသေးတယ် ။ "မာ့ခ် နိုးလာရင် ဘယ်လောက်တောင် ပျော်မလဲမသိဘူး" တဲ့ ။

ဂျဲနိုရဲ့ ခေါင်းဆောင်ရာထူးဟာ သူ့သူငယ်ချင်းတွေနဲ့ ဟိုဆရာဝန်ကြား ကလေးကစားစရာများ ဖြစ်နေသလားတောင် ဂျဲနိုက မပြောတတ်တော့ဘူး ။ သူ့imageတွေလည်း ဒီဆေးရုံကို ခြေစနင်းမိကတည်းက ရစရာကို မကျန်တော့ပါဘူး ။

________________

A/N -

GSက General Surgeon(အထွေထွေခွဲစိတ်)
CSက Cardiothoracic Surgeon(နှလုံးခွဲစိတ်) နဲ့
EMက Emergency Medical(အရေးပေါ်ဌာန)ပါ ။

"ကယ်မယ် ဘာကိစ္စရှိရှိကယ်မယ်" ကတော့ အိုင်တို့ ကင်မ်ဆာဘူရဲ့ လက်စွဲစကားပေါ့ရှင် ။ တအားတအားတအားကြိုက်လို့ ထည့်ရေးထားပါတယ် ဟီးဟီး ❤️

ပြီးတော့ အပြည့်အဝ နှစ်တွဲ ပြိုင်ရေးမှာ မဟုတ်ပေမဲ့  အစက JenJaem onlyပဲ ရေးမလို့ပေမဲ့ မနေ့က ဓာတ်ပုံနှစ်ပုံ မြင်လိုက်တာကနေ MarkHyuckပါ ပါလာပါတယ်လို့ ဟီးဟီး ။
မထည့်ဘဲ မနေနိိုင်တော့လို့ 🥹🙏🏻


ကြည့်ဦး TT ဘယ်သူက မရေးဘဲ နေနိုင်တော့မှာလဲလို့ TT

Ga verder met lezen

Dit interesseert je vast

3.5K 409 12
Just a simple story ...♡
12.4K 348 22
joshua is tempted into a job offer that's too good to be true but what's the worst that could happen right?
776 125 12
다시 널 찾아가 into the unknown
198K 4.2K 46
"You brush past me in the hallway And you don't think I can see ya, do ya? I've been watchin' you for ages And I spend my time tryin' not to feel it"...