𝙾𝚗𝚕𝚢 𝚄 (Complete)

By BlackRoseTK93

71.7K 5.6K 1.1K

*သူ့အတွက်တော့ကျွန်တော်ကို မွေးဖွားလာပေးတာက ဆုလဒ်တခုဖြစ်နေခဲ့သည်တဲ့* More

Intro
1
2
3
4
5
6
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
FINAL

7

1.6K 144 29
By BlackRoseTK93

" Kim Taehyung နင်ဒီရက်ပိုင်းအလုပ်ကိုဘာလို့အစောကြီးသွားနေတာလည်း ကြည့်နေတာ လော လောလောလောနဲ့ အိမ်အလုပ်တွေလုပ်အုံး ယောကျားလေးမွေးထားတယ် ဘာမှခိုင်းစားကိုမရဘူး "

" တနေကုန်တနေကန်း မနားပဲအလုပ်လုပ်နေတာ ဘာမှခိုင်းစားမရဘူးဆိုတော့ အမေ သားဘာတွေထပ်လုပ်ရအုံးမှာလည်း "

" ရှည်ပြန်ပြီ ငါပြောရင်လုပ်လိုက်ပေါ့ နောက်နေ့တွေ မနက်တိုင်းနင့်အဘွားအကျီတွေပဲလျှော်မနေနဲ့ ငါအကျီတွေပါလျှော်ပြီးလှမ်းသွား "

" ဟုတ်ကဲ့ ဟုတ်ကဲ့ ခုတော့သွားတော့မယ် "

ပညာလေးတခုရဖို့ကိုယ့်အားကိုယ်ကိုးပြီးတက်ခဲ့ရတဲ့ Taehyung.တက္ကသိုလ်တခုကနေဘွဲ့ရဖို့ နေမအိပ်ညမအိပ် အလုပ်လုပ်ပြီးကျောင်းတက်ခဲ့ရလို့ ခုလိုလူလိုသူလို ဟိုတယ်ကောင်းကောင်းမှာအလုပ်ဝင်နိုင်တာ..မဟုတ်ရင်ခုချိန်လောက်ဆို တောက်တိုမယ်ရဘဝနဲ့သာလက်ဆုတ်လက်ကိုင်မရှိပဲ အဘွားကိုလည်းဆေးကုပေးနိုင်မှာမဟုတ်ဘူး..

နားကြပ်လေးတက်လို့ ကားဂိတ်မှာကားထိုင်စောင့်နေတဲ့ Taehyung.. သူ့ဟိုတယ်ရောက်တဲ့ Bus လာတော့ကားပေါ်တက်ကာ နောက်ဆုံးခုံလေးမှာသွားထိုင်ဖို့လုပ်တော့ သူထိုင်နေကြခုံမှာ လူတယောက်ထိုင်နေတာနဲ့ အခြားတဖက်ရဲ့ထောင့်မှာ ပြောင်းထိုင်ဖို့အလုပ် ထိုလူစီက လှမ်းခေါ်တဲ့အသံကိုကြားလိုက်ရသည်..

" Taehyung "

သူ့နာမည်ကိုခေါ်လိုက်ပေမယ့် တချက်ကြည့်ကာ မျက်နှာလည်းမမြင်ရတာနဲ့ မသိချင်ယောင်ဆောင်ကာ အခြားခုံမှာထိုင်မယ်ကျန်ပြန်တော့

" Taehyung ငါလေ Park Jimin "

သူ့ကိုမော့ကြည့်ကာ အသံတိုးတိုးလေးနဲ့ပြောပြီး mask ကိုအသာလေးချွတ်ပြတော့ mask အောက်ကမြင်လိုက်ရတဲ့ မျက်နှာကြောင့် Taehyung မှာမျက်လုံးလေးပြူးသွားသည်.

" ဘယ်လိုလုပ် ဒီလို "

" ငါ့နားလာထိုင် "

Taehyung မှာ Jimin ဘေးနားကပ်ထိုင်လိုက်ပြီး အံံ့သြစွာလှည့်ကြည့်နေမိသည်..

" ဘယ်လိုလုပ်ခုလို Bus ကိုစီးရတာလည်း ဧည့်သည်"

" ဒါကမင်းဟိုတယ်မို့လို့လား ငါ့ကိုဧည့်သည်လို့ခေါ်ရအောင် "

" မဟုတ်ပေမယ့် "

" Jimin လို့ခေါ်လေ ငါမင်းဒီနားမှာ Bus စောင့်နေမှန်းသိလို့ အရှေ့မှတ်တိုင်ကနေတက်စီးလာတာ အနောက်မှာငါ့ကားပါတယ် အနောက်ကနေလိုက်လာလိမ့်မယ် "

" ဘာလို့ Bus စီးတာလည်း "

" မင်းကိုတွေ့ချင်လို့လေ "

" ဟင် မင်းက Idol လေ ခုလိုသွားလို့ရလို့လား မင်း ent ကပြောမှာပေါ့ "

" idol လည်းလူပဲလေကွာ ကိုယ်ပိုင်လွတ်လပ်ခွင့်ဆိုတာရှိတယ် ငါ့တို့နိုင်ငံမှာက အဲ့ဒီလောဂျစ်ကြီးရှိနေတာမကြိုက်ဘူး idol ဆို သာမာန်လူတယောက်လိုမသက်မှတ်ကြတော့ပဲ လူတွေထက်အဆင့်မြင့်တဲ့သူလိုသက်မှတ်ပြီး ဟိုဟာလုပ်မရဒီဟာလုပ်မရတဲ့ ချုပ်ချယ်မှုတွေပိတ်ပင်တားမြစ်မှုတွေကန့်ကွက်ချက်တွေနဲ့ idol ကိုချစ်နေကြတာကအရမ်းမှားတယ် ငါကတော့ သာမာန်လူတယောက်လိုပဲသွား လာချင်တယ် ဒါပေမယ့်အခြေအနေကမပေးလို့ခုလိုတွေဖုံးပြီးသွားနေရတာ "

" သွားချင်တာသိပေမယ့် အန္တာရယ်မများဘူးလား"

" ငါတို့သူငယ်ချင်းလုပ်မလား "

Jimin ရဲ့စကားကြောင့် Taehyung မှာ အံ့သြလွန်းလို့မျက်လုံးတောင်ပြူးကာ အမ်ဆိုတဲ့အာမေဋိတ်သံတောင်အကျယ်ကြီးထွက်လို့ အခြားကားစီးသူတွေတောင်လှည့်ကြည့်လာသည်..တော်သေးတယ်ကားပေါ်ပါသူကစောသေးတော့လူနည်းသေးသည်.

" အမ် "

" ရှူးတိုးတိုး သူငယ်ချင်းလေ သူငယ်ချင်းလုပ်ကြမလားလို့ "

" ငါမှာသူငယ်ချင်းထားဖို့အချိန်မရှိဘူး သူငယ်ချင်းတယောက်နဲ့လျှောက်လည်ဖို့လည်းအချိန်မရှိဘူး စကားပြောဖို့လည်းအချိန်မရှိဘူး "

" အိပ်ချိန်ရော ဖုန်းပြောလို့ရတယ်မဟုတ်ဘူးလား ငါတို့လို Idol တွေမှာက တကယ်ခင်ရတဲ့သူမျိုးမရှိဘူးကွ ငါကဒီတိုင်းမင်းကိုစတွေ့ထဲကငါ့စိတ်ထဲတမျိုးခံစားရလို့ သူငယ်ချင်းဖြစ်ချင်ခဲ့တာ မင်းဘက်ကအဆင်မပြေဘူးဆိုတော့လည်း ထားပါ အရမ်းကြီးတော့မတိုက်တွန်းပါဘူး ငါရှေ့မှတ်တိုင်ဆင်းတော့မယ်နော် နှုတ်ဆက်ပါတယ် Taehyung "

" ဟို ဟိုလေ Jimin "

ထိုင်ခုံကနေထကာ ကားပေါ်ကဆင်းမလို့အရှေ့သွားခါနီး Jimin နဲ့အကျီစကိုလှမ်းဆွဲလိုက်တဲ့ Taehyung..

" ခင် ခင်မယ်လေ "

" ဒါဆို မင်းဖုန်းပေး မင်းကငါ့စီဆက်မှာမဟုတ်ဘူး ငါ့ကပဲအရင်ဆက်မယ် "

Taehyung အကျီထဲကနေဖုန်းထုတ်ကာပေးတော့ မက်တပ်ရပ်နေရင်းတန်းလန်း Taehyung ဖုန်းထဲကနေသူ့ဖုန်းကိုလှမ်းခေါ်လိုက်ပြီး ဖုန်းနံပါတ်ရတော့ ထပ်မှန် Taehyung ကိုဖက်ကာ နှုတ်ဆက်ပြီး ကားပေါ်ကဆင်းသွားတဲ့ Jimin..

တကယ်တော့ Park Jimin က Taehyung သဘောကျတဲ့ Idol.. ခုသူ့နားကြပ်မှာ ဖွင့်ထားတဲ့သီချင်းကတောင် Jimin ရဲ့ Lie သီချင်း.Idol တယောက်ကိုသဘောကျပေမယ့်ပထမဆုံးတွေ့ဆုံရတာကအကူအညီလိုနေတဲ့ ဧည့်သည်ကိုကူညီပေးရမယ်အလုပ်သမားတယောက်အနေနဲ့တွေ့ခဲ့ရပြီး ခုတခါကသူ့ Idol က သူ့ကိုခင်ချင်လို့ဆိုပြီး ပြောလာတာကြောင့် သူ့အခြေအနေကိုသူစဥ်းစားပြီး ပျော်ရွှင်မှုကိုထုတ်မပြတက်ပေမယ့် ရင်ထဲအသဲထဲမှာကိုပျော်လွန်းလို့ပြောစရာစကားပင်မရှိဖြစ်နေသည်..

အပျော်လေးကိုတွေးနေတာနဲ့ ဆင်းရမယ့်ကား မှတ်တိုင်တောင်ကျော်လို့သွားတော့မှာကြောင့် ဆင်းမဲ့ဘဲလ်ကိုတီးပြီး ရပ်ခိုင်းရသေးသည်..ကားပေါ်ကနေဆင်းကာ ဟိုတယ်သို့ခပ်သုတ်သုတ်လေးလျှောက်လာကာအလုပ်ဝင်ရတော့သည်..

" ဟေ့ရောင် ပြုံးနေပါလားပျော်စရာရှိလို့လား "

" ကိုယ်သဘောကျတဲ့ Idol ကကိုယ်နဲ့သူငယ်ချင်းဖြစ်လာနိုင်လား "

" အိမ်မက်ထဲမှာလား အပြင်မှာတော့ မဖြစ်နိုင်ဘူး idol အချင်းချင်းတောင် အပြင်မှာတွေ့ဖို့အချိန်တွေမရှိလို့ကွဲကြတာ ငါတို့လိုအပြင်လူနဲ့ဆိုဝေးရော "

" ဟုတ်လား အင်း ထားပါ ငါသန့်ရှင်းရေးသွားလုပ်တော့မယ် "

အလုပ်အတူတူလုပ်တဲ့သူငယ်ချင်းကမဖြစ်နိုင်ဘူးပြောပေမယ့် နောက်ပိုင်းမတွေ့ဖြစ်ဘူးဆိုရင်တောင် ကိုယ့် Idol က ကိုယ့်ကိုအရင်ခင်ခွင့်တောင်းတယ်ဆိုထဲက Taehyung မှာအပျော်ကြီးကိုပျော်နေပြီလေ..သီချင်းလေးတညီးညီးနဲ့ သန့်ရှင်းရေးလုပ်နေတဲ့ Taehyung ..CEO ရဲ့အခန်းထဲ ကြမ်းတိုက်တံကိုကိုင်ကာ ခန္တာကိုယ်လေးကိုလှုပ်လို့ကနေလိုက်တာက အရင်က Taehyung မဟုတ် တခုခုများဝင်ပူးထားသည့်အလား..

Jungkook က Taeri နဲ့တွဲနေတဲ့ကိစ္စနဲ့မနက်စောစောအိမ်ရှိလူကုန်ပွားတာကိုခံရတာကြောင့် အတွင်းရေးမှူးတောင်မရောက်ခင် ဟိုတယ်သို့ထွက်လာခဲ့တာ ဘယ်သူမှတောင်မသိလိုက်..

အခန်းတံခါးကိုဖွင့်ကာဝင်လာလိုက်တော့ ဝင် ပေါက်ဘက်ကိုကျောပေးကာ ကိုယ်လုံးလေးကိုဘယ်ညာယိန်းလို့ ကနေတဲ့ Taehyung ကိုမြင်တော့ အိမ်မှာပွားခံရလို့ မှုံကုတ်လာတဲ့ Jungkook ရဲ့မျက်နှာဟာ အလိုလိုပြုံးမိသွားသည်..

အသံမပေးပဲအနောက်ကနေကြည့်နေတာ တဖက်လူကိုအားနာစရာကောင်းသလိုသူကြည့်နေတာသိသွားရင်လည်း Taehyung ရှက်သွားမယ်ဆိုတာသိနေပေမယ့် Jungkook ပြန်ထွက်သွားဖို့မလုပ်မိပဲ ရပ်ကြည့်နေမိသည်..

သူကြည့်နေချိန်မှာပဲ Taehyung က ကြမ်းတိုက်တံလေးကိုင်ကာ သူ့ဘက်လှည့်လာချိန်မှာ သူ့ကိုလည်းမြင်ရော တော်တော်လေးလန့်သွားပုံရသည် လက်ထဲကကြမ်းတိုက်တံကလည်းအောက်သို့လွတ်ကျသွားကာ ပါးစပ်လေးအဟောင်းသားနဲ့ မျက်လုံးလေးကိုဝိုင်းလို့..

"အောင်မလေး CEO "

လွတ်ကျသွားတဲ့ ကြမ်းတိုက်တံကိုကမန်းကတန်းကောက်ကာ သန့်ရှင်းရေး လှည်းကိုတွန်းလို့ထွက်သွားဖို့လုပ်တော့ တားလိုက်တဲ့ Jungkook..

" မပြီးသေးဘူးမဟုတ်လား "

" ဗျာ! ဟုတ်ကဲ့ "

" ပြီးအောင်လုပ် "

" ဗျာ! "

Jungkook သူပြီးအောင်လုပ်ဖို့ပြောလိုက်တော့ သူ့နားရောက်နေတဲ့ Taehyung ဟာ ဗျာ ဆိုပြီးမော့ကြည့်လာတဲ့မျက်နှာလေးကတော်တော်လေးရှက်နေပုံမျက်နှာလေးကပန်းရောင်ကိုသမ်းလို့နေသည်..

" ဟုတ်ကဲ့ "

အလုပ်ရှင်ကလုပ်ဆိုတော့လည်း ရှက်လွန်းလို့ထိုနေရာမှာတင်အငွေ့ပျံသွားချင်ပေမယ့် မပျံနိုင်သေးတဲ့အခြေအနေမို့ ရှက်ရှက်နဲ့ပဲ တခန်းလုံး
သန့်ရှင်းရေးကိုပြီးအောင်လုပ်ရတော့သည်..

တယောက်ထဲလုပ်နေချိန်ဆိုအားလုံးအဆင်ပြေနေပေမယ့် ခုလိုထိုင်မကြည့်ရုံတမယ်ကြည့်နေတဲ့လူတယောက်ရှိနေတာကြောင့် Taehyung မှာအားလုံးအလွဲလွဲ အချော်ချော်.

စားပွဲခုံပေါ်ကနာမည်ထွင်းထားတဲ့ မှန်ဘောင်တွေကိုလည်းပြောင်းပြန်တွေထောင်လို့ထောင် ဆိုဖာခုံတွေကိုလည်း ရေစိုဝတ်တွေနဲ့ပွတ်လို့ပွတ် စားပွဲခုံပေါ်ကစာအုပ်တွေကိုလည်းပြောင်းပြန်တွေစီလို့စီနဲ့ မျိုးစုံကိုလွဲနေတော့သည်.

" Taehyung "

ကိုယ့်ဘာသာလွဲနေပါတယ်ဆိုမှ ဆိုဖာကိုသုတ်နေတုန်းအနားကနေခေါ်လိုက်တာကြောင့် Taehyung မှာ လန့်သွားရသေးသည်..

"ဗျာ! CEO "

" ငါမင်းလို က ချင်တယ် "

Tae pov: သေလိုက်ပါတော့ Kim Taehyung ရယ် အရှက်တွေလည်းကုန်ပါပြီ

" ဟီး အဲ့တာက CEO "

" ငါစိတ်ညစ်နေလို့ ငါမင်းလိုလွတ်လွတ်လပ်လပ် ကခုန်လိုက်ချင်တယ် စိတ်ပေါ့သွားအောင် မင်းငါနဲ့တူတူကမလား "

Tae pov: အသေသာသတ်လိုက်ပါတော့လား CEO.. အရင်လို introvert ဖြစ်နေတဲ့ငါက ဒီနေ့မှအပျော်လွန်မိတာလေ ပျော်နေတာလေးတောင်ပျောက်တယ်

" ငါတို့သူငယ်ချင်းလုပ်ကြမလား Taehyung "

" အမ်!!!"

တနေ့ထဲ မထင်မှတ်တဲ့လူနှစ်ယောက်ရဲ့သူငယ် ချင်းလုပ်ဖို့ပြောလာတာကြောင့် Taehyung ခုလိုအသံပါထွက်တဲ့အထိအံ့သြတာမစမ်းတော့ဘူးလေ

" အတွင်းရေးမှူးလုပ်မလား သူငယ်ချင်းလုပ်မလား "

" CEO ခေါင်းရှုပ်နေတာထင်တယ် ကျွန်တော် သံပုရာရည်မှာပြီးလာပို့ပေးပါ့မယ် ခဏလေးစောင့်ပေးပါ "

" ငါမေးတာဖြေလေ!!!"

Jungkook အော်လိုက်တော့ အနားမှာခုံသုတ်နေတဲ့ Taehyung ဟာ Jungkook ကိုမျက်လုံးအဝိုင်းသားနဲ့လှည့်​ကြည့်လာသည်..

မျက်နှာခြင်းဆိုင်အလှမ်းနည်းနည်းကွာတဲ့အနေအထားကနေမျက်လုံးအဝိုင်းသားနဲ့ကြည့်နေတဲ့ Taehyung ကို မျက်မှောင်ကျုတ်ကာ Jungkook သေချာစိုက်ကြည့်နေသည်..

" ကျွန်တော်ဘာမှမလုပ်နိုင်ပါဘူး CEO"

" ဘာ!"

Taehyung ခေါင်းလေးခါကာ ညင်းလိုက်ပြီး လုပ်လက်စတွေလက်စသက်ပါအခန်းထဲကနေမြန်မြန်လေးထွက်လာခဲ့လိုက်သည်..ကျန်ခဲ့တဲ့ Jungkook မှာတော့ အံ့သြလွန်းလို့ဘာမှတောင်မပြောနိုင်ပဲကျန်ခဲ့ရတော့သည်..ပြီးမှသူဘာသာသူပြန်စဥ်းစားပြီး Taehyung ကိုအားတွေနာနေတော့သည်..

Jung pov:   ဟုတ်သားပဲ ငါအဲ့လိုကြီးပြောလိုက်တော့လန့်သွားမှာပေါ့ ငါသူ့ကိုမဲမိသွားတာပဲ

" CEO အစောကြီးရောက်နေတာလား "

" ဟုတ်တယ် အတွင်းရေးမှုးဝမ် ဒါနဲ့ ဒီနေ့အပြင်အဆင်တွေလုပ်ဖို့စီစဥ်တော့နော် မနက်ဖြန်မွေးနေ့အတွက်သေချာလေးလုပ်မှဖြစ်မယ် "

" ဟုတ်ကဲ့ CEO "

" ကျွန်တော်နေ့လည်လောက်လာကြည့်မယ် "

" ဟုတ်ကဲ့ CEO "

" အတွင်းရေးမှူးဝမ် လူတယောက်ကိုအားနာဖို့ကောင်းအောင်လုပ်လိုက်မိတာ အဲ့တာဘယ်လိုပြန်လုပ်ပေးရမလည်း "

" တောင်းပန်လိုက်ပါ တောင်းပန်ခြင်းကအကောင်းဆုံး အရာပဲ "

အတွင်းရေးမှူးဝမ်ပြောတဲ့အတိုင်း Taehyung ကိုတောင်းပန်ဖို့သူမျိုးစုံစဥ်းစားနေမိသည်..နေ့လည်နေ့လည်စာလာပို့ရင်တောင်းပန်ဖို့အတွက် ဆိုဖာမှာထိုင်ကာနဖူးပေါ်လက်တင်လို့စဥ်းစားနေမိသည်..

နေ့လည်စာလာပို့ချိန်မှာ Taehyung ကိုတောင်း ပန်မယ်ဆိုပြီး ပြင်ဆင်နေချိန် ဝင်လာတဲ့သူက Taehyung မဟုတ် Taehyung နဲ့အလုပ်တွဲလုပ်နေကြ Taehyung ရဲ့သူငယ်ချင်းဖြစ်နေသည်..

" CEO မဂ်လာပါ နေ့လည်စာလာပို့ပေးတာပါခင်ဗျ "

" Kim Taehyung ကဘယ်မှာလည်း "

"Taehyung က မွေးနေ့ပွဲအတွက်ပြင်ဆင်နေလို့ပါ CEO "

" အခုချက်ချင်းခေါ်လိုက် ငါတာဝန်ပေးထားတာသူ့ကိုလေ သူကငါမသိပဲဘာလို့လူချိန်းရတာလည်း သူကCEO လား ငါက CEO လား အခုချက်ချင်းခေါ်လိုက်!! "

" ဟုတ် ဟုတ်ကဲ့ CEO "

အခန်းပြင်သို့ပြေးထွက်သွားကာ ခါးမှာချိတ်လို့ထားတဲ့ ဝေါ်ကီတော်ကီဖြင့် Taehyung ကိုအကျိုး အကြောင်းပြောကာလှမ်းခေါ်လိုက်တော့ ထိုအကြောင်းကိုအလုပ်သမားတွေအားလုံးကြားရတော့ Taehyung တော့ဆူခံထိပြီဆိုပြီး ဝိုင်းကြည့်နေကြသည်..

" Taehyung "

" ရတယ်ရတယ် ငါသွားလိုက်မယ် "

Taehyung ပွဲပြင်ဆင်တဲ့နေရာကနေ VIP အထပ်သို့မြန်မြန်တက်လာခဲ့သည်..အခန်းဝမှာရပ်နေတဲ့သူ၏ သူငယ်ချင်းအခန်းထဲပြန်မဝင်ရဲလို့ဆိုပြီးသူ့အလာကိုစောင့်နေသည်..

" Taehyung "

" မင်းသွားတော့ "

တောက်တောက်

" CEO ကျွန်တော် Kim Taehyung ပါ "

" ဝင်ခဲ့ "

Taehyung လက်ကလေးနောက်ပစ်ကာ Jungkook ရဲ့မလှမ်းကန်းမှာရပ်နေလိုက်သည်..
နေ့လည်စာစားရင်းသူ့ကိုမော့ကြည့်လာတဲ့ Jungkook..စားနေရင်းတန်းလန်းမို့နှုတ်ခမ်းရဲ့ထောင့်မှာပေနေတဲ့ ဟင်းစလေး

" CEO နှုတ်ခမ်းမှာ "

Taehyung သူ့နှုတ်ခမ်းကိုသူထိုးပြကာ CEO နှုတ် ခမ်းမှာပေနေကြောင်းသတိပေးတော့ Jungkook တစ်ရှုးယူကာသုတ်တာတခြားရှိတာကတခြားဖြစ်နေတာမို့မပြောင်

" မရသေးဘူး CEO "

ထပ်မှန်သုတ်ပြန်တော့လည်းမပြောင်သေးတာနဲ့ Taehyung မှာတစ်ရှူးတရွက်ယူကာ Jungkook နားသွားလို့ ခါးလေးကုန်းကာဆိုဖာလက်တန်းကိုလက်ထောက်လိုက်ပြီး နှုတ်ခမ်းထောင့်ကဟင်းစလေးကိုတစ်ရှူးနဲ့သုတ်ပေးတော့ Jungkook ဟာ သူမျက်နှာနားနီးကပ်လာတဲ့ Taehyung ရဲ့မျက် နှာလေးကြောင့် မျက်တောင်ခက်ဖို့မေ့လောက် အောင်ငြိမ်သွားချိန် ဆိုဖာပေါ်လက် ထောက်ထားတဲ့ Taehyung ရဲ့လက်ဟာ ထောက်ရင်းချောသွားကာ အရှေ့သို့ချော်ကျသွားတာကြောင့် နှုတ်ခမ်းကိုသုတ်ပေးနေတဲ့လက်ကလည်းချော်သွားကာ Jungkook ရဲ့ပခုံးကိုကိုင်လိုက်မိသလို ခုဏထပ်မျက်နှာခြင်းကပို၍နီးကပ်သွားတော့ သည်..

အခြေအနေအားလုံးကရုပ်တရပ်ဆန်လွန်းပြီး နီးကပ်လှတဲ့အနေအထားတခုမှာ တယောက်နဲ့တယောက် စက္ကန့်ကြာအောင်ကြည့်နေမိသည်..ဒီလောက်ထိ နီးကပ်နေတဲ့အနေအထားမှာ Jungkook သူသိပ်သဘောကျရတဲ့ အညိုရောင်မျက်ဝန်းလေးရဲ့အကြည့်တွေကြောင့် ရင်ခုန်နှုန်းတွေမသိမသာတိုးတိုးလာတော့သည်..

Taehyung ရဲ့ခါးမှာချိတ်လို့ထားတဲ့ ဝေါ်ကီတော်ကီရဲ့ တဂျစ်ဂျစ်နဲ့မြည်လာတဲ့အသံကြောင့် နှစ်ယောက်သား သတိပြန်ဝင်ကာ Taehyung မှာ အနောက်သို့ကမန်းကတန်းဆုတ်လိုက်ပြီး ဝေါ်ကီတော်ကီကိုပိတ်လိုက်သည်.

" C CEO "

" ရပြီ ဘာမှမဟုတ်တော့ဘူး သွားတော့ "

" ဟုတ်ကဲ့ သွားခွင့်ပြုပါအုံး CEO "

အဲ့လို့နဲ့မနက်ကပြောမိတာကိုတောင်းပန်မလို့ဆိုတာလည်းမလုပ်ဖြစ်ပြန်..ပွဲအတွက်ပြင်ဆင်နေတာတွေကြည့်မယ်လို့လုပ်ကာ ထိုင်ရာကနေထလိုက်ချိန် ဖုန်းဝင်လာတာကြောင့် အိတ်ကတ်ထဲကဖုန်းကိုထုတ်ကာကြည့်လိုက်တော့ အဖေဖြစ်သူ.

# ဟုတ်ကဲ့အဖေ ဟုတ်သားသိပါတယ် ခုသွားကြည့်မလို့ပါ ဟုတ်ကဲ့ ဟုတ်ကဲ့

အဖေဖြစ်သူစီက သေချာလုပ်ဖို့လှမ်းသတိပေးတဲ့ဖုန်း သူ့ကိုကလေးတယောက်လိုခုထိစိတ်မချသေး တာကိုလည်း Jungkook လုံးဝမကြိုက် ဟိုတယ်လုပ်ငန်းတခုလုံးကိုလက်လွှဲပေးပြီးတာတောင်စိတ်မချဖြစ်နေတဲ့ မိဘတွေနဲ့အကိုတွေကြောင့် သူအလုပ်လည်းမလုပ်ချင်ပဲနိုင်ငံခြားသာပြန်ထွက်သွားပြီ သူ့ဝါသနာပါရာ အလုပ်ပဲလုပ်နေချင်တဲ့စိတ်လည်းခဏခဏဖြစ်လို့နေသည်..

အဖေနဲ့ဖုန်းပြောပြီးမှ ခုဏကြည်နေတဲ့ စိတ်ကခုတော့ပြန်ပြီးမကြည်တော့ကာ မျက်မှောင်ကြီးကျုတ်လို့အောက်ထပ်ခန်းမသို့ဆင်းလာခဲ့သည်..

ခန်းမထဲရောက်တော့ အလှဆင်နေတဲ့သူတွေကိုရှေ့ဆုံးစားပွဲဝိုင်းမှာထိုင်ကာ ဘေးကပွဲမန်နေဂျာဖြစ်သူရဲ့ ရှင်းပြတာတွေကိုထိုင်ပြီးနားထောင်နေလိုက်သည်..

အစကရှေ့ဆုံးမှာထိုင်နေပြီးတောင်မမြင် ဘယ်ကနေဘယ်လိုထထွက်လာမှန်းမသိ စင်ပေါ်မှာ ကုန်းကုန်းကုန်းကုန်းနဲ့ နာမည်စာလုံးထွင်းထားတာတွေကို အရုပ်လေးတွေနဲ့ အလှဆင်နေတဲ့ Taehyung ကိုလှမ်းမြင်လိုက်တော့သည်.
Taehyung ကိုမြင်ပြန်တော့လည်းသူမှာမနေနိုင်လိုက်ကြည့်မိပြန်သည်.သူ့ရဲ့စိတ်ထဲ Taehyung ကလည်းတော်တော်လေးကိုစိုးမိုးနေတာကိုလည်းသူ့ဘာသာလည်းသိနေပြီ..

စင်ပေါ်မှာတယောက်ထဲ သူ့ဘာသာပြင်ဆင်ပြီးသဘောတွေကျကာ ပြုံးတုန်းပြုံးတုန်းနဲ့ နောက် ဆုတ်ပြီးနောက်ဆုတ်ပြီးကြည့်နေတာ အနောက်ကိုအဆုတ်လွန်ကာ အရိုန်မထိန်းနိုင်တော့ပဲ စင်ပေါ်ကနောက်ပြန်လှန်ကြတော့သည်..

Taehyung စင်ပေါ်ကနေပြုတ်ကြတာကို အခြားအလုပ်သမားတွေလည်းမြင်ကအပြေးရောက်လာကြပေမယ့်သူတို့ထပ်အရင်ရောက်နေသူက Jungkook. Taehyung ရဲ့ကိုယ်လုံးလေးကိုပွေ့ကာဖမ်းလိုက်တော့သည်..သူ့ဘာသာသူတောင်မသိလိုက်ပဲ ခုံကနေဘယ်ချိန်ထသွားလည်းတောင်မသိလိုက်ချိန်မှာပဲ သူက Taehyung ကိုပွေ့ချီပြီးနေပြီတဲ့..

" အဆင်ပြေရဲ့လား "

" ဗျာ ဟုတ်ကဲ့ "

ခုထိပွေ့ချီထားတာကိုမချပေးသေးပဲစိတ်ပူစွာ သူ့ကိုသေချာကြည့်ပြီး မေးနေတဲ့ Jungkook ကြောင့် Taehyung မှာ Jungkook ရဲ့ကြည့်ပြီးပြန်ဖြေကာ အကျီစလေးကိုကိုင်ပြီး

" CEO ကျွန်တော်ကို "

" အာ ဟုတ်သား "

ပွေ့ချီထားရာကနေအောက်ချပေးတော့ Taehyung ကခေါင်းလေးငုံ့ကာကျေးဇူးတင်စကားဆိုတော့ သူမဟုတ်တဲ့အတိုင်း အင်းအင်းလို့ပြောကာအနားကထွက်သွားတဲ့ Jungkook..

" ကျေးဇူးတင်ပါတယ် CEO "

" အင်း အင်း ဂရုစိုက်လုပ် "

" ဟုတ်ကဲ့ "


BlackroseTK93
Taekookforever 🐰🐯🐯

မကောင်းမကန်းလေးကိုသည်းခံဖတ်ပေးတဲ့ အချစ်လေးတွေအားလုံး မောင်ပြန်လာလို့လက်ထပ်ရင် Korea ကို မဂ်လာဆောင်ဖိတ်မယ်နော် 😉

zawgyi







" Taehyung "




" ဘယ်လိုလုပ် ဒီလို "

" ငါ့နားလာထိုင် "

Taehyung မှာ Jimin ဘေးနားကပ်ထိုင်လိုက်ပြီး အံ့သြစွာလှည့်ကြည့်နေမိသည်..



" မဟုတ်ပေမယ့် "


" ဘာလို့ Bus စီးတာလည်း "







" အမ် "




" ဟို ဟိုလေ Jimin "


" ခင် ခင်မယ်လေ "














"အောင်မလေး CEO "


" မပြီးသေးဘူးမဟုတ်လား "

" ဗျာ! ဟုတ်ကဲ့ "

" ပြီးအောင်လုပ် "

" ဗျာ! "


" ဟုတ်ကဲ့ "




" Taehyung "


"ဗျာ! CEO "

" ငါမင်းလို က ချင်တယ် "


" ဟီး အဲ့တာက CEO "




" အမ်!!!"




" ငါမေးတာဖြေလေ!!!"




" ဘာ!"





" ဟုတ်ကဲ့ CEO "


" ဟုတ်ကဲ့ CEO "









" ဟုတ် ဟုတ်ကဲ့ CEO "


" Taehyung "



" Taehyung "

" မင်းသွားတော့ "

တောက်တောက်


" ဝင်ခဲ့ "


" CEO နှုတ်ခမ်းမှာ "


" မရသေးဘူး CEO "




" C CEO "











" အဆင်ပြေရဲ့လား "

" ဗျာ ဟုတ်ကဲ့ "


" CEO ကျွန်တော်ကို "

" အာ ဟုတ်သား "


" ကျေးဇူးတင်ပါတယ် CEO "


" ဟုတ်ကဲ့ "


BlackroseTK93
Taekookforever 🐰🐯🐯


Continue Reading

You'll Also Like

578K 20.2K 44
မင်းကအမြဲကိုယ့်အပိုင်ဘဲကလေးငယ် ကိုယ်ချစ်သိဖြစ်စေ မချစ်သည်ဖြစ်စေ အမြဲကိုယ့်အပိုင် Jeon jungkook Daddyနှင်ထုတ်ရင်တောင်ထွက်မသွားလောက်အောင် ကလေးကချစ်ပေးမ...
6.2M 261K 63
Jungkook is a single CEO father, and Taehyung is a college student looking for work. Jungkook has children who are afraid of other people, but things...
1.2M 56.7K 38
𝐛𝐨𝐨𝐤 𝐨𝐧𝐞 一 there's a little bit of devil in his angel eyes. a stealthy criminal meets a pretty rich boy. ﹏ 𝐭𝐨𝐩!𝐤𝐨𝐨𝐤 𝐛𝐨𝐭𝐭𝐨𝐦!𝐭�...