𝗢𝗯𝘀𝗲𝘀𝘀𝗲𝗱

By PaulHanparacham

42.9K 5.7K 647

ပျော်ရွှင်ရတဲ့ နာကျင်ခြင်းတံတိုင်းလေးကို မမဟာ တဖက်စီကာရံလို့..,..။ More

အပိုင်း ၁
အပိုင်း ၂
အပိုင်း ၃
အပိုင်း ၄
အပိုင်း ၅
အပိုင်း ၇
အပိုင်း ၈
အပိုင်း ၉
အပိုင်း ၁၀
အပိုင်း ၁၁
အပိုင်း ၁၂
အပိုင်း ၁၃
အပိုင်း ၁၄
အပိုင်း ၁၅
အပိုင်း ၁၆
အပိုင်း ၁၇
အပိုင်း ၁၈
အပိုင်း ၁၉
အပိုင်း ၂၀
အပိုင်း ၂၁
အပိုင်း ၂၂
အပိုင်း ၂၃
အပိုင်း ၂၄

အပိုင်း ၆

1.4K 204 19
By PaulHanparacham

ရင်ခွင်ထဲမှာ ငိုနေခဲ့တဲ့ မမကို လီဆာပွေ့ဖက်လိုက်သည်။ ဆံနွယ်လေးတွေကို ငုံ့နမ်းမိတော့ ရူးသွပ်စေနိုင်သည့် ဒေစီရနံ့များက ဆီးကြိုလို့။ မမသည်လည်း သူ့ကို လွတ်ထွက်မသွားအောင် ဖက်တွယ်ထားသည်။

လီဆာ့ရင်ဘတ်မှာ မမမျက်ရည်တွေ ရွှဲစိုသွားသည်။ မမကတော့ ရင်ခွင်ထဲက မထွက်သေး။ အစာအိမ်ရောင်ရုံမို့ ဆရာဝန်တွေ ခဏခဏ မလာတာကိုပဲ ကျေးဇူးတင်ရမည်။

'' ဘာလို့ မမဆီကို မလာတာလဲ ''

'' လီလီ မလာလည်း မမ လာလို့ရတယ်လေ။ ဘာဖြစ်လို့ မမကရော မလာခဲ့တာလဲ ''

မမက သူ့မျက်နှာကို ငေးကြည့်ရင်း.....။

'' မမကို မောင်စိတ်ဆိုးနေတယ်လေ။ အဲ့နေ့ကလို မမကို ထပ်ပြီး ဥပက္ခာပြုမှာစိုးလို့။ မောင့်ရဲ့ အဲ့ဒီလိုပုံစံက ဘယ်လောက်တောင် နာကျင်ရတယ်ဆိုတာ မောင်မှမသိတာ ''

မမက သိတယ်။ လီဆာ စိတ်ဆိုးလို့ မမဆီကို မလာတာကို သိတယ်။ သိပေမယ့် သူမက အရင်စပြီး ဆက်သွယ်ဖို့ စိတ်ကူးမရှိဖူးဘူး။ ဒါကိုလည်း ဒီစောက်ရူးက သိသိလျက်နဲ့ မေတ္တာစေကျွန် လုပ်နေတုန်း။

'' လီလီ မှားသွားပါတယ် မမရယ်။ အစာကြမ်းတာတွေ စားမိလို့လား။ အစာအိမ်ရောင်တဲ့အထိ ဘာဖြစ်လို့ ပေကပ်နေရတာလဲ ''

'' အဲ့ဒါ မင်းကြောင့်လေ။ မင်းစိတ်နဲ့ မအိပ်နိုင် မစားနိုင်ဖြစ်ရတာ။ တရားခံက မင်းပဲ ''

အညိုရောင် ဆံနွယ်ပျော့ပျော့လေးကို မမရဲ့နားရွက်ကြားထဲညှပ်ပြီး လီဆာသက်ပြင်းချလိုက်သည်။ မမဟာဖြင့် ဒီသမုဒယနွံထဲမှာ သူ့ကို တသက်လုံး နစ်မြုပ်နေစေချင်တယ်ထင်ရဲ့။ တပတ်ပြီး တပတ် ရစ်ပတ်လွန်းသည်။

'' ဟုတ်ပါပြီ လီလီ့ကြောင့်ပါ။ နောက်ကို အချိန်မှန်စား အချိန်မှန်အိပ်နော် ''

'' ဂျိန်း ''

လီဆာဟာ ဇာတ်လိုက်မဟုတ်ခဲ့ပါ။ လီဆာဟာ ဇာတ်ပို့ မဖြစ်ခဲ့ပါ။ လီဆာဟာ ဇာတ်ရဲ့ မည်သည့်နေရာကမှ မပါဝင်ခဲ့ပါ။

'' အစ်ကို  ဘယ်လိုလုပ်ပြီး ရောက်လာတာလဲ ''

'' ဂျိန်း ဗိုက်အောင့်နေတယ်လို့ ဆောဂျွန်းကို ပြောတယ်ဆို။ အိမ်ကို သွားသေးတယ်။ ဂျိန်းကို ဆေးရုံတင်ထားတယ်ဆိုလို့ လိုက်လာတာ ''

အလိုက်တသိ ရှောင်ထွက်ဖို့ လီဆာ မတ်တပ်ရပ်လိုက်သည်။ လက်ဖဝါးကို မမဟာ ဖမ်းဆွဲထား၍ ငဲ့ကြည့်မိတော့ မမက မျက်မှောင်ကြုံ့ပြီး...။

'' ဒါက ဘယ်ကိုသွားဦးမလို့လဲ။ လူနာစောင့်ပေးပါ့မယ်လို့ မေမေ့ကို အချိုသပ်ပြီး ပြန်လွှတ်လိုက်တာလေ။ တညလုံး ဘယ်မှသဝေထိုးဖို့ မကြံစည်နဲ့ လာလီဆာ။ အခုချက်ချင်း ပြန်ထိုင် ''

မမက သူ့လက်ကို ဆုပ်ကိုင်ထားဆဲ။ သူမရဲ့ချစ်သူနဲ့ စကားပြောနေသော်လည်း လက်တွေက လီဆာ့ကို ဖမ်းထားသည်။

'' ဂျိန်းရယ် လီလီထွက်မပြေးပါဘူးကွ။ သူထွက်ပြေးရင် အစ်ကိုလိုက်ဖမ်းပေးမယ်။ လက်လေး လွှတ်ထားပါဦး။ ချွေးတွေ ထွက်နေတော့မယ် ''

'' သူ ဘယ်လောက်ဖမ်းရခက်လဲ အစ်ကိုမသိဘူး။ တလလုံးလုံး ခြေရာဖျောက်ပြီး ဂျိန်းဆီမလာဘူး​လေ။ သူ့ကို ဂျိန်းမျက်စိရှေ့မှာ ထားမှ ဖြစ််မယ် ''

နှုတ်ခမ်းလေး စူကာ မကျေနပ်ချက်တွေ ပြောနေတဲ့မမကို လီဆာတင်မက သူမရဲ့ချစ်သူပါ အသည်းယားသွားတဲ့ပုံပါပဲ။ လီဆာကတော့ အသည်းယားတာကို အပြုံးတွေနဲ့ ဖုံးကွယ်ထားပေမယ့် သူမရဲ့ချစ်သူကတော့ နှုတ်ခမ်းကို ဖြတ်ခနဲ နမ်းလိုက်တယ်။

'' အစ်ကို ''

'' sorry ကွာ  ..  ဂျိန်းက အရမ်းချစ်ဖို့ကောင်းနေလို့ ''

မမဟာ လီဆာ့ဘက်ကို မသိမသာ ခိုးကြည့်လာသည်။ သူ့မျက်နှာမှာ ဘယ်လိုအမူအရာမှ မပေါ်အောင် ပြုံးသာ ပြုံးထားမိသည်။

'' တော်တော်လေး ညနက်လာပြီ။ အစ်ကို ပြန်တော့လေ ''

'' အစ်ကိုပါ နေလိုက်တော့မယ်လေ ကလေးရဲ့ ''

'' မသင့်တော်ဘူး အစ်ကို။ ပြန်လိုက်ပါ ''

မမရဲ့လေသံက တင်းမာသွားပြီး သူမချစ်သူကို နှင်လွှတ်သည်။ လီဆာကတော့ ပွဲကြည့်ပရိတ်သတ်။ မမချစ်သူပြန်သွားပြီး မမက ကုတင်ပေါ်မှာ လှဲလျောင်းလိုက်သည်။ မမရဲ့ဘေးက ထိုင်ခုံမှာထိုင်ကာ အပ်ထိုးထားတဲ့ မမလက်လေးကို မနာကျင်အောင် လီဆာ ဆုပ်ကိုင်ထားသည်။

'' မအိပ်ဘူးလား ''

'' မမ အိပ်ပျော်အောင် အိပ်ပါ။ မမအိပ်ပျော်မှ လီလီအိပ်မယ် ''

'' ဘယ်မှာအိပ်မှာလဲ ငယ်က ''

'' ဆိုဖာမှာ အိပ်မယ်။ ကျယ်တော့ အဆင်ပြေပါတယ် ''

'' ဒီကုတင်ကလည်း နှစ်ယောက်ဆန့်ပါတယ်။ မမတို့က လူကောင်သေးသေးလေးတွေပဲဟာ။ ဒီမှာ လာအိပ် ''

မမသဘောအတိုင်း မမဘေးမှာ ဝင်လှဲလိုက်သည်။ မမက ခေါင်းအုံးမှာ မအိပ်တော့ပဲ လီဆာ့လက်မောင်းကို ခေါင်းအုံးလာသည်။

'' နောက်ကို ပြစ်မထားစမ်းနဲ့။ ဘယ်လိုဟာလေးမှန်း မသိဘူး။ မင်းကြောင့် မလိုအပ်တဲ့ ဒဏ်ရာတွေ ရကုန်ပြီ ''

အပ်ထိုးထားသော လက်ကလေးကို မြှောက်ကာ မမဟာ ရန်တွေ့သည်။ ထိုအပ်လေးကို ဖွဖွ နမ်းပေးလိုက်မှ ရှက်ပြုံးလေးပြုံး၍ လီဆာ့ရင်ဘတ်တွေကို ခိုးနမ်းတော့သည်။

မမဆေးရုံက ဆင်းပြီး လီဆာ့နားကို တအားကပ်သည်။ အမှုကိစ္စတွေပြီးတာနဲ့ လီဆာ့အခန်းထဲကို ရောက်နေခဲ့သည်။

'' မောင် မမ မင်းကိုမေးစရာရှိတယ် ''

'' အင်း ​မေး ''

အသစ်တင်သွင်းထားသော ကားတွေရဲ့အချက်အလက်ကို ကြည့်ရင်းက လီဆာဖြေလိုက်သည်။ မမဟာ မဝံ့မရဲ လီဆာ့နားကပ်ကာ ပုခုံးပေါ်မှီချလာသည်။

'' မင်း ချစ်သူရနေပြီမလား ''

'' မရသေးပါဘူး ''

'' ချယ်ယောင်းကို ဘယ်လိုမြင်လဲ ''

'' ချယ်ယောင်းက US မှာ မမ။ သူချစ်နေတဲ့ အမျိုးသမီး တွေ့နေပြီလို့ ပြောတယ် ''

'' ချယ်ယောင်းချစ်နေတဲ့သူက မင်းမဖြစ်နိုင်ဘူးလား ''

မမ ဘာကိုဆိုလိုချင်လဲ လီဆာမသိ။ မမကို လှည့်ကြည့်တော့ မမကလည်း သူ့ကိုကြည့်နေသည်။

'' မျက်လုံးထဲက မှဲ့။ ပြုံးတိုင်း ထောင့်ချိုးညီတယ်ဆိုတဲ့ အပြုံး။ လည်တိုင်က မှဲ့နက်ကလေးဟာ အသည်းယားစရာ တဲ့။ အဲ့အရာတွေက မင်းမှာပဲရှိတာ ''

တွေးတွေးဆဆဖြင့် မမက ပြောသည်။ ပွတ်တိုက်နေတဲ့ လက်ကလေးကို လီဆာ့လက်တွေကြားထဲ ဆုပ်ကိုင်ပြီး မမကိုပြောလိုက်သည်။

'' ချယ်ယောင်း သဘောကျတဲ့သူက လီလီဖြစ်တော့ရော ဘာဖြစ်လဲ မမရယ်။ လီလီ့အသက် ၂၃နှစ်ဖြစ်နေပြီလေ။ ရည်းစားထားလို့ ရပါပြီ ''

'' အို..၂၃နှစ်ဆိုတာ ငယ်သေးတယ်။ မထားရပါဘူးနော် ''

ဘာလို့ သူ့အနား ကပ်နေလဲဆိုတာ အခုမှသိတော့တယ်။ မမက သူရည်းစားရမှာ စိုးရိမ်နေခဲ့တာ။ မမက အိမ်မပြန်တော့ပဲ သူနဲ့အိပ်သည်။ လီဆာ့အိပ်ရာမှာ မမရဲ့ကိုယ်သင်းနံ့တွေကို ထားခဲ့သည်။


'' ကျွန်တော်စိတ်ထင်တာပါ ''

ပိုလိုက အရင်းမရှိ အဖျားမရှိကောင်။ အခုလည်း ပန်းပင်တွေ ဆေးဖြန်းရင်းက အဆက်အစပ်မရှိတာကို ထပြောသည်။

'' မမလေးဂျန်းနီက ဘော့စ်ကို ချစ်နေတယ်။ ညီမလေးလိုမဟုတ်ပဲ ချစ်သူလို ''

ပိုလိုက စကားနည်းတယ်လေ။ လိုအပ်တာပဲ ပြောတယ်။ အဲလိုကောင်မျိုးဆီက Attention ရတဲ့အခါ လီဆာ စိတ်ဝင်စားသွား၏။

'' ပြောပါဦး ဘယ်လိုမျိုးလဲ ''

'' ကျွန်တော်စိတ်ထင်တာနေမှာပါ ''

'' ဟ ပြောပါဆိုမှ။ စိတ်ထင်တာ လုပ်နေပြန်ပြီ။ စိတ်ထင်တာတွေကိုပဲ ပြော။ ငါသိချင်လို့ ''

ခေတ္တငြိမ်သက်သွားပြီး ပိုလိုက ဆက်ပြောသည်။

'' မမလေးဂျန်းနီက ဘာလို့ဘော့စ်ကို ရည်းစားမထားခိုင်းတာလဲ။ ဘော့စ်ကို ဘာလို့ လိုတာထက် ပိုဂရုစိုက်နေတာလဲ။ ဘာလို့ ဘော့စ်နဲ့ အမြဲလာအိပ်နေရတာလဲ ''

'' ဒါက ငါ့ကို ချစ်လို့နေမှာပေါ့။ သိတယ်မလား ကလေးတယောက်လို ချစ်တာလေ ''

'' ဘော့စ် ကျွန်တော်နဲ့အိပ်မလား ''

'' ဘာပြောလိုက်တယ် ''

'' ဘော့စ်လည်း ကျွန်တော့်ကို သားတယောက်လို ချစ်တာပဲ။ ဒါပေမယ့် ကျွန်တော်နဲ့ မအိပ်နိုင်ဘူးလေ။ မိန်းကလေးချင်း ဖြစ်ပါစေဦးတော့။ အထိအတွေ့ရှိတယ် ဘော့စ် ''

ပိုလို့စကားကို လီဆာခေါင်းငြိမ့်လိုက်သည်။ ဟုတ်တာပေါ့... အထိအတွေ့ရှိတယ်လေ။ လီဆာတောင် မမကို ထိတွေ့တိုင်း မရိုးမရွ... မဟုတ်သေးဘူး  ..  ငါဘာတွေတွေးနေတာလဲ။

'' မဟုတ်လောက်ပါဘူး ပိုလိုရာ ''

'' ဟုတ်ပါတယ် ကျွန်တော် စိတ်ထင်တာပါ ''

ပိုလိုကတော့ သူ့အလုပ်သူ အေးဆေး ဆက်လုပ်နေသည်။ လီဆာကသာ ထိုင်မရ ထမရတွေ ဖြစ်သွားခဲ့တာ။ ထိုအချိန်မှာပဲ မမက သူမအခန်းပြတင်းပေါက်ကနေ လီဆာ့ကို လက်လှမ်းပြပြီး ပြုံးနေခဲ့သည်။

မာဖလာ အညိုရောင်လေးကို လီဆာ့လည်တိုင်မှာ ပတ်ကြည့်ပြီး မမက အကဲခတ်နေသည်။ ကုတ်အရှည်ကိုလည်း ဝတ်စေပြီးနောက် ကုန်တိုက်က မှန်ရှေ့မှာ မမနဲ့လီဆာ ရပ်နေခဲ့သည်။ 

'' ချောလိုက်တာ ငါ့ကလေးလေးက။ ဒီလောက်တောင် အရွယ်ရောက်သွားပြီပဲ။ ကြီးပြင်းတာ အရမ်းမြန်လိုက်တာကွယ် ''

မမနဲ့ လီဆာက လေးနှစ်ပဲကွာတာကို မမက လူကြီးဂိုက်လေးဖမ်းပြီး စနောက်တတ်သည်။ လီဆာချစ်မိရခြင်းတွေထဲက အပြုအမူလေးတခုပေါ့။

'' မမ ဒီကပြန်ရင် မြစ်ဘေးကို သွားရအောင် ''

'' အင်း ''

မြစ်ဘေးမှာ နှစ်ယောက်သား ထိုင်ပြီး မြစ်ရေတွေကို အကြောင်းမဲ့ ငေးကြည့်နေသည်။

'' တခုခုပြောစရာရှိတယ်မလား ''

'' ရေခဲမုန့် ကျွေးချင်လို့ပါ။ ဟိုမှာ ကားနဲ့ ရောင်းနေတဲ့ ရေခဲမုန့်ကို မြင်လား။ အရမ်းစားကောင်းတယ် ''

ရည်းစားစကား မပြောရဲလို့ ပါးစပ်ထဲရှိရာ လျှောက်ပြောလိုက်သည်။ မမဟာ သွားဖုံးရဲရဲလေး ပေါ်အောင် ခွက်ထိုးခွက်လန်ရယ်သည်။

'' ဘာများလဲလို့ ကလေးရယ်။ ရေခဲမုန့်ကို မြစ်ဘေးမှာ စားချင်တာလား။ မမ သွားဝယ်လိုက်မယ်။ ဒီကပဲ စောင့်နေ ''

ပြေးထွက်သွားတဲ့ မမလေးကို လီဆာ ချစ်ရပြန်သည်။ ချစ်တယ်လို့ပြောဖို့ ဘယ်အရာတွေက တားဆီးနေသလဲ။

ပိုလိုပြောတဲ့နေ့ကစပြီး မမအပြုအမူတွေကို လီဆာအကဲခတ်တော့သည်။ မမက သူမရဲ့ချစ်သူနဲ့ အရင်လို မတွေ့တော့ဘူး။ မမဟာ သူ့ကို တအား ကြင်နာလာသည်။ ပိုပြီးလည်း ဂရုစိုက်လာသည်။

ဒီကိစ္စတွေရဲ့ အစ..

'' ဗတ်စ်ဂါ မလာစဖူးပါလား ''

'' စျေးအကြီးဆုံးနဲ့ နောက်ဆုံး ဒီဇိုင်းကို ပြပေး။ အခုကို ငွေသားနဲ့ ငွေချေမယ် ''

ကားတွေကို ပတ်ကြည့်ပြီး ဗတ်စ်ဂါက ထိုသို့ကြွားသည်။ ဗတ်စ်ဂါနဲ့ မတွေ့ဖြစ်တာလည်း အတော်ကို ကြာခဲ့ပြီ။ ကြာပြီဆိုရင် တက္ကသိုလ် စတတ်ကတည်းကပဲ ဆိုပါတော့။

'' ငါ့ချစ်သူနဲ့ သားလေးအတွက် ''

'' နင့်ချစ်သူမှာ ကလေးပါလာတာလား ''

'' မဟုတ်ပါဘူး ငါနဲ့ရတဲ့ ကလေးပါ။ သုံးလရှိပြီပြောတယ်။ ငါတကယ်ပျော်နေတာ လီဆာရာ ''

'' လက်ထပ်တော့မယ်ပေါ့ ဗတ်စ်ဂါအန်ရို ''

'' လက်မထပ်ဘူး အတူနေချစ်သူပဲလေ ''

'' ဘယ်လို ''

'' သြော် လီဆာရယ်။ ချစ်သူချင်း အတူနေလို့ ကိုယ်ဝန်ရှိတာကို။ လက်မထပ်လည်း ဒီလိုပဲ အတူတူပျိုးထောင်လို့ ရပါတယ် ''

လီဆာ ဘယ်တုန်းကမှ မတွေးဖူးသော အတွေးတွေ ဝုန်းဒိုင်းကြဲသွားသည်။ ချစ်သူတွေဟာ အတူတူ နေသတဲ့ဒါဆို ဟိုသူတောင်းစားက မမကို ထိတွေ့ပြီးပြီလား။

'' လူတိုင်း မဟုတ်ဘူး ဗတ်စ်ဂါ ''

'' နင့်အစ်မကို မေးကြည့်ပေါ့ဟာ။ လုပ်ဦး ငါ့ကို ကူရွေးပေးပါဦး ''

မတတ်သာလို့ အလုပ်လုပ်နေပေမယ့် အာရုံတွေ ထွေပြားနေသည်။ အလုပ်ကို အမြန် လက်စသတ်ပြီး အိမ်ကိုပြန်သည်။

မမတို့အိမ်မှာ လီဆာမသိတဲ့ ကားအမျိုးအစား သုံးစီးရှိသည်။ တစီးက မမချစ်သူ့ကား။ မမတို့ အိမ်ဘက်ကို စပ်စုချင်စိတ်နဲ့ လီဆာ သွားလိုက်သည်။

'' ဒါဆိုလည်း နောက်လ ၁၉ရက်နေ့ လုပ်လိုက်ကြတာပေါ့။ ဖြစ်တယ်မလား သမီးလေး ''

'' ဟုတ်ကဲ့ ရပါတယ် ''

လီဆာ အိမ်ပေါက်ဝမှာတင် ရပ်နေသည်။ ဘာတွေလဲသိဖို့ ကြည့်နေတုန်း မေမေက လှမ်းခေါ်သည်။

'' လီလီလေး လာလေ။ ဘာရပ်လုပ်နေတာလဲ။ လာ မေမေ့အနားမှာထိုင် ''

မေမေ့အနားမှာ လီဆာကပ်ထိုင်လိုက်ပြီး လူတွေကို အကဲခတ်နေလိုက်သည်။ မေမေဟာ ပြုံးရွှင်စွာဖြင့် လီဆာ့ကိုမိတ်ဆက်ပေးသည်။

'' ကျွန်မတို့ သမီးအငယ်လေးပါ။ သွေးမတော်ပေမယ့် သူတို့နှစ်ယောက်က အရမ်းချစ်ကြတာ။ ဒီလိုလေ လီလီလေးရဲ့။ လီငယ်လေးရဲ့မမကို ဒီအစ်ကိုကြီးက လူကြီးစုံရာနဲ့ မိသားဖသားပီပီ လက်ထပ်ဖို့ လာကမ်းလှမ်းတာ ''

'' ဟင်  ... အဲတော့ ဘာဖြစ်သွားပြီလဲ ''

'' နောက်လ ၁၉ရက်နေ့က ရက်ရာဇာလေ။ မဟုတ်ရင် ၂၃ရက်နေ့အထိ စောင့်ရမယ်။ လီငယ့်မမက ၁၉ရက်နေ့ အဆင်ပြေတယ်တဲ့ ''

ရုတ်တရက် ဗြုန်းစားကြီး မမဟာ လက်ထပ်တော့မယ်တဲ့။ လီဆာ့မှာ ပြင်ဆင်ချိန်တောင် မရလိုက်ခဲ့။

4 _ 4 _ 2024

Continue Reading

You'll Also Like

28.6K 1.7K 41
(အတိတ်မှာပဲ ဝဲရစ်ပျံသန်းနေတဲ့ငှက်ကလေးတွေရှိကြပါသလား)
25.9K 1.8K 20
တို့နှစ်ယောက်ရဲ့အခြေအနေကိုပြောင်းလဲဖို့ စကားလေးတစ်ခွန်းပဲလိုအပ်ခဲ့တာပါ။
12.5K 535 10
soo:ငါ့မောင်ကိုထိဖို့လုပ်ရင်ငါနဲ့တွေ့မယ်နော်jennie Kim Jen:စမ်းကြည့်လေ jisoo manoban ဖတ်ပေး‌အုံးနော်🥺
1.1M 36.3K 63
𝐒𝐓𝐀𝐑𝐆𝐈𝐑𝐋 ──── ❝i just wanna see you shine, 'cause i know you are a stargirl!❞ 𝐈𝐍 𝐖𝐇𝐈𝐂𝐇 jude bellingham finally manages to shoot...