အရင်တစ်ကြိမ် ဝိန်းရိဖန်တစ်ယောက် ဦးနှောက်တစ်ခဏတာပြတ်လပ်သွားပြီး စန်းရန်အား 'ခေါင်းကြီးသင်္ကေတ' ဟု ယောင်မှား၍ခေါ်ဆိုမိလိုက်သည့်အချိန်တုန်းက ဤစကားလုံးဟာ သူ့အတွက် စိတ်အခန့်မသင့်သလို ဖြစ်ကောင်းဖြစ်သွားလိမ့်မည်ဟုထင်ခဲ့မိဖူးသည်။ မည်သို့ပင်ဖြစ်စေ ထိုစကားလုံးက ကောင်းနိုးရာရာခေါ်ဝေါ်သည့်အဓိပ္ပါယ်လည်းမဟုတ်။ သို့သော်ငြား သူမအား အံ့အားသင့်သွားစေသည်မှာတော့ စန်းရန်က ထိုသို့အခေါ်ခံရခြင်းကို သဘောကျနေခြင်းပါပေ။
သူမအရှေ့သို့ရောက်လာသည့်အချိန်တိုင်း ထိုစကားလုံးနှင့်အံ့ဝင်ခွင်ကျဖြစ်အောင် အလျင်အမြန်ပြေးဝင်သွားသလိုလို။
စကားပြောနေရင်းနှင့် စန်းရန်သည် သူမ၏လက်ချောင်းများကိုပါ တစ်ပါတည်းကိုင်ပြီး အောက်သို့ဆွဲခေါ်လာခဲ့လာကာ စကားသံတို့က အနည်းငယ်သြရှရှနိုင်လျက်သား။
"ကိုယ့်ကို လိုချင်နေတာ ကြာလှပြီမဟုတ်ဘူးလား ၊ အရင်ကတည်းက နည်းမျိုးစုံသုံးပြီး ကိုယ့်ကို အသားယူနေခဲ့တာလေ"
"...."
"အခု လုပ်ပိုင်ခွင့်ရှိနေတဲ့အချိန်ကျမှ....."
စန်းရန်က သူမ၏နှုတ်ခမ်းကို နောက်တစ်ကြိမ်နမ်းရှိုက်လာခဲ့ကာ စကားသံတို့က မရှင်းမလင်းနှင့်ဝေဝေဝါးဝါးဖြစ်လာခဲ့သည်။
"ဘာဖြစ်လို့ ဆန္ဒတွေကိုထိန်းနေတာလဲ"
သူ့စကားအား နားဝင်သွားခြင်းရှိမရှိလည်း မသိပါတော့ပေ။
ဝိန်းရိဖန်က သူ့လည်တိုင်အား သိုင်းဖက်ထားသည့်အင်အားကိုပြန်တင်းလိုက်ပြီး နှုတ်ခမ်းကိုဖွင့် ၊ တစ်ခုခုပြောတော့မည့်အခိုက်။
နောက်တစ်စက္ကန့်တွင် သူ့နှုတ်ခမ်းပါးနှင့်လျှာဖျားတို့ဟာ နောက်ထပ်တစ်ကြိမ်တိုးဝင်လာခဲ့သည်။ ဤတစ်ကြိမ်တွင်မူ သိသိသာသာ ညင်သာသွားခဲ့သည့်အနမ်းများက တစ်ချက်ပြီးတစ်ချက်နမ်းရှိုက်နေသည်မှာ စနောက်နေခြင်းနှင့်လည်းတူသလို သူမအား ချော့မြှူဆွဲဆောင်နေခြင်းနှင့်လည်း တူပါသေးသည်။
တဖြည်းဖြည်းနှင့်အောက်သို့ဆင်းလာခဲ့သည်မှာလည်း မေးဖျားများတစ်ဝိုက် ၊ ထိုမှတဆင့် လည်တိုင်တစ်လျှောက်ဆင်းလာခဲ့ပြီး ညှပ်ရိုးနေရာအရောက်တွင်တော့ ကြည်လင်ပြီးနှစ်လိုဖွယ်ကောင်းသည့် နှင်းဆီနီရောင်အမှတ်အသားရာများဖြင့် တစ်ခဏအဆုံးသတ်လိုက်၏။
ဝိန်းရိဖန်၏အတွေးများဟာ ဦးတည်ရာမဲ့လွင့်မျောလာရပြီး ခေါင်းမော့ထားရင်းက မည်သည့်အရာကိုမှ မတွေးတောနိုင်ပါတော့ချေ။ အရှေ့တွင်မြင်နေရသည့် အမျိုးသားနှင့် နီးစပ်သွားချင်ရုံကလွဲ ၊ သူ့ဦးဆောင်ရာသို့ လိုက်သွားချင်သည့်စိတ်ကလွဲ ၊ မလုံမခြုံဖြစ်နေသည့်စိတ်များကို အမြန်ဆုံးဖျောက်ဖျက်ပစ်ချင်သည်ကလွဲ အခြားဘာမှမစဥ်းစားနိုင်တော့၏။
စန်းရန်က မျက်လုံးပင့်ပြီး သူမအား လှမ်းကြည့်လာခဲ့ပြန်သည်။ ထို့နောက်တွင် ဝိန်းရိဖန် ခံစားလိုက်ရသည်မှာ သူ ဆွဲယူခေါ်ဆောင်သွားသည့် သူမ၏လက်တစ်ဖက်ဟာ တစ်နေရာ၌ရပ်သွားခဲ့ခြင်းပေ။ မည်းနက်နေသည့်မျက်ဝန်းများအပြင် နှုတ်ခမ်းပါးတို့ကပါ ရေးရေးလေးကွေးတက်၍ပြုံးနေပြီး သူ့အသံစတို့ထဲက ရမက်ဆန္ဒများဟာလည်း လုံးဝဖုံးကွယ်ထားခြင်းမရှိ။
"ကိုယ့်ရဲ့ဘယ်နားလေးကိုထိချင်လဲ"
"...."
ရွေ့လျားလှုပ်ရှားနေမှုမှာ အောက်သို့ထပ်၍ဆင်းလာပြီး ;
"ဒီနားလား"
ဝိန်းရိဖန် သူ့မျက်ခုံးများကိုစိုက်ကြည့်နေမိပြီး သူမ၏အမူအရာမှာတော့ ရှင်းလင်းနေသည်ဟုလည်းထင်ရသလို ရှုပ်ထွေး၍လည်းနေပါသေးသည်။ သူမ၏ပုံစံဟာ လက်ရှိအခြေအနေပေါ် လုံးဝအာရုံရောက်နေပုံမရဘဲ စိတ်တည်ငြိမ်ရာရမည့်တစ်ခုခုကို ရှာဖွေနေသည့်ပုံမျိုးပင်။
"အားလုံးရတယ်"
စန်းရန်၏လှုပ်ရှားမှုများ မသိမသာနှေးသွားခဲ့၏။
ဝိန်းရိဖန်သည် သူ့လည်စလုတ်အား တစ်ချက်နမ်းရှိုက်လိုက်ပြီး ကိုယ့်ကိုကိုယ်လည်း အလုံးစုံပေးအပ်လိုက်ဖို့ကြိုးစားရင်း ;
"အားလုံးအဆင်ပြေတယ်"
"...."
စန်းရန်က ဝိန်းရိဖန်၏အမူအရာအား အသေအချာလှမ်းကြည့်လာခဲ့သည်။ နောက်ဆုံးတွင်တော့ သူမထံမှ ပုံမှန်မဟုတ်သည့်အငွေ့အသက်မျိုးကို ခံစားမိလိုက်သဖြင့် သူ့မျက်ဝန်းများထဲမှ ဆန္ဒများမငြိမ်းသက်သေးပါသည့်တိုင် မည်သည့်လှုပ်ရှားမှုကိုမှ မလုပ်တော့ဘဲ လုံးလုံးလျားလျားရပ်တန့်ပစ်လိုက်တော့သည်။
ဝိန်းရိဖန်၏နှုတ်ခမ်းတို့သည်တော့ သူ့လည်တိုင်တစ်လျှောက်ထိတွေ့နေဆဲ။
မည်သည့်အပိုလှုပ်ရှားမှုမှမလုပ်လာခင် စန်းရန်က လက်ကိုမြှောက်လာပြီး ဝိန်းရိဖန်၏ခေါင်းကို ထိန်းထားလိုက်၏။ နောက်တွင် သူမ၏မျက်နှာကိုဆွဲမော့ပြီး အကြည့်ချင်းဆုံစေလိုက်သည်။
ဝိန်းရိဖန် သူ့အား ရီဝေဝေစိုက်ကြည့်၍ ;
"ဘာဖြစ်လို့လဲ"
"ဝိန်းရွှမ်းကျန့် ၊ ဘာဖြစ်နေတာလဲ"
စန်းရန်၏မျက်ဝန်းထဲရှိ ဆန္ဒများဟာ တစ်စက်လေးမှပျောက်ကွယ်ထားခြင်းမရှိ ၊ သူမ၏နှုတ်ခမ်းထောင့်ကိုအသာအယာပွတ်သပ်ပေးရင်း ညင်သာလွန်းသည့်အသံစတို့ဖြင့် ;
"ကိုယ့်ကို သေသေချာချာပြောပြ"
ဝိန်းရိဖန်က ပြန်မဖြေဘဲနှင့် ;
"ဆက်မသွားတော့ဘူးလား"
"ဒီကိစ္စလား ၊ ကိုယ် ခံစားနေမိတာတော့ မင်း ဒီကိစ္စအပေါ်မှာ အာရုံလုံးဝရှိမနေဘူးနော်"
စန်းရန်က ဝိန်းရိဖန်၏အမူအရာကို အကဲခတ်ပြီးနောက် သက်ပြင်းတစ်ချက်ချလိုက်ကာ စတင်မေးမြန်းတော့၏။
"ဘာဖြစ်လို့ အခန်းထဲကနေ ပြန်ထွက်လာတာလဲ"
ဝိန်းရိဖန်၏တွေးတောဆင်ခြင်နိုင်စွမ်းများက ယခုအခါတွင်မှ ပြန်လည်အသက်ဝင်လာပြီး အသက်ရှူနှုန်းများကလည်း ပို၍ပြင်းပြလာခဲ့သည်။
"အိပ်မပျော်လို့"
စန်းရန် ;
"ခုဏက ဟိုလူရဲ့ကိစ္စကြောင့်လား"
ဝိန်းရိဖန် အသံမထွက်ဘဲငြိမ်နေသည်မှာ ဝန်ခံနေသည့်နှယ်။
"...."
စန်းရန်က လက်ကိုဆန့်ထုတ်လာပြီး ဝိန်းရိဖန်၏ပါးကို အားပါပါဖြင့်ဆွဲညှစ်ပစ်လိုက်၏။
"မင်းကို ပြောပြပြီးပြီလေ ၊ ကြီးကြီးမားမားကိစ္စမဟုတ်ပါဘူးလို့ ၊၊မင်းသာ ပြန်ပြီးအစမဖော်လာရင် လောင်ဇစ်က မေ့တောင်မေ့နေလောက်ပြီ"
ဤစကားကြားသည့်အခါ ဝိန်းရိဖန်က သူ့အားထပ်၍ လှမ်းကြည့်လိုက်၏။
စန်းရန် ;
"အခြားဘာကိစ္စတွေရှိနေသေးလဲ"
ဝိန်းရိဖန် ခေါင်းရမ်းပြ၏။
"ဝိန်းရွှမ်းကျန့် ၊ မင်း အခုတလော အိပ်နေရင်းလမ်းထလျှောက်တဲ့အကြိမ်ရေက....."
မြိုသိပ်မထားနိုင်တော့ပုံရသည့် စန်းရန်က မျက်မှောင်ကျုံ့ထားပြီး မနှေးမမြန်ဖြင့် ;
"အရမ်းစိတ်လာတယ်"
ဝိန်းရိဖန် မျက်လွှာချထားရင်းဖြင့် ပြန်ဖြေလိုက်သည်။
"အိပ်ချိန် အရမ်းနည်းလို့နေမှာ"
"တကယ်ပဲ ပင်ပန်းနေတယ်ဆိုရင် သုံးလေးရက်လောက်ခွင့်ယူလိုက်လေ ၊ အဆင်ပြေတယ်မလား"
"....အင်း"
"ကိုယ် သိပ်မကြာခင် 'ယီဟယ်'ကိုသွားဖို့ရှိတယ် ၊ ကိုယ့်ညီမက နွေရာသီပိတ်ရက်ကိုပြန်မလာဘဲ အဲ့ဒီမှာနေမယ်ဆိုလို့ ကိုယ့်မိဘတွေက စိတ်မချဖြစ်ပြီး ကိုယ့်ကို လိုက်သွားကြည့်ခိုင်းနေလို့"
စန်းရန်က ခေါင်းငုံ့လာကာ ဝိန်းရိဖန်၏နားရွက်အား လှမ်းကိုက်လိုက်၏။
"မင်းက ဒီလိုဖြစ်နေရင် ကိုယ် ဘယ်လိုစိတ်နဲ့သွားနိုင်မှာလဲ"
"ငါ တကယ်ကို ဘာမှမဖြစ်ဘူး"
ဝိန်းရိဖန်က ယားကျိကျိခံစားလာသဖြင့် ခေါင်းငုံ့ပြီးရှောင်လိုက်၏။
"ဘယ်အချိန်သွားမှာလဲ"
"၇လပိုင်း လကုန်လောက်"
"ဘယ်လောက်ကြာမှာလဲ"
"တစ်ပတ်"
စန်းရန်က စိုက်ကြည့်နေဆဲဖြစ်၍ ;
"ဘာမှတော့အရေးမကြီးပါဘူး ဒီအတိုင်းပြောပြထားတာ"
"ကျစ်ကျစ်ကို သွားကြည့်တာကောင်းပါတယ် ၊ ကောင်မလေးတစ်ယောက်တည်း အဲ့မှာနေနေရတာ ဘယ်လိုလုပ်ပြီးစိတ်ချထားလို့ရပါ့မလဲ ၊ နင်လည်း ညီမလေးနဲ့ခဏခဏရန်ဖြစ်မနေနဲ့"
အချိန်ကြာသွားခြင်းကြောင့်လားမသိ ၊ ဝိန်းရိဖန်က ပုံမှန်အမူအရာတိုင်းပြန်ဖြစ်လာခဲ့၏။
"ဒါဆို အဲ့နားနီးရင် ငါ နင့်အတွက် ဟိုတယ်ကူရှာပေးထားမယ်လေ ၊ ငါက ယီဟယ်မြို့ကို ပိုရင်းနှီးတယ်မလား"
စန်းရန်၏အမူအရာမှာ မသဲမကွဲ ၊ တစ်ခဏကြာသွားပြီးမှသာ အသံပြုလာခဲ့၏။
"အင်း"
--------
ထိုဖုန်းခေါ်ဆိုမှုတစ်ခုက အသုံးဝင်သွားခဲ့ခြင်းလား သို့မဟုတ် စိတ်ထင်နေခြင်းသက်သက်လားမသိ ၊ ချယ်ရှင့်ဒယ်အား ထပ်၍မတွေ့မိတော့သလို အခြားလုပ်ဖော်ကိုင်ဖက်များထံမှလည်း ထိုလူအကြောင်း မကြားမိ။ Wechat ထဲတွင်လည်း ကျောက်ယွမ့်တုံက ဘကြီးတို့မိသားစုနှင့်ပတ်သတ်ပြီး ပြောပြလာခြင်းမျိုးမရှိတော့၏။
ထိုလူတစ်စုပျောက်သွားနှင့် ဝိန်းရိဖန်၏စိတ်အခြေအနေလည်း ပုံမှန်အတိုင်းပြန်ဖြစ်လာခဲ့သည်။
နောက်တွင် ဝိန်းရိဖန်က Wechat မှတဆင့် ကားအရောင်းဌာနရှိ အတိုင်ပင်ခံတာဝန်ရှိသူထံသို့ ဆက်သွယ်၍မေးမြန်းဖြစ်ခဲ့သေးသည်။ ဝယ်မည့်ကားကိုရွေးအပြီး ငွေပေးချေရန်အစီအစဥ်များပင် ဆွဲပြီးသည့်အချိန်တွင်မှ ကျုံးစစ်ချောင်က အမျိုးသားနေ့ ရောက်တော့မည့်အတွက် ထိုအခါတွင် ပို၍စျေးသက်သက်သာသာဝယ်နိုင်မည့်အကြောင်း အကြံထပ်ပေးလာခဲ့သည်။
ဝိန်းရိဖန်က ကျိုးသင့်ကြောင်းသင့်ရှိလှသောအကြံဥာဏ်ကိုလက်ခံလိုက်ကာ ကားဝယ်ဖို့ရာအစီအစဥ်အား လပိုင်းခန့် ဆိုင်းငံ့ထားလိုက်၏။
စန်းရန်က ဤကိစ္စနှင့်ပတ်သတ်ပြီး များများစားစားဝင်ပြောလေ့မရှိသလို နေ့တိုင်းလာကြိုပေးနေရခြင်းကြောင့်လည်း စိတ်မရှည်သလိုမလုပ်ပါပေ။ သူမ၏အလုပ်အတွက် ကားလိုအပ်လာလျှင် သူ့ကားကိုယူသုံး၍ရကြောင်းပင် ပြောလာသေး၏။
နွေရာသီအလယ်ပိုင်းသို့ ရောက်လာသည့်အတွက် နန်းဝူမြို့၏အပူချိန်က ဆက်တိုက်မြင့်တက်လာခဲ့ကာ ကြည့်ရသည်မှာ ၇လပိုင်းကုန်ခါနီးတွင် အမြင့်ဆုံးအပူချိန်အမှတ်ထိရောက်တော့မည့်ပုံပင်။ နေရောင်ပြင်းပြင်း ၊ ကတ္တရာလမ်းမကြီးပေါ်၌ ထောင်းထောင်းထနေသည့်အပူရှိန်များတို့ကြောင့် နေ့စဥ်ရက်ဆက် ခြောက်သွေ့လာရတော့သည်။
ဝိန်းရိဖန် ဖုန်းလိုင်းမှတဆင့် သတင်းရလာသည်မှာ စားသောက်ဆိုင်ခွဲတစ်ခုသည် သန့်ရှင်းရေးစနစ်နှင့်မကိုက်ညီခြင်းကြောင့် လာရောက်စားသောက်သည့်ဧည့်သည်အများစု ဝမ်းပျက်ဝမ်းလျော ၊ အော့အန်ခြင်းများ ဖြစ်ကြသည့်သတင်းမှာ တော်တော်လေး အုတ်အောင်သောင်းနင်းဖြစ်သွားပြီး လက်ရှိအချိန်တွင် ဆေးဝါးနှင့်အစားအသောက်ကြီးကြပ်ကွပ်ကဲရေးဌာနမှ ကိုင်တွယ်ဖြေရှင်းပေးနေကြောင်းပေ။
သတင်းအချက်အလက်ရပြီးသည်နှင့် ဝိန်းရိဖန်က အင်တာဗျူးရန်အတွက် ဖုကျွမ့်နှင့်အတူ ဌာနထဲမှထွက်လာခဲ့သည်။
အဆောက်အဦးကြီးထဲမှထွက်လာလာချင်းတွင် ဖုကျွမ့်က ခေါင်းကုတ်ရင်း တစ်ခုခုကိုအမှတ်ရသွားသည့်ဟန်ဖြင့် ;
"ကျွန်တော် ဖုန်းမယူလာမိလို့ ၊ အစ်မ ဒီနားမှာနှစ်မိနစ်လောက်စောင့်ပေး ၊ ကျွန်တော် အမြန်ပြေးယူလိုက်မယ်"
"...."
ဝိန်းရိဖန်လည်း ပစ္စည်းကိရိယာများကိုသယ်ထားရင်း ;
"မြန်မြန်လေး"
"ဟုတ်!"
ဖုကျွမ့်ကအော်ပြောရင်း ပြေးသွားခဲ့၏။
"မကြာစေရဘူး!"
ဝိန်းရိဖန်က ဖုန်းကိုင်ထားရင်း နေရာ၌တစ်ခဏကြာကြာရပ်နေသေးသည်။ သို့သော်ငြား သယ်ထားရသည့်ပစ္စည်းများမှာ လေးသည့်အတွက် တစ်ချက်တွေးကြည့်ရင်း ဖုကျွမ့်ထံ မက်ဆေ့ပို့လိုက်သည်။
[ အစ်မ ကားထဲမှာစောင့်နေမယ် ]
ထို့နောက် ကားပါကင်ဆီသို့ လျှောက်လာလိုက်သည်။
ဌာနပိုင်အင်တာဗျူးကားရပ်ထားသည့်နေရာကို ရှာတွေ့ပြီးနောက် ထိုနေရာသို့လျှောက်သွားမည့်အချိန်တွင် ကျောပေါ်တွင်လွယ်ထားသည့်အိတ်မှာ အနောက်ဘက်မှရုတ်တရက်ဆောင့်ဆွဲခံလိုက်ရတော့သည်။ မပြင်မဆင်ထားမိသည့်အတွက် ဆွဲခေါ်သည့်နောက်သို့ သုံးလေးလှမ်းယိုင်ကျသွားခဲ့ကာ စူးစူးရဲရဲပြန်စိုက်ကြည့်လိုက်လျှင် မှုန်ဝေဝေမျက်နှာထားနှင့် ချယ်ရှင့်ဒယ်အား ထပ်၍တွေ့လိုက်ရတော့သည်။
"နောက်ဆုံးတော့ မင်းနဲ့ ထိပ်တိုက်ဆုံရပြီပဲ"
ချယ်ရှင့်ဒယ်က ပြီတီတီပြုံးနေရင်း သူမ ရုန်းကန်ပစ်လိုက်ခြင်းကြောင့် သူ ဆွဲကိုင်ထားသည့်အားလည်း လျော့သွားခဲ့၏။
"မင်းက တကယ်ကိုတတ်နိုင်တာပဲ ၊ ငါ တစ်နေ့ကိုတစ်ခေါက် နေ့တိုင်းလာတယ် ၊ တစ်ခါမှ မင်းကိုမမြင်မိဘူး ၊ ဦးလေးကို ဒီလောက်ထိရှောင်နေစရာမလိုပါဘူးလေ....ဟုတ်တယ်မလား"
ဝိန်းရိဖန် ခေါင်းမော့ပြီး စောင့်ကြည့်ကင်မရာအား တစ်ချက်လှမ်းကြည့်လိုက်၏။
"ကျွန်အ အရင်ကပြောခဲ့တာတွေက မရှင်းသေးလို့လား"
"မင်းပြောခဲ့တဲ့စကားတွေလား"
ချယ်ရှင့်ဒယ်က ဤတစ်ကြိမ်တွင် သူမနှင့်အပိုစကားမျိုးဆိုချင်ပုံမရဘဲ ရည်ရွယ်ချက်အား ရှင်းရှင်းလင်းလင်းထုတ်ပြောလာခဲ့၏။
"ဖြစ်တယ်လေ ၊ ဒါဆို ငါလည်း ရှင်းရှင်းပဲပြောမယ် ၊ ငါတို့နဲ့ ဝေးဝေးနေချင်တာမလား ၊ မရတာမဟုတ်ဘူး ရတယ် ၊ မင်း အရင်ဆုံး ငါ့ကို ယွမ်တစ်သောင်းပေး"
"...."
"အရင်တစ်ခေါက်တုန်းက မင်းယောက်ျား ငါ့ဆီကနေ ခြိမ်းခြောက်ပြီးယူသွားတဲ့ငွေကို ပြန်ပေး ၊ မဟုတ်ရင်တော့ ငါတို့နှစ်ယောက်လုံး ဘယ်သူမှကောင်းကောင်းနေလို့မရစေရဘူး"
မကြားလိုက်သည့်အလား ဝိန်းရိဖန်က ထိုလူအားအရေးမစိုက်ဘဲ လှည့်ထွက်လာခဲ့လိုက်၏။
အချိန်တိုင်းလိုလို မမြင်ရသည့်လေထုသဖွယ် ဆက်ဆံခံနေရခြင်းကြောင့် ချယ်ရှင့်ဒယ်က ပို၍ဒေါသထွက်လာကာ လုံးဝစိတ်မရှည်တော့ပေ။ သူ့အမူအရာက ပို၍ခက်ထန်လာပြီး ဝိန်းရိဖန် လွယ်ထားသည့်ဘေးအိတ်အား ရုတ်ချည်းဆောင့်ဆွဲလိုက်တော့၏။
"မင်းမေ!....ငါက မင်းကိုမျက်နှာသာပေးနေပေမယ့် မင်းရဲ့ဟိုသောက်ရူးလိုယောက်ျားက ငါ့ကို မျက်နှာသာမပေးဘူး! အခု မင်းကပါ ငါ့ကို မျက်နှာသာမပေးဘဲနေရဲတယ်ပေါ့!"
ဝိန်းရိဖန်၏အိတ်မှာ ဆွဲလိုက်သည့်အရှိန်ကြောင့်ပြဲထွက်ပြီး ထိုလူ၏လက်ထဲရောက်သွားခဲ့၏။
ထို့နောက် ချယ်ရှင့်ဒယ်က သူမအား နောက်တစ်ကြိမ် ခပ်ပြင်းပြင်းဆောင့်တွန်းပစ်ကာ မကျေနပ်ချက်များကို ထုတ်ဖော်လာတော့သည်။
"မင်းမေငါ-ိုး! အပျက်မ! ပိုက်ဆံရှိတဲ့ကောင်ပေါ်တက်နိုင်တာနဲ့ပဲ လာမောက်မာပြနေတာပေါ့ ဟုတ်လား!"
ဝိန်းရိဖန်၏ခြေလှမ်းများက အထိန်းအချုပ်မဲ့နောက်ဆုတ်သွားခဲ့ရ၏။ အနောက်ဘက်တွင် အလှဆင်ထားသည့်ခြုံနွယ်ပန်းပင်များစွာရှိကာ ထိုထဲသို့လှဲသွားသည့်အခိုက် ကိုင်းခက်ဆူးချွန်များက သူမ၏ပေါင်ပေါ်သို့ ထိုးစိုက်လာတော့၏။ နာကျင်မှုကြောင့် ညည်းလိုက်မိသလို ခန္ဓာကိုယ်ဟန်ချက်ကိုထိန်းပြီး ငုံ့ကြည့်လိုက်၏။
သူမ၏ပေါင်ပေါ်၌ သွေးများထွက်နှင့်နေပြီပင်။
ချယ်ရှင့်ဒယ် အရှေ့သို့ထပ်လှမ်းလာမည်အပြုတွင်။
ဖုန်းသွားယူသည့် ဖုကျွမ့်က ပြန်ရောက်လာလေပြီး အခြေအနေကိုလှမ်းမြင်လိုက်ရခြင်းကြောင့် ဒေါသတကြီးဖြင့် ပြေးဝင်လာတော့၏။
"ဝေ့! ဘာလုပ်နေတာလဲ ခင်ဗျား!"
အခြားသူက ရောက်လာခြင်းကြောင့် ချယ်ရှင့်ဒယ်၏တွေးတောနိုင်စွမ်းလည်း ပြန်ကပ်သွားခဲ့ပုံရသည်။ သူက စုတ်တစ်ချက်သပ်ကာ ဝိန်းရိဖန်က ခြိမ်းခြောက်သလိုတစ်ချက်စိုက်ကြည့်လာပြီး သူမ၏အိတ်ကိုယူ၍ ထွက်သွားရန်ပြင်လိုက်သည်။
ဖုကျွမ့်က တစ်ဖက်ကလည်း ရဲကိုအကြောင်းကြားရန်ပြင်နေပြီး တစ်ဖက်ကလည်း ထိုလူ၏လက်ကိုဆွဲဖမ်းထား၏။ ထို့အပြင် မနေနိုင်အောင်လည်း ရိုင်းစိုင်းလိုက်သေး၏။
"ငါ-ူး လုယက်နေတဲ့အပြင် လူကိုပါထိရဲသေးတယ်လား ၊ အချုပ်ထဲပို့ပြမှာကို စောင့်နေစမ်း! သောက်ရူး!"
ချယ်ရှင့်ဒယ် ;
"မင်းပဲ အချုပ်ထဲသွား! ငါ့တူမပစ္စည်း ငါ ယူတာကို လုတယ်လို့မခေါ်ဘူး!"
"ဖုကျွမ့် ၊ ရဲတွေဖြေရှင်းလိမ့်မယ်"
ဝိန်းရိဖန်က ခပ်မတ်မတ်ပြန်ရပ်လိုက်၍ ;
"သက်သေအထောက်အထားရှိနေတာမလို့ သူ ပြေးသွားလည်းဘာမှမဖြစ်ဘူး"
"...."
ချယ်ရှင့်ဒယ်မှာ တုံ့ခနဲဖြစ်သွားရင်း ဘေးနားရှိစောင့်ကြည့်ကင်မရာကိုလည်း သတိထားမိသွားခဲ့၏။
"ငါ အပြင်လူတစ်ယောက်ရဲ့ပစ္စည်းကိုယူနေတာမှမဟုတ်တာ ၊ ရဲကိုအကြောင်းကြားတော့ရော အသုံးဝင်မှာမလို့လား ၊ ရဲတွေကရော ဒီလိုမျိုး အိမ်တွင်းရေးပြဿနာအသေးအဖွဲလေးကို လိုက်ဖြေရှင်းပေးနေဖို့ အချိန်ရှိမှာတဲ့လား"
ဝိန်းရိဖန် ;
"ရတယ်လေ စောင့်ကြည့်ကြတာပေါ့"
ဤမတော်တဆကြောင့် ဝိန်းရိဖန်၏အင်တာဗျူးအလုပ်အား အခြားလုပ်ဖော်ကိုင်ဖက်တစ်ဦးက တာဝန်ယူပေးလိုက်သည်။ သူမက နေ့တစ်ဝက်ခွင့်ယူပြီး ရောက်လာကြသည့်ရဲအရာရှိများနှင့်အတူ လိုက်သွားခဲ့၏။ ဒါရိုက်တာထံမှလည်း သူမ၏ကိစ္စကိုဂရုစိုက်စိတ်ပူပေးနေသည့်အကြောင်းအား သတင်းပို့ရန် ဖုကျွမ့်ကို လွှတ်လာပေးသေးသည်။
ဝိန်းရိဖန်က အရင်ဆုံး ဆေးရုံသို့သွားကာ ဒဏ်ရာအားစစ်ဆေးကုသမှုပြီးမှ ရဲစခန်းသို့မှတ်တမ်းပေးရန် လိုက်သွားခဲ့ခြင်း ဖြစ်သည်။
သိပ်မကြာလိုက်ပါဘဲ ချယ်ယန့်ချင်က ရဲစခန်းမှဖုန်းဆက်ခေါ်ခြင်းကြောင့် အလောတလျင်ရောက်လာပါတော့၏။ ဝိန်းရိဖန်ကိုမြင်လိုက်သည်နှင့် အခြေအနေကိုလည်း ချက်ချင်းနားလည်လိုက်သည်။
"ရဲအရာရှိကြီး ဒါကို ဘယ်လိုလုပ်ပြီး အမှုဖွင့်မှာလဲ ၊ ဒီကိစ္စက လုယက်မှုလို့တောင် သတ်မှတ်လို့ရလို့လား"
ချယ်ယန့်ချင်မှာ အပြောအဆိုမတတ်လှသဖြင့် ပြန်ဖြေပေးနေရသည့် ရဲအရာရှိမှာ စိတ်မရှည်ချေ။
"ဘာလို့ သတ်မှတ်လို့မရ,ရမှာလဲ ၊ လူသက်သေရော ပစ္စည်းသက်သေရောရှိတယ် ၊ အမှုဖွင့်လို့ရတယ်"
"ကျွန်မတို့က ဆွေမျိုးတွေလေ! ဒီတစ်ယောက်က ကျွန်မရဲ့တူမလေး ရှင့်မှာ မိသားစုမရှိလို့လား ၊ မိသားစုဝင်ရဲ့ပစ္စည်းယူတာကို လုတယ်လို့သတ်မှတ်ကြလို့လား!"
ရဲအရာရှိ၏မျက်နှာကျုံ့လိုက်၍ ;
"စကားကို သတိထားပြီးပြောပါ"
ဝိန်းရိဖန်က ဆူညံနေမှုကြီးထဲ လုံးဝဝင်မစွက်ဖက် ၊ အရှေ့တွင်ထိုင်နေသည့် ရဲအရာရှိကိုသာ တည်တည်ငြိမ်ငြိမ်ဖြင့် လှမ်းကြည့်နေပြီး ;
"ဒီတစ်ယောက်က ကျွန်မ ဘကြီးရဲ့အမျိုးသမီး ၊ ဒါပေမယ့် ကျွန်မတို့ချင်းမရင်းနှီးကြဘူး"
"...."
"ပြီးတော့...."
ဝိန်းရိဖန်က တစ်ခဏရပ်လိုက်ပြီးမှ ဆက်၍ ;
"ချယ်ရှင့်ဒယ်က ကျွန်မကို အနှောင့်အယှက်လိုက်ပေးနေတာလည်း ကြာလှပါပြီ ၊ ဒီတစ်ခုကိုရော ပေါင်းပြီးအမှုဖွင့်ပေးလို့ရမလား ၊ သက်သေအထောက်အထားလိုရင် ကျွန်မအလုပ်လုပ်နေတဲ့ကုမ္ပဏီရဲ့စောင့်ကြည့်ကင်မရာတွေထဲမှာ စစ်ကြည့်လို့ရပါတယ်"
---------
နှုတ်ဖြင့်သက်သေထွက်ဆိုခြင်းအပြင် အခြားသောလုပ်ငန်းဆောင်တာအရပ်ရပ်၌ ပူးပေါင်းပေးပြီးသည့်နောက်တွင်တော့ ဝိန်းရိဖန် အိမ်သို့တိုက်ရိုက်ပြန်လာခဲ့လိုက်သည်။ ရေချိုးလိုက်ချင်သော်လည်း ဒဏ်ရာရေစိုမည်စိုး၍ ခေါင်းလျှော်ပြီး ကိုယ်လက်သန့်စင်ရုံသာ လုပ်နိုင်လိုက်၏။
ခြေထောက်ပေါ်ရှိ ခြစ်ရာရှရာများအား ဆေးလိမ်းပြီးနောက်တွင်တော့ ဘောင်းဘီရှည်တစ်ထည် ဝတ်ထားလိုက်သည်။
အိပ်ရာပေါ်လှဲအိပ်ရင်း အိမ်ပြန်ရောက်နှင့်နေသည့်အကြောင်းကိုလည်း စန်းရန်ထံ မက်ဆေ့ပို့ထား၏။ မနက်ဖြန်၌ စန်းရန်က ယီဟယ်သို့သွားမည်ဖြစ်သည့်အတွက် website ထဲဝင်ပြီး ဟိုတယ်တစ်ချို့ရှာထားပေးလိုက်သည်။ ကြည့်နေရင်း တဖြည်းဖြည်းနှင့်အိပ်ငိုက်လာခဲ့ကာ အိပ်ပျော်ခါနီးတွင်တော့ အမှတ်မဲ့ကြားလိုက်ရသည်မှာ အိမ်တံခါးဝမှ လှုပ်ရှားသံတစ်ချို့။
ဝိန်းရိဖန် ချက်ချင်း မျက်လုံးဖွင့်လိုက်ပြီး အိပ်ချင်နေသည့်စိတ်နှင့်စန်းရန် ကြား ဗျာများ၍ရုန်းကန်လိုက်ကာ နောက်ဆုံးတွင် အိပ်ရာထဲမှထပြီး အပြင်ထွက်လာလိုက်တော့သည်။
ဧည့်ခန်းထဲသို့ ရောက်လျှင်ရောက်ချင်း တံခါးဝရှိ စန်းရန်ကို လှမ်းမြင်လိုက်ရ၏။
စန်းရန်က မျက်ခုံးပင့်ပြ၍ ;
"ဒီနေ့ စောတယ်နော်"
ဝိန်းရိဖန် ဆိုဖာထက်၌ဝင်ထိုင်လိုက်သည်။
"အင်း ၊ အင်တာဗျူးပြီးတော့ ဘာမှလုပ်စရာမရှိတော့လို့ စောစောပြန်လာလိုက်တာ"
စန်းရန်က အိမ်နေရင်းဖိနပ်ပါးကိုလဲစီးပြီး သူမ ဝတ်ထားသည့်ဘောင်းဘီရှည်ကိုလည်း သတိထားမိရင်း ဘေး၌ဝင်ထိုင်လိုက်၍ ;
"နွေရာသီကြီး အိမ်မှာနေနေတာတောင် ဘာလို့ဘောင်းဘီရှည်ဝတ်ထားတာလဲ"
ဝိန်းရိဖန်က မျက်လွှာချရင်း အလိုလိုလိမ်မိလိုက်၏။
"ဓမ္မတာလာနေတာ ၊ လေအေးပေးစက်ဖွင့်ထားရတော့ အေးလို့"
စန်းရန် ;
"မင်း ဒီလစောတယ်နော်"
"...."
ဝိန်းရိဖန် ကြောင်အမ်းသွားရင်း ;
"အာ....အင်း....ပုံမှန်မရှိဘူး"
"ဒါဆို ညအိပ်တဲ့ချိန်ကျရင် လေအေးပေးစက်မဖွင့်ထားနဲ့"
စန်းရန်က ထုံးစံအတိုင်း သူမအား သူ့ရင်ခွင်ထဲဆွဲထည့်လိုက်ပြီး လက်တစ်ဖက်က သူမ၏ဗိုက်ပေါ်သို့တင်လာခဲ့၏။
"နာနေသေးလား"
ဝိန်းရိဖန် သူ့မျက်နှာကိုစိုက်ကြည့်နေမိရင်း ရုတ်တရက် စကားမဆိုနိုင်တော့ချေ။ စကားလမ်းကြောင်းကိုလွှဲလိုက်ကာ အသံမှာလည်း ခပ်တိုးတိုးလေးသာဖြစ်၏။
"မနက်ဖြန် ယီဟယ်ကို သွားမှာမလား ၊ ပစ္စည်းတွေ ပြင်တော့လေ"
စန်းရန်က ပြုံးနေရင်း စကားဆိုလာခဲ့သည်။
"ပြင်စရာ ဘာပစ္စည်းရှိမှာမလို့လဲ"
"မနက်ဖြန်သွားမယ့်လေယာဥ်က ည ၈နာရီခွဲမလား ၊ ဒါဆို နင် အလုပ်ဆင်းရင် ငါ့ကုမ္ပဏီဘက်ကို တစ်ခေါက်ဝင်ခဲ့ ၊ ငါ နင့်ကို လေဆိပ်ထိလိုက်ပို့ပေးပြီးရင် ကားကို ငါ မောင်းပြန်လိုက်မယ်"
"အင်း"
စန်းရန်က ခေါင်းငုံ့လာရင်း ခပ်နွေးနွေးလက်ဖဝါးများကလည်း သူမ၏ဗိုက်ပေါ်တင်ထားသေး၍ စကားဆိုလာခဲ့သည်။
"ခဏနေကျရင် မင်းအတွက် သကြားရည်လုပ်ပေးမယ် ၊ သောက်ပြီးမှအိပ်"
ဝိန်းရိဖန်က သူ ငုံ့ကြည့်နေသည့်နေရာမှ ခေါင်းရှောင်လိုက်၏။
"မလိုပါဘူး"
"ဘာကို မလိုတာလဲ ၊ ညသန်းခေါင်ကြီးကျမှ ဗိုက်နာလို့ဆိုပြီး ကိုယ်အိပ်နေတာကို လာနှောင့်ယှက်မှာကြောက်တယ်"
"...."
------
နောက်တစ်နေ့ နေ့လည်ခင်းတွင်။
ရုံးခန်းထဲမှထွက်လာပြီး စန်းရန်က သန့်စင်ခန်းထဲဝင်လာခဲ့သည်။ ဘောင်းဘီဇစ်ကို အောက်ဆွဲပြိးလိုက်ချင်းတွင်ပင် ဘေးနားမှ အပေါ့သွားနေသည့်ယောက်ျားက လှမ်းနှုတ်ဆက်လာ၏။
"စန်းရန် ၊ မင်းလည်း သန့်စင်ခန်းထဲလာတာလား"
"....."
စန်းရန် ဘေးတိုက်လှမ်းကြည့်လိုက်လျှင် မြင်လိုက်ရသည်မှာ 'ရှန့်လန်'၏မျက်နှာ။
"မင်းမှာ ကိစ္စရှိလို့လား"
"မတွေ့ဖြစ်တာတောင် ကြာပြီမလား ၊ ဒီအတိုင်း နှုတ်ဆက်လိုက်တာပါ ၊ ငါတို့က ကုမ္ပဏီတစ်ခုတည်းဆိုပေမယ့် တွေ့မှမတွေ့ဖြစ်ကြတာ"
စန်းရန်က အရေးမလုပ်ပေ။
ရှန့်လန်ကလည်း စန်းရန်၏အကျင့်ကို အာရုံစိုက်မနေဘဲ ရယ်စရာကောင်းနေသည်ဟုပင်တွေးနေ၍ ;
"မင်း ဘာဖြစ်လို့ ငါ့ကို အမြဲတမ်း ဒီလိုပုံစံမျိုးလုပ်ပြနေတာလဲ ၊ ဒီလိုလုပ်နေတာ အထက်တန်းကျောင်းကတည်းကပဲနော်"
စန်းရန်က သူ့အားတစ်ချက်လှမ်းကြည့်လိုက်ကာ ;
"မင်းပုံစံက အရမ်းအမြင်ကတ်စရာကောင်းနေလို့"
"....."
ကိစ္စပြီးသည်နှင့် စန်းရန်က တစ်ဖက်သို့လှည့် ၊ လက်ဆေးကန်ဘက်သို့ လျှောက်လာ၏။
"မင်း ဒီလိုမျိုးလုပ်ပြနေစရာမလိုပါဘူးကွာ ၊ ငါနဲ့ ရိဖန်နဲ့က ဒီအတိုင်း သူငယ်ချင်းတွေ ၊ မင်း ငါ့ကို ပြစ်မှတ်ထားပြီးတေးနေတာ ဘယ်လောက်တောင်ကြာနေပြီမလို့လဲ"
ရှန့်လန်က စန်းရန်၏အနောက်ဘက်မှ လိုက်သွားရင်း စကားပြောနေသည့်အချိန် တစ်စုံတစ်ရာကိုလည်း တွေးနေသည့်ဟန်ဖြင့် ;
"ဒါနဲ့....ငါ အရင်တစ်ခေါက်တုန်းကပြောတဲ့ ရိဖန်နဲ့အတူတူ ယီဟယ်တက္ကသိုလ်ကိုတက်ဖို့ ချိန်းထားတယ်ဆိုတဲ့ကိစ္စက တကယ်တော့ လျှောက်ပြောတာပါ"
ဤစကားကိုကြားသည့်အခါ စန်းရန် ဖြည်းဖြည်းချင်း ခေါင်းမော့ကြည့်လာသည်။
"အဲ့တုန်းက ငါ မင်းကိုစိတ်မကြည်အောင် တမင်လိုက်လုပ်နေတာ ၊ ဒါပေမယ့် မင်းဘက်က ဘာမှမတုံ့ပြန်လာတော့ ပျင်းဖို့ကောင်းသွားတယ်လေ ၊ ပြီးခဲ့တာတွေလည်းကြာလှပြီမလို့ အပြစ်ခံယူတဲ့အနေနဲ့ အရက်သောက်စရာတော့မလိုတော့ဘူးမလား"
ရှန့်လန်က ရေပိုက်ခေါင်းကိုဖွင့်ရင်း ပြုံးပြလာခဲ့၏။
"မင်း ဒီကိစ္စအတွက်နဲ့တော့ ရိဖန်ကို ဒေါသထွက်မနေနဲ့ဦး"
စန်းရန်က နှာတစ်ချက်သာမှုတ်လိုက်၏။
ရှန့်လန်က စန်းရန်ကို လှမ်းကြည့်နေရင်း စိတ်ထဲ၌လည်း ဤနှစ်ယောက်က နှစ်တွေအတော်လေး ကြာသွားပြီးသည့်နောက်မှ အတူတူရှိသွားခဲ့ကိစ္စအား အထူးအဆန်းလိုဖြစ်နေရ၏။
"အမှန်တိုင်းပြောရရင် ဟိုးအရင်တုန်းက ငါ အမြဲတမ်းထင်ထားခဲ့တာ....မင်း ရိဖန်ကို လိုက်ပိုးပမ်းလို့ရတော့မယ်လို့လေ"
"...."
"ဒါပေမယ့် ကံကြမ္မာက မင်းဘက်မှာ ရှိမနေခဲ့ဘူး ၊ ငါထင်တာတော့ အကယ်၍ ရိဖန်သာ သူ့ဘကြီးတို့နဲ့ ပေယွီကို လိုက်မပြောင်းသွားရရင် မင်းတို့နှစ်ယောက် ဟိုးအရင်ကတည်းက အတွဲတွေဖြစ်နေလောက်ပြီ"
စန်းရန်၏မျက်ဝန်းများ တုံ့ခနဲရပ်သွားခဲ့၏။
"ဘကြီး...."
"ဟုတ်တယ်လေ"
"သူက သူ့အဘွားနဲ့ နေတာမဟုတ်ဘူးလား"
"မဟုတ်ပါဘူး ၊ အစကတော့ သူ့အဘွားအိမ်မှာနေတာဟုတ်ပေမယ့် ခဏလေးပဲ ၊ နောက်ပိုင်းတွေက သူ့ဘကြီးအိမ်မှာပဲ နေခဲ့တာ"
အချိန်ကြာကြာ စကားပြောနေခဲ့ခြင်းကြောင့် ရှန့်လန်က ဆက်မဆိုတော့ဘဲ အပြင်ဘက်သို့ထွက်လာလိုက်တော့၏။
"ငါ သွားပြီ ၊ အလုပ်တွေရှိသေးတယ်"
စန်းရန်က နေရာ၌ရပ်နေဆဲ ၊ မျက်လွှာချထားသောကြောင့် မည်သည့်အရာကိုတွေးနေမှန်း မခန့်မှန်း၍မရနိုင်ချေ။
---------
ခြောက်နာရီထိုးသည့်အခါ စန်းရန်က ကုမ္ပဏီမှ အချိန်အတိအကျထွက်လာခဲ့ပြီး နန်းဝူရုပ်မြင်သံကြားနှင့်သတင်းဌာန အဆောက်အဦးအောက်သို့ ရောက်လာခဲ့သည်။ ကားရပ်၍အဆင်ပြေမည့်နေရာ၌ ရပ်ထားလိုက်ကာ မှန်ပြတင်းကိုချ ၊ ဝိန်းရိဖန်ထံ မက်ဆေ့ပို့လိုက်၏။
[ ရောက်ပြီ ]
ဝိန်းရိဖန် ချက်ချင်းစာပြန်လိုက်၏။
[ ချက်ချင်းဆင်းလာခဲ့မယ် ၊ ခဏလေးပဲစောင့် ]
စန်းရန်၏လက်ချောင်းထိပ်များက ပြတင်းပေါက်ဘောင်အား တတောက်တောက်ခေါက်နေရင်း ရှန့်လန် ပြောသွားသည့်စကားများကြောင့်လည်း အနည်းငယ်စိတ်လွင့်နေခဲ့သည်။
အထက်တန်းကျောင်းတုန်းက ဝိန်းရိဖန်ဟာ သူမ၏ဘကြီးအိမ်၌နေခဲ့သည့်အကြောင်း။ သို့သော် သူ့ကိုပြောပြထားခဲ့သည်မှာ အဘွားနှင့်အတူတူနေသည်ဟူ၍ပင်။ သူမ၏ အနှီ'ဦးလေး' ဟုခေါင်းစဥ်တပ်နေသည့်လူဟာ ဘကြီးအမျိုးသမီး၏မောင်။ တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းထွက်သည့်နေ့က သူ ပေယွီသို့သွားပြီး သူမကိုရှာသည့်အချိန် ထို'ဦးလေး'ဆိုသည့်လူက သူမကို လိုက်နှောင့်ယှက်နေသည်နှင့် ထိပ်တိုက်ဆုံခဲ့ဖူးကာ သူမကိုယ်တိုင်က ထိုလူကို မသိကြောင်း ငြင်းခဲ့ပါသေးသည်။
ထပ်၍ ဤကာလများအတွင်း ဝိန်းရိဖန် ထိုလူနှင့်တွေ့ပြီးသည့်အခါ ဖြစ်သွားသည့်အမူအရာ အခြေအနေတို့ကို ပေါင်းကြည့်လိုက်သည့်အခါ......
စန်းရန်၏နှုတ်ခမ်းပါးက တဖြည်းဖြည်းနှင့်ဖြောင့်တန်းလာပြီး သူ မယုံကြည်ရဲသည့်ခန့်မှန်းချက်တစ်ခုက ဦးနှောက်ထဲတဖြည်းဖြည်းပေါ်လာလေတော့၏။ သူ ဆက်မတွေးရဲတော့သဖြင့် တစ်ဖက်သို့လှည့်လိုက်ပြီး စီးကရက်ဘူးကိုလှမ်းယူလိုက်၏။
ဤအခိုက်အတန့်တွင် တစ်စုံတစ်ယောက်၏လှမ်းခေါ်သံအား ရုတ်တရက်ကြားလိုက်ရ၏။
"စန်းရန်ကော!"
အသံကြားသည့်အတိုင်း စန်းရန်လည်း လှည့်ကြည့်လိုက်၏။ တစ်ဖက်လူမှာ ဖုကျွမ့်။
ဖုကျွမ့်က အနားသို့လျှောက်လာပြီး မှန်ဘောင်ပေါ်လက်တင်ထားကာ အလွန်တရာရင်းနှီးနေသည့်ဟန်ဖြင့် ;
"အစ်ကို....ရိဖန်ကျဲကိုလာကြိုတာလား"
စန်းရန်က ဖုကျွမ့်နှင့် သုံးလေးကြိမ်ဆုံဖူးသော်လည်း လက်ရှိအချိန်၌ အမှန်တကယ်ကို စကားပြောချင်စိတ်မရှိသဖြင့် ခေါင်းသာငြိမ့်ပြလိုက်သည်။
"အစ်ကိုကတော့ တကယ်ကို အကောင်းဆုံးချစ်သူကောင်လေးပဲ"
ဖုကျွမ့်က စန်းရန်၏ပုခုံးအား နှစ်သိမ့်သလိုလှမ်းပုတ်လိုက်၍ ;
"ဒါပေမယ့် အခုတလောတော့ အစ်ကို သိပ်ပြီးစိတ်ပူနေဖို့မလိုပါဘူး ၊ ဟိုအကျင့်မကောင်းတဲ့လူက အခု ရဲစခန်းမှာထိန်းသိမ်းခံထားရတယ်လေ ၊ လောလောဆယ် ဘာပြဿနာမှဖြစ်မှာမဟုတ်ဘူး"
"...."
စန်းရန်က တစ်ဖက်သို့လှည့်ကြည့်လိုက်၏။
"အကျင့်မကောင်းတဲ့လူ...."
"အင်းလေ ၊ ရွံ့စရာကောင်းပြီးရိုင်းတဲ့လူ ၊ ပြောလာတဲ့စကားတွေက ကျွန်တော့်လိုဘာမှမဆိုင်တဲ့လူတောင် နားထောင်ရင်း ဒေါသထွက်လွန်းလို့"
ဖုကျွမ့်က ပြောပြနေရင်း ဒေါသထွက်လာပြန်၍ ;
"တစ်ချိန်လုံး ရိဖန်ကျဲကို သူ့တူမပါဆိုပြီး လိုက်ပြောနေတာလေ ၊ ဒီအတောအတွင်းမှာလည်း အမြဲတမ်း ဌာနကိုပဲလာနေတာ ၊ မနေ့ကတောင် ပြဿနာရှာလို့ ရဲစခန်းရောက်သွားသေးတယ်"
စန်းရန်၏အသံတို့မှာ တဖြည်းဖြည်းဖြင့် တိုးဖျလာခဲ့၏။
"ရဲစခန်းရောက်သွားတယ်"
ဖုကျွမ့်က ခေါင်းငြိမ့်ပြ၏။
"ရိဖန်ကျဲက အဲ့လူ တွန်းတာခံလိုက်ရလို့ ခြေထောက်ဒဏ်ရာရပြီး သွေးတွေအများကြီးထွက်လာတာ ၊ ကြည့်ရတာ အရမ်းနာမယ့်ပုံပဲ"
သည်အထိပြောပြီးသွားမှ ဖုကျွမ့်က ထူးဆန်းနေသည့်တစ်စုံတစ်ရာကို ခံစားမိလိုက်တော့၏။
"စန်းရန်ကော.....အစ်ကို မသိဘူးလား ၊ ရိဖန်ကျဲက အစ်ကို့ကိုမပြောပြရသေးဘူးလား"
စန်းရန်က လက်ထဲတွင်ကိုင်ထားသည့် စီးကရက်ကိုကစားနေရင်း သုံးလေးစက္ကန့်ကြာကြာ တိတ်ဆိတ်နေခဲ့သည်။
"ပြောပြထားတယ်"
-----
စန်းရန်၏လေယာဥ်ချိန် နောက်ကျမည်စိုးသောကြောင့် ဝိန်းရိဖန်က အချိန်ဆွဲမနေတော့ဘဲ မက်ဆေ့ရရပြီးချင်း ထွက်လာခဲ့သည်။ ဌာနအောက်သို့ရောက်သည်နှင့် စန်းရန်၏ကားကို ရပ်နေကျနေရာ၌တွေ့လိုက်ရသည်။ ထိုအခါ ကားထဲဝင်ထိုင်လိုက်ရင်း ;
"ငါ မောင်းပေးရမလား"
စန်းရန် ;
"ရတယ်"
သူ စကားထပ်မဆိုတော့ဘဲ တန်း၍ကားစက်နှိုးလိုက်သည်။
ဝိန်းရိဖန်က ခေါင်းငြိမ့်ပြပြီး လက်ကိုင်ဖုန်းကိုထုတ်လာ၍ ;
"ဒါနဲ့....ငါ မနေ့ညက နင့်အတွက် ဟိုတယ်တွေရှာပေးထားတယ် ၊ အားလုံးက ယီဟယ်တက္ကသိုလ်နဲ့နီးတဲ့ဟာတွေပဲ ၊ အခုရာသီက နွေရာသီပိတ်ရက်ဆိုတော့ အဲ့မှာရှိတဲ့ ဟိုတယ်တော်တော်များများ နေရာတွေလွတ်နေတာ ၊ အခန်းယူဖို့က မလောလည်းရတယ် ၊ ခဏနေကျမှ နင်ကြိုက်တဲ့တစ်ခုကိုရွေးလိုက် ၊ ငါ အခန်းယူပေးထားမယ်"
စန်းရန်၏ 'အင်း' ဆိုသည့်အသံတစ်ခု။
စန်းရန် စကားနည်းနေသောကြောင့် ဝိန်းရိဖန်က သူ့အား လှမ်းကြည့်လိုက်ပြီး စကားဆိုတော့မည့်အခိုက်တွင် သွားရမည့်လမ်းခရီး၏ဦးတည်ချက်လွဲနေကြောင်း သတိထားမိလိုက်၏။
"နင် လမ်းမှားနေတာလား ၊ ငါတို့က အခု လေဆိပ်ကိုသွားမှာလေ ၊ ဒါက အိမ်ပြန်နေတဲ့လမ်းကြီး"
စန်းရန်က အရှေ့ကိုသာ ကြည့်နေပြီး အေးစက်စက်ဖြင့်ပြန်ဖြေလာသည်။
"အရင်ဆုံး အိမ်ကို တစ်ခေါက်ဝင်မလို့"
"...."
ဝိန်းရိဖန်က ဘာဖြစ်နေမှန်းမသိသောကြောင့် ချိတုံချတုံဖြင့် ;
"တစ်ခုခုမေ့ခဲ့လို့လား"
စန်းရန်၏ အထိုက်အလျောက်ပြန်ဖြေလာသည့် 'အင်း' တစ်ခွန်း။
ဝိန်းရိဖန် ;
"ဒါဆို ငါတို့မြန်မြန်လေးသွားရအောင် ၊ နင် လေယာဥ်ချိန်မမီဘဲနေလိမ့်မယ်"
စန်းရန်က စကားထပ်မဆိုလာတော့ပေ။
ဝိန်းရိဖန် ;
"ဘာဖြစ်နေတာလဲ"
စန်းရန်ဘက်မှ စကားမဆိုလာခြင်းကြောင့် ဝိန်းရိဖန်က စိတ်ကြည်လာစေမည့်စကားအချို့ကို ပြောပြနေပါသေးသည်။ တစ်ဖက်လူက စကားပြန်ပြောချင်သည့်စိတ်မျိုး လုံးဝရှိမနေသောကြောင့် သူမလည်း ဖြေးဖြေးချင်းစကားနည်းသွားခဲ့၏။
သူမ အနည်းငယ်စိုးရိမ်စပြုလာသလို မကြာခင်အချိန်အတွင်း တောင်ပြိုမိုးပြိုလာတော့မည့်အငွေ့အသက်မျိုးကို ခံစားမိလာတော့သည်။
တစ်လျှောက်လုံးမောင်းလာခဲ့သည်မှာ 'ရှန့်တုဟွားချန်'အိမ်ရာ၏မြေအောက်ကားပါကင်အထိ။
ကားပေါ်မှဆင်းပြီးနောက်တွင်တော့ စန်းရန်က ဝိန်းရိဖန်၏လက်ကောက်ဝတ်ကိုဆွဲပြီး ဓါတ်လှေကားထဲဝင်လာခဲ့သည်။ သူ့အရိပ်အခြေကိုလိုက်ကြည့်နေရင်း မည်သည့်ကိစ္စမျိုးဖြစ်နေမှန်း မသိသည့်တိုင် မကောင်းသည့်အငွေ့အသက်နမိတ်များကိုတော့ ခံစားမိနေပြီပင်။
သူမဘက်မှ စိတ်ကြည်လာမည့်စကားမျိုး ပြောကြည့်ပါသော်ငြား စန်းရန် တုံ့ပြန်လာသည့်စကားသံမှာ တစ်ကြိမ်တစ်ခါကမှ မပြောမဆိုဖူးသည့် အေးတိအေးစက်ပုံစံမျိုး။ သူ အထိုက်အလျောက်ပြန်ဖြေနေသည့်စကားတစ်ခွန်းကလည်း သူမကို အရှက်မရစေချင်ရုံသပ်သပ်သာဖြစ်ပြီး စကားပြောဆိုချင်သည့်ဆန္ဒမျိုးလုံးဝမရှိပေ။
ဆယ့်ခြောက်လွှာသို့ ရောက်သည့်အခါ စန်းရန်က အိမ်သော့ကိုထုတ်ပြီး တံခါးဖွင့်လိုက်၏။
နှစ်ယောက်သား အထဲဝင်လာခဲ့သည်။
ဝိန်းရိဖန်က အိမ်တံခါးနား၌သာရပ်နေပြီး ဖိနပ်မချွတ်တော့ဘဲ ;
"နင် အမြန်သွားယူ...."
စကားမဆုံးခင် စန်းရန်က သူမအား ပွေ့ချီလိုက်ပြီး ဖိနပ်စင်ပေါ် တင်လိုက်၍ ဗလာချည်းသက်သက်စိုက်ကြည့်နေသည်မှာလည်း တစ်စုံတစ်ရာကို အတည်ပြုနေသည့်အတိုင်း သူမ၏ဘောင်းဘီရှည်အား တိုက်ရိုက်ဆွဲမတင်လိုက်တော့၏။
"...."
ဝိန်းရိဖန်၏အမူအရာတို့ တုံ့ဆိုင်းသွားခဲ့တော့သည်။
နောက်တစ်စက္ကန့်တွင် သူ့အပြုအမူကြောင့် စိတ်မကြည်ဖြစ်နေရသည့်အကြောင်းအရင်းကို နားလည်သွားခဲ့၏။
ဝိန်းရိဖန် သူ့လှုပ်ရှားမှုတို့အား အလိုလိုလှမ်းတားလိုက်ရာ.....
စန်းရန်၏တုံ့ပြန်မှုက သူမထက် ပို၍မြန်ဆန်နေပြီး သူမ၏ရုန်းကန်နေသည့်အားကို မျက်လုံးထဲပင်မထည့်။ သူ့လက်တစ်ဖက်တည်းဖြင့် သူမ၏လက်နှစ်ဖက်ကို ထိန်းကိုင်ထားပြီး ပေါင်အရင်းနားရောက်သည်အထိ ဘောင်းဘီကိုဆက်၍ ဆွဲပင့်လေသည်။
ဖြူဖြူဖွေးဖွေး ခြေထောက်ပေါ်၌ မည်သည့်အနာအဆာမှမရှိ။
စန်းရန်က တစ်ခဏရပ်သွားပြီး သူမအား တဖန်လှမ်းကြည့်လာကာ နောက်ထပ်တစ်ဖက်အား စကားတစ်ခွန်းမဆိုဘဲ စ၍ဆွဲပင့်တော့၏။
ဝိန်းရိဖန် အမှန်တကယ်ကိုတုန်လှုပ်လာရသည့်တိုင် သူ့ခွန်အားကို ယှဥ်၍မရုန်းနိုင်ပေ။
"စန်းရန်!"
သူမ၏ပေါင်နားသို့ရောက်သည်နှင့် ဒဏ်ရာကြီးတစ်ခုက ရှင်းရှင်းလင်းလင်းပေါ်လာပါတော့၏။ ဒဏ်ရာထက်တွင် သွေးစများစွန်းထင်းနေဆဲ ၊ အနာမကျက်သည့်ဒဏ်ရာဖြစ်သောကြောင့် ဘေးပတ်ပတ်လည်၌ နီရဲပြီးယောင်နေသေးကာ ကြည့်လိုက်ရုံဖြင့် ထိတ်လန့်စရာကောင်းသည့်ဒဏ်ရာမျိုးပင်။
ဤအချိန်တွင် စန်းရန်၏ဒေါသများက လုံးလုံးလျားလျား တောက်လောင်လာခဲ့လေတော့၏။
မျက်ဝန်းတစ်စုံကိုမှိတ်ချကာ ဒေါသကိုထိန်းနေသည့်ပုံစံဖြင့် ;
"ဘယ်လို ထိခိုက်မိထားတာလဲ"
****************
~~Zawgyi~~
အရင္တစ္ႀကိမ္ ဝိန္းရိဖန္တစ္ေယာက္ ဦးႏွောက္တစ္ခဏတာျပတ္လပ္သြားၿပီး စန္းရန္အား 'ေခါင္းႀကီးသေကၤတ' ဟု ေယာင္မွား၍ေခၚဆိုမိလိုက္သည့္အခ်ိန္တုန္းက ဤစကားလုံးဟာ သူ႕အတြက္ စိတ္အခန့္မသင့္သလို ျဖစ္ေကာင္းျဖစ္သြားလိမ့္မည္ဟုထင္ခဲ့မိဖူးသည္။ မည္သို႔ပင္ျဖစ္ေစ ထိုစကားလုံးက ေကာင္းနိုးရာရာေခၚဝေါ်သည့်အဓိပ္ပါယ်လည်းမဟုတ်။ သို႔ေသာ္ျငား သူမအား အံ့အားသင့္သြားေစသည္မွာေတာ့ စန္းရန္က ထိုသို႔အေခၚခံရျခင္းကို သေဘာက်ေနျခင္းပါေပ။
သူမအေရွ႕သို႔ေရာက္လာသည့္အခ်ိန္တိုင္း ထိုစကားလုံးႏွင့္အံ့ဝင္ခြင္က်ျဖစ္ေအာင္ အလ်င္အျမန္ေျပးဝင္သြားသလိုလို။
စကားေျပာေနရင္းႏွင့္ စန္းရန္သည္ သူမ၏လက္ေခ်ာင္းမ်ားကိုပါ တစ္ပါတည္းကိုင္ၿပီး ေအာက္သို႔ဆြဲေခၚလာခဲ့လာကာ စကားသံတို႔က အနည္းငယ္ၾသရွရွနိုင္လ်က္သား။
"ကိုယ့္ကို လိုခ်င္ေနတာ ၾကာလွၿပီမဟုတ္ဘူးလား ၊ အရင္ကတည္းက နည္းမ်ိဳးစုံသုံးၿပီး ကိုယ့္ကို အသားယူေနခဲ့တာေလ"
"...."
"အခု လုပ္ပိုင္ခြင့္ရွိေနတဲ့အခ်ိန္က်မွ....."
စန္းရန္က သူမ၏ႏႈတ္ခမ္းကို ေနာက္တစ္ႀကိမ္နမ္းရွိုက္လာခဲ့ကာ စကားသံတို႔က မရွင္းမလင္းႏွင့္ေဝေဝဝါးဝါးျဖစ္လာခဲ့သည္။
"ဘာျဖစ္လို႔ ဆႏၵေတြကိုထိန္းေနတာလဲ"
သူ႕စကားအား နားဝင္သြားျခင္းရွိမရွိလည္း မသိပါေတာ့ေပ။
ဝိန္းရိဖန္က သူ႕လည္တိုင္အား သိုင္းဖက္ထားသည့္အင္အားကိုျပန္တင္းလိုက္ၿပီး ႏႈတ္ခမ္းကိုဖြင့္ ၊ တစ္ခုခုေျပာေတာ့မည့္အခိုက္။
ေနာက္တစ္စကၠန့္တြင္ သူ႕ႏႈတ္ခမ္းပါးႏွင့္လွ်ာဖ်ားတို႔ဟာ ေနာက္ထပ္တစ္ႀကိမ္တိုးဝင္လာခဲ့သည္။ ဤတစ္ႀကိမ္တြင္မူ သိသိသာသာ ညင္သာသြားခဲ့သည့္အနမ္းမ်ားက တစ္ခ်က္ၿပီးတစ္ခ်က္နမ္းရွိုက္ေနသည္မွာ စေနာက္ေနျခင္းႏွင့္လည္းတူသလို သူမအား ေခ်ာ့ျမႇူဆြဲေဆာင္ေနျခင္းႏွင့္လည္း တူပါေသးသည္။
တျဖည္းျဖည္းႏွင့္ေအာက္သို႔ဆင္းလာခဲ့သည္မွာလည္း ေမးဖ်ားမ်ားတစ္ဝိုက္ ၊ ထိုမွတဆင့္ လည္တိုင္တစ္ေလွ်ာက္ဆင္းလာခဲ့ၿပီး ညွပ္ရိုးေနရာအေရာက္တြင္ေတာ့ ၾကည္လင္ၿပီးႏွစ္လိုဖြယ္ေကာင္းသည့္ ႏွင္းဆီနီေရာင္အမွတ္အသားရာမ်ားျဖင့္ တစ္ခဏအဆုံးသတ္လိုက္၏။
ဝိန္းရိဖန္၏အေတြးမ်ားဟာ ဦးတည္ရာမဲ့လြင့္ေမ်ာလာရၿပီး ေခါင္းေမာ့ထားရင္းက မည္သည့္အရာကိုမွ မေတြးေတာနိုင္ပါေတာ့ေခ်။ အေရွ႕တြင္ျမင္ေနရသည့္ အမ်ိဳးသားႏွင့္ နီးစပ္သြားခ်င္႐ုံကလြဲ ၊ သူ႕ဦးေဆာင္ရာသို႔ လိုက္သြားခ်င္သည့္စိတ္ကလြဲ ၊ မလုံမၿခဳံျဖစ္ေနသည့္စိတ္မ်ားကို အျမန္ဆုံးေဖ်ာက္ဖ်က္ပစ္ခ်င္သည္ကလြဲ အျခားဘာမွမစဥ္းစားနိုင္ေတာ့၏။
စန္းရန္က မ်က္လုံးပင့္ၿပီး သူမအား လွမ္းၾကည့္လာခဲ့ျပန္သည္။ ထို႔ေနာက္တြင္ ဝိန္းရိဖန္ ခံစားလိုက္ရသည္မွာ သူ ဆြဲယူေခၚေဆာင္သြားသည့္ သူမ၏လက္တစ္ဖက္ဟာ တစ္ေနရာ၌ရပ္သြားခဲ့ျခင္းေပ။ မည္းနက္ေနသည့္မ်က္ဝန္းမ်ားအျပင္ ႏႈတ္ခမ္းပါးတို႔ကပါ ေရးေရးေလးေကြးတက္၍ၿပဳံးေနၿပီး သူ႕အသံစတို႔ထဲက ရမက္ဆႏၵမ်ားဟာလည္း လုံးဝဖုံးကြယ္ထားျခင္းမရွိ။
"ကိုယ့္ရဲ႕ဘယ္နားေလးကိုထိခ်င္လဲ"
"...."
ေ႐ြ႕လ်ားလႈပ္ရွားေနမႈမွာ ေအာက္သို႔ထပ္၍ဆင္းလာၿပီး ;
"ဒီနားလား"
ဝိန္းရိဖန္ သူ႕မ်က္ခုံးမ်ားကိုစိုက္ၾကည့္ေနမိၿပီး သူမ၏အမူအရာမွာေတာ့ ရွင္းလင္းေနသည္ဟုလည္းထင္ရသလို ရႈပ္ေထြး၍လည္းေနပါေသးသည္။ သူမ၏ပုံစံဟာ လက္ရွိအေျခအေနေပၚ လုံးဝအာ႐ုံေရာက္ေနပုံမရဘဲ စိတ္တည္ၿငိမ္ရာရမည့္တစ္ခုခုကို ရွာေဖြေနသည့္ပုံမ်ိဳးပင္။
"အားလုံးရတယ္"
စန္းရန္၏လႈပ္ရွားမႈမ်ား မသိမသာႏွေးသြားခဲ့၏။
ဝိန္းရိဖန္သည္ သူ႕လည္စလုတ္အား တစ္ခ်က္နမ္းရွိုက္လိုက္ၿပီး ကိုယ့္ကိုကိုယ္လည္း အလုံးစုံေပးအပ္လိုက္ဖို႔ႀကိဳးစားရင္း ;
"အားလုံးအဆင္ေျပတယ္"
"...."
စန္းရန္က ဝိန္းရိဖန္၏အမူအရာအား အေသအခ်ာလွမ္းၾကည့္လာခဲ့သည္။ ေနာက္ဆုံးတြင္ေတာ့ သူမထံမွ ပုံမွန္မဟုတ္သည့္အေငြ႕အသက္မ်ိဳးကို ခံစားမိလိုက္သျဖင့္ သူ႕မ်က္ဝန္းမ်ားထဲမွ ဆႏၵမ်ားမၿငိမ္းသက္ေသးပါသည့္တိုင္ မည္သည့္လႈပ္ရွားမႈကိုမွ မလုပ္ေတာ့ဘဲ လုံးလုံးလ်ားလ်ားရပ္တန့္ပစ္လိုက္ေတာ့သည္။
ဝိန္းရိဖန္၏ႏႈတ္ခမ္းတို႔သည္ေတာ့ သူ႕လည္တိုင္တစ္ေလွ်ာက္ထိေတြ႕ေနဆဲ။
မည္သည့္အပိုလႈပ္ရွားမႈမွမလုပ္လာခင္ စန္းရန္က လက္ကိုျမႇောက္လာၿပီး ဝိန္းရိဖန္၏ေခါင္းကို ထိန္းထားလိုက္၏။ ေနာက္တြင္ သူမ၏မ်က္ႏွာကိုဆြဲေမာ့ၿပီး အၾကည့္ခ်င္းဆုံေစလိုက္သည္။
ဝိန္းရိဖန္ သူ႕အား ရီေဝေဝစိုက္ၾကည့္၍ ;
"ဘာျဖစ္လို႔လဲ"
"ဝိန္း႐ႊမ္းက်န့္ ၊ ဘာျဖစ္ေနတာလဲ"
စန္းရန္၏မ်က္ဝန္းထဲရွိ ဆႏၵမ်ားဟာ တစ္စက္ေလးမွေပ်ာက္ကြယ္ထားျခင္းမရွိ ၊ သူမ၏ႏႈတ္ခမ္းေထာင့္ကိုအသာအယာပြတ္သပ္ေပးရင္း ညင္သာလြန္းသည့္အသံစတို႔ျဖင့္ ;
"ကိုယ့္ကို ေသေသခ်ာခ်ာေျပာျပ"
ဝိန္းရိဖန္က ျပန္မေျဖဘဲႏွင့္ ;
"ဆက္မသြားေတာ့ဘူးလား"
"ဒီကိစၥလား ၊ ကိုယ္ ခံစားေနမိတာေတာ့ မင္း ဒီကိစၥအေပၚမွာ အာ႐ုံလုံးဝရွိမေနဘူးေနာ္"
စန္းရန္က ဝိန္းရိဖန္၏အမူအရာကို အကဲခတ္ၿပီးေနာက္ သက္ျပင္းတစ္ခ်က္ခ်လိဳက္ကာ စတင္ေမးျမန္းေတာ့၏။
"ဘာျဖစ္လို႔ အခန္းထဲကေန ျပန္ထြက္လာတာလဲ"
ဝိန္းရိဖန္၏ေတြးေတာဆင္ျခင္နိုင္စြမ္းမ်ားက ယခုအခါတြင္မွ ျပန္လည္အသက္ဝင္လာၿပီး အသက္ရႉႏႈန္းမ်ားကလည္း ပို၍ျပင္းျပလာခဲ့သည္။
"အိပ္မေပ်ာ္လို႔"
စန္းရန္ ;
"ခုဏက ဟိုလူရဲ႕ကိစၥေၾကာင့္လား"
ဝိန္းရိဖန္ အသံမထြက္ဘဲၿငိမ္ေနသည္မွာ ဝန္ခံေနသည့္ႏွယ္။
"...."
စန္းရန္က လက္ကိုဆန့္ထုတ္လာၿပီး ဝိန္းရိဖန္၏ပါးကို အားပါပါျဖင့္ဆြဲညွစ္ပစ္လိုက္၏။
"မင္းကို ေျပာျပၿပီးၿပီေလ ၊ ႀကီးႀကီးမားမားကိစၥမဟုတ္ပါဘူးလို႔ ၊၊မင္းသာ ျပန္ၿပီးအစမေဖာ္လာရင္ ေလာင္ဇစ္က ေမ့ေတာင္ေမ့ေနေလာက္ၿပီ"
ဤစကားၾကားသည့္အခါ ဝိန္းရိဖန္က သူ႕အားထပ္၍ လွမ္းၾကည့္လိုက္၏။
စန္းရန္ ;
"အျခားဘာကိစၥေတြရွိေနေသးလဲ"
ဝိန္းရိဖန္ ေခါင္းရမ္းျပ၏။
"ဝိန္း႐ႊမ္းက်န့္ ၊ မင္း အခုတေလာ အိပ္ေနရင္းလမ္းထေလွ်ာက္တဲ့အႀကိမ္ေရက....."
ၿမိဳသိပ္မထားနိုင္ေတာ့ပုံရသည့္ စန္းရန္က မ်က္ေမွာင္က်ဳံ႕ထားၿပီး မႏွေးမျမန္ျဖင့္ ;
"အရမ္းစိတ္လာတယ္"
ဝိန္းရိဖန္ မ်က္လႊာခ်ထားရင္းျဖင့္ ျပန္ေျဖလိုက္သည္။
"အိပ္ခ်ိန္ အရမ္းနည္းလို႔ေနမွာ"
"တကယ္ပဲ ပင္ပန္းေနတယ္ဆိုရင္ သုံးေလးရက္ေလာက္ခြင့္ယူလိုက္ေလ ၊ အဆင္ေျပတယ္မလား"
"....အင္း"
"ကိုယ္ သိပ္မၾကာခင္ 'ယီဟယ္'ကိုသြားဖို႔ရွိတယ္ ၊ ကိုယ့္ညီမက ႏြေရာသီပိတ္ရက္ကိုျပန္မလာဘဲ အဲ့ဒီမွာေနမယ္ဆိုလို႔ ကိုယ့္မိဘေတြက စိတ္မခ်ျဖစ္ၿပီး ကိုယ့္ကို လိုက္သြားၾကည့္ခိုင္းေနလို႔"
စန္းရန္က ေခါင္းငုံ႕လာကာ ဝိန္းရိဖန္၏နား႐ြက္အား လွမ္းကိုက္လိုက္၏။
"မင္းက ဒီလိုျဖစ္ေနရင္ ကိုယ္ ဘယ္လိုစိတ္နဲ႕သြားနိုင္မွာလဲ"
"ငါ တကယ္ကို ဘာမွမျဖစ္ဘူး"
ဝိန္းရိဖန္က ယားက်ိက်ိခံစားလာသျဖင့္ ေခါင္းငုံ႕ၿပီးေရွာင္လိုက္၏။
"ဘယ္အခ်ိန္သြားမွာလဲ"
"၇လပိုင်း လကုန္ေလာက္"
"ဘယ္ေလာက္ၾကာမွာလဲ"
"တစ္ပတ္"
စန္းရန္က စိုက္ၾကည့္ေနဆဲျဖစ္၍ ;
"ဘာမွေတာ့အေရးမႀကီးပါဘူး ဒီအတိုင္းေျပာျပထားတာ"
"က်စ္က်စ္ကို သြားၾကည့္တာေကာင္းပါတယ္ ၊ ေကာင္မေလးတစ္ေယာက္တည္း အဲ့မွာေနေနရတာ ဘယ္လိုလုပ္ၿပီးစိတ္ခ်ထားလို႔ရပါ့မလဲ ၊ နင္လည္း ညီမေလးနဲ႕ခဏခဏရန္ျဖစ္မေနနဲ႕"
အခ်ိန္ၾကာသြားျခင္းေၾကာင့္လားမသိ ၊ ဝိန္းရိဖန္က ပုံမွန္အမူအရာတိုင္းျပန္ျဖစ္လာခဲ့၏။
"ဒါဆို အဲ့နားနီးရင္ ငါ နင့္အတြက္ ဟိုတယ္ကူရွာေပးထားမယ္ေလ ၊ ငါက ယီဟယ္ၿမိဳ႕ကို ပိုရင္းႏွီးတယ္မလား"
စန္းရန္၏အမူအရာမွာ မသဲမကြဲ ၊ တစ္ခဏၾကာသြားၿပီးမွသာ အသံျပဳလာခဲ့၏။
"အင္း"
--------
ထိုဖုန္းေခၚဆိုမႈတစ္ခုက အသုံးဝင္သြားခဲ့ျခင္းလား သို႔မဟုတ္ စိတ္ထင္ေနျခင္းသက္သက္လားမသိ ၊ ခ်ယ္ရွင့္ဒယ္အား ထပ္၍မေတြ႕မိေတာ့သလို အျခားလုပ္ေဖာ္ကိုင္ဖက္မ်ားထံမွလည္း ထိုလူအေၾကာင္း မၾကားမိ။ Wechat ထဲတြင္လည္း ေက်ာက္ယြမ့္တုံက ဘႀကီးတို႔မိသားစုႏွင့္ပတ္သတ္ၿပီး ေျပာျပလာျခင္းမ်ိဳးမရွိေတာ့၏။
ထိုလူတစ္စုေပ်ာက္သြားႏွင့္ ဝိန္းရိဖန္၏စိတ္အေျခအေနလည္း ပုံမွန္အတိုင္းျပန္ျဖစ္လာခဲ့သည္။
ေနာက္တြင္ ဝိန္းရိဖန္က Wechat မွတဆင့္ ကားအေရာင္းဌာနရွိ အတိုင္ပင္ခံတာဝန္ရွိသူထံသို႔ ဆက္သြယ္၍ေမးျမန္းျဖစ္ခဲ့ေသးသည္။ ဝယ္မည့္ကားကိုေ႐ြးအၿပီး ေငြေပးေခ်ရန္အစီအစဥ္မ်ားပင္ ဆြဲၿပီးသည့္အခ်ိန္တြင္မွ က်ဳံးစစ္ေခ်ာင္က အမ်ိဳးသားေန႕ ေရာက္ေတာ့မည့္အတြက္ ထိုအခါတြင္ ပို၍ေစ်းသက္သက္သာသာဝယ္နိုင္မည့္အေၾကာင္း အႀကံထပ္ေပးလာခဲ့သည္။
ဝိန္းရိဖန္က က်ိဳးသင့္ေၾကာင္းသင့္ရွိလွေသာအႀကံဥာဏ္ကိုလက္ခံလိုက္ကာ ကားဝယ္ဖို႔ရာအစီအစဥ္အား လပိုင္းခန့္ ဆိုင္းငံ့ထားလိုက္၏။
စန္းရန္က ဤကိစၥႏွင့္ပတ္သတ္ၿပီး မ်ားမ်ားစားစားဝင္ေျပာေလ့မရွိသလို ေန႕တိုင္းလာႀကိဳေပးေနရျခင္းေၾကာင့္လည္း စိတ္မရွည္သလိုမလုပ္ပါေပ။ သူမ၏အလုပ္အတြက္ ကားလိုအပ္လာလွ်င္ သူ႕ကားကိုယူသုံး၍ရေၾကာင္းပင္ ေျပာလာေသး၏။
ႏြေရာသီအလယ္ပိုင္းသို႔ ေရာက္လာသည့္အတြက္ နန္းဝူၿမိဳ႕၏အပူခ်ိန္က ဆက္တိုက္ျမင့္တက္လာခဲ့ကာ ၾကည့္ရသည္မွာ ၇လပိုင်းကုန်ခါနီးတွင် အျမင့္ဆုံးအပူခ်ိန္အမွတ္ထိေရာက္ေတာ့မည့္ပုံပင္။ ေနေရာင္ျပင္းျပင္း ၊ ကတၱရာလမ္းမႀကီးေပၚ၌ ေထာင္းေထာင္းထေနသည့္အပူရွိန္မ်ားတို႔ေၾကာင့္ ေန႕စဥ္ရက္ဆက္ ေျခာက္ေသြ႕လာရေတာ့သည္။
ဝိန္းရိဖန္ ဖုန္းလိုင္းမွတဆင့္ သတင္းရလာသည္မွာ စားေသာက္ဆိုင္ခြဲတစ္ခုသည္ သန့္ရွင္းေရးစနစ္ႏွင့္မကိုက္ညီျခင္းေၾကာင့္ လာေရာက္စားေသာက္သည့္ဧည့္သည္အမ်ားစု ဝမ္းပ်က္ဝမ္းေလ်ာ ၊ ေအာ့အန္ျခင္းမ်ား ျဖစ္ၾကသည့္သတင္းမွာ ေတာ္ေတာ္ေလး အုတ္ေအာင္ေသာင္းနင္းျဖစ္သြားၿပီး လက္ရွိအခ်ိန္တြင္ ေဆးဝါးႏွင့္အစားအေသာက္ႀကီးၾကပ္ကြပ္ကဲေရးဌာနမွ ကိုင္တြယ္ေျဖရွင္းေပးေနေၾကာင္းေပ။
သတင္းအခ်က္အလက္ရၿပီးသည္ႏွင့္ ဝိန္းရိဖန္က အင္တာဗ်ဴးရန္အတြက္ ဖုကြၽမ့္ႏွင့္အတူ ဌာနထဲမွထြက္လာခဲ့သည္။
အေဆာက္အဦးႀကီးထဲမွထြက္လာလာခ်င္းတြင္ ဖုကြၽမ့္က ေခါင္းကုတ္ရင္း တစ္ခုခုကိုအမွတ္ရသြားသည့္ဟန္ျဖင့္ ;
"ကြၽန္ေတာ္ ဖုန္းမယူလာမိလို႔ ၊ အစ္မ ဒီနားမွာႏွစ္မိနစ္ေလာက္ေစာင့္ေပး ၊ ကြၽန္ေတာ္ အျမန္ေျပးယူလိုက္မယ္"
"...."
ဝိန္းရိဖန္လည္း ပစၥည္းကိရိယာမ်ားကိုသယ္ထားရင္း ;
"ျမန္ျမန္ေလး"
"ဟုတ္!"
ဖုကြၽမ့္ကေအာ္ေျပာရင္း ေျပးသြားခဲ့၏။
"မၾကာေစရဘူး!"
ဝိန္းရိဖန္က ဖုန္းကိုင္ထားရင္း ေနရာ၌တစ္ခဏၾကာၾကာရပ္ေနေသးသည္။ သို႔ေသာ္ျငား သယ္ထားရသည့္ပစၥည္းမ်ားမွာ ေလးသည့္အတြက္ တစ္ခ်က္ေတြးၾကည့္ရင္း ဖုကြၽမ့္ထံ မက္ေဆ့ပို႔လိုက္သည္။
[ အစ္မ ကားထဲမွာေစာင့္ေနမယ္ ]
ထို႔ေနာက္ ကားပါကင္ဆီသို႔ ေလွ်ာက္လာလိုက္သည္။
ဌာနပိုင္အင္တာဗ်ဴးကားရပ္ထားသည့္ေနရာကို ရွာေတြ႕ၿပီးေနာက္ ထိုေနရာသို႔ေလွ်ာက္သြားမည့္အခ်ိန္တြင္ ေက်ာေပၚတြင္လြယ္ထားသည့္အိတ္မွာ အေနာက္ဘက္မွ႐ုတ္တရက္ေဆာင့္ဆြဲခံလိုက္ရေတာ့သည္။ မျပင္မဆင္ထားမိသည့္အတြက္ ဆြဲေခၚသည့္ေနာက္သို႔ သုံးေလးလွမ္းယိုင္က်သြားခဲ့ကာ စူးစူးရဲရဲျပန္စိုက္ၾကည့္လိုက္လွ်င္ မႈန္ေဝေဝမ်က္ႏွာထားႏွင့္ ခ်ယ္ရွင့္ဒယ္အား ထပ္၍ေတြ႕လိုက္ရေတာ့သည္။
"ေနာက္ဆုံးေတာ့ မင္းနဲ႕ ထိပ္တိုက္ဆုံရၿပီပဲ"
ခ်ယ္ရွင့္ဒယ္က ၿပီတီတီၿပဳံးေနရင္း သူမ ႐ုန္းကန္ပစ္လိုက္ျခင္းေၾကာင့္ သူ ဆြဲကိုင္ထားသည့္အားလည္း ေလ်ာ့သြားခဲ့၏။
"မင္းက တကယ္ကိုတတ္နိုင္တာပဲ ၊ ငါ တစ္ေန႕ကိုတစ္ေခါက္ ေန႕တိုင္းလာတယ္ ၊ တစ္ခါမွ မင္းကိုမျမင္မိဘူး ၊ ဦးေလးကို ဒီေလာက္ထိေရွာင္ေနစရာမလိုပါဘူးေလ....ဟုတ္တယ္မလား"
ဝိန္းရိဖန္ ေခါင္းေမာ့ၿပီး ေစာင့္ၾကည့္ကင္မရာအား တစ္ခ်က္လွမ္းၾကည့္လိုက္၏။
"ကြၽန္အ အရင္ကေျပာခဲ့တာေတြက မရွင္းေသးလို႔လား"
"မင္းေျပာခဲ့တဲ့စကားေတြလား"
ခ်ယ္ရွင့္ဒယ္က ဤတစ္ႀကိမ္တြင္ သူမႏွင့္အပိုစကားမ်ိဳးဆိုခ်င္ပုံမရဘဲ ရည္႐ြယ္ခ်က္အား ရွင္းရွင္းလင္းလင္းထုတ္ေျပာလာခဲ့၏။
"ျဖစ္တယ္ေလ ၊ ဒါဆို ငါလည္း ရွင္းရွင္းပဲေျပာမယ္ ၊ ငါတို႔နဲ႕ ေဝးေဝးေနခ်င္တာမလား ၊ မရတာမဟုတ္ဘူး ရတယ္ ၊ မင္း အရင္ဆုံး ငါ့ကို ယြမ္တစ္ေသာင္းေပး"
"...."
"အရင္တစ္ေခါက္တုန္းက မင္းေယာက္်ား ငါ့ဆီကေန ၿခိမ္းေျခာက္ၿပီးယူသြားတဲ့ေငြကို ျပန္ေပး ၊ မဟုတ္ရင္ေတာ့ ငါတို႔ႏွစ္ေယာက္လုံး ဘယ္သူမွေကာင္းေကာင္းေနလို႔မရေစရဘူး"
မၾကားလိုက္သည့္အလား ဝိန္းရိဖန္က ထိုလူအားအေရးမစိုက္ဘဲ လွည့္ထြက္လာခဲ့လိုက္၏။
အခ်ိန္တိုင္းလိုလို မျမင္ရသည့္ေလထုသဖြယ္ ဆက္ဆံခံေနရျခင္းေၾကာင့္ ခ်ယ္ရွင့္ဒယ္က ပို၍ေဒါသထြက္လာကာ လုံးဝစိတ္မရွည္ေတာ့ေပ။ သူ႕အမူအရာက ပို၍ခက္ထန္လာၿပီး ဝိန္းရိဖန္ လြယ္ထားသည့္ေဘးအိတ္အား ႐ုတ္ခ်ည္းေဆာင့္ဆြဲလိုက္ေတာ့၏။
"မင္းေမ!....ငါက မင္းကိုမ်က္ႏွာသာေပးေနေပမယ့္ မင္းရဲ႕ဟိုေသာက္႐ူးလိုေယာက္်ားက ငါ့ကို မ်က္ႏွာသာမေပးဘူး! အခု မင္းကပါ ငါ့ကို မ်က္ႏွာသာမေပးဘဲေနရဲတယ္ေပါ့!"
ဝိန္းရိဖန္၏အိတ္မွာ ဆြဲလိုက္သည့္အရွိန္ေၾကာင့္ၿပဲထြက္ၿပီး ထိုလူ၏လက္ထဲေရာက္သြားခဲ့၏။
ထို႔ေနာက္ ခ်ယ္ရွင့္ဒယ္က သူမအား ေနာက္တစ္ႀကိမ္ ခပ္ျပင္းျပင္းေဆာင့္တြန္းပစ္ကာ မေက်နပ္ခ်က္မ်ားကို ထုတ္ေဖာ္လာေတာ့သည္။
"မင္းေမငါ-ိုး! အပ်က္မ! ပိုက္ဆံရွိတဲ့ေကာင္ေပၚတက္နိုင္တာနဲ႕ပဲ လာေမာက္မာျပေနတာေပါ့ ဟုတ္လား!"
ဝိန္းရိဖန္၏ေျခလွမ္းမ်ားက အထိန္းအခ်ဳပ္မဲ့ေနာက္ဆုတ္သြားခဲ့ရ၏။ အေနာက္ဘက္တြင္ အလွဆင္ထားသည့္ၿခဳံႏြယ္ပန္းပင္မ်ားစြာရွိကာ ထိုထဲသို႔လွဲသြားသည့္အခိုက္ ကိုင္းခက္ဆူးခြၽန္မ်ားက သူမ၏ေပါင္ေပၚသို႔ ထိုးစိုက္လာေတာ့၏။ နာက်င္မႈေၾကာင့္ ညည္းလိုက္မိသလို ခႏၶာကိုယ္ဟန္ခ်က္ကိုထိန္းၿပီး ငုံ႕ၾကည့္လိုက္၏။
သူမ၏ေပါင္ေပၚ၌ ေသြးမ်ားထြက္ႏွင့္ေနၿပီပင္။
ခ်ယ္ရွင့္ဒယ္ အေရွ႕သို႔ထပ္လွမ္းလာမည္အျပဳတြင္။
ဖုန္းသြားယူသည့္ ဖုကြၽမ့္က ျပန္ေရာက္လာေလၿပီး အေျခအေနကိုလွမ္းျမင္လိုက္ရျခင္းေၾကာင့္ ေဒါသတႀကီးျဖင့္ ေျပးဝင္လာေတာ့၏။
"ေဝ့! ဘာလုပ္ေနတာလဲ ခင္ဗ်ား!"
အျခားသူက ေရာက္လာျခင္းေၾကာင့္ ခ်ယ္ရွင့္ဒယ္၏ေတြးေတာနိုင္စြမ္းလည္း ျပန္ကပ္သြားခဲ့ပုံရသည္။ သူက စုတ္တစ္ခ်က္သပ္ကာ ဝိန္းရိဖန္က ၿခိမ္းေျခာက္သလိုတစ္ခ်က္စိုက္ၾကည့္လာၿပီး သူမ၏အိတ္ကိုယူ၍ ထြက္သြားရန္ျပင္လိုက္သည္။
ဖုကြၽမ့္က တစ္ဖက္ကလည္း ရဲကိုအေၾကာင္းၾကားရန္ျပင္ေနၿပီး တစ္ဖက္ကလည္း ထိုလူ၏လက္ကိုဆြဲဖမ္းထား၏။ ထို႔အျပင္ မေနနိုင္ေအာင္လည္း ရိုင္းစိုင္းလိုက္ေသး၏။
"ငါ-ူး လုယက္ေနတဲ့အျပင္ လူကိုပါထိရဲေသးတယ္လား ၊ အခ်ဳပ္ထဲပို႔ျပမွာကို ေစာင့္ေနစမ္း! ေသာက္႐ူး!"
ခ်ယ္ရွင့္ဒယ္ ;
"မင္းပဲ အခ်ဳပ္ထဲသြား! ငါ့တူမပစၥည္း ငါ ယူတာကို လုတယ္လို႔မေခၚဘူး!"
"ဖုကြၽမ့္ ၊ ရဲေတြေျဖရွင္းလိမ့္မယ္"
ဝိန္းရိဖန္က ခပ္မတ္မတ္ျပန္ရပ္လိုက္၍ ;
"သက္ေသအေထာက္အထားရွိေနတာမလို႔ သူ ေျပးသြားလည္းဘာမွမျဖစ္ဘူး"
"...."
ခ်ယ္ရွင့္ဒယ္မွာ တုံ႕ခနဲျဖစ္သြားရင္း ေဘးနားရွိေစာင့္ၾကည့္ကင္မရာကိုလည္း သတိထားမိသြားခဲ့၏။
"ငါ အျပင္လူတစ္ေယာက္ရဲ႕ပစၥည္းကိုယူေနတာမွမဟုတ္တာ ၊ ရဲကိုအေၾကာင္းၾကားေတာ့ေရာ အသုံးဝင္မွာမလို႔လား ၊ ရဲေတြကေရာ ဒီလိုမ်ိဳး အိမ္တြင္းေရးျပႆနာအေသးအဖြဲေလးကို လိုက္ေျဖရွင္းေပးေနဖို႔ အခ်ိန္ရွိမွာတဲ့လား"
ဝိန္းရိဖန္ ;
"ရတယ္ေလ ေစာင့္ၾကည့္ၾကတာေပါ့"
ဤမေတာ္တဆေၾကာင့္ ဝိန္းရိဖန္၏အင္တာဗ်ဴးအလုပ္အား အျခားလုပ္ေဖာ္ကိုင္ဖက္တစ္ဦးက တာဝန္ယူေပးလိုက္သည္။ သူမက ေန႕တစ္ဝက္ခြင့္ယူၿပီး ေရာက္လာၾကသည့္ရဲအရာရွိမ်ားႏွင့္အတူ လိုက္သြားခဲ့၏။ ဒါရိုက္တာထံမွလည္း သူမ၏ကိစၥကိုဂ႐ုစိုက္စိတ္ပူေပးေနသည့္အေၾကာင္းအား သတင္းပို႔ရန္ ဖုကြၽမ့္ကို လႊတ္လာေပးေသးသည္။
ဝိန္းရိဖန္က အရင္ဆုံး ေဆး႐ုံသို႔သြားကာ ဒဏ္ရာအားစစ္ေဆးကုသမႈၿပီးမွ ရဲစခန္းသို႔မွတ္တမ္းေပးရန္ လိုက္သြားခဲ့ျခင္း ျဖစ္သည္။
သိပ္မၾကာလိုက္ပါဘဲ ခ်ယ္ယန့္ခ်င္က ရဲစခန္းမွဖုန္းဆက္ေခၚျခင္းေၾကာင့္ အေလာတလ်င္ေရာက္လာပါေတာ့၏။ ဝိန္းရိဖန္ကိုျမင္လိုက္သည္ႏွင့္ အေျခအေနကိုလည္း ခ်က္ခ်င္းနားလည္လိုက္သည္။
"ရဲအရာရွိႀကီး ဒါကို ဘယ္လိုလုပ္ၿပီး အမႈဖြင့္မွာလဲ ၊ ဒီကိစၥက လုယက္မႈလို႔ေတာင္ သတ္မွတ္လို႔ရလို႔လား"
ခ်ယ္ယန့္ခ်င္မွာ အေျပာအဆိုမတတ္လွသျဖင့္ ျပန္ေျဖေပးေနရသည့္ ရဲအရာရွိမွာ စိတ္မရွည္ေခ်။
"ဘာလို႔ သတ္မွတ္လို႔မရ,ရမွာလဲ ၊ လူသက္ေသေရာ ပစၥည္းသက္ေသေရာရွိတယ္ ၊ အမႈဖြင့္လို႔ရတယ္"
"ကြၽန္မတို႔က ေဆြမ်ိဳးေတြေလ! ဒီတစ္ေယာက္က ကြၽန္မရဲ႕တူမေလး ရွင့္မွာ မိသားစုမရွိလို႔လား ၊ မိသားစုဝင္ရဲ႕ပစၥည္းယူတာကို လုတယ္လို႔သတ္မွတ္ၾကလို႔လား!"
ရဲအရာရွိ၏မ်က္ႏွာက်ဳံ႕လိုက္၍ ;
"စကားကို သတိထားၿပီးေျပာပါ"
ဝိန္းရိဖန္က ဆူညံေနမႈႀကီးထဲ လုံးဝဝင္မစြက္ဖက္ ၊ အေရွ႕တြင္ထိုင္ေနသည့္ ရဲအရာရွိကိုသာ တည္တည္ၿငိမ္ၿငိမ္ျဖင့္ လွမ္းၾကည့္ေနၿပီး ;
"ဒီတစ္ေယာက္က ကြၽန္မ ဘႀကီးရဲ႕အမ်ိဳးသမီး ၊ ဒါေပမယ့္ ကြၽန္မတို႔ခ်င္းမရင္းႏွီးၾကဘူး"
"...."
"ၿပီးေတာ့...."
ဝိန္းရိဖန္က တစ္ခဏရပ္လိုက္ၿပီးမွ ဆက္၍ ;
"ခ်ယ္ရွင့္ဒယ္က ကြၽန္မကို အႏွောင့္အယွက္လိုက္ေပးေနတာလည္း ၾကာလွပါၿပီ ၊ ဒီတစ္ခုကိုေရာ ေပါင္းၿပီးအမႈဖြင့္ေပးလို႔ရမလား ၊ သက္ေသအေထာက္အထားလိုရင္ ကြၽန္မအလုပ္လုပ္ေနတဲ့ကုမၸဏီရဲ႕ေစာင့္ၾကည့္ကင္မရာေတြထဲမွာ စစ္ၾကည့္လို႔ရပါတယ္"
---------
ႏႈတ္ျဖင့္သက္ေသထြက္ဆိုျခင္းအျပင္ အျခားေသာလုပ္ငန္းေဆာင္တာအရပ္ရပ္၌ ပူးေပါင္းေပးၿပီးသည့္ေနာက္တြင္ေတာ့ ဝိန္းရိဖန္ အိမ္သို႔တိုက္ရိုက္ျပန္လာခဲ့လိုက္သည္။ ေရခ်ိဳးလိုက္ခ်င္ေသာ္လည္း ဒဏ္ရာေရစိုမည္စိုး၍ ေခါင္းေလွ်ာ္ၿပီး ကိုယ္လက္သန့္စင္႐ုံသာ လုပ္နိုင္လိုက္၏။
ေျခေထာက္ေပၚရွိ ျခစ္ရာရွရာမ်ားအား ေဆးလိမ္းၿပီးေနာက္တြင္ေတာ့ ေဘာင္းဘီရွည္တစ္ထည္ ဝတ္ထားလိုက္သည္။
အိပ္ရာေပၚလွဲအိပ္ရင္း အိမ္ျပန္ေရာက္ႏွင့္ေနသည့္အေၾကာင္းကိုလည္း စန္းရန္ထံ မက္ေဆ့ပို႔ထား၏။ မနက္ျဖန္၌ စန္းရန္က ယီဟယ္သို႔သြားမည္ျဖစ္သည့္အတြက္ website ထဲဝင္ၿပီး ဟိုတယ္တစ္ခ်ိဳ႕ရွာထားေပးလိုက္သည္။ ၾကည့္ေနရင္း တျဖည္းျဖည္းႏွင့္အိပ္ငိုက္လာခဲ့ကာ အိပ္ေပ်ာ္ခါနီးတြင္ေတာ့ အမွတ္မဲ့ၾကားလိုက္ရသည္မွာ အိမ္တံခါးဝမွ လႈပ္ရွားသံတစ္ခ်ိဳ႕။
ဝိန္းရိဖန္ ခ်က္ခ်င္း မ်က္လုံးဖြင့္လိုက္ၿပီး အိပ္ခ်င္ေနသည့္စိတ္ႏွင့္စန္းရန္ ၾကား ဗ်ာမ်ား၍႐ုန္းကန္လိုက္ကာ ေနာက္ဆုံးတြင္ အိပ္ရာထဲမွထၿပီး အျပင္ထြက္လာလိုက္ေတာ့သည္။
ဧည့္ခန္းထဲသို႔ ေရာက္လွ်င္ေရာက္ခ်င္း တံခါးဝရွိ စန္းရန္ကို လွမ္းျမင္လိုက္ရ၏။
စန္းရန္က မ်က္ခုံးပင့္ျပ၍ ;
"ဒီေန႕ ေစာတယ္ေနာ္"
ဝိန္းရိဖန္ ဆိုဖာထက္၌ဝင္ထိုင္လိုက္သည္။
"အင္း ၊ အင္တာဗ်ဴးၿပီးေတာ့ ဘာမွလုပ္စရာမရွိေတာ့လို႔ ေစာေစာျပန္လာလိုက္တာ"
စန္းရန္က အိမ္ေနရင္းဖိနပ္ပါးကိုလဲစီးၿပီး သူမ ဝတ္ထားသည့္ေဘာင္းဘီရွည္ကိုလည္း သတိထားမိရင္း ေဘး၌ဝင္ထိုင္လိုက္၍ ;
"ႏြေရာသီႀကီး အိမ္မွာေနေနတာေတာင္ ဘာလို႔ေဘာင္းဘီရွည္ဝတ္ထားတာလဲ"
ဝိန္းရိဖန္က မ်က္လႊာခ်ရင္း အလိုလိုလိမ္မိလိုက္၏။
"ဓမၼတာလာေနတာ ၊ ေလေအးေပးစက္ဖြင့္ထားရေတာ့ ေအးလို႔"
စန္းရန္ ;
"မင္း ဒီလေစာတယ္ေနာ္"
"...."
ဝိန္းရိဖန္ ေၾကာင္အမ္းသြားရင္း ;
"အာ....အင္း....ပုံမွန္မရွိဘူး"
"ဒါဆို ညအိပ္တဲ့ခ်ိန္က်ရင္ ေလေအးေပးစက္မဖြင့္ထားနဲ႕"
စန္းရန္က ထုံးစံအတိုင္း သူမအား သူ႕ရင္ခြင္ထဲဆြဲထည့္လိုက္ၿပီး လက္တစ္ဖက္က သူမ၏ဗိုက္ေပၚသို႔တင္လာခဲ့၏။
"နာေနေသးလား"
ဝိန္းရိဖန္ သူ႕မ်က္ႏွာကိုစိုက္ၾကည့္ေနမိရင္း ႐ုတ္တရက္ စကားမဆိုနိုင္ေတာ့ေခ်။ စကားလမ္းေၾကာင္းကိုလႊဲလိုက္ကာ အသံမွာလည္း ခပ္တိုးတိုးေလးသာျဖစ္၏။
"မနက္ျဖန္ ယီဟယ္ကို သြားမွာမလား ၊ ပစၥည္းေတြ ျပင္ေတာ့ေလ"
စန္းရန္က ၿပဳံးေနရင္း စကားဆိုလာခဲ့သည္။
"ျပင္စရာ ဘာပစၥည္းရွိမွာမလို႔လဲ"
"မနက္ျဖန္သြားမယ့္ေလယာဥ္က ည ၈နာရီခြဲမလား ၊ ဒါဆို နင္ အလုပ္ဆင္းရင္ ငါ့ကုမၸဏီဘက္ကို တစ္ေခါက္ဝင္ခဲ့ ၊ ငါ နင့္ကို ေလဆိပ္ထိလိုက္ပို႔ေပးၿပီးရင္ ကားကို ငါ ေမာင္းျပန္လိုက္မယ္"
"အင္း"
စန္းရန္က ေခါင္းငုံ႕လာရင္း ခပ္ႏြေးႏြေးလက္ဖဝါးမ်ားကလည္း သူမ၏ဗိုက္ေပၚတင္ထားေသး၍ စကားဆိုလာခဲ့သည္။
"ခဏေနက်ရင္ မင္းအတြက္ သၾကားရည္လုပ္ေပးမယ္ ၊ ေသာက္ၿပီးမွအိပ္"
ဝိန္းရိဖန္က သူ ငုံ႕ၾကည့္ေနသည့္ေနရာမွ ေခါင္းေရွာင္လိုက္၏။
"မလိုပါဘူး"
"ဘာကို မလိုတာလဲ ၊ ညသန္းေခါင္ႀကီးက်မွ ဗိုက္နာလို႔ဆိုၿပီး ကိုယ္အိပ္ေနတာကို လာႏွောင့္ယွက္မွာေၾကာက္တယ္"
"...."
------
ေနာက္တစ္ေန႕ ေန႕လည္ခင္းတြင္။
႐ုံးခန္းထဲမွထြက္လာၿပီး စန္းရန္က သန့္စင္ခန္းထဲဝင္လာခဲ့သည္။ ေဘာင္းဘီဇစ္ကို ေအာက္ဆြဲၿပိးလိုက္ခ်င္းတြင္ပင္ ေဘးနားမွ အေပါ့သြားေနသည့္ေယာက္်ားက လွမ္းႏႈတ္ဆက္လာ၏။
"စန္းရန္ ၊ မင္းလည္း သန့္စင္ခန္းထဲလာတာလား"
"....."
စန္းရန္ ေဘးတိုက္လွမ္းၾကည့္လိုက္လွ်င္ ျမင္လိုက္ရသည္မွာ 'ရွန့္လန္'၏မ်က္ႏွာ။
"မင္းမွာ ကိစၥရွိလို႔လား"
"မေတြ႕ျဖစ္တာေတာင္ ၾကာၿပီမလား ၊ ဒီအတိုင္း ႏႈတ္ဆက္လိုက္တာပါ ၊ ငါတို႔က ကုမၸဏီတစ္ခုတည္းဆိုေပမယ့္ ေတြ႕မွမေတြ႕ျဖစ္ၾကတာ"
စန္းရန္က အေရးမလုပ္ေပ။
ရွန့္လန္ကလည္း စန္းရန္၏အက်င့္ကို အာ႐ုံစိုက္မေနဘဲ ရယ္စရာေကာင္းေနသည္ဟုပင္ေတြးေန၍ ;
"မင္း ဘာျဖစ္လို႔ ငါ့ကို အၿမဲတမ္း ဒီလိုပုံစံမ်ိဳးလုပ္ျပေနတာလဲ ၊ ဒီလိုလုပ္ေနတာ အထက္တန္းေက်ာင္းကတည္းကပဲေနာ္"
စန္းရန္က သူ႕အားတစ္ခ်က္လွမ္းၾကည့္လိုက္ကာ ;
"မင္းပုံစံက အရမ္းအျမင္ကတ္စရာေကာင္းေနလို႔"
"....."
ကိစၥၿပီးသည္ႏွင့္ စန္းရန္က တစ္ဖက္သို႔လွည့္ ၊ လက္ေဆးကန္ဘက္သို႔ ေလွ်ာက္လာ၏။
"မင္း ဒီလိုမ်ိဳးလုပ္ျပေနစရာမလိုပါဘူးကြာ ၊ ငါနဲ႕ ရိဖန္နဲ႕က ဒီအတိုင္း သူငယ္ခ်င္းေတြ ၊ မင္း ငါ့ကို ျပစ္မွတ္ထားၿပီးေတးေနတာ ဘယ္ေလာက္ေတာင္ၾကာေနၿပီမလို႔လဲ"
ရွန့္လန္က စန္းရန္၏အေနာက္ဘက္မွ လိုက္သြားရင္း စကားေျပာေနသည့္အခ်ိန္ တစ္စုံတစ္ရာကိုလည္း ေတြးေနသည့္ဟန္ျဖင့္ ;
"ဒါနဲ႕....ငါ အရင္တစ္ေခါက္တုန္းကေျပာတဲ့ ရိဖန္နဲ႕အတူတူ ယီဟယ္တကၠသိုလ္ကိုတက္ဖို႔ ခ်ိန္းထားတယ္ဆိုတဲ့ကိစၥက တကယ္ေတာ့ ေလွ်ာက္ေျပာတာပါ"
ဤစကားကိုၾကားသည့္အခါ စန္းရန္ ျဖည္းျဖည္းခ်င္း ေခါင္းေမာ့ၾကည့္လာသည္။
"အဲ့တုန္းက ငါ မင္းကိုစိတ္မၾကည္ေအာင္ တမင္လိုက္လုပ္ေနတာ ၊ ဒါေပမယ့္ မင္းဘက္က ဘာမွမတုံ႕ျပန္လာေတာ့ ပ်င္းဖို႔ေကာင္းသြားတယ္ေလ ၊ ၿပီးခဲ့တာေတြလည္းၾကာလွၿပီမလို႔ အျပစ္ခံယူတဲ့အေနနဲ႕ အရက္ေသာက္စရာေတာ့မလိုေတာ့ဘူးမလား"
ရွန့္လန္က ေရပိုက္ေခါင္းကိုဖြင့္ရင္း ၿပဳံးျပလာခဲ့၏။
"မင္း ဒီကိစၥအတြက္နဲ႕ေတာ့ ရိဖန္ကို ေဒါသထြက္မေနနဲ႕ဦး"
စန္းရန္က ႏွာတစ္ခ်က္သာမႈတ္လိုက္၏။
ရွန့္လန္က စန္းရန္ကို လွမ္းၾကည့္ေနရင္း စိတ္ထဲ၌လည္း ဤႏွစ္ေယာက္က ႏွစ္ေတြအေတာ္ေလး ၾကာသြားၿပီးသည့္ေနာက္မွ အတူတူရွိသြားခဲ့ကိစၥအား အထူးအဆန္းလိုျဖစ္ေနရ၏။
"အမွန္တိုင္းေျပာရရင္ ဟိုးအရင္တုန္းက ငါ အၿမဲတမ္းထင္ထားခဲ့တာ....မင္း ရိဖန္ကို လိုက္ပိုးပမ္းလို႔ရေတာ့မယ္လို႔ေလ"
"...."
"ဒါေပမယ့္ ကံၾကမၼာက မင္းဘက္မွာ ရွိမေနခဲ့ဘူး ၊ ငါထင္တာေတာ့ အကယ္၍ ရိဖန္သာ သူ႕ဘႀကီးတို႔နဲ႕ ေပယြီကို လိုက္မေျပာင္းသြားရရင္ မင္းတို႔ႏွစ္ေယာက္ ဟိုးအရင္ကတည္းက အတြဲေတြျဖစ္ေနေလာက္ၿပီ"
စန္းရန္၏မ်က္ဝန္းမ်ား တုံ႕ခနဲရပ္သြားခဲ့၏။
"ဘႀကီး...."
"ဟုတ္တယ္ေလ"
"သူက သူ႕အဘြားနဲ႕ ေနတာမဟုတ္ဘူးလား"
"မဟုတ္ပါဘူး ၊ အစကေတာ့ သူ႕အဘြားအိမ္မွာေနတာဟုတ္ေပမယ့္ ခဏေလးပဲ ၊ ေနာက္ပိုင္းေတြက သူ႕ဘႀကီးအိမ္မွာပဲ ေနခဲ့တာ"
အခ်ိန္ၾကာၾကာ စကားေျပာေနခဲ့ျခင္းေၾကာင့္ ရွန့္လန္က ဆက္မဆိုေတာ့ဘဲ အျပင္ဘက္သို႔ထြက္လာလိုက္ေတာ့၏။
"ငါ သြားၿပီ ၊ အလုပ္ေတြရွိေသးတယ္"
စန္းရန္က ေနရာ၌ရပ္ေနဆဲ ၊ မ်က္လႊာခ်ထားေသာေၾကာင့္ မည္သည့္အရာကိုေတြးေနမွန္း မခန့္မွန္း၍မရနိုင္ေခ်။
---------
ေျခာက္နာရီထိုးသည့္အခါ စန္းရန္က ကုမၸဏီမွ အခ်ိန္အတိအက်ထြက္လာခဲ့ၿပီး နန္းဝူ႐ုပ္ျမင္သံၾကားႏွင့္သတင္းဌာန အေဆာက္အဦးေအာက္သို႔ ေရာက္လာခဲ့သည္။ ကားရပ္၍အဆင္ေျပမည့္ေနရာ၌ ရပ္ထားလိုက္ကာ မွန္ျပတင္းကိုခ် ၊ ဝိန္းရိဖန္ထံ မက္ေဆ့ပို႔လိုက္၏။
[ ေရာက္ၿပီ ]
ဝိန္းရိဖန္ ခ်က္ခ်င္းစာျပန္လိုက္၏။
[ ခ်က္ခ်င္းဆင္းလာခဲ့မယ္ ၊ ခဏေလးပဲေစာင့္ ]
စန္းရန္၏လက္ေခ်ာင္းထိပ္မ်ားက ျပတင္းေပါက္ေဘာင္အား တေတာက္ေတာက္ေခါက္ေနရင္း ရွန့္လန္ ေျပာသြားသည့္စကားမ်ားေၾကာင့္လည္း အနည္းငယ္စိတ္လြင့္ေနခဲ့သည္။
အထက္တန္းေက်ာင္းတုန္းက ဝိန္းရိဖန္ဟာ သူမ၏ဘႀကီးအိမ္၌ေနခဲ့သည့္အေၾကာင္း။ သို႔ေသာ္ သူ႕ကိုေျပာျပထားခဲ့သည္မွာ အဘြားႏွင့္အတူတူေနသည္ဟူ၍ပင္။ သူမ၏ အႏွီ'ဦးေလး' ဟုေခါင္းစဥ္တပ္ေနသည့္လူဟာ ဘႀကီးအမ်ိဳးသမီး၏ေမာင္။ တကၠသိုလ္ဝင္တန္းစာေမးပြဲေအာင္စာရင္းထြက္သည့္ေန႕က သူ ေပယြီသို႔သြားၿပီး သူမကိုရွာသည့္အခ်ိန္ ထို'ဦးေလး'ဆိုသည့္လူက သူမကို လိုက္ႏွောင့္ယွက္ေနသည္ႏွင့္ ထိပ္တိုက္ဆုံခဲ့ဖူးကာ သူမကိုယ္တိုင္က ထိုလူကို မသိေၾကာင္း ျငင္းခဲ့ပါေသးသည္။
ထပ္၍ ဤကာလမ်ားအတြင္း ဝိန္းရိဖန္ ထိုလူႏွင့္ေတြ႕ၿပီးသည့္အခါ ျဖစ္သြားသည့္အမူအရာ အေျခအေနတို႔ကို ေပါင္းၾကည့္လိုက္သည့္အခါ......
စန္းရန္၏ႏႈတ္ခမ္းပါးက တျဖည္းျဖည္းႏွင့္ေျဖာင့္တန္းလာၿပီး သူ မယုံၾကည္ရဲသည့္ခန့္မွန္းခ်က္တစ္ခုက ဦးႏွောက္ထဲတျဖည္းျဖည္းေပၚလာေလေတာ့၏။ သူ ဆက္မေတြးရဲေတာ့သျဖင့္ တစ္ဖက္သို႔လွည့္လိုက္ၿပီး စီးကရက္ဘူးကိုလွမ္းယူလိုက္၏။
ဤအခိုက္အတန့္တြင္ တစ္စုံတစ္ေယာက္၏လွမ္းေခၚသံအား ႐ုတ္တရက္ၾကားလိုက္ရ၏။
"စန္းရန္ေကာ!"
အသံၾကားသည့္အတိုင္း စန္းရန္လည္း လွည့္ၾကည့္လိုက္၏။ တစ္ဖက္လူမွာ ဖုကြၽမ့္။
ဖုကြၽမ့္က အနားသို႔ေလွ်ာက္လာၿပီး မွန္ေဘာင္ေပၚလက္တင္ထားကာ အလြန္တရာရင္းႏွီးေနသည့္ဟန္ျဖင့္ ;
"အစ္ကို....ရိဖန္က်ဲကိုလာႀကိဳတာလား"
စန္းရန္က ဖုကြၽမ့္ႏွင့္ သုံးေလးႀကိမ္ဆုံဖူးေသာ္လည္း လက္ရွိအခ်ိန္၌ အမွန္တကယ္ကို စကားေျပာခ်င္စိတ္မရွိသျဖင့္ ေခါင္းသာၿငိမ့္ျပလိုက္သည္။
"အစ္ကိုကေတာ့ တကယ္ကို အေကာင္းဆုံးခ်စ္သူေကာင္ေလးပဲ"
ဖုကြၽမ့္က စန္းရန္၏ပုခုံးအား ႏွစ္သိမ့္သလိုလွမ္းပုတ္လိုက္၍ ;
"ဒါေပမယ့္ အခုတေလာေတာ့ အစ္ကို သိပ္ၿပီးစိတ္ပူေနဖို႔မလိုပါဘူး ၊ ဟိုအက်င့္မေကာင္းတဲ့လူက အခု ရဲစခန္းမွာထိန္းသိမ္းခံထားရတယ္ေလ ၊ ေလာေလာဆယ္ ဘာျပႆနာမွျဖစ္မွာမဟုတ္ဘူး"
"...."
စန္းရန္က တစ္ဖက္သို႔လွည့္ၾကည့္လိုက္၏။
"အက်င့္မေကာင္းတဲ့လူ...."
"အင္းေလ ၊ ႐ြံ႕စရာေကာင္းၿပီးရိုင္းတဲ့လူ ၊ ေျပာလာတဲ့စကားေတြက ကြၽန္ေတာ့္လိုဘာမွမဆိုင္တဲ့လူေတာင္ နားေထာင္ရင္း ေဒါသထြက္လြန္းလို႔"
ဖုကြၽမ့္က ေျပာျပေနရင္း ေဒါသထြက္လာျပန္၍ ;
"တစ္ခ်ိန္လုံး ရိဖန္က်ဲကို သူ႕တူမပါဆိုၿပီး လိုက္ေျပာေနတာေလ ၊ ဒီအေတာအတြင္းမွာလည္း အၿမဲတမ္း ဌာနကိုပဲလာေနတာ ၊ မေန႕ကေတာင္ ျပႆနာရွာလို႔ ရဲစခန္းေရာက္သြားေသးတယ္"
စန္းရန္၏အသံတို႔မွာ တျဖည္းျဖည္းျဖင့္ တိုးဖ်လာခဲ့၏။
"ရဲစခန္းေရာက္သြားတယ္"
ဖုကြၽမ့္က ေခါင္းၿငိမ့္ျပ၏။
"ရိဖန္က်ဲက အဲ့လူ တြန္းတာခံလိုက္ရလို႔ ေျခေထာက္ဒဏ္ရာရၿပီး ေသြးေတြအမ်ားႀကီးထြက္လာတာ ၊ ၾကည့္ရတာ အရမ္းနာမယ့္ပုံပဲ"
သည္အထိေျပာၿပီးသြားမွ ဖုကြၽမ့္က ထူးဆန္းေနသည့္တစ္စုံတစ္ရာကို ခံစားမိလိုက္ေတာ့၏။
"စန္းရန္ေကာ.....အစ္ကို မသိဘူးလား ၊ ရိဖန္က်ဲက အစ္ကို႔ကိုမေျပာျပရေသးဘူးလား"
စန္းရန္က လက္ထဲတြင္ကိုင္ထားသည့္ စီးကရက္ကိုကစားေနရင္း သုံးေလးစကၠန့္ၾကာၾကာ တိတ္ဆိတ္ေနခဲ့သည္။
"ေျပာျပထားတယ္"
-----
စန္းရန္၏ေလယာဥ္ခ်ိန္ ေနာက္က်မည္စိုးေသာေၾကာင့္ ဝိန္းရိဖန္က အခ်ိန္ဆြဲမေနေတာ့ဘဲ မက္ေဆ့ရရၿပီးခ်င္း ထြက္လာခဲ့သည္။ ဌာနေအာက္သို႔ေရာက္သည္ႏွင့္ စန္းရန္၏ကားကို ရပ္ေနက်ေနရာ၌ေတြ႕လိုက္ရသည္။ ထိုအခါ ကားထဲဝင္ထိုင္လိုက္ရင္း ;
"ငါ ေမာင္းေပးရမလား"
စန္းရန္ ;
"ရတယ္"
သူ စကားထပ္မဆိုေတာ့ဘဲ တန္း၍ကားစက္ႏွိုးလိုက္သည္။
ဝိန္းရိဖန္က ေခါင္းၿငိမ့္ျပၿပီး လက္ကိုင္ဖုန္းကိုထုတ္လာ၍ ;
"ဒါနဲ႕....ငါ မေန႕ညက နင့္အတြက္ ဟိုတယ္ေတြရွာေပးထားတယ္ ၊ အားလုံးက ယီဟယ္တကၠသိုလ္နဲ႕နီးတဲ့ဟာေတြပဲ ၊ အခုရာသီက ႏြေရာသီပိတ္ရက္ဆိုေတာ့ အဲ့မွာရွိတဲ့ ဟိုတယ္ေတာ္ေတာ္မ်ားမ်ား ေနရာေတြလြတ္ေနတာ ၊ အခန္းယူဖို႔က မေလာလည္းရတယ္ ၊ ခဏေနက်မွ နင္ႀကိဳက္တဲ့တစ္ခုကိုေ႐ြးလိုက္ ၊ ငါ အခန္းယူေပးထားမယ္"
စန္းရန္၏ 'အင္း' ဆိုသည့္အသံတစ္ခု။
စန္းရန္ စကားနည္းေနေသာေၾကာင့္ ဝိန္းရိဖန္က သူ႕အား လွမ္းၾကည့္လိုက္ၿပီး စကားဆိုေတာ့မည့္အခိုက္တြင္ သြားရမည့္လမ္းခရီး၏ဦးတည္ခ်က္လြဲေနေၾကာင္း သတိထားမိလိုက္၏။
"နင္ လမ္းမွားေနတာလား ၊ ငါတို႔က အခု ေလဆိပ္ကိုသြားမွာေလ ၊ ဒါက အိမ္ျပန္ေနတဲ့လမ္းႀကီး"
စန္းရန္က အေရွ႕ကိုသာ ၾကည့္ေနၿပီး ေအးစက္စက္ျဖင့္ျပန္ေျဖလာသည္။
"အရင္ဆုံး အိမ္ကို တစ္ေခါက္ဝင္မလို႔"
"...."
ဝိန္းရိဖန္က ဘာျဖစ္ေနမွန္းမသိေသာေၾကာင့္ ခ်ိတုံခ်တဳံျဖင့္ ;
"တစ္ခုခုေမ့ခဲ့လို႔လား"
စန္းရန္၏ အထိုက္အေလ်ာက္ျပန္ေျဖလာသည့္ 'အင္း' တစ္ခြန္း။
ဝိန္းရိဖန္ ;
"ဒါဆို ငါတို႔ျမန္ျမန္ေလးသြားရေအာင္ ၊ နင္ ေလယာဥ္ခ်ိန္မမီဘဲေနလိမ့္မယ္"
စန္းရန္က စကားထပ္မဆိုလာေတာ့ေပ။
ဝိန္းရိဖန္ ;
"ဘာျဖစ္ေနတာလဲ"
စန္းရန္ဘက္မွ စကားမဆိုလာျခင္းေၾကာင့္ ဝိန္းရိဖန္က စိတ္ၾကည္လာေစမည့္စကားအခ်ိဳ႕ကို ေျပာျပေနပါေသးသည္။ တစ္ဖက္လူက စကားျပန္ေျပာခ်င္သည့္စိတ္မ်ိဳး လုံးဝရွိမေနေသာေၾကာင့္ သူမလည္း ေျဖးေျဖးခ်င္းစကားနည္းသြားခဲ့၏။
သူမ အနည္းငယ္စိုးရိမ္စျပဳလာသလို မၾကာခင္အခ်ိန္အတြင္း ေတာင္ၿပိဳမိုးၿပိဳလာေတာ့မည့္အေငြ႕အသက္မ်ိဳးကို ခံစားမိလာေတာ့သည္။
တစ္ေလွ်ာက္လုံးေမာင္းလာခဲ့သည္မွာ 'ရွန့္တုဟြားခ်န္'အိမ္ရာ၏ေျမေအာက္ကားပါကင္အထိ။
ကားေပၚမွဆင္းၿပီးေနာက္တြင္ေတာ့ စန္းရန္က ဝိန္းရိဖန္၏လက္ေကာက္ဝတ္ကိုဆြဲၿပီး ဓါတ္ေလွကားထဲဝင္လာခဲ့သည္။ သူ႕အရိပ္အေျခကိုလိုက္ၾကည့္ေနရင္း မည္သည့္ကိစၥမ်ိဳးျဖစ္ေနမွန္း မသိသည့္တိုင္ မေကာင္းသည့္အေငြ႕အသက္နမိတ္မ်ားကိုေတာ့ ခံစားမိေနၿပီပင္။
သူမဘက္မွ စိတ္ၾကည္လာမည့္စကားမ်ိဳး ေျပာၾကည့္ပါေသာ္ျငား စန္းရန္ တုံ႕ျပန္လာသည့္စကားသံမွာ တစ္ႀကိမ္တစ္ခါကမွ မေျပာမဆိုဖူးသည့္ ေအးတိေအးစက္ပုံစံမ်ိဳး။ သူ အထိုက္အေလ်ာက္ျပန္ေျဖေနသည့္စကားတစ္ခြန္းကလည္း သူမကို အရွက္မရေစခ်င္႐ုံသပ္သပ္သာျဖစ္ၿပီး စကားေျပာဆိုခ်င္သည့္ဆႏၵမ်ိဳးလုံးဝမရွိေပ။
ဆယ့္ေျခာက္လႊာသို႔ ေရာက္သည့္အခါ စန္းရန္က အိမ္ေသာ့ကိုထုတ္ၿပီး တံခါးဖြင့္လိုက္၏။
ႏွစ္ေယာက္သား အထဲဝင္လာခဲ့သည္။
ဝိန္းရိဖန္က အိမ္တံခါးနား၌သာရပ္ေနၿပီး ဖိနပ္မခြၽတ္ေတာ့ဘဲ ;
"နင္ အျမန္သြားယူ...."
စကားမဆုံးခင္ စန္းရန္က သူမအား ေပြ႕ခ်ီလိုက္ၿပီး ဖိနပ္စင္ေပၚ တင္လိုက္၍ ဗလာခ်ည္းသက္သက္စိုက္ၾကည့္ေနသည္မွာလည္း တစ္စုံတစ္ရာကို အတည္ျပဳေနသည့္အတိုင္း သူမ၏ေဘာင္းဘီရွည္အား တိုက္ရိုက္ဆြဲမတင္လိုက္ေတာ့၏။
"...."
ဝိန္းရိဖန္၏အမူအရာတို႔ တုံ႕ဆိုင္းသြားခဲ့ေတာ့သည္။
ေနာက္တစ္စကၠန့္တြင္ သူ႕အျပဳအမူေၾကာင့္ စိတ္မၾကည္ျဖစ္ေနရသည့္အေၾကာင္းအရင္းကို နားလည္သြားခဲ့၏။
ဝိန္းရိဖန္ သူ႕လႈပ္ရွားမႈတို႔အား အလိုလိုလွမ္းတားလိုက္ရာ.....
စန္းရန္၏တုံ႕ျပန္မႈက သူမထက္ ပို၍ျမန္ဆန္ေနၿပီး သူမ၏႐ုန္းကန္ေနသည့္အားကို မ်က္လုံးထဲပင္မထည့္။ သူ႕လက္တစ္ဖက္တည္းျဖင့္ သူမ၏လက္ႏွစ္ဖက္ကို ထိန္းကိုင္ထားၿပီး ေပါင္အရင္းနားေရာက္သည္အထိ ေဘာင္းဘီကိုဆက္၍ ဆြဲပင့္ေလသည္။
ျဖဴျဖဴေဖြးေဖြး ေျခေထာက္ေပၚ၌ မည္သည့္အနာအဆာမွမရွိ။
စန္းရန္က တစ္ခဏရပ္သြားၿပီး သူမအား တဖန္လွမ္းၾကည့္လာကာ ေနာက္ထပ္တစ္ဖက္အား စကားတစ္ခြန္းမဆိုဘဲ စ၍ဆြဲပင့္ေတာ့၏။
ဝိန္းရိဖန္ အမွန္တကယ္ကိုတုန္လႈပ္လာရသည့္တိုင္ သူ႕ခြန္အားကို ယွဥ္၍မ႐ုန္းနိုင္ေပ။
"စန္းရန္!"
သူမ၏ေပါင္နားသို႔ေရာက္သည္ႏွင့္ ဒဏ္ရာႀကီးတစ္ခုက ရွင္းရွင္းလင္းလင္းေပၚလာပါေတာ့၏။ ဒဏ္ရာထက္တြင္ ေသြးစမ်ားစြန္းထင္းေနဆဲ ၊ အနာမက်က္သည့္ဒဏ္ရာျဖစ္ေသာေၾကာင့္ ေဘးပတ္ပတ္လည္၌ နီရဲၿပီးေယာင္ေနေသးကာ ၾကည့္လိုက္႐ုံျဖင့္ ထိတ္လန့္စရာေကာင္းသည့္ဒဏ္ရာမ်ိဳးပင္။
ဤအခ်ိန္တြင္ စန္းရန္၏ေဒါသမ်ားက လုံးလုံးလ်ားလ်ား ေတာက္ေလာင္လာခဲ့ေလေတာ့၏။
မ်က္ဝန္းတစ္စုံကိုမွိတ္ခ်ကာ ေဒါသကိုထိန္းေနသည့္ပုံစံျဖင့္ ;
"ဘယ္လို ထိခိုက္မိထားတာလဲ"
****************