ပန်းတွေညိုးတဲ့ဒိုင်ယာရီ

By Noah-Gum

433 62 20

ကောင်းကင်ကသတ်မှတ်ပေးထားတဲ့ ကံကြမ္မာ ဆိုတာကိုယုံသလား။ နောက်ပြီးတော့ ချစ်ခြင်းမေတ္တာကိုရောယုံကြည်လား။ More

စာမျက်နှာ -၁
စာမျက်နှာ-၂
စာမျက်နှာ-၃
စာမျက်နှာ-၅

စာမျက်နှာ -၄

56 10 4
By Noah-Gum

အင်မတန်စကားတတ်ပြီး တီတီတာတာလေး
တွေပြောတတ်တဲ့ကလေးမို့ ထယ်ငြိမ်ကျသွားတော့
ကျွန်တော့်မှာ ရခဲ့ဖူးတဲ့ စိတ်ဒါဏ်ရာတွေကို ပြန်ငဲ့ကြည့်ဖို့ မအားလပ်တော့ပါဘူး။ထယ်ဖြစ်ချင်တာကိုပဲ ဦးစားပေးပြီး ထယ်ပျော်ဖို့ကိုပဲ
စဥ်းစားခဲ့တယ်။ဒါပေမဲ့လို့ ထယ်ဟာ သူ့အနာတရနဲ့သူ
တိတ်ဆိတ်စွာငြိမ်သက်ရှင်သန်ရင်း
ကျွန်တော်ရှေ့ကရပ်တည်ပေးမြဲ...ကာကွယ်ပေးမြဲ...ကျွန်တော့်ကိုလူကြီးလုပ်ချင်မြဲပါပဲ။

တစ်ချို့ညတွေ ဆို အကြောင်းအရင်းမရှိ
"ဟျောင်း .....ဂျီမင်းဟျောင်းလို့ " တစ်ဖွဖွခေါ်
တယ်။
"အင်း ဟျောင်း ရှိတယ်လို့ " အသံပြုမှသူငြိမ်ပြီး
အိပ်ပျော်သွား‌တာ။
ညတော်တော်များများမှာ ထယ်ဟာ မအိပ်ဘူး။
ငူငူငိုင်ငိုင်နဲ့ ထိုင်ပြီး အချိန်ကုန်သွားတာများတယ်။
အသိနဲ့ သတိဟာ ကင်းကွာနေတတ်ပြီး သူ့ကို
စကားတစ်ခွန်းပြောရုံလောက်နဲ့ဆို မလုံလောက်ဘူး။
မကြားလိုက်တာများတယ်။
ပြီးမှ သူ့မှာပြန်မေးရတယ်။
"ဟမ် ဘာပြောတာလဲ"ဆိုပြီးတော့ပေါ့။
ပြီးရင် ထယ်က သိပ်မေ့တတ်တာ
"ငါမင်းကိုပြောစရာ တစ်ခုရှိတာ ဒါပေမဲ့ ငါစဉ်းစားလို့ရတော့ဘူး"လို့ ခဏခ‌‌ဏပြောတယ်။သူ့အတွေးနဲ့သူဘာသာ
တစ်ယောက်တည်း ရှုပ်ထွေးနေပြန်တာပဲနေမယ်။

သူအထီးကျန်နေသလား။ဒါမှမဟုတ် သူ့ဘဝကို
သူမကျေနပ်လေသလားတော့ သူကိုယ်တိုင်ပဲ
သိပါလိမ့်မယ်။
တစ်ခါတုန်းကတော့ ကျွန်တော်တို့အတူထမင်းစားနေရင်း"မိုးရွာပြီ ဟျောင်း ထထ "ဆိုပြီး ကျွန်တော့်ကို
မီးပြတိုက်ဆီခေါ်သွားခဲ့တာ။ဟိုလည်းရောက်ရော
လှိုင်းလုံးတွေကို အတူတူငေးကြည့်ရင်းတစ်ယောက်လက်ကို တစ်ယောက် တင်းတင်းဆုပ်ကိုင်ထားခဲ့ကြတာလေ။ရုတ်တရက်ကြီးထယ်က ကျွန်တော့်ကိုမေးတယ်။"ငါနဲ့ အတူသေရဲလား" တဲ့။

သူ့မေးခွန်းကို တွေဝေခြင်းမရှိ "သေချာတာပေါ့"လို့
ဖြေတော့ ထယ်က ပြုံးပြပါတယ်။
နှစ်ပေါင်းများစွာကြာမှပြန်မြင်ရတဲ့အပြုံးမို့
အဲ့ဒီအပြုံးဟာ ကျွန်တော့်ထွက်သက်အထိ
ကျွန်တော့် အာရုံမှာစွဲမြဲနေပါလိမ့်မယ်။ပြီးတော့
မိုးရေထဲမှာ အကြာကြီးပွေ့ဖက်ထားခဲ့ကြဖူးပါတယ်။

ထယ့်ကို ကျွန်တော်တစ်ခါမှစိတ်မဆိုးဖူးပါဘူး။ဒါပေမဲ့ တစ်ကြိမ်မှာ
တော့ စိတ်လည်းဆိုး၊ဒေါသတွေလည်းထွက်ပြီး
ဘာတွေ ခံပြင်းလို့ ခံပြင်းမှန်းမသိဖြစ်ခဲ့သေးတယ်။

"ငါတော့ လူတစ်ယောက်ကို ချစ်မိသွားပြီ"တဲ့။

အဲ့ဒီလိုပြောလာတုန်းက ကျွန်တော် တကယ်ပဲ
ငိုချချင်လောက်အောင်ပျော်သွားခဲ့တာ။
ကျွန်တော့်မှာ ထယ်ဟာ တစ်သက်လုံး
ထုံပေပေနေသွားတော့မလားဆိုပြီး အမြဲစိတ်ပူရတာ
မဟုတ်လား။အဲ့ဒီစိုးစိတ်ကလေး
လျော့ပါးသွားခဲ့ရပြီးမှ
"သူချစ်နေတာ ယောကျာ်းတစ်ယောက်ပါ" တဲ့။

ထယ့်အပြုံးတွေ ပြန်အသက်ဝင်လာလို့
ပျော်ရတာက တစ်ပိုင်းဆိုပေမဲ့
အစ်ကိုတစ်ယောက်အနေနဲ့ရော၊သူငယ်ချင်း
တစ်ယောက်အနေနဲ့ရော ထယ့်နှလုံးသားကိုနားလည်ပေးဖို့ဆိုတာ ကျွန်တော့်အတွက်ခက်ခက်ခဲခဲပဲ။

ကမ္ဘာကြီးမှာ အဲ့ဒီလို "သဘာဝကို ကန့်လန့်တိုက်"တဲ့
ကိစ္စမျိုးရှိနေလိမ့်မယ်လို့တောင်မထင်ခဲ့မိဘူး။

ထယ်နဲ့ကျွန်တော် သွေးအေးစစ်ပွဲတွေဖြစ်တာအချိန်အကြာကြီးပဲ။နှမြောတာလည်းပါမှာပေါ့။
"ငါလက်မခံနိုင်ဘူးနော်ထယ်"လို့ ပြတ်ပြတ်သားသား
ကန့်ကွက်တာတောင် ထယ်က
ကျွန်တော့်စကားကို ခံလည်းမပြောနားလည်း
မထောင်ဘဲ အဲ့ဒီအမျိုးသား ရှိတဲ့ တက္ကသိုလ်ကိုပဲ ခဏခဏ သွားနေခဲ့တာ။လူတွေ လက်ညိုးထိုးမေးငေါ့လာရင်သူဘယ်လိုများရင်ဆိုင်ပါ့မလဲ။
"ယောကျာ်းချင်း" ချစ်သူတွေလို ချစ်ပြီး
ချစ်သူတွေလို တွဲကြလိမ့်ဆိုတာကို ဘယ်လိုနည်းနဲ့မှ နားလည်ပေးနိုင်ကြမှာ မဟုတ်ဘူးလေ။

ထယ်ကတော့
"သူက ငါ့ကို သိတောင်မသိပါဘူး"လို့ပြောတာပဲ။

အဲ့ဒီလိုပြောနေတဲ့အချိန် ထယ့်မှာ မျှော်လင့်
ချက်တွေ ဘာမှလွယ်ပိုးမထားသလိုပဲ။
ခပ်ဆွေးဆွေးစကားသံတွေအရ သူဒီအတိုင်းပဲ
ချစ်သွားရမဲ့ပုံပါပဲ။
ကျွန်တော်လည်း အခွင့်သာတုန်း
"ဟိုကလည်း မိန်းကလေးပဲစိတ်ဝင်စားမှာပေါ့"လို့
စကားနာထိုးခဲ့မိသေးတယ်။
ထယ်က ခြောက်ကပ်ကပ်ရယ်ပါတယ်။ကျွန်တော့်ကို စိတ်ဆိုးတဲ့ အရိပ်အယောင်လည်းမရှိဘူး။
ပြီးတော့ သူ့ပန်းချီကားကိုပဲ အာရုံပြုပြီး စိုက်ကြည့်နေတယ်။အပြီးမသတ်ရသေးပေမဲ့ယောကျာ်းတစ်ယောက်ရဲ့ပုံတူဆိုတာ ခန့်မှန်းလို့ရပါတယ်။
ထယ်က ခဲတံတွေစုတ်တံတွေကိုင်တဲ့နေရာမှာ
တကယ့် ရှားပါး ပါရမီရှင်ပါ။အဲ့ဒီတုန်းကဆိုရင်
သူ့ပန်းချီကို အမှတ်တမဲ့ကြည့်ပြီး
"မဆိုးပါဘူး ချောတော့ချောသားပဲ "လို့တောင်
မှတ်ချက်ပေးလိုက်မိသေးတယ်။
တကယ်လည်း သူ့ပန်းချီကားထဲက
"နှုတ်ခမ်းတွေ၊မေးရိုးတွေ"က လူချောတစ်ယောက်လို့ ဖော်ပြပေးနိုင်တယ်လေ။

ထယ့်မျက်လုံးလေးတွေက ခပ်ဖြေးဖြေးလှုပ်သွားတယ်။နောက်တော့ ပါးပြင်ပေါ်မှာ မျက်ရည်တစ်ပေါက်စီး
ကျသွားတယ်။အတင်းကာရော မျက်ရည်ကို
ဆွဲဖယ်သုတ်ပစ်ပြီးကာမှ စကားတစ်ခွန်းပြောတယ်။
"ဟုတ်တယ် သူက သိပ်ချောတာ" တဲ့။

ထယ်ငိုတာကိုမြင်ရတော့ ခန္ဓာကိုယ်ထဲကသွေးတွေဆူပွက်လာသလိုခံစားရတယ်။
"ယောကျာ်းတစ်ယောက်အတွက်နဲ့များ"လို့ပြောခဲ့ပြီး
ပထမဆုံးအကြိမ် ထယ့်ကို ကျွန်တော်စိတ်ပျက်
လက်ပျက်တွေ ဖြစ်ခဲ့တဲ့ ရက်စွဲတွေပါပဲ။

ကျွန်တော့်ကောင်မလေးကတော့ ထယ့်ကိုအပြစ်မတင်တဲ့အပြင် ကျွန်တော့်ကိုတောင်ဆူနေသေးတယ်။
ပြင်ပြင်ဆင်ဆင်သပ်သပ်ရပ်ရပ်နဲ့ အဓိပ္ပါယ်ရှိရှိအသက်ရှင်နေတဲ့
လူငယ်လေးအဖြစ်ပြန်မြင်ရတာမို့ တစ်ဖက်အမျိုးသားကိုကျေးဇူးတောင်တင်ရဦးမှာတဲ့လေ။
ကျွန်တော်နဲ့ထယ် စကားများရန်ဖြစ်ကြတဲ့အခါတိုင်း
"မောင် အဲ့လောက်ထိ ဆက်ဆက်ထိမခံတွေ
ဖြစ်နေတာ အဲ့ဒါ ဝဋ်လည်တတ်တယ်သိရဲ့လား"လို့
စသလို နောက်သလိုနဲ့ပြောတတ်သေးတာ။

"သွားစမ်းပါ ရွံဖို့ကောင်းတယ်"လို့
ကျွန်တော်ပြောရင်
"အပြောကြီး မနေနဲ့ "လို့ အဓိပ္ပါယ်ရတဲ့အကြည့်မျိုးနဲ့ ပြန်ပြန်ကြည့်လို့စိတ်ရှုပ်ခဲ့ရသေးတယ်။

အထက်တန်းရောက်မှ ခင်တဲ့ သူငယ်ချင်းတစ်ယောက်တော့ ထယ့်ကို မြှောက်ထိုးပင့်ကော်တွေ
သိပ်လုပ်တာ။ချွဲဂျောင်ဝူလို့ ခေါ်ပြီး စာရေး
ဆရာယောင်ယောင် ဘာယောင်ယောင်နဲ့လေ။
သူနဲ့ပေါင်းလို့ ထယ့်မှာ အတွေးအမှားတွေ
ဝင်ကုန်တာနေမှာလို့စွပ်စွဲဖူးတယ်။အနုပညာသမားနှစ်ယောက်ကအတိုင်အဖောက်ညီတယ်။ဂျောင်ဝူက
ထယ်ဘာလုပ်လုပ်
"ပျော်မယ်ထင်ရင် ဆက်လုပ်" ဆိုတာချည်းပါပဲ။








Continue Reading

You'll Also Like

466K 31.5K 47
♮Idol au ♮"I don't think I can do it." "Of course you can, I believe in you. Don't worry, okay? I'll be right here backstage fo...
105K 9.2K 111
"You think I'm golden?" "Brighter than the sun, but don't tell Apollo" Dante hates Rome's golden boy. Jason doesn't even remember him. Right person w...
160K 5.7K 42
❝ if I knew that i'd end up with you then I would've been pretended we were together. ❞ She stares at me, all the air in my lungs stuck in my throat...
211K 4.5K 47
"You brush past me in the hallway And you don't think I can see ya, do ya? I've been watchin' you for ages And I spend my time tryin' not to feel it"...