1.6.2024
"ချီး မွန်းဂျောင် နောက်ကျပြီ ပြေး"
ဂျောင်ဟျွန်း လက်ကနာရီလေးကိုကြည့်လျက် အနောက်က ကျားလိုက်လာသလို အသားကုန်ပြေးလာတယ် ပထမဆုံးကျောင်းတက်တဲ့နေ့မှာ သူနောက်မကျချင်ပါ
"ဟေး ဘရို နောက်ကျတာလား"
"ဆွန်းအွန်း"
ကျောင်းနားက မုန့်ဆိုင်ကထွက်အလာမှာ တွေ့တဲ့သူငယ်ချင်းကိုလဲ သေချာနှုတ်ဆက်မအား ဆရာတားရင် မရပ်ရဖို့ကအဓိက ဖြေးဖြေးချင်းလာနေတဲ့ ဆွန်းအွန်းကိုလည်း
"ရားး ယွန်ဆွန်းအွန်း မင်းအဲ့လို လာနေရင် နောက်ကျလိမ့်မယ် မြန်မြန်ပြေးခဲ့"
ဆွန်းအွန်းလည်း အစကဖြေးဖြေးချင်းသွားမလို့ပဲ အခုကြည့်တော့မှ သူလဲမပြေးရင် နောက်ကျတော့မှာ
"မွန်းဂျောင်ဟျွန်း ငါ့ကို စောင့်ဦး"
သူငယ်ချင်းနှစ်ယောက် ဆုတောင်းမပြည့်ခဲ့ပါ ပထမဆုံးနေ့မှာတင် အဆူခံရဖို့အကြောင်းသင့်လာပြီ
"မွန်းဂျောင် မင်းကဘာကိစ္စနောက်ကျတာတုန်း"
"အိပ်ယာထနောက်ကျတာ မနေ့ညက ယွန်းဆောက ငါ့ကို စာရှင်းပြတာ အကြာကြီး သူတော့မသိဘူး ငါတော့သေအောင်အိပ်ချင်"
"ယွန်းဆောအတွက် မုန့်ရော"
"ပါတာပေါ့ ငါပြေးလာလို့ ထမင်းဘူးတောင် ရောသမမွှေကုန်ပြီလားမသိဘူး"
ဂိတ်မှာလဲဆရာဆူတာခံရတဲ့ ဆွန်းအွန်းနဲ့ ဂျောင်ဟျွန်းတို့ အခန်းထဲဝင်တော့လဲ ထပ်ပြီးအဆူခံရပါသေးတယ်
"မင်းတို့တွေ အထက်တန်း နောက်ဆုံးနှစ်ပဲရောက်နေပြီ အခုထိကျောင်းကနောက်ကျနေတုန်း ဝီရိယလေးထားကြပါဦး အခုတောင် ဒီလိုနောက်ကျနေတာ မင်းတို့ကြီးလာရင် "
ဆရာက အကြိီးအကျယ်ဆူနေပေမယ့် ဂျောင်ဟျွန်းကတော့ စိတ်ထဲမထားတာ ဘာလို့ဆို သူ့စိတ်ထဲမှာ ယွန်းဆောပဲရှိတာလေ
"ဟျောင့် ဟျောင့်"
ဆွန်းအွန်း-"မွန်းဂျောင်ဟျွန်း မင်းကိုဆရာခေါ်နေတယ်"
"ဟမ် ဟင် ဟုတ် ဆရာ"
"ဘယ်တွေကိုကြည့်နေတာလဲ ငါပြောတာကို စိတ်မဝင်စားပဲနဲ့"
"ဟို ဘယ်နားမှာ ထိုင်ရင်ကောင်းမလဲ လိုက်ရှာနေတာပါ ဟုတ်"
"မင်းတို့တွေ ဝီရိယကိုမရှိတာ သွား နေရာမှာထိုင်ကြတော့"
ဆရာပြောတော့ ဆွန်းအွန်းရော ဂျောင်ဟျွန်းရော သွားတဲ့နေရာက ယွန်းဆောဘေး
ယွန်းဆော-"ဘာတုန်း မင်းတို့က"
ဆွန်းအွန်း-"ငါ့နေရာ ငါလာတာလေ မေးရမှာ ဟိုကောင့်ကို ဘာလဲမင်းက"
ဂျောင်ဟျွန်း-"ယွန်းဆောကို ထမင်းဘူးလာပေးတာ ရော့ယွန်းဆော ငါနောက်ကျသွားလို့ ဆောရီးနော် နေ့လည်မှတွေ့မယ် ငါ့ခိုအာလာပေါက်လေး"
ဆွန်းအွန်း-"နေ့လည်မှာတွေ့မယ် ငါ့ခိုအာလာပေါက်လေး ဖြစ်ပျက်နေလိုက်တာ ဒါတောင်ရည်းစားမဟုတ်သေးဘူး အမလေး ရည်းစားသာဖြစ်ရင်"
"သူငယ်ချင်းလေး ပါးစပ်ထဲကို အသစ်စက်စက် ဖတ်စာအုပ်လေးထိုးထည့်ပေးရမလား"
"ရတယ်မလိူဘူး"
ဟုတ်ပါတယ် ယွန်းဆောတို့ နောက်ဆုံးနှစ်ရောက်လာခဲ့ပြီ အထက်တန်းပြီးဆုံးဖို့ ဘယ်လောက်မှမလိုတော့ဘူး တတိယနှစ်တစ်နှစ်လုံး ဂျောင်ဟျွန်း ယွန်းဆောကို လိုက်တာ မပျက်ခဲ့ဘူး နေ့တိုင်း နို့ဘူးနဲ့ ထမင်းဘူးကို တစ်နှစ်ပတ်လုံး တစ်ရက်မပျက်ပေးခဲ့တယ် အခုနောက်ဆုံးနှစ်မှာလဲ မကွဲမပြားပါပဲ
"ဒါနဲ့လေ ယွန်းဆော"
"အင်း"
"မွန်းဂျောင် အပေါ်ခံစားချက်တွေဘယ်လိုလဲ ကိုယ့်ကိုကိုယ် သေချာပြီလား"
ယွန်းဆော တွေးမိသည် သေချာပြီလားဆိုတာ ဘာအဓိပ္ပါယ်ပါလိမ့် သူလဲသေချာမသိပါ နွေရာသီကျောင်းပိတ်ရက်တွေမှာလဲ ယွန်းဆော ဂျောင်ဟျွန်းနဲ့ပဲ အတူရှိနေခဲ့တာ မနေ့ကအထိပေါ့ ဂျောင်ဟျွန်းကို သူကြိုက်နေပြီလား ဘာလားတော့သေချာမသိပေမယ် သူငယ်ချင်းလိုပြ ခင်ချင်နေတာမဟုတ်မှန်းတော့ ယွန်းဆော သေချာပါတယ်
"ဘွဲ့ရဖို့လိုပါသေးတယ်"
"ငါကလေ မင်းသူ့ကိုအပြတ်ငြင်းမယ်ထင်ခဲ့တာ ဘယ်ဟုတ်မလဲ ငါ့သူငယ်ချင်းရေခဲတုံးကြီးကပါ ဖောအင်လပ်နေတာကို"
"ငါကလား တော်စမ်းပါ"
"အယ် ရှက်နေပါပြီ"
"ဘာတွေပြောနေကြတာလဲ"
ရုတ်တရက်ပေါ်လာတဲ့ ဟျောင်းဝန်းကြောင့် လိပ်ပြာလွင့်လုမတတ်ပါဖြစ်သွားရတယ်
ဆွန်းအွန်း -"လန့်လိုက်တာဝန်းလေးရယ် အသံလေးဘာလေးပြုလေ"
ယွန်းဆော-"အသံမပြုတတ်ရင် ငါသင်ပေးရမလား"
ဟျောင်းဝန်း-"တော်ပါ မင်းတို့က ငါ့ကိုဆို အနိုင်ကျင့်ဖို့ကြီးပဲ"
"စိတ်ကောက်သွားတာလား ငါတို့ဝန်လေး"
နှုတ်ခမ်းဆူပြီး ဟိုဘက်လှည့်သွားတဲ့ ဟျောင်းဝန်းကို ဆွန်းအွန်းကလိုက်ချော့နေလေရဲ့ သူတို့နှစ်ယောက်လဲ တစ်ကယ်လိုက်ပါပေတယ်
.....
ကျောင်းဆင်းတော့ ကန်တင်းမှာ ယွန်းဆောတို့ စားပွဲလေးက အရင်လို သုံးယောက်မဟုတ်ပဲ လေးယောက်ဖြစ်လာတယ် အကြောင်းအရင်းကတော့ မွန်းဂျောင်ဟျွန်းပါဝင်လာခြင်းသာ
ဂျောင်ဟျွန်း-"ယွန်းဆော အများကြီးစားနော် ဒါကလေ ငါကိုယ်တိုင်အမေ့ကို သေချာပြောပြီးချက်ခိုင်းထားရတာ"
ဟျောင်းဝန်း-"ကိုယ်တိုင်ကျမလုပ်ဘဲ မိဘဒုက္ခပေးနေတဲ့ သားလေး"
ဂျောင်ဟျွန်း-"ဘာ ဟျောင့်"
ယွန်းဆော-" မင်းတို့ကဘယ်တော့မှ တည့်ကြမှာလဲ တွေ့တာနဲ့ကို ကိုက်ပြီ အမြဲကိုက်နေတာ မငြီးငွေ့ကြဘူးလား ကြားထဲက ငါနဲ့ဆွန်းအွန်းက တစ်ကယ်ကို ငြီးငွေ့နေပြီ"
ဆွန်းအွန်းကိုကြည့်လိုက်တော့ ယွန်းဆောပြောတာ မှန်တယ်ဆိုပြီး ထောက်ခံနေလေရဲ့
ဟျောင်းဝန်း-"ယွန်းဆော မင်းကျူရှင်လာမှာမလားဒီနေ့"
ယွန်းဆော-"ပထမဆုံးတက်ရတဲ့ရက်မှာ မလာရင် ခေါင်းပြတ်မယ်နဲ့တူတယ်"
ဂျောင်ဟျွန်း-"ယွန်းဆော မနက်ကသင်တဲ့ သင်္ချာထဲက ငါနားမလည်တာတစ်ခုရှင်းပြပါလား"
ဟျောင်းဝန်း-"အမလေး မနက်ကသင်တဲ့ဟာကိုတောင် နားမလည်ဘူးတဲ့ ငါဆိုအကုန်နားလည်တယ်"
ဆွန်းအွန်း-"အဲ့တာဆို ကျူရှင်ကျ ငါ့ကို တစ်ပုဒ်လောက်တွက်ပြစမ်းပါ"
ဟျောင်းဝန်း-"ရတယ်လေ ငါဘယ်လောက်တော်လဲဆိုတာ ပြရသေးတာပေါ့"
ယွန်းဆော ဖုန်းယူကာ ဂျောင်ဟျွန်းဆီ မက်ဆေ့ပို့လိုက်တယ်
"စားပြီးရင် ခေါင်မိုးထပ်ကို လာခဲ့လေ ငါရှင်းပြမယ်"
ဂျောင်ဟျွန်းကလဲ စာကိုချက်ချင်းဖတ်လိုက်ပြီး
"ဟုတ်ပြီလေ"
အသားတုံးလုနေကြတဲ့ ဆွန်းအွန်းနဲ့ ဟျောင်းဝန်းကတော့ ဘာမှသိပုံတောင်မရ
.....
"ဘယ်အပုဒ်နားမလည်တာလဲ"
"ညကျရှင်းပြလို့မရဘူးလား"
"ဘာလို့လဲ"
"အခု မင်းမျက်နှာလေးပဲထိုင်ကြည့်ချင်လို့"
"သေချင်လို့လား"
"ဟင့်အင်း မသေချင်သေးပါဘူး အဖြေတောင်မရသေးတာကို"
ထို့နောက် သူတို့ဘာမှဆက်မပြောဖြစ်ပါ ရုတ်ချည်းတိတ်ဆိတ်သွားတဲ့စကားဝိုင်းလေးမှာ ယွန်းဆောကတော့ ကောင်းကင်ကြီးကိုကြည့်နေပြီး ဂျောင်ဟျွန်းကတော့ ယွန်းဆောကိုကြည့်နေလေရဲ့
"ငါ့ကိုကြည့်ရတာ အဲ့လောက်တောင်ကောင်းတာလား"
"ဒါပေါ့"
"ငါ့ကိုကြည့်မနေဘဲ ကောင်းကင်ကြီးကိုသာမော့ကြည့်လိုက်စမ်းပါ အရမ်းလှတာ"
"မင်းကဟိုးအေပါ်ကောင်းကင်ကိုကြည့်လေ ငါက ငါ့ဘေးနားက ကောင်းကင်ကိုကြည့်မယ် မင်းကြည့်နေတဲ့ဟာထက်တောင်ပိုလှသေးတယ်"
အရင်က ဆံပင်ရှည်ကြိုက်တဲ့ယွန်းဆောက အခုတော့ နည်းနည်းလေးရှည်လာတာနဲ့တင် ညှပ်ချနေတဲ့ယွန်းဆောကြောင့် ဆံပင်လေးဟာ တိုနေပြီ
"မင်းကဆံပင်ရှည်နဲ့ပိုလိုက်တာ"
"ဘာလဲမင်းက ငါဆံပင်တိုသွားရင် မကြိုက်တော့ဘူးလား"
"မဟုတ်တာ ငါက မင်းဆံပင်မရှိရင်တောင်ကြိုက်တယ်"
ယွန်းဆောက ရယ်တယ် အသံထွက်အောင်ပါရယ်တာ ဂျောင်ဟျွန်းပြောတာကို သဘောကျတယ်ထင်ပါရဲ့
"လာမွန်းဂျောင်ဟျွန်း ငါတို့အခန်းထဲပြန်ရအောင်"
"အွန်း"
....
တစ်လ နှစ်လ သုံးလ အရာအားလုံးက ပုံမှန်ပါပဲ ယွန်းဆောဆီကို နို့ဘူးနဲ့ထမင်းဘူးလေးဟာလဲ ပုံမှန်ရောက်လာပြီး ဂျောင်ဟျွန်းကလဲ ပုံမှန်အတိုင်း ယွန်းဆောကို သဘောကျနေဆဲပါ
ယွန်းဆော ညဘက်ကြီးစာလုပ်နေတုန်း ဖုန်းလာလို့ကြည့်လိုက်တော့ ဂျောင်ဟျွန်း
"ဟယ်လို"
"ယွန်းဆော မင်းဘာလုပ်နေလဲ"
"ဒီချိန်ကြီး စာလုပ်နေတာပေါ့"
"ဝရန်တာကို ခနထွက်လာခဲ့"
"ဘာလုပ်မလို့လဲ"
"လာပါ"
ယွန်းဆော ဝရန်တာကိုထွက်ကြည့်တော့ ဂျောင်ဟျွန်းက သူ့အိမ်အောက်မှာ
"မွန်းဂျောင် လူအိပ်ချိန်ကြီး ဘာလာလုပ်တာလဲ"
"မင်းအတွက်ပဲ လူအိပ်ချိန်လေ မင်းခနဆင်းလာလို့ရလား"
"ခနစောင့်"
ယွန်းဆော လှေကားအပေါ်ကနေပြီးတော့ အောက်ထပ်ကိုလှမ်းကြည့်တော့ အဖေနဲ့ အမေက အခန်းထဲမှာဆိုတာ သေချာမှ တံခါးဆီကိုအပြေးသုတ်လေတယ်
"မွန်းဂျောင်ဟျွန်း"
"ယွန်းဆော"
"ဒီချိန်ကြီးဘာလာလုပ်တာလဲ"
"ငါနဲ့လိုက်ခဲ့"
"ဟမ်"
ယွန်းဆော စကားစချိန်တောင်မရလိုက် ဂျောင်ဟျွန်းဆွဲခေါ်ရာ နောက်ပါသွားလေတယ်
ဂျောင်ဟျွန်း ယွန်းဆောကိုခေါ်သွားတဲ့နေရာက အခြားတော့မဟုတ် ဆိုးလ်မြို့ရဲ့ နာမည်ကြီး ဟုန်းဒယ် သာ
"ဘယ်များခေါ်လာတာလဲလို့ ဟုန်းဒယ်လား"
"မင်းရောက်ဖူးလို့လား"
"ဟင့်အင်း"
"အဲ့တာကြောင့်ခေါ်လာတာလေ လှတယ်မလား"
"ဟုတ်ပါ့ လှသားပဲ"
"ဟုန်းဒယ်မှာ ဘာနာမည်ကြီးလဲသိလား"
"ဟင့်အင်းလေ ဘယ်သိမလဲ"
"လာ လိုက်ခဲ့"
ဂျောင်ဟျွန်းခေါ်သွားတဲ့နေရာက ပီဇာဆိုင်လေးတစ်ဆိုင်သာ
"ပီဇာဆိုင်လေးကို ပီဇာများမှာစားလို့လဲရတာကို"
ဂျောင်ဟျွန်း ယွန်းဆောစကားကို ပြန်မပြောပဲနဲ့
"အန်တီ ပုံမှန်ဆိုဒ်တစ်ပွဲပေးပါနော်"
ဆိုပြီး မှာလိုက်ကာ ထောင့်က တစ်နေရာမှာဝင်ထိုင်ကြတယ်
"ယွန်းဆော မင်းသိလား"
"ဘာကိုလဲ"
"ဘွဲ့ရရမယ့် လ နီးလာပြီဆိုတာ"
ဂျောင်ဟျွန်း ဆိုလိုချင်တာကို ယွန်းဆောသိပါတယ် ဒါပေမယ့် ယွန်းဆောက အခုထိအဖြေတိတိကျကမရှိသေးဘူးလို့ပြောရင် ဝိုင်းရိုက်တာခံရမယ်နဲ့တူတယ်
ခနကြာတော့ သူတို့ဝိုင်းကို လာချပေးတဲ့ ပီဇာကိုကြည့်ပြီး ယွန်းဆော မျက်စိမျက်ဆံတွေပါပြူးထွက်သွားရတယ်
"ဒါကဘာကြီးလဲ"
"ပီဇာလေ"
"ဒီပီဇာက မင်းနဲ့ငါရဲ့ မျက်နှာနှစ်ခုပေါင်းထက်တောင် ကြီးနေသေးတယ်"
ဂျောင်ဟျွန်းက သဘောတကျရယ်တယ် ယွန်းဆောရဲ့ ကလေးဆန်မှုက သိပ်ကို ချစ်စရာကောင်းတာပဲ
"ကုန်အောင်စား"
"ဒါကြီးကိုလား ငါတို့နှစ်ယောက်စားတောင်ကုန်ပါ့မလား"
"မြန်မြန်စားပြီးရင် သွားစရာတွေကျန်သေးတယ်"
ယွန်းဆော ခေါင်းညိမ့်ပြလိုက်ပြီး ပီဇာတစ်စိတ်ကို ယူစားကြည့်တယ် အပြင်စာတွေရဲ့ အရသာကတော့ ကောင်းမြဲပါပဲ ဒါကြီးကိုတော့ ဘယ်လိုကုန်အောင်စားရမလဲ ယွန်းဆောမသိပါ
"ဗိုက်ကိုတင်းသွားတာပဲ နောက်တစ်ခါ ဆွန်းအွန်းနဲ့ ဟျောင်းဝန်းကိုပါ ခေါ်လာပြီး ကူစားခိုင်းမှရမယ်"
"မင်းဝပြီလား"
"ဟျောင့် ဒါကြီးတစ်ခြမ်းလုံးစားထားရတာ မဝသေးရင် အဲ့တာလူမဟုတ်တော့ဘူး"
"အဲ့တာဆိုထ"
"ဘယ်သွားမှာလဲ"
"ရောက်ရင်သိလိမ့်မယ်"
ဂျောင်ဟျွန်းခေါ်သွားတဲ့နေရာက ဂန်းနမ်တာဝါ ချစ်သူရည်းစားတွေပဲလာလလေ့ရှိတာလေ
"ဒီကိုဘာလို့လာတာလဲ"
"သော့ချိတ်ချင်လို့"
"အဲ့တာရည်းစားတွေမှ လုပ်ရတာ"
"ငါလဲ ငါ့ဘာသာငါချိတ်မှာပါ မင်းနဲ့မချိတ်ပါဘူး ဘာလဲ မင်းငါနဲ့အတူတူချိတ်လို့လား"
"သေချင်လို့လား"
"ဟီး စတာပါ"
ဂျောင်ဟျွန်း သူ့အိတ်ကပ်ထဲက သော့လေးကိုထုတ်လိုက် သော့ခလောက်ပေါ်မှာစာရေးလိုက်တယ်
~သေဆုံးသည်အထိ ဂျီယွန်းဆောကိုပဲ ချစ်ပါမယ်~
ပြီးတာနဲ့ သော့ကိုချိတ်လိုက်ပြီး သော့တံကို အောက်ဘက်ကို လွှတ်ပစ်လိုက်တယ်
"မင်းဆီကအဖြေပြန်ရရင်လည်း ဒီကိုထပ်လာကြမယ် အဲ့ကျ နှစ်ယောက်အတူတူချိတ်ကြတာပေါ့"
ယွန်းဆောဘာမှပြန်မပြောမိ ညဘက်အေးလာတာမလို့ အိမ်ပြန်ရအောင်လို့သာ ပြောထွက်ခဲ့တယ်
....
"မင်းလဲသေချာပြန်နော် ဟိုဝင်ဒီဝင်လုပ်မနေနဲ့"
"ငါသိပါတယ် ရောက်ရင်ဖုန်းဆက်မယ် ကောင်းသာညပါ ငါ့ရဲ့ခိုအာလာပေါက်လေး"
ယွန်းဆော အခန်းထဲရောက်တော့ မိုချာ့ကိုစကားပြောဖို့လုပ်ပေးမယ့် မိုချာက အိပ်ပျော်နေခဲ့ပြီ
"ငါကရော မွန်းဂျောင်ဟျွန်းကို ကြိုက်နေတာများလား ငါ တစ်ကယ် မွန်းဂျောင်ဟျွန်းကို ကြိုက်နေမိပြီနဲ့တူတယ်"
........
ဘာလိုလိုနဲ့ အချိန်တွေ ကုန်လာတာ အထက်တန်းနောက်ဆုံးနှစ်တွေ ဘွဲ့ယူရတော့မယ့် နေ့ကိုတောင်ရောက်လာခဲ့ပြီ
"ဆောလေး"
"ဝင်ခဲ့ပါ"
"သားဒီနေ့ မင်းအဖေတော့မလာန်ိုင်လောက်ဘူး ဒါပေမယ့် စိတ်ချနော် အမေလာခဲ့မယ်"
"ရပါတယ် ဘယ်သူမှမလာလဲ"
"ဘယ်ဟုတ်မလဲ တစ်ဦးတည်းသောသားလေးဘွဲ့ရတာကို ဓာတ်ပုံတော့လာရိုက်ရမှာပေါ့"
"သဘောပါ ကျွန်တော်သွားလိုက်ပါဦးမယ်"
တစ်ဖက်ဂျောင်ဟျွန်းဘက်တွင်လည်း
"မားရဲ့သားလေးက ခန့်ညားနေရောပဲ"
"သားချောတယ်မလားအရမ်းအိုဗာကြီးဖြစ်မနေဘူးမလား"
"မဖြစ်ပါဘူး ဒီလောက်ပျော်နေတာ ဘွဲ့ယူဖို့ကိုလား ဒါမှမဟုတ်"
"ယွန်းဆောအဖြေပြန်ပေးမှာလေ ဟီး မားလဲပြင်ဆင်ပြီးလိုက်လာခဲ့နော် သားသွားနှင့်ပြီ"
"သေချာသွားဦး အလှတွေပျက်ကုန်ဦးမယ်"
"စိတ်ချပါဗျ"
ဂျောင်ဟျွန်းကတစ်ကယ့်ကိုချစ်မွှေးလေးပါပဲ
"ယွန်ဆွန်းအွန်း တူတူသွားမယ် စောင့်ဦး"
ကားတစ်စီးတည်း စီးရမှာကို စောင့်ဦးလို့ပြောနေတဲ့ ဂျောင်ဟျွန်းကို ဆွန်းအွန်းနားမလည်နိုင်ပါ ယွန်းဆောပြောတဲ့ မွန်းဂျောင်ဟျွန်းက ငတုံးဆိုတာ ဒါကိုပြောတာနဲ့တူတယ်
"ဟ မွန်းဂျောင်ဟျွန်း ရေမွှေးနံ့က"
"အရမ်းသိသာနေတာလား"
"သိသာတာပေါ့ဟ ယွန်းဆောဆိုမေ့ပါလဲသွားမလားပဲ"
"ဟ အဲ့လောက်တောင်လား ရေပြန်ချိုးလိုက်ရမလား"
"စတာပါဟ နည်းနည်းတော့အနံ့ပြင်းပေမယ့် မေ့တော့မလဲလောက်ပါဘူး"
ကျောင်းကိုရောက်တော့ ကျောင်းသားမိဘတွေနဲ့ တစ်ကျောင်းလုံးပြည့်နေလေရဲ့
"မိဘတွေက အစောကြီးလာပြီးဘာလာလုပ်ကြတာလဲ"
ဆွန်းအွန်းက နှာခေါင်းရှုံ့ပြီးပြောတယ်
"သူတို့သားတွေကို ပြင်ပေးချင်လို့နေမှာပေါ့ မြန်မြန်အခန်းဆီသွားရအောင်"
"အွန်း"
အခန်းကိုရောက်တော့ ယွန်းဆောနဲ့ ဟျောင်းဝန်းနဲ့က ရန်သတ်နေလေရဲ့
"မင်းဆံပင်က အဲ့လိုဆိုမလှဘူးလို့ ဂျီယွန်းဆော"
"ငါကြိုက်တယ်လေ မင်းတော်လိုက်တော့"
"မလှပါဘူးဆို"
ဆွန်းအွန်း-"ဘာတွေဖြစ်နေကြတာလဲ"
ဟျောင်းဝန်း-"ဂျီယွန်းဆောကို ဆံပင်ပြင်ပေးမလို့ကို လက်မခံဘူးလေ"
ယွန်းဆော-"ငါမှအပြင်မခံချင်တာ"
ဂျောင်ဟျွန်း-"တော်ကြပါတော့ ယွန်းဆောက ဘယ်လိုပုံစံနဲ့ဖြစ်ဖြစ်လှတယ်"
ဟျောင်းဝန်း-"အချစ်ရူးကတစ်မျိုး"
ဆွန်းအွန်း-"ဝန်းလေး မင်းမိဘတွေရော"
ဟျောင်းဝန်း-"မလာလောက်ဘူးနဲ့တူတယ် မသိဘူး"
ဆွန်းအွန်း-"ယွန်းဆောကရော"
ယွန်းဆော-"အမေလာမယ်လို့ပြောတာပဲ ငါလဲမသိဘူး"
ဂျောင်ဟျွန်း-"မလာလဲ ဘာဖြစ်လဲ ငါတို့ယွန်းဆောက ယောက္ခမလာမှာလေ"
ဆွန်းအွန်း-"ဟုတ်တယ် ဝန်းလေး မင်းကလဲ ငါ့ညီလေးဆိုတော့ ငါ့အမေလာရင် မင်းအမေလာတာနဲ့အတူတူပါပဲ"
ဆွန်းအွန်းနဲ့ဂျောင်ဟျွန်းက ယွန်းဆောနဲ့ ဟျောင်းဝန်းကို အတတ်နိုင်ဆုံးနှစ်သိမ်းနေရပေမယ့် ဟိုနှစ်ကောင်ကတော့ ဘယ်သူမှမလာလေ အေးချမ်း လေတဲ့လေ
"ကဲကဲ နေရာမှာခနထိုင်ကြပါဦး မင်းတို့တွေတောင်ဘွဲ့ယူတော့မှာဆိုတော့ တစ်ကယ်ကို အချိန်တွေကမြန်တယ်နော် ဒီနေ့က မင်းတို့ရဲ့ကျောင်းသားဘဝနောက်ဆုံးနေ့မလို့ ဒီနေ့ကို အပြည့်အဝပျော်ကြ"
ဆရာပြောပြီး ခနကြာတော့ အောင်လက်မှတ်တွေစပေးတယ် ဂျောင်ဟျွန်းအမေနဲ့ ဆွန်းအွန်းမိဘတွေရောက်လာပေမယ့် ယွန်းဆောအမေကတော့ ရောက်မဘာသေး
အောင်လက်မှတ်ပေးပြီးတာနဲ့ ထုံးစံကတော့ ဓာတ်ပုံရိုက်ကြတာပဲ
"လာဂျောင်ဟျွန်းနဲ့ ယွန်းဆော မားနဲ့အတူတူရိုက်ရအောင်"
ဂျောင်ဟျွန်းအမေက ယွန်းဆောနဲ့ ဂျောင်ဟျွန်းကိုတစ်ပုံ ယွန်းဆောကိုလဲ တစ်ပုံရိုက်ပေးပြီး အခု မိသားစုပုံလေးလဲရိုက်နေလေရဲ့ ယွန်းဆောခံစားမိတယ် ဒါကမှမိသားစုအစစ်ပါလား
ဆွန်းအွန်း-"ယွန်းဆော မွန်းဂျောင် လာဒိီဘက်ကို အတူတူရိုက်ကြမယ်"
ဓာတ်ပုံရိုက်ပြီးတော့ ကျောင်းသားတွေက အခန်းထဲပြန်ကြပြီး မိဘတွေကတော့ အိမ်ပြန်ကုန်တဲ့အထိကို ယွန်းဆောလဲရောက်မလာခဲ့ပါ
*Noti*
ဂျောင်ဟျွန်း
*ခေါင်မိုးထပ်ကိုလာခဲ့ဦး*
ဂျောင်ဟျွန်း ဘာလို့သူ့ကိုခေါ်တာလဲ ယွန်းဆောသိပါတယ် အချိန်ကျပြီလေ ယွန်းဆောကတိပေးထားတဲ့အချိန်
"ခေါ်တာလား မွန်းဂျောင်"
"လာပြီလား ကောင်းကင်ကြိီးကလှတယ်နော်"
"......"
"မင်းရော သေချာစဉ်းစားပြီးသွားပြီလား ယွန်းဆော"
ယွန်းဆော ဂျောင်ဟျွန်းဘေးနားကိုသွားကာ အုတ်နံရံကို မှီရပ်လိုက်တယ်
"ငါမေးစရာရှိတယ်"
"မေးလေ"
"မင်း ငါ့ကိုကြိုက်တာလား"
ဂျောင်ဟျွန်းက ထိုမေးခွန်းကို ကြားတော့ ရယ်တယ် ပြီးတော့ ယွန်းဆောဘက်ကိုလှည့်လာကာ
"ဟင့်အင်း ငါမင်းကိုမကြိုက်တော့ဘူး"
"......"
"ငါမင်းကို ချစ်တယ် ဂျီယွန်းဆော"
ဂျောင်ဟျွန်းအဖြေက ယွန်းဆောကို စိတ်ကျေနပ်မှုပေးနိုင်ခဲ့သည်နှင့်တူသည်
"ငါကရော မင်းနဲ့ထပ်တူဆိုရင်ရော"
"ဟင်"
"ငါ့အဖြေကလဲ မင်းခုနကပြောသလိုပဲ"
"ဂျီယွန်းဆော မင်းအခု"
"အွန်း"
ယွန်းဆော ဂျောင်းဟျွန်း "နား" နားကိုကပ်ကာ
"ငါလဲမင်းကို သဘောကျတယ်မွန်းဂျောင်ဟျွန်း"
ဂျောင်ဟျွန်း ကိုယ့်နားကို ကိုယ်ပြန်မယုံနိုင် အိပ်မက်များလားဆိုပြီး ဆွဲစိတ်ကြည့်တော့လည်း နာတော့ အိပ်မက်မဟုတ်ဘူးပဲ
"ဂျီယွန်းဆော ငါမင်းကို ချစ်လို့သေမှာပဲ"
"ဒီနေ့မှ ရည်းစားစဖြစ်တာကို သေမလို့လားမင်းက"
"ဟင့်အင်းမသေသေးဘူး ဂျီယွန်းဆောကို နမ်းပြီးမှပဲသေတော့မယ်"
ဂျောင်ဟျွန်း ယွန်းဆော ပါးတစ်ဖွက်က အသံမြည်တဲ့အထိ နမ်းလိုက်လေရဲ့
"ဟျောင့် မွန်းဂျောင် မင်း"
စကားတောင်မဆုံးသေး နောက်တစ်ဖက်ကိုလဲ လာနမ်းလေရဲ့
"တော်တော့ မွန်းဂျောင်ဟျွန်း"
"မတော်ချင်ပါဘူး ဘာဖြစ်"
*ဝုန်း*
ခေါင်မိုးထပ်တံခါးပွင့်လာတဲ့အသံ ယွန်းဆောကြည့်လိုက်တော့ ဆွန်းအွန်းနဲ့ ဟျောင်းဝန်းနဲ့က ရယ်ပြလေရဲ့
ဟျောင်းဝန်း-"ငါမင်းကိုပြောသားပြ အရမ်းမတိုးနဲ့လို့"
ဆွန်းအွန်း-"ဆောရီး"
ယွန်းဆော -"မင်းတို့တွေ ဘယ်ချိန်ကတည်းကရောက်နေတာလဲ"
ဟျောင်းဝန်း-"အဲ့တာအရေးမကြီးပါဘူး congratulations နော် တတိယနှစ် နှစ်ဝက်လောက်ကတည်းကပြန်ကြိုက်ချင်နေတာ အခုမှပဲပြန်ကြိုက်ရတော့တယ် ယွန်းဆောလေး"
ယွန်းဆော-"သေချင်လို့လား"
ဆွန်းအွန်း-"congratulations နော် သူငယ်ချင်းတို့ ငါတို့သွားပြီ သွားရအောင် ဝန်းလေး"
"အဲ့ကောင်တွေ တစ်ချက်လောက်တော့ ဆော်မှရမယ်"
"သူတို့ကိုလွှတ်ထားလိုက် ငါကမင်းကို နမ်းချင်သေးတာ"
"ဟျောင့် မွန်းဂျောင် တော်လိုက်တော့နော်"
"ချစ်တယ်နော် ယွန်းဆော"
"ငါရောပဲ ချစ်တယ်"