Someone POV:
" လူကြီးမင်းတို့အတွက်မေးခွန်းရှိပါတယ်။ ကံကိုယုံပါသလား။ ဘာလို့ဆို ကျွန်တော်အခုပြောပြမဲ့အရာတွေက လူကြီးမင်းတို့ရဲ့ယုံကြည်မှုအပေါ်မူတည်ပြီးပြောင်းလဲသွားမှာမလို့ပါ။ ဒါဆို အခုဘဲစလိုက်ကြမလား။ "
.
.
.
- နေသာနေတဲ့သာမန်နေ့ပါဘဲ။ ပျင်းရိရိဖြစ်စေပြီးမလုပ်ချင်မကိုင်ချင်ဖြစ်နေတဲ့ပုံမှန်ရက်လေးတစ်ရက်ပေါ့။ -
" ဟာ ရာသီဥတုကပူနေတော့ ဦးနှောက်ထဲကနေဘာမှကိုထွက်မလာဘူး။ ဒီလိုသာဆိုရင် နောက်လအထိစာမူမပြီးရင်ဘယ်လိုလုပ်ရမလဲ။ "
- အလုပ်စားပွဲတွင်ထိုင်ပြီး ကွန်ပြူတာကိုကြည့်နေတဲ့ကောင်လေးတစ်ယောက်၏ညီးတွားနေသံ။ ထိုစဥ်သူ့ဆီသို့ဖုန်းတစ်ကောလ်ဝင်လာခဲ့သည်။ -
" ဟယ်လို မေမေ။ "
" အချစ်တုံးလေး။ မေမေတို့မနက်ဖြန်ပြန်လာတော့မယ်သိလား။ သားရဲ့ညီလေးတွေလည်းပါတယ်။ "
" ဗျာ!!!! မြန်....မြန်လိုက်တာ။ ညီလေးဆို ဂယောင်မင်းနဲ့အွန်း...အွန်းဟက်လားမေမေ။ "
" ဟုတ်တယ်။ သားအိမ်မှာရှိတယ်မလား။ "
" မရှိဘူး မေမေ မရှိဘူး။ မေမေတို့သွားပြီးနောက်ရက်ပဲမေမေရဲ့ သားလည်းစိတ်ပြေလက်ပျောက်အဖွားအိမ်မှာလာနေနေတာ။ စာလည်းအေးဆေးရေးလို့ရအောင်လေ။ "
" ဟုတ်လား။ ကလေးတွေကသားကိုတွေ့ချင်လို့လာကြတာ။ မေမေတို့အဖွားအိမ်ကိုဘဲလာခဲ့ရမလား။ "
" မဟုတ်တာ မေမေရယ်။ သား...သားလည်းတစ်လနှစ်လ လေးငါးခြောက်လလောက်ပဲနေမှာပါ။"
" ကင်မ်အီဟန်မေမေသိနေတယ်နော်။ "
" ဟယ်လို ဟယ်လို မကြားရတော့ဘူး မေမေ။ ဟယ်လို...အဖွားအိမ်ကလိုင်းမကောင်းဘူးထင်တယ်။ ဒါဘဲနော် မေမေ။ "
- အီဟန်ကဖုန်းကိုအလျင်အမြန်ချပစ်ကာ အခန်းထဲပြေးဝင်သွားပြီးဗီရိုထဲကluggageကိုထုတ်လာခဲ့သည်။ ပြီးသည်နှင့် အဝတ်တွေကိုအကုန်သိမ်းကြုံးယူကာ luggageထဲပစ်ထည့်လိုက်သည်။ အခြားတစ်ကိုယ်ရည်သုံးပစ္စည်းတွေပါထည့်ပြီးအိတ်ကိုပိတ်ခဲ့သည်။ အီဟန်သူ့လက်ပ်တော့ကိုပါအိတ်ထဲထည့်ကာ အားသွင်းကြိုးနဲ့headphoneကမပါမဖြစ်။ မမေ့မလျော့စွာဖြင့် ဗီရိုထဲကသော့ခတ်ထားသော အံဆွဲဆီမှသော့တွဲတစ်ခုကိုယူလိုက်သည်။ -
- မွန်းစတားလေးနှစ်ကောင်ကိုထိန်းရတာထက် အဖွားအိမ်မှာမီးစက်နှိုးပြီးသွားနေတာကသူ့အတွက်ပိုကောင်းလိမ့်မည်ဟုအီဟန်တွေးမိသည်။ ဖုန်းထဲကနေပြီးကားလက်မှတ်ဖြတ်ကာ အခုအီဟန်ကတော့ အိမ်တံခါးပိတ်ပြီး ကားဂိတ်သို့သွားနေခဲ့သည်။ -
- ကားဂိတ်သို့ရောက်ရောက်ချင်း သူစီးရမဲ့ကားပေါ်သို့တက်ကာ အီဟန်အဖွားရှိခဲ့သည့်နေရာသို့ထွက်လာခဲ့သည်။ အဖွားကဆုံးသွားတာအီဟန့်အသက်ဆယ့်လေးနှစ်လောက်ကပင်ဖြစ်သည်။ သူ့အပေါ်ကိုအရမ်းချစ်ပေးပြီးတော့အလိုလိုက်ပေးတဲ့အဖွားက မသေခင်မှာလည်းအိမ်သော့ကိုသူ့အားအပ်ထားခဲ့ပြီး တစ်နှစ်တစ်ခါလာကြည့်ပေးဖို့ကတိတောင်းခဲ့တာကြောင့် ဒီတစ်ခါကြုံတာနဲ့ ခရစ္စမတ်နှစ်ကုန်အထိ ဟိုမှာဘဲနေရန်ဆုံးဖြတ်လိုက်သည်။ ဒီကိုတစ်ယောက်တည်းလာတာကပထမဆုံးဖြစ်သလို အဖွားကိုလာမတွေ့တာလည်းကြာပြီဖြစ်သည်။ -
- ဂီဒူရွာဟုခေါ်သော သာမန်အညတညရွာငယ်လေးတစ်ခုရှေ့တွင် အီဟန်ဆင်းလိုက်ပြီး ရွာထဲသို့ဖြေးဖြေးချင်းလမ်းလျှောက်ဝင်သွားခဲ့သည်။ -
- တစ်လမ်းလုံးရွာသားတွေကသူ့ကိုဝိုင်းကြည့်နေခဲ့ကြပြီးမှတ်မိတဲ့လူတွေကလည်းနှုတ်ဆက်ကာ လာလည်ရန်ခေါ်ကြပြန်သည်။ အီဟန်လည်းစိတ်ထဲတွင်ကြည်နူးမှုတွေဝေဆာနေသောကြောင့်မကောင်းတဲ့ဓာတ်ဆိုတာကိုမရှိလေအောင်ကြည်လင်နေခဲ့သည်။ -
- ဂီဒူရွာသည် အီဟန့်မေမေ၏မွေးရပ်မြေလည်းဖြစ်သလို အဖွား၏အိမ်ထောင်ပြုခဲ့သည့်နေရာတစ်ခုလည်းဖြစ်ခဲ့သည်။ ပိုဆန်းတာက မေမေရောဖေဖေရောကပါ ဒီရွာမှာတွေ့ခဲ့ကြတာပင်။ -
- ရွာထဲကိုနည်းနည်းဝင်ပြီးတာနဲ့ အိမ်ခြေအနည်းငယ်သာရှိသောတောင်ကုန်းငယ်တစ်ခုပေါ်က အိမ်ရှေ့တွင် "ကြိုဆိုပါသည်။ ကျေးဇူးပြု၍ ခေါင်းလောင်းလေးတစ်ချက်တီးလိုက်ပါ။ "ဟူ၍ရေးထားသောအနည်းငယ်ယိုယွင်းနေသော်လည်းအကောင်းအတိုင်းရှိနေဆဲဖြစ်သောဆိုင်းဘုတ်တစ်ခုရှေ့တွင် အီဟန်ခြေလှမ်းတွေရပ်တန့်လိုက်သည်။ -
- အီဟန်ဆိုင်းဘုတ်လေးကိုတစ်ချက်ကြည့်ပြီးပြုံးလိုက်ကာ စောင်းနေသည်ကိုပြန်တည့်ပေးခဲ့ပြီးအိမ်ကိုတစ်ချက်မော့ကြည့်လိုက်သည်။ သစ်သားဖြင့်ဆောက်လုပ်ထားသည်ဆိုသော်လည်း သစ်ကောင်းတော့အခုထိအိမ်ကအရောင်အဝါရှိနေတုန်းပင်။ -
" အဖွား! ကျွန်တော်ရောက်လာတယ်နော်။ ဒီတစ်ခါတော့တစ်ယောက်တည်းပဲ။ အမေကခရီးထွက်သွားလို့။"
- ဖြတ်တိုက်သွားတဲ့လေထုကိုအီဟန်ခံစားရင်းနဲ့ အသက်ဝဝရှူကာ လွယ်အိတ်ထဲက သော့တွဲလေးကိုထုတ်ယူပြီးအိမ်တံခါးဖွင့်လိုက်သည်။ အနည်းငယ်မရောက်တာကြာသွားတော့ဖုန်တွေတက်နေပြီးမှိုနံ့အနည်းငယ်ရနေတာကလွဲရင် တစ်အိမ်လုံးပုံစံမပျက်ပဲရှိနေသည်။ ပရိဘောဂတွေကိုပလက်စတစ်ဖြင့်အုပ်ထားကာမီးကတော့မလာသေး။ အီဟန်luggageပေါ်တွင်လွယ်အိတ်ကိုတင်ထားခဲ့ကာ အိမ်အနောက်ဘက်သို့ဝင်လာခဲ့ပြီး သော့တွဲထဲကသော့တစ်ခုကိုရွေးကာ အီဟန်အခန်းတစ်ခုကိုဖွင့်လိုက်သည်။ -
" Arr C...** "
- အခန်းဖွင့်ဖွင့်ချင်း အီဟန်ခြေထောက်အောက်ကနေကြွက်တစ်ကောင်ကဖြတ်ပြေးသောကြောင့်အီဟန်လန့်ကာ ဆဲမိသည်။ ကြွက်ကအိမ်ဘေးကသစ်သာတွင်ပေါက်နေသောအပေါက်သေးသေးထံမှတိုး၍ထွက်သွားသည်။ အီဟန်လည်းဘောင်းဘီအိတ်ကပ်ထဲကဖုန်းကိုထုတ်ကာ flashlightဖွင့်ပြီးမီးစက်နှိုးရန်ပြင်သည်။ မီးစက်ဘေးက ဓာတ်ဆီဘူးကိုယူကာ အနည်းငယ်ထည့်လိုက်ပြီး ကြိုးကိုအားနဲ့ဆွဲလိုက်သည်။ -
- (ဖုမ်းးး) -
" အဟွတ်အဟွတ် "
- မနှိုးတာကြာသောမီးစက်က ပျက်စီးနေပြီထင်သည်။ အီဟန်ဆွဲလိုက်တာ စက်လောင်ပြီးအငွေ့ထွက်လာခဲ့သည်။ ဒီပုံစံအတိုင်းဆို မနက်ထိတောင်လုပ်လို့ပြီးမယ်မထင်။ -
" ရွာထဲကနေဘဲ ဖယောင်းတိုင်သွားမေးပြီးယူလာလိုက်ရမလား။ "
- အီဟန်လည်းထိုသို့ဆုံးဖြတ်ချက်ချကာ ဖုန်းကိုယူပြီး ရွာထဲသို့ထွက်လာခဲ့သည်။ -
.
.
.
" အဘိုးရေ!"
" ဝေ့! ဘယ်သူလဲကွ "
" ကျွန်တော် တောင်ခြေအိမ်ကကောင်လေးပါဗျ "
" အော် လာလာ ကလေး....
အဘွားကြီးရေ မင်းသူငယ်ချင်းရဲ့မြေးလာတယ်ဟေ့"
- အီဟန်ခြံတံခါးဖွင့်ကာ အဘိုးတို့အိမ်ထဲဝင်သွားခဲ့သည်။ အီဟန်အိမ်ထဲရောက်တော့ အဘွားအိုတစ်ဦးကအိမ်ထဲကနေထွက်လာခဲ့ကာ သူ့ကိုဝမ်းသာအားရကြိုဆိုနေခဲ့သည်။ -
" အာအီဂူးး ငါ့သားလေးပိန်သွားလိုက်တာ။ ဒီအဘွားကြီးဆီကိုလာတောင်မလည်တာကြာရောပေါ့ ထယ်ဆန်းလေး။ "
" အယ်....ကျွန်တော်ထယ်ဆန်းမဟုတ်ပါဘူး။ အီဟန်လို့ခေါ်ပါတယ် အဘွား။ တောင်ခြေအိမ် ကင်မ်မျိုးရိုးကပါ။ "
" အဘွားကြီးကအသက်ကြီးလာတော့မှတ်ဉာဏ်တွေလည်းမကောင်းတော့ဘူးထင်ပါတယ်။ လာ လာ ကလေး ထိုင်ဦး။ မင်းအတွက်ညစာ ယူပေးမယ်။ "
" မဟုတ်တာ ရပါတယ်။ ကျွန်တော်ဖယောင်းတိုင်လေးများရနိုင်မလားလို့လာယူတာပါ။ "
" ဖယောင်းတိုင်ကတော့ရနိုင်တာပေါ့ကွ! ဘာလဲ မင်းတို့အိမ်ကမီးစက်ပျက်ပြီလား။ "
- အီဟန်ထိုင်နေတုန်း ခြံဝကနေ လည်ရှည်ဖိနပ်စီးထားကာဦးထုပ်ကိုချွတ်ပြီးထိုစကားကိုဆိုလာတဲ့လူတစ်ယောက်။ -
" ဦးလေးဘတ်! နေကောင်းရဲ့လား။ သတိရနေတာဗျ"
" ရင်းနှီးချင်ယောင်ဆောင်ပြီး အပိုစကားတွေပြောမနေနဲ့ "
" ဗျာ "
" ဟားဟား နောက်နေတာပါ ဟေ့ကောင်ရ....ဘာလို့နည်းနည်းတောင်ပြောင်းလဲမသွားရတာလဲ။ "
" ဟဲဟဲ ဦးလေးကြီးလည်းနည်းနည်းမှမပြောင်းလဲဘူး။ "
" ထမင်းအတူစားသွားဦး။ ခဏနေ မင်းရဲ့အစ်ကိုစိုက်ခင်းက ပြန်လာလိမ့်မယ်။ "
" အစ်ကိုဆောင်းဟိုလား။ အကြာကြီးနေမှပြန်တွေ့ရတာမှတ်မိပါ့မလားတောင်မသိဘူး။ "
" ထိုင်ဦး။ ငါတို့ရေချိုးပြီးလာခဲ့မယ်။ "
-ဒုန်းးး-
- ဦးလေးဘတ်ဝင်သွားမဲ့စဲစဲတွင် ခြံတံခါးကအသံကျယ်ကျယ်ပိတ်သွားခဲ့သည်။ -
" မင်းဘာဖြစ်လာပြန်တာလဲ ဆောင်းဟိုရာ။ ငါ့ခြံတံခါး ပျက်တော့မှာဘဲ။ ကားရော...."
" ကျွန်တော်စိုက်ခင်းကနေ ကားမောင်းလာဖို့လုပ်ပါသေးတယ်။ ဒါ....ဒါပေမဲ့ အန်းမျိုးရိုးတို့ပန်းခင်းနားမှာစက်ရပ်သွားလို့ ဘယ်လိုမှလုပ်မရတာနဲ့ထားခဲ့လိုက်တာ။ ပြီး..ပြီးတော့နည်းနည်းမှောင်လာတာနဲ့ ကြောက်လို့ အိမ်ကိုပြေးလာရင်း ခွေးလိုက်ဆွဲတာ ဟီးဟီး "
" မင်း!! ယောက်ျားကြီးကဘာကိုကြောက်...မင်းနော်...ငါလုပ်ရင်နာတော့မယ်။ "
" ဟီးးး.... "
" ဟားဟားဟားဟား "
- အီဟန်အသံထွက်ပြီးရယ်လိုက်မိသည်။ -
- အစ်ကိုဆောင်းဟိုလည်းတချက်မှမပြောင်းလဲဘူး။ ငယ်ငယ်ကသူတို့အတူဆော့ရင် သူနဲ့အစ်မယူဂျင်းနဲ့က အစ်ကိုဆောင်းဟိုကိုအမြဲတမ်းစနေတာ။ အစ်ကိုဆောင်းဟိုကလည်းအမြဲခံရတယ်။ -
" မင်းက ကင်မ်အီဟန်မလား။ "
" ဟုတ်တယ် အစ်ကိုဆောင်းဟို "
" သတိရနေတာ အီဟန်ရာ။
ဘယ်တုန်းက ရောက်နေတာလဲ။ "
"နေ့ခင်းလောက်ကမှထွက်လာခဲ့တာ။ "
" တခြားရောဘယ်သူပါသေးလဲ။ ဒေါ်လေးတို့ရောပါလား။ "
" မေမေတို့မပါဘူး။ ကျွန်တော်တစ်ယောက်တည်းလာတာ။ နှစ်ကုန်အထိတော့ဒီမှာနေဖို့စီစဥ်ထားတယ်။ "
" ကောင်းတယ်ကောင်းတယ်။ နှစ်ကုန်လောက်အထိဆိုရင်နည်းနည်းကြာဦးမှာဘဲ။ အေးဆေးနေလို့ရတာပေါ့။ "
" ဟုတ်တယ်။ ဒါပေမဲ့ ပြဿနာက မီးစက်ပျက်သွားပြီ။ "
" အမယ်လေး စိတ်မပူနဲ့။ ငါတို့ဆီမှာလျှပ်စစ်မီးပြန်ရနေပြီ။ မနက်ကျရင် ရွာသူကြီးကိုပြောပြီးမင်းတို့အိမ်မီးတစ်ချို့ထပ်သွယ်ခိုင်းလိုက်မယ်။ အနည်းဆုံးကြာရင်သုံးရက်လောက်ဘဲ။ "
" အာ ဟုတ်ပြီ အစ်ကိုဆောင်းဟို။ ကျေးဇူးတင်ပါတယ်။ "
" အမယ် မလိုပါဘူး။ ငါရေသွားချိုးဦးမယ်ဟေ့။ လမ်းမှာပြေးလာရတာဖုန်တွေလူးနေပြီ။ ပြီးမှအေးဆေးစကားပြောကြတာပေါ့ကွာ။ "
" ဟုတ် ဟုတ် အစ်ကိုဆောင်းဟို "
- အစ်ကိုဆောင်းဟိုတို့နဲ့က မွေးကတည်းကအတူတူကြီးပြင်းလာခဲ့တာဖြစ်တာကြောင့်ပြောမနာဆိုမနာတွေလိုပင်။ ဦးလေးဘတ်ကလည်းမေမေ့သူငယ်ချင်းမလို့ သူ့ရဲ့မိသားစုဝင်လိုဘဲသူ့အပေါ်ချစ်ပေးခဲ့တယ်။ ဒါတွေကြောင့်ဘဲ သူ့မှာတစ်ခုခုဖြစ်ရင်အစ်ကိုဆောင်းဟိုဆီကိုဘဲပြေးသွားနေရတာ။ -
- သူနဲ့ဦးလေးဘတ်တို့မိသားစုဝင်တွေထမင်းလက်ဆုံစားပြီးတော့ ၁ပေရှည်သောဖယောင်းတိုင်ခြောက်ချောင်းပေးလိုက်ကာ အစ်ကိုဆောင်းဟိုကပါသူနဲ့အတူအိပ်ရန်လိုက်လာခဲ့သည်။ သူတို့အိမ်ပြန်ချိန်က ည7:40မိနစ်။ -
.
.
.
- သူတို့အိမ်နားရောက်တော့ အီဟန်တို့အိမ်ကမီးလင်းနေသည်။ -
" ဟော မင်းပြောတော့မီးစက်ကပျက်နေတာဆို။ အခုထိန်လင်းနေလို့ပါလား။ "
" ခုနက စက်ထဲကနေ ဖုမ်းကနဲအသံထွက်လာပြီးအငွေ့ထွက်လာသေးတာကို.... "
" အခုပြန်ကောင်းသွားလို့ဖြစ်မှာပေါ့။ မီးစက်ကကြာရင်အဲ့လိုတွေဖြစ်တတ်တယ်။ ငါတို့အိမ်မှာလည်းလွန်ခဲ့တဲ့နှစ်နှစ်ကမှလဲလိုက်ရတာ။ "
" ဟုတ်လား။ သွားကြရအောင်။ "
- ဆောင်းဟိုနဲ့အတူအီဟန်လည်းအိမ်ထဲသို့ဝင်သွားကာ အိပ်ဖို့အခန်းရှင်းရန်ပြောနေကြသည်။ အီဟန်အိမ်ထဲရောက်ရောက်ချင်းခြေလှမ်းတွေရပ်တန့်သွားပြီး တစ်အိမ်လုံးကိုပတ်ကြည့်နေခဲ့သည်။ -
" ဘာဖြစ်လို့လဲ အီဟန် "
" ကျွန်တော်ရဲ့luggageပျောက်သွားလို့ "
" ဘယ်လို...မင်းကဘယ်မှာထားခဲ့လို့လဲ "
" ကျွန်...ကျွန်တော် ဒီအိမ်ရှေ့ခန်းတဝိုက်မှာဘဲထားခဲ့တာ။ ဘာလို့ဆိုဝင်လာလာချင်းမီးဖွင့်ကြည့်တော့လာမနေတာနဲ့ မီးစက်နှိုးဖို့လုပ်လိုက်တာ။ ပြီးတော့ မီးစက်ပျက်လို့ဖယောင်းတိုင်ယူမယ်ဆိုပြီး ရွာထဲကိုထွက်လာခဲ့တာ။ ထိတောင်မထိရသေးဘူး။ "
" ငါတို့ဆီမှာတော့ သူခိုးဓားပြလည်းပေါမနေပါဘူးကွာ။ မင်းအထားမှားသလား။ ငါတို့သေချာပြန်ရှာကြည့်ရအောင်။ "
- သူနဲ့အစ်ကိုဆောင်းဟိုအိမ်ရဲ့နေရာအနှံ့ကိုလိုက်ရှာကြည့်ပေမဲ့မတွေ့။ မီးစက်ခန်းထဲယူသွားမိသေးလားလိုက်ရှာသော်လည်းမတွေ့၊ အောက်ထပ်ကအိပ်ခန်းနှစ်ခုထဲသို့ယူသွားသေးသလားရှာပုံတော်ဖွင့်ရသော်လည်းတစ်အိမ်လုံးနှံ့စပ်သွားတယ် luggageကရှာလို့မတွေ့။ -
" အိမ်ပေါ်ထပ်ကိုယူသွားသေးလား။ "
" ဟာ အိမ်ပေါ်ထပ်ကိုတက်ဖို့နေနေသာသာ မီးစက်တောင်နှိုးမရပါဘူးဆို "
" ဘာဖြစ်ဖြစ်လေ အပေါ်ထပ်ကလည်းမီးလင်းနေတော့ သွားကြည့်လိုက်ကြမလား။ ဒါမှမတွေ့ရင်တော့ အခန်းရှင်းပြီးမနက်မှဆက်ရှာကြတာပေါ့။ "
" အစ်ကိုဆောင်းဟိုသဘောပါ....သွားကြရအောင်။ "
- အီဟန်လည်းဆောင်းဟိုနောက်ကနေလိုက်တက်လာပြီးအိမ်ပေါ်ထပ်တွင်တော့အောက်ထပ်နှင့်မတူဘဲနဲ့သန့်ရှင်းသပ်ရပ်နေသည်။ အီဟန်ရော ဆောင်းဟိုပါထူးဆန်းသွားသော်လည်း luggage ကိုရှာဖို့ကအရင်ဖြစ်နေတာကြောင့်အပေါ်ထပ်မှာလည်း သူတို့လူစုခွဲရှာလိုက်ရသည်။ -
" အီဟန်! ရှာတွေ့ပြီ။ ဒါမလား။ လက်ကိုင်ကလာဗင်ဒါရောင်လေးနဲ့....ဟုတ်တယ်မလား။ "
" ဟုတ်....ဟုတ်တယ် အစ်ကိုဆောင်းဟို။ ဘယ်ကနေတွေ့တာလဲ။ လွယ်အိတ်ရောမလား။ "
" ဟုတ်တယ် အီဟန်။ လွယ်အိတ်လည်းပါတယ်။ "
- ဆောင်းဟို အခန်းထဲကထွက်လာကာ အီဟန့်ကိုစကားဆိုလာခဲ့သည်။ -
" မင်းဒါကိုလာကြည့်သင့်တယ် အီဟန် "
- အီဟန်ဝင်သွားသည့်အချိန် အခန်းထဲမှာမီးရောင်တွေလင်းနေပြီးလူတစ်ယောက်နေနေသည့်အတိုင်းပြင်ပြင်ဆင်ဆင်ရှိနေခဲ့သည်။ -
" မင်းအခန်းရှင်းထားတာလား။ "
" ဟာဗျာ....ရှင်းစရာလား။ ရောက်လာတာတောင်မကြာသေးပါဘူးဆို။ "
" ဟျောင့်ရေ မင်းအိမ်ကြီးကကြောက်စရာကွာ။ မီးတွေသူ့ဘာသာလင်းပြီးတော့ အခန်းလည်းသူ့ဘာသာရှင်းပြီးတော့ မင်းluggageကိုပါအခန်းထဲရွှေ့ပေးထားတယ်။ ဧည့်...ဧည့်ဝတ်ကျေပွန်တဲ့အိမ်ပါဘဲ။"
" အစ်ကိုဆောင်းဟိုနော် ပေါက်ကရတွေမပြောနဲ့။ ဒါမှမဟုတ် အစ်ကိုတို့အိမ်မှာဘဲသွားနေကြမလား။ "
- အီဟန်တို့ ထိုသို့ပြောပြီးပြီးချင်း အိပ်ခန်းမီးကသူ့အလိုလိုပိတ်သွားသည်။ -
" ဘာလို့မီးပိတ်လိုက်တာလဲ အီဟန်။ အခန်းပြင်ရောက်မှပိတ်လေ။ "
" ကျွန်တော်ပိတ်တာမဟုတ်ဘူး။ ကြည့်ရတာ အစ်ကိုတို့အိမ်မှာသွားအိပ်မယ်ပြောလို့ အိမ်ကစိတ်ကောက်သွားတာဖြစ်နိုင်တယ်။ "
" အိမ်ကစိတ်ကောက်တယ်ရှိမလားကွာ။ ကဲ...ကဲပါ...ဘာဖြစ်ဖြစ် ငါတို့အိပ်..အိပ်ကြရအောင်။ "
- စကားတွေ့ထေ့ထေ့ငေါ့ငေါ့တွေဖြစ်ပြီးကုတင်ပေါ်အရင်တက်သွားတဲ့ဆောင်းဟိုနဲ့ မှောင်နေသည့်အခန်းထဲမှမီးခလုတ်ကိုစမ်းကာ မီးပြန်ဖွင့်ပြီးကုတင်ပေါ်ပြေးတက်လာသောအီဟန်။ နှစ်ယောက်တစ်စောင်ခြုံကာ အမှတ်တရတွေပြောပြီးတစ်ညလုံးနေမဲ့အစီအစဥ်လည်းရေဆုန်မျောပြီ။ နှစ်ကုန်ထိနေမယ်လို့ပြောထားတာလည်းသွားပြီ။ အီဟန်ဘယ်လိုလုပ်ရမည်တောင်မသိတော့တာဖြစ်နိုင်သည်။ -
- အဖွားရေ အိမ်ကိုပထမဦးဆုံးရောက်တဲ့နေ့ကတော့ထူးထူးဆန်းဆန်းကြုံရတာဘဲ။ ဘာတွေဖြစ်နေလဲဆိုတာပြောပြပေးနိုင်မဲ့လူရှိရင်သိပ်ကောင်းမှာဘဲ။ -
- အီဟန် စောင်ကိုခေါင်းမြှီးခြုံပြီးအိပ်လိုက်သည်။ ဆောင်းဟိုကလည်းစောင်ကိုခြုံထားသည်မလို့ နှစ်ယောက်သားကစောင်မလောက်သဖြင့်အသံတိတ်တိုက်ပွဲခဏတာဖြစ်ပွားပြီးသည့်နောက်ပင်ပန်းပြီးအိပ်ပျော်သွားခဲ့ကြသည်။ -
Tick Tock, Tick Tock.
- နာရီစက္ကန့်တံရွေ့လျားနေသည့်အသံကညအချိန်တိတ်ဆိတ်မှုကိုဖျက်ဆီးနေသည်။ ညတစ်နာရီလောက်တွင်အီဟန်တို့အိပ်ခန်းမီးကပိတ်သွားခဲ့ပြီး အခန်းထဲသို့လူတစ်ယောက်လမ်းလျှောက်လာသည့်ခြေသံနှင့်အတူ ဆောင်းဟိုဘေးတွင်ရပ်သွားခဲ့သည်။ ထို့နောက် ဆောင်းဟိုဆွဲခြုံထားသည့်စောင်ကအီဟန်ဆီကိုအပြည့်ခြုံသွားခဲ့ပြီး ဆောင်းဟိုပေါ်သို့နောက်ထပ်စောင်တစ်ထည်ကျရောက်လာခဲ့သည်။ -
" ဧည့်သည်ကတစ်ယောက်တည်းလို့ထင်ခဲ့လို့ပါ "
- အမျိုးသားတစ်ယောက်၏ချိုချိုသာသာပြောလာသည့်အသံ။ -
- ထိုစကားသံနှင့်အတူ ခြေသံက အီဟန်ဘေးနေရာသို့ရောက်သွားပြန်ပြီး ဝဲကျနေတဲ့အီဟန်ဆံစများကနားအနောက်သို့ရောက်သွားခဲ့ပြန်သည်။ ထို့နောက် အီဟန့်ကုတင်ဘေးတွင်ပုံရိပ်တစ်ခုပေါ်လာကာ သူတို့အိပ်နေတာကိုကြည့်ပြီး ပြုံးနေခဲ့သည်။ -
.
.
.
- အီဟန်ခရီးပန်းပြီးအိပ်ပျော်သွားတာ သူမနက်နိုးလာတော့ ရှစ်နာရီကျော်ပြီဖြစ်သည်။ မျက်လုံးနှစ်လုံးပွင့်လာတာနဲ့ညကဖြစ်ပျက်သွားတာတွေကိုသတိရကာ ဘေးနေရာကိုကြည့်မိတော့ ဆောင်းဟိုမရှိတော့ပေ။ -
- ဒီအစ်ကိုဆောင်းဟိုကလည်းထွက်သွားတာတောင်မနှိုးသွားဘူး။ -
- ဒါဟာလည်းသူအစ်ကိုဆောင်းဟိုကိုအပြစ်မပြောနိုင်ဘူး။ ညကကြုံတွေ့ရထားတာတွေကနောက်နေတာမှမဟုတ်ပဲနဲ့ကိုး။ -
- အီဟန်လည်းအိမ်ပေါ်ထပ်ကနေပြေးဆင်းလာကာ အောက်ထပ်သို့ရောက်လာခဲ့သည်။ အိမ်နောက်ဖေးပေါက်သို့ရောက်ရောက်ချင်း ရေကန်ကရေအပြည့်ဖြစ်နေကာ ကန်ကလည်းလှယ်ပြီးသားဖြစ်နေသည်။-
- အီဟန်တော်တော်ထူးဆန်းလာတာကြောင့် အိမ်ထဲသို့ နောက်တစ်ခေါက်လှည့်ကြည့်လိုက်သော်လည်းဘာမှမတွေ့။ သက်ပြင်းတစ်ချက်ချကာ ကိုယ်လက်သန့်စင်ပြီး အိမ်ထဲပြန်ဝင်လာခဲ့သည်။ ထို့နောက်အိမ်ရှေ့ဧည့်ခန်းသို့ထွက်လာစဥ်စားပွဲပေါ်ကပလက်စတစ်ပေါ်တွင်စာရွက်တစ်ခုကိုတွေ့ခဲ့သည်။ -
- စာကိုဖွင့်ပြီးဖတ်လိုက်သည့်အချိန် စာထဲတွင် " အီဟန် အစ်ကိုမနက်စောစောစိုက်ခင်းထဲမှာဆေးဖြန်းရဦးမှာမလို့အရင်ပြန်နှင့်ပြီနော်။ အိပ်မောကျနေတယ်ထင်လို့မနှိုးခဲ့တာ။ နေ့လည်စာစားချိန်ကျရင်လာခေါ်လိုက်မယ်။ " ဟူ၍ပါနေခဲ့သည်။ -
- အီဟန်လည်းဘာမှပြောမနေတော့ဘဲနဲ့ စာရွက်ကိုခေါက်သိမ်းကာ မနက်စာစားရန်မီးဖိုချောင်သို့ရောက်လာခဲ့သည်။ စိတ်ထဲမှာတော့ နေ့လည်စာစားချိန်မှလာခေါ်မယ်ဆိုရင် မနက်စာလုပ်ပေးခဲ့လို့ဖြစ်ရမည်ဟူသောအချောင်ခိုသည့်အတွေးလေးဝင်လာခဲ့သည်။ -
- တကယ်လည်း ထမင်းစားခန်းရောက်သည့်အချိန်တွင် စားပွဲပေါ်တွင်မနက်စာရှိနေခဲ့သည်။ ကော်ဖီတစ်ခွက်နဲ့မုန့်ကသူစားနေကျမဟုတ်သော်လည်းအမေခရီးသွားနေသည့်အတောတွင်းတော့ဒါနဲ့ပဲနှစ်ပါးသွားနေရသောကြောင့်ထွေထွေထူးထူးဝေဖန်ချင်တာတော့မရှိနေပေ။ -
- အီဟန်စားနေရင်း ကော်ဖီတစ်ငုံသောက်အပြီးတွင် သူ့အကြိုက်ဖြစ်နေသောကြောင့် အစ်ကိုဆောင်းဟိုကိုစိတ်ထဲကချီးကျူးရင်းပြုံးလိုက်မိသည်။ -
" စားလို့ကောင်းလား။ "
- သူ့အနောက်ကနေ မရင်းနှီးတဲ့အသံတစ်သံကထွက်လာတာကြောင့်အလန့်တကြားလှည့်ကြည့်လိုက်သည်။ -
" အားရပါးရစားနေလို့မေးလိုက်တာပါ။ "
" ခင်ဗျားကဘယ်သူလဲ "
- အီဟန်ထိုင်နေသည့်ခုံကနေ ကော်ဖီခွက်ကိုင်ပြီးမတ်တပ်ရပ်ကာ မေးလိုက်သည်။ သူ့အရှေ့ကယောက်ျားကတော့သူ့ကိုပြုံးပြီးကြည့်နေကာဖြေလာခဲ့သည်။ -
" ငါလား။ ဒီအိမ်မှာနေတဲ့လူလေ "
- အီဟန်ကကြောင်ပြီးကြည့်နေတာကြောင့် ထိုလူကထပ်ပြီးပြောလာခဲ့သည်။ -
" ဒီအိမ်ကပစ္စည်းတွေကိုငါထိန်းသိမ်းစောင့်ရှောက်ပေးနေတာလေ။ ဥပမာ မင်းစဥ်းစားနေတဲ့အရာတွေပေါ့။ "
" မီးစက်ကိုပြန်ပြင်လိုက်တာခင်ဗျားလား။ "
" နည်းနည်းတော့ငါညစ်ပတ်သွားသေးတယ်။ စက်ကဟောင်းနေပြီလေ။ "
" ကျွန်တော့်luggageရော.....
" ဒီအတိုင်းပစ်ထားခဲ့တော့ကြည့်မနေနိုင်တာနဲ့မင်းအိပ်ခန်းကိုရှင်းပေးပြီးတော့ထာပေးခဲ့တာ။ ဘာလဲ မကြိုက်ဘူးလား။ "
" အခန်းရှင်းတာလည်းခင်ဗျားပေါ့..."
" ဒါပေါ့ ဒါပေါ့ "
" မဟုတ်မှ အခန်းမီးလာပိတ်တာကလည်း....မဟုတ်ဘူးမလား။ မဟုတ်နိုင်ပါဘူး။ ဟဲဟဲဟဲ....ဟဲ....တကယ်လား။ "
" မဟုတ်ဘူးလေ....ငါကဒီလောက်ပင်ပင်ပန်းပန်းအခန်းတွေရှင်း၊ စက်တွေပြင်ပြီးအဆင်သင့်နေလို့ရအောင်လုပ်ပေးထားတာကိုမင်းတို့ကတခြားမှာသွားအိပ်မယ်ပြောနေကြတာမလား။ အဲ့ဒါကြောင့် နည်းနည်းစိတ်ဆိုးလို့လုပ်မိတာပါ။ အခု ရေကန်လှယ်ပေးပြီးတော့မနက်စာပြင်ပေးထားတယ်မလား။ "
" ခင်ဗျားကဘာလဲ။ လ..လူမဟုတ်ဘူးလား။ "
- ထိုယောက်ျား၏ခန္ဓာကိုယ်ကို အီဟန်သွားစမ်းကြည့်သည်။ -
" မဟုတ်ဘူး....ငါပြောတယ်မလား။
ငါဒီအိမ်မှာနေတဲ့လူပါဆိုနေတာကို...။ "
" တကယ်သရဲလား။ "
" ဟူးးး....အောန်...မကြောက်ဘူးလား။ ဂါးးးး "
- အီဟန်ခန္ဓာကိုယ်နည်းနည်းပြန်မတ်လိုက်ကာ ထိုလူမဟုတ်သည့်သူကိုကြည့်နေခဲ့သည်။ -
" အစကတော့ ကြောက်မလို့ပါ။ ဒါပေမဲ့ ခင်ဗျားကကြောက်စရာမှမကောင်းတာ။ အဲ့ဒါကြောင့်မလို့ ခင်ဗျားနေချင်ရင်လည်းနေပါ။ ကျွန်တော့်ကိုအနှောက်အယှက်မပေးရင်ရပြီ။ "
" ကောင်းပြီလေ။ မင်းလည်းငါဒီမှာရှိတာကိုဘယ်သူ့ကိုမှမပြောပါနဲ့။ အဲ့ဒါကငါတို့နှစ်ယောက်လုံးအတွက်ကောင်းပါတယ်။ "
" သဘောတူတယ်။ ခင်ဗျားနာမည်ဘယ်လိုခေါ်လဲ။ "
" ငါ့နာမည်ကိုသေချာမမှတ်မိတော့ပေမဲ့ မျိုးရိုးကတော့ဟန်ပါ။ "
" ဒါဆို ဟန်ဝိညာဥ်လို့ဘဲခေါ်မယ်ရလား။ "
" ရပါတယ်။ "
" ကျွန်တော့်နာမည်က ကင်မ်အီဟန်။ ဒီအိမ်ပိုင်ရှင်ရဲ့မြေး။ "
- ဝိညာဥ်ကောင်လေးကတစ်ချက်ပြုံးလိုက်သည်။ -
" မင်းပြီးရင် အိမ်ရှင်းမှာမလား။ ငါဝိုင်းရှင်းပေးပါ့မယ်။ "
" သဘောတူတယ်။ "
- အီဟန်နှင့်ဝိညာဥ်ကောင်လေးအတူတူ အိမ်ရှင်းလိုက်တာ နေ့လည်စာစားချိန်မရောက်ခင်အချိန်တွင်ပြီးသွားခဲ့သည်။ ဒီကြားထဲ မေမေ့အခန်းထဲကိုဝင်တော့ ဟန်ဝိညာဥ်ကလိုက်မလာဘဲနဲ့အဖွားအခန်းကိုရှင်းလိုက်မယ်လို့ပြောပြီးရှောင်ထွက်သွားတာကြောင့်သူ့မှာတစ်ယောက်တည်းပင်ပန်းသွားရသည်။ -
" အာ ပင်ပန်းလိုက်တာ။ "
" အခုမှအိမ်ရှင်းဖူးတာမလား။ "
" ဝိညာဥ်ကရော အိမ်ရှင်းဖူးလို့လား။ "
" ဟက်! ရယ်စရာတွေလာပြောနေတယ်။ ငါခဏခဏရှင်းဖူးတာပါနော်။ ဘာမှလည်းမသိပဲနဲ့..."
" ယုံပေးလိုက်မယ်နော်။ "
" တကယ်ပါဆိုနေမှ...."
" မှတ်မိလို့လား။ "
" မှတ်တော့မမှတ်မိပေမဲ့ ငါခဏခဏလုပ်ဖူးသလိုခံစားနေရတယ်။ "
" ဖြစ်ရသေးတယ်။ ဗိုက်ဆာလိုက်တာ။
ဒါနဲ့ ဝိညာဥ်တွေကဘာစားလဲ။ "
" ဘာမှမစားဘူးလေ။ "
" မဖြစ်နိုင်တာတွေပြောနေပြန်ပြီ။ ဗိုက်မဆာဘူးလား။ "
" မစားတာကြာတော့ မဆာတော့ဘူး။ ဒါပေမဲ့ ကျွေးရင်တော့စားတယ် ဟီးဟီး။ "
" မစားတာကြာရင်မစားပါနဲ့တော့။ အကျင့်ဖြစ်သွားရင်ဆာနေဦးမယ်။ "
" ဒီလောက်အထိကူညီပေးထားတာကို ငါ့ကိုအဲ့ဒီလိုလုပ်မှဖြစ်မှာလား။ ရားးး ငါကမင်းထက်ပိုကြီးတာနော်။ "
" မဆာဘူးဆို"
" အီဟန်! "
- အီဟန် ဝိညာဥ်ကောင်လေးဖြင့်စကားပြောနေရင်း ဆောင်းဟိုဝင်လာခဲ့သည်။ -
" အစ်ကိုဆောင်းဟို "
" မင်း...မင်းဘယ်သူနဲ့...စကားပြောနေတာလဲ "
" အောန်?...အမ်...အဲ့ဒါကလေ....
- ဝိညာဥ်အားကြည့်တော့သူ့ကိုထိုင်ခုံပေါ်ကနေရှူးကနဲလှမ်းလုပ်ပြနေသည်။ -
" အဲ့ဒါက....ဇာတ်ညွှန်းအတွက်ပါ။ စာမူတွေအတွက်လေ။ "
" အော်.....နေ့လည်စာစားဖို့လာခေါ်တာ။ ဒါနဲ့ အိမ်ရှင်းတာတောင်ပြီးသွားပြီပေါ့။ မြန်လိုက်တာ။ "
" ဟု..ဟုတ်တယ် အစ်ကိုဆောင်းဟိုရဲ့။ သွား...သွားကြရအောင်ပါ။ "
- သူ၏နောက်သို့ဝိညာဥ်ကောင်လေးကလိုက်လာခဲ့ကာ အိမ်ပေါက်ဝရောက်တော့ တံခါးကိုဆောင့်ပိတ်လိုက်သည်။ ဆောင်းဟိုကလန့်ပြီးလှည့်ကြည့်တော့ အီဟန်ကဘဲတံခါးကိုအမြန်ကိုင်ကာပိတ်ဟန်ဆောင်လိုက်ရသည်။ ထို့နောက် အီဟန်နှင့်ဆောင်းဟိုရွာထဲသို့အတူထွက်သွားကြပြီး ဟန်ဝိညာဥ်ကတော့အိမ်မှာဘဲကျန်ခဲ့သည်။ -
Han Pov:
- ငါ့မှာအချိန်ဘယ်လောက်မှမကျန်တော့လို့ မင်းကိုအသိပေးခဲ့ရတာ။ သူသာသိရင်ငါ့ကိုပြေးပြီးလာတွေ့လောက်မလား။ လိမ်လိုက်မိတာတောင်းပန်ပါတယ်။ ဒီလိုမှမလုပ်ရင် ငါအတွက်ခံစားရတာမွန်းကြပ်လွန်းလို့။ -
.
.
.
- မနေ့ညက ဝိညာဥ်ကောင်လေးသည် အီဟန်တို့အိပ်နေသည့်အခန်းထဲသို့ရောက်လာခဲ့သည်။ မီးဖွင့်ထားသောကြောင့် မီးခလုတ်ပိတ်လိုက်ကာ စောင်လုခြုံပြီးအိပ်ပျော်နေကြသောနှစ်ယောက်ကိုကြည့်ပြီးသူပြုံးမိသွားခဲ့သည်။ ဆောင်းဟိုထက် အီဟန်ကစောင်ကိုပိုခြုံထားတာကြောင့်ဆောင်းဟိုဘက်ကစောင်ကိုအီဟန့်အားအပြည့်ခြုံပေးလိုက်ပြီး ဆောင်းဟိုကိုတော့သူကဘဲစောင်တစ်ဖည်အစားထိုးပြီးခြုံပေးလိုက်သည်။ ဒါကလည်းသူ့အမှား။ အီဟန်တစ်ယောက်တည်းအိပ်မယ်ထင်လို့အခန်းရှင်းကတည်းကစောင်တစ်ထည်ဘဲချပေးထားတာ။ -
" ဧည့်သည်ကတစ်ယောက်တည်းလို့ထင်ခဲ့လို့ပါ။ "
- ထိုသို့ပြောပြီးတော့ အီဟန်ဘက်ကို ဟန်ဝိညာဥ်ဆိုသောကောင်လေးကကူးလာခဲ့ပြီး ဘေးတွင်ထိုင်လိုက်ကာ အီဟန့်ကိုကြည့်နေခဲ့သည်။ -
" သူနဲ့တူလို့မင်းကသိပ်ချောတာဘဲ အီဟန်။ မျက်လုံးလည်းတူပြီး တိတ်တခိုးမြတ်နိုးခဲ့ရတဲ့ဆံနွယ်လေးတွေလည်းတူတယ်။ "
- အီဟန်ဆံစလေးများအား သူသပ်တင်ပေးလိုက်ကာ ခေါင်းကိုတစ်ချက်ပွတ်ပေးလိုက်ပြီး နှဖူးပေါ်သို့အနမ်းတစ်ချက်ခြွေလိုက်သည်။ -
" ကောင်းသောညပါ ကောင်လေး။ မနက်ကျရင်တွေ့ကြရအောင်။ "
- ဝိညာဥ်ကောင်လေးသည် အီဟန်အိပ်နေသည့်ဘေးနားကနေထသွားပြီး အခန်းထဲကနေထွက်သွားခဲ့သည်။ -
.
.
.
: FATE :