Rainy Spell

By chorong_daydreams

198K 16.6K 1.9K

မိုးနှောင်းရာသီ နိဂုံးချုပ်စပြုခဲ့လေပြီ.... မိုးေႏွာင္းရာသီ နိဂုံးခ်ဳပ္စျပဳခဲ့ေလၿပီ.... More

[1]
[2]
[3]
[4]
[5]
[6]
[7]
[8]
[9]
[11]
[12]
[13]
[14]
[15]
[16]
[17]
[18] Rated-M
[19]
[20]
[21]
[22]
[23] Final
Songbird
Way Back To You

[10]

6.1K 593 18
By chorong_daydreams

[Zawgyi]

မိုးတြင္းျဖစ္ေသာ္လည္း ဒီရက္ပိုင္းအတြင္းမိုးမရြာခဲ့ေပ။ စခန္းက ေတာအုုပ္၏အတြင္းပိုင္းတြင္ တည္ရွိေနေသာေၾကာင့္ အပူဒဏ္သိပ္မခံရသည္ကိုပင္ ေက်းဇူးတင္ေနရသည္။ မနက္ပိုင္းတြင္ စုေဝးခဲ့ေသာအစည္းအေဝးတြင္ေတာ့ အသစ္ေရာက္ရွိလာၾကေသာ တပ္သားမ်ား၏မိတ္ဆက္ပြဲလည္း ပါဝင္ခဲ့သည္။ ခရစ္(စ္)က ခပ္တုိတိုပင္မိန္႕ခြန္းေျပာၿပီးေနာက္ တစ္ေယာက္ခ်င္းစီထြက္လာ၍ နာမည္ႏွင့္အျခားေျပာလိုသည္မ်ားကို လိုရင္းတိုရွင္းပင္ေျပာခဲ့ၾကပံုပင္။ မင္ေဆာ့ကေတာ့ လြယ္ကူေသာနာမည္အခ်ိဳ႕ကိုသာ နားလည္ႏိုင္ခဲ့သည္။ မင္ေဆာ့သည္ ေနာက္ဘက္မွသစ္ပင္ရိပ္တြင္ထိုင္ရင္း မ်က္ႏွာမ်ားကိုမွတ္မိႏိုင္ရန္ ထိုေျခာက္ေယာက္၏မ်က္ႏွာတို႕ကို ျဖည္းျဖည္းခ်င္းစိုက္ၾကည့္ေနခဲ့မိသည္။ ခရစ္(စ္)၏ေဘးတြင္ေတာ့ ေလးက၊ ေနာက္တြင္ေတာ့ ႐ူဟန္ႏွင့္ခ်န္းတို႕ရပ္ေနခဲ့ၾကသည္။ ယခင္ႏွင့္မတူ တမူထူးျခားေနေသာ ေနရာအေနအထားေၾကာင့္ စိတ္ထဲတြင္တစ္မ်ိဳးျဖစ္မိေသာ္လည္း အရင္တစ္ေခါက္ကႏွင့္ ဘာကြာျခားေနမွန္းကို မသိႏိုင္ျဖစ္ေနခဲ့သည္။ ႐ူဟန္ကေတာ့ ထံုးစံအတိုင္းပင္ ေအးစက္စက္မ်က္ႏွာထားႏွင့္ ေရွ႕တည့္တည့္ကိုစိုက္ၾကည့္၍ ရပ္ေနခဲ့သည္။ တကယ္တမ္းေတာ့ မေတြ႕ရတာၾကာၿပီျဖစ္သည့္ ထိုသို႔ေသာ မ်က္ႏွာထားေၾကာင့္ ရင္ထဲတြင္အရိပ္မည္းတစ္ခု ဖံုးအုပ္သြားသလိုပင္။ မင္ေဆာ့သည္ ေငးေၾကာင္စြာရပ္ေန၍ ထိုမ်က္ႏွာကိုၾကည့္ၿပီးရင္းၾကည့္ေနမိသည္။ ပြဲကိုအဆံုးသတ္ေသာ ခရစ္(စ္)၏ တည္ၿငိမ္ေသာစကားသံက နားဝသို႕ထိုးေဖာက္ဝင္ေရာက္လာခဲ့သည္။

အစားအေသာက္ထည့္ေပးေသာတာဝန္ကို တစ္ရက္သာနားလိုက္ျခင္းျဖစ္ေသာ္လည္း တစ္ပတ္ေလာက္နားလိုက္ရသလို ခံစားမိေသာေၾကာင့္ မင္ေဆာ့ မလံုမလဲရယ္လိုက္မိသည္။ အစားအေသာက္တာဝန္ခံဦးေလးဟြမ္ကေတာ့ ဆူေတာ့မလားမသိဘူးဟူသည့္အေတြးေၾကာင့္ တြန္႕ဆုတ္တြန္႕ဆုတ္ႏွင့္ စားေသာက္ခန္းထဲသို႕ဝင္လာခဲ့သည္။ ဦးေလးဟြမ္က ေဆးလိပ္တစ္လိပ္ႏွင့္ ျပတင္းေဘာင္တြင္ထိုင္ေနခဲ့ၿပီး မင္ေဆာ့ကိုျမင္ေသာအခါ ေဆးလိပ္ေငြ႕မ်ားကိုမႈတ္ထုတ္လိုက္ၿပီး ဆူေလေတာ့သည္။ မေန႕ကဘာလို႕မလာတာလဲဟု ခပ္ေနာက္ေနာက္ေလသံႏွင့္ စကားစလာေသာေၾကာင့္ ေခါင္းကိုငံု႕ၿပီးရင္းငံု႕လိုက္မိသည္။ တ႐ုတ္စကားကိုေတာ့ အရင္လိုပင္ မရင္းႏွီးေသးေခ်။ စကားလံုးမ်ားကို ႀကိဳးႀကိဳးစားစား မွတ္ထားေသာ္လည္း စကားဝဲသံႏွင့္ ေလသံအနိမ့္အျမင့္တို႕ေပါင္းလိုက္လွ်င္ျဖင့္ ေသခ်ာပင္မၾကားရေသာေၾကာင့္ သံုးေလးႀကိမ္ပင္ ျပန္လည္ေမးရေလ့ရွိသည္။ နားေထာင္ရသည္မွာ နားမလည္သည့္အျပင္ ေျပာႏိုင္ေသာစကားလံုးသည္လည္း သံုးေလးလံုးမွအပ မရွိေသာေၾကာင့္ ျပန္၍ပင္ဆင္ေျခမတက္ႏိုင္ေတာ့ေတာ့။ ဦးေလးဟြမ္က အားနာေနေသာမင္ေဆာ့၏မ်က္ႏွာကိုၾကည့္၍ တဟားဟားရယ္ကာ ဟင္းအိုးကိုညႊန္ျပလုိက္သည္။ ဒီေန႕ေတာ့ ဟင္းခြက္ေတြထည့္ေပးဟူသည့္ အဓိပၸာယ္ျဖစ္သည္။

အလကားေနရင္း တစ္ရက္နားလိုက္မိေသာေၾကာင့္ အားေတြနာေနၿပီး အရင္ထက္ပို၍ စိတ္အားထက္သန္စြာ ဟင္းမ်ားကိုခပ္ထည့္ေနလိုက္သည္။ အားလံုးကို တစ္ေယာက္ခ်င္းစီ မ်က္လံုးခ်င္းဆံု၍ၿပံဳးျပၿပီးႏႈတ္ဆက္ေနေသာ မင္ေဆာ့သည္ ရင္းႏွီးကၽြမ္းဝင္ေနေသာ မ်က္ႏွာတစ္ခုႏွင့္ ဖ်တ္ခနဲမ်က္လံုးခ်င္းဆံုသြားသည္။ ေလးပင္ျဖစ္သည္။ ဘာေၾကာင့္မွန္းမသိ နီရဲတက္လာေသာမ်က္ႏွာကို မဖံုးကြယ္ႏိုင္ေသာေၾကာင့္ အလ်င္စလိုပင္ ဟင္းအိုးထဲသို႕ ဟုိေမႊဒီႏိႈက္လုပ္ေနမိသည္။ ေလးက မင္ေဆာ့ကိုၾကည့္၍ ဖ်တ္ခနဲရယ္သည္။

"ေက်းဇူးပဲ"

"ဗ်ာ... ဘာ... ဘာကိုလဲ"

"ေနရာ...ေျပာင္းလိုက္ၿပီဆို"

"အာ... အဲဒါ... ကၽြန္ေတာ္..."

"ငါေတာင္းဆိုတာကို ျဖည့္ဆည္းေပးလို႕ေက်းဇူးတင္တယ္လို႕"

သတင္းက အပ်ံ႕ျမန္လုိက္တာဟု မင္ေဆာ့ေတြးလိုက္မိသည္။ ဂနာမၿငိမ္ျဖစ္ေနေသာမင္ေဆာ့ကိုၾကည့္၍ ေလးကဘာမွမေျပာေတာ့ဘဲ ရယ္ေနရင္း ေရွ႕တစ္လွမ္းတိုးသြားသည္။ ေလး၏ေနာက္တြင္ေတာ့ အသစ္ေရာက္လာေသာ ရဲေဘာ္ေျခာက္ေယာက္တုိ႕က တန္းစီထားသည္။ ေလးက ထိုေျခာက္ေယာက္ထံသို႕ အစားအေသာက္စားေသာစနစ္ကိုရွင္းျပေနဟန္ျဖင့္ စားေသာက္တန္းႏွင့္စားပြဲေနရာတုိ႕ကိုညႊန္ျပ၍ ခပ္ေအးေအးပင္ စကားေျပာေနခဲ့သည္။ ထုိလူတို႕၏ေခါင္းေဆာင္ဟုထင္ရေသာ ဆံပင္အနက္ႏွင့္ေကာင္ေလးက မင္ေဆာ့ကိုေသခ်ာစိုက္ၾကည့္ေနရာမွ ေလးကိုလွမ္း၍ တစ္ခုခုေျပာလုိက္သည္။ ေလးကခဏစဥ္းစားလိုက္ၿပီးေနာက္ ျပန္ေျဖသည္။ ေကာင္ေလးက အူေၾကာင္ေၾကာင္ႏွင့္ရပ္ေနေသာ မင္ေဆာ့ကိုတစ္ခ်က္ထပ္ၾကည့္၍ ေခါင္းကိုညိတ္ကာထြက္သြားေလသည္။ မိမိအေၾကာင္းႏွင့္ပတ္သက္၍ ေျပာဆိုၾကျခင္းျဖစ္မည္ဟု မင္ေဆာ့ခန္႕မွန္းလိုက္ႏိုင္သည္။

ထို႕ေနာက္တြင္ေတာ့ ခ်န္းႏွင့္ခရစ္(စ္)တုိ႕ေပၚလာခဲ့သည္။ ခရစ္(စ္)က မင္ေဆာ့အား အရင္အတိုင္းပင္ စူးရွထက္ျမက္ေနေသာအၾကည့္တုိ႕ျဖင့္ ခပ္တည္တည္ပင္စိုက္ၾကည့္ကာ အဓိပၸာယ္ေဖာ္ရခက္ေသာအၿပံဳးတစ္ခုကိုၿပံဳး၍ ထြက္သြားခဲ့သည္။ ခ်န္းကဟင္းခြက္ကိုလွမ္းယူလိုက္ရင္း အေရးႀကီးေသာမ်က္ႏွာထားျဖင့္ ငါနဲ႕စကားခဏေျပာရေအာင္ ဟုေျပာသည္။ အလုပ္လုပ္ေနတုန္းဟုေျပာၿပီး ေခါင္းခါျပလုိက္ေသာအခါ ဒါဆို ဒီေန႕မအိပ္ခင္ ငါ့အခန္းကိုခဏလာခဲ့ဦး ဟုေျပာကာ ခရစ္(စ္)ေနာက္မွလုိက္သြားေလသည္။ ႐ူဟန္တစ္ေယာက္ ဘာေတြေျပာလိုက္လို႕ပါလိမ့္။ မင္ေဆာ့ သက္ျပင္းတစ္ခ်က္ခ်လုိက္မိသည္။ ႐ူဟန္ကေတာ့ စားေသာက္ခ်ိန္ၿပီးခါနီးေလာက္တြင္မွ ဘယ္ေနရာကမွန္းမသိ ေပၚလာခဲ့သည္။ ဘာလုပ္ရင္းတန္းလန္း လာခဲ့လဲေတာ့မသိေပ၊ မ်က္ႏွာတစ္ခုလံုးနီရဲေနၿပီး ေခၽြးစက္မ်ားျဖင့္စိုစြတ္လ်က္ရွိသည္။ စားေသာက္ဗန္းကိုလွမ္းေပးသည့္လက္တုိ႕က မင္ေဆာ့ကို စခ်င္ေနာက္ခ်င္ေနသလိုပင္။ မနက္ခင္းကေတြ႕ခဲ့ရသည့္ ေအးတိေအးစက္မ်က္ႏွာထားကို ဘယ္မွာမွရွာမေတြ႕ႏိုင္ခဲ့ေပ။ ႏူးညံ့ေပ်ာ့ေျပာင္းလာေသာ ႐ူဟန္၏ မ်က္ႏွာထားေၾကာင့္ မင္ေဆာ့အနည္းငယ္စိတ္ေအးသြားမိသည္။

"ႏွစ္ေယာက္စာထည့္ေပး"

"ဗိုက္ဆာေနလို႕လား"

"မင္းနဲ႕တူတူစားမို႕ေလ"

ခပ္တိုးတိုးေျပာလိုက္ေသာေလသံေၾကာင့္ ရင္ခုန္သြားမိသည္။ မဖံုးကြယ္ႏိုင္ေသာ အၿပံဳးတစ္ခုက ျပည့္ၿဖိဳးေသာမ်က္ႏွာေပၚတြင္ ပြင့္လန္းလာသည္။ ဟင္းအိုးကိုေမႊေနေသာလက္တို႕တြင္ အားမ်ားျဖင့္ျပည့္လာခဲ့သည္။

"ငါ ေနာက္ဆံုးပဲမလား"

႐ူဟန္က ေနာက္တြင္လူရွိေသးလား အသာလွည့္ၾကည့္သည္။ မင္ေဆာ့က ေခါင္းညိတ္ျပလိုက္ၿပီးေနာက္ ဟင္းမ်ားကိုထည့္ေပးလိုက္သည္။ ေပ်ာ္ရႊင္မႈဆိုတာ ဒီလိုခံစားခ်က္မ်ိဳးကိုေျပာတာမ်ားလား။ ဒီေနရာတြင္ ႐ူဟန္ရွိေနသည္ဟူသည့္ အသိတစ္ခုႏွင့္ပင္ ရင္ထဲတြင္အေပ်ာ္တို႕ျဖင့္ ျပည့္လွ်ံေနခဲ့သည္။ ဒီလိုေနရာမ်ိဳးတြင္ ခံစားရလိမ့္မည္ဟု မထင္မွတ္ထားမိေသာ ခံစားမႈမ်ိဳးပင္ျဖစ္သည္။ မင္ေဆာ့သည္ စားေသာက္ခန္း၏ေထာင့္တစ္ေနရာတြင္ ႐ူဟန္ႏွင့္မ်က္ႏွာခ်င္းဆိုင္ထိုင္၍ ထမင္းဗန္းတစ္ခုကို ခလယ္တြင္ထားကာ ေန႕လည္စာစားခဲ့သည္။ မင္း ဦးေလးႀကီးေတြၾကားထဲညက္ၿပီး ထမင္းစားေနတာေတြ႕သားပဲ၊ အဲလိုမွေတာ့ အစာေၾကပါေတာ့မလား၊ ႐ူဟန္က မၾကားတၾကားေျပာ၍ ထမင္းကိုခပ္စားလုိက္သည္။ ေတာ္ေတာ္စားႏိုင္သည္ဟု မင္ေဆာ့ေတြးလုိက္မိသည္။

ထမင္းတူတူ စားၾကသည္။

မင္ေဆာ့အတြက္ေတာ့ ထိုအျပဳအမူ၏အဓိပၸာယ္ကႀကီးမားေနခဲ့သည္။ ယခုအခ်ိန္အထိ အကၽြမ္းတဝင္မရွိေသးေသာ ဘာသာစကားႏွင့္ မရင္းႏွီးေသာ လူမ်ားၾကားထဲတြင္ တစ္ေယာက္ထဲထိုင္ကာ သူမ်ားအရိပ္အျခည္ၾကည့္၍ ထမင္းစားခဲ့ရသည္။ တစ္ေနရာထဲတြင္ အတူတူစားေနၾကေသာ္လည္း ထမင္းအတူစားသည္ဟုမေခၚဆိုႏိုင္ခဲ့ေပ။ လူေကာင္းေတြမွန္းေတာ့သိေနခဲ့ေသာ္လည္း နားမလည္ႏိုင္ေသာစကားမ်ားၾကားတြင္ မင္ေဆာ့သည္ အၿမဲစိတ္မပါလက္မပါပင္ စားခဲ့ေလ့ရွိသည္။ အၿမဲတေစ မ်က္ႏွာခ်င္းဆိုင္ထိုင္၍ ထမင္းစားတတ္ၾကေသာ ခ်န္းႏွင့္ခရစ္(စ္)ကိုအားက်မိသည္မွာ ထို႕ေၾကာင့္ပင္ျဖစ္သည္။ ကိုးရီးယားတြင္သူငယ္ခ်င္းမ်ားႏွင့္ ထမင္းတူတူစားခဲ့ၾကေသာအခ်ိန္မ်ားကို မၾကာခဏသတိရမိေလ့ရွိသည္။ မင္ေဆာ့သည္ ထမင္းတစ္လုပ္ခပ္စားရန္ျပင္ေနေသာ ႐ူဟန္႕ကို ေငးေၾကာင္စြာစိုက္ၾကည့္ေနမိသည္။ သူက ဟင္းရည္ပူပူတစ္ဇြန္းကို မႈတ္ေသာက္၍ ဟင္းေခ်းမမ်ားပဲ ဟင္းမ်ားကိုအသင့္အတင့္ပံုေနရာမွ ႐ုတ္တရက္မင္ေဆာ့ကိုလွမ္းၾကည့္သည္။

"မင္းေရာ မစားဘူးလား"

"ဟင္..မဟုတ္ပါဘူး...စားမယ္"

မင္ေဆာ့ကအနည္းငယ္ေၾကာင္သြားၿပီး ဟင္းရည္ကိုပါးစပ္ထဲေကာက္ထည့္လုိက္ရာမွ လွ်ာက်က္သြားေသာေၾကာင့္ တစ္ကိုယ္လံုးတစ္ဖ်ပ္ဖ်ပ္ခါသြားသည္။ ႐ူဟန္က စိုက္ၾကည့္ေနရာမွ မထိန္းႏိုင္ပဲ ရယ္ခ်လုိက္ေလသည္။ မင္း ဟုိဟာနဲ႕တူတယ္၊ ဟင္ ဘာလဲ၊ မွည့္ေနတဲ့ ေပါက္စီ၊ မင္ေဆာ့က တမင္ပါးကိုေဖာင္းျပလုိက္ေသာအခါ ႐ူဟန္က ပို၍ပင္က်ယ္ေလာင္စြာရယ္လုိက္ရင္း၊ သတိထား၊ တရုတ္ဟင္းေတြက ပူတယ္ ဟုေျပာသည္။ မင္ေဆာ့လည္း ေခါင္းညိတ္ျပလုိက္ေလသည္။

ေအးစိမ့္ေသာညေလထုက စခန္းတစ္ခုလံုးအားလႊမ္းၿခံဳလာခဲ့သည္။ ခန္းဆီးကိုခ်၍ မီးအိမ္ထြန္းလိုက္သည္။ ေမွးမွိန္ေသာလိေမၼာ္ေရာင္မီးရိပ္က အခန္းတြင္းသို႕ျဖန္႕က်လာသည္။ ပို၍နက္႐ႈိင္းေသာေနရာသို႕ ထပ္သြားရမည္ဟု မင္ေဆာ့ကိုမေျပာရက္ခဲ့ေပ။ ႐ူဟန္က ကုတင္ေပၚတြင္ထိုင္၍ လက္ေခ်ာင္းမ်ားကိုတစ္ဖ်တ္ဖ်တ္လႈပ္ေနလိုက္သည္။ မၾကာခင္စခန္းေျပာင္းရေတာ့မွာမို႕လို႕ ပစၥည္းေတြသိမ္းထားလိုက္ေတာ့ဟုသာ ေျပာလိုက္သည္။ ဘယ္ကိုေရႊ႕ၾကမွာလဲဟုေမးလာေသာ္လည္း အခုထိ မေသခ်ာေသးဟူ၍သာျပန္ေျဖႏိုင္ခဲ့သည္။ မင္ေဆာ့သည္ သိပ္မမ်ားလွေသာပစၥည္းမ်ားကို ဟိုလႈပ္ဒီလႈပ္ႏွင့္ သိမ္းႀကံဳးစုေနလုိက္ၿပီးေနာက္ ငါ့ပစၥည္းေတြကဒါအကုန္ပဲကို ဟုေျပာ၍လြယ္အိတ္ေသးေသးေလးကို ေျမႇာက္ျပလိုက္သည္။ ထို႕ေနာက္ အတြင္းရွိပစၥည္းမ်ားကိုတစ္ခုခ်င္းစီ ႏႈိက္ထုတ္၍စစ္ေနခဲ့သည္။ အစကေတာ့ အက်ႌေတြလည္းအမ်ားႀကီး အမွတ္တရပစၥည္းေတြလည္းအမ်ားႀကီး ပါလာေပမယ့္ အကုန္အခိုးခံရၿပီးမရွိေတာ့ဘူး၊ တလႈပ္လႈပ္ေရရြတ္ေနခဲ့ေသာ ေလသံက ခ်စ္ဖို႕ေကာင္းေနခဲ့သည္။

"အဲဒါက ဘာလဲ"

႐ူဟန္သတိထားမိလိုက္သည္က ပလပ္စတစ္အိတ္ျဖင့္ပတ္ထားေသာ သားေရဖံုးႏွင့္ စာအုပ္ေလးပင္ျဖစ္သည္။ အနားသားမ်ားေဟာင္းႏြမ္းေနေသာ အျပာႏုေရာင္သားေရဖံုးကိုၾကည့္ျခင္းအားျဖင့္ မၾကာခဏအသံုးျပဳေလ့ရွိေသာပစၥည္းပင္ျဖစ္ရေပမည္။ မင္ေဆာ့က ထိုစာအုပ္ကိုေကာက္ယူ၍ ရယ္လုိက္သည္။

"ေအာ္..ဒါလား... ဒါ ဒိုင္ယာရီေလ။ အာ....ၾကည့္လုိ႕မျဖစ္ဘူး၊ ဒါ ငါေန႕စဥ္မွတ္တမ္းေရးတဲ့ဟာ"

"အင္း... မင္းအေၾကာင္းေတြလား"

"ထူးထူးဆန္းဆန္းေတြ ေရးထားတာေတာ့မဟုတ္ေပမယ့္...ဒီတိုင္း ကိုးရီးယားကအေၾကာင္းေတြနဲ႕၊ သူငယ္ခ်င္းေတြအေၾကာင္းေတြပဲ ရွိတာပါ။ ဒါေပမယ့္လည္း...."

"အင္းပါ"

႐ူဟန္က ခပ္ေပါ့ေပါ့ပင္ ေခါင္းညိတ္ျပလိုက္သည္။ အတင္းယူၾကည့္မည္ဆိုလွ်င္ ၾကည့္ႏိုင္ခဲ့သည္။ အထစ္အထစ္ျဖစ္ေသာ္လည္း ကုိးရီးယားစာကို ဖတ္ေတာ့ဖတ္ႏိုင္ခဲ့သည္။ သို႕ေသာ္ကိုးရီးယား၏အမွတ္တရမ်ား နက္႐ႈိင္းစြာေဝ့လည္ေနေသာအရာတစ္ခုကို ႀကိဳးစားအားထုတ္၍ ၾကည့္မေနခ်င္ခဲ့ေပ။ ကိုးရီးယားႏွင့္ပတ္သက္ေသာအရာအားလံုးကို လြမ္းဆြတ္စြာတမ္းတစြာေရးသားထားမည္မွာ ေသခ်ာေပါက္ပင္။ မင္ေဆာ့က ဒိုင္ယာရီအားလြယ္အိတ္အတြင္းပိုင္းသို႕ ထည့္ေနသည္ကိုသာ ေဖာက္ထြင္းေတာ့မတတ္ စိုက္ၾကည့္ေနခဲ့သည္။

"ေနာက္က်ရင္... အခ်ိန္နည္းနည္းၾကာဦးမယ္ဆိုရင္ေတာင္ သူကိုးရီးယားကိုျပန္ရမယ္ဆိုတာ သိတယ္မလား"

ခ်န္း၏စကားက နားဝတြင္တေဝ့လည္လည္ က်န္ရစ္ေနခဲ့သည္။ သိတယ္ဟုျပန္ေျဖခဲ့ေသာ္လည္း တကယ္တမ္းေတာ့ ထိုအေၾကာင္းက ေခါင္းထဲတြင္မရွိေတာ့သည္မွာ ၾကာၿပီျဖစ္သည္။ စေတြ႕သည့္အခ်ိန္ထဲကပင္ မင္ေဆာ့ကိုးရီးယားကိုျပန္ႏိုင္သည့္ ရာခုိင္ႏႈန္းမရွိသေလာက္ပင္ျဖစ္သည္ဟု စဥ္းစားခဲ့သည္ဟုလည္းဆိုႏုိင္သည္။ အစတည္းက ျပန္ပို႕ႏုိင္မည္ဆိုလွ်င္ အႏၱရာယ္မ်ားၾကားမွျဖတ္၍ ဘယ္လိုပဲျဖစ္ျဖစ္ ေတာအုပ္အျပင္ဘက္သို႕ ပို႕ေပးခဲ့မည္ျဖစ္သည္။ သို႕ေသာ္ မင္ေဆာ့၏အေျခအေနက အျခားလူမ်ားႏွင့္မတူသည္ကိုေတာ့ ဝန္ခံရမည္ျဖစ္သည္။ ပါးစပ္မွထုတ္မေျပာခဲ့ေသာ္လည္း မင္ေဆာ့သည္ ကိုးရီးယားတြင္ရွိခဲ့ေသာအေၾကာင္းမ်ားကိုေျပာတိုင္းပင္ အဓိပၸာယ္ေဖာ္မျပႏုိင္ေသာမ်က္ႏွာထားမ်ိဳးျဖစ္သြားေလ့ရွိသည္။ ေမွာင္မိုက္ေသာ အေဝးတစ္ေနရာကို ေငးေနေသာအၾကည့္တို႕ျဖင့္၊ အခုခ်က္ခ်င္းဆိုသလိုပင္ မိမိေဘးမွေပ်ာက္ကြယ္သြားေတာ့မလို မ်က္ႏွာထားမ်ိဳးႏွင့္ ၿပီးခဲ့ေသာအတိတ္ကအမွတ္တရတို႕ကို ေျပာျပေလ့ရွိေလသည္။

မင္းကို ျပန္ပို႕ေပးမွျဖစ္မယ္။

႐ူဟန္က ေအာက္ႏႈတ္ခမ္းကိုခပ္နာနာ ကိုက္ထားလိုက္မိသည္။ ဒီေနရာတြင္ ႐ူဟန္တစ္ေယာက္တည္းျဖစ္ေသာ္လည္း ကိုးရီးယားတြင္ေတာ့ မိသားစုႏွင့္ သူငယ္ခ်င္းမ်ားရွိေနေလသည္။ ခ်ိန္ခြင္တြင္ အသီးသီးထည့္၍ခ်ိန္ၾကည့္မည္ဆိုလွ်င္ မိသားစုႏွင့္ သူငယ္ခ်င္းမ်ားဘက္က အေလးပိုမည္မွာ ေသခ်ာေပါက္ပင္ျဖစ္သည္။ မဝန္ခံခ်င္ေသာ္လည္း ကိုးရီးယားသို႕ျပန္ပို႕ေပးမည္မွာ မွန္ကန္ေသာဆံုးျဖတ္ခ်က္ပင္ျဖစ္သည္။

သို႕ေသာ္ စစ္ပြဲက ဘယ္လိုအေျခအေနမ်ိဳးႏွင့္အဆံုးသတ္သတ္ ကိုးရီးယားသို႕ျပန္ပို႕ေပးႏိုင္မည္ေတာ့ မဟုတ္ေပ။ စစ္ပြဲတြင္ အႏိုင္ရကာမွ မင္ေဆာ့အား သူ႕မိသားစုထံသို႕ ျပန္ပို႕ေပးႏိုင္မည္ျဖစ္သည္။ ႏိုင္ရမည္ဆိုလွ်င္... ထပ္တလဲလဲျဖစ္လာေသာအေတြးမ်ားေၾကာင့္ ေခါင္းထဲတြင္ ႐ႈပ္ေထြးလာခဲ့သည္။ ေျပာင္းရမည့္ စခန္း၏အေနအထားက အားနည္းခ်က္ေတြမ်ားေနေလသည္။ ေခ်ာက္ကမ္းပါးအား ေက်ာေပးထားေသာ အေနအထားက အႏၱရာယ္ျဖစ္ခ်ိန္တြင္ ေျပးေပါက္မရွိဟူသည့္ အဓိပၸာယ္ပင္ျဖစ္သည္။ ဘယ္ညာတြင္ရွိေနေသာ စမ္းေခ်ာင္းေၾကာင့္ ေရကိုေအးေအးသက္သာ ရယူႏိုင္ေသာ္လည္း ေရစီးသံမ်ားေၾကာင့္ အလစ္တိုက္ခိုက္မႈကို ကာကြယ္ဖို႕ခက္ခဲသည္မွာလည္း အားနည္းခ်က္တစ္ခုပင္ျဖစ္သည္။ ခရစ္(စ္)လည္း ဒါကိုလက္ခံထားေသာ္လည္း ဗ်ဴဟာတစ္ခုေတာ့လိုအပ္ေနခဲ့သည္။

မင္ေဆာ့က အားလံုးသိမ္းၿပီးသြားေသာအခါ အေတြးကမာၻထဲနစ္ေျမာေနေသာ ႐ူဟန္႕အနီးသို႕လာ၍ မ်က္ႏွာရိပ္မ်က္ႏွာကဲၾကည့္လာသည္။

"ဘာလို႕လဲ... မျပလို႕စိတ္ဆိုးသြားတာလား"

႐ူဟန္က ျပန္မေျဖပဲ မင္ေဆာ့ကိုပါးျပင္အား ျဖည္းညင္းစြာပြတ္သပ္ေပးသည္။ ဘာမွန္းမသိပဲ မ်က္လံုးအျပဴးသားႏွင့္ၾကည့္ေနေသာ မင္ေဆာ့အားပခံုးမွ ဆုပ္ကိုင္ကာ ႏူးညံ့စြာနမ္းသည္။ အနည္းငယ္ထိကပ္ေနၾကေသာႏႈတ္ခမ္းတို႕ ခြာလိုက္ၾကေသာအခါ မင္ေဆာ့ကအနည္းငယ္ျမန္ေနေသာ အသက္႐ႈႏႈန္းတို႕ျဖင့္ အသက္ကိုမနည္းျပန္႐ႈလိုက္သည္။ ပန္းေသြးေရာင္သန္းေနေသာႏႈတ္ခမ္းတို႕က အနည္းငယ္စိုစြတ္ကာ ရြန္းလဲ့ေနခဲ့သည္။ ဆံႏြယ္တုိ႕ကိုပြတ္သပ္ေနေသာလက္အား လက္တိုင္သို႕ေရႊ႕၍ထိလိုက္ေသာအခါ မင္ေဆာ့က႐ုတ္တရက္တြန္႕ခနဲျဖစ္သြား၍ ေနာက္သို႕ဆုတ္သြားခဲ့သည္။

"ငါ...ငါ ခ်န္းဆီခဏသြားလိုက္ဦးမယ္"

"ထြက္ေျပးတာလား"

"မဟုတ္ပါဘူးေနာ္!"

မင္ေဆာ့ကနီျမန္းလာေသာမ်က္ႏွာျဖင့္ တံခါးကိုဝုန္းခနဲဖြင့္ကာ လ်င္ျမန္စြာပင္ ေျပးထြက္သြားခဲ့သည္။ သူ႕ကို ဘယ္လိုလုပ္လက္လႊတ္ႏိုင္ပါ့မလဲ... ႐ူဟန္က မခ်ိၿပံဳးၿပံဳးလိုက္မိသည္။

မင္ေဆာ့က မထင္မွတ္ပဲ ခ်က္ခ်င္းဆိုသလိုပင္ ျပန္ဝင္လာေလသည္။ ႐ူဟန္ ပစၥည္းမ်ားကိုသိမ္းဆည္းေနခ်ိန္တြင္ မင္ေဆာ့ကဆူညံစြာ အသံေပး၍ ျပန္ဝင္လာခဲ့သည္။ ေျပးလာသလိုပင္ ေဟာဟဲလိုက္ေနၿပီး ရင္ခြင္ထဲတြင္ေတာ့ ဘာမွန္းမသိေသာပစၥည္းမ်ားထည့္ထားသည့္ စကၠဴအိတ္တစ္အိတ္ကို ပိုက္လ်က္ျဖစ္သည္။

"တစ္လေလာက္အခန္းေဖာ္လုပ္ထားတယ္ဆိုၿပီး အမွတ္တရလက္ေဆာင္ေတြဘာေတြမ်ား ရလာလုိ႕လား... ဘာေတြလဲ"

"ဟင္... ဟို... အာ... မဟုတ္ဘူး... ဟို.. ဟိုဟာ.."

"ဘာမို႕လို႕လဲလို႕"

႐ူဟန္က ဖ်တ္ခနဲပင္အိတ္အားဆြဲလုလုိက္သည္။ ရွိရွိသမွ်အားကိုသံုး၍ မၾကည့္ႏိုင္ေအာင္ ျပန္ဆြဲလုေနေသာ မင္ေဆာ့ကို ဟိုဟိုဒီဒီေရွာင္ေနသည္။ ဘယ္လိုပဲျဖစ္ျဖစ္ မျပရင္လည္း ခ်န္းကိုေမးလိုက္ရင္ သိမွာပဲဟာကို ဟုစေနေသးသည္။ မင္ေဆာ့က အေနရအထိုင္ရခက္လာဟန္ျဖင့္ ဟာ..တကယ္ပဲ ဟုဆိုကာ အျပင္ဘက္သို႕ဖ်တ္ခနဲထြက္သြားရန္လုပ္သည္ကို ႐ူဟန္ကလွမ္းဆြဲထားသည္။ ကိုယ္ကိုတြန္႕၍႐ုန္းထြက္ရန္ျပင္ေနသည္ကို မထြက္ေျပးႏိုင္ေအာင္ဆြဲဖက္ထားရင္းပင္ စကၠဴအိတ္ကိုဖြင့္ၾကည့္လိုက္သည္။

"ဘာမ်ားေပးလုိက္လုိ႕ ဒီေလာက္ေတာင္ျဖစ္ေနတာလဲ"

အိတ္ကိုဖြင့္လိုက္ေသာအခါ စကၠဴေသတၱာခပ္ေသးေသးေလးက သံုးခု၊ ခပ္ဝိုင္းဝုိင္းဘူးတစ္ဘူးကိုေတြ႕လိုက္ရသည္။ မင္ေဆာ့က အနီးတြင္ ႂကြက္တြင္းသာရွိေနပါက ေျပးပုန္းေတာ့မတတ္႐ုန္းေနရာက ခပ္တိုးတိုးအသံျဖင့္ ဗိုလ္မွဴးကေပးခိုင္းလုိက္တာတဲ့ ဟုေျပာသည္။

"အရိပ္ျပအေကာင္ျမင္တတ္တာကလည္း ေၾကာက္ဖို႕ေတာင္ေကာင္းတယ္။ ဒီလိုေနရာမ်ိဳးအထိ အလိုက္သိတတ္တာပဲ"

"ဟာ...တကယ္ပဲ.... အဲဒါေၾကာင့္မို႕ မၾကည့္ပါနဲ႕ဆိုေန"

"မင္းနဲ႕ငါနဲ႕ တူတူသံုးရမယ့္ဟာကုိ မၾကည့္လို႕ဘယ္ရမလဲ"

မ်က္ႏွာခပ္ေျပာင္ေျပာင္ပင္ ျပန္ေျဖလုိက္ေတာ့ မင္ေဆာ့ကျပန္႐ုန္းထြက္ရန္ႀကိဳးစားရင္း ဒုကၡေရာက္ေနေလသည္။ မိမိတို႕သံုးသည့္ပစၥည္းထဲမွ မရွိမယ့္ရွိမယ့္ကို ခြဲေဝေပးလိုက္ပံုပင္။ ကြန္ဒံုးသံုးဘူးႏွင့္ ဂ်ယ္(လ္)တစ္ဘူး၊ ႐ူဟန္က ရယ္လုိက္သည္။ ဒါ ဘယ္ေလာက္မွမခံေလာက္ဘူးထင္တယ္၊ ဟုေရရြတ္လုိက္ေသာအခါ မင္ေဆာ့က ငိုမဲ့မဲ့ႏွင့္ တကယ္လား... ဟုေမးေလသည္။ ဒီေလာက္ခ်စ္ဖို႕ေကာင္းတဲ့သူ႔ကို ဘယ္လိုျပန္လႊတ္ႏိုင္ပါ့မလဲ၊ အေတြးတစ္ခုတည္းက ေခါင္းထဲတြင္တေဝ့လည္လည္ျဖစ္ေနခဲ့ေလသည္။ ႐ူဟန္သည္ ဘာရယ္မဟုတ္ မင္ေဆာ့အားဖက္ထားေသာ လက္ေမာင္းတို႕အား ပို၍တင္းက်ပ္စြာ ေပြ႕ဖက္လိုက္မိသည္။

ႏွစ္ရက္ေနေသာအခါ အရင္လႊတ္လုိက္ေသာ ကင္းသမားတို႕ျပန္ေရာက္လာၾကေလသည္။ ထင္ထားသည္ထက္ပို၍ လ်င္ျမန္စြာသြားႏိုင္ေသာ လမ္းေၾကာင္းကိုေတြ႕လာခဲ့သည္ဟုေျပာသည္။ ႐ံုးခ်ဳပ္မွလည္း စခန္းတည္ေနရာရွာၾကည့္ရာ တစ္ေနရာက်န္ေနေသးသည္ဟု ဆက္သြယ္လာခဲ့သည္။ ထာအိုေျပာေသာထိုစခန္းေနရာပင္ျဖစ္ေနခဲ့သည္။ ေမးထားတာဘယ္ေလာက္ၾကာၿပီလဲ အခုမွျပန္ေျဖရလားဟု ဆိုကာ႐ူဟန္က မေက်မနပ္ေျပာလိုက္ေသးသည္။ တၿပိဳင္တည္းပင္ ႐ံုးခ်ဳပ္မွ စခန္းေျပာင္းေရႊ႕ခြင့္က်လာခဲ့သည္။

~•~•~•~•~•~•~•~•~•~

စခန္းေရႊ႕ေျပာင္းရန္ အင္တိုက္အားတုိက္ျပင္ဆင္ေနၾကေလၿပီ။ ယာယီတဲမ်ားအားလံုးကိုသိမ္း၍ စားေသာက္ခန္း ဒါမွမဟုတ္ ေရခ်ိဳးခန္းစသည့္ အေဆာက္အဦမ်ားထဲတြင္ စုေဝးေနခဲ့ၾကသည္။ ခရစ္(စ္)၏အမိန္႕အရ ႏွစ္ရက္ေနလွ်င္ စခန္းေျပာင္းမည္ဟု ခ်န္းထံမွသိလုိက္ရသည္။ ႐ူဟန္ကေတာ့ ဘာကိစၥတစ္ခုခုေၾကာင့္ အလုပ္႐ႈပ္ေနလဲမသိေပ၊ ခ်န္းထံသို႕ မင္ေဆာ့ကိုေသခ်ာၾကည့္ေပးထားရန္ေျပာ၍ ေပ်ာက္သြားခဲ့သည္။ မင္ေဆာ့သည္ ဆူညံစြာစကားေျပာေနေသာလူမ်ားၾကားထဲမွျဖတ္၍ ေထာင့္တစ္ေထာင့္တြင္ ေစာင္ကိုခင္းလုိက္သည္။ ခ်န္းက မင္ေဆာ့ေနာက္မွလုိက္လာ၍ ေနရာယူသည္။ သဘာဝေဘးအႏၱရာယ္က်ေရာက္၍ ဒုကၡသည္စခန္းတြင္ေရာက္ေနသည္ႏွင့္တူသည္ဟုပင္ ေတြးလိုက္မိေသးသည္။ မီးအိမ္အေသးတစ္ခုသာထြန္းထားေသာေၾကာင့္ ေလးဖက္ေလးတန္က ဘယ္သူဘယ္သူဟုခြဲျခားရန္ခက္ခဲေလာက္ေအာင္ပင္ ေမွာင္မဲေနခဲ့သည္။ လမ္းမွာ ပင္ပန္းမွာဆိုေတာ့ ေစာေစာအိပ္ေတာ့ဟု ႏႈတ္ဆက္လာေသာခ်န္းအား ေမးလိုက္မိသည္။

"အခု ဘယ္သြားၾကမွာလဲ၊ ဘာေတြဆက္ျဖစ္ဦးမွာလဲ"

"အေသစိတ္ေျပာျပဖို႕ေတာ့ခက္တယ္။ ဘယ္လုိပဲျဖစ္ျဖစ္ ငါကေတာ့မနက္ျဖန္ ခရစ္(စ္)ေနာက္ကလိုက္သြားမွာ။ မင္းကေတာ့ ဒုဗိုလ္နဲ႕ ႐ူဟန္နဲ႕ တစ္ဖြဲ႕တည္းျဖစ္မွာ"

"ဒုဗိုလ္နဲ႕ ႐ူဟန္? ဒုဗိုလ္က ႐ူဟန္မဟုတ္ဘူးလား"

"တ႐ုတ္စာ ေသေသခ်ာခ်ာလုပ္ပါလို႕ေျပာထားသားနဲ႕"

ခ်န္း၏ျပစ္တင္ေမာင္းမဲသံေၾကာင့္ မင္ေဆာ့မ်က္ႏွာငယ္သြားသည္။ လုပ္ေတာ့လုပ္တာပဲ၊ ေသခ်ာေတာ့ နားမလည္ဘူး၊ ဟုတိုးတိုးေရရြတ္လုိက္သည္။ စကားလံုးမ်ားကို တစ္ခါတစ္ရံၾကားမိေသာ္လည္း ရွင္းရွင္းလင္းလင္းနားလည္ရန္ေတာ့ အရင္လိုပင္ခက္ခဲေနေသးသည္။

"ဟိုတစ္ေခါက္ အစည္းအေဝးပြဲတုန္းက မျမင္လိုက္ဖူးလား၊ အခ ုေလးက ဒုဗိုလ္ေလ။ ႐ူဟန္ကေတာ့ ရာထူးခ်ခံလုိက္ရတယ္။ အင္း... ဒါေပမယ့္ ေလးပဲျဖစ္ျဖစ္ ႐ူဟန္ပဲျဖစ္ျဖစ္ ႏွစ္ေယာက္လံုးဒုဗိုလ္အဆင့္ေလာက္ေတာ့ တူတူပါပဲ"

"ရာထူးခ်ခံရတယ္?"

"တစ္ေယာက္တည္းလႈပ္ရွားၿပီး ေနာက္က်မွျပန္ေရာက္လာတယ္မလား။ အႏၱရာယ္မ်ားတဲ့ကိစၥမို႕လို႕ အျပစ္ေပးတာကိုေတာ့ ေရွာင္လို႕မရဘူးေလ"

မင္ေဆာ့ ဘာမွျပန္မေျပာႏိုင္ျဖစ္သြားသည္။ လံုးဝမရိပ္မိခဲ့ေပ။ ဒီႏွစ္ရက္အေတာအတြင္း ရာထူးေလွ်ာ့ခံရျခင္းႏွင့္ပတ္သက္၍ ႐ူဟန္ထံမွဘယ္လိုအရိပ္အကဲမ်ိဳးကိုမွ မေတြ႕ႏိုင္ခဲ့ေပ။ ဒါေပမယ့္လည္း စိတ္ပ်က္သြားမွာပဲကို အားေတာင္မေပးလိုက္ရဘူးဟု ေတြးမိၿပီး အားနာမိလာသည္။ မင္ေဆာ့က စိတ္ပ်က္လက္ပ်က္ျဖစ္သြားသည္ကိုၾကည့္၍ ခ်န္းကစကားဆက္လာသည္။

"ဂ႐ုစိုက္မေနပါနဲ႕။ ႐ူဟန္လည္း လံုးဝဂ႐ုစိုက္တဲ့ကိစၥမဟုတ္ဘူး။ ဘာပဲျဖစ္ျဖစ္ လူအင္အားအမ်ားႀကီးလႈပ္ရွားရင္ သိသာမွာဆိုေတာ့ တစ္ဖြဲ႕ခ်င္းစီခြဲၿပီး မတူတဲ့လမ္းကေနသြားၾကမွာ။ သြားရမယ့္ေနရာကိုေတာ့ ေျပာလည္းသိမွာမဟုတ္ဘူးဆိုေတာ့ထားပါေတာ့။ ဘာပဲျဖစ္ျဖစ္ မနက္ျဖန္ေတာ့ ေစာေစာထၿပီး ဒုဗိုလ္...႐ူဟန္အဖြဲ႕နဲ႕လိုက္သြား။ သြားရင္းနဲ႕ရွင္းျပေပးလိမ့္မယ္။ ေအာ္ ဒါနဲ႕...ကုိယ့္ပစၥည္းေတာ့ ကိုယ္ေသခ်ာယူခဲ့ေနာ္"

မင္ေဆာ့က အင္း ဟုေခါင္းညိတ္ျပလိုက္သည္။ အ႐ုဏ္တြင္ထရမည္ျဖစ္ေသာ္ေၾကာင့္ အိပ္ေပ်ာ္ေအာင္ႀကိဳးစားေသာ္လည္း အိပ္မေပ်ာ္ႏိုင္ခဲ့ေပ။ ႐ူဟန္႕အေတြးႏွင့္ပင္ ေခါင္းထဲတြင္ျပည့္ႏွက္ေနခဲ့သည္။ ႏွစ္ရက္ပဲရွိေသးေသာ္လည္း ႐ူဟန္ေဘးတြင္မရွိလွ်င္မေနတတ္ေတာ့ၿပီျဖစ္သည္။ အနည္းငယ္ေႏြးေထြးေသာ ကိုယ္ခႏၶာ၏အေႏြးဓာတ္၊ ပါးလွပ္ေသာ္လည္း ႏူးညံ့ေသာလက္ေမာင္း၊ မ်က္စိႏွစ္လံုးဖြင့္လိုက္လွ်င္ျမင္ရသည့္ ျဖဴဝင္းေသာ မ်က္ႏွာတို႕ကို လြမ္းေနမိၿပီျဖစ္သည္။ တျဖည္းျဖည္းႏွင့္ ခ်န္းကအသက္ကိုမွန္မွန္႐ႈစျပဳလာသည္။ တစ္ေယာက္ၿပီးတစ္ေယာက္ အိပ္ေပ်ာ္ကုန္ၾကေသာေၾကာင့္ ေလးဘက္ေလးတန္တြင္ ေဟာက္သံမ်ားကိုၾကားလာရသည္။ မင္ေဆာ့လည္း ခဏတာ ဟိုဒီလွိမ့္ေနၿပီးေနာက္ အိပ္ေမာက်သြားခဲ့ေလသည္။

~•~  Rainy Spell ~•~

Original Author : 비판이성님
Translated by Chorong
I don't own the story.
All the credits go to the original author.

[Unicode]

မိုးတွင်းဖြစ်သော်လည်း ဒီရက်ပိုင်းအတွင်းမိုးမရွာခဲ့ပေ။ စခန်းက တောအုပ်၏အတွင်းပိုင်းတွင် တည်ရှိနေသောကြောင့် အပူဒဏ်သိပ်မခံရသည်ကိုပင် ကျေးဇူးတင်နေရသည်။ မနက်ပိုင်းတွင် စုဝေးခဲ့သောအစည်းအဝေးတွင်တော့ အသစ်ရောက်ရှိလာကြသော တပ်သားများ၏မိတ်ဆက်ပွဲလည်း ပါဝင်ခဲ့သည်။ ခရစ်(စ်)က ခပ်တိုတိုပင်မိန့်ခွန်းပြောပြီးနောက် တစ်ယောက်ချင်းစီထွက်လာ၍ နာမည်နှင့်အခြားပြောလိုသည်များကို လိုရင်းတိုရှင်းပင်ပြောခဲ့ကြပုံပင်။ မင်ဆော့ကတော့ လွယ်ကူသောနာမည်အချို့ကိုသာ နားလည်နိုင်ခဲ့သည်။ မင်ဆော့သည် နောက်ဘက်မှသစ်ပင်ရိပ်တွင်ထိုင်ရင်း မျက်နှာများကိုမှတ်မိနိုင်ရန် ထိုခြောက်ယောက်၏မျက်နှာတို့ကို ဖြည်းဖြည်းချင်းစိုက်ကြည့်နေခဲ့မိသည်။ ခရစ်(စ်)၏ဘေးတွင်တော့ လေးက၊ နောက်တွင်တော့ ရူဟန်နှင့်ချန်းတို့ရပ်နေခဲ့ကြသည်။ ယခင်နှင့်မတူ တမူထူးခြားနေသော နေရာအနေအထားကြောင့် စိတ်ထဲတွင်တစ်မျိုးဖြစ်မိသော်လည်း အရင်တစ်ခေါက်ကနှင့် ဘာကွာခြားနေမှန်းကို မသိနိုင်ဖြစ်နေခဲ့သည်။ ရူဟန်ကတော့ ထုံးစံအတိုင်းပင် အေးစက်စက်မျက်နှာထားနှင့် ရှေ့တည့်တည့်ကိုစိုက်ကြည့်၍ ရပ်နေခဲ့သည်။ တကယ်တမ်းတော့ မတွေ့ရတာကြာပြီဖြစ်သည့် ထိုသို့သော မျက်နှာထားကြောင့် ရင်ထဲတွင်အရိပ်မည်းတစ်ခု ဖုံးအုပ်သွားသလိုပင်။ မင်ဆော့သည် ငေးကြောင်စွာရပ်နေ၍ ထိုမျက်နှာကိုကြည့်ပြီးရင်းကြည့်နေမိသည်။ ပွဲကိုအဆုံးသတ်သော ခရစ်(စ်)၏ တည်ငြိမ်သောစကားသံက နားဝသို့ထိုးဖောက်ဝင်ရောက်လာခဲ့သည်။

အစားအသောက်ထည့်ပေးသောတာဝန်ကို တစ်ရက်သာနားလိုက်ခြင်းဖြစ်သော်လည်း တစ်ပတ်လောက်နားလိုက်ရသလို ခံစားမိသောကြောင့် မင်ဆော့ မလုံမလဲရယ်လိုက်မိသည်။ အစားအသောက်တာဝန်ခံဦးလေးဟွမ်ကတော့ ဆူတော့မလားမသိဘူးဟူသည့်အတွေးကြောင့် တွန့်ဆုတ်တွန့်ဆုတ်နှင့် စားသောက်ခန်းထဲသို့ဝင်လာခဲ့သည်။ ဦးလေးဟွမ်က ဆေးလိပ်တစ်လိပ်နှင့် ပြတင်းဘောင်တွင်ထိုင်နေခဲ့ပြီး မင်ဆော့ကိုမြင်သောအခါ ဆေးလိပ်ငွေ့များကိုမှုတ်ထုတ်လိုက်ပြီး ဆူလေတော့သည်။ မနေ့ကဘာလို့မလာတာလဲဟု ခပ်နောက်နောက်လေသံနှင့် စကားစလာသောကြောင့် ခေါင်းကိုငုံ့ပြီးရင်းငုံ့လိုက်မိသည်။ တရုတ်စကားကိုတော့ အရင်လိုပင် မရင်းနှီးသေးချေ။ စကားလုံးများကို ကြိုးကြိုးစားစား မှတ်ထားသော်လည်း စကားဝဲသံနှင့် လေသံအနိမ့်အမြင့်တို့ပေါင်းလိုက်လျှင်ဖြင့် သေချာပင်မကြားရသောကြောင့် သုံးလေးကြိမ်ပင် ပြန်လည်မေးရလေ့ရှိသည်။ နားထောင်ရသည်မှာ နားမလည်သည့်အပြင် ပြောနိုင်သောစကားလုံးသည်လည်း သုံးလေးလုံးမှအပ မရှိသောကြောင့် ပြန်၍ပင်ဆင်ခြေမတက်နိုင်တော့တော့။ ဦးလေးဟွမ်က အားနာနေသောမင်ဆော့၏မျက်နှာကိုကြည့်၍ တဟားဟားရယ်ကာ ဟင်းအိုးကိုညွှန်ပြလိုက်သည်။ ဒီနေ့တော့ ဟင်းခွက်တွေထည့်ပေးဟူသည့် အဓိပ္ပာယ်ဖြစ်သည်။

အလကားနေရင်း တစ်ရက်နားလိုက်မိသောကြောင့် အားတွေနာနေပြီး အရင်ထက်ပို၍ စိတ်အားထက်သန်စွာ ဟင်းများကိုခပ်ထည့်နေလိုက်သည်။ အားလုံးကို တစ်ယောက်ချင်းစီ မျက်လုံးချင်းဆုံ၍ပြုံးပြပြီးနှုတ်ဆက်နေသော မင်ဆော့သည် ရင်းနှီးကျွမ်းဝင်နေသော မျက်နှာတစ်ခုနှင့် ဖျတ်ခနဲမျက်လုံးချင်းဆုံသွားသည်။ လေးပင်ဖြစ်သည်။ ဘာကြောင့်မှန်းမသိ နီရဲတက်လာသောမျက်နှာကို မဖုံးကွယ်နိုင်သောကြောင့် အလျင်စလိုပင် ဟင်းအိုးထဲသို့ ဟိုမွှေဒီနှိုက်လုပ်နေမိသည်။ လေးက မင်ဆော့ကိုကြည့်၍ ဖျတ်ခနဲရယ်သည်။

"ကျေးဇူးပဲ"

"ဗျာ... ဘာ... ဘာကိုလဲ"

"နေရာ...ပြောင်းလိုက်ပြီဆို"

"အာ... အဲဒါ... ကျွန်တော်..."

"ငါတောင်းဆိုတာကို ဖြည့်ဆည်းပေးလို့ကျေးဇူးတင်တယ်လို့"

သတင်းက အပျံ့မြန်လိုက်တာဟု မင်ဆော့တွေးလိုက်မိသည်။ ဂနာမငြိမ်ဖြစ်နေသောမင်ဆော့ကိုကြည့်၍ လေးကဘာမှမပြောတော့ဘဲ ရယ်နေရင်း ရှေ့တစ်လှမ်းတိုးသွားသည်။ လေး၏နောက်တွင်တော့ အသစ်ရောက်လာသော ရဲဘော်ခြောက်ယောက်တို့က တန်းစီထားသည်။ လေးက ထိုခြောက်ယောက်ထံသို့ အစားအသောက်စားသောစနစ်ကိုရှင်းပြနေဟန်ဖြင့် စားသောက်တန်းနှင့်စားပွဲနေရာတို့ကိုညွှန်ပြ၍ ခပ်အေးအေးပင် စကားပြောနေခဲ့သည်။ ထိုလူတို့၏ခေါင်းဆောင်ဟုထင်ရသော ဆံပင်အနက်နှင့်ကောင်လေးက မင်ဆော့ကိုသေချာစိုက်ကြည့်နေရာမှ လေးကိုလှမ်း၍ တစ်ခုခုပြောလိုက်သည်။ လေးကခဏစဉ်းစားလိုက်ပြီးနောက် ပြန်ဖြေသည်။ ကောင်လေးက အူကြောင်ကြောင်နှင့်ရပ်နေသော မင်ဆော့ကိုတစ်ချက်ထပ်ကြည့်၍ ခေါင်းကိုညိတ်ကာထွက်သွားလေသည်။ မိမိအကြောင်းနှင့်ပတ်သက်၍ ပြောဆိုကြခြင်းဖြစ်မည်ဟု မင်ဆော့ခန့်မှန်းလိုက်နိုင်သည်။

ထို့နောက်တွင်တော့ ချန်းနှင့်ခရစ်(စ်)တို့ပေါ်လာခဲ့သည်။ ခရစ်(စ်)က မင်ဆော့အား အရင်အတိုင်းပင် စူးရှထက်မြက်နေသောအကြည့်တို့ဖြင့် ခပ်တည်တည်ပင်စိုက်ကြည့်ကာ အဓိပ္ပာယ်ဖော်ရခက်သောအပြုံးတစ်ခုကိုပြုံး၍ ထွက်သွားခဲ့သည်။ ချန်းကဟင်းခွက်ကိုလှမ်းယူလိုက်ရင်း အရေးကြီးသောမျက်နှာထားဖြင့် ငါနဲ့စကားခဏပြောရအောင် ဟုပြောသည်။ အလုပ်လုပ်နေတုန်းဟုပြောပြီး ခေါင်းခါပြလိုက်သောအခါ ဒါဆို ဒီနေ့မအိပ်ခင် ငါ့အခန်းကိုခဏလာခဲ့ဦး ဟုပြောကာ ခရစ်(စ်)နောက်မှလိုက်သွားလေသည်။ ရူဟန်တစ်ယောက် ဘာတွေပြောလိုက်လို့ပါလိမ့်။ မင်ဆော့ သက်ပြင်းတစ်ချက်ချလိုက်မိသည်။ ရူဟန်ကတော့ စားသောက်ချိန်ပြီးခါနီးလောက်တွင်မှ ဘယ်နေရာကမှန်းမသိ ပေါ်လာခဲ့သည်။ ဘာလုပ်ရင်းတန်းလန်း လာခဲ့လဲတော့မသိပေ၊ မျက်နှာတစ်ခုလုံးနီရဲနေပြီး ချွေးစက်များဖြင့်စိုစွတ်လျက်ရှိသည်။ စားသောက်ဗန်းကိုလှမ်းပေးသည့်လက်တို့က မင်ဆော့ကို စချင်နောက်ချင်နေသလိုပင်။ မနက်ခင်းကတွေ့ခဲ့ရသည့် အေးတိအေးစက်မျက်နှာထားကို ဘယ်မှာမှရှာမတွေ့နိုင်ခဲ့ပေ။ နူးညံ့ပျော့ပြောင်းလာသော ရူဟန်၏ မျက်နှာထားကြောင့် မင်ဆော့အနည်းငယ်စိတ်အေးသွားမိသည်။

"နှစ်ယောက်စာထည့်ပေး"

"ဗိုက်ဆာနေလို့လား"

"မင်းနဲ့တူတူစားမို့လေ"

ခပ်တိုးတိုးပြောလိုက်သောလေသံကြောင့် ရင်ခုန်သွားမိသည်။ မဖုံးကွယ်နိုင်သော အပြုံးတစ်ခုက ပြည့်ဖြိုးသောမျက်နှာပေါ်တွင် ပွင့်လန်းလာသည်။ ဟင်းအိုးကိုမွှေနေသောလက်တို့တွင် အားများဖြင့်ပြည့်လာခဲ့သည်။

"ငါ နောက်ဆုံးပဲမလား"

ရူဟန်က နောက်တွင်လူရှိသေးလား အသာလှည့်ကြည့်သည်။ မင်ဆော့က ခေါင်းညိတ်ပြလိုက်ပြီးနောက် ဟင်းများကိုထည့်ပေးလိုက်သည်။ ပျော်ရွှင်မှုဆိုတာ ဒီလိုခံစားချက်မျိုးကိုပြောတာများလား။ ဒီနေရာတွင် ရူဟန်ရှိနေသည်ဟူသည့် အသိတစ်ခုနှင့်ပင် ရင်ထဲတွင်အပျော်တို့ဖြင့် ပြည့်လျှံနေခဲ့သည်။ ဒီလိုနေရာမျိုးတွင် ခံစားရလိမ့်မည်ဟု မထင်မှတ်ထားမိသော ခံစားမှုမျိုးပင်ဖြစ်သည်။ မင်ဆော့သည် စားသောက်ခန်း၏ထောင့်တစ်နေရာတွင် ရူဟန်နှင့်မျက်နှာချင်းဆိုင်ထိုင်၍ ထမင်းဗန်းတစ်ခုကို ခလယ်တွင်ထားကာ နေ့လည်စာစားခဲ့သည်။ မင်း ဦးလေးကြီးတွေကြားထဲညက်ပြီး ထမင်းစားနေတာတွေ့သားပဲ၊ အဲလိုမှတော့ အစာကြေပါတော့မလား၊ ရူဟန်က မကြားတကြားပြော၍ ထမင်းကိုခပ်စားလိုက်သည်။ တော်တော်စားနိုင်သည်ဟု မင်ဆော့တွေးလိုက်မိသည်။

ထမင်းတူတူ စားကြသည်။

မင်ဆော့အတွက်တော့ ထိုအပြုအမူ၏အဓိပ္ပာယ်ကကြီးမားနေခဲ့သည်။ ယခုအချိန်အထိ အကျွမ်းတဝင်မရှိသေးသော ဘာသာစကားနှင့် မရင်းနှီးသော လူများကြားထဲတွင် တစ်ယောက်ထဲထိုင်ကာ သူများအရိပ်အခြည်ကြည့်၍ ထမင်းစားခဲ့ရသည်။ တစ်နေရာထဲတွင် အတူတူစားနေကြသော်လည်း ထမင်းအတူစားသည်ဟုမခေါ်ဆိုနိုင်ခဲ့ပေ။ လူကောင်းတွေမှန်းတော့သိနေခဲ့သော်လည်း နားမလည်နိုင်သောစကားများကြားတွင် မင်ဆော့သည် အမြဲစိတ်မပါလက်မပါပင် စားခဲ့လေ့ရှိသည်။ အမြဲတစေ မျက်နှာချင်းဆိုင်ထိုင်၍ ထမင်းစားတတ်ကြသော ချန်းနှင့်ခရစ်(စ်)ကိုအားကျမိသည်မှာ ထို့ကြောင့်ပင်ဖြစ်သည်။ ကိုးရီးယားတွင်သူငယ်ချင်းများနှင့် ထမင်းတူတူစားခဲ့ကြသောအချိန်များကို မကြာခဏသတိရမိလေ့ရှိသည်။ မင်ဆော့သည် ထမင်းတစ်လုပ်ခပ်စားရန်ပြင်နေသော ရူဟန့်ကို ငေးကြောင်စွာစိုက်ကြည့်နေမိသည်။ သူက ဟင်းရည်ပူပူတစ်ဇွန်းကို မှုတ်သောက်၍ ဟင်းချေးမများပဲ ဟင်းများကိုအသင့်အတင့်ပုံနေရာမှ ရုတ်တရက်မင်ဆော့ကိုလှမ်းကြည့်သည်။

"မင်းရော မစားဘူးလား"

"ဟင်..မဟုတ်ပါဘူး...စားမယ်"

မင်ဆော့ကအနည်းငယ်ကြောင်သွားပြီး ဟင်းရည်ကိုပါးစပ်ထဲကောက်ထည့်လိုက်ရာမှ လျှာကျက်သွားသောကြောင့် တစ်ကိုယ်လုံးတစ်ဖျပ်ဖျပ်ခါသွားသည်။ ရူဟန်က စိုက်ကြည့်နေရာမှ မထိန်းနိုင်ပဲ ရယ်ချလိုက်လေသည်။ မင်း ဟိုဟာနဲ့တူတယ်၊ ဟင် ဘာလဲ၊ မှည့်နေတဲ့ ပေါက်စီ၊ မင်ဆော့က တမင်ပါးကိုဖောင်းပြလိုက်သောအခါ ရူဟန်က ပို၍ပင်ကျယ်လောင်စွာရယ်လိုက်ရင်း၊ သတိထား၊ တရုတ်ဟင်းတွေက ပူတယ် ဟုပြောသည်။ မင်ဆော့လည်း ခေါင်းညိတ်ပြလိုက်လေသည်။

အေးစိမ့်သောညလေထုက စခန်းတစ်ခုလုံးအားလွှမ်းခြုံလာခဲ့သည်။ ခန်းဆီးကိုချ၍ မီးအိမ်ထွန်းလိုက်သည်။ မှေးမှိန်သောလိမ္မော်ရောင်မီးရိပ်က အခန်းတွင်းသို့ဖြန့်ကျလာသည်။ ပို၍နက်ရှိုင်းသောနေရာသို့ ထပ်သွားရမည်ဟု မင်ဆော့ကိုမပြောရက်ခဲ့ပေ။ ရူဟန်က ကုတင်ပေါ်တွင်ထိုင်၍ လက်ချောင်းများကိုတစ်ဖျတ်ဖျတ်လှုပ်နေလိုက်သည်။ မကြာခင်စခန်းပြောင်းရတော့မှာမို့လို့ ပစ္စည်းတွေသိမ်းထားလိုက်တော့ဟုသာ ပြောလိုက်သည်။ ဘယ်ကိုရွှေ့ကြမှာလဲဟုမေးလာသော်လည်း အခုထိ မသေချာသေးဟူ၍သာပြန်ဖြေနိုင်ခဲ့သည်။ မင်ဆော့သည် သိပ်မများလှသောပစ္စည်းများကို ဟိုလှုပ်ဒီလှုပ်နှင့် သိမ်းကြုံးစုနေလိုက်ပြီးနောက် ငါ့ပစ္စည်းတွေကဒါအကုန်ပဲကို ဟုပြော၍လွယ်အိတ်သေးသေးလေးကို မြှောက်ပြလိုက်သည်။ ထို့နောက် အတွင်းရှိပစ္စည်းများကိုတစ်ခုချင်းစီ နှိုက်ထုတ်၍စစ်နေခဲ့သည်။ အစကတော့ အကျႌတွေလည်းအများကြီး အမှတ်တရပစ္စည်းတွေလည်းအများကြီး ပါလာပေမယ့် အကုန်အခိုးခံရပြီးမရှိတော့ဘူး၊ တလှုပ်လှုပ်ရေရွတ်နေခဲ့သော လေသံက ချစ်ဖို့ကောင်းနေခဲ့သည်။

"အဲဒါက ဘာလဲ"

ရူဟန်သတိထားမိလိုက်သည်က ပလပ်စတစ်အိတ်ဖြင့်ပတ်ထားသော သားရေဖုံးနှင့် စာအုပ်လေးပင်ဖြစ်သည်။ အနားသားများဟောင်းနွမ်းနေသော အပြာနုရောင်သားရေဖုံးကိုကြည့်ခြင်းအားဖြင့် မကြာခဏအသုံးပြုလေ့ရှိသောပစ္စည်းပင်ဖြစ်ရပေမည်။ မင်ဆော့က ထိုစာအုပ်ကိုကောက်ယူ၍ ရယ်လိုက်သည်။

"အော်..ဒါလား... ဒါ ဒိုင်ယာရီလေ။ အာ....ကြည့်လို့မဖြစ်ဘူး၊ ဒါ ငါနေ့စဉ်မှတ်တမ်းရေးတဲ့ဟာ"

"အင်း... မင်းအကြောင်းတွေလား"

"ထူးထူးဆန်းဆန်းတွေ ရေးထားတာတော့မဟုတ်ပေမယ့်...ဒီတိုင်း ကိုးရီးယားကအကြောင်းတွေနဲ့၊ သူငယ်ချင်းတွေအကြောင်းတွေပဲ ရှိတာပါ။ ဒါပေမယ့်လည်း...."

"အင်းပါ"

ရူဟန်က ခပ်ပေါ့ပေါ့ပင် ခေါင်းညိတ်ပြလိုက်သည်။ အတင်းယူကြည့်မည်ဆိုလျှင် ကြည့်နိုင်ခဲ့သည်။ အထစ်အထစ်ဖြစ်သော်လည်း ကိုးရီးယားစာကို ဖတ်တော့ဖတ်နိုင်ခဲ့သည်။ သို့သော်ကိုးရီးယား၏အမှတ်တရများ နက်ရှိုင်းစွာဝေ့လည်နေသောအရာတစ်ခုကို ကြိုးစားအားထုတ်၍ ကြည့်မနေချင်ခဲ့ပေ။ ကိုးရီးယားနှင့်ပတ်သက်သောအရာအားလုံးကို လွမ်းဆွတ်စွာတမ်းတစွာရေးသားထားမည်မှာ သေချာပေါက်ပင်။ မင်ဆော့က ဒိုင်ယာရီအားလွယ်အိတ်အတွင်းပိုင်းသို့ ထည့်နေသည်ကိုသာ ဖောက်ထွင်းတော့မတတ် စိုက်ကြည့်နေခဲ့သည်။

"နောက်ကျရင်... အချိန်နည်းနည်းကြာဦးမယ်ဆိုရင်တောင် သူကိုးရီးယားကိုပြန်ရမယ်ဆိုတာ သိတယ်မလား"

ချန်း၏စကားက နားဝတွင်တဝေ့လည်လည် ကျန်ရစ်နေခဲ့သည်။ သိတယ်ဟုပြန်ဖြေခဲ့သော်လည်း တကယ်တမ်းတော့ ထိုအကြောင်းက ခေါင်းထဲတွင်မရှိတော့သည်မှာ ကြာပြီဖြစ်သည်။ စတွေ့သည့်အချိန်ထဲကပင် မင်ဆော့ကိုးရီးယားကိုပြန်နိုင်သည့် ရာခိုင်နှုန်းမရှိသလောက်ပင်ဖြစ်သည်ဟု စဉ်းစားခဲ့သည်ဟုလည်းဆိုနိုင်သည်။ အစတည်းက ပြန်ပို့နိုင်မည်ဆိုလျှင် အန္တရာယ်များကြားမှဖြတ်၍ ဘယ်လိုပဲဖြစ်ဖြစ် တောအုပ်အပြင်ဘက်သို့ ပို့ပေးခဲ့မည်ဖြစ်သည်။ သို့သော် မင်ဆော့၏အခြေအနေက အခြားလူများနှင့်မတူသည်ကိုတော့ ဝန်ခံရမည်ဖြစ်သည်။ ပါးစပ်မှထုတ်မပြောခဲ့သော်လည်း မင်ဆော့သည် ကိုးရီးယားတွင်ရှိခဲ့သောအကြောင်းများကိုပြောတိုင်းပင် အဓိပ္ပာယ်ဖော်မပြနိုင်သောမျက်နှာထားမျိုးဖြစ်သွားလေ့ရှိသည်။ မှောင်မိုက်သော အဝေးတစ်နေရာကို ငေးနေသောအကြည့်တို့ဖြင့်၊ အခုချက်ချင်းဆိုသလိုပင် မိမိဘေးမှပျောက်ကွယ်သွားတော့မလို မျက်နှာထားမျိုးနှင့် ပြီးခဲ့သောအတိတ်ကအမှတ်တရတို့ကို ပြောပြလေ့ရှိလေသည်။

မင်းကို ပြန်ပို့ပေးမှဖြစ်မယ်။

ရူဟန်က အောက်နှုတ်ခမ်းကိုခပ်နာနာ ကိုက်ထားလိုက်မိသည်။ ဒီနေရာတွင် ရူဟန်တစ်ယောက်တည်းဖြစ်သော်လည်း ကိုးရီးယားတွင်တော့ မိသားစုနှင့် သူငယ်ချင်းများရှိနေလေသည်။ ချိန်ခွင်တွင် အသီးသီးထည့်၍ချိန်ကြည့်မည်ဆိုလျှင် မိသားစုနှင့် သူငယ်ချင်းများဘက်က အလေးပိုမည်မှာ သေချာပေါက်ပင်ဖြစ်သည်။ မဝန်ခံချင်သော်လည်း ကိုးရီးယားသို့ပြန်ပို့ပေးမည်မှာ မှန်ကန်သောဆုံးဖြတ်ချက်ပင်ဖြစ်သည်။

သို့သော် စစ်ပွဲက ဘယ်လိုအခြေအနေမျိုးနှင့်အဆုံးသတ်သတ် ကိုးရီးယားသို့ပြန်ပို့ပေးနိုင်မည်တော့ မဟုတ်ပေ။ စစ်ပွဲတွင် အနိုင်ရကာမှ မင်ဆော့အား သူ့မိသားစုထံသို့ ပြန်ပို့ပေးနိုင်မည်ဖြစ်သည်။ နိုင်ရမည်ဆိုလျှင်... ထပ်တလဲလဲဖြစ်လာသောအတွေးများကြောင့် ခေါင်းထဲတွင် ရှုပ်ထွေးလာခဲ့သည်။ ပြောင်းရမည့် စခန်း၏အနေအထားက အားနည်းချက်တွေများနေလေသည်။ ချောက်ကမ်းပါးအား ကျောပေးထားသော အနေအထားက အန္တရာယ်ဖြစ်ချိန်တွင် ပြေးပေါက်မရှိဟူသည့် အဓိပ္ပာယ်ပင်ဖြစ်သည်။ ဘယ်ညာတွင်ရှိနေသော စမ်းချောင်းကြောင့် ရေကိုအေးအေးသက်သာ ရယူနိုင်သော်လည်း ရေစီးသံများကြောင့် အလစ်တိုက်ခိုက်မှုကို ကာကွယ်ဖို့ခက်ခဲသည်မှာလည်း အားနည်းချက်တစ်ခုပင်ဖြစ်သည်။ ခရစ်(စ်)လည်း ဒါကိုလက်ခံထားသော်လည်း ဗျူဟာတစ်ခုတော့လိုအပ်နေခဲ့သည်။

မင်ဆော့က အားလုံးသိမ်းပြီးသွားသောအခါ အတွေးကမ္ဘာထဲနစ်မြောနေသော ရူဟန့်အနီးသို့လာ၍ မျက်နှာရိပ်မျက်နှာကဲကြည့်လာသည်။

"ဘာလို့လဲ... မပြလို့စိတ်ဆိုးသွားတာလား"

ရူဟန်က ပြန်မဖြေပဲ မင်ဆော့ကိုပါးပြင်အား ဖြည်းညင်းစွာပွတ်သပ်ပေးသည်။ ဘာမှန်းမသိပဲ မျက်လုံးအပြူးသားနှင့်ကြည့်နေသော မင်ဆော့အားပခုံးမှ ဆုပ်ကိုင်ကာ နူးညံ့စွာနမ်းသည်။ အနည်းငယ်ထိကပ်နေကြသောနှုတ်ခမ်းတို့ ခွာလိုက်ကြသောအခါ မင်ဆော့ကအနည်းငယ်မြန်နေသော အသက်ရှုနှုန်းတို့ဖြင့် အသက်ကိုမနည်းပြန်ရှုလိုက်သည်။ ပန်းသွေးရောင်သန်းနေသောနှုတ်ခမ်းတို့က အနည်းငယ်စိုစွတ်ကာ ရွန်းလဲ့နေခဲ့သည်။ ဆံနွယ်တို့ကိုပွတ်သပ်နေသောလက်အား လက်တိုင်သို့ရွှေ့၍ထိလိုက်သောအခါ မင်ဆော့ကရုတ်တရက်တွန့်ခနဲဖြစ်သွား၍ နောက်သို့ဆုတ်သွားခဲ့သည်။

"ငါ...ငါ ချန်းဆီခဏသွားလိုက်ဦးမယ်"

"ထွက်ပြေးတာလား"

"မဟုတ်ပါဘူးနော်!"

မင်ဆော့ကနီမြန်းလာသောမျက်နှာဖြင့် တံခါးကိုဝုန်းခနဲဖွင့်ကာ လျင်မြန်စွာပင် ပြေးထွက်သွားခဲ့သည်။ သူ့ကို ဘယ်လိုလုပ်လက်လွှတ်နိုင်ပါ့မလဲ... ရူဟန်က မချိပြုံးပြုံးလိုက်မိသည်။

မင်ဆော့က မထင်မှတ်ပဲ ချက်ချင်းဆိုသလိုပင် ပြန်ဝင်လာလေသည်။ ရူဟန် ပစ္စည်းများကိုသိမ်းဆည်းနေချိန်တွင် မင်ဆော့ကဆူညံစွာ အသံပေး၍ ပြန်ဝင်လာခဲ့သည်။ ပြေးလာသလိုပင် ဟောဟဲလိုက်နေပြီး ရင်ခွင်ထဲတွင်တော့ ဘာမှန်းမသိသောပစ္စည်းများထည့်ထားသည့် စက္ကူအိတ်တစ်အိတ်ကို ပိုက်လျက်ဖြစ်သည်။

"တစ်လလောက်အခန်းဖော်လုပ်ထားတယ်ဆိုပြီး အမှတ်တရလက်ဆောင်တွေဘာတွေများ ရလာလို့လား... ဘာတွေလဲ"

"ဟင်... ဟို... အာ... မဟုတ်ဘူး... ဟို.. ဟိုဟာ.."

"ဘာမို့လို့လဲလို့"

ရူဟန်က ဖျတ်ခနဲပင်အိတ်အားဆွဲလုလိုက်သည်။ ရှိရှိသမျှအားကိုသုံး၍ မကြည့်နိုင်အောင် ပြန်ဆွဲလုနေသော မင်ဆော့ကို ဟိုဟိုဒီဒီရှောင်နေသည်။ ဘယ်လိုပဲဖြစ်ဖြစ် မပြရင်လည်း ချန်းကိုမေးလိုက်ရင် သိမှာပဲဟာကို ဟုစနေသေးသည်။ မင်ဆော့က အနေရအထိုင်ရခက်လာဟန်ဖြင့် ဟာ..တကယ်ပဲ ဟုဆိုကာ အပြင်ဘက်သို့ဖျတ်ခနဲထွက်သွားရန်လုပ်သည်ကို ရူဟန်ကလှမ်းဆွဲထားသည်။ ကိုယ်ကိုတွန့်၍ရုန်းထွက်ရန်ပြင်နေသည်ကို မထွက်ပြေးနိုင်အောင်ဆွဲဖက်ထားရင်းပင် စက္ကူအိတ်ကိုဖွင့်ကြည့်လိုက်သည်။

"ဘာများပေးလိုက်လို့ ဒီလောက်တောင်ဖြစ်နေတာလဲ"

အိတ်ကိုဖွင့်လိုက်သောအခါ စက္ကူသေတ္တာခပ်သေးသေးလေးက သုံးခု၊ ခပ်ဝိုင်းဝိုင်းဘူးတစ်ဘူးကိုတွေ့လိုက်ရသည်။ မင်ဆော့က အနီးတွင် ကြွက်တွင်းသာရှိနေပါက ပြေးပုန်းတော့မတတ်ရုန်းနေရာက ခပ်တိုးတိုးအသံဖြင့် ဗိုလ်မှူးကပေးခိုင်းလိုက်တာတဲ့ ဟုပြောသည်။

"အရိပ်ပြအကောင်မြင်တတ်တာကလည်း ကြောက်ဖို့တောင်ကောင်းတယ်။ ဒီလိုနေရာမျိုးအထိ အလိုက်သိတတ်တာပဲ"

"ဟာ...တကယ်ပဲ.... အဲဒါကြောင့်မို့ မကြည့်ပါနဲ့ဆိုနေ"

"မင်းနဲ့ငါနဲ့ တူတူသုံးရမယ့်ဟာကို မကြည့်လို့ဘယ်ရမလဲ"

မျက်နှာခပ်ပြောင်ပြောင်ပင် ပြန်ဖြေလိုက်တော့ မင်ဆော့ကပြန်ရုန်းထွက်ရန်ကြိုးစားရင်း ဒုက္ခရောက်နေလေသည်။ မိမိတို့သုံးသည့်ပစ္စည်းထဲမှ မရှိမယ့်ရှိမယ့်ကို ခွဲဝေပေးလိုက်ပုံပင်။ ကွန်ဒုံးသုံးဘူးနှင့် ဂျယ်(လ်)တစ်ဘူး၊ ရူဟန်က ရယ်လိုက်သည်။ ဒါ ဘယ်လောက်မှမခံလောက်ဘူးထင်တယ်၊ ဟုရေရွတ်လိုက်သောအခါ မင်ဆော့က ငိုမဲ့မဲ့နှင့် တကယ်လား... ဟုမေးလေသည်။ ဒီလောက်ချစ်ဖို့ကောင်းတဲ့သူ့ကို ဘယ်လိုပြန်လွှတ်နိုင်ပါ့မလဲ၊ အတွေးတစ်ခုတည်းက ခေါင်းထဲတွင်တဝေ့လည်လည်ဖြစ်နေခဲ့လေသည်။ ရူဟန်သည် ဘာရယ်မဟုတ် မင်ဆော့အားဖက်ထားသော လက်မောင်းတို့အား ပို၍တင်းကျပ်စွာ ပွေ့ဖက်လိုက်မိသည်။

နှစ်ရက်နေသောအခါ အရင်လွှတ်လိုက်သော ကင်းသမားတို့ပြန်ရောက်လာကြလေသည်။ ထင်ထားသည်ထက်ပို၍ လျင်မြန်စွာသွားနိုင်သော လမ်းကြောင်းကိုတွေ့လာခဲ့သည်ဟုပြောသည်။ ရုံးချုပ်မှလည်း စခန်းတည်နေရာရှာကြည့်ရာ တစ်နေရာကျန်နေသေးသည်ဟု ဆက်သွယ်လာခဲ့သည်။ ထာအိုပြောသောထိုစခန်းနေရာပင်ဖြစ်နေခဲ့သည်။ မေးထားတာဘယ်လောက်ကြာပြီလဲ အခုမှပြန်ဖြေရလားဟု ဆိုကာရူဟန်က မကျေမနပ်ပြောလိုက်သေးသည်။ တပြိုင်တည်းပင် ရုံးချုပ်မှ စခန်းပြောင်းရွှေ့ခွင့်ကျလာခဲ့သည်။

~•~•~•~•~•~•~•~•~•~

စခန်းရွှေ့ပြောင်းရန် အင်တိုက်အားတိုက်ပြင်ဆင်နေကြလေပြီ။ ယာယီတဲများအားလုံးကိုသိမ်း၍ စားသောက်ခန်း ဒါမှမဟုတ် ရေချိုးခန်းစသည့် အဆောက်အဦများထဲတွင် စုဝေးနေခဲ့ကြသည်။ ခရစ်(စ်)၏အမိန့်အရ နှစ်ရက်နေလျှင် စခန်းပြောင်းမည်ဟု ချန်းထံမှသိလိုက်ရသည်။ ရူဟန်ကတော့ ဘာကိစ္စတစ်ခုခုကြောင့် အလုပ်ရှုပ်နေလဲမသိပေ၊ ချန်းထံသို့ မင်ဆော့ကိုသေချာကြည့်ပေးထားရန်ပြော၍ ပျောက်သွားခဲ့သည်။ မင်ဆော့သည် ဆူညံစွာစကားပြောနေသောလူများကြားထဲမှဖြတ်၍ ထောင့်တစ်ထောင့်တွင် စောင်ကိုခင်းလိုက်သည်။ ချန်းက မင်ဆော့နောက်မှလိုက်လာ၍ နေရာယူသည်။ သဘာဝဘေးအန္တရာယ်ကျရောက်၍ ဒုက္ခသည်စခန်းတွင်ရောက်နေသည်နှင့်တူသည်ဟုပင် တွေးလိုက်မိသေးသည်။ မီးအိမ်အသေးတစ်ခုသာထွန်းထားသောကြောင့် လေးဖက်လေးတန်က ဘယ်သူဘယ်သူဟုခွဲခြားရန်ခက်ခဲလောက်အောင်ပင် မှောင်မဲနေခဲ့သည်။ လမ်းမှာ ပင်ပန်းမှာဆိုတော့ စောစောအိပ်တော့ဟု နှုတ်ဆက်လာသောချန်းအား မေးလိုက်မိသည်။

"အခု ဘယ်သွားကြမှာလဲ၊ ဘာတွေဆက်ဖြစ်ဦးမှာလဲ"

"အသေစိတ်ပြောပြဖို့တော့ခက်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ငါကတော့မနက်ဖြန် ခရစ်(စ်)နောက်ကလိုက်သွားမှာ။ မင်းကတော့ ဒုဗိုလ်နဲ့ ရူဟန်နဲ့ တစ်ဖွဲ့တည်းဖြစ်မှာ"

"ဒုဗိုလ်နဲ့ ရူဟန်? ဒုဗိုလ်က ရူဟန်မဟုတ်ဘူးလား"

"တရုတ်စာ သေသေချာချာလုပ်ပါလို့ပြောထားသားနဲ့"

ချန်း၏ပြစ်တင်မောင်းမဲသံကြောင့် မင်ဆော့မျက်နှာငယ်သွားသည်။ လုပ်တော့လုပ်တာပဲ၊ သေချာတော့ နားမလည်ဘူး၊ ဟုတိုးတိုးရေရွတ်လိုက်သည်။ စကားလုံးများကို တစ်ခါတစ်ရံကြားမိသော်လည်း ရှင်းရှင်းလင်းလင်းနားလည်ရန်တော့ အရင်လိုပင်ခက်ခဲနေသေးသည်။

"ဟိုတစ်ခေါက် အစည်းအဝေးပွဲတုန်းက မမြင်လိုက်ဖူးလား၊ အခ ုလေးက ဒုဗိုလ်လေ။ ရူဟန်ကတော့ ရာထူးချခံလိုက်ရတယ်။ အင်း... ဒါပေမယ့် လေးပဲဖြစ်ဖြစ် ရူဟန်ပဲဖြစ်ဖြစ် နှစ်ယောက်လုံးဒုဗိုလ်အဆင့်လောက်တော့ တူတူပါပဲ"

"ရာထူးချခံရတယ်?"

"တစ်ယောက်တည်းလှုပ်ရှားပြီး နောက်ကျမှပြန်ရောက်လာတယ်မလား။ အန္တရာယ်များတဲ့ကိစ္စမို့လို့ အပြစ်ပေးတာကိုတော့ ရှောင်လို့မရဘူးလေ"

မင်ဆော့ ဘာမှပြန်မပြောနိုင်ဖြစ်သွားသည်။ လုံးဝမရိပ်မိခဲ့ပေ။ ဒီနှစ်ရက်အတောအတွင်း ရာထူးလျှော့ခံရခြင်းနှင့်ပတ်သက်၍ ရူဟန်ထံမှဘယ်လိုအရိပ်အကဲမျိုးကိုမှ မတွေ့နိုင်ခဲ့ပေ။ ဒါပေမယ့်လည်း စိတ်ပျက်သွားမှာပဲကို အားတောင်မပေးလိုက်ရဘူးဟု တွေးမိပြီး အားနာမိလာသည်။ မင်ဆော့က စိတ်ပျက်လက်ပျက်ဖြစ်သွားသည်ကိုကြည့်၍ ချန်းကစကားဆက်လာသည်။

"ဂရုစိုက်မနေပါနဲ့။ ရူဟန်လည်း လုံးဝဂရုစိုက်တဲ့ကိစ္စမဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ် လူအင်အားအများကြီးလှုပ်ရှားရင် သိသာမှာဆိုတော့ တစ်ဖွဲ့ချင်းစီခွဲပြီး မတူတဲ့လမ်းကနေသွားကြမှာ။ သွားရမယ့်နေရာကိုတော့ ပြောလည်းသိမှာမဟုတ်ဘူးဆိုတော့ထားပါတော့။ ဘာပဲဖြစ်ဖြစ် မနက်ဖြန်တော့ စောစောထပြီး ဒုဗိုလ်...ရူဟန်အဖွဲ့နဲ့လိုက်သွား။ သွားရင်းနဲ့ရှင်းပြပေးလိမ့်မယ်။ အော် ဒါနဲ့...ကိုယ့်ပစ္စည်းတော့ ကိုယ်သေချာယူခဲ့နော်"

မင်ဆော့က အင်း ဟုခေါင်းညိတ်ပြလိုက်သည်။ အရုဏ်တွင်ထရမည်ဖြစ်သော်ကြောင့် အိပ်ပျော်အောင်ကြိုးစားသော်လည်း အိပ်မပျော်နိုင်ခဲ့ပေ။ ရူဟန့်အတွေးနှင့်ပင် ခေါင်းထဲတွင်ပြည့်နှက်နေခဲ့သည်။ နှစ်ရက်ပဲရှိသေးသော်လည်း ရူဟန်ဘေးတွင်မရှိလျှင်မနေတတ်တော့ပြီဖြစ်သည်။ အနည်းငယ်နွေးထွေးသော ကိုယ်ခန္ဓာ၏အနွေးဓာတ်၊ ပါးလှပ်သော်လည်း နူးညံ့သောလက်မောင်း၊ မျက်စိနှစ်လုံးဖွင့်လိုက်လျှင်မြင်ရသည့် ဖြူဝင်းသော မျက်နှာတို့ကို လွမ်းနေမိပြီဖြစ်သည်။ တဖြည်းဖြည်းနှင့် ချန်းကအသက်ကိုမှန်မှန်ရှုစပြုလာသည်။ တစ်ယောက်ပြီးတစ်ယောက် အိပ်ပျော်ကုန်ကြသောကြောင့် လေးဘက်လေးတန်တွင် ဟောက်သံများကိုကြားလာရသည်။ မင်ဆော့လည်း ခဏတာ ဟိုဒီလှိမ့်နေပြီးနောက် အိပ်မောကျသွားခဲ့လေသည်။

~•~  Rainy Spell ~•~

Original Author : 비판이성님
Translated by Chorong
I don't own the story.
All the credits go to the original author.

Continue Reading

You'll Also Like

63.8K 4.9K 29
"ဘယ်က ဇယားလေးလဲ? Kim" "အကြွေးနဲ့ သိမ်းလာတာလေ မွေးစားဖို့" "ဘယ္က ဇယားေလးလဲ? Kim" "အေႂကြးနဲ႕ သိမ္းလာတာေလ ေမြးစားဖို႔"
587K 36.8K 73
« បងសន្យា បងមិនឲអ្នកណាមកធ្វើអ្វីមកលើអូនបានឡើយ អូនគឺជារបស់បងជាប្រពន្ធរបស់បងម្នាក់គត់ Kim Taehyung » « មិនថាអ្នកណានោះទេឲតែហ៊ានប៉ះពាល់ប្រពន្ធកូនយើងសូម្ប...
99.7K 5.7K 46
ហេតុអីចក្រវាលនេះតម្រូវឲ្យមនុស្សដែលមិនគួរជួបគ្នាសោះ បានឆ្លងសម័យកាលមកជួបនិងស្រលាញ់គ្នា ហើយចុងក្រោយក៏បញ្ចប់ដោយម្នាក់ត្រូវចាកចេញ និងម្នាក់ទៀតចំណាយពេលមួយជ...
316K 21.1K 36
Pᴇʀғᴇᴄᴛ ᴍᴀʀʀɪᴇᴅ ʟɪғᴇ ᴅᴏᴇsɴ'ᴛ ᴇxɪsᴛ, ᴀᴛ ғɪʀsᴛ. Taehyung × Jungkook - Married life Start Date - 2/9/2021 #1 Vottom #1 Taekook #2 Kim *Burmese language