Unicode
သူရိန်နေမင်းကြီးက တစ်နေ့တာအတွက် တာဝန်
ဝတ္တရားများကို ထမ်းဆောင်ပြီး အနောက်ဂေါယာကျွန်းသို့ ပြန်လည်ဝင်ရောက်သွားလေပြီ...သို့သော်ပတ်ဝန်းကျင်တစ်ခုလုံး အမှောင်ကင်း၍ ထူးခြားစွာဝင်းပကြည်လင်လျက် ရှိချေသည်....အမှတ်မထင်ကောင်းကင်းသို့ မော့ကြည့်မိသည်...သော်တာလမင်းကြီးသည် ရူမငြီးဖွယ်ညပန်းချီကို ခြယ်မှုန်းလျက်ရှိသည်....
လရောင်ခြည်ဖြာဖြာ အောက်တွင် ခခတို့၏ အဖြူရောင် နှစ်ထပ်တိုက်ကလေးဘေးရှိ ဆိတ်ဖလူးပင်ကြီးက တယိမ်းယိမ်း တနွဲ့နွဲ့ရှိနေသည်... ခြံရှေ့ရှိညမွှေးပန်းရနံ့ ကလည်း သင်းပျံပျံရှိနေလေသည်...
ခခညနေ ရေချိုးပြီးကတည်းက စာကြည့်စားပွဲထိုင်နေခြင်း ဖြစ်သည်....ခခ အခန်းသည် အပေါ်ထပ်ရှိညာဘက်တွင်ရှိပြီး ဆိတ်ဖလူးပင်ကြီးကို ကောင်းစွာ မြင်ရသော အခန်းဖြစ်သည်...ထို့ပြင် စာကြည့်စားပွဲ တစ်နေရာစာ ဝရံတာ ထုတ်ထားသည့်အတွက် အလင်းရောင်ကို ကောင်းစွာ ရပြီ လေဝင်လေထွက် ကောင်းလေသည်...စာထဲတွင် အာရုံစိုက်နေမိသောကြောင့် ညစာစားဖို့ပင်သတိမရမိပေ
...အချိန်ကို ကြည့်လိုက်တော့ ည 7:32ပင်....
အာ....ဒီနေ့ သောကြာနေ့ကို...အဲဒါကြောင့် မေမေ
က ခခကို လာမခေါ်သေးခြင်း ဖြစ်လိမ့်မည်...ခခတို့အိမ်တွင် မနက်စာနှင့်ညစာကို လူစုံမှ စားလေ့ရှိသည်...ကိုကြီးနှင့်ဖေဖေက ကုမ္ပဏီမှာ သောကြာနေ့တိုင်း over time ရှိသည်လေ...အလုပ်သမားတွေလည်း ရှိပေမဲ့ ဖေဖေက စည်းစနစ်ကြီးပြီး ရေသာမခို တတ်သူမို့ over time နေ့ကို အပတ်တိုင်းဆင်းလေသည်...ကိုလတ်ကတော့ပြန်ရောက်နေလောက်ပြီး သူ့အခန်းထဲတွင် ဖြစ်လောက်သည်....
အိမ်ကမိသားစုစီးပွားရေး ဆေးဝါးလုပ်ငန်းကို ကို
ကြီးက ဝင်ကူသည်မို့ ကိုလတ်က သူဝါသနာပါရာ
electronic ကိုပြည်ပမှာသင်ယူပြီး ပြန်လာက
တည်းက လုပ်ငန်းတည်ထောင်နေလေပြီ...
~In the dark of night ~
~the stars light up sky~
~ we see~
ဖုန်းခေါ်သံကြားမှ ဖုန်းကအခန်းထဲကျန်ခဲ့မှန်း သတိရမိသည်...ခေါ်ဆိုသူက အလင်းပင်...
" ဟယ်လို..အလင်း..."
" ခခ ..ခရီးသွားဖို့ အိမ်ကိုပြောပြီးပြီလား.. "
" ဟင့်အင်း..ခုညမှပြောမှာ..."
" ငါတို့တွေ ကျောင်းကားနဲ့မသွားဘဲ ကိုရာဇာကားနဲ့လိုက်ရအောင်...ကိုယံက သူတို့နဲ့လိုက်ခဲ့ဖို့ပြောတယ်.."
" အလင်းက လိုက်မယ်လို့ပြောပြီးပြီလား ..."
" အင်းလေ...ကျောင်းကားက လူတွေတအားများမှာ...ခခလေးက လူများတာ သဘောမကျဘူးမလား..."
" အင်းပါ...လိုက်မယ်...ဒါနဲ့ဟို..သူရောပါလား..."
" အမ်...ဘယ်သူလဲ..."
" အလင်းရာ...သိရဲ့သားနဲ့.."
" ပါပါတယ်နော်...သူ့လူကျ အတင်းတွေမေးနေ
တယ်...ကိုယ့် သူငယ်ချင်းတွေဘယ်သူပါလဲမမေးဘူးနော်..ဟွန်းဟွန်း...."
" အလင်းမ နော်..မစနဲ့... အဲဒါပဲမလား..ဖုန်းချပြီ..."
ခခ အိပ်ရာပေါ်တွင် လူးလိမ့်နေမိသည်...
ပျော်လိုက်တာ... ဒီခရီးစဉ်က ကိုကိုနဲ့တူတူ သွားရမှာပေါ့..ဟိ...
သွားဖို့မရရအောင်ကိုပြောရမယ်....
ဒေါက်...ဒေါက်...
" သားသား...သားဖေဖေတို့ပြန်လာပြီ...ညစာစားရအောင်ဆင်းလာခဲ့တော့နော်....ကြားလား...သား.. "
" ဟုတ်..မေမေ.."
ထမင်းစားပွဲရောက်တော့ ခခကလွဲ မိသားစုအကုန်စုံနေလေပြီ ဖြစ်သည်....ညစာစားပြီးနောက် အချိုပွဲစားရင်း ဧည့်ခန်းထဲတွင် ရှိနေသေးသော ကိုလတ်ကြောင့် ခရီးသွားဖို့ ပြောမည့်ကိစ္စ အနည်းငယ်တွန့်သွားရသည်...
" သားသား...ပြောစရာရှိနေလို့လား...ဖေဖေတို့ကို
တကြည့်ကြည့်လုပ်နေလို့..."
ခခလည်း ခရီးသွားဖို့ ရော ကျောင်းကကားနှင့်
မလိုက်ဘဲ ကိုယံတို့နှင့်တူတူသွားမည့်အကြောင်း
ရော တစ်ခါတည်း ပြောလိုက်သည်...
ဖေဖေတို့က တစ်ခါတည်း ခွင့်ပြုလိုက်တာ
ကြောင့်ပျော်ရွင်သွားရသည်..တော်တော်ပြောရအုံးမယ်ထင်ထားတာကို...ကိုကြီးနှင့်ကိုလတ်ကလည်း ခွင့်ပြုပေးတယ့်အပြင် မုန့်ဖိုးပါထပ်ပေးလေသည်...
မေမေ ပုခုံးစွန်းပေါ်ခေါင်းမှီရင်း TVမှာလာသော
ဇာတ်ကားအားခခ ကြည့်နေမိသည်...တစ်ခါတစ်
လေမှ ကြည့်သည်မို့ နားမလည်ပေ...
"18နှစ်ပြည့်ခါနီးနေပြီကို ကလေးလုပ်တုန်းလား.."
ကိုကြီး က ခခကို လှမ်းစသည်မို့ နှုတ်ခမ်းထော်မိ
သည်...အဲဒါကိုပင် ဝိုင်းရယ်ကြသောကြောင့် ခခ
ပါ ရောရီသွားမိသည်...ကိုကြီးက လူစုံရင်စမယ်ဆိုတာ ချည်းပဲ...
ထိုမြင်ကွင်းများကိုမြင်နေကြ အလုပ်သမားများ အဖို့လည်း မရိုးနိုင်သော ကြည်နူးစရာ ဖြစ်ပေသည်..
မေတ္တာတရား အငွေ့အသက်များ လွှမ်းခြုံနေသော မိသားစုစာမျက်နှာများထဲမှ တစ်ခုပင် ဖြစ်ပေသည်..
...........................................................................
ခရီးသွားမည့်နေ့ဖြစ်သည်.... အလင်းတို့အိမ်တွင် လူစုမည် ဟုပြောသောကြောင့် ကိုလတ်က အလင်းတို့အိမ်ထိလာပို့ပေးသည့်အပြင် စိတ်ချရအောင်ကိုယံ ကိုပါသေချာအပ်နေလေသည်...တော်သေးသည်... ဟိုနေ့က club လာ
သည့်ကိစ္စ ကိုယံက မတိုင်လို့...
ဒီနေ့ ရာသီဥတုက ပူလည်းမပူ အေးလည်းမအေး
တာမို့ T shirt အပွ နို့နှစ်ရောင် နှင့် ဒူးအတိဘောင်းဘီကို ခခ တွဲဝတ်ထားသည်..ခခက အလင်းနှင့်အတူ ခြံထဲက ဒန်းပေါ်တွင်ထိုင်ရင်း စောင့်နေခြင်းဖြစ်သည်...
ထိုအချိန် ခြံထဲဝင်လာသော ခရီးသွားကား နှင့်အတူ မီးခိုရောင် အပြာရောင် ခဲစိမ်းရောင် ပြိုင်ကားသုံးစီး ဝင်ရောက်လာလေသည်...မီးခိုးရောင်ပြိုင်ကားထဲမှ ကိုကိုက ထွက်လာသည်...
မီးခိုးရောင်က ကိုကို
အကြိုက်ဆုံးအရောင်ဆိုတာ ခုမှ သတိသွားရမိ
သည်...ခရီးသွားမည်မို့ T shirt အနက်နှင့်style pant အနက်ကို ပေါ့ပေါ့ပါးပါးသာဝတ်ထားသော်
လည်း ချောမောခန့်ညား ပြီး အရှိန်အဝါအပြည့်
ဖြစ်နေဆဲသာ...
နွေနှင့်ဇွဲ တို့လည်း ရောက်လာကြပြီးမို့ စထွက်ဖို့
လုပ်ကြတော့သည်...ကားအတွင်းထဲရောက်မှ ပုံမှန်ခရီးသွားကား မျိုးမဟုတ်မှန်း သိရသည်...ဇိမ်ခံကားမှန်းသိသာစေသော ထိုင်ခုံနေရာ ...
ရေချိုးခန်း နှစ်ယောက်အိမ်ကုတင် တွေပါလေသည်...
ထိုင်ခုံပုံစံကတွေက နှစ်ခုံစီ အတွဲလိုက် 3ခုံပါပြီး
3ယောက်တွဲခုံ 1ခုံပါတာကြောင့် 2ယောက်တွဲခုံ၏ပြတင်းပေါက်ဘက်ခြမ်းမှာ ခခထိုင်လိုက်ပြီး အလင်းကို ကားပေါ်မှာသာစောင့်နေလိုက်သည်...အလင်းတစ်ယောက်ကတော့ ကားပေါ်တက်မယ်ဆိုကာမှဘာကျန်လို့မသိ သွားယူနေရလေသည်.....
ခခ ဘေးကခုံမှာ နွေနှင့်ဇွဲက တစ်တွဲ နေရာယူထားသည်....ကိုယံတို့တွေ ကားပေါ်တက်လာပြီး နောက်ခုံတွေမှာ အသီးသီး နေရာယူကြသည်...ဘေးခုံတွင် ကိုကိုက ဝင်ထိုင်တာမို့ ခခ ခပ်တောင့်တောင့်ဖြစ်
သွားရသည်....
" Wow!!! "
ဘုရင် ထိုင်ခုံတွင် ထိုင်ပြီးပြီချင်း ရာဇာတို့ဆီမှ အသံထွက်လာခြင်းဖြစ်သည်....မျက်လုံးဝိုင်းလေးများ ဖြင့်မော့ကြည့်လာသော ကောင်လေးအား ဘုရင် မျက်ခုံးတစ်ဖက် ပင့်ပြမိသည်...
" ဘာဖြစ်လို့လဲ..."
" ဟင့်အင်း... "
ခေါင်းလုံးလုံးလေးမှာ ဆံပင်များဝဲခါအောင် ခေါင်းကို ခါပြလေသည်...လမ်းတစ်လျှောက်လုံံးလည်း မုန့်တွေ တစ်မျိုးပြီးတစ်မျိုး စားနေတာများ ရှဉ်ပေါက်ကလေးလိုပင်...ခရီးစဉ်တစ်ဝက်လောက်ရောက်တော့ ဗိုက်လေးပြီး အိပ်ချင်နေပုံရသည်..... အိပ်ငိုက်ပြီး ကားမှန်ဘက်သို့ခေါင်းလေးကယိမ်းနေတာကြောင့် ဘုရင်ပုခုံးပေါ်ကို မှီပေးထားလိုက်သည်။
" ခခ...ထတော့...ခခ.."
ကမ်းခြေရှိ နားရမည့် hotelသို့ရောက်ပြီးမို့ ဘုရင်
လည်း ခခကိုနိုးနေခြင်းဖြစ်သည်....ကျန်သည့်သူများက ကားပေါ်မှ ဆင်းသွားပြီမို့ သူတို့နှစ်ယောက်သာ ကျန်တော့လေသည်...
မျက်တောင်ရှည်များ ဝန်းရံထားသော ဖန်ဂေါ်လီပမာ မျက်လုံးဝိုင်းလေးများက အမြင်အာရုံကို
ကောင်းမွန်စွာ မရသေး...ဝါးတားတားနှင့်ပင်....
အိပ်ချင်နေသေးပုံရသည့် ကောင်လေးက ဘုရင့်
ပုခုံးမှ နေရာပြောင်းပြီး ရင်ခွင်ထဲသို့ တိုးဝင်လာပေပြီ
....ပြင်းရှသောရေမွှေးနံ့ကို ရမှသာ ခခ၏ အသိစိတ်များ နိုးကြားလာရသည်...
အလောတကြီးထလိုက်ခြင်းကြောင့် ခန္ဓာကိုယ်ကဟန်ချက်မမှန်ဘဲ နောက်သို့ ယိုင်ကျသွားရသည်...သို့သော် လဲကျမသွား
သည်မှာကိုကို၏ သန်မာသော လက်နှစ်ဖက်ဖြင့်
ပွေ့ဖက်ထားကာ ဖမ်းပေးထားသောကြောင့် ဖြစ်
သည်....
ခခ၏ မျက်လုံးဝိုင်းလေးများဟာ ကိုကို၏ညို့ငင်နေသော မျက်လုံးအစုံ... ရယ်မြူးရိပ်သန်းနေသော နှုတ်ခမ်းများ...ဘယ်ဘက်ပါးပြင်တွင်ထင်းနေသောပါးချိုင့်နက်နက်ကို မြင်လိုက်ရသည့်မို့ အံ့အားသင့်သွားသလို ရှက်စိတ်ကလည်း ဖြန်းကနဲပင်....
ခခ က အိပ်ချင်မူးတူးရုပ်နှင့် ဖရိုဖရဲဖြစ်နေမည်မှာ အသေအချာပင်...ခခ၏ ကျောပိုးအိတ်နှင့် ခရီးဆောင်အိတ်ကို ယူပြီး ကားပေါ်မှ ကပျာကယာ ဆင်းလာမိတော့သည်....
ဘုရင် hotel အခန်းထဲရောက်တည်းက ခဏသာ
အနားယူရသေးသည်....အဝတ်အစားလဲခြင်းကိုပင်မပြုလုပ်ရသေးပေ...အာဏာလုပ်ငန်းစုရုံးချုပ်၏ပရောဂျက်များတွင်တိုးမြှင့်သင့်သည်ကို တိုးမြှင့်ရန်နှင့် အသုံးမဝင်တော့သည့်ပရောဂျက်များ ရှိမရှိရှာဖွေနေခြင်းဖြစ်သည်...လွန်ခဲ့သောလက နောက်တစ်နှစ်စာ ပရောဂျက်များ အစီအစဉ်တကျ တင်ပြထားသည်ကို အတည်ပြုပြီး ဖြစ်သော်လည်း သူသဘောမကျသည့် ပရောဂျက်များကို စတော့ဈေးကွက်နှင့်
တိုက်ကြည့်၍ ဖြုတ်ချမည် ဖြစ်သည်....အရင်လကသူလည်း ပြိုင်ပွဲ ကိစ္စတွေနှင့် အလုပ်ရှုပ်နေသည်ကိုဖိုးဖိုးက သိသည် ထင်ပ...ထိုကိစ္စနှင့်ပတ်သက်ပြီးဖိအားပေးပြောခြင်းမျိုးမရှိချေ....သူ့ဟာသူသာစီစဉ်သွားလေသည်....နှစ်တိုင်း ဘုရင် စီစဉ်နေကြကိစ္စဖြစ်သည့်အပြင်
ပရောဂျက်အတွက် အလုပ်စခြင်းက ဒီလကုန်မှ ဖြစ်သည့်အတွက် သူလည်းရသည့်
အချိန်အတွင်း ပြီးအောင်လုပ်ပေးနေခြင်းဖြစ်သည်...
ယနေ့ကတော့ အကုန်ပြီးပြတ်ပြီးသားကို လက်စ
သတ်ခြင်း သက်သက်ပင်....သူစီစဉ်ထားသည့်အ
တိုင်း ဖိုးဖိုး အားပို့ပေးလိုက်သည်....ပြန်လည်ပြင်
ဆင်ကြောင်း အရေးပေါ် အစည်းအဝေးခေါ်ပြီး
လုပ်ငန်းစဖို့ကိုတော့ ဖိုးဖိုးက အတွင်းရေးမှုးမှတစ်ဆင့် ဆောင်ရွက်မည် မို့ ဘုရင်ဝင်ပါစရာမလို
တော့ပေ....ဘုရင်လည်း ကုတင်ပေါ်မှာ laptop
တစ်လုံးဖြင့် အလုပ်လုပ်နေသည်မှာကြာနေပြီ ဖြစ်သည့်အပြင် အလုပ်လက်စသတ်ပြီးမို့ ရေမိုးချိုးရန်ထလာလိုက်တော့သည်....
သူရေချိုးခန်းထဲက ထွက်လာပြီးနောက် အနက်
ရောင် တပတ်တစ်ထည် ပတ်လိုက်ပြီး ရေခဲ
သေတ္တာထဲမှ ဝိုင်ပုလင်းနှင့်ဝိုင်ခွက်ကို ထုတ်ယူ
လိုက်သည်....ထိုနောက် တောင့်တင်းခိုင်မာလှ
သော ခြေသလုံးကြွက်သားများ.ခြေတံရှည်များ
အားကိုးဖြင့် မြန်ဆန်စွာ ဝရန်တာ သို့ထွက်လာ
လိုက်သည်....အပေါ်ပိုင်းဗလာဖြစ်နေသော
ကြောင့်လှစ်ဟပြသနေလျက်ရှိသော လက်မောင်းကြွက်သားများ abs 8ခုနှင့် မို့မောက်ကျစ်လစ်နေသောရင်အုပ်ကြွက်သားများကို မြင်လိုက်ရလျှင် ပျိုမဒီများ အရူးအမူးစွဲလမ်းသွားမည်မှာ မလွဲဧကန်ပင်...
သို့သော် ကံဆိုးသည်မှာ ဝရန်တာကို မှန်နံရံများ
ကာရံထားခြင်း ဖြစ်သည်...အတွင်းမှ အပြင်ရှိရူခင်းများကို ကောင်းမွန်စွာ မြင်ရသော်လည်း အပြင်ဘက်မှ မည်သို့မျှ မမြင်နိုင်သည့် မှန်အမျိုးအစားဖြစ်သည်...ညာဘက်လက်ချောင်းများနှင့်ဝိုင်ခွက်ကိုလှည့်ကစားရင်း ဘယ်လက်ဖြင့်မှန်နံရံကိုထောက်ကာ အောက်မှ partyပွဲကို ကြည့်နေလိုက်သည်....
အများစုမှာ ပထမနှစ်ကလေးများဖြစ်သည်...
ထိုအချိန် မြင်လိုက်ရသော မြင်ကွင်းတစ်ခု
ကြောင့် အဝတ်အစားအမြန်ဝတ်ကာ အောက်ထပ်သို့ အမြန်ဆင်းလာလိုက်မိတော့သည်....
ကားအကြာကြီးစီးလာရတာမို့ ခေါင်းကိုက်နေ
သည့်ခခမှာလည်း သံပရာရည်သောက်ပြီးမှ ပို၍ မူးဝေပြီးရင်ထဲပူလာသလိုလိုပင်...အလင်းတို့ဘက်ကိုကြည့်လိုက်တော့ အလင်းနှင့်နွေ မူးမူးနှင့်ကနေတာကိုဇွဲကထိန်းနေရလေသည်...ကိုယ့်အားကိုယ်ကိုးဖို့သာဆုံးဖြတ်ပြီး ထရပ်လိုက်မှ ပိုဆိုးနေသည်.... စားပွဲခုံကို မနည်းအားပြုနေရပြီ ခြေထောက်တွေကလည်းအားမရှိတော့သလိုပင်....ခခကိုလာတွဲပေးတာကြောင့် ကြည့်လိုက်တော့အတန်းထဲကပင်...နာမည်တော့မသိပေ....အခန်းဆီပြန်လိုက်ပို့ပေးမည်ဟု
ပြောလာသူကြောင့် ခခကျေးဇူးတင်စကားပြောရင်းအခန်းနံပါတ်ကို ပြောပြလိုက်သည်....ရင်ထဲတွင်ပိုပူလာပြီး ခခအားတွဲပေးထားသူကို တွန်းထုတ်ပစ်ချင်လာသည်....ပိုဆိုးနေသည်မှာ ခခအခန်းဘက်သို့ခေါ်လာခြင်းမဟုတ်ဘဲ ဟိုတယ်၏ အနောက်ဘက်လူပြတ်သော နေရာ ဖြစ်ပေသည်...ဆောက်လက်စ
ဘန်ဂလိုများဘက်မို့နေ့ဘက်ဆိုလျှင်တောင်
ဆောက်လုပ်ရေးသမားများမှ လွဲ၍ မည်သူမျှမသွားရဟု ဝန်ထမ်းများက ပြောပြထားသည်...ထိုသူကို တွန်းထုတ်ပစ်ပင်မဲ့ ခန္ဓာကိုယ်က စိတ်သွားတိုင်းကိုယ်မပါဘဲ ရုန်းမထွက်နိုင်ဘဲ ဖြစ်နေလေသည်....
ခခနှုတ်ခမ်းအားနမ်းဖို့ကြိုးစားနေသူအားရှောင်တိမ်းလိုက်ခြင်းကြောင့် လည်ပင်းပေါ်သို့ အနမ်းကြမ်းများရောက်ရှိလာသည်...
ဟင့်အင်း...အဆိုးရွားဆုံးအခြေအနေတွေ ဖြစ်လာခဲ့ရင် ခခကိုယ့်ဟာကိုသတ်သေပစ်မှာ....မျက်ရည်အပြည့်ဖြစ်နေသောမျက်ဝန်းဝိုင်းဝိုင်း လေးများအားမှိတ်ချပစ်ပြီး
တဆတ်ဆတ်တုန်ယင်နေသော လက်ကလေးနှစ်ဖက်အား ခပ်တင်းတင်းဆုပ်ထားမိတော့သည်....
ကိုကို!!!
~~ခခကို လာကယ်ပေးပါ~~~~
........................................................................
Update က2ရက်ခြားတစ်ခါရှိပါတယ်ရှင့်
Ongoing လိုက်ပေးနေတယ့် ဒါဒါလေးတွေကြောင့်တကယ့်ကို အားတက်ရပါတယ်
ဖတ်ရှုသူအားလုံးကို ကျေးဇူးတင်ပါတယ်ရှင့်
...........................................................................
Zawgyi
သူရိန္ေနမင္းႀကီးက တစ္ေန႔တာအတြက္ တာဝန္ဝတၱရားမ်ားကို ထမ္းေဆာင္ၿပီး အေနာက္ေဂါယာကြၽန္းသို႔ ျပန္လည္ဝင္ေရာက္သြားေလၿပီ...သို႔ေသာ္ပတ္ဝန္းက်င္တစ္ခုလံုး အေမွာင္ကင္း၍ ထူးျခားစြာ
ဝင္းပၾကည္လင္လ်က္ ရိွေခ်သည္....အမွတ္မထင္
ေကာင္းကင္းသို႔ ေမာ့ၾကည့္မိသည္...ေသာ္တာလမင္းႀကီးသည္ ႐ူမၿငီးဖြယ္ညပန္းခ်ီကို ျခယ္မႈန္းလ်က္ရိွသည္....
လေရာင္ျခည္ျဖာျဖာ ေအာက္တြင္ ခခတို႔၏ အျဖဴေရာင္ ႏွစ္ထပ္တိုက္ကေလးေဘးရိွ ဆိတ္ဖလူးပင္ႀကီးက တယိမ္းယိမ္း တႏြဲ႔ႏြဲ႔ရိွေနသည္... ျခံေ႐ွ႕ရိွညေမႊးပန္းရနံ႔ ကလည္း သင္းပ်ံပ်ံရိွေနေလသည္...
ခခညေန ေရခ်ိဳးၿပီးကတည္းက စာၾကည့္စားပြဲထိုင္ေနျခင္း ျဖစ္သည္....ခခ အခန္းသည္ အေပၚထပ္ရိွညာဘက္တြင္ရိွၿပီး ဆိတ္ဖလူးပင္ႀကီးကို ေကာင္းစြာ ျမင္ရေသာ အခန္းျဖစ္သည္...ထို႔ျပင္ စာၾကည့္စားပြဲ တစ္ေနရာစာ ဝရံတာ ထုတ္ထားသည့္အတြက္ အလင္းေရာင္ကို ေကာင္းစြာ ရၿပီ ေလဝင္ေလထြက္
ေကာင္းေလသည္...စာထဲတြင္ အာ႐ုံ
စိုက္ေနမိေသာေၾကာင့္ ညစာစားဖို႔ပင္သတိမရမိေပ
...အခ်ိန္ကို ၾကည့္လိုက္ေတာ့ ည 7:32ပင္....
အာ....ဒီေန႔ ေသာၾကာေန႔ကို...အဲဒါေၾကာင့္ ေမေမက ခခကို လာမေခၚေသးျခင္း ျဖစ္လိမ့္မည္...ခခတို႔
အိမ္တြင္ မနက္စာႏွင့္ညစာကို လူစံုမွ စားေလ့ရိွသည္...ကိုႀကီးႏွင့္ေဖေဖက ကုမၸဏီမွာ ေသာၾကာေန႔တိုင္း over time ရိွသည္ေလ...အလုပ္သမားေတြလည္း ရိွေပမဲ့ ေဖေဖက စည္းစနစ္ႀကီးၿပီး ေရသာမခို တတ္သူမို႔ over time ေန႔ကို အပတ္တိုင္း
ဆင္းေလသည္...ကိုလတ္ကေတာ့ျပန္ေရာက္ေနေလာက္ၿပီး သူ႔အခန္းထဲတြင္ ျဖစ္ေလာက္သည္....
အိမ္ကမိသားစုစီးပြားေရး ေဆးဝါးလုပ္ငန္းကို ကိုႀကီးက ဝင္ကူသည္မို႔ ကိုလတ္က သူဝါသနာပါရာelectronic ကိုုျပည္ပမွာသင္ယူၿပီး ျပန္လာက
တည္းက လုပ္ငန္းတည္ေထာင္ေနေလၿပီ...
~In the dark of night ~
~the stars light up sky~
~ we see~
ဖုန္းေခၚသံၾကားမွ ဖုန္းကအခန္းထဲက်န္ခဲ့မွန္း သတိရမိသည္...ေခၚဆိုသူက အလင္းပင္...
" ဟယ္လို..အလင္း..."
" ခခ ..ခရီးသြားဖို႔ အိမ္ကိုေျပာၿပီးၿပီလား.. "
" ဟင့္အင္း..ခုညမွေျပာမွာ..."
" ငါတို႔ေတြ ေက်ာင္းကားနဲ႔မသြားဘဲ ကိုရာဇာကားနဲ႔လိုက္ရေအာင္...ကိုယံက သူတို႔နဲ႔လိုက္ခဲ့ဖို႔ေျပာတယ္.."
" အလင္းက လိုက္မယ္လို႔႔ေျပာၿပီးၿပီလား ..."
" အင္းေလ...ေက်ာင္းကားက လူေတြတအားမ်ားမွာ...ခခေလးက လူမ်ားတာ သေဘာမက်ဘူးမလား..."
" အင္းပါ...လိုက္မယ္...ဒါနဲ႔ဟို..သူေရာပါလား..."
" အမ္...ဘယ္သူလဲ..."
" အလင္းရာ...သိရဲ႕သားနဲ႔.."
" ပါပါတယ္ေနာ္...သူ႔လူက် အတင္းေတြေမးေနတယ္...ကိုယ့္ သူငယ္ခ်င္းေတြဘယ္သူပါလဲမေမးဘူးေနာ္..ဟြန္းဟြန္း...."
" အလင္းမ ေနာ္..မစနဲ႔... အဲဒါပဲမလား..ဖုန္းခ်ၿပီ..."
ခခ အိပ္ရာေပၚတြင္ လူးလိမ့္ေနမိသည္...
ေပ်ာ္လိုက္တာ... ဒီခရီးစဥ္က ကိုကိုနဲ႔တူတူ သြားရ
မွာေပါ့..ဟိ...
သြားဖို႔မရရေအာင္ကိုေျပာရမယ္....
ေဒါက္...ေဒါက္...
" သားသား...သားေဖေဖတို႔ျပန္လာၿပီ...ညစာစားရေအာင္ဆင္းလာခဲ့ေတာ့ေနာ္....ၾကားလား...သား.. "
" ဟုတ္..ေမေမ.."
ထမင္းစားပြဲေရာက္ေတာ့ ခခကလြဲ မိသားစုအကုန္စံုေနေလၿပီ ျဖစ္သည္....ညစာစားၿပီးေနာက္ အခ်ိဳပြဲစားရင္း ဧည့္ခန္းထဲတြင္ ရိွေနေသးေသာ ကိုလတ္ေၾကာင့္ ခရီးသြားဖို႔ ေျပာမည့္ကိစၥ အနည္းငယ္တြန္႔သြားရ
သည္...
" သားသား...ေျပာစရာရိွေနလို႔လား...ေဖေဖတို႔ကိုတၾကည့္ၾကည့္လုပ္ေနလို႔..."
ခခလည္း ခရီးသြားဖို႔ ေရာ ေက်ာင္းကကားႏွင့္မလိုက္ဘဲ ကိုယံတို႔ႏွင့္တူတူသြားမည့္အေၾကာင္းေရာ တစ္ခါတည္း ေျပာလိုက္သည္...
ေဖေဖတို႔က တစ္ခါတည္း ခြင့္ျပဳလိုက္တာေၾကာင့္ေပ်ာ္ရြင္သြားရသည္..ေတာ္ေတာ္ေျပာရအံုးမယ္ထင္
ထားတာကို...ကိုႀကီးႏွင့္ကိုလတ္ကလည္း ခြင့္ျပဳေပးတယ့္အျပင္ မုန္႔ဖိုးပါထပ္ေပးေလသည္...
ေမေမ ပုခံုးစြန္းေပၚေခါင္းမွီရင္း TVမွာလာေသာဇာတ္ကားအားခခ ၾကည့္ေနမိသည္...တစ္ခါတစ္ေလမွ ၾကည့္သည္မို႔ နားမလည္ေပ...
"18ႏွစ္ျပည့္ခါနီးေနၿပီကို ကေလးလုပ္တုန္းလား.."
ကိုႀကီး က ခခကို လွမ္းစသည္မို႔ ႏႈတ္ခမ္းေထာ္မိသည္...အဲဒါကိုပင္ ဝိုင္းရယ္ၾကေသာေၾကာင့္ ခခပါ ေရာရီသြားမိသည္...ကိုႀကီးက လူစံုရင္စမယ္ဆိုတာ ခ်ည္းပဲ...
ထိုျမင္ကြင္းမ်ားကိုျမင္ေနၾက အလုပ္သမားမ်ား အဖို႔လည္း မ႐ိုးႏိုင္ေသာ ၾကည္ႏူးစရာ ျဖစ္ေပသည္..
ေမတၱာတရား အေငြ႔အသက္မ်ား လႊမ္းျခဳံေနေသာ မိသားစုစာမ်က္ႏွာမ်ားထဲမွ တစ္ခုပင္ ျဖစ္ေပသည္..
...........................................................................
ခရီးသြားမည့္ေန႔ျဖစ္သည္.... အလင္းတို႔အိမ္တြင္ လူစုမည္ ဟုေျပာေသာေၾကာင့္ ကိုလတ္က အလင္းတို႔အိမ္ထိလာပို႔ေပးသည့္အျပင္ စိတ္ခ်ရေအာင္ကိုယံ ကိုပါေသခ်ာအပ္ေနေလသည္...ေတာ္ေသးသည္... ဟိုေန႔က club လာသည့္ကိစၥ ကိုယံက မတိုင္လို႔...
ဒီေန႔ ရာသီဥတုက ပူလည္းမပူ ေအးလည္းမေအးတာမို႔ T shirt အပြ ႏို႔ႏွစ္ေရာင္ ႏွင့္ ဒူးအတိေဘာင္းဘီကို ခခ တဲြဝတ္ထားသည္..ခခက အလင္းႏွင့္အတူ ျခံထဲက ဒန္းေပၚတြင္ထိုင္ရင္း ေစာင့္ေနျခင္း
ျဖစ္သည္...
ထိုအခ်ိန္ ျခံထဲဝင္လာေသာ ခရီးသြားကား ႏွင့္အတူ မီးခိုေရာင္ အျပာေရာင္ ခဲစိမ္းေရာင္ ၿပိဳင္ကားသံုးစီး ဝင္ေရာက္လာေလသည္...မီးခိုးေရာင္ၿပိဳင္ကားထဲမွ ကိုကိုက ထြက္လာသည္...မီးခိုးေရာင္က ကိုကိုအႀကိဳက္ဆံုးအေရာင္ဆိုတာ ခုမွ သတိသြားရမိသည္...ခရီးသြားမည္မို႔ T shirt အနက္နွင့္style pant အနက္ကို ေပါ့ေပါ့ပါးပါးသာဝတ္ထားေသာ္လည္း ေခ်ာေမာခန္႔ညား ၿပီး အရိွန္အဝါအျပည့္ျဖစ္ေနဆဲသာ...
ေႏြႏွင့္ဇြဲ တို႔လည္း ေရာက္လာၾကၿပီးမို႔ စထြက္ဖို႔လုပ္ၾကေတာ့သည္...ကားအတြင္းထဲေရာက္မွ ပံုမွန္ခရီးသြားကား မ်ိဳးမဟုတ္မွန္း သိရသည္...ဇိမ္ခံကားမွန္းသိသာေစေသာ ထိုင္ခံုေနရာ ...ေရခ်ိဳခန္း
ႏွစ္ေယာက္အိမ္ကုတင္ ေတြပါေလသည္...
ထိုင္ခံုပံုစံကေတြက ႏွစ္ခံုစီ အတြဲလိုက္ 3ခံုပါၿပီး 3ေယာက္တြဲခံု 1ခံုပါတာေၾကာင့္ 2ေယာက္တြဲခံု၏
ျပတင္းေပါက္ဘက္ျခမ္းမွာ ခခထိုင္လိုက္ၿပီး အလင္းကို ကားေပၚမွာသာေစာင့္ေနလိုက္သည္...အလင္းတစ္ေယာက္ကေတာ့ ကားေပၚတက္မယ္ဆိုကာမွဘာက်န္လို႔မသိ သြားယူေနရေလသည္.....
ခခ ေဘးကခံုမွာ ေႏြႏွင့္ဇြဲက တစ္တြဲ ေနရာယူထားသည္....ကိုယံတို႔ေတြ ကားေပၚတက္လာၿပီး ေနာက္ခံုေတြမွာ အသီးသီး ေနရာယူၾကသည္...ေဘးခံုတြင္ ကိုကိုက ဝင္ထိုင္တာမို႔ ခခ ခပ္ေတာင့္ေတာင့္ျဖစ္
သြားရသည္....
" Wow!!! "
ဘုရင္ ထိုင္ခံုတြင္ ထိုင္ၿပီးၿပီခ်င္း ရာဇာတို႔ဆီမွ အသံထြက္လာျခင္းျဖစ္သည္....မ်က္လံုးဝိုင္းေလးမ်ား ျဖင့္ေမာ့ၾကည့္လာေသာ ေကာင္ေလးအား ဘုရင္ မ်က္ခံုးတစ္ဖက္ ပင့္ျပမိသည္...
" ဘာျဖစ္လို႔လဲ..."
" ဟင့္အင္း... "
ေခါင္းလံုးလံုးေလးမွာ ဆံပင္မ်ားဝဲခါေအာင္ ေခါင္းကို ခါျပေလသည္...လမ္းတစ္ေလ်ွာက္လံုံးလည္း
မုန္႔ေတြ တစ္မ်ိဳးၿပီးတစ္မိ်ဳး စားေနတာမ်ား ႐ွဥ္ေပါက္ကေလးလိုပင္...ခရီးစဥ္တစ္ဝက္ေလာက္ေရာက္ေတာ့ ဗိုက္ေလးၿပီး အိပ္ခ်င္ေနပံုရသည္..... အိပ္ငိုက္ၿပီး ကားမွန္ဘက္သို႔ေခါင္းေလးကယိမ္းေနတာေၾကာင့္ ဘုရင္ပုခံုးေပၚကို မီွေပးထားလိုက္သည္။
" ခခ...ထေတာ့...ခခ.."
ကမ္းေျခရိွ နားရမည့္ hotelသို႔ေရာက္ၿပီးမို႔ ဘုရင္လည္း ခခကိုႏိုးေနျခင္းျဖစ္သည္....က်န္သည့္သူမ်ားက ကားေပၚမွ ဆင္းသြားၿပီမို႔ သူတို႔ႏွစ္ေယာက္သာ က်န္ေတာ့ေလသည္...
မ်က္ေတာင္႐ွည္မ်ား ဝန္းရံထားေသာ ဖန္ေဂၚလီပမာ မ်က္လံုးဝိုင္းေလးမ်ားက အျမင္အာ႐ုံကို
ေကာင္းမြန္စြာ မရေသး...ဝါးတားတားႏွင့္ပင္....
အိပ္ခ်င္ေနေသးပံုရသည့္ ေကာင္ေလးက ဘုရင့္ပုခံုးမွ ေနရာေျပာင္းၿပီး ရင္ခြင္ထဲသို႔ တိုးဝင္လာေပၿပီ
....ျပင္း႐ွေသာေရေမႊးနံ႔ကို ရမွသာ ခခ၏ အသိစိတ္မ်ား ႏိုးၾကားလာရသည္...အေလာတႀကီးထလိုက္ျခင္းေၾကာင့္ ခနၶာကိုယ္ကဟန္ခ်က္မမွန္ဘဲ ေနာက္သို႔ ယိုင္က်သြားရသည္...သို႔ေသာ္ လဲက်မသြားသည္မွာကိုကို၏ သန္မာေသာ လက္ႏွစ္ဖက္ျဖင့္ေပြ႔ဖက္ထားကာ ဖမ္းေပးထားေသာေၾကာင့္ ျဖစ္
သည္....
ခခ၏ မ်က္လံုးဝိုင္းေလးမ်ားဟာ ကိုကို၏ညိဳ႕ငင္ေနေသာ မ်က္လံုးအစံု... ရယ္ျမဴးရိပ္သန္းေနေသာ ႏႈတ္ခမ္းမ်ား...ဘယ္ဘက္ပါးျပင္တြင္ထင္းေနေသာပါးခ်ိဳင့္နက္နက္ကို ျမင္လိုက္ရသည့္မို႔ အံ့အားသင့္သြားသလို ႐ွက္စိတ္ကလည္း ျဖန္းကနဲပင္....ခခ က အိပ္ခ်င္မူးတူး႐ုပ္ႏွင့္ ဖ႐ိုဖရဲျဖစ္ေနမည္မွာ အေသအခ်ာပင္...ခခ၏ ေက်ာပိုးအိတ္ႏွင့္ ခရီးေဆာင္အိတ္ကို ယူၿပီး ကားေပၚမွ ကပ်ာကယာ ဆင္းလာမိေတာ့သည္....
ဘုရင္ hotel အခန္းထဲေရာက္တည္းက ခဏသာအနားယူရေသးသည္....အဝတ္အစားလဲျခင္းကိုပင္မျပဳလုပ္ရေသးေပ...အာဏာလုပ္ငန္းစု႐ုံးခ်ဳပ္၏ပေရာဂ်က္မ်ားတြင္တိုးျမႇင့္သင့္သည္ကို တိုးျမႇင့္ရန္ႏွင့္ အသံုးမဝင္ေတာ့သည့္ပေရာဂ်က္မ်ား ရိွမရိွ႐ွာေဖြေနျခင္းျဖစ္သည္...လြန္ခဲ့ေသာလက ေနာက္တစ္ႏွစ္စာ ပေရာဂ်က္မ်ား အစီအစဥ္တက် တင္ျပထားသည္ကို အတည္ျပဳၿပီး ျဖစ္ေသာ္လည္း သူသေဘာမက်သည့္ ပေရာဂ်က္မ်ားကို စေတာ့ေစ်းကြက္ႏွင့္တိုက္ၾကည့္၍ ျဖဳတ္ခ်မည္ ျဖစ္သည္....အရင္လကသူလည္း ၿပိဳင္ပြဲ ကိစၥေတြႏွင့္ အလုပ္႐ႈပ္ေနသည္ကိုဖိုးဖိုးက သိသည္ ထင္ပ...ထိုကိစၥႏွင့္ပတ္သက္ၿပီးဖိအားေပးေျပာျခင္းမ်ိဳးမရိွေခ်....သူ႔ဟာသူသာစီစဥ္သြားေလသည္....ႏွစ္တိုင္း ဘုရင္ စီစဥ္ေနၾကကိစၥျဖစ္သည့္အျပင္ ပေရာဂ်က္အတြက္ အလုပ္စျခင္းက ဒီလကုန္မွ ျဖစ္သည့္အတြက္ သူလည္းရသည့္အခ်ိန္အတြင္း ၿပီးေအာင္လုပ္ေပးေနျခင္းျဖစ္သည္...ယေန႔ကေတာ့ အကုန္ၿပီးျပတ္ၿပီးသားကို လက္စသတ္ျခင္း သက္သက္ပင္....သူစီစဥ္ထားသည့္အတိုင္း ဖိုးဖိုး အားပို႔ေပးလိုက္သည္....ျပန္လည္ျပင္ဆင္ေၾကာင္း အေရးေပၚ အစည္းအေဝးေခၚၿပီးလုပ္ငန္းစဖို႔ကိုေတာ့ ဖိုးဖိုးက အတြင္းေရးမႈးမွတစ္ဆင့္ ေဆာင္ရြက္မည္ မို႔ ဘုရင္ဝင္ပါစရာမလိုေတာ့ေပ....ဘုရင္လည္း ကုတင္ေပၚမွာ laptopတစ္လံုးျဖင့္ အလုပ္လုပ္ေနသည္မွာၾကာေနၿပီ ျဖစ္သည့္အျပင္ အလုပ္လက္စသတ္ၿပီးမို႔ ေရမိုးခ်ိဳးရန္ထလာလိုက္ေတာ့
သည္....
သူေရခ်ိဳးခန္းထဲက ထြက္လာၿပီးေနာက္ အနက္
ေရာင္ တပတ္တစ္ထည္ ပတ္လိုက္ၿပီး ေရခဲ
ေသတၱာထဲမွ ဝိုင္ပုလင္းႏွင့္ဝိုင္ခြက္ကို ထုတ္ယူ
လိုက္သည္....ထိုေနာက္ ေတာင့္တင္းခိုင္မာလွ
ေသာ ေျခသလံုးႂကြက္သားမ်ား.ေျခတံ႐ွည္မ်ားအားကိုးျဖင့္ ျမန္ဆန္စြာ ဝရန္တာ သို႔ထြက္လာလိုက္သည္....အေပၚပိုင္းဗလာျဖစ္ေနေသာေၾကာင့္လွစ္ဟျပသေနလ်က္ရိွေသာ လက္ေမာင္းႂကြက္သားမ်ား abs 8ခုႏွင့္ မို႔ေမာက္က်စ္လစ္ေနေသာရင္အုပ္ႂကြက္သားမ်ားကို ျမင္လိုက္ရလ်ွင္ ပ်ိဳမဒီမ်ား အ႐ူးအမူးစြဲလမ္းသြားမည္မွာ မလြဲဧကန္ပင္...
သို႔ေသာ္ ကံဆိုးသည္မွာ ဝရန္တာကို မွန္နံရံမ်ား
ကာရံထားျခင္း ျဖစ္သည္...အတြင္းမွ အျပင္ရိွ႐ူခင္းမ်ားကို ေကာင္းမြန္စြာ ျမင္ရေသာ္လည္း အျပင္ဘက္မွ မည္သို႔မ်ွ မျမင္ႏိုင္သည့္ မွန္အမ်ိဳးအစားျဖစ္သည္...ညာဘက္လက္ေခ်ာင္းမ်ားႏွင့္ဝိုင္ခြက္ကိုလွည့္ကစားရင္း ဘယ္လက္ျဖင့္မွန္နံရံကိုေထာက္ကာ ေအာက္မွ partyပြဲကို ၾကည့္ေနလိုက္သည္....
အမ်ားစုမွာ ပထမႏွစ္ကေလးမ်ားျဖစ္သည္...
ထိုအခ်ိန္ ျမင္လိုက္ရေသာ ျမင္ကြင္းတစ္ခုေၾကာင့္ အဝတ္အစားအျမန္ဝတ္ကာ ေအာက္ထပ္သို႔ အျမန္
ဆင္းလာလိုက္မိေတာ့သည္....
ကားအၾကာႀကီးစီးလာရတာမို႔ ေခါင္းကိုက္ေနသည့္ခခမွာလည္း သံပရာရည္ေသာက္ၿပီးမွ ပို၍ မူးေဝၿပီးရင္ထဲပူလာသလိုလိုပင္...အလင္းတို႔ဘက္ကိုၾကည့္လိုက္ေတာ့ အလင္းႏွင့္ေႏြ မူးမူးနွင့္ကေနတာကို
ဇြဲကထိန္းေနရေလသည္...ကိုယ့္အားကိုယ္ကိုးဖို႔သာဆံုးျဖတ္ၿပီး ထရပ္လိုက္မွ ပိုဆိုးေနသည္.... စားပြဲခံုကို မနည္းအားျပဳေနရၿပီ ေျခေထာက္ေတြကလည္းအားမရိွေတာ့သလိုပင္....ခခကိုလာတြဲေပးတာ
ေၾကာင့္ ၾကည့္လိုက္ေတာ့အတန္းထဲကပင္...နာမည္
ေတာ့မသိေပ....အခန္းဆီျပန္လိုက္ပို႔ေပးမည္ဟုေျပာလာသူေၾကာင့္ ခခေက်းဇူးတင္စကားေျပာရင္းအခန္းနံပါတ္ကို ေျပာျပလိုက္သည္....ရင္ထဲတြင္ပိုပူလာၿပီး ခခအားတြဲေပးထားသူကို တြန္းထုတ္ပစ္ခ်င္လာသည္....ပိုဆိုးေနသည္မွာ ခခအခန္းဘက္သို႔ေခၚလာျခင္းမဟုတ္ဘဲ ဟိုတယ္၏ အေနာက္ဘက္လူျပတ္ေသာ ေနရာ ျဖစ္ေပသည္...ေဆာက္လက္စဘန္ဂလိုမ်ားဘက္မိုု႔ဘေန႕ဘက္ဆိုလ်ွင္ေတာင္
ေဆာက္လုပ္ေရးသမားမ်ားမွ လြဲ၍ မည္သူမ်ွမသြားရဟု ဝန္ထမ္းမ်ားက ေျပာျပထားသည္...ထိုသူကို တြန္းထုတ္ပစ္ပင္မဲ့ ခနၶာကိုယ္က စိတ္သြားတိုင္းကိုယ္မပါဘဲ ႐ုန္းမထြက္ႏိုင္ဘဲ ျဖစ္ေနေလသည္....
ခခႏႈတ္ခမ္းအားနမ္းဖို႔ႀကိဳးစားေနသူအားေ႐ွာင္တိမ္းလိုက္ျခင္းေၾကာင့္ လည္ပင္းေပၚသို႔ အနမ္းၾကမ္းမ်ား
ေရာက္ရိွလာသည္...ဟင့္အင္း...အဆိုးရြားဆံုးအေျခအေနေတြ ျဖစ္လာခဲ့ရင္ ခခကိုယ့္ဟာကိုသတ္ေသပစ္မွာ....မ်က္ရည္အျပည့္ျဖစ္ေနေသာမ်က္ဝန္းဝိုင္းဝိုင္း ေလးမ်ားအားမိွတ္ခ်ပစ္ၿပီး တဆတ္ဆတ္တုန္ယင္ေနေသာ လက္ကေလးႏွစ္ဖက္အား ခပ္တင္းတင္းဆုပ္ထားမိေတာ့သည္....
ကိုကို!!!
~~ခခကို လာကယ္ေပးပါ~~~~
.........................................................................
Update က2ရက္ျခားတစ္ခါရိွပါတယ္႐ွင့္
Ongoing လိုက္ေပးေနတယ့္ ဒါဒါေလးေတြေၾကာင့္တကယ့္ကို အားတက္ရပါတယ္
ဖတ္႐ႈသူအားလံုးကို ေက်းဇူးတင္ပါတယ္႐ွင့္
...........................................................................