Chapter - 19 : ထက်မြတ်တဲ့ အမျိုးသမီးကြီးFebruary 04, 2024
သူမငယ်ရွယ်စဥ်တုန်းက မြို့စားကတော်ဟောင်းကြီးက သူမခင်ပွန်းနဲ့ အတူ စစ်ပွဲဖြစ်ပွားရာဒေသတွေဆီ အတူလိုက်လေ့ရှိပြီး အထင်ကရ ကျော်စောတဲ့ အကျိုးရလဒ်တွေကို သယ်ဆောင်လာလေ့ရှိတယ်။ဒါ့ကြောင့် အသက်ကြီးရင့်လာပြီဖြစ်တဲ့ မြို့စားကတော်ဟောင်းကြီးဟာ အမျိုးသမီးခေါင်းဆောင်ကြီးအနေနဲ့ လေးစားခံရဆဲပင်။တိုင်းပြည်အတွင်းမှာ မြင့်မားတဲ့ ဂုဏ်ဒြပ်ကို လက်ကိုင်ထားသူဖြစ်လေတယ်။
သူမရဲ့ တစ်ဦးတည်းသေးမြေးမလေးကတော့ လုလျန့်ဝေပင်။သဘောတရားအရဆိုရင်တော့ သခင်မကြီးက သူမရဲ့မြေးမလေးကိုအရမ်းပဲ ချစ်ခင်မြတ်နိုးလိမ့်မယ်။လက်တွေ့မှာတော့ ပြောင်းပြန်ကြီးပါ။ လုလျန့်ဝေက သခင်မကြီးရဲ့ သဘောကျခြင်းကို မခံရဘူး။တစ်ဖက်မှာတော့ အမျိုးသမီးရဲ့ အနှစ်သက်ဆုံးက လုယွင်ရှမ်းဆိုတဲ့ တရားမဝင်မြေးမလေး။
တစ်ခါက လုလျန့်ဝေက သူမအပြုအမူကို တော်တော်လေးမထိန်းသိမ်းနိုင်ဘူး။အမျိုးသမီးကြီးက လုလျန့်ဝေအပြုအမူတွေကို ဥပေက္ခာပြုဖိုင်ဖို့ ထန်းကျူး ဘုရားကျောင်းမှာ ဥပုသ်စောင့်ကာ ဘုရားတရားသာလုပ်နေခဲ့တယ်။သူမက လုယွင်ရှမ်း လက်ထပ်ပွဲကိုတောင် ပြန်မလာခဲ့ဘူး။ လုလျန့်ဝေ နားမလည်တာက သခင်မကြီး လုယွင်ရှမ်းကို အရမ်းနှစ်သက်တယ်ဆို ဘာကြောင့်များ လုယွင်ရှမ်းနဲ့ အိမ်ရှေ့စံရဲ့ လက်ထပ်ပွဲကို မတက်ခဲ့တာလဲဆိုတာပဲ။ မသေမချာဖြစ်နေတာတွေကို စဥ်းစားရင်း.လုလျန့်ဝေနဲ့ လုထင်ချန်ကအိမ်ပြန်လာတဲ့မြို့စားကတော်ဟောင်း ကြီးကို နှုတ်ဆက်ဖို့ ပင်မခန်းမဆောင် ဂိတ်ပေါက်ဝဆီ သွားလိုက်တယ်။
သူတို့နှစ်ယောက်ရောက်တဲ့အချိန်မှာ ရထားလုံးကလည်း ရောက်ပြီး ရပ်လိုက်တယ်။ လုဟန်ထျန်းနဲ့ သခင်မကျန်းလည်း အမြန်ရောက်လာတယ်။သခင်မကြီးက သူတို့ကို ခပ်တန်းတန်းသာ ဆက်ဆံမယ်ဆိုတာ သိပေမယ့် အငယ်တွေအတွေနဲ့ လောကဝတ်ပြုရမယ်ဆိုတာ သံသယဝင်စရာမလိုဘူး။စိတ်မပါပေမယ့်လည်း လုလျန့်ဝေကော လုထင်ချန်နဲ့အတူ ခေါင်းငုံ့နှုတ်ဆက်ရတယ်။ရထားလုံးရဲ့ တံခါးပွင့်လာပြီး ကြက်သွေးရောင်ဝတ်စုံကို ဝတ်ဆင်ကာ ဆံပင်တစ်ချို့ဖြူနေတဲ့ အမျိုးသမီးတစ်ယောက်ထွက်ပေါ်လာတယ်။မျက်နှာထားက တည်ငြိမ်နေပေမယ့် သူမကလုဟန်ထျန်းနဲ့ တခြားသူတွေကို အပြုံးဖျော့ဖျော့လေးနဲ့ နှုတ်ဆက်လိုက်တယ်။မြို့စားကတော်ဟောင်းကြီးက ဒီနှစ်ဆို အသက်ခုနှစ်ဆယ်ပင်ရှိပြီ။သူမဆံပင်တွေမှာ အဖြူနဲ့မီးခိုးရောင်တို့ ကွက်တိကွက်ကြားဖြစ်နေပေမယ့်လည်း သန်စွမ်းနေတုန်းပင်။သူမ အသက်အရွယ်ရွယ်တူတွေထက်စာရင် ပါးရေတွန့်တာလေးတွေရှိပေမယ့် သူမအသားအရေက အစက်အပြောက်ကင်းကာ သန်တုန်းမြန်တုန်းပင်။သူမျက်လုံးတွေက စူးရှကာ မာန်အပြည့်နဲ့ဖြစ်ပြီး အထက်စီးဆန်တဲ့ ဟိတ်ဟန်ရှိတယ်။ထက်မြက်ကာ ဟိတ်ဟန်ကြီးတဲ့ အမျိုးသမီးကြီးတစ်ယောက်ဆိုတဲ့သက်သေပါ။သူမရဲ့ ထူးကဲထက်မြက်တဲ့ စိတ်အရဆိုရင် အသက်ခုနှစ်ဆယ်လို့ ထင်စရာမရှိပါ။
"အမေ"
လုဟန်ထျန်းက အမျိုးသမီးကြီးကို နှုတ်ဆက်ကာ ရထားလုံးပေါ်က ဆင်းဖို့ကူညီပေးလိုက်တယ်။ သခင်မကြီး ဆင်းဖို့ကူညီပြီး သူ့က နောက်မှာတော့ တခြားသော.အသက်ကြီးကြီးအမျိုးသမီးကို ဆင်းလာဖို့ရန် ဆက်လက်ကာ ကူညီပေးတယ်။ ဒီအမျိုးသမီးကြီးကလည်း သခင်မကြီးရဲ့ အသက်လောက်ပဲ။ဒါပေမယ့်လည်း နှိုင်းယှဥ်လိုက်ရင် သူမက သခင်မကြီးထက် အရွယ်ရင့်လို့နေတယ်။ဒီအမျိုးသမီးကြီးကတော့ မြို့စားကတော်ဟောင်းကြီး လက်ထပ်ကတည်းက လိုက်ပါရတဲ့ အစေခံတစ်ယောက်ပင်။ သူမငယ်ရွယ်စဥ် အစေခံဘဝကတည်းက သခင်မကြီးကို ခစားခဲ့သူလည်းဖြစ်တယ်။သူမက သခင်မကြီးနဲ့တူတူ အနိမ့်အမြင့်အခက်အခဲမျိုးစုံကို ဖြတ်သန်းလာခဲ့ပြီး ယနေ့ထက်တိုင် လက်မထပ်ဘဲ သခင်မကြီးကိုသာ ခစားတာကြောင့် လုဟန်ထျန်းက လေးစားရတယ်။
"ကျေးဇူးပါ သခင်မကြီး"
ကြီးကြီးလင်းက ပြုံးပြပြောဆိုကာ သခင်မကြီးဘေးနားမှာ ရပ်လိုက်တယ်။
"အဖွား"
လုထင်ချန်လည်း ရှေ့ထွက်ကာ အရိုအသေးပေးလိုက်တယ်။သူ့ရဲ့စိတ်အားထက်သန်နေတဲ့ မျက်နှာပေါ်က ပျော်ရွှင်မှုကို ဖုံးကွယ်ဖို့မဖြစ်နိုင်ဘူး။သူ့အဖွားကို သူနက်နက်ရှိုင်းရှိုင်းကို လေးစားမှန်း ထင်းထင်းလင်းလင်းတွေ့နိုင်တယ်။
ကြင်နာတတ်တဲ့ အပြုံးလေးက သခင်မကြီး မျက်နှာမှာ ပေါ်လို့လာတယ်။သူမ ဒီမြေးလေးကို တုန်နေရအောင်ကို ချစ်တယ်။လုထင်ချန်ကို ခေါင်းကနေ ခြေဖျားထိ စေ့စေ့စပ်စပ်ကြည့်ရင်း ပေါ်လာတဲ့ကြည်နူးမှုက ဖုံးကွယ်လို့ မရနိုင်လောက်အောင်ပဲ။သူမမြေးလေးနဲ့ နှုတ်ဆက်ပြီးနောက်တော့ သူမ လုဟန်ထျန်းကိုမေးပါတယ်။
"အမေမရှိတဲ့ အတောအတွင်း အိမ်တော်မှာ ဘာမှမဖြစ်ဘူးမလား"
"အမေ စိတ်မပူပါနဲ့ အားလုံးကောင်းမွန်ပါတယ်"
လုဟန်ထျန်းက ရိုးရိုးသားသားပြောလိုက်တယ်။
"ကောင်းတာပေါ့"
သခင်မကြီးက ခေါင်းငြိမ့်ကာ စိတ်သက်သာရသွားပါတယ်။
အဲ့အချိန်မှာ လုလျန့်ဝေက သခင်မကြီးအနားကပ်ကာ "အဖွား" လို့ နှုတ်ဆက်လိုက်ပါတယ်။
သခင်မကြီးအကြည့်က မြေးမလေးဆီရောက်တာနဲ့ အပြုံးကအနည်းငယ် မှေးမှိန်လို့ သွားပါတယ်။
"ကောင်းပြီ "
ကြီးကြီးလင်းက သခင်မကြီး မြေးမလေးကို သဘောမကျမှန်းသိတော့ သခင်မကြီးလက်မောင်းကိုကူညီကိုင်ပေးကာ အချိန်ကိုက်ပြောဆိုလိုက်တယ်။
"သခင်မလည်း ခရီးဝေးကဆိုတော့ ပင်ပန်းနေလောက်ပြီ၊အထဲဝင်ပြီး အနားယူကြမလား"
"ကောင်းတာပေါ့"
သခင်မကြီးက ခေါင်းငြိမ့်ကာ လက်ခံလိုက်တယ်။သူမ သွားခါနီးမှာပဲ သခင်မကျန်းက အပြေးလေးလာကာ သခင်မကြီးတခြားလက်ကို ကူကိုင်လိုက်တယ်။
"အမေ့ရဲ့ ချွေးမအနေနဲ့ သမီးကူညီပါ့မယ်"
သခင်မကြီး တန့်လို့သွားတယ်။သူမရဲ့ တည်ငြိမ်အေးဆေးမှုကို မပျက်စေဘဲ လက်ကို ပြန်ဆွဲယူကာ ပြောလိုက်တယ်။
" လမ်းလျှောက်တာတောင် သူများအကူအညီ တွဲယူရလောက်တဲ့အထိ ငါမအိုသေးဘူး"
ဆက်ရန်....
Chapter - 20 : အမြဲလိုလို ခပ်တန်းတန်းဖြစ်နေတဲ့ ဆက်ဆံရေးFebruary 05, 2024
ဒီစကားတွေကြားလိုက်ချိန်မှာတော့ သခင်မကျန်းရှက်ရှက်နဲ့ သူမလက်ကို ဆွဲထုတ်လိုက်တယ်။
"ဟုတ်တာပေါ့ အမေက ကျန်မားသန်စွမ်းနေဆဲပဲကို၊ ဒီချွေးမက စိတ်ပူသွားမိတယ်"
ပြောရင်းနဲ့ပဲ နောက်ကို ခြေတစ်လှမ်း နဆုတ်လိုက်တယ်။လုလျန့်ဝေကတော့ သခင်မကျန်းကို စိုက်ကြည့်နေမိတယ်။လုယွင်ရှမ်းက မြို့စားကတော်ဟောင်းကြီး မျက်လုံးထဲမှာ အချစ်ဆုံးဖြစ်နေပေမယ့် သခင်မကျန်းကိုတော့ အသိအမှန်မပြုပေ။ လုလျန့်ဝေလိုမျိုးပေါ့။ သူမကော သခင်မကျန်းကောက သခင်မကြီးရဲ့ အထင်အမြင်သေးခံရသူတွေပေါ့။
သခင်မကျန်းကို ဘာကြောင့် မနှစ်သက်ရတာလဲဆိုတဲ့ အကြောင်းအရင်းကိုတော့ သူမသိဘူး။သခင်မကြီးကို လာကြိုကြတဲ့ လူတစ်စုဟာလည်း သခင်မကြီးနေထိုင်ရာ သက်တော်ရှည်ခန်းမဆီသို့ ပို့ဆောင်ကြပြီးနောက်မိမိနေထိုင်ရာခြံဝန်းအသီးသီးကို ပြန်သွားကြတယ်။ လုလျန့်ဝေနဲ့ လုထင်ချန်ကတော့ ခြံဝန်းတွေက နီးတာကြောင့် မောင်နှမနှစ်ယောက်အတူတူပြန်ကြတယ်။
"အဖွားစိတ်ကအဲ့လိုပဲ၊ စိတ်ထဲ သိပ်မထားနဲ့ ညီမလေး "
လုထင်ချန်က ဝေဝေ အဖွားဖြစ်သူ စိတ်နေသဘောထားကို အထင်လွဲမှာကို စိုးရိမ်မိကာ ပြောလိုက်တယ်။
လုလျန့်ဝေက ခေါင်းငြိမ့်ပြကာ
' ညီမလေး သိပါပြီ '
သူမရဲ့ တည်ငြိမ်အေးဆေးနေတဲ့ အမူအရာကိုကြည့်လိုက်ပြီး လုထင်ချန်က သက်ပြင်းချကာ ခေါင်းလေးပုတ်ပေးလိုက်ပြီး ပြောလာတယ်။
" တကယ်တော့ ညီမလေးငယ်ငယ်တုန်းက အဖွားက ညီမလေးကိုဆို တုန်နေအောင် ချစ်တာ"
လုလျန့်ဝေ အဲ့တာကို ကောင်းကောင်းကြီး သိတယ်ပင်။နောက်ဆုံးမှာ သူမကသာ တရားဝင်မြေးမပါ။ဒါ့ကြောင့် မြို့စားကတော်ဟောင်းကြီးက သူမကိုချစ်တာ သဘာဝပဲ။ အဆိုးဆုံးကတော့ လုလျန့်ဝေ ငယ်ငယ်ကတည်းက လုယန်ထျန်းက အလိုလိုက်အကြိုက်ဆောင်ခဲ့တာပဲ။ ဒီလိုနဲ့ မီးလောင်ရာလေပင့်တတ်တဲ့ လုယွင်ရှန်တို့နဲ့တွေ့တဲ့ အခါမှာတော့ လုလျန့်ဝေက ရူးမိုက်စရာ အဖြစ်အပျက် မျိုးစုံတို့ကို လုပ်လာခဲ့တယ်။ဆက်လက်ပြီးတော့ လုလျန့်ဝေ ဆိုတဲ့ သူမက ဆိုဆုံးမှုကို မသိချင်ယောင်ဆောင်ကာ ကိုယ့်ကိုယ်ကို ပြုပြင်ရာကို ငြင်းဆန်ခဲ့တယ်။
အချိန်တွေကြာလာတော့ အဖွားဖြစ်သူကလည်းသူမကို စိတ်ပျက်လာတယ်။ဒါ့အပြင် လုယွင်ရှန်က မြေးအကြီးမဖြစ်တဲ့အတွက် သခင်မကြီး အာရုံစိုက်မှုတွေကို ခံလာရပြီး လုလျန့်ဝေအပေါ် မနှစ်သက်မှု အမြင်စောင်းမှုတွေ ပိုတိုးလို့လာတာပေါ့။ ဒါ့အပြင် အိမ်ရှေ့စံအပေါ် လုပ်ခဲ့တဲ့ လုလျန့်ဝေ အပြုအမူတွေက မြို့စားအိမ်တော်အတွက် အရှက်ရစေခဲ့တော့ မြို့စားကတော်ဟောင်းက ဘာမှတော့အရမ်းမပြောပေမယ့် လှစ်ဟပြခြင်းမရှိတဲ့ စိတ်ပျက်မှုမျိုးတွေနဲ့ စိတ်ပျက်သထက် ပျက်လာတော့တယ်။ အိမ်ရှေ့စံအတွက် ကိုယ့်ကိုယ်ကို သတ်သေပြခဲ့တဲ့ ဒရမ်မာပြကွက်က သခင်မကြီး အခုထိမသိသေးပင်။ဘာကြောင့်ဆို သူမကိုမျက်ကွယ်ပြုဖို့အတွက် ထျန့်ကျူးဘုရားကျောင်းကို သွားတယ်မဟုတ်လား။
လုလျန့်ဝေ လုထင်ချန်ဘာကို ဆိုလိုလဲဆိုတာကို သိတယ်။ သူမ ခဏလောက်ချင့်ချိန်စဥ်းစားပြီးတဲ့အခါမှာ တော့ ကတိပေးလိုက်တယ်။
" အစ်ကိုကြီး စိတ်ချမ်းချမ်းသာသာနေ။ ညီမလေးအပေါ်ထားတဲ့ အဖွားစိတ်သဘောထားကို ပြောင်းပစ်မှာပါ။ "
"အမ် ညီမလေး ဒီလိုစဥ်းစားတာ ကောင်းတာပဲ ညီမလေး လုပ်နိုင်မယ်ဆိုတာ အစ်ကိုကြီးယုံတယ် "
သူမပြန်ပြောတာကို နားထောင်ပြီးနောက် လုလျန့်ဝေ ရင်ထဲက အလုံးကြီး ကျလို့သွားတယ်။ဝေဝေသာ အတိတ်ကို မမေ့နိုင်ရင် ဒီလိုပြောထွက်မှာ မဟုတ်ဘူး။ အဖေ့အလိုလိုက်မှုကို အခွင့်ကောင်းယူပြီး လုလျန့်ဝေက ဘာကိုမှ အလေးအနက်မထားခဲ့ဘူး။ကုန်ကုန်ပြောရရင် မြို့စားကတော်ဟောင်းကြီးကိုတောင် မလေးစားခဲ့ဘူး။အဖွားဖြစ်သူက သူမကို မနှစ်သက်တာကို သိတဲ့အတွက်ကြောင့် သူမကလည်းသိသိသာသာကို ဘာမှမလေးစားတော့ဘူး။
တခြားတစ်ဖက်မှာတော့ လုယွင်ရှန်က ဒီအခွင့်အရေးအပေါ်မှာ အကျိုးအမြတ်ကို မရရအောင် ယူတော့တယ်၊ သူမအဖွားဖြစ်သူရဲ့ အာရုံစိုက်ခံရအောင် အရည်အချင်းမျိုးစုံကို ထုတ်ပြကာ ဆွဲဆောင်ဖားယားတော့တယ်။ နောက်ဆုံးမှာတော့ သူမ ဖြစ်ချင်သလိုအဖွားဖြစ်သူရဲ့ အာရုံစိုက်ခံလေးဖြစ်နေပြီ။လုထင်ချန် မျက်လုံးတွေကို မှေးကြည့်ကာ အဓိပ္ပါယ်အပြည့်နဲ့ပြောလိုက်တယ်။
"အဖွားကပြန်လာပြီဆိုတော့ မနက်ဖြန်ကို လုယွင်ရှန်က သေချာပေါက်လာနှုတ်ဆက်မှာပဲ ။ "
လုလျန့်ဝေက ထွေထွေထူးထူးပြန်မပြောဘူး ခေါင်းလေးညိမ့်ကာ
"ဟုတ်ကဲ့ ညီမလေး သိပါတယ် "
ဝေဝေကပြန်ပြောတယ်။လုယွင်ရှန်က သခင်မကြီး အထင်ကြီးစေဖို့အတွက် ရသမျှ အခွင့်အရေးကို သုံးမှာပဲ။ လုယွင်ရှန်က အခုအချိန်မှာ အိမ်ရှေ့စံကြင်ယာတော်ဖြစ်နေပေမယ့် မြို့စားကတော်ဟောင်းကြီး ဆိုတာက အင်ပါယာနန်းတော်တစ်ခုလုံးမှာ လွှမ်းမိုးမှုရှိတဲ့သူပင်။လုယွင်ရှမ်းကဒီထောက်ပံ့မှုဟာ သူမအတွက်ဖြစ်နေစေဖို့ ကြိုးစားမှာ သဘာဝပဲ။
ညဘက်မှာတော့ အစေခံတစ်ယောက်က ညစာအတွက် သက်တော်ရှည်ခန်းမကို လာဖို့ရန် လုလျန့်ဝေ ကိုအကြောင်းကြားလိုက်တယ်။ လုလျန့်ဝေက သူမရဲ့ ဆေးပညာလေ့လာမှုကနေ ခဏအနားယူလိုက်ကာ သက်တော်ရှည် ခန်းမဆီကို ကျူးယွီကို ခေါ်ဆောင်ကာ သွားလိုက်တယ်။လုဟန်ထျန်းနဲ့ သခင်မကျန်းကတော့ ရောက်နှင့်ပြီ ။ဝေဝေကတော့ ခန်းမဆောင်အဝင်ဝမှာ အကိုဖြစ်သူနဲ့ ဆုံတာကြောင့် သူနဲ့အတူတူဝင်လာလိုက်တယ်။ သခင်မကြီးက မောင်နှမနှစ်ယောက် လက်တွဲဝင်လာတာကို ကြည့်ကာ အံ့အားသင့်နေမိတယ်။လုလျန့်ဝေဆိုတာက ခပ်ဆိုးဆိုး မိန်းကလေး။သူမအဖေအလိုလိုက်မှုကို အခွင့်ကောင်းယူပြီး အစ်ကိုဖြစ်သူကို ဘယ်တုန်းကမှ မလေးစားတဲ့သူ။မောင်နှမနှစ်ယောက်ကြားက ဆက်ဆံရေးက အမြဲတမ်း ခပ်တန်းတန်းနဲ့ သာဖြစ်နေခဲ့တာ။
အခုတော့ ဒီမောင်နှမနှစ်ယောက်က အတူဝင်လာပြီး ရယ်လိုက်မောလိုက်နဲ့ ပြောလိုက်နဲ့။ဒါက သခင်မကြီးကို တအံ့တသြဖြစ်စေသလို စဥ်းစားရလည်းခက်စေတယ်။
ဆက်ရန်.......
=======
Chapter - 19 : ထက္ျမတ္တဲ့ အမ်ိဳးသမီးႀကီး
February 04, 2024
သူမငယ္ရြယ္စဥ္တုန္းက ၿမိဳ႕စားကေတာ္ေဟာင္းႀကီးက သူမခင္ပြန္းနဲ႔ အတူ စစ္ပြဲျဖစ္ပြားရာေဒသေတြဆီ အတူလိုက္ေလ့ရွိၿပီး အထင္ကရ ေက်ာ္ေစာတဲ့ အက်ိဳးရလဒ္ေတြကို သယ္ေဆာင္လာေလ့ရွိတယ္။ဒါ့ေၾကာင့္ အသက္ႀကီးရင့္လာၿပီျဖစ္တဲ့ ၿမိဳ႕စားကေတာ္ေဟာင္းႀကီးဟာ အမ်ိဳးသမီးေခါင္းေဆာင္ႀကီးအေနနဲ႔ ေလးစားခံရဆဲပင္။တိုင္းျပည္အတြင္းမွာ ျမင့္မားတဲ့ ဂုဏ္ျဒပ္ကို လက္ကိုင္ထားသူျဖစ္ေလတယ္။
သူမရဲ့ တစ္ဦးတည္းေသးေျမးမေလးကေတာ့ လုလ်န္႔ေဝပင္။သေဘာတရားအရဆိုရင္ေတာ့ သခင္မႀကီးက သူမရဲ့ေျမးမေလးကိုအရမ္းပဲ ခ်စ္ခင္ျမတ္နိုးလိမ့္မယ္။လက္ေတြ႕မွာေတာ့ ေျပာင္းျပန္ႀကီးပါ။ လုလ်န္႔ေဝက သခင္မႀကီးရဲ့ သေဘာက်ျခင္းကို မခံရဘူး။တစ္ဖက္မွာေတာ့ အမ်ိဳးသမီးရဲ့ အႏွစ္သက္ဆုံးက လုယြင္ရွမ္းဆိုတဲ့ တရားမဝင္ေျမးမေလး။
တစ္ခါက လုလ်န္႔ေဝက သူမအျပဳအမူကို ေတာ္ေတာ္ေလးမထိန္းသိမ္းနိုင္ဘူး။အမ်ိဳးသမီးႀကီးက လုလ်န္႔ေဝအျပဳအမူေတြကို ဥေပကၡာျပဳဖိုင္ဖို႔ ထန္းက်ဴး ဘုရားေက်ာင္းမွာ ဥပုသ္ေစာင့္ကာ ဘုရားတရားသာလုပ္ေနခဲ့တယ္။သူမက လုယြင္ရွမ္း လက္ထပ္ပြဲကိုေတာင္ ျပန္မလာခဲ့ဘူး။ လုလ်န္႔ေဝ နားမလည္တာက သခင္မႀကီး လုယြင္ရွမ္းကို အရမ္းႏွစ္သက္တယ္ဆို ဘာေၾကာင့္မ်ား လုယြင္ရွမ္းနဲ႔ အိမ္ေရွ႕စံရဲ့ လက္ထပ္ပြဲကို မတက္ခဲ့တာလဲဆိုတာပဲ။ မေသမခ်ာျဖစ္ေနတာေတြကို စဥ္းစားရင္း.လုလ်န္႔ေဝနဲ႔ လုထင္ခ်န္ကအိမ္ျပန္လာတဲ့ၿမိဳ႕စားကေတာ္ေဟာင္း ႀကီးကို ႏႈတ္ဆက္ဖို႔ ပင္မခန္းမေဆာင္ ဂိတ္ေပါက္ဝဆီ သြားလိုက္တယ္။
သူတို႔ႏွစ္ေယာက္ေရာက္တဲ့အခ်ိန္မွာ ရထားလုံးကလည္း ေရာက္ၿပီး ရပ္လိုက္တယ္။ လုဟန္ထ်န္းနဲ႔ သခင္မက်န္းလည္း အျမန္ေရာက္လာတယ္။သခင္မႀကီးက သူတို႔ကို ခပ္တန္းတန္းသာ ဆက္ဆံမယ္ဆိုတာ သိေပမယ့္ အငယ္ေတြအေတြနဲ႔ ေလာကဝတ္ျပဳရမယ္ဆိုတာ သံသယဝင္စရာမလိုဘူး။စိတ္မပါေပမယ့္လည္း လုလ်န္႔ေဝေကာ လုထင္ခ်န္နဲ႔အတူ ေခါင္းငုံ႔ႏႈတ္ဆက္ရတယ္။ရထားလုံးရဲ့ တံခါးပြင့္လာၿပီး ၾကက္ေသြးေရာင္ဝတ္စုံကို ဝတ္ဆင္ကာ ဆံပင္တစ္ခ်ိဳ႕ျဖဴေနတဲ့ အမ်ိဳးသမီးတစ္ေယာက္ထြက္ေပၚလာတယ္။မ်က္ႏွာထားက တည္ၿငိမ္ေနေပမယ့္ သူမကလုဟန္ထ်န္းနဲ႔ တျခားသူေတြကို အျပဳံးေဖ်ာ့ေဖ်ာ့ေလးနဲ႔ ႏႈတ္ဆက္လိုက္တယ္။ၿမိဳ႕စားကေတာ္ေဟာင္းႀကီးက ဒီႏွစ္ဆို အသက္ခုႏွစ္ဆယ္ပင္ရွိၿပီ။သူမဆံပင္ေတြမွာ အျဖဴနဲ႔မီးခိုးေရာင္တို႔ ကြက္တိကြက္ၾကားျဖစ္ေနေပမယ့္လည္း သန္စြမ္းေနတုန္းပင္။သူမ အသက္အရြယ္ရြယ္တူေတြထက္စာရင္ ပါးေရတြန္႔တာေလးေတြရွိေပမယ့္ သူမအသားအေရက အစက္အေျပာက္ကင္းကာ သန္တုန္းျမန္တုန္းပင္။သူမ်က္လုံးေတြက စူးရွကာ မာန္အျပည့္နဲ႔ျဖစ္ၿပီး အထက္စီးဆန္တဲ့ ဟိတ္ဟန္ရွိတယ္။ထက္ျမက္ကာ ဟိတ္ဟန္ႀကီးတဲ့ အမ်ိဳးသမီးႀကီးတစ္ေယာက္ဆိုတဲ့သက္ေသပါ။သူမရဲ့ ထူးကဲထက္ျမက္တဲ့ စိတ္အရဆိုရင္ အသက္ခုႏွစ္ဆယ္လို႔ ထင္စရာမရွိပါ။
"အေမ"
လုဟန္ထ်န္းက အမ်ိဳးသမီးႀကီးကို ႏႈတ္ဆက္ကာ ရထားလုံးေပၚက ဆင္းဖို႔ကူညီေပးလိုက္တယ္။ သခင္မႀကီး ဆင္းဖို႔ကူညီၿပီး သူ႔က ေနာက္မွာေတာ့ တျခားေသာ.အသက္ႀကီးႀကီးအမ်ိဳးသမီးကို ဆင္းလာဖို႔ရန္ ဆက္လက္ကာ ကူညီေပးတယ္။ ဒီအမ်ိဳးသမီးႀကီးကလည္း သခင္မႀကီးရဲ့ အသက္ေလာက္ပဲ။ဒါေပမယ့္လည္း ႏွိုင္းယွဥ္လိုက္ရင္ သူမက သခင္မႀကီးထက္ အရြယ္ရင့္လို႔ေနတယ္။ဒီအမ်ိဳးသမီးႀကီးကေတာ့ ၿမိဳ႕စားကေတာ္ေဟာင္းႀကီး လက္ထပ္ကတည္းက လိုက္ပါရတဲ့ အေစခံတစ္ေယာက္ပင္။ သူမငယ္ရြယ္စဥ္ အေစခံဘဝကတည္းက သခင္မႀကီးကို ခစားခဲ့သူလည္းျဖစ္တယ္။သူမက သခင္မႀကီးနဲ႔တူတူ အနိမ့္အျမင့္အခက္အခဲမ်ိဳးစုံကို ျဖတ္သန္းလာခဲ့ၿပီး ယေန႔ထက္တိုင္ လက္မထပ္ဘဲ သခင္မႀကီးကိုသာ ခစားတာေၾကာင့္ လုဟန္ထ်န္းက ေလးစားရတယ္။
"ေက်းဇူးပါ သခင္မႀကီး"
ႀကီးႀကီးလင္းက ျပဳံးျပေျပာဆိုကာ သခင္မႀကီးေဘးနားမွာ ရပ္လိုက္တယ္။
"အဖြား"
လုထင္ခ်န္လည္း ေရွ႕ထြက္ကာ အရိုအေသးေပးလိုက္တယ္။သူ႔ရဲ့စိတ္အားထက္သန္ေနတဲ့ မ်က္ႏွာေပၚက ေပ်ာ္ရႊင္မႈကို ဖုံးကြယ္ဖို႔မျဖစ္နိုင္ဘူး။သူ႔အဖြားကို သူနက္နက္ရွိုင္းရွိုင္းကို ေလးစားမွန္း ထင္းထင္းလင္းလင္းေတြ႕နိုင္တယ္။
ၾကင္နာတတ္တဲ့ အျပဳံးေလးက သခင္မႀကီး မ်က္ႏွာမွာ ေပၚလို႔လာတယ္။သူမ ဒီေျမးေလးကို တုန္ေနရေအာင္ကို ခ်စ္တယ္။လုထင္ခ်န္ကို ေခါင္းကေန ေျခဖ်ားထိ ေစ့ေစ့စပ္စပ္ၾကည့္ရင္း ေပၚလာတဲ့ၾကည္ႏူးမႈက ဖုံးကြယ္လို႔ မရနိုင္ေလာက္ေအာင္ပဲ။သူမေျမးေလးနဲ႔ ႏႈတ္ဆက္ၿပီးေနာက္ေတာ့ သူမ လုဟန္ထ်န္းကိုေမးပါတယ္။
"အေမမရွိတဲ့ အေတာအတြင္း အိမ္ေတာ္မွာ ဘာမွမျဖစ္ဘူးမလား"
"အေမ စိတ္မပူပါနဲ႔ အားလုံးေကာင္းမြန္ပါတယ္"
လုဟန္ထ်န္းက ရိုးရိုးသားသားေျပာလိုက္တယ္။
"ေကာင္းတာေပါ့"
သခင္မႀကီးက ေခါင္းၿငိမ့္ကာ စိတ္သက္သာရသြားပါတယ္။
အဲ့အခ်ိန္မွာ လုလ်န္႔ေဝက သခင္မႀကီးအနားကပ္ကာ "အဖြား" လို႔ ႏႈတ္ဆက္လိုက္ပါတယ္။
သခင္မႀကီးအၾကည့္က ေျမးမေလးဆီေရာက္တာနဲ႔ အျပဳံးကအနည္းငယ္ ေမွးမွိန္လို႔ သြားပါတယ္။
"ေကာင္းၿပီ "
ႀကီးႀကီးလင္းက သခင္မႀကီး ေျမးမေလးကို သေဘာမက်မွန္းသိေတာ့ သခင္မႀကီးလက္ေမာင္းကိုကူညီကိုင္ေပးကာ အခ်ိန္ကိုက္ေျပာဆိုလိုက္တယ္။
"သခင္မလည္း ခရီးေဝးကဆိုေတာ့ ပင္ပန္းေနေလာက္ၿပီ၊အထဲဝင္ၿပီး အနားယူၾကမလား"
"ေကာင္းတာေပါ့"
သခင္မႀကီးက ေခါင္းၿငိမ့္ကာ လက္ခံလိုက္တယ္။သူမ သြားခါနီးမွာပဲ သခင္မက်န္းက အေျပးေလးလာကာ သခင္မႀကီးတျခားလက္ကို ကူကိုင္လိုက္တယ္။
"အေမ့ရဲ့ ေခၽြးမအေနနဲ႔ သမီးကူညီပါ့မယ္"
သခင္မႀကီး တန္႔လို႔သြားတယ္။သူမရဲ့ တည္ၿငိမ္ေအးေဆးမႈကို မပ်က္ေစဘဲ လက္ကို ျပန္ဆြဲယူကာ ေျပာလိုက္တယ္။
" လမ္းေလၽွာက္တာေတာင္ သူမ်ားအကူအညီ တြဲယူရေလာက္တဲ့အထိ ငါမအိုေသးဘူး"
ဆက္ရန္....
Chapter - 20 : အျမဲလိုလို ခပ္တန္းတန္းျဖစ္ေနတဲ့ ဆက္ဆံေရး
February 05, 2024
ဒီစကားေတြၾကားလိုက္ခ်ိန္မွာေတာ့ သခင္မက်န္းရွက္ရွက္နဲ႔ သူမလက္ကို ဆြဲထုတ္လိုက္တယ္။
"ဟုတ္တာေပါ့ အေမက က်န္မားသန္စြမ္းေနဆဲပဲကို၊ ဒီေခၽြးမက စိတ္ပူသြားမိတယ္"
ေျပာရင္းနဲ႔ပဲ ေနာက္ကို ေျခတစ္လွမ္း နဆုတ္လိုက္တယ္။လုလ်န္႔ေဝကေတာ့ သခင္မက်န္းကို စိုက္ၾကည့္ေနမိတယ္။လုယြင္ရွမ္းက ၿမိဳ႕စားကေတာ္ေဟာင္းႀကီး မ်က္လုံးထဲမွာ အခ်စ္ဆုံးျဖစ္ေနေပမယ့္ သခင္မက်န္းကိုေတာ့ အသိအမွန္မျပဳေပ။ လုလ်န္႔ေဝလိုမ်ိဳးေပါ့။ သူမေကာ သခင္မက်န္းေကာက သခင္မႀကီးရဲ့ အထင္အျမင္ေသးခံရသူေတြေပါ့။
သခင္မက်န္းကို ဘာေၾကာင့္ မႏွစ္သက္ရတာလဲဆိုတဲ့ အေၾကာင္းအရင္းကိုေတာ့ သူမသိဘူး။သခင္မႀကီးကို လာႀကိဳၾကတဲ့ လူတစ္စုဟာလည္း သခင္မႀကီးေနထိုင္ရာ သက္ေတာ္ရွည္ခန္းမဆီသို႔ ပို႔ေဆာင္ၾကၿပီးေနာက္မိမိေနထိုင္ရာၿခံဝန္းအသီးသီးကို ျပန္သြားၾကတယ္။ လုလ်န္႔ေဝနဲ႔ လုထင္ခ်န္ကေတာ့ ၿခံဝန္းေတြက နီးတာေၾကာင့္ ေမာင္ႏွမႏွစ္ေယာက္အတူတူျပန္ၾကတယ္။
"အဖြားစိတ္ကအဲ့လိုပဲ၊ စိတ္ထဲ သိပ္မထားနဲ႔ ညီမေလး "
လုထင္ခ်န္က ေဝေဝ အဖြားျဖစ္သူ စိတ္ေနသေဘာထားကို အထင္လြဲမွာကို စိုးရိမ္မိကာ ေျပာလိုက္တယ္။
လုလ်န္႔ေဝက ေခါင္းၿငိမ့္ျပကာ
' ညီမေလး သိပါၿပီ '
သူမရဲ့ တည္ၿငိမ္ေအးေဆးေနတဲ့ အမူအရာကိုၾကည့္လိုက္ၿပီး လုထင္ခ်န္က သက္ျပင္းခ်ကာ ေခါင္းေလးပုတ္ေပးလိုက္ၿပီး ေျပာလာတယ္။
" တကယ္ေတာ့ ညီမေလးငယ္ငယ္တုန္းက အဖြားက ညီမေလးကိုဆို တုန္ေနေအာင္ ခ်စ္တာ"
လုလ်န္႔ေဝ အဲ့တာကို ေကာင္းေကာင္းႀကီး သိတယ္ပင္။ေနာက္ဆုံးမွာ သူမကသာ တရားဝင္ေျမးမပါ။ဒါ့ေၾကာင့္ ၿမိဳ႕စားကေတာ္ေဟာင္းႀကီးက သူမကိုခ်စ္တာ သဘာဝပဲ။ အဆိုးဆုံးကေတာ့ လုလ်န္႔ေဝ ငယ္ငယ္ကတည္းက လုယန္ထ်န္းက အလိုလိုက္အႀကိဳက္ေဆာင္ခဲ့တာပဲ။ ဒီလိုနဲ႔ မီးေလာင္ရာေလပင့္တတ္တဲ့ လုယြင္ရွန္တို႔နဲ႔ေတြ႕တဲ့ အခါမွာေတာ့ လုလ်န္႔ေဝက ႐ူးမိုက္စရာ အျဖစ္အပ်က္ မ်ိဳးစုံတို႔ကို လုပ္လာခဲ့တယ္။ဆက္လက္ၿပီးေတာ့ လုလ်န္႔ေဝ ဆိုတဲ့ သူမက ဆိုဆုံးမႈကို မသိခ်င္ေယာင္ေဆာင္ကာ ကိုယ့္ကိုယ္ကို ျပဳျပင္ရာကို ျငင္းဆန္ခဲ့တယ္။
အခ်ိန္ေတြၾကာလာေတာ့ အဖြားျဖစ္သူကလည္းသူမကို စိတ္ပ်က္လာတယ္။ဒါ့အျပင္ လုယြင္ရွန္က ေျမးအႀကီးမျဖစ္တဲ့အတြက္ သခင္မႀကီး အာ႐ုံစိုက္မႈေတြကို ခံလာရၿပီး လုလ်န္႔ေဝအေပၚ မႏွစ္သက္မႈ အျမင္ေစာင္းမႈေတြ ပိုတိုးလို႔လာတာေပါ့။ ဒါ့အျပင္ အိမ္ေရွ႕စံအေပၚ လုပ္ခဲ့တဲ့ လုလ်န္႔ေဝ အျပဳအမူေတြက ၿမိဳ႕စားအိမ္ေတာ္အတြက္ အရွက္ရေစခဲ့ေတာ့ ၿမိဳ႕စားကေတာ္ေဟာင္းက ဘာမွေတာ့အရမ္းမေျပာေပမယ့္ လွစ္ဟျပျခင္းမရွိတဲ့ စိတ္ပ်က္မႈမ်ိဳးေတြနဲ႔ စိတ္ပ်က္သထက္ ပ်က္လာေတာ့တယ္။ အိမ္ေရွ႕စံအတြက္ ကိုယ့္ကိုယ္ကို သတ္ေသျပခဲ့တဲ့ ဒရမ္မာျပကြက္က သခင္မႀကီး အခုထိမသိေသးပင္။ဘာေၾကာင့္ဆို သူမကိုမ်က္ကြယ္ျပဳဖို႔အတြက္ ထ်န္႔က်ဴးဘုရားေက်ာင္းကို သြားတယ္မဟုတ္လား။
လုလ်န္႔ေဝ လုထင္ခ်န္ဘာကို ဆိုလိုလဲဆိုတာကို သိတယ္။ သူမ ခဏေလာက္ခ်င့္ခ်ိန္စဥ္းစားၿပီးတဲ့အခါမွာ ေတာ့ ကတိေပးလိုက္တယ္။
" အစ္ကိုႀကီး စိတ္ခ်မ္းခ်မ္းသာသာေန။ ညီမေလးအေပၚထားတဲ့ အဖြားစိတ္သေဘာထားကို ေျပာင္းပစ္မွာပါ။ "
"အမ္ ညီမေလး ဒီလိုစဥ္းစားတာ ေကာင္းတာပဲ ညီမေလး လုပ္နိုင္မယ္ဆိုတာ အစ္ကိုႀကီးယုံတယ္ "
သူမျပန္ေျပာတာကို နားေထာင္ၿပီးေနာက္ လုလ်န္႔ေဝ ရင္ထဲက အလုံးႀကီး က်လို႔သြားတယ္။ေဝေဝသာ အတိတ္ကို မေမ့နိုင္ရင္ ဒီလိုေျပာထြက္မွာ မဟုတ္ဘူး။ အေဖ့အလိုလိုက္မႈကို အခြင့္ေကာင္းယူၿပီး လုလ်န္႔ေဝက ဘာကိုမွ အေလးအနက္မထားခဲ့ဘူး။ကုန္ကုန္ေျပာရရင္ ၿမိဳ႕စားကေတာ္ေဟာင္းႀကီးကိုေတာင္ မေလးစားခဲ့ဘူး။အဖြားျဖစ္သူက သူမကို မႏွစ္သက္တာကို သိတဲ့အတြက္ေၾကာင့္ သူမကလည္းသိသိသာသာကို ဘာမွမေလးစားေတာ့ဘူး။
တျခားတစ္ဖက္မွာေတာ့ လုယြင္ရွန္က ဒီအခြင့္အေရးအေပၚမွာ အက်ိဳးအျမတ္ကို မရရေအာင္ ယူေတာ့တယ္၊ သူမအဖြားျဖစ္သူရဲ့ အာ႐ုံစိုက္ခံရေအာင္ အရည္အခ်င္းမ်ိဳးစုံကို ထုတ္ျပကာ ဆြဲေဆာင္ဖားယားေတာ့တယ္။ ေနာက္ဆုံးမွာေတာ့ သူမ ျဖစ္ခ်င္သလိုအဖြားျဖစ္သူရဲ့ အာ႐ုံစိုက္ခံေလးျဖစ္ေနၿပီ။လုထင္ခ်န္ မ်က္လုံးေတြကို ေမွးၾကည့္ကာ အဓိပၸါယ္အျပည့္နဲ႔ေျပာလိုက္တယ္။
"အဖြားကျပန္လာၿပီဆိုေတာ့ မနက္ျဖန္ကို လုယြင္ရွန္က ေသခ်ာေပါက္လာႏႈတ္ဆက္မွာပဲ ။ "
လုလ်န္႔ေဝက ေထြေထြထူးထူးျပန္မေျပာဘူး ေခါင္းေလးညိမ့္ကာ
"ဟုတ္ကဲ့ ညီမေလး သိပါတယ္ "
ေဝေဝကျပန္ေျပာတယ္။လုယြင္ရွန္က သခင္မႀကီး အထင္ႀကီးေစဖို႔အတြက္ ရသမၽွ အခြင့္အေရးကို သုံးမွာပဲ။ လုယြင္ရွန္က အခုအခ်ိန္မွာ အိမ္ေရွ႕စံၾကင္ယာေတာ္ျဖစ္ေနေပမယ့္ ၿမိဳ႕စားကေတာ္ေဟာင္းႀကီး ဆိုတာက အင္ပါယာနန္းေတာ္တစ္ခုလုံးမွာ လႊမ္းမိုးမႈရွိတဲ့သူပင္။လုယြင္ရွမ္းကဒီေထာက္ပံ့မႈဟာ သူမအတြက္ျဖစ္ေနေစဖို႔ ႀကိဳးစားမွာ သဘာဝပဲ။
ညဘက္မွာေတာ့ အေစခံတစ္ေယာက္က ညစာအတြက္ သက္ေတာ္ရွည္ခန္းမကို လာဖို႔ရန္ လုလ်န္႔ေဝ ကိုအေၾကာင္းၾကားလိုက္တယ္။ လုလ်န္႔ေဝက သူမရဲ့ ေဆးပညာေလ့လာမႈကေန ခဏအနားယူလိုက္ကာ သက္ေတာ္ရွည္ ခန္းမဆီကို က်ဴးယြီကို ေခၚေဆာင္ကာ သြားလိုက္တယ္။လုဟန္ထ်န္းနဲ႔ သခင္မက်န္းကေတာ့ ေရာက္ႏွင့္ၿပီ ။ေဝေဝကေတာ့ ခန္းမေဆာင္အဝင္ဝမွာ အကိုျဖစ္သူနဲ႔ ဆုံတာေၾကာင့္ သူနဲ႔အတူတူဝင္လာလိုက္တယ္။ သခင္မႀကီးက ေမာင္ႏွမႏွစ္ေယာက္ လက္တြဲဝင္လာတာကို ၾကည့္ကာ အံ့အားသင့္ေနမိတယ္။လုလ်န္႔ေဝဆိုတာက ခပ္ဆိုးဆိုး မိန္းကေလး။သူမအေဖအလိုလိုက္မႈကို အခြင့္ေကာင္းယူၿပီး အစ္ကိုျဖစ္သူကို ဘယ္တုန္းကမွ မေလးစားတဲ့သူ။ေမာင္ႏွမႏွစ္ေယာက္ၾကားက ဆက္ဆံေရးက အျမဲတမ္း ခပ္တန္းတန္းနဲ႔ သာျဖစ္ေနခဲ့တာ။
အခုေတာ့ ဒီေမာင္ႏွမႏွစ္ေယာက္က အတူဝင္လာၿပီး ရယ္လိုက္ေမာလိုက္နဲ႔ ေျပာလိုက္နဲ႔။ဒါက သခင္မႀကီးကို တအံ့တၾသျဖစ္ေစသလို စဥ္းစားရလည္းခက္ေစတယ္။
ဆက္ရန္.......