တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​က...

By phyolay1991

129K 14.5K 132

💥New BL ဒါဒါတို့ရေ... ရှေးခတ်ကျေးလက်တောရွာကို ကူးပြောင်းမှ ကြိုက်ပါတယ်ဆိုတဲ့ဒါဒါလေးတို့အတွက် အသစ်လေးလာပါပြီ... More

တစ်ဦးတည်းသောချစ်ဇနီး
တစ်ဦးတည်းသောချစ်ဇနီး
တစ်ဦးတည်းသောချစ်ဇနီး
တစ်ဦးတည်းသောချစ်ဇနီး
တစ်ဦးတည်းသောချစ်ဇနီး
တစ်ဦးတည်းသောချစ်ဇနီး
တစ်ဦးတည်းသောချစ်ဇနီး
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
chapter 87
chapter 88
chapter 89
chapter 90
chapter 91
chapter 92
chapter 93
chapter 94
chapter 95
chapter 96
chapter 97
chapter 98
chapter 99
chapter 100
chapter 101
chapter 102
chapter 103
chapter 104
chapter 105
chapter 106
chapter 107
chapter 108
chapter 109
chapter 110
chapter 111
chapter 112
chapter 113
chapter 114
chapter 115
chapter 116

တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)

1K 139 0
By phyolay1991

Chapter 82
Imperial MeowJuly 24, 2023
Chapter 82

သူ့လူများကို လေ့ကျင့်ပေးခြင်း



"မင်းငါ့ကိုဘာလို့ ဒီလောက်ဆန့်ကျင်နေတာလဲ... မင်းအတွက် ငါလုပ်နေတာ... ငါ ကျန်းကျန့်ကို သဘောကျတယ်...သူက မင်းကို ငွေရာပေါင်းများစွာ ပေးနိုင်တယ်"

အဖေဟယ်က ပြောလိုက်၏။

ကျန်းကျန့် ဟုန်ရှင်းလောင်းကစားအိမ် ၏မန်နေဂျာ ဖြစ်လာသည်။ အကယ်၍ သူသာ ကျန်းကျန့် ၏ ယောက္ခမ ဖြစ်လာလျှင်. . .

"အဖေ...ကျန်းကျန့်ရဲ့နှလုံးသားထဲမှာ ကျောက်ကျင်းကော တစ်ယောက်ပဲရှိတယ်... အဖေ ထပ်ပြီး အဓိပ္ပါယ်မရှိတာတွေ ပြောရင် ကျွန်တော် အဖေ့ကို ထပ်ပြီး ကြိုးနဲ့တုပ်ထားလိုက်မယ်"

ဟယ်ချွန်းရှန့် သူ့ပစ္စည်းတွေ ယူရန် အိမ်ပြန်ရောက်သည့်အခါ သူ့အဖေပြောနေသည်ကို ကြားတော့ ဒေါသပုန်ထသွား၏။

အဖေဟယ်က နှုတ်ဆိတ်နေသော်လည်း မျက်ခွံများ၏နောက်ကွယ်တွင် ဝှက်ထားသော သူ၏ခေါင်းထဲရှိဘီးများသည် လှည်နေဆဲဖြစ်သည်။

ကျန်းကျန့်ကမူ ဟယ့်ရှီတွင်ဘာဖြစ်နေသည်ကိုမသိပေ။မနက်စောစောကတည်းက ကျောက်ကျင်းကောကို စီရင်စုမြို့သို့ ခေါ်သွားခဲ့သည်။

ကျန့်ရီက ကျန်းကျန့် စီမံခန့်ခွဲရန်အတွက် လောင်းကစားအိမ်တစ်ခုဖွင့်မည်ဟု ပြောခဲ့သော်လည်း လောင်းကစားအိမ်က ယခုအချိန်အထိ မမြင်ရသေးပေ။ထို့ကြောင့် မူလလောင်းကစားအိမ်တွင်သာ ပါဝင်နိုင်သောကြောင့် ကျန်းကျန့် လောလောဆယ် ဘာအလုပ်မှာ လုပ်စရာမလိုဘဲ မန်နေဂျာလစာကို ရနေသည်။

လောင်းကစားဝိုင်းကို လှည့်ပတ်ပြီးနောက် အိမ်မှာ တစ်ခုခုဖြစ်​နေသည့်အကြောင်း မန်နေဂျာကျန်းကို ပြောလိုက်သည်။အချိန်တချိူ့ကြာအောင် မလာနိုင်မှာကို သူစိုးမိသည်။

မန်နေဂျာကျန်းက ကျန်းကျန့်လောင်းကစားအိမ်နှင့် ခပ်ဝေးဝေးနေရန်ကို စိတ်အားထက်သန်နေသောကြောင့် သူ့မိသားစုတွင် တစ်ခုခုဖြစ်နေသည်ကိုကြားသောအခါ ဝမ်းသာအားရဖြင့် ကျန်းကျန့်ကို ပြုံးပြကာ လိုက်လံပို့ဆောင်သည်။ထိုနောက် ကျန်းကျန့်က ကျောက်ကျင်းကောကို သင်္ဘောကျင်းတွေဆီ ခေါ်သွားပြီး ရောင်းနေသည့် ကြက်နှင့်ဘဲ အားလုံးကို ဝယ်လိုက်၏။

"ကြက်ပေါက်တွေနဲ့ ဘဲပေါက်တွေ အများကြီးပဲ...မင်းသူတို့နဲ့ဘာလုပ်မှာလဲ"

တစ်စုံတစ်ယောက်က ကျန်းကျန့်ကို အံ့ဩစွာ ကြည့်နေသည်။ ဘဲသုံးဆယ်ကျော်နှင့်ကြက်ကောင်ရေ လေးဆယ်ကျော်ကို ဝယ်ယူခဲ့သည်။ဒီလောက်များတဲ့ ကြက်နဲ့ဘဲတွေကို ဘယ်သူမှ မွေးမှာမဟုတ်ဘူးမလား...သူတို့က အစားအသောက် ဘယ်လောက်များစားချင်နေကြတာလဲ...

“သူတို့ကို မွေးမြူပြီး ပိုက်ဆံနဲ့ရောင်းမှာ”

ကျန်းကျန့်က ပေါ့ပေါ့ပါးပါး တုံ့ပြန်ခဲ့သည်။

“ကြက် နဲ့ ဘဲ တွေ ဒီလောက် အများကြီး ရောင်းနိုင်မှာလား ”

ထိုလူက ကျန်းကျန့်ကို အံ့ဩစွာကြည့်သည်။

ကျန်းကျန့်က ဘာမှပြန်မပြော။ ဒါပေမယ့် ကြက်သား နဲ့ ဘဲ တစ်ရာနီးပါး ထပ်ပေါင်းလိုက်ရင် ရောင်းဖို့ နေရာမရှိတော့ဘဲနေဦးမလား...အခမ်းအနား ကြီးကြီးကျယ်ကျယ် ကျင်းပတဲ့ မိသားစုကြီးအတွက် လုံလောက်ရုံပဲရှိတယ်...

လှေလှော်ရင်း ကျန်းကျန့် ကြက်နှင့်ဘဲတစ်သိုက်ဖြင့် အိမ်ပြန်လာခဲ့သည်။

ယခင်ကသူတို့မွေးမြူခဲ့သော ကြက်များနှင့် ဘဲများအားလုံးကို ကျန်းကျန့် ဝယ်သည့်မြေတွင် ထားထားသည်။ နေ့ဘက်တွင် ခြံစည်းရိုးကာထားသော နေရာတွင် ထားခဲ့ကာ ညဘက်တွင် တဲထဲတွင် သော့ခတ်ထားသည်။ အလွန်သေးငယ်သော ဤကြက်ပေါက် နှင့် ဘဲပေါက်များကို ကျောက်လျူ နှင့် စန်းရှောင်ရှန်းတို့က ပြုစုစောင့်ရှောက်ခဲ့သည်။

ကျန်းကျန့်က ဝမ်ဟိုင်ရှန်း ၊စန်းရှောင်ရှန်း၊ဟယ်ချွန်းရှန့်  နှင့် ဟယ်ရှားရှန့်တို့ကို ပိုက်ဆံပေးကာ သူတို့ကို ဝိုင်းကူခိုင်းပြီး လူငယ်များအား ပညာအချို့ကို မနက်တိုင်း သင်ပေးခဲ့သည်။

ကျန်းကျန့်က အခြေခံအားဖြင့် ဤလူများအား ကြက်၊ ဘဲများ မွေးမြူခြင်းအပြင် လယ်ကွင်းအလုပ်များအားလုံးကို ပေးလုပ်ခဲ့ပြီး သူကိုယ်တိုင် ကျောက်ကျင်းကောကို နေ့တိုင်းခေါ်ဆောင်ကာ လျူဟိုင်ထုန်၏ လက်အောက်ငယ်သားဟောင်းများကို စတင်စုဆောင်းခဲ့သည်။

မော်ဒန်ခတ်မှာဆိုလျှင် သူ့လက်အောက်တွင် လူဖျင်းလူသွမ်း များစွာရှိသော်လည်း ၎င်းတို့အားလုံးကို အနိုင်ယူနိုင်ခဲ့သောကြောင့် ယခုအချိန် စာတစ်လုံးမှပင် မဖတ်နိုင်သော လူရမ်းကားအုပ်စုနှင့် ဆက်ဆံရမည်ကို သဘာဝအတိုင်းပင် မကြောက်ပါချေ။ သူသတိထားရမည့် တစ်ခုတည်းသောအရာက ပင်ကိုစရိုက်မကောင်းသည့်လူများနှင့် သူ့အဖွဲ့နှင့် မလိုက်ဖက်သူများကို ဖယ်ထုတ်ရန်ပါပင်။ကျန်းကျန့် သူ့အနာဂတ်အတွက် ဤအရာတွေအားလုံးကို လုပ်ခဲ့ပေမဲ့ အခုအချိန်မှာ သူအကြိုက်ဆုံးအရာက အမှန်တွင် ညဘက်မှာ လေ့ကျင့်ခန်းလုပ်ရသည်ကိုပါပင်။

ကျောက်ကျင်းကောက ရှက်တတ်သော်လည်း အလွန်နာခံသည်။ သူတောင်းဆိုသည့် တောင်းဆိုချက်တွေကို ဘယ်တော့မှ မငြင်းဆိုဘဲ ရိုးစင်းလွန်းသောကြောင့် သူ့စိတ်ကြိုက်ဖြစ်၏။မှန်သည်၊ သူ့မှာ ထူးထူးခြားခြား ဝါသနာမရှိသလို အလွန်အကျွံတောင်းဆိုမှုတွေလည်း မလုပ်ခဲ့ပါချေ။

"ကျင်းကော... ဒီနေ့အတွက် သန့်ရှင်းရေးလုပ်ရအောင်...စောင့်ဦး..... ”

ထမင်းစားပြီးနောက် ကျန်းကျန့် သူတို့၏ ညနေခင်းအကြောင်းကို တွေးနေမိသည်။

"အင်း...”

ကျောက်ကျင်းကောက  အသံကိုနှိမ့်ကာဖြင့် ပြန်ပြောပြီး သူ့ဗိုက်ကို ထိလိုက်သည်။သူဘယ်တော့မှ ကလေးရမည်မသိ. . .

ကျောက်ကျင်းကောကို လှည့်စားပြီးနောက် ကျန်းကျန့် ချက်ချင်းပင်ကျေနပ် သွားခဲ့သည်။သူက ကျောက်ကျင်းကော၏ခန္ဓာကိုယ်ကို စုန်ချည်ဆန်ချည်ပွတ်လိုက်ပြီး ကျောက်ကျင်းကောကို ပွေ့ဖက်လိုက်သည်။သူတို့ခန္ဓာကိုယ်များသည် အချင်းအချင်း တင်းတင်းကျပ်ကျပ် ဖက်တွယ်ထားလေသည်။

ကျောက်ကျင်းကောက သူ့ကို အစတုန်းက မငြင်းခဲ့ပေမဲ့ ခဏကြာ ပွေ့ဖက်ပြီးနောက် မနေနိုင်ဘဲ ကျန်းကျန့်ကို တွန်းထုတ်မိလိုက်သည်။

“အရမ်းပူတယ်”

ယခု ရာသီဥတုက ပိုပူလာသဖြင့် သူတို့၏မွေ့ရာကိုလည်း ကောက်ရိုးဖျာဖြင့် အစားထိုးခဲ့သည်။ယခုလိုအခြေအနေမျိုးမှာ အတူအိပ်သည်က နာကျင်စရာတစ်ခုမှန်း ထင်ရှားပါ၏။

“​ကျင့်သားရအောင်လုပ်ကြည့်ပါဦးကွာ"

ကျန်းကျန့်လည်း အမှန်တွင် အနည်းငယ် ပူသော်လည်း သူကကျောက်ကျင်းကောကို ပွေ့ဖက်ထားရသည်ကို နှစ်သက်ပြီး လွှတ်မပေးခဲ့ချင်ပေ။ သူတို့ချင်းထိနေသည့်နေရာတွေက ချွေးတွေစိုနေ၏။

အဲဒါက တစ်ယောက်ယောက် ကျင့်သားရနိုင်တဲ့ဟာလား...ကျန်းကျန့်က ဒီလို သေးငယ်တဲ့ တောင်းဆိုမှုလေးလုပ်တာကို ငြင်းလိုက်တာက သူ့အတွက် မကောင်းဘူးမလား...

သူ တုံ့ဆိုင်းနေချိန်မှာ ကျန်းကျန့်က သူ့ကို ရုတ်ချည်ဖိကာ ခဏကြာအောင် ပြင်းပြင်းထန်ထန် နမ်းရှိုက်လာ၏။   ထို့နောက် သူက သူ့ကိုလွှတ်ပေးလိုက်ပြီးဆိုသည်။

“ကောင်းပြီ...မင်းကို ကိုယ်တစ်ယောက်တည်းထားပေးမယ်... စောစောအိပ်ပါ"

ကျန်းကျန့် ကျောက်ကျင်းကောနှင့် ပွတ်သီးပွတ်သပ်ဆက်နေချင်ပေမဲ့ ဆက်ပြီး ပွေ့ဖက်ထားလျှင် ကျောက်ကျင်းကော လုံးဝ အိပ်မပျော်နိုင်ဘူးဆိုသည်ကို သူသိသည့်အတွက် ထိုအစီအစဉ်ကို စွန့်လွှတ်လိုက်၏။

ဤရက်တွေမှာ ကျောက်ကျင်းကောက  နေ့တိုင်း သူ့နောက်ကနေ အပြင်လိုက်လာပြီး ပင်ပန်းနေခဲ့သည်။

ကျန်းကျန့်က ကျောက်ကျင်းကော အနားမှာလှဲနေပြီး သူ့ကို မနှောင့်ယှက်တော့ပေ။ကျောက်ကျင်းကော ယခုအချိန်တွင် ပိုမိုအေးမြလာသည်ဟု ခံစားရသော်လည်း ဘာကြောင့်မှန်းမသိ တစ်ခုခုဆုံးရှုံးသွားသလိုခံစားလိုက်ရသည်။

ထိုအချိန်မှာပင် ကျန်းကျန့်က လက်ဆန့်ကာ သူ့လက်ကို ဆုပ်ကိုင်လာခဲ့သည်။ကျောက်ကျင်းကော သူ့လက်တွင် ချွေးစေးများထွက်နေသော်ငြား လွှတ်မပေးခဲ့ပါချေ။

ဤရက်တွေမှာ ကျန်းကျန့်နှင့်ကျောက်ကျင်းကောက စောစောအိပ်ရာဝင်ပြီး စောစောထပေမဲ့ အသက်ကြီးပြီး အိပ်မပျော်သည့် ကျောက်လျူနှင့် ကျောက်ဖူကွေ့က သူတို့ထက်စောပြီး ထနေတုန်းပါပင်။

သူတို့အိမ်မှ ထွက်သွားချိန်တွင် ကျောက်လျူက ဆန်ပြုတ်ချက်နေပြီး ကျောက်ဖူကွေ့က ဝက်ကလေးများကို အစာကျွေးပြီး ဝက်ခြံကို သန့်ရှင်းရေးလုပ်နေသည်။ လွန်ခဲ့သောရက်အနည်းငယ်က ကျောက်ဖူကွေ့ ဝက်ကလေးနှစ်ကောင်ကို ဝယ်ခဲ့ပြီး နွေဦးပွဲတော်အတွက် တစ်ကောင်ကိုသတ်ကာ အခြားတစ်ကောင်ကို ရောင်းချရန် စီစဉ်ခဲ့သည်။

ဝက်မွေးမြူခြင်းသည် ညစ်ပတ်သည့်အလုပ်ဖြစ်သော်လည်း ကျောက်ဖူကွေ့က ၎င်းကို လေးလေးနက်နက် ကိုင်တွယ်ပြီး အလွန်ကျေနပ်သွားခဲ့သည်။ ဤသည်တို့သည် မိမိဝက်များဖြစ်ကြ၏။ ဒါက သူ့မိသားစုအတွက်... သူ ဤသို့တွေးနေသရွေ့ ကျောက်ဖူကွေမှာ ခွန်အားတွေပြည့်နေသည်။ အရင်က ကျန်းကျန့် သူ့ကို ကူလုပ်ရန် တခြားသူရှာခိုင်းခဲ့ပေမဲ့ ကျောက်ဖူကွေ့က လက်မခံခဲ့ပါချေ။

သက်ကြီးရွယ်အိုတွေမှာ လုပ်စရာရှိသည့်အခါ ယင်းက သူတို့၏ခန္ဓာကိုယ်ကို ကျန်းမာစေသည်။ကျန်းကျန့် ဤကဲ့သို့တွေးလိုက်သောအခါတွင် ကျောက်ဖူကွေ့ နှင့် ကျောက်လျူတို့ကို အလုပ်မလုပ်ဘဲ မနေခိုင်းတော့ပေ။ သူတို့ ပိုကောင်းကောင်းစားရအောင် နေ့တိုင်း အသားတချို့ကိုသာ အိမ်ကို ယူလာပေးလိုက်သည်။

မော်ဒန်ခေတ်တွင်ဆိုပါက အသက်ငါးဆယ်ကျော်ရှိ ကျောက်ဖူကွေ့ နှင့် ကျောက်လျူတို့သည် အဆီများလွန်းသောအစာများစားခြင်းကို သတိထားသင့်သော်လည်း ဤအခြေအနေတွင် မလိုအပ်ပါချေ။ဤခေတ်တွင် လူတွေက တိရစ္ဆာန်အဆီများကို အကြော်ဟင်းလျာများတွင် ထည့်သုံးရန် တွန့်ဆုတ်နေကြသည်။ ဝက်သား၏ အဆီပါဝင်မှုသည် မော်ဒန်ခေတ် ဝက်သားထက် သိသိသာသာ နည်းပါးသည်။ ကြက်၊ ဘဲနှင့် ပတ်သက်၍မူ. . . မော်ဒန်ခေတ်တွင် ကြက်နှင့် ဘဲ အများအပြားသည် ၎င်းတို့၏ အရေပြားအောက်တွင် အဆီအလွှာများ ရှိသည်။ကျန်းကျန့်၏ ရဲဘော်ရဲဘက်တစ်ယောက်၏ဇနီးဆိုလျှင် ကြက်သားဖြစ်ဖြစ် ဘဲသားဖြစ်ဖြစ် စားပါက ချက်ပြုတ်ခြင်းမပြုမီ အရေပြားကို အခွံနွှာပစွသည်။  ဤခေတ်တွင်မူ ကြက်ဗိုက်ထဲတွင် ကြက်အဆီတစ်ဖတ်ကို ရှာဖွေတွေ့ရှိခြင်းသည် ရှေးခေတ်လူတို့ အတွက် အချိန်အတော်ကြာအောင်ပျော်ရွှင်စေရန် လုံလောက်နေပြီဖြစ်သည်။

မိုးလင်းခါစဖြစ်ကာ အပြင်ထွက်ရန် စောလွန်းနေသည်။ကျန်းကျန့်က သူကိုယ်တိုင်လုပ်ထားသည့် သဲစားပွဲကို ထုတ်ယူပြီး ကျောက်ကျင်းကောကို စာဖတ်သင်ပေး၏။

ထိုအချိန်မှစ၍ သူသည် ပညာရှင်စာအုပ်ကိုဖတ်ခဲ့ပြီး သူနားမလည်သလို ရှင်းလည်းမပြနိုင်သော “ကောင်းကင်”၊ “မြေကြီး”၊ “အဝါရောင်” နှင့် “စကြဝဠာ” ကဲ့သို့သော စကားလုံးများစွာပါရှိသည်ကို တွေ့လိုက်ရသောကြောင့် ထိုစာအုပ်ကို စွန့်ပစ်လိုက်ပြီး ကျောက်ကျင်းကောကို ဂဏန်းများနှင့်ဂဏန်းသင်္ချာကိုပဲ သင်ကြားခဲ့သည်။ကျန်းကျန့်၏အမြင်အရ ရေတွက်ခြင်းသည် စာလုံးများကို မှတ်မိခြင်းကဲ့သို့ပင် အရေးကြီးသည်။ ယခင်က စာပေပညာရှင်တစ်ဦး ပစ္စည်းအချို့ဝယ်သည်ကို မြင်ခဲ့ဖူးပြီး ထိုသူ ၎င်းတို့ကို ရိုးရိုးရှင်းရှင်း မရေတွက်နိုင်ခဲ့ပေ။

ကျောက်ကျင်းကောသည် လူကြီးတစ်ယောက်ဖြစ်နေပြီဖြစ်သဖြင့် ကလေးတစ်ယောက်ကဲ့သို့ လျင်မြန်စွာ သင်ယူနိုင်ခြင်း မရှိသော်လည်း ကလေးတစ်ယောက်ထက် ပိုမို၍ စိတ်အားထက်သန်သောကြောင့် သူ၏ သင်ယူမှု အရှိန်သည် မနှေးပေ။ သို့သော် ခုနစ်ရက်ရှစ်ရက်ကြာပြီးနောက်တွင် ရိုးရှင်းသော စကားလုံး ခုနစ်ဆယ်ရှစ်ဆယ်သာ သင်ယူနိုင်ခဲ့သည်။

" 'ကျန်းကျန့်'ကို ဘယ်လိုရေးတာလဲ"

ကျောက်ကျင်းကောက ရုတ်တရက် မေးလိုက်သည်။

ကျန်းကျန့် အံ့အားသင့်သွားသည်။သူကိုယ်တိုင်က ရိုးရာစာလုံးများစွာကို မသိသောကြောင့် ကျောက်ကျင်းကော တရုတ်စာလုံးများကို အဆင့်ဆင့်ဖတ်တတ်အောင် သင်ပေးခဲ့သည်။ကျောက်ကျင်းကောကို မသင်ပေးခင်မှာ သူတို့ကိုယ်တိုင် သင်ယူခဲ့ရသည်ဖြစ်လေရာ သူတို့၏ နာမည်တွေကို ရေးတတ်အောင် သင်ပေးရန် မေ့သွားခဲ့၏။

ရလဒ်အနေဖြင့် ကျောက်ကျင်းကောက သူ့နာမည်ကို မည်သို့ရေးရမည်ကို သင်ပေးရန် တောင်းဆိုခဲ့သည်။

ကျန်းကျန့်က ပြုံးပြီး ဘေးက စာရွက်ဖြူတစ်ရွက်ကို ထုတ်ယူကာ "ကျန်းကျန့်"ဟု ရေးလိုက်၏။ ၎င်းကို ပုံမှန် အက္ခရာနှင့် ရိုးရှင်းစာလုံးများဖြင့် ရေးသားခဲ့သည်။

ကျန်းကျန့် ပြီးပြီးချင်းမှာပဲ သူ အမှတ်မထင် အမှားလုပ်မိသွားသည်ကို သတိထားမိလိုက်၏။ သူထပ်ရေးချင်ပေမဲ့ ခဏလောက်စဉ်းစားပြီးနောက် ထိုအစီအစဉ်ကို စွန့်လွှတ်လိုက်သည်။

သူက ရိုးရာ တရုတ်စာလုံးများကို လေ့လာရန် စီစဉ်ထားသောကြောင့် ကျောက်ကျင်းကောအနေဖြင့် ရိုးရာ တရုတ်စာလုံးများကို သင်ယူနိုင်သော်လည်း ၎င်းသည် သူ၏အမည်သာဖြစ်ပါက ကျောက်ကျင်းကောက ၎င်းကို ရိုးရှင်းတရုတ်စာလုံးများဖြင့် ရေးမည်ဆိုပါက အရေးမကြီးပါချေ။

"ကျန်းကျန့်" သည် ရိုးရာတရုတ်စာလုံးများနှင့် အနည်းငယ်သာ ကွာခြားသည်။

“ဒါ ကိုယ့်နာမည်”

ကျန်းကျန့်က ကျောက်ကျင်းကောကို သူ့လက်ထဲက စာရွက်ကို ပေးလိုက်ပြီး ကျောက်ကျင်းကောကို ပြရန် သဲစားပွဲပေါ်မှာ အကြိမ်ကြိမ် ရေးလိုက်သည်။

ကျောက်ကျင်းကော သဲစားပွဲပေါ်တွင် "ကျန်းကျန့်" ရေးလိုက်ပြီး တစ်ကြိမ်လျှင် စုတ်ချက်တစ်ချက်ဖြစ်သည်။

သူ၏ လေးနက်သည့်အမူအရာကိုမြင်ပြီး ကျန်းကျန့် ရုတ်တရက် သူ့ကိုနမ်းပစ်ချင်သွားပေမဲ့ ဘာမှမလုပ်ခင် ကျောက်လျူက အပြင်ကနေအော်လာသည်။

"ကျန်းကျန့် နဲ့ကျင်းကော စားချိန်ရောက်ပြီ"

နံနက်ခင်းတွင် သူတို့ ဆန်ပြုတ် နှင့် ဆားစိမ်အသီးအရွက်များကို စားကြသည်။ကျန်းကျန့် အနည်းငယ် ဗိုက်ဆာပြီး ရေဆာသောကြောင့် ခွက်သုံးခွက်ကို တစ်ထိုင်တည်းသောက်လိုက်သည်။ ကျောက်ကျင်းကော၏စားချင်စိတ်ကလည်း သူ့ထက် သေးငယ်ခြင်းမရှိပါဘဲ ပန်းကန်လုံးကြီးကြီးသုံးလုံးကိုလည်း တစ်ထိုင်တည်းသောက်နိုင်သည်။

စားသောက်ပြီးနောက် ကျန်းကျန့်က ဝမ်ဟိုင်ရှန်း နှင့်ဟယ်ညီအကိုကို လှေလှော်ခိုင်းပြီး သူတို့ကိုခေါ်၍ ကျောက်ကျင်းကော  နှင့် ချောင်းထုန် သို့ သွားခဲ့သည်။ ယခုရက်ပိုင်းတွင် ကျန်းကျန့်က  အခြေခံအားဖြင့် ရွာမှာပဲနေထိုင်ခဲ့သည်။ သူသည် လျူဟိုင်ထုန် ၏ လောင်းကစားအိမ်ကို သိမ်းပိုက်ပြီး သူ့လူများကို လေ့ကျင့်ရန် နေရာအဖြစ် အသုံးပြုခဲ့သည်။

ဝမ်ဟိုင်ရှန်း ၊ဟယ်ချွန်းရှန့်နှင့် ဟယ်ရှားရှန့်အပြင် ကျန်းကျန့်တွင် လက်အောက်ငယ်သား အများအပြားရှိနေပြီဖြစ်သည်။ ၎င်းတို့အထဲတွင် လောင်းကစားအိမ်မှ အချို့နှင့် တစ်ချိန်က လျူဟိုင်ထုန်၏လက်အောက်တွင် အလုပ်လုပ်ဖူးသူများ ပါဝင်သည်။ယခု သူတို့ သူဆီလာပေါင်းသည့်အခါ အားလုံးပေါင်း သုံးဆယ်ကျော်လောက်ရှိနေပြီဖြစ်သည်။ လျူဟိုင်ထုန်ကိုယ်တိုင်လည်း သူတို့အထဲမှာပါဝင်သည်။

အစပိုင်းတွင် လျူဟိုင်ထုန်က ကျန်းကျန့်၏နောက်သို့ လိုက်ရန် တွန့်ဆုတ်နေခဲ့သည်။သူ သိက္ခာမကျချင်ပေ။သို့သော် ကျန်းကျန့်က ထိုနေ့တွင် သူ၏ လောင်းကစားအိမ်အား ပိတ်ပြီးနောက် နောက်နေ့တွင် သူ့အား ထပ်မံရိုက်နှက်ကာ တစ်လျှောက်လုံး ခြိမ်းခြောက်ခဲ့သည်။

မန်နေဂျာကျန်းကို သူ့အတွက် ရပ်တည်ပေးရန်သွားရှာချင်ပေမဲ့ မန်နေဂျာကျန်းက လုံးဝ ဂရုမစိုက်ပါချေ။နောက်ဆုံးတွင် ကျန်းကျန့်၏နောက်သို့လိုက်ရန်မှလွဲ၍ ရွေးချယ်စရာမရှိတော့ဘဲ ကျန်းကျန့်၏လက်အောက်ခံတစ်ဦးဖြစ်လာသည်။

လွန်ခဲ့သည့်ရက်အနည်းငယ်က သူသည် ခေါင်းဆောင်တစ်ဦးဖြစ်နေဆဲဖြစ်သော်လည်း မျက်စိတစ်မှိတ်အတွင်းမှာပင် အခြားသူများလက်ထဲတွင် တပ်သားငယ်လေးတစ်ဦးဖြစ်လာခဲ့သည်။လျူဟိုင်ထုန် မည်မျှ စိတ်ပျက်သွားသည်ကို အလွယ်တကူ တွေးကြည့်နိုင်သည်။ သို့သော်လည်း ကျန်းကျန့်က  သူ့ကို အမြဲစောင့်ကြည့်နေပြီး ခဏခဏ သူနှင့်ထိတွေ့ဆက်ဆံနေရသည်. . .

ကျန်းကျန့် အဝေးမှ ချောင်းထုန်သို့ လူများကို ခေါ်ဆောင်လာသည်ကို မြင်လိုက်ရသောအခါ လျူဟိုင်ထုန်၏ မျက်နှာသည် မည်းမှောင်သွားပြန်သည်။

ကျန်းကျန့်က သူ့လူတွေကို ထပ်ပြီး လေ့ကျင့်ပေးပြန်သည်။

အစပိုင်းတွင် သူသည် သူ့နောက်လိုက်မည့်သူများအတွက် စက်ဝိုင်းပြဇယားကြီးတစ်ခုဆွဲကာ လေ့ကျင့်မှုမစတင်မီ ၎င်းတို့အတွက် စည်းမျဉ်းအချို့ကို ချမှတ်ပြီး မနက်ခင်းတွင် စစ်တပ်ပုံစံဖြင့် မတ်တပ်ရပ်၍  လေးထောင့်ပုံစံ လမ်းလျှောက်ခိုင်းခဲ့သည်။ မွန်းတည့်အချိန်၌ သူသည် နိုင်ငံရေးအယူဝါဒဆိုင်ရာပညာပေးမှုကို လုပ်ဆောင်ခဲ့ပြီး မွန်းလွဲပိုင်းတွင် ကာယလေ့ကျင့်ခန်းများ ပြုလုပ်ခိုင်းခဲ့သည်။

ကျန်းကျန့်အနေဖြင့် ဤလူတွေက သူလေ့ကျင့်ဖူးသမျှထဲမှာ အခက်ဆုံးလူတွေဖြစ်ကြောင်း ဝန်ခံရပေမည်။မော်ဒန်သူငယ်တန်းကျောင်းတွေမှာ ကလေးတွေက မည်သို့တန်းစီရမယ်ဆိုသည်ကို သိနေကြပြီဖြစ်ပေမဲ့ ဤလူတွေက မသိကြပေ။ ဘယ်နှင့်ညာကြားက ခြားနားချက်ကိုပင် မပြောနိုင်ကြပေ။တစ်ချိန်တည်းမှာပဲ ကျန်းကျန့်က သူတို့ကို ပျင်းစရာကောင်းသည့် လေ့ကျင့်ခန်းတွေ လုပ်ခိုင်းသဖြင့် အနှီမကျွမ်းကျင်သော လူမိုက်တွေက ငြင်းဆိုခဲ့၏။

သို့ပေမဲ့ ယင်းက သူ့ကို ထို့သို့မလုပ်ဆောင်အောင် မတားဆီးခဲ့နိုင်​ပေ။ဤလူတွေက စည်းမရှိ ကမ်းမရှိ၊ လေ့ကျင့်မသင်ကြားဖူးသူတွေချည်းပါပင်။ကျန်းကျန့် အနာဂတ်တွင် အန္တရာယ်ရှိလျှင် ဤလူများသည် အစုလိုက်အပြုံလိုက် ထွက်ပြေးကြလိမ့်မည်ဟု ခံစားလိုက်ရသည်။



Continue Reading

You'll Also Like

44.6K 4.6K 72
သူမက ပြောလိုက်သည်..။ "ငါသေချာပေါက် နတ်ဘုရားဖြစ်လာရမယ်" သူက သူမကို ခြေဆုံးခေါင်းဆုံးကြည့်၍ အေးအေးစက်စက်ရယ်လိုက်သည်။ "ဖြစ်နိုင်ပါတယ် ပျင်းရိတဲ့နတ်" သူမ...
5.4M 719K 198
Main Story ( Completed ) ~~~~~~~°°°°°~~~~~~~ Title - Transmigrated into the film empreor's death-seeking finance (穿成影帝作死未婚夫) Author - Lin Ang Si (林盎...
20.8K 1.8K 19
Cover Photo From Pinterest. Credit to Original Uploader. "စာမရီ ကဘယ်အခြေအနေ ဘယ်ဘဝရောက်ရောက်မောင်မောင့်အပိုင်ပဲ။ ဒါကိုကံကြမ္မာကတားမြစ်ရင်တောင်မရနိုင...
615K 48.9K 52
မင်ရန်ရှင်း💓ဝမ်ယွမ် {ဝမ်ယင်}