စစ်သူကြီးကတော်ဖြစ်လာခြင်း
Part 18
___________
ရှောင်ကျန့်ကို၀တ်စုံအပြည့်၀တ်ဆင်ပေးနေရသည် သူကတော့ငြိမ်နေတာပဲ ငြိမ်နေမှာပေါ့ သူအဆူခံထိထားတာလေ
စစ်သူကြီး၀မ်ကရော ပါးပါးကပါပေါင်းပြီးဆူထားတာပင်
မျက်နှာကလည်းဆူပုတ်နေတာပဲ ပါးလေးနှစ်ဖက်ဖောင်းလို့
ချစ်စရာလေးပင်။
"ခေါင်းမော့..."
"အင့်!..."
ခေါင်းမော့ဆိုတာနဲ့တင် အသားကုန်မော့ပေးလိုက်တာပင်
အဝါရောင်ဖျော့ဖျော့လေးနဲ့ ရှောင်ကျန့်က အရမ်းကိုချစ်ဖို့ကောင်းတယ် ။
"လာ....ဦးထုပ်ဆောင်းမယ်"
"...."
ရှောင်ကျန့်ကိုဦးထုပ်လေးဆောင်းပေးလို့ ကြိုးချည်ပေးလိုက်သည် စစ်သူကြီး၀မ်က ဦးထုပ်ကိုသေချာလေးပြုပြင်ပေးလို့
ရှောင်ကျန့်ပုခုံးနှစ်ဖက်ကိုအသာလေးကိုင်လို့ မှန်ရှေ့မှာပြသည်။
"အမတ်ရှောင်း....ဘယ်လိုနေလဲ..."
"...."
"ဒီနေ့မင်းကြီးနဲ့တွေ့ရမှာ အဲ့ဒီဆူပုတ်နေတဲ့မျက်နှာထားကိုပြင်"
"ဟွန့်!...."
ရှောင်ကျန့်က တစ်ဖက်ကိုမျက်နှာလွှဲသွားသည် တစ်နေ့ကဖြစ်တဲ့အကြောင်းအရာကို မနေ့က ယောက္ခမနဲ့ စစ်သူကြီး၀မ်ပါ
နှစ်ယောက်ပေါင်းပြီးဆူထားလို့ အခုထိ စကားမပြော။
"လာ....သွားမယ်..."
"...."
နေရာကနေတုတ်တုတ်မျှမလှုပ်ချေ စစ်သူကြီး၀မ်သက်ပြင်း
ချလိုက်သည် ဘယ်လိုမျိုးကောက်စိန်ကများ သူ့စီရောက်လာတာပါလိမ့် ။
တံတောင်ဆစ်ကနေဆွဲမယ်ပြင်တော့လက်ပိုက်သွားတယ်
တကယ်ပဲ ဒီဟာလေး...သူလည်းမှားသေးတယ် ဆူတာကို
လည်းမကြိုက်။
"လာ ကျောပိုးသွားမယ် တက်...."
"...."
စစ်သူကြီး၀မ်က ရှောင်ကျန့်ရှေ့မှာကျောပေးထိုင်လိုက်သည်
မနေ့ကအရမ်းဆူထားတာ သူ့ကိုယ်လည်းဘာမှပေးမကိုင်
ဘာမှလည်းပေးမလုပ် အပြစ်အနေနဲ့ ပါးပါးက ဘိုးဘွားခန်းထဲမှာဒူးထောက်ထိုင်ခိုင်းထားတာ လောင်၀မ်ကတော့ အပြစ်အနေနဲ့
မုန့်မကျွေး သူ့ကိုနွားနို့ဆန်ပြုတ်ပဲတိုက်တာ
စိတ်ဆိုးလို့ မနေ့ညထဲက ကင်းကင်းနေတာ ဘယ်သူမှားတာလည်းအသိသာကြီးကို။
"တက်မှာလား မတက်ဘူးလား"
"တက်မှာ...."
ရှောင်ကျန့်ကစူပုတ်ပုတ်နဲ့ စစ်သူကြီး၀မ်ကျောပေါ်ကိုမှီလို့
စစ်သူကြီး၀မ်ကလည်းကျောပိုးလိုက်သည် လက်ကိုလည်း
လည်တိုင်မှာချိတ်ထားသေးတယ် ခင်ဗျားကိုဒီန့အသားကုန်ခိုင်းစားမှာ မကောင်းတဲ့လူကြီးရဲ့!...။
လှည်းပေါ်ရောက်တော့ ချပေးကာ တံခါးပိတ်လိုက်သည်
ရှောင်ကျန့်ကပြတင်းပေါက်ကိုဖွင့်လို့ မေးထောက်ကာအပြင်ကိုငေးကြည့်နေလိုက်သည် လှည်းလေးကတစ်ရွေ့ရွေ့နဲ့
နန်းတော်ကိုသွားလေပြီ ။
"ဝါး...."
ရှောင်ကျန့်ကအံ့ဩသလိုပုံစံမျိုးနဲ့ အသံထွက်ပြတော့
စစ်သူကြီး၀မ်လည်းကြည့်လိုက်တာ မိန်းမလှလေးတစ်ယောက်က ရှောင်ကျန့်နဲ့အကြည့်ချင်းဆုံလို့ ရှက်သွေးဖြာပြီး
ယပ်တောင်လေးနဲ့ မျက်နှာကိုအုပ်လိုက်သည်။
ထိုမိန်းကလေးကလည်းမရဲတရဲနဲ့ ကြည့်လိုက်ပြန်တော့
ခုနက သူနဲ့အကြည့်ချင်းဆုံတဲ့ ကောင်လေးဘေးနားမှာ
နောက်တစ်ယောက်က ခေါင်းလေးထွက်လာသည် ရုပ်ပုံစံ
ကလည်းချောချက်ပင် ထိုကြောင့် ပထမဆုံးအကြည့်ချင်းဆုံခဲ့တဲ့ ကောင်လေး (ရှောင်ကျန့်) ကိုကျော်ကာ သူ့ဘေးနားကသူကိုကြည့်နေလိုက်သည်။
"ငါ့ကိုမဟုတ်ဘူးလား"
ထိုမိန်းကလေးက သူ့ကိုကြည့်နေမှန်းမဟုတ်သိသွားတာကြောင့် ဘေးနားကြည့်လိုက်တော့ လောင်၀မ်ကအရှေ့ကိုပြန်လှည့်သွားသည် ရှောင်ကျန့်ချက်ချင်းပဲ လောင်၀မ့်ဘေးနားကို
လက်နဲ့ကာလိုက်သည် အလကား...သူ့ကိုကြည့်သလိုလိုနဲ့ သူ့ယောကျာ်းကိုလာကြောင်နေတာ။
"ဦးလေး....မသွားသေးဘူးလား!"
"သွားမှာပါ စစ်သူကြီးကတော်ရဲ့...ဒီနေ့မှကုန်သည်တဲ့လှည်း
တွေကများလို့ဗျ"
"မြန်မြန်သွား...ဒီမှာအနှောင့်အယှက်တွေတအားပေါတယ်"
"ဟုတ်ကဲ့"
လှည်းသမားဦးလေးကြီးကိုရှောင်ကျန့်ကပြောဆိုလို့ ခုနက
နေရာနဲ့ခပ်ဝေးဝေးရောက်မှ သူ့လက်ကိုပြန်ဖယ်လိုက်သည်။
"အဟက်!..."
"ဘာမှရီစရာမပါဘူး...အလကားနေရင်းကျန့်ကျန့်ယောကျာ်းကိုပဲကြောင်တောင်နှိုက်နေကြတာ"
"သဝန်တိုတာလား"
"ကျန့်ကျန့်တို့စကားမပြောဘူး..ဟွန့်!..."
"...."
ရှောင်ကျန့်ကတစ်ဖက်ပြန်လှည့်သွားပြန်သည် စစ်သူကြီး၀မ်လည်းတစ်ဖက်ကိုလှည့်ကာ အနည်းငယ်ပြုံးလိုက်သည်
ဘယ်လိုဟာလေးလဲ...ချစ်ဖို့ကောင်းအောင်လို့...။
"ဝါး မိုက်လိုက်တဲ့ခန္ဓာကိုယ်ပဲ"
"...."
ကုန်တင်ကုန်ချလုပ်နေသော ယောကျာ်းသားတွေက ချွေးထွက်လို့ အကျီအပေါ်ပိုင်းကိုချွတ်ထားကြတာပင်
အဲ့တာကိုရှောင်ကျန့်က ကြည့်ပြီးမိုက်တယ်တဲ့ သူ့မှာလည်း
ရှိတာပဲကို ရှောင်ကျန့်ကမကြည့်တာပဲရှိတာ...။
"ကျစ်!...အဲ့ပြတင်းပေါက်ကိုပိတ်ထားစမ်းကွာ"
"ပိတ်ဘူး....ဝါး...တကယ့်ကို မိုက်တဲ့ခန္ဓာကိုယ်နဲ့ချောတဲ့ရုပ်ရည်ပဲ..."
"ပိတ်စမ်းပါကွာ..."
စစ်သူကြီး၀မ်က သူကိုယ်တိုင်ပဲ ပြတင်းပေါက်ကိုပိတ်ချလိုက်သည် ရှောင်ကျန်ကစူပုတ်ပုတ်နဲ့လှည့်ကြည့်တယ်။
"ဘာဖြစ်နေတာလဲ!...သူများတကာကြည့်နေတာကို"
"အေး...မင်းယောကျာ်းငါ့မှာလည်းရှိတယ် အကြိုက်ကြည့်"
"မကြည့်ချင်ပါဘူး..."
"..."
"သဝန်တိုနေတာလား"
"ဆုတောင်းလိုက်လေ"
"ဟွန့်!..."
"မင်းကြီးရှေ့ရောက်ရင် အဲ့စူပုတ်နေတဲ့မျက်နှာကို ပြင်ထား
ပြုံးပြုံးလေးနေ"
"...."
၀မ်အိမ်တော်ကလှည်းမှန်းသိတာမို့လို့ ရဲမက်တွေကအထူးတလည်မစစ်ဆေးကြပါ လှည်းရပ်လိုက်တော့ မင်းကြီး
ရဲ့ဥယျာဉ်တော်စီရောက်အောင်လို့ လမ်းလျှောက်သွားရသည်။
"မောလိုက်တာကွာ..."
"ရောက်တော့မှာပါ"
"အဲ့စကားကိုကြားနေရတာ လွန်ခဲ့တဲ့ ၂မိနစ်လောက်ကတည်းကနော်"
"...."
"ဘာပဲဖြစ်ဖြစ် ထိုင်နားဦးမယ်"
ရှောင်ကျန့်ကတမင်တကာထိုင်နားနေတာမဟုတ်ချေ
လောင်၀မ်များသူ့ကိုလာချီမလားလို့စောင့်ကြည့်နေတာ ခဏ
လောက်နေတော့မှ သူ့ရှေ့ကိုကျောပေးပြီးလာထိုင်သည်
ရှောင်ကျန့်ပြုံးကာ တက်လိုက်တယ်။
"ခေါ်သွားပေး"
"ဟင်း....."
ရှောင်ကျန့်ကစစ်သူကြီး၀မ်ကျောပေါ်မှာပြုံးပြုံးကြီးလိုက်လာလေလျက် ဟိုရောက်တော့ နှစ်ထပ်မြင့် အဆောက်အဦးပေါ်မှာ ဘုရင်ကြီးရယ် မိဖုရားနှစ်ယောက်နဲ့ မိဖုရားခေါင်ကြီးရယ်
ရှိနေကြတယ် ။
"မင်းကြီး....စစ်သူကြီး၀မ် နဲ့စစ်သူကြီးကတော်တို့ရောက်လာပါပြီ"
"အင်းအင်း..."
အောက်ထပ်မှာတင်ရှောင်ကျန့်ကိုချပေးတာ ရှောင်ကျန့်ကမဆင်းတာကြောင့်အသာလေးပစ်ချလိုက်သည် ရှောင်ကျန့်ကစူပုတ်ပုတ်နဲ့ ။
"မင်းကြီးရှေ့မှာ အိန္ဒြေရအောင်နေ"
"ဟွန့်!...."
ရှောင်ကျန့်မှာ အကျီတွေပြန်ပြင်လို့လောင်၀မ်နောက်ကနေ
ဆောင့်အောင့်ပြီးလိုက်သွားသည် လှေကားတစ်၀က်ပဲရှိသေးတယ်လောင်၀မ်ကသူ့ဘက်လှည့်လာသည်။
"အဲ့ဆူပုတ်နေတဲ့မျက်နှာကိုပြင်ထား...မဟုတ်ရင်...မင်းမုန့်တွေအကုန်လုံးကိုပေးပစ်မယ်မှတ်"
"ပေးပေါ့...ကျန့်ကျန့်မှာမုန့်မှမရှိတာ"
"ကြာခွက်တွေပေးမှာ"
"ဟွန့်!..."
မင်းကြီးရှေ့ရောက်လာတော့ စစ်သူကြီး၀မ်ကရပ်ကာ ဦးညွှတ်သည် ဟိုဟာလေးကတော့ သူ့ကိုကျော်ကာ ခပ်လှမ်းလှမ်းမှရပ်ပြီး ဟိုကြည့်ဒီကြည့်နဲ့နောက်ပြန်ဆုတ်လာတယ်။
"၀င်ခဲ့ပါ...."
"ဟုတ်ကဲ့ မင်းကြီး"
"ထိုင်ကြ...စကားမပြောရတာကြာလို့ ကိုယ်တော်ခေါ်လိုက်တာပါ"
"ဟုတ်ကဲ့"
ရှောင်ကျန့်ကအရင်ထိုင်ပြီးမှ စစ်သူကြီး၀မ်ကထိုင်တော့
ရှောင်ကျန့်အကျီကိုတက်ဖိထားတာ သူမသိချေ ရှောင်ကျန့်လည်းထိုနည်းတူမသိ။
သူတို့ရှေ့ကိုနန်းတွင်းသူတွေက မုန့်မျိုးစုံလာချပေးသည်
ရှောင်ကျန့်ကပျော်ကာ မုန့်တွေကိုနှိုက်စားသည် ရှောင်ကျန့်ကမုန့်စားရရင်တအားပျော်တာ စစ်သူကြီး၀မ်အသိ သူ့ရှေ့မှာ
ရှိတဲ့ မုန့်တွေကိုရှောင်ကျန့်ရှေ့တွန်းပို့ပေးသည်။
"အဲ့လိုမလုပ်နဲ့"
"ဘာဖြစ်လို့လဲ"
"မသိရင်ကျန့်ကျန့်က ငတ်လို့လာစားနေတယ်ထင်မှာပေါ့"
"...."
"စစ်သူကြီး၀မ် ပြောပါဦး အိမ်ထောင်ဖက်လေးနဲ့ဘယ်လိုစတွေ့ခဲ့တာလည်း"
ရှောင်ကျန့်ကိုတစ်ချက်လှည့်ကြည့်တော့ မုန့်ကိုပလုတ်ပလောင်းနဲ့စားကာ သူ့ကိုကြည့်နေသည် ပြီးတော့မေးဆတ်ပြ
တယ်ပြောလိုက်ဆိုတဲ့အဓိပ္ပာယ်နဲ့ စစ်သူကြီး၀မ်ခဏလောက်
ငြိမ်နေလိုက်သည် ရှောင်ကျန့်ကိုဘယ်နေရာမှာစတွေ့ခဲ့တာပါလိမ့် မဂ်လာပွဲမှာပဲစတွေ့ခဲ့တာကို။
"သူ့ကို...."
"အင်း...ငါကိုယ်တော်စောင့်ဆိုင်းနေတယ်..."
"သူ့ကို...မဂ်လာပွဲမှာပဲစတွေ့ခဲ့တာ"
"အော်....ငါကိုယ်တော်လည်း ငါ့မိဖုရားခေါင်ကိုကြင်ယာတော်မြှောက်ပွဲမှပထမဆုံးတွေ့ဖူးတာ"
"ဟုတ်ကဲ့"
ရှောင်ကျန့်ကမုန့်စားနေရင်းနဲ့နားထောင်နေလေတာ ခေါင်းတစ်ငြိမ့်ငြိမ့်နဲ့ထောက်ခံသည် သူနိုးလာတော့ တန်းလက်ထပ်လိုက်ရတာ...။
"စစ်သူကြီးကတော်လေးကရော....အိမ်ထောင်ရေးကို
ဘယ်လိုတည်ဆောက်ရမယ်လို့ထင်လဲ"
မိဖုရားခေါင်ကမေးလာတော့ ရှောင်ကျန့်မုန့်စားနေရင်းနဲ့တင်
ခဏရပ်ကာ စဉ်းစားပြီး ပါးစပ်လေးလှုပ်လှုပ်လှုပ်လှုပ်နဲ့
မုန့်ဝါးနေသည် ခေါင်းကိုလည်းခါလိုက်တယ်။
"သိဘူးလေ...."
"....."
"အဟမ်း....တစ်ခုတော့သိတယ် လောင်၀မ်ကရှာတယ်
ကျန့်ကျန့်က သုံးတယ် ဖြုန်းတယ် ပေးသုံးတော့လဲ နှစ်ပဲခြောက်ပြားပဲ"
"...."
"ကျန့်ကျန့်ကို လည်းအမြဲတမ်းအပြစ်ပြောနေတာပဲ"
"ရှောင်ကျန့်..."
"ဟား....ဟား တစ်ကယ့်ကိုချစ်ဖို့ကောင်းတဲ့ အိမ်ထောင်ရေးပဲ"
ရှောင်ကျန့်က ရေနွေးခွက်ကိုယူဖို့အတွက်လက်လှမ်းလိုက်တော့ တစ်ခုခုကဆွဲထားသလိုပင် ကြည့်လိုက်တော့မှ လောင်၀မ်ကတက်ဖိထားတာ ရှောင်ကျန့်မရမကဆွဲသည် ။
"ဘာဖြစ်နေတာလဲ"
"လောင်၀မ်က ကျန့်ကျန့်အကျီကိုတက်ဖိထားတယ်လေ"
"...."
"ဘာကြီးမှန်းလဲမသိဘူး"
ရှောင်ကျန့်ကမျက်စောင်းထိုးလို့ လက်ဖက်ရည်သောက်လိုက်ပြီး မင်းကြီးကိုပြုံးပြုံးလေးထိုင်ကြည့်နေလိုက်တယ် မင်းကြီးနဲ့တစ်ချက်အကြည့်ချင်းဆုံတော့ သူကပြုံးပြပြီး အခြားဘက်တွေကိုကြည့်လို့ စကားစမည်ပြောတယ် ။
စစ်သူကြီး၀မ်နဲ့သူ့အမျိုးသားနဲ့ပွစိပွစိအသံကြောင့် ကြည့်မိတော့မှရန်ဖြစ်နေတာ မင်းကြီးလည်းငြိမ်လို့သူ့မိဖုရားတွေဘက်ကြည့်နေလိုက်တယ် ခဏလေးနေတော့ ပြန်ကြည့်မိတာ
စစ်သူကြီးကတော်ကပြုံးပြုံးလေးနဲ့သူ့ကိုထိုင်ကြည့်နေတာ
ကိုယ်လည်းပြုံးပြပြီး အခြားဘက်လှည့်လိုက်သေးတယ်
ခဏကြာတော့ပြန်လှည့်လာတော့လည်း အဲ့အတိုင်းပဲပြုံးပြုံး
ကြီးထိုင်ကြည့်နေတာ ကြက်သီးတောင်ထလာတယ်။
"စစ်သူကြီးကတော််လေး...ဘာလို့ အဲ့လိုမျိုးပြုံးနေတာလဲ
ပျော်စရာကိစ္စရှိလို့လား"
"ဟင့်အင်း...လောင်၀မ်ကပြောတယ် မင်းကြီးရှေ့ရောက်ရင်
စူပုတ်နေတဲ့မျက်နှာထားကိုပြင်ပြီး ပြုံးပြုံးလေးနေဆိုလို့
အဲ့တာနေတာ"
"....."
အိမ်တော်ကိုပြန်ရောက်တော့ ရှောင်ကျန့်မှာထပ်ပြီးအဆူခံရသည် ဒီတစ်ခါတော့အငြိမ်မခံတော့ဘူး မနေ့ကပါးပါးရှေ့မှာ
ရှိလို့ငြိမ်နေတာ။
"ပြုံးပြုံးလေးနေဆိုတာ မင်းကြီးကိုကြည့်ပြီးပြုံးနေခိုင်းတာမဟုတ်ဘူး"
"လောင်၀မ်ပဲ မင်းကြီးရှေ့မှာပြုံးပြုံးလေးနေဆိုပြီးတော့"
"မင်းလုပ်လိုက်တာ အရွဲ့တိုက်လိုက်သလိုပဲ"
"လောင်၀မ်ပဲလုပ်ခိုင်းပြီးတော့"
"ဉာဏ်ကိုလွှာပြီးသုံးရှောင်ကျန့် မင်းကြီးကိုပြုံးပြီးကြည့်ခိုင်းတာမဟုတ်ဘူး"
"ထင်ချင်သလိုသာထင်...ကျန့်ကျန့်ကလောင်၀မ်ပြောသလိုပဲလုပ်တာ"
"....."
ရှောင်ကျန့်ကပြောပြီးတာနဲ့ထွက်သွားဖို့ပြင်တော့ စစ်သူကြီး၀မ်ကလက်ကိုလှမ်းဆွဲသည်။
"ဒါဘယ်သွားဖို့ပြင်နေတာလဲ"
"ကျစ်!....ဘယ်သွားသွားပေါ့..."
"ကိုယ်ဆူနေတာနော် ရှောင်ကျန့် ပြန်ထိုင်နေ..."
"မထိုင်ဘူးဟာ...ဆူနေတာမပြီးတော့ဘူး ကျန့်ကျန့်ကလောင်၀မ်ပြောသလိုပဲလုပ်နေတာကို အဲ့တာကိုအပြစ်မြင်နေတာ "
"ရှောင်ကျန့် ပြန်ထိုင်နေလို့ပြောတယ်နော်"
"မထိုင်ဘူး ဘာဖြစ်ချင်လဲ!..."
ရှောင်ကျန့်ကဆောင့်အောင့်လို့ လေသံကအနည်းငယ်ကျယ်ကာ အော်လိုက်သလိုဖြစ်သွားတယ် သူ့ကိုခွေးပေါက်လေး
တွေအမိန့်ပေးသလိုခိုင်းနေတာ။
"အော်တယ်ပေါ့....ငါ့ကိုအော်ရဲတယ်ပေါ့"
"ဟုတ်တယ် ဘာဖြစ်လဲ! ဟက်!....အိမ်ထောင်ဦးစီးဆိုပြီးတော့
ကျန့်ကျန့်ကကြောက်မယ်မထင်နဲ့ ဟွန့်!..."
"ရှောင်ကျန့်!"
"အခု ကျန့်ကျန့်ကိုအော်တယ်ပေါ့လေ....!!"
"ဟုတ်တယ်"
"လောင်၀မ်က ကျန့်ကျန့်ကိုအော်ဖို့နဲ့ အပြစ်ပြောဖို့ပဲသိတာလား"
"မပြောလို့မရဘူးလေ မင်းကအမြဲတမ်းလိုလိုမွှေနေတာကို"
"အဲ့တာကျန့်ကျန့်မွှေတာမှမဟုတ်တာ သူ့ဘာသာသူဖြစ်လာတဲ့အရာတွေပဲလေ"
"...."
"လောင်၀မ်က....ကျန့်ကျန့်ကို စစ်သူကြီးကတော်အဖြစ်
ပုံစံသွင်းချင်တာမှတ်လား ကောင်းပြီ....ဖြစ်ပေးမယ်"
"မဟုတ်..."
လက်ကိုအကြမ်းပတမ်းလွှတ်ချလို့ ရှောင်ကျန့်ကထွက်သွားတယ် အရာအားလုံးကိုသူပဲပြောနေတော့တာ ဆူတယ်လို့ပြောရအောင်လဲ အော်ပြောနေတာမှမဟုတ်တာ စကားအေးအေး
လေးနဲ့ နား၀င်သွင်းနေတာပဲရှိတာကို မနေ့ကလည်းဘယ်သူမှားတယ်ဆိုတာ အိမ်တော်တစ်ခုလုံးသိတယ် သူပဲမသိတာ။
ဖအေ ဆူနေတာကို ကြောင်နဲ့ဆော့ပြီးဂရုမစိုက်တာမို့လို့
ဘိုးဘွားခန်းထဲမှာဒူးထောက်အပြစ်ပေးပြီးသွားပြီ နေ့လည်ဘက်မှာ အရက်ရှိန်ကြောင့် ခေါင်းကိုက်နေတာမျိုးဖြစ်မှာစိုးလို့ မနက်ထဲကနေဆန်ပြုတ်ကို မျိုးစုံလုပ်တိုက်တယ် အဲ့ဒါကိုစိတ်ဆိုးပြီးမစား ။
_____________________
(2.4.2024)
#Su🐼
စစ္သူႀကီးကေတာ္ျဖစ္လာျခင္း
Part 18
___________
ေရွာင္က်န႔္ကို၀တ္စုံအျပည့္၀တ္ဆင္ေပးေနရသည္ သူကေတာ့ၿငိမ္ေနတာပဲ ၿငိမ္ေနမွာေပါ့ သူအဆူခံထိထားတာေလ
စစ္သူႀကီး၀မ္ကေရာ ပါးပါးကပါေပါင္းၿပီးဆူထားတာပင္
မ်က္ႏွာကလည္းဆူပုတ္ေနတာပဲ ပါးေလးႏွစ္ဖက္ေဖာင္းလို႔
ခ်စ္စရာေလးပင္။
"ေခါင္းေမာ့..."
"အင့္!..."
ေခါင္းေမာ့ဆိုတာနဲ႔တင္ အသားကုန္ေမာ့ေပးလိုက္တာပင္
အဝါေရာင္ေဖ်ာ့ေဖ်ာ့ေလးနဲ႔ ေရွာင္က်န႔္က အရမ္းကိုခ်စ္ဖို႔ေကာင္းတယ္ ။
"လာ....ဦးထုပ္ေဆာင္းမယ္"
"...."
ေရွာင္က်န႔္ကိုဦးထုပ္ေလးေဆာင္းေပးလို႔ ႀကိဳးခ်ည္ေပးလိုက္သည္ စစ္သူႀကီး၀မ္က ဦးထုပ္ကိုေသခ်ာေလးျပဳျပင္ေပးလို႔
ေရွာင္က်န႔္ပုခုံးႏွစ္ဖက္ကိုအသာေလးကိုင္လို႔ မွန္ေရွ႕မွာျပသည္။
"အမတ္ေရွာင္း....ဘယ္လိုေနလဲ..."
"...."
"ဒီေန႔မင္းႀကီးနဲ႔ေတြ႕ရမွာ အဲ့ဒီဆူပုတ္ေနတဲ့မ်က္ႏွာထားကိုျပင္"
"ဟြန႔္!...."
ေရွာင္က်န႔္က တစ္ဖက္ကိုမ်က္ႏွာလႊဲသြားသည္ တစ္ေန႔ကျဖစ္တဲ့အေၾကာင္းအရာကို မေန႔က ေယာကၡမနဲ႔ စစ္သူႀကီး၀မ္ပါ
ႏွစ္ေယာက္ေပါင္းၿပီးဆူထားလို႔ အခုထိ စကားမေျပာ။
"လာ....သြားမယ္..."
"...."
ေနရာကေနတုတ္တုတ္မွ်မလႈပ္ေခ် စစ္သူႀကီး၀မ္သက္ျပင္း
ခ်လိုက္သည္ ဘယ္လိုမ်ိဳးေကာက္စိန္ကမ်ား သူ႔စီေရာက္လာတာပါလိမ့္ ။
တံေတာင္ဆစ္ကေနဆြဲမယ္ျပင္ေတာ့လက္ပိုက္သြားတယ္
တကယ္ပဲ ဒီဟာေလး...သူလည္းမွားေသးတယ္ ဆူတာကို
လည္းမႀကိဳက္။
"လာ ေက်ာပိုးသြားမယ္ တက္...."
"...."
စစ္သူႀကီး၀မ္က ေရွာင္က်န႔္ေရွ႕မွာေက်ာေပးထိုင္လိုက္သည္
မေန႔ကအရမ္းဆူထားတာ သူ႔ကိုယ္လည္းဘာမွေပးမကိုင္
ဘာမွလည္းေပးမလုပ္ အျပစ္အေနနဲ႔ ပါးပါးက ဘိုးဘြားခန္းထဲမွာဒူးေထာက္ထိုင္ခိုင္းထားတာ ေလာင္၀မ္ကေတာ့ အျပစ္အေနနဲ႔
မုန႔္မေကြၽး သူ႔ကိုႏြားႏို႔ဆန္ျပဳတ္ပဲတိုက္တာ
စိတ္ဆိုးလို႔ မေန႔ညထဲက ကင္းကင္းေနတာ ဘယ္သူမွားတာလည္းအသိသာႀကီးကို။
"တက္မွာလား မတက္ဘူးလား"
"တက္မွာ...."
ေရွာင္က်န႔္ကစူပုတ္ပုတ္နဲ႔ စစ္သူႀကီး၀မ္ေက်ာေပၚကိုမွီလို႔
စစ္သူႀကီး၀မ္ကလည္းေက်ာပိုးလိုက္သည္ လက္ကိုလည္း
လည္တိုင္မွာခ်ိတ္ထားေသးတယ္ ခင္ဗ်ားကိုဒီန႔အသားကုန္ခိုင္းစားမွာ မေကာင္းတဲ့လူႀကီးရဲ႕!...။
လွည္းေပၚေရာက္ေတာ့ ခ်ေပးကာ တံခါးပိတ္လိုက္သည္
ေရွာင္က်န႔္ကျပတင္းေပါက္ကိုဖြင့္လို႔ ေမးေထာက္ကာအျပင္ကိုေငးၾကည့္ေနလိုက္သည္ လွည္းေလးကတစ္ေ႐ြ႕ေ႐ြ႕နဲ႔
နန္းေတာ္ကိုသြားေလၿပီ ။
"ဝါး...."
ေရွာင္က်န႔္ကအံ့ဩသလိုပုံစံမ်ိဳးနဲ႔ အသံထြက္ျပေတာ့
စစ္သူႀကီး၀မ္လည္းၾကည့္လိုက္တာ မိန္းမလွေလးတစ္ေယာက္က ေရွာင္က်န႔္နဲ႔အၾကည့္ခ်င္းဆုံလို႔ ရွက္ေသြးျဖာၿပီး
ယပ္ေတာင္ေလးနဲ႔ မ်က္ႏွာကိုအုပ္လိုက္သည္။
ထိုမိန္းကေလးကလည္းမရဲတရဲနဲ႔ ၾကည့္လိုက္ျပန္ေတာ့
ခုနက သူနဲ႔အၾကည့္ခ်င္းဆုံတဲ့ ေကာင္ေလးေဘးနားမွာ
ေနာက္တစ္ေယာက္က ေခါင္းေလးထြက္လာသည္ ႐ုပ္ပုံစံ
ကလည္းေခ်ာခ်က္ပင္ ထိုေၾကာင့္ ပထမဆုံးအၾကည့္ခ်င္းဆုံခဲ့တဲ့ ေကာင္ေလး (ေရွာင္က်န႔္) ကိုေက်ာ္ကာ သူ႔ေဘးနားကသူကိုၾကည့္ေနလိုက္သည္။
"ငါ့ကိုမဟုတ္ဘူးလား"
ထိုမိန္းကေလးက သူ႔ကိုၾကည့္ေနမွန္းမဟုတ္သိသြားတာေၾကာင့္ ေဘးနားၾကည့္လိုက္ေတာ့ ေလာင္၀မ္ကအေရွ႕ကိုျပန္လွည့္သြားသည္ ေရွာင္က်န႔္ခ်က္ခ်င္းပဲ ေလာင္၀မ့္ေဘးနားကို
လက္နဲ႔ကာလိုက္သည္ အလကား...သူ႔ကိုၾကည့္သလိုလိုနဲ႔ သူ႔ေယာက်ာ္းကိုလာေၾကာင္ေနတာ။
"ဦးေလး....မသြားေသးဘူးလား!"
"သြားမွာပါ စစ္သူႀကီးကေတာ္ရဲ႕...ဒီေန႔မွကုန္သည္တဲ့လွည္း
ေတြကမ်ားလို႔ဗ်"
"ျမန္ျမန္သြား...ဒီမွာအေႏွာင့္အယွက္ေတြတအားေပါတယ္"
"ဟုတ္ကဲ့"
လွည္းသမားဦးေလးႀကီးကိုေရွာင္က်န႔္ကေျပာဆိုလို႔ ခုနက
ေနရာနဲ႔ခပ္ေဝးေဝးေရာက္မွ သူ႔လက္ကိုျပန္ဖယ္လိုက္သည္။
"အဟက္!..."
"ဘာမွရီစရာမပါဘူး...အလကားေနရင္းက်န႔္က်န႔္ေယာက်ာ္းကိုပဲေၾကာင္ေတာင္ႏႈိက္ေနၾကတာ"
"သဝန္တိုတာလား"
"က်န႔္က်န႔္တို႔စကားမေျပာဘူး..ဟြန႔္!..."
"...."
ေရွာင္က်န႔္ကတစ္ဖက္ျပန္လွည့္သြားျပန္သည္ စစ္သူႀကီး၀မ္လည္းတစ္ဖက္ကိုလွည့္ကာ အနည္းငယ္ၿပဳံးလိုက္သည္
ဘယ္လိုဟာေလးလဲ...ခ်စ္ဖို႔ေကာင္းေအာင္လို႔...။
"ဝါး မိုက္လိုက္တဲ့ခႏၶာကိုယ္ပဲ"
"...."
ကုန္တင္ကုန္ခ်လုပ္ေနေသာ ေယာက်ာ္းသားေတြက ေခြၽးထြက္လို႔ အက်ီအေပၚပိုင္းကိုခြၽတ္ထားၾကတာပင္
အဲ့တာကိုေရွာင္က်န႔္က ၾကည့္ၿပီးမိုက္တယ္တဲ့ သူ႔မွာလည္း
ရွိတာပဲကို ေရွာင္က်န႔္ကမၾကည့္တာပဲရွိတာ...။
"က်စ္!...အဲ့ျပတင္းေပါက္ကိုပိတ္ထားစမ္းကြာ"
"ပိတ္ဘူး....ဝါး...တကယ့္ကို မိုက္တဲ့ခႏၶာကိုယ္နဲ႔ေခ်ာတဲ့႐ုပ္ရည္ပဲ..."
"ပိတ္စမ္းပါကြာ..."
စစ္သူႀကီး၀မ္က သူကိုယ္တိုင္ပဲ ျပတင္းေပါက္ကိုပိတ္ခ်လိုက္သည္ ေရွာင္က်န္ကစူပုတ္ပုတ္နဲ႔လွည့္ၾကည့္တယ္။
"ဘာျဖစ္ေနတာလဲ!...သူမ်ားတကာၾကည့္ေနတာကို"
"ေအး...မင္းေယာက်ာ္းငါ့မွာလည္းရွိတယ္ အႀကိဳက္ၾကည့္"
"မၾကည့္ခ်င္ပါဘူး..."
"..."
"သဝန္တိုေနတာလား"
"ဆုေတာင္းလိုက္ေလ"
"ဟြန႔္!..."
"မင္းႀကီးေရွ႕ေရာက္ရင္ အဲ့စူပုတ္ေနတဲ့မ်က္ႏွာကို ျပင္ထား
ၿပဳံးၿပဳံးေလးေန"
"...."
၀မ္အိမ္ေတာ္ကလွည္းမွန္းသိတာမို႔လို႔ ရဲမက္ေတြကအထူးတလည္မစစ္ေဆးၾကပါ လွည္းရပ္လိုက္ေတာ့ မင္းႀကီး
ရဲ႕ဥယ်ာဥ္ေတာ္စီေရာက္ေအာင္လို႔ လမ္းေလွ်ာက္သြားရသည္။
"ေမာလိုက္တာကြာ..."
"ေရာက္ေတာ့မွာပါ"
"အဲ့စကားကိုၾကားေနရတာ လြန္ခဲ့တဲ့ ၂မိနစ္ေလာက္ကတည္းကေနာ္"
"...."
"ဘာပဲျဖစ္ျဖစ္ ထိုင္နားဦးမယ္"
ေရွာင္က်န႔္ကတမင္တကာထိုင္နားေနတာမဟုတ္ေခ်
ေလာင္၀မ္မ်ားသူ႔ကိုလာခ်ီမလားလို႔ေစာင့္ၾကည့္ေနတာ ခဏ
ေလာက္ေနေတာ့မွ သူ႔ေရွ႕ကိုေက်ာေပးၿပီးလာထိုင္သည္
ေရွာင္က်န႔္ၿပဳံးကာ တက္လိုက္တယ္။
"ေခၚသြားေပး"
"ဟင္း....."
ေရွာင္က်န႔္ကစစ္သူႀကီး၀မ္ေက်ာေပၚမွာၿပဳံးၿပဳံးႀကီးလိုက္လာေလလ်က္ ဟိုေရာက္ေတာ့ ႏွစ္ထပ္ျမင့္ အေဆာက္အဦးေပၚမွာ ဘုရင္ႀကီးရယ္ မိဖုရားႏွစ္ေယာက္နဲ႔ မိဖုရားေခါင္ႀကီးရယ္
ရွိေနၾကတယ္ ။
"မင္းႀကီး....စစ္သူႀကီး၀မ္ နဲ႔စစ္သူႀကီးကေတာ္တို႔ေရာက္လာပါၿပီ"
"အင္းအင္း..."
ေအာက္ထပ္မွာတင္ေရွာင္က်န႔္ကိုခ်ေပးတာ ေရွာင္က်န႔္ကမဆင္းတာေၾကာင့္အသာေလးပစ္ခ်လိုက္သည္ ေရွာင္က်န႔္ကစူပုတ္ပုတ္နဲ႔ ။
"မင္းႀကီးေရွ႕မွာ အိေျႏၵရေအာင္ေန"
"ဟြန႔္!...."
ေရွာင္က်န႔္မွာ အက်ီေတြျပန္ျပင္လို႔ေလာင္၀မ္ေနာက္ကေန
ေဆာင့္ေအာင့္ၿပီးလိုက္သြားသည္ ေလွကားတစ္၀က္ပဲရွိေသးတယ္ေလာင္၀မ္ကသူ႔ဘက္လွည့္လာသည္။
"အဲ့ဆူပုတ္ေနတဲ့မ်က္ႏွာကိုျပင္ထား...မဟုတ္ရင္...မင္းမုန႔္ေတြအကုန္လုံးကိုေပးပစ္မယ္မွတ္"
"ေပးေပါ့...က်န႔္က်န႔္မွာမုန႔္မွမရွိတာ"
"ၾကာခြက္ေတြေပးမွာ"
"ဟြန႔္!..."
မင္းႀကီးေရွ႕ေရာက္လာေတာ့ စစ္သူႀကီး၀မ္ကရပ္ကာ ဦးၫႊတ္သည္ ဟိုဟာေလးကေတာ့ သူ႔ကိုေက်ာ္ကာ ခပ္လွမ္းလွမ္းမွရပ္ၿပီး ဟိုၾကည့္ဒီၾကည့္နဲ႔ေနာက္ျပန္ဆုတ္လာတယ္။
"၀င္ခဲ့ပါ...."
"ဟုတ္ကဲ့ မင္းႀကီး"
"ထိုင္ၾက...စကားမေျပာရတာၾကာလို႔ ကိုယ္ေတာ္ေခၚလိုက္တာပါ"
"ဟုတ္ကဲ့"
ေရွာင္က်န႔္ကအရင္ထိုင္ၿပီးမွ စစ္သူႀကီး၀မ္ကထိုင္ေတာ့
ေရွာင္က်န႔္အက်ီကိုတက္ဖိထားတာ သူမသိေခ် ေရွာင္က်န႔္လည္းထိုနည္းတူမသိ။
သူတို႔ေရွ႕ကိုနန္းတြင္းသူေတြက မုန႔္မ်ိဳးစုံလာခ်ေပးသည္
ေရွာင္က်န႔္ကေပ်ာ္ကာ မုန႔္ေတြကိုႏႈိက္စားသည္ ေရွာင္က်န႔္ကမုန႔္စားရရင္တအားေပ်ာ္တာ စစ္သူႀကီး၀မ္အသိ သူ႔ေရွ႕မွာ
ရွိတဲ့ မုန႔္ေတြကိုေရွာင္က်န႔္ေရွ႕တြန္းပို႔ေပးသည္။
"အဲ့လိုမလုပ္နဲ႔"
"ဘာျဖစ္လို႔လဲ"
"မသိရင္က်န႔္က်န႔္က ငတ္လို႔လာစားေနတယ္ထင္မွာေပါ့"
"...."
"စစ္သူႀကီး၀မ္ ေျပာပါဦး အိမ္ေထာင္ဖက္ေလးနဲ႔ဘယ္လိုစေတြ႕ခဲ့တာလည္း"
ေရွာင္က်န႔္ကိုတစ္ခ်က္လွည့္ၾကည့္ေတာ့ မုန႔္ကိုပလုတ္ပေလာင္းနဲ႔စားကာ သူ႔ကိုၾကည့္ေနသည္ ၿပီးေတာ့ေမးဆတ္ျပ
တယ္ေျပာလိုက္ဆိုတဲ့အဓိပၸာယ္နဲ႔ စစ္သူႀကီး၀မ္ခဏေလာက္
ၿငိမ္ေနလိုက္သည္ ေရွာင္က်န႔္ကိုဘယ္ေနရာမွာစေတြ႕ခဲ့တာပါလိမ့္ မဂ္လာပြဲမွာပဲစေတြ႕ခဲ့တာကို။
"သူ႔ကို...."
"အင္း...ငါကိုယ္ေတာ္ေစာင့္ဆိုင္းေနတယ္..."
"သူ႔ကို...မဂ္လာပြဲမွာပဲစေတြ႕ခဲ့တာ"
"ေအာ္....ငါကိုယ္ေတာ္လည္း ငါ့မိဖုရားေခါင္ကိုၾကင္ယာေတာ္ေျမႇာက္ပြဲမွပထမဆုံးေတြ႕ဖူးတာ"
"ဟုတ္ကဲ့"
ေရွာင္က်န႔္ကမုန႔္စားေနရင္းနဲ႔နားေထာင္ေနေလတာ ေခါင္းတစ္ၿငိမ့္ၿငိမ့္နဲ႔ေထာက္ခံသည္ သူႏိုးလာေတာ့ တန္းလက္ထပ္လိုက္ရတာ...။
"စစ္သူႀကီးကေတာ္ေလးကေရာ....အိမ္ေထာင္ေရးကို
ဘယ္လိုတည္ေဆာက္ရမယ္လို႔ထင္လဲ"
မိဖုရားေခါင္ကေမးလာေတာ့ ေရွာင္က်န႔္မုန႔္စားေနရင္းနဲ႔တင္
ခဏရပ္ကာ စဥ္းစားၿပီး ပါးစပ္ေလးလႈပ္လႈပ္လႈပ္လႈပ္နဲ႔
မုန႔္ဝါးေနသည္ ေခါင္းကိုလည္းခါလိုက္တယ္။
"သိဘူးေလ...."
"....."
"အဟမ္း....တစ္ခုေတာ့သိတယ္ ေလာင္၀မ္ကရွာတယ္
က်န႔္က်န႔္က သုံးတယ္ ျဖဳန္းတယ္ ေပးသုံးေတာ့လဲ ႏွစ္ပဲေျခာက္ျပားပဲ"
"...."
"က်န႔္က်န႔္ကို လည္းအၿမဲတမ္းအျပစ္ေျပာေနတာပဲ"
"ေရွာင္က်န႔္..."
"ဟား....ဟား တစ္ကယ့္ကိုခ်စ္ဖို႔ေကာင္းတဲ့ အိမ္ေထာင္ေရးပဲ"
ေရွာင္က်န႔္က ေရေႏြးခြက္ကိုယူဖို႔အတြက္လက္လွမ္းလိုက္ေတာ့ တစ္ခုခုကဆြဲထားသလိုပင္ ၾကည့္လိုက္ေတာ့မွ ေလာင္၀မ္ကတက္ဖိထားတာ ေရွာင္က်န႔္မရမကဆြဲသည္ ။
"ဘာျဖစ္ေနတာလဲ"
"ေလာင္၀မ္က က်န႔္က်န႔္အက်ီကိုတက္ဖိထားတယ္ေလ"
"...."
"ဘာႀကီးမွန္းလဲမသိဘူး"
ေရွာင္က်န႔္ကမ်က္ေစာင္းထိုးလို႔ လက္ဖက္ရည္ေသာက္လိုက္ၿပီး မင္းႀကီးကိုၿပဳံးၿပဳံးေလးထိုင္ၾကည့္ေနလိုက္တယ္ မင္းႀကီးနဲ႔တစ္ခ်က္အၾကည့္ခ်င္းဆုံေတာ့ သူကၿပဳံးျပၿပီး အျခားဘက္ေတြကိုၾကည့္လို႔ စကားစမည္ေျပာတယ္ ။
စစ္သူႀကီး၀မ္နဲ႔သူ႔အမ်ိဳးသားနဲ႔ပြစိပြစိအသံေၾကာင့္ ၾကည့္မိေတာ့မွရန္ျဖစ္ေနတာ မင္းႀကီးလည္းၿငိမ္လို႔သူ႔မိဖုရားေတြဘက္ၾကည့္ေနလိုက္တယ္ ခဏေလးေနေတာ့ ျပန္ၾကည့္မိတာ
စစ္သူႀကီးကေတာ္ကၿပဳံးၿပဳံးေလးနဲ႔သူ႔ကိုထိုင္ၾကည့္ေနတာ
ကိုယ္လည္းၿပဳံးျပၿပီး အျခားဘက္လွည့္လိုက္ေသးတယ္
ခဏၾကာေတာ့ျပန္လွည့္လာေတာ့လည္း အဲ့အတိုင္းပဲၿပဳံးၿပဳံး
ႀကီးထိုင္ၾကည့္ေနတာ ၾကက္သီးေတာင္ထလာတယ္။
"စစ္သူႀကီးကေတာ္္ေလး...ဘာလို႔ အဲ့လိုမ်ိဳးၿပဳံးေနတာလဲ
ေပ်ာ္စရာကိစၥရွိလို႔လား"
"ဟင့္အင္း...ေလာင္၀မ္ကေျပာတယ္ မင္းႀကီးေရွ႕ေရာက္ရင္
စူပုတ္ေနတဲ့မ်က္ႏွာထားကိုျပင္ၿပီး ၿပဳံးၿပဳံးေလးေနဆိုလို႔
အဲ့တာေနတာ"
"....."
အိမ္ေတာ္ကိုျပန္ေရာက္ေတာ့ ေရွာင္က်န႔္မွာထပ္ၿပီးအဆူခံရသည္ ဒီတစ္ခါေတာ့အၿငိမ္မခံေတာ့ဘူး မေန႔ကပါးပါးေရွ႕မွာ
ရွိလို႔ၿငိမ္ေနတာ။
"ၿပဳံးၿပဳံးေလးေနဆိုတာ မင္းႀကီးကိုၾကည့္ၿပီးၿပဳံးေနခိုင္းတာမဟုတ္ဘူး"
"ေလာင္၀မ္ပဲ မင္းႀကီးေရွ႕မွာၿပဳံးၿပဳံးေလးေနဆိုၿပီးေတာ့"
"မင္းလုပ္လိုက္တာ အ႐ြဲ႕တိုက္လိုက္သလိုပဲ"
"ေလာင္၀မ္ပဲလုပ္ခိုင္းၿပီးေတာ့"
"ဉာဏ္ကိုလႊာၿပီးသုံးေရွာင္က်န႔္ မင္းႀကီးကိုၿပဳံးၿပီးၾကည့္ခိုင္းတာမဟုတ္ဘူး"
"ထင္ခ်င္သလိုသာထင္...က်န႔္က်န႔္ကေလာင္၀မ္ေျပာသလိုပဲလုပ္တာ"
"....."
ေရွာင္က်န႔္ကေျပာၿပီးတာနဲ႔ထြက္သြားဖို႔ျပင္ေတာ့ စစ္သူႀကီး၀မ္ကလက္ကိုလွမ္းဆြဲသည္။
"ဒါဘယ္သြားဖို႔ျပင္ေနတာလဲ"
"က်စ္!....ဘယ္သြားသြားေပါ့..."
"ကိုယ္ဆူေနတာေနာ္ ေရွာင္က်န႔္ ျပန္ထိုင္ေန..."
"မထိုင္ဘူးဟာ...ဆူေနတာမၿပီးေတာ့ဘူး က်န႔္က်န႔္ကေလာင္၀မ္ေျပာသလိုပဲလုပ္ေနတာကို အဲ့တာကိုအျပစ္ျမင္ေနတာ "
"ေရွာင္က်န႔္ ျပန္ထိုင္ေနလို႔ေျပာတယ္ေနာ္"
"မထိုင္ဘူး ဘာျဖစ္ခ်င္လဲ!..."
ေရွာင္က်န႔္ကေဆာင့္ေအာင့္လို႔ ေလသံကအနည္းငယ္က်ယ္ကာ ေအာ္လိုက္သလိုျဖစ္သြားတယ္ သူ႔ကိုေခြးေပါက္ေလး
ေတြအမိန႔္ေပးသလိုခိုင္းေနတာ။
"ေအာ္တယ္ေပါ့....ငါ့ကိုေအာ္ရဲတယ္ေပါ့"
"ဟုတ္တယ္ ဘာျဖစ္လဲ! ဟက္!....အိမ္ေထာင္ဦးစီးဆိုၿပီးေတာ့
က်န႔္က်န႔္ကေၾကာက္မယ္မထင္နဲ႔ ဟြန႔္!..."
"ေရွာင္က်န႔္!"
"အခု က်န႔္က်န႔္ကိုေအာ္တယ္ေပါ့ေလ....!!"
"ဟုတ္တယ္"
"ေလာင္၀မ္က က်န႔္က်န႔္ကိုေအာ္ဖို႔နဲ႔ အျပစ္ေျပာဖို႔ပဲသိတာလား"
"မေျပာလို႔မရဘူးေလ မင္းကအၿမဲတမ္းလိုလိုေမႊေနတာကို"
"အဲ့တာက်န႔္က်န႔္ေမႊတာမွမဟုတ္တာ သူ႔ဘာသာသူျဖစ္လာတဲ့အရာေတြပဲေလ"
"...."
"ေလာင္၀မ္က....က်န႔္က်န႔္ကို စစ္သူႀကီးကေတာ္အျဖစ္
ပုံစံသြင္းခ်င္တာမွတ္လား ေကာင္းၿပီ....ျဖစ္ေပးမယ္"
"မဟုတ္..."
လက္ကိုအၾကမ္းပတမ္းလႊတ္ခ်လို႔ ေရွာင္က်န႔္ကထြက္သြားတယ္ အရာအားလုံးကိုသူပဲေျပာေနေတာ့တာ ဆူတယ္လို႔ေျပာရေအာင္လဲ ေအာ္ေျပာေနတာမွမဟုတ္တာ စကားေအးေအး
ေလးနဲ႔ နား၀င္သြင္းေနတာပဲရွိတာကို မေန႔ကလည္းဘယ္သူမွားတယ္ဆိုတာ အိမ္ေတာ္တစ္ခုလုံးသိတယ္ သူပဲမသိတာ။
ဖေအ ဆူေနတာကို ေၾကာင္နဲ႔ေဆာ့ၿပီးဂ႐ုမစိုက္တာမို႔လို႔
ဘိုးဘြားခန္းထဲမွာဒူးေထာက္အျပစ္ေပးၿပီးသြားၿပီ ေန႔လည္ဘက္မွာ အရက္ရွိန္ေၾကာင့္ ေခါင္းကိုက္ေနတာမ်ိဳးျဖစ္မွာစိုးလို႔ မနက္ထဲကေနဆန္ျပဳတ္ကို မ်ိဳးစုံလုပ္တိုက္တယ္ အဲ့ဒါကိုစိတ္ဆိုးၿပီးမစား ။
_____________________
(2.4.2024)
#Su🐼