ရှောင်ပုန်းဖို့မကြိုးစားနဲ့ ⧼...

By AvocadojuiceO_2

66.1K 7.2K 498

Start date _ 15/3/2023 End date - I don't own this novel and cover art. Just a fan translation. All credit t... More

Synopsis
1
1 Zawgyi
2
2 Zawgyi
3
3 Zawgyi
4
4 Zawgyi
5
5 Zawgyi
6
6 Zawgyi
7
7 Zawgyi
8
8 Zawgyi
9
9 Zawgyi
10
10 Zawgyi
11
11 Zawgyi
12
12 Zawgyi
13
13 Zawgyi
14
15
16
17
18
Story Glory
20
21
22
23

19

1K 186 20
By AvocadojuiceO_2

Chapter 19: မင်းအနားပဲကပ်နေမှာ

•••••••


သူတို့ရဲ့အထက်တန်းကျောင်းဝန်းထဲသို့ ယဲ့ယောင်အနောက်မှ လုရွှမ်းလိုက်ဝင်ကာလာ ဘေးဘီကြည့်၍ သက်ပြင်းချနေတော့သည်။

"မင်းမှတ်မိသေးလား ကျောင်းဌာနမှူးက စုံတွဲငယ်လေးတွေကိုဖမ်းဖို့ ဒီကိုခဏခဏလာတတ်တာကိုလေ? အဲ့မြင်ကွင်းတွေက တော်တော်စိတ်လှုပ်ရှားစရာကောင်းခဲ့တာ။" လုရွှမ်းက အတိတ်ကိုပြန်အောက်မေ့ကာ "မင်းနဲ့ငါက ဘေးမှာရပ်ပြီး ပျော်စရာလေးတွေကြည့်နေပေမဲ့ သူကငါတို့ကိုတော့ ဘယ်လိုမှမဖမ်းနိုင်ဘူးလေ"

ယဲ့ယောင်တို့အထက်တန်းကျောင်းမှာ တောအုပ်လေးလိုမျိုး ချောင်ကျပြီးလူသူကင်းတဲ့သီးသန့်နေရာမျိုးတော့မရှိပေ။ သို့ပေမဲ့ ထိုနေရာ၌ အလုပ်မလုပ်တော့တဲ့ရေပန်းကန်နဲ့ တစ်နှစ်ပတ်လုံး မီးတွေမဖွင့်ထားတာကြောင့် ကျောင်းမှာအဆောင်နေတဲ့စုံတွဲတွေက ညဘက်တွင်ထိုနေရာ၌ ချိန်းတွေ့ရတာကိုသဘောကျကြလေတယ်။

ထိုနေရာလေးက အေးမြတာကြောင့် ညဘက်ကိုယ်ပိုင်စာကြည့်ချိန်ပြီး၍ အဆောင်ကိုမပြန်လာခင် ယဲ့ယောင်သည်လည်း လုရွှမ်းနှင့်အတူထိုနေရာ၌ လျှောက်ကြည့်တတ်သည်။ လမ်းတစ်လျှောက်တွင်လည်း ကျောင်းဌာနမှူးက ကျောင်းသားတွေကို လိုက်ဖမ်းနေတာ ကြိမ်ဖန်များစွာမြင်တွေ့ခဲ့ဖူးသည်။

"တကယ်တော့ သူ ငါတို့ကိုလည်းသံသယဖြစ်လောက်တယ်" ယဲ့ယောင်ပြုံးလိုက်သည်။ "ထူးဆန်းတယ်၊ ငါတို့ကို သူဘယ်လိုတွေးခဲ့မလဲမသိဘူး"

"အမှန်ပဲ မိန်းကလေးနှစ်ယောက် အချင်းချင်းဖက်နေတာ၊ လက်ချင်းတွဲနေတာဆို  ဘယ်တော့မှသံသယမဝင်ဘူး! ဒါပေမဲ့ငါတို့ကျ သင်္ကာမကင်းဖြစ်တယ်။ ခွဲခြားခွဲခြားနဲ့!" လုရွှမ်းရဲ့မျက်နှာက သူမတရားခံနေရကြောင်း ဖော်ပြနေတယ်။

ကျောင်းဂိတ်တံခါးက မပိတ်ထားဘူး။ ဆယ်ကျော်သက်လေးတချို့က ကျောင်းရဲ့ဘတ်စကတ်ဘောကွင်းတွင် ကစားရန်ကျော်ဝင်သွားကြတယ်။ ခပ်လှမ်းလှမ်းရှိအားကစားကွင်းမှ ရွှင်လန်းတက်ကြွသောလေထုက ယဲ့ယောင်ရဲ့နားအတွင်းသို့  ခပ်ယဲ့ယဲ့ဝင်ရောက်လာသည်။

တစ်ယောက်ယောက်က ဆောင်းရာသီအားလပ်ရက်ကို အခွင့်ကာင်းယူကာ သစ်ပင်ကြီးတစ်ပင်၌ ခိုင်ခံ့သောဒန်းတစ်ခုကို လာချည်ထားသည်ကိုသူတို့တွေ့လိုက်ရသည်။ ထိုဒန်းက လူတစ်ယောက်စာအတွက်တော့ လုံလုံလောက်လောက်ကျယ်ဝန်းသည်။

ယဲ့ယောင် ဒန်းကိုကြည့်လိုက်ပြီးနောက် လုရွှမ်းကိုကြည့်လိုက်တယ်။

"လမ်းလျှောက်ရတာ မောလား?" လုရွှမ်းက ယဲ့ယောင်ရဲ့အမူအရာကို  ဖတ်ရာတွင်ကောင်းစွာကျွမ်းကျင်သည်။ "ထိုင်လိုက်၊ ငါမမောဘူး။ မင်းကိုအနောက်ကနေ တွန်းပေးမယ်"

"ဒါကငါတစ်ယောက်တည်းပဲ ထိုင်လို့ရမှာ။" ယဲ့ယောင်က ညင်ညင်သာသာပြောသည်။ "ထားလိုက်တော့၊ အတူတူထိုင်လို့ရမယ့်တခြားနေရာ သွားရှာရအောင်"

"တခြားနေရာတွေက ဘယ်သူမှသန့်ရှင်းရေးမလုပ်ထားဘူး။ အကုန်ညစ်ပတ်နေတာ။ ဒီနေရာပဲ သန့်ရှင်းတာ" လုရွှမ်းရဲ့မျက်နှာပေါ်၌ ကျီစယ်နေသောအပြုံးတစ်ပွင့် ဖြစ်ပေါ်လာသည်။ "တကယ်တော့ ဒီဒန်းပေါ်မှာ လူနှစ်ယောက်အတူထိုင်ဖို့ မဖြစ်နိုင်တာတော့မဟုတ်ဘူး။ အတန်းဖော်ယဲ့ရဲ့ဆန္ဒရှိမရှိအပေါ်ပဲ မူတည်တယ်" 

လုရွှမ်းက ထိုသို့ပြောပြီးသည်နှင့် ဒန်းပေါ်အရင်ဆုံးထိုင်ဖို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။ ပြီးနောက်သူ့ပေါင်ကိုပုတ်ကာ ယဲ့ယောင်ကိုဖိတ်ခေါ်လိုက်သည်။ "လာလေ၊ အတန်းဖော်ယဲ့ ဒီဗွီအိုင်ပီထိုင်ခုံက ပျော့ပျောင်းပြီးသက်တောင့်သက်သာရှိတယ်နော်။ အပူချိန်36ဒီဂရီကို အဆက်မပြတ်ထုတ်ပေးနိုင်တဲ့အဆင့်တစ်ခုနဲ့ ဆောင်းရာသီမှာအအေးမမိစေပဲ မင်းကိုနွေးထွေးနေစေမှာ!"

လုရွှမ်းဆိုတာ ပေါက်ကရစကားတွေပြောတဲ့နေရာမှာ ဆရာတစ်ဆူပဲ။ ယဲ့ယောင်ရဲ့ထိုင်စရာနေရာကို သူလုယူလိုခြင်းမရှိပါဘူး။ ယဲ့ယောင်ကိုစနောက်တဲ့အခါတိုင်း အရင်ကကြုံတွေ့ရတဲ့အတွေ့အကြုံတွေအရ တစ်ဖက်လူကသူ့ရဲ့ပေါက်ကရတွေကို ကြားပြီးတာနဲ့သူ့ကိုထိုးရိုက်တတ်တယ်။ ပြီးရင်တော့သူကအဲ့အချိန်မှာ ထွက်ပြေးကာယဲ့ယောင်အတွက် နေရာကို လက်လွှတ်ပေးလိုက်ရသလို ဟန်ဆောင်လိုက်မှာပင်။

"ကောင်းပြီလေ" ယဲ့ယောင်ကပြောသည်။

"ယဲ့ကောကောက တကယ်ကိုအရမ်းကောင်းတာပဲ၊ လုတိတိလေးက  လက်အောက်ငယ်သားလုပ်ဖို့ဆန္ဒရှိ ── မင်းဘာပြောလိုက်တာ?" လုရွှမ်းရဲ့စကားက အလယ်မှာပဲရပ်တန့်သွားခဲ့တယ်။

ယဲ့ယောင် ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက် ဗွီအိုင်ပီထိုင်ခုံပေါ် တိုက်ရိုက်ပဲထိုင်ချလိုက်တယ်။

လုရွှမ်း ကြက်သေ သေသွားခဲ့တယ်။

ယဲ့ယောင်က သူ့ပေါင်ပေါ်မှာ ထိုင်လိုက်တယ်။

ယဲ့ယောင်က သူ့ပေါင်ပေါ်မှာ တကယ်ကြီးထိုင်နေတယ်ဟ!

တစ်ခဏတာ မှင်သေပြီးနောက် လုရွှမ်းအနည်းငယ်ပျာယာခတ်သလို ရုတ်တရတ်ခံစားလိုက်ရသည်။ နောက်ဆုံးမှာတော့ သူလက်ဆန့်ထုတ်ကာ ယဲ့ယောင်ရဲ့ခါးလေးကိုရစ်ပတ်လိုက်ပြီး ယဲ့ယောင်ကိုတင်းကြပ်စွာဖက်ထားလိုက်တော့သည်။

ယဲ့ယောင်သည်လည်း ၁.၈မီတာရှိသော အရွယ်ရောက်ပြီးသူတစ်ဦးဖြစ်၍ သူမည်မျှပင်ပေါ့ပါးပါစေ ထိုင်ချလိုက်တာကတော့ သိပ်ပြီးပေါ့ပါးမှာမဟုတ်။ သို့သော်ငြားလည်း လုရွှမ်းမှာသူ့ကို ဆောင်းလေနှင့်အတူအဝေးလွင့်ပါသွားမှာစိုးသည့်အတိုင်း သူ့အားတင်းတင်းကြပ်ကြပ်ကို ပွေ့ဖက်ထားလေ၏။

"နွေးလည်း မနွေးဘူး၊ အဆက်မပြတ်ထုတ်ပေးနေတဲ့ အပူချိန်လည်းမခံစားရဘူး" ယဲ့ယောင်ကအပြစ်တင် ဝေဖန်လိုက်တယ်။ "မင်းက အတုအယောင်တွေကို ကြော်ငြာနေတာပဲ"

လုရွှမ်းရဲ့အသံက အနည်းငယ်တင်းကြပ်သွားပြီး " ဘယ်လိုလုပ်အတုအယောင်ကြော်ငြာဖြစ်ရမှာလဲ၊ ပက်ကေ့ခ်ျကို ဖွင့်တောင်မဖွင့်ရသေးပဲနဲ့၊ အတွင်းခံဘောင်းဘီ၄စုံကိုဖြတ်ပြီး မင်းအပူချိန်ကိုဘယ်လိုလုပ်ခံစားရမှာလဲ။ ငါတို့အိမ်ကိုပြန်တဲ့အခါမှ ပက်ကေ့ခ်ျကိုဖွင့်ပြီး အပူချိန်၃၆ဒီဂရီကိုခံစားကြည့်"

(T/N: ဘောင်းဘီလေးစုံဆိုတာကလေ ဆောင်းရာသီမှာဆို အအေးဒဏ်ခံနိုင်အောင်လို့  သူတို့ကpantsအောက်မှာ နောက်ထပ်တစ်ထည်ထပ်ဝတ်ထားတတ်ကြတယ်တဲ့)

ယဲ့ယောင်က နှာခေါင်းရှုံ့လိုက်ကာ "အရှက်မရှိလိုက်တာ"

လုရွှမ်း သူ့ခြေထောက်တွေကို မြေပြင်၌ထောက်ကန်ကာတွန်းလိုက်ပြီး ဒန်းကစတင်၍ လွှဲယမ်းလာတော့သည်။

ဒန်းရဲ့အရှိန်က တဖြည်းဖြည်းတိုးလာသည်နှင့်အမျှ အရွေ့ဂုဏ်သတ္တိကလည်း တဖြည်းဖြည်းတိုးပွားလာသည်။ ဒန်းကလွှဲယမ်းနေသဖြင့် ယဲ့ယောင်လုရွှမ်းအပေါ် ဖြည်းညင်းစွာမှီချလိုက်သည်။

အခုလေးတင် အရှက်မဲ့တဲ့စကားလုံးတွေကို အရှက်မရှိပြောနေဆဲဖြစ်တဲ့ လုရွှမ်းမှာ ထိုအခိုက်အတန့်၌ စကားပြောနိုင်တဲ့စွမ်းရည်ပျောက်ဆုံးသွားသကဲ့သို့  ဆွံ့အသွားသည်။

ထူထဲသောဆောင်းရာသီအဝတ်အစားများဖြင့် အလွှာများစွာရှင်းရှင်းလင်းလင်းကွာခြားနေသော်လည်း လုရွှမ်းမှာ သူ့လက်မောင်းတွေထဲရှိ လူသားလေးထံမှ အနွေးဓာတ်နှင့်မွှေးရနံ့လေးများကို ထူးထူးဆန်းဆန်းခံစားလိုက်ရပြီး နွေးထွေးနေမှုက သူ့ကိုပူလောင်လာစေသည်။

"မင်းဒန်းလွှဲနေတာကလည်း  နှေးလိုက်တာ၊ အားထည့်ပြီးလွှဲပါကွ။ အစားမစားရသေးလို့လား?" ယဲ့ယောင် ထပ်ပြောလိုက်တယ်။

ဒီလိုမျိုးရန်စမှုမျိုးနှင့် ထေ့ငေါ့သည့်စကားလုံးများသာ အခြားတစ်ယောက်၏ပါးစပ်မှထွက်လာလျှင် လုရွှမ်းအဲ့လူကို နောက်သုံးနှစ်လောက်ထိသူ့ကိုမြင်တာနဲ့ ရှောင်ကွင်းသွားအောင် ဆော်ပလော်တီးပေးလောက်ပြီ။ ဒါပေမဲ့ ဒါကိုယဲ့ယောင်ပြောတာဆိုရင်တော့ ဒါကလုံးဝကိုမတူတဲ့ အခြေအနေတစ်ခုဖြစ်သွားပြီ။

ယဲ့ယောင်ကသူ့ကို အလွန်တရာမှရင်းနှီးသောလေသံလေးနှင့် ပြောခဲ့တာလေ။

လုရွှမ်းရဲ့နှုတ်ခမ်းထောင့်လေးတွေက မြင့်တက်သွားခဲ့ပြီး စစ်မှန်သောအပြုံးလေးတစ်ပွင့်ဖော်ပြလာတယ်။ "အိုကေ  မင်းဘယ်လောက်ထိ မြန်ချင်လဲပြောလိုက် ဖြည့်ဆည်းပေးမယ်"

* * * * *

လှည့်ပတ်လျှောက်ဆော့ပြီးနောက် ယဲ့ယောင်နဲ့လုရွှမ်းမှာ အိမ်သို့ကျေနပ်စွာပဲပြန်လာခဲ့သည်။

ယဲ့ယောင်မှာ သူ၏စိုးရိမ်ပူပန်မှုအားလုံးကို လွှတ်ထုတ်လိုက်ပြီး ကောင်းမွန်သည့်အချိန်ကောင်းလေးတစ်ခုရခဲ့သည်။

တကယ်တမ်းတော့ သူ့ရဲ့စိုးရိမ်မှုတွေနှင့် အတွေးလွန်နေတာတွေကို ဘေးချိတ်ထားလိုက်ပြီးမှပဲ သူလုပ်ချင်တာတွေကို လုပ်နိုင်လာတယ်! သူ့ရဲ့ခံစားချက်တွေကြားထဲ နစ်မြှုပ်သထက်နစ်မြှုပ်သွားမှာကို သူပူပန်နေဖို့မလိုတော့ပေ။ အဘယ်ကြောင့်ဆိုသော် ဒီလကုန်ဆုံးသွားပြီးရင် သူထွက်ပြေးနိုင်တော့မှာဖြစ်သောကြောင့်! အေးချမ်းမှုတစ်ခုပင်။

အပျော်ကြီးပျော်နေသည့်ယဲ့ယောင်မှာ ရေချိုးနေစဥ် လုရွှမ်းမှာ အိပ်ခန်းထဲ၌၎င်းတို့နှစ်ယောက်အတွက် အိပ်ရာခင်းနေပြီး ယဲ့ယောင်ရဲ့အခန်းကိုစစ်ဆေးနေသည်။

သူ့ပစ္စည်းတွေကို ဘယ်နားမှာများသိမ်းထားတာလဲ? ဘာလို့နေရာက အရမ်းရှင်းလင်းနေရတာလဲ?

လုရွှမ်း သူ့ကုတ်အင်္ကျီကိုချွတ်လိုက်ပြီး ယဲ့ယောင်အမြဲတမ်းထိုင်တတ်သောထိုင်ခုံပေါ်၌ တင်လိုက်တယ်။ ပြီးနောက် ကုတင်ပေါ်ခေါင်းအုံးနှစ်လုံးနေရာချကာ နည်းနည်းလောက်ကျေနပ်မသွားခင်အထိ ထိုခေါင်းအုံးနှစ်လုံးကို အချင်းချင်းမှီထောက်လိုက်သေးသည်။

အိပ်ရာခင်းပြီးတဲ့နောက် လုရွှမ်းရဲ့အကြည့်တွေက ကုတင်ဘေးရှိစားပွဲပေါ်ရောက်ရှိသွားကာ မျက်မှောင်ထပ်ကြုတ်လိုက်သည်။

သူ့ရဲ့တခြားပစ္စည်းတွေအတွက်တော့ ကိစ္စမရှိပေမဲ့ ယဲ့ယောင်က သူတို့နှစ်ယောက်ရဲ့ဓာတ်ပုံကို ဘယ်လိုလုပ်သိမ်းသွားရတာလဲ? သူမအိပ်ခင် အဲ့ဓာတ်ပုံကို အကြိမ်ပေါင်းများစွာကြည့်ပြီးမှ အိပ်တတ်တာလေ!

သေချာပေါက်ကို ဒါက အထက်တန်းကျောင်းတက်တုန်းက ပြဿနာတစ်ခုပင်ဖြစ်ခဲ့သည်။ နောက်ပိုင်း သူတက္ကသိုလ်တက်တော့ အိပ်ပျော်ဖို့ ယဲ့ယောင်ကိုတွယ်ဖက်ထားရန် သင်ယူခဲ့တာကြောင့် ထိုအုပ်စုဓာတ်ပုံကိုကြည့်ရန် မလိုအပ်တော့ပေ။

ဒါပေမဲ့ အဲ့ဓာတ်ပုံက အရေးကြီးနေဆဲပဲလေ၊ သူနဲ့ယဲ့ယောင်ရဲ့ပုံဖြစ်ပြီး အဝေးမှာ ဘယ်လိုလုပ်ထားထားရမှာလဲ?

ယဲ့ယောင်ရေချိုးပြီးထွက်လာသည့်အခါ ကုတင်ခေါင်းရင်း၌  ဆောင့်ကြောင့်ကြီးထိုင်နေသော လုရွှမ်းကိုတွေ့လိုက်ရသည်။ အနောက်ကနေကြည့်လျှင် သူပုံစံက လမ်းပျောက်နေသော ခွေးကြီးတစ်ကောင်လိုပင်။

"မင်းအဲ့မှာ ဘာထိုင်လုပ်နေတာလဲ?" ယဲ့ယောင်က သိချင်စွာမေးလိုက်သည်။

လုရွှမ်းခေါင်းလှည့်လာကာ ပုံစံက မခံချိမခံသာဖြစ်လျက် "ငါမှတ်မိတာသာ  အမှန်ဆိုရင် ဒီနေရာမှာ တစ်ခုခုရှိသင့်တာလေ"

"ဒါဆို မင်းမှတ်မိတာ မှားနေတာပဲ" ယဲ့ယောင်ကပြောသည်။

"......" လုရွှမ်း ရူးချင်ယောင်ဆောင်မနေတော့။ "မင်းဘာလို့  ဓာတ်ပုံကိုဖြုတ်ထားတာလဲ? အဲ့ဒါက ငါတို့ငယ်ရွယ်မှုတွေရဲ့ ပုံဆောင်ခဲလေးလေကွာ"

ဓာတ်ပုံကိုထုတ်လိုက်ပြီးကတည်းက ထိုမေးခွန်းအတွက် ယဲ့ယောင်ကကြိုတင်ပြင်ဆင်ထားပြီးသားပင်။ ထို့နောက်ဖြည်းညင်းစွာပြန်ပြောလိုက်တယ်။ "အရမ်းရုပ်ဆိုးတယ်လို့ထင်လိုက်လို့၊ ငါမကြိုက်ဘူး"

ယဲ့ယောင်က ဘာကိုရုပ်ဆိုးတယ်လို့ ပြောနေမှန်း လုရွှမ်းနားမလည်။ ဘယ်အချိန်အခါပဲဖြစ်ဖြစ် ယဲ့ယောင်ကအလွန်ကြည့်ကောင်းမှန်း ထင်သာနေသော်လည်း ယဲ့ယောင်ကဒီလိုပြောလာပြီဆိုမှတော့ သူလည်းဘာမှမတတ်နိုင်တော့ပေ။

"ဒါဆိုလည်း နောက်အသစ်တစ်ခုရိုက်ကြမလား?"လုရွှမ်းမေးလိုက်တယ်။

ယဲ့ယောင် ခဏလောက်စဥ်းစားပြီးနောက် ခေါင်းညိတ်လိုက်သည်။ "ကောင်းပြီလေ အမှတ်တရအဖြစ်သိမ်းထားကြတာပေါ့၊ မင်း အရင်ရေသွားချိုးဦး။ မင်းရေချိုးပြီးရင် ဓာတ်ပုံရိုက်ကြမယ်"

လုရွှမ်းအလျင်အမြန်ပဲ ရေချိုးခန်းထဲပြေးဝင်သွားပြီး ရေချိုးနေစဥ် နောက်ရိုက်မယ့်ဓာတ်ပုံအတွက် သူ၏အပြုံးနှင့်အကြည့်ကို လေ့ကျင့်နေလိုက်သည်။

ဒါက သူတို့အရင်ကရိုက်ခဲ့တဲ့ သာမန်ကျပန်း အုပ်စုဓာတ်ပုံမဟုတ်ဘူး။  ဒါကအိပ်ခန်းထဲမှာရိုက်မယ့်ဓာတ်ပုံပင်။ ညအိပ်ဝတ်စုံဝတ်ထားမယ့် သူနဲ့ယဲ့ယောင်ရဲ့ဓာတ်ပုံက သာမန်ထက်ထူးခြားနေမယ့်အဓိပ္ပါယ်ပင်!

သူတို့အတူတူ ဓာတ်ပုံတွေအများကြီးရိုက်ခဲ့ဖူးသည်။ ဒါပေမဲ့ အများစုက ဘေးချင်းကပ် လမ်းလျှောက်နေတာဟုတ်ရင်ဟုတ် မဟုတ်ရင် လုရွှမ်းရဲ့လက်မောင်းတွေက ယဲ့ယောင်ရဲ့ပုခုံးတစ်ဝိုက်မှာရှိနေသည့်ပုံတွေပင်။ ပြီးတော့ ခြွင်းချက်မရှိ ထိုပုံတွေအားလုံးက အပြင်မှာရိုက်ခဲ့တာတွေဖြစ်သည်။

အခုချိန်ဓာတ်ပုံရိုက်မယ့်နေရာက ဘာကိုဆိုလိုတာလဲ သိလား? သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးက ပိုနီးစပ်လာတယ်ဆိုတာကို ပြသလိုက်တာ။ အဲ့ဒါကြောင့်ပဲ ဒီနေ့လည်ခင်းမှာ ယဲ့ယောင်ကသူ့ပေါင်ပေါ်ထိုင်ပြီး ဒန်းအတူစီးခဲ့တာပေါ့။

အရင်တုန်းက လုရွှမ်းမှာ ဓာတ်ပုံရိုက်ခြင်းကဲ့သို့သော အရာများအပေါ် လုံးဝအာရုံစိုက်ခဲ့တာမဟုတ်ဘူး။ ဒါပေမဲ့အခုတော့ ယဲ့ယောင်နဲ့ဓာတ်ပုံအတူရိုက်ဖို့ ခဏတာကိုယ်ဟန်အလှပြဖို့အရေး သူ့မှာအခက်တွေ့နေရသည်။ သူလက်တစ်ဖက်နဲ့ ရေပန်းကိုရိုးရှင်းစွာပဲကိုင်ထားလိုက်ပြီး ကျန်တစ်ဖက်က ဖုန်းကိုပွတ်ဆွဲလိုက်သည်။

သူငယ်ချင်းအချင်းချင်း ဓာတ်ပုံရိုက်ရင် ဘယ်လိုပို့စ်ပေးရမလဲကို သူရှာလိုက်တယ်။ အချက်အလက်ကြီးကြီးမားမားရှာဖွေမှုတွင် သူသည်ယောက်ျားလေးအဖြစ် ခွဲခြားရှာဖွေတာကြောင့်ဖြစ်လောက်သည် ပထမဆုံးပေါ်လာသည့်ပုံတွေမှာ ယောက်ျားလေးသူငယ်ချင်းတွေကြားက အုပ်စုလိုက်ဓာတ်ပုံတွေဖြစ်သည်။ ဒီအုပ်စုလိုက်ဓာတ်ပုံတွေရဲ့ အလွန်ပင်ရိုးရှင်းစွာ ဖော်ပြထားတာတွေက ╶── မင်းလည်းလန်း၊ ငါလည်းလန်း၊ အတူတူလန်း၊ ငါတို့က ရှိန်လောက်တဲ့အရှိန်အဝါတွေနဲ့ ကမ္ဘာကြီးဆီရောက်လာတဲ့ ဘုရင်နှစ်ပါးဟူ၍။

"စောက်ပေါတွေ၊ ဘယ်သူက ဒီလိုပုံတွေရိုက်ချင်မှာလဲဟ?" လုရွှမ်းအသံနိမ့်နိမ့်နဲ့ ကြိမ်းမောင်းလိုက်သည်။ ပြီးနောက် ထပ်ရှာလိုက်တယ်။ 【အချစ်ဆုံးသူငယ်ချင်းနဲ့ ဘယ်လိုဓာတ်ပုံရိုက်ရမလဲ】

ဒီတစ်ကြိမ် ရှာဖွေမှုရလဒ်က ပြောင်းလဲသွားခဲ့သည်။ အရင်တစ်ခေါက်က မိမိုက်ပြီးခံ့ညားအောင် အတင်းလုပ်ယူထားတဲ့ ပုံတွေနဲ့ယှဥ်ရင် ယခုပုံတွေက လူနှစ်ယောက်ကြားက  အပြန်အလှန်ဆက်ဆံမှုကို အလေးပေးထားသည်။ ဥပမာအနေနဲ့ အချင်းချင်း လက်သီးချင်းတိုက်နေတာ၊ လက်တွဲတာ၊ လက်ကောက်ဝတ်ကိုဆုပ်ကိုင်ထားတာ ဒါမှမဟုတ် အားကစားကွင်း၌ အချင်းချင်းတိုက်ခိုက်သည့်ပုံရိုက်များကို အမိအရရိုက်ကူးထားတာမျိုးပင်။

လုရွှမ်း မျက်မှောင်ကြုတ်လိုက်တယ်။ ဒီဓာတ်ပုံများသည် တစ်စုံတရာလွဲမှားနေကြောင်း သူခံစားရသည်။ သူမျှော်လင့်ထားသလိုမဟုတ်ကြောင်း မတွေးပဲမနေနိုင်ချေ။

ဒီထက်ပိုကောင်းတာကို သူလိုအပ်နေတာ၊ သူငယ်ချင်းနှစ်ယောက်ကြားက ပိုပြီးရင်းနှီးတာမျိုး ရိုက်နိုင်တာကိုလိုချင်တာ။ ယဲ့ယောင်နဲ့ သာမန်သူငယ်ချင်းတွေလိုပုံစံမျိုးကိုတော့ သူမရိုက်ချင်ဘူး။

သင့်တော်သည့်ပုံတစ်ပုံတောင် ရှာမတွေ့နိုင်ပဲ ရေချိုးခန်းထဲအချိန်ဖြုန်းခဲ့တာ လုံလောက်ပြီပေ။ လုရွှမ်း ရေပူကိုပိတ်လိုက်ပြီး အဝတ်တွေဝတ်ကာ  ရေချိုးခန်းထဲမှ မျက်မှောင်ကြုတ်လျက် ထွက်လာသည်။

ယဲ့ယောင်က ကုတင်တစ်ဖက်ခြမ်းတွင် နှဖူးပေါ်လက်တင်ကာ လှဲလျောင်းနေပြီး လက်တစ်ဖက်ဖြင့် သူ၏မိုဘိုင်းဖုန်းကိုကစားနေတယ်။ သူသည်မျက်လုံးကိုပင့်ကာ ရေချိုးခန်းထဲမှထွက်လာသည့် လုရွှမ်းကိုကြည့်လိုက်ပြီး လက်ပြလိုက်သည်။

လုရွှမ်း ယဲ့ယောင်ဆီလျှောက်သွားလိုက်တယ်။ အလျင်စလိုထွက်လာတာကြောင့် သူ့ရဲ့ညဝတ်အင်္ကျီအောက်နားစက ဘောင်းဘီထဲထိုးသိပ်ဝင်နေ၍  ယဲ့ယောင်လက်ဆန့်ထုတ်လိုက်ပြီး လုရွှမ်းရဲ့အင်္ကျီကိုဆွဲထုတ်ပေးလိုက်သည်။

သူ့ရဲ့လှုပ်ရှားမှုတွေက အေးအေးဆေးဆေးနှင့် ဖြည်းဖြည်းချင်းပင်၊ သွယ်လျတဲ့လက်ချောင်းဖြူဖွေးဖွေးလေးတွေက ပါးလွှာသည့်ညအိပ်အင်္ကျီအလွှာကိုဖြတ်ကာ လုရွှမ်းရဲ့ဝမ်းဗိုက်ကြွက်သားတွေအပေါ် ဖြတ်သန်းသွားသည်။

"မင်းဘာလို့ ဒီလောက်အလျင်လိုနေရတာလဲ?" ယဲ့ယောင်လုရွှမ်းကိုမော့ကြည့်၍ သူ့ရဲ့အနီဖျော့ဖျော့နှုတ်ခမ်းလေးတွေက ယောင်ယောင်လေးပြုံးနေကာ "ငါထွက်ပြေးမှာစိုးလို့လား?"

လုရွှမ်း သက်ပြင်းရှိုက်လိုက်တယ်။ ယဲ့ယောင်ရဲ့လက်ချောင်းလေးတွေ သူ့ရဲ့ဝမ်းဗိုက်ကြွက်သားတွေပေါ် ဖြတ်သန်းသွားသည့်အခိုက် သူ့ရဲ့သွေးဆဲလ်တွေမှာ တလိတ်လိတ်နှင့်ပြင်းပြင်းထန်ထန် အုံကြွလာခဲ့၏။

အသက်၂၀အရွယ် လူငယ်တစ်ယောက်အနေနဲ့ လမ်းလျှောက်ရင်တောင် တုံ့ပြန်မှုဆိုတာဖြစ်ပေါ်တတ်သည်။ ယဲ့ယောင်မှာ  မအံ့ဩသွားချေ။  "မင်းကိုယ့်ကိုယ်ကို ဖြေရှင်းခဲ့တာဘယ်လောက်ကြာသွားပြီလဲ? ရေချိုးခန်းထဲမှာ နာရီဝက်တောင်ရှိနေခဲ့တာမလား၊ အဲ့ဒါကိုဘယ်လိုလုပ် မဖြေရှင်းလာခဲ့တာလဲ?" 

"ဟင့်အင်း၊ မလုပ်လာခဲ့ဘူး။ အချိန်ကုန်လို့" လုရွှမ်းကမျက်မှောင်ကြုတ်ကာ ငြင်းပယ်သည်။ "ငါက  မင်းနဲ့ဓာတ်ပုံအသစ်ပဲ ရိုက်ချင်နေခဲ့တာ"

ယဲ့ယောင်နဲ့ကုန်ဆုံးရမည့်အချိန်များကို နာရီဝက်လောက် အလဟဿဖြုန်းတီးလိုက်တာကြောင့် သူ့မှာမပျော်နိုင်မရွှင်နိုင်ဖြစ်နေခဲ့၏။

ကုတင်ရဲ့တစ်ဖက်ခြမ်းကို လုရွှမ်းသွားလိုက်ကာ ကုတင်ပေါ်တက်၊ စောင်အောက်ထဲဝင်ကာ ယဲ့ယောင်ကိုမှီချလိုက်သည်။

သူက အအေးဒဏ်မကြောက်ပါဘူး။ ပြီးတော့ ဆောင်းရာသီမှာ သူ့ခန္ဓာကိုယ်အပူချိန်က အမြဲတမ်းမြင့်လေသည်။ ဒါကြောင့် သူအိပ်ရာထဲဝင်လိုက်တာနဲ့ ယဲ့ယောင်ရဲ့ခြေဖဝါးလေးတွေကို အလိုအလျောက်ပင်တွေ့ရကာ သူ့ကိုယ်ပိုင်အနွေးဓာတ်နှင့် ယဲ့ယောင်ရဲ့ခြေဖဝါးကို ဆက်၍နွေးအောင်လုပ်ပေးမည်ပင်။

"ငါတို့ဘယ်လိုပုံစံရိုက်မလဲ မင်းတွေးပြီးပြီလား?" ယဲ့ယောင်မေးလိုက်သည်။

"ဟင့်အင်း" လုရွှမ်းသူ့ဖုန်းကို လော့ခ်ဖြည်လိုက်ကာ ရှာဖွေမှုမှတ်တမ်းအား ယဲ့ယောင်ကိုပြလိုက်သည်။ "သူတို့က ပုံကောင်းကောင်းလေးတောင် မရိုက်နိုင်ဘူး။ သူတို့ရဲ့ပို့စ်တွေက တကယ့်ကိုအဆင်မပြေဘူး"

"ငါတခြားအက်ပ်တွေမှာလည်း ရှာထားတယ်၊ မင်းကြိုက်မလားလို့ တစ်ချက်ကြည့်လိုက်" ယဲ့ယောင်က သူ့ဖုန်းကို လုရွှမ်းရှေ့ထားလိုက်သည်။

လုရွှမ်း ခေါင်းမော့ကြည့်လိုက်တယ်။

【အချစ်ဆုံးသူငယ်ချင်းနဲ့ ဓာတ်ပုံဘယ်လိုရိုက်သင့်လဲ? လာပြီး ကြည့်လိုက်ရအောင်!】

ပူးတွဲပါလာသည့်ပုံမှာ ချစ်စဖွယ်မိန်းကလေးနှစ်ယောက်၏ ဓာတ်ပုံဖြစ်ပြီး ခေါင်းချင်းခေါင်း၊ ပါးချင်းပါး ထိကပ်၍ပျော်ရွှင်စွာ ပြုံးရယ်နေသည့်ဓာတ်ပုံလေးဖြစ်သည်။

ပထမအကြည့်တစ်ချက်နဲ့တင် လုရွှမ်းထိုပို့စ်ကို အသိအမှတ်ပြုလိုက်သည်။

သူယဲ့ယောင်နဲ့ အရင်တုန်းက ...... ထိုကဲ့သို့ကိုယ်နေဟန်ထားမျိုး မလုပ်ဖူးဘူး။

ဒါကသာ သူနဲ့ယဲ့ယောင်ဆိုရင် ......

"မင်းသဘောကျလား?" ယဲ့ယောင်က နူးညံ့စွာတခစ်ခစ်ရယ်လိုက်သည်။

လုရွှမ်း အသက်ပြင်းပြင်းရှူသွင်းလိုက်တယ်။ ယဲ့ယောင်ကိုခုန်အုပ်ပြီး တင်းတင်းကြပ်ကြပ်ပွေ့ဖက်ထားချင်သည့် သူ့ရဲ့ပြင်းပြသောစိတ်ဆန္ဒတွေကို ထိန်းချုပ်နေရသည်။ ထို့နောက် ယဲ့ယောင်ရဲ့လက်ကို စမ်းတဝါးဝါးနဲ့လှမ်းဆုပ်ကိုင်ကာ အက်ကွဲနေသည့်အသံဖြင့်ပြောလာသည်။ "ယောင်ယောင် ......"

ယဲ့ယောင်ရဲ့ခေါင်းက အရှေ့တည့်တည့်လှည့်လိုက်တာကို လုရွှမ်းကြည့်နေပြီး နောက်တစ်စက္ကန့်မှာပဲ ရင်းနှီးနေသည့် ရေချိုးဆပ်ပြာဂျယ်ရနံ့ကို သူအနံ့ရလိုက်၏။

နူးညံ့ပြီးပျော့ပျောင်းအိစက်နေသော ပါးမို့လေးများက သူ၏ပါးကိုဖိကပ်လာခဲ့ကာ အကြိမ်တိုင်း သူတို့ကပွတ်သပ်နေလေတယ်။ အဲ့ဒါက လျှပ်စစ်ဗို့အားတစ်သိန်းလောက် ဖြတ်သန်းစီးဆင်းသွားသလိုပဲ။

လုရွှမ်း ဆတ်ခနဲတုန်သွားကာ သူ့ခေါင်းထဲတွင်ပေါက်ကွဲသံတစ်ခုပေါ်လာပြီး သူ့အတွေးတွေအားလုံး လွင့်ထွက်သွားတော့သည်။

•••••••
Thanks for Reading
23/3/24

Continue Reading

You'll Also Like

3.9K 457 35
If you read it,you'll know
442K 88.6K 123
Original Author - Jiang Zhi Yu(姜之鱼) Chapters - 149+7 extras English Translator - Naeda / Kk translates [Zawgyi/Unicode] Holographicကြည့်ရှူသည့်နည်းပည...
30.2K 919 51
FEATURED STORY ON @WattNeverland She shares the same green eyes, brown hair, fair skin, and accent as him. Raised by her brother, she only knows how...