စွယ်စုံကျမ်း အရှင်သခင် - A Va...

By Azure5549

54.5K 4.1K 21

စွယ်စုံကျမ်း အရှင်သခင် ( လင်းဖန် ) ဇာတ်လမ်း အကျဥ်းချုပ် ငါ လင်းဖန် ဟာ အရမ်း အစွမ်းထက်တဲ့ စွယ်စုံကျမ်းကြီး ကြ... More

မိတ်ဆက် + ရှင်းလင်းချက်
1 - 5
6 - 10
11 - 15
16 - 20
21 - 25
26 - 30
31 - 35
36 - 40
41 - 45
46 - 50
51 - 55
56 - 60
61 - 65
66 - 70
71 - 75
76 - 80
81 - 85
86 - 90
91 - 95
96 - 100
101 - 105
106 - 110
111 - 115
116 - 120
121 - 125
126 - 130
131 - 135
136 - 140
141 - 145
146 - 150
151- 155
156 - 160
161 - 165
166 - 170
171 - 175
176 - 180
181 - 185
186 - 190
191 - 195
196 - 200
201 - 205
206 - 210
211 - 215
216 - 220
221 - 225
226 - 230
231 - 235
236 - 240
241 - 245
246 - 250
251 - 255
256 - 260
261 - 265
266 - 270
271 - 275
276 - 280
281 - 285
286 - 290
291 - 295
296 - 300
301 - 305
306 - 310
311 - 315
316 - 320
321 - 325
326 - 330
331 - 335
336 - 340
341 - 345
346 - 350
351 - 355
356 - 360
361 - 365
366 - 370
371 - 375
376 - 380
381 - 385
386 - 390
391 - 395
396 - 400
401 - 405
406 - 410
411 - 415
416 - 420
421 - 425
426 - 430
431 - 435
436 - 440
441 - 445
446 - 450
451 - 455
456 - 460
461 - 465
466 - 470
471 - 475
476 - 480
481 - 485
486 - 490
491 - 495
496 - 500
501 - 505
506 - 510
511 - 515
516 - 520
521 - 525
526 - 530
531 - 535
536 - 540
541 - 545
546 - 550
551 - 555
556 - 560
561 - 565
566 - 570
571 - 575
576 - 580
581 - 585
586 - 590
591 - 595
596 - 600
601 - 605
606 - 610
611 - 615
616 - 620
621 - 625
626 - 630
631 - 635
636 - 640
641 - 645
646 - 650
651 - 655
656 - 660
661 - 665
666 - 670
671 - 675
676 - 680
681 - 685
686 - 690
691 - 695
696 - 700
701 - 705
706 - 710
711 - 715
716 - 720
721 - 725
726 - 730
731 - 735
736 - 740
741 - 745
746 - 750
751 - 755
756 - 760
761 - 765
766 - 770
771 - 775
776 - 780
781 - 785
786 - 790
791 - 795
796 - 800
801 - 805
806 - 810
811 - 815
816 - 820
821 - 825
826 - 830
831 - 835
836 - 840
841 - 845
846 - 850
851 - 855
856 - 860
861 - 865
866 - 870
871 - 875
876 - 880
886 - 890
891 - 895
896 - 900
901 - 905
906 - 910
911 - 915
916 - 920
921 - 925

881 - 885

114 8 0
By Azure5549

A Valiant Life 881
အပိုင်း ( ၈၈၁ )  အခြေအနေက နည်းနည်း
                           ရှုပ်ထွေးတယ်...

#ဘာသာပြန် = စနိုးဝှိုက်

"ချီးပဲ..အခြေအနေက..ထိန်းချုပ်ရခက်လာပြီ..."

အခြေအနေက ဒီလိုဖြစ်လာမယ်လို့ မထင်ထားခဲ့ပါဘူး...။သူ ယန်ယွန်ကို ဆေးလုံး ပေးမိခဲ့တာကနေ ဒါတွေ စတင်လာခဲ့တာပါ..။တစ်ချ်ိန်တည်းမှာပဲ..ဒါက လည်း သူတို့ တွေ့ဆုံဖို့ ကံကြမ္မာကြောင့်သာ ဖြစ်လာခဲ့တာပါ..။

ဘာပဲဖြစ်ဖြစ် အဲ့အချိန်မှာ ယန်ယွန်ရဲ့..အိမ်က သူ့အတွက် တည်းခိုဖို့ အတွက် အကောင်းဆုံး ဖြစ်ခဲ့ပါတယ်..။ယန်ယွန် ရဲ့ အစ်ကို တစ်ခုခု ဖြစ်နေတာ သိလိုက်ရတဲ့ အချိန်မှာ သူ ဘာမှ မလုပ်ပဲ မနေနိုင်ခဲ့ပါဘူး..။

သို့ပေမယ့် အခြေအနေက အခုတော့ ကွာခြားသွားပါပြီ..။

ဒီနိုင်ငံထဲမှာ သွေးကင်ဆာ ရောဂါသမားတွေ ဘယ်လောက် များ ရှိနိုင်မှာလဲ..။

သူ ဒါကို မသိသလို...သိလည်း မသိချင်ပါဘူး..။အခု သတင်းက..တက်လာပြီ ဆိုတော့ လူတွေ ဘယ်လောက်တောင်  သူ့ကို လာပြီး ရှာမလည်း ဆိုတာ မပြောနိုင်တော့ပေ..။

တကယ်လို့ သူက နတ်ဘုရားတစ်ပါး ဖြစ်နေရင်တောင် ဒီလောက် လူတွေ အများကြီးကို ကိုင်တွယ်နိုင်မှာမဟုတ်ပါဘူး..။

ဒီဆေးလုံး တွေဆိုတာက ဖော်စပ်ဖို့ အတွက် ခက်ခဲတာကြောင့်  လူတွေ အများကြီး အတွက် ပမာဏ မြောက်များစွာ ထုတ်လုပ်ပေးဖို့ ဆိုတာက မဖြစ်နိင်ပေ..။

သူ အဖြေတစ်ခုကို စဥ်းစားမှ ရတော့မှာပါ..။မဟုတ်ရင်...အခြေအနေတွေက ပိုဆိုးကုန်ပါလိမ့်မယ်..။

သူ ချက်ချင်းပဲ..ကားကို စက်နိုးလိုက်ပြီး အိမ်ကို
တည့်တည့်  ဦးတည်ပြီး မောင်းလိုက်ပါတယ်..။

နေ့လည်  ၃ နာရီ တွင်..။

တိမ်ဖြူလမ်း..။

လင်းဖန် ပေါ်လာတဲ့ အချိန်မှာတော့ ဆိုင်ပိုင်ရှင်တွေဟာ ရောက်လာခဲ့ကြပါတယ်..။

အကြီးအကဲ လိန် ပြောလိုက်တယ်..။

"သူဌေးလေး..သတင်းထဲက အရာရာတိုင်းက ..အမှန်ပဲလား..."

လင်းဖန် ခေါင်းညိမ့်ပြီး တည်ငြိမ်စွာ ပြန်ပြောလိုက်တယ်..။

"အမှန်ပဲ..."

အကြီးအကဲ လိန် သူဌေးလေးကို မယုံကြည်နိုင်စွာ ကြည့်လိုက်ပါတယ်..။

"ဒီကိစ္စကို အခု ဘယ်လို ဖြေရှင်းတော့မလဲ..။အင်တာနက်မှာတော့..လူတွေ အများကြီးက မင်းရှိတဲ့ တိမ်ဖြူလမ်းကို လာနေကြပြီလို့ ပြောနေကြတယ်..။မင်း ပုန်းကွယ်နေမယ် ဆိုရင်တောင် တစ်သက်လုံး ပုန်းကွယ်လို့ ရနိုင်မှာ မဟုတ်ဘူးလေ..."

"ကျွန်တော်က ဘာလို့ ပုန်းရမှာလဲ..။ကျွန်တော်က ဘာအမှားမှ လုပ်မထားတာ..။ဒါက အဆင်ပြေပါတယ်..ကျွန်တော် ကိုင်တွယ်လိုက်မယ်.."

လင်းဖန် ပြန်ပြောလိုက်တာပါ..။သူလုပ်ခဲ့တာတွေက နည်းနည်း ရှုပ်ထွေးတယ် ဆိုပေမယ့်.. မကောင်းတဲ့ အရာတွေ လုပ်ထားတာ မဟုတ်တဲ့ အတွက် အမြဲတမ်း ပုန်းကွယ်နေဖို့တော့ မလိုပါဘူး..။

ဒါက ဘဝရဲ့..ကံတရား အတိူင်းပါပဲ..။

သူက မိန်းကလေး ရဲ့ မျကိနှာကို ကုသပေးပြီး..ပြသနာတွေကနေ ရှောင်ရှားဖို့ ရက်အနည်းငယ်လောက် ထွက်သွားပေမယ့် နောက်ထပ် ပြသနာ တွေက ထပ်ပြီးတော့ ဖြစ်လာခဲ့ပါသေးတယ်..။

ထပ်ပြောရရင်  ပိုပြီးတော့ တောငိ ဆိူးဝါး လာခဲ့တာပါ..။

တစ်ချို့ အရာတွေ ဆိုတာက ဖြေရှင်းဖို့ မလွယ်ကူလှပါဘူး..။

လူလိမ် ထျန်ကတော့  တစ်ချိန်လုံး တံခါးဝမှာ ရပ်ပြီး စောင့်နေခဲ့တာပါ..။သူ လင်းဖန်ကို မြင်တဲ့ အချိန်မှာ..ချက်ချင်းပဲ ပြေးသွားလိုက်ပြီး စိုးရိမ်စွာ ပြောလိုက်တယိ..။

"မင်း နောကိဆုံးတော့ ပြန်လာပြီ..။မဟုတ်ရင် ကိစ္စတွေက ဖြေရှင်းလို့ ရမှာတောင် မဟုတ်တော့ဘူး.."

လင်းဖန် အကူညီမဲ့သွားခဲ့တယ်..။

"ခင်ဗျားကရော ဘာဖြစ်ပြန်ပြီလဲ..."

လူလိမ် ထျန် ပြန်ပြောလိုက်တယ်..။

"အဲဲဒီဆေးဝါး ကုမ္ပဏီ က လူတွေက အခုထိ မပြန်ကြသေးဘူးလေ..။သူတို့က မင်းပြန်လာတာကို စောင့်နေကြတာ..။သူတို့က..ငါတို့ ဆိုင်ကို နေ့တိုင်း ကို လာလာနေကြတယ်..."

လင်းဖန် ပြုံးလိုက်ပြီး..

"ဒါက ဘာများ ဆိုးရွားနေလို့လဲ..။ခင်ဗျား အင်တာနက်က သတင်းကို မဖတ်လိုက်ရဘူးလား..။ဒီထက် ဆိုးရွားတာတောင် ဖြစ်နေပြီလေ...။ကိုယ့်ကိူကိုလည်း ထိန်းချုပ်ထားပါဦး.."

"ဟင်..."

လူလိမ် ထျန် သူ့အလုပ်တွေက ရုတ်တရက် များလာသလို ခံစားရပြီး စိတ်ဖိစီးချင်သလိုတောင် ဖြစ်လာခဲ့ပါတယ်..။

သူ ဆိုင်ထဲကိုလျောက်ဝင်သွားခဲ့တယ်..။

ကျောက်ကျန်းယန်..ဝူယူလန် နဲ့ တစ်ခြားလူတွေလည်း ထွကိလာခဲ့ပါတယ်..။သူတို့ လင်းဖန် ကိုမတွေ့ရတာ ကြာပြီ ဖြစ်တာကြောင့် သတိရနေခဲ့ကြတာပါ..။

"အစ်ကိုလင်း..ဒီအခြေအနေကို ဘယ်လို ဖြေရှင်း မှာလဲ..."

ကျောက်ကျန်းယန် မေးလိုက်တာပါ..။

လင်းဖန် သက်ပြင်းချလိုက်တယ်..။ဒါက အတော်လေး ငြီးငွေ့ဖို့ ကောင်းပေမယ့်လည်း ဖြေရှင်းမှကို ဖြစ်မယ့် အရာပါ..။

"ငါလညိး အဖြေမရှိသေးဘူး..။စိတ်မပူနဲ့ ငါ တစ်ခုခုတော့ စဥ်းစားမှာပါ..။ငါ  ရှန်ဟိုင်းကို ပြန်ရောက်တာကို  မသိကြသေးတော့ ဒီနေ့တော့ အဆင်ပြေမှာပါ..။ဒါပေမဲ့...မနက်ကျရင်တော့  ဗရမ်းဗတာ ဖြစ်မှာ ကြောက်ရွံ့မိတယ်..။ငါ အိမ်ကို အရင်ပြန်ပြီး သေချာ အဖြေထုတ်မှ ဖြစ်မယ်..."

"ဒါက အကောင်းဆုံးပဲလို့ ထင်တယိ..."

ကျောက်ကျန်းယန် ပြောလိုက်တာပါ..။

ဝူယူလန် လည်း စိုးရိမ်နေခဲ့တယ်..။

"အစ်ကိုလင်း ဘာလို့ နောက်တစ်ခါ သွားပြီး ပုန်းမနေတာလဲ..."

သူမ အတွက် အကောင်းဆုံး အဖြေကတော့ လင်းဖန် နောက်တစ်ကြိမ် ထွက်ပြေးပြီး အခြေအနေ ကောသ်းမှ ပြန်လာတာပါပဲ..။

လင်းဖန် ပြန်ပြောလိုက်တယ်..။

"ပုန်းကွယ် ထွက်ပြေးဖို့ အထိ မလိူတော့ဘူး..။ဘာပဲဖြစ်ဖြစ် မဟုတ်တာ လုပ်ထားတာ မဟုတ်ဘူးလေ..။ဒါက အဆင်ပြေတယ်..။ ဘာဖြစ်မလဲ စောင့် ကြည့်ကြတာပေါ့..။ဒါက မကောင်းတဲ့ အရာတော့ မဟုတ်ဘူးလေ..."

လင်းဖန် ဆိုင်ထဲက မထွက်ခွာခင်မှာ အချိန် အနည်းငယ်လောက် ဆက်နေလိုက်ပါတယ်..။

သူ အဖြေမရမချင်း ဆိူင်မှာ အကြာကြီး မနေတာ အကောင်းဆုံးပါပဲ..။

သူ မောင်းနေတုန်း မှာပဲ..ကားကို လမ်းဘေးတစ်နေမှာ ရပ်လိုက်ပြီး ..ကျိူးမင်ချင်းကို ဖုန်းခေါ်လိုက်တယ်.။

"ဆရာ..."

ဖုန်းဝင်သွားခဲ့ပါတယ်..။

"မင်ချင်း ဘာတွေဖြစ်နေလဲ ဆိုတာ သိတယ်မလား.."

လင်းဖန် မေးလိုက်တာပါ..။

ကျိူးမင်ချင်း သတင်းတွေကြောင့် အံ့ဩနေမိတုန်းပါပဲ..။သူ့ဆရာက ဒီလို ရောဂါတွေကိုတောင် ကုသနိုင်လိမ့်မယ်လို့ မထင်ထားခဲ့ပေ..။ဒါက တကယ်ကို မယုံနိုင်စရာပါပဲ..။

"ဆရာ..ကျွန်တော် သိပါတယ်..."

ကျိူးမင်ချငိး ပြန်ဖြေလိုက်တာပါ..။

လင်းဖန်က တစ်စုံတစ်ယောက်သာ သူနဲ့အတူ ကူ
ညီပြီး  စဥ်းစားပေးရင် ဖြေရှင်းရပိုလွယ်မယ်လို့ တွေးမိလိုက်တာပါ..။

"မင်ချငိး ဒီီကိစ္စကို ဘယ်လို ဖြေရှင်းသင့်လဲ ပြောကြည့်ပါဦး..။မနက်ဖြန်ဆို ဘာတွေဖြစ်လာနိုင်လဲ ဆိုတာ သိတယ်မလား..။သတင်းထောက်တွေလည်း လာကြမယ်..ကင်ဆာ ရောဂါသည်တွေလည်း လာကြမယ်..။တစ်ကယ်ကို အခက်တွေစရာ အခြေအနေတစ်ခုပဲ.."

လင်းဖန် ပြောလိုက်တာပါ..။

ကျိုးမင်ချင်း အချိန်အနည်းငယ် တိတ်ဆိတ်သွားခဲ့တယ်..။

"ဆရာ.. ဆရာက ဖော်စပ်ထားတဲ့ ဆေးလုံးနဲ့ ကုသပေးခဲ့တာ မလား..။ဒါကို တစ်ယောက်တည်းကိုင်တွယ်မယ် ဆိုရင် တကယ်ခက်ခဲမှာလေ..။ဒီနိုင်ငံမှာ သွေးကင်ဆာ ရောဂါသည်တွေက ဘယ်လောက်တောင် များမလဲ ဆိုတာက မသိနိုင်ဘူး..။သူတို့ကို ကုသပေးဖို့ ဆိုတာက အတော်ကို ခက်ခဲမယ့် အရာပဲ.."

"ဒါပေမယ့် ကျွန်တော်တို့ သွေးကင်ဆာ ရောဂါကို ကုသနိုင်မယ့် ဆေးညွှန်းကို ထုတ်ပေးန်ိုင်မလား..။ကျွန်တော် တို့ အရင်တုန်းက လုပ်ခဲ့သလိုပဲလေ..."

လင်းဖန် ခေါင်းခါယမ်းပြီး ပြန်ပြောလိုက်တယိ..။

"ဒါက မဖြစ်နိုင်သလောက်ပဲ..။ကျုပ် ဆေးညွှန်းကို ချပေးရင်တောင် ဘယ်သူမှ ဖော်စပ်နိုင်မှာ မဟုတ်ဘူး..."

ဒီဆေးဖော်စပ်ဖို့က ဘယ်လောက်ခက်ခဲလဲ ဆိုတာ သူ အသိဆုံးပါ..။

ပထမဆုံးအနေနဲ့ စွယ်စုံကျမ်းရဲ့ အားဖြည့်မူက တစ်ခြား အရာတွေနဲ့ အစားထိုးလိူ့ ရတဲ့ အရာမဟုတ်ပါဘူး..။ဒီလို အကျိူးသက်ရောက်မူက စက်ပစ္စည်းတစ်ခုခုက ထုတ်ပေးနိုင်တဲ့အရာမဟုတ်ပေ..။

စွယ်စုံကျမ်း မရှိပဲနဲ့တော့  ဆေးညွှန်းထုတ်ပေးလဲ အသုံးဝင်မှာ မဟုတ်ပေ..။

"ဒီလို ဆိုရင်တော့ ကျွန်တော်လည်း မစဥ်းစား  တတ်တော့ဘူး.."

ကျိူးမင်ချင်း ပြောလိုက်တာပါ..။

"ထားလိုကိတော့...မနက်ဖြန်သာ  တိမ်ဖြူလမ်းကို လာခဲ့..။ကျုပ်တို့ နည်းနည်းလောက် ထပ်ပြီး ဆွေးနွေးကြတာပေါ့..။တကယ်လို့  သူတို့ကို ချက်ချင်း ပျောက်ကင်းအောင် မလုပ်နိုင်ဘူးဆိုရင်တောင်  ဖြည်းဖြည်းချင်း ပျောက်ကင်းအောင်တော့ နည်းလမ်း စဥ်းစားကြည့်ဦးမှဖြစ်မယ်..."

လင်းဖန် ပါးစပ်ကသာ မကြောက်ဘူးလို့ ပြောနေပေမယ့် နောက်ဆက်တွဲ  ဆိုးဝါးတာတွေ ဖြစ်လာမယ် ဆိုရင်တော့ ထိပ်လန့်မိပါတယ်..။

"ကောင်းပါပြီ ဆရာ..ကျွန်တော် မနက်ဖြန် အချိန်မှီလာခဲ့ပါ့မယ်..."

ကျိုးမင်ချင်း ယုံကြည်မူရှိနေခဲ့တယ်..။သူ တစ်ယောက်တည်း ဆိုရင် သူလည်း ဘယ်လို ရင်ဆိုင်ရမလဲ မသိပေမယ့် သူ့ဆရာနဲ့ ဆိုရင်တော့ ဒါက ကျိန်းသေ အဆင်ပြေသွားမှာပါ..။

သူ့ဆရာက အံ့ဩဖို့ကောင်းတဲ့ လူတစ်ယောက်ပါ..။ဒီလို လူက ဘယ်လိုလုပ် ဆေးညွှန်း မထုတ်ပေးနိုင်ပဲ နေမှာလဲ..။

သို့ပေမယ့် သူမသိတာက သူ့ဆရာ ကိုယ်တိုင်လည်း ကြောက်ရွံ့နေတယ် ဆိုတာပါပဲ..။

အင်တာနက် အပေါ်က သတင်းတွေက တော့ အမြင့်ဆုံး အခြေအနေမှာ ရှိနေပြီး..။လူတော်တော်များများကလည်း ဒီအကြောင်းပြောနေကြပါပြီ..။

ပရော်ဖက်ဆာ အချို့ကလည်း ဒီသတင်းအတွက် အငြင်းအခုန်တွေ ဖြစ်နေခဲ့ကြတယ်..။သူတို့က ဒီသတင်း အတွက်သံသယဖြစ်နေခဲ့ကြတာပါ..။

သို့ပေမယ့် စပါယ်ရှယ်လစ် မြောင်ဆိုတာက..သူ့ဆေးရုံရဲ့ သွေးကင်ဆာ ဌာနရဲ့ ဌာနခေါင်းဆောင်တစ်ယောက်ပါ..။သူက အရေးပါ အရာရောက်တဲ့လူတစ်ယောက်လို့ ပြောလို့ရပါတယ်..။ထပ်ပြောရရင် ကလေးက သူ့ဆေးရုံပေါ်မှာတင် ပျောက်ကင်းသွားခဲ့တာပါ..။

ဒါက ဘယ်လိုလုပ်ပြီး သတင်း အတု ဖြစ်နိုင်ဦးမှာလဲ...

တကယ်လို့ သူသာ သတင်းအတု ပြုလုပ်မယ် ဆိုရင် ဒါက သူ့ ဂုဏ်သိက္ခာကို ထိခိုက်နိုင်မယ့် အရာတစ်ခုပါပဲ...။

......

A Valiant Life 882
အပိုင်း ( ၈၈၂ ) 

#ဘာသာပြန် = စနိုးဝှိုက်

ညဖက်တွင်..။

လင်းဖန်  ဆိုဖာပေါ်မှာ ခေါင်းက်ိုက်စွာ လဲလျောင်းရင်း အခြေအနေ တွေက ဘာလို့ ဒီီလိုဖြစ်လာနေတာလဲ ဆိုတာ စဥ်းစားနေခဲ့ပါတယ်..။

သူ ဒီဆေးကို မဖော်စပ်နိုင်ဘူးလို့ ငြင်းလို့ရတယ် ဆိုပေမယ့် ဒီဆေးက သူ့ဆီကနေ ထွက်လာခဲ့တာပါ..။တစ်ခြားလူတွေ ယုံယုံ မယုံယုံ သူ ဒီလူတွေကို မကုသနိုင်ဘူးလို့ ပြောရမှာပါပဲ..။

*ကလင် ကလင်..*

အဖေလင်းက..လိုင်းပေါ်မှာ ရှိနေခဲ့တယ်..။သူ့ ဖုန်းဝင်သွားတာနဲ့..ဝမ်းသာတဲ့ လေသံနဲ့ သူ ပြောလိုက်ပါတယ်..။

"သား ဒါက တကယ်ကို အံ့ဩစရာပဲ..အဖေ မင်းအတွက် တကယ် ဂုဏ်ယူမိတယ်..."

လင်းဖန်  ခေါင်းပေါ် လက်တင်ထားရင်းကနေ ဒီစကားကို ကြားပြီး ကြောင်အသွားခဲ့ပါတယိ..။

"အဖေ ဒီလို မလုပ်နဲ့လေ..။အဖေကသာ ဂုဏ်ယူနေတာ..သားက ဒီမှာ ကံဆိူးနေပြီ..."

"ကံဆိုးတယ်လား..။မင်းရဲ့ စွမ်းဆောင်ရည်တွေ မြင့်တက်လာတာနဲ့ တာဝန်ယူရမှာတွေလည်း မြင့်တက်လာမှာပဲလေ..။ဒါကြောင့် ကိုယ့်အလုပ်ကိုယ် တာဝန်ကျေအောင် လုပ်ဖို့ လိုတယ်..။သား ဆေးပညာကို ဘယ်လို တတ်မြောက်သွားတာလဲ အဖေ မသိပေမယ့် အဖေကတော့ တကယ်ဂုဏ်ယူမိတယ်.."

အဖေ လင်း ပြောလိုက်တာပါ..။

လင်းဖန် ပြန်ပြောလိုက်တယ်..။

"အဖေ..'တစ်စုံတစ်ယောက်က စွမ်းဆောင်နိုင်စွမ်းတွေ ရှိရင် တာဝန်ပိုယူရတယ်လား...'..။တကယ်လို့ သားမှာသူ ဒီလို  စိတ်ထားရှိမယ် ဆိုရင်  ဒီကမ္ဘာပေါ်မှာ တကယ် ဆက်နေတော့မှာ မဟုတ်ဘူး..."

"ကောင်းပြီ ကောင်းပြီ..အဖေက မင်းကို နည်းနည်းလောက် ချီးကျူးတာနဲ့ မင်း က  ကွန်ပလိန်း တက်နေပြီ..။မင်းအမေ ရော အဖေ ရောက ဒီအကြောင်းကို သိထားပြီးပြီ..။သား ဘယ်လို ထင်လဲ..။သား အရေအတွက် အများကြီး ထုတိလုပ်နိုင်လား..။သားရဲ့ အန်ကယ်လီ ဆိုရင် လည်း အဲတာကို သိချင်နေတာလေ..။တကယ်လို့ ဒီလိုသာ ဖြန့်နိုင်ရင် လူတွေ အများကြီးကို အကျိူးပြုပေးနိုင်မှာ.."

အဖေလင်း ပြောလိုက်တာပါ..။

လင်းဖန်လည်း လက်ရှိအခြေအနေကို သူကိုယ်တိုင်တောင် သေချာ နားမလည်သေးတော့ တစ်ခြားလူတွေကို..ရှင်းပြဖို့ ဆိုတာက မလွယ်လှပါဘူး..။

"အဖေ..အခုပြသနာ တက်နေတာလဲ အဲတာပဲလေ..။သွေးကင်ဆာ ရောဂါ ဆိုတာက ကုသလို့ လွယ်တဲ့ရောဂါမျိူး မဟုတ်ဘူး..။ဒီ ဆေးကလည်း လုပ်ရတာ လွယ်ကူတာ မဟုတ်ဘူးလေ..။ဆေးတစ်လုံး ဖော်စပ်ဖို့တင် ခွန်အားတွေ အများကြီး စိုက်ထုတ်ထားရတာ..။ဒီနိုင်ငံမှာ သွေးကင်ဆာ ရောဂါသည်တွေ အများကြီး ရှိနေတာကို..သား နေ့တိုင်း မရပ်မနား ဆေးဖော်စပ်မယ် ဆိုရင်တောင် သူတို့ကို ကုသပေးနိုင်မှာ မဟုတ်ဘူး...!

လင်းဖန် ပြောလိုက်တာပါ..။

သူ့အဖေလည်း ဒါကို ကြားတဲ့ အချိန်မှာ အနည်းငယ် စိုးရိမ်သွားခဲ့တယ်..။

"သား..အခု အိမ်ကို ပြန်လာ ပုန်းနေပြီး  ရှန်ဟိုင်းမှာ မနေတော့ရင်ရော ဘယ်လိုလဲ..။အခုချိန်မှာ..ရုပ်ဖျက်ပြီး နေနေရတဲ့ လူတွေက အများကြီးပဲလေ..။တကယ်လို့ သား သာ သုံးလေးငါး နှစ်လောက် ပုန်းနေလိုက်မယ် ဆိုရင် ဘယ်သူမှ မမှတ်မိလောက်တော့ဘူးဆိုတာ အဖေ အာမခံတယ်..."

"အဖေ..သား သေချာလေး စဥ်းစားပါရစေဦး..။သား အရင်ဖုန်းချလိုက်တော့မယ်..။အဖေ နဲ့ အမေ စောစော အိပ်ကြနော်..."

လင်းဖန် သူ့အဖေ နဲ့ စကားထပ်မပြောချင်တော့တာကြောင့် ပြောလိုက်တာပါ..။

လင်းဖန် သူ့အမေ ရဲ့ အမြင်ကို  ကြားပြီးသွားပါပြီ..။သူ့မ ပြောတာကတော့ သူ့အဖေ ငယ်ငယ်တုန်းက အတော်ကို တွက်ချက်တတ်တာပါ..။သူ့ရဲ့ ဘယ်စကား တစ်ခွန်းကမှ ယုံကြည်လို့ ရတာ မဟုတ်ပါဘူး..။တကယ်လို့ လင်းဖန်သာ မွေးမလား ခဲ့ဘူးဆိုရင် သူ့အဖေက ..ငွေ နောက်လိုက်တဲ့ လူတစ်ယောက်ပဲ ဖြစ်နေဦးမှာပါ..။

ဒီလို ဆိုရင်တောင်မှ သူတို့က အိမ်တစ်လုံးမှာ မနေနိုင်ပဲ..တဲအိမ်လေးမှာသာ နေနိုင်ခဲ့ပါတယ်..။

လင်းဖန် သူ့ အမေကို ကျေးဇူးတင်မိသွားခဲ့တယ်..။သူ့အမေ ကြောင့်သာ မဟုတ်ရင် သူ တက္ကသိုလ် တက်ခဲ့ရမှာ မဟုတ်သလို..ဒီီလို လူသိများတဲ့လူတစ်ယောက် ဖြစ်လာမှာလဲ မဟုတ်ပါဘူး..။

ကျုံးကျိုး အိမ်ထဲတွင်..။

အမေလင်းဟာ အိမ်ထဲမှာ သန့်ရှင်းရေး လုပ်နေခဲ့တယ်..။

"ကျွန်မတို့ သားက ဘာပြောတာလဲ..."

အဖေလင်း ပြန်ပြောလိုက်တယ်..။

"ဒီကလေးက..သူ့ဟာသူ သေချာ စဥ်းစားချင်နေတာလေ..။သူက တို့ကို  စောစောအိပ်ဖို့လည်း ပြောသေးတယ်..."

"အိုး..."

အမေလင်း သက်ပြင်းချလိုက်တယ်..။သူမတို့သားလေး  စွမ်းဆောင်နိုင်စွမ်းတွေ ရှိနေတာကို သူမ ပျော်ရွှင်မိပါတယ်..။သို့ပေမယ့်  စွမ်းဆောင်နိုင်စွမ်း ရှိလေလေ ခေါင်းကိုက်စရာတွေ ကြုံရလေလေ ဆိုတာကတော့ ထုံးစံပါပဲ..။

သူမ ..တွေ့ကြုံခဲ့ရတဲ့ အရာတွေက လင်းဖန် ကြုံတွေ နေရတာတွေနဲ့ တစ်ခြားစီပါ..။

သူမတို့ ဘာလုပ်ကြမလဲ...

အမေလင်းဟာ သူမရဲ့ ဦးနှောက်ကို အလုပ်ပေးနေခဲ့တယိ..။တကယ်လို့ သူမသာ အဖြေကို ဒီည မစဥ်းစားနိုင်ခဲ့ရင် အိပ်လို့ ပျော်တော့မှာ မဟုတ်ပါဘူး..။

နောက်တစ်ရက်..။

မနက်ခင်း ၆ နာရီ ၇ နာရီ ဝန်းကျင်..။

တိမ်ဖြူလမ်းက အခြေအနေက ပြောင်းလဲ နေခဲ့ပါပြီ.။

မရေမတွက် နိုင်တဲ့ သတင်းထောက်တွေဟာ..မာစတာလင်းကို အင်တာဗျူးဖို့ အတွက် တိမ်ဖြူလမ်းကို အလျင်စလို  ရောက်လာခဲ့ကြပါတယ်..။

မြို့သားတွေဟာ လည်း တိမ်ဖြူလမ်းကို အစောထွက်လာခဲ့ကြတယ်..။အခုချိန်မှာ..တိမ်ဖြူလမ်းမှာက နေရာလွတ် အနည်းအကျဥ်း လောက်သာ ကျန်ပါတော့တယ်..။

များပြားလှတဲ့ စပါယ်ရှယ်လစ်တွေကလည်း မာစတာလင်းရဲ့ အင်တာဗျူးကို ကြည့်ရူဖို့ အတွက် ရောက်နေကြပါပြီ..။သူတို့က ဒါ အစစ်အမှန်  ဟုတ်ရဲ့လား ဆိုတာကို သိချင်နေကြတာပါ..။

သူတို့ အကုန်လုံး မာစတာလင်းကို သိကြပါတယ်..။သူက..တရုတ်ဆေးပညာ ရော အနောက်တိုင်း ဆေးပညာရော ကို တတ်ကျွမ်းထားတဲ့ လူတစ်ယောက်ဖြစ်ပြီး..အခု သူ့ဆေးလုံးနဲ့ သွေးကင်ဆာကို ကုသနိုင်ခဲ့တာကတော့ တကယ်ကို အံ့ဩစရာ ကိစ္စပါပဲ..။

ပြီးတော့ ဒီဆေးလုံးကလည်း ရှေး ဘိုးဘေးတွေခေတ်ကနေ ဆင်းသက်လာခဲ့သလိုပါပဲ..။

ဆိုင်ပိုင်ရှင် တစ်ချို့ဟာ ဆိူင်ဖွင့်ဖို့ အတွက်ရောက်လာခဲ့ကြတယ်..။သူတို့ တိမ်ဖြူလမ်း ရဲ့ အခြေအနေကို မြင်တဲ့ အချိန်မှာ ဆွံ့အသွား ခဲ့ကြပါတယ်..။သူတို့ ချက်ချင်းပဲ..ဖုန်းကို ဖွင့်ကာ ဓာတ်ပုံရိုက်လိုက်ပြီး  အုပ်စုဖွဲ့ စကားပြောခန်းထဲကို ပို့လိုက်တယ်..။

"တိမ်ဖြူလမ်းမှာ လူတွေ ပြည့်နေပြီ..@ သူဌေးလေး မင်း ဂရုစိုက်တာ ကောင်းလိမ့်မယ်..."

အဖွဲ့ထဲက လူတွေဟာ အံ့ဩနေခဲ့ကြတယ်..။

အကြီးအကဲ လိန် : .....

အကြီးအကဲ ကျန်း  " ဒါက တကယ်ကို မယုံနိုင်စရာပဲ..။

အစ်မဟောင် : " သူဌေးလေးက အတော် အလုပ်ရှုပ်တော့မှာကို စိုးရိမ်မိတယ်..။

ကျိုးမင်ချင်းက  ၅ နာရီခွဲကတည်းက နိုးနေခဲ့တာပါ..။သူ မနက်ဆာ စားပြီးတာနဲ့  တိမ်ဖြူလမ်းကို မထွက်လာခင်မှာ လေ့ကျင့်မူ အနည်းငယ် လုပ်နေခဲ့တယ်..။သူ နေရာကို ရောကထတဲ့ အချိန်မှာတော့
ခန္တာကိုယ် တစ်ခုလုံး အသက်မဲ့ သွားသလိုပါပဲ..။

ဒီမှာ ရှိနေတဲ့ ပမာဏ များပြားလှတဲ့ လူအရေအတွက်က သူ့ကို စိုးရိမ်စေပါတယ်..။တကယ်လို့ သူသာ ဘာပြောရမလဲ ကြိုမစဥ်းစားလာရင် သူတို့ မေးခွန်းတွေကို ပြန်ဖြေဖို့ ဆိုတာက လွယ်ကူတဲ့ အရာတစ်ခုတော့ မဟုတ်ပါဘူး..။

"ဒါရိုက်တာ ကျိုး..."

အဲ့အချိန်မှာပဲ..လူတွေဟာ ကျိုးမင်ချင်း ဒီကို ရောက်နေတာ ကို သိလိုက်ကြပြီး နိုးနိုးကြားကြား ဖြစ်သွားခဲ့တယိ...။

"သူက ဘယ်သူလဲ.."

"သူက မာစတာလင်းရဲ့ တပည့်ပဲ.."

"ချီးပဲ မဖြစ်နိုင်တာ...။သူက ဒီလောက် အသက်ကြီးနေတာကို မာစတာလင်းရဲ့ တပည့်တဲ့လား..."

"မင်း ဘာသိလို့လဲ..။မာစတာလင်းရဲ့ ဆေးပညာက တကယ်ကို အံ့ဩဖို့ကောင်းတာ..။ဒါရိုက်တာ ကျိုး ဆိုတာက အမြဲတမ်း မာစတာလင်းရဲ့ တပည့်ပဲ..။ငါကြားတာတော့ သူ မာစတာလင်းရဲ့ တပည့်ဖြစ်တာ မကြာသေးပေမယ့်..သူ့ရဲ့ ဆေးပညာက အတော်လေး တိုးတက်လာတယ်တဲ့..."

မျက်စိတစ်မှိတ် အတွင်းမှာပဲ သတင်းထောက်တွေဟာ ကျိုးမင်ချင်းကို  ဝန်းရံသွားခဲ့တယိ..။

တစ်ချို့ သွေးကင်ဆာ ရောဂါသည်တွေရဲ့ မိသားစု ဝင်တွေကတည်း ကျိုးမင်ချင်းက မာစတာလင်းရဲ့ တပည့်မှန်း သိလိုက်ပြီး အနားကို ရောက်လာခဲ့ပါတယ်..။သူတို့ ဒီကို လာကြတာက သူတို့ မိသားစု ဝင်တွေ အတွက် ဆေးလုံးကို ရဖို့ပါ..။

သတင်းထောက် တစ်ယောက်ဟာ ပြောလိုက်တယ်..။

"ဟဲလို ဒါရိုက်တာ ကျိုး..သွေးကင်ဆာ ရေားဂါကို ကုသနိုင်တဲ့ ဆေးလုံးနဲ့ ပတ်သက်ပြီး ဘယ်လိုမြင်ပါသလဲ..."

"ဒီမေးခွန်းတွေ  အတွက်ကတော့  ကျွန်တော် ဆရာ လာတဲ့အထိ စောင့်ပေးကြပါ..။သူ ဖြေပေးပါလိမ့်မယ်.."

သူ ပြန်ပြောလိုက်တာပါ..။ကျိူးမင်ချင်းက အသက်ကြီး နေပြီ ဆိုပေမယ့်လည်း လူငယ်တွေထက် ပိုပြီး ထက်မြက် ပါတယ်..။

သူ့ ဆရာက ဘယ်လို အဖြေပေးမှာလဲ မသိသေးတော့ သူက စကားပြောမှားထားလို့ မရပါဘူး...။ဒါကြောင့် သူ မသိသလိုသာ ဟန်ဆောင်လိုက်ပါတယ်..။

သတင်းထောက်တွေဟာ..ကျဥ်းထဲကြပ်ထဲ ရောက်သွားကြပြီး ထပ်မေးလိုကထတယ်..။

"ဒါရိုက်တာ ကျိုးက မာစတာလင်းရဲ့ တစ်ယောက်တည်းသော တပည့်လေ..။သူက ခင်ဗျားကို ဘာပြောသေးလဲ သိလို့ရမလား..."

ကျိုးမင်ချင်း ပြန်ပြောလိုက်တယ်..။

"ချစ်လှစွာသော သတင်းထောက်တို့  တကယ်စိတ်မကောင်းပါဘူး...။ကျွန်တော်ကိုယ်တိုင်တောင် ဒီအခြေအနေကို သေချာ မသိထားလို့ပါ..။ကျွန်တော်လည်း ဆရာက လာခိုင်းလို့ လာခဲ့ရတာလေ..။ဒါကြောင့်မေးစရာ ရှိတယ် ဆိုရင် သူလာတဲ့ အထိ စောင့်ပေးကြပါ..."

သတင်းထောက်တစ်ယောက်ဟာ မေးလိုက်တယ်..။

"ဒါရိုက်တာ ကျိူး အရင်တစ်ခေါက်က ခင်ဗျားတို့  ဆရာ တပည့်နှစ်ယောက် ဝိတ်ကျရောဂါ အတွက် ဆေးညွှန်း ထုတ်ပေးခဲ့တယ်လေ..။အခုလည်း သွေးကင်ဆာ ရောဂါနဲ့ ပတ်သက်လာပြီ ဆိုတော့ ဒါက စျေးကွက်ထဲကို ရောက်လာနိုင်လား.."

ကျိူးမင်ချင်း..ခေါင်းခါယမ်းလိုက်တယ်..။သူ ဘယ်မေးခွန်းကိုမှ သူ့အမြင်နဲ့ ပြန်ဖြေမှာ မဟုတ်ပါဘူး..။

"ချစ်လှစွာသော သတင်းထောက်တို့ တကယ် တောင်းပန်ပါတယ်..။ဒီလူအိုကြီးက ဘာမှ မသိထားပါဘူး..။ကျုပ် ဆရာ ရောက်လာရင် လိုချင်တဲ့ အဖြေတွေ သိရမှာပါ..။ကျေးဇူးပြုပြီး စိတ်ရှည်ကြပါ..."

အဲ့အချိန်မှာပဲ  သွေးကင်ဆာ ရောဂါသည်တွေရဲ့ မိသားစု ဝင်တွေဟာ စတင်ပြီး အော်ဟစ်လာကြပါတယ်..။

"ကျွန်တော် တောင်းပန်ပါတယ် မာစတာလင်း..ကျွန်တော့်ရဲ့ အချစ်ဆုံးလေးကို ကယ်တင်ပေးပါ.."

"မာစတာလင်း ...မာစတာလင်း...."

ငိုကြွေးမူတွေက အသံတွေ ပျံ့နှံ့လာခဲ့တယိ..။တိမ်ဖြူလမ်း တစ်ခုလုံး ဒါကို ကြားနေရပါတယ်..။တိမ်ဖြူလမ်း နဲ့ အဝေးမှာ ရှိနေတဲ့ နေရာကတောင် ဒီငိုကြွေးသံ တွေကို ကြားကြရမှာပါ..။

တစ်ချို့လူတွေက ဒီအသံတွေ ကြားပြီး အံ့ဩသွားခဲ့ကြတယ်..။သူတို့က ဘာတွေဖြစ်နေမှန်း မသိကြသေးပါဘူး..။

သို့ပေမယ့် သူတို့ နေရာကို ရောက်လာတဲ့ အချိန်မှာ အံ့ဩလွန်းလို့ ပါးစပ်တောင် မပိတ်နိုင်ကြတော့ပေ..။

ဒီမှာ ရှိနေတဲ့ လူပမာဏက တကယ်ကို များပြားလှတာပါ..။

ယင်းနောက် လင်းဖန် ရဲ့ကားဟာ..တိမ်ဖြူလမ်းရဲ့ အပြင်ကို ရောက်လာခဲ့တယ်..။

သူလည်း  ဒီအော်သံတွေကို လာကတည်းက ကြားနေရတာဖြစ်ပြီး အတော်ကို အံ့ဩနေခဲ့ပါပြီ.. ။

ဒီကိစ္စက ဖြေရှင်းရတာ လုံးဝ လွယ်ကူမှာ မဟုတ်ပါဘူး..။

......

A Valiant Life 883
အပိုင်း ( ၈၈၃ )

#ဘာသာပြန် = စနိုဝှိုက်

တိမ်ဖြူလမ်းမှာ ဖြစ်နေတဲ့ အခြေအနေက လင်းဖန် မျှော်လင့်ထားတဲ့ အတိုင်းပါပဲ..။

သူ မနေ့ညက တစ်ညလုံးတွေးပြီးနောက်မှာ အတွေးတွေက ရှင်းလင်းသွားခဲ့တယ်..။သူ့ အဖေ ပြောတာ မှန်ပါတယ်..။စွမ်းဆောင် နိုင်စွမ်း ပိုကြီးလာလေ တာဝန်ယူစရာ တေက ပိုများလာလေ ပါပဲ..။သူ့ မှာ စွမ်းဆောင်နိုင်စွမ်းတွေ ရှိလာပြီဆိုမှတော့..အကုန်လုံးကို အဆင်ပြေအောင် တတ်နိုင်သလောက် လုပ်ပေးရတော့မှာပါ..။

ထပ်ပြောရရင်..သူ့ တပည့်ရဲ့အကြီးမားဆုံး ဘဝ အိပ်မက်က တရုတ်ဆေးပညာကို ကမ္ဘာအနှံ့အထိ တွင်တွင် ကျယ်ကျယ် လူသိများသူဖို့ပါ..။

သူ့ တပည့်က သူ့အပေါ် ကောင်းနေမှတော့..သူ ဒီအရာကို ကူညီပြီး ဖြည်းဆည်းပေးဖို့ ဝန်လေး မနေတော့ပါဘူး..။

သူ ထပ်ပြီး ပုန်းကွယ်နေဖို့ စိတ်မကူးတော့ပဲ...အပြင်ထွက်ပြီး ရှင်းလင်းဖို့သာ ဆုံးဖြတ်လိုက်ပါတယ်..။

"ဝိုး..မာစတာလင်းက ဒီမှာပဲ..."

"မာစတာလင်း ရောက်လာပြီ..."

"မာစတာလင်း ကယ်တင်ပေးပါဦး..."

လင်းဖန် ရောက်လာတဲ့ အချိန်မှာ အကုန်လုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့တယ်..။သတင်းထောက်တွေဟာ အလျင်အမြန်ပဲ လင်းဖန်ဆီကို ဝန်းရံလာခဲ့ပါတယ်...။အပြင််မှာ ရှ်ိနေကြတဲ့ လူတွေဟာ လည်း အတင်းတိုးဝှေ့ နေကြပြီး လင်းဖန်က်ို ထိတွေ့ဖို့ ကြိုးစားနေခဲ့ကြတယ်..။

သူ အခြေအနေက တကယ်ကို ဝရုန်းသုန်းကား ဖြစ်နေတာပါ..။ပုန်းကွယ်နေဖို့ ဆိုတာက တကယ်ကို ရွေးချယ်မူ တစ်ခု မဟုတ်ပါဘူး..။ထပ်ပြောရရင် ဒီမှာက လူတွေ အရမ်းကို များပြားနေကြတာကြောင့် တစ်ယောက်နဲ့ တစ်ယောက် တွန်းထိုးရင်း ထိရောက်ဒဏ်ရာ ရသွားရင် မကောင်းပါဘူး..။

ဆူညံသံတွေ ရဲ့ တစ်ခြားတစ်ဖက်မှာတော့ ပန်ကိတ်ကို လာတန်းစီကြတဲ့ ရှန်ဟိုင်းမြို့သားတွေဟာ သူတို့ နေရာမှာပဲ အေးအေးဆေးဆေး ရပ်နေခဲ့ကြပါတယ်..။

"အားလုံးပဲ ခနလောက် ငြိမ်ပေးကြပါဦး.."

လင်းဖန် ပြောလိုက်တာပါ..။

လင်းဖန် ရဲ့ နေရာက တကယ်ကို စကားပြောဖို့ ကောင်းတဲ့ နေရာတစ်ခု မဟုတ်ခဲ့ပေ..။

ဒီမှာက လူတွေ အရမ်းများနေပြီး တိမ်ဖြူလမ်းတစ်ခုလုံး အပြည့်ပါပဲ..။

လင်းဖန် ဆိုင်ရဲ့ ဝင်ပေါက်ကို ရောက်တဲ့ အချိန်မှာ ကျိုးမင်ချင်းကို ကြည့်ပြီး ခေါင်းညိမ့်လိုက်တယ်..။လင်းဖန် သူ့ရှေ့က လူအုပ်ကြီးကို တစ်ချက်ကြည့်ကာ..အဆောက်အဦးရဲ့ နံရံကို လက်နဲ့ ခုန်ဆွဲလိုက်တယ်..။ပြီးတာနဲ့..သူ.. အဆောက်အဦး ခေါင်မိုးပေါ်ကို တက်ကာ မတ်တတ်ရပ်လိုက်ပါတယိ..။

သူ  စိတ်သက်သာရာ ရသွားခဲ့တယ်..။ဒီနေရာက စကားပြောဖို့ အကောင်းဆုံးပါပဲ..။

"ကောင်းပြီ..ခင်ဗျားတို့ ဘာလို့ ဒီကို လာကြလဲ ဆိုတာ ကျုပ်သိထားပြီးသားပါ..။ဒါအမှန်ပဲ..။ကျွန်တော် ခင်ဗျားတို့ကို ပွင့်ပွင့်လင်းလင်းပဲ ပြောပြမယ်..ကျွန်တော် တကယ်ပဲ သွေးကင်ဆာ ရောဂါကို ကုသနိုင်ပါတယ်..."

လင်းဖန် ပါးစပ်ဖွင့်ပြီး ပြောလိုက်တာပါ..။

ဒီစကားကြောင့်..လူတိုင်းရဲ့ စိတ်ဝိဥာဏ်တွေဟာ လွင့်ထွက်သွားမလို ဖြစ်သွားခဲ့တယ်..။သွေးကင်ဆာ ရောဂါ သည်တွေရဲ့ မိသားစုဝင်တွေဟာ  စတင်ပြီးတောင် ငိုကြွေးခဲ့ကြပါတယ်..။

ဒီ စကားက သူတို့ အကြားချင်နေဆုံး စကားပါပဲ..။

ဆေးပညာ စပါယ်ရှယ်လစ် နဲ့ ပရော်ဖက်ဆာ တွေဟာလည်း ဒါကိုကြားပြီး အံ့ဩသင့်သွားခဲ့ကြတယ်..။ယင်းနောက်  သူတို့ထဲက လက်မခံနိုင်တဲ့ တစ်ယောက်ဟာ ထပြောလိုက်ပါတယ်..။

"မင်းမှာဘာ သက်သေ ရှိလို့လဲ..။မင်း ပြောနေတာ အမှန်တွေဆိုတာကို သက်သေပြန်ိုင်လား..."

လင်းဖန် တည့်တည့်ပဲ ပြောလိုက်တယ်..။

"ခင်ဗျား မယုံဘူးဆိုရင် ထွက်သွားလိုက်..။ကျုပ် ဒီရောဂါကို ကုသနိုင်တယ်လိူ့ ပြောပြီ ဆိုမှတော့ တက်ကုသန်ိုင်လို့ပဲ..။ခင်ဗျား မယုံဘူးဆိုရင် ပြန်လို့ရပြီ..။ဘာမှ မရှိခဲ့သလို ပဲ သဘာထားလိုက်..."

မြို့သားတစ်ချို့ ဟာလည်း အသံလာရာဖက်ကို ကြည့်ပြီး လှမ်းအော်ဟစ်လိုက်ကြပါတယ်..။

"မင်း မယုံဘူးဆိုရင် ထွက်သွားလိုက်လေ..။ဘယ်နေရာမှာ လာပြီး မေးခွန်းထုတ်နေတာလဲ..."

"ဟုတ်တယ်..."

"မာစတာလင်း ငါတို့ ယုံကြည်ပါတယ်.."

ဆေးဖက်ဆိုင်ရာ စပါယ်ရှယ်လစ်တွေရဲ့ အမူအရာဟာ ဆိုးဝါးသွားခဲ့တယ်..။သို့ပေမယ့် သူတို့ ထွက်မသွားခဲ့ကြပါဘူး..။သူတို့ စိတ်ထဲမှာသာ..သံသယဖြစ်နေခဲ့ကြပါတယ်..။သွေးကင်ဆာ ရောဂါဆိုတာ..ကုသလို့ မရနိုင်တဲ့ရောဂါ ဖြစ်တာကြောင့် ဒီလောက်လွယ်လွယ်ကူကူ ကုသနိုင်တယ် ပြောတာကို သူတို့..မယုံကြည် ခဲ့ကြပေ..။

သတင်းထောက်တွေထဲက တစ်ယောက်ဟာ အလျင်အမြန် ရောက်လာပြီး မေးလိုက်တယ်.။

"မာစတာလင်း သွေးကင်ဆာကို ဘယ်လိုဖြစ်ပြီး ကုသနိုင်သွားတာလဲ.."

လင်းဖန် ပြန်ပြောလိုက်တယ်..။

"ချစ်လှစွာသော သတင်းထောက်တို့..ကျွန်တော် ဆေးလုံးကို အသုံးပြုပြီး ကုသခဲ့တယ် ဆိုတာကို ခင်ဗျားတို့ သိပြီးကြလောက်မှာပါ..။ဒါက တရုတ်ဆေးပညာပဲလေ..."

"ဖော်စပ်ထားတဲ့ ဆေးလုံးတွေ..."

အားလုံး အံ့ဩသင့်သွားခဲ့ကြတယ်..။မာစတာလင်း ပါးစပ်ကထွက်လာတဲ့ စကားက သတင်းဖတ်ရတာထက် ပိုပြီး..အံ့ဩဖို့ကောင်းပါတယ်..။

"တရုတ်ဆေးပညာ ဆိုတာက သိပ္ပံနည်းလမ်း မကျဘူး..။ဆေးလုံးဖော်စပ်တယ် ဆ်ိုတာကပိုပြီးတောင် ဆိုးသေးတယ်..။သူ ပြောတာ မယုံကြနဲ့.."

အစောက ပြောခဲ့တဲ့ စပါယ်ရှယ်လစ်ကပဲ ထပ်ပြောလိုက်တာပါ..။

"မင်းက မဟုတ်မမှန်တာ ပြောပြီး အားလုံးကို လှည့်ဖြားချင်နေတာပဲ..."

လင်းဖန် အနည်းငယ် မပျော်မရွှင်ဖြစ်သွားခဲ့တယ်..။

"ဒီလူတွေက ဘယ်ဆေးရုံကနေ လာကြတာလဲ..။အဲ့လူကို မောင်းထုတ်လိုက်ကြစမ်းပါ..။ကျုပ် အစောကတည်းက မယုံရင် ထွက်သွားကြလို့ ပြောပြီးပြီလေ..."

အဲ့အချိန်မှာပဲ..အားလုံးရဲ့ အကြည့်တွေက အစောက စပါယ်ရှယ်လစ် ဆီကို ရောက်သွားခဲ့ကြပါတယ်..။

"မအိမ်လုံး မင်းသောက်ရေးမပါတာ နောက်တစ်ခွန်း ထပ်ပြောရရင် ငါမင်းကို သေအောင် ရိုက်မိတော့မယ်..."

အားလုံးရဲ့ ဒေါသတကြီး အကြည့်တွေအောက်မှာ စပါယ်ရှယ်လစ် ဖြစ်သူဟာ..ပါးစပ်ပိတ်သွားခဲ့တယ်..။ဒီလူတွေက သူ ဘာပြောပြော ယုံမယ့် ပုံစံ မရှိပါဘူး..။သူ သာ နောက်တစ်ခွန်းထပ်ပြောမယ် ဆိုရင် ဒီလူတွေက တကယ်ကို ရိုက်နှက်ကြမှာ အသေအချာပါပဲ..။

နောက်ထပ် သတင်းထောက်တစ်ယောက်ဟာ မေးလိုက်တယ်..။

"မာစတာလင်း..ဒီ ဆေးတွေ ကမ္ဘာအနှံ့ဖြန့်နိုင်ဖို့ ဆိုရင် ဘယ်လောက်ကုန်ကျနိုင်မလဲ..."

လင်းဖန် လက်ဝေ့ယမ်းပြီး ပြောလိုက်တယ်..။

"ပိုက်ဆံ အကြောင်းမပြောကြရအောင်..။ကျုပ် တကယ် ပိုက်ဆံကို စိတ်မဝင်စားဘူး..။တကယ်လို့ ဖြစ်နိုင်မယ် ဆိုရင် အခမဲ့ပဲ ကူညီပေးချင်တယ်..."

ဒီစကားက..အကုန်လုံးကို ခံစားသွားစေခဲ့ပါတယ်..။

သတင်းထောက်တွေလည်း မာစတာလင်းကို ချီးကျူးတဲ့ အကြည့်တွေနဲ့ ကြည့်လိုက်ကြတယ်..။သူ့ ရဲ့ စကားလုံးတွေက တကယ်ကို လှပတာပါ..။

"အားလုံးပဲ..စိတ်အေးအေးထားကြပါ..။တကယ်တော့ ကျုပ်မှာ ပြောစရာ ရှိတယ်..."

လင်းဖန်  ပြောလိုက်တာနဲ့ အကုန်လုံးက ငြိမ်သက်ပြီး နားထောင်လိုက်ကြပါတယ်..။

"ဆေးလုံး အရည်အတွက်က ကတ်သတ်မူ ရှိတယ်လေ..။ကျုပ်အရင်က ၁၁ လုံးဖော်စပ်ထားပေမယ့် အခု ၁၀ လုံးပဲ ကျန်တော့တယ်..။ဒီမှာက လူတွေ အများကြီးဆိုတော့ ကျုပ်က ကျိန်းသေပေါက် အကုန်လုံး အတွက် ပေးန်ိုင်မှာမဟုတ်ဘူးလေ..။ပြောစရာ မလိုအောင်ပဲ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ဘဆိုရင် ပိုတောငိ ဆိုးရွားသေးတယ်..။တစ်ချ်ို့တွေကတော့ ကျုပ်က ဆက်ပြီး ဆေးဖော်စပ်ဖို့အတွက် စဥ်းစားနေကြမှာပေါ့...။ဒါပေမယ့် ဒီလို ဆေးတစ်လုံး ဖော်စပ်ဖို့ ဆိုတာ လွယ်ကူတဲ့အရာ မဟုတ်တာကြောင့် အကုန်လုံးကို ဖြန့်ဝေပေးဖို့ဆိုတာ မဖြစ်န်ိုင်ဘူးလေ..."

"ဒီသတင်း တက်လာတုန်းက ကျုပ်လည်း တကယ် ထိပ်လန့်မိခဲ့တာ..။ကျုပ်က ဆေးပညာမှာ ထိပ်ဆုံးနေရာက  ရှိနေတယ် ဆိုပေမယ့် အကုန်လုံးကိုတော့ ကုသပေးနိုင်မှာမဟုတ်ဘူးလေ..."

လင်းဖန် ရှင်းလင်းစကားပြောနေတုန်းမှာတောင် ကိုယ့်ကိုကို ချီးကျူးဖို့ မမေ့ခဲ့ပါဘူး..။

ဒီမှာ ရှိနေတဲ့ ဆရာဝန် တွေကတော့  လင်းဖန် သူ့ကိုသူ ထပ်ဆုံးမှာ ရှိနေတယ် လို့ပြောတာကို ကြားတဲ့ အချိန်မှာ စိတ်ထဲကနေ ကျိန်ဆဲလိုက်ကြပါတယ်..။

သို့ပေမယ့် လင်းဖန်က ဆေးလုံး ၁၀ လုံးပဲ သူ့ဆီမှာ ကျန်တော့တယ်လို့ ပြောခဲ့တာပါ..။

ဒါကဘာကို ဆိုလိုတာလဲ...

ဒါက ကံကောင်းတဲ့ လူအနည်းငယ်ပဲ ဆေးကို ရမယ်လို့ ပြောလိုက်တာပါပဲ..။

အဲ့အချိန်မှာတော့ မြို့သားတွေက..စိတ်ဓာတ်ကျသွားခဲ့တယ်..။သူတို့ရဲ့ မျှော်လင့်ချက် ရောင်ခြည်လေးက အဆုံးမှာ အဝေးတစ်နေရာကို က ယူဆောင်သွားသလိုပါပဲ..။

သတင်းထောက် တစ်ယောက်ဟာ မေးလိုက်တယ်..။

"မာစတာလင်းဒါက တစ်ခြားနည်းလမ်း မရှိတော့ဘူးလို့ ဆိုလိုတာလား.."

"ကျွန်တော် ပြီးအောင် ပြောပါရစေ.."

လင်းဖန် လူတိုင်းရဲ့ မဖုံးကွယ်ထားနိုင်ကြတဲ့ စိတ်ခံစားချက်တွေကို ကြည့်ပြီး သက်ပြင်းချလိုက်တယ်..။အခုချိန်မှာ သူတို့ရဲ့ မျှော်လင့်ချက်တွေက စိတ်ပျက်ခြင်း အဖြစ် ပြောင်းလဲသွားခဲ့ကြတာပါ..။

"တကယ်တော့ ခင်ဗျားတို့ အရမ်းစိတ်ပူဖို့ မလိုပါဘူး..။ဆေးလုံးတွေကို..ဖြန့်ဝေပေးလို့ မရဘူးဆိုပေမယ့်..ကျုပ်တို့ ဆရာတပည့်နှစ်ယောက်က ဒီအတွက် ဆေးညွှန်းကို ဖန်တီးပေးဖို့ စီစဥ်ထားပါတယ်..."

လင်းဖန် တည့်ငြိမ်စွာပြောလိုက်တာပါ..။

အစက စိတ်ပျက်နေကြတဲ့ မြို့သားတွေဟာ ဒါကိုကြားပြီး မျှော်လင့်ချက် ပြန်ရှ်ိလာခဲ့ပါတယ်..။

သတင်းထောက်တွေဟာ အမြန်မေးလိုက်ကြတယ်..။

"မာစတာလင်း  ဒါက ဘယ်လောက် ကြာနိုင်မလဲ..."

လင်းဖန် ပြောလိုက်တယ်..။

"စိတ်အေးအေးထားပါ..။ကျွန်တော် တ်ို့ ဒီသွေးကင်ဆာ ရောဂါသည်တွေ ပြန်ကောင်းလာဖို့ အစွမ်းကုန်ကြိုးစားသွားမှာပါ..."

သတင်းထောက်တစ်ယောက်ဟာ ပြန်ပြောလိုက်တယ်..။

"မာစတာလင်း ဒါက အခွင့်အရေး ရှိရဲ့လား..."

လင်းဖန် သက်ပြင်းချပြီး အကူညီမဲ့စွာ ပြန်ဖြေလိုက်တယ်..။

"ကျိန်းသေ အခွင့်အရေး ရှိတာပေါ့..."

သူ ဒီလို မဖြေရင် ဘယ်လိုဖြေရမလဲ မသိတော့ပါဘူး..။

ဒါပေါ့..သူသာ နည်းနည်း အလေးအနက် ထားပြီး အားစိုက်ထုတ်လိုက်မယ် ဆ်ိုရင် ဒါက အဆင်ပြေသွားမှာပါ..။

....

A Valiant Life 884
အပိုင်း  ( ၈၈၄  )  တွေးကြည့်တာနဲ့ စိတ်လှုပ်ရှားတဲ့
                            ခံစားချက်မျိုး..

#ဘာသာပြန် = စနိုးဝှိုက်

အခြေအနေ အကုန်လုံးက..အကုန်မြင်သာ ထင်သာ ရှိသွားခဲ့ပါပြီ..။ပြီးတော့ လူတိုင်း ရဲ့ မာစတာလင်းအပေါ် ယုံကြည်မူ တွေကလည်း ကောင်းမွန်နေခဲ့တယ်..။သူတိူ့အတွက် ကတော့ မာစတာလင်းကို ယုံကြည်တာက တစ်ခုတည်းသော ရွေးချယ်စရာပါပဲ..။

ထပ်ပြောရရင်..သူတို့ အတိတ်ကို ပြန်ကြည့်လိုက်ရင် မာစတာလင်း ဆိုတာက ဘယ်တုန်းကမှ..စိတ်မပျက်စေခဲ့ပါဘူး..။

အခုချိန်မှာတော့ လင်းဖန်မှာ..သွေးကင်ဆာကို ကုသမယ့် ဆေးလုံ ၁၀ လုံးရှိနေခဲ့တယ်..။ဒီ ပမာဏနဲ့ဆိုရင် လင်းဖန် သူ့ရဲ့ မစ်ရှင်ကိုလည်း ပြည့်မြောက်အောင် လုပ်နိုင်လောက်မှာပါ..။

"ကောင်းပြီ  ချစ်လှစွာသော သတင်းထောက်တို့..။ကျွန်တော်မှာ ပြောစရာ ရှိပါတယ်..။အခု ကျွန်တော့်မှာ ဆေးလုံး ၁၀ လုံးရှိတယ် ဆ်ိုတော့ ဒါကို ရောဂါ အခြေအနေ အတော်လေး ဆိုးရွားနေတဲ့ လူနာတွေကိုပဲ ပေးချင်ပါတယ်..။ကျွန်တော်  ဆေးရုံကြီးတွေကို ဆိုးရွားတဲ့  ရောဂါသည်တွေကို ရွေးချယ်ပေးဖို့တောင်းဆိုချင်ပါတယ်..။ဆေးညွှန်းအတွက်ကတော့ ကျွန်တော်အတတ်နိုင်ဆုံး အမြန်ဆောင်ရွက်ပေးသွားမှာပါ..။အခြေအနေအရမ်း မဆ်ိုးသေးတဲ့ ကင်ဆာရောဂါသည်တွေကတော့ ခနလောက် သည်းခံပြီး စောင့်ကြပါဦးလို့ ပြောပါရစေ.."

ဒီမှာက ကင်ဆာရောဂါသည် တွေရဲ့ မိသားစုဝင်တွေ အများကြီး ရှိနေကြပြီး..သူတို့ အကုန်လုံးကတော့..ကိုယ့်မိသားစုဝင်ကို ပြန်ကောင်းလာစေချင်တဲ့ လူတွေချည်းပါပဲ..။သို့ပေမယ့် မာစတာလင်းက ပြောလာပြီ ဆိုမှတော့ သူတို့ တကယ်ကို အကူညီမဲ့ရပါတယ်..။

"မာစတာလင်း ငါတို့ကို အရင်ပေးလို့ရမလား..."

"ဟုတတယ် ငါတို့ မိသာစုဝင်က အခြေအနေ တော်တော် ဆိုးနေလို့ပါ.."

တစ်ချို့ မိသားစုဝင်တွေဟာ..စတင်ပြီး ငိုကြွေးလိုက်ကြတယ်..။အဲ့အချိန်မှာ သူတို့တွေးနေတာက..ဆေးလုံးကသာ..ခိုင်မာတဲ့ အရာတစ်ခုဖြစ်ပြီး ဆေးညွှန်းက တကယ်ထွက်လာမှာလား မထွက်လာဘူးလား ဆိုတာကို ဘယ်သူမှ မသိပါဘူး..။

တကယ်လို့ မာစတာလင်းသာ ဆေးညွှန်းဖော်ဖို့ ကျဆုံးသွားရင် သူတို့ ဘာလုပ်ရမလဲ ဆိုတာ သိတော့မှာမဟုတ်ပေ..။

လင်းဖန် ချက်ချင်း လက်ဝေ့ယမ်းပြီး ပြောလိုက်တယ်..။

"အိုကေ..ကျွန်တော် ကတော့ ဘယ်လို မျှဝေရမလဲ ဆိုတာကို ပြောပြီးပြီးပြီ..။အားလုံးပဲ ပြန်လို့ရပါပြီ..."

ဘယ်သူကမှ ထွက်မသွားခဲ့ကြပါဘူး..။သူတို့ကြည့်ရတာ တစ်ယောက်မှ ထွက်သွားချင်တဲ့ပုံ မရှိကြပေ..။သူတို့  မိသားစုဝင်တွေကို တကယ်ပဲပြန်ကောင်းလာစေချင်ကြတာပါ..။

လင်းဖန် အနည်းငယ် အကူညီမဲ့သလို ခံစားလိုက်ရတယ်..။

"ခင်ဗျားတို့ ကျုပ်ကို နှောက်နှေးအောင် လုပ်နေတာက ခင်ဗျားတို့ မိသာစုဝင်တွေ ပြန်ကောင်းဖို့ နှောက်နှေးအောင် လုပ်နေသလိုပဲနော်..။ခင်ဗျားတို့ အမြန်ထွက်သွားရငိ ကျုပ်လည်း ဆေးညွှန်းကို မြန်မြန် စမ်းသပ်ပေးလို့ရတယ်..။ခင်ဗျားတို့မနက်ဖြန်ရောက်တဲ့ အထိ ဒီမှာ ရပ်ပြီး စောာင့်နေကြမယ် ဆိုရင်တောင် ဒါက အသုံးမဝင်ဘူးလေ..."

လင်းဖန်  ဒီ မိသားစုဝင်တွေရဲ့ စိတ်သဘောထားကို နားလည်ပါတယ်..။သို့ပေမယ့် အခုချိန်မှာ
ဆေးလုံးတွေက အရမ်း အန္တရာယ်များတာကြောင့်..သူ သုံးချင်သလို မသုံးစွဲပဲ..ပိုပြီး အခြေအနေ ဆိုးတဲ့လူတွေကိုပေးရမှာပါ..။

သတင်းထောက်တွေဟာ..ဓာတ်ပုံတွေ ရိုက်ပြီး ပြောလိုက်တယ်. ။

"မာစတာလင်း..စိတ်မပူပါနဲ့..။ကျွန်တော်တို့ တစ်ခြား ဆေးရုံတွေပါ သိရအောင် ဒီသတင်းကို တင််ပေးပါ့မယ်..."

သို့ပေမယ့် လင်းဖန် ဒီီလို ပြောပြီးတာတောင် မိသားစု ဝင် တစ်ချို့က မပြန်သေးပဲ တောင့်ခံနေကြတုန်းပါပဲ..။

သူတို့ဟာ တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်ကြတယ်..။သူတို့ ကြည့်ရတာ အရင်ပြန်သွားတဲ့လူက တစ်ခုခုကို ဆုံးရှုံးရမယ်လို့ ခံစားနေကြရတဲ့ ပုံပါပဲ..။

ဘေးနားမှာ ရှိနေတဲ့ မြို့သားတစ်ချို့ဟာ ပြောလိုက်တယ်..။

"ငါ ထင်တာတော့ မင်းတို့ အမြန်ပြန်ပြီး မာစတာလင်းကို အချိန်တစ်ချို့ပေးသင့်တယ်နော်..."

"ဟုတ်တယ် မင်းတို့ ဆက်နေနေလို့လည်း ဘာမှ ထူးမှာ မဟုတ်ဘူး..မင်းတို့က မာစတာလင်းရဲ့ အချိန်တွေကို ဖြုန်းနေတာပဲ..."

"မာစတာလင်းရဲ့ ဆေးပညာ ဒီလောက်ကောင်းတာ သူ့မှာ ကျိန်းသေ အဖြေရှိမှာပဲလေ..."

"ဒါအမှန်ပဲ..မင်းတို့ အမြန်ပြန်ပြီး မာစတာလင်းကို သေချာ စဥ်းစားဖို့ အချ်န်ပေးသင့်တယ်..။မင်းတို့ မာစတာလင်းကို ပြသနာတက်အောင် လူပ်လို့ မရဘူးလေ..."

နောက်ဆုံးမှာတော့ မြို့သားတွေရဲ့ စကားတွေကြောင့် မိသားစုဝင်တွေဟာ ပြန်သွားခဲ့ကြပါတယ်..။

သူတို့ နောက်ဆုံးမှာ အခြေအနေတစ်ခုလုံးကို နားလည်သွားကြပါပြီ..။သူတို့ ဒီမှာဆက်နေလို့လည်းဘာမှထူးမှာမဟုတ်ပါဘူး..။

သူတို့တွေ ဖြည်းဖြည်းချင်း ထွက်ခွာသွားခဲ့ကြတယ်..။

လင်းဖန်  သက်ပြင်းချလိုက်တယ်...။အရည်အချင်းတွေက မြင့်မားတဲ့ အဆင့်တစ်ခုကို ရောက်သွားပြီဆိုင်..လူတစ်ယောက်က လွတ်လပ်ပြီး လွယ်ကူတဲ့ ဘဝတစ်ခုမှာ နေဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး..။

သိူ့ပေမယ့် ဒီခံစားချက်က အတော်လေးတော့ ကောင်းလှပါတယ်..။သူက လူတွေ အားလုံးရဲ့ မျက်လုံးထဲမှာ ကယ်တင်ရှင် တစ်ယောက်လို ဖြစ်နေခဲ့တာပါ..။

သတင်းထောက်တွေကတော့ ရှိနေကြတုန်းပါပဲ..။သို့ပေမယ့် မာစတာလင်း  ခေါင်မိုးပေါ်မှာ ရှိနေတာက သူတို့ အတွက် စကားပြောရတာ ခက်ခဲစေပါတယ်ိ..။

"မာစတာလင်း အမြန် ဆင်းလာခဲ့ပါလား..."

"ဟုတ်တယ်..ကျွန်တော်တို့မှာ မေးစရာ တစ်ချို့ ရှိသေးတယ်...ပြီးရင်တော့ သွားတော့မှာပါ..."

သတင်းထောက်တွေရဲ့ တောင်းဆိုမူအောက်မှာ
လင်းဖန်  မငြင်းပယ်နိုင်ခဲ့ပါဘူး..။ယင်းနောက် သူ ခေါင်းမိုးပေါ်က ခုန်ဆင်းလိုက်တယ်..။

သတင်းထောက် တစ်ယောက်ဟာ အလျင်အမြန် ရှေ့ကို တက်ပြီး မေးလိုက်ပါတယ်..။

"မာစတာလင်း ဒီအခြေအနေကို ဘာများ ပြောချင်ပါသလဲ..။အခုချိန်မှာ..မိသားစုဝင်တွေအများကြီးက မာစတာလင်းကို စောင့်ကြည့်နေကြတာလေ..။ဒီအတွက် ဖိအားကို ခံစားရလား..."

လင်းဖန် ပုခုံးတွန့်ပြီးပြန်ပြောလိုက်တယ်..။

"ဒါအဆင်ပြေပါတယ်..။ဖိအားတွေကလည်း ဒီလောက်တော့ မများပါဘူး...။ကျွန်တော် အကောင်းဆုံး ကြိုးစားသွားမှာပါ..။ထပ်ပြောရရင် ကျုပ်မှာ ယုံကြည်မူလည်း ရှိတယ်လေ..။ကျုပ် ဒီီလိုမျိုး သွေးကင်ဆာ ရောဂါအတွက် ဆေးလုံးက်ို ဖန်တီးနိုင်တယ် ဆိုရင် ဘာလို့များ ဆေးညွှန်းကို မထုတ်ပေးနိုင်ရမှာလဲ..."

သတင်းထောက်တွေကတော့ မာစတာလင်းရဲ့ ယုံကြည်မူ လွန်ကဲတဲ့ ပုံစံကို..ကျင့်သားရနေခဲ့ပါပြီ..။

တကယ်လို့ ဒါသာ တစ်ခြားတစ်ယောက်ဆိုရင် ..ဒီငနဲ ဘဝင်မြင့်နေတယ်လို့ ထင်မိကြမှာပါ..။သို့ပေမယ့် ဒါက မာစတာလင်းဆိုတော့ ဒါက ပုံမှန်ပဲ လို့သာ သူတို့ တွေးမိကြပါတယ်..။

နောက်ထပ် သတင်းထောက် တစ်ယောက်ဟာ မေးလိုက်တယ်..။

"မာစတာလင်း..သွေးကင်ဆာ အပြင် တစ်ခြား ရောဂါတွေကို ကုသဖို့ ဖြစ်နိုင်သေးလား..."

ဒီမေးခွန်းထွက်လာတဲ့ အချိန်မှာ အကုန်လုံးသိချင်သွားခဲ့ပါတယ်..။သူတိုက မာစတာလင်း တစ်ခြား ရောဂါတွေအတွက် ဆေးညွှန်းထုတ်ပေးဦးမလား ဆိုတာ သိချင်ခဲ့ကြတာပါ..။

လင်းဖန် ဒီစကားကို ကြားတဲ့ အချိန်မှာ သူ့ရဲ့ နှလုံးခုန်သံတွေဟာ ရပ်တန့်မလိုတောင် ဖြစ်သွားခဲ့တယ်..။

လာနောက်နေတာလား...

တကယ်လို့ သူသာ တစ်ခြားရောဂါတွေကို ကုသပေးနိုင်တယ်လို့ ပြန်ဖြေလိုက်မယ် ဆိုရင်..ကျန်တဲ့ ရက်တွေမှာ.အနားရတော့မှာတောင် မဟုတ်တော့ပါဘူး..။

သို့ပေမယ့် သတင်းထောက်တွေက မေးလာပြီ ဆိုမှတော့ သူသာ..မကုသနိုင်ဘူးလို့ ပြန်ဖြေမယ် ဆိုရင် ကျိန်းသေ မျက်နှာပျက်ရတော့မှာပါ..။

* အဟွတ် အဟွတ် *

"ဒါက တကယ်ကို လေးနက်တဲ့ မေးခွန်းပဲ..။အခုချိန်မှာတော့ ကျိန်တော် တစ်ခြားရောဂါတွေကို ကုသပေးဦးမှာမဟုတ်သေးဘူး..။ဒါပေမဲ့ ကျုပ် အဆင့်အတန်းနဲ့ ဆိုရင် ဒါတွေက ပြသနာ မဟုတ်ဘူးလေ..။ဒါပေါ့..ဒါက ကျုပ် ကိုယ့်က်ိုကို ယုံကြည်မူရှိတာပါ..။အရမ်းကြီးလည်း အတည်မယူကြနဲ့ဦး..."

လင်းဖန် တည်ငြိမ်စွာ ပြောလိုက်တာပါ..။

သတင်းထောက်ဟာ ပြောလိုက်တယ်..။

"မာစတာလင်း  ကျွန်တော် ယုံကြည်ပါတယ်..။မာစတာလင်းရဲ့ ပရိတ်သတ်တွေကလည်းကျိန်းသေ  ယုံကြည်ကြပါလိမ့်မယ်..။ကျွန်တော် မေးချင်တာက မာစတာလင်း ဒီီလို ရှုပ်ထွေးတဲ့ရောဂါကို အရှင်း
ကုသဖို့ ဘယ်လိုတွေများ ကြိုးစားခဲ့တာလဲ..."

လင်းဖန် ပြုံးရုံသာ ပြုံးလိုက်ပြီး ပြန်မဖြေခဲ့ပေ..။သူ့ အပြုံးကတင် ဒီမေးခွန်းအတွက် လုံလောက်နေခဲ့ပါပြီ..။

အဆုံးမှာတော့ လင်းဖန်  ရဲ့ ကြိုးစားမူကြောင့် သတင်းထောက်တွေလည်း ပြန်သွားခဲ့ပါတယ်..။

ကျိုးမင်ချင်း သူ့ဘေးနားကို ရောက်လာပြီး ပြောလိုက်တယ်..။

"ဆရာ..ဒီအတွက် တကယ်ပဲ ယုံကြည်မူ ရှိနေတာလား..."

အခုချိန်မှာ သူတကယ်ပဲ စိုးရိမ်မိပါတယ်..။တကယ်လို့သူတို့သာ ဆေးညွှန်း မဖော်စပ်နိုင်ရင် သူတို့အပေါ် အသက်အန္တရာယ်တောင် ဖြစ်လာနိုင်ပါတယ်..။

"ဒါပေါ့ သေချာတာပေါ့...။ကျုပ် မသေချာရင် ဘာလို့ ဒီလို ပြောမှာလဲ..။ဒါပေမဲ့ နည်းနည်းတော့ အားစိူက်ထုတ်ဖို့လိုအပ်တယ်..။လတ်တလော အခြေအနေက တကယ်ကို ခက်ခဲတော့မှာ..."

လင်းဖန် ပြောလိုက်တာပါ...။

တကယ်လို့ လင်းဖန်သာ ..ဒီအရာက အရမ်းခက်ခဲတယ်လို့ မပြောရင် တစ်ခြားလူတွေက ဆေးညွှန်းဖော်စပ်ရတာ လွယ်တယ်လို့ ထင်သွားကြမှာပါ..။

သူသာ ရိုးရိုးတန်းတန်း လုပ်လိုက်ရင် သူများတွေ  အမြင်မှာ စျေးပေါသွားမှာ အမှန်ပါပဲ..။

သို့ပေမယ့် လင်းဖန်  သတင်းထောက်တစ်ယောက်  မေးခဲ့တာကို ပြန်တွေးမိလိုက်တယ်..။

ကမ္ဘာပေါ်က ရောဂါ အကုန်လုံးကို ကုသနိုင်ရင် ဘယ်လို နေမလဲ..။ဒါက နည်းနည်းလေးတော့ ကြောက်ဖို့ ကောင်းပါတယ်..။

ဥပမာ  နှစ်တစ်ရာ အတော်အတွင်းမှာရှိတဲ့ ဆေးပညာ သင်ရိုး တွေမှာ သူ့ရဲ့ အကြောင်းကို မိတ်ဆက်ကြတော့မှာပါ..။

"၂၀၁၇ ခုနှစ်..ဆေးပညာ လောကရဲ့ အမြင့်မြတ်ဆုံး မာစတာဖြစ်တဲ့..မာစတာ လင်းဖန်  ဟာ  အဆုတ်ကင်ဆာ...အသည်းကင်ဆာ.. သွေးကင်ဆာ...ဦနှောက်ကင်ဆာ...စသဖြင့်...   တွေကို ကုသနိုင်ခဲ့တယ်..။အားလုံးပဲ မာစတာလင်းဖန် ရဲ့ ဘဝ အကြောင်းလေးကို ကြည့်လိုက်ကြရအောင်....."
.
ဒါမျိူး တွေးကြည့်ယုံနဲ့တင် သူ့ကို စိတ်လှုပ်ရှားစေပါတယ်..။

......

A Valiant Life 885
အပိုင်း  ( ၈၈၅ )

#ဘာသာပြန် = စနိုးဝှိုက်

"မင်ချင်း တရုတ်ဆေးဝါး ကုမ္ပဏီတွေဆီကို ဆက်သွယ်လိုက်..။သူတို့ကို ပါဝင်ပစ္စည်းတွေကို ကျောင်းကို ပို့ပေးဖို့ပြောလိုက်..။ကျုပ်တို့ သုတေသန အခန်းထဲမှာ စမ်းသပ်မှဖြစ်မယ်...!

လင်းဖန် အခုချိန်မှာ အတော် လေးနက်နေခဲ့ပါတယ်..။သူဆေးညွှန်းကို ဖန်တီးပေးမယ်လို့ ပြောထားပြီးမှတော့..သူ အစွမ်းကုန် ကြိုးစားရတော့မှာပါ..။

အရင်တစ်ခေါက် ဝိတ်ကျရောဂါ အတွက် ဆေးညွှန်းရှာဖွေတုန်းကလည်း ကျောင်းမှာ လုပ်တာပါပဲ..။

"ကျွန်တော် သိပါပြီ..အခုချက်ချင်း ဆောင်ရွက်လိုက်ပါ့မယ်..."

ကျိုးမင်ချင်း ခေါင်းညိမ့်ပြီး ပြောလိုက်တာပါ..။

လင်းဖန် ... တိမ်ဖြူလမ်းက ထွက်ခွာဖို့ လုပ်တဲ့ အချိန်မှာပဲ ဆိုင်ရှေ့မှာ လူတစ်စုဟာ ရောက်လာခဲ့ကြတယ်..။

သူတို့ထဲက တစ်ယောက်က လုံးဝ သန့်ပြန့်အောင် ဝတ်ဆင်ထားတဲ့ လူတစ်ယောက်ပါ..။သူ့ရဲ့ လက်နှစ်ဖက် နဲ့ အတူပဲ..သူ့ရဲ့ အလုပ်အကိုင်ကတ်ကို လှမ်းပေးလာခဲ့တယိ..။သူ့အမူအရာက အနည်းငယ် စိတ်လှုပ်ရှားနေပြီး ပြောလိုက်ပါတယ်..။

"ဟဲလို မာစတာလင်း ကျွန်တော်က ဟာအာ ဆေးဖက်ဆိုင်ရာ ကုမ္ပဏီ ရဲ့ မန်နေဂျာ တစ်ယောက်ပါ..။ကျွန်တော် တို့ကုမ္ပဏီက မာစတာလင်း ရဲ့ စမ်းသပ်မူတွေ အတွက် ရင်းနှီးမြုပ်နှံချင်ပါတယ်..."

လင်းဖန်  အလုပ်အကိူင်ကတ်ကို တစ်ချက်ကြည့်လိုက်ပြီး ပြန်ပြောလိုက်တယ်..။

"ကျုပ်အပေါ်မှာ ရင်းနှီးမြုပ်နှံချင်တာလား..။ဒါမဆိုးပါဘူး..။ကြည့်ရတာ ခင်ဗျားဆို့ ဆေးဖက်ဆိုင်ရာ ကုမ္ပဏီက..လူတွေကို ကူညီပေးချင်တဲပုံပဲ..."

"ဒါက ပုံမှန်ပါပဲ..။ကျွန်တော်တို့က ဆေးဖက်ဆိုင်ရာ ကုမ္ပဏီ တစ်ခုဆိုတော့ လူတွေ အတွက်ကို အမြဲတမ်း စဥ်းစားပေးနေရတယ်လေ..။တကယ်လို့ မာစတာလင်း ဆေးညွှန်းကို ဖော်ထုတ်နိုင်ခဲ့ရင် ကျွန်တော်တို့ကို ကိုင်တွယ်ခွင့်ပေးပါ...။မာစတာလင်း..ကျိန်းသေအကျိုးအမြတ် အများအပြား ရမယ်လို့ ကျွန်တော် ပြောနိုင်တယ်..."

လူကြီးဟာ စိတ်လှုပ်ရှားနေတဲ့ အမူအရာ နဲ့ ပြောလိုက်တာပါ..။

သူ့မျက်လုံးထဲမှာတော့ သူသာ ဒီအခွင့်အရေးကိုသာ ဆုပ်ကိုင်နိုင်ခဲ့ရင် ပိုက်ဆံတွေက တရစပ်ကို သူ့ဆိီကို စီးဆင်းလာတော့မှာပါ..။

ဒီ ကုမ္ပဏီ လောကထဲမှာ ဘယ်ကုမ္ပဏီတွေက လွမ်းမိုးမူများပြီး အကျိုးအမြတ် များပြားသလဲ..။

ဒါက ကျိန်းသေ ဆေးဖက်ဆိုင်ရာ ကုမ္ပဏီတွေပါပဲ...။အမြတ်အစွန်းက တကယ်ကို ကြောက်ဖို့ ကောင်းတာပါ..။

ထပ်ပြောရရင် မာစတာလင်းသာ အမှန်တကယ်ပဲ..သွေးကင်ဆာကို ပျောက်ကင်းနိုင်တဲ့ ဆေးညွှန်းသာ ပေးခဲ့ရင်..သူတို့ ကုမ္ပဏီ အနေနဲ့ ဒါကို အမှီပြုပြီး..နိုင်ငံတကာ စျေးကွက်ထဲအထိ ချဲ့ထွင်လို့ ရပါတယ်..။

လင်းဖန် ဒါကို ကြားတဲ့ အချိန်မှာ သဘောကျစွာ ပြုံးပြီး ပြောလိုက်တယ်..။

"ခင်ဗျားတို့ကို ကိုင်တွယ်ခိုင်းရမှာလား..။ခင်ဗျားတို့က ဘယ်လို ကိုင်တွယ်မှာ မို့လို့လဲ.."

လူကြီးဟာ မာစတာလင်းရဲ့ အသံအနေအထားကိူ နားမလည်ပဲ..အမှန်တကယ်ပဲ  သူပြောတာကို စိတ်ဝင်စားတယ် လို့ ထင်သွားခဲ့ပါတယ်..။

သို့ပေမယ့် သူသာ အခုချိန်လင်းဖန် တွေးနေတာကို သာ သိရင် ကျိန်းသေ ဒေါသဖြစ်မိမှာပါ...။

လူကြီးဟာ ဆက်တိုက်ကို မရပ်မနား ပြောနေခဲ့တယ်..။သူက သူ့ကုမ္ပဏီက..အစီစဥ် တွေကို..ချဲ့ကားပြီး ရှင်းပြနေခဲ့ပါတယ်..။တကယ်လို့ ဒါသာ သာမန်လူတစိယောက် ဆိုရင်..အစောကတည်းက သူ့ရဲ့ စကားလုံးတွေ အောက်မှာ..ကျဆုံးသွားလောက်ပါပြီ..။

"တော်ပြီ တော်ပြီ..လုံလောက်ပြီ..။ခင်ဗျား ထပ်ပြောဖို့ မလိုတော့ဘူး..။ကျုပ် ဘယ်သူ့ကိုမှ ဆေးညွှန်းကို ကိုယ်တွယ်ခွင့်ပေးမှာ မဟုတ်ဘူး..။ကောင်းပြီ ခင်ဗျားတို့ သွားလို့ရပြီ..။ကျုပ် မှာ လုပ်စရာ ရှိသေစတယ်..."

လင်းဖန်လက်ဝေ့ယမ်းပြီး ပြောလိုက်တာပါ..။

သို့ပေမယ့် လင်းဖန်..ဒီလို အရာတွေကို စိတ်မဝင်စားပေ..။

ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်တွေ ကမ္ဘာပေါ်မှာ အာဏအရှိဆုံး ပုဂ္ဂိုလ်တွေ ဆိုတာက  သူ့အတွက်တော့ ဘာမှ မဟုတ်ပါဘူး..။

သူက မကြာခင်မှာတောင်  အင်မော်တယ် အသိပညာ အခန်း  အချိန်မရွေး ပွင့်သွားနိုင်တာပါ..။အဲဲဒီအချိန်ကျရင် ဒီလူတွေက သူ့အတွက်တော့ အရုပ်တွေလိုပါပဲ..။

ထပ်ပြောရရင် သူ တကယ်ပဲ ပိုက်ဆံကို ဒီလောက် အထိ စိတ်ထဲ မထားပေ..။သူ ဒီတိုင်း  သူများမကုနိုင်တဲ့ ရောဂါတစ်ခုခုကို လိုက်ကုသနေရင်တောင် ချမ်းသာနိုင်ပါတယ်..။

ချမ်းသာတဲ့လူတစ်ယောက် ဖြစ်ဖို့ ဆိုတာက သူ့အတွက်တော့ ပြသနာ တစ်ခုမဟုတ်ပါဘူး..။

လက်ရှ်ိ လင်းဖန်ကို ဝန်းရံထားကြတဲ့ လူတွေက ဆေးဖက်ဆိုင်ရာ ကုမ္ပဏီတွေက လူတွေပါ..။သူတို့ရဲ့ ရည်မှန်းချက်က လင်းဖန်  ရဲ့..အေးဂျင့် တစ်ယောက်ဖြစ်ဖို့ပါပဲ..။

"မာစတာလင်း ခနလောက်တော့ နေပါဦး.."

ဒီလူတွေဟာ လင်းဖန်  ထွက်သွားတော့မှာကို မြင်ပြီး စိတ်ပူသွားခဲ့တယ်..။ဒီလို အခွင့်အရေးမျိုးဆိုတာက အရမ်းရှားပါးတာကြောင့်..သူတို့ ဒီလိုမျိုး..လက်မလွှတ်လိုက်ချင်ကြပါဘူး..။

လင်းဖန်  အနည်းငယ် စိတ်မရှည် ဖြစ်သွားခဲ့တယ်..။ဒီလူတွေက တကယ်လက်ပေါက်ကပ်တဲ့ လူတွေလို့ သူခံစားလိုက်ရပါတယ်..။

"တော်လောက်ပြီ..ကျုပ် ရှင်းရှင်းလင်းလင်း ပြောထားပြီးပြီလေ..။ကျုပ် ဘယ် ကုမ္ပဏီ နဲ့မှ အလုပ်တွဲလုပ်မှာ မဟုတ်ဘူး..။တစ်ချိန်တည်းမှာပဲ ကျုပ် ဘာ အကျိုးအမြတ်အတွက် ရှင်းပြတာကိုမှ မလိုချင်ဘူး..။ဒါပဲ...နှုတ်ဆက်ပါတယ်.."

သိူ့ပေမယ့်  သူ လှုပ်လိုက်တာနဲ့ လူတွေက ပိုပိုပြီးဟဝိုင်းလာခဲ့ကြပါတယ်..။

"မာစတာလင်း နားထောင်ပါဦး..။ကျွန်တော်တို့ ကုမ္ပဏီက..."

"မာစတာလင်း ကျွန်တော် ပြောတာလေး ကို  ခနလောက် နားထောင်လိုက်..။ကျွန်တော်တို့ ကုမ္ပဏီက ရိူးရိုးသားသား ကမ်းလှမ်းတာပါ...။စာချုပ်ကို အေးဆေး ဆွေးနွေးလို့ရတယ်လေ..။ကျွန်တော်တို့ ကုမ္ပဏီက ရိုးသားတဲ့ နှလုံးသားနဲ့လာတယ် ဆိုတာကိုပဲ..သိထားပေးပါ..."

လင်းဖန် သူ့ဦးနှောက်တောင် ပေါက်ကွဲ ထွက်မလို ခံစားလာခဲ့ရတယ်..။ဒီလူတွေက တကယ်ကို ပြသနာပါ..။

"အားလုံးပဲ လာကြပါဦး.."

လင်းဖန် အော်လိုက်တဲ့ အချိန်မှာ ဆိုင်ပိုင်ရှင်တွေဟာ..ထိပ်လန့်သွားပြီး အလျင်အမြန်ပဲ ပြေးထွက်လာခဲ့ကြပါတယ်..။

"သူဌေးလေး ဘာဖြစ်တာလဲ..."

"ဟေ့ကောင်တွေ မင်းတ်ို့ သူဌေးလေးကို ဘာလုပ်တာလဲ..."

"မအိမ်လုံးတွေ မပြေးနဲ့..။ငါ မင်းတို့ ခြေထောက်တွေကို ရိုက်ချိုးပစ်မယ်..."

ဆိူင်ပိုင်ရှင်တွေဟာ ဘာတွေဖြစ်နေတာလဲ ဆိုတာကို သဘောပေါက်လိုက်တယ်..။ဒီငနဲတွေက ..သူဌေးလေးကို နှောက်ယှက်နေကြတာပါ..။သူတို့က တကယ် သေချင်နေတာပဲ...။

ဒီလို ဆိုင်ပိုင်ရှင်တွေ အုပ်စူလိုက်ထွက်လာတာကြောင့် သူတို့ နောက်ဆုံးတော့ ကြောက်လန့်ပြီး ပြန်သွားခဲ့ကြပါတယ်..။

လင်းဖန် ကျိုးမင်ချင်းကို ကြည့်ပြီး ပြောလိုက်တယ်..။

"မင်ချင်း..အမြန် လုပ်စရာ ရှိတာလုပ်တော့..။မနက်ကျောင်းကို နည်းနည်းစောပြီးလာခဲ့ဦး..။ကျုပ် အဲဒိကနေ စောင့်နေမယ်..."

ကျိုးမင်ချင်းကတော့ အဲ့အချိန်မှာ စိတ်လှုပ်ရှားနေခဲ့တယ်..။သူ့ဆရာနဲ့ ဒီလို အလုပ်တွဲလုပ်ခွင်ရတာက..သူ့အတွက်တော့ အခွင့်အရေးကြီးပါပဲ..။

ကျိုးမင်ချင်း ထွက်သွားပြီးတဲ့ အခါမှ လင်းဖန် လူလိမ်ထျန်ကို ကြည့်ကာ ပြောလိုက်တယ်..။

"ဒီရက်ပိုင်း ပန်ကိတ်မရောင်းဘူးဆိုတာ မနက်ဖြန်ကျရင် မြို့သားတွေကို ကူပြီး ပြောပေးပါဦး..."

လူလိမ်ထျန်နဲ့ကျန်တဲ့လူတွေဟာ ဒါကို နားလည်ကြပါတယ်..။အခြေအနေရဲ့ ရှုပ်ထွေးမူက ရှင်းထုတ်ရတာ မလွယ်ကူပါဘူး...။

"ဟေး...ဒီကိစ္စကတော့ မပူနဲ့..။မင်းလုပ်စရာ ရှိတာသာ လုပ်..။ဒီဆိူင်အတွက်ကို ငါတာဝန်ယူတယ်.."

လူလိမ်ထျန်ပြောလိုက်တာပါ..။

နောက်တစ်ရက်..။

မနက်ခင်းတွင်..။

သတင်းတွေက ဝက်ဆိုဒ်တွေပေါ်ကို တက်လာခဲ့ပါတယ်..။

သတင်းတွေ အကုန်လုံးနီးပါးက မနေ့က တိမ်ဖြူလမ်းမှာ ဖြစ်ပျက်ခဲ့တဲ့ အရာတွေပါ..။သတင်းတွေ အင်တာနက်ပေါ်မှာ  ရောက်လာတဲ့ အချိန်မှာ လှုပ်လှုပ်ရှားရှား ဖြစ်လာခဲ့ပါတယ်..။

"မာစတာလင်းက လက်ရှိအချိန်မှာ.သွေးကင်ဆာ ရောဂါသည်များအတွက် ဆေးညွှန်းကို စမ်းသပ်လျက်ရှိသည်..."

"သွေးကင်ဆာ အား ကုသရန် ဆန်းကြယ်သော ဆေးလုံး ၁၀ လုံးကျန်နေသေးသည်..။ကံကောင်းသော..လူနာဆယ်ယောက် ကုသနိုင်လိမ့်မည်..."

"မာစတာလင်းရဲ့ ဆန်းကျယ်တဲ့ ဖြစ်စဥ်တွေကို လက်မလွှတ်စေနဲ့..."

"မရေမတွက်နိုင်တဲ့ သွေးကင်ဆာ ရောဂါသည်များရဲ့ မိသားစုဝင်များဟာ...တိမ်ဖြူလမ်း ကို ရောက်ရှိခဲ့ကြ.."

ဒီသတင်းတွေ တက်လာတာနဲ့ အင်တာနက်တစ်ခုလုံးမှာ လှုပ်ခတ်မူတွေ ဖြစ်ပေါ်လာခဲ့ပါတယ်..။

ပုံမှန်ဆိုရင်တော့ အနုပညာနဲ့ မပတ်သက်တဲ့ သတင်းတွေက လူတွေရဲ့ စိတ်ဝင်စားမူကို ခံရလေ့ မရှိပါဘူး..။သိူ့ပေမယ့် ဒီတစ်ကြိမ်တော့ မတူတော့ပေ..။

သွေးကင်ဆာ ဆိုတာက လူတိုင်းနဲ့ ရင်းနီးနေတဲ့ ရောဂါတစ်ခုပါ..။သူတို့ စိတ်ထဲမှာလည်းမတော်တဆ သူတို့သာသွေးကင်ဆာ ဖြစ်သွားခဲ့ရင် ဆိုတဲ့ ကြောက်စိတ်ဆိုတာ ရှ်ိနေခဲ့ပါသေးတယ်..။

ဒါကြောင့် သူတို့ မာစတာလင်း သွေးကင်ဆာကို ကုသန်ိုင်မယ် ဆိုတဲ့ သတင်းကို ကြားတဲ့ အချိန်မှာ..ဒါက  လူထုရဲ့  အာရုံစိုက်မူကို ချက်ချင်းရသွားခဲ့ပါတယ်.။

"ချီးပဲ..6666..."

"မာစတာလင်းသာ အောင်မြင်သွားရင် ငါတို့ ဒီသွေးကင်ဆာ ရောဂါကို ကြောက်စရာ မလိုတော့ဘူး.."

"ဒါက ဆေးပညာ သမိုင်းကြောင်းရဲ့.မှတ်တိုင်တစ်ခုပဲ..။အနာဂတ်မှာသွေးကင်ဆာ ဆိုတာက..အအေးမိရောဂါတစ်ခုလိုပဲ ဖြစ်တော့မှာလေ..။ဒီရောဂါ ခံစားရပြီ ဆိုရင် ဆေးလေး နည်းနည်းသောက်လိုက်တာနဲ့ပျောက်သွားတော့မှာ.."

"အပေါ်ကကောင် မင်းရူးနေလား..။သွေးကင်ဆာ ဆိုတာဘာလဲတောင် မင်းသိလို့လား.."

"မင်းက ဘာလို့ လူတွေကို လိုက်ကျိန်ဆဲနေတာလဲ..။သွေးကင်ဆာ ဆိုတာ ဗိုင်းရပ်တစ်ခု မဟုတ်ဘူးလား..။အအေးမိတယ် ဆိုတာကလည်း ဗိုင်းရပ်ပဲလေ..။ဘာများ ခြားနားလိူ့လဲ..."

"မင်း အမေ...မင်းတို့က တကယ်ငတုံးတွေပဲ..။မင်းတို့က ငါနဲ့စကားပြောဖိို့ အဆင့်မမှီဘူး။လာ..မင်းတို့ အစ်ကိုကြီးက နည်းနည်းပါးပါး သင်ပေးမယ်..။သွေးကင်ဆာ ဆိုတာဒီအခြေအနေတွေ ကြောင့်ဖြစ်ပေါ်လာတာ...ဥပမာ ဗိုင်းရပ်..မျိုးရိုးလိုက်တဲ့ သွေး..ရေဒီယို သတ္တိကြွတဲ့ အခြေအနေ..ပြီးတော့  ဓာတုဗေဒဆိုင်ရာ လွန်ကဲမူတွေ ကြောင့်ပဲ..။နားလည်လား..."

"သူ ဆေးညွှန်းဖော်နိုင်လိမ့်မယ်လို့တော့ ငါမယုံဘူး..။တကယ်လို့ သူသာ ဆေးညွှန်းဖော်နိုင်ရင် မင်းတို့ကြည့်လို့ရအောင် ငါ တိုက်ရိုက်လွင့်ပြီး ချီးစားပြမယ်..."

"ငါလည်း မယုံနိုင်ဘူး...။ဒီလောက်နှစ်တွေအကြာကြီး ပညာရှင်တွေ အဖြေထုတ်တာတောင် မရခဲ့တာလေ..။ဒါကို သူက တကယ် လုပ်နိင်မယ် ထင်နေတာပဲ..."

အင်တာနက်ပေါ်က ဆွေးနွေးမူတွေက တစ်ယောက်ကို အမြင်တစ်ခုစီနဲ့ ပြင်းထန်နေခဲ့တယ်..။တစ်ချို့လူတွေက မာစတာလင်းကို ယုံကြည်ကြပြီး တစ်ချို့လူတွေက..မဖြစ်နိုင်ဘူးဆိုပြီး သံသယဖြစ်နေခဲ့ကြပါတယ်...။

တစ်ချို့  ကျော်ကြားတဲ့ ပုဂ္ဂိုလ်တွေဟာ..ဒီသတင်းကြောင့် စိတ်လှုပ်ရှားသွားခဲ့ပြီး ဝိုက်ဘိုမှာ ထောက်ခံမူ တွေကို ပြသလာခဲ့ကြတယ်..။

ပထမတန်းစား စူပါစတား : " ကံကောင်းပါစေ
မာစတာလင်း..။မင်း အောင်မြင်မြင်  မအောင်မြင်မြင် အမြဲတမ်း အံ့ဩစရာ လူတစ်ယောက်ဖြစ်နေမှာပါ..။

အမျိုးသမီး ထိပ်တန်းဆယ်လီ : ရောဂါခံစားနေရတဲ့လူတွေ အမြန်သက်သာ လာစေဖို့ အတွက် မာစတာလင်းအောင်မြင်မယ်လို့ မျှော်လင့်ပါတယ်..။

Continue Reading

You'll Also Like

7.9K 572 20
Description ကိုအထဲမှာ ထည့်ပေးထားပါတယ်ရှင့်။ဒီမှာရေးလိုက်တာနဲ့ တင်လို့မရလို့ပါရှင့်
407K 50.8K 200
Book-5 I just translate this story. I don't own this story. All credits go to the original writer and English translator team. Profile picture goes c...
7.3K 564 66
ကံကြမ္မာအလိုကိုဆန့်ကျင်၍ ဤဝတ္ထုသည် သိုင်းပညာကျင့်ကြံရန် မဖြစ်နိုင်သော ပျက်စီးနေသည့် သိုင်းပညာသွေးကြောများနှင့် မွေးဖွားလာသည့် ဒူမိသားစုမှ သခင်လေးဒူရှ...
170K 22.5K 41
♥Complete♥ system bl All content with (U&Z) သူစတင်ကူးပြောင်းတုန်းက ချန်လီကောက ဒါကို လက်မခံချင်ခဲ့ဘူး... ဒါပေမဲ့ သူကမ္ဘာတွေများစွာ ကူးပြောင်းပြီးနောက...